Saturday, April 16, 2011

Uncensored Burma - Daily News ( 2011 April, 15)

News on April 15

Read More...

Friday, April 15, 2011

Uncensored Burma - Daily News ( 2011 April, 14)

News on April 14

Read More...

Thursday, April 14, 2011

Uncensored Burma - Daily News ( 2011 April, 13)

News on April 13

Read More...

Wednesday, April 13, 2011

Uncensored Burma - Daily News ( 2011 April, 12)

News on April 12

Read More...

Tuesday, April 12, 2011

EU သို့ ခရီးသွားပိတ်ဆို့မှု ရုပ်သိမ်းမည်ဟု အေပီ ဖော်ပြ


ဥရောပသမဂ္ဂ EU အဖွဲ့ဝင် နိုင်ငံများသို့ မြန်မာအစိုးရအဖွဲ့ဝင်အချို့ ခရီးသွားလာခွင့် ပိတ်ဆို့အရေးယူထားမှုကို အင်္ဂါနေ့မှစ၍ ရုပ်သိမ်းတော့မည်ဟု အေပီ သတင်းတရပ်တွင် ဖော်ပြထားသည်။

အစိုးရအဖွဲ့ဝင် အရပ်သားများအပေါ် ခရီး သွားခွင့် ပိတ်ဆို့မှုကို တနှစ်တိတိ ရုပ်သိမ်း ပေးမည်ဟု အမည်မဖော်ပြ သော EU အရာရှိတဦး၏ အဆိုကို အေပီ က ကိုးကားဖော်ပြထား ခြင်း ဖြစ်သည်။

သို့သော် ရုပ်သိမ်းခံရမည့် အရပ်သား အစိုးရအဖွဲ့ဝင်များထဲ၌ ၂၀၁၀ ဧပြီလ အထိ ဗိုလ်ချုပ်ကြီးရာထူးဖြင့် စစ်ဘက် တွင် တာဝန်ထမ်းဆောင်ခဲ့သူ လက်ရှိ သမ္မတ သစ် ဦးသိန်းစိန် ပါဝင်ခြင်း ရှိမရှိ ကိုမူ ရှင်းလင်းစွာ မသိရသေးပေ။

ထိုသို့ ပိတ်ပင်တားဆီးထားမှု လျှော့ချခြင်းအပေါ် ပြည်တွင်းပြည်ပ မြန်မာအတိုက် အခံများက ဝေဖန်ဖွယ် ရှိသော်လည်း အနောက်နိုင်ငံများမှ ထင်ရှားသော ပညာရှင်များဖြင့် ပါဝင်ဖွဲ့စည်းထားသည့် အကြံပေးအဖွဲ့များက EU ဆုံးဖြတ်ချက်ကို ကြိုဆိုဖွယ် ရှိသည်။

ဘရပ်ဆဲအခြေစိုက် နိုင်ငံတကာ ပဋိပက္ခ ဖြေရှင်းရေး အကြံပေးအဖွဲ့ International Crisis Group က အနောက်နိုင်ငံများကို မြန်မာအစိုးရအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူ မှုများနှင့် အခြားအရေးယူမှုများ ရုပ်သိမ်းပေးရန် မတ်လတွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ တစောင်ထဲ၌ ထပ်လောင်းတိုက်တွန်းခဲ့သေးသည်။

Ref;Mizzima

Read More...

ရွှေ့ပြောင်းများအရေး ဦးစားပေးချင်သည့် AMDP မွန်ပါတီ

သဲသဲ
ဧပြီလ ၁၂ ရက် ၂၀၁၁ ခုနှစ်

မွန်လူထုအတွင်း စားဝတ်နေရေးအတွက် ပြည်ပထွက်ကာ အလုပ်လုပ်ကိုင်သူ များလာ သဖြင့် မွန်ဒေသ၌ အလုပ်အကိုင်များ ဖန်တီးပေးရန် ပြည်နယ်အစိုးရအနေဖြင့် ဦးစားပေးသင့်ကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP က ပြောဆိုသည်။

အလုပ်အကိုင်ရှားသဖြင့် ကူးသန်းရလွယ်ကူသော ထိုင်းနှင့် အိမ်နီးချင်း နိုင်ငံများသို့ မွန်လူထု သိန်းနဲ့ချီကာ ပြောင်းရွှေ့ကုန်သဖြင့် ပြည်နယ်လုပ်အား လျော့နည်းလာခြင်း ကြောင့် ဒေသတွင်း အလုပ်အကိုင်ရရေးကို ပြည်နယ်အစိုးရ ဦးစားပေး လုပ်ဆောင်ရန် AMDP က လိုလားခြင်း ဖြစ်သည်။

“မွန်မှာရှိတဲ့ ရာဘာခြံလည်း အကုန်လုံး အလုပ်မရ၊ တခြား စက်ရုံအလုပ်ရုံရယ်လို့ မယ်မယ်ရရ မရှိတော့ ဟိုဘက်ကူးကြတယ်။ တဖက်နိုင်ငံဆိုတာကလည်း အိမ်လည်သွား သလို ကူးရတာ သိပ်လွယ်တော့ အဘတို့ဆီမှာ ကျီးမောင်း ကြက်မောင်း၊ အဘိုး အဘွားနဲ့ ကလေးတွေပဲ ကျန်တာများတယ်” ဟု AMDP ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက မဇ္ဈိမကို ပြောသည်။ ပြည်နယ်စီးပွားရေး မတောင့်တင်းသဖြင့် ရွှေ့ပြောင်းလုပ်သား ပြဿနာနှင့်အတူ အချိန်မတိုင်မီ ကျောင်းထွက်ကာ အလုပ်လုပ်ကြသဖြင့် ပညာရေး အဟောသိကံလည်း ဖြစ်ရသည်ဟု ဆိုသည်။

ထိုင်းနှင့် မလေးရှားတွင် တရားဝင်နှင့် တရားမ၀င် မွန်ရွှေ့ပြောင်းအလုပ်သမား ၄ သိန်းကျော်ရှိပြီး၊ အများစုမှာ စက်ရုံများတွင် လုပ်ကိုင်ကြကြောင်း မွန်သတင်းများအရ သိရသည်။ မွန်ပြည်နယ်တခုလုံးတွင် လူဦးရေ ၈ သန်းကျော် နေထိုင်ကြသည်။

မွန်ပြည်နယ် ရာဘာခြံလုပ်ငန်း အလုပ်သမားများပင် ဝင်ငွေပိုရသည့် ထိုင်းနိုင်ငံရှိ ရာဘာခြံများသို့ သွားရောက်လုပ်ကိုင်ကာ မြန်မာပြည်ရှိ မိသားစုများထံ ငွေထောက်ပံ့ နေကြကြောင်း ထိုင်းအခြေစိုက် လွတ်လပ်သော မွန်သတင်းအေဂျင်စီမှ အွန်လိုင်းအယ်ဒီတာ မိရိုင်မရော့ကလည်း မဇ္ဈိမကို ပြောသည်။

“ထိုင်းမှာတော့ အများဆုံးပဲ။ မွန်ပြည်နယ်က နယ်စပ်ဆိုတော့ ကူးရတာ လွယ်တယ်။ နောက်ပြီး ရာဘာခြံလုပ်တာချင်း အတူတူ ထိုင်းမှာ ပိုရတော့ ထိုင်းက ရာဘာခြံတွေမှာ အလုပ်လုပ်၊ ငွေစုပြီး အိမ်ပြန်ပို့ကြတာ များတယ်” ဟု သူက ဆိုသည်။

စိုက်ပျိုးရေး အဓိကလုပ်ကိုင်သည့် မွန်ပြည်နယ်တွင် လယ်ယာမြေသိမ်းယူမှု ပြဿနာ များမှာလည်း ပြည်နယ်အစိုးရ ချက်ချင်း ဆောင်ရွက်ရမည့် ကိစ္စဟု ဦးနိုင်ငွေသိန်း က ပြောသည်။

“ရာဘာခြံတွေကို စစ်တပ်က သိမ်းတာတွေ၊ လယ်တွေသိမ်းလို့ တဖက်နဲ့တဖက် ပြဿနာတွေ တက်ကြတာတွေ ရှိနေတော့ ဒါတွေကို ပြည်နယ်အစိုးရက ဖြေရှင်းပြီး၊ ပြေလည်အောင် လုပ်ပေးနိုင်ရင် လူထုက ၀မ်းသာတာပေါ့” ဟု သူက ဆိုသည်။

မွန်ပြည်နယ် ၀န်ကြီးချုပ် ဗိုလ်မှူးချုပ်ဟောင်း ဦးအုန်းမြင့်က ဖေဖော်ဝါရီလ ၁၄ ရက်နေ့ တွင် တင်သွင်းခဲ့သည့် ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီး ၉ ဦးတွင် AMDP မှ ၂ ဦး ပါဝင်သည်။

မုဒုံမြို့နယ် မဲဆန္ဒနယ် ၂ မှ ဒေါက်တာမင်းနွယ်စိုးသည် လူမှုရေးနှင့် ယဉ်ကျေးမှုဝန်ကြီး၊ ရေးမြို့နယ် မဲဆန္ဒနယ် ၁ မှ ဦးနိုင်လ၀ီအောင် (ခ) ဦးနိုင်မြင့်ဆွေမှာ စွမ်းအင်နှင့် လျှပ်စစ် စွမ်းအားဝန်ကြီးအဖြစ် ခန့်အပ်ခံရသည်။

ပြည်နယ်အစိုးရတွင် ၎င်းတို့ ပါဝင်သော်လည်း အနိုင်ရပါတီ၏ မူဝါဒကို ၀န်ကြီးများက လုပ်ဆောင်ရန်သာ အခွင့်ရှိမည်ဖြစ်ပြီး၊ အစိုးရအဖွဲ့တွင် ကြံ့ခိုင်ရေးပါတီမှ အများဆုံးပါဝင် နေသဖြင့် ဒေသခံလူထု၏ ယုံကြည်မှုနှင့် လက်တွဲဆောင်ရွက်မှု ရရှိရေးမှာ စိန်ခေါ်မှုတရပ် ဖြစ်ဖွယ်ရှိကြောင်း ဦးနိုင်ငွေသိန်း သုံးသပ်သည်။

“လူထုက သံသယမျက်လုံးနဲ့ ကြည့်နေဆဲပဲဆိုတော့ ဒါကို ပျောက်သွားဖို့၊ ယုံကြည်မှု ရလာဖို့က အရေးကြီးတယ်။ အရင်တုန်းကလို ဟန်ကြီးပန်ကြီးနဲ့နေပြီး လူထုနဲ့ မထိစပ်ဘူးဆိုရင် ခက်ခဲမယ်ထင်တယ်” ဟု AMDP ဥက္ကဋ္ဌက ဆိုသည်။

မွန်ပြည်နယ် လွှတ်တော်တွင် အမတ်နေရာ ၃၁ နေရာရှိသည့်အနက် ကြံ့ခိုင်ရေးပါတီမှ ၁၄ ဦး၊ AMDP မှ ၇ ဦး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ - တစည မှ ၂ ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ် ၈ ဦး ပါဝင်သည်။

ဝန်ကြီးများ စာရင်း

ဗိုလ်မှူးကြီး ဋ္ဌေးမြင့်အောင် (တပ်မတော်သား ကိုယ်စားလှယ်) လုံခြုံရေးနှင့် နယ်စပ်ရေးရာ
ဒေါက်တာခင်မောင်သွင် (ကြံ့ဖွံ့) စီးပွားရေး
ဒေါက်တာတိုးတိုးအောင် (ကြံ့ဖွံ့) စက်မှု
ဒေါက်တာလှဦး (ကြံ့ဖွံ့) ပညာရေးနှင့် ကျန်းမာရေး
ဦးမျိုးညွန့် (ကြံ့ဖွံ့) စိုက်ပျိုးရေးနှင့် မွေးမြူရေး
ဦးဝင်းမော်ဦး (ကြံ့ဖွံ့) သစ်တော
ဦးထွန်းလှိုင် (တစည) သာသနာရေးနှင့် အလုပ်သမား
ဦးနိုင်လ၀ီအောင် (ခ) ဦးနိုင်မြင့်ဆွေ (AMDP) စွမ်းအင်နှင့် လျှပ်စစ်စွမ်းအား
ဒေါက်တာမင်းနွယ်စိုး (AMDP) လူမှုရေးနှင့် ယဉ်ကျေးမှု

Ref;Mizzima

Read More...

နိုင်ငံရေးအကျဉ်းသားများ လွှတ်မှ ဆက်ဆံရေး လမ်းပွင့်နိုင်

ကိုပေါက်
ဧပြီလ ၁၂ ရက် ၂၀၁၁ ခုနှစ်

နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးမည်ဆိုပါက အစိုးရသစ်နှင့် ဒီမိုကရေစီ အင်အားစုများအကြား ပွင့်လင်းသော ဆက်ဆံရေး လမ်းကြောင်းတခု ဖြစ်လာနိုင်သည် ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြောသည်။

တနင်္လာနေ့တွင် ပြုလုပ်ခဲ့သည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ မြန်မာနိုင်ငံခြားရေးဝန်ကြီးသစ် ဦးဝဏ္ဏမောင်လွင်က ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာ့နိုင်ငံရေးတွင် သက်ဆိုင်သူအားလုံးနှင့် ဆက်သွယ်ရေးတံခါး ဖွင့်ထားကြောင်း ပြောဆိုခဲ့မှုအပေါ် တုံ့ပြန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ဖို့ကိစ္စက အရေးကြီးတာကိုးဗျ။ ရွေးကောက်ပွဲပြီးရင်ပဲ လွှတ်မလား၊ လွှတ်တော် ခေါ်ပြီးရင်ပဲ လွှတ်မလား၊ သမ္မတ ကျမ်းကျိန်ပြီးရင်ပဲ လွှတ်မလား၊ အခုဆို နိုင်ငံရေးအကျဉ်းသား မိသားစုနဲ့ ဒီမိုကရေစီ အင်အားစုတွေကတော့ နှစ်ဆန်း တရက်မှာပဲ လွှတ်မလားပေါ့။ ဒါတွေဖြစ်လာရင်တော့ ပြောဆိုထားတဲ့အတိုင်းပဲ ပွင့်ပွင့်လင်းလင်း ဆက်ဆံကြဖို့ လမ်းပွင့်သွားတဲ့ သဘောတော့ ရှိတာပေါ့ဗျာ” ဟု ဦးတင်ဦးက မဇ္ဈိမကို ပြောသည်။

အစိုးရသစ်နှင့် ဆက်ဆံရေးအတွက် လမ်းစပွင့်စေရန် ကြိုးစားသည့်အနေဖြင့် NLD ဒုဥက္ကဋ္ဌ လက်မှတ်ထိုးကာ သမ္မတ ဦးသိန်းစိန်ထံ ယခင်အပတ်ထဲတွင် စာတစောင် ပေးပို့ ခဲ့သော်လည်း တုံ့ပြန်မှုတစုံတရာ မရှိသေးကြောင်းလည်း ဦးတင်ဦးက မဇ္ဈိမကို ပြောသည်။

“ဦးသိန်းစိန်ရဲ့ မိန့်ခွန်းက တရားဥပဒေစိုးမိုးရေးတို့၊ တရားမျှတရေးတို့၊ လောကပါလ တရားတို့ ပြောထားတော့ကာ ကျနော်တို့ကလည်း တရားဥပဒေစိုးမိုးရေး နဲ့ပတ်သက်လို့ ထိထိရောက်ရောက် လုပ်ပါဆိုတဲ့သဘော တိုက်တွန်းတာပဲ။ လက်ရှိအခြေအနေမှာ တရားရုံးတွေဘာတွေမှာ ပြောရဆိုရ လွတ်လွတ်လပ်လပ် မဖြစ်သေးတာကို ဖြစ်အောင် လုပ်ပေးပါလို့။ အပြုသဘောဆောင်တဲ့၊ ရရှိနိုင်တဲ့သဘောကို စမ်းသပ်ရေးလိုက်တဲ့ အစသဘောပဲဗျ” ဟု သူက ပြောဆိုသည်။

တရားရုံးများတွင် အများမြင်သာအောင် စစ်ဆေးရေးကဲ့သို့ နမူနာများကို ထောက်ပြပြီး လွတ်လပ်သော တရားစီရင်ရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့ကို အမှန်တကယ်ဖော် ဆောင်ရန် စာထဲတွင် တိုက်တွန်းထားသေးသည်။

ထို့ပြင် ၎င်းစာမှာ NLD ၏ ၆၆ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ ကြေညာချက်ပါ ရင်ကြားစေ့ရေး သဘောထားများနှင့် တဆက်တည်းဖြစ်သည်ဟု ဦးတင်ဦးက ဆိုသည်။

စာပါအကြောင်းအရာများနှင့် စပ်လျဉ်း၍ အစိုးရသစ်အနေဖြင့် မည်မျှ လိုက်လျော လာနိုင်သည်ကိုမူ ဦးတင်ဦးက “နောက်ပိုင်း လာတာ ကြည့်ရမှာပဲ။ အရင်လိုပဲ သွားတာပဲလား။ ဦးသိန်းစိန်က လွတ်လွတ်လပ်လပ် လုပ်နိုင်တဲ့ အနေအထားတွေ ရှိသလား” ဟု သူက ပြောသည်။

Ref;Mizzima

Read More...

ထိုင်းက ဒုက္ခသည် တသိန်းကျော် ပြန်ပို့မည်

သန်းထိုက်ဦး
12 April 2011

ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည် စခန်း ၉ ခုတွင် နေထိုင်လျက်ရှိသော ဒုက္ခသည် တသိန်းကျော်ကို ထိုင်းအစိုးရက မြန်မာနိုင်ငံ သို့ ပြန်ပို့နိုင်ရန် စီစဉ်နေသည်။

ထိုင်းအစိုးရ အနေဖြင့် မြန်မာနိုင်ငံတွင် အစိုးရသစ် ပေါ်ထွန်လာသည့် အတွက် ဒုက္ခသည် များကို ပြန်ပို့ရန် ယခုကဲ့သို့ စီစဉ်နေ ခြင်း ဖြစ်ကြောင်း သိရသည်။

Mae-La-refugee-camp-11

လွန်ခဲ့သည့် အနှစ်၂၀ ခန့်မှ စတင်၍ မြန်မာ အစိုးရတပ်များက ကရင်ပြည်နယ်နှင့် တခြားသော ဒေသများတွင် ထိုးစစ်ဆင်မှုကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင် လာသော ဒုက္ခသည်များကို နေရပ်သို့ ပြန်ပို့ရန် ထိုင်းအစိုးရအနေဖြင့် စီစဉ်နေခြင်း ဖြစ် သည်။

ဒုက္ခသည်စခန်းများသည် ထိုင်း - မြန်မာနယ်စပ်ရှိ တာ့ခ်ခရိုင်၊ မယ်ဟောင်ဆောင် ခရိုင်၊ ကန်ကျနဘူရီ ခရိုင်နှင့် Ratchaburi ခရိုင် တို့တွင် ရှိကြောင်း သိရသည်။

ယမန်နေ့ကလည်း ဒုက္ခသည် အရေးနှင့် ပတ်သက်၍ ဘန်ကောက်မြို့တွင် ပြုလုပ်သော ထိုင်းအမျိုးသား လုံခြုံရေး ကောင်စီ အစည်းအဝေး၌ ထိုင်းနိုင်ငံဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ ဦးဆောင်၍ ထိုင်း အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ သည်။

“ဒုက္ခသည် စခန်းတွေကို ဘယ်တော့ ပိတ်ပစ်မလဲဆိုတာ ကျနော်တို့ မပြောနိုင်သေးဘူး၊ ဒါပေမယ့် လုပ်ဖို့ အစီအစဉ်တော့ရှိ ပါတယ်၊ အခု အချိန်မှာတော့ မြန်မာ စစ်အစိုးရနဲ့ ဆွေးနွေးနေတုန်း ပါပဲ” ဟု ထိုင်း အမျိုးသား လုံခြုံရေး ကောင်စီမှ မစ္စတာ Thawil Pliensri ကို ကိုးကား၍ ဘန်ကောက်ပိုစ့် သတင်းစာတွင် ဖော်ပြထားသည်။

ဒုက္ခသည်များကို ပြန်လည်ပို့ဆောင်ရာတွင် လုံခြုံရေးကိုထည့်သွင်း စဉ်းစားရန်လိုအပ် ကြောင်း၊ ထိုင်းနိုင်ငံတွင် ရာသက်ပန်နေ ထိုင်သွားရန် မသင့်လျော်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)မှ Kitty McKinsey က ဧရာဝတီ သို့ ပြောသည်။

“ဒုက္ခသည်တွေကို ပြန်ပို့ဖိုကတော့ သူတို့ဆန္ဒအလျောက် ဖြစ်သင့်ပါတယ်၊ ဒုက္ခသည်တွေ အနေနဲ့ ပြန်ဖို့အတွက် သူတို့ရဲ့လုံခြုံရေးကို စဉ်းစားပြီး လွတ်လပ်စွာ ဆုံးဖြတ်စေချင်ပါတယ်၊ သူတို့ရဲ့ လုံခြုံရေးနဲ့ သိက္ခာကိုထည့်သွင်း စဉ်းစားသင့်ပါတယ်”ဟု ၎င်း က ဆိုသည်။

ဒုက္ခသည်စခန်းများတွင် နေထိုင်သူအများစုမှာ ကရင်လူမျိုးများဖြစ်ပြီး မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ထွက်ပြေးလာရသူ များကြောင်း သိရသည်။

ကရင် ဒုက္ခသည် ကော်မတီမှ စောရောဘတ်ထွေးက တတိယနိုင်ငံသို့ သွားရောက်ရေး အတွက်လာရောက်သူများ၊ အသစ် ရောက်လာသူများနှင့် ဒုက္ခသည် စခန်း အတွင်း စီးပွားရေး လာရောက်လုပ်ကိုင်နေသည့် ရွှေ့ပြောင်း အလုပ်သမားများကို ပြန်လည် ပို့ဆောင် မည်ဟု ယူဆကြောင်း ၎င်းက ပြောသည်။

မယ်လ ဒုက္ခသည် စခန်းတွင် နေထိုင်နေသည့် နော်ဖရန့်စစ်ကလည်း “ဆင်းရဲ ဒုက္ခတွေ တပုံတပင်နဲ့ မြန်မာပြည်ကို ဘယ်လို ပြန်မှာ လဲ၊ မြန်မာပြည်မှာ အများကြီး အခက်အခဲ ရှိတယ်၊ ကျောင်းတက်ဖို့တောင် မလွယ်ဘူး”ဟု ဆိုသည်။

ယင်း ဒုက္ခသည်များကို ထိုင်း-မြန်မာ နယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့( TBBC )က အခြေခံရိက္ခာများ ဖြစ်သည့် ဆန်၊ ပဲ၊ ငါးပိ၊ ဆား အစ ရှိသည်တို့ကို ထောက်ပံ့ပေးခဲ့ပြီး NGO လူမှုအဖွဲ့အစည်းများက ရေနှင့် သန့်ရှင်းရေးပစ္စည်း များ ထောက်ပံ့ပေးထားသည်။

TBBC အဖွဲ့သည် ဒုက္ခသည်များကို ကူညီရန်အတွက် လူသားချင်း စာနာမှု အကူအညီ များပေး နေသော အစိုးရမဟုတ်သည့် အဖွဲ့ များ စုစည်းထားသည့် အဖွဲ့ တဖွဲ့ဖြစ်သည်။

ပြီးခဲ့သည့်နှစ် ဧပြီလအတွင်း တာ့ခ် ခရိုင် အုပ်ချုပ်ရေးမှူး စမတ် လွိုင်ဖာ့က ဒုက္ခသည် အများစုသည် ကျန်းမာရေး၊ လူမှုရေး၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စ များနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံ အနေဖြင့် ၀န်ထုပ်ဝန်ပိုး ဖြစ်သည့် အတွက် မြန်မာနိုင်ငံ တွင်၂၀၁၀ ရွေးကောက်ပွဲ ကျင်းပ၍ တည်ငြိမ် အေးချမ်းသွားပါက ဒုက္ခသည်များကို နေရပ်သို့ ပြန်ပို့နိုင်မည်ဟု မျှော်လင့်ရ ကြောင်း ပြောဆိုခဲ့သည်။

Ref;Irrawaddy

Read More...

