Friday, March 22, 2013

မြန်မာ့ သဘာဝဓာတ်ငွေ့ကို အိန္ဒိယ ပြည်နယ်များကလည်း လိုချင်နေ

မတ်လ ၂၂ ရက် ၂၀၁၃ ခုနှစ်

အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ပိုင်း ပြည်နယ်များ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းရန် မြန်မာနိုင်ငံ၏ ကြီးမားလှသော အရန်သဘာဝ ဓာတ်ငွေ့များကို အကျိုးရှိစွာ အသုံးချ နိုင်မည့် နည်းလမ်းများ ရှာဖွေသင့်သည်ဟု Meghalaya ပြည်နယ် အုပ်ချုပ်ရေးမှူး က ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံမှာ ကမ္ဘာပေါ်တွင် အရန်သဘာဝ ဓာတ်ငွေ့ ပမာဏ အများဆုံး ၁၀ နိုင်ငံထဲမှ တနိုင်ငံ ဖြစ်ပြီး အိန္ဒိယနိုင်ငံ(အထူးသဖြင့် အရှေ့မြောက်ဒေသ) အနေဖြင့် လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေးအတွက် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်သို့ သယ်ဆောင်သကဲ့သို့ မြန်မာ့ သဘာဝ ဓာတ်ငွေ့များကို အသုံးပြုနိုင်သည်ဟု အုပ်ချုပ်ရေးမှူး မူရှာဟာရီ အား ကိုးကား၍ အိန္ဒိယ သတင်းစာများတွင် ရေးသားပါရှိသည်။

Read More...

မိတ္ထီလာအခြေအနေ အာဏာပိုင်များပိုမို ထိန်းသိမ်းဖို့လို

မတ်လ ၂၁ ရက် ၂၀၁၃ ခုနှစ်

မိတ္ထီလာရွှေဆိုင်ကတဆင့် ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် အာဏာပိုင်များဘက်မှ ထိထိရောက်ရောက် အရေးယူထိန်းသိမ်းဖို့ လိုအပ်နေကြောင်း မိတ္ထီလာသို့ ရောက်ရှိနေသော ၈၈ မျိုးဆက်
ကျောင်းသားအဖွဲ့မှ ကိုဉာဏ်လင်း က မဇ္ဈိမသို့ ပြောခဲ့သည်။

၎င်းက “ အာဏာပိုင်တွေကတော့ လုံခြုံရေးအင်အား တွေကိုထပ်ဖြည့်ပေမယ့် သူတို့မျက်စိရှေ့မှာ မြင်နေရဲ့သားနဲ့ အကြမ်းဖက်တာတွေကို ကြည့်နေတာကတော့ အတော်ဆိုးတယ်ဗျ။ ဒီကိစ္စကို နိုင်ငံတော် အစိုးရနဲ့ တာဝန်ရှိသူတွေ အားလုံးကို ဆက်သွယ်ပြီးတော့ နောက်ထပ်နေရာတွေကို မကူးစက်အောင် မပြန့်နှံ့အောင် ထိန်းသိမ်းဖို့ ကျွန်တော်တို့ ဆက်ပြီး လုပ် သွားမှာပါ ” ဟုပြောသည်။

Read More...

ဒေါ်စုကို ပြင်းထန်စွာ ဝေဖန်သည် ဆိုသည်မှာ Oxford Student က လူအများအာရုံစိုက်ရန် ရေးခြင်းဟုဆို

မတ်လ ၂၁ ရက် ၂၀၁၃ ခုနှစ်

မတ်လ ၁၈ ရက်နေ့တွင် မဇ္ဈိမ သတင်းဌာနမှ “အောက်စဖို့ဒ် တက္ကသိုလ် ဆွေးနွေးပွဲတွင် ဒေါ်စုအား ပြင်းထန်စွာ ဝေဖန်လိုက်ကြ” ဟူသည့် ခေါင်းစဉ်ဖြင့် သတင်းတပုဒ် ဖော်ပြခဲ့သည်။

မတ်လ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့များတွင် St. Anne’s ကောလိပ်တွင် ကျင်းပ ပြုလုပ်ခဲ့သည့် အရှေ့တောင်အာရှ လေ့လာရေး ဆွေးနွေးပွဲ အပြီးတွင် အောက်စဖို့ဒ် တက္ကသိုလ် အဖွဲ့ဝင်များ၏ Oxford Student သတင်းစာက ထိုအကြောင်းအရာနှင့် ပတ်သတ်၍ သတင်းတပုဒ် ရေးသားခဲ့ရာ ထိုသတင်းမှ အချက်အလက်များကို ရယူခဲ့ပြီး အထက်ဖော်ပြပါ မဇ္ဈိမ ဆောင်းပါးကို ရေးသားခဲ့ခြင်း ဖြစ်ပါသည်။

Read More...

