Friday, February 24, 2012

ဆိုမာလီအရေး ကူညီဖို့ ကမ္ဘာ့ခေါင်းဆောင်တွေဆွေးနွေး

23 ဖေဖော်ဝါရီ 2012

ဆိုမားလီးယားနိုင်ငံက ဆယ်စုနှစ်ပေါင်းများစွာ တာရှည်တဲ့ နိုင်ငံမတည်ငြိမ်မှုတွေနဲ့ ပတ်သတ်ပြီး အတူတကွ ပူးပေါင်း ကူညီနိုင်ဖို့ ရည် ရွယ်တဲ့ ညီလာခံတရပ်အတွက် ကမ္ဘာ့ခေါင်းဆောင်တွေ ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်မှာ စုဝေး ရောက်ရှိ နေကြပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Hillary Clinton နဲ့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Ban Ki-moon တို့ အပါအဝင် နိုင်ငံ (၄၀) က ကိုယ်
စား လှယ်တွေ ဒီညီလာခံကို တက်ရောက်ကြမှာ ဖြစ်ပါတယ်။ နိုင်ငံမှာ တည်ငြိမ်မှုရှိခဲ့တဲ့ အစိုးရ ၁၉၉၁ ခုနှစ်က ပြုတ်ကျသွားပြီး က တည်းက နှစ်ပေါင်း (၂၀) ကျော် ပြည်တွင်းစစ်ရဲ့ ဒဏ်တွေ၊ ဆင်းရဲမွဲတေမှုတွေနဲ့ ကြုံနေရတဲ့ ဆိုမားလီးယားနိုင်ငံအတွက် နိုင်ငံတကာရဲ့ ထောက်ပံ့ ကူညီမှု တွေရရှိရေးအတွက် ကမ္ဘာ့ခေါင်းဆောင်တွေက ဒီတရက် တာ ညီလာခံမှာ ဆွဲဆောင်စည်းရုံးကြမှာဖြစ်ပါတယ်။

Read More...

ဒေါ်အောင်ဆန်းစုကြည်ကို ကချင်လူထု ထောင်သောင်းများစွာ ကြိုဆို

2012-02-23

ဒီကနေ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ရောက်ရှိလာတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ကချင် လူထု ထောင်ပေါင်း များစွာက ကြိုဆိုခဲ့ပါတယ်။

မြစ်ကြီးနားမြို့ကနေ မော်တော်ကားနဲ့ ထွက်ခွာလာပြီး နမ္မတီးမြို့ကိုအရောက် ပြည်သူ့ အားကစားကွင်းမှာ စောင့်ကြိုနေတဲ့ ကချင် ပြည်သူ တွေကို ဒေါ်အောင်ဆန်းစုကြည်က နှုတ်ဆက်မိန့်ခွန်း ပြောခဲ့ပါတယ်။

Read More...

မြစ်ကြီးနားမြို့မှာ သတင်းထောက်တွေ အင်တာနက်သုံးဖို့ အခက်တွေ့

2012-02-23

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရောက်နေစဉ်အတွင်း မြစ်ကြီးနားမြို့မှာ အင်တာနက်ဆိုင်တွေ ပိတ်ထားပြီး အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာကြောင့် လိုက်ပါ သတင်းယူနေကြတဲ့ ပြည်တွင်း ပြည်ပသတင်းထောက်တွေ မိခင်သတင်း ဌာနကို သတင်းပြန်ပို့ဖို့ အခက်ကြုံနေကြရပါတယ်။

မြစ်ကြီးနားမြို့ထဲမှာ လိုက်လံ မေးမြန်းကြည့်တဲ့အခါ အင်တာနက်ဆိုင် လေးဆိုင်က ပိတ်ထားကြောင်း၊ ဖွင့်ထားတဲ့ ဆိုင်တစ်ဆိုင်ကို တွေ့တဲ့အချိန်မှာတော့ မိမိတို့ သတင်းထောက်မှန်းသိတဲ့အခါ အသုံးပြုခွင့် မပေးကြောင်း သတင်းထောက်တစ်ဦးက အာအက်ဖ်အေကို ပြောပါတယ်။

Read More...

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေသေး

2012-02-23

မြန်မာနိုင်ငံမှာ အပြောင်းအလဲ တွေ့နေရပေမယ့် စစ်တပ်ထိန်းချုပ်မှုများတဲ့ နေရာတွေမှာ အခြေခံကျတဲ့ အပြောင်းအလဲမတွေ့ရဘဲ လူ့ အ ခွင့်အရေး ချိုးဖောက်မှုတွေ အရင်အတိုင်း ဆက်ပေါ်ပေါက်နေသေးတယ်လို့ အမေရိကန်ပြည်ထောင်စု အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ရဲ့ အကြီးတန်းသုတေသီ မစ္စတာ ဒေးဗစ်မက်သီဆင် (David Matheson) က ပြောလိုက်ပါတယ်။

ဒေးဗစ် မက်သီဆင်ဟာ မြန်မာနိုင်ငံကို မကြာသေးခင်က သွားရောက် လေ့လာခဲ့ပါတယ်။ မနေ့က ဝါရှင်တန် ဒီစီမြို့မှာ ကျင်းပခဲ့တဲ့ သူ့ ခရီး စဉ် အတွေ့အကြုံ ရှင်းလင်းပွဲမှာ မြန်မာအစိုးရကို လက်နက်ကိုင် ဆန့်ကျင်နေတဲ့ အဖွဲ့တွေဘက်ကလည်း လူ့အခွင့်အရေးနဲ့ ပတ် သက်ပြီး ထိန်းသိမ်းဖို့ လိုအပ်နေသေးတယ်လို့ ပြောဆိုခဲ့ပါတယ်။

Read More...

