Saturday, March 17, 2012

NLD ပါတီရန်ပုံငွေအတွက် ပန်းချီပညာရှင်များ ပြခန်းဖွင့်လှစ်

2012-03-16

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ပုံငွေအတွက် ပန်းချီပြခန်းတစ်ခုကို ဗဟန်းမြို့နယ် မဟာစည်ရိပ်သာလမ်း တကောင်း အနုပညာပြခန်း မှာ ဒီနေ့ ဖွင့်လှစ်ပါတယ်။

စိတ်ပါဝင်စားသူ ပန်းချီဆရာနဲ့ အနုပညာရှင်တွေက သူတို့ကိုယ်တိုင် ရေးသားထားတဲ့ ပန်းချီကားတွေကို စုပေါင်းထည့်ဝင် ပြသထား ကြောင်း ဒီပန်းချီပြပွဲမှာ ဦးဆောင်ပါဝင်သူ ပန်းချီဆရာတစ်ဦးက ပြောပြပါတယ်။

Read More...

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ကိုယ်စားလှယ် မန္တလေးတိုင်းအင်န်အယ်လ်ဒီနဲ့ တွေ့ဆုံ

2012-03-16

အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒရေးရာ ညှိနှိုင်းရေးမှူး ဒဲရစ်ခ်မစ်ချဲဟာ မန္တလေးအင်န်အယ်လ်ဒီတိုင်းရုံးမှာ တိုင်းရွေးကောက် ပွဲအောင်နိုင်ရေး ကော်မတီအဖွဲ့နဲ့ ဒီနေ့မနက် ၈နာရီကစတင်ပြီး ၄၅ မိနစ်ကြာ တွေ့ဆုံခဲ့ပါတယ်။

အင်န်အယ်လ်ဒီ တိုင်းအောင်နိုင်ရေးကော်မတီဝင် ဒေါက်တာဇော်မြင့်မောင်နဲ့ ဦးပေါခင်တို့ က ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အခက် အခဲတွေကို ပြောဆိုရှင်းပြခဲ့တယ်လို့ မန္တလေးတိုင်း ရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီဝင် ဦးမျိုးနိုင်က ပြောပါတယ်။

Read More...

ကချင်ဒုက္ခသည်များ အတွက် ဒေါ်လာ တသန်းခွဲ အမေရိကန် ထောက်ပံ့မည်

မင်းသက်
မတ်လ ၁၆ ရက် ၂၀၁၂ ခုနှစ်

ကချင်စစ်ဘေး ဒုက္ခသည်များအတွက် အမေရိကန်အစိုးရက ဒေါ်လာတသန်းခွဲ ကူညီ ထောက်ပံ့မည်ဟု မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး မစ္စတာဒဲရစ်မစ်ချယ်က ပြောသည်။

အဆိုပါ အကူအညီများအား ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှတဆင့် ပေးအပ်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးတွင် ကြာသပတေးနေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် မစ္စတာမစ်ချယ်က ကြေညာသွားခြင်း ဖြစ်သည်။

“ပဋိပက္ခအတွင်း နှစ်ဖက်ပစ်ခက်မှုတွေကြားက အပြစ်မဲ့ပြည်သူတွေဟာ ကြားညှပ်ပိတ်မိနေပါတယ်။ ခုဆို မိုးရာသီ ဝင်တော့မှာမို့ သူတို့ အတွက် အထူး စိုးရိမ်ရပါတယ်” ဟု ပြောသည်။

Read More...

အနုပညာရှင်တို့၏ ရွေးကောက်ပွဲ ပညာပေးခရီးစဉ် ရွှေ့ဆိုင်း

မျိုးသန့် | သောကြာနေ့၊ မတ်လ ၁၆ ရက် ၂၀၁၂ ခုနှစ်

ရုပ်ရှင်သရုပ်ဆောင်နှင့် တေးသံရှင်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားပြု မြန်မာပြည် အလယ်ပိုင်း ရွေးကောက်ပွဲ ပညာပေး ခရီးစဉ်ကို ခေတ္တ ရွှေ့ဆိုင်းထားလိုက်သည်ဟု ပညာပေးခရီးစဉ် သွားရောက်မည့် ဒါရိုက်တာ ဝိုင်း က ပြောသည်။

မတ်လ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ပြင်ဦးလွင်၊ စစ်ကိုင်း၊ ပုလဲနှင့် ပခုက္ကူ မြို့နယ်များသို့ အနုပညာရှင် ဝိုင်း၊ လူမင်း၊ ဝေဋ္ဌုကျော်၊ ရဲတိုက်၊ ထွန်းအိန္ဒြာဗို၊ ချစ်သုဝေ တို့ သွားရောက်မည့် ရွေးကောက်ပွဲ ပညာပေး ခရီးစဉ်သည် တက္ကသိုလ်ဝင်တန်း စာမေးပွဲများ စစ်ဆေး နေချိန်နှင့် တိုက်ဆိုင်နေသဖြင့် မတ်လကုန်ပိုင်းသို့ ရွှေ့ဆိုင်းထားလိုက် ကြောင်း ဒါရိုက်တာဝိုင်းက ပြောသည်။

“ကျနော်တို့ကို ခေတ္တရွှေ့ဆိုင်းထားဖို့ NLD က အကြောင်းကြားလာပါတယ်။ ရက်ရွှေ့လိုက်တယ်ပေါ့။ ၂၇၊ ၂၈၊ ၂၉၊ ၃၀ လောက်မှ ကျနော်တို့ သွားဖြစ်ပါတော့မယ်” ဟု မဇ္ဈိမကို ပြောသည်။

Read More...

ITLOS ဆုံးဖြတ်ချက် မြန်မာ့ရေနံ လုပ်ကွက်ကို မထိခိုက်ဟုဆို

မျိုးသန့်
မတ်လ ၁၆ ရက် ၂၀၁၂ ခုနှစ်

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ ပင်လယ်နယ်နိမိတ် အငြင်းပွားမှုကို ပင်လယ်ပြင် ဥပဒေ ဆိုင်ရာ နိုင်ငံတကာခုံရုံး ITLOS ၏ ဗုဒ္ဓဟူးနေ့ ဆုံးဖြတ်သည် မြန်မာနိုင်ငံ၏ ကမ်းလွန်ရေနံလုပ်ကွက်များကို ထိခိုက် မည် မဟုတ်ဘဲ တရားမျှတစွာ ဆောင်ရွက်ခဲ့သည့် ဆုံးဖြတ်ချက် ဖြစ်သည်ဟု သောကြာနေ့ထုတ် နိုင်ငံပိုင် ကြေးမုံ သတင်းစာတွင် အချပ်ပိုဖြင့် ဖေါ်ပြပါရှိသည်။

"ခုံရုံးက သတ်မှတ် ဆုံးဖြတ်ခဲ့သည့် အနီရောင်လိုင်း သတ်မှတ်ချက်အရ မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာ ရေနံ ကုမ္ပဏီများနှင့် ပူး ပေါင်းဆောင်ရွက်လျက်ရှိသည့် ကမ်းလွန် ရေနံလုပ်ကွက်များကို ထိခိုက်မှု မရှိကြောင်းနှင့် လက်ရှိလုပ်ငန်းဆောင်ရွက်မှုများကို အရှိန် အဟုန်မပျက် ဆက်လက် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း" သတင်းစာတွင် ရေးသားထားသည်။

Read More...