မိတ္ထီလာပဋိပက္ခ သတင်းယူသည့် မီဒီယာသမားများ ခြိမ်းခြောက်ခံရ

သာလွန်ဇောင်းထက်
March 22, 2013

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသော ပဋိပက္ခဖြစ်စဉ်များကို သတင်းရယူနေသည့် ပြည်တွင်း ပြည်ပသတင်းသမား ၈ ဦး ယနေ့မနက်ပိုင်းက ဘုန်းကြီးအချို့ ပါဝင်သော လူအုပ်စုတခုက သတင်းမယူရန် ခြိမ်းခြောက်မှုများပြုလုပ်ကြောင်း သတင်းရရှိသည်။

ယနေ့ ၈ နာရီဝန်းကျင်တွင် မိတ္ထီလာမြို့ပေါ်ရှိ မီးလောင်ပျက်စီးနေသော အဆောက်အအုံများနှင့် အပျက်အစီး ဓာတ်ပုံရိုက်ကူးနေသော ပြည်တွင်းပြည်ပ သတင်းသမား ၈ ဦး လိုက် ပါသော မော်တော်ယာဉ်ကို ဘုန်းကြီးအချို့ ဦးဆောင်သော လူအုပ်တခုက လမ်းမပေါ်တွင် တားမြစ်ပြီး ဓာတ်ပုံများ ဖျက်ခိုင်းခြင်း၊ ကင်မရာများ သိမ်းဆည်း ရန်ကြိုးပမ်းခြင်းများ ကြုံတွေ့ရကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် သတင်းသမားတဦးက ပြောသည်။

Read More...

ဧပြီ ၁ ရက်နေ့မှစ၍ ဝင်ငွေခွန် ၅ ရာခိုင်နှုန်း လျှော့ပေးတော့မည်

မေခ
March 21, 2013

ကုမ္ပဏီလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများကို ကောက်ခံနေသည့် ၀င်ငွေခွန် နှုန်းထားကို ဧပြီ ၁ ရက်နေ့မှ စတင်ကာ ၅ ရာခိုင်နှုန်း လျော့ချသွားရန် စီစဉ်ထားကြောင်း ဘဏ္ဍာရေးနှင့် အခွန် (ဘဏ္ဍာ/ အခွန်) ၀န်ကြီးဌာန ညွှန်ကြားရေးမှူးထံမှ သိရသည်။

လက်ရှိတွင်၂၀၁၂ ဧပြီ ၁ ရက်မှ စတင်ကာ အသက်မွေးဝမ်းကြောင်းပညာ လုပ်ငန်း၊ စီးပွားရေးလုပ်ငန်းများ၊တနိုင်တပိုင် အသေးစား စီးပွားရေးလုပ်ငန်းများ၊ သမ၀ါယမ အသင်းနှင့် အသင်းစုများ၊နိုင်ငံပိုင် စီးပွားရေး အဖွဲ့အစည်းများ အပေါ်တွင် ၁၂ သိန်းနှင့် အထက် ၀င်ငွေရရှိမှုအပေါ် တနှစ်လျှင် ၃၀ ရာခိုင်နှုန်း ၀င်ငွေခွန် ကောက်ခံခဲ့သော်လည်း ဘဏ္ဍာရေး တစ်နှစ်တာမျှထိုသို့ ကောက်ခံခဲ့ပြီးနောက် ယခုအခါ ၅ ရာခိုင်နှုန်း လျှော့ပေါ့ကာ ၂၅ ရာခိုင်နှုန်းသာ ကောက်ခံသွားမည်ဟု သိရသည်။

Read More...

ထိုင်းနယ်စပ် သောင်ရင်းမြစ် ရေလယ်ကျွန်း ကရင်လူငယ်အဖွဲ့ ထိန်းချုပ်

ပြည်တော်မြင့်
March 22, 2013

ထိုင်း-မြန်မာ နယ်စပ် သောင်ရင်းမြစ်အတွင်းရှိ မြန်မာပိုင် ရေလယ်ကျွန်းကို ကရင်လူငယ် လက်နက်ကိုင် အဖွဲ့တဖွဲ့က ယနေ့နံနက်ပိုင်းတွင် ၀င်ရောက် ထိန်းချုပ်လိုက်သည်။

ကော့မူးရာ ကရင်လူငယ် အစည်းအရုံး(KYO)က မဲဆောက်-မြ၀တီ ချစ်ကြည်ရေး တံတားအောက်ရှိ ရေလယ်ကျွန်းကို မူးယစ် ဆေးဝါး ဖြန့်ချိသည်ဟု ဆိုကာ လက်နက်ကိုင်အင်အား ၂၅ ဦးနှင့်အတူ ယနေ့နံနက် ၆ နာရီက စတင်ကာ ၀င်ရောက် ထိန်းချုပ် လိုက်ခြင်း ဖြစ်သည်။ KYO သည် ကရင်အမျိုးသား အစည်းအရုံး(KNU) ဘားအံခရိုင် လက်အောက်ခံ အဖွဲ့ ဖြစ်သည်။

