Saturday, February 19, 2011

ဦးတင်အေး ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဖြစ်ပြီ


သမ္မတဦးသိန်းစိန် အဆိုတင်ခဲ့သည့် ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအဖြစ် သောကြာနေ့ ပြည်ထောင်စုလွှတ်တော် အစည်း အဝေးတွင် ကန့်ကွက်သူမရှိ အတည်ပြုလိုက်သည်။

“ဒီနေ့မှာ မနေ့က ဗိုလ်ချုပ်တင်အေးကို အဆိုပြုတာကို ကန့်ကွက်တဲ့သူ မရှိတဲ့အတွက် ဒီနေ့ အတည်ပြုလိုက်တယ်။ အစည်းအဝေးက ကျနော်တို့ ၁၅ မိနစ်ပဲ ကြာပါတယ်” ဟု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အမတ် ဦးခင်ရွှေက မဇ္ဈိမကို ပြောသည်။

tunsin1

ပြည်ထောင်စု ရှေ့နေချုပ်အဖြစ် အဆိုတင်သွင်းခံရသော ဒေါက်တာထွန်းရှင်

၂ဝဝ၈ အခြေခံဥပဒေတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များသည် လွှတ်တော်အမတ်နှင့် နိုင်ငံရေး ပါတီဝင်များ မဖြစ်ရဟု ပြဋ္ဌာန်းထားသည်။ ထို့ကြောင့် ဦးတင်အေးသည် အမတ်နှင့် ကြံ့ခိုင်ရေး ပါတီဝင်အဖြစ်မှ ဗုဒ္ဓဟူးနေ့တွင် နုတ်ထွက် ခဲ့သည်။

“ကိုယ်တို့ NDF ပါတီ (အမျိုးသား ဒီမို ကရေစီအင်အားစု) က ကိုခင်မောင်ရီ လွှတ်တော်ရုံးကို လှမ်းမေးတယ်။ လှမ်းမေးတဲ့ အခါကျတော့ လွှတ်တော်အမတ်ကလည်း ထွက်ပြီးသား၊ ပါတီဝင်အဖြစ်ကလည်း ထွက်ပြီး သားလို့ ပြန်ဖြေတယ်တဲ့” ဟု NLD အမတ်တဦးဖြစ်သူ ဒေါ်ခင်ဝိုင်းကြည်ကမဇ္ဈိမ ကို ပြောသည်။

ဦးတင်အေးသည် တပ်မတော်သားဟောင်းနှင့် ကြံ့ခိုင်ရေးပါတီဝင်ဟောင်း ဖြစ်နေသဖြင့် ရွေးကောက်ပွဲ ကာလအတွင်း ကြံ့ခိုင်ရေးပါတီမှ ကြိုတင်မဲများပြုလုပ်ကာ မဲမသမာမှုများ ပြုလုပ်သည်ဟူသော စွပ်စွဲချက်များအပေါ် တရားမျှတစွာ ဖြေရှင်းနိုင်မည် မဟုတ်ဟု အတိုက်အခံ အမတ်အချို့က ယူဆသည်။

သို့သော် ဒေါ်ခင်ဝိုင်းကြည်ကမူ ဦးတင်အေးကို အလားအလာ ကောင်းသူတဦးအဖြစ် ရှုမြင် သည်။

“ဘယ်သူ့ကိုတော့ ကော်မရှင်ဥက္ကဋ္ဌ၊ ဘယ်သူ့ကိုတော့ ခုံရုံးဥက္ကဋ္ဌ စသည်ဖြင့် တင်လိုက်တဲ့အခါမှာ ပြည်သူလူထုက ယုံကြည်လို့ ရွေးပြီးတင်လိုက် တဲ့ ကိုယ်စားလှယ် တယောက်အနေနဲ့ စဉ်းစားကြမယ်၊ တိုင်ပင် ဆွေးနွေးကြမယ်ဆိုတာ ရှိတယ်လေ။ ဒီအတိုင်းကြီးတော့ ဥပက္ခာပြုမထားဘူးလေ။ အခု သူကတော့ တော်တော်လေး Fair ဖြစ်တယ်လို့ အသံကြားတယ်ပေါ့နော်။ အဲဒါကြောင့် အလားအလာ ကောင်းမယ်လို့ ထင်ရ တယ်လေ” ဟု သူက ပြောသည်။

ကျားဖြူ ခေါ် ရှမ်းအမျိုးသားများ တိုးတက်ရေးပါတီ SNDP မှ လွှတ်တော်အမတ် တဦးဖြစ်သူ ဦးစိုင်းဆောင်ဆီကမူ ဝေဖန်ရန် စောသေးသည်ဟု ဆိုသည်။

“သူတို့ လုပ်ငန်းစလုပ်ပြီးမှ၊ ဆုံးဖြတ်တာတွေကို ကြည့်ပြီးတော့မှ ပြောလို့ရမှာပါ။ လုပ်ငန်း အသစ်နဲ့ လူအသစ်ပေါ့နော်၊ မလုပ်သေးဘဲနဲ့တော့ ဝေဖန်ရတာ သဘာဝ သိပ်မကျပါဘူး။ သူ့လုပ်ရပ်ကတော့ လမ်းပြမြေပုံ အချက် ၇ ချက်ပြီးလို့ အစိုးရပြောင်းသွားရင် တော့ ထင်သာမြင်သာရှိတဲ့ ကိစ္စလေးတွေလည်း ပေါ်လာမှာပါ။ အဲဒီတော့မှ အဖြေတွေ၊ ပုံရိပ်တွေ ထွက်လာမှာပါ” ဟု ပြောဆိုသည်။

သောကြာနေ့ လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု ရှေ့နေချုပ်အဖြစ် ဒေါက်တာ ထွန်းရှင်ကို သမ္မတ ဦးသိန်းစိန်က အဆိုပြု တင်သွင်းခဲ့သေးသည်။

“ပြည်ထောင်စု ရှေ့နေချုပ်အဖြစ်ကို ဒေါက်တာထွန်းရှင်ကို အဆိုပြုတယ်။ အရင်က ဒုရှေ့နေချုပ်ပေါ့လေ။ အမြဲတမ်း ပြည်ပကို သွားနေတဲ့ ပုဂ္ဂိုလ်ကြီး၊ တော်လည်း တော်ပါ တယ်။ အဲဒီပုဂ္ဂိုလ်ကို သမ္မတကြီးကနေ အဆိုပြုသွားတယ်။ တကယ်လို့ ကန့်ကွက်မယ်ဆိုရင် မနက်ဖြန် ညနေ လာကန့်ကွက် နိုင်ပါတယ်” ဟု ဦးခင်ရွှေကပြော သည်။

ဒေါက်တာထွန်းရှင်သည် မြန်မာနိုင်ငံ အစိုးရရှေ့နေချုပ်ရုံး၏ ဒုတိယရှေ့နေချုပ်အဖြစ် တာဝန် ယူထားကာ၊ ၂ဝဝ၈ အခြေခံဥပဒေ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရေး ကော်မရှင်အဖွဲ့ဝင်လည်း ဖြစ်ခဲ့သည်။ သူ့ကို ဥရောပသမဂ္ဂ EU က ပြည်ဝင်ခွင့် ပိတ်ပင် ထားသည်။

ပြီးခဲ့သည့်လ ၃၁ ရက်နေ့မှ စတင်ခဲ့သည့် လွှတ်တော်အစည်းအဝေးများသည် မည်သည့် အချိန်တွင် ပြီးဆုံးမည်ကို လွှတ်တော်အမတ်များ မသိရသေးသော်လည်း ယခုလကုန်တွင် ပြီးစီးနိုင်ကြောင်း ဦးစိုင်းဆောင်ဆီက ခန့်မှန်းသည်။

“လကုန်ပေါ့။ အခုလောလောဆယ် တဆင့်ချင်း သွားနေတာကိုး။ ဥပမာ ဒီနေ့လိုမျိုးဆိုရင် ပြည်ထောင်စု ကော်မရှင် ဥက္ကဋ္ဌကို အတည်ပြုလိုက်ပြီး ရှေ့နေချုပ်ကို အမည် စာရင်း တင်သွင်း၊ စနေ တနင်္ဂနွေ နားဆိုတော့ တိုင်းပြည်ရဲ့ ပြည်ထောင်စု အဆင့်ဆိုတော့ အခုမနက်ပဲ တင်သွင်းပြီး ညနေ ထောက်ခံလို့ မရဘူး။ အတည်ပြုလို့ မရဘူးလေ။ လက်တွေ့ကတော့ ဒီလိုပဲသွားရမှာပါ” ဟု သူက ဆိုသည်။

သောကြာ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ လွှတ်တော်အမတ် ၆၅၈ ဦးအနက် ၆၅၄ ဦး တက်ရောက်ခဲ့သည်။

Ref;Mizzima


Read More...

စည်းရုံးခြင်း မဟုတ်၊ ဧည့်ခံခြင်းဟု ဦးခင်ရွှေ ငြင်းဆို


လွှတ်တော်အမတ်များကို ယခုလ ၁၄ ရက်နေ့ ညတွင် နေပြည်တော်၌ ဧည့်ခံပွဲ လုပ် ပေးခြင်း သည် စည်းရုံးရေးသဘော မဟုတ်ကြောင်း ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေက ငြင်းဆိုသည်။

ယခုအပတ် တနင်္လာနေ့ ချစ်သူများနေ့တွင် နေပြည်တော် Mount Pleasant ကြယ်ငါးပွင့်အဆင့် ဟိုတယ်၌ တိုင်းရင်းသားပါတီများ၊ အမျိုးသားဒီမိုကရေစီအင်အားစု NDF နှင့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီမှ အမတ်ပေါင်း ၆ဝ ကျော်ကို ဖိတ်ကြားပြီး ကျွေးမွေးခြင်းသည် စည်းရုံးနေခြင်းဖြစ်သည်ဟု ဧည့်ခံပွဲတက်သူနှင့်မတက်သူ အမတ်အချို့က ပြောဆိုနေသည့်အပေါ် ငြင်းဆိုခြင်း ဖြစ်သည်။

“စည်းရုံးရေးစကားလည်း တခွန်းမှ မပြောပါဘူး။ ဒီမှာ တယောက်နဲ့ တယောက် ဧည့်ခံမယ့် လူက မရှိကြဘူး။ ကိုယ့်တိုင်းရင်းသားတွေပဲလေ။ သူတို့အချင်းချင်းလည်း သိကြတဲ့လူတွေ မဟုတ်ဘူး။ သူ့နယ်ကိုယ့်နယ်တွေက လာကြတာကိုး။ နိုင်ငံတော်အတွက် အတူတူ လုပ်ကြရမယ့် လူတွေ အနေအထားနဲ့ စေတနာလေး ထည့်ပေးလိုက်တာ” ဟု ဦးခင်ရွှေက မဇ္ဈိမကို ပြောသည်။

ပွဲတက်ခဲ့သူ အမတ်တဦးက “သူကတော့ အကူအညီရှိရင် တောင်းပါ။ အကူအညီ ပေးချင် တယ်ပေါ့။ ကြွားတဲ့ ပုံစံမျိုးပါပဲ။ စည်းရုံးတာပေါ့ဗျာ။ သူလိုချင်တာ တခုရှိလို့ ရေလောင်း နေတာ။ အဲဒီလိုမြင်တာပဲ” ဟု မဇ္ဈိမကို ပြောသည်။

ပွဲတက်ခဲ့သူ အခြားအမတ်တဦးကလည်း “သူကတော့ အလယ်မှာ ထိုင်ပြီး ကျန်တဲ့သူက စားပွဲဝိုင်းထားပြီး မိတ်ဆက်ကြတာကို သူက တခုစီ လိုက်ပြောတာပေါ့။ ပြီးတော့ Announcer လုပ်ပေးတာက NDF ပါတီက ဒေါက်တာမြဥာဏ်စိုး” ဟု ပြောသည်။

အမတ်များ၏ အဆောင်မှ ဧည့်ခံပွဲပြုလုပ်သည့် Mount Pleasant ဟိုတယ်သို့ မိနစ် ၃ဝ ခန့် သွားရပြီး၊ “အဲယားဘတ်စ်” နှစ်စီးဖြင့် ကြိုပို့ပေးကြောင်း ကိုယ်တိုင်တက်ရောက်ခဲ့သူ အမတ်တဦးထံမှ မေးမြန်းသိရှိရသည်။

နေပြည်တော်ရောက် တိုင်းရင်းသားပါတီ ၉ ပါတီမှ အမတ် ၁ဝဝ ကျော် ရှိသော်လည်း တက်ရောက်သူ ၆ဝ ကျော်သာရှိပြီး၊ NDF ပါတီမှ အမတ်အချို့နှင့် ကချင်ပြည်နယ်ဘက်မှ တစည အမတ်တချို့ တက်ရောက် သော်လည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင် အမတ်များ မပါဝင်ကြောင်း သတိထားမိသည်ဟု အမတ်တဦးကလည်း ပြောသည်။

ည ၉ နာရီခွဲခန့်တွင် ပြီးသွားသည့် ယင်းဧည့်ခံပွဲ၌ “အကောင်းစား” ဝီစကီ၊ ဘီယာနှင့် ဝိုင်တို့ဖြင့် ဧည့်ခံပြီး၊ ကာရာအိုကေလည်းပါကြောင်း သိရသည်။ “ကြိုက်တာသောက်ပေါ့။ နောက်တခါ သူဖိတ် ပါဦးမယ်တဲ့ သည့်ပြင်လူတွေလည်း ခေါ်လာပါတဲ့” ဟု အမတ်တဦးက ပြောသည်။

ဇေကမ္ဘာဦးခင်ရွှေက “ကျနော် သူတို့ဆီက ယူစရာ ဘာမှမရှိဘူးလို့။ အကူအညီ တောင်းရင်သာ ပေးစရာပဲ ရှိတယ်။ ကျနော်က အများကြီး ရှေ့ရောက်နေတဲ့ လူပဲ။ တိုင်းရင်းသားချင်း စာနာတာကြောင့် ကျနော် လုပ်ပေးလိုက်တာ။ တကယ့်ကို Mount Pleasant မှာ။ အမြင်ကတော့ အမျိုးမျိုး ရှိတာပေါ့ဗျာ၊ အကောင်းမြင် အဆိုးမြင်” ဟု ပြောသည်။

ထို့ပြင် ကြံ့ခိုင်ဖွံ့ဖြိုးရေး ရန်ကုန်တိုင်း တတိုင်းလုံးကိုလည်း ဧည့်ခံပြီးသွားပြီဖြစ်ကာ၊ “ဝါသနာ” အရ ရောက်သည့် နေရာတွင် ဧည့်ခံကြောင်းနှင့် ၁၄ နှစ်ကြာ ကျင်းပခဲ့သည့် အမျိုးသားညီလာခံ ကာလတွင်လည်း တောက်လျှောက် ဧည့်ခံခဲ့ကြောင်း သူက ပြောဆို သည်။

ဦးခင်ရွှေသည် တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့ နယ် ၃ ခု ပါရှိသည့် ရန်ကုန်တိုင်း မဲဆန္ဒနယ်အမှတ် ၉ မှ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အမျိုးသားလွှတ်တော်အမတ် ဖြစ်သည်။

Ref;Mizzima

Read More...

အကျဉ်းသားပေါ်တာများ နှိပ်စက်မှု၊ ရောဂါဖြစ်ပွားမှုများ ကြုံတွေ့ရ

Read More...

Friday, February 18, 2011

ချိန်ခါသင့်ပန်း ပွင့်လန်းပါစေ

တပ်မတော် (ရေ) မှာ ဖြစ်ပျက်ကြုံတွေ့ နေရတာလေးတွေကို ကျနော်ရေးသား ဖော်ပြလာတာ အခုဆိုရင် ဆောင်းပါး ၁၅ ပုဒ်လောက်ရှိသွားပါပြီ။ ဒီတပတ်တော့ ကျနော် ဘာကြောင့်စာရေးဖြစ်ခဲ့သလဲ။ ဘယ်လိုရည်ရွယ် စေတနာထားပြီး ရေးသားနေလဲ စတာတွေကို နည်းနည်းရှင်းပြချင်ပါတယ်လို့ အပ်မယ်ထင်လို့ပါ။

ယခုစာတွေကိုမရေးခင် ဘယ်မဂ္ဂဇင်း ဂျာနယ် မှာမှ ကျနော် စာမရေးခဲ့ဘူးပါ။ မဂ္ဂဇင်း ဂျာနယ်တွေမှာ ဖော်ပြ ခြင်းခံရ လောက်အောင် လည်း ကျနော် စာအရေး အသား မကောင်းပါ။ ကျနော်က သူလိုကိုယ်လို သာမန် အောက်ခြေစစ်မှုထမ်း တဦးမျှသာ ဖြစ်ပါတယ်။ နောက်ပြီး ကျနော့ အတွေ့အကြုံတွေ ကလည်း အများသူငါ ကြုံတွေ့ ရတဲ့အ တိုင်း ပါပဲ။ ပိုပြီး ထူးခြား တာမျိုးမရှိပါဘူး။

ကွာခြားမှုလေး နည်းနည်းလောက်တော့ ရှိတာပေါ့လေ။ ကျနော်က ရေတပ်မှာ အမှုထမ်းရတာဆိုတော့ ကြည်း တပ်သားတွေလို ရှေ့တန်းစစ်မျက်နှာ အတွေ့အကြုံ မရှိပါ ဘူး။ အဲဒီတော့ တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပျက်နေ တာတွေနဲ့ ပတ်သက်ပြီး ကိုယ်တိုင်ကြုံတွေ့ရတာမျိုး မရှိ ပါဘူး။ အဓမ္မ လုပ်အားပေးစေခိုင်းမှုကိစ္စနဲ့ အဓမ္မ နေရာ ရွှေ့ပြောင်းမှု ဆိုတာတွေကိုတော့ ဟိုင်းကြီးကျွန်းနဲ့ သန် လျင်ဆိပ်ကြီး တပ်သစ် တည်ဆောက်ရေး ကာလတွေမှာ ကြုံတွေ့ရတာတွေရှိပါတယ်။ အဲဒီ အတွေ့အကြုံလေး တွေကို အခြေခံပြီး ခုလို ရေးသားနေတာပါ။

စာရေးဖြစ်အောင်တွန်းအားပေးတဲ့ နောက်တချက်ကတော့ ကျနော့ရဲ့ နိုင်ငံရေး နောက်ခံကြောင့်ပါပဲ။ တပ်ထဲမရောက်ခင် ၁၉၈၈ ကာလတ၀ိုက်မှာ နိုင်ငံရေးလှုပ်ရှားမှုအချို့ လုပ်ဆောင်ခဲ့ဖူးပါတယ်။ နိုင်ငံရေးစာပေတွေကို အတန်အသင့်လေ့ လာခဲ့ဖူး ပါတယ်။ တပ်ထဲမှာလည်း ၀ါသနာတူ သူငယ်ချင်းအချို့နဲ့ ဆုံတွေ့ခဲ့ရပြန်ပါတယ်။ ကျနော်တို့ မျိုးဆက်က ၈၈လှုပ်ရှားမှုကို ဖြတ်သန်းကြီးပြင်းခဲ့ရတာဆိုတော့ ဒီမိုကရေစီ အငွေ့အသက်နဲ့ ဘယ်သူကင်းနိုင်ပါ့မလဲ။

နိုင်ငံရေး စိတ်မ၀င်စားသူတွေတောင်မှ ကိုယ်တွေ့ဖြတ်သန်းမှုလောက်တော့ ရှိခဲ့တာကိုး။ တပ်ထဲမှာကြုံတွေ့ရတဲ့ ဆက်ဆံ ရေးအနေအထားတွေ ဖောက်လွဲဖောက်ပြန် အခြေအနေ တွေကို မြင်တွေ့ရဖန်များလာတဲ့အခါ စိတ်ထဲမှာ တအုံနွေးနွေး ဖြစ်လာခဲ့တယ်။


ရိုးရိုးသားသားဝန်ခံရရင် ကျနော့ မိသားစုထဲမှာ နိုင်ငံရေးသမားတွေရှိနေတာကြောင့် အခါအားလျော်စွာ နိုင်ငံရေးသမား တွေနဲ့ ကျနော် စကားပြောဖြစ်ပါတယ်။ ရေတပ်ထဲမှာ ကျနော် ကြုံတွေ့ရတာတွေ အရာရှိ/စစ်သည်တွေရဲ့ အခက်အခဲ တွေ၊ စိတ်ခံစားချက် တွေကို ဆွေးနွေးဖြစ်တဲ့အခါ အစပိုင်းမှာသူတို့ နဲ့ကျနော် အခြေအတင် ဖြစ်ရပါတယ်။ ကျနော် ပြော ဆိုတဲ့အချက်တွေကို သူတို့ကမယုံကြဘူး။ မထောက်ခံပါဘူး။ ကျနော့ဖက်က စိတ်ရှည်လက်ရှည် အသေအချာရှင်းပြတဲ့ အခါကျမှ သူတို့လက်ခံ သဘောပေါက်တဲ့ အပိုင်းလေးတွေရှိလာတယ်။ အဲဒီအခါမှာမှ သူတို့က ကျနော့ အတွေ့အကြုံတွေ ကို အခြေခံပြီး စာရေးဖို့အကြံပြုလာတယ်။ ကျနော်ကိုယ်တိုင်ကလည်း ရေးချင်စိတ်တော့ရှိပါတယ်။ ဒါပေမယ့် ဘယ်ကစ ပြီး ဘယ်လိုရေးရမှန်းကို မသိပါဘူး။ အချိန်အတော်ကြာ ကြိုးစားပြီးတော့မှ ခုလိုမ၀ံ့မရဲ ရေးဖြစ်လာတာပါ။

မ၀ံ့မရဲဆိုတာက တခြားမဟုတ်ပါဘူး။ ဆွဲဆောင်မှုမရှိတဲ့ အရေးအသားညံ့ဖျင်းမှုနဲ့ ပြည်သူလူထုကို ဘယ်လိုများချပြရမ လဲ စိုးရိမ်မိတာပါ။ ဘာပဲဖြစ်ဖြစ် ခုတော့ ရွက်ကြမ်း ရေကျိုအဆင့်လောက် ဖြစ်နေပြီလို့ ထင်မိပါတယ်။