‘ဝ’ ဒေသတွင် စစ်ရေးပြင်ဆင်ထား

စိုင်းဇွမ်ဆိုင်း
12 April 2011

အခြေအနေ တင်းမာနေသည့် အစိုးရတပ်များနှင့် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေး တပ်မ တော် (UWSA) တပ်များသည် ၎င်းတို့ ရင်ဆိုင်ထားသည့် နေရာများတွင် စစ်ရေးပြင်ဆင် မှုများ ပြုလုပ်နေကြောင်း သိရှိရသည်။

panghsang-zs

UWSA ထိန်းချုပ်နယ်မြေမှ မန်ရှန်းမြို့အနီးရှိ လွယ်ပန်တောင်ကြောကို စစ်အစိုးရ တပ်များက အခိုင်အမာ ခြေကုပ်ယူထားကြောင်း တွေ့ရှိရသည်။ UWSA တပ်များက လည်း ၎င်းတို့ နယ်မြေအတွင်းမှ တောင်ကုန်းများပေါ်တွင် အခိုင်အမာ ဘန်ကာများ တည်ဆောက်ထားကာ စစ်ရေးအသင့်အနေအထားတွင် ရှိနေကြသည်။

မန်ရှန်းမြို့သည် ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့မှ မိုင် ၅၀ ခန့်အကွာတွင် တည်ရှိပြီး UWSA ထိန်းချုပ် နယ်မြေမှ ပထမဆုံးမြို့ဖြစ်သည်။

လွယ်ပန်တောင် တပ်စခန်းတခုတွင် တာဝန်ယူထားရသည့် အမည်မဖော်လိုသူ မြန်မာ စစ်တပ် အရာရှိတဦးက စစ်အစိုးရတပ်များနှင့် UWSA တပ်များကြားတွင် စစ်ရေးတင်းမာ နေပြီး နှစ်ဘက် တပ်ဖွဲ့များကလည်း လက်ရှိအခြေအနေပေါ် အထူး ဂရုစိုက်နေကြောင်း ပြီးခဲ့သည့် မတ်လကုန်ပိုင်းတွင် ပြောသည်။

“သူတို့ (UWSA) ခံစစ်ကုန်းတွေကို အခိုင်အမာ တည်ဆောက်ထားတယ်။ သစ်ပင်တွေ ခြုံပုတ်တွေ အကုန်ရှင်းထားတယ်။ တောင်ကုန်းပေါ်ကိုတက်ဖို့လည်း ဘယ်လိုမှမဖြစ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ တောင်ကုန်းတခုလုံးကို မြေတူးစက်တွေနဲ့ တူးပြီး မြေစာတွေကို ပြန်ဖြူးချထားတာဆိုတော့ ခြေချလိုက်တာနဲ့တင် ခြေသလုံး တဝက်လောက် မြုပ်သွားပြီ။ ကုန်းပေါ်က ဘန်ကာတွေထဲမှာလည်း ပွိုင့် 5 စက်သေနတ်တွေ ဆင်ထားတယ်လို့ ကျနော်တို့ သိရတယ်” ဟု အဆိုပါ အရာရှိက ဆိုသည်။

၎င်းအခြေအနေတွင် အစိုးရ၏ ခြေလျင်တပ်များဖြင့် တိုက်ခိုက်မည်ဆိုပါက ၎င်းတို့ဘက်မှ ထွက်ပေါ်လာမည့် အကျအဆုံး စာရင်းကို မတွေးရဲ လောက်အောင်ပင် ဖြစ်ရကြောင်း ၎င်းအရာရှိက ဧရာဝတီသို့ ပြောသည်။

“တကယ်တိုက်ကြပြီ ဆိုရင်တော့ ကျနော်တို့ ခြေလျင်တပ်တွေနဲ့ တိုက်တာထက် လေကြောင်းက တိုက်တာက ပိုပြီးမှ ထိရောက်လိမ့်မယ်။ သူတို့ ဘန်ကာတွေဆိုရင် ထင်ထင် ရှားရှားကြီးပဲ။ မြေကြီးတွေကို ပြန်ဖြူးထားတာလည်း အရောင်က ရဲနေတာပဲ။ တရုတ်နယ်စပ်နဲ့လည်း နည်းနည်း ဝေးနေသေးတော့ ပစ်ခတ်တာတွေ ဟိုဘက်ကို ချော်ပြီး ကျမှာလည်း မကြောက်ရဘူး။ အဓိက ကတော့ ကျနော်တို့ လူကြီးတွေရဲ့ အမိန့်ပဲ” ဟုလည်း ဆက်လက် ပြောဆိုသည်။

လွယ်ပန်တောင်ကြောတွင် စစ်အစိုးရ၏ တပ်များမှာ အနည်းဆုံး တပ်ရင်း ၃ ရင်းခန့်ရှိကြောင်း၊ ၎င်းတပ်ရင်းများမှာ တန့်ယန်း ဗျူဟာ လက်အောက်ခံ တပ်များ ဖြစ်ကြောင်း၊ တပ်စခန်းများတွင်လည်း ၈၁ မမ စိန်ပြောင်းများ ထားရှိရန် ကွန်ကရစ် ကျင်းများ စတင်ပြုလုပ်နေပြီဖြစ်ကြောင်းလည်း အဆိုပါ အရာရှိက ဆိုသည်။

စစ်ရေးလေ့လာသူများက UWSA တွင် အင်အား သုံးသောင်းခန့် ရှိပြီး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအနက် အင်အား အတောင့်တင်းဆုံး အဖွဲ့တဖွဲ့ဖြစ်သည်ဟု ဆိုကြ သည်။

လွယ်ပန်တောင်ကြောနှင့် မျက်နှာချင်းဆိုင် အနေအထားရှိနေသည့် UWSA တပ်စခန်း များတွင်လည်း လေကြောင်းမှ တိုက်ခိုက်မှုများကို ကာကွယ်ရန်အတွက် လေယာဉ်ပစ်စက် သေနတ်များ၊ SAM အမျိုးအစား ဒုံးကျည်များကိုလည်း တပ်ဆင်ထားကြောင်း သိရှိရသည်။

UWSA ၏ အမှတ် ၄၁၈ တပ်ရင်းမှ အရာရှိတဦးက “စစ်တပ်ကို ကျနော်တို့ လျှော့တွက် လို့မရဘူး။ ကျနော်တို့က တိုင်းရင်းသား ဆိုပေမယ့် ကျနော်တို့ကို လေယာဉ်နဲ့ မတိုက်ဘူးလို့ မပြောနိုင်ဘူး။ DKBA တပ်တွေကိုတောင်မှ လက်နက်ကြီးတွေ အမြောက်တွေနဲ့ တိုက်ခဲ့သေးတာပဲ။ ကျနော်တို့လည်း အရမ်းသတိထားနေရတယ်” ဟု ဧရာဝတီသို့ ပြောသည်။

၂၀၀၉ ခုနှစ်က အရှေ့မြောက်ဒေသရှိ မြန်မာနိုင်ငံ လူမျိုးစုများ ဒီမိုကရေစီမဟာမိတ် တပ်ပေါင်းစု တပ်မတော် (MNDAA) ခေါ် ကိုးကန့်တပ်ဖွဲ့ များကို ထိုးစစ်ဆင် တိုက်ခိုက်ရာအတွင် အဓိက ပါဝင်ခဲ့သည့် တပ်မ ၉၉ နှင့် ၃၃ မှ အရာရှိများသည်လည်း UWSA ကို တိုက်ခိုက်ပြီး ၎င်းတို့ ထိန်းချုပ်ဒေသများကို သိမ်းပိုက်နိုင်ရန် စိတ်အား ထက်သန်နေကြောင်း ရှမ်းပြည်မြောက်ပိုင်းမှ သံလွင်မြစ်ကူးတံတားဖြစ်သည့် တာကော်အက် တံတားတွင် လုံခြုံရေးတာဝန်ယူထားသည့် အရာရှိတဦးက ပြောသည်။

“လောက်ကိုင်ဘက်ကို သိမ်းခဲ့တုန်းက ပါခဲ့တဲ့ အရာရှိတွေ အများစုကတော့ ချမ်းသာသွားကြတာချည်းပဲ။ အခုလည်း UWSA ဌာနချုပ်ရှိတဲ့ ပန်ဆန်းကို တိုက်ချင်နေ ကြတယ်။ ကျနော့်အမြင်ကတော့ ထင်သလောက် မလွယ်ပါဘူး။ ကိုးကန့် တပ်တွေနဲ့ ‘ဝ’ တပ်တွေရဲ့ အင်အားခြင်းက တအားကွာတယ်လေ” ဟု အဆိုပါ တံတားလုံခြုံရေးအရာရှိက ပြောသည်။

ဖုန်ကြားရှင် ဦးဆောင်သည့် MNDAA တပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ရာတွင် စစ်အစိုးရဘက်မှ လုံခြုံရေးတပ်ဖွဲ့ဝင် ၂၆ ဦး သေဆုံးပြီး ၄၇ ဦး ဒဏ်ရာရခဲ့သည်ဟု အစိုးရပိုင် သတင်းစာတွင် ဖော်ပြခဲ့သည်။

(ဤသတင်းကို ဧရာဝတီ သတင်းထောက် စိုင်းဇွမ်ဆိုင်းက ရှမ်းပြည်မြောက်ပိုင်း ‘ဝ’ ဒေသ ခရီးစဉ်အတွင်း ရေးသားပေးပို့သည်။)

Ref;Irrawaddy

Read More...

ထိုင်းရောက် မြန်မာများ နှစ်ကူး အိမ်ပြန်စရိတ်ကြီးမြင့်

12 April 2011

အတာသင်္ကြန်ကာလ အိမ်ပြန်ကြသည့် ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများ နယ်စပ် မြ၀တီမြို့ မှတဆင့် နေရပ်ပြန်ရန်အတွက် ယာဉ်စီးခများကို မော်တော်ယာဉ် လိုင်းများက ပုံမှန်ထက်၂ ဆနီးပါးတောင်းခံလျှက်သည်ဟု ခရီးသွားများ ကပြောသည်။

Battle_dkba

မြန်မာအလုပ်သမားများသည် သင်္ကြန်ကာလ အမီ အိမ်ပြန်နိုင်ရန်အတွက် ယခုလဆန်း မှစတင်၍ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြ၀တီမြို့သို့နေ့စဉ် ၀င်ရောက်လာသူများ မှာ ၁ ရက်ခြား ၆၀၀ ခန့်အထက်တွင်ရှိကြောင်း မြ၀တီမှ ယာဉ် မောင်း တဦးကပြောသည်။

၎င်းက“ပုံမှန်ကတော့ မြ၀တီကနေ ဘားအံကို ကျပ် ၅၀၀၀ ပါပဲ၊ ဒီသင်္ကြန်မှာ ပြန်လာတဲ့လူတွေအတော်များတယ်၊အရင် က ဒီလိုမရှိခဲ့ဘူး၊ ခရီးသည်နဲ့ကားကမမျှဘူး၊ တချို့ဆိုတွယ်စီးပြီး တောင်လိုက်တယ်၊ လမ်းခရီးမှာလည်းစစ်ဆေးရေး ဂိတ်တွေကလည်း အကြောင်းအမျိုးမျိုးပြ ပီး ဂိတ်ကြေးတွေတောင်းတော့ ကားသမားတွေလည်း ခရီးသည် တွေဆီကနေ ပိုတောင်းရတာဖြစ်တယ်"ဟု ပြောသည်။

ပုံမှန်ယာဉ်စီးခများမှာ မြ၀တီ-ဘားအံ ၅၀၀၀ ကျပ်၊ ဆလွန်းကား ၈၀၀၀ ကျပ်၊ မြ၀တီ-မော်လမြိုင် ၇၀၀၀ ကျပ်၊ဆလွန်း ကား ကျပ် ၁၀၀၀၀၊ မြ၀တီ-ရန်ကုန် အဆင့်မြင့် မှန်လုံယာဉ် ၈၅၀၀ ကျပ်တို့ဖြစ်ပြီး လက်ရှိတွင် ၎င်းခရီးစဉ်များကို ပုံမှန်ထက်၂ ဆပေးပြီး နေရပ်ပြန်နေကြရသည်ဟု ဘားအံမြို့မှ အမျိုးသမီး တဦးက ပြောသည်။

ထို ဘားအံမြို့မှ အမျိုးသမီးက“သူတို့တောင်းတဲ့အတိုင်းကားခကိုပေးလိုက်တော့ လမ်းမှာ ရှိတဲ့ဂိတ်တွေက ဘာပြဿနာမှ မရှာတော့ဘူး၊ မှတ်ပုံတင်မရှိလည်းရတယ်၊ လမ်းမှာရှိတဲ့ ဂိတ်တွေနဲ့ကားသမားတွေက ညှိထားပြီးသား၊ အထုတ် အပိုး တွေအတွက် ကိုလည်း သီးသန့်ပေးရတယ်၊ဂိတ်တွေကလည်း ကားသမားတွေဆီက ပိုက်ဆံတောင်း တာ ဓားပြ တိုက်နေသလိုပဲ”ဟု ဆိုသည်။

မြ၀တီမြို့ခံဝန်ထမ်းတဦးကလည်း“အမှန်က ဒီလိုဖြစ်တာ မော်တော်ယာဉ်လိုင်းကလူတွေ ဘန်ကောက်ပြန်တွေကို ရိုက်စား လုပ်နေကြတာ၊ သက်ဆိုင်ရာဌာနတွေကလည်း ဘာအရေး ယူမှုမှ မရှိဘူး၊သင်္ကြန်ကာလမှာ ဘယ်ကားလိုင်းမှ ကားခ ပိုမတောင်းရဘူးဆိုတာ အားလုံး ပြောထားပြီးသား၊ အခုဆိုရင်ကားသမားတွေက ထိုင်းကပြန်လာကြတဲ့လူတွေကိုပဲ ဦးစား ပေးနေတယ်၊ ဒီလိုကားခတွေဆက်သွားတော့ သာမန်ဒေသခံခရီးသွားတွေကိုပါ ထိခိုက်တယ်” ဟု ဧရာဝတီ သို့ပြောသည်။

မြ၀တီ ဒေါနတောင်ကျော် ကားလမ်းတလျှောက်တွင် သင်္ကြန်ကာလကိုခါတော်မီ၍ တရက် ခြားဝင်ငွေ ကျပ် သန်းနှင့်ချီ၍ ရရှိသွားသူများမှာ လမ်းခရီးတလျှောက်ရှိ စစ်ဆေးရေး ဂိတ်များနှင့် မော်တော်ယာဉ်လိုင်းများဖြစ်သည်ဟုလည်း ၀န် ထမ်း က ဆိုသည်။

မြ၀တီ-ဘားအံ၊ မော်လမြိုင်နှင့် ရန်ကုန်မြို့များသို့ တိုက်ရိုက်ပြေးဆွဲမှုများကို မော်တော်ယာဉ် လိုင်းများက တရက်ခြားပုံ မှန်ပြေးဆွဲလျှက်ရှိပြီး သက်ဆိုင်ရာ ယာဉ်လိုင်းများက ယာဉ်စီးခ များကို တရားဝင် သတ်မှတ်ထားသည်။

သင်္ကြန်ကာလ အိမ်ပြန်ကြသည့် မြန်မာအလုပ်သမားများထဲတွင် ထိုင်း-မြန်မာ နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် ထုတ်ပေး သည့် ယာယီ နိုင်ငံကူးလက်မှတ်များဖြင့် အလုပ်လုပ်ကိုင်နေသူ အများစုပါဝင်သည်ဟု ထိုင်း လူဝင်မှုကြီးကြပ်ရေး ၀န် ထမ်း တဦးက ပြောသည်။

မဲဆောက်-မြ၀တီ လမ်းကြောမှတဆင့် မြန်မာနှစ်သစ်ကူးပွဲတော် ဆင်နွှဲရန်အတွက် နှစ်စဉ်နေရပ်ပြန်သည့် မြန်မာအလုပ် သမားအရေအတွက်မှာ သိန်းနှင့်ချီရှိသည်ဟု သိရ သည်။

ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းမြန်မာအလုပ်သမားများ ၂ သန်းမှ ၄ သန်းဝန်းကျင် ရှိသည်ဟု မြန်မာအလုပ်သမား အရေး ဆောင်ရွက်နေကြသည့် အစိုးရမဟုတ်သောအဖွဲ့အစည်းများက ပြောသည်။

Ref;Irrawaddy

Read More...

မြန်မာဘီယာ ဥပဒေကို လက်တလုံးခြား ကြော်ငြာလုပ်

ရန်ပိုင်
12 April 2011

မြန်မာရိုးရာ အတာသင်္ကြန်တွင် အရက်၊ ဘီယာ၊ ဆေးလိပ်၊ စီးကရက်များ ကြော်ငြာခွင့် မရှိဟု အာဏာပိုင်များက ပြဌာန်းထားသော်လည်း မန္တလေးသင်္ကြန်၌ မြန်မာဘီယာက ၎င်း၏ ကြော်ငြာ အမှတ်တံဆိပ် ကရ၀ိတ်ဖောင်ပုံဖြင့် မဏ္ဍပ်ဆောက်လုပ် ကာ ကြော်ငြာနေသည်။

Myanmar-Beer

မန္တလေးကျုံးမြောက်ဘက်တွင် မြန်မာဘီယာက ကမကထပြုလုပ်၍ ၎င်း၏ အမှတ်တံဆိပ် ဖြစ်သည့် ကရ၀ိတ်ဖောင်ပုံကို ရိုးရာစပ်ပန်းချီဖြင့် ရေးဆွဲဆောက်လုပ်ပြီး “ မြန်မာတို့ရဲ့ မြန်မာဘီယာ” ဆိုသော မူရင်းစာသားနေရာတွင် “မြန်မာတို့ရဲ့ မြန်မာ” ဟု ရေးထိုးထားကြောင်း၊ ယင်းမဏ္ဍပ်တွင် နာမည်ကြီး Iron Cross (IC) တေးဂီတအဖွဲ့ဖြင့် ဖျော်ဖြေမည်ဖြစ်ကြောင်း မန္တလေးမြို့ခံ တဦးက ပြောသည်။

“ဘီယာဆိုတဲ့ စကားတလုံး မပါတာကလွဲရင် အရောင်အသွေး စာသားကအစ မြန်မာ ဘီယာပုလင်းမှာပါတဲ့ အတိုင်းပဲ။ လက်တလုံးခြား မလိမ့်တပတ် ဘီယာကြော်ငြာထား မှန်း အသိသာကြီး ”ဟု ၎င်းမြို့ခံကဆိုသည်။

ကြော်ငြာမဏ္ဍပ် ဆောက်လုပ်ခြင်းနှင့် IC တေးဂီတအဖွဲ့ ငှားရမ်းခြင်းကို မြန်မာဘီယာ ထုတ်လုပ်သည့် Myanmar Brewery လီမိတက်က ငွေကြေး စိုက်ထုတ် လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ အစိုးရထုတ်ပြန်ထားသည့် ဥပဒေကို လက်တလုံးခြား ချိုးဖောက်ကာ ကြော်ငြာခြင်းဖြစ်သည်ဟု မြို့ခံများက ပြောသည်။

အဆိုပါ မဏ္ဍပ်၏ ကြော်ငြာစာသားမှာ “မြန်မာတို့၏ အကြီးကျယ်ဆုံးပွဲတော်၊ အကျော်ကြား ဆုံး တီးဝိုင်း၊ ဤတီးဝိုင်းနဲ့ ဒီနှစ်နွှဲပျော်မည့် မြန်မာ” ဟု ရေးသားထားပြီး မြန်မာဘီယာ တံဆိပ်ပုံပါ တီရှပ်အင်္ကျီများကိုလည်း ဝေငှကြောင်း သိရသည်။

Myanmar Brewery လီမိတက်ကို စင်ကာပူ အခြေစိုက် Fraser and Neave ကုမ္ပဏီနှင့် စစ်တပ်၏ စီးပွားရေး လုပ်ငန်းဖြစ်သည့် မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်တို့က ပူးတွဲပိုင်ဆိုင်သည်။

သင်္ကြန်ကာလအတွင်း မဏ္ဍပ်များတွင် ကြော်ငြာများ ထည့်သွင်းပါက အရက်၊ ဘီယာ၊ ဆေးလိပ်၊ စီးကရက်နှင့် ပတ်သက်သော ကြော်ငြာများ ထည့်သွင်းခြင်းမပြုရဟု ယခင်စစ်အစိုးရ လက်ထက်ကတည်းက ဥပဒေ ထုတ်ပြန်ထားခြင်းဖြစ်ပြီး မကြာမီက ဖွဲ့စည်းခဲ့သည့် အစိုးရသစ်ကလည်း လိုက်နာကျင့်သုံးရန် သတ်မှတ်ထားပြီး ဖြစ်ကြောင်း သိရသည်။

