March 11, 2012
နော်နိုရင်း
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြားမယ့် မိန့်ခွန်းတချို့ကို ရွေးကောက်ပွဲကော်မရှင်က ဖြတ်တောက်ခဲ့ပါတယ်။
လာမယ့် ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခွင့်အနေနဲ့ နိုင်ငံပိုင် အသံလွှင့်ဌာနတွေကနေ တပါတီချင်းအလိုက် မိန့်ခွန်းတိုပြောကြားခွင့် ပြုထားရာမှာ မကြာသေးခင်က ဒေါ်အောင်ဆန်းစုကြည် ပြောကြားမယ့် မိန့်ခွန်းထဲက တချို့အကြောင်းအရာတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖြတ်တောက်လိုက်ပါတယ်။
မိန့်ခွန်း ပြောကြားမယ့်ရက် မတိုင်ခင် ရွေးကောက်ပွဲ ကော်မရှင်ထံ ကြိုတင်တင်သွင်းရတဲ့ မူကြမ်းကနေ အခုလို ဖြတ်တောက်ခံခဲ့ရတာပါ။
လာမယ့် ၁၂ ရက်နေ့ နေပြည်တော် တပ်ကုန်းမှာ ကြိုပြီးရိုက်ကူးမယ့် ၁၅ မိနစ်စာ မဲဆွယ်စည်းရုံးရေး မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားမယ့် မိန့်ခွန်းထဲက မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းနဲ့ ပတ်သက်တဲ့အချက် ဖြတ်တောက်ခံရတာလို့ အဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး အဖွဲ့ခေါင်းဆောင် ဦးဉာဏ်ဝင်းက ပြောပါတယ်။
“စာမျက်နှာတမျက်နှာရဲ့ လေးပုံတပုံ အပိုဒ်ကလေး တပိုဒ်ပါ။ ဗမာ့နိုင်ငံရေး သမိုင်းကြောင်းလေးပါ။ ပြန်ပြီအစားထိုးဖို့လည်း တင်ပြီးပါပြီ ကော်မရှင်ကလည်း အတည်ပြုပြီးပါပြီ။”
လာမယ့် ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေရဲ့ ခေါင်းဆောင်တွေကို နိုင်ငံပိုင် ရေဒီယို၊ ရုပ်မြင်သံကြားတွေကနေ မဲဆွယ်စည်းရုံးရေး မိန့်ခွန်းပြောကြားခွင့် ရရှိထားတာဖြစ်ပါတယ်။
ဒေါ် အောင်ဆန်းစုကြည် ပြောကြားမယ့် မိန့်ခွန်းပါ အကြောင်းအရာတချို့ အဖြတ်ခံရသလို ဒိမိုကရက်တစ်ပါတီ(မြန်မာ)အဖွဲ့က ဦးသုဝေရဲ့ ရုပ်သံနဲ့ ရေဒီယိုတွေမှာ ပြောကြားဖို့ ရေးသားထားတဲ့ (ကျန်းမာရေးနဲ့ ပညာရေးစံနစ်တွေကို အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ ယှဉ်ပြီး သုံးသပ်ထားတွေတဲ့) မူကြမ်းထဲက ပါတီမူဝါဒဆိုင်ရာ ဆောင်းပါးနှစ်ခုစလုံးကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပယ်ချခဲ့ပါတယ်။
Ref: ဒီဗွီဘီ
Sunday, March 11, 2012
ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန့်တချို့ ကော်မရှင်က ဖြတ်တောက်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment