Friday, April 5, 2013

ထန်းတပင် လုယက်မှုတွင် ရဲ ၂ ဦးပါဝင်ပတ်သက်နေဟုဆို

April 5, 2013

ရန်ကုန်တိုင်း ထန်းတပင်မြို့နယ်တွင် လူငယ် ၃ ယောက်အား ဆိုင်ကယ်သူခိုးဟု စွပ်စွဲ၍ ထိုးကြိတ်ရိုက်နှက်ပြီး ရွှေဆွဲကြိုး ၂ ကုံး လုယူသွားမှုတွင် ရဲတပ်ဖွဲ့ဝင် ၂ ဦး ပါဝင်နေသည်ဟု သိရသည်။

ထိုလုယက်မှုသည် မတ်လ ၁၇ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး လုယက် ရိုက်နှက်သူ ၄ ဦးတွင် ၂ ဦးမှာ ရဲတပ်ဖွဲ့ဝင်များ ဖြစ်၍ ၂ ဦးမှာ အရပ်သားများဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့ဝင် ၂ ဦးကို ထောက်ကြံ့ ရဲစခန်းရှိ အချုပ်တွင် ထိန်းသိမ်းထားသော်လည်း အရပ်သား ၂ ဦးမှာ ယခုအထိ ထွက်ပြေးလွတ်မြောက် နေဆဲဖြစ်ကြောင်း၊ လုယက်သူများကပင် စတင် တရားစွဲဆိုထားကြောင်း၊ အပြန်အလှန် တရားစွဲမှုများ ဖြစ်နေကြောင်း အရိုက်ခံခဲ့သည့် ကိုရန်ကျော်၏ ဖခင် ဦးလှဦးက ပြောသည်။

Read More...

တရားဝင် ကိုယ်ဝန်ဖျက်ချခွင့် လွှတ်တော်သို့ တင်ပြ

ထက်နိုင်ဇော်
April 4, 2013

မြန်မာနိုင်ငံတွင် တရားဝင် ကိုယ်ဝန်ဖျက်ချခွင့် မရှိသည့်အတွက် အမျိုးသမီးများ အသက် ဆုံးရှုံးမှုများ ရှိနေသောကြောင့် အစိုးရ ဆေးရုံ၊ ဆေးခန်းများတွင် တရားဝင် ကိုယ်ဝန်ဖျက် ချခွင့် ရရှိရန် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်သို့ တင်ပြ ခဲ့ကြောင်း ဗဟန်းမဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက ပြောသည်။

“မလိုချင်တဲ့ ကိုယ်ဝန်ကို လုံခြုံစိတ်ချစွာ ဖျက်ချခွင့် အစိုးရက စီစဉ်ပေးရမယ်။ တရားဝင် ခွင့်ပြုချက်မရရင် ကလေး ဖျက်ချခွင့် မရှိတဲ့ အတွက် မဖြစ်သင့်တဲ့ အသက်ဆုံးရှုံးမှုတွေ ရှိနေတယ်။ တခြားနိုင်ငံတွေမှာဆိုရင် မလိုချင်တဲ့ အချိန်မှာ ကလေးမဖြစ်ခင် ကတည်းက ခွဲစိတ်မှုတွေ လုပ်လို့ရတယ်” ဟု အမျိုးသမီး လွှတ်တော်အမတ် ဒေါက်တာ ညိုညိုသင်းက ဧရာဝတီသို့သည်။

Read More...

ပုဂံဒေသ မြေယာ ဈေးနှုန်းများ မြင့်တက်

ရန်ပိုင်
April 4, 2013

ပုဂံဒေသရှိ မြေယာဈေးနှုန်းများသည် ပြီးခဲ့သည့် ၆ လအတွင်းမှ စတင်၍ များစွာမြင့်တက် လာကြောင်း သိရသည်။

ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးလာပြီး ရင်းနှီးမြှုပ်နှံလိုသူ များလာခြင်းကြောင့် ထိုသို့မြေယာဈေးများ မြင့်တက်လာခြင်း ဖြစ် သည်ဟု ဒေသခံများက ပြောသည်။

အစိုးရသစ်လက်ထက် နိုင်ငံခြားသား ခရီးသွားဧည့်သည် လာရောက်လည်ပတ်မှု များပြားလာခြင်းကြောင့် ဟိုတယ်လုပ်ငန်း လုပ် ကိုင်လိုသူ များပြားလာရာ ဘိုးဘွားပိုင်နှင့် အမည် ပေါက် ဂရန်မြေများသာမက တောင်သူများစိုက်ပျိုးနေသည့် ယာမြေများကို ၀ယ်ယူ မှုများရှိလာကြောင်းလည်း ဒေသခံများက ဆိုသည်။

Read More...

SSA-N တပ်များ ထပ်ဆုတ်ပေးနိုင်မည်မဟုတ်ဟု ဆို

ဖနိဒါ
ဧပြီလ ၀၄ ရက် ၂၀၁၃ ခုနှစ်

ပြည်ထောင်စုအဆင့် နှစ်ဖက်သဘောတူညီချက်အရ အခြေစိုက်နေထိုင်နေခြင်း ဖြစ်၍ အစိုးရ စစ်တပ်က ရှမ်းပြည်မြောက်ပိုင်းတပ်မတော် SSA-N တပ်စခန်းများကို ဆုတ်ခွာပေးရန် ပြောဆိုမှု လက်ခံမည် မဟုတ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလှက ပြောသည်။

ဧပြီလ ၃ ရက်နေ့က အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ)ရှိ ရွှေလီရိပ်သာတွင် အစိုးရ ဝန်ကြီးနှစ်ဦးနှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့ကြောင်း မဇ္ဈိမကို ပြောသည်။

Read More...

