Saturday, February 5, 2011

အိန္ဒိယ-မြန်မာနယ်စပ်တွင် အားပြင်းငလျင်လှုပ်

ရန်ပိုင်

Read More...

ဗိုလ်ချုပ်မှူးကြီးကသာ ဆက်လက်ချုပ်ကိုင်မည်

ဦးရော်နီညိမ်း

သမ္မတအဖြစ်နဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်နဲ့ ဒုတိယသမ္မတအဖြစ် ဗိုလ်ချုပ်ကြီး ဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦးတို့ကို ရွေးချယ် လိုက်တာနဲ့ပတ်သက်လို့ တပ်မတော်ဘက် ကအမြင် ဘယ်လိုရှိပါသလဲ၊ ဗိုလ်မြတ်နိုး ကလောင်အမည်နဲ့ အသံလွှင့် ဆောင်းပါးရေးသားသူ တပ်မတော် အရာရှိဟောင်းနဲ့ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းတို့ကို ဦးရော်နီညိမ်းက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့ပတ်သက်ပြီး ၀န်ကြီးချုပ်ရုံးမှာတာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဗိုလ်မြတ်နိုး က သူ့အမြင်ကို အခုလို စပြောပြပါတယ်။

“ကျနော်တို့လုပ်တုန်းကတော့ အဲဒီကာလမှာ ကျနော်တို့ ကြုံခဲ့တဲ့ ဒီပဲယင်း အရေးအခင်း ဖြစ်တာနဲ့သွားပြီး တချိန်တည်းကြုံခဲ့တယ်။ ပြီးတော့ နိုင် ငံတကာကို သူတို့သွားပြီးတော့ နည်းနည်း tension လျှော့ချင်တဲ့ သဘောမျိုး နဲ့ အဲဒီတုန်းက Road Map (၇) ချက် ထုတ်ပြန်ခဲ့တာမျိုးတွေ လုပ်ခဲ့တာရှိတယ်ခင်ဗျ။ အဲဒီတုန်းက ၀န်ကြီးချုပ်ရဲ့ သုံးသပ်ချက်တို့၊ ၀န်ကြီးချုပ်ရဲ့ အစိုးရအဖွဲ့တို့ သုံးသပ်ချက်တို့ ဆိုတာကလဲ ကာကွယ်ရေး ဦးစီးချုပ်လုပ်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဆုံးဖြတ်ချက်အတိုင်းပဲ လုပ်နေတာလို့ ကျနော်တို့ မြင်တယ် ခင်ဗျ။”

အခု အဲဒီဝန်ကြီးချုပ် ဖြစ်ခဲ့ဖူးတဲ့သူတယောက်ဟာ နိုင်ငံတော်သမ္မတဖြစ်ပြီ။ သမ္မတကြီး ဦးသိန်းစိန် လွတ်လွတ်လပ်လပ် လုပ်လို့ရမလားခင်ဗျ။ -

“လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်တွေကို တချို့ဟာတွေမှာ လုပ်ပိုင်ခွင့်ရလိမ့်မယ်လို့ ကျနော်တို့အနေနဲ့ မြင်တယ်ခင်ဗျ။ ဒါပေမဲ့ တခုပဲ နိုင်ငံတော် လုံခြုံရေးရာကောင်စီမှာ သူတို့ဘယ်လိုများ ထိန်းချုပ်မလဲ ဆိုတာမျိုးတွေ ရှိလာရင်တော့ ဒါ ကျနော်တို့ နည်းနည်း စောင့်ကြည့်ရမယ့် အနေအ ထားမျိုးပဲ ရှိပါတယ်။”

ဦးမြတ်နိုး ပြောတာက လွှတ်တော်ထဲမှာ ထိပ်တန်းအကျဆုံး ရေးရာကော်မတီတခုဖြစ်တဲ့ အမျိုးသား လုံခြုံရေးရာ ကော်မတီမှာ အဖွဲ့ဝင်တွေထဲ မှာ သမ္မတ၊ ဒုသမ္မတ နှစ်ယောက် လည်းပါတယ်။ ပြီးတော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပါတယ်။ -

“တိုင်းပြည်မှာဖြစ်ပေါ်နေတဲ့ အခြေအနေကိုကြည့်ပြီးတော့ ကာကွယ်ရေးဦးစီးချုပ်ကို နောက် အာဏာသိမ်းခွင့် (၁) နှစ်၊ လိုအပ်လို့ရှိရင် နောက် (၆)လ၊ (၆)လနှစ်ခါနဲ့ (၂ ) နှစ် ထိန်းသိမ်းခွင့်ဆိုတာ၊ အဲဒါတွေ အကုန်လုံး ထည့်ထားတယ်ခင်ဗျ။ ကာကွယ်ရေးဦးစီးချုပ်ရဲ့ အခန်းကဏ္ဍကလည်း အဲဒီအမျိုးသား လုံခြုံရေး ကော်မတီမှာ တော်တော်လေးကို အရေးပါနေမယ့် အနေအထားမျိုးရှိပါတယ်ခင်ဗျ။ နောက်ပြီးတော့ တပ်မတော်ကာ ကွယ်ရေး ဦးစီးချုပ်ဆိုတာကလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဖြစ်ချင်မှ ဖြစ်မှာ။ ကျနော်တို့ အရင်တုန်းက သတင်းတွေထွက်ဖူးတဲ့ စစ်ရေးချုပ် ဗိုလ် ချုပ်ကြီး သူရမြင့်အောင်တို့၊ ဒုတိယ ဗိုလ်ချုပ်ကြီးကိုကိုတို့ သူတို့တွေ ဖြစ်လာရင်လည်း ဒါ အပေါ်က နေပြီးတော့ အရင်တုန်းက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်းလည်ဖြစ်၊ အကြီးအကဲဟောင်း လည်းဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးရဲ့ သြဇာအာဏာအတိုင်းသာ သူတို့ လုပ်နေရဦးမယ်ဆိုတာ မြင်ပါ တယ်ခင်ဗျ။”

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဗိုလ်ချုပ်ကြီးနေ၀င်းလို အပြင်ကို ထွက်နေလိုက်ပြီးတော့ လုံးဝကို အနားယူ လိုက်ပြီး နေမှာလား။ အဲဒီဟာကို ဘယ် လိုမြင်လဲခင်ဗျ။ -

“ကျနော်တို့ အဲဒီဟာကို တချက်စဉ်းစားတာကတော့ သူတို့ နောက်ကြောင်းပြန် အကျိုး သက်ရောက်မှု တွေမရှိစေရ ဘာညာဆိုပြီးတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေမှာ သူတို့ ထည့်ပြီးပြဌာန်းထားတာ ကျနော်တို့ တခါ တွေ့လိုက်တယ်ခင်ဗျ။ အခု နိုင်ငံတော် လုံခြုံရေးကောင်စီမှာ သူ့အနေနဲ့ ပါနိုင်တော့မယ် ထင်တယ်။ အဲဒီလိုသာ သူမပါနိုင်ဘူး ဆိုရင်တော့ သူက ဘယ်လိုနေမလဲ။ သူတို့ထောင်ထားတဲ့ ကြံ့ဖွံ့ပါတီ ကြီးရဲ့ နာယကအနေ နဲ့ နေပြီးတော့ ထိန်းချုပ်မလား၊ နောက်တခုက အိမ်နီးချင်းနိုင်ငံ တရုတ်လို ပေါ့ဗျာ။ ဗဟို စစ်ကော်မတီနဲ့ ဥက္ကဋ္ဌလိုဥစ္စာမျိုး ထွင်ပြီးတော့ ယူထားမ လားဆိုတာ ဒါကိုလည်း လှမ်းကြည့်နေတယ် ခင်ဗျ။ အဲဒီလိုတော့ သူ ချက်ချင်းလက်ငင်းကြီးတော့ လက်လွှတ်ရဲ မယ်လို့ ကျနော် မထင်ဘူး ခင်ဗျ။”

သီဟသူရ ဦးတင်အောင်မြင့်ဦးဟာ ကျောက်မဲမြို့ ဇာတိဖြစ်တယ်။ ဗိုလ်မှူးစိုင်းသိန်းဝင်း တို့မြို့ကပဲ။ ဦးတင်အောင်မြင့်ဦးက သမ္မတတက်ပြီးဖြစ် သွားနိုင်တယ်လို့လည်း ကြားသိနေ ရပါတယ်။ အဲဒီတော့ ဦးသိန်းစိန်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်လို့ရော ကိုစိုင်းသိန်းဝင်း ဘယ်လောက် သိရှိ ထားပါသလဲခင်ဗျ။ -

“ဗိုလ်ချုပ်ကြီးသိန်းစိန်က သူက နှလုံးအတုအစားထိုးထားရတယ်။ pump တခုကို နှလုံး နေရာမှာ သူက ပြန်ပြီးတော့ အစားထိုးထားတယ် ဆို တာ ကျနော်တို့ကြားတယ်။ ဒီဗိုလ်ချုပ်ကြီးသိန်းစိန်က မိသားစု ကိုယ်ကျိုးအတွက် သူ လုပ်တာကိုင်တာ အသံ မထွက်ဘူး ပေါ့ဗျာ။ အဲဒီလိုမျိုးရှိပါ တယ်။ ပြီးတော့ အခုဟာက လုပ်နေရတာကလဲ မလွန်ဆန်နိုင်လို့ လုပ်နေရတဲ့ပုံစံနဲ့ ကျနော်တို့ အဲဒီလိုပဲမြင်ပါတယ်။ ဗိုလ်ချုပ်ကြီး တင်အောင်မြင့် ဦးကိုကျတော့ ကျနော်တို့ ကြောက်ကြတာပဲ ရှိတယ်ဗျ။ တပ်ထဲမှာ နေတုန်းက ကြိုက်တယ် ဆိုတာတော့ တယောက်မှပြောတာ မကြားဖူးပါဘူး။”

သမ္မတ ဦးသိန်းစိန်နေရာမှာ သူ တက်ပြီးတော့ သမ္မတ လုပ်ရမယ်ဆိုရင် တိုင်းပြည်အတွက် ဘယ်လိုမြင်လဲခင်ဗျ။ ဘာတွေ ဖြစ်လာနိုင်သလဲ။ ဘာကြောင့်လဲဆိုတော့ တပ်မတော် အစုအဖွဲ့က သူ့ကိုရွေးလိုက်တာ ကိုး။ -

