Friday, July 31, 2009

ခမရ ၅၁၅ မှ ဗိုလ်ကြီးကောင်းဇံ၏ ချစ်ဇနီးထံပေးစာ

ဇူလိုင် ၂၁။

ခင်လေး

နေကောင်းကျန်းမာမယ်လို့ထင်ပါတယ်။ ကိုယ့်အခြေအနေ သိဖို့ စာရေးလိုက်တာပါ။ ကိုယ်အခု နောက်တန်း ဆေးရုံကို ရောက်နေတယ်။ စိတ်မပူပါနဲ့ လက်နက်ကြီးအစ ရှပ်ထိရုံပါ။ မကြာခင်ပဲ ဆေးရုံကဆင်းပြီး ခင်လေးဆီ တခေါက်လောက် ပြန်လာတွေ့ဖို့ ကြိုးစားပါမယ်။ ခွင့်ရဖို့တော့ သိပ်မလွယ်ဘူး။ ထုံးစံ အတိုင်းပေါ့ ၁ရက် ၂ရက်လောက် အဆင်ပြေသလို လစ်လာရမှာပဲ။

ကိုယ်တို့ စကခ ၂၊ ခမရ ၅၁၅က မိုးတွင်းမှာလည် မနားရဘူး၊ ကိုယ်က ခွဲမှူးဖြစ်နေတော့ ပိုဆိုး တာပေါ့။ အပေါ်ကိစ္စလည်း ကိုယ်ပဲ။ အောက်ကိစ္စလည်း ကိုယ်ပဲ ဖြစ်နေတယ်။ ဇူလိုင်လထဲမှာ မိုးကလည်း အရမ်းကောင်းတယ်။ ဒီအချိန် ရှေ့တန်း စစ်မျက်နှာမှာ ဘယ်လို ဖြစ်နေမလဲဆိုတာ ခင်လေး မှန်းဆမိမှာပါ။ ကိုယ်တို့ ရောက်နေတဲ့ ဂွင်ထဲမှာ ရွက်ဆစ်အဖွဲ့တွေ တော်တော် များတယ်။ ဒီဂွင်ထဲမှာ ကိုယ်တို့ တပ်ရင်းက လှုပ်ရှား တခွဲနဲ့ ခလရ ၆၄ က ဗိုလ်မှူး နေထွတ်ဦးစီးတဲ့ တကြောင်းနဲ့ ခွဲတခွဲ လှုပ်ရှားနေရတယ်။

ဇူလိုင် ၁၆ ရက်နေ့မှာ ဗိုလ်မှူးနေထွတ်တို့ စစ်ကြောင်း ရွက်ဆစ်တို့ အဖွဲ့နဲ့ စပြီး ထိတွေ့မှု ဖြစ်ကြတယ်။ ဖြစ်တာက ညကြီးမိုးချုပ် သူတို့က ရွာအ၀င်မှာ ဖြစ်တာလို့ သိရတယ်။ ရဲဘော်တယောက် ဒူးမှာ လက်နက်ငယ်ထိပြီး ဒဏ်ရာရသွားတော့ သူတို့စစ်ကြောင်းက အဲဒီည အဲဒီရွာမှာပဲ အခြေပြု နေလိုက်ကြတယ်။ နောက်ရက်မှာ သူတို့စစ်ကြောင်းက ဟိုကောင်တွေ ဆုတ်သွားတဲ့ ဖက်ကို လိုက်ရှင်းကြတယ်။

ထုံးစံအတိုင်းပေါ့ကွာ အထက်ကလည်း ကိုယ်တို့ကို လိုက်ရှင်းခိုင်း ပိတ်ခိုင်းတော့ ကိုယ်တို့ တပ်ခွဲက နောက်နေ့ ညနေ ၃နာရီ ကျော်လောက်မှာ ဟိုကောင်တွေနဲ့ စထိတွေ့ ပစ်ခတ်ကြတယ်။ ဒီကောင် တွေ ၂၀ လောက်ရှိမယ်လို့ ခန့်မှန်းတယ်။ ကိုယ်တို့လည်း ပစ်အားနဲ့ ဖိပြီး တွယ်လိုက်တော့ ဒီကောင်တွေ ပြေးသွားတယ်။ ကိုယ်တို့ တပ်ခွဲက ဖြန့်ပြီး လိုက်ရှင်းတယ်။ အဲဒီမှာပဲ ညနေ ၆ နာရီ လောက်မှာ တခြားအဖွဲ့နဲ့ ထပ်ပြီး ထိတွေ့ ကြတယ်။ ဒီတခါတော့ ဒီကောင်တွေဘက်က အတော် များတယ်။ ခန့်မှန်းခြေ ၈၀ လောက်ရှိမယ် ထင်တယ်။ ဘူဇူကာလည်း အတော် သုံးနိုင်ကြတယ်။ ကိုယ်လည်း မထင်မှတ်ဘဲ ချုံခိုမိတော့ ဘာလုပ်ရမှန်း မသိတော့ဘူး။ သူတို့ဘက်က လက်နက် ကြီးတွေ ပုံအောပစ်တာ ခံလိုက်ရတယ်။ ဒီပွဲမှာ ကိုယ်လည်း လက်နက်ကြီး အစ ထိခဲ့တယ်။

Read More...

နအဖ အဓမ္မ ရွှေ့ပြောင်းမှုဒဏ်၊ ရခိုင်ပြည်နယ် ဒေသခံတွေ မိအေးနှစ်ခါနာ

၃၁ ဇူလိုင် ၂၀၀၉

နယ်နိမိတ်ချင်း ၁၇၂ မိုင် ထိစပ်နေတဲ့ မြန်မာနိုင်ငံ အနောက်တောင်ပိုင်း ရခိုင်ပြည်နယ်ဟာ ရှေးအခါတည်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ဘင်္ဂလီ လူမျိုးတွေ ၀င်ထွက်ရာ ဒေသတစ်ခု ဖြစ်ပါတယ်။ အင်္ဂလိပ်ခေတ်မှာ လယ်ယာ လုပ်ငန်းတွေ လုပ်ကိုင်ဖို့ ဘင်္ဂလီ လူမျိုးတွေကို ရခိုင်ပြည်နယ်ထဲ စခေါ်သွင်း လာရာကနေ တစ်စထက် တစ်စ အင်အား များလာလို့ လည်း စုံစမ်းရေး ကော်မရှင်ဖွဲ့ပြီး အရေးယူ ဆောင်ရွက် ခဲ့ရပါသေးတယ်။ ၁၉၄၂ ခုနှစ်၊ ကုလား ဗမာ အဓိကရုဏ်း ဖြစ်ပြီး နောက်ပိုင်း ဘင်္ဂလီတစ်ချို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်ကို ပြန်သွားတာလည်း ရှိကြောင်း သိရပါတယ်။

ဒီနောက် ၁၉၇၇-၇၈ခုနှစ်မှာ မြန်မာအစိုးရကနေ မောင်းနှင် ထုတ်လိုက်တာ ကြောင့်လည်း ဘင်္ဂလီ လူမျိုး ၂ သိန်းလောက် ဘင်္ဂလားဒေ့ရှ် ဖက်ကို ထွက်ခွာ သွားခဲ့ကြရ ပြန်ပါတယ်။ ဒါပေမဲ့လည်း ရခိုင်ပြည်နယ် အတွင်းကို ဘင်္ဂလီတွေ နောက်ထပ် အတင်းဝင်ရောက် နေရာယူ အခြေချ လာခဲ့ကြတာကြောင့် ရခိုင် ကျေးရွာပေါင်း ၉၂ ရွာ ပျက်ခဲ့ပြီး ရခိုင် လူမျိုးတွေလည်း အခြားအရပ်တွေကို စွန့်ခွာ ထွက်ပြေး ခဲ့ကြရပါတယ်။