လှုံ့ဆော်သူများကို ထိရောက်စွာ နှိမ်နင်းရန် HRW တိုက်တွန်း

Rosie Gogan-Keogh
ဧပြီလ ၀၄ ရက် ၂၀၁၃ ခုနှစ်

ဧပြီလ (၁) ရက်နေ့က ထုတ်ပြန်သော သတင်းတပုဒ်တွင် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က မြန်မာနိုင်ငံ အစိုးရအား မိတ္ထီလာနှင့် မြန်မာနိုင်ငံ အလယ်ပိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများအား သက်ဆိုင်သူများမှ စေ့စေ့စပ်စပ် စုံစမ်းရန်နှင့် အပြစ်ပေးရန် ပြောဆိုလိုက်သည်။

“ မိတ္ထီလာတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး တာဝန်များကို မြန်မာအစိုးရ အနေဖြင့် အသေးစိတ် လေ့လာ စုံစမ်းသင့် ပါကြောင်း၊ ၀န်းကျင်ဒေသ တစ်ခုလုံး လောင်ကျွမ်းခြင်း နှင့် ရက်စက်စွာ သတ်ဖြတ်မှုတို့ မှ ရပ်တန့်ရန် ရဲတပ်ဖွဲ့ကလုပ်ဆောင်ရန်အားနည်းခဲ့သည်” ဟု နယူးယောက် အခြေစိုက် လူ့အခွင့်အရေးဆိုင်ရာ NGOမှ အာရှဆိုင်ရာ ညွှန်ကြားရေးမှုး Brad Adams က ပြောကြားသည်။

Read More...

မြောက်ဦးယဉ်ကျေးမှု ထိန်းသိမ်းရေး စိုးရိမ်ဘွယ် အနေအထား၌ ရှိနေဆဲ

သိန်းလှိုင်
ဧပြီလ ၀၄ ရက် ၂၀၁၃ ခုနှစ်

ယမန်နှစ်က ကမ္ဘာ့အမွေအနှစ်များ ရန်ပုံငွေအဖွဲ့(Global Heritage Fund) မှ ထုတ်ပြန်သော အစီရင်ခံစာတွင် မြောက်ဦးမြို့ကို အာရှတိုက်၏ စိုးရိမ်ဖွယ်ရာ အခြေအနေနှင့် ရင်ဆိုင် နေရသော ယဉ်ကျေးမူ အမွေအနှစ် ၁၀ခု စာရင်းသွင်းခဲ့ပြီး တနှစ်တာကြာသည့် ယနေ့အချိန်ထိ “မြောက်ဦးမြို့တော်၏ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးမှာ လွန်စွာစိုးရိမ်ဘွယ် အနေအထား၌ပင် ရှိနေဆဲဖြစ်ကြောင်း” ရခိုင် သမိုင်းပညာရှင်များက သုံးသပ်ကြသည်။

၂၀၁၂ခုနှစ်၊ မေလ ၃ ရက်နေ့က ထုတ်ပြန်ခဲ့သည့် အဆိုပါ အစီရင်ခံစာတွင် အာရှတိုက်၏ ရှေးခေတ် ဗိသုကာ လက်ရာများမှာ စီးပွားရေးလုပ်ငန်းများ ထွန်းကားလာခြင်း၊ လုံလောက် သော ပြုပြင် ထိန်းသိမ်းမှု မရှိခြင်း၊ ခိုးယူလုယက်ခြင်း၊ စစ်မက်ဖြစ်ပွားခြင်းနှင့် ခရီးသွားလုပ်ငန်းများ ကျယ်ပြန့်လာခြင်း တို့ကြောင့် ပျက်စီးပျောက်ကွယ်မည့် ဘေးအန္တရာယ်နှင့် ရင်ဆိုင် နေရသည့် နေရာ၁၀ခုတွင် ထိုင်းနိုင်ငံမှ အယုဒ္ဓယ၊ အာဖဂန်နစ္စတန်နိုင်ငံမှ ဗုဒ္ဓသာသနိက အဆောက်အအုံ တခု၊ တရုတ်နိုင်ငံမှ ရှေးဟောင်းမြို့တော် တခုနှင့် အတူ မြန်မာနိုင်ငံမှ ရှေးဟောင်းမြို့တော် မြောက်ဦးကိုလည်း ဖော်ပြထားသည်။

Read More...

အင်ဒိုနီးရှား-မြန်မာ ကုန်သွယ်မှု ၂၀၁၆ တွင် ဒေါ်လာသန်း တထောင်ဖြစ်ရန် မှန်း

ခင်မျိုးသွယ်
ဧပြီလ ၀၄ ရက် ၂၀၁၃ ခုနှစ်

အင်ဒိုနီးရှားနှင့် မြန်မာ ကုန်သွယ်မှု ပမာဏကို လာမည့် ၂၀၁၆ ခုနှစ်တွင် ဒေါ်လာ ၁ ဘီလီယံထိ ရောက်ရှိလာရန် နှစ်နိုင်ငံ ခေါင်းဆောင်များ ဆွေးနွေးခဲ့ကြသည်။

နေပြည်တော်တွင် ကုန်သွယ်ရေးဝန်ကြီး ဦးဝင်းမြင့်နှင့် အင်ဒိုနီးရှား စီးပွားရေးဝန်ကြီး ဟတ္တာ ရာဂျာဆာ (Hatta Rajasa)တို့ ဧပြီလ ၂ ရက်နေ့က တွေ့ဆုံဆွေးနွေးအပြီး အင်ဒို နိုင်ငံပိုင် လုပ်ငန်းများ ဝန်ကြီး ဒါလန် အစ္စကန် (Dahlan Iskan)က ပြောကြားရာတွင် ၎င်းတို့၏ ကုမ္ပဏီကြီး သုံးခု မြန်မာနိုင်ငံတွင် လုပ်ကိုင်ရန် လိုင်စင်ရပြီးကြောင်း ထုတ်ဖော်ပြောကြား သွား သည်။

Read More...

လူပျောက်တိုင်ထားသော ကိုရဲမင်းဦးအား အနောက်ပိုင်းခရိုင်တွင် ရုံးထုတ်

ခိုင်ခိုင်၊ သိန်းလှိုင်
ဧပြီလ ၀၄ ရက် ၂၀၁၃ ခုနှစ်

လွန်ခဲ့သည့် မတ်လ ၂၅ ရက်နေ့မှစ၍ ဖမ်းဆီးသွားခဲ့သော ကျောင်းသားသမဂ္ဂများ အဖွဲ့ချူပ် (ဖြစ်မြောက်ရေး ကော်မတီ) မှ ကိုရဲမင်းဦးအား အနောက်ပိုင်းခရိုင် တရားရုံးတွင် ယနေ့ ရုံးထုတ်ခဲ့ခြင်းအပေါ် လျင်မြန်လွန်းသဖြင့် အမှုကို တာဝန်ယူထားသူ ရှေ့နေပင် မသိလိုက်ကြောင်း ပြောသည်။

ကိုရဲမင်းအောင်က “ဒီနေ့ရုံးထုတ်တာလား။ လူခေါ်ထုတ်ပြတာလား ဆိုတာတော့ မသိဘူး။ မတရားဘူးလို့ ကျွန်တော် မြင်ပါတယ်” ဟုမဇ္ဈိမကို ပြောသည်။

Read More...