တကယ်တမ်း ကျနော်ရေးဖြစ်လာတဲ့အခါကျတော့ မျှော်လင့်မထားတဲ့ အားတက် စရာလေးတွေကိုမြင် တွေ့လာရပါတယ်။ ကျနော့စာတွေကို ဖော်ပြပေးတဲ့ နေ့သစ် ၀က်ဘ်ဆိုက်မှာ ဆောင်းပါးအောက်နားက comment အချို့ မြင်တွေ့ရပါတယ်။ ဒါဆိုရင် ကျနော်ရေးတဲ့စာကို လူတချို့ဖတ်ကြတယ်လို့ ဆိုရမှာပေါ့။ တချို့ comment တွေအရဆိုရင် သူတို့လည်း ကျနော့လို ရေတပ်စစ်မှုထမ်းတွေ ဖြစ်နေတဲ့ပုံပဲ။ အကြောင်းအရာတရပ်၊ အဖြစ်အပျက်တခုနဲ့ ပတ်သက်ပြီး ကျနော် ဖြီး ဖြန်း ရေးခဲ့ရင် သူတို့ခွင့်ပြုမှာ မဟုတ်ပါဘူး။ အခုလည်း တသဘောတည်းကျတယ်လို့တော့ မရှိပါဘူး။ သူ့ခံစားချက် ကိုယ့်ခံစားချက်၊ သူ့အမြင် ကိုယ့်အမြင် ကွဲလွဲမှုတွေရှိတတ်မြဲပါ။ သို့ပေမယ့် အဖြစ်အပျက်မှန်တွေကို အခြေခံပြီး စစ်မှု ထမ်းတွေ နေ့စဉ်ကြုံတွေ့ရင်ဆိုင်နေရတဲ့ ဘ၀မှန်တွေကို တတ်နိုင်သလောက် ထင်ဟပ်ရေးသားထားတယ် ဆိုတာကို တော့ ရဲရဲတင်းတင်း အာမခံလိုပါတယ်။

ကျနော်ရေးတဲ့အကြောင်းအရာအချို့မှာ အရာရှိတွေရဲ့ ကိုယ်ရေးကိုယ်တာတွေပါဝင် နေတော့ ကျနော်နဲ့ အမြင်မတူသူ တွေက ကျနော့ရေးသားချက်တွေကို သဘောမတူကြောင်း ကန့်ကွက်ရေးသားတာတွေလည်း ရှိပါတယ်။ သူတို့အပေါ်မှာ ကျနော် ဘယ်လိုမှ သဘောမထားပါ။ လူပုဂ္ဂိုလ် တဦးတယောက်အပေါ်မလို မုန်းထားစိတ်နဲ့ ရေးသားခြင်းမဟုတ်ဘဲ လူအ များနဲ့သက်ဆိုင်ပြီး တရားမမျှတဘူးလို့ ယူဆမိတာတွေကို ဥပမာပြုရေးသားခြင်းသာ ဖြစ်ပါတယ်။

ဗိုလ်ကြီးသက်လွင်ဟာ ကျနော်နဲ့ရင်းနှီးပါတယ်။ ဒါပေမယ့် သူကျူးလွန်တဲ့ ပြစ်မှုနဲ့ သူခံရတဲ့ ပြစ်ဒဏ်ဟာ ထိုက်တန်ဆီ လျော်မှု မရှိပါဘူး။ ဗိုလ်မှူးပြည်အောင် နဲ့လည်း အနီးကပ် နေခဲ့ဖူးပါတယ်။ သူက လက်အောက်ငယ်သားတွေ အပေါ်မှာ ကောင်းပါတယ်။ သို့သော်လည်း တပ်မတော်တရပ်လုံး ဒီထက်ပိုပြီးပြောရရင် ပြည်သူတရပ်လုံးအပေါ်မှာ စေတနာအညီ အမျှ ထားနိင်ပါ့မလားဆိုတာကို သူ့လက်တွေ့လုပ်ရပ်နဲ့ ချိန်ထိုးကြည့်လိုက် တာပါ။ ဘာပဲဖြစ်ဖြစ် ကျနော့သဘောထားကို လည်း အသေဆုပ်ကိုင် မထားပါဘူး။ လူဆိုတာ ကောင်းတခါဆိုးတလှည့် ရှိတတ်မြဲ မဟုတ်ပါလား။

ကျနော်ရေးတဲ့စာတွေကိုဖတ်ပြီး လူငယ်တချို့ဆက်သွယ်လာပါတယ်။ ကျနော့စာတွေကို ဖတ်ပြီးတဲ့အခါ တပ်မတော် သားတွေရဲ့ဘဝကို နည်းနည်း နားလည်စာနာမိလာတယ်လို့ ဆိုကြတယ်။ အဲဒီလိုသာဆိုရင် ကျနော် လုံ့လထုတ်ရေး သားရကျိုးနပ်ပါတယ်။ ကျနော့ စေတနာက တပ်မတော်နဲ့ပတ်သက်ပြီး အကောင်းချည်းမဖော်ပြချင်သလို ပြည်သူလူထု အနေနဲ့လည်း ယူနီဖောင်းမြင်တိုင်း ဒေါသထွက်နေမယ့် အနေအထားမျိုး မဖြစ်စေချင် ပါဘူး။

တပ်မတော်ထဲမှာ စစ်အာဏာရှင်စနစ် အမြစ်တွယ်နေတယ်ဆိုတာကို ကျနော်တို့ လက်ခံပါတယ်။ ဒါဟာခေါင်းဆောင်မှု ပြဿနာပါ။ တသွေးတသံတမိန့် အဖွဲ့အစည်းမှာ နောက်လိုက်က ချွန်ထွက်လို့ မရပါဘူး။ ထက်အောက်အမိန့်နဲ့ အုပ်ချုပ် တာဆိုတော့ ခေါင်းဆောင်ကောင်းရင် နောက်လိုက်ကောင်းတာများပါတယ်။ အာဏာရှင်စနစ်အောက်မှာ ဆိုးတဲ့လူအ တွက်က ရေစုံခရီးဖြစ်နေပြီး ကောင်းသူအတွက်ကျတော့ ရေဆန်ကူးရ သလိုဖြစ်နေရတာ သဘာဝကျပါတယ်။

တချိန်တည်းမှာ တပ်မတော်သားအားလုံး သည်ပုတ်ထဲကသည်ပဲ မဟုတ်တာတော့ သေချာပါတယ်။ တပ်မတော်သား ကောင်း တပ်မှူးတပ်သားတွေ အများအပြားရှိနေပါတယ်။ သူတို့ရဲ့ အခန်းကဏ္ဍ ရှေ့တန်းရောက်မလာသေးတာပါ။ နောက်ပြီး တပ်တွင်းလှုပ်ရှားမှု ဆိုတာက လူထုလှုပ်ရှားမှုလို သိပ်ပြီးထင်သာမြင်သာမရှိတဲ့ သဘောလည်း ပါ ပါတယ်။

တပ်မတော်နဲ့ ပြည်သူ ထိတွေ့ဆက်ဆံမှုအားနည်းနေသေးလို့ တဖက်နဲ့ တဖက်နားလည်မှု အပြည့်အဝ မတည်ဆောက် နိုင်သေးတာလို့ ထင်မိပါတယ်။ တွေ့မယ့်တွေ့တော့လည်း ရှေ့တန်းစစ်မြေပြင်မှာ၊ စီတန်းဆန္ဒပြမှုတွေမှာ၊ အဓမ္မလုပ်အား ပေးစေခိုင်းမှုတွေမှာ ထိပ်တိုက်ရင်ဆိုင်တွေ့ကြရတာမျိုးသာ ရှိလေတော့ အမုန်းတရားပေါ်မှာ နာကြည်းမှုတွေသာ ဆင့် နေပါတော့တယ်။ ဟိုးအရင်ကလို မြစိမ်းရောင် စစ်ဆင်ရေး၊ ရွှေဝါရောင် စစ်ဆင်ရေး စတဲ့ လူထုလုပ်အားပေးတွေ မတွေ့ ရတာ နှစ်ပေါင်း (၂၀) ကျော်သွားခဲ့ပါပြီ။

၂၀၀၈ တရုတ်ပြည် မြေငလျင်ကယ်ဆယ်ရေးမှာ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်သားတွေ နာရီပိုင်းအတွင်း ဒုက္ခသည်တွေဆီ အရောက်သွားနိုင်ခဲ့ပေမယ့် မြန်မာပြည် နာဂစ်မုန်တိုင်းမှာတော့ ကယ်ဆယ်ရေးနှောင့်နှေးကြံ့ကြာမှု တွေ ကြုံတွေ့ခဲ့ရတာ အားလုံးအသိပါ။ အမိန့်နဲ့ လှုပ်ရှားနေတဲ့ အဖွဲ့အစည်းချင်းအတူတူ ယခုလိုကွာခြားနေတာ ဘယ်သူ့ ကြောင့်လဲ၊ ခေါင်းအေးအေးစဉ်းစားကြည့်ရင် အဖြေပေါ်ပါလိမ့်မယ်။ ကျနော်တို့ရဲ့ တာဝန်ကတော့ တပ်ထဲက အဖြစ်မှန် တွေကို အရင်းအတိုင်း ဖော်ထုတ်တင်ပြပေးခြင်းဖြင့် နားလည်မှု တစုံတရာ ရလာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

မိတ်ဆွေ တပ်မတော်သားအပေါင်းကို မေတ္တာရပ်ခံပန်ကြားချင်ပါတယ်။ ခုချိန်မှာ တပ်မတော်နဲ့ ပြည်သူ ညီညွှတ်ရေး တည်ဆောက်ဖို့ အကောင်းဆုံးအချိန် ဖြစ်ပါတယ်။ စစ်တပ်အကြောင်း စစ်ခေါင်းဆောင်တွေအကြောင်းကို တပ်မတော် သားတွေက ပိုပြီးအတွင်းကျကျသိနိုင်တာမို့ ကောင်းတဲ့အချက်တွေကို ကောင်းသလို မကောင်းတဲ့ အချက်တွေကို မ ကောင်းသလို ဖွင့်ချရေးသားကြမယ်ဆိုရင် တပ်မတော်နဲ့ စစ်ခေါင်းဆောင်တွေရဲ့ သရုပ်ပိုမိုရုပ်လုံးပေါ်လာမှာ ဖြစ်ပြီး
ပြည်သူလူထုနဲ့ ဆက်ဆံရေးမှာ ရှင်းလင်းမြင်သာဖြစ်လာပါလိမ့်မယ်။

စာရေးတယ်ဆိုတာ အသံတိတ် စကားပြောဆွေးနွေးခြင်း တမျိုးပါပဲ။ စာရေးတဲ့နေရာမှာ အနုပညာဖန်တီးနိုင် မယ်ဆိုရင် တော့ အကောင်းဆုံးပေါ့။ အနုပညာမမြောက်မှာစိုးလို့ မရေးပြန်ရင်လည်း ကိုယ်ပြောခွင့်ကို ကိုယ်ပြန်ပိတ်လိုက်သလိုဖြစ် ပြီး ကိုယ့်အတွက် နစ်နာပါတယ်။ ကျနော် အဲဒီလိုခံယူပြီး ရေးနေတာ။ ယိမ်းထိုးလိုက် ချော်လဲလိုက်နဲ့ နည်းနည်းတော့ ခရီးပေါက်လာပြီ။ ရေးဖြစ်အောင်သာရေးကြပါ။ ဒီခေတ်မှာရေးစရာ နေရာတွေက အများကြီးပါ။ ကိုင်ဇာရဲ့ သီချင်းထဲက လို ထိုင်နေလို့တော့ဘာမှဖြစ်မလာဘူး ရေးသင့်တာတွေ ရေးမှဖြစ်တော့မယ်။ အာဖရိက တပ်မတော်တွေရဲ့ စံနမူနာကိုအတုယူပါ။ ရှေ့တန်းရောက် မြန်မာ့တပ်မတော်သားတွေ ဆိုတာကို လက်တွေ့ပြလိုက်ကြစမ်းပါ။

ကြည်သာရွှင်ပြုံး ရင်းနှီးဖော်ရွေ မျက်နှာထားပိုင်ရှင်တွေလို့ ကမ္ဘာလှည့်ခရီးသွားတွေ အသိအမှတ်ပြုထားတဲ့ မြန်မာနိုင်ငံ သားတွေအချင်းချင်းကြားမှာ သံသယရင်ခုံသံတွေ ပွားနေတာ သဘာဝမကျပါဘူး။ စစ်သားတယောက်အတွက် တသက် တာခိုနားရာဟာ တပ်မတော်မဟုတ်ဘဲ လူ့အဖွဲ့အစည်းနဲ့ လူ့ပတ်ဝန်းကျင် ဖြစ်တယ်ဆိုတာကို ကျနော်တို့ တတွေ ယုံကြည်ကြတယ်ဆိုရင် ကိုယ်ဘယ်လိုရပ်တည်မလဲ ပြတ်ပြတ်သားသား ဆုံးဖြတ်ဖို့အချိန်ကို ရောက်နေပါပြီ။

ကိုယ်စီကိုယ်ငှ ပြည်သူ့အကျိုး သယ်ပိုးနိုင်ကြပါစေ။
ချစ်မိတ်ဆွေ ရဲဘော်အပေါင်းကို ထာဝရလေးစားလျက်
နေမင်းသူ

Ref;နေ့သစ်

Read More...

သန်းရွှေ က အောင်သိန်းလင်း ကို ကန်ထုတ်လိုက်ပြီ

မောင်သိန်းနိုင် (နေပြည်တော်)

လမ်းတခြမ်းခင်း အောင်သိန်းလင်း လို့ နာမည်ကြီးလှတဲ့ ရန်ကုန်မြို့တော်ဝန် အောင်သိန်းလင်း ကို မြို့ဝန်ရာထူး ပြန်ပြီး မခန့်တဲ့အတွက် အောင်သိန်းလင်းဟာ ဗခ သန်းရွှေ ကို မကျေမနပ်ဖြစ်နေတယ်။

ရွေးကောက်ပွဲတုန်းက ကုန်ကျထားတာတွေ ရွေးကောက်ပွဲ နိုင်ပြီးမှာ ပြန်ရှာဖို့ အားခဲထားပေမဲ့ အောင်သိန်းလင်း ကို သန်းရွှေ က သာမန် လွတ်တော်အမတ် ဘ၀နဲ့ပဲ ချောင်ထိုးထားလိုက်တဲ့အတွက် အောင်သိန်းလင်း က စားခွက် ပျောက်နေပါတယ်။ ရွေးကောက်ပွဲမှာ သူက ကြံ့ဖွတ်ဖက်ကနိုင်အောင် ရန် ကုန်တိုင်းက အတက်ကြွဆုံး လုပ်ပေးခဲ့ရတယ်။

ဒီလောက်လုပ်ပေးခဲ့ရတဲ့သူကို သန်းရွှေ က ချောင်ထိုးထားတဲ့အတွက် သူက ခံစားချက် ဖြစ်နေပါတယ်။ သူခံစားချက်က ပြင်းထန်ပါတယ်။ ငွေတွေ သောက်သောက်လဲ ကုန်ထားတယ်လို့ သိရတယ်။ အောင်သိန်းလင်း မိန်းမ ဒေါက်တာ ခင်စန်းနွယ် က ခုဆိုရင် ဒေါ်ကြိုင်ကြိုင် ဆန်ကျင်ရေးကို တက် တက်ကြွကြွ လုပ်ဆောင်နေတယ် လို့ သိရတယ်။

သူတို့လည်းစားတာပဲ၊ ဒို့ လည်းစားရမှာပဲလို့ ဆိုတယ်။ စီးပွားရေးသမားတွေ က သူ့ကိုလာဘ်ထိုးဖို့ဆိုရင် သူ့မိန်းမ ဒေါက်တာ ခင်စန်းနွယ်က တဆင့်ဝင်ရတယ်။ သူမိန်းမဟာလည်း အလွန်စားတဲ့သူ ဖြစ်တယ်။

သန်းရွှေက ရန်ကုန်မြို့တော်ဝန်အသစ်ကို ဗမ လှမြင့်ကို ခန့်လိုက်တယ်။ အခု ဗမ လှမြင့်က အောင်သိန်းးလင်း ကို အိမ်ပေါ်ကနေ ဆင်းပေးဖို့ တောင်းဆိုတဲ့အခါမှာ အောင်သိန်းလင်းဟာ ဒေါသူပုန် ထနေတယ်လို့ သိရ တယ်။ အိမ်ပေါ်ကနေ ဆင်းပေးရမယ့် အခြေအနေ ဖြစ်နေတယ်။ အိမ်က ကမ္ဘာအေးဘုရားလမ်း၊ ပုလဲကွန်ဒိုရှေ့မှာ ရှိပါတယ်။


Ref;နေ့သစ်


Read More...

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အိမ်ပြောင်းမည်


စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် လက်ရှိနေထိုင်ရာ ဇေယျာသီရီမြို့နယ် စစ်တပ်ဝင်းမှ ဇဗ္ဗူသီရိမြို့နယ်သို့ မကြာခင် ပြောင်းရွှေ့တော့မည်ဟု နေပြည်တော် စစ်ဘက် သတင်းရပ်ကွက်များက ပြောသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ခေါင်းဆောင်အဖြစ် ဆက်ရှိနေသော ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် မိသားစုသည် ဇဗ္ဗူ သီရီမြို့နယ် ရာဇဌာနီလမ်းမကြီးအရှေ့ဘက် ပေ ၂ဝဝ ပတ်လည် အကျယ်ရှိ နေအိမ်သို့ ပြောင်းရွှေ့မှာ ဖြစ်သည်။

ခြံဝင်းထဲတွင် ဝန်ထမ်းများ သီးသန့်နေထိုင်ရန် အိမ်တလုံး၊
ကားဂိုဒေါင်၊
burma-army-thanshwe


အပန်းဖြေတဲတခု ပါဝင်ကာ ၈ ပေခန့် အမြင့်ရှိ တံတိုင်းနှစ်ထပ် ခြံစည်းရိုးဖြင့် ကာရံထားသည်။

၎င်းအိမ်နှင့် အိမ်နီးချင်းများမှာ စစ်အစိုးရ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး၊ သမ္မတ
ဦးသိန်းစိန်၊ ဒုသမ္မတ သီဟသူရ ဦးတင် အောင်မြင့်ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့် သမ္မတက ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌအဖြစ် အဆို တင်ထားသည့် ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး ဖြစ်သည်။

တောင်တန်းကို ကျောပေးထားသော အိမ်ယာ များ၏ မျက်နှာစာတွင် ကွင်းပြင်သာရှိပြီး နေပြည်တော်ရှိ ဥပ္ဗါတသန္ဓိ စေတီတော်ကို အထင်းသား ဖူးမျှော်နိုင်သည်။ ခြံဝင်းတခု ချင်းစီ၏ အပြင်ဘက်တွင် ပေ ၂ဝ ခန့် ကျယ်ဝန်းသည့် ခြံပတ်လမ်းများလည်း ပြုလုပ် ထားသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရာထူးကို မျိုးဆက်သစ်သို့ လွှဲပြောင်းပေးမှာဖြစ်သည်ဟု ယုံကြည်ရသော အသက်ရွယ်ကြီး စစ်ခေါင်းဆောင်၏ လုံခြုံရေးမှာ ထိပ်ဆုံးအဆင့် ဖြစ်သည်။ နေပြည်တော်မြို့တွင်းမှာပင် အကြမ်းဖက် နှိမ်နင်းရေး ကိုယ်ရံတော်တပ်ဖွဲ့ဝင်များ လိုက်ပါသော လုံခြုံရေးကား ရှေ့ ၄ စီး၊ နောက် ၄ စီး ခြံရံသွားလာလေ့ရှိသည်။

အသစ်ပြောင်းရွှေ့မည့် နေအိမ်သို့ နေ့ခင်းဘက်များတွင် လာရောက်ကြည့်ရှု့သည်မှာ သီတင်းပတ် တပတ်ကျော် ရှိသွားပြီဖြစ်ကာ ညပိုင်းရောက်မှသာ ဇေယျာသီရိသို့ ပြန်လေ့ရှိ သည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။ ထို့အပြင် ဆင်ဖြူတော် ထားရှိရာသို့လည်း တခါတရံ လှည့်လည်ကြည့်ရှုလေ့ရှိသည်။

ဇေယျာသီရိရှိ စစ်ရုံးဟု လူသိများသော စစ်တပ်ဝင်းအတွင်း စစ်ဘက်အရာရှိကြီးများ၊ ဝန်ကြီး အဖွဲ့ဝင်များ နေခဲ့ကြသည်။

လက်ရှိရာထူးမှ အနားယူမည့် ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးမှာ ဇန်နဝါရီလ ၁၈ ရက်နေ့ ကပင် နေအိမ်သစ်သို့ ပြောင်းရွှေ့ခဲ့ကြောင်း နေပြည်တော် သတင်းရပ်ကွက်က ပြောသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နေအိမ်သစ်သို့ သောကြာနေ့တွင်ပင် ပြောင်းရွှေ့လိမ့်မည်ဟု သတင်းပေးသူက ပြောသည်။ သို့သော် သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိပါ။

လုံခြုံရေးကြောင့် ထိပ်တန်း စစ်ခေါင်းဆောင် ၆ ဦး၏ နေအိမ်ရှေ့ရှိ လယ်ကွင်းများကို သိမ်းယူမည်ဟု ဇဗ္ဗူသီရီ မြို့ခံများက ထင်ကြေးပေးနေကြသည်။

ထိုသို့ဖြစ်နေချိန်တွင် နိုင်ငံရေးအသိုင်းအဝိုင်းတွင် ရေပန်းစားနေသောကောလာဟလတခုမှာ အစိုးရသစ်အတွက် သမ္မတနှင့် ဒုသမ္မတ ရွေးချယ်မှုအပေါ် ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးက ကျေနပ်မှု မရှိဟူသော အပြောဖြစ်သည်။

Ref;Mizzima

Read More...