ထိုသို့ ရေကစားမဏ္ဍပ်များတွင် အရက်၊ ဘီယာ၊ စီးကရက်၊ ဆေးလိပ်တို့ကို ဆိုင်းဘုတ် ထောင်ကာ ကြော်ငြာခွင့်မရှိဟု တားမြစ်ထားသော်လည်း ပြီးခဲ့သည်နှစ်က ရေကစားမဏ္ဍပ်များ အနီးတ၀ိုက်တွင်မူ အဆိုပါကြော်ငြာများကို အပြိုင်အဆိုင် ဝေငှမှုများလည်း ရှိကြောင်း မန္တလေးမြို့ခံ စာရေးဆရာတဦးကလည်း ဆိုသည်။

မန္တလေးမြို့၌ ရေကစားမဏ္ဍပ်ပေါင်း ၃၀ ကျော်ရှိပြီး ယခင်နှစ်ထက် နည်းသွားသည်ဟု ဆိုနိုင်သော်လည်း IC တေးဂီ တအပါအ၀င် နာမည်ကြီး တေးဂီတ၀ိုင်းများဖြစ်သည့် Metal Zone နှင့် Tree Band စသည်တို့ လာရောက် ဖျော်ဖြေမည်ဟု သိရသည့်အတွက် ပိုမိုစည်ကားမည်ဟု ခန့်မှန်းကြောင်း အဆိုပါ စာရေးဆရာက ဆက်လက်ပြောသည်။

ယခုနှစ် မန္တလေး ကျုံးပတ်လည်တွင် အသေးစား ရေစုပ်စက်များဖြင့် မိသားစု အလိုက်လည်းကောင်း၊ အဖွဲ့လိုက်လည်းကောင်း ရေပက်သူမှာ ပိုမိုများပြားလာနိုင် ကြောင်း၊ ထိုကြောင့် ပြီးခဲ့သည့်နှစ်က ရေသုံးစွဲခွင့်အတွက် ၁ သောင်း ၅ ထောင်ကျပ်သာ မန္တလေး စည်ပင်သာယာရေး ကော်မတီသို့ ပေးသွင်းရသော်လည်း ယခုနှစ်တွင် ကျပ် ၅ သောင်း သတ်မှတ်ထားသည်ဟု စည်ပင်သာယာရေး ကော်မတီဝင် တဦးက ဆိုသည်။

ပြီးခဲ့သည်နှစ် ရန်ကုန်မြို့ ကန်တော်ကြီး ပတ်လမ်းရှိ X2O ရေကစားမဏ္ဍပ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည့်အတွက် လုံခြုံရေးအရ ရေကစား မဏ္ဍပ်များတွင် CCTV ကင်မရာများကို တပ်ဆင်ရန်နှင့် လုံခြုံရေးကို ပိုမိုတာဝန်ယူရန် ယခုနှစ်တွင် အစိုးရက အမိန့်ထုတ်ပြန်ထားသည်။

ယခုနှစ် ရန်ကုန်သင်္ကြန်မှာမူ ကြီးမြင့်လာသည့် ကုန်ဈေးနှုန်းများကြောင့် ကုန်ကျစရိတ် မြင့်တက်လာခြင်းနှင့် ဗုံးအန္တရယ်ကြောင့်လည်း မိသားစုလိုက် ခရီးထွက်ခြင်း၊ တရား စခန်းနှင့် ရိပ်သာဝင်မည့်သူ များပြားသည်ဟု သိရသည်။

Ref;Irrawaddy

Read More...

ယခုနှစ် သင်္ကြန် အဆိုတော်များ ၀င်ငွေထိခိုက်

နရီလင်းလက်
12 April 2011

ယခုနှစ် သင်္ကြန်မဏ္ဍပ်များတွင် အနုပညာရှင်းများ လိုက်လံ ဖျော်ဖြေခွင့် နည်းပါးသွား ခြင်းကြောင့် ၀င်ငွေထိခိုက်သည်ဟု ဂီတအသိုင်းအ၀န်းတွင် ပြောဆိုနေ ကြသည်။

ယမန်နှစ်က သင်္ကြန်အကြတ်နေ့ ဗုံးပေါက် ကွဲမှုကြောင့် ယခုနှစ် မဏ္ဍပ်များ လျော့နည်း သွားပြီး သီဆို ဖျော်ဖြေရန် အနုပညာရှင် များအား ခေါ်ဆိုမှု မရှိသလောက် နည်းပါး သွားသည်ဟု အဆိုတော် သားစိုးက ဧရာဝတီကို ပြောသည်။

“ဂီတလောက အခြေအနေကတော့ မကောင်း ဘူး၊ တော်တော်ပျက်ပါတယ်။ မနှစ်က ဗုံးပေါက်တဲ့ အရှိန်ကြောင့် လူတွေက လန့်ပြီး မပျော်ရဲကြဘူး။ ဘယ်တုန်းကမှ မဖြစ်ခဲ့ဘူးတဲ့ ဖြစ်ရပ်ဆိုတော့၊ အရင်နှစ်တွေက သင်္ကြန် ၄ ရက်ရှိရင် ရက်အလိုက် ဖြစ်ဖြစ်၊ တရက်တည်းမှာ ဘယ်အချိန်ကတော့ ဘယ်မဏ္ဍပ်မှာ သီချင်း ဘယ်နှပုဒ်ဆိုပြီးဖြစ်ဖြစ် ဖျော်ဖြေကြတာ။ ဒီနှစ်ကတော့ ကူးစရာ မဏ္ဍပ်မရှိသလောက်ဘဲ” ဟု သူက ဆိုသည်။

ယခုနှစ်သင်္ကြန်တွင် သားစိုးက နေပြည်တော်ရှိ ရွှေဧည့်သည် ဟိုတယ် မဏ္ဍပ်တွင် သွား ရောက် ဖျော်ဖြေရမည်ဟု သိရသည်။

၎င်းက “ရန်ကုန်မှာဆိုရင် မဏ္ဍပ်က ကန်တော်ကြီးမှာလည်း ခပ်ကျဲကျဲပဲ။ နေပြည်တော် မှာလည်း ကျဲကျဲပဲ။ စည်စည် ကားကားတော့ မရှိဘူး။ ဒါပေမယ့် ပွဲကတော့ ဖြစ်နေတာပေါ့။ မနှစ်ကဆို မဏ္ဍပ်တွေကလည်း အလုအယက်ပဲ ခေါ်တာ။ ဒီနှစ်တော့ နေပြည်တော် မှာတောင် ၀န်ကြီးက မလုပ်ချင်လည်း ရတယ်လို့ ပြောလိုက်တော့၊ မလုပ်ဘူးကွာဆိုပြီး စရံ အဆုံးခံတဲ့ ပိုင်ရှင်တွေ များတယ်လို့ ပြောသံကြားတယ်” ဟု ရှင်းပြ သည်။

ပြည်လမ်း အင်းလျားကန်စောင်းရှိ Air Bagan မဏ္ဍပ်တွင် အင်ပါယာ တီးဝိုင်းနှင့် ဖျော်ဖြေမည့် အဆိုတော် ဇော်ဝင်းထွဋ်က ယခုနှစ်သင်္ကြန်တွင် ရန်ကုန်မှာ ဖျော်ဖြေရေး ပါသည့် မဏ္ဍပ် နည်းပါးကြောင်း၊ နေပြည်တော်တွင်လည်း ယခုနှစ်တွင် ယခင်နှစ်ကကဲ့သို့ မဏ္ဍပ်မလုပ်မနေရ အမိန့် မထုတ်ထားကြောင်း ပြောသည်။

“မဏ္ဍပ်ထိုးချင်ထိုး၊ မထိုးချင်နေဆိုတော့ ကုန်ကျစရိတ်နဲ့ သွားရေးလာရေးကြောင့် မထိုးကြတော့ဘူး။ ကျနော် တနေ့က နေပြည်တော် ရောက်တော့ မဏ္ဍပ် ၁၀ ခု လောက်ပဲ တွေ့တယ်” ဟု သူကဆိုသည်။

ဆက်လက်၍ သူက အဆိုတော်များ အနေဖြင့် ယခင်ကထက် လွတ်လပ်မှု နည်းပါး သွားသည်ဟု ပြောပြသည်။

“အရင်ကဆို ကိုယ့်ကို ချစ်လို့ခင်လို့ ဖိတ်တဲ့ မဏ္ဍပ်မှာ လိုက်ဆိုတယ်။ ကျနော်တို့ ငယ်ငယ်တုန်းဆို ဥပမာ - ဆက်သွယ်ရေး မဏ္ဍပ်က ဖိတ်တယ်ဆို အဲဒီမဏ္ဍပ်မှာ ဆိုပေးမယ်၊ ပြီးရင် သူတို့က လက်ဆောင်ပေးတာမျိုး၊ ငွေချီးမြှင့်တာမျိုးပေါ့။ နောက်ပိုင်း ကျတော့ စပွန်ဆာတွေနဲ့ ကြော်ငြာသင်္ကြန်လို ဖြစ်သွားတော့ ကုမ္ပဏီတွေက အပြိုင်အဆိုင်ကိုး။ သိန်းချီ ပေးထားတဲ့ ကုမ္ပဏီ တွေက အဆိုတော်တွေ အပိုင်၊ တီးဝိုင်းအပိုင် လိုချင်တော့ တနေရာတည်းမှာပဲ ဆိုဖြစ်သွားကြတယ်။ အဲဒါကြောင့်လည်း ပါတယ်” ဟု ဇော်ဝင်းထွဋ်က ဆိုသည်။

Air Bagan မဏ္ဍပ်တွင် အင်ပါယာတီဝိုင်း၊ အဲလက်စ်နှင့်အဖွဲ့၊ အောင်လ (Reason အဖွဲ့)၊ Wanted အဖွဲ့ တို့က ကိုယ်ပိုင် တီးဝိုင်းများဖြင့် ဖျော်ဖြေမည်ဟု သိရသည်။

“မဏ္ဍပ်တခါဆောက်ရတာ ပိုက်ဆံသိန်းချီကုန်တာလည်း ပါတယ်။ သင်္ကြန်ဆိုတာကျတော့ ပြောရ ခက်တယ်။ လမ်းပေါ်မှာ လူတွေအများကြီး လျှောက်သွားနေတာကို၊ ပျော်နေ ကြတာကို ဘယ်လို ထိန်းချုပ်မလဲ” ဟု ၎င်းက ပြောသည်။

Lazy Club တီးဝိုင်းသည် ရန်ကုန် ဗိုလ်ချုပ်ဈေးရှေ့ရှိ ရေကစားမဏ္ဍပ်တွင် ဖျော်ဖြေမည်ဟု သိရသည်။

Lazy Club တီးဝိုင်းခေါင်းဆောင် နိုင်ဇော်က “Xing Xing စီးကရက်အပြင် တခြား စီးကရက် တံဆိပ်တွေပါ တင်သွင်းတဲ့ ကုမ္ပဏီက လုပ်တဲ့ မဏ္ဍပ်ပေါ့။ အခုက စီးကရက်ကြော်ငြာခွင့် မရတော့ စီးကရက်အနေနဲ့ မဟုတ်ဘဲ ကုမ္ပဏီ အနေနဲ့ ပွဲလုပ်တာ။ ကမယ့် ယိမ်းအဖွဲ့တွေ၊ Dancer တွေ၊ အဆိုတော် ၈ ယောက်အပြင် တခြား ဧည့်သည့် အဆိုတော်တွေပါ ဖိတ်ထားတော့ စည်မှာပါ” ဟု ပြောသည်။

အဆိုပါ မဏ္ဍပ်တွင် ဟယ်ရီလင်း၊ ပူစူး၊ ကိုကိုမောင်၊ ဆုန်သင်းပါရ်၊ မေစံပယ်ညို၊ သျှားအိ ဘိုဘိုဟန်၊ ခိုင်ရွှေဝါ စသည့် အဆို တော်များ ဖျော်ဖြေမည်ဟု သိရသည်။

“တီးဝိုင်းတွေ အနေနဲ့ ကတော့ ပုံမှန်ပါပဲ။ အဆိုတော်တွေက မဏ္ဍပ်များရင် များသလို ပိုက်ဆံပိုရတယ်။ ဒီမဏ္ဍပ်မှာ ဆိုပြီး နောက်တခု ပြောင်းကူးကြတာပေါ့။ အခုတော့ သူတို့ အတွက် တော်တော်လျော့သွားမယ်။ မဏ္ဍပ်တခုတည်းမှာပဲ ဖျော်ဖြေရမှာ” ဟု ကိုနိုင်ဇော်က ပြောသည်။

Lazy Club တီးဝိုင်းသည် ဧပြီ ၁၅ ရက်နေ့ ည ၇ နာရီမှ ၉ ခွဲတွင် ရန်ကုန်မြို့ တော်ခန်းမရှေ့၌ အခမဲ့ ဖျော်ဖြေသွားမည်ဟု သိရသည်။

“မန္တလေးနဲ့ နေပြည်တော်မှာ ဒီနှစ် ရန်ကုန်ထက် မဏ္ဍပ်တွေများရတဲ့ အကြောင်းရင်းက မနှစ်က ရန်ကုန်မှာ ဗုံးပေါက်ခဲ့တာ ရယ်၊ ရန်ကုန်မှာ လုံခြုံရေး ပြဿနာကြောင့် နေရာ ကန့်သတ်လိုက်တော့ စီးပွားရေးသမားတွေက အကွက်အကွင်း မကျတဲ့ နေရာမှာ ကျရင် ကြော်ငြာ အလုပ် မဖြစ်မှာရယ်ကြောင့်ပါ” ဟု နိုင်ဇော်က ဆိုသည်။

Iron Cross (IC) တေးဂီတဝိုင်းသည် မန္တလေးမြို့ရှိ မြန်မာဘီယာ မဏ္ဍပ်၊ Metal Zone တီးဝိုင်းသည် မန္တလေး မြို့တော်ဝန် မဏ္ဍပ်၊ The Tree Band သည် မန္တလေး Alpine မဏ္ဍပ်များတွင် ယခုနှစ် သင်္ကြန် ဖျော်ဖြေမည်ဟု သိရသည်။

ယခုနှစ်တွင် သင်္ကြန်မဏ္ဍပ်များ လိုက်နာရမည့် လုံခြုံရေးဆိုင်ရာ စည်းကမ်းချက် ၂၅ ချက် ကို အာဏာပိုင်များက ထုတ်ပြန် ထားသည်။

စည်းကမ်းချက်များထဲတွင် သင်္ကြန်မဏ္ဍပ်ကြီးများသည် လုံခြုံရေးအတွက် CCTV ကင်မရာများ တပ်ဆင်ရန်အတွက် သက်ဆိုင် ရာ ကုမ္ပဏီများနှင့် ညှိနှိုင်းဆောင်ရွက် ရမည်ဖြစ်ပြီး မသင်္ကာဖွယ်ရာများကို အနီးကပ် မှတ်တမ်းတင်နိုင်ရန် သီးခြား ဓာတ်ပုံ ရိုက်သူများ ထားရှိရမည်ဟုလည်း ထုတ်ပြန်သတ်မှတ်ထားကြောင်း သိရှိရ သည်။

ယခုနှစ် ရန်ကုန်သင်္ကြန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ် ကန်ပတ်လမ်းတွင် ၇ နေရာ၊ ပြည်လမ်းမပေါ်တွင် ၅ နေရာ၊ ပါရမီ လမ်းပေါ်တွင် ၂ နေရာ၊ ကမ္ဘာအေးဘုရားလမ်းတွင် ၅ နေရာ၊ ဗဟန်းမြို့နယ် ဆရာစံလမ်းတွင် ၃ နေရာ၊ စက်မှု (၁) လမ်းတွင် ၁ နေရာ၊ ဗိုလ်ချူပ်အောင်ဆန်းလမ်းတွင် ၁ နေရာ၊ ဝေဇယန္တာလမ်းတွင် ၁ နေရာ၊ ဘုရင့်နောင်လမ်းတွင် ၃ နေရာ၊ ဒဂုံမြို့နယ်ရှိ အလုံလမ်းတွင် ၂ နေရာနှင့် ကြည်မြင့်တိုင် မြို့နယ် ကမ်းနားလမ်းတွင် ၁ နေရာ၊ စုစုပေါင်း မဏ္ဍပ် ၃၁ ခုကို တည်ဆောက်ခွင့် ပြုထားသည်။

၂၀၁၀ ပြည့်နှစ် သင်္ကြန်အကြတ်နေ့က ကန်တော်ကြီးပတ်လမ်းရှိ X2O မဏ္ဍပ်တွင် ဗုံး ၃ လုံးပေါက်ကွဲခဲ့ရာ အခင်းဖြစ်ပွားရာနှင့် ဖြစ်ပွားပြီး နောက် စုစုပေါင်း ၁၀ ဦးသေဆုံးပြီး ၁၇၀ ဒဏ်ရာ ရကြောင်း အစိုးရက ထုတ်ပြန်ထားသည်။

Ref;Irrawaddy

Read More...

ယခင်ရပ်တည်ချက်အတိုင်း မွန်ပြည်သစ်ပါတီဗဟိုကော်မတီဆက်လက်ရပ်တည်

မင်းထက်အောင်ဧပြီ-၁၁

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကျင်းပပြီးစီးခဲ့သည့် မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီ အစည်းအဝေး၌ ယခင်ဆုံးဖြတ်ချက်အတိုင်းဆက်လက်ရပ်တည်သွားမည်ဟု ဆုံးဖြတ်ကြကြောင်း ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်ရွှေသိန်းက ပြောသည်။

ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်ရွှေသိန်း

“မွန်ပြည်သစ်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလက်မခံဘူး၊ အဲဒီအကျိုးဆက် အရပေါ်ထွက်လာတဲ့ ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံခဲ့ဘူး၊ ဒါကြောင့် အခုအစိုးရသစ်ကို အသိအမှတ်မပြုနိုင်ဘူးလို့အဖြေကရှိပြီးသားပါ”ဟု နိုင်ရွှေသိန်းက ဆက်ပြောသည်။

မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီအစည်းအဝေးကို မွန်ပြည်သစ်ဗဟိုဌာနချုပ်တည်ရှိရာ ရေးချောင်းဖျား(မွန်ပြည်နယ်) ဒေသ၌ လွန်ခဲ့သည့် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၇ ရက်နေ့အထိ ကျင်းပခဲ့ခြင်းဖြစ်သည်။

အဆိုပါ မွန်ပြည်သစ်ပါတီဗဟိုကော်မတီအစည်းအဝေးပြီးဆုံးပြီးသည့်နောက် ရာထူး ဌာနအပြောင်းအလဲအချို့ရှိခဲ့သည်ဟု သိရသည်။

ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်ရွှေသိန်း(ပြည်ပရေးရာဌာနကြီးတာဝန်ခံ၊) ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်တလညီ(ဗဟိုအုပ်ချုပ်ရေးဌာနတာဝန်ခံ) ဗဟိုကော်မတီဝင် နိုင်အေးမွန်(ဗဟိုရုံးအုပ်နှင့် စည်းရုံးရေးဌာနတာဝန်ခံ) နိုင်အောင်မငေး(သထုံခရိုင်အတွင်းရေးမှူး) အဖြစ်ခန့်အပ်တာဝန်ပေးအပ်ခဲ့သည်ဟု သိရသည်။

“မွန်ပြည်သစ်ပါတီနဲ့ စစ်အစိုးရအပစ်အခတ်ပျက်ပြယ်သွားခဲ့ပါပြီ၊ ဒါပေမယ့် နိုင်ငံရေး အရဆက်လက်တွေ့ဆုံဖို့ဆိုရင် ကျနော်တို့တစ်ဖွဲ့နဲ့မဟုတ်ပဲ ဖက်ဒရယ်ပေါ်ထွန်းရေး ကော်မတီနဲ့ပဲဆွေးနွေးရပါမယ်” ဟု နိုင်ရွှေသိန်းက ဆက်ပြောသည်။

ဖက်ဒရယ်ပေါ်ထွန်းရေးကော်မတီတွင် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) နဲ့ ချင်းအမျိုးသား တပ်ဦး (CNF) ကချင်လွတ် မြောက်ရေးအဖွဲ့ (KIO)၊ မွန်ပြည်သစ်ပါတီ (NMSP) နဲ့ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA) တို့ဖြစ်ကြသည်ဟု သတင်းမှတ်တမ်းများအရသိရသည်။

“အစိုးရတပ်တွေ မကြာခင်ကျနော်တို့ကို လာတိုက်လိမ့်မယ်လို့ သိထားပါတယ်၊ အဲဒီအတွက်လိုအပ်တဲ့ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်နေရပါတယ်” ဟု နိုင်ရွှေသိန်းက ပြောသည်။

ယခုရက်ပိုင်း၌ အစိုးရတပ်ဖွဲ့အချို့ မွန်ပြည်သစ်ထိန်းချုပ်ဒေသအနီးရောက်ရှိခဲ့သော်လည်း အပြန်အလှန်ပစ်ခတ်မှုများမရှိသေးပေ။

မွန်ပြည်သစ်ပါတီသည် ဗဟိုကော်မတီဝင် ၂၇ ဦး၊ အရန်ဗဟိုကော်မတီဝင် ၅ ဦးဖြင့် ဦးဆောင်ဖွဲ့စည်းခဲ့သော်လည်း ယခုအစည်းအဝေးတွင် ဗဟိုကော်မတီဝင် ၂၄ ဦးသာ ကျန်ရှိသည်ဟု သိရသည်။

Ref;Kaowao

Read More...