မြန်မာ့ ဓာတ်အား လိုင်းများ ကောင်းမွန်ရေး ကူညီရန် ထိုင်း လေ့လာနေ

Bangkok Post
ဧပြီလ ၀၄ ရက် ၂၀၁၃ ခုနှစ်

မြန်မာနိုင်ငံ၏ မြင့်တက်လာသော လျှပ်စစ်မီး လိုအပ်ချက်များအရ ဓာတ်အားလိုင်းများကို အဆင့်မြှင့်တင် ပြင်ဆင်တိုးချဲ့ရေး အတွက် ထိုင်းနိုင်ငံ တိုးတက်ရေး အေဂျင်စီမှ ချေးငွေ ဘတ် ၁ ဘီလျံအား ရရှိရန် ရန်ကုန်မြို့ လျှပ်စစ်မီး ဖြန့်ဝေပေးရေး ဘုတ်အဖွဲ့က မျှော်မှန်းလျက်ရှိသည်။

ယာယီ လျှပ်စစ် အာဏာပိုင်ပဖွဲ့ PEA အား စီမံကိန်း ကို စီမန်ခံခွဲ၍ ဦးစီးဦးရွက် ပြုလုပ်နိုင်ရန် ခန့်အပ်ထားပြီး ဖြစ်သည်ဟု အိမ်နီးချင်းနိုင်ငံများ စီးပွားရေးဆိုင်ရာ တိုးတက်ရေးအေဂျင်စီ (NEDA)မှ ဥက္ကဌ နှင့် အမှုဆောင်အရာရှိချုပ် ဖြစ်သူ Acksiri Buranasiri မှ ပြောကြားသည်။

Read More...

မတည်ငြိမ်မှု ဖြစ်စဉ်များနှင့်ဆက်စပ်၍ ရခိုင် ၁၄ ဦး အရေးယူခံထားရ

သိန်းလှိုင်
ဧပြီလ ၀၃ ရက် ၂၀၁၃ ခုနှစ်

မတ်လမှ စ၍ ရခိုင်ပြည်နယ်အတွင်း ဆန္ဒပြမှုများ အပါအဝင် လတ်တလောမတည်ငြိမ်မှု ဖြစ်စဉ်များနှင့် ဆက်စပ်၍ ရခိုင်အမျိုးသား အနည်းဆုံး ၁၄ ဦး အရေးယူခံထားရကြောင်း ရခိုင်လူမှုကွန်ယက် တာဝန်ရှိသူများက ဆိုသည်။

ဂွမှ ကိုရဲမင်းဦးနှင့် သံတွဲမြို့နယ်မှ ဦးထွန်းဝင်းနှင့် ဦးသန်းမောင်တို့မှာ အထိန်းသိမ်းခံအဖြစ် ရှိနေပြီး တောင်ကုတ်မှ ဦးမင်းထွန်း၊ ဦးစိုးဝင်း၊ ဦးသန်းလွင်စိုး နှင့် ရသေ့တောင်မှ ဦးတိုးတိုး၊ ဦးသန်းဌေးတို့မှာ ရုံးတင် တရားစွဲဆိုခြင်း ခံနေရသည်။ စစ်တွေမှ ဦးကျော်ဇောဦး၊ ဒေါ်ညိုအေးနှင့် ကျောက်တော်မှ ဦးမောင်သိန်းလှိုင်၊ ဦးမောင်ဝင်း၊ ဒေါ်လှမေ၊ ဒေါ်တင်တင်အေး တို့မှာ ရဲစခန်းမှ အမှုဖွင့်ပြီး အာမခံဖြင့် လွှတ်ပေးထားကြောင်း သိရသည်။

Read More...

နယူးယောက် အမျိုးသမီးပွဲ မြန်မာ Me N Ma အဖွဲ့ ဖျော်ဖြေမည်

မခင်ဖြူထွေး
04.04.2013

မြန်မာနိုင်ငံက လူငယ်အမျိုးသမီးတေးသံရှင် ၅ ဦးရဲ့ Me N Ma အဖွဲ့ဟာ နယူးယောက်မြို့မှာ ကျင်းပနေတဲ့ လေးကြိမ်မြောက် ကမ္ဘာပေါ်က အမျိုးသမီးများရဲ့ ဆွေးနွေးပွဲမှာ ပါဝင် ဖျော်ဖြေဖို့ ရှိနေပါတယ်။ ဧပြီလ ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာပြုလုပ်တဲ့ ဒီအမျိုးသမီးများရဲ့ အခမ်းအနားကို နံမည်ကြီး အနုပညာရှင်တွေ အပါအ၀င် ကမ္ဘာကျော် လူပုဂ္ဂိုလ်တွေ အများ အပြား တက်ရောက်နေတာ ဖြစ်သလို ဒီလိုပွဲမျိုးမှာ ပါဝင်ဖျော်ဖြေခွင့်ရတဲ့အတွက် Me N Ma အဖွဲ့က အထူးဂုဏ်ယူတယ်လို့ ဗွီအိုအေကို ပြောပါတယ်။ တကမ္ဘာလုံးက အမျိုးသမီးတွေနဲ့ ဆိုင်တဲ့ အခုလိုပွဲမျိုးမှာ သူတို့အဖွဲ့ ဖျော်ဖြေဖို့ ဖြစ်လာခဲ့ပုံကို Me N Maအဖွဲ့က အမွန်းက အခုလို ပြောပြပါတယ်။

Read More...

