Saturday, July 18, 2009

အာဇာနည်ခေါင်းဆောင်ကြီးများ၏ အထ္တုပ္ပတ္တိများ

July, 19, 2009




ကျဆုံးလေပြီးသော... ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ၊

အာဇာနည်ခေါင်းဆောင်ကြီးများအား

ဦးညွတ်အလေးပြုပါ၏

=======



ဗိုလ်ချုပ်အောင်ဆန်း

၁၉၁၅ ခု၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မကွေးတိုင်း၊ နတ်မောက်မြို့၌ အမိန့်တော်ရ ရှေ့နေ ဦးဖာ၊ ဒေါ်စုတို့မှ နောင်တစ်ခေတ်တွင် ဗိုလ်ချုပ်အောင်ဆန်း ဟူ၍ ဗမာ့နိုင်ငံသမိုင်း၌ တွင်စေမည့် သားရတနာကို ဖွားမြင်ခဲ့သည်။ ဇာတာအမည်မှာ မောင်ထိန်လင်း ဖြစ်သော်လည်း ငယ်စဉ်ကပင် မောင်အောင်ဆန်းဟု တွင်သည်။ ငယ်စဉ်က နတ်မောက်မြို့ ဆရာတော် ဦးသောဘိတ ကျောင်း၌ နေခဲ့သည်။ ၁၉၂၈ ခုနှစ်တွင် ရေနံချောင်း အမျိုးသား အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ပညာသင်ယူခဲ့ပြီး ယင်းကျောင်းမှ မြန်မာ၊ ပါဠိ (၂) ဘာသာ ဂုဏ်ထူးဖြင့် (၁၀) တန်းအောင်မြင်ခဲ့သည်။ ပညာထူးချွန်သူဖြစ်၍ အထက်တန်း စကောလားရှစ်နှင့် ဦးရွှေခိုဆု ရရှိခဲ့ဖူးသည်။

ထို့နောက် ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်ပြီး ဆက်လက် ပညာဆည်းပူးခဲ့သည်။ ၁၉၃၅-၁၉၃၆ ပညာသင်နှစ်မှစ၍ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အမူဆောင်အဖွဲ့ဝင် ဖြစ်လာခဲ့ပြီး သမဂ္ဂ၏ အာဘော် အိုးဝေမဂ္ဂဇင်း အယ်ဒီတာလည်း ဖြစ်လာခဲ့သည်။ ကိုအောင်ဆန်း အယ်ဒီတာအဖြစ် ဆောင်ရွက်သော အိုးဝေမဂ္ဂဇင်းတွင် ယမမင်း အမည်ဖြင့် အိုးဝေညိုမြ ရေးသားသော "ငရဲခွေးကြီး လွတ်ပြီး သရမ်းနေသည် (The Hell Hound At Large)" ခေါင်းစဉ်ဖြင့် ပေးစာတစ်စောင် ဖော်ပြခဲ့မှုသည်လည်း ၁၉၃၆ ဒုတိယ ကျောင်းသားသပိတ် ဖြစ်ပွားစေခဲ့သော အဓိက အကြောင်းရင်း တချက်ဖြစ်သည်။ ၁၉၃၆ ဒုတိယ ကျောင်းသားသပိတ်၏ သပိတ်မှောက်ကောင်စီ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ခဲ့သည်။

ကုလား-ဗမာ အဓိကရုဏ်း ပေါ်ပေါက်ခဲ့သည်။ သမဂ္ဂသည် အဓိကရုဏ်းကြောင့် ဒုက္ခရောက်သူများအား ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ ၁၉၃၆ ခု သပိတ်အရေးတော်ပုံတွင် ဖွဲ့စည်းပေးခဲ့သော ဆာမြဘူး ကော်မတီ အစီရင်ခံစာထွက်လာသည်။ အစီရင်ခံစာကို တကသမှ ကန့်ကွက်ခဲ့သည်။ ဒေါက်တာဘမော် အစိုးရ တက္ကသိုလ် အက်ဥပဒေကြမ်း ပြုလုပ်ရန် စီစဉ်သည်ကိုလည်း လက်မခံခဲ့ပေ။ ၁၉၃၆-၁၉၃၇ ပညာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၏ ဒုတိယဥက္ကဋ္ဌ ဖြစ်လာပြီး ၁၉၃၈-၁၉၃၉ တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၃၆ တက္ကသိုလ် သပိတ်အပြီးတွင် ပေါ်ပေါက်လာသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂကြီးကို ဦးစီးတည်ထောင်သူ တစ်ဦးလည်းဖြစ်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂတွင် ပထမဆုံး အတွင်းရေးမှူး ဖြစ်လေသည်။ ၁၉၃၇-၁၉၃၈ တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ၀ိဇ္ဖာတန်းကို အောင်ပြီး၊ ဥပဒေ ၀ိဇ္ဖာတန်းသို့ ဆက်တက်ခဲ့သည်။ ၁၉၃၈-၁၉၃၉ တွင် တကသ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ တက္ကသိုလ် အက်ဥပဒေပြင်ဆင်ရေး ကော်မတီတွင် အဖွဲ့ဝင်အဖြစ်လည်း တာဝန်ယူခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့ဖြစ်သည့် တက္ကသိုလ်ကောင်စီတွင် ပထမဆုံး ကျောင်းသားကိုယ်စားလှယ်အဖြစ် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တကသ ဥက္ကဋ္ဌအဖြစ် သက်တမ်းကုန်သည်အထိ မနေခဲ့ပေ။ ၁၉၃၈ ခုနှစ်တွင် တက္ကသိုလ်မှ ထွက်ပြီး သခင် ကိုယ်တော်မှိုင်း ကြီးမှူးသော တို့ဗမာအစည်းအရုံးသို့ ၀င်ရောက်၍ သခင်အောင်ဆန်းအဖြစ် နိုင်ငံရေးနယ်ပယ်သို့ ခြေစုံပစ် ၀င်ခဲ့သည်။ ၁၉၃၉ တွင် တို့ဗမာအစည်းအရုံး၏ အတွင်းရေးမှူးအဖြစ် တင်မြှောက်ခြင်းခံရသည်။

သခင်အောင်ဆန်းသည် ဒုတိယကမ္ဘာစစ် ဖြစ်လာ၍ ဗမာ့လွတ်လပ်ရေးအတွက် စည်းစည်းလုံးလုံး ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းခဲ့သော ဗမာ့ထွက်ရပ်ဂိုဏ်းတွင် အတွင်းရေးမှူးအဖြစ်လည်း တာဝန်ယူခဲ့သည်။ ဗမာ့လွတ်လပ်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲရန် ပေါ်ပေါက်ခဲ့သော ပြည်သူ့ အရေးတော်ပုံပါတီ (နောင် ဆိုရှယ်လစ်ပါတီ) ၏ ပြည်ပ ဆက်သွယ်ရေးခေါင်းဆောင် တာဝန်ကိုလည်း ယူခဲ့သည်။ ၁၉၄၀ မတ်လအတွင်း အိန္ဒိယနိုင်ငံ ရမ်းဂါးမြို့၌ ကျင်းပသော အိန္ဒိယအမျိုးသား ကွန်ဂရက် ညီလာခံသို့ တက်ရောက်ခဲ့သည်။ သခင်အောင်ဆန်းအား အင်္ဂလိပ်နယ်ချဲ့ အစိုးရကို ဆန့်ကျင်ဟောပြောမှုဖြင့် ဖမ်းဆီးရန် ဟင်္သာတခရိုင် ရာဇ၀တ်ဝန်က ဆုငွေ ၅ ကျပ်ဖြင့် ဖမ်းဝရမ်းထုတ်ခဲ့သည်။ ၁၉၄၀ သြဂုတ်လအတွင်း ဗမာ့လွတ်လပ်ရေးအတွက် အင်္ဂလိပ်နယ်ချဲ့အစိုးရအား ဗမာ့မြေပေါ်မှ လက်နက်အားဖြင့် မောင်းထုတ်နိုင်ရန်အတွက် နိုင်ငံခြားမှ အကူအညီရယူရန် တရုတ်နိုင်ငံသို့ စွန့်စားထွက်ခွာခဲ့သည်။ တရုတ်ပြည် အမွိုင်၌ သောင်တင်နေစဉ် ဗမာနိုင်ငံမှ ရဲဘော်များ၏ စီစဉ်ဆောင်ရွက်ပေးမှုကြောင့် ဂျပန်အရာရှိ စူဖူကိကေအိချိနှင့် အဆက်အသွယ်ရကာ ဂျပန်နိုင်ငံသို့ ရောက်သွားသည်။ ဂျပန်ပြည်တွင် ဗမာ့လွတ်လပ်ရေး စီမံကိန်း စာတမ်းတရပ်ကို ရေးဆွဲကာ ဂျပန်စစ်အာဏာပိုင်များနှင့် ညှိနှိုင်းခဲ့သည်။ ယင်းစီမံကိန်းအရ ဗမာပြည်အတွင်းမှ မျိုးချစ်လူငယ်များကို စုစည်းကာ အလီလီခွဲလျက် ဂျပန်ပြည်သို့ ပို့ပေးခဲ့သည်။ ဤမျိုးချစ် လူငယ်တစုသည်ပင်လျှင် နောင်သောအခါတွင် ဗိုလ်တေဇ (ခ) ဗိုလ်အောင်ဆန်း ခေါင်းဆောင်သည့် ရဲဘော်သုံးကျိပ် ဖြစ်လာခဲ့သည်။ ဤမျိုးချစ်လူငယ်များသည် ဗမာ့လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) ကို ထိုင်းနိုင်ငံ ဘန်ကောက်တွင် ဖွဲ့စည်းတည်ထောင်ကာ မြန်မာနိုင်ငံအတွင်းသို့ ဂျပန်များနှင့်အတူ ၀င်ရောက် တိုက်ခိုက်ခဲ့သည်။

Read More...

