Friday, February 3, 2012

ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်နှင့် ဖလားဝါးဂျာနယ် အင်တာဗျူး

Khin Nyunt Interview With Flower News Journal(31.1.12)

Wednesday, February 1, 2012

31 ဇန်နဝါရီ 2012 ဆီးရီးယားကို အရေးယူရေး လုံခြုံရေးကောင်စီကို ကလင်တန်တိုက်တွန်း

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ အာရပ်အဖွဲ့ချုပ်ရဲ့ ဆီးရီးယားငြိမ်းချမ်းရေးအစီစဉ်ကို ထောက်ခံ ပါရန် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးက တိုက်တွန်းဖို့ ပြင်ဆင်နေပါပြီ။ သမ္မတ Bashar al-Assad အစိုးရရဲ့ အကြမ်းဖက်မှုတွေကို အမေရိကန်အစိုးရက ပြင်းပြင်း ထန် ထန် ရှုတ်ချလိုက်ပြီးတဲ့နောက် ၀န်ကြီးကလင်တန်က ခုလို စီစဉ်နေတာဖြစ်ပါတယ်။ ဒီကနေ့ အင်္ဂါနေ့မှာကျင်းပမယ့် ဆီးရီးယားအရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးကို ပြင်သစ်နဲ့ ဗြိတိန်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အတူ ၀န်ကြီးကလင်တန် တက်ရောက် မှာ ဖြစ်ပါတယ်။

Read More...

စစ်အသုံးစရိတ် ယခင်နှစ်များထက် လျှော့ချ

ခင်ဦးသာ
January 31, 2012

ယနေ့ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်ခွဲဝေ သုံးစွဲမှု တွင် စစ် တပ်၏ အသုံးစရိတ်အား ယခင်နှစ်များ ထက်လျှော့ချလိုက်ကြောင်း သိရသည်။

လာမည့် ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော် ဘတ်ဂျက်၏ ၁၄ ဒသမ ၃၉ ရာခိုင်နှုန်းကို စစ်တပ်အတွက် သုံးမည်ဖြစ်ပြီး ကျန်းမာရေး အတွက် ၂ ဒသမ ၈၂၂ ရာခိုင်နှုန်းနှင့် ပညာရေးအတွက် ၄ ဒသမ ၇၃၃ ရာခိုင်နှုန်း အသုံးပြုသွားမည် ဖြစ်သည်။

“စစ်တပ်အသုံး စရိတ်က အရင်နှစ်ထက် လျော့သွားပါတယ်။ ဒါပေမယ့် တခြားခေါင်းစဉ်တွေနဲ့ အသုံးပြုမယ်ဆိုရင်တော့ မသိဘူးပေါ့။ ကျန်းမာရေးနဲ့ ပညာရေး နည်းနည်း တိုးလာတယ်” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က ဧရာဝတီကို ပြောသည်။

Read More...

ဒေါ်အောင်ဆန်းစုကြည်ကို ပခုက္ကူဒေသခံများ တခဲနက်ကြိုဆို

ရန်ပိုင်
January 31, 2012

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၏ မကွေးတိုင်း ပခုက္ကူခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေး ဆိုင်ရာ လုပ်ငန်း များကို ယနေ့နံနက်က သွားရောက်လေ့လာသည့် ခရီးစဉ်တွင် ဒေသခံလူထုက တခဲနက်ကြိုဆိုကြောင်း သတင်းရသည်။

ပခုက္ကူခရိုင် မြိုင်မြို့နယ်အတွင်းရှိ ပေပင်တိုက်နှင့် ကျစ်တီးရွာများတွင် ဗြိတိန်နိုင်ငံ နိုင်ငံတကာ ဖွံ့ဖြိုးမှု အကူအညီပေးရေး ဆိုင်ရာ ဌာန(DFID)၏ အကူအညီဖြင့် ပြုလုပ်နေသည့် လူမှုရေးလုပ်ငန်းများကို ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဗြိတိသျှ သံအမတ်ကြီးနှင့် သြစတေးလျ သံအမတ်ကြီးတို့ အပါအ၀င် လူပေါင်း ၄၀ခန့် စင်းလုံးငှားလေယာဉ်ဖြင့် ယနေ့ နံနက် ၇နာရီခန့်က ရန်ကုန်မြို့မှ လာ ရောက်ကြည့်ရှုခြင်း ဖြစ်သည်။

Read More...

ဘိန်း သံသရာ

ဇာနည်မာန်
January 31, 2012

“ကျနော်တို့အတွက်ကဘိန်းဆိုတာ အန္တရာယ်၊ လူသားမျိုးနွယ် အညွန့်တုံးစေမယ့် မူးယစ်ဆေး။ ဒါပေမယ့် တောင်သူတွေ အတွက် ကတော့ ဒါဟာ ရွှေ။ သူတို့သိတာ သူတို့စားဝတ်နေရေးအတွက် ရွှေ၊ စားစရာပေးမယ့်ငွေ”

ဒါကတော့ မြန်မာနိုင်ငံမူးယစ်အထူးတိုက်ဖျက်ရေးအဖွဲ့က အငြိမ်းစား ရဲအရာရှိတယောက် ပေးတဲ့မှတ်ချက်ပါ။

Read More...

ကုလ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး မြန်မာပြည်သို့ ယနေ့ရောက်မည်

လင်းသန့်
January 31, 2012

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးမှူး မစ္စတာ သောမတ်စ် အိုဟေး ကင်တားနားသည် ယနေ့ညနေပိုင်းတွင် မြန်မာနိုင်ငံသို့ ၅ ကြိမ်မြောက် ခရီးစဉ်အဖြစ် ရောက်မည်ဟု သတင်းရရှိသည်။

မစ္စတာ ကင်တာနားသည် မြန်မာနိုင်ငံတွင် ဇန်န၀ါရီ ၃၁ ရက်မှ ဖေဖော်ဝါရီ ၅ ရက်အထိ ၆ ရက်ကြာမည်ဖြစ်ပြီး လွန်ခဲ့သည့် သြဂုတ်လ ခရီးစဉ်အတွင်း ဆောင်ရွက်သည့် ကိစ္စများကို ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း သူ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

Read More...

မြေလွတ်မြေရိုင်း စီမံခန့်ခွဲရေး ဥပဒေ အတည်ပြုနိုင်တော့မည်

ခင်ဦးသာ
January 31, 2012

မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း၍ မကြာမီ အတည်ပြု တော့ မည်ဟု သိရသည်။

ထိုဥပဒေကြမ်းအား လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနက တင်သွင်းခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့လွှတ်တော်နှင့် အမျိုး သား လွှတ်တော် နှစ်ရပ်က သဘောတူညီမှု ရရှိထားပြီးဖြစ်သည်။

Read More...

The Lady ရုပ်ရှင် ထိုင်းတွင် ပြမည်

ဘစောတင်
January 31, 2012

ဒေါ်အောင်ဆန်းစုကြည် ၏ ဘ၀ကို ရိုက်ကူးထားသော The Lady ရုပ်ရှင်ကားကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် စမွတ်စခွန်ခရိုင် မဟာ ချိုင်မြို့များတွင် ဖေဖော်ဝါရီ၂ ရက်မှ ၁၆ ရက်အထိ ရုံတင်ပြသမည်ဖြစ်ကြောင်း သိရသည်။

The Lady ကို Major Cineplex Group Public Co. Ltd. က ၎င်းတို့၏ IT Computer အဖွဲ့သို့ ဈေးကွက်မြှင့်တင်ရေးအနေဖြင့်ပြသ ခွင့် ပေးခြင်းဖြစ်ကြောင်း တာဝန်ရှိသူတဦးဖြစ်သည့် ကိုမျိုးက ပြောသည်။ လတ်တလောတွင် လက်မှတ် ၇၀၀၀ ခန့် ဈေးကွက် တွင်း ဖြန့်ချိ ထားပြီး ဖြစ်သည်ဟုလည်း ဆိုသည်။

Read More...

ဒေါ်လာ ၁ သောင်းဖိုးအထိ လွတ်လပ်စွာ လဲလှယ်နိုင်ပြီ

ရန်ပိုင်
January 31, 2012

အမေရိကန်ဒေါ်လာနှင့် နိုင်ငံခြားငွေကြေးများကို အမေရိကန်ဒေါ်လာ ၁ သောင်းဖိုးအထိ စာရွက်စာတမ်း ပြသရန်မလိုဘဲ ပုဂ္ဂလိက ဘဏ်များ ၏ ငွေလဲလှယ်ရေးစင်တာများတွင် မနက်ဖြန်မှ စတင်ကာ လွတ်လပ်စွာလဲလှယ်နိုင်ပြီ ဖြစ်သည်။

အဆိုပါ လဲလှယ်မှု အစီအစဉ်ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဇန်န၀ါရီလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံသားများရော နိုင်ငံ ခြားသားများပါ လွတ်လပ်စွာ လဲလှယ်နိုင်မည်ဖြစ်ကြောင်း မြန်မာရှေ့ဆောင်ဘဏ် ဥက္ကဋ္ဌ ဦးချစ်ခိုင်က ဧရာဝတီသို့ ပြောသည်။

Read More...

အရင် မန်ယူနဲ့ နယူးကာဆယ် ကစားသမား၊ အခု မကွေးအက်ဖ်စီ နည်းပြ

ဒီရေ
January 31, 2012

မစ္စတာ ဒေးဗစ်မက်ခရီရီဟာ ၁၉၈၀ ဝန်းကျင်က နယူးကာဆယ်အသင်းရဲ့ နာမည်ကျော် ကစားသမားတွေထဲက တယောက်ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ သူဟာ မြန်မာနေရှင်နယ်လိဂ်က မကွေးအက်ဖ်စီအသင်းရဲ့ နည်းပြတာဝန် ယူထားသူလည်း ဖြစ်ပါတယ်။

အိုင်းရစ်လူမျိုး မက်ခရီရီရဲ့ ဘဝဖြတ်သန်းမှုထဲမှာကြည့်ရင် အင်္ဂလန် ဒုတိယတန်းက ကာလ်ဆီးနဲ့ ဟတ်တယ်ပူးလ် အသင်းတွေမှာ နည်းပြ ခဲ့ဖူးပြီး အင်္ဂလန်အသင်းရဲ့ နာမည်ကျော် ကွင်းလယ်လူဟောင်း ဂတ်စ်စကွိုင်နီရဲ့ အကြံပေးတဦးလည်း ဖြစ်ခဲ့ပါတယ်။

Read More...

အစိုးရ ငြိမ်းချမ်းရေးကမ်းလှမ်းချက် ALP လက်ခံ

သန့်စင်ငြိမ်းချမ်း
January 31, 2012

သမ္မတ ဦးသိန်းစိန် အစိုးရ၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) က လက်ခံပြီး နှစ်ဘက် တွေ့ဆုံ ဆွေးနွေးရန် ပြင်ဆင်နေကြောင်း အဆိုပါ ပါတီ ခေါင်းဆောင်က ပြောသည်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ ဒုတိယခေါင်းဆောင် ဦးသိန်းဇော်က ALP နှင့် ငြိမ်းချမ်းရေး ဆွေးနွေး လိုကြောင်း ဇန်န၀ါရီလ ၂၃ ရက်နေ့က စာရေးသား ကမ်းလှမ်းခဲ့သည့် အပေါ် တွင် ALP က လက်ခံခဲ့ခြင်း ဖြစ်သည်။

Read More...

Tuesday, January 31, 2012

“ဓယ်ဝယ်သား ဂူလောင်း အမေစုကို ရှစ်ဟယ်”

အောင်သက်ဝိုင်း
anuary 30, 2012

ထားဝယ်လေဆိပ်အ၀င်ဝ မြေကွက်လပ်ရှေ့မှာ တနင်္ဂနွေနေ့ မနက်ပိုင်း ၇ နာရီအချိန်သာ ရှိသေးပေမယ့် ထောင်ချီရှိတဲ့ လူတွေ စုဝေးနေကြတယ်။ ဒီ လူအုပ်ကြီးထဲမှာ အသက် ၅ နှစ် အရွယ်ကစလို့ အသက် ၇၀ ကျော် အမယ်အို၊ အဘိုးအိုတွေလည်း ပါဝင်နေ ပါတယ်။

ပင်နီရင်ဖုံးအင်္ကျီနဲ့ ယောထဘီ ၀တ်ဆင်ထားတဲ့ ချောမောလှပတဲ့ မိန်းမပျိုလေးတွေကလည်း စံပယ်ပန်းတွေ၊ သပြေပန်းတွေ၊ ဂန္ဓမာ ပန်းတွေ အပါအ၀င် ပန်းအမျိုးအစား ပေါင်းစုံ ကိုင်ဆောင်ထားကြပြီး သူတို့မျက်နှာတွေအားလုံး တက်ကြွရွှင်လန်းနေကြတယ်။


Read More...