“ဒီနေရာမှာကတော့ သူတို့ရွေးတင်လိုက်တယ်လို့ ပြောရခက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ ကလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အမိန့် အရပဲ ဒါကို vote လုပ်ရတာဆိုတော့။ သူတို့ ရွေးတာတော့ မဟုတ်ဘူး၊ သူတို့အပြစ်တော့ မဟုတ်ပါဘူး။”

အခုလွှတ်တော်ထဲမှာ ကြည့်လိုက်တဲ့အခါကျတော့လဲ ပြည်သူ့လွှတ်တော်ရော၊ အမျိုးသား လွှတ်တော်ရော၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ် တော်တွေမှာရော လူငယ်တပ်မတော် အရာရှိတွေကို တပ်မတော်က တိုက်ရိုက်ခန့်အပ်တဲ့အမတ်တွေနဲ့ ပါလာတဲ့ အခါမှာ ဗိုလ်မှူးတို့ အသက်အ ရွယ်။ ဗိုလ်မှူးတို့နဲ့ ခေတ်ပြိုင်တွေလောက်ပဲ ကျနော်တို့ တော်တော် များများတွေ့ရတယ်။ အဲဒီအပေါ်မှာရော ဘယ်လိုမြင်ပါသလဲခင်ဗျ။ -

“လွှတ်တော်အမတ်တွေထဲကမှာကတော့ အင်ဂျင်နီယာတွေ၊ ကျနော်တို့ရဲ့ ဂျူနီယာ တွေပေါ့ ဗျာ သူတို့တွေလည်း ပါကြတယ်။ ဆိုတော့ DSA ကလည်း တော်တော်ငယ်တဲ့ အဖွဲ့တွေ ပါတယ်။ ကျနော်တို့ထက် ၂ နှစ် ၃ နှစ်လောက်ငယ်တဲ့ အဖွဲ့တွေ ပါကြပါတယ်။ ရုရှပြန်တွေပေါ့။ အားလုံး နီးပါးကတော့ ဆရာဝန်တွေလည်း ပါပါ တယ်။ ခါတိုင်း အရပ်သားတွေက ပြောပြောနေကြတာကိုး။ စစ်တပ်ကလူတွေက စာမတတ်ဘူးဘာညာ ဆိုပြီးတော့ အဲဒီလိုပြောကြတာရှိတယ်။ အဲဒီအခါကျတော့ မင်းတို့ထက် ပညာဘွဲ့တွေ အများကြီးပိုရထား တဲ့ ကောင်တွေကို ငါတို့ ဒီလိုခိုင်းပြ ထားတယ် ဆိုတာ မင်းတို့တွေ့လား ဆိုတဲ့ ပုံစံမျိုးလည်း ဖြစ်နိုင်ပါတယ်ခင်ဗျ။”

ကျေးဇူးတင်ပါတယ်ခင်ဗျ။

Ref;VOA

Read More...

မြန်မာ့လူ့အခွင့်အရေး စုံစမ်းရေးကော်မရှင်ဖွဲ့ရန် ဘယ်လ်ဂျီယမ်ထောက်ခံ

မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်စု အပေါ် ရာဇဝတ် ကျုးလွန်မှုတွေ ရှိနေတယ် ဆိုတဲ့ စွပ်စွဲချက်တွေ အပေါ်မှာ နိုင်ငံတကာ စုံစမ်းရေးကော်မရှင် ဖွဲ့ပြီး စစ်ဆေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ ကင်တားနားရဲ့ အဆိုကို ဘယ်လ်ဂျီယမ်နိုင်ငံက တရားဝင် ထောက်ခံထားတယ်လို့ Burma Action Belgium က ဖေဖော်ဝါရီ ၃ ရက် မနေ့က ပြောပါတယ်။

ရန်ကုန်မြို့၊ အလုံမြို့နယ်တွင် ဒီဇင်ဘာ ၁၀ ရက်နေ့က အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနား ကျင်းပနေပုံ ဖြစ်ပါသည်။ (Photo: RFA)

ဘယ်လ်ဂျီယမ်အစိုးရအနေနဲ့ ဒီအဆိုကို ထောက်ခံဖို့ အချိန်အတော်ကြာ စဉ်းစားခဲ့ပါတယ်။ မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင် ဖွဲ့ဖို့ ထောက်ခံတာတွေ အခုလို တဖြည်းဖြည်းနဲ့ များလာပြီး ဥရောပ တခုလုံး မက တကမ္ဘာလုံး အတိုင်းအတာထိ ဖြစ်လာမယ် ဆိုတာ ယုံကြည်ကြောင်း Burma Action Belgium ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Mr. Peirre က RFA ကို ပြောသွားပါတယ်။

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ အတွင်း ကျင်းပခဲတဲ့ ဘယ်လ်ဂျီယမ် လွှတ်တော် အစည်းအဝေးမှာ နိုင်ငံခြားရေး ဝန်ကြီးကနေ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင် ဖွဲ့ဖို့ လိုတယ်ဆိုတဲ့ အခြေခံ အချက်တွေကို ဘယ်လ်ဂျီယမ်နိုင်ငံအနေ နဲ့ အသိအမှတ်ပြုထားပါတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ အဆိုကို ထောက်ခံတဲ့ နိုင်ငံပေါင်း ဘယ်လ်ဂျီယမ်နိုင်ငံ အပါအဝင် ၁၄ နိုင်ငံ ရှိပါပြီ။

Ref;RFA

Read More...

ဒီကေဘီအေ နည်းဗျူဟာပြောင်းပြီး နအဖကို တိုက်ခိုက်မည်ဟုဆို

နော်အဲဏီ

ဖေဖေါ်ဝါရီ(၄)ရက်၊၂၀၁၁

မြန်မာစစ်အစိုးနှင့် ဒီကေဘီအေတပ်တွေကြား တိုက်ပွဲတွေဖြစ်ပွားနေသည်မှာ (၃)လကျော်ကြာခဲ့ပြီးဖြစ်သည့် အတွက် ဒီကေဘီအေဘက်က ရေရှည်ရပ်တည်နိုင်ရန် စစ်အစိုးရတပ်ကို ရေရှည်တိုက်ခိုက်နိုင်ရန်အတွက် နည်း ဗျူဟာသစ်ကိုပြောင်းရမည်ဟု ဒီကေဘီအေ စစ်ဆင်ရေးမှူး ဗိုလ်ဆန်းအောင်က ပြောပါသည်။


“ကျနော်တို့က ရန်သူကို စောင့်ပြီး ပစ်နေတယ်၊ သုံး၊ လေး၊ ငါးရက် စောင့်နေတယ် ၊စောင့်ပြီးတော့ သူတို့ က လူမလာခင် လက်နက်ကြီးနဲ့ ပစ်တယ်၊ (၁၂၀) နဲ့ ပစ်တဲ့အခါ ကျတော့ ကျနော်တို့ အတွက်က အားနည်းချက် ဖြစ်တယ်၊ သူများပဲ ကိုယ့်ကိုပစ်တယ် ၊ ကိုယ်က ပြန်ပစ်လို့ မရတဲ့အခါကျတော့ သူ့ရဲ့လက်နက်ကြီး ပစ်ကွင်း ထဲ မဖြစ်နိုင်အောင် တခြား နည်းဗျူဟာ နဲ့ ပြန်တိုက် တယ်လေ၊ ဒီအတိုင်းနေမယ် ဆိုရင် သူ့ရဲ့ လက်နက်ကြီး ဒါဏ်ကိုကျနော်တို့ခံရ တယ်လေ၊ နည်းဗျူဟာ ပြောင်းတယ်ဆိုတာ ဒီလမ်းမပေါ်မှာ လူအင်အား နဲ့တိုက်မယ့်အစား ကျနော်တို့ လူစုခွဲပြီး တိုက်မယ်၊ အရင်ကကျနော်တို့တိုက်ခဲ့တာ ပြောက်ကျားကြီးပေါ့၊ အခု ပြောက်ကျားလေးနဲ့ ပြန်တိုက် မယ်နော်၊ လူစုခွဲပြီး ပြောက်ကျားလေး တိုက်မယ်ပေါ့”


ရှေ့ဟောင်းနည်းအတိုင်း ဆက်ပြီးတိုက်ခိုက်နေမည်ဆိုလျှင် ဒီကေဘီအေတွေဘက်မှ ရေရှည်တွင် ထိခိုက်နိုင်မည်ဟုလည်းပြောသည်။

ဒီအေဘီအေဘက်တွင် စစ်အစိုးရတပ်ကသုံးသော လက်နက်အမျိုးအစားများ မရှိတာက တစ်ကြောင်း၊ ပေါ်တာ အထမ်းသမားများမရှိတာကတစ်ဖုံ၊ ဒီကေဘီအေရှိသောနေရာကို နအဖတပ်များသိရှိပါက လက်နက်ကြီး များဖြင့် မရပ်မနားဖြစ်ခတ်မှုများကြောင့်လည်း ဒီအေဘီအေဘက်ကအားသာချက်ရအောင် အခြားနည်းဗျူဟာသုံးရခြင်း ဖြစ်ကြောင်း ဗိုလ်ဆန်းအောင်က ပြောပါသည်။

၎င်းကဆက်ပြီးတော့ ထိုင်းဘက်ခြမ်းကလည်း အကူအညီမပေးတဲ့အပြင် ထိုင်းနိုင်ငံ အတွင်းသို့ ဖြတ်သန်း သွားလာခွင့်ပင်မပေးဟုဆိုသည်။

“လက်ရှိက သူက နအဖ လက်ကိုင်တုတ်ဖြစ်နေတဲ့ဘ၀မှာ ကျနော်တို့ကိုအားပေးဖို့ မပြောနဲ့၊ ဖြစ်နိုင်ရင် ကျနော်တို့ တော်လှန်ရေးကို ပပျောက်အောင် သူတို့လုပ်ရင် လုပ်အုံးမှာ” ဟု ဗိုလ်ဆန်းအောင်က ဆက်ပြော ပါသည်။

ဗိုလ်မှူးချုပ်စောလားပွယ်ဦးစီးသော ဒီကေဘီအေတပ်ဖွဲ့သည် နယ်ခြားစောင့်တပ်အသွင် ပြောင်းရေးကို လက်မခံသည့်အပြင် (၂၀၁၀)ခုနှစ်နိုဝင်ဘာလ(၇)ရက်နေ့တွင်ကျင်းပသော အထွေထွေရွေးကောက်ပွဲကို ဆန့်ကျင် ကန့်ကွက်သည့်အနေနှင့် မြ၀တီမြို့ကိုစီးနင်း သိမ်းပိုက်ခဲ့သည်။ မြန်မာစစ်အစိုးရတပ်ဖွဲ့များနှင့် ယနေ့တိုင် တိုက်ခိုက်နေသည့် ကရင် လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည်။

Ref;ကောင်းဝါ

Read More...

