Friday, August 27, 2010

စစ်ရေးအရ အရေးယူရင် ဗိုလ်ချုပ်ထိန်မောင်တို့ အလားတူ တုံ့ပြန်မည်

ဦးမိုးဇော်
ကြာသပတေး, 26 သြဂုတ် 2010

ဒီရက်ပိုင်းအတွင်း မြန်မာစစ်အစိုးရ သတင်းစာ မျက်နှာဖုံးတွေမှာ နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်း ဖွဲ့စည်းတဲ့ သတင်းတွေ ဆက်တိုက် ဖော်ပြနေချိန်မှာ ဗိုလ်ချုပ် ထိန်မောင် ခေါင်းဆောင်တဲ့ ကရင်ငြိမ်းချမ်းရေး ကောင်စီကတော့ အသွင်ပြောင်း ဖွဲ့စည်းရေးကို ထပ်မံ ငြင်းဆို လိုက်ပါတယ်။ မြန်မာစစ်အစိုးရက ကရင်ငြိမ်းချမ်းရေး ကောင်စီကို တပတ်အတွင်း နယ်ခြားစောင့်တပ် ဒါမှမဟုတ် ပြည်သူ့စစ် အဖြစ် အသွင်ပြောင်းဖို့ တောင်းဆိုထားပြီး လက်မခံရင် စစ်ရေးအရ အရေးယူမယ်လို့ ဖိအား ပေးတာတွေလည်း ရှိနေပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြ ပေးထားပါတယ်။

စစ်ဘက်ရေးရာ လုံခြုံရေးဌာန အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်က ကရင်ငြိမ်းချမ်းရေး ကောင်စီက ကိုယ်စားလှယ်တွေကို မော်လမြိုင်မြို့က အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှာ ခေါ်ယူပြီး တပတ်အတွင်း အသွင်ပြောင်းဖို့ အတွက် ဖိအားပေး တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ကရင်ငြိမ်းချမ်းရေး ကောင်စီကတော့ ဒီတောင်းဆိုချက်ကို လက်မခံနိုင်ဘူးလို့ အဖွဲ့ခေါင်းဆောင် တဦးဖြစ်တဲ့ ဗိုလ်မှူးရင်နုက အခုလို ပြောပါတယ်။

Read More...

ရွေးကောက်ပွဲကို ကျောခိုင်းရန်လိုအပ်ဟု ဦးဝင်းတင် ပြောကြား

NEJ / ၂၆ သြဂုတ် ၂၀၁၀

၂၀၁၀ ရွေးကောက်ပွဲအပေါ်တွင် ပြည့်စုံသည့်တုံ့ပြန်မှု ဖြစ်စေရန်အတွက် ရွေးကောက်ပွဲကို သပိတ်မှောက်ရန် လိုအပ်ကြောင်း အန်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင် တဦးဖြစ်သူ ဦးဝင်းတင်က ပြောကြားသည်။

“ပြည့်စုံတဲ့တုံ့ပြန်မှုဆိုတာ ဒီရွေးကောက်ပွဲက မတရားဘူး။ ဒီရွေးကောက်ပွဲသွားမယ့် လမ်းခရီးကလည်း မှားနေတဲ့ ဟာဆို ကျနော်တို့ လိုပဲ သပိတ်မှောက်ပေါ့။ ရွေးကောက်ပွဲကို သပိတ် မှောက်ရမယ်” ဟု ၎င်းက ပြောသည်။

နအဖကောင်စီက ထုတ်ပြန်သည့် ရွေးကောက်ပွဲဥပဒေများသည် တရားမျှတမှု မရှိသောကြောင့် အန်အယ်လ်ဒီ ပါတီက ယခုနှစ် မတ်လ (၂၉) ရက်နေ့တွင် ပါတီအနေဖြင့် မှတ်ပုံတင်မည် မဟုတ်ကြောင်း ဆုံးဖြတ်ခဲ့ပြီး လာမည့် နိုဝင်ဘာ (၇) ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲကို သပိတ် မှောက်ကြောင်း ဆုံးဖြတ်ချက်ကို သြဂုတ် (၁၉) ရက်တွင် တရားဝင် ထုတ်ဖော် ကြေညာခဲ့သည်။

Read More...

နေ့စဉ်သတင်းများ ( ၂၆ - ၈ - ၁၀ )