Friday, March 16, 2012

လုံခြုံရေးကြောင့် ဖားကန့်တွင် မဲရုံ ၃၉ ရုံ ပယ်ဖျက်

သန့်စင်ငြိမ်းချမ်း
March 16, 2012

ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၁ နေရာစာ အတွက် ယှဉ်ပြိုင်ကြမည့် ကချင်ပြည်နယ် ဖားကန့်မဲဆန္ဒနယ်၌ ၂၀၁၀ ရွေးကောက်ပွဲ တွင် ထားရှိခဲ့သည့် မဲရုံစာရင်းထဲမှ၃၉ ရုံ ပယ်ဖျက် လိုက်ကြောင်း သတင်းရရှိသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ဖားကန့်၌ မဲရုံ ၁၁၀ ထားရှိခဲ့ရာ လုံခြုံရေးနှင့် ရွေးကောက်ပွဲ နည်းဥပဒေများအရ လာမည့် ကြားဖြတ်ရွေး ကောက် ပွဲ အတွက် မဲရုံ ၇၁ ရုံသာ ထားရှိသွားမည်ဟု ကော်မရှင်က ထုတ်ပြန်ကြောင်း ယင်းမဲဆန္ဒနယ်၌ ၀င်ရောက်ယှဉ်ပြိုင်မည့် အမျိုးသား ဒီမို ကရေစီ အင်အားစုပါတီ (NDF) အမတ်လောင်း ဒေါ်ဘောက်ဂျာက ပြောသည်။

Read More...

ဧည့်စာရင်းစစ် အယောင်ဆောင်ပြီး ညားခါစ အမျိုးသမီးငယ် တစ်ဦးကို မုဒိမ်းပြုကျင့်

3/15/2012

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့တွင် မတ်လ ၈ ရက်နေ့က ညားခါစ အမျိုးသမီးငယ် တစ်ဦးကို ဧည့်စာရင်းစစ် အယောင် ဆောင်ပြီး တပ်မတော်သား တစ်ဦး အပါအ၀င် လူ (၃) ဦးက မုဒိမ်းပြုကျင့် ခဲ့သည်ဟု သတင်း ရရှိသည်။

မုဒိမ်းပြုကျင့်ခံရသူမှာ ပေါက်တောမြို့နယ် ဟင်းခရော် ကျေးရွာနေ မောင်အောင်ဆန်းသိန်း သက်(၂၅)နှစ်၏ ဇနီး ပုဏ္ဏားကျွန်း မြို့နယ် စမ်းပတီးချောင်း မြို့ရွာ ကျေးရွာသူ အသက် (၂၀) မ------ ဖြစ်သည်။

သူတို့ ဇနီးမောင်နှံ (၂) ဦးသည် သံတွဲမြို့နယ် ငါးလုပ်ငန်း တစ်ခုတွင် အတူ လုပ်ကိုင်နေကြစဉ် လူငယ်တို့၏ သဘာဝ အရ ချစ်ကြိုက် ညားကြပြီး မိမိဇာတိ နေရပ်သို့ ပြန်လာစဉ် ယခုကဲ့သို့ မတော် မတရား ပြုကျင့် ခံခဲ့ရခြင်း ဖြစ်သည်။

Read More...

နယ်စပ်တွင် မြန်မာတပ်များ တိုးချနေကြောင်း သတင်းများ ပျံ့နှံ့

3/16/2012

ရေပြင်ပိုင်နက် အငြင်းပွားမူ စီရင်ချက် ထွက်လာပြီး နောက်ပိုင်း မြန်ဘက်က နယ်စပ် တလျှောက်တွင် စစ်တပ်များ တိုးချဲ့ ချထားနေ ကြောင်း နယ်စပ် တလျှောက်၌ သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်ဟု သတင်းများ ရရှိသည်။

" အခု ကျွန်တော်တို့ သိရသလောက် မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း၊ တောင်ပြို၊ တမန်းသားဘက်မှာ စစ်တပ်တွေ တိုးချ ထားတယ်ဆိုပြီး သတင်းတွေ ရပါတယ်။ ဘူးသီးတောင် မြို့နယ် မြောက်ဘက် နယ်စပ်ကိုလည်း စစ်တပ်တွေကို ပို့နေတယ်ဆိုပြီး သတင်း ရပါတယ်" ဟု တက်ကနက်တွင် ရောက်ရှိနေသော နိရဉ္စရာ သတင်းထောက် ကိုခိုင်သိန်းက ပြောသည်။

Read More...

Monthly News Commentary - March 2012

PDC Monthly News Commentary - March 2012

အမျိုးသမီး ၂ ဦးကို သုံးရက်ချုပ်ပြီး ငွေညစ်သူ ဒုရဲအုပ် တိုင်ကြားခံရ

3/16/2012

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ဂန့်ဂါ ကျေးရွာအုပ်စု ပေါက်ပြင်ကျေးရွာတွင် နေထိုင်သူ အမျိုးသမီး နှစ်ဦးအား ၃ရက် တိုင်တိုင် ဖမ်း ဆီး ချုပ်နှောင်ပြီး ငွေ ကျပ်တစ်သောင်း တောင်းခံသူ ဒုရဲအုပ် ဖြိုးမင်းဟန်အား အရေးယူရန် အတွက် အထက်သို့ စာရေးတိုင်ကြား လိုက်ပြီ ဖြစ်သည်။

အဆိုပါ စာအား ဖမ်းဆီး ချုပ်ခံရရာတွင် ပါဝင်သူ ဒေါ်လှအေးတင်က ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလ ၂၉ ရက်နေ့က ကျောက်ဖြူ ခရိုင် အုပ်ချုပ်ရေးမှူးသို့ စာရေး တိုင်ကြားလိုက်ခြင်း ဖြစ်သည်။ မိတ္တူကိုလည်း ဥက္ကဌ ပြည်သူ့ လွှတ်တော် အပါအ၀င် ပြည်နယ် ၀န်ကြီး ချုပ်ထံသို့လည်း ရေးသား ပေးပို့ ခဲ့သည်ဟု သိရသည်။

Read More...

ချင်းတွင်းမြစ် လွတ်လပ်စွာ စီးဆင်းဖို့ ထမံသီကို ရပ်ဖို့လို ဟုဆို

နေမျိုး
မတ်လ ၁၅ ရက် ၂၀၁၂ ခုနှစ်

ဒေသခံများ၏ စားဝတ်နေရေးကို ဖြေရှင်းပေးနေသည်ဟုဆိုကာ ချင်းတွင်းမြစ် လွတ်လပ်စွာ စီးဆင်းနိုင်ရေး ထိုမြစ်ပေါ်တွင် တည် ဆောက် မည့် ထမံသီဆည် တည်ဆောက်မှုကို ရပ်ဆိုင်းပေးရန် ဒေသခံတို့က ဗုဒ္ဓဟူးနေ့တွင် ဆုတောင်းပွဲပြုလုပ်၍ တောင်းဆို လိုက်ကြသည်။

ဆုတောင်းပွဲကို စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်ရှိ လေဝေယံရွာတွင် ကျင်းပခြင်းဖြစ်ပြီး ဗုဒ္ဓဘာသာနှင့် ခရစ်ယာန် ဘာသာဝင် ဒေသခံ ကူကီးလူမျိုးများနှင့် ရှမ်းလူမျိုးများ ၁၅ဝ ခန့် စုဝေးတက်ရောက်ခဲ့ကြသည်။

Read More...