မြေမြုပ်မိုင်း အသုံးပြုဆဲနိုင်ငံ မြန်မာ ပါဝင်

ကိုသားညွန့်ဦး
04.04.2013

ကမ္ဘာအရပ်ရပ်က သန်းနဲ့ချီ လူသားတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေ တဲ့ စစ်ပွဲ လက်ကျန် မြေမြုပ်မိုင်းနဲ့ ပေါက်ကွဲရေးပစ္စည်းတွေကို လုံးဝ အဆုံးသတ် ဖယ်ရှားဖို့ ဆိုပြီး မနေ့က ကျရောက်တဲ့ မြေမြုပ်မိုင်းတွေနဲ့ ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာ အသိမြှင့်တင်ရေးနေ့ International Day of Mine Awareness နေ့မှာ ကမ္ဘာ့ကုလသမဂ္ဂက တိုက်တွန်း တောင်းဆို လိုက်ပါတယ်။ ဒါနဲ့ပတ်သက်လို့တော့ ဂျနီဗာမြို့ကနေ Lisa Schlein သတင်းရေးသားပေးပို့ချက်ကို ကိုသားညွန့်ဦးက တင်ဆက်ပေးထားပါတယ်။

မြေမြုပ်မိုင်းတွေဟာ ကမ္ဘာ့နိုင်ငံပေါင်း ၅၉ နိုင်ငံနဲ့ အခြားနေရာ ၆ ခုတို့မှာ ရှိနေတုန်းပဲ လို့ ကုလသမဂ္ဂ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ဒီ စစ်လက်နက်တွေ အပြင် အခြား စစ်ကျန် ပေါက်ကွဲစေတဲ့ လက်နက် ပစ္စည်းတွေဟာ နိုင်ငံ အတော် များများမှာ ပြည်သူတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေသလို၊ ဖွံဖြိုးမှု အလားအလာတွေကိုလည်း ထိခိုက်စေတယ်လို့ ဆိုထားပါတယ်။

Read More...

မိတ္ထီလာ အကြမ်းဖက်မှုနဲ့ ပတ်သက်သူ တချို့ကို မကြာခင် ရုံးတင်မည်

ကိုအောင်လွင်ဦး

04.04.2013
မကြာသေးခင်တုန်းက မန္တလေးတိုင်း မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ဆူပူမှုတွေနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေက လူအများအပြားကို ဖမ်းဆီးထားပြီး မကြာခင်မှာ ရုံး ထုတ်စစ်ဆေးဖို့ စီစဉ်နေပါတယ်။ လူသေဆုံးမှုတွေ အိုးအိမ် အဆောက်အဦးတွေ ပျက်စီးဆုံးရှုံးမှုတွေ အကြီးအကျယ် ကြုံခဲ့ရပြီးတော့နောက် ဒုက္ခရောက်ခဲ့ရသူတွေကတော့ ယာယီ ခိုလှုံရာ စခန်းတွေမှာ နေထိုင်နေကြ ရဆဲပါ။ မိတ္ထီလာမြို့ရဲ့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့တော့ ကိုအောင်လွင်ဦး က အပြည့်အစုံ တင်ပြပေးထားပါတယ်။

မကြာသေးခင်တုန်းက သွေးထွက်သံယို တိုက်ခိုက်မှုတွေနဲ့ ဆက်နွယ်ပြီး တာဝန်ရှိသူတွေအဖြစ် သံသယရှိသူတွေကို အာဏာပိုင်တွေက ဖမ်းဆီးထားပြီး အစောဆုံး ဒီသီတင်းပတ်ထဲမှာ ရုံးတင်စစ်ဆေးတော့မှာ ဖြစ်တဲ့အကြောင်း မိတ္ထီလာ တရားရုံးက ပြောပါတယ်။ ဖမ်းဆီးထားတဲ့ လူတွေထဲက ၄၀ ကျော်ကိုတော့ အခုအခါ အာဏာပိုင်တွေက ဆူပူမှုတွေနဲ့ ဆက်နွယ်တဲ့ အမှုတွေနဲ့ ရုံးတင် စစ်ဆေးဖို့ စီစဉ်ထားတာလို့လည်း မိတ္ထီလာမြို့က တရားရေးဝန်ထမ်း တဦးကပြောပါတယ်။

Read More...

လက်ကိုင်ဖုံးတွေအတွက် Facebook ရဲ့ ဆော့ဖ်ဝဲလ်သစ်

04.04.2013

Android Operating System သုံးလက်ကိုင်ဖုန်းတွေအတွက် Home ဆိုတဲ့ Software အသစ်ကို Facebook ကုမ္ပဏီက မိတ်ဆက်လိုက်ပါတယ်၊ Facebook လူမှုကွန်ယက် Website ကို သုံးစွဲနေကြသူတွေထဲက လူသန်းပေါင်း ၁ ထောင်ကျော်ဟာ သူတို့ရဲ့ နောက်ဆုံးပေါ် လက်ကိုင်ဖုန်းတွေ၊ Tablet Computer တွေသုံးပြီး Facebook site ကိုသုံးနေကြတာပါ။

Read More...

ကြက်ငှက်တုပ်ကွေး ပိုးသစ်ကြောင့် တရုတ်မှာ ငါးဦးသေဆုံး

04.04.2013

တရုတ်နိုင်ငံတဝှမ်းမှာ ကြက်ငှက်တုပ်ကွေး ပိုးအသစ်ကြောင့် သေဆုံးသူဟာ ၅ ယောက် ရှိသွားပါပြီ၊ သူ့အလုပ်ကြောင့် ကြက်ငှက်တွေနဲ့ တိုက်ရိုက် ထိတွေ့ရသူ အသက် ၄၈ နှစ်အရွယ် ရှန်ဟိုင်းက အမျိုးသားတယောက်သေဆုံး သွားတယ်ဆိုတာကို တရုတ်တာဝန်ရှိသူတွေနဲ့ အစိုးရ သတင်းမီဒီယာတွေက ကြာသပတေးနေ့က အတည်ပြုခဲ့ပါတယ်။

Read More...

သမ္မတဟောင်း ကာတာ တိုင်းရင်းသား ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံ

2013-04-04

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာဟာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အပါအ၀င် တိုင်းရင်းသားပါတီ အချို့နဲ့ လူမှု့အဖွဲ့အစည်းအချို့က တာဝန်ရှိသူတွေကို ဒီကနေ့ ညနေပိုင်းက ချက်ထရီယမ် ဟိုတယ်မှာ တွေ့ဆုံခဲ့ပါတယ်။

အခုလိုတွေ့ဆုံခဲ့ရာမှာ မြန်မာနိုင်ငံက တိုင်းရင်းသား ပြဿနာတွေနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာ အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့ ရှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဥက္ကဌ ဦးခွန်ထွန်းဦးက RFA ကိုပြောပါတယ်။

Read More...