မန်းငြိမ်းမောင်အမှု ပြည်ထောင်စုဝန်ကြီးကို သက်သေတင်တာ ပယ်ချခံရ

2012-02-23

KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင် အမှုနဲ့ပတ်သက်ပြီး သက်သေများအဖြစ် ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်းနဲ့ နေပြည် တော် အရာရှိကြီး လေးဦးကို ခေါ်ယူဖို့ တရားခံဘက်က တင်သွင်းခဲ့တာကို အင်းစိန် အထူးတရားရုံးက ဒီကနေ့ ပယ်ချလိုက်ပါတယ်။

ပြီးခဲ့တဲ့ ကြာသာပတေးနေ့ အမှုချိန်းမှာ ဖဒိုမန်းငြိမ်းမောင်ရဲ့ရှေ့နေက ၀န်ကြီး ဦးအောင်မင်း၊ နေပြည်တော်က အရာရှိကြီးလေးဦး၊ အင်းစိန် ထောင်ပိုင် နှစ်ဦးနဲ့ တောင်ကလေးဆရာတော် ဘဒ္ဒ န္တ ပညာသာမိတို့ကို သက်သေအဖြစ် တင်ခဲ့ပါတယ်။ တရားရုံးက အင်းစိန် ထောင်ပိုင် နှစ်ဦးကိုသာ ခွင့်ပြုပြီး ကျန်တရားခံပြသက်သေ ခြောက်ဦးကို လက်မခံဘဲ ငြင်းပယ်လိုက်ပါတယ်။ အခုပယ်ချလိုက်တဲ့ သက် သေတွေဟာ KNU အဖွဲ့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဖဒိုမန်းငြိမ်းမောင်ဆီက အကြံဉာဏ်များ ရယူ ညှိနှိုင်းခဲ့တဲ့ အရာရှိတွေလို့ မန်းငြိမ်း မောင်ရဲ့ ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။

Read More...

ထိုင်းနယ်စပ် ဒုက္ခသည်စခန်းမှာ အိမ်ခြေ ၁၀၀၀ ခန့် မီးလောင်

2012-02-23

အိမ်ခြေ ၃၀၀၀ ကျော်ရှိတဲ့ ထိုင်းမြန်မာနယ်စပ် အုန်းဖြန် ဒုက္ခသည်စခန်းမှာ ဒီကနေ့ မီးလောင်မှုကြောင့် အိမ်ခြေ တစ်ထောင်နီးပါး ပျက်စီး ဆုံးရှုံးခဲ့မယ်လို့ ခန့်မှန်းကြပါတယ်။

ဒုက္ခသည် ကယ်ဆယ်ရေးအဖွဲ့ TBBC အဆိုအရ ကလေးငယ်တွေ မီးလောင်ဒဏ်ရာရတာ အတော်များပြီး တချို့သတင်းတွေက သေဆုံး မှုရှိတယ်လို့ ဆိုပါတယ်။

Read More...

အုန်းဖျန်ဒုက္ခသည်စခန်း မီးလောင်မှုကြောင့် အိမ်ခြေ ၁,၀၀၀ကျော် ပျက်စီးဆုံးရှုံး

23 February 2012
စောခါးစူးညား

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ်အတွင်းရှိ အုန်းဖျန်ဒုက္ခသည်စခန်း၌ ယနေ့ နေ့လည် ၁၂နာရီကျော်မှ မွန်းလွဲ ၁နာရီခွဲ အချိန်ထိ မီးလောင်မှုဖြစ်ပွား၍ ဒုက္ခသည်များ၏ အိမ်ခြေ ၁၀၀၀ကျော် ပျက်စီးဆုံးရှုံးသွားသည်ဟု စခန်းတာဝန်ရှိသူများက ပြောသည်။

မီးကြောင့် လောင်ကျွမ်းသွားသည့် အိမ်ခြေမှာ ၅၆၆လုံးဖြစ်ပြီး မီးကူးစက်မည်စိုး၍ ဖျက်ဆီးပစ်လိုက်သည့် အိမ်ခြေမှာ ၅၁၅လုံးဖြစ် ကြောင်း အုန်းဖျန်စခန်းဥက္ကဌ စောဝါးထီးက ကေအိုင်စီသို့ ပြောဆိုသည်။

Read More...

ပဒိုမန်းငြိမ်မောင်အမှု အင်းစိန်ထောင်ပိုင်နှစ်ဦးကို တရားရုံးမှ ဆင့်ခေါ်ပေးမည်

24 February 2012
နန်းသူးလေ

ပဒိုမန်းငြိမ်းမောင်အမှုအတွက် တရားခံပြ သက်သေအဖြစ် အင်းစိန်ထောင်ပိုင်နှစ်ဦးကို ဆင့်ခေါ်ပေး မည်ဖြစ်ကြောင်း ယနေ့ တရားရုံး တွင် အမိန့်ချမှတ်လိုက်သည်။

ယနေ့ နေ့လည် ၁၂ နာရီမှ ၁နာရီခွဲအထိ ပဒိုမန်းငြိမ်းမောင်အမှုကို ရုံးထုတ်စစ်ဆေးခဲ့ပြီး ယခင် အင်းစိန်ထောင်ပိုင် ဦးဇော်မိုးနှင့် လက်ရှိ အင်းစိန်ထောင်ပိုင် ဦးသက်ရှည်တို့ကို တရားခံပြသက်သေ အဖြစ် ခေါ်ဆောင်ပေးမည် ဖြစ်သည်။

Read More...

တရုတ်ရှိ မြန်မာအမျိုးသမီးအလုပ် သမားများဥပဒေအကာအကွယ်လိုအပ်နေ

23 February 2012
နန်းသူးလေ

တရုတ်နိုင်ငံတွင်း အလုပ်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်းအမျိုးသမီး အလုပ်သမားများ၏ အခွင့်အရေးများကို ဥပဒေဖြင့် အကာ အကွယ်ပေးစေလိုကြောင်း မြန်မာအမျိုးသမီးများ သမဂ္ဂ (BWU) က တရုတ်အစိုးရကို ယနေ့ တောင်းဆိုလိုက်သည်။

ယနေ့ ထုတ်ပြန်လိုက်သည့် တရုတ်နယ်စပ်မြို့နောက်ကွယ်မှ အသံမဲ့ (သို့) ပုန်းကွယ်နေသောအရိပ်များ အမည်ရှိ BWU ၏ အစီရင်ခံစာ တွင် ယင်းသို့ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

Read More...