စုပေါင်းကာကွယ်ရန် လက်နက်ကိုင် ၁၂ ဖွဲ့ ကောင်စီဖွဲ့



စစ်အစိုးရ ဖိအားများကို စုပေါင်းကာကွယ်ရန်အတွက် အပစ်ရပ်နှင့် အပစ်မရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ပါဝင်သည့် “ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ”ကို ဗုဒ္ဓဟူးနေ့တွင် ဖွဲ့စည်းလိုက်သည်။

ယခုလ ၁၂ ရက်မှ ၁၆ ရက်နေ့အထိ ထိုင်း-မြန်မာနယ်စပ် တောတွင်းတနေရာ၌ ကျင်းပခဲ့ပြီး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ် ၅၁ ဦး တက်ရောက်ခဲ့သော ညီလာခံကြီးတွင် စစ်အစိုးရက စစ်ရေး၊ နိုင်ငံရေးအရ ဖိအားပေးလာလျှင် စုပေါင်း၍ ခုခံကာကွယ်နိုင်ရန်အတွက် အင်္ဂလိပ်ဘာသာဖြင့် United Nationalities Federal Council (Union of Burma) အမည်ရ ကောင်စီကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

“စစ်အုပ်စုကနေ လွှတ်တော်တွေဖွဲ့၊ နိုင်ငံရေးအရ တိုင်းရင်းသားတွေကို ချေမှုန်းဖို့၊ အင်အားဆုတ်ယုတ်အောင် လုပ်တာ၊ နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်တပ်လုပ်ဖို့ ဖိအား ပေးရင် တဖွဲ့ထဲ ခုခံနိုင်ဖို့ မလွယ်ဘူး။ ဒါကြောင့် စစ်ရေးအရ လက်နက်ကိုင် အဖွဲ့အစည်းတွေ ပေါင်းပြီးတော့ ညီညီညွတ်ညွတ်နဲ့ ခုခံပြောဆို ကာကွယ်မှ ရပ်တည်နိုင်မယ်ဆိုပြီးတော့ မဖြစ်မနေ ဖွဲ့စည်းလိုက်တဲ့ အခြေအနေမျိုးပါ” ဟု ထိုကောင်စီ၏ တွဲဘက်အတွင်းရေးမှူး ဖြစ်သူ PNLO မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက မဇ္ဈိမကို ပြောသည်။

ကောင်စီကို ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF ၊ လားဟူ ဒီမိုကရက်တစ်သမဂ္ဂ္ဂ LDU၊ ညီညွတ်သော ရခိုင်အမျိုးသားပါတီ NUPA၊ ကချင်လွတ်မြောက်ရေး အဖွဲ့ KIO၊ မွန်ပြည်သစ်ပါတီ NMSP၊ ကချင်အမျိုးသား အစည်းအရုံး KNO၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ ဝ' အမျိုးသားအဖွဲ့ချုပ် WNO၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ PNLO နှင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ALD စသည့် အပစ်ရပ်နှင့် အပစ်မရပ်သေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအပြင် ပြည်ပအခြေစိုက် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးစုများ ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) UNLD (L/A) ဖြင့် ဖွဲ့စည်းခြင်း ဖြစ်သည်။

၎င်း ၁၂ ဖွဲ့မှ ကိုယ်စားလှယ် ၂၇ ဦး စေလွှတ်ကာ ကောင်စီဝင်များအဖြစ် တာဝန်ယူမည် ဖြစ်ကာ၊ ကျန်ရှိသေးသော အဖွဲ့အစည်းများလည်း ပါဝင်လာနိုင်ရန် ညှိနှိုင်းနေဆဲဖြစ်သည်။

ဥက္ကဋ္ဌအဖြစ် KNU ၏ လက်နက်ကိုင်တပ် KNLA ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပဒိုဆဲဖူး၊ KIO မှ ဒုဗိုလ်ချုပ်ကြီး ဂေါင်ရီဇော်ဆိုင်းက ဒု-ဥက္ကဋ္ဌ ၁ ၊ KNPP ဝါရင့်နိုင်ငံရေးခေါင်းဆောင် ခူးအေဘေတွိ့သ်က ဒုဥက္ကဋ္ဌ ၂ ၊ NMSP မှ နိုင်ဟန်သာက အထွေထွေအတွင်းရေးမှူး၊ PNLO ဗိုလ်မှူးကြီး ခွန်ဥက္ကာက တွဲဘက် အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ပေးခံ ရသည်။

အနည်းဆုံး ၃ လမှ ၆ လအထိ အချိန်ယူပြီး တိုင်းရင်းသားများ ကိုယ်စားပြုကောင်စီကြီး ပိုမိုကျစ်လစ်ခိုင်မာအောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံခြားရေး၊ ပြည်ထဲရေး (ဌာနချုပ်ရုံး)၊ ကာကွယ်ရေး စသည့် ဌာနကြီး ၃ ခုကို စတင်ဖွဲ့စည်းပြီး စစ်ရေးအရ ကာကွယ်ရေးဌာန တခုတည်းထားရှိကာ ခုခံကာကွယ်ရေး ပူးပေါင်းဆောင်ရွက်သွားရန် ရှိကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားများ သာမက ဗမာလူမျိုး အခြေခံ လူတန်းစားများ ပါဝင်လာနိုင်ရန် အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်တရပ် လုပ်ဆောင်မည်ဟုလည်း ဆိုသည်။

သူက “ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်မယ်ဆိုရင် ကျနော်တို့ တိုင်းရင်းသား သက်သက်ပဲ တည်ဆောက်လို့ မရနိုင်ပါဘူး။ လက်ရှိ တိုင်းပြည်က ဗမာလူမျိုးတွေလည်း ပါဝင်နေတဲ့ တိုင်းပြည်ဆိုတော့ ဖက်ဒရယ် ပြည်ထောင်စု လက်တွေ့အောင်မြင်အောင် တည်ဆောက်ချင်ရင် အခြေခံ လူထုလူတန်းစားတွေကို လက်တွဲရမှာပဲ။ ကျနော်တို့က အခြေခံ ဗမာလူမျိုး လူထုလူတန်းစားကိုလည်းပဲ လက်တွဲပြီးတော့ တည်ဆောက်ရေးမှာ ဆက်လုပ်သွားဖို့ လုပ်ငန်းစဉ် တခုဖြစ်ပါတယ်” ဟု သူက မဇ္စျိမကို ပြောသည်။

တိုင်းရင်းသားများ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၄ ရက်နေ့တွင် ဖွဲ့စည်းခဲ့သော လက်နက်ကိုင် ၆ ဖွဲ့ပါ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး ကော်မတီ CEFU ကို ညီလာခံ နောက်ဆုံးနေ့တွင် တရားဝင် ရုပ်သိမ်းလိုက်သည်။

စစ်အင်အားကြီး ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA နှင့် ရှမ်းပြည်မြောက်ပိုင်း တပ်မတော် SSA-N အဖွဲ့များ လက်ရှိ ညီလာခံသို့ တက်ရောက် နိုင်ခြင်း မရှိပေ။

သို့သော် ပြည်သူ့စစ် အသွင်ပြောင်းရေး လက်မခံသော ရှမ်းပြည်မြောက်ပိုင်း တပ်မတော်၏ တပ်မဟာ ၁ ဦးစီးချုပ် ဗိုလ်ချုပ်ပန်ဖ ဦးဆောင်သော ရှမ်းပြည်တိုးတက်ရေးပါတီ Shan State Progress Party-SSPP အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။

ပြီးခဲ့သည့်လအတွင်း SSPP ပါတီကို ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်တွင် ဗဟိုကော်မတီဝင် ၁ဝ ဦးနှင့် ဗဟိုအလုပ်အမှုဆောင် ၂၁ ဦးတို့ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ပြီး အုပ်ချုပ်ရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် ပညာရေး ဌာနများအလိုက် ဖွဲ့စည်းထားရာ ပါတီ အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် ဗိုလ်ချုပ်ပန်ဖ တာဝန်ယူထားသည်ဟု ရှမ်း သံတော်ဆင့် အယ်ဒီတာ ဦးစိန်ကြည်က ပြောသည်။

“စစ်တပ်က စစ်ရေးတခုထဲနဲ့ သွားလို့ မရတော့ဘူး။ စည်းရုံးရေး၊ နိုင်ငံရေး သဘောတရားရေး၊ မျိုးချစ်ပြည်ချစ် စိတ်ဓာတ်တွေ အခြေခံဖို့ နိုင်ငံရေး ဦးဆောင်အဖွဲ့ တခုရှိရမယ်ဆိုပြီး အရင်က SSPP ကို ပြန်ဖော်ထုတ်တယ်။ တခြား နိုင်ငံရေး မဟာမိတ်အဖွဲ့တွေနဲ့လည်း ဆက်သွယ်ဆက်ဆံနိုင်ဖို့ တပ်ပေါင်းစုအဖြစ် ပူးပေါင်း ဆောင်ရွက်ဖို့၊ အပြန်အလှန် ကူညီနိုင်ဖို့ ဖွဲ့လိုက်တယ်လို့ ကြားတယ်” ဟု သူက မဇ္စျိမကို ပြောသည်။

၁၉၇၁ ခုနှစ်ကတည်းက ရှမ်းပြည်မြောက်ပိုင်းတပ်မတော်က ရှမ်းပြည်တိုးတက်ရေးပါတီကို ဖွဲ့စည်းခဲ့ကာ ၁၉၈၉ စက်တင်ဘာတွင် ဗိုလ်ချုပ်ဆေထင် ဦးဆောင်သည့် SSA-N က စစ်အစိုးရနှင့် အပစ်ရပ်ခဲ့ပြီးနောက် ယခု ပြန်လည်ဖွဲ့စည်းခြင်း ဖြစ်သည်။

စစ်အစိုးရက လက်နက်ကိုင် အဖွဲ့များကို နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်ပြောင်းရေး ဖိအားပေးလာသဖြင့် တိုင်းရင်းသား အဖွဲ့များကို အင်အားစုကြီးတခု၊ ဆုံချက်တခုအဖြစ် တည်ဆောက်နိုင်ကြောင်း ဦးစိန်ကြည်က သုံးသပ်ပြောဆိုသည်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တော်လှန်နေသော တိုင်းရင်းသားငြိမ်းအဖွဲ့များ၏ လက်နက်ကိုင် တပ်များကို တပ်မတော်အောက် နယ်ခြားစောင့်တပ်အဖြစ် ပြောင်းရေးကို စစ်အစိုးရက ဖိအားပေးနေသော်လည်းUWSA၊ KIO၊ NMSP၊ SSA-N၊ မိုင်းလား ခေါ် အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ NDAA တို့က ငြင်းဆန်နေဆဲ ဖြစ်သည်။

ထို့ကြောင့် ပြီးခဲ့သည့်နှစ် မေလတွင် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ဖိအားပေး နေချိန် စစ်အစိုးရက တိုင်းရင်းသားအဖွဲ့တခုခုကို တိုက်ခိုက်လာပါက ပြန်လည်ပူးပေါင်းတိုက်ခိုက်ရန် ထိုတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ စစ်ရေး၊ နိုင်ငံရေးအတွက် မဟာမိတ်ဖွဲ့ရန် သဘောတူခဲ့ကြသေးသည်။

Ref;Mizzima

Read More...

ဆွဲမိုင်းကြောင့် နအဖ ၂၀ကျော် ထိခိုက်၊ သေဆုံး

ဖေဖော်ဝါရီလ ၁၇ရက်။ စောခါးစူးညား (ကေအိုင်စီ)

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်းရှိ ကျောက်ခက်နှင့် ဖလူးလေးအကြား ပဒူအုံ (ပလောတပ၀ို)တွင် ဖေဖော်ဝါရီလ ၁၅ရက် နေ့က DKBA တပ်မဟာ(၅) တပ်ဖွဲ့ဝင်တို့၏ ဆွဲမိုင်းကြောင့် နအဖ တပ်မ(၂၂)လက်အောက်ခံ ခမရ(၃၅၇) တပ်ရင်းမှ တပ်ဖွဲ့ဝင် ၂၀ကျော် ထိခိုက်သေဆုံးခဲ့သည်ဟု စုံစမ်းသိရှိရသည်။

ထိုနေ့ည ၈နာရီ ၁၅မိနစ်အချိန်၌ ဆွဲမိုင်းဖြင့် အဆွဲခံရသည့် အဆိုပါ နအဖ တပ်ဖွဲ့ဝင် များထဲတွင် ဗိုလ်ကြီး ၁ဦး၊ အရာခံဗိုလ် ၁ဦး၊ တပ်ကြပ်ကြီး ၁ဦး၊ ဒုတပ်ကြပ် ၁ဦးနှင့် တပ်သား ၆ဦး အပါအ၀င် စုစုပေါင်း ၁၀ဦး သေဆုံးပြီး ၁၃ဦး ဒဏ်ရာရရှိခဲ့သည်ဟု DKBA တပ်မဟာ(၅)နှင့် ပြန်လာပူးပေါင်းသည့် DKBA တပ်မဟာ(၉၉၉)မှ တပ်ရင်း(၅)မှူးဖြစ်သူ ဒုဗိုလ်မှူးကြီးစောဖိုးခလိက ကေအိုင်စီကို ပြောသည်။

သူက “ကျနော်တို့လူ(DKBA)တွေ သူတို့(နအဖ)ကို ဆွဲမိုင်း ၂လုံးနဲ့ ဆွဲတာ။ ၂လုံးဆိုတော့ ပိုပြီးတော့ပြင်းသလို ဆွဲတာလည်း နေရာမှန်တော့ နအဖတွေ ဒီလို အထိအခိုက်များတာပဲ။ ကျနော်တို့ဘက်ကတော့ ထိခိုက်မှုမရှိဘူး။ ဘာဖြစ်လဲဆိုတော့ ဆွဲပြီး တာနဲ့ နောက်ဆုတ် တာပဲလေ။”ဟု ပြောသည်။

ဆွဲမိုင်းကြောင့် ဒဏ်ရာရရှိခဲ့သည့် နအဖ ခမရ(၃၅၇)မှ တပ်ဖွဲ့ဝင်များကို မြ၀တီမြို့ ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု ကိုယ်တိုင်မြင်တွေ့ခဲ့သူ မြ၀တီမြို့ခံများ၏ ပြောပြချက် အရ သိရသည်။

ယခုလ ၁၃ရက်နေ့၌လည်း ကော့ကရိတ်မြို့ရှိ တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေး အရာရှိချုပ်ရုံး(စရခ)ရုံးကို DKBA တပ်ဖွဲ့ က လက်ပစ်ဗုံးဖြင့် သွားရောက်လှမ်းပစ်ခဲ့ရာ နအဖ ၄ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။


Ref;KIC

Read More...

အီးယူပိတ်ဆို့မှု ဆက်ထားဖို့ ဒေါ်စုပြော

ဦးဇော်ဝင်းလှိုင်
17 ဖေဖော်ဝါရီ 2011

မြန်မာနိုင်ငံမှာ တကယ်စစ်မှန်တဲ့ ပြောင်းလဲမှုတွေ မဖြစ်ပေါ်သေးတဲ့အတွက် ဥရောပ သမဂ္ဂက လက်ရှိ စစ်အစိုးရအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို မရုပ်သိမ်း သင့်သေးဘူးလို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။ မြန်မာ့အရေး ထောက်ခံအားပေးကြတဲ့ ဆွီဒင် နိုင်ငံရေးသမားတွေ၊ နိုင်ငံသားတွေနဲ့ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေ မနေ့က စုပေါင်း ကျင်းပခဲ့တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲကို တယ်လီဖုန်းကတဆင့် ပါဝင် ဆွေးနွေးရင်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားခဲ့တာပါ။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မနေ့ကပြုလုပ်တဲ့ ဆွီဒင်နိုင်ငံက လွှတ်တော်အမတ်တွေ၊ အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တွေ၊ သတင်းထောက်တွေနဲ့ မြန်မာ့အရေး တက်ကြွ လှုပ်ရှားသူတွေ ပါဝင်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တယ်လီဖုန်းက တဆင့် ပါဝင် ဆွေးနွေးပြီး သူမကိုမေးတဲ့ မေးခွန်းတွေကို ပြန်လည် ဖြေကြားခဲ့တာပါ။

အခုလို ဆွေးနွေးပွဲ ဖြစ်မြောက်ရေးနဲ့ ဒေါ်အောင်ဆန်းစုကြည် ပါဝင် ဆွေးနွေး နိုင်ရေးအတွက် ဦးဆောင် ကြိုးပမ်းပေးခဲ့သူကတော့ ဆွီဒင် Social Democratic ပါတီက လွှတ်တော်အမတ်လည်းဖြစ်၊ လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီဝင် လည်းဖြစ်တဲ့ အိုလေး သိုရဲလ် (Olle Thorell) ဖြစ်ပါတယ်။

“ဒီဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည်လည်း တယ်လီဖုန်းကတဆင့် တိုက်ရိုက် ပါဝင်ဆွေးနွေးပြီး မေးခွန်းတွေကို ဖြေကြားခဲ့ပါတယ်။ EU ဥရောပသမဂ္ဂ အနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဒီမိုကရေစီအရေး တိုက်ပွဲဝင်မှုတွေအတွက် တညီတညွတ်တည်း ရပ်တည် ပြောဆိုတာမျိုးကို လိုလားတဲ့ အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံအပေါ် လတ်တလော ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေ ပြန်ရုပ်သိမ်း ရေးအတွက် ပြောဆိုသံတွေ ထွက်နေတဲ့အပေါ်၊ အထူးသဖြင့် ဂျာမဏီနဲ့ အီတလီနိုင်ငံတို့က ပြောဆိုနေတာတွေအပေါ် သူမအနေနဲ့ စိုးရိမ် ပူပန်တဲ့အကြောင်း ပြောပါတယ်။ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ အပြောင်းအလဲတွေ မဖြစ်လာသေးတဲ့အပြင် နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော် ပြန်မလွတ်သေးသ၍ ဒီပိတ်ဆို့မှုတွေအကြောင်း ပြောဆို ဆွေးနွေးဖို့ မသင့်သေးဘူး ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က ပြတ်ပြတ် သားသား ပြောခဲ့ပါတယ်။”

မစ္စတာ အိုလေး သိုရဲလ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ် သောကြာနေ့ကပဲ ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ပါတီက နိုင်ငံခြားရေးရာ ပြောခွင့်ရ ပုဂ္ဂိုလ်နဲ့အတူ ရန်ကုန်မှာ သွားရောက် တွေ့ဆုံခဲ့သူ ဖြစ်ပါတယ်။ ရန်ကုန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တနာရီလောက် တွေ့စဉ်မှာလည်း အလားတူ ပိတ်ဆို့အရေးယူမှုနဲ့ ဆိုင်တဲ့ ကိစ္စရပ်တွေကိုပဲ အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်လို့ မနေ့ကပဲ ဆွီဒင်နိုင်ငံ လွှတ်တော်ရဲ့ နိုင်ငံခြားရေး ကော်မတီမှာ ဆွေးနွေးမှုတွေ လုပ်ခဲ့တယ်လို့ မစ္စတာ သိုရဲလ်က ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ အကြောင်းအရာတွေကို ဒီဆွေးနွေးပွဲမှာ ကျနော်နဲ့ ကျနော်တို့ပါတီက နိုင်ငံခြားရေးရာ ပြောခွင့်ရ ပုဂ္ဂိုလ်တို့က ပြန်လည် တင်ပြခဲ့တာပါ။ မြန်မာနိုင်ငံမှာ ပြောင်းလဲမှုတွေ မဖြစ်ပေါ်မချင်း EU အနေနဲ့ ပိတ်ဆို့အရေးယူမှုတွေကို ဒီအတိုင်း ဆက်ထားတဲ့ EU ဘုံမူဝါဒ ဆက်လက် တည်ရှိနေရေး ကျနော်တို့ရဲ့ တောင်းဆို ပြောပြချက်တွေကို အလေးပေး စဉ်းစားမယ်ဆိုတာ နိုင်ငံခြားရေးဝန်ကြီးက ကျနော်တို့ကို ပြန်လည် ဖြေကြားခဲ့ပါတယ်။”

ဒါပေမဲ့ ဒီကိစ္စကို ဆွီဒင်အစိုးရ အနေနဲ့ ဘယ်လို အကောင်အထည် ဖော်သွားမယ် ဆိုတာကိုတော့ အတိအကျ မသိရသေးဘူးလို့ မစ္စတာ သိုရဲလ်က ပြောပါတယ်။

တခြားနိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ထားတဲ့ သဘောထား ဘယ်လိုပဲ ပြောင်းလဲနေပါစေ၊ ဆွီဒင်အစိုးရနဲ့ ဆွီဒင်နိုင်ငံသားတွေဟာ မြန်မာ့ဒီမိုကရေစီ အရေးကို အရင်လိုပဲ ဆက်လက် ထောက်ခံ အားပေးသွားမှာပါလို့ သူက ဆက်ပြောပါတယ်။

“ဆွီဒင်နဲ့ တခြား စကန်ဒီနေးဗီးယား တိုင်းပြည်တွေက မြန်မာနိုင်ငံအပေါ် ထားတဲ့ သဘောထားကတော့ အစောကြီးကတည်းက ပြတ်သားပြီးသားပါ။ အဲဒါကတော့ မြန်မာနိုင်ငံ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေဘက်က အစဉ်အမြဲ ရပ်တည်သွားပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်းဆိုချက်တွေဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးရေး၊ စစ်တပ် အပါအ၀င် သက်ဆိုင်သူအားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်ဖို့ စတဲ့ တောင်းဆိုချက်တွေကို ထောက်ခံသွားမယ် ဆိုတာပါပဲ။”

မြန်မာနိုင်ငံမှာ ၂၀၁၀ ခုနှစ် နိုဝင်ဘာလ အတွင်းက ရွေးကောက်ပွဲ ကျင်းပပြီး အစိုးရသစ် တရပ် ပေါ်ထွက်လာဖို့ တဖြည်းဖြည်း နီးကပ်လာနေတဲ့ အချိန်မှာ EU အဖွဲ့ဝင် နိုင်ငံတချို့က အခုလို မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို ပြန်လည် သုံးသပ်ဖို့ လိုမယ်ဆိုတဲ့ အသံတွေ ထွက်ပေါ်လာတာပါ။

ဒါပေမဲ့ ဆွီဒင် အပါအ၀င် တခြား EU အဖွဲ့ဝင် နိုင်ငံကြီး တော်တော်များများနဲ့ အမေရိကန် ပြည်ထောင်စုတို့က မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်မလာမချင်း ဒီပိတ်ဆို့ အရေးယူမှုတွေကို ဆက်လက် ချမှတ်ထားရမယ် ဆိုတဲ့ မူဝါဒကို ဆက်လက် ကိုင်ဆွဲထားဆဲ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ဒီပိတ်ဆို့မှုတွေဟာ လူနည်းစု စစ်တပ်ခေါင်းဆောင်ပိုင်းနဲ့ သူတို့အသိုင်းအ၀ိုင်းကိုသာ ထိခိုက်ပြီး ပြည်သူလူထုကို ထိခိုက်ခြင်း မရှိဘူးဆိုတဲ့ သဘောထား ကြေညာချက်ကို မကြာသေးခင်ကပဲ ထုတ်ပြန်ခဲ့ပါတယ်။

Ref;VOA

Read More...