ရွေးကောက်ပွဲကို ကျောခိုင်းရန် လိုအပ်ဟု ဦးဝင်းတင် ပြောကြား သတင်း
ရွေးကောက်ပွဲ အကြမ်းဖက်မှု ဗြိတိန် သတိပေး သတင်း
အီးယူက မြန်မာပြည်ကို ကုလစုံစမ်းရေး အဆိုတင်နိုင်ရန် နိုင်ငံတကာမိသားစုများ တိုက်တွန်း သတင်း
လုံခြုံရေးအခြေအနေအရ မွန်တော်လှန်ရေးနေ့ အခမ်းအနားကို နေရာပြောင်းကျင်းပရ သတင်း
နိုင်ငံရေးပါတီများ စာရွက်စာတမ်း ရိုက်နှိပ်ထုတ်ဝေရန် ခက်ခဲ သတင်း
စစ်အစိုးရ တောင်းဆိုမှုကို အပစ်ရပ်အဖွဲ့များ ငြင်းပယ် သတင်း
ဘုရားသုံးဆူမိုင်းကွဲမှု တပ်ရင်းမှူး အပါအ၀င် (၄) ဦး ဒဏ်ရာရ သတင်း
ဆွဲမိုင်းကြောင့် နအဖ ကင်းတပ်သားနှစ်ဦး ဒဏ်ရာရ သတင်း
အသက် (၅၀) ကျော် သက်ကြီးပိုင်းများအား ကြံ့ဖွံ့ပါတီဝင်အဖြစ် အဓမ္မ သွတ်သွင်းနေ သတင်း
လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်ရေး သတင်းလွတ်လပ်ခွင့် အရေးကြီး သတင်း
မွန်ပြည်သစ်၏ အကြောင်းပြန်ရက် စစ်အစိုးရ သတ်မှတ် သတင်း
နယ်ခြားစောင့်တပ်ကိစ္စ မွန်ပြည်သစ်အား ထပ်မံတောင်းဆို သတင်း
ကချင်ပြည်နယ်တွင် တစ်သီးပုဂ္ဂလ အမတ်များ မှတ်ပုံတင် သတင်း
ရခိုင်ဆရာတော် လွတ်ရေး ရခိုင်အမျိုးသမီးများအဖွဲ့ချုပ် ကင်တားနားဆီ စာပို့ သတင်း
ရဲဘော် (၃၄) ယောက် အပြီးတိုင် လွတ်မြောက်ရေး ANC မှ ရခိုင်ပြည်သူများသို့ တိုက်တွန်းနှိုးဆော် သတင်း
ဈေးများတွင် အလှူခံသည့် ပါတီ (၂) ခုအမှု စည်ပင်က ကျေအေး သတင်း
ပါတီနှောက်ယှက်မှုအား ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားထား သတင်း
ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ (PSDP)၏ ယာယီဥက္ကဌ စောခင်မောင်မြင့်နှင့် တွေ့ဆုံမေးမြန်းခန်း သတင်း
ဟူးကောင်းတွင် လယ်ယာ၊ အိမ်ခြံမြေများ ယုဇနကုမ္ပဏီမှ အဓမ္မသိမ်းယူနေ သတင်း
ယုဇန ဦးဌေးမြင့် စိုက်ပျိုးရေးလုပ်ငန်းများ ဟူးကောင်းချိုင့်ဝှမ်းကို ဖျက်ဆီး သတင်း
ပြည်သူ့ကုန်တိုက် စစ်ဗိုလ်ချုပ်ကြီးသားကို လွှဲပေး သတင်း
ကြက်သွန်နီဈေး (၂) ဆ ကျော်တက် သတင်း
အခြေခံဥပဒေရဲ့ လှည့်ကွက်များ (ဆောင်းပါး)
ပုဒ်မ ၄၁၇ နှင့် နစ်နာနေရသော အမျိုးသမီးများ (ဆောင်းပါး)

Thursday, August 26, 2010

ရွေးကောက်ပွဲသပိတ် ဒေါ်စု သဘောတူ

မြင့်မောင်
ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၂၅ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ) ။ ။ ရွေးကောက်ပွဲ သပိတ်မှောက်မှုကို ဒေါ်အောင်ဆန်းစုကြည်က သဘောတူပြီး ရွေးကောက်ပွဲ ကျင်းပရာ၌ ထုတ်ပြန် ထားသည့် ဥပဒေများနှင့် ညီမညီ လေ့လာ စောင့်ကြည့်ရန် လိုအပ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို တိုက်တွန်း လိုက်သည်။

သူ့ရှေ့နေများဖြစ်သည့် ဦးဉာဏ်ဝင်း၊ ဦးကြည်ဝင်း၊ ဒေါ်ခင်ဌေးကြွယ်တို့နှင့် ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်း နေအိမ်တွင် ယမန်နေ့ နေ့လည် ၂ နာရီမှ ၄ နာရီအထိ တွေ့ဆုံခွင့် ရစဉ် ဒေါ်အောင်ဆန်းစုကြည်က ဤသို့ ပြောဆို လိုက်ခြင်းဖြစ်သည်။

“ရွေးကောက်ပွဲ သပိတ်မှောက်တယ်လို့ အဖွဲ့ချုပ်လူကြီးတွေ ဆုံးဖြတ်တာကို သူသဘောတူတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီလို သပိတ်မှောက်တာဟာ အခုမှ မဟုတ်ဘူး။ မတ်လ ၂၉ ရက်နေ့က ဗဟို ကော်မတီက ဆုံးဖြတ် ပြီးသားပါလို့ အဲဒီလို ပြောတယ်” ဟု ရှေ့နေ ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “ဒေါ်စု ပြောတာက ဒီရွေးကောက်ပွဲကို NLD က မဝင်ဘူးဆိုပြီးတော့ လှည့်မကြည့်ဘဲ နေလို့မရဘူး၊ လေ့လာ နေရမယ်တဲ့။ ဘာကြောင့်လဲ ဆိုတော့ အခုလက်ရှိ ပြဋ္ဌာန်းထားတဲ့ ရွေးကောက်ပွဲ ဥပဒေ ပြဋ္ဌာန်းချက်တွေက တရားမျှတမှု မရှိဘူး။ သို့သော်လည်း အဲဒီ ဥပဒေနဲ့အညီ လုပ်သလားဆိုတာ အမြဲတမ်း အကဲခတ်နေဖို့ လိုတယ်လို့ ပြောတယ်” ဟု ပြောဆိုသည်။

Read More...

နေ့စဉ်သတင်းများ ( ၂၅ - ၈ - ၁၀ )

နောင်အစိုးရကို လွှတ်တော်က ထိန်းချုပ်နိုင်မှာမဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော သတင်း
ရွေးကောက်ပွဲသပိတ် ဒေါ်အောင်ဆန်းစုကြည် သဘောတူ သတင်း
NLD ထောက်ခံသူတွေ မဲပေးရမယ့်သူ မရှိ သတင်း
အန်အယ်လ်ဒီ မရှိတော့ မပေးနဲ့ပေါ့ဟု ဒေါ်အောင်ဆန်းစုကြည်က ဆို သတင်း
ရွေးကောက်ပွဲ မရိုးသားမှုတွေ စောင့်ကြည့်ဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း သတင်း
ရန်ကုန်တွင် ကျင်းပတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သတင်းစာရှင်းလင်းပွဲ သတင်း
အဖွဲ့ချုပ် မန္တလေးတိုင်း မြို့နယ်လေးခုက ခေါင်းဆောင်များ ဆွေးနွေး သတင်း
မြန်မာနိုင်ငံအတွက် အကောင်းဆုံးနည်းလမ်း ရှာဖွေနေကြောင်း အမေရိကန် ပြော သတင်း
အမျိုးသားဒီမိုကရေစီအင်အားစု ခေါင်းဆောင်နှစ်ဦး ရွေးကောက်ပွဲမ၀င်ရန် ဆုံးဖြတ် သတင်း
ပုဂ္ဂိုလ်ရေးအရ မဝင်ပေမယ့် ရွေးကောက်ပွဲကို ထောက်ခံနေဆဲဆိုတဲ့ ဦးခင်မောင်ဆွေနဲ့ တွေ့ဆုံခြင်း သတင်း
အရှင်ပညာစာရ ကြားနာစစ်ဆေးမှု တရားဥပဒေနည်းလမ်းမကျ၊ ရှေ့နေမကြီးက တရားလိုသက်သေများကို မေးခွန်း (၆) ခု မေးမြန်းခဲ့ သတင်း
ဒု-ဗိုလ်ချုပ်ကြီးရဲမြင့် ၀ တပ်ကို မတရားအသင်းနှင့် ခြိမ်းခြောက်ပြန် သတင်း
စစ်အစိုးရ၀န်ကြီးများ အိမ်ပြောင်းရွှေ့နေပြီ သတင်း
ဗိုလ်နှုတ်ခမ်းမွှေးမှာ အင်အားတထောင် ရှိပါသည် သတင်း
ဘုရားသုံးဆူမြို့တွင် ချိန်ကိုက်ဗုံးတလုံး ပေါက်ကွဲ၊ (၅) ဦး ဒဏ်ရာရရှိ သတင်း
မွန်ပြည်သစ်ပါတီက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ရန် တောင်းဆို သတင်း
ကရင်ပြည်သူ့ပါတီက အမတ်လောင်း (၃၄) ဦး လျာထား သတင်း
ကမာန်လူမျိုးစု အခွင့်အရေးအတွက် ရွေးကောက်ပွဲဝင်ဟု ကမာန်ပါတီက ပြော သတင်း
တောင်းဆိုချက်များ မလိုက်လျောသည့်အပေါ် ယူဒီပီပါတီက ရှုတ်ချ သတင်း
ကိုအေးလွင်တို့ ညီအစ်ကိုအပေါ် စွဲဆိုသည့်အမှုများ စည်ပင်က ပြန်ရုပ်သိမ်း သတင်း
ကြွေးကြော်မဲဆွယ်တဲ့ ကြံ့ဖွံ့၊ တစည အတိုင်ခံထိ သတင်း
အရှက်အကြောက်လေး ရှိကြစမ်းပါ နအဖတို့ရဲ့ (သူတို့အာဘော်)
လယ်မြေအသိမ်းခံရသည့်အပေါ် ဒေသခံများ ဆန့်ကျင်ကန့်ကွက် သတင်း
ကေအိုင်အို လက်နက်ချရန် ပထမဆုံး မြန်မာစစ်အစိုးရ ညွှန်ကြား သတင်း
ဝ တပ်ဖွဲ့က ရွေးကောက်ပွဲနှင့် နယ်ခြားစောင့်ကိစ္စ လက်မခံ သတင်း
နအဖ၏ ခြိမ်းခြောက်ဖိအား လက်မခံရေး ၀ နှင့် မိုင်းလားတို့ ဆုံးဖြတ်ကြောင်း အကြောင်းပြန် သတင်း
DKBA သုံးချိုးနှစ်ချိုးသည် စစ်အစိုးရ၏ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်း သတင်း
ရွေးကောက်ပွဲသည် နိုင်ငံရေးပြဿနာကို မဖြေရှင်းနိုင်ဟု မွန်ပြည်သစ် ပြောကြား သတင်း
အကျဉ်းသား (၁၂၀) ကျော် အင်းစိန်ထောင်မှ လွှတ်ပေး သတင်း
လွှတ်ပေးသည့် စာရင်းတွင် နိုင်ငံရေးအကျဉ်းသားများ မပါ သတင်း
ရွေးကောက်ပွဲ ဖျက်သိမ်းရေး လှုပ်ရှားမှုများ လုပ်ဆောင်မည်ဟု ဒီအေဘီ ပြောကြား သတင်း
ဟူးကောင်းချိုင့်ဝှမ်းဒေသ မြေယာသိမ်းခံရသူများအား အတင်းအကျပ် လျော်ကြေးပေး သတင်း

Wednesday, August 25, 2010

နွားနှင့်သပိတ်

Aug 25, 2010

ညိုမြ

လူတို့သည် တိုင်းရေးပြည်ရေးအကြောင်းကို ပြောဆိုကြ၏။ နစ်နာချက်များကို ကြွေးကြော် ကြ၏။ မျိုးချစ်စိတ် ရှိအပ်ကြောင်း ကို ဟစ်ကြ၏။ ညီညာမှ ပြည်သာမည်ဟု အော်ကြ၏။

ထိုသို့ ပြောဆိုကြွေးကြော် အော်ဟစ်ကြသူတို့အား တကယ့်မြင့်မြတ်သည့် မျိုးချစ် ပုဂ္ဂိုလ်ကြီး တွေဟု အကြောင်း မသိသူများက ထင်စရာအကြောင်း ရှိသော်လည်း အများအားဖြင့် စဖြီးများသာ ဖြစ်ကုန်သည်။ သူတို့သည် လူစည်စည် ရှိသော အရပ်များ တွင် စင်မြင့်ထက်သို့ တက်၍ စွာလောင် စွာလောင် လုပ်ကြ၏။ ဟုမ္မရူး ဒိုင်အာကီ နောင်လာမည့် အုပ်ချုပ်ရေး စသဖြင့် လျှာ အရိုးမရှိသည့် ဖိုးပြောချင် ဖိုးအော်ချင်များပင်။ သို့သော် သူတို့ အပေါင်း အဖော်များနှင့် ပင်ကိုယ် နေသောအခါများတွင်ကား တိုင်းပြည်ကို အလျင်း သတိ မရကြကုန်။ ကိုယ့်နှမ လင်နေကြောင်းနှင့် သူ့နှမ သားမွေးကြောင်း ဖရုဿဝါစာ အတင်းအဖျင်း တို့ကိုသာ ပွားများကြလေသည်။