၁၅၀၀ တန် ဆင်းမ်ကဒ် ဖြန့်ချိရေး ပြည်နယ် တိုင်းဒေသအဆင့် ဆွေးနွေးဆဲ

2013-04-04

လာမယ့် ဧပြီလ ၂၄ ရက်နေ့မှာ ကျပ် ၁၅၀၀ နဲ့ စတင်ရောင်းချပေးမယ့် မိုဘိုင်းဖုန်း ဆင်းမ်ကဒ်တွေကို ပြည်သူတွေလက်ဝယ်အရောက် ရောင်းချနိင်ဖို့ သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ မြန်မာ့ဆက်သွယ်ရေး ဝန်ကြီးဌာနတို့ ညှိနှိုင်းနေကြပြီဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူတွေလက်ထဲ ဆင်းကဒ် ၃ သိန်းခွဲကို လစဉ်လတိုင်း ဒေသကြီးအစိုးရအဖွဲ့တွေကနေ ရောင်းချပေးဖို့အတွက် တာဝန်ပေးလိုက်ခြင်းဖြစ်တယ်လို့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က RFA ကို ပြောပါတယ်။

Read More...

လယ်မြေပြန်ရရေး ပန်းတနော် လယ်သမား ၄၀၀ ခန့် ဆန္ဒပြ

2013-04-04

ဧရာဝတီတိုင်း ပန်းတနော်မြို့နယ် အိုးဘိုကျေးရွာအုပ်စု၊ ဘုရားစုကျေးရွာက လယ်သမား ၄၀၀ ကျော်တို့ဟာ မတရားသိမ်းဆည်းခံထားရတဲ့ လယ်မြေတွေပြန်ရဖို့ ဒီကနေ့ တောင်း ဆိုဆန္ဒပြခဲ့ကြပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးငြိမ်းမြိုင် သိမ်းယူထားတဲ့ လယ်ဧက ၁၇၅၀ ကျော် ပြန်လည်ရရှိရေးအတွက် ဘုရားစုကျေးရွာအနီးက ကြုံလမတ်ကန်အနီးမှာ ဆန္ဒပြတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

Read More...

ဘာသာရေးကိစ္စ စွဲချက်တွေနဲ့ ကိုရဲမင်းဦးကို ရုံးထုတ်စစ်ဆေး

2013-04-04

ပျောက်ဆုံးနေတယ်လို့ မိသားစုက ကြေညာချက်ထုတ်ပြန် ပြောကြားထားတဲ့ ကျောင်းသားများ သမဂ္ဂ ဖြစ်မြောက်ရေးအဖွဲ့ အတွင်းရေးမှူး ကိုရဲမင်းဦးကို ပုဒ်မ၅၀၅(ခ) နဲ့ ကျောက်တံ တားမြို့နယ် အနောက်ပိုင်းခရိုင်တရားရုံးမှာ ဒီကနေ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

သူ့အမှုကို ဆက်လက်ပြီး ချေပဖို့အတွက် တရားလွှတ်တော် ရှေ့နေဦးအောင်သိန်းနဲ့ ဦးကျော်ဟိုး တို့က လိုက်ပါဆောင်ရွက်ပေးကြမယ်လို့ ကိုရဲမင်းဦးရဲ့ ညီဖြစ်သူ ကိုရဲမင်းအောင်က RFA ကို ပြောပါတယ်။

Read More...

ပြည်ပက လေ့လာတဲ့အဖွဲ့တွေ မပါတဲ့အတွက် ဆွေးနွေးပွဲကို KIO ရက်ရွေ့ဆိုင်း

2013-04-04

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် ဧပြီလ ၆ ရက်နေ့ မြစ်ကြီးနားမြို့မှာ ချိန်းဆိုထားတာ ကို ပြည်ပစောင့်ကြည့်လေ့လာတဲ့ အဖွဲ့အစည်းတွေ မပါဝင်တဲ့အတွက် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က ရက်ရွှေ့ဆိုင်းလိုက်ပါတယ်။

Read More...

Thursday, April 4, 2013

အပျော်ဖက်မယ့် သင်္ကြန်၊ အတော်ခက်တဲ့ သင်္ကြန်

မစပ်စု
April 3, 2013

မဝေးတော့တဲ့ အချိန်ကာလမှာ တနှစ်ကုန်လို့ တနှစ်ကူးတော့မယ့် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေရဲ့ နှစ်သစ်ကူး သင်္ကြန်အချိန်အခါ သမယကို ရောက်ရှိလာတော့မှာပါ။ ဒီလို အချိန် အခါမှာ ဗုဒ္ဓဘာသာ မြန်မာ လူမျိုးတွေအနေနဲ့ နှစ်ဟောင်းက အညစ်အကြေး တွေကို နှစ်သစ်ကို ပါမသွားရလေအောင် သင်္ကြန်ရေ ဆိုတဲ့ အတာရေနဲ့ ဆေးကြောပက်ဖျန်းလို့ ကောင်းမှုကုသိုလ်တွေ ပြုကြ၊ ဥပုသ်သီလတွေ ဆောက်တည်ကြနဲ့ နှစ်သစ်ကို ဖြတ်သန်းတတ်ကြတဲ့ ချစ်စရာဓလေ့ ထုံတမ်းအစဉ်အလာတွေဟာ ဟိုးယခင် အုပ်ချုပ်သူ မင်းများ လက်ထက် ခေတ်အဆက်ဆက် ကတည်းက တည်ရှိလာခဲ့တယ်ဆိုရင် မမှားပါဘူး။

သင်္ကြန်အချိန်အခါဆို ရပ်ကွက်အလိုက်၊ မြို့နယ်အလိုက် စတုဒိသာတွေ ကျွေးလို့ သပြေခက်နဲ့ ရေပက်၊ ငွေဖလားနဲ့ ရေလောင်း မောင်နဲ့နှမ သားနဲ့အမိ ချစ်စဖွယ် ကြည်စယ်ကြတဲ့ လူငယ်တွေဘာသာဘာဝ ချစ်စရာ့သင်္ကြန် အငွေ့အသက် တွေဟာ ဒီဘက်ခေတ်မှာ တဖြည်းဖြည်း နည်းသထက်နည်း၊ ပျောက်သထက် ပျောက်၊ နောက်ဆုံး စာအုပ်ထဲမှာပဲ ရှာဖတ်ရ တော့မယ့် အနေအထားကို ရောက်ရှိလာခဲ့ ရတာပါ။

Read More...