မွန်ရှိ ကုလားဂုတ် ရေနက်ဆိပ်ကမ်း အကောင်အထည်ဖေါ်ဖို့ တင်ပြ

ကွန်ချမ်း
မတ်လ ၁၅ ရက် ၂၀၁၂ ခုနှစ်

မွန်ပြည်နယ် ရေးမြို့နယ် အတွင်းရှိ ကုလားဂုတ် ရေနက်ဆိပ်ကမ်း စီမံကိန်းကို ပြန်လည် အကောင်အထည် ဖော်လိုကြောင်း မွန်စီး ပွားရေး လုပ်ငန်းရှင်ကြီးများဖြင့် စုဖွဲ့ထားသည့် တလမွန်ကုမ္ပဏီက တနင်္လာနေ့တွင် မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးစဉ် တင်ပြခဲ့သည်။

အဆိုပါ ရေနက်ဆိပ်ကမ်းအပြင် စီမံကိန်း၏ အစိတ်အပိုင်းများ ဖြစ်သည့် ရေး-သံဖြူဇရပ်-ဘုရားသုံးဆူလမ်း၊ ရေး-သံဖြူ ဇရပ်-ကြာအင်း ဆိပ်ကြီး-ကျုံဒိုး-ကော့ကရိတ်-မြဝတီလမ်း ဖောက်လုပ်ရေးနှင့် ထိုင်း- မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ အနီးတွင် စက်မှုဇုန် တည်ဆောက် ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု ဆွေးနွေးပွဲတက်ရောက်သူ စီးပွားရေး လုပ်ငန်းရှင် နိုင်စိုးမြင့်က ပြောသည်။

Read More...

ဖားကန့်မဲဆန္ဒရှင် ၂၀၁၀ ထက် ၃ ပုံ ၁ ပုံ လျော့နည်းသွား

ဖနိဒါ
မတ်လ ၁၅ ရက် ၂၀၁၂ ခုနှစ်

ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်သူ့လွှတ်တော် အမတ်တနေရာ လစ်လပ်နေသည့် ကချင်ပြည်နယ် ဖားကန့်မြို့နယ်၌ မဲပေးနိုင်သူ အရေအတွက်မှာ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပစဉ်ကထက် ၃ ပုံ ၁ ပုံ လျော့နည်းသွားသည်ဟု သိရသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ တစ်သိန်းခွဲကျော်ရှိခဲ့ရာမှ လာမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ဒေသခံ လူဦးရေ ၉၅,၁၃၇ သာ မဲပေးနိုင်သည်ဟု ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်က မဇ္ဈိမသို့ ပြောသည်။

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO ၏ တပ်မဟာ ၆ နယ်မြေအတွင်းရှိ ကျေးရွာပေါင်း ၁၀ ကျော်က မဲရုံများ ဖျက်သိမ်း လိုက်သလို၊ ရွှေ့ပြောင်းအလုပ်သမားများ မဲပေးပိုင်ခွင့် မရှိခြင်းနှင့် သန်းခေါင်စာရင်းရှိသူများသာ မဲပေးနိုင်သဖြင့် မဲပေးနိုင်သူဦးရေ လျော့နည်း သွားခြင်း ဖြစ်သည်ဟု ဖားကန့်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် တာဝန်ခံ တဦးကပြောသည်။

Read More...

မြန်မာ၊ ဘင်္ဂလား ရေပိုင်နက် အငြင်းပွားမှု စီရင်ချက်အပြီးချ

မျိုးသန့်
မတ်လ ၁၅ ရက် ၂၀၁၂ ခုနှစ်

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ ရေပိုင်နက် အငြင်းပွားမှုကို ပင်လယ်ရေပိုင်နက်ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ခုံရုံး ITLOS က ဗုဒ္ဓဟူး နေ့တွင် ဆုံးဖြတ်ချက်၍ ပင်လယ်ပြင်ရေပိုင်နက်ကို အပြီးပြတ် သတ်မှတ် ပေးလိုက်ပြီဟု ITLOS မှ သတင်းထုတ်ပြန်သည်။

ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့အခြေစိုက် ITLOS ရေပိုင်နက် သတ်မှတ်မှုအရ ရခိုင်ပြည်နယ် မောင်းတောမြို့ အနီးရှိ မြန်မာနှင့် ဘင်္ဂလား ဒေ့ရှ် နိုင်ငံတို့ကို ပိုင်းခြားထားသော နယ်စပ်မြစ်ဖြစ်သည့် နတ်မြစ်စီးဝင်ရာ ဘင်္ဂလား ပင်လယ်အော်ရှိ အခြေခံမျဉ်းမှ အနောက်တောင် ဘက် ရေမိုင် ၂ဝဝ အထိ ဘင်္ဂလားဒေ့ရှ်က သီးသန့် စီးပွားရေးဇုန် အဖြစ် ပိုင်ဆိုင်မည် ဖြစ်သည်။

Read More...

မြစ်ချောင်းများလွတ်လပ်စွာစီးဆင်းရေး လှုပ်ရှားမှု ပြုလုပ်

March 15, 2012
နန်းမြနဒီ

မြစ်ရေတွေ လွတ်လပ်စွာ စီးဆင်းစေဖို့ နဲ့ ရေကာတာတွေ မတည်ဆောက်ရေး အတွက် ဆုတောင်းပွဲတွေကို မြန်မာ နိုင်ငံက မြစ်ချောင်းတွေ စောင့်ကြည့်ရေး ကွန်ယက်က ကျင်းပခဲ့ပါတယ်။

မတ်လ ၁၄ရက်နေ့ အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများ ကာကွယ်ရေးနေ့ အထိမ်း အမှတ်ပြုလုပ်ခဲ့တာ ဖြစ်ပြီး မြန်မာနိုင်ငံ ထဲမှာ စီးဆင်း နေတဲ့ သံလွင်မြစ်၊ ရွှေလီမြစ်နဲ့ ချင်းတွင်းမြစ်ပေါ်မှာ ရေကာတာ တည်ဆောက်မှုတွေ ရပ်ဆိုင်းပြီး မြစ်ရေတွေ လွတ်လပ်စွာ စီးဆင်းစေဖို့ ရည်စူးပြီး ကျင်းပခဲ့ပါတယ်။

ဆုတောင်းပွဲတွေကို ကရင်ပြည်နယ် ဘားအံ ခရိုင် ကမမောင်းမြို့နယ်ထဲမှာ စီးဆင်းသွားတဲ့ သံလွင်မြစ် ကမ်းနဘေး၊ ထိုင်းနယ်စပ် ဆွပ်မွေးမြို့နယ် သံလွင် မြစ်ကမ်းနဖူးပေါ်မှာ ဒေသခံ ကရင် တိုင်းရင်းသားများနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းက ပူးပေါင်းပြီး လုပ်ခဲ့ပါတယ်။

Read More...