Uncensored Burma - Daily News ( 2011 Feb 02)

news on Feb 02

Read More...

အီဂျစ် ကြံ့ဖွံ့၊ စွမ်းအားရှင်များ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အီဂျစ် နိုင်ငံရေး ပိုမိုရှုပ်ထွေးလာ

WFWW ဖေဖော်ဝါရီ ၃ ရက်

အီဂျစ် အာဏာရှင်များ ကြောထောက်နောက်ခံပြုထားတဲ့ အီဂျစ်ကြံ့ဖွတ်များ၊ စွမ်းအားရှင်များဟာ မြင်းတွေ၊ ကုလားအုပ် တွေကို စီးနင်းပြီး အာဏာရှင်အဆုံးသတ်ရေး တောင်းဆိုနေကြတဲ့ လူအုပ်ထဲကို အင်အားသုံး စတင် တိုက်ခိုက်ခဲ့တာ ကြောင့် နှစ်ဘက်အကြား ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်။ ဒီတိုက်ခိုက်မှုမှာ ဓာတ်ဆီဗုံးများ၊ ဒုတ်များ၊ ဓားများ၊ ခဲများ၊ သံ ချွန်များ၊ သေနတ်များဖြင့် အပြန်အလှန် တိုက်ခိုက်ခဲ့တာကြောင့် လူရာပေါင်းများစွာ ပြင်းထန်စွာ သေဆုံးဒဏ်ရာရခဲ့ကြ တယ်။ စစ်တပ်ကတော့ ပဋိပက္ခဖြစ်နေတဲ့ ဆန္ဒပြသူတွေကြား ခွဲခြားထားဖို့ ကြိုးစားနေ တာကိုလည်း တွေ့ရပါတယ်။

မနေ့က အီဂျစ် သမ္မတ မူဘာရက်က စက်တာဘာမှာကျင်းပမဲ့ သမ္မတရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မှာ မဟုတ် ကြောင်း အစိုးရပိုင် ရုပ်မြင်သံကြားကနေ ထုတ်ဖော် ပြောဆိုခဲ့သလို၊ အသက် ၄၆ နှစ် အရွယ်ရှိတဲ့ သူ့ရဲ့ သား ဂျမဲမူဘာ ရက် လည်း လာမဲ့ သမ္မတရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မှာမဟုတ်ဘူးလို့ ၀န်ကြီးချုပ်သစ် အိုမာဆိုလီမန် က အီဂျစ် အစိုးရပိုင် ရုပ်မြင်သံကြားဌာနက မနေ့က တရားဝင် ကြေညာသွားခဲ့ကြောင်း သိရှိရ ပါသည်။

အာဏာရှင် လက်ကိုင်ဒုတ်ဖြစ်ကြတဲ့ အီဂျစ်ကြံ့ဖွတ်များ၊ စွမ်းအားရှင်များရဲ့ အကြမ်းဖက်တိုက်ခိုက်နေမှုဟာ အီဂျစ်နိုင်ငံ မှာ စစ်တပ်က အာဏာသိမ်းဖို့ လမ်းခင်းပေးလိုက်တာ ဖြစ်နိုင်ကြောင်း၊ အီဂျစ်ကြံ့ဖွတ်များ၊ စွမ်းအား ရှင်များ ကို အကြမ်းဖက် မှုများဖြစ်ပေါ်လာအောင် ပြည်ထဲရေးဝန်ကြီးဌာနက စေခိုင်းတာဖြစ်တယ်လို့ အတိုက် အခံနှင့် ဆန္ဒပြသူများက စွပ်စွဲ ပြောဆိုခဲ့ပေမဲ့၊ ၀န်ကြီးချုပ်သစ်ကတော့ စုံစမ်း အရေးယူမှုများကို ပြုလုပ်ပေးမှာ ဖြစ်ကြောင်း အစိုးရပိုင်သတင်းဌာနကနေ ခုခံပြောဆိုသွားပါတယ်။

နိုင်ငံတကာ ခေါင်းဆောင်များကလည်း အီဂျစ်ကြံ့ဖွတ်များ၊ စွမ်းအားရှင်များ စနစ်တကျ မင်းမဲ့ဆန်ဆန် တရား ဥပဒေမဲ့ အ ကြမ်းဖက် သတ်ဖြတ်တိုက်ခိုက်နေမှုကို အဆုံးသတ်ဖို့ ပြင်းထန်စွာ ရှုံ့ချပြောဆိုခဲ့ကြပြီး၊ ၀န်ကြီးချုပ် သစ် အိုမာဆိုလီမန် ကတော့ ကိုင်ရိုမှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုအပေါ် အီဂျစ်ပြည်သူလူထု တရပ်လုံး ကို ၀န်ချတောင်းပန် သွားခဲ့ တယ်။

လောလောဆယ် အကြမ်းဖက်ဆန္ဒပြမှုမှာပါဝင်တဲ့ ရဲအရာရှိများနှင့် ပြည်ထဲရေးဝန်ကြီး ဟဘစ်အက်ထ်လီ (Habib Adli) ရဲ့ ပိုင်ဆိုင်မှုတွေကို ထိမ်းချုပ်လိုက်ပြီး၊ ခရီးသွား လာမှုကိုလည်း တားမြစ်လိုက်ကြောင်း အစိုးရ ရုပ်မြင်သံကြားက ဒီနေ့ပဲ ထုတ်ပြန် ကြေညာသွားပါတယ်။


ဓာတ်ပုံ- အေပီ နှင့် နယူးယောက်တိုင်းမ်စ်

Ref;နေ့သစ်

Read More...

Friday, February 4, 2011

ဒု သမ္မတ ရာထူးနဲ့ လွဲခဲ့ရတဲ့ ရခိုင် တိုင်းရင်းသား

ဧရာဝတီ
Friday, 04 February 2011

နေပြည်တော်၌ ယမန်နေ့က ကျင်းပခဲ့သော လွှတ်တော်အစည်းအဝေးတွင် အမျိုးသား လွှတ်တော်မှ ဒု သမ္မတ အဖြစ်လျာထားခြင်း ခံခဲ့ရသော ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ (RNDP) ဥက္ကဌ ဒေါက်တာအေးမောင်သည် မဲအပြတ်အသတ် ရှုံးနိမ့်ကာ ဒု သမ္မတ ဖြစ်ခွင့်ကို လက်လွှတ်လိုက်ရပြီဖြစ်သည်။

RNDP ဥက္ကဌ ဒေါက်တာ အေးမောင်၏ ပထမ အကြိမ်လွှတ်တော်အတွင်း အတွေ့အကြုံများကို ဧရာဝတီ သတင်းထောက် မင်းနိုင် သူက ဆက်သွယ် မေးမြန်း ထားသည်။

ဒေါက်တာ အေးမောင်သည် ၁၉၉၀ ရွေးကောက်ပွဲတွင် မဲရုံမှူးတဦးအဖြစ် တာဝန်ယူခဲ့ပြီး ၂၀၀၉ ခုနှစ် ၄ လပိုင်းတွင် မွေးမြူရေးနှင့် ကုသရေး လက်ထောက် ညွှန်ကြားရေးမှူး အဖြစ်မှ အငြိမ်းစားယူကာ ၂၀၁၀ ရွေးကောက်ပွဲဝင်ရန် RNDP ကို ထူထောင်ခဲ့သည်။

ဒေါက်တာအေးမောင် ၏ ပါတီသည် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ၁၂ နေရာ ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တွင် ၈ နေ ရာ ၊ ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်တွင်၂၃ နေရာနှင့် တိုင်းရင်းသား လွှတ်တော် မဲဆန္ဒနယ်တွင် ၁ နေရာ စုစုပေါင်း မဲ ဆန္ဒနယ် ၄၄ နေရာတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး မဲဆန္ဒနယ် ၃၅ ခုတွင် အနိုင်ရခဲ့သည်။

RNDP မှာ ၂၀၁၀ ရွေးကောက်ပွဲဝင် အရပ်သားပါတီများအနက် ရာခိုင်နှုန်းအများဆုံး အနိုင်ရခဲ့သည့်ပါတီဖြစ်ကာ အမျိုးသား လွှတ် တော် တွင်လည်း ဒေါက်တာ အေးမောင်ကို ဒု သမ္မတ အဖြစ် ကျန် ဒီမိုကရက်တစ်အရပ်သားပါတီများက အဆိုတင်သွင်းခဲ့ကြ သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ကိုယ်စားလှယ်များ ကြီးစိုး ထားသည့် လွှတ်တော်အတွင်း မဲခွဲ ရွေးချယ်ရာ ဒေါက်တာ အေးမောင်သည် ပြည်သူ့လွှတ်တော်မှ ဒုသမ္မတ အဖြစ် အမည် တင်သွင်းခံရ သည့် ဖလုံ-စဝေါ် ပါတီမှ ဦးစောသိန်းအောင် နည်းတူ ဒု သမ္မတ ဖြစ်ခွင့်ကို လက်လွှတ် ခဲ့ရသည်။

ရခိုင် တိုင်းရင်းသား ဒေါက်တာ အေးမောင်သည် စစ်တွေ လူရည်ချွန် တဦးဖြစ်ခဲ့ပြီး ၁၉၈၁ ခုနှစ်တွင် မွေးမြူရေး နှင့် ဆေးကုသရေး တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သည်။

အသက် ၅၄ နှစ်ရှိ ဒေါက်တာအေးမောင်သည် အထက်တန်းပြ ဆရာမ အငြိမ်းစား ဇနီးသည် ၊ သားသမီး ၂ ဦးနှင့် အတူ စစ်တွေမြို့တွင် နေထိုင်လျက်ရှိသည်။