Wednesday, April 3, 2013

ဒဿမနေ့မြောက် ရခိုင်ပြည်နယ် လွှတ်တော် အစည်းအဝေး ဆက်လက်ကျင်းပ

April 3, 2013

ရခိုင်ပြည်နယ် လွှတ်တော် အစည်းအဝေးအား ယနေ့ (ဧပြီ ၃ ရက်နေ့) တွင် ဒဿမနေ့မြောက် ဆက်လက် ကျင်းပနေသည်ဟု သတင်း ရရှိသည်။

လွှတ်တော် အစည်းအဝေးတွင် အဓိကအားဖြင့် စီမံကိန်းများနှင့် ၂၀၁၃-၂၀၁၄ ရခိုင်ပြည်နယ် ဘတ်ဂျက်ကို အဓိကထား ဆွေးနွေးနေသည်ဟု သိရသည်။

စီမံကိန်းများထဲတွင် ဆောက်လုပ်ရေးဌာန၏ ဘတ်ဂျက် သုံးစွဲမည့် ငွေပမာဏမှာ အများဆုံး ဖြစ်ပြီး ရခိုင်ပြည်နယ် ဘတ်ဂျက်၏ ၆၀ ရာခိုင်နုန်းကို ဆောက်လုပ်ရေး ကဏ္ဍတွင် အသုံးပြုသွားမည်ဟု လွှတ်တော်သို့ တက်ရောက်နေသူ စစ်တွေ မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။

Read More...

စစ်တွေ တက္ကသိုလ်ဝင်း အတွင်း လောင်ကျွမ်းခဲ့သောမီးမှာ ပေါ့ဆမီးဟု ဆို

April 3, 2013

ရခိုင်ပြည်နယ် စစ်တွေ တက္ကသိုလ်ဝင်း အတွင်း မတ်လ ၃၀ ရက်နေ့က လောင်ကျွမ်းခဲ့သောမီးမှာ ပေါ့ဆမီး ဖြစ်ကြောင်း ဧပြီလ ၂ရက်နေ့ထုတ် မြန်မာ အစိုးရ သတင်းစာ ကြေးမုံတွင် ဖေါ်ပြသည်။

လောင်ကျွမ်းခဲ့သော မီးကြောင့် တက္ကသိုလ်ဝင်း အထဲမှ အပင်ငယ်များ တဧကခန့် လောင်ကျွမ်းခဲ့ပြီး အဆောက်အဦးများ လောင်ကျွမ်းခဲ့ခြင်း မရှိဟု ဆိုသည်။

Read More...

ဧက ၅၀ အကျယ်အ၀န်းရှိမည့် Solar System ဖြင့် စစ်တွေကို လျှပ်စစ်မီး ပေးဝေမည့် စီမံကိန်း များမကြာမီ စတင်မည်

April 3, 2013

ရခိုင်ပြည်နယ် စစ်တွေမြို့ကို ဆိုလာ စနစ် ( Solar System) ဖြင့် လျှပ်စစ်မီး ပေးဝေနိုင်ရေး အတွက် မြေနေရာ ဧက ၅၀ ခန့် လိုအပ်နေရာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ မြေနေရာ ရရှိရေးကို စီစဉ် ဆောင်ရွက်လျှက်ရှိကြောင်း သတင်း ရရှိသည်။

“ နေရာ သတ်မှတ်နိုင်ရေး အတွက် မြေနေရာကို လိုက်ရှာနေတဲ့ နေရာမှာ မနေ့ကတော့ ယခင် သချိုင်္င်းဟောင်း အာကျိတ်တောင်ကုန်းကို သွားကြည့်ပါတယ်။ အဲဒီနေရာက အကောင်း ဆုံး ဖြစ်မယ်လို့တော့ အားလုံးက ယူဆနေကြပါတယ်” ဟု စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။

Read More...

ကရင်နီ မီးဘေးဒုက္ခသည်များ အတွက် ပြန်လည်ထောင်ထူရေး စတင်

စောခါးစူးညား
2 April 2013

ထိုင်း-မြန်မာနယ်စပ် မဲဟောင်ဆောင်ခရိုင်ရှိ ကရင်နီ အမှတ်(၂)ဒုက္ခသည်စခန်းမှ မီးဘေး ဒုက္ခသည် နှစ်ထောင် ကျော်အတွက် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ စတင်နေပြီဖြစ် သည်ဟု ကရင်နီဒုက္ခသည်ကော်မတီ-KnRC က ပြောသည်။

လက်ရှိ ကရင်နီအမှတ်(၂)စခန်းရှိ မီးလောင်ထားသည့် ရပ်ကွက်(၄)နှင့် (၁)နေရာများကို ဘူဒိုဇာကား နှစ်စီးဖြင့် ထိုင်းအစိုးရဘက်မှ တာဝန်ယူ ရှင်းလင်းပေးနေပြီး မတ်လ ၃၀ရက်နေ့မှ စတင်ကာ ယနေ့ ဧပြီလ ၂ရက်နေ့ထိ ဆက်လက်လုပ်ဆောင်လျှက်ရှိကြောင်း KnRC မှ အတွင်းရေးမှူး(၁) နော်ထူးလွဲက ကေအိုင်စီသို့ ပြောသည်။

Read More...

