Tuesday, May 7, 2013

လုံခြုံရေးကြောင့် စစ်တွေ-မင်းပြား ရေလမ်းခရီးအသုံးပြုမှုများနေဆဲ

အာရကန်ကိုကို (မောင်တော- မြစ်မခ)
6 May, 2013

စစ်တွေ-မင်းပြား သွားလာနေသော ခရီးသည်များအနေဖြင့် ကားလမ်းခရီး လုံခြုံရေးအခြေအနေ စိုးရိမ်ဖွယ်အနေအ ထားကြောင့် ငွေကြေးပိုမိုကုန်ကျသည့်ရေလမ်းခရီးဖြင့်သာ သွားလာနေရကြောင်း ဒေသခံများ ထံက သိရှိရသည်။

"ကျွန်တော်ဆို ကြာလှပြီး ကုန်လမ်းကနေ မသွားတာ။ ပဋိပက္ခတွေဖြစ်နေတဲ့အချိန်ကနေ အခုထိပဲ။ ကုန်းလမ်း ခရီးက လုံခြုံရေးအားနည်း နေသေးတယ်။ စိုးလည်း စိုးရိမ်ရတယ်။"ဟု စစ်တွေ-မင်းပြား ခရီးပုံမှန်သွားလာ နေသည့် ကုန်သည်တစ် ဦးက ပြောသည်။


အဆိုပါ စစ်တွေ-မင်းပြား ကုန်းလမ်းခရီးသည် မိုင် (၁၀၀)ကျော်ရှိပြီး ခရီးလမ်းတစ်လျှောက်တွင် သက်ဆိုင်ရာ လုံခြုံရေးချထား ဆောင်ရွက်ပေးမှုအားနည်းလျက်ရှိကြောင်း ၄င်းက ဆက်ပြောသည်။

ကုန်းလမ်းခရီးအတွက် ခရီးသည်တစ်ဦးလျှင် ကားခ ကျပ် (၃၀၀၀)ကျပ်သာရှိပြီး လုံခြုံရေးစိုးရိမ်းဖွယ် အနေအ ထားကြောင့် ဒေသခံများအနေဖြင့် ဈေးနှုန်းထက်ဝက်ခန့်ကွာဟသော ရေလမ်းခရီးကို အသုံးပြု နေရကြောင်း သိရသည်။

"လမ်းခရီးလုံခြုံမှုမရှိတဲ့တွက် စစ်တွေ-မင်းပြားကုန်းလမ်းခရီးနဲ့ မသွားတာကြာပြီ။ ခရီးစရိတ် ပိုကုန်ကျမှုများ ရင်လည်း ရေလမ်းနဲ့ပဲသွားရတာပေါ့ဗျာ။"ဟု မင်းပြားမြို့မဈေးကြီးမှအထည်ဆိုင်ပိုင်ရှင် ဦးမောင် ထွန်းသိန်းက ပြောသည်။

ရေလမ်းခရီးတွင် စပိဘုတ်၊ စက်လှေများရှိသလို ပုဂ္ဂလိကအမြန်ရေယာဉ်များဖြစ်သည့် မလိခ၊ ရွှေပြည်တန် အစရှိသည့် ရေယာဉ်များကို အသုံးပြုနေရပြီး အမြန်ရေယာဉ်များမှာ ခရီးသည်တစ်ဦးလျှင် ယာဉ်စီးခ ကျပ် (၅၀၀၀)မှ (၆၀၀၀) ကျပ်ဝန်းကျင်ရှိသည်ဟု သိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့