မေး။ ။ ဒီကနေ့ လွှတ်တော်တွင်း ဒုသမ္မတရွေးချယ်မှုနဲ့ ပတ်သက်ပြီး သိချင်လို့ပါ။

ဖြေ။ ။ ကျနော်တို့ အမျိုးသားလွှတ်တော်အတွင်းမှာ ပြည်ခိုင်ဖြိုး (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) ကပဲ မဲအသာစီးနဲ့ ဒုသမ္မတနေရာ ရသွားပါတယ်။ ပြည်သူ့လွှတ်တော်မှာလည်းပဲ ပြည်ခိုင်ဖြိုးပါတီကပဲ ရသွားပါတယ်။

မေး။ ။ မဲအသာစီးနဲ့ဆိုတော့ ဘယ်နှစ်မဲအကွာနဲ့ ဆရာက ရှုံးနိမ့်ခဲ့တာလဲ။

ဖြေ။ ။ ကျနော်ရတာက ၂၇ မဲပါ။ ၁ မဲက ပယ်မဲဖြစ်သွားပါတယ်။ ပြည်ခိုင်ဖြိုးပါတီ ၁၄၀ မဲရသွားပါတယ်။ ပြည်သူ့လွှတ်တော်မှာတော့ ကျနော် ကြားသလောက် ဖလုံ-စဝေါ်ပါတီက ဦးစောသိန်းအောင်က မဲ၄၀ ရရှိပြီးတော့ ကျန်တဲ့မဲအားလုံးကို ဦးသိန်းစိန်က ရရှိသွား တယ်လို့ ကြားပါတယ်။

မေး။ ။ မနေ့က ပြုလုပ်ခဲ့တဲ့ ဒု သမ္မတ အရည်ချင်းပြည့်မီမှု ရှိမရှိ ရွေးချယ်စဉ်မှာ ဘာတွေ ကြုံတွေ့ခဲ့ရပါသလဲ။

ဖြေ။ ။ ဒု သမ္မတ ရွေးတဲ့အခါမှာ ကန့်သတ်ချက်လေးတွေ ရှိပါတယ်။ ဖွဲ့စည်းပုံထဲမှာ ဒုသမ္မတဟာ စစ်ရေးအမြင် ရှိရမယ် ဆိုတဲ့ အချက်ပါပါတယ်။ စစ်ရေးအမြင်နဲ့ပတ်သက်လို့ ကျနော်တို့ အရပ်သားကိုယ်စားလှယ် ၂ ဦးကို အရည်အချင်း ပြည့်မီတယ်လို့ သူတို့ သတ်မှတ်ပါတယ်။ ဆိုတော့ လွှတ်တော် ၂ ရပ်စလုံးမှာ ဒုတိယသမ္မတနေရာကိုလည်း အရပ်သား ကိုယ်စားလှယ် တဦးဟာ အရွေးချယ် ခံပိုင်ခွင့်ရှိတယ်ဆိုတဲ့ လမ်းတော့ပွင့်သွား တယ်ပေါ့ဗျာ။ အဲဒါလေးတခုပါပဲ။

မေး။ ။ စစ်ရေးအမြင်နဲ့ပတ်သက်လို့ ဘာတွေ မေးမြန်းပါသလဲ။

ဖြေ။ ။ ကျနော်တို့ကို မေးတာမြန်းတာမရှိပါဘူး။ စိစစ်ရေးအဖွဲ့ဝင် ၇ ဦးက ကျနော်တို့ ကိုယ်ရေးအကျဉ်းကို တနေရာမှာ သွားကြည့် တာမျိုးလောက်ပဲ ရှိမှာပါ။ ကျနော်တို့ကို သီးသန့်ခန်းလေး တခုအတွင်းမှာ ထိုင်ခိုင်းထားတယ်။ နောက် အာလာပ သလ္လာပ
လေး ပြောကြ တယ်ပေါ့ဗျာ။ အဲလောက်ပဲပြောပြီး ပြီးသွားပါပြီလို့ ပြောပါတယ်။ လွှတ်တော်ရဲ့ မြင်ကွင်းကတော့ တရားမျှတမှုရှိပါတယ်။ ပြည်ခိုင်ဖြိုးပါတီက အင်အားများ တာကိုး။ ကျနော်တို့ ဒီမိုကရက်တစ်ပါတီတွေက အင်အား ၃၀ လောက်ပဲ ရှိပါတယ်။ ဆိုတော့ ယှဉ်ပြိုင်ပွဲက လွတ်လပ်တရားမျှတပါတယ်။

မေး။ ။ မနေ့က ဒု သမ္မတရာထူးအတွက် စိစစ်မှုမှာ မေးခွန်းတခုမှကို မဖြေဆို ခဲ့ရတာ လားဗျ။

ဖြေ။ ။ မှန်ပါတယ်။ ကျနော် ဘာမှလည်း မဖြေခဲ့ရပါဘူး။ ကျနော်တို့နဲ့ပတ်သက်တဲ့ အချက်အလက်တွေ အကုန်လုံးကိုလည်း သူတို့ ရပြီးသားဖြစ်မှာပါ။

မေး။ ။ တိုင်းရင်းသား ဒီမိုကရက်တစ် ပါတီ ခေါင်းဆောင်တဦးဖြစ်တယ်။ လွှတ်တော်ထဲကို ရောက်တော့လည်း ကျန် ဒီမို ကရက် တစ် ပါတီတွေရဲ့ ရွေးချယ်မှုအရ ဒု သမ္မတရာထူး လျာထားခံရတဲ့ အထိဖြစ်ခဲ့တယ်။ နောက်ပိုင်းမှာတော့ ဒု သမ္မတအဖြစ် ရွေးချယ် မခံ ခဲ့ရဘူး။ ဒါနဲ့ ပတ်သက်ပြီး ဘယ်လို ခံစားရပါသလဲ။

ဖြေ။ ။ ကျနော်တို့ သဘောပေါက်ပါတယ်။ လွှတ်တော်အရပ်ရပ်ရဲ့ ဥက္ကဌ နဲ့ ဒု ဥက္ကဌ နေရာတွေကို ပြည်ခိုင်ဖြိုး ပါတီကပဲ ရယူ လိုက်တယ်ဆိုကတည်းက ၀င်ပေါက်စည်းကို ပိတ်လိုက်တယ်ဆိုတာ ကျနော်တို့ သဘောပေါက်ပါတယ်။ တစုံတခုကိုတင်မယ်။ ဥပဒေကြမ်းတခုကို တင်မယ်ဆိုရင် ဒီခုံပေါက်က ၀င်မှ ရမှာကိုး။ နောက် နိုင်ငံတော် သမ္မတတို့ ဘာတို့ဆိုတာလည်း အတွင်း စည်း ထဲမှာ ရှိတာကိုး။ လုံခြုံရေးအားဖြင့်ရော အခြေအနေအရပ်ရပ်ကို ပြန်ကြည့်ရင် တရားမျှတတယ်လို့ ကျနော် ထင်ပါတယ်။ ဒါပေမယ့် မကြာခင်မှာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေ ဖွဲ့ကြတော့မယ်။ ပြည်ထောင်စု တရားရုံးတို့ ခုံရုံးတို့ ဆိုတာတွေ ဖြစ်လာတော့ မှာကိုး။ အဲဒီအဖွဲ့တွေအတွင်းမှာ တိုင်းရင်းသားအဖွဲ့စုံ ၊ ပါတီစုံက ပုဂ္ဂိုလ်တွေ ပါဝင်နိုင် အောင် လမ်းဖွင့်ပေးဖို့တော့ လိုပါလိမ့်မယ်။

ကျနော်ဆိုလိုတာက ပါတီကြီးတရပ်အတွင်းက တိုင်းရင်းသားတွေကို ဆိုလိုတာ မဟုတ်ဘူးနော်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ လောက် က မြန်မာ့ဆိုရှယ်လစ် ပါတီကြီးအတွင်းမှာလည်း တိုင်းရင်းသားတွေ ပါခဲ့တာပဲ။ ရှိခဲ့တာပဲ။ ပွင့်လင်းမြင်သာတဲ့ နိုင်ငံတကာက လက်ခံလောက် တဲ့ အစိုးရဖြစ်ဖို့ဆိုရင် အသွင်မတူတဲ့ တိုင်းရင်းသားပါတီတွေ ၊ ပါတီစုံက ပုဂ္ဂိုလ်တွေကို ထည့်သွင်းနိုင်ဖို့ လိုပါတယ်။ မိမိပါတီက လူမှ မိမိစိတ်ချမယ်ဆိုတဲ့ အမြင်မျိုးကတော့ ကျဉ်းမြောင်းတယ်လို့ ထင်ပါတယ်။ ကိုယ့်လက်ထဲမှာရှိတဲ့ဟာ ကိုယ် အကုန်ယူလိုက်ရင်တော့ ရတာပေါ့ဗျာ။ ကျနော်ပြောတာက မျှတခြင်း ၊ ပွင့်လင်းမြင်သာခြင်း ၊ လွတ်လပ်ခြင်း ၊ ဒီမိုကရေစီ အနှစ်သာရမှာ အများစုက အနည်းစုရဲ့ ဆန္ဒတွေကို ဘယ်လောက်အလေးအနက်ထားသလဲ။ အနည်းစုရဲ့ ရည်မှန်းချက်တွေကို အများစုက ပယ်ချတာမျိုး မဖြစ်အောင် ဆိုတာတွေကို အလေးအနက် ထားစေချင်ပါတယ်။

ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေကတော့ တိုင်းပြည်ကို ကောင်းစေချင်တယ်။ ဖွံ့ဖြိုးတိုးတက်စေချင်တယ်။ ငြိမ်းချမ်းစေချင် တယ်။ ငြိမ်းချမ်းမှုကို ရပြီးကာမှ ဖွံ့ဖြိုးတိုးတက်မှုကို ရမယ်လို့ ကျနော်တို့ ယုံကြည်တယ်ဗျာ။ အဲတော့ ပြည်တွင်း ငြိမ်းချမ်းရမယ်။ အပစ်အခတ်အကုန် ရပ်စဲရမယ်။ နောက်ဆုံး နိုင်ငံရေးအကျဉ်းသားတွေ လွှတ်နိုင်တဲ့အဆင့်ရောက်အောင် ကျနော်တို့တွေဟာ ကြိုးစားကြရမယ်။ အကုန်လုံးက လက်ခံနိုင်တဲ့ အခြေအနေလေး ရောက်သွားတာ ကျနော်တို့ တွေ့ချင်ပါတယ်ဗျာ။ အဲဒါကျနော်တို့ရဲ့ ဆန္ဒပါပဲ။