မျိုးချစ်စိတ်အမှန်ထက်သန်၍ ဤဖြစ်ကတတ်ဆန်း တပါးကျွန် ဘဝကို တကယ် နာကျည်းသူ ဖြစ်က ထိုသို့ မနေနိုင်ရာ။ ဘယ်နံရော အခါမဆို မျိုးချစ်မီး လောင်ကျွမ်းလျက် အမျိုး၏ နစ်နာချက်များကိုသာ အနုလုံ ပဋိလုံ စမြုံ့ပြန် စိစစ်ကာ ... စားလျှင်လည်း အမိမြန်မာပြည် အိပ်လျှင်လည်း မြန်မာပြည်အမိ လမ်းလျှောက်လျှင်လည်း မြန်မာအမိပြည် စာရေးလျှင် လည်း ပြည်အမိမြန်မာ ဟူ၍ သို့သာလျှင် ဖြစ်စေရာ၏။ အနှီသို့သော ပုဂ္ဂိုလ်များကိုသာ မျိုးချစ်ဟု သမုတ်ကာ ရွှေပန်းကုံး ငွေပန်းကုံးများ စွပ်ကြသင့်ပေသည်။

Read More...

နေ့စဉ်သတင်းများ ( ၂၄ - ၈ - ၁၀ )

အမျိုးသားရင်ကြားစေ့ရေးအတွက် တွေ့ဆုံစကားပြောဖို့ လိုအပ်ကြောင်း သီတဂူဆရာတော် မိန့် သတင်း
အမျိုးသားပြန်လည်သင့်မြတ်ရေး ဒေါ်အောင်ဆန်းစုကြည် ဆက်လက်မျှော်လင့် သတင်း
နအဖစစ်အစိုးရက ရွေးကောက်ပွဲလုပ်ရန် ငြိမ်းအဖွဲ့များကို တိုက်တွန်း သတင်း
ရွေးကောက်ပွဲကို သပိတ်မှောက်ရာတွင် ပူးပေါင်းပါဝင်ကြရန် ဦးဝင်းတင် နှိုးဆော် သတင်း
ဘိုကလေးမြို့နယ် အဖွဲ့ချုပ်က နိုင်ငံရေးအကျဉ်းသား မိသားစုများအား ထောက်ပံ့ သတင်း
လူ့အခွင့်အရေးကိုယ်စားလှယ် ကုလညီလာခံမှာ အစီရင်ခံစာ တင်သွင်းဖို့ ပြင်ဆင် သတင်း
ရွေးကောက်ပွဲ လုပ်ခွင့်မပေးနိုင်ကြောင်း စစ်အစိုးရကို UWSA အကြောင်းကြား သတင်း
“ဝ” နယ်မြေ ၂ ခုတွင် ရွေးကောက်ပွဲ မဲဆွယ်ခွင့်ရ သတင်း
ဝ တပ်ဖွဲ့အား နယ်ခြားစောင့်တပ်ဖွဲ့ အသွင်ပြောင်းရန် ထပ်မံဖိအားပေး သတင်း
ကိုဖြိုးဝေအောင်အမှု ဥပဒေပါ အခွင့်အရေးများ ဆုံးရှုံးနေ သတင်း
အောင်လံက လယ်သမားနှစ်ဦး သရက်ထောင်မှ ပြန်လည်လွတ်မြောက်လာ သတင်း
ရွေးကောက်ပွဲမတိုင်မီ ဆိုက်ရောက်ဗီဇာ ရုပ်သိမ်း သတင်း
မြန်မာ့နိုင်ငံရေးပါတီတွေ ရွေးကောက်ပွဲ ယှဉ်ပြိုင်နိုင်ရေး ရုန်းကန် သတင်း
နအဖစစ်အစိုးရက ကရင်ငြိမ်းချမ်းရေးကောင်စီကို နယ်ခြားစောင့်တပ်ဖွဲ့ရန် ဖိအားပေး သတင်း
ကရင်ပြည်သူ့ပါတီ KPP က အမတ်လောင်း (၄၀) ပါဝင်ယှဉ်ပြိုင်ဖို့ လျာထား သတင်း
အစိုးရရုံး အဆောက်အအုံတွေကို အပြောင်းအရွှေ့တွေ ဆက်တိုက်ပြုလုပ် သတင်း
ရွေးကောက်ပွဲမတိုင်မီ နိုင်ငံပိုင်ပစ္စည်းများ ရောင်းချရန် စစ်အစိုးရ ကြိုးပမ်း သတင်း
စစ်တွေဆရာတော်ကို ရုံးထုတ်ပြီး တရားလိုသက်သေ (၂) ဦးကို စစ်ဆေး သတင်း
နယ်ခြားစောင့်လက်မခံသည့် ကရင်ငြိမ်းအဖွဲ့များ ချေမှုန်းခံရဖွယ်ရှိ သတင်း
ရွေးကောက်ပွဲဝင်ရန် ဗိုလ်ချုပ်ကြီးများ အနားပေးခံရ သတင်း
စစ်အစိုးရ ကြေညာချက် နာဂ NLD ကန့်ကွက် သတင်း
BGF အသွင်ပြောင်းရေးကိစ္စ တဖွဲ့တည်း ဆုံးဖြတ်မည်မဟုတ်ဟု ၀ တပ်မှူး ပြော သတင်း
ကချင်ပါတီ မျှော်လင့်ချက်ကုန် သတင်း
မတရားသင်းဖြစ်မည်ဟု အပစ်ရပ်တွေကို နအဖသတိပေး (ဆောင်းပါး)
ညီမျှခြင်းရဲ့ အခြားတဖက်က ဘ၀စာမျက်နှာ (ဆောင်းပါး)
ပင်လုံကတိ ဖျက်သိမ်းခြင်း (သို့) နိုင်ငံရေးပဋိပက္ခအသစ် ဖန်တီးမည့် ရွေးကောက်ပွဲ (ဆောင်းပါး)
ရွေးကောက်ပွဲနဲ့ ဗိုလ်ချုပ်မှူးကြီးရဲ့ပဉ္စလက်ဂဏန်းများ (ဆောင်းပါး)
အရပ်သားလွှတ်တော်၊ ဘောင်းဘီဝတ်ဥပဒေနှင့် ဒီမိုကရေစီ ဗလုံးဗထွေးဆီသို့ (ဆောင်းပါး)