၎င်းအဖွဲ့ကိုဦးဆောင်သည့် KYO ဥက္ကဌ စောမိုရှေးက“ဒီကျွန်းကနေ ထွက်တဲ့ မူးယစ်ဆေးဝါးတွေ ကရင်လူငယ်ထု အပါအ၀င် လူ သား အားလုံးကို လူညွန့်တုံးစေတဲ့ အတွက် အခုလို ၀င်ရောက် ထိန်းသိမ်း ရှင်းလင်းရတာဖြစ်တယ်၊ အခုဒီကျွန်းက ဒုစရိုက်ခေါင်း ဆောင်တချို့ရယ် လက်နက်ခဲယမ်းတွေနဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းထားတယ်”ဟု ဧရာဝတီကို ပြောသည်။

Read More...

မိတ္ထီလာအရေး စိုးရိမ်နေရဆဲ

March 21, 2013

မိတ္ထီလာအရေး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပိုမိုတင်းကြပ်စွာ ကိုင်တွယ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကို တိုက်တွန်းလိုက်ပြီး ရဲတပ်ဖွဲ့ကလည်း ရုန်းရင်းဆန်ခတ်မှုများကို အပြီးသတ် ထိန်းချုပ်နိုင်ရန် ကြိုးစားနေသော်လည်း အခြေအနေမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်နေသေးကြောင်း သိရသည်။

“အခုအချိန်က ပုဒ်မ ၁၄၄ ထုတ်ထားတဲ့အတွက် ရဲတွေအနေနဲ့ ဥပဒေစိုးမိုးဖို့ တိတိကျကျ ကိုင်တွယ်ဖို့ လိုတယ်။ နှောင့်နှေးကြန့်ကြာ မနေဖို့ ဒီမနက်ပဲ မန္တလေး အစိုးရအဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းထားတယ်” ဟု မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က ဧရာဝတီကို ပြောဆိုသည်။

Read More...

မိတ္ထီလာမြို့တွင် လူ ၁၀၀ ကျော် ပိတ်မိနေသဖြင့် ကယ်တင်ရန် လိုအပ်နေဟု ဆို

စနေလင်း
March 22, 2013

လက်ရှိအချိန်တွင် မိတ္ထီလာမြို့ ပြည်သာယာ ရပ်ကွက်တွင် အစ္စလမ် ဘာသာဝင် ၁၀၀ ကျော်ကို လူအုပ်စုဖြင့် ၀ိုင်းနေသည့် အတွက် ၎င်းတို့ကို ကယ်တင်ရန် လိုအပ်နေကြောင်း မိတ္ထီလာမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောသည်။

ထို့အပြင် မိတ္ထီလာ အမှတ် ၁ ရဲစခန်းတွင် အစ္စလမ်ဘာသာဝင် ၄၀၀ ကျော်နှင့် ခရိုင် အားကစားကွင်းအတွင်း ၈၀၀ ကျော်ကို လုံးခြုံရေး တပ်ဖွဲ့များက ကယ်တင် စောင့်ရှောက် ထားရကြောင်း သိရသည်။

Read More...

ထိုင်းဘုရင် အုတ်ဂူ အစစ်အမှန်ဟု အတည်ပြု

ရန်ပိုင်
March 22, 2013

မန္တလေးတိုင်း အမရပူရမြို့ တောင်သမန်အင်းစောင်း လင်းဇင်းကုန်း သုသာန်ရှိ ထိုင်းဘုရင်ဟောင်း ဥတွန်ပုံ၏ အုတ်ဂူမှာ အစစ် အမှန်ဟု အတည်ပြုနိုင်ပြီဖြစ်ကြောင်း တူးဖော်ရာ တွင်တွေ့ရှိရသည့် အထောက်အထားများကို ကိုးကား၍ ထိုင်းသမိုင်း ပညာရှင်များက ပြောဆိုသည်။

အုတ်ဂူကို တူးဖော်စစ်ဆေးရာတွင် အရှေ့မြောက်ဘက် အရန် စေတီတိုင်အတွင်းမှ အရိုးများထည့်ထားသည့် မှန်စီရွှေချ သပိတ် တလုံး နှင့် ပန်းချီရေးဆွဲထားသည့် မှန်ချပ်များတွေ့ ရခြင်း၊ ထိုင်း ရာဇအနွယ်ဝင်များ၏ ထုံးတမ်းဓလေ့နှင့်အညီ မြှုပ်နှံထားခြင်းများကို တွေ့ရသည့်အတွက် မှန်ကန်သည်ဟု ယူဆခြင်းဖြစ်ကြောင်း သိရသည်။

Read More...