ဟူးကောင်း ကချင်မနောပွဲတွင် ဆင်မဲဖောက်ပေး

11 April 2011

ကချင်ပြည်နယ် တနိုင်းမြို့နယ်၊ ဟူးကောင်းတွင် ယခုနှစ် ကချင်ရိုးရာ နှီးနောဖလှယ်ပွဲတွင် အသစ်အဆန်းအနေဖြင့် ကံစမ်းမဲ ဖောက်သည့်အစီစဉ်များပြုလုပ်ရာ ပေါက်မဲများကို ဆင် (သို့) သိန်း ၁၅၀ ဖောက်ပေးနေသည်။

ကံစမ်းမဲ ပထမဆု အဖြစ် ဆင် (သို့မဟုတ်) သိန်း ၁၅၀ကို ပေးအပ်ချီးမြှင့်ခြင်းဖြစ်ပြီး ကံစမ်းမဲ ပေါက်သူသည် ဆင်ကို ရွေးချယ်သွားခဲ့သည်ဟု ပွဲတော်တက်ရောက်ခဲ့သည့် မြစ်ကြီးနားမြို့နယ် ကချင်ရိုးရာ ဗဟိုကော်မတီဝင် တစ်ဦးမှ ပြောသည်။

“ဒါက ကမ္ဘာမှာ ပထမဆုံး လုပ်လိုက်တာပဲ၊ ဆင်က ငယ်သေးတယ်၊ ဆင်စွယ် မရှိသေးဘူး၊ ဆင်မကြိုက်ရင်တော့ သိန်း ၁၅၀ ပေးမယ်ပေါ့၊ ဆင်က တော်တော်ကြီးတယ်။”

hugawng-kachin_manau

ဆင်ကံစမ်းမဲအား စစ်ကိုင်းတိုင်း၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ထိန်းချုပ် နယ်မြေ၊ တရိုကျေးရွာသစ်မှ ဦးထွန်းဆိုသူ ရရှိသွားခြင်းဖြစ်ပြီး ၄င်းသည် တစ်စောင် လျှင် ကျပ် ၂၀၀၀ ပေးရသော ကံစမ်းမဲအစောင် ၁၀၀ ကျပ်ငွေ ၂ သိန်းအကုန်အကျ ဖြင့် ဝယ်ယူထိုးခဲ့ရာ မဲနံပါတ် ၉ သောင်း ဖြင့် ပေါက်သွားခဲ့ကြောင်း တနိုင်းမနောဖြစ်မြောက်ရေး ကော်မတီဝင်များမှသိရသည်။

မဲပေါက်သည့် ဦးထွန်းက မနောဖြစ်မြောက်ရေး ကော်မတီထံမှ ဆင်ကို ရယူခဲ့သော်လည်း ၎င်း၏ အိမ်သို့ သယ်ယူရန် ခရီးဝေးသဖြင့် ဆင်ကို သိန်း ၁၂၀ နှင့် ပြန်လည်ရောင်းချ ခဲ့ကြောင်း ၎င်းကော်မတီဝင်မှ ပြောသည်။

ယင်း ဟူးကောင်း ကချင်ရိုးရာမနောပွဲတော်ကို ဧပြီ ၄ ရက်နေ့ မှ ၇ရက်နေ့ အထိ စည်ကား စွာ ကျင်းပခဲ့ပြီး မနောပွဲတော် က ရာတွင် နာဂ၊ ရှမ်း၊ အိန္ဒိယ ကချင် စသည့် လူထုပရိ သတ် ၅၀၀ခန့် တက်ရောက် ပါဝင်ကခဲ့ကြသည်။

ကချင်ပြည်နယ်တွင် ဟူးကောင်းချိုင့်ဝှမ်းသည် ဆင်အသုံးများဆုံးနေရာ တစ်ခုဖြစ်ပြီး လမ်းပန်း ဆက်သွယ်ရေးလည်း ခက်ခဲသောကြောင့် ဆင်ဖြင့်သာ ကုန်တင်၊ သစ်ဆွဲ လုပ်ငန်း များ လုပ်ကိုင်နေကြရသည်။

“ရွှေမှော်မှာက ကားလမ်းသွားလို့မရဘူး၊ ကုန်တွေက လူမလို့ မရဘူး၊ စက်ကြီး၊ ဓါတ်ဆီ၊ ဒီဇယ်ဆီပုံးကြီးတွေကို ဆင်နဲ့ပဲ တစ်မိုင်၊ နှစ်မိုင် အခကြေးယူပြီး ဆွဲနေကြရတာ၊ ဒီမှာက ဆင်မရှိမဖြစ်ပဲ” ဟု ဟူးကောင်း ဒေသခံတစ်ဦး ပြောသည်။

ဆင် တစ်ကောင် ငှားရမ်းခ တစ်လကို ကျပ် သိန်း (၃၀) ခန့် ပေးရပြီး တစ်နေ့ ငှားရမ်း ယူလျှင် ကျပ်ငွေ (၁) သိန်း ပေးရကြောင်း ဒေသခံမှ ပြောသည်။

ကချင်ရိုးရာ မနောပွဲတွင် နှစ်စဉ်နှစ်တိုင်း ကံစမ်းမဲကို သုံးဘီးဆိုင်ကယ်၊ မော်တော် ဆိုင်ကယ်၊ တီဗွီ၊ ကာရာအိုကေ အောက်စက် စသည်ဖြင့် ကံစမ်းမဲ ဖောက်လေ့ရှိ ရာ ယခုနှစ်မနောပွဲတော်တွင်မူ ဆင် ကံစမ်းမဲ ဖောက်နိုင်သည့် အတွက် ကချင်လူထု တစ်ရပ်လုံး ဂုဏ်ယူဝံ့ကြွား ကျေနပ် ပျော်ရွှင်နေကြသည်။

ကံစမ်းမဲ လက်မှတ်ရောင်း ကော်မတီခွဲမှ ၎င်းတို့၏ ခရီးစရိတ်၊ အသုံးစရိတ်များ နှုတ်ယူပြီး လက်ကျန်ငွေ လက်မှတ်ဖိုး ကျပ်ငွေ သိန်း (၁၄၀)ကို မနောဖြစ်မြောက်ရေး ကော်မတီသို့ အပ်နှံခဲ့သည် ဟုပြောသည်။

ပြည်ထောင်စု အစိုးရသစ်မှလည်း ၎င်းပွဲအတွက် လှူဒါန်းသည့် (၁၄၈) သိန်း ကို လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးကမန်းဒူနော်နှင့် ပညာရေး၊ လူမှုရေး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဒေါ်ဖောင်ရမ်ဘောက်ဂျာတို့ တက်ရောက်လွဲအပ်ခဲ့သည်။

မနောပွဲ တစ်ကြိမ် ကျင်းပလျှင် ကျပ်ငွေ သိန်း ၂၀၀၀ ကျော် ကုန်ကျလေ့ရှိပြီး ၂၀၀၁ခုနှစ် ကချင်ပြည်နယ်နေ့ မနောပွဲတော်တွင်မူ ကျပ်သိန်း ၃၀၀၀ ကျော် ကုန်ကျခံကာ ပွဲတော် စည်းကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။

ယခုနှစ် ဟူးကောင်း မနောပွဲတော်တွင်မူ ကျပ်ငွေ သိန်း ၁၀၀၀ ကျော် ကုန်ကျခဲ့ကြောင်း သိရသည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မကခ)မှ တိုင်းမှူး ဗိုလ်မှူးချုပ် ဇေယျာအောင်၏ ညွန်ကြား ချက်အရ မနောဖြစ်မြောက်ရေး ကော်မတီမှ ငွေ ကျပ် သိန်း ၃၀၀ လှူဒါန်းကာ ကချင်လောပန်း ယွပ် ဇော်ခေါင် (Yup Zau Hkawng) မှ ကျပ်ငွေ သိန်း ၁၀၀ နှင့် နွားနှစ်ကောင် ပေးလှူခဲ့ခြင်းဖြစ်သည်ဟု မနောကော်မတီအဖွဲ့ဝင်များမှ သိရသည်။

ဒေသခံ အသီးသီးမှလည်း ငွေသား၊ နွား အစရှိသည်တို့ ထည့်လှူခဲ့သည်ဟု မနော ဖြစ်မြောက်ရေး ကော်မတီမှ ပြောသည်။

ဟူးကောင်းတွင် ကျင်းပသော မနောပွဲတော်ကို တနိုင်း မနောဖြစ်မြောက်ရေး ဥက္ကဋ္ဌ ကဆုတ်ဆင်ဝါး၊ တနိုင်း ကချင်ရိုးရာ ယဉ်ကျေးမှု ကော်မတီ ဥက္ကဋ္ဌ မကော့တူးခေါင်တို့မှ ဦးဆောင်ကျင်းပခဲ့ခြင်း ဖြစ်သည်။

မနောပွဲတော်များကို ကချင်တိုင်းရင်းသားမနောကော်မတီဝင်များကသာ ဦးဆောင်ကျင်းပ ပေးလေ့ရှိပြီး ကျသင့်ငွေများကို လူထုထဲမှ သူဌေးများနှင့် ကေအိုင်အိုက အဓိကပေးလှူ ထောက်ပံပေးခဲ့သည်။

သို့သော် ယခုနှစ်မှစ၍ ပွဲတော်များကို အစိုးရကျောထောက်နောက်ခံ ကြံ့ခိုင်ဖွံ့ဖြိုး ရေးပါတီများက ဦးဆောင်ကျင်းပရာ လူထုသူဌေးများထံမှ မထည့်မနေရနှင့်သော်လည်း ကောင်း သိန်းပေါင်းများစွာကောက်ခံကာ ပိုပိုလျှံလျှံသုံးစွဲခဲ့သည်ဟုသိ ရသည်။

Ref;KNG

Read More...

မတ်လ ၁၁ ရက်နေ့မှ ဧပြီလ ၁၁ ရက်နေ့ထိ ငလျင်အကြိမ်ပေါင်း ၄၀၀ ကျော် လှုပ်ခဲ့

ဧပြီလ ၁၂ ရက်မနက် ၇း၂၃ နာရီတွင် အင်အား မဂ္ဂနီကျုဒ် ၅.၅ ရှိသော ငလျင် နာဂါနိုခရိုင်တွင်း ဗဟိုပြုလှုပ်ခဲ့သလို၊ ၈း၀၈ မိနစ်တွင် ချီးဘားခရိုင်ပင်လယ်ပြင်တွင် ဗဟိုပြုလှုပ်ခဲ့သော ငလျင်ဟာ မဂ္ဂနီကျုဒ် ၆.၃ ရှိခဲ့ပါတယ်။ အဲဒီလိုပဲ ဧပြီလ ၁၁ ရက်နေ့ ညနေပိုင်းကလည်း အင်အားအတော်အသင့်ပြင်းတဲ့ ငလျင် လှုပ်ခဲ့ပါသေးတယ်။ မတ်လ ၁၁ ရက် နေ့ကနေ ဧပြီလ ၁၁ ရက်နေ့အထိ ပြင်းအား မဂ္ဂနီကျုဒ် ၅ အထက်မှာရှိတဲ့ ငလျင် အကြိမ်ပေါင်း ၄၀၀ ကျော်လှုပ်ခဲ့ပါ တယ်။

အဲဒီလို အကြိမ်ပေါင်းများစွာလှုပ်ခဲ့တဲ့အတွက် စိုးရိမ်စိတ်နဲ့ စိတ်ပျက်အားငယ်မှုတွေ တချို့ဂျပန်တွေမှာလည်း စတင် ပေါ်ပေါက်လာနေပါတယ်။

ဧပြီ ၁၁ ရက်နေ့မှာ ဂျပန်အစိုးရက ဖူကူရှီးမား ဒိုင်းအိချိ အမှတ်တစ် ဓာတ်အားပေး စက်ရုံကနေ အချင်းဝက် ကီလိုမီတာ ၂၀ ကနေ ၃၀ ကြားမှာရှိတဲ့ အရပ်မှာနေထိုင် တဲ့သူတွေ နေအိမ်တွင်းမှာနေကြဖို့ ညွှန်ကြားချက်ထုတ်ထားခဲ့တာကို ထပ် မံတိုးချဲ့မှုပြုလုပ် ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ ကီလိုမီတာ ၃၀ အတွင်းမှာမရှိပေမဲ့လည်း တချို့ဒေသတွေ ကို ပြောင်းရွှေ့ထွက်ခွာရန် လိုအပ်တဲ့အရပ်ဒေသတွေ ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ အကြောင်းပြတာကတော့ အဲဒီအရပ်ဒေ သတွေမှာ ကြာရှည်နေလို့ရှိရင် ရေဒီယိုဓာတ်ရောင်ခြည်သင့်မှုတွေ တဖြည်းဖြည်းချင်းနဲ့ ခံရမှုများလာတဲ့အခါ လူ့ကျန်း မာရေးကို ထိခိုက်လာနိုင်တဲ့အတွက်လို့ ဆိုပါတယ်။ ဖူကူရှီးမားခရိုင်တွင်းမှာရှိတဲ့ ခတ်ဆုရာအို့၊ နာမိအဲ့၊ အီးအိတာတဲ့၊ ခါဝါ့မာ့တာ့၊ မီနာမီဆိုးမာ့ ဆိုတဲ့ မြို့တွေ ရွာတွေဟာ ကီလိုမီတာ ၃၀ ပြင်ပမှာရှိပေမဲ့လည်း အစိုးရက ထုတ်ပြန်တဲ့ ပြောင်းရွှေ့ဖို့လိုတဲ့ အရပ်ဒေသတွေစာရင်းထဲမှာ ပါဝင်ပါတယ်။

အစိုးရပြောရေးဆိုခွင့်ရှိသူ ယုကိအို အဲဒါ့နို က အခြေအနေတွေဟာ တည်ငြိမ်မှုမရှိ သေးဘူးဆိုတာကို အတည်ပြုပြော ဆိုလိုက်ပြီး ကလေးသူငယ်တွေနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအပေါ် အကျိုးသက်ရောက်မှုရှိစေနိုင်တဲ့အတွက် အဲ ဒီအရပ်ဒေသတွေကို ၀င်ရောက်တာမျိုးမလုပ်ဖို့ ပြောပါတယ်။

ဧပြီလ ၁၁ ရက်နေ့က ညူကလီယားဘေးကင်းရေးဆိုင်ရာ အေဂျင်စီဟာ ဖူကူရှီးမား ဓာတ်အားပေးစက်ရုံကနေ ရေဒီ ယိုဓာတ်သတ္တိကြွမှု ဒြပ်တွေပျံ့နှံ့မှုပမာဏ များပြားနေ တယ်လို့ ဆိုပါတယ်။ ဒီအခြေအနေက ဂျပန်အစိုးရကို ဘေးကင်း လုံခြုံရေးအဆင့် ကို နိုင်ငံတကာစံနှုန်းသတ်မှတ်ချက်အရ အဆင့် ၅ ကနေ အဆင့် ၇ အထိ တိုးမြှင့်သတ်မှတ် ဖို့ကို စဉ်း စားရမယ့်အခြေအနေ ရောက်စေပါတယ်။ ညူလီယားဆိုင်ရာ အဲဒီအေဂျင်စီက ဒီထုတ်ပြန်ချက်ဟာ ကနဦးလေ့လာ တွေ့ရှိချက်တွေအပေါ် အခြေခံထားတာ လို့ ဆိုပါတယ်။

၁၉၇၉ ခုနှစ်က အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ Three Miles ညူကလီဓာတ်ပေါင်းဖို မတော်တဆမှုမှာ ဘေးကင်း လုံခြုံရေးအဆင့်ကို ၅ သတ်မှတ်ခဲ့ပါတယ်။ ဆိုဗီယက်ယူနီယံ (အခု ယူကရိန်းနိုင်ငံ) ချာနိုဘိုင်းလ် ညူကလီယားဓာတ် ပေါင်းဖို ပေါက်ကွဲခဲ့တဲ့တုန်းက အဆင့် ၇ သတ်မှတ်ခဲ့ပါတယ်။

ကျော်ကျော်စိုး

Ref;Naytthit

Read More...

ဒီကနေ့ ဂျပန်နိုင်ငံ ငလျှင်သတင်း

http://www.allvoices.com

ယနေ့  ၂၀၁၁ ဧပြီလ ၁၁ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီ ၁၆ မိနစ်တွင် ဂျပန်နိုင်ငံ IBARAKI အီဘာရာကီခရိုင် ကိုဗဟိုပြုကာ FUKUSHIMA ဖူကူရှီးမား၊ MIYAGI မီယာဂီ ခရိုင်တို့တွင် ပြင်းအား 7.1 magnitude အဆင့်ရှိသော ငလျှင်တခုလှုပ်သွားပါတယ်။

တိုကျိုမြို့ပေါ်တွင်မှာလည်းပြင်းအား 4 magnitude အဆင့်လှုပ်သွားပြီး၊ FUKUSHIMA မှာ ရှိတဲ့ ညူကလီးယားဓါတ် ပေါင်းဖိုများ ထိခိုက်မှုတွေမရှိဘူးလို့ သက်ဆိုင်ရာ TEPCO လျှပ်စစ်ဌာနကကြေငြာသွားပါတယ်။ ဂျပန်နိုင်ငံအရှေ့မြောက် ပင်လယ်ကမ်းရိုးတန်း ဒေသတွေမှာ ဆူနာမီသတိပေးချက် ထုတ်ပြန်ထားပါတယ်။ အပျက်အစီးသတင်းတွေ တော့ မသိရှိရသေးပါ။

ဒီနေ့ဟာ ဂျပန်နိုင်ငံသမိုင်းမှာ အလွန်ပြင်းထန်တဲ့ ပြင်းအား 8.9 magnitude အဆင့်ရှိ ငလျှင်ကြီးနှင့် ပေ ၅၀ ကျော် ဆူနာမီဒီလှိုင်းကြီး ဖြစ်ပေါ်ခဲ့ပြီး လူပေါင်း ၃ သောင်းခန့် သေကြေပျောက်ဆုံးကာ ကြီးမားတဲ့ ဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့တဲ့ တလပြည့်တဲ့နေ့လည်း ဖြစ်ပါ တယ်။

ကိုကိုအောင်

Ref;Naytthit

Read More...

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့စာနာရိုင်းပင်းစိတ်

April 11, 2011
ဧပြီလ ၄ ရက်နေ့က ထိုင်းနိုင်ငံ မဟာချိုင် ယာဉ်တိုက်မှုမှာ သေဆုံးသွားတဲ့ ရွှေ့ပြောင်း မြန်မာပြည်သားတွေအတွက် ဆုတောင်းပွဲတရပ်နဲ့ ယာဉ်တိုက်မှုအတွင်း ထိခိုက်ဒဏ်ရာ ရသူတွေကို အားပေးနှစ်သိမ့်မှုအစီအစဉ်တရပ် ဧပြီလ ၁၁ နေ့မှာ ရွှေ့ပြောင်း မြန်မာ တွေက ကျင်းပခဲ့ပါတယ်။




Ref;Naytthit

Read More...

သမ္မတဟောင်း ဘက်ဘိုကို ဥပဒေကြောင်းအရ အရေးယူမည်

11 ဧပြီ 2011

အဖမ်းခံထားရတဲ့ အိုင်ဗရီကို့စ် သမ္မတဟောင်း ဘက်ဘိုကို ဥပဒေကြောင်းအရ အရေးယူ ကိုင်တွယ်သွားဖို့ အတွက် တရားရေးဝန်ကြီးကို တိုက်တွန်းသွားမယ်လို့ အိုင်ဗရီကို့စ် သမ္မတအဖြစ် အရွေးခံထားရသူ အလာစဲန်း ၀ါထရာ (Alassane Ouattara) က ပြောလိုက်ပါတယ်။ တနင်္လာနေ့နှောင်းပိုင်းက နိုင်ငံအ၀ှမ်းကို ပြောကြားတဲ့ ရုပ်သံမိန့်ခွန်း ထဲမှာ မစ္စတာ ၀ါထရာက အခုအချိန်ဟာ အိုင်ဗရီကို့စ်ပြည်သူတွေ မျှော်လင့်ထား တဲ့ ခေတ်သစ်ကို ရောက်နေပါပြီလို့ ပြောသွားပါတယ်။

တိုင်းပြည်အ၀ှမ်းမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပုံမှန်အခြေအနေတွေ ပြန်ဖြစ်လာစေဖို့အတွက် ပြည်သူတွေအနေနဲ့ ငြိမ်ငြိမ်သက်သက် နေပေးကြဖို့ကိုလည်း မစ္စတာ ၀ါထရာက တိုက်တွန်းပါတယ်။ အခုအချိန်ဟာ ပြန်လည် သင့်မြတ်ရေးနဲ့ ခွင့်လွှတ်သင်ပုန်းချေရေး အတွက် သမိုင်းပြန်ရေးရမယ့် အခွင့်အလမ်းအချိန်အခါ ဖြစ်တယ် လို့လည်း သူက ပြောသွားပါတယ်။

တိုင်းပြည်အတွင်းမှာ တိုက်ခိုက်မှုတွေကို အဆုံးသတ်ကြဖို့ကို မစ္စတာ ဘက်ဘိုက အစောပိုင်းက မေတ္တာရပ်ခံ သွားပါတယ်။ အဘိုင်ဂျန်မှာရှိတဲ့ သမ္မတအိမ်တော်ဝင်း အတွင်း မစ္စတာဘက်ဘိုကို မစ္စတာ ၀ါထရာရဲ့ တပ်တွေက ဖမ်းမိပြီးနောက် နာရီပိုင်းအတွင်းမှာပဲ မစ္စတာ ၀ါထရာရဲ့TCI ရုပ်သံလိုင်းမှာ မစ္စတာဘက်ဘိုကို တနင်္လာနေ့က ခဏ မြင်လိုက်ရ ပါတယ်။

မစ္စတာ ဘက်ဘိုရှိရာ သမ္မတ အိမ်တော်ကို ပြင်သစ်နဲ့ ကုလသမဂ္ဂ ရဟတ်ယာဉ်တွေက တိုက်ခိုက်ခဲ့ပြီးနောက် ၀ါထရာရဲ့ တပ်တွေနဲ့ ပြင်သစ်အထူးတပ်ဖွဲ့တွေက အဲဒီဝင်းကို ၀င်ရောက် စီးနင်းခဲ့ပါတယ်။ အဲဒီမှာပဲ မစ္စတာ ဘက်ဘိုကို သူရဲ့အခြားသစ္စာခံ တပ်ဖွဲ့ဝင် အချို့နဲ့အတူ ဖမ်းဆီးရမိခဲ့တာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲအတွင်း မစ္စတာ ၀ါထရာ အနိုင်ရခဲ့တာကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာက အသိအမှတ်ပြုခဲ့ပေမဲ့လို့ မစ္စတာဘက်ဘိုက အာဏာလွှဲပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ အခုတော့ မစ္စတာဘက်ဘိုနဲ့ ဇနီးဖြစ်သူတို့ကို မစ္စတာ ၀ါထရာရဲ့ ဌာနချုပ်လုပ်နေတဲ့ ဂေါ့ဖ်ဟိုတယ်မှာ ဖမ်းဆီး ထိန်းသိမ်းထားပါတယ်။

Ref;VOA

Read More...