Tuesday, August 24, 2010

မှတ်ပုံတင်ခွင့်ရပြီးသော ပါတီများ

August 26 , 2010

၁။ မြို (ခေါ်) ခမိ အမျိုးသားများ ညီညွတ်ရေးအဖွဲ့ (မခမညဖ) Mro or Khami National Solidarity Organization (M.K.N.S.O)(၂၈ ဧပြီလ ၂၀၁၀)
၂။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီ(၂၉ ဧပြီလ ၂၀၁၀)
၃။ လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ(၂၉ ဧပြီလ ၂၀၁၀)
၎။ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ (၇ မေလ ၂၀၁၀)
၅။ ပအိုင်းအမျိုးသား အဖွဲ့ချုပ် (PNO) (၁၃ မေလ ၂၀၁၀)
၆။ ဒီမိုကရက်တစ်ပါတီ (မြန်မာ) (၂၀ မေလ ၂၀၁၀)
၇။ ကယန်းအမျိုးသားပါတီ (၂၀ မေလ ၂၀၁၀)
၈။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အမျိုးသားအင်အားစု (၂၀ မေလ ၂၀၁၀)
၉။ ကရင်ပြည်သူ့ပါတီ (၂၁ မေလ ၂၀၁၀)
၁၀။ ဝ အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ (၂၁ မေလ ၂၀၁၀)

၁၁။ တအောင်း(ပလောင်) အမျိုးသားပါတီ (၂၄ မေလ ၂၀၁၀)
၁၂။ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (၂၄ မေလ ၂၀၁၀)
၁၃။ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ (၂၄ မေလ ၂၀၁၀)
၁၄။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(၂၆ မေလ ၂၀၁၀)
၁၅။ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ(UDP) (၂၆ မေလ ၂၀၁၀)
၁၆။ ၈၈ မျိုးဆက်ကျောင်းသား လူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)The 88 Generation Student Youths(Union of Myanmar)၊ (၂၆ မေလ ၂၀၁၀)

Read More...

၂၀၁၀ ရွေးကောက်ပွဲ အရှုပ်ထဲမှာ ရှင်းအောင်နေ

ဦးဝင်းတင်နဲ့ မေးခွန်းများ

မိုးမခ
သြဂုတ် ၂၃၊ ၂၀၁၀

ဆရာနဲ့ ယခင်အပတ်က တွေ့ဆုမေးမြန်းခဲ့ရာမှာ အင်န်အယ်ဒီ ပါတီက ၂၀၁၀ ရွေးကောက်ပွဲကို ပါတီ တရပ်အနေနဲ့ သပိတ် မှောက်တယ်လို့ ကြေညာ ခဲ့ရာကနေ မဲဆန္ဒရှင် ပြည်သူတွေကပါ စစ်အာဏာရှင် စနစ် သက်ဆိုး ရှည်စေမယ့် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့ ထပ်မံပြီး ကြေညာ လိုက်ပါတယ်။ ပြည်သူလူထုကို အတိအလင်း တိုက်တွန်း လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်ဒီပါတီ တရပ်လုံးက လွန်ခဲ့တဲ့ မတ် ၂၉ ကတည်းက ၂၀၀၈ အခြေခံ ဥပဒေကို အသက်သွင်းမယ့် ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံနိုင်ဘူးလို့ ထုတ်ဖော် ပြောဆို ခဲ့ပြီးပြီ၊ ရပ်တည် ခဲ့ပြီးပြီ။ အဲသည်လောက် ထင်ရှားတဲ့ သဘောထား တရပ်ကို ရပ်တည်ပြီး ရှေ့က ဦးဆောင် ချီတက်နေတဲ့ နိုင်ငံရေး ပါတီကြီး အနေနဲ့ အခုလိုမျိုး လူထုကို အခုလို သြဂုတ် ၁၉ ရက်နေ့မှာ တိုက်ရိုက် တိုက်တွန်းမှုကို ပြုလုပ်ရတာလဲ ဆိုတာကို မေးမြန်းတာ ဖြစ်ပါတယ်။

ဆရာက ပြန်လည် ဖြေကြားချက်များထဲက ပြန်လည် ကောက်နုတ်ဖော်ပြရမယ် ဆိုရင် …
ပါတီအနေနဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်တယ် ဆိုတာကတော့ အားလုံးရဲ့ မျက်မှောက်မှာ ထင်ရှားပြီးသား ဖြစ်တယ်။ သို့သော် ဒီကြားထဲမှာ ဘယ်လို ဖြစ်လာသလဲ ဆိုတော့ … အခြား သူတွေဆီမှာ ချွင်းချက်တွေ ပေါ်လာတယ်။ ဘယ်လိုမျိုး သပိတ် မှောက်ကြရမှာလဲ ဆိုတဲ့ အသေးစိတ် မေးခွန်းတွေ ပေါ်လာတယ်။ ဒီလို … ကျေးလက်တွေ နယ်တွေမှာ လူထုကို အတင်း မဲရုံတွေ တွန်းပို့ပြီး သူတို့ရဲ့ ပါတီတွေဖြစ်တဲ့ ကြံ့ဖွံ့တွေ၊ ဘာတွေကို အတင်း မဲပေးခိုင်းမှာပဲ။ ဒါဆိုရင် အဲသည်လို ပါတီမျိုးတွေကို သပိတ်မှောက် ကြရမှာလား ဆိုတဲ့ မေးခွန်းက တခု။

Read More...