၂၀၁၅ တွင် ချင်းပြည်နယ် အစိုးရဖွဲ့နိုင်ရန် ချင်းပါတီနှစ်ခု ပူးပေါင်းတော့မည်

ချစ်ဆု
March 21, 2013

လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ချင်းပြည်နယ်အစိုးရ ဖွဲ့စည်းနိုင်ရန်အတွက် ချင်းအမျိုးသားပါတီ (CNP) နှင့် ချင်းတိုးတက်ရေးပါတီ (CDP)တို့ ပူးပေါင်း၍ ပါတီတခုအဖြစ် ရပ်တည် သွားရန် အတည်ပြုလိုက်ပြီဖြစ်ကြောင်း (CNP) မှ အထွေထွေအတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်က ဧရာဝတီသို့ ပြောသည်။

ချင်းပြည်နယ် အစိုးရဖွဲ့နိုင်ရန် ပါတီ ၂ ခု အင်အားပူးပေါင်း၍ ကြိုးစားသွားမည်ဖြစ်ပြီး ပြည်နယ်အစိုးရ ဖွဲ့စည်းလိုခြင်းနှင့် ပတ်သတ်၍ ဆလိုင်းကျဲအိုဘိခ်ထောင်က “ချင်းပြည်နယ် အ ကြောင်းကို ချင်းတွေကပဲ ပိုသိမယ်။ အခုချင်းပြည်နယ်အစိုးရက ကြံ့ခိုင်ရေး ပါတီက ဖွဲ့ထားတာ။ ပြီးတော့ ပြည်နယ်အစိုးရ ပါတီက ပြည်ထောင်စုအစိုးရကို ဖွဲ့တဲ့ပါတီပဲ ဖြစ်နေတယ်။ တခုခုဆို ရင် နေပြည်တော် မျက်နှာပဲကြည့်နေတော့ အလုပ်တွေနှောင့်နှေးတယ်” ဟု ဆိုသည်။

Read More...

Thursday, March 21, 2013

ဦးအောင်မင်းနှင့် PNLO ရန်ကုန်မြို့မှာ ဆွေးနွေးမည်

ဖနိဒါ
မတ်လ ၂၀ ရက် ၂၀၁၃ ခုနှစ်

အပစ်အခတ် ရပ်စဲဖြစ်ပြီးသော ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ PNLO နှင့် အစိုးရ ငြိမ်းချမ်းရေးအဖွဲ့တို့ မတ်လ ၂၂ နှင့် ၂၃ ရက်နေ့များတွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးမည် ဖြစ်သည်။

ရန်ကုန်မြို့ရှိ ငြိမ်းချမ်းရေးစင်တာတွင် ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်များနှင့် PNLO ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့တို့
ဆွေးနွေးမည်ဟု ဗိုလ်မှူးကြီး က ပြောသည်။

Read More...

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ရေး ရှမ်းနှင့် ကယား ညီလာခံ ဆွေးနွေး

ဖနိဒါ
မတ်လ ၂၀ ရက် ၂၀၁၃ ခုနှစ်

တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေး ရရန်အတွက် လက်ရှိ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ရန်လိုအပ်ကြောင်း ယနေ့ စတင်ကျင်းပနေသည့် ရှမ်းနှင့် ကယားပြည်နယ်ရှိ လက်နက်ကိုင်နှင့် နိုင်ငံရေးပါတီများ ညီလာခံတွင် ဆွေးနွေးသဘောတူညီခဲ့ကြသည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)က ပြောသည်။

'ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲ' တွင် အဖွဲ့အစည်းပေါင်း အနည်းဆုံး ၇ ဖွဲ့ခန့် ဆွေးနွေးခဲ့ကြပြီး အကျိုးရလဒ်အဖြစ် ငြိမ်းချမ်းရေး အမှန်တကယ် လိုလားနေခြင်းကို တွေ့ရှိရကြောင်း ဦးဆောင် စီစဉ်သည့် SNLD ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ် က ပြောသည်။

Read More...

ကယားပြည်နယ်သို့ အမေရိကန်သံတမန်များ လေ့လာ

စောဇင်ညီ
မတ်လ ၂၀ ရက် ၂၀၁၃ ခုနှစ်

ကယားပြည်နယ်သို့ ယနေ့မွန်းလွဲပိုင်းတွင်ရောက်ရှိလာသည့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံတမန်နှင့် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးတို့သည် ပြည်နယ်အစိုးရအဖွဲ့နှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ကယားပြည်နယ် တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးစိန်ဦးက ပြောသည်။

ဝန်ကြီးက “ငြိမ်းချမ်းရေး ရယူပြီးတဲ့ နောက်ပိုင်းမှာ ကျွန်တော်တို့ တိုင်းရင်းသားတွေ ပြန်လည်နေထိုင်ဖို့ အဆင်ပြေဖို့ အပြန်အလှန် ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်ခဲ့ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

Read More...