မြန်မာဒုက္ခသည် ပြန်ပို့ရေး ထိုင်းအစိုးရ ကုလနဲ့ဆွေးနွေး

မြန်မာနိုင်ငံတွင်းက အစိုးရတပ်နဲ့ လက်နက်ကိုင် သူပုန်တွေအကြား အနှစ် ၂၀ ကျော်ကြာ တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေး ရောက်ရှိလာတဲ့ မြန်မာတိုင်းရင်းသား ဒုက္ခသည် ၁သိန်းကျော် နေရပ်ပြန်ပို့ နိုင်ရေး အစီအစဉ်အတွက် ကုလသမဂ္ဂနဲ့အတူ ပူးတွဲလုပ်ဆောင်နေပြီလို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

ထိုင်းအမျိုးသားလုံခြုံရေးကောင်စီ အကြီးအကဲ ထာဝင် ပလီယံဆရီ (Tawin Pleansri) က တနင်္လာနေ့က ဘန်ကောက်မြို့မှာ ပြောဆိုသွားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အနှစ် ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ် လုပ်တဲ့ ဒီမိုကရေစီ ရွေးကောက်ပွဲတွေအပြီး အစိုးရသစ်ပေါ်လာတာနဲ့အညီ အခုလိုကိစ္စ ဆက်စပ်တယ် လို့လည်း သူက ပြောပါတယ်။ ဒါပေမဲ့လည်း ပြီးခဲ့တဲ့ ရွေးကောက်ပွဲကို လက်မခံ ဝေဖန်သူတွေကတော့ အခု အစိုးရ သစ်ဟာ အရွေးခံရတယ်ဆိုပေမဲ့ အများစုဟာ အရင် စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ သူတို့အနွယ်ဝင် ပတ်သက်နေသူတွေပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေး အစီအစဉ် ဘယ်တော့စမလဲ ဆိုတာကိုတော့ မစ္စတာ ထာဝင် က အသေးစိတ်မပြောပါဘူး။ ဒါပေမဲ့လည်း တချိန်ချိန် မကြာခင်မှာ စတော့မယ်လို့ သူက ပြောပါတယ်။ ဒုက္ခသည်တွေကို ကူညီကယ်ဆယ်ရေး လုပ်ပေးနေတဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းအတခုဖြစ်တဲ့ TBBC အဆိုအရတော့ ပြီးခဲ့တဲ့နှစ်မှာတင် မြန်မာတိုင်းရင်းသား ဒုက္ခသည်ပေါင်းဟာ ထိုင်းနိုင်ငံထဲမှာတင် ၁၄၅,၀၀၀ ကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းနဲ့နယ်ချင်းစပ် မြန်မာနယ်စပ်မှာ မြန်မာအစိုးရတပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် တွေအကြား စစ်ပွဲတွေဖြစ်ခဲ့တာ ဆယ်စုနှစ်နဲ့ချီ ကြာခဲ့ပါပြီ။ နောက်ဆုံး တိုက်ပွဲတွေကတော့ ပြီးခဲ့တဲ့နိုဝင်ဘာလမှာပြင်းပြင်းထန်ထန် ရှိခဲ့ပါတယ်။ အဲဒီတုန်းကတော့ မြန်မာတပ်တွေနဲ့ အပစ်အခတ် ရပ်စဲရေးယူပြီး ပြန်ပျက်သွားတဲ့ ဒီကေဘီအေ တပ်တွေအကြား တိုက်ပွဲဖြစ်တာ ဖြစ်ပြီး မြန်မာကျေးရွာသား ၁,၀၀၀ လောက်ထိုင်းနယ်စပ်မြို့ဘက်ကို ထွက်ပြေးလာခဲ့ရတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

နိုဝင်ဘာလ အစောပိုင်းက မြန်မာအစိုးရတပ်တွေနဲ့ ဒီကေဘီအေ အကြား နှစ်ရက်ကြာ တိုက်ပွဲအတွင်းတုန်း ကတော့ ကျေးရွာသူ ကျေးရွာသား ၂၀,၀၀၀ လောက် ထိုင်းဘက်ကို ထွက်ပြေးလာခဲ့ရပါတယ်။

Ref;VOA

Read More...

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးသံတမန် ခန့်အပ်တာဝန်ပေး

2011-04-11

အမေရိကန်သမတ ဘာရက် အိုဘားမားဟာ လက်ရှိ ပင်တဂွန်စစ်ဌာနချုပ်က အရာရှိ တဦးဖြစ်သူ မစ္စတာ Derek Mitchell ကို မြန်မာနိုင်ငံဆိုင်ရာ အထူးသံကိုယ်စားလှယ် အဖြစ် ခန့်အပ်တာဝန်ပေးဖို့ ပြင်ဆင်နေပါတယ်။

မစ္စတာ Derek Mitchell ဟာ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အာရှ ပစိဖိတ် ဒေသ ဆိုင်ရာ ဒုတိယ လက်ထောက် ကာကွယ်ရေး ဝန်ကြီး ဖြစ်ပါတယ်။ သူဟာ လက်ရှိ အမေရိကန်နိုင်ငံ ရဲ့ ပိတ်ဆို့ အရေးယူမှုကို ထောက်ခံသလို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လည်း ထောက်ခံလိမ့် မယ် လို့ ခန့်မှန်းနေကြ ပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး အပြောင်းအလဲ အတွက် အိမ်နီးချင်းနိုင်ငံတွေရဲ့ ပံ့ပိုးပေးမှုရအောင် အမေရိကန် အထူးသံကိုယ်စား လှယ် အနေနဲ့ ကြိုးစားသွားမဲ့ သဘောရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အိမ်နီးခြင်း အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေက အနောက်နိုင်ငံတွေရဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှု တွေကို ရုပ်သိမ်းပေးဖို့ တောင်းဆိုထားသလို အိမ်နီးချင်း အိန္ဒိယ နဲ့ တရုတ် နိုင်ငံတွေကလည်း မြန်မာအစိုးရနဲ့ မဟာဗျူဟာကျတဲ့ ဆက်ဆံရေးမျိုး တည်ဆောက် နေတာ ဖြစ်တဲ့အတွက် အမေရိကန် အထူးကိုယ်စားလှယ်အတွက် အခက်အခဲတွေ ရင်ဆိုင် ရလိမ့်မယ်လို့ သုံးသပ်နေကြပါတယ်။

တကယ်လို့ သမတ အိုဘားမားက မစ္စတာ မစ်ချဲလ်ကို အထူးသံကိုယ်စားလှယ်အဖြစ် သတ်မှတ်လိုက်ပြီးရင် အထက်လွှတ်တော်က အပြီးသတ် အတည်ပြုပေးရမှာ ဖြစ်ပါတယ်။ မစ္စတာ မစ်ချဲလ်ဟာ တရုတ်နိုင်ငံရေးရာ ကျွမ်းကျင်သူတဦး ဖြစ်ပြီး အာရှနိုင်ငံ အတွေ့ အကြုံတွေ ရှိသူ တဦး ဖြစ်ပါတယ်။ သူ့ကိုခန့်အပ်မဲ့ အစီအစဉ်နဲ့ပတ်သက်ပြီး သတင်းဌာနတွေ ကိုတော့ တစုံတရာ မပြောဆိုသေးပါဘူး။

Ref;RFA

Read More...

ကုလအထူးကိုယ်စားလှယ် ကင်တားနား ဗီဇာတောင်းထား

2011-04-11

မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို ရှေ့လအတွင်း သွားရောက်စုံစမ်း လေ့လာနိုင်ဖို့ မြန်မာအစိုးရသစ်ထံ စာရေး တောင်းဆိုလိုက်ပြီလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားက RFA ကို ပြောကြားပါတယ်။

လာမဲ့ မေလအတွင်း မြန်မာနိုင်ငံကို သွားရောက်ခွင့် ရဖို့ ပြီးခဲ့တဲ့သီတင်းပတ်ကပဲ ဂျီနီဗာမြို့မှာ ရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးကတဆင့် စာရေးသား ဆက်သွယ် တောင်းဆိုလိုက်ပြီ ဖြစ် ပါတယ်၊ မြန်မာအစိုးရထံက တုံ့ပြန်ချက်ကို စောင့်ဆိုင်းနေဆဲပါလို့ မစ္စတာ ကင်တားနား ပြောသွားပါတယ်။

မစ္စတာ ကင်တားနားဟာ လာမဲ့ ခရီးစဉ်အတွင်း မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။ ဒါ့ပြင် နိုင်ငံရေး အကျဉ်းသားတွေနဲ့ တွေ့ဆုံဖို့ အကျဉ်းထောင်တွေကို သွားရောက်မှာ ဖြစ်သလို ကရင်ပြည်နယ်က လူ့အခွင့်အရေး အခြေအနေတွေကိုလည်း သွားရောက် လေ့လာမယ်လို့ ပြောပါတယ်။

မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို ပွင့်ပွင့်လင်းလင်း ပြောဆို ထောက်ပြလေ့ ရှိတဲ့အတွက် ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလ ခရီးစဉ်နောက်ပိုင်း မြန်မာနိုင်ငံကို နောက်ထပ် လာရောက်ဖို့ တောင်းဆိုချက်တွေကို စစ်အစိုးရက ငြင်းပယ်ခဲ့ပါတယ်။

Ref;RFA

Read More...

News on April 11

Read More...

အမေရိကန်နိုင်ငံ ဖို့တ်ဝိန်းမြို့မှာ မြန်မာတဦး အသတ်ခံရ

2011-04-11

အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ် ဖို့တ်ဝိန်းမြို့မှာ မြန်မာလူမျိုးတဦး အသတ်ခံ ရတာနဲ့ ဆက်စပ်ပြီး သံသယ ရှိသူတဦးကို ဧပြီ ၁၀ ရက် မနေ့က မနက်ပိုင်းမှာ ရဲက ဖမ်းဆီး လိုက်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က ဖြစ်ပွားတဲ့ လူသတ်မှုနဲ့ ဆက်စပ်ပြီး ရဲက မြန်မာ ၂ ဦးကို စစ်ဆေးခဲ့တဲ့ထဲက အသက် ၄၆ နှစ်ရှိ ကိုညွန့်ရွှေ ဆိုသူကို ဖမ်းဆီး စစ်ဆေးနေတယ်လို့ ခရိုင် ရဲတပ်ဖွဲ့ ပြောခွင့်ရသူက ဆိုပါတယ် ။

ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ဒေသခံ တဦးက RFA ကို အခုလို ပြောပြပါတယ်။

“အသတ်ခံရတဲ့လူ နာမယ်က အောင်ဝင်းလို့ ခေါ်တယ်။ အဲဒီလို စွပ်စွဲခံရတဲ့ လူက ကောင်ကြီး ခေါ် သိန်းဦးနဲ့ စံကောက် ခေါ် ညွန့်ရွှေ ဖြစ်တယ်။ အခု သိန်းဦးကတော့ အပြင် ပြန်ရောက်လာပြီ။ စံကောက် ခေါ် ညွန့်ရွှေကတော့ ထောင်ထဲမှာပဲ ရှိတုန်းပဲ။ မှုခင်း ဆရာဝန်ကြီးကလည်း သေတဲ့လူက ဘာကြောင့် သေရတယ် ဆိုတဲ့ ဥစ္စာကို စုံစမ်း စစ်ဆေး ဆဲပဲ၊ မထုတ်ပြန်သေးဘူး။”

ခရိုင်ရဲတပ်ဖွဲ့က အမှု စုံစမ်းစစ်ဆေးရာမှာ ဘာသာစကား အခက်အခဲ ရှိကြောင်း၊ စုံစမ်းစစ်ဆေးဆဲ ဖြစ်လို့ သေဆုံးရတဲ့ အကြောင်းရင်းကို မထုတ်ပြန်သေးကြောင်း ပြောပါ တယ် ။

RFA ရဲ့ သီးခြား စုံစမ်းချက်အရတော့ အသတ်ခံရသူ ကိုအောင်ဝင်းကို ကရင်အောင်ဝင်း အဖြစ် လူသိများပါတယ် ။ ဖမ်းဆီးခံရသူ ကိုစံကောက် ခေါ် ကိုညွန့်ရွှေ ကတော့ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ဝင်ဟောင်း တဦးဖြစ်ပြီး သူတို့ဟာ တချိန်က ရန်ညှိုးရန်စ ရှိခဲ့ကြတယ်လို့ ရင်းနှီးသူတွေက ပြောကြပါတယ် ။

Ref;RFA

Read More...

ဘိုကလေးမှာ လေဆင်နှာမောင်းတိုက်ခတ်

2011-04-11

ဧပြီလ ၁၀ ရက်နေ့ ညနေ ၄ နာရီလောက်က ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်အတွင်း လေဆင်နှာမောင်း တိုက်ခတ်ခဲ့တဲ့အတွက် ပျဉ်ဘိုးကြီးကျေးရွာမှာ စာသင်ကျောင်း တကျောင်း အပါအဝင် အိမ်ခြေ ၂၀ လောက် ပျက်စီး သွားကြောင်း သတင်းရရှိပါတယ်။


အသင့်အတင့်အားပြင်းတဲ့ လေဆင်နှာမောင်း တိုက်ခတ်ပြီးတဲ့နောက် သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပျဉ်ဘိုးကြီးကျေးရွာကို သွားရောက်ခဲ့ကြောင်း ဘိုကလေးမြို့ခံ ကိုစော ဗန်ကူးက အခုလိုပြောပြပါတယ်။

“ဟုတ်ပါတယ်ခင်ဗျာ။ အခုဒီ ဘိုကလေးမြို့နဲ့ ဒီ ၁၅ မိုင်ခန့်အကွာပေါ့၊ ပျဉ်ဘိုးကြီး ကျေးရွာမှာ တိုက်သွားတာပါ။ အိမ်ခြေက အဲဒီ ကျေးရွာမှာက ၁၅၀ လောက် ရှိပြီးတော့ အိမ်အလုံး ၂၀ ခန့် အမိုးလန်သွားတယ်။ နောက် စာသင်ကျောင်းလေး အမိုးလန် သွားတယ်ပေါ့။ ၆ နာရီ ၁၀ မိနစ်လောက်မှာတော့ ဒေသဆိုင်ရာက အုပ်ချုပ်ရေး ကဏ္ဍရယ်၊ နောက်ပြီးတော့ ရဲတပ်ဖွဲ့က ဒုရဲအုပ်တယောက်နဲ့ ရဲတပ်သား တယောက်ရယ်။ ပြီးတော့ ပညာရေးဌာနရယ်၊ ကြက်ခြေနီအဖွဲ့ရယ် ဆင်းသွားတယ်လို့တော့ ကြားသိရတယ်။”

သဘာဝ ဘေးအန္တရာယ်တွေအကြောင်းကို မြန်မာ့ မိုးလေဝသနဲ့ ဇလဗေဒဌာန အကြီး အကဲဟောင်း ဦးထွန်းလွင်က ဘိုကလေးမြို့နယ်အတွင်း လှည့်လည် ဟောပြောနေချိန် မှာ အခုလို လေဆင်နှာမောင်း ကျရောက်ခဲ့တာ ဖြစ်ပါတယ်။ ရာသီဥတု ပြောင်းလဲမှုတွေ ကြောင့် မြန်မာနိုင်ငံမှာ မိုးဦးရာသီ စောလာနေပြီး မုန်တိုင်းတွေ ဖြစ်ပေါ်တတ် ကြောင်း ဧပြီလ ၉ ရက်နေ့က သတိပေးပြောကြားချက်နဲ့ တိုက်ဆိုင်နေကြောင်း ဒေသခံတွေ ကပြောဆိုပါတယ်။

ဦးထွန်းလွင်ရဲ့ ဟောပြောပွဲကို သွားရောက် နားထောင်ခဲ့တဲ့ ဘိုကလေးမြို့ခံတဦးကတော့ အခုလို ပြောပါတယ်။

“ဦးထွန်းလွင်က ခုမိုးကြိုကာလကတဲ့ ဧပြီ၊ မေဟာ မိုးကြိုကာလ ဖြစ်နေပြီတဲ့။ ဟိုတုန်းက မိုးကြိုကာလက မေ ၁၅ ရက်မှာ စတာတဲ့။ အခုဟာက သူက ရှေ့ကို ၄၅ ရက် တိုးပြီးတော့ စတဲ့အတွက် ဧပြီနဲ့ မေမှာ မုန်တိုင်း ဖြစ်ပေါ်နိုင်မှုတွေ ရှိတယ်လို့တော့ သူက ပြောသွားတယ်ခင်ဗျ။ တော်တော် အကျိုးရှိပါတယ်။ ဒီပုဂ္ဂိုလ်ဟာ တော်တော်လေးကိုလည်း ကျွမ်းကျင်တယ်ပေါ့နော်။ မိုးလေဝသနဲ့ ပတ်သက်လာရင်။ သူ့အပေါ်မှာ လူထုကလည်း တော်တော် ယုံကြည်တယ်။”

ဦးထွန်းလွင်ဟာ ဧပြီ ၁၁ ရက် ဒီကနေ့မှာတော့ မနေ့က လေဆင်နှာမောင်းဒဏ် ခံရတဲ့ ရွာနဲ့ ကပ်လျက် စက်စမ်းကျေးရွာမှာ သွားရောက် ဟောပြောနေကြောင်း သိရပါတယ်။

Ref;RFA

Read More...

Monday, April 11, 2011

လေလံကြေးသွင်းရန် ငွေဖော်သူများကြောင့် မြန်မာ့ရွှေဈေးကျ

11 April 2011

အစိုးရလေလံအောင်သူများက လေလံကြေးသွင်းနိုင်ရန် ရွှေနှင့်ဒေါ်လာများ ထုတ်ရောင်း၍ ငွေဖော်ကြသောကြောင့် မြန်မာ့ရွှေဈေးမှာ ကမ္ဘာ့ရွှေဈေးထျက် နိမ့်ကျနေကြောင်း သိရ သည်။

ကမ္ဘာ့ဈေးကွက်တွင် ရွှေဝယ်ယူမှုများပြီး ဧပြီ ၇ ရက်နေ့တွင် ရွှေတအောင်စလျှင် အမေရိကန်ဒေါ်လာ ၁၄၅၉ ဖြင့်ကမ္ဘာ့စံချိန် ချိုးသည်အထိ ထိုးတက်သွားခဲ့သော်လည်း မြန်မာ့ရွှေဈေးသည် ကမ္ဘာ့ရွှေဈေးထက် ကျပ် ၁ သောင်းကျော် နိမ့်ကျနေသည်။

ယနေ့ အကယ်ဒမီအခေါက်ရွှေ တကျပ်သားလျှင် ကျပ် ၆၆၈၀၀၀ ခန့်ရှိပြီး ဝယ်သူ နည်း နေကြောင်း သိရသည်။

“နိုင်ငံတကာမှာ ရွှေအ၀ယ်များလို့ ဈေးတအား ထိုးတက်ပေမယ့် ပြည်တွင်းမှာက အရောင်းအ၀ယ် မကောင်းဘူး။ ဈေးလည်း သိပ်ပြီးမတက်နိုင်ဘူး။ ကမ္ဘာ့ဈေးကွက် နဲ့မြန်မာ့ဈေးကွက်ပြောင်းပြန်ပဲ” ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းမှ ဒုတိယဥက္ကဋ္ဌဦးကျော်မြင့်နှင့် နီးစပ်သူ မန္တလေး ရွှေဆိုင်ပိုင်ရှင်တဦးက ဆိုသည်။

ပြည်သူပိုင် မြေကွက်၊ လုပ်ငန်း၊ အဆောက် အအုံများကို ငွေကျပ်သန်းပေါင်း သောင်းနှင့်ချီ၍ ပုဂ္ဂလိကသို့ ရောင်းချမှုကြောင့် ဈေးကွက်အတွင်း လှည့်လည်နေသော ကျပ်ငွေများမှာ အစိုးရထံသို့ အလုံးအရင်းနှင့် ပြန်လည်စီးဝင်ပြီး ငွေရှားပါးမှု ဖြစ် ပေါ်နေသည်။ ထိုသို့ ငွေရှားပါးမှုသည် ရွှေဈေးကွက်ကိုပါ ထိခိုက်စေပြီး မြန်မာငွေတန်ဖိုး တက် စေကာ အမေရိကန် ဒေါ်လာတန်ဖိုးကို ကျဆင်းစေသည်ဟု စီးပွားရေး ပညာရှင် တဦးက ပြောသည်။

မတ်လလယ်က အမေရိကန် ၁ ဒေါ်လာ ၈၉၀ ကျပ်ခန့် ဈေးပေါက်သော်လည်း မတ်လကုန်မှ စ၍ ယနေ့အထိ အမေရိကန် ၁ ဒေါ်လာ ၈၆၀ ကျပ် ဈေးနှင့် အရောင်းအ၀ယ် ပါးနေသည်။

“စီးပွားရေးတက်လို့ မြန်မာငွေ ဈေးတက်တာ မဟုတ်ဘူး။ လှည့်ပတ်ငွေရှားသွားလို့ ဈေးတက်တာ။ လှည့်ပတ်ငွေ ရှားရင် စီးပွားရေးကျမယ်၊ စီးပွားရေးကျရင် ဝင်ငွေကျပြီး လူတွေ ဒီထက်ပို ဆင်းရဲမယ်” ဟု စီးပွားရေး ပညာရှင်က ပြောသည်။

ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ ဗဟိုအလုပ် အမှုဆောင် စီးပွားရေးသမားတဦးက အစိုးရ၏ လေလံရောင်းချမှု၊ နိုင်ငံခြားဝင်ငွေ ဘီလီယံချီ ရရှိနေမှုများသည် ပြည်တွင်းစီးပွားရေးကို
တုံ့ဆိုင်းစေသည်ဟု ဆိုသည်။

“အစိုးရက ဓာတ်ငွေ့ရောင်း၊ ကျောက်မျက်ရောင်း၊ သစ်ရောင်း၊ ရေအားလျှပ်စစ် ထုတ်ရောင်းရာကနေ နိုင်ငံခြားဝင်ငွေ ဒေါ်လာ ဘီလီယံချီရနေတယ်။ ပြည်တွင်း စီးပွားရေးကောင်းလာအောင် မလုပ်ဘဲနဲ့ သယံဇာတ ထုတ်ရောင်းဖို့ပဲ အားသန်နေတယ်။ ပြည်သူပိုင်တွေ လေလံထုတ်ရောင်းတာကလည်း စီးပွားရေးလုပ်မယ့် ပိုက်ဆံတွေကို ပြန်သိမ်းသလို ဖြစ်နေတယ်” ဟု သူက ပြောသည်။

အစိုးရသစ်ထံ အာဏာလွှဲပြောင်းခြင်း မပြုမီ စစ်အစိုးရက ပြည်သူပိုင်ပစ္စည်း အမြောက် အမြားကို ပုဂ္ဂလိကသို့ လွှဲပြောင်း ရောင်းချခဲ့သည်။

လေလံရရှိသည့် လုပ်ငန်းရှင်များက အစိုးရထံ လေလံကြေး ပေးသွင်းရန် ဘဏ်များမှ ငွေချေးငှားခြင်း၊ ပိုင်ဆိုင်မှုများ ထုတ်ရောင်းခြင်းတို့ ပြုလုပ်ကြရာ စီးပွားရေး ဈေးကွက်အတွင်း လှည့်လည်နေသော ငွေကြေးများ တစုတစည်းတည်း အလုံးအရင်းနှင့် အစိုးရထံ ပြန်လည် ရောက်ရှိသွားကြောင်း၊ ထိုသို့ရောက်ရှိခြင်းကြောင့် ငွေရှားပါးမှုဖြစ်ပေါ်ပြီး ကျဆင်းနေသော စီးပွားရေးအခြေအနေကို ပိုမိုနှေးကွေးလာစေ ကြောင်း ရန်ကုန်အခြေစိုက် စီးပွားရေး အသိုင်းအဝန်းက ပြောဆိုနေသည်။

စစ်အစိုးရသည် ယခုနှစ် ဖေဖော်ဝါရီလအတွင်း ပြည်သူပိုင်မြေကွက်နှင့် အဆောက် အအုံများကို လေလံတင်ခဲ့ရာ စမ်းချောင်း မြို့နယ်ရှိ ပဒုမ္မာဇာတ်ရုံ မြေကွက်နှင့် အဆောက်အအုံ တခုတည်းကို ပြည်တွင်း လုပ်ငန်းရှင် တချို့က ကျပ် ၅၆၇၇၇ သန်းဖြင့် ဝယ်ယူခဲ့သည်။

နေပြည်တော်တွင် မတ်လ၌ ကျင်းပပြုလုပ်ခဲ့သော ၄၈ ကြိမ်မြောက် ကျောက်မျက် ရောင်းချပွဲတွင်လည်း အမေရိကန်ဒေါ်လာ ၂. ၈ ဘီလီယံဖိုး ရောင်းချခဲ့ရပြီး စစ်အစိုး ရအနေဖြင့် စံချိန်တင် ၀င်ငွေရရှိခဲ့သည်။

Ref;Irrawaddy

Read More...