နေ့စဉ်သတင်းများ (၁၇- ၇- ၀၉)

အာဇာနည်နေ့ကိုဖြင့် မမေ့အပ်ပါသလေ သတင်း
ဗိုလ်ချုပ်အောင်ဆန်း၏ စာပေအယူအဆနှင့် စာပေအနုပညာ သတင်း
ကချင်ပြည်နယ် လုံခြုံရေးတပ်ဖွဲ့ ဖွဲ့ဖို့ ကေအိုင်အေ တောင်းဆို သတင်း
လူထုအဖွဲ့များက မြန်မာ့လူ့အခွင့်အရေးကို အာဆီယံသို့ တင်ပြမည် သတင်း
စစ်အစိုးရအား ဖိအားပေးရန် အာဆီယံကို ကရင်အမျိုးသမီးအဖွဲ့ တောင်းဆို သတင်း
လမ်းတံတားများကို တည်ဆောက်ပေးမည်ဆိုကာ တောင်ကုတ်လူထုကို တိုင်းမှူးသောင်းအေး စည်းရုံး သတင်း
တက္ကစီအငှားယာဉ်ဈေးကွက် စီးသူဈေးကွက် ဖြစ်လာ သတင်း
ဖူးကက်တွင် လုံခြုံရေးတင်းကျပ်၍ မြန်မာပြည်သားများ အခက်တွေ့ သတင်း
တရားမဝင် တပတ်ရစ်ကားများစွာ ထိုင်းမှတဆင့် တင်သွင်းနေ သတင်း
အိန္ဒိယနဲ့ မဟာဗျူဟာမိတ်ဖက် ထူထောင်ရေး အမေရိကန်ကြိုးပမ်း သတင်း
အီရန်ဆန္ဒပြပွဲနှိမ်နှင်းမှု သမ္မတဟောင်း ဝေဖန် သတင်း
သောကြာစကားဝိုင်း (ဇူလိုင် ၁၇၊ ၂၀၀၉)

Friday, July 17, 2009

နေ့စဉ်သတင်းများ (၁၆- ၇- ၀၉)

အာဆီယံထိပ်သီးစည်းဝေးပွဲ မြန်မာ့အရေး လွှမ်းမိုးဖွယ်ရှိ သတင်း
အာဆီယံဆွေးနွေးပွဲမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မြန်မာ့အရေး အဓိကထားမည် သတင်း
အာဆီယံပွဲတွင် မြန်မာ့အရေး ကလင်တန် ပြောမည် သတင်း
မြန်မာ့ဒီမိုကရေစီရေး အာဆီယံဝိုင်းဝန်းတိုက်တွန်းဖို့ ဘန်ကီမွန်း ပြောကြား သတင်း
မြန်မာစစ်အစိုးရလက်ထက် ပြည်ပအကူအညီ နည်းပါးရခြင်း အကြောင်းများ သတင်း
ဒေါ်အောင်ဆန်းစုကြည် ရှေ့နေများနှင့် ထပ်မံတွေ့ဆုံမည် သတင်း
ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - အပိုင်း (၉) သတင်း
နိုင်ငံရေးအကျဉ်းသားများလွှတ်ရန် မိသားစုဝင်များ မျှော်လင့်ချက်မထား သတင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟို ပြန်ကြားရေးကော်မတီ ပြင်ဆင်ဖွဲ့စည်း သတင်း
အစိုးရပြောတိုင်းမယုံဘဲ လက်တွေ့လုပ်ရပ်ကြည့်ဖို့ တိုက်တွန်း သတင်း
အန်အယ်လ်ဒီလူငယ်များအတွက် ဥပဒေပညာပေးသင်တန်း စတင် သတင်း
လုံခြုံရေးကောင်စီမှ သင့်တော်သည့် ဆုံးဖြတ်ချက်ချဖို့ တပ်ပေါင်းစု (၇) စု ပြောဆို သတင်း
ထောင်ဒဏ် (၃၉) နှစ်ကျ ဆရာတော်အား (၁၆) နှစ် လျှော့ပေး သတင်း
ဆရာတော်တပါး ကျောင်းသူလေးများအား အဓမ္မပြုကျင့်ဟု စွပ်စွဲခံရ သတင်း
နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် သုခဆေးခန်း မြောက်ဒဂုံကို ရွှေ့မည် သတင်း
နိုင်ငံကူးလက်မှတ် ပွဲစား (၈၀) ကျော်အဖမ်းခံရ သတင်း
(၆၂) နှစ်မြောက် အာဇာနည်နေ့ အစီအစဉ်များ အပါအ၀င် လှုပ်ရှားမှုသတင်းများ သတင်း
ရဲဘက်ထောက်လှမ်းရေးများ ဆိုင်ကယ်စီးခွင့် အပိတ်ခံထားရ သတင်း
တာချီလိတ်တွင် ဘိန်းဖြူအမြောက်အမြား ဖမ်းဆီးရမိ သတင်း
နှစ်နိုင်ငံနယ်စပ် A(H1N1) စစ်ဆေးမှု လုံလောက်မှုမရှိသေး သတင်း
ပြည်သူ့စစ်အဖွဲ့ဝင် ပစ်ခတ်မှုကြောင့် ရှမ်းအမျိုးသမီးလေး ဒဏ်ရာရ သတင်း
စစ်အစိုးရ ကမ်းလှမ်းချက် KIO ဈေးဆစ် သတင်း
မဲဆောက်က မြန်မာကလေးငယ်တွေလည်း ဝက်တုပ်ကွေးစိုးရိမ် သတင်း
မိုးဟေကိုဖျော်ဖြေမှု အင်တာနက်တွင် ရေပန်းစား သတင်း
မြန်မာတွင် H1N1 တွေ့ရှိမှုမှာ အကင်းမျှသာရှိသေးဟု ကန်ကျွမ်းကျင်သူ ပြော သတင်း
အေရှားဝေါလ်ဆိပ်ကမ်း ပေါက်ကွဲမှုအစ မီးခြစ်က သတင်း
ဝါဆိုပွဲနှင့် ဘာသာရေးဆိုင်ရာပွဲများ သတင်း
ဆေးဝါးမလုံလောက်လို့ သြစတြေးလျနိုင်ငံက ၀က်တုပ်ကွေး ကူးစက်သူ ၆,၀၀၀ အထိ သေဆုံးနိုင် သတင်း
ကမ္ဘာ့စီးပွားရေး အကျပ်အတည်းဖြေရှင်းရေး ကုလသမဂ္ဂ ဆွေးနွေး သတင်း
အကြမ်းဖက်မှုတိုက်ဖျက်ရေးအစီအစဉ် ကွန်ဂရက်စ်ကို အစီရင်ခံဖို့ စီအိုင်အေ ပျက်ကွက်ခဲ့ သတင်း
ဆာရာပေလင်း Alaska ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ်က နုတ်ထွက် သတင်း
ဝီဂါလူမျိုးစုခေါင်းဆောင် Rebiya Kadeer သတင်း
မြောက်ကိုရီးယားကို လုံခြုံရေးကောင်စီ အရေးယူ သတင်း
အိန္ဒိယ-ပါကစ္စတန် ပူးတွဲကတိပေး သတင်း
အီရန် နျူကလီးယားအေဂျင်စီအကြီးအကဲ နှုတ်ထွက် သတင်း
ဗြိတိန်မှ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ပူးပေါင်းပါဝင်ရန် ဘင်္ဂလာဒေ့ခ်ျကို တိုက်တွန်း သတင်း
အပြီးသတ်လျှောက်လဲချက်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများ ဆွေးနွေးမည် သတင်း
အဖွဲ့ချုပ် သတင်းနှင့်ပြန်ကြားရေးကော်မတီသစ် ပြန်လည်ဖွဲ့စည်း သတင်း
ကချင်ပြည်နယ်အစိုးရသစ်တွင် အာဏာရရှိရေး ကေအိုင်အို တောင်းဆို သတင်း
နယ်ခြားစောင့်တပ်အသွင် ကေအိုင်အို လက်မခံ၊ ကချင်ဒေသလုံခြုံရေးတပ်ဖွဲ့အဖြစ် ပြောင်းရန်ဆန္ဒရှိ သတင်း
ယာယီတပ်ရုပ်ထားသည့် စခန်းဟောင်း နအဖစစ်တပ် နေရာပြန်ယူ သတင်း
မြန်မာနိုင်ငံတွင် တတိယမြောက် A(H1N1) တုပ်ကွေးဖြစ်သူ တွေ့ရှိ သတင်း
A(H1N1) ကျန်းမာရေးသတိရှိရန် မဲဆောက်တွင် နှိုးဆော် သတင်း
တတိယမြောက် လူတုပ်ကွေး A(H1N1) ကူးစက်ခံရသူ တွေ့ရှိ သတင်း
(၃) ဦးမြောက် ၀က်တုပ်ကွေး လူနာ တွေ့ရှိ၊ ရန်ကုန်လေဆိပ်မှ ၀င်လာခြင်းဖြစ် သတင်း
တရုတ်-မြန်မာနယ်စပ် မှောင်ခိုကုန်သွယ်ရေး ဆက်လက်ရှိနေ သတင်း
ငွေကြေးမတတ်နိုင်သဖြင့် ကျောင်းသားထက်ဝက်ခန့် ကျောင်းမတက်နိုင် သတင်း
မန္တလေးအတွက် တရုတ်နိုင်ငံမှ လျှပ်စစ်ဝယ် သတင်း
ဖားကန့်ရေကြီးမှု ကယ်ဆယ်ရေးအခြေအနေ သတင်း
နာဂစ်ထိသည့် ကြိမ်ချောင်းကြီးနှင့် ဆက်ကျွန်းကို လေဆင်နှာမောင်းတိုက်ခတ် သတင်း
မြန်မာရှေးဟောင်းပစ္စည်း ခိုးထုတ်မှု မြ၀တီ-မဲဆောက်တွင် အချက်အချာကျ သတင်း
အလုပ်သမားများအတွက် ပတ်စ်ပို့ရုံးရှိပေမယ့် လာလုပ်သူ မရှိသေး သတင်း
နှစ်ပတ်လည် (၆၂ နှစ်မြောက် အာဇာနည်နေ့ဂုဏ်ပြုကဗျာ) သတင်း
ဘင်္ဂလာဒေခ်ျ့မှ ရခိုင်ဒုက္ခသည်မိသားစု (၂) စု ကနေဒါသို့ ထွက်ခွာ သတင်း
မော်လမြိုင်တွင် ထိုင်းကုန်စည်ပြတ်လတ်ခြင်းကြောင့် ကုန်စည်များ ဈေးတက် သတင်း
မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒေသခံများ အခက်အခဲဖြစ် သတင်း
မြန်မာများနှင့် စင်္ကာပူ သင်္ဘော၊ ကမ်းလွန်ရေနံနှင့် ဓာတ်ငွေ့ (ဆောင်းပါး)
နှစ်လုံးသုံးလုံး လောင်းကစားနှင့် ဆင်းရဲသားများ၏ ချွေးနဲစာ (ဆောင်းပါး)
မြန်မာတို့ရဲ့ အခမ်းအနားပြုလုပ်ကြပုံ စဉ်းစားမိသမျှ (ဆောင်းပါး)
ကုလအတွင်းရေးမှူး မြန်မာပြည်ခရီး အကျိုးရလဒ်ရှိသလား (မျက်မှောက်ရေးရာ)
ဗမာစစ်အစိုးရနဲ့ မြောက်ကိုရီးယား (မျက်မှောက်ရေးရာ)
သတိရကြရမည့်အချိန်အခါ (အယ်ဒီတာ့အာဘော်)