ဝန်းသိုရွာသား ၁၀၀ ကျော် ရဲစခန်းကိုသွားရောက် တောင်းဆို

March 15, 2012
အေး​နိုင်

စစ်ကိုင်းတိုင်း ၀န်းသိုမြို့နယ်ရဲစခန်းမှာ ဖမ်းထားတဲ့ လူငယ်တဦးကို လွှတ်ပေးဖို့ ဇီးဖြူပင် ကျေးရွာက ရွာသာ ၁၀၀ ကျော်ဟာ ရဲစခန်းမှာ သွားရောက် တောင်းဆိုခဲ့ ကြပါတယ်။

မတ် ၉ရက်နေ့ ရွာဘုရားပွဲက အပြန် လမ်းမှာ အသက် ၁၇ နှစ် အရွယ် လူငယ် တဦး သေဆုံးသွားတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဇီးဖြူပင် ရွာသား လူငယ် ကိုအောင်လင်းကို ရဲက ဖမ်းဆီးထားတဲ့ အပေါ် သွားရောက် တောင်းဆိုခဲ့ကြတာပါ။

ရွာက ဦးပဉ္စင်း ၄ ပါး အပါအ၀င် ရွာသား ၁၀၀ ကျော်က ၁၃ ရက် နေ့ မနက်က ပြန်လည် လွှတ်ပေးဖို့ အာမခံဖို့ သွားခဲ့ကြတာပါ။

Read More...

လား​ရှိုး​​ ရန်တိုင်းအောင်ကွင်းမှာ ဒေါ်အောင်ဆန်းစုကြည် လူထုဟောပြောမည်

March 15, 2012
ရွှေအောင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရှမ်းပြည်မြောက်ပိုင်း ပါတီ စည်းရုံးရေး ခရီးစဉ် အဖြစ် မတ် ၁၇ ရက်မှာ လားရှိုးမြို့ ကို သွားရောက်ဖို့ ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်ကနေ လားရှိုးမြို့ကို လေကြောင်းခရီးနဲ့ သွားရောက်မှာ ဖြစ်ပြီး၊ လားရှိုးက ရန်တိုင်းအောင် ကွင်းမှာ ညနေ ၃ နာရီလောက် လူထုကို ဟောပြောဖို့ စီစဉ်ထားတယ် လို့ လားရှိုး ရှမ်းပြည်နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် အဖြစ် ၀င် အရွေးခံမယ့် ပါတီဝင် တဦးဖြစ်တဲ့ စိုင်းမြင့်မောင်က ပြောပါတယ်။

Read More...

ဒဂုံ ၀န်ထမ်းအိမ်ယာ နေရာတွေဖယ်ပေးရမည်

March 16, 2012
မင်းလွင်

ဒဂုံမြို့သစ်အရှေ့ပိုင်းက ၀န်ထမ်းတွေအတွက် နေရာချထားပေးတဲ့ အိမ်ယာတွေကို မတ် ၃၁ ရက် နေ့ နောက်ဆုံးထားပြီး ဖယ်ပေးရမယ် လို့သိရပါတယ်။

ဝန်ထမ်းတွေ အတွက် အိမ်ယာ ဆောက်လုပ်ဖို့ ရောင်းချထားတဲ့ မြေကွက်တွေကို အိုးအိမ်ဦးစီး ဌာနကနေ မူလ ဈေးနူန်း အတိုင်း ပြန်ပေးပြီးတော့ နေအိမ်တွေကနေ ဖယ်ရှားမယ် လို့ ညွှန်ကြားထားတာပါ။

ဒဂုံမြို့သစ်အရှေ့ပိုင်း မှာ မြေကွက်ပေါင်း ၈၅၀၀ ကျော်ကို စက်မှုလယ်ယာ စီမံကိန်း အတွက် အကြောင်းပြပြီး ဖယ်ရှားခိုင်းတာလို့ အိမ်ယာ ဖယ်ရှားခံရသူတွေကို အကူအညီ ပေးနေတဲ့ အမျိုးသားဒီမိုကရေစီ ပါတီသစ်က ဦးမျိုးထွန်းက ပြောပါတယ်။

Read More...

ငြိမ်းချမ်းရေးလမ်းစဉ်များအား စနစ်တကျလုပ်ဆောင်ရန် တိုင်းရင်းသားအဖွဲ့များ ဆွေးနွေး

16 March 2012
နန်းသူးလေ

အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုအား စနစ်တကျ လုပ်ဆောင်သွားရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ စုပေါင်း၍ ထိုင်းနိုင် ငံ၊ ချင်းမိုင်မြို့တွင် လေးရက်ကြာ တိုင်ပင်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲတွင် တိုင်းရင်းသားအဖွဲ့များနှင့် အစိုးရတို့ ဆက်လက်ဆွေးနွေးမည့် ငြိမ်းချမ်းရေးလမ်းစဉ် အဆင့်ဆင့်ကို ဆွေးနွေးခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး(KNU)ဒု-ဥက္ကဌ ပဒိုဒေးဗစ်သကဘောက ပြောသည်။

၎င်းက “အဓိကတော့ အစိုးရရဲ့အပြောကိုလည်း ယုံလို့မရဘူးလေ။ ကျနော်တို့လိုချင်တဲ့ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြောင်းဖို့လိုတယ်။ တိုင်းရင်းသားအခွင့်အရေးတွေ ရဖို့တောင်းမယ်။ အစိုးရကလည်း အဲ့ဒါတွေ ပြောင်းပါလို့ ပြောထားတယ်။ ဘာတွေ ပြောင်းရမလဲ။ ပြောင်း ချင်လဲဆိုတာ ဆွေးနွေးဖြစ်တယ်။”ဟု ပြောသည်။

Read More...

ဟတ်ကြီးဆည်စီမံကိန်းရပ်တန့်ရေးဆုတောင်းပွဲ ကရင်ပြည်နယ်မှဒေသခံများမတက်ရောက်နိုင်ခဲ့

15 March 2012
စောခါးစူးညား

ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်နှင့် သောင်ရင်းမြစ်ဆုံရာ (သူးမွဲထာ့)ရှိ ထိုင်းနိုင်ငံဘက်ခြမ်း ဆူးမွဲမြို့နယ်တွင် ဟတ်ကြီးဆည်တည် ဆောက်ရေး စီမံကိန်းရပ်တန့်ရန် ယမန်နေ့က ပြုလုပ်ခဲ့သည့် ဘာသာပေါင်းစုံ ဆုတောင်းပွဲသို့ မြန်မာဘက်ခြမ်းမှ ကရင်ရွာသားများ တက်ရောက်နိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။

မတ်လ ၁၄ရက်နေ့တွင် ကျရောက်သည့် ရေကာတာဆန့်ကျင်ရေးနေ့၌ သံလွင်မြစ်ကို အခြေခံတည်ဆောက်မည့် ဟတ်ကြီးဆည် စီမံ ကိန်းဒေသ၌ ထိုင်းဘက်ခြမ်းမှ ကရင်ရွာ ၂၉ရွာနှင့် မြန်မာဘက်ခြမ်းမှ ကရင်ရွာ ၁၃ရွာတို့ ယခုနှစ် ပါဝင်ဆင်နွဲကြမည်ဟု စီစဉ်ထား ခဲ့သော် လည်း သူးမွဲထာ့အခြေစိုက် မြန်မာအစိုးရတပ်က သံလွင်မြစ်ကို ဖြတ်ကူးခွင့်မပြုသောကြောင့် မြန်မာဘက်ခြမ်းမှ ဒေသခံရွာ သူရွာသားများ မှာ ၎င်းဆုတောင်းပွဲသို့ မတက်ရောက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ကရင်မြစ်ချောင်းများစောင့်ကြည့်ရေးအဖွဲ့-KRW က ပြောသည်။

Read More...