ဆီးဂိမ်းကြောင့် နေပြည်တော် ကျေးရွာတချို့ရွှေ့ရမည်

စည်သူ
11 April 2011

နေပြည်တော် ဇေယျာသီရိမြို့နယ် ကိုးရွာသပြေကုန်း ကျေးရွာအုပ်စုရှိ ကျေးရွာ ၁၀ ရွာခန့်သည် ၂၀၁၃ ခု အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း) အပါအ၀င် စီမံကိန်း အသစ်များကြောင့် ရွှေ့ပြောင်းပေးရမည် ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“စီမံကိန်းက ဈေးဝယ်စင်တာ ဆောက် လုပ် မယ်လို့ကြားတယ်။၂၀၁၃ ဆီးဂိမ်း အမီ ဆောက်မယ်တဲ့။ အဲဒါ ကြောင့် ဒီကျေးရွာတွေက ဖယ်ပေး ရ တော့မယ်”ဟု ဆောက်လုပ်ရေး အသိုင်း အ၀ိုင်းမှ လုပ်ငန်းရှင် တဦးက ဧရာဝတီ သို့ ပြောကြားသည်။

၂၀၁၃ ဆီးဂိမ်း ပြိုင်ပွဲကို မြန်မာက အိမ်ရှင် နိုင်ငံအဖြစ် လက်ခံ ကျင်းပမည်ဖြစ်သည်။

အဆိုပါ ကိုးရွာသပြေကုန်း ကျေးရွာသည် ဇေယျာသီရိ မြို့နယ်အတွင်းရှိ ဥပါတ္တသန္တိ စေတီ အနီးတွင်တည်ရှိကာ ကျေးရွာ ၁၀ ရွာခန့် ပါဝင်ပြီး အိမ်ခြေ ၁၀၀၀ ကျော်ရှိကြောင်း သိရှိ ရသည်။

“ဘုရားနားနီးတဲ့ အပြင် နေပြည်တ်ာရဲ့ အဓိကလမ်းမကြီးဖြစ်တဲ့ ရာဇဌာနီ လမ်းမကြီး ပေါ်မှာရှိတော့ နေပြည်တော်အတွက်မတင့် တယ်ဘူး ဆိုပြီးတော့ ရွှေ့ခိုင်းတာ လည်းပါတယ်”ဟု ဆောက်လုပ်ရေး အသိုင်းအ၀ိုင်းမှ လုပ်ငန်းရှင်က ဆက်လက် ပြောဆိုသည်။

ရွှေ့ပြောင်းရမည့် ကျေးရွာများမှ ဒေသခံများကို နေပြည်တော်ရှိ ဘူးကွဲအိမ်ရာ အနီးရှိ ရွှေနံ့သာကျေးရွာနှင့် ယင်းကျေးရွာ အနီးတွင် မြေကွက်များဖော်ထုတ်ကာ နေရာချထား ပေးမည်ဖြစ်ကြောင်း နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ၀န်ထမ်း တဦးက ပြောသည်။

“ကျေးရွာသားတွေကို တအိမ်ထောင် ပြောင်းရွှေ့ခ ကျပ် ၅ သိန်းပေးမယ်။ မြေကွက် တကွက်စီပြန်ချထားပေးမယ်။ အခုအချိန် အထိတော့ မြေကွက် ဘယ်နှပေ ပတ်လည် ဆိုတာ မဆုံးဖြတ်ရသေးဘူး”ဟု ၎င်းက ဆိုသည်။

သို့သော် မည်သည့်အချိန်တွင် စတင်ရွှေ့ပြောင်းရမည်ကိုမူ အတည်ပြုနိုင်ခြင်း မရှိသေး ကြောင်း နေပြည်တော် စည်ပင်ဝန်ထမ်းက ဆက်လက် ပြောဆိုသည်။

ကိုးရွာသပြေကုန်း ရွာသားတဦးကလည်း“ကျနော်တို့က လက်လုပ်လက်စားနဲ့ လယ်လုပ် သူများတယ်။ မြေကွက်အသစ် ချထား ပေး လည်း ကျနော်တို့ လုပ်မစား တတ်ဘူး။ အပြင် စီးပွားရေးကို၊ တော်တော်တော့ စဉ်စားရဦးမယ်။ ကျနော်တို့ကို ပြောင်းပေးတဲ့ နေရာ မှာ အလုပ် အဆင်ပြေအောင်”ဟု ပြောသည်။

ယခင်ကလည်း နေပြည်တော် တောင်ပေါ်ဒေသများရှိ ချင်းရွာများ၊ ကရင်ရွာများကို ဗျူဟာလမ်း(နေပြည်တော် ပတ်ပတ်လည်ရှိ တောင်များပေါ်တွင် စစ်ရေးအတွက် လျှို့ဝှက်ဖောက်လုပ်ထားသောလမ်း)ဖောက်လုပ်ရန်အတွက် မြေပြန့်သို့ နေရာချ ထားပေးရာမှ ၀ါးခုတ်၊ မျှစ်ချိုးသာ လုပ်ခဲ့သော တောင်ပေါ် ဒေသခံများမှာ မြေပြန့်တွင် အလုပ် မလုပ်တတ်သဖြင့် တချို့ မိန်းကလေးများမှာ ခန္ဓာကိုယ်နှင့် ရင်းနှီး လုပ်ကိုင်ရသည်များရှိခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

“အစိုးရက ရွှေ့ဆို အတင်းရွှေ့ခိုင်းတယ်။ လျော်ကြေး မပေးဘူးမဟုတ်ဘူး ပေးပါတယ်။ လယ်တဧက ကျပ် ၅ သိန်း ပေးတယ်။ အဲဒီ ၅ သိန်းက သုံးလေးလဆို ကုန်တာပဲ။ လယ်တဧက က ကျနော်တို့ တသက်လုံး ထမင်းစားလို့ ရတယ်”ဟု ၂၀၁၃ ဆီးဂိမ်း အတွက် အားကစားကျေးရွာ ဆောက်လုပ်ရန် ယမန်နှစ်က လယ်အသိမ်းခံခဲ့ရသူ ပုပ္ပါးကုန်း ကျေးရွာ ဒေသခံတဦးက ပြောသည်။

အစိုးရ စီမံကိန်းများကြောင့် လယ်မြေအသိမ်းခံရသူများမှာ စီးပွားရေးလုပ်ကိုင်မှု အဆင်မပြေမှုများရှိခဲ့သည့် အတွက် မကြာမီ ရွှေ့ ပြောင်းရတော့မည့် ကိုးရွာသပြေ ကုန်းရွာသားများသည် နေပြည်တော် တည်ဆောက် ရေးလုပ်ငန်းခွင်များနှင့် တနိုင် တပိုင် ကိုယ်ပိုင် လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ပြင်ဆင်လျက်ရှိ ကြောင်း သိရသည်။

Ref;Irrawaddy

Read More...

သံချပ်မထိုးရန် အစိုးရသစ် တားမြစ်


သမ္မတ ဦးသိန်းစိန် အစိုးရသစ်က သင်္ကြန်ပွဲတော် ရက်များအတွင်း ရိုးရာ အစဉ်အလာ တခုဖြစ်သော သံချပ်ထိုးခြင်း မပြုလုပ်ရန် တနင်္လာနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှတဆင့် ပွဲဦးထွက် တားမြစ်လိုက်သည်။

ရက်ပိုင်းမျှသာ သက်တမ်းရသေးသော အစိုးရသစ်၏ ပွဲဦးထွက်တားမြစ်ချက်တခုဖြစ်သည့် ယဉ်ကျေးမှု ဝန်ကြီးဌာန ထုတ်ပြန်နှိုးဆော်ချက်တွင် “တပါးသူ၏ ဂုဏ်သိက္ခာ ပျက်ပြားထိခိုက်စေရန် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပြောဆိုခြင်း၊ သံချပ်ထိုးခြင်း၊ သီဆိုခြင်း၊ လှုပ်ရှားဆောင်ရွက်ခြင်း စသည့် အပြုအမူများ” မပြုလုပ်ကြရန် ဧပြီလ ၉ ရက်နေ့ထုတ် အစိုးရအာဘော်သတင်းစာတွင် ဖော်ပြပါရှိသည်။

မဟာသင်္ကြန်ကာလအတွင်း ထိုသို့ သံချပ်ထိုးခြင်း၊ သီဆိုခြင်း ပိတ်ပင်ခြင်းသည် တိုင်းပြည်၏ ပါးစပ်၊ နားနှင့် နှလုံးသားကို ပိတ်ပင်လိုက်ခြင်းနှင့် တူညီကြောင်း ဝါရင့် သတင်းစာဆရာကြီး ဦးဝင်းတင်က သုံးသပ်သည်။

“ဒါတွေက နေ့တိုင်းဆိုနေကျ၊ နေ့တိုင်းပြောနေကြတဲ့ကိစ္စ မဟုတ်ဘူး။ တနှစ်မှာ တခါပဲ ပြောတာ။ တနှစ်မှာ တခါပြောတဲ့ဟာကို ပိတ်ထားတယ်ဆိုလို့ရှိရင် ဒီသင်္ကြန်သံချပ်ဆိုတာက သီတင်းကျွတ်မှာလည်း သွားထိုးလို့ မရဘူးဗျာ။ ဝါဆိုလပြည့်နေ့ သွားထိုးစရာလည်း မလိုဘူးပေါ့ဗျာ။ သင်္ကြန်သံချပ်ကို သင်္ကြန်ကာလမှာ ပိတ်လိုက်တယ်ဆိုတာဟာ တိုင်းပြည်ရဲ့ ပါးစပ်၊ တိုင်းပြည်ရဲ့ နား၊ ဒါတင်မကဘူး တိုင်းပြည်ရဲ့နှလုံးသားကိုပါ ပိတ်တယ်လို့ ကျနော် အဲဒီလိုပဲ ပြောလို့ရတာပေါ့ဗျာ” ဟု ဦးဝင်းတင်က ပြောသည်။

ယခင် သီးလေးသီးအငြိမ့်အဖွဲ့မှ လူရွှင်တော် ဂေါ်ဇီလာကလည်း “သံချပ်ဆိုတာက လူတွေရဲ့ ရင်ထဲမှာရှိတဲ့ ခံစားချက်တွေ ဟစ်တိုင်ပဲဗျ။ ဒါ ဖော်ထုတ် ကြတာ။ ဖော်ထုတ်ကြတယ်ဆိုတာက သူတို့ရင်ထဲမှာ နာကျဉ်းမှုက များလေ သံချပ်တွေက ကောင်းလေပဲလေ။ ဆိုတော့ ပိုပြီးတော့ ထိရောက်တယ်ပေါ့နော်။ ပြတ်လုံးတွေထက် စာရင်လည်း သူက ပိုပြီးတော့ ထိရောက်တယ်ဗျ။ အဲဒီလို ထိရောက်တဲ့အခါကျတော့ ဒီ လူရွှင်တော်ပြတ်လုံးတောင်မှ သူတို့က အထိမခံဘူးလေ။ နည်းနည်းလေး ရိပ်ဖမ်းသံဖမ်း ပြောတာတောင် အထိအခံတဲ့အခါကျတော့ သံချပ်ကျတော့ ဒဲ့ဖြစ်တာကိုး။ ဒဲ့တော့ ပိုအပြောမခံဘူး” ဟု မဇ္ဈိမကို ပြောသည်။

မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်များတွင် ရှေးယခင်ကတည်းက သင်္ကြန်ရောက်တိုင်း သံချပ် ထိုးလေ့ရှိပြီး အပြုသဘောဆောင်သည့် ဝေဖန်ထောက်ပြချက်များကို ရေးသား၊ သီဆိုခဲ့သည့် အစဉ်အလာအဖြစ် မြန်မာများက လက်ခံခဲ့ကြသည်။

သံချပ်ဆိုသည်မှာ “အိုးစည်ဝိုင်း၊ ဒိုးပတ်ဝိုင်းတို့တွင် အတိုင်၊ အဖောက် သီဆိုလေ့ရှိသော သံပေါက်ဆန်ဆန် သီချင်းမျိုး ဖြစ်သည်။ သံချပ်ထိုးခြင်းဆိုသည်မှာ အကြောင်းအရာ တရပ်ရပ်ကို သံချပ်စပ်၍ သီဆိုခြင်းနှင့် သံချပ်ဖြင့် ထုတ်ဖော်ပြက်ရယ်ပြုခြင်း” ဟူ၍ ၁၉၈ဝ ခုနှစ်တွင် ပထမအကြိမ် ထုတ်ဝေခဲ့သည့် မြန်မာအဘိဓာန် အကျဉ်းချုပ်၌ ဖော်ပြထားသည်။

“မြန်မာ့လူ့ဘောင်က လုပ်လာခဲ့တာ နှစ်ပေါင်းမြောက်မြားစွာ ရှိပြီ။ ဂျပန့်ခေတ်မှာလည်း ဒီလိုသံချပ်တွေ ပေါ်ခဲ့တာပဲ။ အင်္ဂလိပ်ခေတ်မှာလည်း ဒီလိုသံချပ်တွေ ပေါ်ခဲ့တာပဲ။ အင်္ဂလိပ်ခေတ်ကိုလည်း မြန်မာတွေက ဆော်တာပဲ။ ဖက်ဆစ်ဆိုတဲ့ ဂျပန်တွေကိုလည်း မြန်မာတွေက ဝေဖန် ပြစ်တင် ထိုးနှက်တာပဲ။ နောက် မြန်မာအစိုးရဆိုတဲ့ ဒီမိုက ရေစီအစိုးရတွေ၊ ဆိုရှယ်လစ်အစိုးရတွေလည်း ဒီလိုပဲ ထိုးနှက်ကြတာပဲဗျ။ ဒီခေတ်ကျမှ ပိတ်ခံရတယ်ဆိုတာကတော့ ဒါ တော်တော် လွန်တဲ့ဟာ” ဟု ဦးဝင်းတင်က ပြောဆိုသည်။

သံချပ်ထိုးခြင်းကို ပိတ်ပင်ခြင်းသည် ရိုးရာယဉ်ကျေးမှုကို ဖောက်ဖျက်ရာကျပြီး အစိုးရက ပြောဆိုနေသည့် ရိုးရာယဉ်ကျေးမှုထိန်းသိမ်းခြင်းဆိုသည့် အရာနှင့် လွဲချော်နေကြောင်း ဝေဖန်မှုများလည်း ရှိသည်။

“ရိုးရာယဉ်ကျေးမှုကိုလည်း ပိတ်သလိုဘဲပေါ့နော်။ ကျနော်တို့ အနုပညာသမားတွေအနေနဲ့ အဲဒီလို ခံစားရတယ်။ ဒီ သင်္ကြန်နဲ့ သံချပ်ဆိုတာ တကယ်တမ်းပြောရင် လင်နဲ့ မယားပဲ။ ဒီလို ရိုးရာယဉ်ကျေးမှုကို သူတို့က တကယ်တမ်းပြော ရရင် ဒီအစိုးရက ထိန်းသိမ်းစောင့်ရှောက်ခြင်းလည်း မရှိဘူး။ သူတို့ရဲ့ ထိန်းသိမ်းစောင့်ရှောက်မှုက သတင်း စာတို့ ပါးစပ်ထဲတို့မှာပဲ ရှိတယ်” ဟု ကိုဂေါ်ဇီလာက မဇ္ဈိမကို ပြောသည်။

ဦးဝင်းတင်ကမူ နိုင်ငံရေး၊ စီးပွားရေးနှင့် အစိုးရအဖွဲ့အတွင်း အကျင့်ပျက် ခြစားမှုများကို ဖော်ထုတ်မည်ကို စိုးရိမ်သောကြောင့်ဟု သုံးသပ်သည်။

“နိုင်ငံရေး ပတ်သက်ကောင်း ပတ်သက်မယ်ပေါ့ဗျာ။ ဒါ သူတို့ရဲ့ စီးပွားရေးပတ်သက်တာ ဖြစ်မယ်ဗျာ။ သူတို့ရဲ့ အုပ်ချုပ်ရေးနဲ့ ပတ်သက်တာ ဖြစ်မယ်ဗျာ။ ဒါမှမဟုတ်လည်း သူတို့ရဲ့ အသိုင်းအဝိုင်းတခုလုံးက အကျင့်ပျက် ခြစား၊ သူခိုး သဘက်တွေလို ဖြစ်နေတဲ့၊ ဓားပြတွေလို ဖြစ်နေတဲ့အခါမှာ လူတွေကြားထဲမှာ နေ့တိုင်း၊ အချိန်တိုင်း မပြော တတ်ပေမယ့်လို့၊ ပြောဖို့လမ်းတွေ မရှိတဲ့အခါမှာ သင်္ကြန်လို ကာလမျိုးမှာ လူတိုင်းက သူ့ပါးစပ်နဲ့ကို တခါတည်း အော်ပြီးတော့ ဒီသံချပ်တွေဘာတွေနဲ့ ပြောတဲ့အခါ၊ အဲဒီလို ပြောခြင်းဟာ သူတို့အဖို့ကတော့ ဘယ်လိုမှ သည်းညည်းမခံနိုင်တော့ဘူး။ အဲဒါကြောင့် သူတို့က ဒါတွေကို ပိတ်တယ်၊ ဆို့တယ်” ဟု သူက ဆိုသည်။

ဦးသိန်းစိန်၏ သမ္မတသစ် မိန့်ခွန်းတွင် “စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်း မီဒီယာများနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ခေတ်နဲ့မလျော်ညီတဲ့ စာပေ၊ စာနယ်ဇင်းဆိုင်ရာ ဥပဒေအချို့ကို ပြင်ဆင်ပြဋ္ဌာန်းခြင်း” များ ပြုလုပ်သွားရန် ထည့်သွင်းပြောဆိုခဲ့သေးသည်။

Ref:Mizzima

Read More...