လူထုနိုင်ငံရေးလမ်းကြောင်းကို သွားမည်ဟု ဦးဝင်းတင်ပြော

သူရိန်စိုး
၁၅ ဇူလိုင် ၂၀၀၉

မြန်မာ့ နိုင်ငံရေးခေါင်းဆောင် တဦးလည်းဖြစ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် တဦးလည်းဖြစ်တဲ့ ဦးဝင်းတင်က ပြည်သူနဲ့ တသားတည်းရှိမယ့် လူထုနိုင်ငံရေး လုပ်မယ်လို့ ပြောဆိုလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှုးဦးဝင်းတင်က လူထုကို မျက်နှာမူတဲ့ နိုင်ငံရေးလမ်းကြောင်းအတိုင်း ဆက်လျှောက်သွားမယ်လို့ ပြောပါတယ်။

“ အခုပြည်တွင်းမှာ အန်အယ်လ်ဒီကို အားနည်းတယ်တို့ ဘာတို့ ပြောတာတွေ ရှိတယ်။ လူထုကိုယ်တိုင်ကလည်း အဲလို ထင်မြင်တာရှိတယ်။ အလားတူပဲ အခြားအခြားသော နိုင်ငံရေး အင်အားစုနဲ့ ပတ်သက်လို့ တုံ့ပြန်မှုလည်း အဲဒီလိုပဲ ရှိနေတယ်။ ကျနော်မကြာခင်တုန်းက လူထုကိုမျက်နှာမူတဲ့ နိုင်ငံရေး လုပ်ကြရအောင်၊ လုပ်ဖို့ အချိန်တန်ပြီ ဆိုတော့ ကျနော်တို့ တတ်နိုင်သမျှ နည်းလမ်းက လူထုနဲ့ ဆက်စပ်မိအောင် လုပ်မယ့် ဆန္ဒ ရှိတယ်ဆိုတာ ပြောချင်တယ်။ ဆိုလိုတာက နိုင်ငံရေးသမားတွေ အကုန်လုံးက အိပ်နေတာမဟုတ်ဘူး ခြေကုန်လက်ပမ်း ကျနေတာ မဟုတ်ဘူး၊ မေ့လျော့ပေါ့ဆနေတာ မဟုတ်ဘူးဆိုတာ ကျနော် ပြောချင်တယ်။ ဘယ်လိုအခြေအနေနဲ့ ဘယ်လိုလုပ်မလဲဆိုတာ အခြေအနေလည်း ကြည့်နေရတဲ့ အခြေအနေ”။

လူထုနိုင်ငံရေးမှာ အဓိက လက္ခဏာ ၃ ရပ် ရှိတယ်လို့လဲ ဦးဝင်းတင်က ပြောပါတယ်။

“ ၁ အချက်က လူထုနဲ့ အတူ လူထုခံစားသလို ခံစားနိုင်ရမယ်။ ၂ အချက်က လူထုနဲ့အတူ အပြန်အလှန် ပြောဆို တွေ့ဆုံဆွေးနွေးမှုတွေ ရှိရမယ်။ လူထုပြောတဲ့ စကားတွေကို နားထောင်သလို ကိုယ်ကလည်း လူထုနားထောင်အောင် ပြန်ပြောနိုင်ရမယ်၊ ၃ အချက်ကတော့ လူထုနဲ့အတူ လှုပ်ရှားရမယ်။ လူထုနဲ့အတူ လှုပ်ရှားနိုင်ရမယ်။ လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ပြီး ကိုယ်က ဦးဆောင်နိုင်ရမယ်၊ ဦးမဆောင်နိုင်တဲ့ အခါ လူထုနဲ့ ပူးပေါင်းဆောင်ရွက်ရမယ်”။

လူထုကို မျက်နှာမူတဲ့ လူထုနိုင်ငံရေးလမ်းစဉ်ဟာ ဦးဝင်းတင်ရဲ့ တသီးပုဂ္ဂလ ဆုံးဖြတ်ချက်ဖြစ်ပြီး အန်အယ်လ်ဒီ ပါတီ တခုလုံးက လက်ခံလာတဲ့အထိ တိုက်တွန်း ဆွေးနွေးသွားမယ်လို့လည်း ပြောပါတယ်။

“အများအားဖြင့် ကျနော်တို့ပြောတာတွေက အမှန်တကယ်တော့ အန်အယ်လ်ဒီနဲ့တော့ သိပ်မဆိုင်ဘူး။ ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့က လုပ်တဲ့ ရွှေဂုံတိုင် အစည်းအဝေးမှာ မိန့်ခွန်းစကားတခု ပြောတဲ့ အချန်မှာ လူထုနိုင်ငံရေး၊ လူထုကို မျက်နှာမူတဲ့ နိုင်ငံရေး လုပ်ပါလို့ တိုက်တွန်းချက်ပါတယ်။ ဒီဟာကို ပါတီထဲမှာ ကျနော် ချပြီး ဆွေးနွေးနေတဲ့ ကိစ္စပဲ။ ပါတီတခုလုံးရဲ့ လိုင်းအနေနဲ့တော့ မကျသေးဘူး။”