အခုဆိုရင် ရခိုင်ပြည်နယ်ထဲက ဘူးသီးတောင်၊ မောင်းတောမြို့တွေမှာ မူစလင် ဦးရေက ၈၃% ရှိပြီး ရခိုင်နဲ့ အခြားလူ မျိုးတွေက ၇ % သာ ရှိနေကြပါတယ်။ ပြန်လည် နေရာချထားရေးနဲ့ အရင် ပျက်စီးသွားခဲ့တဲ့ ကျေးရွာ ပြန်လည်တည် ဆောက်ရေး ကိစ္စတွေကို တပ်မတော် အစိုးက ရခိုင်ပြည်နယ် အတွင်း နယ်စပ်ဒေသတွေမှာ ၂၀၀၁ ခုနှစ်က စပြီး လုပ်ဆောင် ခဲ့တာကို တွေ့ရှိရပါတယ်။

မြန်မာဘင်္ဂလားဒေ့ရှ် နယ်စပ်က နယ်စပ်စည်းရိုး လုံဖို့ ကြိုးပမ်းတာမှာ ပထမ ဘူးသီးတောင်၊ မောင်းတော နယ်ဖက် တွေမှာ စီမံကိန်း ကျေးရွာတွေ တည်ဆောက်ပြီး အကျဉ်းထောင်တွေ ထဲက အကျဉ်းသားတွေကို သွားရောက် နေထိုင် စေခဲ့ပါတယ်။ မိသားစုနဲ့ အတူ အဲဒီ ကျေးရွာတွေမှာ သွားရောက် နေထိုင်ကြမယ် ဆိုရင် လိုအပ်တဲ့ နေစရာအိမ်၊ လယ်ယာ ၂ ဧက၊ စားစရာဆန် ၆ လစာ၊ အိုးခွက် အစုံအပြင် လုပ်ကိုင်စရာ ထွန်၊ ထယ်၊ နွား စတဲ့ ပစ္စည်းတွေပါ ပံ့ပိုးသွားမှာ ဖြစ်သလို နေထိုင်သူ အကျဉ်းသားတွေရဲ့ ပြစ်ဒဏ်ကျခံ ကာလကိုလည်း လျှော့ပေါ့ပေးမယ် ဆိုပြီး စည်းရုံး စေလွှတ် ခဲ့ကြတာပါ။

Read More...

နေ့စဉ်သတင်းများ (၃၀- ၇- ၀၉)

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချလျှင် တိုက်ပွဲဝင်ရန် လှုံ့ဆော်စာများ ဖြန့်ကြဲ သတင်း
ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲဆိုမှု ရုတ်သိမ်းပြီး လွှတ်ပေးဖို့ ဘန်ကီမွန်း တောင်းဆို သတင်း
ဘယ်လိုစီရင်ချက်မျိုးမဆို ရင်ဆိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည် အဆင်သင့်ရှိနေ သတင်း
ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားခြင်းသည် နိုင်ငံအတွက် ဆုံးရှုံးမှု သတင်း
ဒေါ်အောင်ဆန်းစုကြည်အမှု တခုတည်းနဲ့ မြန်မာနိုင်ငံမူဝါဒ မတည်ဆောက်သင့် သတင်း
ဒေါ်အောင်ဆန်းစုကြည်အမှု ပြီးပြီးချင်း ကုလသမဂ္ဂကို တိုင်းကြားဖို့ရှိ သတင်း
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ဖို့ ဘန်ကီမွန်း တောင်းဆို သတင်း
ဒေါ်အောင်ဆန်းစုကြည်ကို အမိန့်စီရင်ချက်ချသည့်နေ့ ဆန္ဒမပြကြဖို့ စစ်အစိုးရသတင်းစာ ရေး သတင်း
ခြံဝင်းတွင်းရှိ မြေကွက်ရောင်းချမှု ဒေါ်အောင်ဆန်းစုကြည် ကန့်ကွက် သတင်း
စစ်အစိုးရဖွဲ့စည်းမယ့် ကြားဖြတ်အစိုးရ သတင်း
ကြားဖြတ်အစိုးရသတင်း Larry Jagan နဲ့ ဆက်သွယ်မေးမြန်းချက် သတင်း
KIO အဖွဲ့တောင်းဆိုချက် စစ်အစိုးရ ပယ်ချ သတင်း
လွတ်ငြိမ်းချမ်းသာခွင့်တွင် စစ်ထောက်လှမ်းရေးများ ပြန်လွတ်လာဖွယ်ရှိ သတင်း
ကြက်ဥအတုများ မြန်မာနိုင်ငံအတွင်း ဝင်ရောက် သတင်း
အမျိုးသမီးငယ် (၂) ဦး ထိုင်းနိုင်ငံသို့ ခိုးဝင်စဉ် အဖမ်းခံရ သတင်း
မြန်မာ့ဒီမိုကရေစီရေးအပေါ် စစ်တပ်ရဲဘော်များရဲ့ အမြင် သတင်း
မြန်မာနိုင်ငံလွတ်မြောက်ရေး အက်ဥပဒေနဲ့ USCB ရဲ့ အမြင် သတင်း
အာဆီယံလူ့အခွင့်အရေးအဖွဲ့ မေးခွန်းထုတ်ခံနေရ သတင်း
အာဆီယံ စွမ်းအင်အစည်းအဝေးကာလ မန္တလေးမှာ လျှပ်စစ်မီး ပုံမှန်ရ သတင်း
နေပြည်တော်ဝန်ထမ်းတွေကို မီးခွန်ရေခွန် ကောက် သတင်း
လှုပ်ရှားမှုသတင်း သတင်း
အမေရိကန်ရဲ့ စစ်အစိုးရအပေါ် စီးပွားရေးပိတ်ဆို့မှု သက်တမ်းတိုး သတင်း
ကိုယ်ဝန်သည်တဦး ဘတ်စ်ကားစီးနေစဉ် ကလေးမွေး သတင်း
အီရန်ရွေးကောက်ပွဲအလွန် ဆန္ဒပြ၊ သေဆုံးသူတွေအတွက် တီဟီရန်မှာ စုဝေး သတင်း
မြောက်ကိုရီးယားက ဖမ်းထားတဲ့ ငါးဖမ်းသင်္ဘော ပြန်အပ်ဖို့ တောင်ကိုရီးယား တောင်းဆို သတင်း
လုံခြုံရေးကောင်စီအဖွဲ့ဝင်တနေရာ ထိုင်းနိုင်ငံ လျှောက် သတင်း