မေး။ ။ ရွေးကောက်ပွဲပြီးနောက်ပိုင်းမှာ တိုင်းရင်းသားပါတီတွေစုပေါင်းပြီး တိုင်းရင်းသားတွေ ထဲက ဒု သမ္မတ တဦးပေါ်ထွက် လာရေး ဆန္ဒရှိတယ်လို့ ထုတ်ဖော် ပြောဆိုထားကြပါတယ်။ အခု ကြံ့ခိုင်ရေးပါတီက ရှမ်းတိုင်းရင်းသား ဒေါက်တာ စိုင်းမောက်ခမ်း ဟာ ဒု သမ္မတတဦး ဖြစ်သွားပြီဆိုတော့ ဆရာတို့ရဲ့ ဆန္ဒပြည့်ဝသွားပြီလို့ ပြောလို့ရပါသလား။

ဖြေ။ ။ ခင်များတို့အမြင် ဘယ်လိုရှိမလဲမသိဘူး။ ကျနော်တို့ အမြင်က ပါတီကြီးတခုမှာတော့ တိုင်းရင်းသားပေါင်းစုံရှိနေမှာပဲ။ ကျနော်တို့ဆိုလို တာက မတူကွဲပြားတဲ့အမြင်မျိုး တွေပါရင် ပိုကောင်းမယ်။ မတူကွဲပြားတဲ့ အယူအဆရှိတဲ့သူတွေပါတဲ့ နိုင်ငံတော်ရဲ့အဖွဲ့အစည်းတခုဖြစ်ခဲ့ရင် ပြည်တွင်းကလူတွေလည်း ၀မ်းသာကြမယ်။ ပြည်ပကလည်း ကျေနပ်ကြမယ်။ ကျနော်တို့ အပေါ်မှာလည်း အမြင်ကြည်စွာနဲ့ ဖြစ်သွားစေချင် တဲ့သဘောကို ပြောတာပါ။

မေး။ ။ မြန်မာ့နိုင်ငံရေးသမိုင်းကို ပြန်ကြည့်ရင် စ၀်ရွှေသိုက်တို့ မန်းဝင်းမောင်တို့ နောက်ပိုင်းမှာ နိုင်ငံတော်အဆင့် ရာထူးကြီးတွေမှာ တိုင်းရင်းသားတွေ အနေနဲ့ ဘာကြောင့် မရရှိတော့တာပါလဲ။ အခုချိန်မှာရော ပါဝင်ခွင့်ရှိနေပြီလား မရှိသေးဘူးလား။ ဘယ်လို ရှိပါ သလဲ။

ဖြေ။ ။ ပြည်ထောင်စု စစ်မှန်အောင် ဖန်တီးကြမယ်ဆိုရင်လေ။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဆိုတာ စာရွက်ပေါ်မှာပဲ ရေးလို့ မပြီးဘူးလေ။ လူမျိုးကြီးတခုဟာ အခွင့်အရေးကို နည်းယူနိုင်ရမယ်လေ။ ကျနော်တို့ တိုင်းရင်းသားလူမျိုးငယ်လေးတွေရဲ့ အခွင့်အရေးတွေကိုလည်း ဖော်ပေးနိုင်ရမယ်လေ။ ဒါမှလည်းပဲ နိုင်ငံကြီးသား ပီသမှာ ပေါ့ဗျာ။ ဟန်ဆောင် ပန်ဆောင်မဟုတ်ဘဲနဲ့ အနှစ်သာရ ရှိရှိ ပေးဖို့ လိုတယ်လေ။ လူမျိုးစုံပါနိုင်အောင် ၊ လူနည်းစုမို့ ချန်ထားခဲ့ တာမျိုး မဖြစ်အောင် ၊ လူမျိုးကြီးမို့လို့ အကုန်လုံး ကို သိမ်းကျုံးယူတာမျိုးမဖြစ်အောင် ၊ အမြင်ကြီးကြီးနဲ့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက ဆုံးဖြတ်ကြ ရမှာပါ။

မေး။ ။ အခုဆိုရင် ပြည်ခိုင်ဖြိုးပါတီကပဲ နိုင်ငံ့ရဲ့အမြင့်ဆုံးအဆင့် ရာထူးတွေကို သိမ်းကျုံးယူသွားပြီဆိုတော့ နိုင်ငံရေးပြဿနာတွေ ဖြေရှင်းရာမှာ ဒီမိုကရက်တစ် အရပ်သားပါတီ ကိုယ်စားလှယ်တွေရဲ့ ဆောင်ရွက်နိုင် မှုကဘယ်လောက်အထိ ရှိနိုင်ပါဦးမလဲ။

ဖြေ။ ။ ဒီလိုပါ။ ကျနော်တို့ မီးပွိုင့်တခုဖြတ်ရင် အနီကနေ အစိမ်းရောက်ပြီးမှ ဖြတ်လို့ ရတာကိုး။ အနီကနေ အစိမ်းမရောက်ခင် အ ၀ါကလေး ဖြစ်နေချိန်မှာ စောင့်ကြရ တာကိုး။ ဆိုတော့ ကျနော်တို့က အ၀ါရောင်လေး ကို စောင့်နေကြတာပါ။

Ref;ဧရာဝတီ

Read More...

ကြံ့ဖွံ့လွှတ်တော်က ကြံ့ဖွံ့နိုင်ငံတော်သမ္မတအဖြစ် သိန်းစိန်ကို ရွေးလိုက်ပြီ

ဖေဖော်ဝါရီ ၄၊ ၂၀၁၁

ယနေ့ နေ့ခင်းတွင် မြန်မာစစ်အစိုးရ၏ ပြည်သူ့လွှတ်တော်က ဒုတိယသမ္မတ ဗိုလ်ချူပ်ကြီးဟောင်း သိန်းစိန်ကို သမ္မတ အဖြစ် မဲ ၆၅၉ အနက်က ထောက်ခံမဲ ၄၀၈ မဲနှင့် ခန့်အပ်လိုက်ပြီဟု သတင်းများ ထွက်ပေါ် လာသည်။ သိန်းစိန်သည် လက်ရှိ အာဏာရှင် နအဖ စစ်ကောင်စီက ခန့်အပ်ခဲ့သော ၀န်ကြီးချုပ် ရာထူး လက်ရှိဖြင့် ကြံ့ဖွံ့ပါတီမှ ရွေးကောက်ပွဲ ၀င်ခဲ့သူ စစ်ဗိုလ်ချူပ်ဟောင်း ဖြစ်သည်။

၎င်းက မည်သို့သော ၀န်ကြီးချုပ်၊ ၀န်ကြီး များဖြင့် အစိုးရ တရပ် မည်သို့ ဖွဲ့မည်ကို စောင့်ကြည့်ရမည် ဖြစ်သည်။ သမ္မတသည် လက်နက်ကိုင် စစ်တပ်နှင့် ပတ်သက်သည့် နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီကို ဦးဆောင်ရမည် ဖြစ်သည်ဟု ၂၀၀၈ စစ်အစိုးရ၏ အခြေခံ ဥပဒေက ဆိုထားသည်။

လက်ရှိ ဒုတိယ သမ္မတ ၂ ဦးမှာ စစ်တပ်က တင်အောင်မြင့်ဦး နှင့် ကြံ့ဖွံ့ပါတီက စိုင်းမောက်ခမ်းတို့ ဖြစ်သည် ဟု သိရသည်။

လက်ရှိ အာဏာရှင် နအဖစစ်ကောင်စီ၏ ဥက္ကဋ္ဌ သန်းရွှေ နှင့် ဒုတိယစစ်ခေါင်းဆောင် မောင်အေး တို့က အသစ် ပေါ်ထွန်းလာသည့် လွှတ်တော် ကြီးများနှင့် အစိုးရ အသစ်တွင် မည်သို့ပါဝင် ပတ်သက်လာမည် သို့မဟုတ် မည်သို့ ကြိုးကိုင်မည်လဲကို အများက စိတ်ဝင်တစား စောင့်ကြည့်လျက် ရှိသည်။

လွန်ခဲ့သည့် နှစ်ကုန်ပိုင်း ရွေးကောက်ပွဲ မတိုင်မီ စစ်ဗိုလ်ချုပ်များ အနားယူစဉ် ချန်ထား ခဲ့သည့် ဒု-ဗိုလ်ချုပ်ကြီး မြင့်အောင်နှင့် ဒု-ဗိုလ်ချုပ်ကြီး ကိုကို တို့မှာ တပ်မတော် ရာထူးများ ရှိနေဆဲဖြစ်ပြီး ကာကွယ်ရေး ဦးစီးချုပ်နှင့် ဒုချုပ် ရာထူးပေးမည် ဆိုသည့် မှန်းဆချက် များလည်း ပေါ်ထွက်လျက် ရှိသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ အနေဖြင့် လာမည့် အရပ်ဝတ် အစိုးရ အဖွဲ့၏ ကာကွယ်ရေး ၀န်ကြီး လက်အောက်တွင် ကာကွယ်ရေး ဦးစီးချုပ် အဖြစ် နေရာ ယူရန်မှာလည်း အဆင့်အတန်း အရ (ပရိုတိုကောလ်) အရ နိမ့်ကျ လွန်းနေပြီး အခြား ရှုထောင့်မှ ကြည့်လျင် တပ်ကို တရားဝင် ရာထူး ကြီးများဖြင့် တိုက်ရိုက် မကိုင်တွယ်လျင် ရေရှည်တွင် သစ္စာ စောင့်သိခြင်း မရှိတော့ပဲ ဖြုတ်ချ ခံရမည့် (မဆလ ခေါင်းဆောင် ဦးနေ၀င်းလို) ကံကြမ္မာနှင့်လည်း ကြုံတွေ့ရဖွယ် ရှိသည်ဟု နိုင်ငံရေး စောင့်ကြည့် သူတို့က ပြောဆိုလျက် ရှိသည်။

“တကယ်တမ်းကတော့ သိန်းစိန် သမ္မတ ဖြစ်တာထက်၊ လက်ရှိ စစ်ခေါင်းဆောင်ကြီး ၂ ဦး ဖြစ်တဲ့ သန်းရွှေနဲ့ မောင်အေးတို့က သူတို့ရဲ့ လက်နက်ကိုင် တပ်မတော်ကို ဘယ်လို ဆက်လက် ထိန်းချုပ် သွားမှာလဲ ဆိုတာက ပိုစိတ်ဝင်စားစရာ ကောင်းမယ် ထင်တယ်။ ” ဟု အကဲခတ်တဦးက မိုးမခသို့ ပြောကြားသည်။

Ref: မိုးမခ

Read More...