ဦးဝင်းတင်ကို စစ်အစိုးရက ၁၉ နှစ်ကျော်ကြာ ထောင်သွင်းအကျဉ်းချထားပြီး ပြီးခဲ့တဲ့နှစ် စက်တင်ဘာမှာ အင်းစိန်ထောင်က ပြန်လွတ်ခဲ့တာပါ။

အသက် ၇၉ နှစ်ရှိပြီဖြစ်တဲ့ ဦးဝင်းတင်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက အင်းစိန်ထောင်တွင်း တရားရုံးမှာ ရုံးထုတ်တဲ့နေ့တိုင်း အန်အယ်လ်ဒီ အဖွဲ့ဝင်တွေ၊ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့ ပြည်သူတွေနဲ့အတူ အထောင်ရှေ့မှာ အင်အားပြ ဆန္ဒဖော်ထုတ်သူ ဖြစ်ပါတယ်။

Ref: DVB News

Thursday, July 16, 2009

နေ့စဉ်သတင်းများ (၁၅- ၇- ၀၉)

ဘန်ကီမွန်း မြန်မာ့အရေး တိုးမြှင့်လုပ်ဆောင်ဖို့ ဒီမိုကရေစီအင်အားစု တိုက်တွန်း သတင်း
တီဘီ၊ ငှက်ဖျား၊ HIV ရောဂါ (၃) မျိုး တိုက်ဖျက်ရေး ဒေါ်လာ (၁၄) သန်း ကူညီမည် သတင်း
ဂျပန်နိုင်ငံရေးပြောင်းလဲမှု မြန်မာပြည်ဆိုင်ရာ မူဝါဒအပေါ် ဂယက်ရိုက်ခတ်နိုင် သတင်း
တရုတ်နိုင်ငံက မြန်မာပြည်တွင် အများဆုံး ရင်းနှီးမြုပ်နှံကြောင်း စာရင်းများတွင် ဖော်ပြ သတင်း
ပါတီဝင်လူငယ်များအတွက် ဥပဒေရေးရာဆွေးနွေးပွဲ အန်အယ်လ်ဒီ ကျင်းပ သတင်း
၂၀၀၉ နိုင်ငံရေး စစ်တမ်း - အပိုင်း (၆) (ဆောင်းပါး)
NLD ပြန်ကြားရေး အသစ်ပြန်လည်ဖွဲ့စည်း သတင်း
နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး သျှမ်းအပစ်ရပ်အဖွဲ့ မပါဝင် သတင်း
လွင်မိုး ရေခဲတောင် ခရီးသွားမှတ်တမ်းရုပ်ရှင် ရိုက်ကူးမည် သတင်း
ဘန်ကီမွန်းနှင့် ဗိုလ်ချုပ်မှူးကြီး၏ ဒိုင်ယာလော့ (ထွေရာလေးပါး)
ထိုင်းရှိ တရားမ၀င် မြန်မာအလုပ်သမားများအား စစ်အစိုးရ မှတ်ပုံတင် စထုတ်ပေးနေ သတင်း
ဂြိုလ်တုဖုန်းပြပြီး ကျေးရွာများမှ ငွေတောင်းခံ သတင်း
ဘိန်းဖြုနှင့် စိတ်ကြွဆေးများ တာချီလိတ်မှာ ဖမ်းမိ သတင်း
နာဂစ်မုန်တိုင်းသင့်ဒေသသို့ လေဆင်နှာမောင်း တိုက်ခတ် သတင်း
အေးရှားဝေါလ်ဆိပ်ကမ်းတွင် မီးလောင်မှုဖြစ်ပွား သတင်း
သက်ဝင်းအောင်သို့ ... (ဆောင်းပါး)
ဝန်ကြီး ကလင်တန် အာရှခရီးမထွက်မီ နိုင်ငံခြားရေးပေါ်လစီမိန့်ခွန်း ပြောမည် သတင်း
ထင်းရှားသည့် ချေ(ချ)ညှာ လူ့အခွင့်အရေးလှုပ်ရှားသူ အသတ်ခံရ သတင်း
အီရန်လေယာဉ်ပျက်ကျလို့ လူ (၁၆၈) ယောက်စလုံး သေဆုံး သတင်း
အီရန်နှင့် ဆွေးနွေးရေးအလားအလာ အမေရိကန် အမြဲဖွင့်ထားမည်မဟုတ် သတင်း
အစ္စရေးစစ်သားတွေ ၀န်ခံတဲ့ ဂါဇာက ကျူးလွန်မှုများ သတင်း
အန်ဒဲဗား အကာသယဉ် ပစ်လွှတ်ဖြစ်ပြီ သတင်း

ကမ္ဘာ့ရာဇ၀တ်ခုံရုံး မှ လိုင်ဘေးရီးယား သမ္မတ ဟောင်း ချားလ်တေလာ

-မြတ်စိုး-
၀၇-၁၄-၂၀၀၉


ဆီယာလီယွန်း ( Sierra Leone) မှာ မဲပေးနေစဉ်

နယ်သာလန်နိုင်ငံ သယ်ဟိတ် ( The Hague) မြို့ရှိ ကမ္ဘာ့အထူး ရာဇ၀တ်ခုံရုံးက လိုင်ဘေးရီးယား သမ္မတ ဟောင်း ချားလ်တေလာ ကို လူဦးရေ ၆ သန်းကျော်ရှိတဲ့ ဆီယာလီယွန်း ( Sierra Leone) နိုင်ငံ အတွင်းဖြစ်ပွား ခဲ့သော ပြည်တွင်းစစ် ကာလအတွင်း လူသားများအပေါ် ရာဇ၀တ်ပြစ်မှုကျူးလွန်ခဲ့မှုများ၊ အကြမ်းဖက်မှုများ၊ အမျိုးသမီးများ အဓ္ဓမ ပြုကျင့်ခံခဲ့ရမှုများ၊ လူသတ်မှုများ၊ ညဉ်းပန်နှိပ်စက်မှုများ စတဲ့ အမှုများ နောက်ကွယ်မှာ ပါဝင်ပက်သက်ခဲ့မှုနဲ့ တရားစွဲဆိုခြင်းခံနေရပြီး၊ ယင်းအမှုများ အတွက် ကြားနာ စစ်ဆေးနေပါသည်။ မျက်မြင် သက်သေ ၂၀၀ ကျော် ယင်းအမှုများမှာ အစစ်ဆေးခံ ကြပါလိမ့်မယ်။

အသက် ၆၁ နှစ်ရှိပြီဖြစ်တဲ့ ချားတေလာ ဟာ ၂၀၀၆ ခုနှစ် မှာ နိုင်ဂျီးရီးယားနိုင်ငံမှာ အဖမ်းခံ ခဲ့ရတယ်။ အမှု ကို ဆီယာလီယွန်း ( Sierra Leone) နိုင်ငံ ရှိ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ က ဖွဲ့စည်းပေး ခဲ့တဲ့ ကမ္ဘာ့ တရားရုံးတော်မှာ စတင် စစ်ဆေးကြားနာခဲ့သော်လည်း၊ လုံခြုံရေး အခြေအနေများ ကြောင့် နယ်သာလန် သယ်ဟိတ်မြို့တော် ရှိ ကမ္ဘာ့အကျဉ်းထောင်ဆီ လွှဲပြောင်းခြင်း ခံခဲ့ရတယ်။ တရားလိုများက လူသားတွေအပေါ် စစ်ရာဇ၀တ်မှု ကျူးလွန်ခဲ့မှုဖြင့် အမှုပေါင်း ၁၁ မှု ကို ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ မှ စတင်ပြီး တရားစွဲဆို ထွက်ဆိုခဲ့ကြပြီး၊ ၂၀၀၉ ခုနှစ် ဖေဖေါ်ဝါရီလမှာ ပြီးဆုံးခဲ့တယ်။

မနေ့ကတော့ တရားခံ ဘက်က ပထမအကြိမ် သက်သေထွက်ဆိုချက် အဖြစ် သူကိုယ်တိုင် ကမ္ဘာ့ရာဇ၀တ် ခုံရုံးမှာ ခုခံထွက်ဆိုခဲ့တယ်။ သူဟာ အာဏာမှ အနားယူ ဖြုတ်ချခံခဲ့ရပြီးနောက် နိုင်ဂျီးရီးယားနိုင်ငံ သမ္မတ Olusegun Obasanjo ထံမှာ နိုင်ငံရေးခိုလှုံခွင့် ရယူခဲ့သော်လည်း၊ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေ ၊ ဒေသတွင်းနိုင်ငံတွေ နှင့် နိုင်ငံတကာ အစိုးရတွေရဲ့ ဖိအားကြောင့် ကမ္ဘာ့ ရာဇ၀တ်ခုံရုံးကို လွှဲအပ်ပေးခြင်း ခံခဲ့ရပါတယ်။ ပထမဆုံး အကြိမ် အဖြစ် အာဖရိက တိုက်ရှိ နိုင်ငံ တစ်နိုင်ငံရဲ့ နိုင်ငံခေါင်းဆောင်ဟောင်း တစ်ယောက် အနေနဲ့ ကမ္ဘာ့ ရာဇ၀တ်ခုံရုံးမှာ တရားစွဲဆိုခြင်း ခံခဲ့ရကြောင်း သိရှိရပါသည်။



Read More...