Thursday, July 30, 2009

စစ်သားကောင်း ပီသကြပါစေ

ဗိုလ်ထက်မင်း
၃၀ ဇူလိုင် ၂၀၀၉

ရုရှားနိုင်ငံကို သွားရောက်ပညာဆည်းပူး ခဲ့တဲ့ DSA ကျောင်းဆင်း ညီတော်တွေကို အရင်ခေတ် တပ်မတော် အရာရှိတွေရဲ့ စိတ်ဓာတ်နဲ့ ခံယူချက် ထားရှိပုံတွေကို ရှင်းပြလိုပါတယ်။ တို့တတွေ ကျောင်းဆင်း လာတော့ ပခုံးပေါ်မှာ တင်ထားတဲ့ တပွင့်တည်းသော ကြယ်ပွင့် လျှောကျ သွားမှာစိုးလို့ ဆွဲဆွဲ တင်နေလိုက်ရတာ အမောပဲ ဆိုတာကို ရှင်းပြလိုတာပါ။ ပြီးတော့ တို့တိုင်းပြည် အတွက် ဘာလုပ်မယ် ညာလုပ်မယ် ဆိုပြီးတော့ လက်သီး လက်မောင်း တန်းရင်း ကြိမ်းဝါး မိတာလည်း ရှိပါသေးတယ်။

အရာရှိအချင်းချင်း နောက်ပြောင်ပြောဆို နေကြပုံက အဲဒီအပွင့်ကို ညှစ်လိုက်ရင် ချွေးတွေ၊ သွေးတွေ ကျလာ ရမယ်။ ရှေ့တန်းမှာ မတိုက်ရဘဲ နောက်တန်းမှာ နှပ်နေရတာမျိုး၊ သင်တန်းတွေပဲ လှိမ့်တက် နေရတာမျိုးနဲ့ ရတဲ့ အရာရှိရဲ့ အပွင့်ကိုတော့ ညှစ်လိုက်ရင် ‘ပဲ’ တွေပဲ ကျလာမယ် အထင် မကြီးဘူးလို့လည်း ရိတိတိ ပြောတတ် ခဲ့ကြပါတယ်။

တပ်ရင်းကို ရောက်သွားတော့လည်း တို့တတွေဟာ ကာဘိုင်သေနတ်ကို ရွေးရတာ ခေါင်းအကိုက်ရ ဆုံးပါပဲ။ ရန်သူနဲ့ တွေ့ရင် ပြန်ပစ် နိုင်ဖို့ရာ Zero inch ဖြောင့်တန်းမှု ရယူထားတဲ့ ကာဘိုင်ကို အလိုချင်ကြဆုံး ဖြစ်ပါတယ်။ တချို့တပ်ခွဲ တပ်ကြပ်ကြီးတွေရဲ့ ကာဘိုင်ဒင် သစ်သားပိုင်းက ပေါလစ် သုတ်ထားလို့ ပြောင်နေတာကို တွေ့ရင် အရာရှိ ပေါက်စတွေက ရင်သပ်ရှုမော ကိုင်တွယ် ကြည့်ကြတာ ညီတော်တို့ သိစေချင်ပါတယ်။

Equipment လို့ခေါ်တဲ့ စစ်ချပ်ဝတ် တန်ဆာ အပိုင်းမှာ ခါးပတ်နဲ့ ရေဘူးဆိုရင် အမေရိကန်ထုတ် ခါးပတ်၊ ရေဘူးမှ ၀တ်ဆင် ကြပါတယ်။ အရာရှိတဦး US Equipment အပြည့်အစုံ ၀တ်ထားပြီဆိုရင် ကျန်တဲ့ အရာရှိတွေက ရင်သပ်ရှုမောနဲ့ ဘယ်လောက် ပေးရလဲ ဘယ်မှာဝယ်လဲ စသဖြင့် အလုအယက် မေးမြန်း လာကြတာလည်း တွေ့ရပါတယ်။ အဲဒီအရာရှိတွေ တပ်ပြောင်း ခဲ့ရင် US Equipment ကို အမှတ်တရ လက်ဆောင်အဖြစ် သိမ်းပိုက်ဖို့ ကြံစည်ကြတဲ့ အထိ အရာရှိတွေက မက်မက်မောမော ရှိကြပါတယ်။

ကျောင်းဆင်းအရာရှိတွေဟာ တပ်ရင်းရှိ တပ်စုတစုကို ကိုင်တွယ်ဖို့ တပ်ခွဲမှူးက အပ်နှံခဲ့ရင် ဖြစ်စေ၊ တပ်စု တပ်ကြပ်ကြီး တဦးက ၎င်းတပ်စုကို သတိဆွဲကာ မိမိထံသို့ အလေးပြုပြီး သတင်းပို့ခဲ့ရင် ဖြစ်စေ အဲဒီအချိန်မှာ ရင်ထဲမှာ ငါဟာ လူ (၃၀) ကို အုပ်ချုပ်ရတဲ့ အရာရှိပေါက်စ တဦး မကြာခင် ဖြစ်တော့ မှာပါလားဆိုတဲ့ ရင်ထဲက ပီတိကို ညီတော်တွေအား မျှဝေပေးချင်ပါတယ်။

ရှေ့တန်းရောက်ရင် တပ်စုတပ်ကြပ်ကြီးလုပ်သူ ဆရာကြီးက နယ်မြေနဲ့ ရန်သူ သတင်းတွေကို စိတ်ရှည် လက်ရှည် ရှင်းပြပုံ၊ ရွာတွေ ရောက်ခဲ့လို့ အိမ်တွေမှာ ညအိပ်ခဲ့ရင် ကိုယ့်ထက် အသက်ကြီးတဲ့ တပ်စု တပ်ကြပ်ကြီးက အိမ်အောက်မှာ အနစ်နာခံ အိပ်ခဲ့ပုံ၊ မိမိကိုတော့ အိမ်ပေါ်မှာ ဇိမ်ကျကျ အိပ်ခွင့် ပေးခဲ့ပုံ … စသဖြင့် အတူတူစား အတူတူ သွားလာကြတဲ့ သံယောဇဉ်နဲ့ ရဲဘော်ရဲဘက် စိတ်တွေ ကြီးမား လှပုံကို ပြောပြချင်ပါတယ်။

Read More...

နေ့စဉ်သတင်းများ (၂၉- ၇- ၀၉)