ဘယ်ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဆက်လျှောက်ဖို့ အစိုးရ ရွေးချယ်တဲ့ ရွေးကောက်ပွဲ ဖြစ်သလဲ

NEJ / ၂၃ သြဂုတ် ၂၀၁၀


နအဖစစ်အစိုးရ၏ ရွေးကောက်ပွဲရက်ကို ၂၀၁၀ ပြည့်နှစ် လာမည့် နိုဝင်ဘာ (၇) ရက်နေ့တွင် ကျင်းပမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သြဂုတ် (၁၃) ရက်တွင် အတိအလင်း တရားဝင် ထုတ်ဖော် ကြေညာခဲ့သည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် အနှစ်နှစ်ဆယ် အတွင်း ပထမဦးဆုံးအကြိမ် အဖြစ် နအဖ ပြုလုပ်မည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဗမာပြည် ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့် ရှိသူ ရဲဘော်ဖိုးသံချောင်းနှင့် ခေတ်ပြိုင် ဆက်သွယ်မေးမြန်းချက်။


မေး။ ။ နအဖစစ်အစိုးရက လာမယ့် နိုဝင်ဘာ (၇) ရက်မှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာ လိုက်ပါပြီ။ ရွေးကောက်ပွဲ ၀င်မယ့်ပါတီတွေ ပြင်ဆင်ချိန် (၃) လတောင် မပြည့်တော့ပါဘူး။ ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မှာ မဟုတ်ဘူး ဆိုတာ သိနေကြပေမယ့်လည်း နအဖကတော့ ရွေးကောက်ပွဲကို ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် ဖြစ်အောင် လုပ်သွားမှာ သေချာပါတယ်။ ဒါကြောင့် အခု နအဖလုပ်တဲ့ ရွေးကောက်ပွဲကို ဆရာ ဘယ်လို သုံးသပ်ပါသလဲ။

Read More...

ကျက်သရေရှိတဲ့ လူမိုက်တွေ

လူထုစိန်ဝင်း

ကိုယ်တိုင် အသက် ၇၀ တန်း လူကြီးတယောက် ဖြစ်လာတဲ့အခါမှာ သတိထားမိတာ တခုက လူကြီး နှစ်မျိုးနှစ်စား ရှိတယ် ဆိုတဲ့ အချက်ဖြစ်တယ်။ တမျိုးက အသက် ကြီးလာတာနဲ့ အမျှ တနေ့တခြား ပိုပိုပြီး ယဉ်ကျေး လိမ္မာလာတဲ့ လူကြီးဖြစ်တယ်။ အတွေ့အကြုံက သင်ခန်းစာ ယူတတ် နောက်တမျိုးကတော့ အသက်ကြီးလေ တစ်နေ့တခြား ပိုပိုပြီး မိုက်လာတဲ့ ကြီးမိုက်လူကြီး ဖြစ်တယ်။ ပထမ အမျိုးအစား လူကြီးက အတွေ့အကြုံတွေ ထဲက သင်ခန်းစာ ထုတ်ယူတတ်တဲ့ အတွက် အမြင်မတော်တိုင်း ၀င်မပြောတော့ဘူး။ သဘော မကျတိုင်း ၀င်မပါတော့ဘူး။ "သတ္တ၀ါတခု ကံတခုပဲ" လို့ သဘောထားပြီး ဥပေက္ခာတရား လက်ကိုင် ထားတတ်တယ်။ ရေငုံနှုတ်ပိတ် ခပ်မဆိတ် နေတတ်တယ်။ စိတ်ထဲမှာ ယားကျိယားကျိ ဖြစ်လာရင်တောင် ၀င်ပြီး မပြောမိ၊ မဆိုမိအောင်၊ ကိုယ်တိုင် ၀င်မပါမိအောင်၊ ပုတီး စိပ်လို့ဖြစ်စေ၊ တရားသဘော ဆင်ခြင် နှလုံးသွင်းလို့ဖြစ်စေ ကံသုံးပါးကို ချွန်းအုပ်ပြီး ထိန်းချုပ် ထားတတ်တယ်။

ကံသုံးပါးလုံး မထိန်းချုပ်တတ်

ဒုတိယအမျိုးအစားကတော့ လောကဓံရဲ့ အထုအထောင်း၊ အရိုက်အပုတ်တွေ ဘယ်လောက်ပဲ ခံခဲ့ရ ခံခဲ့ရ သင်ခန်းစာ ထုတ်မယူ တတ်ဘူး။ နောင်တလည်း မရဘူး။ ကာယကံ၊ ၀စီကံ၊ မနောကံ သုံးပါးစလုံးကို ချွန်းအုပ် မထားနိုင်ဘူး။ အမြင်မတော်တာ တွေ့ရင် ၀င်ပြောလိုက်တယ်၊ မသင့်တော်ဘူး ထင်ရင် ၀င်စွက် လိုက်တယ်၊ မတရားဘူး ထင်ရင် ၀င်တား လိုက်တယ်၊ လူတကာရဲ့ အပူကို ကိုယ့်အပူ လုပ်ပြီး ကိုယ့်ကိုယ်ကိုယ် လောင်မြိုက် နေစေတယ်။ ကိုယ်၏ ချမ်းသာခြင်း၊ စိတ်၏ ချမ်းသာခြင်းနဲ့ ဘ၀၏ ငြိမ်းချမ်းခြင်း ဆိုတာကို ဘယ်တော့မှ မခံစားရပါဘူး။ ဒီလို လူမျိုးကိုမှ လူမိုက် မခေါ်ရင် ဘယ်သူ့ကို လူမိုက် ခေါ်ရတော့မှာလဲ။

လူလိမ္မာတွေကများ

Read More...