ဦးတင်အေးကို ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအဖြစ် တင်သွင်း

ကိုဝိုင်း | ကြာသပတေးနေ့၊
ဖေဖေါ်ဝါရီလ ၁၇ ရက် ၂၀၁၁ ။

ချင်းမိုင် (မဇ္ဈိမ) ။ ။ ပြည်ထောင်စု လွှတ်တော် ကြာသပတေးနေ့ အစည်း အဝေးတွင် သမ္မတ ဦးသိန်းစိန်က ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌအဖြစ် တင်သွင်း လိုက်သည်။

မန္တလေးတိုင်း တံတားဦးမြို့နယ် ကြံ့ခိုင်ရေးပါတီ အမတ်အဖြစ်မှ နုတ်ထွက်ကြောင်း သတ္တမနေ့ ပြည်ထောင်စု လွှတ်တော်တွင် ကြေညာခဲ့ အပြီး နောက်ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌအဖြစ် အမည် တင်သွင်း ခံရခြင်း ဖြစ်သည်။

“ဒီနေ့လည်း ၁ဝ မိနစ်ပဲ ကြာတယ်။ ထွက်သွားတယ် ဆိုတဲ့ ဦးတင်အေးကို ဒီနေ့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ပြန်တင်တာပေါ့။ အဖွဲ့ ဝင်တွေတော့ မပါသေးဘူး။ ကန့်ကွက်သူ ရှိမရှိ မနက်ဖြန်ပေါ့” ဟု နေပြည်တော်ရောက် အမတ် တဦးက မဇ္ဈိမကို ပြောသည်။

၂ဝဝ၈ ဖွဲ့စည်းပုံအရ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် လွှတ်တော် ကိုယ်စားလှယ်နှင့် နိုင်ငံရေး ပါတီဝင် ဖြစ်ခွင့် မရှိသဖြင့် ဦးတင်အေးသည် ကြံ့ခိုင်ရေး ပါတီမှပင် နုတ်ထွက် ရမည် ဖြစ်သည်။

ဗုဒ္ဓဟူးနေ့တွင် “ဥပဒေနှင့်အညီ” လွှတ်တော်အမတ် အဖြစ်မှ နုတ်ထွက်သည် ဟုသာ တင်ပြခဲ့ပြီး၊ ပါတီ အဖြစ်မှ နုတ်ထွက်ကြောင်း ပြောဆို တင်ပြသွားခြင်း မရှိဟု အစည်း အဝေး တက်သူ အမတ်များက ပြောသည်။

“သူက နိုင်ငံတော်အဆင့် အရွေးခံတာ ဖြစ်တဲ့အတွက် ပါတီကပါ ထွက်တယ် ဆိုတာကို ပြည်ထောင်စု လွှတ်တော်ကနေ ကြေညာပေးမှ ရမှာလေ။ သူက မကြေညာဘဲနဲ့ ကောက်လုပ်တယ်။ ဒါဟာ သန်း ၆ဝ နဲ့ ပတ်သက်တဲ့ ကိစ္စ။ ကြားဖြတ် ရွေးကောက်ပွဲရှိ လာမယ်ဆိုရင် သမာ သမတ် လုပ်ပါမယ်လို့ ဘယ်သူက အမခံမလဲ” ဟု လွှတ်တော် အမတ်တဦးက မဇ္ဈိမကို ပြောသည်။

ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများ တွင်မူ ဦးတင်အေး အမတ် အဖြစ်မှ နုတ်ထွက်မှုနှင့် ပတ်သက်၍ တစုံတရာ ဖော်ပြ ထားခြင်း မရှိပေ။

ကြံ့ခိုင်ရေးပါတီအမတ်တဦးကမူ “ဘယ်သူမှ နုတ်ထွက်တာ မရှိဘူး၊ ကြိုပြီးတော့လေ။ ကော်မရှင် ဥက္ကဋ္ဌ ဆိုတော့ ကြိုထွက် ရတယ်။ ကျန်တာတွေ ကတော့ ဥပမာ သမ္မတဆို သမ္မတ ဖြစ်ပြီးရင် ထွက်ပြီးသားလို့ မှတ်ယူရမယ်လို့ ပါတာကိုး” ဟု မဇ္ဈိမကို ပြောသည်။

ကြံ့ခိုင်ရေးပါတီ ဗဟို အလုပ် အမှုဆောင်ဝင် ဦးတင်အေးကို ပါတီ ဒုဥက္ကဋ္ဌ အဖြစ် လျာထားသည်ဟု စားသောက်ပွဲ တခုတွင် ဥက္ကဋ္ဌ ဦးသိန်းစိန်က “နှုတ်အားဖြင့်” ပြောခဲ့သေးသော်လည်း ယခုမှု ပါတီမှ နုတ်ထွက် ရတော့မည်ဟု ဆိုသည်။

“ပါတီကလည်း ထွက်ရမယ့် သဘောပေါ့။ အားလုံးပြီးကုန်မှပဲ ငြိမ်သွားမယ့် သဘော ရှိတယ်။ ပြီးတော့မှ ပါတီ ပြန်ဖွဲ့ကြမယ့် သဘောရှိတယ်” ဟု ကြံ့ခိုင်ရေး အမတ်က ပြောသည်။

၂ဝဝ၈ ဖွဲ့စည်းပုံအတွင်း၌ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အသက် ၅ဝ ပြည့်ပြီးသူ ဝါရင့်ဥပဒေ ပညာရှင်များ၊ ထင်ပေါ် ကျော်ကြားသည့် ဂုဏ် သတင်း ရှိသော ပုဂ္ဂိုလ်အဖြစ် နိုင်ငံတော် သမ္မတက ယူဆသူ၊ လစာ၊ စရိတ်၊ ကြေးငွေ ရသော အခြားမည်သည့် ရာထူးကိုမျှ လက်ခံခြင်း မပြုသူ ဖြစ်ရမည်ဟု ပြဋ္ဌာန်း ထားသည်။

ဦးတင်အေး၏ ကိုယ်ရေးအကျဉ်းတွင် လက်ရှိ အလုပ်အကိုင်ကို နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဝင်၊ ပညာရေးတွင် ဝိဇ္ဇာဘွဲ့-စစ်တက္ကသိုလ် (ပြင်ဦးလွင်) ဟု ဖော်ပြထားသည်။

၂ဝ၁ဝ အောက်တိုဘာ ၁၁ ရက် နေပြည်တော်၌ ထိုင်းနိုင်ငံဝန်ကြီးချုပ် အဖိစစ် ဖိချာ ချီဝ Abhisit Vejjajiva က ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံစဉ် ကလည်း နအဖ ကောင်စီဝင် အဖြစ် ဦးတင်အေး ပါဝင်ခဲ့သည်။

အဋ္ဌမနေ့ ပြည်ထောင်စုလွှတ်တော် အစည်း အဝေးတွင် ဒုတရားသူကြီး ချုပ်ဟောင်း ဦးထွန်းထွန်းဦးကို ပြည်ထောင်စု တရား လွှတ်တော်ချုပ် ၏ အကြီးအမှူး ပြည်ထောင်စု တရား သူကြီးချုပ် အဖြစ် တက်ရောက်သူ ၆၅၅ ဦးက “ကန့်ကွက်သူ မရှိ” အတည်ပြုခဲ့ကြ သေးသည်။

တက်ရောက်နိုင်သူ ၆၅၈ ဦးမှ ပျက်ကွက်သူ ၃ ဦးမှာ ကြံ့ခိုင်ရေး ပါတီ အမတ် နှစ်ဦးနှင့် တစည ပါတီ အမတ်တဦး ဖြစ်သည်။ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကို နဝမနေ့ အဖြစ် မနက်ဖြန် မနက် ၁၁ နာရီတွင် ထပ်မံ ကျင်းပဦးမည် ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

ကိုဇာဂနာ သွေးစည်းခိုင်မာရေးဆု ချီးမြှင့်ခံရ

မျိုးသန့် | ကြာသပတေးနေ့၊
ဖေဖေါ်ဝါရီလ ၁၇ ရက် ၂၀၁၁ ။

ချင်းမိုင် (မဇ္ဈိမ) ။ ။ ထောင်ဒဏ် ၃၅ နှစ် ကျနေသည့် နိုင်ငံကျော် ဟာသပညာရှင် ကိုဇာဂနာကို ဂျာမဏီနိုင်ငံ ဘရီမင်မြို့က သွေးစည်း ခိုင်မာရေးဆု ချီးမြှင့်လိုက်သည်။

ယခုလ ၁၅ ရက်နေ့တွင် Bremen မြို့တော်ဝန်ကိုယ်တိုင် ချီးမြှင့်သည့် Bremen Solidarity Award ဆုပေးပွဲသို့ သားဖြစ်သူ ကိုကောင်းမြတ်နှင့် အနုပညာ လုပ်ဖော်ကိုင်ဘက် ကိုထိန်လင်းက ကိုယ်စား လက်ခံရယူခဲ့ခြင်း ဖြစ်သည်။

“ဒီလိုဆုက များသောအားဖြင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ပေးတာလေ။ ဒါပေမယ့် ဒီနှစ်မှာ ကျတော့ အနု ပညာရှင်ကို ပေးဖို့ ဆုံးဖြတ်တာ ဒါပထမဆုံးပဲ” ဟု ကိုထိန်လင်းက မဇ္ဈိမကို ပြောသည်။

ဘရီမင် သွေးစည်းခိုင်မာရေးဆုသည် လွတ်လပ်မှု၊ ဒီမိုကရေစီနှင့် လူ့အခွင့် အရေး ကြိုးပမ်း ဆောင်ရွက် နေသူများ၊ နယ်ချဲ့ လွှမ်းမိုးမှုနှင့် အသားအရောင် ခွဲခြားမှုကို ဆန့်ကျင်နေသူများကို ၂ နှစ် တကြိမ် ရွေးချယ်၍ ချီးမြှင့်လေ့ရှိသည်။ ဤဆုကို ၁၉၉၃ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်လည်း ရရှိခဲ့သေးသည်။

ဆုပေးပွဲ အခမ်းအနားတွင် မြစ်ကြီးနား ထောင်ထဲ၌ ကိုဇာဂနာ ရေးစပ် ထားသည့် မြစ်ကြီးနားထဲက မြစ်ကြီးနား ကဗျာကို ကိုထိန်လင်းက ရွတ်ဆိုခဲ့သည်။ ထိုကဗျာတွင် “နဖူးလည်း ပြားလို့သာ တော်တော့တယ်။ ခဏခဏ လက်က လာတင်တာကိုး။ မမြင်ရတဲ့ “လ” စိတ်မှန်းနဲ့ သာ ခိုင်းနေရတယ်။ အဲဒါ မြစ်ကြီးနား” ဆိုသည့် စာသားများ ပါရှိသည်။

“ဒီလူတော့ သနားစရာ။ လလေးတောင် မမြင်ရလို့ သူ့စိတ်နဲ့သူ လသာခိုင်းနေတယ် ဆိုတော့ တခြားလူကို အလွယ် တကူကို သူက မျှလိုက်တာ။ အဲဒီလို မျှတဲ့ နေရာမှာ တကယ်တမ်း ကျတော့ သူက ဘာရလို့မှ မဟုတ်ဘူး။ သူခံစားရတာကို တခြားလူ သိစေချင်လို့ ပြောပြလိုက်တဲ့ သဘောပဲ” ဟု ကိုထိန်လင်းက ပြောသည်။ ဆုပေးပွဲတွင် ထိုကဗျာ ရွတ်ဆိုခဲ့ခြင်းမှာ ကိုဇာဂနာသည် ထောင်ထဲ ရောက်နေလင့်ကစား အနုပညာကို စွဲမြဲစွာ လုပ်ကိုင်နေကြောင်း ပြသချင်သောကြောင့်ဟု ဆိုသည်။

ယခုဆုရခြင်းသည် ကိုဇာဂနာ၏ လူထုအပေါ် ရပ်တည်ချက်နှင့် လူမှုရေး အလုပ်များကြောင့် နိုင်ငံတကာ အသိအမှတ် ပြုခြင်းဖြစ်ပြီး၊ ထောင်ထဲတွင် ရှိနေသော်လည်း သူ့အနုပညာ ဟာသဥာဏ်ကို ပိတ်ဆို့၍ မရဟုလည်း ဆိုသည်။

လက်ရှိ အသက် ၅ဝ နှစ်အရွယ် ကိုဇာဂနာသည် ၂ဝဝ၈ ခုနှစ်အတွင်း နာဂစ် မုန်တိုင်းသင့် ဒုက္ခသည်များ အတွက် ထောက်ပံ့ ကူညီရေးလုပ်ငန်းများ လုပ်ကိုင်နေစဉ် ထိုနှစ် ဇွန်လဆန်းပိုင်းတွင် စမ်းချောင်းမြို့ နေအိမ်၌ အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။

နိုင်ငံတော်လုံခြုံရေး ထိခိုက်စေရန် စေ့ဆော်မှု၊ ဗီဒီယိုအက်ဥပဒေနှင့် အီလက်ထရွန်းနစ် အက်ဥပဒေ တို့ဖြင့် ထောင်ဒဏ် ၅၉ နှစ် ချမှတ်ခဲ့သည်။ ၂ဝဝ၉ ဖေဖော်ဝါရီတွင် ပြစ်ဒဏ် ၂၄ နှစ် လျှော့ပေးသဖြင့် ထောင်ဒဏ် ၃၅ နှစ် ကျခံရမည်ဖြစ်သည်။

မိသားစုဝင်များကို ကိုဇာဂနာ (ခေါ်) ကိုသူရထံ ထောင်ဝင်စာ ပိတ်ထားသည်မှာ ၉ လ ရှိပြီဖြစ်သည်။

“အမက ထောင်ကို ဖုန်းဆက်တော့ ထောင်တာဝန်ခံ အရာရှိ ကိုကျော်မင်းထွန်း ဆိုတာကနေ ပြောတာ မငြိမ်း တဲ့ ကိုသူရကို ထောင်ဝင်စာ ပိတ်ထားတယ်တဲ့။ အဲဒီလို ပြောတယ်၊ ၆ လပိုင်းမှာ။ ပါဆယ်တော့ ပို့လို့ ရတယ်တဲ့။ အမတော့ ထောင်ကို မသွားပေမယ့် ထောင်တာဝန်ခံ အရာရှိတွေ ကိုယ်တိုင်က ပြောလိုက်တာပါ” ဟု ခယ်မဖြစ်သူ မငြိမ်းက မဇ္ဈိမကို ပြောသည်။

“ကိုဇာဂနာက သွေးတိုးဆေး ၂ မျိုး သောက်ရတယ်၊ အသည်းဆေး ၂ မျိုး သောက်ရတယ်။ နှလုံးဆေး တမျိုး သောက်ရတယ်၊ အစာအိမ်ဆေး သောက်ရတယ်” ဟု သူက ဆိုသည်။

Ref: မဇ္ဈိမ

Read More...

မြန်မာနှင့် ကချင်တပ်ကြား ၃နေရာတွင် စစ်ရေးတင်းမာနေ


မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်တွင် စစ်အစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) ကြား စစ်ရေးတင်းမာမှုများ အနည်းဆုံး ၃ နေရာ၌ ဖြစ်နေသည်ဟု ဒေသခံ များပြောသည်။

ယခုအခြေအနေတွင် မြန်မာစစ်အစိုးရတပ်မှ KIA နယ်မြေထဲဝင်ရောက်လျှင် ပစ်ခတ်ရန် အသင့်ညွှန်ကြား ထားပြီး နှစ်ဖက်ကြား အချိန်မရွေး လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပျက်နိုင် သည်ဟု တရုတ်နယ်စပ် KIA ဌာနချုပ်မှ အရာရှိတစ်ဦးပြောသည်။

kia_frontline_kng

ဗန်းမော်ခရိုင် ရှေ့တန်းတနေရာတွင် တွေ့ရသော ကချင် (KIA) စစ်သားများ။ ဓါတ်ပုံ-ကချင်သတင်းဌါန

KIA တပ်ရင်း ၃ ခုအနီး (KIA တပ်မဟာ ၃ လက်အောက် ဗန်းမော်ခရိုင် မံဝိန်းမြို့နယ်ရှိ တပ်ရင်း ၂၇၊ KIA တပ်မဟာ ၂ လက်အောက် ဆင်ဘိုမြို့နယ်မှ တပ်ရင်း ၅ နှင့် ဟူးကောင်းချိုင့်ဝှမ်း တနိုင်းမြို့နယ်ထဲမှ တပ်ရင်း ၁၄) မြန်မာစစ်အစိုးရတပ်၏ သာမန်မဟုတ်သော စစ်ရေးလှုပ်ရှားမှု စတင်နေကြောင်း KIA အရာရှိတစ်ဦး ထိုင်းအခြေစိုက် ကချင်သတင်းဌာနသို့ပြောသည်။

ယခုသတင်းပတ် အစောပိုင်း ဆင်ဘိုနယ်မြေခံ မြန်မာစစ်တပ် ခလရ (၁၄၁) နှင့် KIA တပ်ရင်း ၅ ကြား တိုက်ပွဲ ဖြစ်လုနီးပါး ဖြစ်ခဲ့သည်ဟု ယင်းတပ်ရင်း (၅) နှင့် နီးစပ်သူများပြောသည်။

ဖေဖော်ဝါရီ ၇ရက်တွင် KIA နယ်မြေထဲ နယ်ကျော်ဝင်ရောက်လာသည့် မိုးညှင်းနယ်မြေခံ မြန်မာစစ်တပ် ခလရ (၁၅) နှင့် KIA တပ်ရင်း ၂၇ ကြား မံဝိန်းမြို့နယ် ပုံးလိန်-ဒိန်ခရူကျေးရွာအနီး ၁ နာရီကြာ ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

၎င်းပစ်ခတ်မှု၌ မြန်မာစစ်တပ် တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ယဉ်ထွေး ကျဆုံးပြီး KIA ဘက်မှ အရပ်သားကာကွယ်ရေး တပ်သားတစ်ဦး တိုက်ပွဲဖြစ်ပွားပြီးနောက် မိုင်းမတော်တဆ မှုကြောင့် ကျဆုံးသွားသည်။

မြန်မာစစ်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ အမိန့်အရ ယခုလို KIA နယ်မြေအနီး မြန်မာစစ်တပ် စစ်ကြောင်းများ ထူးထူးခြားခြားလှုပ်ရှားမှုပြုလုပ်လာခြင်းဖြစ်ကြောင်း KIA လိုင်ဇာဌာနချုပ်မှအရာရှိများ ပြောသည်။

KIO/KIA က ကချင်ပြည်နယ်အရှေ့ဘက် ၀ိုင်းမော်မြို့နယ် ဆဒုံးမြို့နယ်ခွဲမှ မြန်မာစစ်တပ်၏ ဘိန်းခင်းများ ဖျက်ဆီးပစ်သည်ကို တုန့်ပြန်သည့်အနေဖြင့် ယခုကဲ့သို့ စစ်ရေးလှုပ်ရှားမှုပြုလုပ်ခြင်းဖြစ်ကြောင်း KIO မူးယစ်တိုက်ဖျက်ရေး ဗဟိုကော်မတီ ပြောရေးဆိုခွင့်ရှိသူအရာရှိ နော်ဘူ ပြောသည်။

ယမန်နှစ် သြဂုတ်လ စစ်အစိုးရက လက်နက်ချရန် ရာဇသံပေးခြင်းကို KIO ငြင်းဆန်ပြီးနောက်ပိုင်း နှစ်ဖက်စစ်ရေးတင်းမာမှု တိုးလာပါသည်။ စစ်အစိုးရက KIAအား “သောင်းကျန်းသူ” ဟု အောက်တိုဘာလတွင် အတိအလင်း ဖော်ပြခဲ့သည်။

Ref;KNG

Read More...