ကချင်ဒုက္ခသည်တွေကို အမေရိကန် ကူညီမည်

2012-03-15

အမေရိကန်အစိုးရက ကချင်စစ်ပြေး ဒုက္ခသည်တွေကို အမေရိကန်ဒေါ်လာ တစ်သန်းခွဲ ကူညီသွားမယ်လို့ မြန်မာနိုင်ငံကိုရောက်နေတဲ့ အမေရိကန်အစိုးရ အထူးကိုယ်စားလှယ် မစ္စတာ ဒဲရစ်မစ်ချဲလ်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

မတ်လ ၁၅ ရက် နေ့လယ်ပိုင်း ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက အမေရိကန်သံရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒဲရစ်မစ် ချဲလ်က အဲဒီလိုပြောဆိုလိုက်တာလို့ သိရပါတယ်။

Read More...

နိုင်ငံရေးအကျဉ်းသားဟောင်းတွေ အခက်အခဲကြုံရ AAPP ပြော

2012-03-15

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေကို အစိုးရက ရာဇ၀တ် အကျဉ်းသားအနေနဲ့သာ အခုချိန်ထိ သတ်မှတ်ထားတာကြောင့် နိုင်ငံရေး အကျဉ်းသားဟောင်းတွေရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်တွေမှာ ထိခိုက်ဆုံးရှုံးမှုတွေ ကြုံနေရတယ်လို့ အမေရိကန် ပြည် ထောင်စုကို ခေတ္တရောက်နေတဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အေအေပီပီ အတွင်းရေးမှူး ကိုဘိုကြည်က ပြောပါ
တယ်။

အဲဒီလို ရာဇ၀တ်သားအဖြစ် သတ်မှတ်ခံရတာကြောင့် မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ အကြောင်း ရိုက်ကူးတင်ပြထားတဲ့ ရေဆန်လမ်း (Into the Current) ဆိုတဲ့ မှတ်တမ်း ရုပ်ရှင်ကို နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအဖွဲ့ အေအေပီပီက အမေရိကန်ပြည်ထောင်စုက နာမည်ကြီး တက္ကသိုလ်တွေမှာ လိုက်လံပြသနေပါတယ်။

Read More...

ထောင်တွင်းဖန်တီးမှု အနုပညာပြပွဲ ပြီးဆုံး

2012-03-15

နိုင်ငံရေး အကျဉ်းသားဟောင်းတွေရဲ့ ထောင်တွင်းဖန်တီးမှု အနုပညာတွေကို ပထမဆုံး ခင်းကျင်းပြသတဲ့ ၂၀၁၂ Amnesty Prison Art Show နောက်ဆုံးနေ့ အခမ်းအနားမှာ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေရေးဆွဲတဲ့ ပန်းချီပုံတူတွေ အများဆုံး ရောင်းချရခဲ့ ကြောင်း သိရပါတယ်။

မိမိနဲ့ တခြားနိုင်ငံရေး အကျဉ်းသားဟောင်းတွေ ထောင်ထဲနေရတဲ့ကာလတွေမှာ ရေးဆွဲခဲ့တဲ့ ပန်းချီကားတွေ၊ ချည်ထိုးပန်းချီအပါအဝင် အနုပညာလက်ရာတွေကို ဖော်ထုတ်ပြသခွင့်ရတဲ့အတွက် အတိုင်းမသိ ခံစားမိရပါတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောပါတယ်။

Read More...

မကြာခင် ပြည်ပခရီး ထွက်နိုင်လိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် မျှော်လင့်

2012-03-15

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မဝေးတော့တဲ့ ကာလအတွင်း ပြည်ပခရီးထွက်နိုင်လိမ့်မယ်လို့ မျှော်လင့် ကြောင်း မနေ့က ဟောင်ကောင်တက္ကသိုလ်က ချီးမြှင့်တဲ့ ဥပဒေပညာရပ်ဆိုင်ရာ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ လက်ခံတဲ့ ဗီဒီယိုမိန့်ခွန်းမှာ ပြော ဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က မကြာခင်ကာလမှာ ပြည်ပခရီးထွက်ခွာဖို့ အခြေအနေတွေ ပေါ်ပေါက်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်း၊ အဲဒီလို အခြေအနေပေးလာရင် အခု ဆုချီးမြှင့်တဲ့ ဟောင်ကောင်တက္ကသိုလ်ကို ခဏတာပဲဖြစ်ဖြစ် လာရောက် လည်ပတ်မှာဖြစ်ကြောင်း ပြောကြား ထားပါတယ်။

Read More...

ဆန္ဒပြခွင့်ဥပဒေ နိုင်ငံတကာစံနဲ့ မကိုက်ညီကြောင်း လူ့အခွင့်အရေးအဖွဲ့ ဝေဖန်

2012-03-15

မြန်မာအစိုးရက အတည်ပြုခဲ့တဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပိုင်ခွင့် ဥပဒေမှာ ကြိုတင်ခွင့်ပြုချက် တောင်းခံဖို့ပျက်ကွက်ရင် အပြစ်ပေး အရေးယူခံရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်ဟာ နိုင်ငံတကာ စံညွှန်းနဲ့ မကိုက်ညီသေးဘူးလို့ HRW ခေါ် အမေရိကန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ဝေဖန်လိုက်ပါတယ်။

အခုအချိန်မှာ မြန်မာနိုင်ငံက ပြောင်းလဲမှုတွေကို အားလုံးက စိတ်ဝင်တစား ရှိနေကြကြောင်း၊ အရင်က ဘာလွတ်လပ်ခွင့်မှ မရှိခဲ့တဲ့ အတွက် အခုလိုအချိန်မှာ လွတ်လပ်ခွင့် တစ်စုံတစ်ရာရနေတဲ့အပေါ် မြန်မာအစိုးရကို ချီးကျူးဂုဏ်ပြုနေတာထက် သတ်မှတ်ထားတဲ့ ဥပဒေဟာ နိုင်ငံတကာ အဆင့်မီဥပဒေဖြစ်အောင် ၀ိုင်းဝန်းတိုက်တွန်းဖို့ လိုအပ်ကြောင်း HRW ရဲ့ အာရှတိုက်ဆိုင်ရာ အကြီးအကဲ Brad Adams က ပြောပါတယ်။

Read More...

သမ္မတထံစာရေးလို့ ရေတပ်သားတစ်ဦး ထောင်တစ်လကျ

2012-03-15

တပ်မတော်သားတွေရဲ့အကျပ်အတည်းတွေကို သမ္မတ ဦးသိန်းစိန်ထံ တင်ပြခဲ့တဲ့အတွက် အချုပ်တစ်လ ချခံခဲ့ရတယ်လို့ သံလျင်ရေတပ် စခန်းက ရေတပ်တပ်သား ကိုသူရိန်က အဖြစ်အပျက်တွေကို ပြီးခဲ့တဲ့ရက်ပိုင်းက ဖွင့်ဟ၀န်ခံခဲ့ပါတယ်။

တပ်မတော်သားတွေ ရသင့်ရထိုက်တဲ့ အခြေခံအခွင့်အရေးတွေ ဆုံးရှုံးနေတဲ့အကြောင်း သမ္မတ ဦးသိန်းစိန်ထံ စာရေးသားတင်ပြခဲ့တဲ့အ တွက် ကိုသူရိန်ကို နိုင်ငံရေးလုပ်တယ်ဆိုပြီး စခန်းမှူး ဒုဗိုလ်မှူးကြီး ဇော်ဝင်းထွန်းက အချုပ်ချခဲ့ပါတယ်။

Read More...