ဒေါ်အောင်ဆန်းစုကြည် ထောင်ကျလိမ့်မည်ဟု ဦးဝင်းတင် ထင်မြင်ယူဆ သတင်း
ဒေါ်အောင်ဆန်းစုကြည် ခြံဝင်းကို စိတ်ပိုင်းရောင်းချထား သတင်း
ကုလအတွင်းရေးမှူးချုပ် မြန်မာ့အရေး ဂရုတစိုက် စောင့်ကြည့်နေ သတင်း
တရားစီရင်ရေးအပေါ် ဒေါ်အောင်ဆန်းစုကြည် ဝေဖန်၊ ဒေါ်အောင်ဆန်းစုကြည် ခြံထဲက မြေကို အမျိုးက ရောင်း သတင်း
ဒေါ်အောင်ဆန်းစုကြည်အမှုကြောင့် ထိုင်းဝန်ကြီးချုပ်၏ ခရီး ရွှေ့ဆိုင်း သတင်း
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ရုံးချိန်းနေ့နှင့် အင်္ဂါနေ့တိုင်း ၀တ်ပြုဆုတောင်း သတင်း
ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ သတင်းများ သတင်း
၂၀၁၀ ရွေးကောက်ပွဲအတွက် နေပြည်တော်တွင် လွန်ဆွဲနေ သတင်း
မြန်မာ့စီးပွားပိတ်ဆို့မှုသက်တမ်း အိုဘားမား တိုးမြှင့် သတင်း
မြန်မာနိုင်ငံတွင် ရင်းနှီးမှုမပြုရန် အာဆီယံသို့ ပန်ကြား သတင်း
မြန်မာပြည်မှာ A(H1N1) ရောဂါပိုးရှိသူ (၉) ဦး ရှိပြီဟု စစ်အစိုးရ ပြောဆို သတင်း
တောင်ပြုန်းနတ်ပွဲသို့ သွားရောက်သူဦးရေ ကျဆင်း သတင်း
အီး မလိုတဲ့နိုင်ငံ (ထွေရာလေးပါး)
ကော့သောင်းနယ်စပ် ညအချိန် ကူးဖြတ်မှု ပိတ်ပင် သတင်း
မီးလာသော်လည်း ရေမလာသဖြင့် ပြည်သူများ အခက်တွေ့ သတင်း
မိုးခေါင်၍ နှမ်းစိုက်တောင်သူများ ထိခိုက်နိုင် သတင်း
မရေရာသော အနာဂတ်ပညာရေးနှင့် ယနေ့ကျေးလက်တွဲဖက်(သူခိုး)ကျောင်းများ (ဆောင်းပါး)
ကကကြည်းက တရုတ်ခရီးသွားများ ပြည်ဝင်ခွင့် ထိန်းချုပ် သတင်း
အဖမ်းရခက်လို့ ရန်ကုန်တွင် ဆိုင်ကယ်စီးနင်းမှု စိစစ်မည် သတင်း
ကြက်သွန်နီဈေး မိုးပေါ်ထောင်တက်၊ ပြည်ပမှ ပြန်လည်တင်သွင်းမည် သတင်း
ကမ္ဘာ့စီးပွားရေးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ဖို့ အမေရိကန်-တရုတ် သဘောတူ သတင်း
အထိန်းသိမ်းခံ ဆန္ဒပြသူ (၁၄၀) အီရန် ပြန်လွှတ် သတင်း
အောင်လံက တောင်သူတချို့ တရားရင်ဆိုင်နေရ သတင်း
လူတုပ်ကွေးရောဂါ ကူးစက်ခံရသူ (၇) ဦးရှိပြီး (၄) ဦး သက်သာ၍ ဆေးရုံဆင်း သတင်း
ကားလမ်း၊ ရထားလမ်းဖောက်သော်လည်း ရခိုင်လူထု ရေလမ်းကို ဆက်လက်အားကိုးနေရဆဲ သတင်း
စစ်တွေတွင် လုံခြုံရေးမတင်းကျပ်သော်လည်း ရဲစခန်းများတွင် အင်အားဖြည့်တင်းထား သတင်း
တပ်သားသစ်ကို ဆန်နှင့် ဖလှယ်ပြီး စုဆောင်း သတင်း
မိုက်ခရိုဆော့ဖ်နဲ့ ရာဟူးတို့ ပေါင်းတော့မယ် သတင်း
နယူးယောက်က ရထားတွေမှာ ကင်မရာတပ်ဖို့ ပြင်နေ သတင်း
သီတင်းကျွတ်လပြည့်နေ့မှာ သံဃာများစုရုံးကြဖို့ သံဃာ့ဥသျှောင်အဖွဲ့က ပန်ကြား သတင်း
ဗုဒ္ဓ၀ါဒနှင့် နိုင်ငံရေး (၁) (ဆောင်းပါး)
လက်ဖက်ဖျက်ပိုး (ဆောင်းပါး)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြေညာချက် အမှတ် (၂၁ / ၀၇/ ၀၉)


Wednesday, July 29, 2009

နေ့စဉ်သတင်းများ (၂၈- ၇- ၀၉)

ဒေါ်အောင်ဆန်းစုကြည်ရုံးချိန်း (၃၁) ဇူလိုင်ကို နောက်ဆုံးအဖြစ်ထပ်ရွှေ့၊ ကြိုတင်မှန်းဆနိုင်သည့် အကျည်း တန်သော တရားရုံးဆုံးဖြတ်ချက်ဖြစ်လိမ့်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပေးဟု ဆို သတင်း
ဒေါ်အောင်ဆန်းစုကြည်အမှု ဇူလိုင် (၃၁) စီရင်ချက်ချမှတ်မည် သတင်း
ဥပေဒကြောင်းအရ ဒေါ်အောင်ဆန်းစုကြည် တရားသေလွတ်နိုင် သတင်း
ဂျွန်ယက်တော အပြစ်ရှိကြောင်း လျှောက်လဲ၊ သက်ညှာခွင့် တောင်းခံ သတင်း
ဒေါ်အောင်ဆန်းစုကြည်အမှု သောကြာနေ့ စီရင်ချက်ချမည် (ဗွီဒီယိုသတင်း)
ထိုင်းဝန်ကြီးချုပ်ခရီးစဉ် ဆိုင်းငံ့ပါရန် မြန်မာမေတ္တာရပ် သတင်း
ဒေါ်အောင်ဆန်းစုကြည်အမှုကြောင့် ထိုင်းဝန်ကြီးချုပ်ခရီးစဉ် ဆိုင်းငံ့ သတင်း
အင်းစိန်ထောင်အနီးတ၀ိုက်နှင့် ရန်ကုန်မြို့တွင် လုံခြုံရေးတင်းကြပ် သတင်း
လုံခြုံရေးကောင်စီမှာ အမျိုးသမီးများအရေး အစီရင်ခံစာတင် သတင်း
အာဆီယံစွမ်းအင်ဝန်ကြီးများ မန္တလေးမှာ အစည်းအဝေးကျင်းပ သတင်း
အညာမှာ မိုးခေါင်ပြီး မြစ်ရေမအောင်၍ သီးနှံအထွက်လျော့နိုင် သတင်း
ချင်းပြည်နယ် အငတ်ဘေးကူညီရေး ဂီတဖျော်ဖြေပွဲကျင်းပ သတင်း
မြန်မာရွေ့ပြောင်းအလုပ်သမား ထောင်ဒဏ်တသက်တကျွန်း ချခံရ သတင်း
လွိုင်ကော်ထောင်မှ တိုင်းရင်းသားလူငယ်ခေါင်းဆောင်များကို ရပ်ဝေးပို့ သတင်း
စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေး အက်စ်ကက်ပ်အကြီးအကဲနှင့် တွေ့ဆုံဆွေးနွေးမည် သတင်း
ကြံ့ဖွံ့ ဦးဌေးဦး ဂျပန်သွားဖွယ်ရှိ သတင်း
အနီနှင့် အဖြူကြားမှာ မြန်မာကုန်သည်များ ဗျာများနေပြီလား (ဆောင်းပါး)
ဒေါ်အောင်ဆန်းစုကြည်အမှု လာမည့်သောကြာနေ့တွင် စီရင်ချက်ချမည် သတင်း
မြန်မာအစိုးရတောင်းဆိုမှုကြောင့် ထိုင်းဝန်ကြီးချုပ်ခရီးစဉ် ရွှေ့ဆိုင်း သတင်း
ဒေါ်အောင်ဆန်းစုကြည် တရားဆိုင်နေချိန်တွင် ထောက်ခံသူများက စုဝေးဆန္ဒပြကြ (ဗွီဒီယို)
ဒေါ်အောင်ဆန်းစုကြည်အမှု ရေးသားရာ အစိုးရသတင်းစာ ကျင့်ဝတ်မညီ သတင်း
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ၀တ်ပြုဆုတောင်းမှု အနှောက်အယှက်များရှိနေ သတင်း
ဒေါ်အောင်ဆန်းစုကြည်ကို သောကြာနေ့ အမိန့်ချမည် သတင်း
ဒေါ်အောင်ဆန်းစုကြည် တရားရင်ဆိုင်နေရမှု လာမည့် သောကြာ ဇူလိုင် (၃၁) သို့ ထပ်မံချိန်းဆိုပြန်၊ ဇူလိုင် (၂၈) ကို ဒေါ်အောင်ဆန်းစုကြည် တရားစီရင်မှု နောက်ဆုံးနေ့အဖြစ် အားလုံးက စောင့်ကြည် သတင်း
ဒေါ်အောင်ဆန်းစုကြည်ကို အသိတရား သံတမန်ဆု ချီးမြှင့် သတင်း
အင်းစိန်ထောင်ရှေ့ လုံခြုံရေးလျှော့ချ သတင်း
မန္တလေးမြို့အတွင်း စစ်တပ်များ နေရာယူထား သတင်း
ငွေစက္ကူအဟောင်းများ အသစ်နှင့် လဲပေးတော့မည် သတင်း
ဗိုလ်ချုပ်မှူးကြီး၏ သားက လုပ်ငန်းကြီးတခုကို သိမ်းပိုက် သတင်း
မယ်လဒုက္ခသည်စခန်းတွင် သွေးလွန်တုပ်ကွေးဖြစ်သူ များပြား သတင်း
အိန္ဒိယကြက်သွန်နီ မြန်မာပြည် တင်သွင်းမည် သတင်း
ကယန်းမျိုးဆက်သစ်လူငယ်များကို နယ်ဝေးထောင်များသို့ ပြောင်းရွှေ့ သတင်း
ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဘာကိုဦးစားပေးသင့်သလဲ (ဆွေးနွေးခန်း)
လွတ်ရက်စေ့ မြန်မာအကျဉ်းသား (၇၀၀) ကျော် မလေးရှားထောင်တွင် သောင်တင်နေ သတင်း
ဆွန်ဒီးလုပ်ကြံမှု အဆုံးသတ်ခါနီးပြီ သတင်း
ဝန်ကြီးချုပ်က အခြေခံဥပဒေအပြောင်းအလဲကို အောက်လွှတ်တော်တွင် ကြားနာတော့မယ် သတင်း
ရထားလမ်းဖောက်လုပ်ရာတွင် ဒေသခံအာဏာပိုင်များက ခေါင်းပုံဖြတ် သတင်း
စစ်အစိုးရဖိအားကြောင့် လားဟူပြည်သူ့စစ်အဖွဲ့ တောပြန်ခိုမည့် အလားအလာများ သတင်း
လာဒါစခန်းမှ ဒုက္ခသည်များ ပြင်ပအလုပ်ထွက်လုပ်ခွင့် ပိတ်ပင် သတင်း
ဥစ္စာဓန မက်မောသူများ (ဆောင်းပါး)
မျှတမှုနှင့် ဂုဏ်ကျက်သရေ (ဆောင်းပါး)
ဒုက္ခဆိုတာ ဘဝမလှသူတွေအတွက် (ဆောင်းပါး)