ဒေါ်စုကို ပြင်းထန်စွာ ဝေဖန်သည် ဆိုသည်မှာ Oxford Student က လူအများအာရုံစိုက်ရန် ရေးခြင်းဟုဆို

မတ်လ ၂၁ ရက် ၂၀၁၃ ခုနှစ်

မတ်လ ၁၈ ရက်နေ့တွင် မဇ္ဈိမ သတင်းဌာနမှ “အောက်စဖို့ဒ် တက္ကသိုလ် ဆွေးနွေးပွဲတွင် ဒေါ်စုအား ပြင်းထန်စွာ ဝေဖန်လိုက်ကြ” ဟူသည့် ခေါင်းစဉ်ဖြင့် သတင်းတပုဒ် ဖော်ပြခဲ့သည်။

မတ်လ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့များတွင် St. Anne’s ကောလိပ်တွင် ကျင်းပ ပြုလုပ်ခဲ့သည့် အရှေ့တောင်အာရှ လေ့လာရေး ဆွေးနွေးပွဲ အပြီးတွင် အောက်စဖို့ဒ် တက္ကသိုလ် အဖွဲ့ဝင်များ၏ Oxford Student သတင်းစာက ထိုအကြောင်းအရာနှင့် ပတ်သတ်၍ သတင်းတပုဒ် ရေးသားခဲ့ရာ ထိုသတင်းမှ အချက်အလက်များကို ရယူခဲ့ပြီး အထက်ဖော်ပြပါ မဇ္ဈိမ ဆောင်းပါးကို ရေးသားခဲ့ခြင်း ဖြစ်ပါသည်။

Read More...

အဖြေပေးထားသော သင်္ချာတပုဒ်

ရွှေကူမေနှင်း
March 20, 2013

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ စုံစမ်းစစ်ဆေးရေး ကော်မရှင် ၊ သတင်း ထုတ်ပြန်ချက် အမှတ် (၄/၂၀၁၃)၊ (၂၀၁၃ ခုနှစ်၊ မတ်လ ၁၁ ရက်)

အထက်ပါ သတင်းထုတ်ပြန်ချက် အပြည့်အစုံကို ၁၂- ၃- ၂၀၁၃ နေ့ထုတ် သတင်းစာတွင် ဖော်ပြခဲ့ခြင်းကို ဖတ်ရှုရသည်။ “အပြည့်အစုံ” သည် ရှည်လျားလှ၏။ အချို့နေရာများတွင် အကြောင်းအရာများ “ပွရောင်း”ပြီး ထပ်နေသည်။ လိုလည်း တွေ့ရ၏။ ခြုံ၍ကြည့်သောအခါ “အဖြေပေးထားသော သင်္ချာတပုဒ်ကို အဖြေမှန် မရ ရအောင် တွက်ထားသောနည်း” ဟု မြင်ပါသည်။

Read More...

ဘယ်လို ကျောင်းသား ဗဟိုပြုမှာလဲ

ခေတ်ဘုန်းသစ်
March 20, 2013

ကလေးတို့ရဲ့ အနာဂါတ် အကြောင်းကို ကျမတို့ ပြောကြဆိုကြ ဆွေးနွေးကြတဲ့အခါမှာ ပညာရေးဆိုတဲ့အကြောင်းက မပါမဖြစ် ပါလာရပါပြီ။ မူလတန်းအရွယ် ပညာရေးကစလို့ တက္ကသိုလ်ပညာရေး အဆုံးအထိ ပညာရေး အကြောင်းကို ပြောမယ်ဆိုရင်ဖြင့် သိပ်ကို ကျယ်ပြန့်လွန်းပါတယ်။ အခုတလော ကျမတို့တိုင်းပြည်မှာ ကျောင်းသားဗဟိုပြုစနစ် ကို ပြောင်းမယ်ဆိုတဲ့ အသံတွေကို ကြားနေရပါတယ်။

ကလေး ဗဟိုပြု သင်ကြားရေးစနစ် တနည်းပြောရရင် ကျောင်းသားဗဟိုပြု သင်ကြားရေးစနစ် ဆိုတာဟာ တကယ်တော့ အင်မတန် သဘောကျစရာ ကောင်းတဲ့ သင်ကြားရေး စနစ်တစ်ခုပါပဲ။ ပညာရေးကို လမ်းသစ်ထွင်သူ၊ အတွေးအခေါ်ပညာရှင်ကြီး ဂျွန်ဒေ၀ီ (June Dewey) တို့ တွေးခဲ့ခေါ်ခဲ့ စဉ်းစားခဲ့တဲ့ နည်းပါ။ ကျောင်းဆိုတာဟာ စာသင်ရုံသက် သက်မဟုတ်ဘဲ လူ့ဘ၀ရဲ့ နေနည်းထိုင်နည်းတွေကိုပါ သင်ကြားပေးတဲ့နေရာမို့ ကျောင်းစာသင်ခန်းဆိုတာဟာ တကယ်တော့ လူမှုအဖွဲ့အစည်းကြီးတခုကို ကိုယ်စားပြု တယ်လို့ ဆိုပါတယ်။ လူတယောက်ချင်းစီဟာလည်း ဉာဏ်ရည်အမျိုးမျိုး၊ သင်ယူပုံ သင်ယူနည်း အမျိုးမျိုး၊ လေ့လာပုံ လေ့လာနည်း အမျိုးမျိုးနဲ့ စိတ်ဝင်စားမှု အမျိုးမျိုး ရှိတာမို့ သူတို့စိတ်ဝင် စားရာကို သင်ယူချင်တဲ့ ပုံစံအတိုင်း သင်ယူခွင့်ပေးတဲ့ စနစ်ပါပဲ။

Read More...