နေ့စဉ်သတင်းများ ( ၂၃ - ၈ - ၁၀ )

အကျဉ်းကျများ လွှတ်ပေးတော့မယ်လို့ ထောင်အာဏာပိုင်တွေ ပြော သတင်း
ဝ နှင့် မိုင်းလားတပ်ဖွဲ့ စက်တင်ဘာ ပထမပတ် အသွင်ပြောင်းရန် နအဖ ဒက်လိုင်းထပ်ပေး သတင်း
မြန်မာပြည် ကန္တာရဆန်လာဟု ဦးအုန်း သတိပေး သတင်း
ဗကပက ဘုံလုပ်ငန်းစဉ်အတွက် တိတ်တဆိတ် ညှိနှိုင်းလို သတင်း
နျူကလီယားလက်နက် ထုတ်တန်ထုတ်ရမည်ဟု ၀န်ကြီး ဦးအောင်သောင်း ပြော သတင်း
ရွေးကောက်ပွဲအတွက် ဆိုက်ရောက်ဗီဇာ ပိတ်မည် သတင်း
ရွေးကောက်ပွဲကို ပြည်သူလူထု မယုံကြည်နိုင်ကြောင်း ဦးသုဝေ ပြော သတင်း
အန်အယ်လ်ဒီ စီအီးစီအဖွဲ့ ထားဝယ်မြို့တွင် အဖွဲ့ဝင်များနှင့် တွေ့ဆုံ သတင်း
ရွေးကောက်ပွဲကို ပြည်တွင်းပြည်ပ သပိတ်မှောက်ဖို့ ဆုံးဖြတ် သတင်း
ရွေးကောက်ပွဲ သပိတ်မှောက်မှုကို ပြည်သူတို့ ကြိုဆို သတင်း
ရွေးကောက်ပွဲဆန့်ကျင်ရေး ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုလုပ်ဖို့ နှိုးဆော် သတင်း
ရွေးကောက်ပွဲကြောင့် အစ္စလာမ်ဘာသာရေးနေ့ အခက်အခဲ ဖြစ်နိုင် သတင်း
လွှတ်တော်က စုပေါင်းရုံးဖြစ် သတင်း
ရှမ်းအမျိုးသား ၀ါရင့်နိုင်ငံရေးသမားကြီး ဦးရွှေအုန်းရဲ့ ဈာပန ရန်ကုန်တွင် ကျင်းပခဲ့ သတင်း
DKBA ခေါင်းဆောင်များ နိုင်ငံရေးပါတီ ထောင်ဖွယ်ရှိ သတင်း
KSPP ကချင်ပါတီ မှတ်ပုံတင်ခွင့်ကျဖို့ မရေမရာ ဖြစ်နေဆဲ သတင်း
ရွေးကောက်ပွဲကော်မရှင်ရုံးလုပ်ငန်း မရှင်းတာကြောင့် ပါတီတွေ ပိုအခက်တွေ့ သတင်း
ပါတီတွေ အခက်အခဲမျိုးစုံကြုံ သတင်း
လျှောက်လွှာပိတ်ရက် တပတ်အလို ပါတီများ ကိုယ်စားလှယ် ရှာဖွေ သတင်း
ကော်မရှင်အနေနဲ့ ပါတီတောင်းဆိုချက် ပြင်မှာမဟုတ် သတင်း
ရခိုင်နိုင်ငံရေးပါတီဝင်များ နှောင့်ယှက်ခံနေရ သတင်း
ရခိုင်ပါတီ ဆွေမျိုးများကို ရဲခေါ်စစ်မှု ကန့်ကွက် သတင်း
ထားဝယ်မြို့၌ အန်ဒီအက်ဖ်ပါတီက စည်းရုံးရေးဆင်းနေ သတင်း
NDF ရဲ့ ခမောက် စာပေကင်ပေတိုင် ပိတ်ပင် သတင်း
တစည ရခိုင်တွင် မဲဆွယ်စည်းရုံးမှု စတင် သတင်း
ချေးငွေပေးပြီး လူတွေကို စည်းရုံး သတင်း
ကြံ့ခိုင်ရေးက ကြိုတင်မဲ စုဆောင်းနေ သတင်း
ကြံ့ဖွံ့မှ အာဏာပိုင်များနှင့် ပေါင်း၍ NUDP ဥက္ကဌပိုင် စီးပွားရေးလုပ်ငန်းများ ပိတ်ခိုင်း သတင်း
သင်္ကြန်ဗုံးပေါက်ကွဲမှု တရားခံအဖြစ် စွပ်စွဲခံရသူ ကိုဖြိုးဝေအောင် အကျဉ်းသားအခွင့်အရေး ဆုံးရှုံးနေ သတင်း
ထောင်ကျခံရသူ အောင်လံလယ်သမားများအား ထောင်ဒဏ်လျှော့ပေါ့ပေး သတင်း
ထိုင်းနိုင်ငံရှိ မြန်မာပြည်သား အိမ်ဖော်အလုပ်သမများအတွက် ဆွေးနွေးပွဲလုပ် သတင်း
မြဝတီမြို့တွင် ဂတ်စ်အိုးပေါက်ကွဲမှုကြောင့် မီးလောင်မှုဖြစ်ပွား သတင်း
ဘယ်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆက်လျှောက်ဖို့ အစိုးရရွေးချယ်တဲ့ ရွေးကောက်ပွဲဖြစ်သလဲ (အင်တာဗျူး)
ဦးဝင်းတင်နဲ့ မေးခွန်းများ - ၂၀၁၀ ရွေးကောက်ပွဲအရှုပ်ထဲမှာ ရှင်းအောင်နေ (အင်တာဗျူး)
ဗိုလ်ထွန်းကြည် (မုံရွာ) ၏ အနှစ်ငါးဆယ်ကျော် ကိုယ်တွေ့များ (စာအုပ်စင်)
ဗမာလူမျိုးကြီးစိတ်မှ ပင်လုံစိတ်သို့ (ဆောင်းပါး)

Monday, August 23, 2010

PDC Monthly News Commentary - August 2010 (Eng)