ဒေါ်စုအမှု ၃၁ ရက်နေ့ အမိန့်ချမည်၊ အဆိုးဆုံးအတွက် ပြင်ထားဟု ဒေါ်စုပြော

အင်္ဂါနေ့၊ ဂျူလိုင်လ 28 ရက် 2009 ခုနှစ်

နယူးဒေလီ။ ။ ဒေါ်အောင်ဆန်းစုကြည်အမှုကို လာမည့် သောကြာနေ့တွင် စီရင်ချက် ချမှာဖြစ်ပြီး၊ အဆိုးဆုံး အခြေအနေကို ပြင်ဆင်ထားကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်က ပြောကြားလိုက်သည်။

အင်းစိန်ထောင်တွင်း အထူးတရားရုံးက အပြီးသတ် လျှောက်လဲချက်ကို နောက်ဆုံး ကြားနာအပြီး ယခုလ ၃၁ ရက်နေ့တွင် စီရင်ချက် ချမည်ဟု ကြေညာလိုက်သလို၊ ဒေါ်အောင်ဆန်းစုကြည် ကလည်း အဆိုးဆုံးအတွက် ပြင်ဆင်ထားကြောင်း ပြောကြား လိုက်သည်ဟု သူမရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

ရဲက တရားလိုပြုလုပ်စွဲဆိုထားသော ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် သူ၏ ရှေ့နေများက ပြန်လည်၍ ရှင်းလင်း ချေပခြင်းကို ယနေ့တွင် ပြုလုပ်ခဲ့သည်။

သွေးစည်းညီညွတ်မှုကို ပြသသည့် အနေဖြင့် အင်းစိန်ထောင်ရှေ့သို့ သူမ၏ ပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ရန်ကုန်တိုင်း တွဲဘက် အတွင်းရေးမှူး ဒေါက်တာ မျိုးအောင်၊ ရှေ့နေ ဦးအောင်သိန်း၊ ရှေ့နေ ဦးခင်မောင်ရှိန်၊ ညောင်လေးပင်မြို့နယ် အန်အယ်ဒီ လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းမောင်၊ တွံ့တေးမြို့မှ ရှေ့နေ ဦးကြင်တိုးတို့ လာရောက်ကြသည်ဟု သိရသည်။

ပြီးခဲ့သည့် မေလဆန်းတွင် အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံယက်တော ဆိုသူသည် သူမ အကျယ်ချုပ် ကျခံနေရသည့် နေအိမ်အတွင်း တိတ်တဆိတ် ဝင်ရောက်ခဲ့သည်ကို လက်ခံခဲ့သည်ဟု ဆိုကာ အာဏာပိုင်များက အကျယ်ချုပ် စည်းကမ်း ဖောက်ဖျက်မှုဖြင့် စွပ်စွဲကာ မေလ ၁၈ ရက်နေ့တွင် တရားစွဲဆိုခဲ့သည်။

သူမ၏ ရှေ့နေများက အမေရိကန်နိုင်ငံသားကို သူမက ဖိတ်ခေါ်ခဲ့ခြင်း မဟုတ်သောကြောင့် အပြစ် မရှိကြောင်းနှင့် နေအိမ် ပတ်ဝန်းကျင်တွင် စောင့်ကြပ်နေသည့် လုံခြုံရေး များသည်သာ ထိုသူကို တားဆီးနိုင်ခြင်း မရှိဘဲ တာဝန် လစ်ဟင်းခဲ့သဖြင့် ထိုသူတို့တွင်သာ တာဝန်ရှိကြောင်း ပြောဆိုခဲ့သည်။

သို့သော်လည်း စွပ်စွဲသူ တရားဆိုင်များဘက်က အထိန်းသိမ်းခံထားရစဉ် အတွင်း မည်သူ တဦးတယောက်နှင့်မျှ ဆက်သွယ်ခြင်း၊ တွေ့ဆုံခြင်း မပြုလုပ်ရဟူသော တားမြစ်ချက်ကို ချိုးဖောက်သည်ဟု ဆိုကာ ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖမ်းဆီး ထိန်းသိမ်းခြင်း ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်ကို ချိုးဖောက်ခဲ့သည်ဟု လျှောက်လဲခဲ့သည်။