ဒိန်းမတ် လူမှုကူညီရေးအဖွဲ့ ရခိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံရှင်းလင်း

ငြိမ်းချမ်း
March 21, 2013

ရခိုင်ပြည်နယ် အတွင်း နှစ်အတန်ကြာ လူမှုကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေသည့် ဒိန်းမတ် ဒုက္ခသည်ဆိုင်ရာ ကောင်စီ (Danish Refugee Council – DRC) သည် မတ်လ ၁၉ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဒေသခံ လူမှုရေး အဖွဲ့စည်းများ၊ သတင်းထောက်များနှင့် တွေ့ဆုံကာ ၎င်းတို့အဖွဲ့၏ လုပ်ဆောင်ချက်များကို ရှင်းလင်းပြောကြားကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများ ဖြစ်ပွားပြီးနောက် NGO များ၊ နိုင်ငံတကာ NGO များသည် ပွင့်လင်းမြင်သာမှု မရှိဟု ရခိုင်ဒေသခံများက ဝေဖန်မှုများ ရှိခြင်းကြောင်း DRC အနေဖြင့် ယခုကဲ့သို့ တွေ့ဆုံရှင်းလင်းရခြင်း ဖြစ်ကြောင်း DRC အဖွဲ့မှ အကြီးအကဲ Mr. Bwder Beachlsdgard Chants က ပြောကြားကြောင်း သိရသည်။

Read More...

ရဲမှူးတဦး အဓမ္မပြုကျင့်မှုဖြင့် တရားစွဲခံရ

လင်းသန့်
March 21, 2013

မန္တလေးတိုင်း ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ရခိုင်ကြီးကျေးရွာတွင် ရဲစခန်းမှူး တဦးက ရွာခံ အိမ်ထောင်ရှင် အမျိုးသမီး တဦးအား အဓမ္မ ပြုကျင့်မှုဖြင့် စွပ်စွဲ တိုင်ကြားမှုတခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ခင်ပွန်းသည် မရှိခိုက် မြစ်သား ရဲစခန်းမှူး ဦးကြည်လှ ဆိုသူက အဓမ္မ ပြုကျင့်ခဲ့သည်ဟု တရားလို တိုင်ကြားသူ အသက် ၃၉ နှစ် အရွယ် ကလေး ၄ ယောက် မိခင် ဒေါ်သန်းခင်က ဧရာဝတီကို ပြောသည်။

Read More...

တရားမဝင် ရွှေတူးဖော်သည့် တရုတ်နိုင်ငံသားများ စစ်တပ်က ဖမ်းမိ

ကျော်ခ
March 21, 2013

ကချင်ပြည်နယ် တနိုင်းမြို့နယ်နှင့်မိုးကောင်းမြို့နယ်အနီးက ရွှေမှော်များတွင် တရားမဝင် ဝင်ရောက်၍ ရွှေတူးဖော်ရေး လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၆၀ ကျော်ကို ဒေသခံ အစိုးရ စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း ဒေသတွင်း အစိုးရအဖွဲ့များ ကပြော သည်။

စစ်တပ်အနေဖြင့် တရားမဝင်နိုင်ငံခြားသားများကို ထိုသို့ဖမ်းမိသော်လည်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာန(လဝက) သို့ အပ်နှံခြင်း မရှိကြောင်း ယင်း အဖွဲ့များက ပြောဆိုသည်။

Read More...

ကျင့်ဝတ် မလိုက်နာသည့် မီဒီယာများ တရာစွဲဆိုခံရနိုင်သည် ဟုဆို

ငြိမ်းပြည့်စုံ
March 21, 2013

တချို့သော ဂျာနယ်၊ သတင်းစာတိုက်များ အနေဖြင့် တပါးသူ၏ သတင်း၊ ကဗျာ၊ ဓာတ်ပုံ စသည်တို့အား ပိုင်ရှင်ထံတွင် ခွင့်ပြုချက် တောင်းခံခြင်းမရှိဘဲ သုံးစွဲသည့် စာနယ်ဇင်း ကျင့်ဝတ် မလိုက်နာသူများ အနေဖြင့် ရှေ့လျှောက် တရားစွဲဆို မှုများနှင့် ရင်ဆိုင်ရနိုင်သည်ဟု သိရသည်။

ထိုသို့ ခွင့်ပြုချက်မတောင်းဘဲ ယူသုံးခြင်းများအပြင်၊ မည်သည့်ဌာန၊ မည်သည့်စာစောင်မှ ဆိုသည့် ဖော်ပြချက် မထည့်သွင်းသည့် ဖြစ်ရပ်များကြောင့် တရားစွဲဆိုမှုများအပြင်၊ တခြား ပြဿနာရပ်များစွာနှင့် ရင်ဆိုင်ရနိုင်ကြောင်း သတင်းစာဆရာ အများစုက ပြောသည်။

Read More...