တိုက်ပွဲများ ရပ်စဲချင်သည့် ကရင်ပါတီ


ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကရင် လက်နက်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား အပစ်အခတ် ရပ်စဲစေလိုကြောင်း ကရင်ပြည်သူ့ပါတီက ပြောသည်။

“ဒေသမှာ လိုအပ်နေတဲ့ လမ်းတွေ၊ ကျောင်းတွေ ဆောက်တယ်။ တောကလူတွေနဲ့ တိုက်ပွဲဖြစ်၊ မီးရှို့၊ ဒါတွေဖြစ်နေရင် ဘယ်လိုတိုးတက်မလဲ။ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးမှုက ဆက်နွယ်နေတာဆိုတော့ တယောက်နဲ့တယောက် အပြန်အလှန် နားလည်မှုရှိအောင် လုပ်ရမယ်” ဟု ကရင်ပြည်သူ့ပါတီ အထွေထွေ အတွင်းရေးမှူး ဦးစောစေးဝါးက မဇ္ဈိမကို ပြောသည်။

ပြည်နယ် အစိုးရ အနေဖြင့် အပစ်ရပ်ရေးကို ဦးစားပေး လုပ်ငန်းအဖြစ် လုပ်ကိုင် စေလိုသော်လည်း ချက်ချင်း လက်ငင်း ဆောင်ရွက်နိုင်လိမ့်မည် မဟုတ်ဟုလည်း သူက ဆိုသည်။

ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်အတွက် တိုက်ပွဲဝင်သည့် ကရင်အမျိုးသားအစည်းအရုံး KNU၊ တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် DKBA နှင့် နေပြည်တော် တပ်များအကြား ပြည်နယ်အတွင်း မကြာခဏ ဆိုသလို တိုက်ပွဲများ ဖြစ်ပွားလျက် ရှိသည်။

ကရင်ပြည်နယ်အစိုးရ ဝန်ကြီးဌာန ၉ နေရာတွင် ကရင်ပြည်သူ့ပါတီမှ တဦး၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီမှ ၂ ဦး၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ တဦး၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ တဦး အသီးသီး ပါဝင်သည်။ ကျန်နေရာများမှာ စစ်တပ်ကိုယ်စားလှယ်နှင့် ကြံ့ခိုင်ရေးပါတီမှ ဖြစ်ကြသည်။

ကရင်ပြည်သူ့ပါတီမှ သံတောင်ကြီးမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ ဦးစောခရစ္စတိုဖာက လူမှုရေး၊ ပညာရေးနှင့် ကျန်းမာရေးဝန်ကြီး ဖြစ်သည်။

ဝန်ကြီးချုပ်မှာမူ အခြားပြည်နယ်များနှင့်မတူ တမူထူးခြားစွာပင် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ဇော်မင်း (ဥက္ကဋ္ဌဟောင်း၊ ကရင်ပြည်နယ် အေးချမ်းသာ ယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ) ဖြစ်သည်။

“ဝန်ကြီးချုပ်နေရာမှာ ကိုယ့်ပါတီက မရတောင် တခြားပါတီက ကိုယ့်အမျိုးသား တယောက်ယောက်ရရင် ပိုအားရှိတာပေါ့။ အဲလိုမဖြစ်လာတာ ကျနော်တို့တွေ ညံ့လို့ပါ” ဟု ဦးစောစေးဝါးက ပြောသည်။

ကရင်အမျိုးသားလက္ခဏာ တရပ်ဖြစ်သည့် ကရင်စာပေ သင်ကြားနိုင်ရေးမှ စတင်ကာ ပြုပြင်ပြောင်းလဲရေးကို တဆင့်ချင်း လုပ်ဆောင်နိုင်လိမ့်မည်ဟုလည်း ကရင်ပြည်သူ့ပါတီက မျှော်လင့်ထားသည်။

ပြည်နယ်လွှတ်တော်၌ အမတ်နေရာ ၂၃ နေရာအနက် တပ်မတော်သားကိုယ်စားလှယ် ၆ ဦးနှင့် ရွေးကောက်ခံ အမတ် ၁၇ ဦး ဖြစ်သည်။ ထိုအထဲတွင် ကရင်အမျိုးသားများ၊ စစ်မှုထမ်းဟောင်းများဖြင့် ဖွဲ့စည်းထားသည့် ကရင်ပြည်သူ့ပါတီမှ ၂ ဦး ပါဝင်သည်။

ဝန်ကြီးများ စာရင်း
၁။ ဗိုလ်မှူးကြီးအောင်လွင် (တပ်မတော်သား ကိုယ်စားလှယ်) လုံခြုံရေးနှင့် နယ်စပ်ရေးရာ
၂။ ဦးသံဒိုင် (ကြံ့ဖွံ့) စက်မှုနှင့်ဆက်သွယ်ရေး
၃။ ဦးစောဆာလောလ (ကြံ့ဖွံ့) သတ္တု
၎။ ဦးစောဝင်းထိန် (ကြံ့ဖွံ့) စိုက်ပျိုးရေးနှင့်မွေးမြူရေး
၅။ ဦးစောခရစ္စတိုဖာ (ကရင်ပြည်သူ့) လူမှုရေး၊ ပညာရေးနှင့် ကျန်းမာရေး
၆။ ဦးမင်းစိုးသိန်း(ခ)နိုင်မင်းစိုးသိန်း (မွန်ဒေသလုံး) စွမ်းအင်
၇။ ဦးချစ်လှိုင် (ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး) စီးပွားရေး
၈။ ဦးစောကြည်လင်း (ဖလုံ-စဝေါ်) သစ်တော
၉။ ဦးစောခင်မောင်မြင့် (ဖလုံ-စဝေါ်) ပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး

Ref;Mizzima

Read More...

တနင်္သာရီတိုင်းရှိ လှုပ်ရှားတပ်များ အား ဘာသာစကား သင်ကြားပို့ချ ပေးမည်

11 April 2011

စောသိန်းမြင့်

မြန်မာအစိုးရသည် တနင်္သာတိုင်း နယ်စပ်ဒေသတွင် လှုပ်ရှားနေသည့် ၎င်းတို့၏ စစ်တပ်များအတွက် ဘာသာစကား နားလည် တတ်ကျွမ်းမှုရှိရန် ကမ်းရိုးတန်းဒေသ စစ်ဌာနချုပ်(ကရခ) မြိတ်မြို့တွင် ဧပြီလ ၁၅ရက်နေ့မှ ဇွန်လ ၁၅ရက်နေ့အထိ ၂လတိတိ ဘာသာစကားသင်တန်း သင်ကြား ပို့ချပေးမည်ဖြစ်ကြောင်း စစ်တပ်အသိုင်း အ၀ိုင်းမှလာသည့် သတင်းများအရ သိရသည်။

တနင်္သာရီ နယ်စပ်ဒေသတွင် တာဝန်ထမ်းဆောင်ရာ၌ ဘာသာစကား တတ်ကျွမ်း နားလည်စေရန် ရည်ရွယ်သည့် အဆိုပါသင် တန်းတွင် ကရင်နှင့် ထိုင်းဘာသာ စကားကို သင်ကြားမည်ဖြစ်ပြီး သင်တန်းတက်ရောက်ရန်အတွက် တနင်္သာရီတိုင်း တွင် လှုပ် ရှားနေသည့် စစ်ကွပ်ကဲရေးဌာနချုပ်(စကခ)နှင့် စစ်ဗျူဟာ(စဗဟ) လက်အောက်ခံ တပ်ရင်းအားလုံးမှ တပ်ရင်း ၁ရင်းကို ဒုဗိုလ် အဆင့်ရှိ အရာရှိ ၂ဦးစီ မပျက်မကွက် စေလွှတ်ရန် ကမ်းရိုးတန်းတိုင်းဒေသ စစ်ဌာနချုပ်(ကရခ)မှ ပြီးခဲ့သည့် ဧပြီလ ၁၀ရက် နေ့က ညွှန်ကြားလိုက်သည်ဟု စစ်တပ်သတင်းရပ်ကွက်အရ သိရသည်။

တနင်္သာရီတိုင်းမှ အစိုးရစစ်တပ်နှင့် နီးစပ်သူတဦးက “ကရခ အမိန့်နဲ့ ၁၄ရက်နေ့နောက်ဆုံး တိုင်းစစ်ဌာနချုပ်မြိတ်ကို အားလုံး အရောက်သွားရမယ်။ ရည်ရွယ်ချက်ကတော့ နယ်စပ်ဒေသမှာ ထိုင်းတွေနဲ့ ကိစ္စတခုခု ပေါ်လာလို့ရှိရင် တွေ့ဆုံဆွေးနွေးလို့ရ အောင်ရယ်။ ဒေသခံလူထုတွေကို စည်းရုံးဖို့အတွက်ပဲ ဖြစ်တယ်။”ဟု ပြောသည်။

အစိုးရစစ်တပ်မှ ထိုကဲ့သို့ လုပ်ဆောင်ခြင်းသည် ဆန့်ကျင်ဘက်အဖွဲ့အစည်းများကို စုံစမ်းထောက်လှမ်းရာတွင် ထိုင်းဘက်ခြမ်း ဖြစ်စေ၊ မြန်မာပြည်တွင်းက ကရင် လူထုများအကြားဖြစ်စေ ၎င်းတို့လူများကို မြှုပ်နှံထားနိုင်ရန်အတွက် လုပ်ဆောင်ခြင်း ဖြစ် ကြောင်း ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ဘိတ်/ထားဝယ်ခရိုင်၏ အတွင်းရေးမှူး ပဒိုစောသောသီဖေက ပြောသည်။

“ကျနော်တို့ သိရတဲ့အတိုင်းဆိုလို့ရှိရင် ဒါတွေဟာ ထောက်လှမ်းရေးအသိုင်းအ၀ိုင်းက လာတဲ့လုပ်ဆောင်ချက်တွေ ဖြစ်တယ်။ ဆိုလိုချင်တာက ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေကို စုံစမ်းဖော်ထုတ်နိုင်ဖို့အတွက် သူတို့လူတွေကို လူထုတွေအကြားမှာ မြှုပ် နှံထားဖို့ပါပဲ။”ဟု ၎င်းက ပြောသည်။

နယ်စပ်ဒေသနှင့် တိုင်းရင်းသားဒေသများတွင် လှုပ်ရှားနေသည့် စစ်တပ်များအား ဘာသာစကားသင်ကြားပို့ချမှုကို ယခင်က ရန်ကုန်မြို့ရှိ စစ်ဌာနချုပ်ရုံးများတွင် ဌာန ဆိုင်ရာများမှ စုပေါင်း၍ သင်ကြားပို့ချပေးခဲ့သော်လည်း လွန်ခဲ့သည့် ၃နှစ်ကစပြီး သက်ဆိုင်ရာ ဒေသအလိုက် စတင် သင်ကြားပို့ချလာခဲ့ခြင်းဖြစ်သည်။


Ref;KIC

Read More...

မီးဘေးအန္တရာယ် ကာကွယ်ဖို့ ရွာပြင်ထွက် ချက်ပြုတ်ရမယ့် အမိန့်ထုတ်

2011-04-10

မီးဘေး ကာကွယ်တဲ့အနေနဲ့ ကျေးရွာ တွေမှာ ရွာအပြင်ဘက် ထွက်ပြီး ချက်ပြုတ်ဖို့ မကွေးတိုင်း အတွင်း မြို့နယ် အားလုံးလိုလိုမှာ သက်ဆိုင်ရာ က အမိန့် ထုတ်ပြန် ထားတယ်လို့ သိရပါတယ်။

ဒေသခံ တောင်သူတဦးကတော့ ဒီအမိန့်ကြောင့် သူတို့ အတော်လေး ဒုက္ခ ရောက်နေတယ်လို့ အာအက်ဖ်အေကို ပြောပါတယ်။

“ရွာနဲ့ ကိုက် ၅ဝ အကွာမှာ သွားချက်ရတယ်။ မီးလန့်တာတွေ များနေလို့တဲ့။ ခံတောင်းလေးတွေနဲ့ ရွက်ပြီးတော့ သွားကြရတာပေါ့။ အဆင်မပြေဘူး တရွာလုံး ဒုက္ခတွေ များတာပေါ့”

ရွာတွေမှာ မီးအန္တရာယ် တကယ်တမ်း သတိထားရမှာက ဖယောင်းတိုင်မီး ဖြစ်တယ်လို့ တောင်သူဦးကြီးက ဆိုပါတယ်။

“ပွင့်ပွင့်လင်းလင်း ပြောရရင် အဓိပ္ပါယ် မရှိဘူးပေါ့။ အဓိကကတော့ ကျေးရွာတွေ အနေနဲ့ ဖယောင်းတိုင် ထွန်းတာတို့၊ ခြင်ဆေးခွေ ထွန်းအိပ်တာတို့ပဲ မီးအန္တရာယ် ဖြစ်နိုင်တယ်လို့ပဲ ကျနော်တို့က ယူဆတယ်လေ။ ထင်းမီးနဲ့ ချက်တယ်ဆိုတာလည်း အားလုံးက ပြီးရင် ငြှိမ်းမယ်ဆိုရင် ပြဿနာ မရှိပါဘူး”

ရွာအပြင်ဘက် ထွက်ြပီး ချက်ပြုတ်ရမယ် ဆိုတဲ့အမိန့်ကို မကွေးတိုင်းအတွင်း အခုမှ ထုတ်ပြန်တာဖြစ်ပြီး ရက် ၂ဝ ဝန်းကျင်လောက်သာ ရှိသေးတယ်လို့ ပြောပါတယ်။ ချက်ရမယ့် အချိန်တွေကိုတော့ မနက် (၅) နာရီကနေ (၇) နာရီအထိ၊ ညနေ (၅) နာရီကနေ (၇) နာရီအထိ ကန့်သတ်ထားတာပါ။ ကျေးရွာတွေမှာ အများအားဖြင့် မီးလောင်လေ့ မရှိသလိုပဲ ရွာတွေအလိုက် သက်ဆိုင်ရာက မီးသတ်ဌာနတွေ ဖွင့်လှစ် ပေးတာလည်း မရှိသေးဘူးလို့ သိရပါတယ်။

Ref:RFA

Read More...

မြန်မာအစိုးရသစ်ကို ဒေါ်အောင်ဆန်းစုကြည် အသိအမှတ်ပြု

2011-04-10 ။

အခု လတ်တလော ဖွဲ့စည်း ပေါ်ပေါက်လာတဲ့ ဦးသိန်းစိန် သမ္မတအဖြစ် ဦးဆောင်တဲ့ မြန်မာ အစိုးရ သစ်ကို အရှိ အတိုင်းပဲ အသိအမှတ် ပြုကြောင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

“အခု အစိုးရသစ် တခု ရှိနေတယ် ဆိုတာကို အရှိ အရှိ အတိုင်းပဲ အသိအမှတ် ပြုပါတယ်။ တကယ့်ကို ပြည်သူတွေရဲ့ဆန္ဒကို လေးစားပြီး ပြည်သူ တွေနဲ့ တိုင်းပြည် အတွက် အကျိုး ရှိစေမယ့် အစိုးရမျိုး ဖြစ်မဖြစ် ဆိုတာကိုတော့ နည်းနည်းတော့ စောင့်ကြည့် ရအုံးမှာပါ”

RFA က သောကြာနေ့ ညတိုင်း ထုတ်လွှင့် နေတဲ့ “လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်” အမေး အဖြေ အစီအစဉ် အတွက် ဖြေကြားချက် တွေကို ကြိုတင် ရယူခဲ့ရာမှာ ထိုင်းနိုင်ငံက မေးမြန်းသူ တဦးက “လက်ရှိ အစိုးရကို အသိအမှတ် ပြုပါသလား လို့ မေးမြန်းခဲ့တာကို ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြား လိုက်တာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ မစ္စတာ ဒဲရစ် မစ်ချယ် (Derek Michell) ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အစိုးရ အထူး ကိုယ်စားလှယ် အဖြစ် မကြာခင် ခန့်အပ်ဖို့ကိစ္စနဲ့ ပတ်သက်ပြီး ကြိုဆိုပါကြောင်း ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းရှင် တဦးကို ဖြေကြားခဲ့ပါတယ်။

“အမေရိကန်အစိုးရက အထူးကိုယ်စားလှယ် ခန့်တာကို ကျမတို့ ကတော့ သဘော ကျပါတယ်။ ရွေးချယ်ထားတဲ့ Mr. Derek Michell ဟာ မြန်မာနိုင်ငံ အရေးကို နှစ်ပေါင်းများစွာ လေ့လာခဲ့သူ၊ အာရှ ရေးရာတွေကိုလည်း ကျွမ်းကျင်သူ တဦး ဖြစ်တယ်လို့ နားလည်ပါတယ်။ ဒါကြောင့်မို့လို့ မိမိရဲ့ တာဝန်တွေကို ကျေကျေပြွန်ပြွန် ထမ်းဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်။ မြန်မာနိုင်ငံ အခြေအနေကို မှန်မှန် ကန်ကန် သုံးသပ်ပြီး အမေရိကန် နိုင်ငံ မူဝါဒတွေနဲ့ ပတ်သက်လို့ အကြံဥာဏ်ကောင်းတွေ ပေးနိုင်မယ်ဆိုရင် အထောက်အကူ ပြုနိုင်မယ်လို့ ထင်ပါတယ်”

ဒါ့အပြင် တခြားမေးခွန်းရှင်တဦးက ပြည်ပခရီးထွက်ဖို့ ရှိပါသလား ဆိုတဲ့အမေးနဲ့ ပတ်သက်လို့ လောလော ဆယ်မှာ အလုပ် တာဝန်တွေ ပိနေတာကြောင့် သူမ အနေနဲ့ နိုင်ငံခြားကို သွားဖို့ မရှိသေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါတယ်။

Ref: RFA News

Read More...

Monthly News Commentary - April 2011

PDC Monthly News Commentary - April 2011

Read More...

Sunday, April 10, 2011

ဆရာပါရဂူ ကွယ်လွန်

ကိုပေါက်
ဧပြီလ ၀၉ ရက် ၂၀၁၁ ခုနှစ်

သျှန်တိနိကေတန် စာကြည့်တိုက်ကြီးအား တည်ထောင်ခဲ့သူ စာရေးဆရာကြီး ပါရဂူသည် စနေနေ့ နံနက် ၁၀ နာရီခန့်တွင် ရန်ကုန်မြို့ အာရှတော်ဝင်ဆေးရုံ၌ ကွယ်လွန်သွားခဲ့သည်။

ဆရာကြီး၏ ရုပ်အလောင်းအား ရေဝေးသုဿန် အအေးတိုက်တွင် ၃ ရက်ကြာ ထားရှိဦးမှာဖြစ်ပြီး တနင်္လာနေ့တွင် သင်္ဂြိုဟ်မည်ဟု သိရှိရသည်။

“ဆရာမ သန်းမြင့်အောင်နဲ့ ဦးကျော်သူတို့က အလောင်းကို ဆေးရုံမှာ သွားယူနေတယ်။ အာရှ တော်ဝင်ကနေ ရေဝေး အအေးခန်းကို ပို့မယ်။ အအေးခန်းမှာ ၃ ရက်ထားဦးမှာ”ဟု နာရေးကူညီမှု အသင်းမှ တာဝန်ရှိသူတဦးက ပြောသည်။

နှလုံးရောဂါဖြင့် ကွယ်လွန်ချိန်တွင် ဆရာကြီးမှာ အသက် ၉၁ နှစ် ရှိပြီဖြစ်ပြီး စာအုပ်ပေါင်း ၁၀၀ ကျော် ရေးသားပြူစုခဲ့သည်။

ဆရာကြီးသည် အထူးသဖြင့် အိန္ဒိယ စာပေများကို မြန်မာဘာသာသို့ ပြန်ဆိုပေးလေ့ရှိရာ ယခုလို ကွယ်လွန်သွားသည့်အတွက် အစားထိုးမရသည့် ကွက်လပ်ကြီးတခုဖြစ်ကြောင်း စာရေးဆရာ ချစ်ဦးညိုက မဇ္ဈိမကို ပြောသည်။

“ဆရာပါ က ဟိန္ဒီစာအုပ်တွေ အများဆုံး ဘာသာပြန်ပါတယ်။ အိန္ဒိယစာပေကို အင်္ဂလိပ်ဘာသာကနေ တဆင့် ပြန်နိုင်တဲ့ပုဂ္ဂိုလ်များ ရှိပေမယ့် ဟိန္ဒီ၊ သက္ကတ ကနေ တိုက်ရိုက်ပြန်နိုင်တဲ့ပုဂ္ဂိုလ်ကတော့ အင်မတန် နည်းပြီးတော့ ခုလို ဆရာပါ တိမ်းပါးသွားခြင်းဟာ ကြီးစွာသော ကွက်လပ်ကြီး ဖြစ်ပါတယ်”ဟု သူက ပြောသည်။

ဆရာပါရဂူသည် ၁၉ နှစ်သားအရွယ် ရှင်သာမဏေ ဘဝဖြင့် တိုးတက်ရေးနှင့် ဒဂုန်မဂ္ဂဇင်းများတွင် စာပေများ စတင်ရေးသားလာခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် ဗာရာဏသီ ဟိန္ဒူတက္ကသိုလ် BHU မှ ဟိန္ဒီနှင့်သကတ္တဘာသာများ သင်ယူတတ်မြောက်ကာ ၁၉၅၅ ခုနှစ်တွင် လူဝတ်လဲခဲ့သော်လည်း ကွယ်လွန်သည်အထိ အိမ်ထောင်မပြုခဲ့ပေ။

ဆရာပြုစုခဲ့သည့် စာအုပ်များတွင် ဘင်္ဂါလီစာဆိုကြီး တဂိုး၏ ကဗျာ၊ ဝတ္ထုများ၊ ရာဟုလာသံကိစ္စည်း၏ စာပေများ၊ ချန်ဒရာဗားရ်မား၏ စာပေများ ပါဝင်သည်။ မဟာလူသားဗုဒ္ဓ၊ ဗုဒ္ဓစကား၊ ဗုဒ္ဓဘာသာနှင့် ကွန်မြူနစ်ဝါဒ၊ ဓမ္မစကား၊ ဈင်ဗုဒ္ဓဘာသာ စသည့် ဘာသာရေးစာပေများအပြင် ပလေတို၊ အရစ္စတိုတယ်၊ နိုင်ငံရေးဒဿန၊ တော်လှန်သောအတွေးအခေါ် စသည်တို့ကဲ့သို့ ဒဿနိကဆိုင်ရာ စာပေများလည်း ပါဝင်သည်။

ခရီးသွားစာပေများ၊ အိန္ဒိယ ဂန္ထဝင်ဝတ္ထုများ၊ အထ္ထုပ္ပတ္တိများလည်း ရေးသားပြုစုခဲ့ကာ ဝေသာလီ၊ စိတ္တရလေခါ၊ စိတြ၊ ဒိဗျာ၊ အမ္ဗပါလီတို့မှာ ကြော်ကြားသည်။

ဆရာပါရဂူ၏ စာပေဆောင်ရွက် ချက် များတွင် တမူထူးခြားချက်ဟု ဆိုရမည့် သျှန်တိနိကေတန် စာကြည့်တိုက် ထူထောင် နိုင်ခဲ့ခြင်း ကြောင့် မြန်မာစာပေ အတွက် အကျိုးထူး များ ပေးစွမ်းနိုင်ကြောင်းကို လည်း ဆရာချစ်ဦး ညိုက ပြောသည်။

“ရိုးရိုးစာကြည့်တိုက်လို မဟုတ်ပါဘူး။ ရည်ညွှန်းစာကြည့်တိုက်ကြီးပါ။ ဒါကြောင့် စာဖတ်အသင်းလို၊ စာကြည့်သင်းလိုတော့ လူဝင်လူထွက် များမှာမဟုတ်ပါဘူး။ ဒီစာကြည့်တိုက်ထဲမှာ လာဖတ်တဲ့သူတွေ အင်မတန်နည်းသော်လည်း ဒီစာကြည့်တိုက်မှာ လာပြီး စာဖတ်ခြင်း၊ Reference လုပ်ခြင်း၊ ကျမ်းပြုခြင်းအားဖြင့် အင်မတန် အရည်အချင်းလေးနက်တဲ့စာမျိုးတွေကို ပြုစုနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်”

အဆိုပါ စာကြည့်တိုက်ကို ရွှေပေါက္ကံမြို့သစ် ၁၆ ရပ်ကွက်တွင် ဖွင့်လှစ်ထားရှိပြီး ဆရာပါရဂူ ၂၀၀၄ ခုနှစ်မှ စတင်၍ ကွယ်လွန်သည်အထိ နေထိုင်သွားခဲ့သည်။

ကျန်းမာရေးချို့တဲ့သော စာရေးဆရာကြီးများအား ပူဇော်ကန်တောပွဲကို စနေနေ့က ရန်ကုန်မြို့ စီးတီးစတားဟိုတယ်တွင် ပြုလုပ်ခဲ့သည်။ လွန်ခဲ့သည့်လက ပြုလုပ်ခဲ့သည့် အာရပ်စော်ဘွားများပြည်ထောင်စု UAE နိုင်ငံအတွင်း ပထမဆုံးအကြမ် ပြုလုပ်ခဲ့သည့် စာပေဟောပြောပွဲများတွင် စာရေးဆရာများ လက်မှတ်ဖြင့် စာအုပ်များ အမှတ်တရ ရောင်းချ၍ ရရှိခဲ့သော ငွေကြေးများဖြင့် ပူဇော်ကန်တော့ကြခြင်းဖြစ်သည်။