Burma Update - The New President - 4 Feb 2011

Burma Update - The New President - 4 Feb 2011

Read More...

ဘီးလင်းမြို့ အခွန်ဦးစီးရုံး မီးရှို့ခံရ

ဖေဖော်ဝါရီလ ၃ရက်။ (ကေအိုင်စီ)

မွန်ပြည်နယ် ဘီးလင်းမြို့တွင်းရှိ အခွန်ဦးစီးရုံး ဇန်န၀ါရီလ ၃၁ရက်က အမည်မသိ လူတစု က လာရောက်မီးရှို့ ခဲ့သည်ဟု မြို့ခံ များ၏ ပြောပြချက်အရ သိရသည်။

ထိုနေ့ည ၁၁နာရီခန့်အချိန်တွင် ဘီးလင်းမြို့ အခွန်ဦးစီးဌာနရုံးကို လူခြေတိတ်ချိန် လာရောက်မီးရှို့ ဖျက်ဆီး သွားခဲ့ခြင်းဖြစ်ပြီး လာရောက်လုပ်ဆောင်သူများမှာ မည်သည့် အဖွဲ့ကဖြစ်ကြောင်း မသိရှိသေးဟု ၎င်းမြို့ကို ရောက်ရှိခဲ့သူတစ်ဦးက ယခုလို ပြော သည်။

“မြို့ခံတွေပြောနေကြတာကတော့ ညဘက် လူအိပ်ချိန် ၁၁နာရီလောက်မှ လာပြီး မီးဝင်ရှို့သွားတာပဲတဲ့။ ရုံးစောင့်ကတော့ ရှိ တာပေါ့လေ။ သူက အရပ်သားပဲ။ ကြောက်လို့ ထွက်ပြေးသွားမှာပေါ့။ လာလုပ်တဲ့သူတွေက ဘယ်ကမှန်း ဘယ်သူမှလည်း တပ်အပ် မပြောကြဘူး။”ဟု သူက ဆိုသည်။

အလားတူ ထိုနေ့ညဘက်ကလည်း ကော့ကရိတ်မြို့ မိုက်ခရိုဝေ့ဗ်ကို ကရင်တပ်ဖွဲ့ဝင်များ လာရောက်မီးရှို့ ခဲ့မှုတစ်ခု ဖြစ်ပွားခဲ့ သေးသည်။

Ref;ကရင်သတင်းစဉ်

Read More...

တိုင်းရင်းသားကို လွှတ်တော် ကိုယ်စားမပြုဟု ဝေဖန်

ကိုပေါက် |
သောကြာနေ့၊ ဖေဖေါ်ဝါရီလ ၀၄ ရက် ၂၀၁၁ /

နယူးဒေလီ (မဇ္ဈိမ) ။ ။ တွေ့ဆုံ ဆွေးနွေးရေးနှင့် တိုင်းရင်းသား အခွင့် အရေးအတွက် လွှတ်တော် ထဲတွင် ဝိုင်းဝန်း ကြိုးစားရန် လိုအပ်ကြောင်း ဗညားအောင် ရေးသားသည့် ဆောင်းပါးတပုဒ် ယမန်နေ့ထုတ် နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာထဲ၌ ဖော်ပြပါရှိခဲ့သည်။

‘နိုင်ငံ့အရေး အလွယ်မတွေးစေချင်ပါ’ ဟူသည့် ပြည်ထောင်စုနေ့ ဂုဏ်ပြု ဆောင်းပါးတွင် “ယနေ့ ပြောနေသည့် နိုင်ငံရေး ပါတီများ၊ တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် တပ်မတော်တို့ တွေ့ဆုံရေး ဆိုသည့် လုပ်ငန်းကို ထိုလွှတ်တော် အဆင့်ဆင့်တွင် လက်တွေ့ ဆောင်ရွက်နိုင်ပြီ” ဟု ဗညားအောင်က ဆိုသည်။

"အခြေခံဥပဒေထဲတွင် တိုင်းရင်းသားများ၏ အခွင့်အရေး၊ မိမိတို့ ဘာသာစကား၊ ယဉ်ကျေးမှု စသည်တို့ကို ထိန်းသိမ်း ဖော်ဆောင် နိုင်မည့် လွှတ်တော်၊ အစိုးရအဖွဲ့၊ ဥပဒေပြုခွင့် အာဏာတို့လည်း ပါပြီးဖြစ်သည်။ လွှတ်တော်တွင် အားလုံး လက်တွဲ လုပ်ဆောင်ရင်း အားသာချက်များကို ပိုပြီး အားကောင်းအောင်၊ အားနည်းချက်များ တွေ့လာပါက ပြုပြင်နိုင်အောင် ဝိုင်းဝန်း ကြိုးစားဖို့သာ လိုပါသည်" ဟု ရေးထားသည်။

သို့သော် ယင်းရေးသားချက်အပေါ် တိုင်းရင်းသား လက်နက်ကိုင်များ အပါအဝင်ဖြင့် ထိုင်း-မြန်မာ နယ်စပ်၌ စုဖွဲ့ ထားသည့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ NCUB နှင့် ပြည်တွင်းရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ကဲ့သို့ အတိုက်အခံ အဖွဲ့များက လက်မခံသည့် အပြင် လွှတ်တော်များ ရှိသော်လည်း လက်တွေ့မှာ တပါတီ ကြီးစိုးရေးဖြစ်ပြီး၊ အပြိုင်အဆိုင် သဘော မရှိနိုင်သဖြင့် တိုင်းရင်းသားများကို ကိုယ်စားမပြုဟု ဝေဖန်သည်။

“မည်ကာမတ္တပေါ့ဗျာ။ အသွေးအရောင် အမယ်စုံတယ်ဆိုတဲ့ သဘောပဲဖြစ်ပြီး လွှတ်တော်ထဲမှာ ထိထိ ရောက်ရောက် အယုံအကြည် မရှိ အဆို တင်သွင်းတာတို့က အစပေါ့၊ အတိုက်အခံ နိုင်ငံရေး ပါတီတို့ရဲ့ လုပ်ထုံးလုပ်နည်း အတိုင်း စံချိန်မီ လုပ်နိုင်ဖို့ရာ အလားအလာ မရှိဘဲနဲ့ ဝတ်စုံဝတ်ပြ၊ အပေါ်တက်ပြီး သဘောတူကြောင်း လက်မှတ်ထိုး၊ လက်ခုပ်တီး အဲဒီအဆင့်ပဲ ဖြစ်နေတော့ ကိုယ်စားပြုမှုဟာ တရားဝင်မှု မရှိဘူး၊ မခိုင်မာဘူးလို့တော့ ကျနော် ပြောရဲတာပေါ့” ဟု NCUB တွဲဖက် အထွေထွေ အတွင်းရေးမှူး ၃ ဗိုလ်မှူးကြီး ခွန်ဥက္ကာက မဇ္ဈိကို ပြောဆိုသည်။

သူက ဆက်ပြီး “စီစဉ်ထားတဲ့အတိုင်း ဘယ်သူ့ကိုတင်ရင် ဘယ်သူက ထောက်ခံ၊ ဘယ်သူက လက်ခုပ်တီး ဆိုတာ လောက်နဲ့ ဆိုတော့ ဒီလွှတ်တော် တွေဟာ စံချိန်စံညွှန်းမီ လွှတ်တော်တွေ မဖြစ်နိုင်ဘူး။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးအရ ဆွေးနွေးဖို့ မဖြစ်နိုင်ဘူးလို့ အတိအလင်း ပြောရဲတယ်” ဟု ပြောသည်။

NCUB တွင် NLD လွတ်မြောက်နယ်မြေ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များသမဂ္ဂ MPU၊ လက်နက်ကိုင် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များ ပေါင်းစုထားသည့် အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု NDF နှင့် မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ်များ အဖွဲ့ချုပ် DAB တို့ ပါဝင်သည်။

NLD ကလည်း လွှတ်တော်အရပ်ရပ်တွင် စစ်မှန်သည့် ကိုယ်စား ပြုမှုများ မရှိဟု ရှုမြင်သည်။

“တိုင်းရင်းသားတွေ စုံတယ် ဆိုတာ တခုထဲနဲ့ တိုင်းရင်းသား များကို ကိုယ်စားပြုတဲ့ စစ်မှန်တဲ့ နေရာဌာန အဖြစ် မသတ်မှတ် နိုင်ပါဘူး။ ရွေးချယ်ပုံ ရွေးချယ်နည်း မှားယွင်း နေတယ်၊ လစ်ဟာနေတယ်၊ ချွတ်ယွင်းနေတယ်၊ ဒါတင်မကဘူး ကိုယ်စားပြုမှုလည်း မပြည့်ဝဘူး။ ဒါကြောင့် ဒီလွှတ်တော် ထဲမှာ တိုင်းရင်းသား ကိုယ်စားလှယ် များပြား နေတယ် ဆိုပေမယ့်လည်း ဒီနေရာ ဌာန ကြီးမှာ တိုင်းရင်းသားများ အရေး ဆွေးနွေး နိုင်တယ်လို့ မယူဆဘူး လို့ဘဲ ပြောချင်ပါတယ်” ဟု NLD ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်က ဆိုသည်။

LD အနေဖြင့် ၁၉၉၅ ခုနှစ်တွင် အမျိုးသားညီလာခံကို သပိတ်မှောက်ထွက်ခွါ လာပြီး ကတည်းက ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေနှင့် သော်လည်းကောင်း၊ ရွေးကောက်ပွဲနှင့် သော်လည်းကောင်း၊ လွှတ်တော်နှင့် သော်လည်းကောင်း ပါဝင် ပတ်သက်မှု မရှိခဲ့ကြောင်း ဦးဝင်းတင်က ဖြည့်စွက် ပြောဆိုသည်။