တရားရုံး၏ စီရင်ချက်သည် မည်သို့ဖြစ်မည်ကို မသိရသေးသော်လည်း အကဲခတ် အများကမူ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်၍ ဖမ်းဆီး ချုပ်နှောင်ရန် အတွက် ထိုဖြစ်ရပ်ကို အသုံးချကာ အကွက်ဆင်ခဲ့ခြင်း ဖြစ်ကြောင်း ဝေဖန် သုံးသပ်ကြသည်။

လွန်ခဲ့သည့် နှစ် ၂၀ ခန့်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ၁၄ နှစ်ကြာမျှ ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရသည်။

Ref: မဇ္ဈိမ

Tuesday, July 28, 2009

နေ့စဉ်သတင်းများ (၂၇- ၇- ၀၉)

ဒေါ်အောင်ဆန်းစုကြည်အမှု မနက်ဖြန် ထပ်မံရုံးချိန်း၊ အစိုးရရှေ့နေများ လျှောက်လဲချက်မပြီး သတင်း
ဒေါ်အောင်ဆန်းစုကြည်အမှု အင်္ဂါနေ့ ထပ်မံရုံးချိန်း သတင်း
ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတချို့ အင်းစိန်ထောင်အနီးတွင် အင်အားပြ သတင်း
ဒေါ်အောင်ဆန်းစုကြည်အမှု တရားခွင်သို့ မြန်မာ့အလင်းသာ ဝင်ရောက်ခွင့်ရ သတင်း
ယုံကြည်ချက်သံတမန်ဆု ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့် သတင်း
ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းခွင့်အဖွဲ့၏ အမြင့်ဆုံးဆု ချီးမြှင့် သတင်း
မြန်မာနိုင်ငံမှာ ဥပဒေလွှမ်းမိုးမှုရှိမရှိ ဒေါ်အောင်ဆန်းစုကြည်အမှုက ပြသမည် သတင်း
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး မဟာမြတ်မုနိတွင် ဆုတောင်း သတင်း
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆုတောင်းပွဲများ နေရာအနှံ့အပြားမှာ ကျင်းပ သတင်း
မွန်ပြည်သူလူထုက မွန်ပြည်သစ်ပါတီကို စစ်အစိုးရလက်အောက်လည်း မနေစေချင်၊ ငြိမ်းချမ်းရေးလည်း မ ပျက်စေချင် သတင်း
ကျောင်းသားခေါင်းဆောင် ကိုမိုးသီးဇွန် ရွေးကောက်ပွဲဝင်မည့်သတင်း မမှန် သတင်း
ရန်ကုန်တွင် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေး စာရွက်များ ဖြန့်ကြဲ သတင်း
လူဘောင်သစ်ပါတီက အရေးပေါ်ထုတ်ပြန်ချက် ကြေညာ၊ စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်မည်ဟုဆို သတင်း
အလုံပိတ်ကားပေါ်မှာ သေဆုံးသွားသည့် အလုပ်သမား (၅၄) ဦး တင်သွင်းလာသူ ပွဲစားကို ဖမ်းမိ သတင်း
မလေးတွင် မြန်မာပြည်သား ရာနှင့်ချီပြီး အဖမ်းခံထားရ (ဓာတ်ပုံသတင်း)
မြန်မာလုပ်သားများ နေအိမ် မီးရှို့ခံရ သတင်း
စားသုံးဆီ (၄) မျိုး စားသုံးရန်မသင့်ဟု ကြေညာ သတင်း
နျူကလီးယားဆွေးနွေးပွဲ ကမ်းလှမ်းချက် အီရန်ကို အမေရိကန်က မကြာမီ တုံ့ပြန်စေလို သတင်း
သံတမန်ကားများ အင်းစိန်ထောင် တရားခွင်မှ ပြန်လည်ထွက်ခွာ သတင်း
တြိဂံတိုင်းကိုယ်စားလှယ်များ မိုင်းလားအဖွဲ့ဌာနချုပ်သို့ လူသူလက်နက်စာရင်း သွားကောက် သတင်း
အမေရိကန်က အာဆီယံကို ခါးပိုက်ထဲထည့်ရန် ကြိုးပမ်းဟု နအဖသတင်းစာ ပြော သတင်း
မြောက်ကိုရီယားနဲ့ အီရန်အရေး လက်ရှိရပ်တည်ချက် မှန်ကန်ဟု နိုင်ငံခြားရေးဝန်ကြီး ခုခံပြော သတင်း
ဒေါ်အောင်ဆန်းစုကြည်အမှု တနင်္လာနေ့ ဆက်လက်ကြားနာမည် သတင်း
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ပြည်သူအားလုံး ၀တ်ပြုဆုတောင်းကြရန် တိုက်တွန်း သတင်း
အာဏာရှင်စစ်ခေါင်းဆောင်များကို အမဲလိုက်ခြင်း (အင်တာဗျူး)
ပြည်တွင်းဖြစ် ညစ်ညမ်းဗီဒီယိုများ ပေါများနေ သတင်း
ကြက်ခြေနီသင်တန်းကြောင့် ဆရာဆရာမများ အခက်တွေ့ သတင်း
မြန်မာအလုပ်သမားများကို ရောင်းစားသည့် မလေးရှားအရာရှိ တရားစွဲခံရ သတင်း
ရှမ်းယဉ်ကျေးမှုများနဲ့ မယ်ဟောင်ဆောင်က အပြန် (ဆောင်းပါး)
ပြိုင်ဘက်နဲ့ ရန်သူ (ဆောင်းပါး)
လူထုရန်သူ (ဆောင်းပါး)

ဗမာစစ်အစိုးရနဲ့ ဖူးခက်အာဆီယံ အစည်းအဝေး

ဦးအောင်ခင်
၂၇ ဇူလိုင် ၂၀၀၉

လွန်ခဲ့တဲ့ ဇူလိုင်လ (၂၀) ရက်နေ့က (၂၃) ရက်အထိ ထိုင်းနိုင်ငံ ဖူးခက်မှာ နှစ်စဉ်ပုံမှန် ကျင်းပနေကျ (၄၂) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးနဲ့ (၁၆) ကြိမ်မြောက် ARF အာဆီယံ ဒေသဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပတယ်။ သက်ဆိုင်ရာ အမှုထမ်းတွေ ကတော့ ဇူလိုင် (၁၇) ရက်ကတည်းက လာရောက် ပြင်ဆင်ကြရတယ်။ အစည်းအဝေးပေါင်း (၁၉) ခု ရှိတယ်ဆိုပဲ။ အာဆီယံ အစည်းအဝေးတွေ ကျင်းပတိုင်း မြန်မာ့ကိစ္စ ဘယ်လို ကိုယ်တွယ်မလဲ ဆိုတာကို ‘သတင်းလောက’ က စိတ်ဝင်စားတယ်။ လာမယ့် အောက်တိုဘာ ဖူးခက်မှာ အာဆီယံ ထိပ်သီးညီလာခံ ကျင်းပတော့လည်း ဒီလိုဖြစ်ဦးမှာပဲ။