မြောက်ကိုရီးယား ခြိမ်းခြောက်မှု အမေရိကန်လုံးဝ လက်မခံနိုင်

02.04.2013

မြောက်ကိုရီးယားရဲ့ စစ်ရေး ခြိမ်းခြောက်မှုတွေကနေ အမေရိကန်ပြည်ထောင်စုနဲ့ သူ့ရဲ့ မဟာမိတ် တောင်ကိုရီးယားနိုင်ငံကို အကာအကွယ်ပေးသွားမယ်။ မြောက်ကိုရီးယားနိုင် ငံ ကို နျူကလီးယား လက်နက် ပိုင်ဆိုင်တဲ့နိုင်ငံ အဖြစ်မခံနိုင်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ (John Kerry) က ပြောပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန် ပြည်ထောင်စုအပေါ် စစ်ရေးအရ အရေးယူမယ် ဆိုပြီး မြောက်ကိုရီးယားရဲ့ လတ်တလော ခြိမ်းခြောက်မှုတွေဟာ ရန်စတဲ့ သဘောမှာ ရှိပြီး၊ အန္တရာယ် လည်း များသလို အဆင်ခြင်မဲ့ လုပ်ဆောင်မှု ဖြစ်တယ်လို့ တောင်ကိုရီး ယား နိုင်ငံခြားရေးဝန်ကြီး ယွန် ဗြောင်စီ (Yun Byung-se) နဲ့ ၀ါရှင်တန်မှာ ပူးတွဲကျင်းပတဲ့ သတင်းစာ ရှင်လင်း ပွဲမှာ မစ္စတာ ကယ်ရီ က ပြောသွားပါတယ်။

Read More...

ပထမဆုံး လက်နက်ကုန်သွယ်မှု ထိန်းချုပ်ရေးစာချုပ် ကုလအတည်ပြု

02.04.2013

ကမ္ဘာ့နေရာအနှံ့မှာရှိတဲ့ အကြမ်းဖက်သမားတွေ၊ စစ်ရာဇ၀တ်ကောင်တွေဆီကို လက်နက်ပစ္စည်းတွေ မရောက်ရှိအောင် တားမြစ်ဖို့ ရည်မှန်းတဲ့ အပြည်ပြည်ဆိုင်ရာ လက်နက်ကုန် သွယ်မှု ထိန်းချုပ်ရေး ပထမဆုံး သဘောတူ စာချုပ်စာတမ်းကို ကုလသမဂ္ဂ အထွေထွေ ညီလာခံကနေ တခဲနက်တည်း အတည်ပြုလိုက်ပါတယ်။

ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်း ၁၅၄ နိုင်ငံက ဒီသဘာတူညီချက်ကို မဲပေးခဲ့ပါတယ်။ အီရန်၊ မြောက်ကိုရီးယားနဲ့ ဆီးရီးယား နိုင်ငံတွေကတော့ ကန့်ကွက်မဲပေးပြီး၊ နိုင်ငံပေါင်း ၂၃ နိုင်ငံကတော့ ကြားနေခဲ့ပါတယ်။

Read More...

အမေရိကန်အလုပ်ရှင်တွေ H1B ဗီဇာ စလျှောက်ကြပြီ

02.04.2013

အမေရိကန်ပြည်ထောင်စုမှာ အလုပ်လုပ်ဖို့ အထူးကျွမ်းကျင်တဲ့ နိုင်ငံခြားသား လုပ်သားတွေအတွက် (နိုင်ငံခြားသားအများစု မျှော်လင့်တောင့်တကြတဲ့) ပြည်ဝင်ခွင့် ဗီဇာတွေကို အမေရိကန် အလုပ်ရှင်တွေ လျှောက်ထားနေကြပါတယ်။

ဒါဟာဆိုရင် အမေရိကန် ပြည်ထောင်စုမှာ လုပ်သားဈေးကွက် လျှင်လျှင်မြန်မြန်ကို တိုးတက်ကောင်းမွန်လာတဲ့ လက္ခဏာလို့ ယူဆကြပါတယ်။

Read More...

ဗလီကျောင်းမီးလောင်မှု အဖြစ်မှန်စုံစမ်းဖို့ နိုင်ငံတကာတိုက်တွန်း

ကိုသားညွန့်ဦး
02.04.2013

မနေ့မနက်ပိုင်းက ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ၄၈ လမ်း အစ္စလာမ် ဗလီ စာသင်ကျောင်း မီးလောင်မှုမှာ သေဆုံးခဲ့သူတွေကို၊ မနေ့ကပဲ ရန်ကုန် ရေဝေး သုသာန်မှာ ဈာပန ပြုလုပ်ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဖြစ်ရပ် အသေးစိတ်ကို အစိုးရအနေနဲ့ စုံစမ်း စစ်ဆေးမှုတွေ လုပ်ဖို့ တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။ တဘက်မှာလည်း ဘာသာရေး တင်းမာမှုတွေ ရှိနေချိန် အခုလို ဖြစ်ရပ်ကြောင့်၊ သံသယ ဖြစ်မှုတွေ မရှိအောင် တာဝန်ရှိသူတွေကလည်း ရှင်းလင်း တင်ပြနေပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦး တင်ပြထားပါတယ်။

ဗိုလ်တထောင်မြို့နယ် ၄၈ လမ်း ဗလီ ကျမ်းစာသင်ကျောင်းမှာ မီးလောင်လို့ မီးခိုးမွှန်ပြီး သေဆုံးခဲ့တဲ့ ကျောင်းသား ၁၃ ဦးရဲ့ ဈာပနကို မနေ့ကပဲ ရန်ကုန် ရေဝေးသုသာန်မှာ အစ္စလာမ်ဘာသာ ထုံးတမ်းနဲ့ သဂြိုလ်ခဲ့ပါတယ်။

Read More...

သမ္မတဟောင်းကာတာ မြန်မာပြည်ရောက်

ဒေါ်လှလှသန်း
02.04.2013

အမေရိကန် သမ္မတဟောင်း ဂျင်မီ ကာတာ (Jimmy Carter) ဟာ ဧပြီလ ၂ ရက်နေ့က မြန်မာနိုင်ငံကို ရောက်ရှိနေပြီး အခု နေပြည်တော်မှာ ရောက်ရှိနေပြီဖြစ် ပါတယ်။ ဒါဟာ မတ်လ ၂၉ ရက်နေ့ကနေ ဧပြီ ၆ ရက်နေ့အထိ နီပေါနဲ့ မြန်မာ နှစ်နိုင်ငံကို သွားရောက်တဲ့ ခရီးစဉ်ရဲ့ တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။ နီပေါမှာ ရောက်ရှိနေတဲ့ သူ့ရဲ့ ကာတာစင်တာ အဖွဲ့ အစည်းကနေ ဒီနှစ်နှောင်းပိုင်းမှာ ကျင်းပမယ့် ရွေးကောက်ပွဲ ကို လေ့လာစောင့်ကြည့်မယ်လို့ သမ္မတဟောင်းက ပြောဆိုခဲ့ပါတယ်။ အပြည့်အစုံ ကိုတော့ ဒေါ်လှလှသန်း က တင်ပြ ထားပါတယ်။