မြိုင်ကြီးငူတွင် ဒီကေဘီအေ တပ်ဖွဲ့ဝင် ၇၀ကျော် ၀ိုင်းထားခံရ

23 February 2012
စောသိန်းမြင့်

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူဒေသတွင် အခြေစိုက်သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) တပ်ဖွဲ့ဝင် ၇၀ဦးကျော်သည် နယ်ခြားစောင့်တပ် (ဘီဂျီအက်ဖ်) တပ်ဖွဲ့ဝင်များ၏ ၀ိုင်းရံပိတ်ဆို့ထားခြင်းခံနေရသည်ဟု သိရသည်။

ယခုလ ၁၉ရက်နေ့က ဒီကေဘီအေနှင့် ဘီဂျီအက်ဖ်တပ်ဖွဲ့များအကြား ပစ်ခတ်မှု ဖြစ်ပွားခဲ့အပြီး ယခုအချိန်ထိ ဘုန်းကြီးကျောင်းရှိ ဗိုလ် မှူးမောင်လေး(ဖူးကစယ်)နှင့် ဗိုလ်မှူးရဲချစ်ဦးတို့ဦးစီးသည့် ဒီကေဘီအေ ၉၀၅နှင့် ၉၀၆တပ်ရင်းမှ တပ်ဖွဲ့ဝင် ၇၀ကျော်အား နယ်ခြားစောင့် တပ် ၁၀၁၁၊ ၁၀၁၂၊ ၁၀၁၉ တပ်ရင်း သုံးရင်းမှ အင်အား (၇၀၀)ခန့်က ၀ိုင်းထားခြင်းဖြစ်သည်ဟု ဆိုသည်။

Read More...

DKBA နှင့် BGF တို့ ပစ်ခတ်မှုတွင် အရပ်သားများ သေဆုံးဒဏ်ရာရရှိခဲ့

23 February 2012

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(ဒီကေဘီအေ)နှင့် နယ်ခြားစောင့်တပ် (ဘီဂျီအက်ဖ်)တပ်ဖွဲ့တို့ ပြီးခဲ့သည့် ရက် ပိုင်းက ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူဒေသတွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုတွင် အရပ်သား ၂ဦးသေဆုံးပြီး ၁ဦး ဒဏ်ရာရရှိခဲ့ သည်။

သေဆုံးသူများမှာ မြိုင်ကြီးငူအထူးဒေသရှိ အင်ကြင်းမြိုင်ရပ်ကွက်တွင် နေထိုင်သူများဖြစ်ကြသည့် အသက် ၂၀ကျော်အရွယ် သားသည် မိခင်တစ်ဦးနှင့် အသက် ၁၈နှစ်အရွယ် မိန်းကလေးတစ်ဦးတို့ ဖြစ်ကြပြီး ဒဏ်ရာရရှိသူမှာ အမျိုးသားတစ်ဦးဖြစ်သည်။

Read More...

အုန်းဖျန်ဒုက္ခသည်စခန်း မီးလောင်မှု ကြီးကျယ်

23 February 2012

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ်အတွင်းရှိ အုန်းဖျန်ဒုက္ခသည်စခန်းတွင် ယနေ့ နေ့လည် ၁၂နာရီကျော်အချိန်မှစ၍ ယခု အချိန်ထိ မီးလောင်မှု ဖြစ်ပွားလျှက်ရှိသည်။

အုန်းဖျန်စခန်း၏ ရပ်ကွက်(၆)၊ (၇)နှင့် (၈)တို့တွင် မီးလောင်ကျွမ်းနေခြင်းဖြစ်ပြီး လောင်ကျွမ်းရသည့် အကြောင်းရင်းကို လက်ရှိအချိန် တွင် ကေအိုင်စီမှ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

Read More...

အုန်းဖျံ ဒုက္ခသည် စခန်းမီး လူလေးထောင်ကျော် အိုးအိမ်မဲ့ဖြစ်ကုန်

ကျော်ခ
ဖေဖေါ်ဝါရီလ ၂၃ ရက် ၂၀၁၂ ခုနှစ်

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ဖုတ်ဖရာ့မြို့နယ်အတွင်း မြန်မာဒုက္ခသည်များ ခိုလှုံနေထိုင်သော အုန်းဖျံ ဒုက္ခသည်စခန်းတွင် ရပ်ကွက် ၆ ခုကို ကြာသပတေးနေ့က နှစ်နာရီကျော်ကြာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ ပြီးနောက် လူဦးရေ လေးထောင်ကျော် အိုးအိမ်မဲ့ ဖြစ်သွားရသည်။

ရပ်ကွက်ပေါင်း ၁၆ ရပ်ကွက်ရှိသော အဆိုပါ ဒုက္ခသည်စခန်းထဲရှိ အမှတ် ၉ ရပ်ကွက်မှ မုန့်ကြော်နေသည့် မီးဖိုမှ တဆင့် မွန်းတည့်ချိန်မှ မွန်းလွဲ နှစ်နာရီခွဲချိန်ထိ အပြင်းအထန် လောင်ကျွမ်းခဲ့ပြီး စခန်းတွင်းရှိ ဇုန် A ရပ်ကွက် ၆၊ ၇ နှင့် ဇုန် B ရပ်ကွက် ၆၊ ၇၊ ၈ တို့မှ အိမ်ခြေ ၅၆၆ လုံး မီးထဲပါသွားပြီး လူဦးရေ ၄၄၁၀ ဦး အိုးအိမ်မဲ့ဖြစ်ခဲ့ရသည်ဟု စခန်း ဥက္ကဋ္ဌ စောဝါးထီး က မဇ္ဈိမကို ပြောသည်။

Read More...

စစ်မှန်သည့် ပြည်ထောင်စုအတွက် NLD ရွေးကောက်ပွဲဝင်ဟုဆို

ဖနိဒါ
ဖေဖေါ်ဝါရီလ ၂၃ ရက် ၂၀၁၂ ခုနှစ်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အနေဖြင့် တိုင်းရင်းသားများ ညီညီညွတ်ညွတ်နှင့် စစ်မှန်သော ပြည်ထောင်စု ထူထောင်လိုခြင်း ကြောင့် ရွေးကောက်ပွဲ ဝင်ခြင်း ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ကြာသပတေးနေ့ ကချင်ပြည်နယ် နမ္မတီးမြို့ ဟောပြောပွဲတွင် ပြောကြားလိုက်သည်။

“အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲဝင်ရတဲ့ အကြောင်းအရင်း တခုကတော့ ပြည်ထောင်စုကို ထူထောင်ချင်လို့ စစ်မှန်တဲ့ ပြည်ထောင်စု စိတ်ဓါတ်ကို ပြန့်ပွားစေချင်လို့ ဖြစ်ပါတယ်။ အဖွဲ့ချုပ် စဖွဲ့ထားစဉ် ကတည်းက တိုင်းရင်းသားများ အားလုံး သွေးစည်း ညီညွတ်ရေးကို ဦးတည်ရန် ဖြစ်တယ်”ဟု လူထုပရိသတ် ငါးသောင်းခန့်အား ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

မိုးကောင်းမြို့နယ်အတွင်းရှိ လူငယ်များ အလုပ်လက်မဲ့ပြဿနာမှာ ကြီးမားပြီး လူငယ်များနှင့် ထိုက်တန်သည့် အလုပ်အကိုင်များ နည်းပါး နေကြောင်း ထိုပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် မိုးကောင်းတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် NLD ကိုယ်စားလှယ်လောင်း ဒေါ်ခင်ကြည်ကို မဲထည့်ရန်လည်း မဲဆွယ်စည်းရုံးခဲ့သည်။

Read More...