Wednesday, July 15, 2009

အကျင့်ပျက် သတင်းရဲ ကြောင့် နိုင်ငံကူးလက်မှတ် ပွဲစား (၁၁) ဦး ဖမ်းဆီးခံရ


ရုရှားသင်တန်းပြန် စစ်ဗိုလ်ပြုတ်(၃)ဦးကို နိုင်ငံကူးလက်မှတ် ထုတ်ပေးခဲ့တဲ့ အကျင့်ပျက် သတင်းရဲ အဖွဲ့အတွင်း အရှုပ် အထွေး များကြောင့် ရန်ကုန်တွင် ဇူလိုင်လ စောစောပိုင်းက နိုင်ငံကူး လက်မှတ်ပွဲစား (၁၁) ဦး ဖမ်းဆီး ခံခဲ့ရကြောင်း သတင်း ရရှိပါသည်။

ဗိုလ်ချုပ်မှူးကြီး ခင်ဗျား ..

သတင်းရဲအဖွဲ့အတွင်း ယခုမှ အကျင့်ပျက်ခြင်း မဟုတ်ပါ. (၄)နှစ်တာ ကာလ စနစ်တကျ ပျက်နေသည့် မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေးကို ပြည်ထဲရေး ၀န်ကြီးရဲ့ လက်ရုံးတစ်ဆူဖြစ်သော ဦးမြင့်သိန်းက အကြီးအကဲ အဖြစ် ဆောင်ရွက်ခဲ့ပါသည်။

ဦးမြင့်သိန်းနှင့် တိုက်ရိုက်ဆက်ဆံပြီး (၁)ရက်အတွင်း (၃)ရက် မကြာစေရ အမြန်ဆုံး ရရှိရေး ဆောင်ရွက် ပေးနိုင်သည့် ပွဲစားကြီးများဖြစ်သော ကူးမား(လွစ္စလမ်း)၊ ဇော်မိုး(စင်ဝှါ)နဲ့ မောင်တိတ်တို့မှာ တပတ်လျှင် (၃)အုပ်ထက် မနည်း တစ်အုပ်လျှင် (၁၅)သိန်းဖြင့် လုပ်ကိုင်ပါသည်။ ကူးမားမှာ ဦးမြင့်သိန်းနှင့် တပည့်များအား (၁၃)သိန်း ပေးပြီး တအုပ်လျှင်(၂)သိန်း တွက်ချေ ကိုက်ပါက လုပ်ကိုင်ပါသည် ဖမ်းဆီး ခံခဲ့ရတဲ့ နိုင်ငံကူး လက်မှတ်ပွဲစား(၁၁)ဦးအနက် ယင်းတို့ ပါဝင်ခဲ့ခြင်း မရှိဘဲ အမှုနှင့် မပတ်သက်ဘူးလို့ သတင်းလွှင့်ပြီး မယားငယ်နှင့် အတူ ပြောင်ပြောင် တင်းတင်း သွားလာ နေတာကို တွေ့ရပါသည်။

ကြာသပတေးနေ့က ကိုကျော်သူမှာ လွယ်အိတ်အတွင်း ပါရှိခဲ့သော နိုင်ငံကူးလက်မှတ် စာရွက်စာတမ်း အတုများနဲ့ ငွေ ကျပ် (၄)သိန်းကို ဖမ်းဆီးရေး အဖွဲ့များနှင့် တွေ့ဆုံသဖြင့် ဖျောက်ဖျက် ခဲ့ရပါသည်။ ကိုကျော်သူမှ ဖမ်းဆီးရေး အဖွဲ့နှင့် ပူးပေါင်း၍ လက်ထောက်ချသဖြင့် ပွဲစားကြီး အောင်ကျော်ဇော အပါအ၀င်(၁၁)ဦးကို ဆက်တိုက် ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ပါသည်။ ဖမ်းဆီး ခံရသူများအနက် ရဲနိုင်ဦးမှာ နိုင်ငံကူး လက်မှတ် ဌာနမှူး ဦးဝင်းနိုင်ဦး၏ ညီဖြစ်ပါသည်။ အောင်ကျော်ဇော အနေဖြင့် ဗိုလ်ကြီးဟောင်း (၃)ဦး ထံမှ တစ်အုပ်လျှင် (၁၂)သိန်းနှုန်း ရယူ လုပ်ဆောင်ခဲ့ပါသည်။ ကျွန်တော်တို့ ပွဲစား လောကမှာ နိုင်ငံကူး လက်မှတ် တစ်အုပ်ရဘို့ ဆင်သတ် အရပ်ဝေပြီး ပိုင်ရာ ဆိုင်ရာများနဲ့ အဆင့်ဆင့် ဆောင်ရွက်ရပါသည်။

မှတ်ပုံတင်ပြင်ဆင်အတုနှင့် အိမ်ထောင်စုစာရင်းလုပ်ခ - ၁၅၀၀၀၀

ကာယကံရှင်မပါ ပုံစံအရောင်းဌာန လျှောက်လွှာခ - ၃၀၀၀၀

နိုင်ငံသားစာရွက်စာတမ်းစစ်ဆေးရေးဌာန - ၃၀၀၀၀

စလစ်ထုတ်ပုံစံလက်ခံဌာန - ၇၀၀၀၀

မြို့နယ်အခွန်ပုံစံ(၁၇)ကင်းရှင်းခ - ၃၀၀၀၀

ပြည်တွင်းအခွန်ရုံးကြီးပုံစံ(၁၉)ထုတ်ခ - ၃၀၀၀၀

ရေးသွင်းဌာနအမြန်ခ - ၁၀၀၀၀၀

အမှုဟောင်းစစ်၊ စာတွဲတင်/ချခ - ၃၀၀၀၀

အာဏာပိုင်လက်မှတ်ရေးထိုး(သာမန်) - ၃၀၀၀၀၀ (တရုတ်/ကုလား) ၅၀၀၀၀၀

ကွန်ပျူတာဌာနစာရင်းနက်စစ်ခ - ၃၀၀၀၀

စာအုပ်ထုတ်ပေးဌာနအချိန်မီဆောင်ရွက်ခ - ၇၀၀၀၀

လုပ်ငန်းအဆင့်ဆင့်ပိုင်ဆိုင်ရာပွဲစားငယ်တဦးငှားရမ်းခ - ၁၅၀၀၀

Read More...

နေ့စဉ်သတင်းများ (၁၄ - ၇ - ၀၉)

ဇူလိုင်လ (၂၂) ဆူနာမီနဲ့ ငလျင်ဝင်တိုက်မည်ဟူသော ကောလဟာလပြန့်နေ သတင်း
ရွေးကောက်ပွဲမတိုင်မီ အကျဉ်းသားများကို လွှတ်ပေးမည်ဟု ကုလဆိုင်ရာ မြန်မာသံအမတ်ပြော သတင်း
ရွေးကောက်ပွဲမတိုင်ခင် အကျဉ်းသားများ လွှတ်ပေးမည် သတင်း
အကျဉ်းသားလွှတ်မည့်သတင်း အတိုက်အခံတို့ သံသယရှိ သတင်း
တာချီလိတ်၌ ဖမ်းမိသည့် မူးယစ်ဆေးဝါးများ စစ်အစိုးရနှင့် ပတ်သက်ဆက်နွယ် သတင်း
ဒီကေဘီအေနှင့် ဟောင်သရောတပ်ဖွဲ့ဝင် (၇၀) ခန့် ကေအန်ယူနှင့် ပူးပေါင်း သတင်း
မွန်ပြည်သစ်ပါတီက ပြည်သူ့စစ်ပုံစံ အသွင်ပြောင်းရန်ကိုလည်း လက်မခံဟုဆို သတင်း
ကေပီအက်ဖ် ဒု-ဗိုလ်မှူးကြီး စောလေးဝါး ပြန်လွတ်လာ သတင်း
နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် မိုင်းလားအဖွဲ့ ထပ်မံတိုက်တွန်းခံရ သတင်း
မြန်မာ့အရေး လုံခြုံရေးကောင်စီ ကြားဝင်ဖြေရှင်းပေးရန် တောင်းဆို သတင်း
မစ္စတာဘန်ကီမွန်း မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီသို့ အစီရင်ခံမည် သတင်း
နယ်စပ်ဝင်ပေါက်များမှတဆင့် ဝက်တုပ်ကွေး ကပ်ရောဂါအသွင် ကူးစက်နိုင်ဟုဆို သတင်း
ဝက်တုပ်ကွေးဗိုင်းရပ်စ် ပျံ့နှံ့မှု မတားဆီးနိုင် သတင်း
၈၈ ခေါင်းဆောင် ကိုမြအေး ထောင်ဝင်စာ တွေ့ခွင့်မရ သတင်း
တောင်ကုတ် လွှတ်တော်ကိုယ်စားလှယ် ထောင်ဒဏ် (၂) နှစ် သတင်း
မူဆယ်မြို့အနီးတွင် မီးရထားဘူတာရုံ တည်ဆောက်ရန် ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေး လာကြည့် သတင်း
နေပြည်တော်ဘူတာသစ်အနီး မြေပြိုမှုဖြစ်ပွား သတင်း
ဂျီအက်စ်အမ်ဖုန်းများ မြ၀တီတွင် အလုပ်မဖြစ် သတင်း
လပွတ္တာ ဆားတောင်သူများ ဆားကွင်းပြန်ရွေးရန် အခက်ကြုံ သတင်း
ရန်ကုန်ယူနိုက်တက် သိန်း (၅၀၀၀) ကျော် သုံးစွဲခဲ့ဟု ဦးတေဇ ပြော သတင်း
မြန်မာမီဒီယာကို ကမ္ဘာအထိထိုးဖောက်ရမည်ဟု ဗိုလ်မှူးချုပ်ကျော်ဆန်း ပြော သတင်း
မြန်မာနှင့် ကုန်သွယ်ရာတွင် တက်ကနက်ဆိပ်ကမ်းမှ တာကာ သန်းပေါင်း (၆၉၀) ရရှိ သတင်း
မြန်မာအလုပ်သမားများအတွက် ထိုင်းနိုင်ငံမှာ ယာယီမြန်မာနိုင်ငံကူးလက်မှတ်စာအုပ် လုပ်ပေး သတင်း
အာဇာနည်တွေနေတဲ့ တိုင်းပြည် (ဆောင်းပါး)
ဥပဒေအတိုင်း ဆောင်ရွက်ပါ့မယ်လို့ ဆိုတိုမာယာ ကတိပြု သတင်း