အဆိုပါအခမ်းအနားတွင် ဆရာပါရဂူ ကွယ်လွန်ခြင်းအတွက် တက်ရောက်လာသော စာရေးဆရာများက ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ၂ မိနစ် ငြိမ်သက်ခဲ့ကြကြောင်း သိရသည်။

ဆရာပါရဂူသည် ၂၀၀၁ ခုနှစ်အတွက် ပခုက္ကူဦးအုန်းဖေ တသက်တာစာပေဆု ချီးမြှင့်ခံခဲ့ရပြီး ညီတော်မင်းနန်၊ ဂေါရီ စာအုပ်များဖြင့်လည်း ဘာသာပြန်စာပေဆုများ ရရှိခဲ့ကာ ၁၉၆၇ ခုနှစ်တွင် မြန်မာနိုင်ငံ ဟိန္ဒူစာပေအသင်း၏ ရွှေတံဆိပ်ဆုကိုလည်း ဆွတ်ခူးရရှိခဲ့သည်။

၁၉၅၆ ခုနှစ်တွင် အာရှစာရေးဆရာညီလာခံ အတွင်းရေးမှူးအဖွဲ့သို့ မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည်။ ၁၉၅၈ ခုမှ ၁၉၆၅ ခုအထိ မြန်မာနိုင်ငံ စာရေးဆရာ အသင်းနှင့် သမဂ္ဂများတွင် အမှုဆောင်အဖြစ် ပါဝင်ကာ ၁၉၇၁ မှ ၁၉၇၅ အထိ မြန်မာစာပေကော်မရှင်အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၈၈ ခုနှစ် လူထုအုံကြွမှုကြီးတွင် စာရေးဆရာသမဂ္ဂမှ မဆလ နိုင်ငံတော်ကောင်စီထံသို့ လက်မှတ်စုထိုး တောင်းဆိုသည့်လှုပ်ရှားမှုတွင် တက်ကြွစွာ ပါဝင်ခဲ့သည်။

ဆရာပါရဂူ ကွယ်လွန်သွားခြင်းနှင့်ပတ်သက်၍ အထူးကြေကွဲဝမ်းနည်းရကြောင်း ချစ်ဦးညိုက ပြောသည်။

“ကျနော့်မှာ အဖေ ၃ ယောက်ရှိပါတယ်။ ကျနော့်ရဲ့ မွေးသဖခင်နဲ့ အခြားနှစ် ယောက်ကတော့ ဆရာပါရဂူနဲ့ ဆရာမြသန်းတင့်ပါ။ ကျနော် ဆရာမြသန်းတင့်ရဲ့ဈာပနမှာ ဆရာပါရဂူကို ဖက်ပြီးတော့ ကျနော် ငိုခဲ့ပါတယ်။ အခု ဆရာပါ ဆုံးတဲ့အချိန်မှာ ကျနော် အတိုင်းမသိ ကြေကွဲပါတယ်” ဟု ဝမ်းနည်းစွာ ပြောဆိုသည်။

ဆရာမြသန်းတင့် ကွယ်လွန်ပြီးနောက် ‘မြသန်းတင့်’ဟူသော စာအုပ်တအုပ်ကို ဆရာပါရဂူ က အမှတ်တရ ရေးသားထုတ်ဝေခဲ့သေးသည်။

Ref;Mizzima

Read More...

သမ္မတသစ် သတင်းစာရှင်းလင်းပွဲ လုပ်မည်

စည်သူ
08 April 2011

သမ္မတသစ် ဦးသိန်းစိန်က မကြာမီကာလတွင် ပထမဆုံးအကြိမ် သတင်းစာ ရှင်းလင်းပွဲတရပ် ပြုလုပ်မည် ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန အသိုင်းအ၀ိုင်းက ပြောသည်။

“မကြာခင်လုပ်မယ်လို့ ပြောတယ်။ ဘယ်နေ့ ဆိုတာတော့ အတိအကျမသိ သေးဘူး”ဟု ပြန်ကြားရေး ၀န်ကြီးဌာနမှ ညွှန်ကြား ရေးမှူးတဦးက ဆိုသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲကို နေပြည် တော်ရှိ သမ္မတ အိမ်တော်တွင် ပြုလုပ်သွား မည်ဖြစ်ပြီး ပြည်တွင်း ပြည်ပ သတင်း သမား များကိုလည်း ဖိတ်ကြားသွားမည်ဟု ၎င်းက ပြောပြသည်။

ယင်းသတင်းစာရှင်းလင်းပွဲသို့ သမ္မတ အပါအ၀င် တက်ရောက်မည့်သူများကိုမူ မသိ ရှိရသေးကြောင်းလည်း ပြန်ကြားရေး ၀န်ကြီး ဌာနမှ ညွှန်ကြားရေးမှူး က ပြောသည်။

မြန်မာ့နိုင်ငံရေး လေ့လာသူ တဦးက“အရင် ဗိုလ်ချုပ်ကြီး ခင်ညွှန့် လက်ထက်ကတော့ သူအပါအ၀င် မဟာဗျူဟာ လေ့လာရေး ဌာန က သတင်းစာရှင်းလင်းပွဲကို ဦးဆောင်တယ်။ နောက် ပြန်ကြားရေးဝန်ကြီးနဲ့ ရဲချုပ်က ဦးဆောင်တယ်။ အခုလို နိုင်ငံတော် သမ္မတ က သတင်းစာရှင်းလင်းပွဲလုပ်မယ် ဆိုတော့ မီဒီယာသမားတွေ အတွက်ကော ပြည်သူတွေအတွက်ပါ ကောင်းမယ်လို့ထင် ပါတယ်”ဟု ဆိုသည်။

ပြည်တွင်း ဂျာနယ် အယ်ဒီတာ တဦးကမူ အစိုးရသစ်၏ ပွင့်လင်းမြင်သာမှုကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း ပြောသည်။

“နိုင်ငံတော် သမ္မတ ကိုယ်တိုင် ဒီလိုသတင်းစာရှင်းလင်းပွဲ လုပ်မယ်ဆိုတာ ကောင်းပါတယ်။ သမ္မတကိုယ်တိုင် ကျမ်းသစ္စာကျိန် တဲ့နေ့ က မီဒီယာကို စတုတ္ထမဏ္ဍိုင်ဖြစ်တယ်လို့ ပြောသွားခဲ့သေးတာပဲ။ အစိုးရအသစ် ရဲ့ ပွင့်လင်းမြင်သာမှုကို စောင့်ကြည့်ရပါမယ်”ဟု ၎င်းက ဆိုသည်။

၎င်းက ဆက်လက်ပြီး“သတင်းစာရှင်းလင်းပွဲက အရင်ကလိုမဟုတ်ဘဲ တကယ် ပွင့်လင်းတဲ့ရှင်းလင်းပွဲဖြစ်ရင် အကောင်းဆုံးပေါ့။ သတင်းစာရှင်းလင်းပွဲ တခု လုပ်တာနဲ့တော့ ဒီမိုကရေစီအစိုးရဖြစ်ပြီလို့ မပြောနိုင်သေးပါဘူး”ဟုလည်း ပြောဆိုသည်။

ပြီးခဲ့သည့် မတ်လ ၃၀ ရက် သမ္မသစ် ကျမ်းသစ္စာကျိန်ဆိုပွဲတွင် စတုတ္ထမဏ္ဍိုင်ဖြစ်သည့် စာနယ်ဇင်းများ၏ အခန်းကဏ္ဍကို အလေးထားရန် လိုအပ်ကြောင်း၊ စာနယ်ဇင်း များမှတဆင့် ပြည်သူများသိသင့်သည့် အချက်များကို အသိပေးရန် လိုသကဲ့သို့ စာနယ်ဇင်းများကလည်း အပြုသဘောဆောင်သည့် အကြံပြုချက်များကို အလေးထားရန်လိုအပ်ကြောင်း သမ္မတသစ် ဦးသိန်းစိန် က ပြောကြားခဲ့သည်။

“စာနယ်ဇင်းဆိုတာ တိုင်းပြည်အတွက် ကောင်းမွန်မှန်ကန်တဲ့ အရာတွေကို လမ်းပြနိုင်ရမယ်။ အဲဒီလို လမ်းပြဖို့ဆိုတာ စာနယ်ဇင်း လွတ်လပ်ခွင့်မရှိဘဲ မဖြစ်နိုင်ဘူး။ အစိုးရသစ်လက်ထက်မှာ တကယ်စာပေလွတ်လပ်ခွင့်ရမယ်ဆို ကောင်းတာပေါ့”ဟု ၀ါရင့် သတင်းစာဆရာ တဦးက ပြောသည်။

မကြာသေးမီကလည်း စာပေအမျိုးအစား ၆ မျိုးကို လွတ်လပ်စွာထုတ်ဝေနိုင်ခွင့်အား အစိုးရသစ်က ခွင့်ပြုလျှင် ထုတ်ဝေနိုင်တော့ မည်ဖြစ်ကြောင်း စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန ဒု ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ပြည်တွင်းဂျာနယ်များကို ပြောကြားခဲ့သည်။

Ref;Irrawaddy

Read More...

မြန်မာ-မြောက်ကိုရီးယား စစ်ရေးပတ်သက်မှုစုံစမ်းရေး တောင်းဆို

စနေ, 09 ဧပြီ 2011


မြောက်ကိုရီးယားနဲ့ မြန်မာ နှစ်နိုင်ငံကြား ကြီးထွားလာနေတဲ့ စစ်ရေးဆက်ဆံမှု တွေနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတ ဘရက်အိုဘားမား (Barack Obama) က လွှတ်တော်ကို တင်ပြဖို့ အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီဝင် ရီပါဘလစ်ကန်အမတ် ရစ်ချတ် လျူဂါ (Richard Lugar) က သောကြာနေ့မှာ အဆိုပြုချက်တရပ် တင်သွင်း တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးဆိုင်ရာ တိုးတက်အောင်လုပ်ဖို့ အထူးလိုအပ်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက လူ့အခွင့်အရေးဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာ ထုတ်ပြန်လိုက်ချိန်မှာပဲ အင်ဒီယားနားပြည်နယ် အထက်လွှတ်တော်အမတ် မစ္စတာလျူဂါ ဦးဆောင်ပြီး အခုလို တောင်းဆိုလိုက်တာပါ။

ကမ္ဘာတလွှား ဖြစ်ပွားနေတဲ့ အရေးအခင်းတွေကြောင့် မြောက်ကိုရီးယားနဲ့ မြန်မာကြားက စစ်ရေးဆက်ဆံမှု တိုးမြှင့်နေတာတွေနဲ့ နည်းဗျူဟာဆိုင်ရာပူးပေါင်း ဆောင်ရွက်နေမှုတွေကို မျက်ခြေပြတ်မသွားသင့်ဘဲ မြောက်ကိုရီးယားကနေ မြန်မာအတွက် စစ်လက်နက်ပစ္စည်း တွေနဲ့ နည်းပညာတွေ ပေးအပ်နေတဲ့လုပ်ရပ်ကို အသေးစိတ်သိအောင် အထူးအာရုံစိုက်သင့်တယ်လို့လည်း မစ္စတာ လျူဂါက ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံကို နျူကလီယား လက်နက်ဖျက်သိမ်းလာဖို့ အမေရိကန်နိုင်ငံက ပါဝင်ကြိုးစား နေချိန်မှာပဲ မြောက်ကိုရီးယားဘက်က လက်နက်စမ်းသပ်မှုတွေနဲ့ ထပ်တလဲလဲ ခြိမ်းခြောက်မှုတွေ လုပ်နေတာပါ။ ဒီလိုလုပ်နိုင်ဖို့ မြောက်ကိုရီးယား နိုင်ငံအတွက် တခုတည်းသော ၀င်ငွေရလမ်းဟာ လက်နက်ထုတ်လုပ်ရောင်းချမှု ဖြစ်နေတာမို့ လက်နက်တင်ပို့တဲ့ နိုင်ငံတနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံမှုကို အခုလို သတိပေးနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာစစ်အစိုးရက လူသားမျိုးနွယ်တွေအပေါ် ရာဇ၀တ်ပြစ်မှုတွေ ကျူးလွန်မှုရှိမရှိ နိုင်ငံတကာက စုံစမ်းစစ်ဆေးရေးအတွက် သမ္မတ အိုဘားမားက ဦးဆောင်ပြီး တွန်းအားပေးဖို့လည်း အဆိုပြုချက်မှာ တောင်းဆိုထားပါတယ်။ မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ အခုထိရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်လာစေဖို့နဲ့ မြန်မာစစ်တပ်မှာ ကလေးစစ်သား မစုဆောင်းစေဖို့ အိမ်နီးချင်းနဲ့ တခြားနိုင်ငံတွေက ပါဝင်လုပ်ဆောင်လာအောင် ဖိဖိစီးစီးလုပ်ဖို့လည်း တိုက်တွန်း ထားပါတယ်။

ဒီအဆိုပြုချက်ကို ရီပါပလစ်ကန်ပါတီက အထက်လွှတ်တော်အမတ်တွေဖြစ်တဲ့ ကန်တာ ကီပြည်နယ်က မစ်ခ်ျမက်ကောနဲလ် (Mitch McConnell) နဲ့ အိုကလာဟိုးမားပြည်နယ်က ဂျိမ်းစ် အင်ဟိုဖ် (James Inhofe) တို့နဲ့အတူ ပူးတွဲတင်သွင်းခဲ့တာဖြစ်ပါတယ်။

Ref;VOA

Read More...

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပေါ်တူဂီ သံအမတ်ကြီး တွေ့ဆုံဆွေးနွေး

2011-04-09

မြန်မာနိုင်ငံဆိုင်ရာ ပေါ်တူဂီ သံအမတ်ကြီး António Félix Machado de Faria e Maya ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင် ဆန်းစုကြည်နဲ့ မနေ့က ညနေပိုင်းက တွေ့ဆုံခဲ့ပါတယ်။


ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အခြေစိုက်တဲ့ ပေါ်တူဂီ သံအမတ်ကြီးက အမှတ် (၅၄) တက္ကသိုလ် ရိပ်သာလမ်းမှာ ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ လာရောက် တွေ့ဆုံတာဖြစ်ကြောင်း NLD ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အခုလိုပဲ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးတွေ၊ သံမှူးတွေ၊ သံတမန်တွေ မကြာခဏ လာရောက်တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးကြတယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။

ဒီလို တွေ့ဆုံတဲ့အခါ ဆွေးနွေးတဲ့ အကြောင်းအရာတွေကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က သတင်း ထုတ်ပြန်လေ့မရှိဘူး လို့လည်း သိရပါတယ်။

Ref;RFA

Read More...

မြန်မာ-မြောက်ကိုရီးယား စစ်ရေးပတ်သက်မှု စုံစမ်းဖို့ အမေရိကန်အမတ် တောင်းဆို

2011-04-09

မြန်မာနဲ့ မြောက်ကိုရီးယားအကြား ပိုမို ကြီးထွားလာတဲ့ စစ်ရေးဆက်ဆံမှု အပေါ် စုံစမ်းစစ်ဆေးရေး အတွက် လွှတ်တော်ကိုတင်ပြဖို့ အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီဝင် ရီပတ်ဘလစ်ကန်ပါတီအမတ် Richrad Lugar က သမ္မတအိုဘားမားကို သောကြာနေ့က တောင်းဆိုလိုက်ပါတယ်။


မြောက်ကိုရီးယားက မြန်မာနိုင်ငံကို စစ်လက်နက်နဲ့ နည်းပညာတွေ ကူညီနေတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ အသေအချာ ဂရုတစိုက် လေ့လာသင့်ကြောင်း၊ ကမ္ဘာတလွားက လတ်တလော ဖြစ်ရပ်တွေကြောင့် မြန်မာနဲ့ မြောက်ကိုရီးယား အကြားက စစ်ရေးနဲ့ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးချဲ့လာနေတဲ့အပေါ် အာရုံ မပျက် သင့်ဘူးလို့ Mr. Lugar က ပြောပါတယ်။

အလားတူ မြန်မာစစ်အစိုးရ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေအတွက် နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်ဖို့၊ ကလေးစစ်သားတွေကို ကူညီဖို့နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြာက်လာအောင် တခြား နိုင်ငံတွေနဲ့အတူ တက်တက်ကြွကြွ လှုပ်ရှားဖို့ တိုက်တွန်းထားပါတယ်။

အထက်လွှတ်တော်အမတ် Mr. Lugar နဲ့အတူ တခြားအမတ်တွေဖြစ်တဲ့ Mr. Mc Connell နဲ့ Mr. Inhofe တို့လည်း ပါဝင် တောင်းဆိုခဲ့ကြပါတယ်။

Ref;FRA

Read More...

မြန်မာ့လူ့အခွင့်အရေး အခြေအနေ ဆိုးရွားနေဆဲဖြစ်ကြောင်း အမေရိ ကန်ပြောဆို

2011-04-09

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မလာ ကြောင်း ဧပြီ ၈ ရက်နေ့က ထုတ်ပြန်တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ၂ဝ၁ဝ ခုနှစ် ကမ္ဘာတဝှမ်း လူ့အခွင့် အရေးဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။


ဒီ အစီရင်ခံစာမှာ မြန်မာနိုင်ငံ အခြေအနေအကြောင်းကို စာမျက်နှာ ၂၂ မျက်နှာ ဖော်ပြ ထားပါတယ်။

မြန်မာစစ်အစိုးရဟာ ၂ဝ၁ဝ ခုနှစ်အတွင်း မြန်မာနိုင်ငံသားတွေရဲ့ အစိုးရ ပြောင်းလဲ ရွေးချယ်ခွင့်ကို ပိတ်ပင်တားဆီးမှုနဲ့ တခြား လူ့အခွင့်အရေး ဖောက်ဖျက်မှုတွေ ဆက်လက် ကျူးလွန်နေခဲ့ကြောင်း၊ ဥပဒေလက်လွတ် သတ်ဖြတ် စီရင်တာတွေ၊ ထိန်းသိမ်း ထားစဉ်အတွင်း သေဆုံးမှုတွေ၊ အစပျောက်သွားတဲ့ ကိစ္စတွေ၊ နှိပ်စက်ညှဉ်းပမ်းမှုတွေ၊ အမျိုးသမီးတွေအပေါ် အဓမ္မကျင့်မှုတွေ အတွက် အစိုးရတပ်တွေမှာ တာဝန်ရှိကြောင်း၊ ဒါ့ပြင် အစိုးရ ကျောထောက်နောက်ခံပြု အဖွဲ့အစည်းက လက်သပ် မွေးထားသူတွေရဲ့ ဥပဒေမဲ့ ထင်သလို ပြုမူတာတွေ၊ ခြိမ်းခြောက် ရန်ပြုတာတွေ၊ တိုင်းရင်းသားဒေသတွေမှာ စစ်တပ်က ထိုးစစ်တွေ ဆက်လက် ဆင်နွဲနေတဲ့အတွက် တိုင်းရင်းသားတွေ အသက်ဆုံးရှုံး၊ အိုးအိမ်စွန့် ထွက်ပြေးနေရတာတွေ စတဲ့ အခြေ အနေဆိုးတွေကို ဖော်ပြထားပါတယ်။

သောကြာနေ့က ကျင်းပခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန သတင်းစာ ရှင်းလင်းပွဲမှာ နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က တရုတ်၊ မြောက်ကိုရီးယား၊ မြန်မာ၊ ကျူးဘား၊ ဇင်ဘာဘွေ၊ နိုင်ဂျီးရီးယား၊ လစ်ဗျား စတဲ့ နိုင်ငံတွေက လူ့အခွင့်အရေး ချိုးဖောက်ပုံတွေအကြောင်း ပြောဆိုခဲ့ပါတယ်။

“ပြည်သူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ စုရုံးခွင့်တွေကို အစိုးရတွေက အင်အားသုံး ဖိနှိပ်တဲ့နည်း အပြင်၊ ၂ဝ၁ဝ ခုနှစ်မှာ ဒုတိယ ပေါ်လာတဲ့နည်းက လူတွေကို အင်တာနက်နဲ့ ဝေးအောင် လုပ်ထားတဲ့နည်းပဲ ဖြစ်ပါတယ်၊ မြန်မာနဲ့ ကျူးဘားနိုင်ငံတွေမှာ အင်တာနက်ကနေ အစိုးရအပေါ် ဝေဖန်သူတွေ ပေါ်ထွက်လာမှာကို ဟန့်တားတဲ့အနေနဲ့ သာမန်လူထုကို အင်တာနက်နဲ့ အလှမ်းဝေးအောင် လုပ်ထားပါတယ်” လို့ မစ္စက် ကလင်တန်က ပြောဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာအပြီးနဲ့ ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေဟာ မြောက်ကိုရီးယားနဲ့ နှိုင်းစာရင် ဘယ်လိုရှိပါသလဲလို့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက် တယောက်က မေးမြန်းရာမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက် အတွင်းရေးမှူး မစ္စတာ မိုက် ပေါ်စနာ ( Mike Posner ) က ...

“မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေတွေအပေါ် ကျနော်တို့ စိုးရိမ်နေရတုန်းပါပဲ၊ နိုင်ငံရေး အကျဉ်းသား နှစ်ထောင်ကျော် ထိန်းသိမ်းခံနေရဆဲ ဖြစ်သလို ဒေါ်အောင် ဆန်းစုကြည်နဲ့ NLD အပေါ်လည်း မတရားသဖြင့် တားဆီး ချုပ်ချယ်ထားတုန်းပါ၊ သွားရမယ့်ခရီးက ဝေးပါသေးတယ်၊ ဒါပေမယ့် မြန်မာပြည်ဆိုင်ရာ အမေရိကန် အစိုးရ ကိုယ်စားလှယ်တယောက် ခန့်အပ်ဖို့ ရှိပါတယ်၊ ဒီကိစ္စက မြန်မာပြည် အခြေအနေတွေနဲ့ ပတ်သက်ပြီး အထောက်အကူ ပြုနိုင်မယ်လို့ မျှော်လင့်ရပါတယ်” လို့ မစ္စတာ မိုက်ပေါ်စနာက ပြန်လည် ဖြေကြားခဲ့ပါတယ်။

Ref;RFA

Read More...

အပေါ်သို့