ကကကြိုင် ဒေါ်လာတွေကို လိုက်ဝယ်နေပြီ အားလုံးသတိထားကြ

February 17, 2011

မိုးသီးဇွန်

ဂွတ်မော်နင်း ပါစာဖတ်ပရိတ်သပ်များခင်ဗျား ဒီနေ့ အီးမေလ်ကနေ သတင်းတခုကို ပြည်တွင်းက ရဲဘော်တဦးက ပို့လာတယ်။ သူသတင်းက ဒေါ်လာဈေး သတင်းပါ။ အောက်ပါအတိုင်းဖြစ်ပါတယ်။

ဒေါ်လာဈေး သတင်း

ဒေါ်လာဈေး မိုးပေါ်ကို ၀ုန်းကနဲ ခုန်တက် ယနေ့ မနက် ဈေးကွက်ဖွင့်ချိန်မှာ အမေရိကန် ဒေါ်လာ ပေါက်ဈေးမှာ ၉၂၀ မှ ၉၈၀ အထိမြင့် တက်သွားပြီး ယနေ့ ညနေပိုင်းတွင်မူ ၉၄၀ ခန့် ပြန်လည်ကျဆင်းသွားသည်။ ထိုသို့ ဖြစ်ရခြင်းမှာ ယခင် ဦးပိုင်လီမိတက် ဥက္ကဋ္ဌ ဟောင်း ဒု-ဗိုလ်ချုပ်ကြီး တင်အေး ရဲ့ ဇနီး နှင့် မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ရဲ့ ဇနီး ဒေါ်ကြိုင်ကြိုင် တို့နှစ်ဦး တရုတ်ဘဏ်တွေက ငွေအလုံးအရင်း လွှဲပြောင်းမှုကြောင့်လို့ သိရပါတယ်။ အမေရိကန် ဒေါ်လာနှင့် မြန်မာကျပ်ငွေ လဲလှယ်မှု ပေါက်ဈေးမှာ ယမန်နေ့က တဒေါ်လာလျှင် ၈၆၀ ကျပ် သာရှိသည်။ ဒေါ်လာဈေး တက်တာကြောင့် အခြားကုန်ပစ္စည်းများပါ လိုက်တက်နိုင်တယ်လို့ ဆိုပါတယ်။

ဘာကြောင့် ဒေါ်လာဈေးခုန်တက်လာသလဲ

တနှစ်လုံးကျဆင်းနေတဲ့ ဒေါ်လာဈေး က ဒီနေ့ မနက်ကျမှာ ဟုန်းကနဲ့ ထိုးတက် လာခြင်းဟာ ကောင်းတဲ့လက္ခဏာ မ ဟုတ်ဘူး။ သမရိုးကျဈေးကွက် တိုးတက် လာမှုကြောင့် ဒေါ်လာဈေးတက်လာခြင်မဟုတ်ပဲ ရုပ်တရုက်ဈေးကွက်မှာ ဒေါ် လာဈေးတက်လာတာကတော့အဖြေရှင်းပါတယ်။ ၀ယ်လိုအား (Demand) တက်လာလို့ပါ။ ဒီ ၀ယ်လိုအားတက် လာ တာဟာ ပြည်တွင်းမှာရှိတဲ့ ဒေါ်လာကို ပြည်ပကနေ တခုခုကို ၀ယ်ချင်လို့ ဒါမှမဟုတ် ပြည်ပဈေးကွက်မှာ ဒေါ်လာငွေကို သုံးစရာရှိနေလို့ ဖြစ်ပါတယ်။

ဒါကြောင့် ဒီဒေါ်လာငွေကို အပူတပြင်း လိုက်လံဝယ်ယူနေခြင်း ဖြစ်တယ်။ ဈေးကွက်က ပုံမှန်မရှိတဲ့အတွက် ကကကြိုင် က မြန်မာ့ဈေးကွက်မှာ ရှိသမျှ ဒေါ်လာတွေကို အကြီးအကျယ် ၀ယ်ယူလိုက်တဲ့အခါမှာ အဈေးကွက်ထဲမှာ ဒေါ်လာပြတ်လတ် သွားနိုင် ပါတယ်။ နောက်တခုကတော့ မြန်မာငွေတွေဟာ စက္ကူစုတ်သာသာ ဖြစ်နေတာကိုလည်း သတိပြုသင့်ပါ တယ်။ အစိုးရသစ်ကလည်း ဖွဲ့ပြီးထားပြီ လုပ်ခြင်တိုင်းလုပ်လို့ ရတယ်ဆိုပေမဲ့ မသိသင့်တာတွေ မသိစေချင်တဲ့အတွက် မဟာဒယားရယူထားတဲ့ အမိုက်တွေအစား တန်းဖိုးရှိတဲ့ ဒေါ်လာ၊ ရွှေနဲ့မြေတွေကို သူတို့ လက်ဝယ်မှာ ထားချင်တာ လည်း ဖြစ်နိုင်ပါတယ်။ သန်းရွေှ့လက်ထက်မှာ ရိုက်ထုတ်ထားတဲ့ငွေစက္ကူစုတ်တွေကို ကကကြိုင်က အမိုက်ရှင်းသလို ရှင်းထုတ်ချင်နေတာလည်း ဖြစ်နိုင်ပါတယ်။ ဒေါ်လာတွေကို သူတို့ အပြိုင်အဆိုင် စုနေကြတာတော့ ကြာပါပြီ။ ဈေးကွက် ထဲမှာ ဒေါ်လာမရှိတော့တဲ့အတွက် ဈေးကွက်ပျက်နေတာကြာပြီ။ ခုတော့ ရှိစုမဲ့စု ဈေးကွက်ကို ထပ်ပျက်အောင် သူတို့ ဖျက်တဲ့ သဘောပါပဲ။

ဒါကြောင့် ဒေါ်လာဈေးတက်လာတယ်ဆိုရင်

၁- ရွှေဈေးလည်း အဆမတန် တက်လာမယ်။

၂- မြေဈေးလည်း အဆမတန် တက်လာမယ်။

၃- စပါးဈေးလည်း အဆမတန် တက်လာပါလိမ့်မယ်။

ဘာလုပ်သင့်သလဲ

၁- ဒေါ်လာငွေကို စုဆောင်းထားသင့်တယ်။

၂- ရွှေကို စုဆောင်းထားသင့်တယ်။

၃- ကိုယ်ရှိစုမဲ့စုမြေတွေ တိုက်ခန်းတွေကို ဈေးတက်တယ်ဆိုပြီ မရောင်းထုတ် သင့်သေး ဘူး။

၎- ဒေါ်လာ ကိုင်နိုင်တဲ့သူတွေ အန္တရာယ် ရှိနိင်တယ်။ နိုင်ငံခြားကနေ မြန်ပြည်ကို ပြန်လည်တဲ့ မြန်မာတွေကို နည်းမျိုးစုံနဲ့ ညစ်ပတ်နိုင်ပါတယ်။ (သူတို့ လက်ထဲမှာ ဒေါ်လာရှိနေလို့ ဖြစ်ပါတယ်)။

မြန်မာ့ဈေးကွက်စီးပွားရေးစနစ်မှာ အာဏာကိုကိုင်ထား ဗိုလ်ချုပ်တွေဟာ သတင်း အချက် အလက်နဲ့ အခွင့်အာဏာကို အ သုံချပြီ အမြတ်ထုတ်နေကြသူတွေ ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ပြည်သူတွေမှာ တန်းတူအခွင့်အရေး (Equal Opportunity ) မရှိကြဘူး။

ထိုင်းနိင်ငံမှာ ဘတ်ငွေတန်ဖိုးကို ချခါနီး (Depreciation) မှာ ၀န်ကြီးချုပ်တာဝန်ယူခဲ့တဲ့ ချာဘောလစ်နဲ့ ဒုဝန်ကြီးချုပ် တာဝန်ယူခဲ့တဲ့ တပ်ဆင် တို့ဟာ သူတို့ငွေတွေကို ဘဏ်ထဲ ကနေ အထုတ်အသွင်းလုပ်ပြီး အမြတ်ထုတ်ခဲ့ကြပါတယ်။ အ ခုလည်း ဒေါ်ကြိုင်ကြိုင်ဟာ သြဇာအာဏာကိုအသုံးချပြီ မသမာတဲ့နည်းတွေကို လုပ်နေတယ်။ စီးပွားရေးကို ကမောက် ကမဖြစ်အောင် လုပ်နေတာ ဖြစ်တယ်။
အားလုံး ကျန်းမာပါစေ …

Ref;နေ့သစ်

Read More...

သန်းရွှေ လက်နဲ့ ရေး တင်အေး ခြေနဲ့ဖျက်

ဒီနေ့ အောက်လွတ်တော် အမတ်ဘ၀ကနေ ဗိုလ်ချုပ်ကြီး တင်အေး နှုတ်ထွက်သွားပြီ။ ဒါဟာ သန်းရွှေ ရဲ့ အာဏာကို ပထမဆုံးအကြိမ် အနုနည်းနဲ့ အာခံလိုက်ပြီ ဖြစ်ပါတယ်။ သူ့ထက်စောပြီး အနုနည်းနဲ့ အာခံလိုက်သူကတော့ ဗိုလ်ချုပ် အောင်မင်း ဖြစ်ပါတယ်။

အောင်မင်း ကို သန်းရွှေက စစ်တပ်ကထွက်ခိုင်း ဘားအံကနေ ရွေးကောက်ပွဲဝင်ခိုင်းတော့ အောင်မင်း က သူ့ကို ဘယ်သူ မှ မဲမဆွယ်ပေးကြနဲ့ မင်းတို့ လူထုဆန္ဒအတိုင်းလုပ်လို့ ဆိုတယ်။ မဲရုံကိုသွားပြီး သူအတွက် မဲမခိုးပေးဖို့ ကြိမ်းမောင်းတယ် လို့ ဆိုတယ်။ သူက စစ်တပ်ထဲမှာပဲ နေခြင်တယ်။ စစ်သားရိုးကြီးလို့ သိရတယ်။

သန်းရွှေက အောင်မင်း ကို နှစ်သိမ့်တဲ့အနေနဲ့ ပါဂျယ်ရိုးကားပါမစ်တခု ချပေတယ်။ ပါမစ်က သိန်း ၂၀၀ တန်တယ်။ အောင်မင်း က သူမှာ ငွေမရှိဘူး ကားကိုမ၀ယ်နိုင်ဘူးလို့ ငြင်းလိုက်တယ်လို့ သိရတယ်။ ဒါတွေဟာ တပ်ထဲမှာဖြစ်နေတဲ့ သန်းရွှေ ကို မလိုလားတဲ့ ဗိုလ်ချုပ်တွေက စတင်အာခံမှုတွေ ဖြစ်တယ်။

တင်အေး ဟာ တပ်ထဲမှာ သြဇာကြီးတယ်။ အဆင့် ၃ လောက်မှာရှိတယ်။ သန်းရွှေရဲ့ အမာခံလူရင်း။ သူက နှုတ်ထွက် လိုက်တာဟာ သန်းရွှေ လည်မျိုကို နင်းလိုက်တာနဲ့ မခြားပါဘူး။ တနည်းအားဖြင့် သန်းရွှေ လက်နဲ့ရေးထားတဲ့ ပါလီမန်နဲ့ ရုပ်သေးအစိုးရကို တင်အေး က ခြေထောက်နဲ့ကန်ပြီး ဖျက်လိုက်တာ ဖြစ်ပါတယ်။


Ref;နေ့သစ်

Read More...

ရင်းနှီးမြှုပ်နှံသူများအတွက် အထူးစီးပွားရေးဇုန် ဥပဒေ ပြဋ္ဌာန်း



မဇ္ဈိမသတင်းဌာန ။ ။ နအဖ စစ်ကောင်စီက `နိုင်ငံတော်၏ စီးပွားရေး အရှိန်အဟုန်ကို ပိုမို ဖွံ့ဖြိုးတိုးတက်စေရန် အတွက်ဟူ၍ မြန်မာနိုင်ငံ အထူးစီးပွားရေးဇုန် ဥပဒေကို မကြာ သေးခင် က ပြဋ္ဌာန်း ကြေညာလိုက်သည်။

အဆိုပါ ဥပဒေသည် အလားအလာရှိသော ရင်းနှီးမြှုပ်နှံသူများကို စီးပွားရေးမက်လုံးများ၊ တည်ငြိမ်မှု ရှိရပါစေ့မည်ဟူသော ကတိကဝတ်များပေးပြီး ဆွဲဆောင်ရန် ကြိုးပန်းချက်တရပ် ဖြစ်သည်။

ပြီးခဲ့သည့်နှစ်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည်
ရှင်းကျင့်ရှိ
burma-army-thanshwe

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ဓာတ်ပုံ-မဇ္ဈိမ)

တရုတ်အထူးစီးပွားရေးဇုန်သို့ လည်ပတ်လေ့လာခဲ့ ရာ မှ မြန်မာနိုင်ငံတွင် လည်း အလားတူစီးပွားရေးဇုန်မျိုးထူထောင်
ရန် အကြံရလာခဲ့သည်ဟု ယုံကြည်ရသည်။

ဥပဒေ၏ ရည်ရွယ်ချက်များထဲတွင် နိုင်ငံတော် ၏ အဆင့်မြင့်နည်းပညာ နှင့် စက်မှု လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖန်တီး ပေးရန်နှင့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက် စေရန် ဟူ၍ ပါရှိသည်။

ရည်ရွယ်ချက်များ အောင်မြင်စေရန်အတွက် လာရောက် ရင်းနှီးမြှုပ်နှံမည့်သူများ၊ မြေယာ အဆောက်အအုံ ဖော်ထုတ် တည်ဆောက် မည့်သူများကို အချို့သော အခွင့်ထူးများ ပေးထားသည်။

ဥပဒေအရ ရင်းနှီးမြှုပ်နှံသူများသည် `ထုတ်လုပ်မှုသော်၎င်း၊ ဝန်ဆောင်မှုသော်၎င်း စတင် သည့် နေ့မှစ၍ ပထမ ၅ နှစ်အတွင်း ပင်လယ်ရပ်ခြား တင်ပို့ရောင်းချရ ငွေများအား အမြတ်ခွန် ကင်းလွတ်ခွင့်´ လျှောက်ထား နိုင်သည်ဟု ဆိုသည်။

ဤသို့ ပထမ ၅ နှစ်ပြီးနောက် ဒုတိယ ၅ နှစ်ကာလတွင်လည်း အမြတ်ခွန် ၅ဝ % သက်သာခွင့်ကို ထပ်မံလျှောက်ထားနိုင်သေးသည်။ အရင်းအနှီးများ ထပ်ထည့်ပြီး နောက်ထပ် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်မည်ဆိုပါက မိမိတို့စီးပွားရေးလုပ်ငန်းများ၏ တတိယ ၅ နှစ်အတွင်း ရရှိလာသည့် အမြတ်ငွေများမှလည်း နောက်ထပ် ၅ဝ % သက်သာခွင့် ထပ်မံလျှောက်ထားနိုင်သေးသည်။

မိမိတို့လုပ်ငန်းများတွင် အသုံးပြုမည့် ကုန်ကြမ်းပစ္စည်းများ၊ စက်ပစ္စည်းများအတွက်လည်း ရင်းနှီးမြှုပ်နှံသူများသည် အကောက်ခွန်မဲ့ တင်သွင်းခွင့် ရရှိကြမည်ဖြစ်ကာ `အထူးစီးပွားရေး ဇုန်အတွင်း ထုတ်လုပ်သော ပို့ကုန်ပစ္စည်းများအတွက်လည်း ကူးသန်း ရောင်းဝယ်ရေးခွန်နှင့် ထပ်ဆင့်တိုးတဖ်ဘိုးခွန် (VAT) လွတ်ငြိမ်းခွင့်ပြုရန် လျှောက်ထား နိုင်သည်´။

အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီသည် သက်ဆိုင်ရာ အစိုးရဌာနများနှင့် ပူးပေါင်း ညှိနှိုင်း၍ `ရင်းနှီးမြှုပ်နှံသူများ၏ ဥစ္စာပစ္စည်း၊ အမြတ်နှင့် အခြားအခွင့်အရေးများကို တည်ဆဲ ဥပဒေများနှင့်အညီ အကာအကွယ်ပေးသွားမည်´ ဟု အထူးစီးပွားရေးဇုန် ဥပဒေ တွင် ဖော်ပြထားသည်။

သို့သော် အထူးစီးပွားရေးဇုန်နှင့် မြန်မာ့စီးပွားရေးကို မြှင့်တင်နိုင်ကာ စစ်မှန်သော စီးပွားရေး ပြုပြင် ပြောင်းလဲမှုလုပ်ငန်းများ အောင်မြင်စွာ လုပ်ကိုင်နိုင်ရေးအတွက် တိုင်းပြည် စီးပွားရေးတွင် နိုင်ငံတော်က ဝင်ရောက်စွက်ဖက်နေခြင်းများနှင့် ကျယ်ကျယ် ပြန့်ပြန့် ဖြစ်ပေါ်နေသော ကိုယ့်လူကိုယ် အခွင့်အရေးပေးသည့် စနစ်ကို တကယ်တမ်း ထိန်းချုပ်ဟန့်တားခြင်း ပြုနိုင်မည်လောဆိုသည့် အချက်ကိုမူ စောင့်ကြည့် ရဦးမည်ဖြစ် သည်။

သြစတြေးလျနိုင်ငံ မက်ကွဲယားတက္ကသိုလ် (Macquarie University) ရှိ မြန်မာ့ စီးပွားရေး စောင့်ကြည့်ရေး အဖွဲ့ကြီးမှ ရှောင်တားနဲလ် Sean Turnell ကမူ နအဖ သည် အထူးစီးပွားရေးဇုန်တရပ် အမှန်တကယ် မည်သို့လည်ပတ်လုပ်ကိုင်နေသည် ဆိုသည်ကို အပေါ်ယံမျှသာ နားလည်သည်ဟု ဆိုသည်။

`မြန်မာ့စီးပွားရေး အခင်းအကျင်းမှာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ အမှန်တကယ် ပေါ်ပေါက်နေသည်ဟူသည့် မည်သည့်အရိပ်အယောင်မျှ မတွေ့ရသေးပါ။ တကယ်တော့ ဒါနဲ့ ဆန့်ကျင်ဘက်တွေသာ ဖြစ်နေတယ်လို့ ကျနော် ပြောချင်ပါတယ်။ ရှိခဲ့တယ် ဆိုရင်တောင် ရွေးကောက်ပွဲ ပြီးကတည်းက ပိုလို့တောင် နောက်ပြန်ဆုတ်ကုန်သေးတယ်´ ဟု သူက မဇ္ဈိမကို ပြောသည်။

`စီးပွားရေး ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ရင် တကယ်ကို နောက်ပြန်ဆုတ်နေတာပါ။ ခေါင်းဆောင်မှုကလည်း အရင်အတိုင်းပဲ၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းကို အလွန်ဆန့်ကျင် တဲ့ သူတွေ´ ဟု သူက ဆိုသည်။

တိုင်းပြည်တွင်း တည်ငြိမ်မှုမရှိခြင်း၊ အခြေခံ
အဆောက်အအုံ ချို့တဲ့ခြင်း၊ ယုံကြည်စိတ်ချရမှု
နည်းပါးခြင်း စသည်တို့ကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံ
သူများအတွက် မြန်မာ့အထူး စီးပွားရေးဇုန်အတွင်း
ဝင်ရောက်လုပ်ကိုင်၍အကျိုးအမြတ် ရရှိရန်သော်၎င်း၊
အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးတွင်ပါဝင် လုပ်ကိုင်ဆောင်ရွက်ရန်၎င်း အားပျက်ဖွယ် ဖြစ်နေ သည်။
ဦးအောင်သောင်း (စက်မှု ၁ ဝန်ကြီး)

`မြန်မာ့အထူးစီးပွားရေးဇုန် ဥပဒေရဲ့ ပြဿနာကြီးက၊ ဟုတ်ပြီ .. ဒါ ဥပဒေတခုပဲ ဆိုပါတော့၊ ဒါပေမဲ့ ဒီဥပဒေထဲ တကယ်တမ်း ဘာပါတယ်ဆိုတာကို ကျနော်တို့ ကြည့်ဖို့ လိုသေးတယ်´ ဟု တားနဲလ်က ပြောသည်။

သူက မြန်မာတိုင်းဂျာနယ် တည်ထောင်သူ ရော့စ်ဒန်ကလေကို လူဝင်မှုကြီးကြပ်ရေးဥပဒေ ဖောက်ဖျက်မှုများဖြင့် မကြာသေးခင်က ဖမ်းဆီးခဲ့သည်ကို ထောက်ပြသည်။ သူနှင့်အတူ ဂျာနယ်ကို ပူးတွဲပိုင်ဆိုင်သူ မြန်မာလူမျိုးနှင့် ပိုင်ဆိုင်မှု အငြင်းပွားမှုများ ပေါ်ပေါက်အပြီး ထိုသို့ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

`ဒီလို တကယ့်ကို အန္တရာယ်များတဲ့ အခင်းအကျင်းမျိုးမှာ ဘယ်ရင်းနှီးမြှုပ်နှံသူမှ တကယ်တမ်း သွားပြီး အလုပ်မလုပ်ချင်ဘူး။ ဥပဒေစိုးမိုးမှု ရှိရမယ်ဆိုတဲ့ အမြင်မျိုးရှိတဲ့ အစိုးရမျိုး ကျနော်တို့မှာ မရှိဘူး။ သူတို့က ထင်သလို လုပ်နေတာ။ သူတို့လမ်းမှာ အတားအဆီးဖြစ်နေတဲ့ သူတွေဆို ရှင်းပစ်မှာပဲ´ ဟု သူက ပြောသည်။

သို့သော် မြန်မာ့အရေး အာဆီယံပါလီမန်အဖွဲ့ကြီး AIPMC ဥက္ကဋ္ဌ ခရိုင်စစ်ချွန်နာဗန် Kraisak Choonhavan ကမူ မြန်မာနိုင်ငံအပေါ် ထားရှိသော နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှားလိုက်ပါက အနောက်နိုင်ငံများနှင့် ဂျပန်က ဝင်ရောက် မြှုပ်နှံမည့်သူများ မရှားနိုင်ပါ၊ အထူးသဖြင့် အိန္ဒိယ၊ တရုတ်၊ ထိုင်းနိုင်ငံတို့ကို စွမ်းအင်ထောက်ပံ့ရေးအတွက် အပြိုင်အဆိုင် အလုအယက် ဝင်လာကြမည်ဟု ဆိုသည်။

အထူးစီးပွားရေးဇုန် ဥပဒေကို မြန်မာနိုင်ငံသားများ အလုပ်အကိုင် ရရှိရေးအတွက် ရည်ရွယ်ပြုလုပ်ထားခြင်း ဖြစ်သည်။ လုပ်သားနှင့်စပ်လျဉ်းသော ကိစ္စများ အခန်း ပုဒ်မ ၁၁ တွင် `စီးပွားရေးလုပ်ငန်းများ စတင်သည်မှ ပထမ ၅ နှစ် ကုန်ဆုံးသည့်အချိန်တွင် ကျွမ်းကျင်လုပ်သားများ၊ အတတ်ပညာရှင်များ၊ ပါရဂူများ စသည်တို့ကို ခန့်ထားရာတွင် အနည်းဆုံး နိုင်ငံသား ၂၅ % ခန့်ထားရမည်ဖြစ်ပြီး၊ ဒုတိယ ၅ နှစ် ကုန်ဆုံးသည့်အချိန်တွင် အနည်းဆုံး ၅ဝ % ခန့်ထားရမည်ဖြစ်၍ တတိယ ၅ နှစ်ကာလ ကုန်ဆုံးချိန်တွင်မူ ၇၅ % ခန့်ထားရမည်´ ဟု ပြဋ္ဌာန်းသတ်မှတ်ထားသည်။

`မြန်မာနိုင်ငံတွင်း အခြားလုပ်ခလစာများအပေါ် သက်ရောက်မှု ရှိစေရန်နှင့် တန်းတူညီမျှမှု ရှိရေးအတွက်ဆိုလျှင် ဤစီးပွားရေးဇုန်များသည် အထူးကြီးမားပြီး အောင်မြင်မှုရှိရမည် ဖြစ်သည်´ ဟု မြန်မာ့စီးပွားရေး စောင့်ကြည့်ရေးအဖွဲ့မှပင်ဖြစ်သော ဒေါက်တော အယ်လီစန်ဗီကာရီ Dr. Alison Vicary က ပြောသည်။

`စည်းကမ်းချက်များ ပြဋ္ဌာန်းသတ်မှတ်ထားခြင်းသည် စီးပွားရေးလုပ်ငန်းများတွက် စရိတ်တိုးစေသည်။ ရင်းနှီးမြှုပ်နှံလိုသူများကို စိတ်ဝင်စားမှု နည်းစေသည်။ လုပ်သားများကို လေ့ကျင့်သင်တန်း ပေးခြင်းသည်သာ အပြုသဘောဆောင်သည် သို့သော် စီးပွားရေးလုပ် ငန်းများအနေနှင့် သူတို့နှင့် မဆိုင်ဘဲ အခြားသူများ ကောင်းစားရေးအတွက် လုပ်ကိုင်ရမည့် လုပ်ငန်းမျိုးတွင် ငွေကုန်ခံလိမ့်မည် မဟုတ်ပေ´ ဟု သူက ဆိုသည်။

လုပ်သားများကို ထိခိုက်စေသည့် အဓိကအချက်မှာ ကျွမ်းကျင်ပညာသည်များ၊ လုပ်သား များ၏ ပညာရေးရေချိန် နိမ့်ကျခြင်းကြောင့် ဖြစ်နိုင်သည်။ အခြား အရှေ့တောင် အာရှ နိုင်ငံများနှင့်ယှဉ်လျှင် မြန်မာနိုင်ငံက လောလောဆယ် ပညာရေးအတွက် အသုံးပြုနေသော ဘတ်ဂျက်သည် အနည်းဆုံး ဖြစ်သည်။