Tuesday, July 14, 2009

ဝီလျံ ယက်ထော ရှေ့နေ၏ လျှောက်လဲချက်

ကိုစိုး
Friday, 10 July 2009 17:44

ဒေါ်အောင်ဆန်းစုကြည် အိမ်သို့ ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းက တိတ်တဆိတ် ဝင်ရောက် ခဲ့သောကြောင့် ဖမ်းဆီး တရားစွဲဆို ခံထားရသည့် အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန် ဝီလျံ ယက်ထော အမှုနှင့် ပတ်သက်ပြီး ၎င်း၏ ရှေ့နေဖြစ်သူ ဦးခင်မောင်ဦး ကို ဆက်သွယ် မေးမြန်း၍ ဖော်ပြလိုက်ပါသည်။

မေး။ ။ အမှုသွား အမှုလာ အခြေအနေကို သိချင်ပါတယ်။

ဖြေ။ ။ စည်းရိုးကျော်ဖြတ်လိုက်တဲ့ အခါကျရင် ညအချိန် မိုးချုပ် အိမ်ကျော် တက်မှု လောက်ပဲ ဖြစ်နေတယ်လေ။ ၂ နှစ် ကနေ ၃နှစ်ကိုး။ သူတို့က အားပေး ကူညီတယ် ဆိုတာကို ကျနော်တို့က လက်မခံနိုင် ဘူးပေါ့။ ဒါ တရားသူကြီးက ဆွဲချတာ၊ ကျနော်တို့က တင်ပြတာပေါ့။ ဒေါ်အောင်ဆန်းစုကြည် အိမ်အဝန်း အဝိုင်းကို လုံခြုံရေးက ကိုင်တာကိုး။ ဒေါ်အောင်ဆန်း စုကြည် အဝန်းအဝိုင်း ထဲက ခြံစည်းရိုး နောက်ကွယ်နဲ့ ဥပစာကြီး တခုလုံး၊ အိမ်ကြီး တခုလုံး။ ကျော်နင်း မိတာကတော့ ပွဲပြီးပေါ့၊ သူ့ကို တရားခံ လုပ်တာ မလုပ်တာ ကတော့ ကျနော်တို့နဲ့ မဆိုင်ဘူးပေါ့။

အဓိက တရားခံက ပြစ်မှု မကျူးလွန်မှ ကျနော်တို့လူက လွတ်မှာကိုး။ လွတ်တာတော့ မဟုတ်ဘူး ပေါ့နော်၊ အတိုင်းအတာ က ညအချိန် ပုန်းလျှိုး အိမ်ကျော်မှုပဲ ဖြစ်တာကိုး။ အနိမ့်ဆုံး ပြစ်ဒဏ်က ၂ နှစ်ကနေ ၃ နှစ်အထိ ချနိုင်တယ်။

မေး။ ။ ဘယ်သူ့မှာ အဓိက တာဝန် ရှိတယ်လို့ မြင်ပါသလဲ။

ဖြေ။ ။ အဲဒါကတော့ လုံခြုံရေးကို ကျော်ဖြတ်လိုက်တဲ့အခါ ကျတော့ ပြစ်မှု မြောက်သွားပြီ။ ဒေါ်အောင်ဆန်း စုကြည်ကို အားပေးတဲ့ သဘော မဟုတ်ဘူး၊ ဒေါ်အောင်ဆန်းစုကြည် ကလည်း သူ့ကို နေမကောင်းလွန်း အားကြီးလို့ Refuge ပေါ့နော်၊ ခိုလှုံခွင့် ပေးလိုက်တာပဲ။ ပြန်ထွက် သွားတယ်။ ပြန်ထွက်သွားတော့ သူက နောက် ၂ ရက်မှာ ၆ ရက်နေ့မှာ အဖမ်း ခံရတယ်။ ညကြီး ထွက်သွားတာ၊ အဲဒီတော့ ၇ ရက် နေ့မှာ ဒေါက်တာ တင်မျိုးဝင်းကို အကြောင်းကြားဖို့ဟာ၊ ဒေါက်တာ တင်မျိုးဝင်းက မရောက်လာဘူး၊ ဒေါက်တာ တင်မျိုးဝင်း ခေါ်စစ် ခံရတယ်။ သူတောင်မှ သူနဲ့ သူ့အဖွဲ့တောင် ချုပ်နှောင် ခံနေရတယ်၊ ထောင်ချ ခံနေရတယ် ဆိုတော့ လူတယောက်ကို ချောက်တွန်းဖို့ မရှိဘူး။ နောက်ပြီးတော့ အစောင့်တွေနဲ့ ပလူးပလဲ လုပ်ဖို့ မရှိဘူး။ အစောင့်က အစောင့် သပ်သပ်ပဲ။

ဝင်တာကတော့ ရဲမှူးကြီး ဝင်းနိုင်ထွန်းပဲ အဝင်အထွက် ရှိတယ်။ အဲဒီလိုမျိုးလေး Nature လေးက။ လုံခြုံရေး ကတော့ အဝန်းအဝိုင်းပဲ စောင့်တယ်။ အဲဒီ ဝင်ထွက်ခွင့်က ဘယ်သူတွေ ရှိလဲ ဆိုတော့ သတင်းတပ်ဖွဲ့က ဗိုလ်မှူးကြီး ဝင်းနိုင်ထွန်းပဲ အဝင်အထွက် ရှိတယ်။ Nature လေးက အဲသလိုဗျ။

မေး။ ။ ဒါဆို လုံခြုံရေးမှာလည်း လစ်ဟာချက်တွေ ရှိတာပေါ့။

Read More...

နေ့စဉ်သတင်းများ (၁၃ - ၇ - ၀၉)

