ဒီနေ့ အောက်လွတ်တော် အမတ်ဘ၀ကနေ ဗိုလ်ချုပ်ကြီး တင်အေး နှုတ်ထွက်သွားပြီ။ ဒါဟာ သန်းရွှေ ရဲ့ အာဏာကို ပထမဆုံးအကြိမ် အနုနည်းနဲ့ အာခံလိုက်ပြီ ဖြစ်ပါတယ်။ သူ့ထက်စောပြီး အနုနည်းနဲ့ အာခံလိုက်သူကတော့ ဗိုလ်ချုပ် အောင်မင်း ဖြစ်ပါတယ်။
အောင်မင်း ကို သန်းရွှေက စစ်တပ်ကထွက်ခိုင်း ဘားအံကနေ ရွေးကောက်ပွဲဝင်ခိုင်းတော့ အောင်မင်း က သူ့ကို ဘယ်သူ မှ မဲမဆွယ်ပေးကြနဲ့ မင်းတို့ လူထုဆန္ဒအတိုင်းလုပ်လို့ ဆိုတယ်။ မဲရုံကိုသွားပြီး သူအတွက် မဲမခိုးပေးဖို့ ကြိမ်းမောင်းတယ် လို့ ဆိုတယ်။ သူက စစ်တပ်ထဲမှာပဲ နေခြင်တယ်။ စစ်သားရိုးကြီးလို့ သိရတယ်။
သန်းရွှေက အောင်မင်း ကို နှစ်သိမ့်တဲ့အနေနဲ့ ပါဂျယ်ရိုးကားပါမစ်တခု ချပေတယ်။ ပါမစ်က သိန်း ၂၀၀ တန်တယ်။ အောင်မင်း က သူမှာ ငွေမရှိဘူး ကားကိုမ၀ယ်နိုင်ဘူးလို့ ငြင်းလိုက်တယ်လို့ သိရတယ်။ ဒါတွေဟာ တပ်ထဲမှာဖြစ်နေတဲ့ သန်းရွှေ ကို မလိုလားတဲ့ ဗိုလ်ချုပ်တွေက စတင်အာခံမှုတွေ ဖြစ်တယ်။
တင်အေး ဟာ တပ်ထဲမှာ သြဇာကြီးတယ်။ အဆင့် ၃ လောက်မှာရှိတယ်။ သန်းရွှေရဲ့ အမာခံလူရင်း။ သူက နှုတ်ထွက် လိုက်တာဟာ သန်းရွှေ လည်မျိုကို နင်းလိုက်တာနဲ့ မခြားပါဘူး။ တနည်းအားဖြင့် သန်းရွှေ လက်နဲ့ရေးထားတဲ့ ပါလီမန်နဲ့ ရုပ်သေးအစိုးရကို တင်အေး က ခြေထောက်နဲ့ကန်ပြီး ဖျက်လိုက်တာ ဖြစ်ပါတယ်။
Ref;နေ့သစ်
0 comments:
Post a Comment