ဗညားအောင် ဆောင်းပါးထဲတွင် တပ်မတော်နှင့် ၂ဝ၁ဝ ရွေးကောက်ပွဲမှ ရွေးချယ်ခံ နိုင်ငံရေးပါတီများ မပါဝင်သည့် ပင်လုံ ညီလာခံပုံစံ ညီလာခံ ကျင်းပမည် ဆိုသည့် အယူအဆသည် အပေါစား နိုင်ငံရေး စတန့်ထက် မပိုကြောင်း NLD နှင့် အတိုက်အခံ တိုင်းရင်းသား ပါတီများ ခေါ်ဆိုရန် ကြိုးပမ်းနေသည့် ဒုတိယ ပင်လုံညီလာခံကို ရည်ညွှန်းထားသည်။

၎င်းအယူအဆကို ဦးဝင်းတင်က “ကိုယ်စားပြုမှုမှာရော၊ ရွေးချယ်မှုမှာရော၊ အကျိုး စီးပွားမှာရော ဘာမှ မပြည့်စုံတဲ့ လွှတ်တော်ဟာ နိုင်ငံရေး စတန့်တင် မဟုတ်ဘူး ဘာပြောရမှန်းတောင် မသိတဲ့ စကားလုံးနဲ့ပဲ ပြောရမှာလို့ပဲ ယူဆပါတယ်” ဟု ဝေဖန်သည်။

ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင် ကလည်း ဆောင်းပါး ဖော်ပြပါ နိုင်ငံရေး ပါတီများ၊ တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် တပ်မတော်တို့၏ ဆွေးနွေးမှုဆိုသည်ကို လက်ရှိကျင်းပဆဲ လွှတ်တော်များတွင် မမျှော်လင့်ရဲဟု ဆိုသည်။

“သိပ်တော့ မမျှော်လင့်ရဲပါဘူး။ လက်ရှိအခင်းအကျင်း ကျနော်တို့ သုံးသပ်နေပါတယ်။ တဆင့်ချင်း လေ့လာနေတယ်။ အယူအဆ မတူနိုင်ဘူးလေ။ အယူအဆ မတူတာကို လက်ခံကြရမှာပဲ။ မတူကွဲပြားတဲ့ အယူအဆတွေကို စုစည်းနိုင်တဲ့ စွမ်းအားလည်း လိုမှာပေါ့။ တကယ်တမ်း စစ်မှန်တဲ့ ပြည်ထောင်စုကြီးကို ချီတက်နိုင်ကြဖို့ လိုပြီလို့ဆိုတဲ့ အသိလေး ရှိတယ်လို့ ဖြစ်ရင်ပေါ့ဗျာ။ သူ့ဘက် ကိုယ့်ဘက် အတတ်နိုင်ဆုံး ပြန်လျှော့ပြီး Common Ground ကို ဖန်တီးပေးကြရမှာ။ သူ့ဘက်ကိုယ့်ဘက် ဆိုတာလေးကတော့ လျှော့ကြရမှာပေါ့” ဟု သူက ပြောသည်။

ဒေါက်တာအေးမောင်မှာ ဒေါက်တာစိုင်းမောက်ခမ်းနှင့်အပြိုင် ဒုသမ္မတလောင်းအဖြစ် အမျိုးသား လွှတ်တော်မှ အဆိုပြု ခံခဲ့ရသူ တဦး ဖြစ်သည်။ ဒုသမ္မတ နေရာအတွက် မဲခွဲဆုံးဖြတ်ရာ ကြံ့ဖွံ့ပါတီမှ ဒေါက်တာ စိုင်းမောက်ခမ်းက မဲ အပြတ်အသတ်ဖြင့် အနိုင် ရခဲ့သည်။

လက်ရှိ ရွေးချယ်ရရှိထားသော ဒုတိယ သမ္မတ ၃ ဦးဖြစ်ကြသည့် သီဟသူရ ဦးတင်အောင်မြင့်ဦး၊ ဦးသိန်းစိန်နှင့် ဒေါက်တာ စိုင်းမောက်ခမ်းတို့ အားလုံးမှာ ကြံ့ဖွံ့မှ လွှတ်တော် ကိုယ်စားလှယ်များချည်း ဖြစ်သည်။ ၎င်းတို့ထဲမှ နိုင်ငံသား အားလုံး၏ အထွတ်အထိပ် နေရာဖြစ်သည့် သမ္မတကို ရွေးချယ် သွားမည်ဖြစ်သည်။

အများစု၏ သဘောဆန္ဒသာ လွှမ်းမိုးနေသဖြင့် အနည်းစု၏ သဘောဆန္ဒကိုလည်း လေးစား လိုက်နာပါက သွားလိုသည့် လမ်းကြောင်းမှာ အင်မတန် သာယာ လာနိုင်ဖွယ်ရှိဟုလည်း ဒေါက်တာအေးမောင်က မဇ္ဈိမကို ပြောဆိုသည်။

လက်ရှိ ပြည်ထောင်စု လွှတ်တော်တွင် တိုင်းရင်းသားလူမျိုးများ၏ ပါဝင်မှုမှာ ၁၂ ရာခိုင်နှုန်းခန့်သာ ရှိပြီး၊ စစ်တပ် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနှင့် စစ်တပ်နောက်ခံပြု ကြံ့ခိုင်ရေးပါတီမှ ၅၈ ရာခိုင်နှုန်းက အများစု ကြီးစိုးထားသည်။

Ref: မဇ္ဈိမ

Read More...

အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် အာရပ်ကမ္ဘာ လွတ်မြောက်ရေး ဆန္ဒပြပွဲများ

အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် အာရပ်ကမ္ဘာ လွတ်မြောက်ရေး ဆန္ဒပြပွဲများ

Ref: Burma Today

Read More...

နိုင်းမြစ်ကမ်းပေါ်က အာဏာရှင် တော်လှန်ရေး

ဘကောင်း ။
Thursday, 03 February 2011 ။

နှစ်ပေါင်း ၃၀ ကြာ အီဂျစ်နိုင်ငံကို အာဏာရှင်အဖြစ် အုပ်စိုးခဲ့သော သမ္မတမူဘာရက်အား ချက်ချင်း ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုခဲ့သည့် နိုင်ငံတဝန်း လူထုအုံကြွ ဆန္ဒပြမှုကြီး ၁၀ ရက် တိုင်ခဲ့ပြီ ဖြစ်သည်။

အစွန်းရောက် အစ္စလာမ် ဆိုသူ များအား နှိပ်ကွပ်ပြီး တဘက်၌ အမေရိကန် အစိုးရနှင့် အလွန် သင့်မြတ် သော်လည်း တိုင်းသူ ပြည်သားများအား အာဏာရှင် ဆန်ဆန် အုပ်ချုပ်ခဲ့သော မူဘာရက် ပြုတ်ကျမည်လော၊ သို့တည်းမဟုတ် facebook၊ twitter တို့ဖြင့် လူငယ်တို့ စတင်ခဲ့သည့် ဆန္ဒပြမှု ကြီးသည် နှိပ်ကွပ် မှုများကြောင့် ရှုံးနိမ့် ရတော့မည်လော ဆိုသည့် အဖြေသည် မကြာမီ ရက်ပိုင်းအတွင်း ထွက်လာ ပေတော့မည်။

ဆန္ဒပြပွဲကြီး စတင်ပြီး ရက်ပိုင်းအကြာ မူဘာရက်သည် ဝန်ကြီးအဖွဲ့ တဖွဲ့လုံး အစားထိုး ခန့်အပ်ခြင်း ပြုလုပ်သည့် အပြင် ဒုသမ္မတ နေရာ တခုကို ဖန်တီးကာ သူ့လူယုံ တဦးအား ခန့်အပ်လိုက်သည်။ အတိုက်အခံ အင်အားစုများနှင့် ဆွေးနွေးပွဲများ ကျင်းပကာ လိုအပ်သည့် ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်မည်ဟုလည်း စကား ကမ်းလှမ်းခဲ့သည်။

ထိုပြောင်းလဲချက်များသည် ဆန္ဒပြပွဲများကို အရှိန်တန့်စေရန် မည်သို့မျှ မလုပ်ဆောင် နိုင်သည်ကို တွေ့မြင် ရသည့် အခါ မူဘာရက်က စက်တင်ဘာလ၌ သူ၏ သမ္မတ သက်တမ်း ကုန်ဆုံးပါက ဆက်လက်၍ အရွေး ခံတော့မည် မဟုတ်ကြောင်း၊ ပြည်သူလူထု၏ လုံခြုံရေးအတွက် အာမခံနိုင်မည့် နိုင်ငံရေးအပြောင်းအလဲ တခုအတွက် သူ လုပ်ဆောင်တော့မည် ဖြစ်ကြောင်း အင်္ဂါနေ့ ညက တိုက်ရိုက်ထုတ်လွှင့်သည့် ရုပ်မြင်သံကြား မိန့်ခွန်းတွင် ပြောဆိုသွားခဲ့၏။

“ဒီတိုင်းပြည်ဟာလည်း ကျုပ်တိုင်းပြည်ပဲ။ ဒီမြေမှာပဲ ကျုပ်နေထိုင်လာခဲ့တယ်။ ဒီတိုင်းပြည်ရဲ့ အချုပ်အချာအာဏာနဲ့ အကျိုးစီးပွားကို ကျုပ် ထမ်းရွက်ကာကွယ်ခဲ့တယ်။ ဒီမြေမှာပဲ ကျုပ်သေသွားမယ်” ဟု တိုက်လေယာဉ် မောင်းသူဘဝမှ သမ္မတ ဖြစ်လာခဲ့သော မူဘာရက်က ပြောသည်။

၁၉၈၁ ခုနှစ်တွင် သမ္မတ ဖြစ်လာခဲ့သော မူဘာရက်သည် အသက် ၈၂ နှစ် ရှိနေပြီ ဖြစ်သော်လည်း အားမာန် အပြည့်ဖြင့် မိန့်ခွန်း ခြွေသွားသည်ကို မြင်တွေ့ရသည်။

သူ၏ ကမ်းလှမ်းချက်အား ဆန္ဒပြသမားတို့ လက်မခံသည်ကို တွေ့ရသည့်အခါတွင် မြန်မာပြည်ရှိ အာဏာရှင်တို့ လုပ်နည်းအတိုင်း သူ့အား ထောက်ခံသည် ဆိုသူတို့နှင့် တန်ပြန်ဆန္ဒပြပွဲများကို မနေ့က စတင်၍ မြို့တော် ကိုင်ရိုနှင့် ဒုတိယမြို့တော် ဖြစ်သော အလက်ဇန်းဒရီးယားတို့တွင် ပြုလုပ်နေပြီဖြစ်၏။