သမ္မတဟောင်း ဂျင်မီ ကာတာ (Jimmy Carter) နဲ့ ဇနီးသည် ရိုစလင်း ကာတာ (Rosalynn Carter) တို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နီပေါနိုင်ငံကို ပြီးခဲ့တဲ့ သီတင်းပတ်က ဆိုက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ရဲ့ ခရီးစဉ်အတွင်း ပြုပြင်ပြောင်း လဲရေး ဖော်ဆောင်နေတဲ့ နီပေါနိုင်ငံမှာ ထိပ်တန်း အစိုးရအရာရှိတွေနဲ့ တွေ့ဆုံခဲ့ သလို၊ နိုင်ငံရေးပါတီ ခေါင်း ဆောင်တွေအပြင် သာမန်လူ့အဖွဲ့အစည်းက ခေါင်းဆောင်တွေ နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

Read More...

ထားဝယ်ခရိုင်အတွင်း မြေယာ သိမ်းဆည်းမှု စတင်စစ်ဆေးနေ

2013-04-02

တနင်္သာရီတိုင်းအတွင်း အကြောင်းအမျိုးမျိုးနဲ့ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေအရေးနဲ့ ပတ်သက်ပြီး ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှာ ဧပြီလ ၁ ရက် မနေ့က စတင် စစ်ဆေးခဲ့ပါတယ်။

လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းမှု စုံစမ်းရေးကော်မရှင်က ဦးမောင်လှ ဦးဆောင်တဲ့အဖွဲ့ခွဲ (၁ဝ) က တာဝန်ရှိသူတွေဟာ ထားဝယ်ခရိုင်အတွင်း မြေသိမ်းခံထားရတဲ့ လယ်သမားတွေကို တွေ့ဆုံမေးမြန်းခဲ့တာပါ။

Read More...

ကိုရဲမင်းဦး ပျောက်ဆုံးမှု ဥပဒေမဲ့ လုပ်ရပ်ဖြစ်တယ်လို့ AAPP ပြော

2013-04-02

၂၀၀၇ မျိုးဆက်ကျောင်းသားတစ်ဦးဖြစ်သူ ကိုရဲမင်းဦး ပျောက်ဆုံးမှုဟာ သာမန်ပျောက်ဆုံးမှုမဟုတ်ပဲ ဥပဒေမဲ့ မတရားဖမ်းဆီးခံထားရခြင်းဖြစ်ကြောင်း ထိုင်း-မြန်မာနယ်စပ်အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) က ဒီနေ့ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

ကိုရဲမင်းဦးဟာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဖြစ်မြောက်ရေး ကော်မတီ)မှာ အတွင်းရေးမှူးအဖြစ် တာဝန်ယူထားသူဖြစ်သလို ၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုမှာ ဖမ်းဆီးခံရပြီး ၂၀၁၁ ခုနှစ်မှာ ပြန်လည်လွတ်မြောက်လာသူဖြစ်တယ်လို့ အေအေပီပီရဲ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။

Read More...

အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ မြန်မာပြည် ကို ရောက်ရှိ

2013-04-02

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီကူးပြောင်းမှု လုပ်ငန်းစဉ်တွေမှာ အကူအညီပေးနိုင်မယ့် အခြေအနေတွေကို လေ့လာဖို့အတွက် အမေရိကန် သမ္မတဟောင်း Jimmy Carter ဟာ ဒီကနေ့ နေပြည်တော်ကို ရောက်ရှိလာခဲ့ပါတယ်။

သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန် အပါအ၀င် မြန်မာအစိုးရထိပ်တန်း ခေါင်းဆောင်တွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးခေါင်းဆောင်တွေ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။

Read More...

လူမျိုးရေး အကြမ်းဖက်မှု ကာကွယ် တားဆီးရေး အပြည့်အဝ မဆောင် ရွက်ခဲ့ကြောင်း ကင်တာနားပြော

2013-04-02

မြန်မာနိုင်ငံမှာ ဘာသာရေး လူမျိုးရေးဆိုင်ရာ အကြမ်းဖက် ပဋိပက္ခတွေ ပေါ်ပေါက်လာနိုင်တဲ့ နိမိတ်လက္ခဏာတွေရှိနေပေမဲ့၊ အစိုးရဟာ ကာကွယ်တားဆီးရေးဆောင်ရွက်မှုတွေကို အပြည့်အဝ မဆောင်ရွက်ခဲ့ဘူးလို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် ကင်တားနားက ပြောလိုက်ပါတယ်။

Read More...

မီးလောင်၍ ကလေး ၁၃ ဦးသေဆုံးမှု ပွင့်လင်းမြင်သာစွာ ဖော်ထုတ်ပေးစေချင်ဟုဆို

April 2, 2013

ရန်ကုန် ဗိုလ်တထောင်မြို့နယ် ၄၈ လမ်းရှိ အစ္စလမ်ဘာသာရေး စာသင်ကျောင်း မီးလောင်ခဲ့၍ ကလေး ၁၃ ဦးသေဆုံးခဲ့မှုနှင့် ပတ်သက်၍ တိုင်းဒေသကြီးအစိုးရ အနေဖြင့် အဖြစ်မှန် အတိုင်း ပွင့်လင်းမြင်သာစွာ ဖော်ထုတ်ပေးစေချင်ကြောင်း အစ္စလမ်ဘာသာရေး ခေါင်းဆောင်များက ပြောကြသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လ၀ီအဖွဲ့ချုပ်မှ တွဲဘက် အတွင်းရေးမှူး ဦးရဲနောင်သိန်းက ကောလာဟလများ ချုပ်ငြိမ်းဖို့ လိုကြောင်း၊ ပွင့်လင်းမြင်သာစွာဖြင့် အမှုကို အမှန်အတိုင်း ဖြစ်စေချင်ကြောင်း ဧရာဝတီသို့ ပြောသည်။

Read More...

အပေါ်သို့