ဆိုရှယ်မီဒီယာမှာ ကျင့်ဝတ်ရှိစရာ လို မလို

ထက်အောင်ကျော်
March 21, 2013

စစ်အစိုးရကနေ အရပ်သားအစိုးရဆီ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအဖြစ် ချီတက်နေပါတယ်လို့ ကြွေးကြော်ထားတဲ့ သမ္မတဦးသိန်းစိန်အစိုးရသစ်လက်ထက်မှာ အသိသာဆုံး မြင်ရတဲ့ တိုးတက်မှုက မီဒီယာလို့ဆိုချင်ပါတယ်။ အဲဒီမီဒီယာအမျိုးမျိုးထဲမှာမှ အွန်လိုင်းပေါ်က ဆိုရှယ်မီဒီယာ။ အဲဒီ ဆိုရှယ်မီဒီယာများစွာထဲမှာမှ Facebook လို့ပြောရင် ပိုမှန်မယ် ထင်ပါတယ်။

အထူးသဖြင့် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့တဲ့ လက်ပံတောင်းကိစ္စမှာ Facebook ရဲ့သြဇာ ဘယ်လောက်အထိ သက်ရောက်မှုရှိခဲ့တယ်ဆိုတာကို ဆိုရှယ်မီဒီယာ သုံးသူတိုင်း သတိထားမိမှာပါ။ စုံစမ်းရေးကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ လက်ပံတောင်းဒေသဆီ ၀င်လာပုံ၊ ဒေသခံတွေနဲ့ တွေ့ ဆုံရှင်းလင်းပုံ၊ တချို့ရွာတွေမှာဆိုရင် လုံခြုံရေး မပါပဲနဲ့ ရွာသားတွေကြားထဲ ဒေါ်အောင်ဆန်းစု ကြည် ဒီတိုင်းတိုးဝင်သွားပုံ၊ ရွာသားတချို့က ကော်မရှင်ကို အယုံအကြည်မရှိဘူးလို့ ကြွေးကြော်သံတွေ အော်ပြီးဆန္ဒပြကြတဲ့ ဓာတ်ပုံတွေ၊ ဗွီဒီယို ကလစ်တွေဟာ မိနစ်ပိုင်းအလိုက် Facebook ပေါ်မှာ တက်လာခဲ့ပါတယ်။

Read More...

Wednesday, March 20, 2013

စစ်ပြေးဒုက္ခသည်နေအိမ် ဆောက် လုပ်ရေး အကူအညီလိုအပ်နေသေး

20 March 2013

တောင်ငူခရိုင် သံတောင်ကြီးမြို့အရှေ့ဘက်ခြမ်းတွင် စစ်ကြောင့် နေရပ်ရွာမှ ထွက်ပြေးပုန်းရှောင်နေ ရသော ပြည်တွင်းဒုက္ခ သည် (IDP)များ နေထိုင်ရန် အတွက် NRC – Norwegian Refugee Council မှ အိမ်များ ဆောက်လုပ်ပေးလျက်ရှိရာ အကူ အညီများ လိုအပ်လျက်ရှိနေသေးသည်ဟု ၎င်းတို့အား ကူညီပေးနေသော ခရစ်ယာန်နှစ်ချင်း သင်းအုပ်ဆရာက ကေအိုင်စီသို့ ပြောသည်။

“သူတို့တွေအတွက် NRC က အိမ်ဆောက်ပေးပါတယ်။ အိမ်သာလည်း ပါပါတယ်။ အခြားသာသနာပြုအဖွဲ့တွေ NGO တွေ လည်းလာတော့ ကြည့်ထားပါတယ်။ စစ်ကြောင့် ပြေးလွှားနေရတော့ သူတို့ကို ကျန်းမာရေး၊ ပညာရေး စတဲ့ ပညာပေးမှုတွေ အများကြီး လုပ်ရဦးမှာပါ။”ဟု ၎င်းသင်းအုပ်ဆရာစောနေသားက ဆက်လက် ပြောဆိုသည်။

Read More...