အစည်းအဝေးတွေလုပ်ပြီး ကြေညာချက်ထုတ်တာဟာ အာဆီယံထုံးစံပဲ။ အနှစ်သာရကတော့ ပြောင်းမသွားဘူး။ အစိုးရ အချင်းချင်း ပဋိပက္ခ မဖြစ်ဖို့ ဖွဲ့စည်းခဲ့တဲ့ အာဆီယံရဲ့ ရည်ရွယ်ချက် အောင်မြင်တယ်လို့ ပြောနိုင်တယ်။ အဖွဲ့သက်တမ်း အနှစ် (၄၀) ကျော်မှာ အဖွဲ့ဝင် (၁၀) နိုင်ငံနဲ့ မိတ်ဆွေနိုင်ငံတွေ တိုးလာပြီး အစိုးရအချင်းချင်း ဆက်ဆံရာမှာ လိုက်နာရမယ့် စည်းကမ်း နည်းလမ်းကို သတ်မှတ် နိုင်ခဲ့တယ်။ ပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ပြီး ပြည်တွင်းရေးမှာ ၀င်ရောက်စွက်ဖက်မှု ကင်းရှင်းတာကို အာဆီယံရဲ့ အောင်မြင်မှု အဖြစ် သတ်မှတ်ကြတယ်။

ဇူလိုင် (၂၀) ရက်နေ့က ထုတ်ပြန်တဲ့ (၁၂) မျက်နှာ ပူးတွဲကြေညာချက်မှာ ၂၀၀၇ ခုနှစ် နိုဝင်ဘာ (၁၉) ရက်နေ့က အာဆီယံ ခေါင်းဆောင်တွေ ကြေညာခဲ့သလို ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးဖို့နဲ့ ပါတီစုံပါဝင်တဲ့ ဆွေးနွေးပွဲ ကျင်းပဖို့ ဗမာစစ်အစိုးရကို ထပ်မံတိုက်တွန်းကြောင်း ဖော်ပြတယ်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်နဲ့ ပူးတွဲ လုပ်ကိုင်မယ်လို့ ဗမာအစိုးရက အာမခံတာကိုလည်း ကြိုဆိုကြောင်း ဖော်ပြတယ်။

ပြည်ပက ဖိအားပေးမှုနဲ့ ဒဏ်ခတ်အရေးယူမှုကြောင့် ဒီမိုကရေစီပြုပြင်ရေး လုပ်ရာမှာ အခက်အခဲ တွေ့နေတယ်လို့ ဗမာစစ်အစိုးရ အကြောင်းပြတာ ကိုလည်း အာဆီယံ ပူးတွဲကြေညာချက်မှာ ဖော်ပြထားတယ်။ ပြောချင်တာပြောပြီး လုပ်ချင်တာ လုပ်လို့ရမှန်း ဗမာစစ်အစိုးရက သိနေပြီ။ အာဆီယံ အနေနဲ့ နာဂစ်လေဘေးမှာ ပါဝင်နိုင်တာပဲ ပြစရာရှိတယ်။ ဒါကြောင့် နာဂစ်လေဘေး ကယ်ဆယ်ရေးမှာ အာဆီယံ ပါဝင်တဲ့အခန်းနဲ့ လေဘေး ဒုက္ခသည် ဘ၀ကို ဖော်ပြထားတဲ့ စာအုပ် (၂) အုပ် ဖူးခက်မှာ ထုတ်ပြန်တယ်။

Read More...

Monday, July 27, 2009

နေ့စဉ်သတင်းများ (၂၆- ၇- ၀၉)

အမျိုးသားရင်ကြားစေ့ရေးမလုပ်လျှင် ရွေးကောက်ပွဲ တရားမျှတမည်မဟုတ်ဟု ကုလသမဂ္ဂ အနေနှင့် ပြောဆို သင့်သည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော သတင်း
ဝန်ကြီးကလင်တန် မြန်မာ့အရေးစွက်ဖက် စစ်အစိုးရသတင်းစာ စွပ်စွဲ သတင်း
အာဆီယံမှာ အမေရိကန်ဝင်စွက်ဟု စစ်အစိုးရသတင်းစာ စွပ်စွဲ သတင်း
မြန်မာနိုင်ငံက ရောဂါ (၃) မျိုးအတွက် ဂလိုဘယ်လ်ဖန်း ပြန်လည်ကူညီဖို့ စဉ်းစားနေ သတင်း
မုန်တိုင်းသင့်မိသားစုတွေ အိုးအိမ်မဲ့ အကူအညီမဲ့နေဆဲ သတင်း
ဒေါ်အောင်ဆန်းစုကြည်အမှု နောက်ဆုံးအခြေအနေ သုံးသပ်ချက် (တနင်္ဂနွေဆွေးနွေးပွဲ)
နအဖသံတမန်များ အဘယ့်ကြောင့် မီဒီယာကို ရှောင်ရသနည်း သတင်း
စစ်တွေမှ ဆန်ဆိုင်များ ဆန်ကုန်သည်အသင်း မ၀င်လျှင် ရောင်းချခွင့် ပိတ်ပင်မည် သတင်း
တရုတ်ကုန်များ ပိတ်ပင်သဖြင့် နယ်စပ်ကားပြေးဆွဲမှု ထက်ဝက်ကျော် ကျဆင်း သတင်း
ပလက်ဝမြို့နယ်က လူငယ်များကို စစ်တပ်ထဲဝင်ရန် အတင်းစည်းရုံးနေ သတင်း
အရှေ့အလယ်ပိုင်းပြဿနာ ဆွေးနွေးဖို့ အမေရိကန်ကိုယ်စားလှယ် ဆီးရီးယားနိုင်ငံ ရောက်ရှိ သတင်း
တရုတ်သံမဏိကုမ္ပဏီ အလုပ်သမားတွေ ဆန္ဒပြ သတင်း
အာဆီယံအစည်းအဝေးရဲ့ ထူးခြားချက် (မျက်မှောက်ရေးရာ)
Blog တွေပေါ်က အမှိုက်ပြဿနာ သတင်း
အီရန်လူထုလှုပ်ရှားမှုနဲ့အပြိုင် အနုပညာလှုပ်ရှားမှု သတင်း
ပြောမဆုံးနိုင်တဲ့ မောင်ကြေးမုံအကြောင်း (အသံလွှင့်ဆောင်းပါး)
အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန်သံတမန် ခရီးလှည့် သတင်း
သတင်းထဲက ဂဏန်းများ၊ မြန်မာပြည်မှ ဘာသာကြီး (၄) ခု သတင်း

Sunday, July 26, 2009

နေ့စဉ်သတင်းများ (၂၅- ၇ - ၀၉)