စုဝေးခွင့်ဥပဒေ ပြန်ပြင်ဖို့ လူ့အခွင့်အရေးအဖွဲ့ တောင်းဆို

15 မတ် 2012

မြန်မာနိုင်ငံမှာ ဥပဒေအဖြစ် ပြဋ္ဌာန်းလိုက်တဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့် ဥပဒေမှာ အားနည်းချက်တွေ ရှိနေတာကြောင့် ပြင်ဆင်ဖို့လိုတယ်လို့ လူ့အခွင့်အရေး အခြေအနေတွေကို စောင့်ကြည့်အကဲခတ်နေတဲ့ Human Rights Wtach က ပြောလိုက်ပါတယ်။

လွတ်လပ်စွာ စုဝေးခွင့်နဲ့ စီတန်းလမ်းလျှောက်ခွင့် ဥပဒေဟာ နိုင်ငံတကာ စံချိန်စံနှုန်းတွေနဲ့ ကိုက်ညီမှုမရှိဘူးလို့ ကြာသပတေးနေ့မှာပဲ ကြေညာချက် တစောင် ထုတ်ပြန်ပြောဆိုလိုက်တာပါ။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုး အတည်ပြု ပေး လိုက်တဲ့ ဥပဒေအရ ငြိမ်းချမ်းစွာ စုဝေးမှုတွေ၊ စီတန်းလမ်းလျှောက်တာတွေ လုပ်ဆောင်ဖို့အတွက် အာဏာပိုင်တွေထံ ခွင့်ပြုချက် လျှောက် ထားဖို့နဲ့ ဖောက်ဖျက်သူတွေအနေနဲ့ ထောင်ဒဏ်ပြစ်ဒဏ်တွေ ကျခံနိုင်တဲ့ ပြဋ္ဌာန်းချက်တွေ ပါဝင်နေတယ်လို့ လူ့အခွင့်အရေး အဖွဲ့က ပြော ဆိုခဲ့တာပါ။

Read More...

ဆီးရီးယားအုံကြွမှု နှစ်ပတ်လည် သေဆုံးသူများပြား

15 မတ် 2012

ဆီးရီးယားနိုင်ငံမှာ လူထုအုံကြွမှုတွေ ဖြစ်ပွားခဲ့တာ ၁ နှစ်ပြည့်ချိန်မှာပဲ ကြာသပတေးနေ့က အတိုက်အခံတွေအပေါ် လုံခြုံရေးတပ်တွေရဲ့ နှိမ်နင်းမှုတွေအတွင်း လူပေါင်း ၂၃ ယောက်ထက်မနည်း သေဆုံးသွားပါတယ်။

အစိုးရပိုင် ရုပ်မြင်သံကြားမှာတော့ သမ္မတကို ထောက်ခံတဲ့ လူထုစုဝေးပွဲတွေကို ပြသခဲ့တာပါ။ နိုင်ငံအနောက်မြောက်ဘက်က Idlib ဒေသ မှာ အလောင်း ၂၃ လောင်းကို စွန့်ပစ်ထားတာ တွေ့ရပြီး အလောင်းတချို့မှာ ညှင်းပမ်းနှိပ်စက်ထားတဲ့ လက္ခဏာတွေကို တွေ့ရ တဲ့အကြောင်း ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့က ပြောပါတယ်။ နိုင်ငံပိုင် သတင်းတွေ မှာတော့ Idlib ဒေသ ဆင်ခြေဖုံးအရပ်မှာ လက်နက်ကိုင် အုပ်စုတချို့နဲ့ အစိုးရတပ်တွေ ပဋိပက္ခဖြစ်ပွားပြီး အကြမ်းဖက်သမား အများအပြားကို သုတ်သင်ခဲ့ တယ်လို့ ကြေညာခဲ့တာပါ။

Read More...

မြန်မာအဖွဲ့အားနည်းမှုကြောင့် ရေပိုင်နက်ဆုံးရှုံးရဟု ကနဦးပါခဲ့ဝင်သူသုံးသပ်

15 မတ် 2012
သင်းသီရိ

မြန်မာနိုင်ငံ နဲ့ ဘင်္ဂလားနိုင်ငံတို့ကြား အငြင်းပွားနေတဲ့ရေပိုင်နက် ပြသနာကို ဂျာမဏီနိုင်ငံ ဟမ်းဘတ်မြို့ အခြေစိုက် နိုင်ငံတကာ ပင်လယ် ပြင်ရေပိုင်နက် ခုံရုံးက မတ်လ (၁၄) ရက်နေ့မှာ ဆုံးဖြတ်ချက် ချလိုက်ပြီ ဖြစ်ပါတယ်။ သဘာဝ သယံဇာတ ပေါကြွယ်ဝတဲ့ ဘင်္ဂလား ပင် လယ်အော် အတွင်းမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံက စီးပွားရေးဇုန် ရေပြင် ပိုက်နက် မိုင် (၂၀၀) အပြည့် ခံစား ပိုင်ခွင့်ရှိစေပြီး ကမ်းဦး ရေတိမ်ပိုင်း ကိုလည်း မိုင် (၂၀၀) အထက် ဘင်္ဂလားဒေ့ရှ် ဖက်က အသုံးပြု နိုင်တယ်လို့ တရားရုံးက ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ ဒီ ဆုံးဖြတ်ချက် ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ အတွက် အောင်မြင်မှု တခု ဖြစ်ပေမယ့် မြန်မာနိုင်ငံ အတွက် အင်မတန် နစ်နာ ဆုံးရှုံး မှု ဖြစ်တယ်လို့လည်း သုံးသပ် ချက်တွေ ရှိနေပါတယ်။ ဒီ အခြေအနေ အပြည်အစုံ ကိုတော့ မသင်းသီရိ က ဆက် ပြောပြပေးမှာပါ၊

Read More...

မြန်မာအစိုးရ ရင်ကြားစေ့ရေး ကြိုးပမ်းမှု လိုက်လျောညီမှုမရှိ

15 မတ် 2012
နန္ဒာချမ်း

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာ စစ်ရေးပဋိပက္ခတွေ ဆက်ဖြစ်နေတဲ့အခြေအနေဟာ အစိုးရရဲ့ အမျိုးသား ပြန်လည်ရင် ကြား စေ့ ရေး ဖြစ်ပေါ်လာအောင် ယုံကြည်မှု တည်ဆောက်နေပါတယ်ဆိုတဲ့အချက်နဲ့ လိုက်လျောညီထွေ မရှိဘူး။ ဒေသခံပြည်သူတွေရဲ့ အရေးအတွက် အထူးစိုးရိမ်ပူပန်မိတယ်လို့ - မြန်မာနိုင်ငံ မှာ ရောက်ရှိနေတဲ့ အမေရိကန် အထူး ကိုယ်စားလှယ် ဒဲရက်ခ် မစ်ချဲ က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် လာမယ့် ကြားဖြတ်ရွေးကောက်ပွဲ ရလဒ် ဟာလည်း အရေးကြီး တယ်လို့ - ဒီကနေ့ ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ထပ်မံ ပြောကြားသွားခဲ့ပါတယ်။