အပစ်ရပ်အဖွဲ့များနှင့် ညှိနှိုင်းရေး ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်ကို ချဉ်းကပ် သတင်း
လွတ်လပ်တဲ့ ရွေးကောက်ပွဲလုပ်ပေးဖို့ မြန်မာစစ်အစိုးရကို အတွင်းရေးမှူးချုပ် သတိပေး သတင်း
ဘန်ကီမွန်း မြန်မာခရီးစဉ် လုံခြုံရေးကောင်စီကို အစီရင်ခံမည် သတင်း
သံဃာ့တပ်ပေါင်းစု၊ ၈၈ မျိုးဆက်နှင့် ဗကသတို့၏ ဘန်ကီမွန်းသို့ တောင်းဆိုချက် သတင်း
ဖားကန့်ကျောက်စိမ်းတွင်း သေဆုံးသူများကို အစုအပြုံလိုက်မြှုပ်နှံ သတင်း
တာချီလိတ်တွင် ကျပ်သန်း (၅၀၀၀) ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးဖမ်းမိ သတင်း
ဇူလိုင်လ (၂၅) ရက်နေ့မှစ၍ မွန်ပြည်သစ်ပါတီမှ အရေးပေါ်အစည်းဝေး ပြုလုပ်မည် သတင်း
ကရင်ရွာသား (၅၀၀) ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေး သတင်း
မွန်လက်နက်ကိုင် ရာမညတပ်ဖွဲ့က ပြည်သူထံတွင် ငွေကြေးတောင်းခံ သတင်း
ဒညင်းခြံ ဧက (၂၀၀) ကျော်ကို စစ်တပ်က သိမ်းမည် သတင်း
သာသနာနှင့်မလျော်ညီသည့် လုပ်ရပ်ကို အာဏာပိုင်များ အရေးယူပေးဖို့ ပျက်ကွက် သတင်း
ရပ်ကွက်အာဏာပိုင်များ ၀ိုင်းရိုက်၍ သေဆုံးမှု အာရှလူ့အခွင့်အရေးအဖွဲ့ ကြေညာချက်ထုတ် သတင်း
ရဲက သေနတ်ဖြင့်ပစ်၍ ဆိုင်ကယ်ကုန်သည် (၂) ဦး သေဆုံး သတင်း
အစိုးရပိုင် မှော်ဘီပလပ်စတစ်စက်ရုံ မီးလောင်၊ သိန်း (၅၀) နီးပါး ဆုံးရှုံး သတင်း
ငါးပိထောင်း၊ ငါးပိနှင့် ငြုပ်သီးမှုန့်အချို့ ထပ်မံပိတ်ပင် သတင်း
ဂျီမေးလ်ခက်ခဲအောင် ပြုလုပ်ခြင်းကြောင့် အင်တာနက်ဆိုင်များ၏ စီးပွားရေး ကြီးမားစွာ ထိခိုက်နိုင် သတင်း
နိုင်ငံတကာရခိုင်အမျိုးသားအသင်း (ဥရောပဌာနခွဲ) ဒုတိယအကြိမ်ညီလာခံ ကျင်းပပြီးစီး သတင်း
နိုင်ငံရေးအကျဉ်းသားတွေလွှတ်ရေး G-8 နိုင်ငံတွေ စစ်အစိုးရကို တောင်းဆို (ဗွီဒီယိုသတင်း)
အထွေထွေရွေးကောက်ပွဲ ကျင်းပရက် ဂျပန်ဝန်ကြီးချုပ် ကြေညာ သတင်း
ကင်ဂျုံအီးလ် Pancreatic ကင်ဆာဖြစ်နေကြောင်း သတင်းထွက် သတင်း
ပါကစ္စတန်မှာ ဒုက္ခသည်အချို့ နေရပ်ပြန်ကြပြီ သတင်း
နအဖစစ်အရာရှိတဦး ကြိုးဆွဲချသေ သတင်း
မြောက်ကိုရီးယားသတင်းပေါက်ကြားမှုမျိုး စစ်အစိုးရက တပ်မတော်သားများကို အရေးယူမည် သတင်း
ကေအန်ယူကို တိုက်ရန် စစ်ကြောင်းများတက်လာသည့် သတင်းကြောင့် ဒေသခံတို့ ကြောက်ရွံ့နေကြ သတင်း
စာသားနယ်ခြားစောင့်တပ်ဖွဲ့ရေး မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရ ဆွေးနွေး သတင်း
နယ်ခြားစောင့်တပ်ကိစ္စ မွန်ပြည်သစ်ပါတီက အရေးပေါ်အစည်းအဝေး ခေါ်မည် သတင်း
စီအာပီပီက ဘန်ကီမွန်းကို စိတ်ပျက် သတင်း
ဘန်ကီမွန်းခရီးစဉ်နှင့် ပတ်သက်၍ လုံခြုံရေးကောင်စီတွင် အစီရင်ခံရန်ရှိ သတင်း
KNPP ကို အပစ်အခတ်ရပ်စဲရန် စစ်အစိုးရ ကမ်းလှမ်း သတင်း
ဒေါ်အောင်ဆန်းစုကြည်သီချင်း ယူတူးအဆိုတော် ဘိုနိုက ပဲရစ်မှာ သီဆို သတင်း
လှိုဏ်ခေါင်းသန်းရွှေနဲ့ ကြွက်တွင်းဂျုံအီး (သုံးသပ်ချက်ဆောင်းပါး)
လူမိုက်လက်သစ်လုပ်ရန် ကြံစည်နေသော စစ်အုပ်စုကို အရေးယူချိန်တန်ပြီ (အယ်ဒီတာ့အာဘော်)
ကျောင်းခန်းအတွင်း နှာခေါင်းစည်း မတပ်ရ သတင်း
နယ်စပ်ခြံစည်းရိုးကာရံမှု မိုင် (၄၀) ပြီးစီးပြီးနောက် ခေတ္တရပ်နား သတင်း
ရမ်းဗြဲမြို့နယ် ရပဒင်ကျေးရွာ လူကြီး (၁၂) ဦးကို မယကဥက္ကဋ္ဌကို မတိုင်ကြားဘဲ တံတားသစ် ဆောက်သည့် အတွက် တရားစွဲ သတင်း

ကြီးနိုင်ငယ်ညှင်း ၀ါဒ

07.14.09

အာဏာရှင်ရဲ့ လက်ခတ်သံ

ဆောင်းပါးရှင် – တပ်ကြပ် မင်းမင်း

ကျွန်တော် တွေ့ခဲ့ဖူးသမျှ တချို့အရာရှိတွေ စိတ်ဓါတ် မြင့်မားသလို လက်အောက် ငယ်သားနဲ့ ကျေးရွာလူထု အပေါ်မှာ အပြု သဘောဆောင် ကိုယ်ချင်းစာ တရား ထားတတ် ကြပါတယ်။ ဒါပေမဲ့ တချို့အရာရှိ တော်တော် များများကတော့ ကြီးနိုင် ငယ်ညှင်း ၀ါဒနဲ့ မတရား အုပ်ချုပ် တတ်ကြပါတယ်။ ၁၉၉၄ ခုနှစ် နှစ်ကုန်ပိုင်း လောက်မှာ ကျွန်တော်တို့တပ် အ.မ.တ ခွဲ (၀၈၂) ကို တပ်ခွဲမှူး အသစ် ရောက်ရှိ လာခဲ့တယ်၊ သူ့အမည်က ဗိုလ်မှူးမိုးဆွေ၊ ကြည်း (၁၇၆၅၀) ဖြစ်ပါတယ်။ သူ့မှာ ဇနီးသည်နှင့် သမီးလေး နှစ်ယောက် ရှိကာ သမီး အကြီးမက မျက်စိတဖက် ပျက်နေ ရှာတယ်။ သူမ မျက်စိ ပျက်စီးရခြင်းမှာ သူ့အဖေက သူ့သမီးကို ငယ်စဉ်က စစ်ခါးပတ်နဲ့ ရိုက်လိုက်ခြင်းကြောင့် မျက်စိတဖက် ဆုံးရှုံးသွားခြင်း ဖြစ်ကြောင်း သိရှိရပါတယ်။

ကျွန်တော် အဲဒီ ဗိုလ်မှူး မိုးဆွေအကြောင်းကို နည်းနည်း ပြောပြချင်ပါတယ်။ ဒီလူကြီးဟာ အင်မတန် အစား အသောက် မက်ပြီး ရက်စက် တတ်တဲ့ စိတ်ထားလည်း သူ့မှာရှိတယ်။ သူ့ပုံသဏ္ဍန်က အရပ်အမောင်း ကောင်းကောင်း အသားကမဲမဲ ၀လွန်းပြီး မျက်နှာမှာလဲ ကျောက်ပေါက် စက်တွေနဲ့မို့ စစ်သည် များက သူ့နောက်ကွယ်မှာ ဘီလူးကြီးလို့ သူ့ကို အမည်ပေးထား ကြပါတယ်။

သူ အရက် တစ်ခါသောက်ရင် ငါးဂျင်းဖန်ခွက် အကြီးစားနဲ့ အရက်အပြည့် ထည့်ပြီးတော့ နှစ်ခါလောက် မော့သောက် လိုက်ရင်ဘဲ ခွက်ထဲမှာ ကုန်သွား တော့တယ်။ တစ်နေ့ကို ဘီအီး နှစ်လုံးနဲ့ မဲခေါင် အရက်ပြား (၂)ပြား ပုံမှန် သောက်လေ့ရှိတယ်။ ထမင်းစားရင်လည်း ပန်းကန်ပြားနဲ့ မစားတတ်ဘူး၊ စတီးဇလုံ အကြီးစား တစ်လုံးထဲမှာ ထမင်းနဲ့ဟင်း ရောထည့်ပြီး ဘီလူးလို စားလေ့ရှိတယ်။

တစ်ညမှာ ကျွန်တော် ကြေးနန်းသွားအပို့ သူနေတဲ့ လေးခန်းတွဲလိုင်းက သူ့အခန်းရှေ့ ရောက်တော့ ဘိလပ်မြေ ခင်းထားတဲ့ သူ့အခန်း ကြမ်းပြင်မှာ မှောက်လျက် အနေအထားနဲ့ တပ်ခွဲမှူးမိုးဆွေကို တွေ့ရပြီး အမေရေ အမေရေနဲ့ အော်နေတာကိုလည်း တွေ့လိုက်ရ ပါတယ်။

Read More...