သံဃာတော်များ ပ၀ါရဏာ ကံဆောင်ရန် သာသနာ့ဥသျှောင်အဖွဲ့ တိုက်တွန်း သတင်း
စစ်အစိုးရကို ဆက်ဒဏ်ခတ်ရေး အမေရိကန်လွှတ်တော် အတည်ပြု သတင်း
မြန်မာစစ်အစိုးရကို အရေးယူသည့် သက်တမ်းတိုးမြှင့်ရေး အမေရိကန်လွှတ်တော် အတည်ပြု သတင်း
အမေရိကန်ရဲ့ ဒဏ်ခတ်မှု သက်တမ်းတိုး သတင်း
အပြီးသတ်လျှောက်လဲရက် ထပ်မံရွှေ့ဆိုင်းခြင်းကို ဒေါ်အောင်ဆန်းစုကြည် မကျေနပ်ဟုဆို သတင်း
ဒေါ်အောင်ဆန်းစုကြည်အမှုအပေါ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် Mairead Maguire ရဲ့အမြင် သတင်း
ဝီလျံယက်တော၏ ရှေ့နေ လျှောက်လှဲချက်ပေးမည် သတင်း
ကုလသမဂ္ဂနဲ့ အနောက်အုပ်စုကို လုံးဝဂရုမစိုက်တဲ့ စစ်အစိုးရရဲ့ သဘောထား သတင်း
ဒီကေဘီအေနှင့် ကေပီအက်ဖ် စစ်သားများ အဖမ်းခံရပြီးနောက် ၄င်းတို့ဂိတ်အချို့ ရုတ်သိမ်း သတင်း
ဘိုကလေးဆေးရုံ ကုသစရိတ် ကြီးမြင့် သတင်း
ထိုင်းရောက် မြန်မာတဦး ၀က်တုပ်ကွေးကြောင့် ဆေးရုံတက်ရ သတင်း
ပဌာန်းရွတ်ဆုတောင်းပွဲကို အာဏာပိုင်များ နှောင့်ယှက် သတင်း
အွန်လိုင်းငွေပေးချေရေးစနစ် မြန်မာပြည်တွင် စတင်စမ်းသပ် သတင်း
၁၉၇၆ မတ်လ မှိုင်းရာပြည့်အရေးအခင်း (အသံလွှင့်ဆောင်းပါး)
ရန်ကုန်မြို့က သခင်ကိုယ်တော်မှိုင်း အမှတ်တရပွဲ (ဓာတ်ပုံသတင်း)
သခင်မ ဒေါ်လှကြည် သို့မဟုတ် စာရေးဆရာမကြီး ကြည်ဦး သတင်း
နိုင်ငံရေးအမြင်များကို ဆီလျော်အောင် တည်ဆောက်ခြင်း (ဆောင်းပါး)
အမှောင်တွင်းက အလင်းတစ (ဆောင်းပါး)
အီရန်ဆန္ဒပြမှု ကမ္ဘာအနှံ့ဖြစ်ပွား သတင်း
ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲ မြောက်ကိုရီးယား မတက်ရောက်တော့ သတင်း
ပါလက်စတိုင်းကို အမေရိကန် ငွေကြေးထောက်ပံ့ သတင်း
ဆာရီတော့သွားပြီ လုံချည်ရောဘယ်လိုလဲ (ဆောင်းပါး)
ထူးခြားသည့် ဗွီဒီယိုဇာတ်ကား အမည်များ (ဓာတ်ပုံသတင်း)

စစ်တပ်နဲ့ အာဏာရှင်ကို ခွဲထုတ်ကြ

ဗိုလ်ထက်မင်း
၂၀ ဇူလိုင် ၂၀၀၉

ကချင်ပြည်နယ် မန်စီမြို့အခြေစိုက် ခမရ (၃၁၉) က တပ်ထောက် တာဝန်ခံ အရာခံ ဗိုလ်ထွန်းရွှေဟာ ပြီးခဲ့တဲ့ ဇွန်လ (၂၈) ရက်နေ့က တပ်တွင်း အိမ်ထောင်သည်လိုင်းခန်းမှာ ကြိုးဆွဲချကာ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ပါတယ်။ ဒီသတင်းကို ပြင်ပ မပေါက်ကြားဖို့ စစ်အရာရှိကြီးတွေက အထူးထိန်းချုပ် မှာကြား ထားကြောင်းလည်း သိရှိရပါတယ်။

မြန်မာ့တပ်မတော်အတွင်း အခြားအဆင့် အားလုံးထဲမှာ ရာထူး အကြီးဆုံးနဲ့ အမြင့်ဆုံး သူများဟာ ဒု-အရာခံဗိုလ်နဲ့ အရာခံ ဗိုလ်များပင် ဖြစ်ကြပါတယ်။ သူတို့ကို Non Commission officer လို့ ခေါ်ကြပြီး ပြန်တမ်းဝင် မဟုတ်တဲ့ အရာရှိများလို့ သတ်မှတ်ကြပါတယ်။ သူတို့ဟာ ရထားတွဲစီးရင် အရာရှိများနည်းတူ အထက်တန်းတွဲမှာ စီးခွင့်ရသူများ ဖြစ်ကြပါတယ်။ တပ်ခွဲတွေမှာ တချို့အရာခံ ဗိုလ်များဟာ တပ်စုတစုကို အရာရှိမပါဘဲ သီးခြား အုပ်ချုပ်ခွင့် ရရှိပြီး တချို့တပ်ခွဲရုံးမှာတော့ တပ်ခွဲမှူးများနဲ့ ပူးတွဲစီမံခွင့် ရသူများလည်း ဖြစ်ကြပါတယ်။ အရာခံဗိုလ်များရဲ့ အရေးပါမှု အရာရှိများနဲ့ ဆက်ဆံမှုတွေကို ဒီဆောင်းပါးမှာ တင်ပြသွားပါမယ်။

တပ်ရင်းအရာခံဗိုလ် ‘မာ’ မှ ကောင်းမှ တပ်ရင်းရဲ့တိုက်ခိုက်မှု၊ စည်းကမ်းသေဝပ်မှု ကောင်းတယ်လို့ ပြောစမှတ် ပြုကြပါတယ်။ တပ်ရင်း အရာခံဗိုလ်ဟာ တပ်ရင်းမှူးရဲ့ လမ်းညွှန်ချက်ကိုလည်း အကောင်အထည် ဖော်ရပါတယ်။ တပ်ရင်း အရာခံဗိုလ်ဟာ အိမ်ထောင်သည် လိုင်းများ စည်းကမ်း သေဝပ်မှု၊ နောက်တန်းလုံခြုံမှုနဲ့ သက်သာချောင်ချိရေး စတာတွေကို တာဝန် ယူကြရသလို ဗဟိုကင်းကိုလည်း ကြီးကြပ် ပေးရသူ ဖြစ်ပါတယ်။

ဒါ့အပြင် တပ်ရင်းအရာခံဗိုလ်များဟာ စစ်သည်များကို တန်းစီ လူစစ်ရာမှာ ကြပ်မတ် ပေးကြရပါတယ်။ ဒါ့ကြောင့် ရဲဘော်များ အနေနဲ့ တပ်ရင်း အရာခံဗိုလ်ကို ချစ်နေရင် သိပ်ပြီး မကောင်းသလို ကြောက်ရွံ့ရိုသေမှ ကောင်းတယ်လို့ အရာရှိတွေက ယူဆကြပါတယ်။ ဒါဘာလို့ ခေါ်တဲ့ တပ်တွင်း ဆန္ဒ ထုတ်ဖော်ပွဲများမှာလည်း တပ်ရင်း အရာခံဗိုလ်တွေဟာ အစစအရာရာ စီစဉ်ကြပ်မတ် ပေးကြရပါတယ်။ ဒါ့အပြင် တပ်ရေးဗိုလ်ကြီးနဲ့ အနီးကပ် လက်တွဲကာ အသေးစိတ် တာဝန်ယူ တင်ပြ ဆောင်ရွက် ကြရပါတယ်။ တပ်တွင်းက စိုက်ပျိုးရေးနဲ့ မွေးမြူရေး လုပ်ငန်းတွေကိုလည်း အရာခံဗိုလ်တွေက တာဝန်ယူ ကြပ်မတ် ဆောင်ရွက်ပေးကြရပါတယ်။

Read More...

အပေါ်သို့