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွင် တပ်မတော်ပါဝင်ရန် လိုလားကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

30 Jan, 2012


ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် တပ်မတော်ပါဝင်ရန်လိုအပ်ကြောင်းနှင့် တပ်မတော်ပါဝင် ရန် လိုလားကြောင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်က ပြောကြားခဲ့သည်။

ထိုသို့ပြောဆိုမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထုတ်ဝေသော ဒီလှိုင်းစာစောင် အတွဲ(၁)၊ အမှတ်(၂) ဇန်န၀ါရီလ ၂၃ ရက်နေ့ထုတ် စာစောင်တွင် ဖော်ပြခဲ့သည့် အင်တာဗျူး၌ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

Read More...

မင်းကိုနိုင်တို့ ရပ်တည်ချက်ကို ကြိုဆိုတယ်

လူထုစိန်ဝင်း

25 Jan, 2012.

မင်းကိုနိုင်တို့လွတ်လာပြီး နောက်တရက်မှာ မိတ်ဆွေတဦးရောက်လာပြီး စကားပြောပါတယ်။ ဒီအချိန်ဟာ မင်းကိုနိုင်တို့ အားလုံး အတွက် တဘ၀စာအရေးကြီးတဲ့ ဆုံးဖြတ်ချက်တခု မဖြစ်မနေ ချရတော့မယ့် အချိန် ဖြစ်တယ်လို့ ယူဆကြောင်း စပြောပါတယ်။

ပြောချင်တာ မရပ်မနား ပြော
သူတို့အားလုံးဟာ ကျောင်းသားလူငယ်လေးများအရွယ်ကို ကျော်လွန်ခဲ့ပြီး၊ လူလတ်ပိုင်း အရွယ် တွေ ဖြစ်နေကြပြီ။ အနာဂတ်မြန်မာ့နိုင်ငံရေးမှာ ဆက်လက်ပါဝင်မယ် မပါဝင်ဘူး ဆိုတာကို ပြတ်ပြတ်သားသား ရွေးချယ် ဆုံးဖြတ်ရတော့မယ်။ မပါတော့ဘဲ အေးအေးပဲနေတော့မယ် ဆိုရင် ပြောစရာ မရှိပေမယ့်၊ နိုင်ငံရေး ဆက်လုပ်မယ် ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်တို့ပါတီမှာ ပါဝင် ပူးပေါင်းမလား၊ ဒါမှမဟုတ် ကိုယ်တိုင်ပါတီထောင်မလား စဉ်းစားရတော့မယ်။ ဒီအတိုင်း ၈၈ မျိုးဆက်ဆိုပြီး လုပ်နေလို့ မရတော့ဘူး။ အခင်းအကျင်းက ပြောင်းသွားပြီ။ လွှတ်တော်နိုင်ငံရေး ခေတ်ဖြစ်နေပြီ။ လမ်းပေါ်နို်င်ငံရေးခေတ် ကုန်သွားပြီ။ ဒါကိုနားမလည်ရင် မြောင်းထဲရောက်သွား လိမ့်မယ်။ သူပြောချင်တာတွေ အကြာကြီးမရပ်မနားပြောပြီးမှ စကား ရပ်သွားတယ်။

Read More...

Monday, January 30, 2012

ဖထီး ဖတ်မိတဲ့ ငြိမ်းချမ်းရေး ပဏာမ သဘော တူညီချက်များ

Sunday, 29 January 2012
Written by ဖထီး (ကျောင်းဆရာ- ကော်သူလဲ)


ဖထီးက ကျောင်းဆရာ။ ကျောင်းဆရာ ဆိုတော့ တခုခုကို လေ့လာရင် သသေးစိတ် လေ့လာတတ်တဲ့ အကျင့် ရနေတယ်။ ကျောင်းသားတွေ တွက်ချက်တဲ့ သင်္ချာတို့၊ အင်္ဂလိပ်စာတို့ အမြဲစစ်နေရတော့ အမှားဆို ချက်ချင်း သိတဲ့အကျင့် ရလာတယ်။ ပုဒ်ထီးကို ဘယ်နေရာ ချရမယ်၊ ပုဒ်မကို ဘယ်နေရာ သုံးရမယ် စတာတွေက မူလတန်း ကျောင်းအုပ်ကြီး ဖထီး ကျွမ်းကျင်တဲ့ အတတ်ပါဘဲ။ ဖထီး လုပ်သက် ၃၀ ကျောင်ရင်းပြီး ရလာတဲ့ မဟာ အတတ်ပညာဘဲ။

Read More...

အပေါ်သို့