`ဤအခြေအနေ ဤဝန်းကျင်မျိုးသည် အထူးကျွမ်းကျင်လုပ်သားများ၊ အထူးလေ့ကျင့် သင်ကြားပေးထားသော လုပ်သားများ ပေါ်ထွက်လာနိုင်သည့် ဝန်းကျင်မျိုး မဟုတ်ပါ´ ဟု တားနဲလ်က ပြောသည်။

ပညာရေးတွင် ချို့တဲ့ခြင်းနှင့် ဒေသခံများ ပါဝင်ဆောင်ရွက်ခြင်း နည်းပါးခြင်းတို့ကြောင့် ယခုရည်ရွယ်ထားသော အထူးစီးပွားရေးဇုန်သည် မြန်မာနိုင်ငံသား အချို့ကိုသာ ကွက်ပြီး အကျိုးပြုမည့် လုပ်သားဈေးကွက်တခု ဖြစ်နေလိမ့်မည်ဖြစ်သည်။ ယခုဥပဒေသည် စာရွက်ပေါ်တွင် ကြည့်ရသည့် အတိုင်းဆိုလျှင် ကောင်းပုံရကြောင်း၊ သို့သော် မြန်မာနိုင်ငံသားများ ပါဝင်ဆောင်ရွက်ခွင့်မူ နည်းပါးလိမ့်မည်ဖြစ်ကြောင်း ရွှေဓာတ်ငွေ့ လှုပ်ရှားမှု အဖွဲ့၏ ညှိနှိုင်းဆောင်ရွက်ရေးမှူး ဝမ်းအောင်က မဇ္ဈိမကို ပြောသည်။

`ဒါ .. ရင်းနှီးမြှုပ်နှံမှုကဏ္ဍနဲ့ ပတ်သက်ရင် မီဒီယာမှာ အပြကောင်းရုံလောက် လုပ်တာ။ ဒါပေမဲ့ တကယ်သာ အထူးစီးပွားရေးဇုန်ဘောင်အတွင်းမှာ တကယ့်ကို ကောင်းတဲ့ မူဘောင်တွေ ပေါ်လာအောင် လုပ်ဖို့ဆိုရင် လူထုအခြေပြုအဖွဲ့တွေ အများကြီးနဲ့ ထိတွေ့ဖို့ လိုမယ်၊ ဒီလို မူဘောင်မျိုးအတွင်းမှာ ဒေသခံတွေရဲ့ အမြင်တွေကိုလည်း ပြောကြားခွင့်ပေးရမယ်´ ဟု သူက ဆိုသည်။

အထူးစီးပွားရေးဇုန် ဥပဒေက စီးပွားရေးဇုန်အတွင်း ရင်းနှီးမြှုပ်နှံသူများကို ပစ္စည်း ပိုင်ဆိုင်ခွင့် အခွင့်အရေးများ ပေးထားသည်။ သို့သော် တားနဲလ်ကမူ မြန်မာနိုင်ငံတွင် အမြဲတမ်း ဖြစ်နေသည်မှာ ဥပဒေက တခြား၊ လက်တွေ့ ဖြစ်နေသည်က တခြားသာ ဖြစ်သည်ဟု အခိုင်အမာ ပြောနေသည်။

`မြန်မာ့သမိုင်းကို ပြန်ကြည့်ရင် ရင်းနှီးမြှုပ်နှံသူတွေအပေါ် အနိုင်ကျင့်တာ၊ ပစ္စည်းဥစ္စာ တွေကို သိမ်းဆည်းတာ၊ သူတို့ကို ဆန့်ကျင်အန္တရာယ် ပြုတာတွေ အမြဲတွေ့ခဲ့ရတယ်´ ဟု သူက ပြောသည်။

`ဒါတွေအားလုံး အလုပ်ဖြစ်ဖို့ဆိုရင် ဒီလိုကောင်းတဲ့ ကိစ္စတွေ အကုန်လုံးကို ဒီအစိုးရက အကာအကွယ်ပေးဖို့ အာမခံချက်ေ ပးထားပါ့မယ်၊ အထူးသဖြင့် ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့် အခွင့်အရေးလို ကိစ္စမျိုးတွေကို အကာအကွယ် ပေးထားပါ့မယ်လို့ ယုံကြည်ရမှ ဖြစ်မယ်။ ဒီလိုယုံကြည်မှုမျိုး ဘယ်သူ့မှာမှ ရှိမယ်လို့ ကျနော်တော့ မထင်ဘူး´ ဟု သူက ဆက်လက်ပြောဆိုသွားသည်။




Ref;Mizzima

Read More...

နိုင်ငံပိုင်ပစ္စည်း ရောင်းရငွေ နေပြည်တော်အတွက်သုံး

နရီလင်းလက်
17 February 2011

မြန်မာနိုင်ငံ တ၀န်းရှိ နိုင်ငံပိုင် ပစ္စည်းများနှင့် နိုင်ငံပိုင် သိမ်းဆည်း ပစ္စည်းများ ရောင်းချ၍ ရရှိသော ငွေကျပ် သန်းပေါင်းများစွာကို စစ်အစိုးရ၏ မြို့တော် နေပြည်တော်တည်ဆောက် ရေး စီမံကိန်းအတွက် အဓိက အသုံးပြုနေသည်ဟု သိရသည်။

ဆောက်လုပ်ပြီးအဆောက် အအုံများ ဖြစ်သော လွှတ်တော် ရုံး၊ သမ္မတ အိမ်တော် ၊ ဒုသမ္မတအိမ်တော်၊ ဌာန ဆိုင်ရာ ရုံး အအောက် အအုံကြီးများ အတွက် အသုံးပြုသည့် အပြင် ဆက်လက် အကောင် အထည် ဖော်နေသည့် နေပြည်တော် အထူး စီမံကိန်း တွင် ပါဝင်သော အိမ်ရာ အအောက် အအုံများ အတွက် အဆိုပါ ရောင်းချရငွေမှ ရရှိသော ငွေကြေးများကို အသုံးပြု သွားမည် ဟု အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီးဌာန မှ အရာရှိ တဦးက ဧရာဝတီကို ပြောသည်။

“စီးပွားရေးရှုထောင့်ကနေ ကြည့်ရင် ပုဂ္ဂလိကပိုင် လွှဲပြောင်းပေးရေးဟာ စီးပွားရေး လုပ်ငန်းရှင်တွေ အတွက် လုပ်ပိုင်ခွင့် တွေ ပိုရလာတယ်လို့ ယေဘုယျ မြင်စေပေမယ့် တဖက်မှာလည်း အာဏာပိုင်တွေရဲ့ ၊ စီမံကိန်းအတွက် လိုငွေတွေ ဖြည့် ပေးနိုင် မယ့် ၊ ငွေ အလုံးအရင်း ချက်ချင်းရနိုင်တဲ့ ရောင်းချမှု တခုပဲ”ဟု ၎င်းက ဆိုသည်။

အဆိုပါ ရည်ရွယ်ချက်ဖြင့် အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုး တက်မှု ၀န်ကြီးဌာန မှ နိုင်ငံတော်ပိုင် အဆောက် အအုံ များ ရောင်းချရေး ကော်မတီနှင့် နိုင်ငံပိုင် သိမ်းဆည်း ထားသော ပစ္စည်းများ စီမံခန့်ခွဲရေး ကော်မတီကို ဖွဲ့စည်းထားသည်။

စစ်အစိုးရသည် ၂၀၀၉ ခုနှစ်မှ စတင်၍ နိုင်ငံပိုင်လုပ်ငန်းများ ပုဂ္ဂလိကပိုင် လွှဲပြောင်း ပေးခြင်း၊ စက်ရုံများ ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံနှင့် မြေနေရာများ ရောင်းချခြင်း များကို အရှိန်အဟုန်ဖြင့် လုပ်ဆောင်နေရာ ယခု နှစ်တွင် မြန်မာ တနိုင်ငံ လုံးအနှံ့ရာင်းချရန် မကျန်ရှိတော့ သလောက် ဖြစ်နေသည်ဟု အဆိုပါ အရာရှိက ဧရာဝတီကို ပြောသည်။

အာဏာပိုင်များသည် အစိုးရသစ် တက်လာအပြီးတွင် နိုင်ငံပိုင် ပစ္စည်းများ လွှဲပြောင်း ရောင်းချခြင်းကို အပြီးသတ် လုပ်ဆောင် ရန် ရည်ရွယ်ထားသည်ဟု နေပြည်တော် ပုဂ္ဂလိကပိုင် လွှဲပြောင်း ရောင်းချရေး ကော်မတီနှင့် နီးစပ်သူ တဦးက ဆိုသည်။

မြေ၊ အဆောက်အအုံ ၊ တိုက်ခန်း၊ မြေကွက် အပါအ၀င် ၂၆၈ ခု ကို နိုင်ငံတော်ပိုင် အဆောက် အအုံများရောင်းချရေး ကော်မတီနှင့် နိုင်ငံပိုင် သိမ်းဆည်းထားသော အဆောက်အအုံများ စီမံခန့်ခွဲရေး ကော်မတီ နှစ်ခုပေါင်းက ရောင်းချရန် ဖေဖော်ဝါရီ ၁၃ ရက် ထုတ် ကြေးမုံ သတင်းစာတွင် အဆိုပြုလွှာ ခေါ်ယူထားသည်။

ရောင်းချမည့်ထဲတွင်ပါဝင်သည့် မြေနေရာအများစုသည် ရန်ကုန်မြို့၏ ခြံမြေဈေးကြီး မြင့်သော မြို့နယ်အများစုတွင် တည်ရှိ နေ ပြီး ယခင် ၀န်ကြီး ၊ ဒုဝန်ကြီး အဆက်ဆက်များ နေထိုင်ရန် နိုင်ငံတော် မှ ပေးထားသည့် အိမ်ခြံမြေ များလည်း ပါဝင်သည်ဟု သိရသည်။

“ကချင် ဂေဟာ ၊ ချင်းဂေ ဟာ လို အိမ်ရာတွေ နောက် ၀န်ကြီး အဆင့်တွေကို ပေးထားတဲ့ ဇော်ဂျီ လမ်း နဲ့ ရွှေတောင် ကြား လမ်းနဲ့ ကုန်းမြင့်သာမှာ ရှိတဲ့ အိမ်တွေ ပါတယ်။ ဒီ ၀န်ကြီးတွေ အတွက် အစိုးရက ရန်ကုန်မှာ ပြန်မပေးတော့ဘူး။ ဒီအတွက် လည်း နေပြည်တော်မှာ ၀န်ကြီး ၊ ဒု ၀န်ကြီး အိမ်တွေ ပြန်ပေးထားတယ်”ဟု ရန်ကုန်တိုင်း စစ်ဌာနချုပ်နှင့်နီးစပ်သူ အရာရှိတဦး က ပြောသည်။

ထို့အပြင် ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ အဏာသိမ်းစဉ် ကာလက နိုင်ငံပိုင် သိမ်းဆည်း ထားသော အိမ်ရာများလည်း အများအပြား ပါဝင်သည်ဟု သိရသည်။

ယင်းကဲ့သို အဆိုပြုလွှာခေါ်ယူ၍ ချိပ်ပိတ် တင်ဒါ စနစ်ဖြင့်ရောင်းချသည် ဆိုသော်လည်း စစ်အစိုးရနှင့် နီးစပ်သည့် စီးပွား ရေးလုပ်ငန်းရှင်ကြီးများသာ အဓိက စီးပွားဖြစ်မည့် လုပ်ငန်းကြီးများ ၊ မြေနေရာများကို ရရှိနေသည်။

“အိတ်ပိတ် တင်ဒါ စနစ်နဲ့ ရောင်းချတယ် ဆိုတဲ့ နေရာမှာ သူတို့ သတ်မှတ်ပေးထားတဲ့ လျှောက်လွှာမှာ ကိုယ်လိုချင်တဲ့ နေရာ နဲ့ ဈေးပေး ချိပ်ပိတ်ပြီး သတ်မှတ်ထားတဲ့ ပုံးထဲကို ထည့်ခဲ့ရတာမျိုးပေါ့။ ဒီထည့်ခဲ့တဲ့ လျှောက်လွှာတွေကို တင်ဒါ အဖွဲ့က တာဝန်ရှိသူတွေ စုံပြီး လျှောက်လွှာတွေဖောက် စစ်ပြီး ဈေးအမြင့်ဆုံး ပေးထားတဲ့လူကို ပေးလိုက်တာမျိုး အဆင့်ဆင့် သွားတာပေါ့”ဟု နိုင်ငံပိုင် အဆောက်အအုံများရောင်းချရေး ကော်မတီမှ တာဝန်ရှိသူတဦးက ဧရာဝတီကို ပြောပြသည်။

ယင်း အဆိုပြုလွှာ စည်းကမ်းနှင့် လျှောက်လွှာ ပုံစံကို ကျပ် ၁ သောင်းဖြင့် ၀ယ်ယူ ရသည်ဟု သိရသည်။

၎င်းက ဆက်လက်၍“တချို့တွေက ကိုယ်ကြိုက်တဲ့နေရာလိုချင်တော့ စာရင်းကိုင်တဲ့ ၀န်ထမ်းကို ပိုက်ဆံပေးပြီး ကြည့်တာမျိုး တွေ ရှိတယ်။ ဥပမာ-၃ သိန်းပေးရင် ကြမ်းခင်းဈေး သိရမယ် ဒါမျိုးပေါ့။ ဒီလိုမျိုးနဲ့ သိလို့ ရသွားတာ ရှိသလို။ တချို့ အာဏာ ပိုင် နဲ့ ပိုင်တဲ့လူတွေက ၀ိတ် နဲ့ တင်ဒါ ဥက္ကဌ ကို ကြမ်းခင်ဈေး ဘယ်လောက်လဲမေးကြတယ်။ လေလံနီးမှ နေရာကောင်းနေ တယ်ဆို ဖျက်သိမ်းလိုက်ပြီ လေလံမဖြစ်တော့ပါဘူး တယောက်ယောက်ကို ပေးလိုက်တာ သိသာတယ်”ဟု ပြောသည်။

လက်ရှိ အဆိုပြုလွှာခေါ်ယူထားသည့် စာရင်းထဲတွင် ရွှေဘုံသာလမ်းရှိ စူပါဝမ်း ကုန်တိုက် ဖွင့်လှစ်ထားရာ မြေနှင့် အဆောက် အအုံ ပါဝင်ပြီး အဆိုပါ နေရာကို ရရှိရန် စီးပွားရေးလုပ်ငန်းရှင်များ အပြိုင်အဆိုင် ကြိုးစားနေကြကြောင်း၊ နေပြည်တော် ပွဲစား လောကတွင် ထို စူပါဝမ်းနေရာကို ကျပ် သန်း ၇ သောင်းခန့်ဖြင့် ဈေးပေါက် နေကြောင်း လည်း ၎င်းက ဆိုသည်။

ထို့အပြင် စစ်အစိုးရ နှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်များ ထူထောင်ထားသည့် ဆောက်လုပ်ရေးကုမ္ပဏီကြီးများအား လေ လံတွင်ပါဝင်သည့် အိမ်ခြံမြေ အဆောက် အအုံ များစာရင်းကို ကြိုတင်ပေးစနစ်ဖြင့် ရောင်းချထားခြင်းများလည်း ရှိသည်ဟု သိရသည်။

“နေရာကောင်းတွေကျတော့ ဒီတိုင်း ၀င် ၀ယ်လို့ မရဘူး။ အာဏာပိုင်နဲ့ ပေါင်းထားတဲ့ ကုမ္ပဏီ အဆက်အသွယ်ကနေ တဆင့် ရောင်းတာတွေလည်းရှိတယ်။ လျှောက်လွှာလည်း တင်စရာမလိုတော့ဘူးပေါ့။ သူတို့ ထဲမှာ ကိုယ်ကြိုက်တဲ့ နေရာတွေ လိုချင်တယ် ပြောပြီး တောင်းသလောက် ပိုက်ဆံပေးလိုက် သူတို့ မြေရအောင် စီစဉ်ပေးတဲ့ ဈေးကွက်လည်း ရှိတယ်”ဟု ဆောက် လုပ်ရေး ကုမ္ပဏီကြီးတခုတွင် လုပ်ကိုင်နေသည့် ၀န်ထမ်းတဦးက ဆိုသည်။

ရောင်းချမည့်ထဲတွင် ရုံးအအောက်အအုံ အနေနှင့် ဘုရင့်နောင်လမ်းမကြီးပေါ်ရှိ စက်မှု လယ်ယာဦးစီးဌာနရုံးချုပ် ပိုင်မြေနှင့်အဆောက်အအုံ ၄ လုံး ၊ မြေအသုံးချရေး ဌာနခွဲရုံးချုပ် မြေနှင့် အဆောက်အအုံ ၇ လုံးလည်း ပါဝင်သည်။

Ref;Irrawaddy

Read More...

ဒုဗိုလ်ချုပ်မှူးကြီးသားမက် စည်းကမ်းမလိုက်နာသဖြင့် တပ်ကထွက်ရ

Read More...

Thursday, February 17, 2011

ထမီဝတ်၍ လွှတ်လိုက်သည်

Read More...

ဒေါ်စု လုံခြုံရေးအတွက် မြန်မာအစိုးရမှာ တာဝန်ရှိ

ဦးသားညွန့်ဦး
ဗုဒ္ဓဟူး, 16 ဖေဖော်ဝါရီ 2011 ။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးဟာ မြန်မာအစိုးရရဲ့ တာဝန် ဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စုက ထပ်မံ သတိပေး လိုက်ပါတယ်။ မြန်မာအစိုးရ သတင်းစာတွေ ကနေ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက် ဝေဖန် ရေးသား လာမှုတွေကြောင့် သူ့ရဲ့ လုံခြုံရေး အတွက် အမေရိကန် ပြည်ထောင်စုက စိုးရိမ် ပူပန်ကြောင်း အမေရိကန် အစိုးရပိုင်းရော၊ လွှတ်တော် ဘက်ကပါ ပြောဆိုလာကြတာ ဖြစ်ပါတယ်။ အပြည့် အစုံကို ကိုသားညွန့်ဦးက တင်ပြ ပေးထားပါတယ်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို မြန်မာ အစိုးရပိုင် သတင်းစာ တွေက ဝေဖန် တိုက်ခိုက် ရေးသား လာတဲ့ နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် ဘေးကင်း လုံခြုံရေး အတွက် အမေရိကန် ပြည်ထောင်စု အနေနဲ့ စိုးရိမ်တဲ့ အကြောင်း နိုင်ငံခြားရေး ဌာနက သတင်း ထုတ်ပြန်ခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲ အတွင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးဟာ မြန်မာ အစိုးရ အပေါ်မှာ အဓိက တာဝန် ရှိတယ်လို့ နိုင်ငံခြားရေး ဌာန ပြောခွင့်ရသူ ပီ.ဂျေ ခရော်လီ (P.J Crowley) က ပြောသွားပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမ အနီးအနားမှာရှိသူ အားလုံးကို အကာအကွယ် ပေးဖို့ ကိစ္စဟာ မြန်မာ အစိုးရရဲ့ တာဝန် ဖြစ်ပါတယ်။”

မြန်မာအာဏာပိုင်တွေ အနေနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို တရားဝင် နိုင်ငံရေးပါတီ တရပ် အဖြစ် အသိအမှတ် ပြုဖို့ လိုသလို ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသား လူနည်းစုတွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ စလုပ်ဖို့ ကိုလည်း အမေရိကန် ပြည်ထောင်စုက တိုက်တွန်းပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာသတင်းစာတွေက ဝေဖန်တိုက်ခိုက်တဲ့ အပေါ်မှာ နိုင်ငံခြားရေး ဌာနက အခုလို စိုးရိမ်တဲ့ အကြောင်း ထုတ်ပြန်သလို အမေရိကန် အထက်လွှတ်တော်ရဲ့ ကင်တာကီ ပြည်နယ် ၀ါရင့် ရီပတ်ဘလီကန် ခေါင်းဆောင် မစ်ခ်ျ မက်ကောနဲလ် (Mitch McConnell) ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို အင်္ဂါနေ့ မနက်မှာ ဖုန်းနဲ့ စကားပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အခုလိုမျိုး တိုက်ခိုက် ခြိမ်းခြောက်တာမျိုးကို ဒီမိုကရေစီ ကမ္ဘာက ၀ိုင်းဝန်း အပြစ်တင်ဖို့ လိုမယ်လို့ အထက် လွှတ်တော်အမတ် မစ်ခ်ျ မက်ကောနဲလ်က ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေကို မကြာခင်က ခြိမ်းခြောက်မှုတွေ ရှိလာတဲ့ အပေါ် ကျနော် အင်မတန် စိုးရိမ် မိပါတယ်။ ဒီလို ခြိမ်းခြောက်မှု မျိုးတွေဟာ ခံပြင်းစရာ ကောင်းပြီး လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို တန်ဖိုးထားတဲ့ ကမ္ဘာ့ အသိုင်းအ၀ိုင်း အနေနဲ့ ဒီကိစ္စကို ဝေဖန် ရှုတ်ချသင့်ပါတယ်။ ဒါကြောင့်လည်း တခြား ကျနော့်ရောင်းရင်း အထက်လွှတ်တော် အမတ်တွေနဲ့ အတူ မြန်မာနိုင်ငံ အခြေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေး ကိစ္စတွေကို အနီးကပ် စောင့်ကြည့်သွားမှာပါ။”

မြန်မာနိုင်ငံအပေါ်မှာ စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ ပတ်သက်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ သဘောထားကို ထုတ်ပြန်တဲ့ အပေါ်မှာ စနေနေ့ အစိုးရ သတင်းစာတွေကနေ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဝေဖန် ရေးသား ခဲ့ပါတယ်။ ဒီသဘောထားတွေ အတိုင်းဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ သမိုင်းနိဂုံးကို ဦးတည်နေပြီ ဆိုပြီး သတိပေး ရေးသားထားပါတယ်။ ဒါဟာ ခြိမ်းခြောက်မှု တရပ် ဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စုဘက်က ယူဆပုံ ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၃ ခုနှစ်တုန်းက မြန်မာအစိုးရ သတင်းစာတွေမှာ ဆက်တိုက် ဝေဖန် တိုက်ခိုက် ရေးသား လာပြီးနောက် အထက် မြန်မာပြည် ခရီးစဉ်အတွင်း ဒီပဲယင်း အနီးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ချုပ် အဖွဲ့ဝင်တွေကို အစိုးရ လိုလား သူတွေက ညပိုင်းမှာ အကြမ်းဖက် တိုက်ခိုက် ခဲ့ကြပါတယ်။ သေဆုံးသူတွေနဲ့ ဒဏ်ရာ ရသူတွေ ရှိကြပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ ကတော့ သီသီလေး လွတ်မြောက် နိုင်ခဲ့ပါတယ်။

အဲဒီ အကြမ်းဖက် တိုက်ခိုက်မှု အပေါ်မှာ မြန်မာစစ်အစိုးရ ဘက်က လက်သည် မဖော်နိုင် ခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် ကျယ်ချုပ် ထားလိုက်တာနဲ့ပဲ အဲဒီတုန်းက အဲဒီပြဿနာကို အဆုံးသတ် ခဲ့ပါတယ်။

Ref: VOA News

Read More...