Monday, July 13, 2009

နေ့စဉ်သတင်းများ (၁၂- ၇- ၀၉)

မြန်မာ့ကျောက်စိမ်း ကူမင်း-အာဆီယံကျောက်မျက်ပြပွဲမှာ ရောင်းကောင်း သတင်း
အာဖရိကနိုင်ငံတွေ အုပ်ချုပ်ရေးကောင်းမွန်စေဖို့ သမ္မတအိုဘားမား တိုက်တွန်း သတင်း
အိန္ဒိယမှာ စီးပွားရေးမူဝါဒတွေပြောင်းဖို့ အစိုးရကပြောသလို မြန်မာနိုင်ငံမှာရော သတင်း
နျုကလီးယားစွမ်းအင်ဘေးကင်းစွာသုံးနိုင်ရေး အပိုင်း (၄)
နျုကလီးယားစွမ်းအင်ဘေးကင်းစွာသုံးနိုင်ရေး အပိုင်း (၃)
အသင့်လုပ်ရောင်း အစားအစာများရဲ့ ဘေး စိုးရိမ်ရဖွယ် သတင်း
အိန္ဒိယ-မြန်မာနှစ်နိုင်ငံက မိဘမဲ့ လေလွင့်ကလေးငယ်တွေရဲ့ အခြေအနေ သတင်း
အာဖန်ဂန်စစ်ပွဲ ဗြိတိန်ပါဝင်မှု အရေးပါကြောင်း အိုဘားမား ပြော သတင်း
ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရခိုင်ပြည်နယ်မှ (၆) ဘာသာဂုဏ်ထူးရှင် (၂၀) ဦးရှိ သတင်း
ပြည်သူလူထု ထမင်းငတ်သည်မှာ အရေးမဟုတ်ဟု တိုင်းမှူးသောင်းအေး ဆို သတင်း
ဒေါ်အောင်ဆန်းစုကြည် တရားရုံးချိန်း ဇူလိုင် (၂၄) သို့ ထပ်မံချိန်းဆို သတင်း
ပျောက်ဆုံးကလေးငယ် (၁၃) ဦး ကလေးစစ်သား ဖြစ်ဖွယ်ရှိ သတင်း
ထိုင်းလူမျိုး (၁၂၀၀) ခန့် A(H1N1) တုပ်ကွေးကြောင့် သေကြေပျက်စီးနိုင်ပြီး (၃) နှစ်အတွင်း လူဦးရေ သန်း (၃၀) ခန့် ဗိုင်းရပ်စ်ကူးစက်နိုင်သည်ဟုဆို သတင်း
အကြောင်းအမျိုးမျိုးပြ ငွေကြေးကောက်ခံနေခြင်းကြောင့် ကျောင်းသားမိဘများ စိတ်ညစ်နေရ သတင်း
ရထားလမ်း ခိုင်မာမှုမရှိသဖြင့် ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးနိုင် သတင်း
ရဲမင်းကြီးပိုင် ပုဇွန်တာ ဆည်ရာတွင် ရွာသားများအား လုပ်အားပေးစေခိုင်း သတင်း
တိုက်ပွဲဝင် မြန်မာအမျိုးသမီးများ (ဆောင်းပါး)

Sunday, July 12, 2009

အောင်ပွဲဆီသို့ဦးတည်ရာခြေလှမ်းများ (သို့မဟုတ်) ဆားဗီးယားလူထုလှုပ်ရှားမှု မဟာ ဗျူဟာများ

Saturday, June 6, 2009
ခင်မမမျိုး

မဟာဗျူဟာ။

စကားလုံးကား (၄)လုံးသာရှိသည်။ သို့ရာတွင် အစွမ်းထက်မှုကား မည်သည့် အရာနှင့်မျှ တုနှိုင်း မယှဉ်နိုင်။ စစ်မှုရေးရာ၊ စီးပွားရေးရာမှသည် နောက်ဆုံး လူတဦးချင်းဆီ၏ ဘ၀တိုးတက်ရေး အထိ ပိုင်စိုးပိုင်နင်း ၀င်ရောက် နေရာယူထားသည်။ လက်နက်အားကိုး အနိုင်ကျင့်သော အာဏာရှင် အစိုးရများအား လက်နက်မဲ့ ရင်ဆိုင် အနိုင်ယူရသည့် ကာလများတွင် ယင်းစကားလုံး(၄)လုံးသည် ပို၍ တန်ဖိုးရှိလာသည်။ အသက်နှင့် ရင်းရသည့် ကစားပွဲ။ ဘ၀နှင့် ရင်းသည့် ကစားပွဲ။ စနစ်ဆိုး တခုကို ဖြိုဖျက်နိုင်ဖို့၊ သန်းပေါင်းများစွာ၏ ဘ၀ဆိုးများကို ကယ်တင်နိုင်ဖို့ ကြိုးစားရသည့်ပွဲ။ မည်သို့ဆိုစေ တနေ့မှာတော့ အာဏာရှင် စနစ်ဆိုသည်မှာ ပြိုလဲရစမြဲ။ လူထုလှုပ်ရှားမှု အောင်ပွဲများကား သမိုင်းသက်သေ ထူခဲ့ပြီ။ ယင်းအောင်ပွဲဆီသို့ ဦးတည်ရာ ခြေလှမ်းများထဲမှ ဆားဗီးယား လူထုလှုပ်ရှားမှု မဟာ ဗျူဟာများအား လေ့လာကြည့်ကြပါစို့။

အော့ပါ(ခေါ်) ဆားဗီးယားလူထု လှုပ်ရှားမှုသည် ရာများများစွာသော လူငယ်များမှ စတင်ကာ ထောင်ပေါင်း များစွာသော လူပေါင်း များစွာဆီသို့ ပျံ့နှံ့ ရောက်ရှိသွားခဲ့သည်။ ရည်ရွယ်ချက်ကား ရှင်းသည်။ အာဏာရှင် အစိုးရအား ဖြုတ်ချရန်။ ကော်ဖီဆိုင်များ၊ ကျောင်းများတွင် လူငယ်များ စတင် စုဝေးခဲ့ကြသည်။ လှုံ့ဆော်စာများ၊ ပိုစတာများ၊ ကြွေးကြော်ချက် စာတမ်းများအား နေရာတကာတွင် ကပ်ခဲ့ကြသည်။ လမ်းများပေါ်တွင် စုဝေး ဆန္ဒပြခဲ့ကြသည်။

အာဏာရှင်ကလဲဒီအတိုင်းမနေပါ။ အာဏာရှင်ပီသစွာ ဖိနှိပ် ချုပ်ချယ်မှုများ ပြုလုပ်သည်။ ရဲတပ်ဖွဲ့မှ ဆန္ဒပြသူများကို ဖမ်းဆီး ရိုက်နှက်သည်။ ထောက်လှမ်းရေးများ၊ သတင်းပေးများအား နေရာအနှံ့ ချထားသည်။ နိုင်ငံပိုင် သတင်းဌာန များမှ တဆင့် ဆန္ဒပြသူများအား အကြမ်းဖက် သမားများအဖြစ် ကြေငြာသည်။

မည်သို့ဆိုစေ အမှန်တရားဆိုသည်ကား ဒီလိုညစ်ညမ်းသည့် နည်းများဖြင့် ဖုံးဖိ၍ မရစကောင်း။ လူငယ်များ၏ လှုပ်ရှားမှုဆီသို့ အလုပ်သမားနှင့် ပညာရှင်များ ပူးပေါင်း ပါဝင်လာခဲ့ကြသည်။ အာဏာရှင် စနစ်အား လူထု လှုပ်ရှားမှု နည်းဖြင့် အနိုင်ယူ တိုက်ဖျက် နိုင်ခဲ့သည်။

ယင်းလူထုလှုပ်ရှားမှုအား လူငယ်များမှ စတင်ခဲ့သည်။ အော့ပါတွင် ခေါင်းဆောင်မရှိ။ လူငယ် တော်လှန်ရေး သမားများ အားလုံးသည် ခေါင်းဆောင်များပင် ဖြစ်သည်။ လှုပ်ရှားမှု တာဝန်များကို ခွဲဝေယူကြသည်။ စည်းကမ်းရှိရှိ ဆောင်ရွက်ကြသည်။ လှုပ်ရှားမှုများ လုပ်ရုံ တခုတည်းနှင့် တော်လှန်ရေး အောင်ပွဲ မရနိုင်ကြောင်းကို သူတို့ကောင်းစွာ သဘောပေါက်ခဲ့ကြသည်။ ချိတ်ဆက် လှုပ်ရှားနေကြသော အုပ်စုငယ်များ အားလုံး ယုံကြည်စွာ အကောင်အထည် ဖော်ရမည့် မဟာဗျူဟာများ ရှိရမည်ဟု သူတို့ နားလည်ခဲ့ကြသည်။

Read More...

အပေါ်သို့