ဥက္ကဋ္ဌ တာဝန်ယူရေး မြန်မာပြင်ဆင်မှု အာဆီယံ အကောင်းမြင်

ညီသစ်
ဖေဖေါ်ဝါရီလ ၂၃ ရက် ၂၀၁၂ ခုနှစ်

၂၀၁၄ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူရန် မြန်မာနိုင်ငံ၏ ပြင်ဆင်မှုကို အာဆီယံအဖွဲ့ အနေဖြင့် အကောင်းဘက်မှ ရှုမြင်ကြောင်း အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါက်တာ Surin Pitsuwan က ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ပြောကြားခဲ့သည်။

သို့သော် စိန်ခေါ်မှုများ ရှိနေသေးသလို ကြိုးပမ်းလုပ်ဆောင်ရန်များလည်း ကျန်ရှိနေသေးကြောင်း Surin Pitsuwan က သတင်းထောက် များအား ရန်ကုန်မြို့ နိုင်ငံခြား သတင်းထောက်များ ကလပ် (FCC) တွင် ပြောဆိုသွားသည်။

“အခုအချိန်ဟာ မြန်မာနိုင်ငံ အနေနဲ့ အာဆီယံ ထိပ်သီးညီလာခံ ကျင်းပရေးအတွက် ပြင်ဆင်ဖို့ ပြင်းထန်တဲ့ စိန်ခေါ်မှုတွေနဲ့ ရှိနေတဲ့ ကာလဖြစ်ပါတယ်။ အဲဒါကို လုပ်နိုင်စွမ်းရှိတယ်လို့ မြန်မာ အစိုးရက ယုံကြည်နေပေမယ့် လုပ်စရာတွေတော့ ရှိနေပါသေးတယ်” ဟု ဒေါက်တာ Surin Pitsuwan က ပြောခဲ့သည်။

Read More...

မန်းငြိမ်းမောင် သက်သေ နှစ်ဦးသာ ခွင့်ပြု

ကိုဝိုင်း
ဖေဖေါ်ဝါရီလ ၂၃ ရက် ၂၀၁၂ ခုနှစ်

နိုင်ငံတော်ပုန်ကန်မှုဖြင့် တရားစွဲခံနေရသည့် ကရင်အမျိုးသား အစည်းအရုံး KNU ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင် တောင်းဆို ထားသည့် သက်သေ ရှစ်ဦးအနက် နှစ်ဦးကိုသာ ခေါ်ယူပေးမည် ဖြစ်ပြီး မတ်လ ၁ ရက်နေ့တွင် စစ်ဆေးခွင့်ရမည် ဖြစ်သည်။

ရထားဝန်ကြီး ဦးအောင်မင်း အပါအဝင် နေပြည်တော်မှ စစ်ဘက်ရေးရာ လုံခြုံရေး (စရဖ) အရာရှိကြီးများ၊ လက်ရှိ အင်းစိန်ထောင်ပိုင်နှင့် ထောင်ပိုင်ဟောင်း အပါအဝင် စုစုပေါင်း ၈ ဦးကို အင်းစိန် အထူးတရားရုံးသို့ ဆင့်ခေါ်ပေး ရန် ဖေဖော်ဝါရီ ၁၆ ရက်နေ့ ရုံးချိန်းအတွင်း မန်းငြိမ်းမောင် ဘက်မှ လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

Read More...

DKBA ၏ လက်နက်များ ပြန်အပ်ဖို့ သမ္မတ ညွှန်ကြားဟုဆို

မျိုးသန့်
ဖေဖေါ်ဝါရီလ ၂၃ ရက် ၂၀၁၂ ခုနှစ်

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် DKBA ထံမှ နယ်ခြားစောင့်တပ်ဖွဲ့ BGF တို့ ရယူထားသည့် လက်နက်များ ပြန် အပ်ရန် သမ္မတဦးသိန်းစိန်မှ ညွှန်ကြားချက် ပေးလိုက်ပြီဟု DKBA ပြန်ကြားရေး တာဝန်ခံ စောလုံးလုံက မဇ္ဈိမကို ပြောသည်။

ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့က DKBA စခန်းတခုမှ လက်နက်များကို BGF အဖွဲ့မှ သိမ်းယူသွားသဖြင့် ထိုလက်နက်များ ပြန်မအပ်ပါက ငြိမ်းချမ်းရေး ပျက်ပြယ်မည် ဖြစ်ကြောင်း DKBA က အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်များအား တင်ပြပြီးနောက် ယခုကဲ့သို့ သမ္မတ ညွှန်ကြားချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

Read More...

HIV ပိုးရှိ ၈၅,၀၀၀ ART ဆေးလိုအပ်နေ

ဖေဖေါ်ဝါရီလ ၂၃ ရက် ၂၀၁၂ ခုနှစ်

မြန်မာနိုင်ငံတွင် HIV ပိုး ကူးစံခံထားရသူ ရှစ်သောင်းခွဲခန့်မှာ ART ဆေးဝါးများ လုံလောက်စွာ မရရှိကြကြောင်း ဗုဒ္ဓဟူးနေ့ထုတ် အစီရင်ခံစာ တရပ်က ဆိုသည်။

မြန်မာနိုင်ငံတွင် ART ဆေးဝါး အများဆုံး ထောက်ပံ့ပေးနေသည့် ပြင်သစ်အခြေစိုက် နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ MSF ၏ အဆိုပါ အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် HIV ပိုး ကူးစံခံထားရသူ၏ သုံးပုံနှစ်ပုံမှာ ကုသရန် ဆေးဝါး မရရှိကြသေးကြောင်း ဆိုသည်။

Read More...

Thursday, February 23, 2012

အာဆီယံ အတွင်းရေးမှူးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

2012-02-22

မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိနေတဲ့ အာဆီယံ အတွင်းရေးမှူးချုပ် မစ္စတာ ဆူရင် ပစ်ဆူဝမ်ဟာ ဒီကနေ့ မနက်ပိုင်းက အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ လာရောက် တွေ့ဆုံခဲ့ပါတယ်။

အဲဒီလိုတွေ့ဆုံရာမှာ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ဖြစ်စဉ်အတွင်း အာဆီယံက ဘယ်လိုအခန်းကဏ္ဍကနေ ဝင်ရောက် ကူညီနိုင်မလဲ ဆိုတာ ဆွေးနွေးခဲ့ပါတယ်။ အာဆီယံအနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့ လာရောက်မယ့်ကိစ္စကို ဒေါ်အောင် ဆန်းစုကြည်က ကြိုဆိုကြောင်း အန်အယ်လ်ဒီပါတီ ဗဟိုကော်မတီဝင် ဦးဟန်သာမြင့်က ပြောပါတယ်။

Read More...

ကျပ်ငွေ ၅ ထောင်တန် SIM ကဒ် MDC က တောင်းဆို

2012-02-22

လက်ကိုင်တယ်လီဖုန်း SIM ကဒ်တစ်ခုကို ကျပ်ငွေ ၅ ထောင်နှုန်းနဲ့သာ ပြည်သူတွေ သုံးစွဲခွင့်ရမယ်ဆိုရင် ကုန်ဈေးနှုန်း ကျဆင်းရေးနဲ့ ဆင်းရဲမွဲတေမှု လျော့ကျရေးကို အထောက်အကူ ပြုနိုင်မှာဖြစ်လို့ ဒီကိစ္စကို ခွင့်ပြုပေးဖို့ ရန်ကုန်မြို့အခြေစိုက် MDC ခေါ် ကုန်ဈေးနှုန်း ကျဆင်းရေးအဖွဲ့က မနေ့က တောင်းဆိုလိုက်ပါတယ်။

ဒီတောင်းဆိုမှုနဲ့ ပတ်သက်လို့ ကုန်ဈေးနှုန်း ကျဆင်းရေးအဖွဲ့ ခေါင်းဆောင် ကိုထင်ကျော်က အာအက်ဖ်အေကို အခုလိုပြောပါတယ်။

Read More...

မြန်မာနိုင်ငံရဲ့ လက်ရှိ ပြုပြင်ပြောင်းလဲမှုတွေ သူရ ဦးရွှေမန်း အားမရသေး

2012-02-22

မြန်မာနိုင်ငံရဲ့ လက်ရှိ ပြုပြင် ပြောင်းလဲမှုတွေဟာ နှေးကွေးလေးလံနေပြီး အားရကျေနပ်စရာ မကောင်းလှသေးဘူးလို့ ပြည်သူ့လွှတ် တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက မနေ့က ပြောလိုက်ပါတယ်။

ဗုဒ္ဒဟူးနေ့ မနက် ၉ နာရီက ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမမှာ ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် တွေ့ဆုံပွဲမှာ အဲဒီလို ပြောဆိုခဲ့တာပါ။

Read More...

ဆောင်းဦးလှိုင်ရဲ့ အလှူပွဲ

2012-02-22

တေးသံရှင် ဆောင်းဦးလှိုင်ရဲ့ “နှလုံးသားတွေ လှူမယ့်ည” တစ်ကိုယ်တော် ဖျော်ဖြေပွဲကရရှိတဲ့ အလှူငွေတွေကို ၈၈ မျိုးဆက် ကျောင်းသား များ လူမှုရေးလုပ်ငန်း ရန်ပုံငွေအဖွဲ့နဲ့ နာရေးကူညီမှုအသင်းကို လှူဒါန်းပွဲ ဒီကနေ့ နာရေး ကူညီမှုအသင်း (ရန်ကုန်)ရုံး ခန်းမမှာ ကျင်းပပါ တယ်။

ဒီအခမ်းအနားကို ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုမြအေး၊ ကိုဂျင်မီ၊ မနီလာသိန်း အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသားခေါင်း ဆောင် တွေ တက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားမှာ တေးသံရှင် ဆောင်းဦးလှိုင်က “နှလုံးသားတွေ လှူမယ့်ည” တစ်ကိုယ်တော် ဖျော်ဖြေပွဲ နေ့က ကြုံတွေ့ရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး တက်ရောက်လာသူတွေကို ရှင်းလင်း ပြောကြားခဲ့ပါတယ်။

Read More...

ဝန်ထမ်းလစာတိုးရေး ဖြစ်မြောက်အောင် ဆောင်ရွက်မယ်လို့ သူရဦးရွှေမန်းပြော

2012-02-22

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ၀န်ထမ်းလစာ တိုးပေးရန် တင်သွင်းထားတဲ့အဆိုကို မိမိ နောက်ဆုတ်မှာမဟုတ်ကြောင်း၊ ပြည်ထောင်စုလွှတ်တော်ရဲ့ ထောက်ခံချက်နဲ့ အတည်ပြုရတာကြောင့် မဖြစ်မနေ ဆက်ပြီး ဆောင်ရွက်သွားမယ့်အကြောင်း ဒီကနေ့ ပြောဆိုပါတယ်။

ဒါ့အပြင် သူရဦးရွှေမန်းက အခုလို ဆောင်ရွက်နေတဲ့ပုံစံအတိုင်း လက်ရှိဥပဒေတွေ ပြင်ဆင်/ပြဋ္ဌာန်းရေးအတွက် နှေးနှေးကွေးကွေး ဆောင်ရွက်နေမယ်ဆိုရင် မိမိတို့ရဲ့ ၅ နှစ်ကြာ လွှတ်တော်သက်တမ်းအတွင်း ဆောင်ရွက်ရမယ့် လုပ်ငန်းတွေကို ပြည့်ဝအောင် ဖြည့် ဆည်းပေးနိုင်မှာ မဟုတ်ကြောင်းလည်း ပြောဆိုပါတယ်။

Read More...