သမ္မတသတင်း ဖော်ပြခွင့်မရ

ထွန်းထွန်း | ဗုဒ္ဓဟူးနေ့၊
ဖေဖေါ်ဝါရီလ ၁၆ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ)။ ။ ပြည်တွင်းအခြေစိုက် စီးပွားရေး၊ အနုပညာ၊ သုတ၊ ရသ ဂျာနယ်များတွင် ဦးသိန်းစိန် သမ္မတ အဖြစ် ရွေးချယ် ခံရသည့် သတင်း ဖော်ပြခွင့် မပြုဟု ပြည်တွင်း ဂျာနယ် အသိုင်းအဝိုင်း ထံမှ သိရသည်။

သတင်းအသားပေး ဖော်ပြသည့် ဂျာနယ်များတွင်သာ ပြန်ကြားရေး ဝန်ကြီးဌာန လက်အောက် စာပေ စိစစ်ရေးနှင့် မှတ်ပုံတင် ဌာနက ဖော်ပြခွင့် ပြုခဲ့ခြင်း ဖြစ်သည်။

“အဓိက က ဘယ်ဟာ မထည့်ခိုင်းလဲဆိုတော့ (ဦး) သိန်းစိန် သမ္မတ ဖြစ်ပြီ ဆိုတဲ့ သတင်းကို သတင်း ဂျာနယ်တွေက လွဲပြီး၊ စီးပွားရေး ဂျာနယ်တို့၊ သုတ၊ ရသတို့ လုံးဝ မထည့်ခိုင်းဘူး။ ကျနော်တို့ (ဦး) သိန်းစိန် သမ္မတ ဖြစ်ပြီ ဆိုပြီး ကျနော်တို့ဆီမှာ ထည့်လိုက်တယ်။ ကျနော်တို့က စီးပွားရေး ပေါ့နော်။ ထည့်တော့ လုံးဝ ထည့်ခွင့် မပေးဘူး” ဟု စီးပွားရေး သတင်းကိုသာ ဖော်ပြသည့် ဂျာနယ် အယ်ဒီတာ တဦးက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “ဘာဖြစ်လို့ ဖြုတ်တာ လဲပေါ့… စိစစ်ရေးကို သွားတော့…။ ဒါက နိုင်ငံတော် သမ္မတ ဖြစ်တာကို ပြည်သူသိဖို့ လုပ်ပေးတာ ဆိုတော့၊ မဟုတ်ဘူးတဲ့…။ သတင်း ဂျာနယ်က လွဲပြီး ကျန်တာ ထည့်ခွင့် မပေးဘူးတဲ့ အဲဒီလို ပြောတယ်။ တခြား အနုပညာ ဂျာနယ်တို့ ဘာတို့လည်း ထည့်ခွင့် မပေးဘူးတဲ့။ (ဦး) မြတ်ခိုင်တို့ ဘာတို့လည်း ထည့်ခွင့် မပေးဘူးတဲ့။ သူတို့ပြောတာပဲ” ဟု ဆိုသည်။

ယခုလ ၄ ရက်နေ့တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် သမ္မတ အဖြစ် ဦးသိန်းစိန်၊ ဒုသမ္မတများ အဖြစ် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ အမတ်များဖြစ်သည့် သီဟသူရ တင်အောင်မြင့်ဦးနှင့် ဦးစိုင်းမောက်ခမ်းကို မဲပေး ရွေးချယ်ခဲ့သည်။

“ဦးသိန်းစိန် သမ္မတဖြစ်တာကို သတင်းဂျာနယ်ကလွဲလို့ အနုပညာ၊ သုတ၊ ရသ ဆိုရင် ထည့်ခွင့် မပေးဘူး ဆိုတာ ဟုတ်တယ်။ အရမ်း စစ်ဆေးရတယ်။ လိုက်စစ်ရတာလည်း ရှုပ်တယ်။ နောက်ပြီး အမှား ပါသွားရင်လည်း ပြန်ကြားရေး ကပဲ ရှင်းနေရတယ်” ဟု ပြန်ကြားရေး ဝန်ကြီးဌာနနှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။

စီးပွားရေး၊ အနုပညာနှင့် သုတ၊ ရသကဏ္ဍများအတွက် ထုတ်ဝေခွင့်ကဒ်ရ သတင်းဂျာနယ် များသည် စည်းမျဉ်းအရ နိုင်ငံရေး သတင်းများ ရေးသား ဖော်ပြခွင့် မရှိသော်လည်း စာပေ စိစစ်ရေးနှင့် နီးစပ်သည့် ဂျာနယ်များတွင်မူ မကြာခဏ ဖော်ပြခွင့်များ ပြုခဲ့သည်။

ယင်းသတင်း ထုတ်ခွင့်မရခြင်းမှာ ဂျာနယ်ထုတ်ဝေခွင့် ကဒ်အမျိုးအစားနှင့် ဆိုင်သည်ဟု ဂျာနယ် သတင်းထောက် တဦးက ပြောသည်။ “ဂျာနယ်ကဒ်နဲ့ ဆိုင်တယ်ဗျ။ သုတ၊ ရသ ဂျာနယ်တွေက သတင်းတွေ ထည့်လို့မရဘူး။ စီးပွားရေးက စီးပွားရေးနဲ့ ဆိုင်တဲ့ သတင်းပဲ ထည့်ရတာ” ဟု ဆိုသည်။

သို့သော် ၎င်းဂျာနယ် အမျိုးအစားများ၌ပင် မကြာခဏဆိုသလို နိုင်ငံရေးသတင်း ဖော်ပြခွင့်များ ရရှိလေ့ရှိသည်။

“မော်ဒန်တိုင်းမ်ဆိုရင် စာပေစိစစ်ရေးရုံးတင်ရင် အနုပညာတွေကို တင်ပြီးတော့ တချို့ သတင်းလေးတွေ နည်းနည်း၊ အဲဒီလိုမျိုး တင်ရတယ်။ ရောင်းပြီဆိုရင် အနုပညာကို အထဲထည့်၊ သတင်းကို ရှေ့တင် ရောင်းရတယ်။ နည်းနည်း ပါးပါးတော့ ညှပ်ထည့်လို့ ရတယ်။ သူတို့ လိုရင်တော့ ပေးတယ်။ မလိုရင်တော့ မပေးဘူး” ဟု စီးပွားရေး သတင်းကိုသာ ဖော်ပြသည့် ဂျာနယ် အယ်ဒီတာ တဦးက မဇ္ဈိမကို ပြောဆိုသည်။

ပြန်ကြားရေးဝန်ကြီးဌာန၏ ၂ဝဝ၉ ခုနှစ်စာရင်းအရ ထုတ်ဝေခွင့်လိုင်စင်ရ ဂျာနယ်ပေါင်း ၁၃၅ စောင် ရှိသည်။

ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းသမားများအဖွဲ့ RSF ၏ ၂ဝ၁ဝ ခုနှစ်အတွက် ထုတ်ပြန်ချက် အရမူ မြန်မာနိုင်ငံ၏ သတင်း လွတ်လပ်ခွင့် အဆင့်သည် နိုင်ငံပေါင်း ၁၇၈ နိုင်ငံအနက် အဆင့် ၁၇၄ တွင်ရှိပြီး သတင်း လွတ်လပ်ခွင့် မရှိဆုံး ၅ နိုင်ငံတွင် ပါဝင်ကြောင်း သိရသည်။

အသက် ၆၅ နှစ်အရွယ် ဦးသိန်းစိန်မှာ မြန်မာပြည် လွတ်လပ်ရေး ရပြီးနောက်ပိုင်း ၈ ဦးမြောက် သမ္မတ ဖြစ်လာခဲ့သည်။ ယခင် သမ္မတများမှာ စဝ်ရွှေသိုက်၊ ဒေါက်တာဘဦး၊ မန်းဝင်းမောင်၊ ဦးနေဝင်း၊ ဦးစန်းယု၊ ဦးစိန်လွင်နှင့် ဒေါက်တာ မောင်မောင် ဖြစ်သည်။

ဦးသိန်းစိန်သည် ၁၉၈၈ ခုနှစ်တွင် တပ်မတော်မှ အာဏာသိမ်းပြီးနောက် ကကကြည်း တွင် စစ်ဦးစီး ဗိုလ်မှူးကြီး ရာထူးမှ ၂ဝဝ၅ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး အထိ စစ်ဘက်ဆိုင်ရာ ရာထူး တိုးမြှင့် ခံခဲ့ရသည်။ ပြီးခဲ့သည့်နှစ် ဧပြီ လဆန်းပိုင်းတွင် စစ်တပ် ရာထူးမှ အနားယူခဲ့ပြီး၊ မန္တလေးတိုင်း ဇဗ္ဗူသီရိမြို့နယ်မှ နေ၍ ပြည်သူ့ လွှတ်တော် အတွက် ကြံ့ဖွံ့ပါတီမှ ကိုယ်စားပြုကာ ဝင်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့သည်။

Ref: မဇ္ဈိမ

Read More...

Uncensored Burma - Daily News ( 2011 Feb 16)

news on Feb 16

Read More...

သမ္မတ တင်သည့် တရားသူကြီးချုပ် အမည် ပြန်လဲ

ကိုဝိုင်း | ဗုဒ္ဓဟူးနေ့၊
ဖေဖေါ်ဝါရီလ ၁၆ ရက် ၂၀၁၁ ။

ချင်းမိုင် (မဇ္ဈိမ)။ ။ ပြည်ထောင်စု လွှတ်တော် သတ္တမနေ့ အစည်းအဝေးမှ ပြည်ထောင်စု တရားသူကြီးချုပ် အဖြစ် သမ္မတက တင်သွင်း ထားသည့် ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး၏ ကိုယ်ရေး အကျဉ်းကို ဒုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၏ ကိုယ်ရေးနှင့် ညတွင်းချင်း လာပြန် လဲသွားသည်ဟု အမတ်များက ပြောသည်။

သမ္မတ၏ ပြည်ထောင်စု တရားသူကြီးချုပ်အဖြစ် ဒုရှေ့နေချုပ် ဦးထွန်းထွန်းဦးကို ခန့်အပ်ကြောင်း စာကို နာယက ယဉ်ကျေးမှု ဝန်ကြီး ဦးခင်အောင်မြင့်က သတ္တမနေ့ အစည်းအဝေး ဖြစ်သည့် ဗုဒ္ဓဟူး မနက်ပိုင်းတွင် ဖောက်ဖတ်ပြ ခဲ့သေးသည်။ ကန့်ကွက် လိုပါက မနက်ဖြန်တွင် ကန့်ကွက်နိုင်မည် ဟုလည်း ဆိုခဲ့သည်။

သို့သော် ညတွင်းချင်းပင် ဒုရှေ့နေချုပ် ဦးထွန်းထွန်းဦး ၏ ကိုယ်ရေး အကျဉ်းကို ဒုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး ၏ ကိုယ်ရေးနှင့် လာပြန် လဲသွားကြောင်း အမတ်တဦးက ပြောသည်။

“စာရွက် လာပြန်လဲတယ် အခု။ အဲဒီဟာက ဒုရှေ့နေချုပ် မဟုတ်ဘဲနဲ့ ဒုတရားသူကြီးချုပ်။ စောစောက ဟာတွေကို ပြန်အပ် ခိုင်းတယ်။ ပထမ ထွန်းထွန်းဦးရဲ့ ကိုယ်ရေးအကျဉ်း စာရွက်က မွေးသက္ကရာဇ် ဘာညာ နံပါတ် ၁ ကနေ ၁ဝ ထိပါတဲ့ တရွက်ထဲ ပေးတာပေါ့။ အခုက စာရွက် ၅ ရွက် ရောက်လာတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

နေအိမ်အကျယ်ချုပ် ဥပဒေများကို ချိုးဖောက်သည်ဟုဆိုကာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို ပြစ်ဒဏ် ချခဲ့သည့် အမှုအတွက် အထူးအယူခံလွှာကို နေပြည်တော် တရားရုံးချုပ်တွင် ၂ဝ၁ဝ ခုနှစ် အောက်တိုဘာလ ထဲတွင် စစ်ဆေးစဉ် တရားသူကြီးချုပ် ဦးအောင်တိုးနှင့် အတူ ဒုတိယ တရားသူကြီးချုပ် ဦးထွန်းထွန်းဦးလည်း ပါဝင်ခဲ့သည်။

စစ်ဥပဒေရုံးချုပ်တွင် တာဝန်ထမ်းခဲ့သူဖြစ်သဖြင့် ယခု မကွေးတိုင်း ရေစကြိုမြို့နယ် ပြည်သူ့ လွှတ်တော် အမတ် စစ်ဥပဒေ ချုပ်ဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီး(ငြိမ်း) စိုးမောင်၊ ယခုဝန်ကြီး၏ လက်အောက်တွင် တာဝန် ထမ်းဖူးသူဟု အတွင်းသိ အမတ်တဦးက ပြောသည်။

အမတ်နောက်တဦးကမူ ပထမ ဦးထွန်းထွန်းဦးမှာ လက်ရှိ ဒုတိယရှေ့နေချုပ်ဖြစ်ပြီး “ရှေ့နေချုပ်” ဖြစ်လာမည်ဟု သိထားပြီး၊ ဒုတိယ ဦးထွန်းထွန်းဦးမှာ ဒုတရားသူကြီးချုပ်မှ “တရားသူကြီးချုပ်” ဖြစ်သွားမည်ဟု ဆိုသည်။ “ပထမ ဦးထွန်းထွန်းဦးသည် အသက် ၅၇ နှစ်နှင့် ဒုတိယ ဦးထွန်းထွန်းဦးမှာ ၅၁ နှစ်ဟု မဇ္ဈိမကို ပြောသည်။

ကန့်ကွက်သူမရှိပါက ဦးထွန်းထွန်းဦးသည် စစ်ဘက်တရားရုံးများနှင့် ဖွဲ့စည်းပုံ ဥပဒေဆိုင်ရာ ခုံရုံး၏ စီရင်ပိုင်ခွင့် အာဏာများကို မထိခိုက်စေဘဲ နိုင်ငံတော်၏ အမြင့်ဆုံး တရားရုံး၏ “အကြီးအမှူး” ဖြစ်လာမည်။

ထို့ပြင် ပြည်ထောင်စုလွှတ်တော် ဗုဒ္ဓဟူးနေ့ အစည်းအဝေးက သမ္မတ ဦးသိန်းစိန် အင်္ဂါနေ့တွင် တင်သွင်း ခဲ့သည့် တရားသူကြီး အဖွဲ့ လူဦးရေ ၇ ဦးကို အမတ် ၆၅၅ ဦးက “ကန့်ကွက်သူမရှိ” အတည်ပြုခဲ့သည်။

မနက် ၁၁ နာရီမှစ၍ ၁ဝ မိနစ်ကြာ အစည်းအဝေးတွင် ခွင့်တိုင်ပျက်ကွက်သူ ၃ ဦး ရှိခဲ့သည်။

ယင်းမှ ကုတင် ၁ဝဝဝ ဆံ့ နေပြည်တော်ဆေးရုံ တက်နေသည့် မန္တလေးတိုင်း အမှတ် ၄ မဲဆန္ဒနယ် ကြံ့ခိုင်ရေး ပါတီ အမျိုးသား လွှတ်တော်အမတ် ဦးဝင်းမောင်နှင့် ယင်းဆေးရုံ၌ပင် ခွဲစိတ်ခံရသူ စစ်ကိုင်းတိုင်း အမှတ် ၁ဝ မဲဆန္ဒနယ်မှ တစည အမျိုးသား လွှတ်တော်အမတ် ဦးမောင်မောင်ကြီးကို နအဖ အတွင်းရေးမှူး ၁ ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့် ယဉ်ကျေးမှု ဝန်ကြီး ဦးခင်အောင်မြင့်က သွားရောက် ကြည့်ရှုခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာများ၌ ဖော်ပြခဲ့သည်။

ဇနီးဖြစ်သူ ကင်ဆာဖြစ်သဖြင့် စင်္ကာပူသို့ ဆေးသွားကုနေသည်ကို အဖော် လိုက်သွားသည့် ကြံ့ခိုင်ရေး ပါတီ အမတ် တဦးနှင့် ပတ်သက်၍မူ သတင်းများတွင် မတွေ့ရပေ။

လက်ရှိ ပြည်ထောင်စုလွှတ်တော်က သီဟသူရ ဦးတင်အောင်မြင့်ဦးကို ဒုသမ္မတ ၁ ၊ ဦးခင်အောင်မြင့်ကို ပြည်ထောင်စု လွှတ်တော် နာယက အဖြစ် ရွေးချယ်ထားသည်။

ဦးထွန်းထွန်းဦး (ဒုတိယ ရှေ့နေချုပ်)
မွေးသက္ကရာဇ် ။ ၁၉၊ ၁ဝ၊ ၁၉၅၇
ပညာအရည်အချင်း ။ BA Law, LLB, MA (Deference) ဘွဲ့ရပြီးမှ စစ်တပ်တွင်း ဝင်ရောက်
လူမျိုး၊ ဘာသာ ။ ဗမာ၊ ဗုဒ္ဓ
ဇာတိ ။ ဧရာဝတီတိုင်း မြောင်းမြ
မိဘ ။ ဦးတင်ငွေ၊ ဒေါ်ညွန့်ရီ (မြောင်းမြ)
ဇနီး ။ ဦးဘရှင်-ဒေါ်မေသိန်းတို့၏ သမီး ဒေါ်တင်တင်ဝင်း (မန္တလေးတိုင်း မိုးကုတ်မြို့)

ဦးထွန်းထွန်းဦး (ဒုတိယ တရားသူကြီးချုပ်)
မွေးသက္ကရာဇ် ။ ၂၈၊ ၇၊ ၁၉၅၆။ (၅၄-၅၅ နှစ် ရှိရမည်ဖြစ်သော်လည်း အသက် ဖော်ပြချက်တွင် ၅၁ နှစ် ဟုသာ ဖော်ပြထားသည်)
ပညာအရည်အချင်း ။ BA Law, LLB - ၁၉၇၉ ခုနှစ်တွင် ကျောင်းပြီး
စစ်ဘက်ရာထူး ။ ၁၉၈ဝ-၈၁ တွင် ဒုဗိုလ်-ဗိုလ်၊ ၁၉၈၁-၈၉ တွင် အနောက် တောင်တိုင်း စစ်ဌာနချုပ် ဗိုလ်ကြီး၊ ၁၉၉ဝ-၉၄ တွင် စစ်ဥပဒေချုပ် ရုံးတွင် ဗိုလ်မှူး၊ ၂ဝဝ၇ မှ စ၍ နိုင်ငံတော် တရားရုံးချုပ်တွင် ဒုတိယ တရားသူကြီးချုပ်
ဇနီး ။ ဒေါ်အေးအေးသိန်း (မီခို)
နေရပ် ။ နေပြည်တော်

Ref: မဇ္ဈိမ

Read More...

ဒု-ဗိုလ်ချုပ်ကြီးဟောင်း တင်အေး ပါလီမန်က နှုတ်ထွက်

ဗုဒ္ဓဟူး, 16 ဖေဖော်ဝါရီ 2011 ။

မြန်မာနိုင်ငံ နေပြည်တော်မှာ ကျင်းပ နေတဲ့ လွှတ်တော် အတွင်း စစ်အစိုးရ ကျောထောက် နောက်ခံ ပေးထားတဲ့ နိုင်ငံရေး ပါတီက ကိုယ်စားလှယ် တယောက် ဒီကနေ့ပဲ ရုတ်တရက် နှုတ်ထွက် သွားပါတယ်။

စစ်အစိုးရ ခေါင်းဆောင်တွေ ဦးဆောင် ပါဝင်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီရဲ့ မန္တလေးတိုင်း တံတားဦး မြို့နယ်က ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး မနေ့က အထိ လွှတ်တော်ကို တက်ရောက် လာခဲ့ပေမဲ့ ဒီကနေ့ လွှတ်တော် အခမ်းအနားတွေ စတင် ခါနီးမှာပဲ နှုတ်ထွက်ကြောင်း ကြေညာခဲ့တာလို့ လွှတ်တော် ကိုယ်စားလှယ် တဦးက ဗွီအိုအေကို ပြောပါတယ်။

နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံး အကြိမ်အဖြစ် လွှတ်တော်တွေ ခေါ်ယူပြီး အစိုးရ ဖွဲ့စည်းဖို့ ပြင်ဆင်နေတာ ရက်ပိုင်းသာ ရှိတဲ့ အချိန်မှာ စစ်အစိုးရရဲ့ ကိုယ်စားလှယ် တဦး ရုတ်တရက် အကြောင်းပြချက် မရှိဘဲ နှုတ်ထွက် သွားတဲ့ အတွက် ဒါဟာ ခေါင်းဆောင်ပိုင်းမှာ မပြေမလည် ဖြစ်နေတဲ့ အရိပ်အယောင်တွေ အဖြစ်လည်း အကဲခတ်တွေက ယူဆ နေကြပါတယ်။

ဒီကနေ့ လွှတ်တော်အခမ်းအနား အတွင်းမှာတော့ ပြည်ထောင်စု တရား လွှတ်တော်ချုပ်ရဲ့ အကြီးအကဲ အဖြစ် ဗိုလ်ချုပ်ဟောင်း တဦးလည်းဖြစ်၊ ဒုတိယ တရား သူကြီးချုပ်လည်း ဖြစ်တဲ့ ဦးထွန်းထွန်းဦးကို ခန့်အပ်ဖို့ အတွက် သမ္မတက အမည်စာရင်း တင်သွင်း လိုက်ပါတယ်။

လတ်တလော ကျင်းပနေတဲ့ လွှတ်တော်တွေက အစိုးရသစ် ဖွဲ့စည်းဖို့ ပြင်ဆင်မှုတွေမှာ စစ်အစိုးရ တာဝန်ရှိသူ အများ အပြားကို အခုလို ခန့်အပ် နေတာမို့ ဒါဟာ နိုင်ငံရေး အပြောင်း အလဲတွေ သိသိသာသာ မြင်ရမယ့် လက္ခဏာ မဟုတ်ဘူးလို့လည်း ပြည်တွင်း ပြည်ပက ဝေဖန် နေကြတာ ဖြစ်ပါတယ်။

Read More...