ကြာသပတေးနေ့ မွန်းလွဲပိုင်းက ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း - အမေရိကန်ရဲ့ မြန်မာ နိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဒဲရက်ခ် မစ်ချဲ က - အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေတာ ပြေလည်မှုတွေ မရရှိသေးတဲ့ ကချင် ပြည်နယ်က စစ်ပြေး ဒုက္ခသည်တွေအရေးအပါအ၀င် မြန်မာနိုင်ငံမှာ ဧပြီလ ၁ ရက်နေ့ကျရင် ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲကိစ္စ - ဒီ နှစ်ချက်ကို အဓိက အလေးထား ပြောကြားခဲ့တာပါ။ တိုင်းရင်းသားလူမျိုးစုတွေ နေထိုင်ရာဒေသတွေမှာ မကြာသေးခင် ကာလ တွေက တိုးတက်မှုတွေကို တွေ့မြင်ရတယ်ဆိုပေမဲ့ - အခြေအနေတွေဟာ တည်ငြိမ်အေးချမ်းမှု မရှိသေးတာနဲ့ ပတ်သက်ပြီး မစ္စတာ မစ်ချဲ က - ဒီသတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်တွေကို အခုလို ပြောကြား သွားခဲ့တာပါ။

Read More...

ချုံချင်းမြို့တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်ရာထူးကဖယ်ရှားခံရ

15 မတ် 2012

တရုတ်နိုင်ငံ ချုံချင်းမြို့က လူချစ်လူခင်များတဲ့ ကွန်မြူနစ်ပါတီခေါင်းဆောင် Bo Xilai ကို ရာထူးကနေ ဖယ်ရှား လိုက်ပါတယ်။ သူ့ရဲ့ လက်ရုံးတယောက်နဲ့ ပါတ်သက်နေတဲ့ နိုင်ငံရေး ပြဿနာတခု ဖြစ်နေချိန်မှာ Bo Xilai ရာထူးကနေ ဖယ်ခံရတာဖြစ်ပါတယ်၊

Bo ရဲ့နေရာမှာ ဒုဝန်ကြီးချုပ် Zhang Dejiang ကိုလွှဲပြောင်းခန့်အပ်လိုက်တယ်ဆိုတဲ့ ကြေညာချက်တိုလေးကို အစိုးရပိုင် ရှင်ဟွာသတင်း က ဒီကနေ့ ဖေါ်ပြပါတယ်။ ဘာကြောင့် Bo Xilai ကို ရာထူးကနေ ဖယ်လိုက်တာလည်း ဆိုတာကိုတော့ သတင်းထဲမှာ ပြောပြမထားပါဘူး။

Read More...

အမေရိကန်တပ်ဖွဲ့ အာဖဂန်ရွာတွေက ရုပ်သိမ်းရေး သမ္မတ Karzai တောင်းဆို

5 မတ် 2012

အာဖဂန်သမ္မတ Hamid Karzai က အာဖဂန်ရွာတွေမှာ တပ်စွဲထားတဲ့ အမေရိကန်တပ်ဖွဲ့တွေ ရုပ်သိမ်းပြီး တခြားနေရာ တွေမှာ ပြန်လည် နေရာချထားဖို့ တောင်းဆိုလိုက်ပါတယ်။ ဒီသတင်းပတ် အစောပိုင်းက အမေရိကန်တပ်ဖွဲ့ဝင်တဦးက အာဖဂန်ရွာသား ၁၆ ယောက်ကို သတ်ပစ်ခဲ့တယ်လို့ဆိုတဲ့ပြဿနာ ပေါ်ပေါက်ခဲ့ပြီးနောက် အခုလိုတောင်းဆိုလိုက်တာပါ။

အာဖဂန်တပ်ဖွဲ့တွေအနေနဲ့ အရင်ကစီစဉ်ထားတဲ့အတိုင်း လုံခြုံရေးတာဝန်တွေကို ၂၀၁၄ ခုနှစ်မှာ လွှဲပြောင်း ယူမယ့်အစား ၂၀၁၃ ခုနှစ်မှာ အပြည့်အ၀တာဝန်ယူလိုတယ်လို့ အာဖဂန်သမ္မတ Hamid Karzai က အာဖဂန် ကိုရောက်ရှိနေတဲ့ အမေရိကန် ကာကွယ်ရေး ၀န်ကြီး Leon Panetta ကိုပြောဆိုလိုက်တာပါ။ လုံခြုံရေးတာဝန်တွေ အားလုံးကို ပုခုံးပြောင်း လွှဲယူဖို့ အာဖဂန်တပ်ဖွဲ့တွေက အဆင် သင့်ဖြစ်နေကြပြီလို့ Mr. Karzai က မနေ့က ကြာသပတေးနေ့က ပြောဆိုလိုက် တာပါ။

Read More...

Thursday, March 15, 2012

လှော်ကားကန်မှ ရန်ကုန်မြို့တွင်းသို့ ပေးဝေနေသော ရေပို့ကွန်ကရစ် ပိုက်မကြီး ပေါက်သွားသောကြောင့် ပိုက်လိုင်းနှင့် ဆက်စပ်မြို့နယ်များတွင် ရေပေးဝေမှု ခေတ္တဖြတ

15 March 2012

လှော်ကားကန်မှ ရန်ကုန်မြို့တွင်းသို့ ရေပေးဝေနေသော အချင်း ၆၆ လက် မရှိသော ရေပို့ ကွန်ကရစ် ပိုက်မကြီးမှာ ရွှေပြည်သာအ၀င် ဒညင်းကုန်းလမ်းဆုံ၊ ဇီးကုန်းအနီးတွင် ပေါက်သွားသောကြောင့် ယင်းပိုက်လိုင်းနှင့် ဆက်စပ်မြို့နယ်များတွင် ရေပေးဝေမှု ခေတ္တဖြတ် တောက်ထားကြောင်း သတင်းရရှိသည်။

အဆိုပါရေပို့ ပိုက်မကြီးမှာ မတ်လ ၁၂ ရက်နေ့၊ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် ပေါက်သွားခဲ့ခြင်း ဖြစ်ကြောင်း၊ ၂ ရက်ခန့် အရေးပေါ် ၂၄ နာရီ ပြင်ဆင်မှု ပြုလုပ်နေရကြောင်း၊ ပိုက်လိုင်း ပြုပြင်မှုကြောင့် ဆက်စပ်မြို့နယ် များဖြစ်သော ရွှေပြည်သာ၊ အင်းစိန်၊ မရမ်းကုန်း၊ လှိုင်၊ ကမာ ရွတ်၊ လှိုင်သာယာ၊ ရန်ကင်း၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ လသာ စသောမြို့နယ် များတွင် ရေပေးဝေမှု ခေတ္တဖြတ်တောက်ထားသည်ဟု သိရသည်။

Read More...