မန်းတောင်ခြေ စုဝေးခွင့်မပြု

2012-02-22

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မန္တလေးမြို့လူထုစည်းဝေးပွဲအတွက် မန်းတောင်ခြေ အားကစား ကွင်း မှာ ကျင်းပခွင့်ပေးဖို့ မန္တလေး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လျှောက်ထားခဲ့တာကို ပြည်ထောင်စုကော်မရှင် ဥက္ကဋ္ဌက တားမြစ် ပိတ်ပင်လိုက်ကြောင်း သိရပါတယ်။

အခုလို ပိတ်ပင်လိုက်တဲ့အကြောင်း မန္တလေးမြို့ကို ရောက်ရှိနေတဲ့ အန်အယ်လ်ဒီ ပြန်ကြားရေးအဖွဲ့ဝင် ဦးအုံးကြိုင်ကို မန္တလေးတိုင်း အားကစားနဲ့ ကာယပညာ ဒုညွှန်ကြားရေးမှူးက ဒီကနေ့ ပြောကြားတယ်လို့ သိရပါတယ်။

Read More...

အပစ်အခတ်ရပ်စဲရေး ပိုခိုင်မာအောင် KNU က အစိုးရနှင့် ထပ်မံ ဆွေးနွေးသွားမည်

23 February 2012
စောခါးစူးညား

ကရင်အမျိုးသားအစည်းအရုံး(KNU) သည် ပဏာမ အပစ်အခတ်ရပ်ဆိုင်းရေးကို သဘောတူလက်မှတ် ထိုးထားသော်လည်း အပစ်အခတ် ရပ်စဲရေးကိစ္စ လက်ရှိအခြေအနေထက် ပိုခိုင်မာစေရေးအတွက် လာမည့်မတ်လ မြန်မာအစိုးရနှင့် ထပ်မံ တွေ့ဆုံရာတွင် ဆွေးနွေးသွား မည်ဟု ယနေ့ ပြောကြားလိုက်သည်။

အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်၍ အစိုးရနှင့် ထပ်မံတွေ့ဆုံရန်အတွက် KNU သည် ၎င်းတို့ထိန်းချုပ်ရာဒေသ ကရင်ပြည်နယ် လှိုင်းဘွဲ မြို့နယ်၊ တပ်မဟာ(၇) နယ်မြေတနေရာ၌ ယနေ့ နေ့လည် ၁၂နာရီမှ မွန်းလွဲ ၂နာရီအထိ ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် KNU ၏ တွဲဖက်အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေက ထိုသို့ ပြောဆိုသွားခဲ့ခြင်းဖြစ်သည်။

Read More...

အစိုးရနှင့် ငြိမ်းချမ်းရေး ဆက်လက် ဆွေးနွေးရေးကိစ္စ KNU ရှင်းလင်းပွဲ ပြုလုပ်

22 February 2012

မြန်မာအစိုးရနှင့် ပဏာမ အပစ်အခတ်ရပ်ဆိုင်းရေး သဘောတူလက်မှတ်ထိုးထားသော်လည်း ပစ်ခတ်ရပ်စဲရေးကိစ္စ လက်ရှိအခြေအနေ ထက် ပိုမို ခိုင်မာအောင် တည်ဆောက်သွားရန် ရည်ရွယ်၍ ကရင်အမျိုးသားအစည်းအရုံး-KNU က ယနေ့ နေ့လည်က သတင်းစာရှင်း လင်း ပွဲတစ်ခု ပြုလုပ်ခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲကို KNU က ၎င်းတို့ထိန်းချုပ်နယ်မြေဖြစ်သည့် KNLA တပ်မဟာ(၇) တနေရာတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး အစိုးရ နှင့် စစ်မှန်၍ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိနိုင်ရန် အဆင့်(၄)ဆင့်ပါ လမ်းပြမြေပုံကိုလည်း KNU ဘက်က ထုတ် ပြန်ခဲ့ သည်။

Read More...

ဘိန်းပြဿနာများ ဖြေရှင်းနိုင် မည့်ကော်မရှင်တစ်ရပ် ဖွဲ့စည်းပေးရန် CNP တောင်းဆို

22 February 2012
နန်းသူးလေ

ချင်းပြည်နယ်အတွင်းရှိ ဘိန်းစိုက်ပျိုး၊ ထုတ်လုပ်၊ ရောင်းချမှု ပြဿနာများကို ဖြေရှင်းပေးနိုင်မည့် အထူး ကော်မရှင်တစ်ရပ် ပြည်နယ် လွှတ်တော်တွင် ဖွဲ့စည်းပေးရန် ချင်းအမျိုးသားပါတီ(CNP) က တောင်းဆိုလိုက်သည်။

CNP မှ အထွေထွေ အတွင်းရေးမှူး ဆလိုင်းကြွမ်ဘိထောင်းက “ဘိန်းစိုက်ခင်းမှာ အလုပ်လုပ်ရင်း ဘိန်းစေ့တွေကို ငုံလိုက်၊ စားလိုက်နဲ့ လူငယ်တချို့ ပျက်စီးနေတာကိုလည်း ကျနော်တို့ တွေ့နေရပါပြီ။ ဒါတွေက အန္တရာယ်ကြီးမားပြီး ခြိမ်းခြောက်နေတာ ဖြစ်တဲ့အတွက် နှိမ် နင်းပေးဖို့ တောင်းဆိုရခြင်း ဖြစ်ပါတယ်။”ဟု ပြောသည်။

Read More...

စီးပွားရေး ပိတ်ဆို့မှုသည် အဓိက ပြဿနာဟု အာဆီယံကို လုပ်ငန်းရှင်များပြော

ညီသစ်
ဖေဖေါ်ဝါရီလ ၂၂ ရက် ၂၀၁၂ ခုနှစ်

စီးပွားရေး ဖွံ့ဖြိုးမှုများအတွက် နိုင်ငံတကာမှ ပိတ်ဆို့မှုမှာ အဓိကပြဿနာရပ် ဖြစ်နေ ကြောင်း မြန်မာ စီးပွားရေး လုပ်ငန်းရှင်များက ထောက်ပြ ပြောကြားလိုက်သည်။

အင်္ဂါနေ့က အာဆီယံ အတွင်းရေးမှူးချုပ်နှင့် မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းစုချုပ် UMFCCI မှ စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံစဉ် ပြောကြားလိုက်ခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံက ပြေးလမ်းကနေ ပျံတက်တော့မယ့် လေယာဉ်တစီးနဲ့ တူပါတယ်။ အပေါ်ကို ပျံတက်ဖို့ အားယူနေချိန် မှာ ရှေ့မှာ ပြင်း ထန်တဲ့ လေတွေက ဆန့်ကျင် တိုက်ခတ်နေတယ်။ ဒါပေမယ့် မြန်မာက ရှေ့ကို ဆက်ပျံသန်းဖို့ပဲ ဆုံးဖြတ်ထားတယ်” ဟု UMFCCI ဒုဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေး က ပြောသည်။

Read More...