Wednesday, February 16, 2011

Uncensored Burma - Daily News ( 2011 Feb 15)

news on Feb 15

Read More...

Tuesday, February 15, 2011

ပင်လုံမှ ပင်လုံသို့ … ပင်လုံမှ လွတ်လပ်ရေးသို့

ဂါမဏိ

တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၁၄ ရက် ၂၀၁၁

တိုင်းရင်းသား ခေါင်းဆောင်များရဲ့ ရှေ့ဆောင် မှုနဲ့ ဒုတိယ ပင်လုံညီလာခံ ခေါ်ယူပြီး၊ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေး ဆော်သြ လိုက်တာကို ဒေါ်အောင်ဆန်း စုကြည်နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က အားတက် သရော ထောက်ခံ ပါဝင်ကာ ၂၁ ရာစု ပင်လုံ ညီလာခံလို့ သတ်မှတ် ပေးခဲ့ပါတယ်။

၁၉၄၇ ပင်လုံညီလာခံရဲ့ ပင်မအနှစ်သာရက ဗမာနဲ့ ရှမ်း၊ ကချင်၊ ချင်း နယ်မြေတွေ အတူတကွ လွတ်လပ်ရေး ယူဖို့နဲ့ ရှမ်း၊ ကချင်၊ ချင်းနယ်မြေ ၃ ခုကို ကိုယ်ပိုင် အုပ်ချုပ်ရေး အပြည့်အဝ ပေးဖို့ ဖြစ်ခဲ့ပါတယ်။ အဲဒီအခြေအနေ ကနေ တိုးချဲ့ပြီး နောင်မှာ နယ်မြေ ၃ ခုတင်မက တိုင်းရင်းသားအားလုံးကို ကိုယ်ပိုင်အုပ်ချုပ်ရေး၊ တန်းတူအခွင့်အရေး ပေးဖို့ပါ ဗိုလ်ချုပ်အောင်ဆန်းက ရည်ရွယ်ခဲ့တာပါ။ ဒါပေမဲ့ ကံမကောင်း အကြောင်းမလှစွာဘဲ ပထမပိုင်းဖြစ်တဲ့ အတူတကွ လွတ်လပ်ရေးယူဖို့သာ အကောင်အထည်ပေါ်ခဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ရေး အပြည့်အဝ ပေးရေးက ပျက်ပြယ်သွားခဲ့ပါတယ်။

အဓိကပြဿနာက ပင်လုံစာချုပ် သဘောတူညီချက်ဟာ ပင်လုံဥပဒေ (Law) အဆင့်ကို ရောက်မလာ ခဲ့တာ ဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ် အခြေခံဥပဒေ ရေးဆွဲရာမှာ ဗိုလ်ချုပ်အောင်ဆန်း မရှိတော့တဲ့နောက်ပိုင်း ကလိမ်ကကျစ် လုပ်သူတချို့ကြောင့် ပင်လုံ သဘောတူစာချုပ်ကနေ အခြေခံဥပဒေအဖြစ် ရောက်မလာခဲ့တာပါ။ ဒါကြောင့်လည်း မြန်မာပြည်မှာ တိုင်းရင်းသား ပြဿနာဟာ ပြည်တွင်းစစ်မီးအထိ ကြီးထွားပေါက်ကွဲခဲ့ရပါတယ်။

ဒါပေမဲ့ အင်မတန် ကြီးကျယ်ထင်ရှားတဲ့ ပင်လုံစာချုပ်ကို လုံးဝလက်လွတ်စပယ် ပယ်ဖျက်ဖို့ မလွယ်တဲ့ အတွက် လွတ်လပ်ရေး ရတဲ့ ၁၉၄၈ ခုနှစ်ကနေ ၁၉၅၈-၆ဝ ခုနှစ်လောက်အထိတော့ ရှမ်း၊ ကချင်၊ ချင်း နယ်မြေတွေကို ကိုယ်ပိုင် အုပ်ချုပ်ရေး အပြည့်အဝ မဟုတ်တောင် အတော်ကြီး ပေးခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ တိုင်းရင်းသား အားလုံးဆိုင်ရာ ဥပဒေ ဖြစ်မလာတဲ့ အတွက် ကျန်တဲ့ တိုင်းရင်းသား အားလုံးကလည်း ပင်လုံအရသာ မခံစားခဲ့ရပါဘူး။ ဒါကြောင့် ၁၉၄၈-၄၉ ခုနှစ်ကစလို့ ပင်လုံစာချုပ်ပါ ကိုယ်ပိုင် အုပ်ချုပ်ရေးနဲ့ ကင်းလွတ်ခဲ့တဲ့ ကရင်၊ ကရင်နီ၊ မွန်၊ ရခိုင်၊ ပအိုဝ်း တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတွေ ပေါ်ထွက်လာခဲ့ပြီး ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသားတွေ ကတော့ ကိုယ်ပိုင် အုပ်ချုပ်ရေးကို အတိုင်းအတာ ကြီးကြီးမားမား ခံစားနေရလို့ သူပုန်မထခဲ့ပါဘူး။

ဒါပေမဲ့ ပင်လုံစာချုပ်-ပင်လုံ စိတ်ဓာတ်ဟာ ပင်လုံဥပဒေအဖြစ် အခိုင်အခန့် မဖြစ်ခဲ့တဲ့အတွက် အာဏာရ လူမျိုးကြီး ဝါဒီတွေဟာ တစတစနဲ့ ကိုယ်ပိုင် အုပ်ချုပ်ရေးတွေကို လှိုက်စားဖြိုဖျက် လာနိုင်ခဲ့ပါတယ်။ ဒါကြောင့် ၁၉၅၈ ခုနှစ်မှာ ရှမ်းလက်နက်ကိုင် တော်လှန်ရေး၊ ၁၉၆၁ ခုနှစ်မှာ ကချင်လက်နက်ကိုင် တော်လှန်ရေး၊ ၁၉၆၄ ခုနှစ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေး ပေါ်လာရုံမက ၁၉၆၁ ခုနှစ်မှာပဲ ဖက်ဒရယ်မူ တောင်းဆိုတဲ့ တောင်ကြီး လူမျိုးပေါင်းစုံကွန်ဖရင့် ကျင်းပရတဲ့ အခြေဆိုက်ခဲ့ပါတယ်။

၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ဟာ ပြည်မ၊ ရှမ်းပြည်၊ ကချင်နဲ့ ချင်း တောင်တန်းဒေသတွေရဲ့ အာဏာပိုင်တွေ အကြား သဘောတူ ချုပ်ဆိုတာဖြစ်လို့ ဥပဒေမဖြစ်သေးပေမယ့် အာဏာသက်ရောက်မှု တစုံတရာ ရှိခဲ့ပါတယ်။ ဒါကြောင့် အခုတကြိမ် ၂ဝ၁၁ ခုနှစ်မှာလည်း အာဏာသက်ရောက်မှု ရှိဖို့ဆိုရင် အာဏာရှိသူတွေကြားမှာ ဆွေးနွေးသဘောတူညီမှု ချမှတ်ဖို့ လိုပါတယ်။ အာဏာမရှိသူတွေ ဆွေးနွေးသဘောတူ ချမှတ်ရင်တော့ ပင်လုံစာချုပ်အဆင့် မရောက်ဘဲ ဒုတိယမြောက် ဗိုလ်အောင်ကျော်လမ်း ကြေညာချက်သာ ဖြစ်သွားပါလိမ့်မယ်။ (ဗိုလ်အောင်ကျော်လမ်း ကြေညာချက်ကို NLD နဲ့ UNLD တို့က ၁၉၉ဝ ခုနှစ်မှာ နှစ်ဖက်သဘောတူ ထုတ်ပြန်ခဲ့ဖူးတယ်။) နယ်စပ်မှာ လုပ်ခဲ့တဲ့ မာနယ်ပလော၊ မယ်သရောထနဲ့ သူမွဲကလိုး စာချုပ်တွေလို မှိန်ပျောက်သွားဖို့လည်း များပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ၁၉၈၉ ခုနှစ်မှာ ပင်လုံနဲ့ ပတ်သက်လို့ ပြောခဲ့ရာမှာ လူထုက နှင်းအပ်တဲ့ အာဏာရထားတဲ့ အစိုးရကပဲ လုပ်နိုင်တဲ့ ညီလာခံလို့ ပြောခဲ့ဖူးပါတယ်။
xxx

၂ဝ ရာစုတုန်းက လုပ်ခဲ့တဲ့ ပင်လုံစာချုပ်ဟာ ၂၁ ရာစုမှာ ပြင်ဆင်ဖို့ လိုနေပြီလား၊ တိုင်းရင်းသားရေးရာနဲ့ ပတ်သက်လို့ ၂၁ ရာစုနဲ့ ၂ဝ ရာစု ဘာတွေကွာသလဲဆိုတာလည်း ဆင်ခြင်သုံးသပ်ဖို့ လိုပါတယ်။ ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ပါ အချက်များအနက် အတူတကွ လွတ်လပ်ရေးယူရေးဆိုတဲ့ အချက်ကိုတော့ အတူတကွ အာဏာရှင်စနစ် ဖယ်ရှားရေးနဲ့ ဒီမိုကရေစီစနစ် ထူထောင်ရေးလို့ အခု ၂၁ ရာစုမှာ အစားထိုးပြင်ဆင်ဖို့ လိုတာကလွဲပြီး ဒုတိယပင်မအချက်ဖြစ်တဲ့ အပြည့်အဝ ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးရေးကတော့ ဘာမှ ပြင်ဆင်စရာ၊ လျှော့ပေါ့စရာ၊ ဖြည့်စွက်စရာတွေမလိုဘဲ စာချုပ်အဆင့်ကနေ အများဆိုင်ရာ ဥပဒေအဆင့် ရောက်ဖို့သာ အဓိက လိုအပ်နေပါတယ်။ ဥပဒေအဆင့် ရောက်ဖို့ ဆိုတာကလည်း အာဏာပြဿနာက သော့ချက်ဖြစ်နေပါတယ်။ ဒါကြောင့် ၂၁ ရာစု ပင်လုံညီလာခံလုပ်ရင် ၂ဝ ရာစု ပင်လုံစာချုပ်ကို ၂၁ ရာစု ပင်လုံဥပဒေ ဖြစ်အောင်လုပ်ဖို့က အဓိက လုပ်ငန်းတာဝန် ဖြစ်ပါလိမ့်မယ်။

၂ဝ ရာစု ပင်လုံညီလာခံလုပ်ချိန်၊ ပင်လုံစာချုပ် ချုပ်ချိန်ဟာ နယ်ချဲ့စနစ်အောက်ကနေ တိုင်းပြည်တွေ လွတ်လပ်ရေးရလာတဲ့ ခေတ်ဖြစ်ခဲ့ပါတယ်။ အခု ၂၁ ရာစု ပင်လုံညီလာခံ လုပ်ချိန်ကတော့ အာဏာရှင်စနစ်တွေ အောက်ကနေ တိုင်းပြည်တွေ လွတ်လပ်ရေးရလာတဲ့ ခေတ်ဖြစ်နေပါတယ်။ ဆိုဗီယက်ပြည်ထောင်စု၊ ယူဂိုစလားဗီးယား-ဆားဘီးယား၊ ချက်ကိုစလိုဗက်ကီးယား၊ အီသီယိုပီးယား၊ အင်ဒိုနီးရှား၊ အီရတ်နဲ့ အခုနောက်ဆုံး ဆူဒန်နိုင်ငံတွေထဲက တိုင်းရင်းသားတွေ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကျင့်သုံးလာတာဟာ ၂ဝ ရာစုနှောင်းပိုင်းနဲ့ ၂၁ ရာစုရဲ့ ထူးခြားချက် ဖြစ်ပါတယ်။ ၂၁ ရာစု ပင်လုံလို့ နာမည်ခံထားတဲ့အတွက် ဒီ ၂၁ ရာစု ထူးခြားချက်ကို အသိအမှတ်မပြုလို့ မဖြစ်ပါဘူး။

xxx

၂၁ ရာစုမှာ တိုင်းရင်းသား ပြဿနာဖြေရှင်းရေး လမ်းနှစ်သွယ် ရှိနေပါတယ်။ တခုက (ဆိုဗီယက် ပြည်ထောင်စုထဲက ပြည်နယ်တွေကို သဘောထားကြီးကြီးနဲ့ ခွဲထုတ်ပေးလိုက်တဲ့ ရုရှားလူမျိုးကြီးခေါင်းဆောင်) ဘောရစ်ယဲ့လ်ဆင်လမ်း၊ နောက်တခုက (ယူဂိုစလားဗီးယားနိုင်ငံထဲက ပြည်နယ်တွေ ခွဲမထွက်အောင် ရက်ရက်စက်စက် စစ်ဆင်တိုက်ခိုက်တဲ့ ဆားဘီးယား လူမျိုးကြီးခေါင်းဆောင်) မီလိုဆီဗစ်လမ်း ဖြစ်ပါတယ်။ အမြော်အမြင်ကြီးတဲ့ ဘောရစ်ယဲ့လ်ဆင်လမ်းက အနာအကျင်သက်သာပြီး သွေးမြေမကျ ငြိမ်းချမ်းတဲ့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ပထမတခုကတော့ "ခေါင်းမာမိုက်ရိုင်းတဲ့ မဟာလူမျိုးကြီးဝါဒီ မီလိုဆီဗစ်ရဲ့ လမ်းကတော့ မြန်မာပြည်မှာ အရင်ကလည်း ကျင့်သုံးခဲ့ဖူး၊ အခုလည်း ကျင့်သုံးနေတဲ့ သွေးချောင်းစီး သေကြေပျက်စီးတဲ့လမ်း ဖြစ်ပါတယ်။ ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ဖိတ်ခေါ်တဲ့ လမ်းဖြစ်ပါတယ်"။ နှစ်ပေါင်းရာချီနေပြီဖြစ်တဲ့ မြန်မာပြည် တိုင်းရင်းသားပြဿနာ ဖြေရှင်းရေးအတွက် ဗမာလူမျိုးကြီးထဲက ယဲ့လ်ဆင်လိုလူမျိုး ပေါ်လာဖို့ လိုနေပါပြီ။ မီလိုဆီဗစ်တွေ အလိုမရှိပါ။

ဘောရစ်ယဲ့လ်ဆင်လမ်းကို မရောက်နိုင်သေးခင်မှာ ရှေ့ပြေး သို့မဟုတ် ကြားကာလအဆင့်အဖြစ် အဆင်အပြေဆုံး ဖြေရှင်းနည်း ဖြစ်နိုင်တာကတော့ တရုတ်ပြည်ရဲ့ ဟောင်ကောင်-မကာအိုပုံစံ ကိုယ်ပိုင်အုပ်ချုပ်ရေး ဖြစ်ပါလိမ့်မယ်။ ဟောင်ကောင် အထူးဒေသအုပ်ချုပ်ရေး ဥပဒေအရ ဟောင်ကောင်ဟာ အမည်ခံအားဖြင့် တရုတ်နိုင်ငံလက်အောက် ရောက်တာကလွဲလို့ လက်တွေ့မှာ လွတ်လပ်တဲ့ နိုင်ငံတခုနဲ့မခြား ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝ ရထားတာဟာ နောင် မြန်မာပြည်ရဲ့ တိုင်းရင်းသား ပြည်နယ်များ လေ့လာအတုယူစရာ ဖြစ်နေပါတယ်။

တရုတ်ပြည်က တိဘက်၊ စင်ကျန်းပြည်နယ်တွေကို ကိုယ်ပိုင်အုပ်ချုပ်ရေးပေးတဲ့ ဥပဒေဟောင်းကတော့ တိုင်းရင်းသား အခွင့်အရေးကို ဖိနှိပ်လွန်းလို့ တိဘက်၊ စင်ကျန်း၊ အတွင်းမွန်ဂိုလီးယားတို့မှာ ဆန့်ကျင်အုံကြွမှုတွေ မဖုံးနိုင်မဖိနိုင် ပေါ်နေတာ အားလုံး အသိပါပဲ။ ဒါပေမဲ့ ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ ဥပဒေကတော့ ဟောင်ကောင်သားတွေကို ဖက်ဒရယ်နိုင်ငံ မဟုတ်တဲ့ တရုတ်ပြည်ထဲမှာ အမေရိကန်၊ ဆွစ်ဇာလန်၊ ဂျာမဏီတို့က ဖက်ဒရယ် ပြည်နယ်တွေလောက်နီးနီး အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ စီးပွားရေး၊ နိုင်ငံခြား ကုန်သွယ်ရေး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံရေး၊ ဘဏ္ဍာရေး၊ ငွေရေးကြေးရေး၊ လူမှုရေး၊ လုံခြုံရေး ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ (နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးကလွဲလို့) အံ့သြလောက်အောင် ပေးထားပါတယ်။ ဟောင်ကောင်မှာ တရုတ်ကွန်မြူနစ် အစိုးရကို လွတ်လွတ်လပ်လပ် ဆန္ဒပြလို့ရပြီး၊ တရုတ်တပြည်လုံးကို ပိတ်ဆို့ထားတဲ့ အင်တာနက်ဆင်ဆာ ကင်းလွတ်နယ်မြေလည်း ဖြစ်ပါတယ်။ အာဏာရှင်စနစ် ဆန့်ကျင်တဲ့ အမေရိကန်ရဲ့ လွတ်လပ်သော အာရှအသံ ရုံးဖွင့်ခွင့် ထပ်ဆင့်လွှင့်စခန်း ထားရှိခွင့် ရထားတဲ့ နယ်မြေ၊ တရုတ်ပြည်မမှာ အလွန်အမင်း ဖိနှိပ်ခံရတဲ့ ဖာလုံဂေါင်း ဘာသာရေးဂိုဏ်း လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ရတဲ့ နယ်မြေ ဖြစ်ပါတယ်။ ဗဟိုအစိုးရ လုံးဝနီးနီး စွက်ဖက်ခွင့် မရှိတဲ့ နယ်မြေဖြစ်ပါတယ်။

ဒါကြောင့်လည်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကိုယ်၌က ဟောင်ကောင် ကိုယ်ပိုင်အုပ်ချုပ်ရေးမျိုးကို စိတ်ဝင်စား လိုလားတဲ့အကြောင်း ပြောနေသလို UWSA ဝ’ တိုင်းရင်းသားတွေကလည်း စိတ်ဝင်စား အားကျနေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး ဖြစ်ပါတယ်။
xxx

နအဖကတော့ ၂ဝဝ၃ အမျိုးသားညီလာခံမှာ တိုင်းရင်းသား ၁၃ ဖွဲ့က အပျော့ပြောင်းဆုံး အဆိုပြုထားတဲ့ တိုင်းရင်းသား အခွင့်အရေးကိုတောင် လုံးဝလက်မခံခဲ့တာ ဖြစ်တဲ့အတွက် အခုအဆိုပြုထားတဲ့ ၂၁ ရာစုပင်လုံကို ခွဲထွက်ခွင့် ပါသည်ဖြစ်စေ၊ ခွဲထွက်ခွင့် မပါသည်ဖြစ်စေ လက်ခံမှာ မဟုတ်ပါဘူး။ (၂ဝ၁ဝ ရွေးကောက်ပွဲမှာတောင် ကြံ့ဖွတ်မဟုတ်ရင် သူ့ကို ဘယ်လောက်ဖားဖား ခေါ်မသုံးတာကို တွေ့ခဲ့ပြီးပါပြီ။ ကိုယ့်ဘက်က ဘယ်လိုစေတနာထား ပျော့ပြောင်းသည်ဖြစ်စေ နအဖဘက်ကတော့ မလွဲမသွေ ထိပ်တိုက်ရင်ဆိုင်လာမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီ ၂၁ ပင်လုံကို အကောင်အထည်ဖော်ရာမှာ မိမိဘက်က လူထုကို စည်းရုံးပြီး၊ အဆင့်မြင့်ကို တက်လှမ်းနိုင်ဖို့ ပြင်ထားသင့်ပါတယ်။ တနည်းအားဖြင့်ပြောရရင် ၂၁ ရာစုပင်လုံနဲ့ ၉ဝ ရွေးကောက်ပွဲရလဒ် ပြဿနာကို အတွေးရှင်း၊ အမြင်ရှင်း လက်တွေ့ရှင်းဖို့ လိုပါတယ်။ အာဏာပြဿနာဟာ အရင်းခံဖြစ်တယ်၊ ထိပ်တန်းဦးစားပေး ဖြစ်တယ်ဆိုတာ မေ့လို့ မဖြစ်ပါ။

ဒီကနေ့ကာလမှာ လက်ငင်းအရေးတကြီး လိုအပ်နေတဲ့ တိုင်းရင်းသားရေး အကျိုးပြုချက်အဖြစ် ၂၁ ရာစုပင်လုံထက် စာရင် "တိုင်းရင်းသား ငြိမ်းအဖွဲ့တွေနဲ့ ငြိမ်းမဟုတ်တဲ့ တိုင်းရင်းသားတွေအပေါ် ထိုးစစ်ဆင်နေတဲ့ "နအဖတပ်တွေ၊ ထိုးစစ်ဆင်မယ့်တပ်တွေ ထိုးစစ်ရပ်စဲ နောက်ပြန်ဆုတ်အောင် တောင်းဆိုဖိအားပေးရေး၊ စစ်အစိုးရရဲ့ နယ်ခြားတပ် ဝါးမျိုရေး၊ ကျွန်ဇာတ်သွင်းရေး စီမံကိန်းကို ဆန့်ကျင်ရပ်တည်နေတဲ့ ဝ’ တိုင်းရင်းသား ခေါင်းဆောင်တွေကို အမေရိကန်နဲ့ အင်တာပိုက ဝရမ်းထုတ်ထားတာ၊ ငြိမ်းအဖွဲ့တွေအပေါ် အမေရိကန်နဲ့ အနောက်နိုင်ငံတွေက စီးပွားရေးပိတ်ဆို့ ကန့်သတ်ထားတာတွေ ပယ်ဖျက်ပေးရေး တောင်းဆိုဆော်သြ လှုပ်ရှားတာက တိုင်းရင်းသား ချစ်ကြည်ရေး၊ ညီညွတ်ရေးနဲ့ နားလည်မှုရှိရေးတွေအတွက် ပိုအကျိုးရှိမှာ ဖြစ်ပါတယ်။

Ref: မဇ္ဈိမ

Read More...

အပေါ်သို့