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် မဲဆန္ဒနယ် မဲပေးခွင့် ရှိသူများစာရင်းမှ လူဦးရေ သုံးထောင်ကျော် အတွက် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ ကန့်ကွက်စာတင်သွင်း

14 March 2012

ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် မဲဆန္ဒနယ် မဲပေးခွင့်ရှိသူများ စာရင်းမှ အဆောင်နေ ဘောလုံးသမားများနှင့် အထည်ချုပ် အလုပ် သမားများ တစ်ထောင်ကျော် အပါအ၀င် လူဦးရေ သုံးထောင်ကျော်အတွက် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ ကော်မရှင်သို့ ကန့်ကွက်စာ တင်သွင်းခဲ့ကြောင်း သိရသည်။

စာရင်းထဲမှာ မှတ်ပုံတင် မပါတဲ့သူတွေ၊ သေဆုံးပြီးသားသူတွေ မဲစာရင်းမှာ ပါနေတာတွေ၊ အသက်မပြည့်သေးတဲ့သူတွေ၊ သာသနာ့ ဘောင် ၀င်သွားပြီး သားသူတွေပါ။ ကျန်တာတွေကိုလည်း ကျွန်တော်တို့ ဆက်လက်စိစစ်ပြီး ရွေးကောက်ပွဲ ဥပဒေတွေနဲ့ မညီဘူးထင်ရင် ကော်မရှင် ကို အကြောင်းကြားသွားမှာပါ . . .

Read More...

အကျဉ်းသားများထွက်ပြေးခဲ့၍ သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရာ တစ်ဦးသေဆုံး

14 March 2012

တွံတေးမြို့နယ် ရွှေသူဌေးတာ စိုက်/မွေးစခန်း အကျဉ်းဦးစီးဌာန မှ အကျဉ်းဦးစီးဌာန ရန်ပုံငွေအုတ်ဖုတ်သည့် လုပ်ငန်းတွင် လုပ်ကိုင် လျက်ရှိသူ အကျဉ်းသားများ ထွက်ပြေးခဲ့မှုကြောင့် ရိုင်ဖယ်သေနတ်ဖြင့် လေးချက် ပစ်ခတ်၍ ပြန်လည်ဖမ်းဆီးရာ တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ် မတ်လ ၁၀ ရက်နေ့ နံနက် ၁၁ နာရီအချိန် ရဲအုပ်---- စခန်းမှူးတာဝန်ထမ်း ဆောင်စဉ် တွံတေးမြို့နယ် ရွှေသူ ဌေးတာ စိုက်/မွေးစခန်း အကျဉ်းဦး စီးဌာနမှ ရဲဘက်အကျဉ်းသားတစ်ဦး ထွက်ပြေးသွားသဖြင့် သေနတ်ဖြင့် ပစ်ခတ်ခဲ့၍ အကျဉ်းသား တစ်ဦး သေဆုံးသွား၍ သက်ဆိုင်ရာက သက်သေများနှင့် သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

Read More...

ရေပြင်ပိုင်နက် အငြင်းပွားမှု ဘင်္ဂလာဒေ့ခ်ျ အသာရ

3/14/2012
မင်းဆက်ခိုင်

မြန်မာနှင့် ဘင်္ဂလာဒေ့ခ်ျ နှစ်နိုင်ငံအကြားတွင် အငြင်းပွားနေသည့် ရေပြင်ပိုင်နက်အငြင်းပွားမှု ပြဿနာအား ယနေ့(မတ်လ ၁၄ရက်) တွင် နိုင်ငံတကာ ပင်လယ်ပြင်ဆိုင်ရာ ဥပဒေ တရားခုံရုံး (ITLOS)က ဆုံးဖြတ်ပေးရာ ဘင်္ဂလာဒေ့ခ်ျဘက် မှ အသာရရှိကြောင်း ဘင်္ဂလာဒေ့ခ်ျ နိုင်ငံခြားရေး ဝန်ကြီး ဒီပူရ် မူနီက ပြောသည်။

"ကျမတို့ ဝမ်းသာပီတိ ဖြစ်မိပါတယ်။ အလွန်တရာမှ အားရကျေနပ်မိပါတယ်။ ဒီနေ့ဟာဆိုရင် ဘင်္ဂလာဒေ့ခ်ျ အတွက် နေ့ကောင်း နေ့မြတ်တရက်ဖြစ်ပါတယ်။ ကျမတို့ရဲ့ မဟာဗျူဟာ ရည်မှန်းချက်တခု အောင်မြင်တဲ့ နေ့ပေါ့" ဟု ဂျာမဏီနိုင်ငံ ဟန်းဘတ်မြို့ရှိ ITLOS ဥပဒေတရားခုံးရုံးထဲတွင် သွားရောက်နားထောင်ခဲ့သော ဘင်္ဂလာဒေ့ခ်ျနိုင်ငံခြားရေး ဝန်ကြီး ဒီပူရ်က တရားဆုံးဖြတ်ချိန်အပြီးတွင် သတင်းထောက်များအား ပြောကြား သည်။

Read More...

မီဒီယာကိုကန့်သတ်ခြင်းသည် နိုင်ငံတိုးတက်မှုကို ကန့်သတ်ခြင်းဟု ဒေါ်စုပြော

မင်းသက်
မတ်လ ၁၄ ရက် ၂၀၁၂ ခုနှစ်

မီဒီယာ လွတ်လပ်ခွင့် ကန့်သတ်ခြင်းသည် နိုင်ငံတိုးတက်မှုကို ကန့်သတ်ခြင်းနဲ့ တူကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။

ယနေ့ညနေ ၅နာရီခွဲကျော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် နိုင်ငံ၏ မြန်မာ နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာညှိနှိုင်းရေးမှူးဖြစ်သူ ဒဲရစ်မစ်ချယ်တို့ တွေ့ဆုံမှုအပြီး မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားခြင်း ဖြစ်သည်။

နိုင်ငံအတွင်း လမ်းများမကောင်းသည်ကို သတင်းရေးသည့် မော်ဒန်ဂျာနယ်ကို တရားစွဲခြင်းနှင့် ဝန်ကြီးဌာနများ ငွေကြေး အလွဲသုံးစား လုပ်သည်ဟု သတင်းရေးသည့် The Voice ဂျာနယ်ကို သတ္တုတွင်းဝန်ကြီးဌာနမှ တရားစွဲမည်ဟု ဗုဒ္ဓဟူးနေ့ထုတ် နိုင်ငံပိုင် သတင်းစာ တွင် ဖေါ်ပြခြင်းတို့ကို ရည်ညွှန်း၍ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခြင်းဖြစ်သည်။

Read More...

တန်ဖဲရွာသားများအရေး ၈၈မျိုးဆက်တို့ သမ္မတထံစာပို့

ဖနိဒါ
မတ်လ ၁၄ ရက် ၂၀၁၂ ခုနှစ်

မြစ်ဆုံရေကာတာ စီမံကိန်းအနီးရှိ တန်ဖဲကျေးရွာမှ ရွာသားများအား ပြောင်းရွှေ့ခိုင်းသည့် လုပ်ရပ် ရပ်ဆိုင်းပေးရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များက ယမန်နေ့ အင်္ဂါနေ့က မေတ္တာရပ်ခံလိုက်သည်။

အစိုးရသက်တမ်းအတွင်း မြစ်ဆုံစီမံကိန်းအား ရပ်ဆိုင်းထားသော်လည်း တန်ဖဲရွာသားများအား အောင်မြင်သာ ကျေးရွာသစ်ဆီသို့ ယခုလ ၁၇ ရက်နေ့ နောက်ဆုံးထား ပြောင်းရွှေ့ခိုင်းနေသည့်အပေါ် ၈၈ မျိုးဆက်ခေါင်းဆောင် များက ဝင်ရောက် ဖြေရှင်းပေးခြင်း ဖြစ်သည်။

Read More...

အပေါ်သို့