“နှုတ်နဲ့ပြောဖို့ သတ္တိမရှိသေးရင် စာနဲ့ပြောပေးပါ”ဟု ဦးရွှေမန်း ပြော

ကိုပေါက်၊ မင်းသက်
ဖေဖေါ်ဝါရီလ ၂၂ ရက် ၂၀၁၂ ခုနှစ်

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း က လွှတ်တော် ကိုယ်စားလှယ်များ အနေနှင့် အဂတိ ရှောင်ရှားကာ သတ္တိရှိစွာဖြင့် ပြည်သူ့ အကျိုး အရေးဆို ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားလိုက်သည်။

ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်း လွှတ်တော်အဆောက်အဦးတွင် ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတို့ တွေ့ဆုံပွဲ၌ ဦးရွှေမန်းက ထည့်သွင်း ပြောဆိုသွားခြင်းဖြစ်သည်။

“သူတို့တွေ ကြောက်နေကြသေးတယ်။ ပြောလိုက်ရင် ဘာဖြစ်မလဲဆိုပြီး ကြောက်နေကြသေးတယ်။ ကိုယ်ပြောလိုက် လို့ ဒုက္ခရောက်မှာ ကြောက်တယ်ဆိုတာ အဂတိတရား လိုက်စားတာ။ ဒါကြောင့်မို့လို့ လွှတ်တော် ကိုယ်စားလှယ်များ ကိုလည်း ခင်ဗျားတို့ အဂတိရှေးရှု စေသော အပြုအမူများ မဖြစ်စေနဲ့။ နှုတ်နဲ့ပြောဖို့ သတ္တိမရှိသေးရင် စာနဲ့ပြောပေးပါ” ဟု လွှတ်တော် ကိုယ်စားလှယ်များကို ရည်ညွှန်း၍ ဦးရွှေမန်းက ပြောသည်။

Read More...

ဒေါ်အောင်ဆန်းစုကြည် ကချင်ခေါင်းဆောင်များနှင့် တွေ့ဆုံမည်

ဖနိဒါ
ဖေဖေါ်ဝါရီလ ၂၂ ရက် ၂၀၁၂ ခုနှစ်

ကြာသပတေးနေ့တွင် စတင်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ကချင်ပြည်နယ်ခရီးစဉ်တွင် ကချင်အမျိုးသား အတိုင်ပင်ခံအဖွဲ့ WMR ခေါင်းဆောင်များနှင့် တွေ့ဆုံသွားမည် ဖြစ်ကြောင်း ကချင်ခေါင်းဆောင်များ ထံမှ သိရသည်။

“ကျနော်တို့ကတော့ ဘာဆွေးနွေးဖို့ ကြိုတိုင်ပင်ထားတာတော့ မရှိသေးဘူး။ ဒါပေမယ့် သူနဲ့ တွေ့ဆုံတဲ့အခါမှာပဲ အချင်းချင်း မိတ်ဆက် ရင်းနဲ့ ပြောကြဆိုကြမှာပါ။ အိမ်ရှင်ဆိုတော့ ဧည့်သည်က လာတွေ့တယ်ဆိုရင် လက်ခံ ကြိုဆိုပါ တယ်”ဟု အမည်မဖော်လိုသည့် WMR အဖွဲ့ဝင် ကချင်ခေါင်းဆောင်တဦးက မဇ္စျိမကို ပြောသည်။

WMR ကချင်အတိုင်ပင်ခံအဖွဲ့တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO၊ ကချင် ပြည်နယ်တွင်းရှိ စီးပွားရေး လုပ်ငန်းရှင် များ၊ ဘာသာရေး ခေါင်းဆောင်များ အပါအဝင် အဖွဲ့ဝင် ၅ဝ ကျော် ပါဝင်ပြီး ထိုအဖွဲ့မှ ခေါင်းဆောင်အချို့သည် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် အစိုးရ အကြား ငြိမ်းချမ်းရေးရရှိရန် ညှိုနိုင်းပေးနေသည်။

Read More...

KNU ထိန်းချုပ်နယ်မြေအတွင်း အစိုးရတပ်များ ရုပ်သိမ်းရန် တောင်းဆို

မျိုးသန့်
ဖေဖေါ်ဝါရီလ ၂၂ ရက် ၂၀၁၂ ခုနှစ်

ကရင်အမျိုးသား အစည်းအရုံး KNU ၏ ထိန်းချုပ်နယ်မြေများအတွင်း အစိုးရတပ်များ ပြန်လည် ရုပ်သိမ်းပေးရန် အပါအဝင် တောင်းဆို ချက် လေးချက်ကို KNU မှ ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန် ကြေညာ လိုက်သည်။

KNU ထိန်းချုပ်ရာဒေသများရှိ စခန်းအသီးသီး၏ ကိုက် ၂,၀၀၀ ကျော် အကွာအဝေး အတွင်း အစိုးရတပ်မှ စိုးမိုး နယ်မြေ ရယူထားခြင်း၊ အစိုးရတပ် ရိက္ခာပို့လမ်း ဝဲယာ ကိုက် ၂၀၀ အတွင်း KNU တပ်များ ချဉ်းကပ်ခွင့် မရခြင်း တို့ကြောင့် အစိုးရတပ်နှင့် KNU တို့အကြား ထိပ် တိုက်တွေ့နိုင်ကာ ပဋိပက္ခများ ဖြစ်လာနိုင်ခြင်းကြောင့် တပ်များ ဆုတ်ပေးရန် တောင်းဆိုခြင်းဟု KNU အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူး စောလှငွေက မဇ္ဈိမကို ပြောသည်။

Read More...