ဒေါင်းရန်

Monthly News Commentary

လားရှိုးမြို့ သီရိရွှေစင် ကာရာအိုကေဆိုင်တွင် မိုက်မှ ဓာတ်လိုက်သေဆုံးမှု

သြဂုတ်လ ၅ ရက်၂၀၁၀ ခုနှစ်

လားရှိုးမြို့ လားရှိုးကောလိပ်အနီး သီရိရွှေစင် ကာရာအိုကေ ဆိုင် ( ပိုင်ရှင်မှာ ဦးစိုင်းစံမင်း နှင့် ဒေါ်နန်းမေ၀င်း ဟုသိရ) တွင် ၂၇.၇.၂၀၁၀ ည ၈ နာရီခွဲ ၀န်းကျင်တွင် ကာရာအိုကေ စက် ချို့ယွင်းချက်ကြောင့် သီချင်းဆိုသော မိုက်ကရိုဖုန်းတွင် ပြင်းထန်သော လျှပ်စစ် စီးကြောင်း ဖြစ်ပေါ်စေပြီး ပထမထပ်တွင် သီချင်း ဆိုနေသော မောင်စောမားကတ်စ် ဖရီးဒမ်း (ဦးစောတိုင်းကျော်)+ဒေါ်နန်းဆောင်ခမ်း တို့၏ အကြီးဆုံးသား၊ နွဲ့နော ရပ်ကွက်၊ ကျိုင်းတုံမြို့နေသူ အသက် ၂၇ နှစ် အရွယ် လူငယ်တဦးကို နေရာတွင်ပင် ချက်ချင်း သေဆုံး စေခဲ့သည်ဟု သိရသည်။ ကြမ်းခင်းသည် ကြွေပြား ခင်းထားပြီး မည်သည့် လျှပ်ကာ ပစ္စည်းမှ ခင်းကျင်းထားခြင်း မရှိဟု သိရသည်။ ထိုအဖြစ်ကြောင့် ထူးချွန် ထက်မြက်ပြီး မိခင်မုဆိုးမ နှင့် ကျောင်းသား ညီငယ် ၂ ဦးကို အလုပ် အကျွေး ပြုနေသော နိုင်ငံတကာ လူမှု ကူညီရေးအဖွဲ့ ကဲရ်အင်တာနေရှင်နယ် မြန်မာ၏ Field Office Coordinator အဖြစ် တာဝန် ထမ်းတောင်နေသော ၀န်ထမ်းတစ်ဦး အသက် ဆုံးရှုံး ခဲ့ရသည်။

Read More...

နေ့စဉ်သတင်းများ ( ၂၂ - ၈ - ၁၀ )

ရဲမွန်တပ်တွေနဲ့ လာလဲတဲ့ တပ်တွေကြား တင်းမာနေ သတင်း
စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး အရှေ့တီမောခရီးစဉ် ဆန္ဒပြမှုတွေနဲ့ ကြုံ သတင်း
အိမ်စောင့်အစိုးရ ဖွဲ့တော့မည်ဟုဆို၊ လက်ကုန်နှိုက်မှုများကို ၀န်ကြီးတို့ တက်သုတ်ရိုက်လုပ်ကိုင် သတင်း
နယူးဇီလန်ဝန်ကြီးချုပ်ကို မြန်မာ့အရေး တိုက်တွန်းဖို့ အမတ်တွေပြင်ဆင် သတင်း
ပါတီတွေ အမတ်စာရင်းတင်ဖို့ အခက်တွေ့ သတင်း
NDF ပါတီကိုယ်စားလှယ်လောင်း (၁၀၀) ပါဝင်ယှဉ်ပြိုင်မယ် သတင်း
ရိုဟင်ဂျာတွေ ကြံ့ခိုင်ရေးစည်းရုံး သတင်း
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရုံးဖွင့်ပွဲအတွက် ပါတီဝင်များ နှိုးဆော် သတင်း
ဘင်္ဂလာဒေခ်ျ့နိုင်ငံသားတဦး ကျပ် (၅,၀၀၀) အတုဖြင့် မောင်တောတွင် ဖမ်းဆီးခံရ သတင်း
နိုင်ငံရေးအကျဉ်းသားများကို လုံလောက်သည့် ဆေးဝါးကုသခွင့်မပေး သတင်း
နိုင်ငံရေးအကျဉ်းသားများအား ဆေးကုမပေးတဲ့အပေါ် အေအေပီပီ ကန့်ကွက် သတင်း
တချို့က သပိတ်မှောက်၊ တချို့က ၀င်ပြိုင်၊ အပြန်အလှန် နားလည်မှုရှိရန် လိုနေဆဲ သတင်း
တိုင်းဒေသကြီးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ၊ ပြည်ထောင်စုနယ်မြေများ သတ်မှတ် သတင်း
ကော့မှူးမြို့နယ် တောင်ချောင်ကျေးရွာဥက္ကဌရဲ့ မသမာမှုကို မြို့နယ်အာဏာပိုင် တိုင်ကြား သတင်း
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) က ရေးမြို့နယ်အတွင်း မဲဆွယ်စည်းရုံးရေးဆင်း သတင်း
မြန်မာပြည်သူတွေအပေါ် အကြောက်တရား ဘယ်လောက်လွှမ်းနေသလဲ (ဆွေးနွေးဖလှယ်)
ဗိုလ်ချုပ်မှူးကြီး အမိန့်နဲ့ ဆင်နွှဲခဲ့ကြရတဲ့ ၁၉၉၈ ခရစ္စတီးကျွန်းပေါ်က လူသတ်ပွဲ (အင်တာဗျူး)
ကချင်ပြည်နယ် တိုးတက်ရေးပါတီဥက္ကဌ ဒေါက်တာတူးဂျာနှင့် အင်တာဗျူး (အင်တာဗျူး)
နအဖရဲ့ အမိန့်ကြေညာစာအမှတ် ၃၂-၃၃-၃၄/၂၀၁၀ အပေါ် ဝေဖန်ဆန်းစစ်ခြင်း (ဆောင်းပါး)

အပေါ်သို့