ဘုရားသုံးဆူရှိ တပ်ကုန်းနေ လူထုများ နေရာမှထွက်ပေးရန် သတိပေးခံရ

19 March 2013
စောခါးစူးညား (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့ရှိ အစိုးရစစ်တပ်ပိုင် တပ်ကုန်းတွင် အခြေချ နေထိုင်ကြသူများကို လက်ရှိနေရာမှ ထွက်ခွာသွား ကြရန် အရှေ့တောင်တိုင်းဗျူဟာနှင့် မြို့ခံအာဏာပိုင် များက သတိပေးခဲ့သည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။

မတ်လ ၁၇ရက်နေ့က တပ်ကုန်းရှိ လူထုအားလုံး၏ ကိုယ်စား ဦးစိုင်းယု၊ မခင်မျိုးဝင်းနှင့် မမြင့်သန်းတို့ကို ညနေ ၄နာရီကျော်မှ ၅နာရီခွဲအထိ ဘုရားသုံးဆူမြို့၊ (မရက)ရုံးတွင် အဆိုပါ တာဝန်ရှိသူများမှ ခေါ်ယူကာ သတိပေးခဲ့ခြင်းဖြစ်သည်ဟု တပ်ကုန်းတွင် အခြေချနေထိုင်သူ စောသော်ယူက ကေအိုင်စီသို့ ပြောသည်။

Read More...

နိုင်ငံရေးမှာ တပ်မတော်ဦးတည်မှုကဏ္ဍ ဖွဲ့စည်းပုံမှာ ပြင်ဆင်သင့်

ကိုသားညွန့်ဦး
20.03.2013

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအဆိုကို အာဏာရ ကြံ့ခိုင်ရေးပါတီက တင်သွင်းခဲ့တာဟာ အများစိတ်ဝင်စား စရာ ဖြစ်လာပါတယ်။ ဒါပေမဲ့လည်း ဖွဲ့စည်းပုံပါ စစ်တပ်ရဲ့ လုပ်ပိုင်ခွင့်တွေကို တကယ်ပဲ လျှော့ချမလား။ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ အာမခံချက်တွေ တကယ်ပဲ တိုးလာမလား။ စိုးရိမ်သံသယတွေ ရှိနေတာ တွေ့ရပါတယ်။ AHRC အာရှ လူ့အခွင့်အရေးကော်မရှင်က လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးရဲ့ အမြင်ကိုတော့ ကိုသားညွန့်ဦး က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ၂၀၀၈ ခုနှစ်တုန်းက စစ်အစိုးရလက်ထက်မှာ ရေးဆွဲတာကို ခေတ်နဲ့ အညီ ပြန်ပြင်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်ခင်ဗျ။ အဲ့တော့ အခု ဒီမိုကရေစီ အရပ်သားအစိုးရအနေနဲ့ ခေတ်နဲ့ညီအောင်ဆိုရင် ဘယ်လိုအချက်တွေကို ပြင်သင့်တယ်လို့ လူ့အခွင့်အရေးရှေ့နေတဦးဖြစ်တဲ့ ကိုမင်းလွင်ဦးရဲ့ အမြင်ပေါ့။

Read More...

လက်ပံတောင်းတောင်ဆန္ဒပြခွင့် ဒေသခံတွေ တောင်းဆို

မအေးအေးမာ
19.03.2013

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆန့်ကျင်ဆန္ဒပြဖို့ စီတန်းလှည့်လည်ခွင့် ဒေသခံတွေ လျှောက်ထားခဲ့ပေမဲ့လည်း အခုထိ အာဏာပိုင်တွေဆီက အကြောင်းပြန်ကြားချက်ကို စောင့်ဆိုင်းနေ ရဆဲ ဖြစ်ပါတယ်။ အခြေခံဥပဒေပါ အခွင့်အရေးအရဆိုရင် ပြည်သူတွေ ရဲ့ ဆန္ဒ လွတ်လွတ်လပ်လပ် ထုတ်ဖော်နိုင်အောင်လို့ အခုလိုမျိုး ဆန္ဒပြခွင့်ကို လျှောက်ထား တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို မအေးအေးမာ က သတင်းပေးပို့ထား ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့ကစပြီး လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြနေတဲ့ သပိတ်စခန်းတွေကို ရုပ်သိမ်း လိုက်ပြီးတဲ့နောက်မှာတော့ ဒေသခံတွေဟာ အာဏာပိုင်တွေထံမှာ စီတန်းလှည့်လည်ခွင့်အတွက် ခွင့်ပြုမိန့်ရဖို့ တောင်းဆိုမှုတွေ စတင်လုပ်ခဲ့တာပါ။ ၁၈ ရက်နေ့ကတော့ တုံရွာက ဒေါ်ဌေးဦးနဲ့ ဒေါ်ခင်ဌေးနွယ် ဦးဆောင်ပြီး စီတန်းလှည့်လည် ဆန္ဒပြခွင့်ကို တောင်းဆိုခဲ့သလို၊ ၁၉ ရက်နေ့မှာတော့ ဆည်တဲရွာက မ၀င်းမာနဲ့ မခင်စန်းတို့ နှစ်ဦးကနေ ဆားလင်းကြီးမြို့နယ် ရဲမှူးရုံးကို ခွင်ပြုမိန့်များ တောင်း ခဲ့တာပါ။ ဆည်တဲရွာက မ၀င်းမာကတော့ သူတို့ တောင်းဆိုချက်တွေ ကို အခုလို ပြောပါတယ်။

Read More...

အပေါ်သို့