ကျိုင်းတုံထောင် အကျဉ်းသားနှစ်ဦး စိတ်ကြွဆေးပြားများနှင့်ဖမ်းမိ

ကျော်ခ
ဖေဖေါ်ဝါရီလ ၂၂ ရက် ၂၀၁၂ ခုနှစ်

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံထောင်မှ အကျဉ်းသားနှစ်ဦးကို ထောင်ပြင်ပ ကျိုင်းတုံမြို့ အထွက်တွင် စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိမှု တနင်္လာနေ့က ဖြစ်ပွားခဲ့ကြောင်း ထောင်အာဏာပိုင် သတင်းရပ်ကွက်ထံမှ သိရသည်။

မြင်းဆေး ခေါ် စိတ်ကြွဆေး အပြား ၂၀ သယ်ဆောင်လာသူ လူနှစ်ဦးကို Dream အမျိုးအစား ဆိုင်ကယ် အပြာရောင် တစီးနှင့်အတူ ကျိုင်းတုံမြို့အထွက် နောင်ဖာ ဂိတ်တွင် တနင်္လာနေ့ မွန်းလွဲပိုင်းတွင် မြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့မိပြီး စစ်ဆေးကြည့်ရာမှ အကျဉ်းသား များဟု သိရှိရပြီး ကျိုင်းတုံထောင်သို့ လွှဲပြောင်းပေးခဲ့သည်။

“သူတို့ကို ကျိုင်းတုံကနေ အထွက် မိုင်းယန်းကို သွားတဲ့ နောင်ဖာ စုပေါင်းဂိတ်မှာ မြင်းဆေးတွေနဲ့ မိတာပါ။ အဲဒီအချိန်မှာ သူတို့က အရပ်ဝတ်တွေနဲ့ပဲ” ဟု အာဏာပိုင် အသိုင်းအဝိုင်းက မဇ္ဈိမကို ပြောသည်။

Read More...

Tuesday, February 21, 2012

Monthly News Commentary - February 2012

PDC Monthly News Commentary - February 2012

DKBA နှင့် BGF စစ်ရေးတင်းမာ မှုကြောင့် ဒေသခံ ၅၀ကျော် ထိုင်းဘက်ခြမ်းသို့ တိမ်းရှောင်နေ

20 February 2012
စောသိန်းမြင့်

တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA)နှင့် နယ်ခြားစောင့်တပ် (BGF) တို့ ယမန်နေ့က ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး နှစ်ဖက် စစ်ရေးပြင်ဆင်မှု များကြောင့် ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မဲ့သဝေါရွာ သူရွာသား ၅၀ဦးကျော်မှာ ယခု အချိန်တွင် ထိုင်းဘက်ခြမ်းသို့ ထွက်ပြေး တိမ်းရှောင်နေရသည်။

မဲ့သဝေါရွာသားတစ်ဦးက “သူများပြောတာ အခြေအနေမကောင်းဘူးဆိုပြီး ထိုင်းဘက်ခြမ်းကို ခဏရှောင်ထားလို့ ပြောတဲ့အတွက် ကျနော် တို့ ဟိုး-မနေ့ညကတည်းက ထွက်ပြေးလာတာပါ။ ဒီမနက်လည်း အများကြီး ထပ်ကူးသေးတယ်။ စာသင်ကျောင်းလည်း အကုန် ပိတ်လိုက် ရပြီ။”ဟု ကေအိုင်စီသို့ ပြောသည်။

Read More...

DKBA ပစ်ခတ်မှုကြောင့် BGF တပ်ဖွဲ့ဝင်၅ဦး ထိခိုက်သေဆုံး မှုများရှိ

20 February 2012
စောသိန်းမြင့်

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူဒေသတွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA)မှ နယ်ခြား စောင့် တပ် (BGF)တပ်ဖွဲ့ဝင်များ စီးနင်းလာသည့် ကားတစ်စီးအား ယမန်နေ့က ပစ်ခတ်ခဲ့ရာ ၅ဦး ထိခိုက်သေဆုံး ခဲ့သည်ဟု ဒီကေ ဘီအေ ဘက် က ပြောသည်။

ယမန်နေ့ မွန်းလွဲ ၂နာရီခွဲအချိန်၌ မြိုင်ကြီးငူလမ်းခွဲတွင် နယ်ခြားစောင့်တပ် (၁၀၁၁)တပ်ရင်း စီးနင်းလာသည့် ကားကို ဗိုလ်ဘိ ဦးဆောင် သည့် ဒီကေဘီအေတပ်ဖွဲ့မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကားထဲရှိ နယ်ခြားစောင့်တပ် ဗိုလ်ကြီးအေးဝင်းမင်းနှင့် တပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရပြီး တပ်သား ၃ဦးမှာ ကျဆုံးသွားခဲ့ခြင်းဖြစ်သည်။

Read More...

တိုင်ရီပဋိပက္ခ ဝါဏိဇ္ဇကို တင်မည်

ကိုပေါက်
ဖေဖေါ်ဝါရီလ ၂၀ ရက် ၂၀၁၂ ခုနှစ်

ရန်ကုန်တိုင်း၊ လှိုင်သာယာ စက်မှုဇုန်ရှိ တိုင်ရီဖိနပ်စက်ရုံမှ အလုပ်သမားများ၏ အခြေခံရပိုင်ခွင့် တောင်းဆိုချက်များအား ဝါဏိဇ္ဇပဋိ ပက္ခကော်မတီ ခုံရုံးသို့ ဗုဒ္ဓဟူးနေ့တွင် တင်သွင်း လျှောက်ထား တော့မည်ဟု သိရသည်။

အလုပ်သမား ၁၈၄၅ ဦး၏ တနင်္လာနေ့က သဘောတူဆုံးဖြတ်ချက်အရ မရမ်းကုန်းမြို့နယ် ဝါဏိဇ္ဇခုံရုံးသို့ တင်သွင်းမည် ဖြစ်ကြောင်း အလုပ်သမားများအား ကူညီဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးဖိုးဖြူ က ပြောသည်။

“တင်သွင်းခွင့် ရမယ်ဆိုတဲ့အမိန့်စာ ကျနော်တို့လက်ထဲကို ရောက်လာတယ်ခင်ဗျ။ စာရွက်စာတန်းတွေနဲ့ အထောက် အထားတွေ ပြင်ဆင်နေတုန်း ရရှိလာတဲ့အတွက် အလုပ်သမား တော်တော်များများကလည်း ဝမ်းသာကြတယ်။ သဘက်ခါ ၁၀ နာရီလောက် တင်မယ်ခင်ဗျ” ဟု မဇ္ဈိမကို ပြောသည်။

Read More...

အပေါ်သို့