မနေ့ နေ့လယ်ခင်းက ရာနှင့်ချီသော “မူဘာရက်ကိုထောက်ခံသူ” ဆိုသူတို့က မြင်းများ၊ လားများကို စီး၍ ကိုင်ရိုမြို့လယ်ရှိ ဆန္ဒပြသမားတို့ သန်းနှင့်ချီ စုဝေးရာ တဟီရာ ရင်ပြင်သို့ဝင်ရောက်လာပြီး ထိပ်တိုက် ရင်ဆိုင်မူများ ပြုလုပ်ခဲ့သည်။ မူဘာရက် ထောက်ခံသူ တို့က အနီးရှိ အဆောက်အဦး မြင့်များပေါ်တက်၍ ခဲများဖြင့် ပစ်ပေါက်ကြပုံ၊ ဓာတ်ဆီ ပုလင်းများ ကိုမီးရှို့၍ ပစ်ချကြပုံကိုလည်း အယ်ဂျားလ်ဇီးယား ရုပ်သံမှ အဆက်မပြတ်ထုတ်လွှင့် နေသည်။

သမိုင်းဝင် နိုင်းမြစ် နံဘေးရှိ တဟီရာရင်ပြင်က အနိဌာရုံ မြင်ကွင်းတခုဖြစ်လာ၏။ မြေပြင်တွင် မူဘာရက် ထောက်ခံသူတို့နှင့် ဆန့်ကျင်သူတို့ အပြန်အလှန် ထိုးကြိတ်နေကြဆဲ ဖြစ်သည်။

မူဘာရက်ကို ဆန့်ကျင်သူတို့က သူတို့ကို တိုက်ခိုက်လာသူတို့သည် မူဘာရက်၏ အမျိုးသားဒီမိုကရက်တစ် ပါတီဝင်များ၊ အရပ်ဝတ်ရဲများနှင့် ပိုက်ဆံပေး စေခိုင်းထားသော လူဆိုးသူခိုးတို့ ဖြစ်ကြောင်း ငိုယိုပြောဆိုကြသည်။

၂၀၀၇ ခုနှစ်က မြန်မာပြည်တွင် သံဃာတော်များ ဦးဆာင်သော ဆန္ဒပြပွဲများ နှိမ်နင်းရာတွင် တွေ့ခဲ့ရသည့် တနေ့ ကျပ် ၂၀၀၀ နှင့် ဒံပေါက် တထုပ်အတွက် ပုဆိုး ကပိုကရိုဝတ်ကာ ဝါးရင်းတုတ် ကိုင်ထားသော စွမ်းအားရှင်ဆိုသူ များနှင့် နှိုင်းလိုက နှိုင်းလို့ရ၏။

မူဘာရက်ကတော့ မြန်မာပြည် အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို အတုခိုးကာ ပြည်သူအချင်းချင်း တိုက်ပေးသော နည်းကို အသုံးပြုနေပြီဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကဲ့သို့ပင် မူဘာရက်သည် အလွန်ဆင်းရဲ၍ ဆန္ဒပြမှုများတွင်ပင် မပါဝင် နိုင်လောက်အောင် မွဲတေနေသော၊ မြို့နယ် ရပ်ကွက်များတွင် ဆိုးပေ့တေပေ့၊ အသိဥာဏ်ချို့တဲ့ပေ့ ဆိုသော သူများအား ငွေဖြင့်စည်းရုံး၍ ဆန္ဒပြသမားများကို ရိုက်ခိုင်းသည်၊ လူစုပြီး တန်ပြန်ဆန္ဒပြပွဲများကို ပြုလုပ်ခိုင်းသည်။

ထိုအခြေအနေကို အနောက်နိုင်ငံ အစိုးရများနှင့် နိုင်ငံရေး ကျွမ်းကျင်သူများက နားလည်ရန် ခက်ခက်ခဲခဲ သုံးသပ် နေကြရသော်လည်း အာဏာရှင် လက်အောက်တွင် လူလားမြောက်ခဲ့ရသော မြန်မာပြည်သူတို့မှာ အခြေအနေမှန်ကို ကောင်းစွာ နားလည်ကြမည် ဖြစ်ပါသည်။

တဟီရာ ရင်ပြင်တွင် ရောက်ရှိနေသော ဒိုမင်းနစ်ကာဗာကစ် ဆိုသည့် ဆန္ဒပြ လူငယ်တဦးက “မီဒီယာတွေက မူဘာရက် ဆန့်ကျင်သူနဲ့ ထောက်ခံသူဆိုပြီး သတင်း လုပ်နေတာတွေကို ကျနော် တော်တော် ဒေါကန်နေပြီ။ ကျနော်တို့ အီဂျစ် နှစ်ခြမ်း ကွဲသွားတာ မဟုတ်ဘူး။ အစိုးရက ကျနော်တို့ကို နှိပ်ကွပ်တိုက်ခိုက် နေပြီဆိုတာ သိစေချင်တယ်။ ဟောဟိုမှာ မူဘာရက် ပါတီဝင်တွေ။ အမှတ် ၂ လမ်းထဲကနေ ရင်ပြင်ထဲကို လာနေကြပြီ။ သူတို့ လာလို့မရအောင် ကျနော်တို့ လမ်းသွားပိတ်လိုက်ဦးမယ်” ဟု သူ၏ အင်တာနက် twitter တွင် ယနေ့ မနက် အစောပိုင်းက ရေးသားထားသည်ကို တွေ့ရသည်။

အီဂျစ်နိုင်ငံရှိ ဘဏ်များလည်း ပိတ်ထားပြီး ဈေးဆိုင်များတွင်လည်း စားကုန်များ စတင်ပြတ်လပ်နေပြီဟု သိရသည်။ တချို့နေရာများတွင် လုယက်မှုများ ဖြစ်ပေါ်နေပြီး အကျဉ်းထောင် များတွင်လည်း အဓိကရုဏ်းများ ဖြစ်ကာ အကျဉ်းသားများ ထောင်ချီ လွတ်မြောက်လာ၏။ ရပ်ကွက် လုံခြုံရေး၊ လမ်းလုံခြုံရေးအတွက် သက်ဆိုင်ရာ မြို့သူ မြို့သားတို့က တာဝန်ယူ ဆောင်ရွက်နေကြပြီဖြစ်သည်။

အခြေအနေမှာ မြန်မာပြည်တွင် ဖြစ်ပျက် ခဲ့သော ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးနှင့် ခပ်ဆင်ဆင် ဖြစ်နေသလို ရှိပြီး အခြေခံ ပြဿနာများကတော့ အတူတူပဲဖြစ်သည်။ အထွေထွေလူမှု ပြဿနာများ ဖြစ်သည့် အုပ်ချုပ်သူ လူတန်းစား လက်တဆုပ်စာ၏ အဆမတန် ခြစားမှု၊ အစိုးရ၏ ဖိနှိပ်မှု၊ အလုပ်လက်မဲ့ ပေါများမှု၊ အဆမတန် ငွေကြေး ဖောင်းပွမှုနှင့် ဆင်းရဲ မွဲတေမှု တို့သည် လူထု အုံကြွမှု၏ ရေသောက်မြစ်များ အဖြစ် တွေ့မြင် နေရသည်။

အီဂျစ်နိုင်ငံ၏ ပျမ်းမျှ တနေ့ ဝင်ငွေသည် အမေရိကန် ၂ ဒေါ်လာ (ကျပ် ၂ ထောင်ဝန်းကျင်) အောက်သာ ရှိပြီး မြန်မာ ပြည်ရှိ ပြည်သူတို့၏ ဝင်ငွေမှာ တနေ့ ၁ ဒေါ်လာ (ကျပ် ၁ ထောင် ဝန်းကျင်) အောက်သာ ရရှိသည်။

အီဂျစ်တွင် ယခုအချိန်ထိ အလွန်ထူးခြားသည်က စစ်တပ်၏ အခန်းကဏ္ဍ ဖြစ်သည်။ ကိုင်ရိုမြို့၏ ကောင်းကင်ယံတွင် စစ်သုံး ရဟတ်ယာဉ်များ ပျံဝဲနေပြီး မြေပြင်တွင်လည်း တင့်ကားများက နေရာ ယူထားကြသည်။

အီဂျစ် စစ်တပ်က ဆန္ဒပြသမားများအပေါ် အင်အားသုံး နှိမ်နှင်းမည်မဟုတ်ကြောင်း ပြည်သူလူထု၏ ငြိမ်းချမ်းသော နည်းဖြင့် ဆန္ဒထုတ်ဖော်ခြင်းကို အာမခံသွားမည်ဖြစ်ကြောင်း တနင်္လာနေ့တွင် ကြေညာချက် တစောင် ထုတ်ပြန် ပြောကြားထားသည်။

ယနေ့နံနက် အရုဏ်တက်၌ တဟီရာရင်ပြင်အနီး သေနတ်သံများ ကြိုကြားကြိုကြား ပေါ်ထွက်နေသော်လည်း အီဂျစ် စစ်တပ်က ၎င်းတို့ ပစ်ခတ်ခြင်း မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

သြဇာတိက္ကမကြီးမားသည့် နိုင်ငံရေး သုံးသပ်သူ Fareed Zakaria ကမူ အီဂျစ်နိုင်ငံသည် အပေါ်ယံ အရပ်သား ထိန်းချုပ်မှု အသွင်ဆောင်သော်လည်း စစ်တပ် အာဏာရှင် အုပ်စိုးနေသည့် နိုင်ငံဖြစ်ကြောင်း၊ ထို့ကြောင့် စစ်မှန်သည့် ဒီမိုကရေစီ စနစ်တခု ပေါ်လာပြီး ၎င်း၏ သြဇာအာဏာ လုပ်ပိုင်ခွင့်များ ဆုံးရှုံးမည့်အရေးကို စစ်တပ်က အသာတကြည် ခွင့်ပြုမည်မဟုတ်ကြောင်း မနေ့က ပြုလုပ်သော မေးမြန်းခန်း တခု၌ သုံးသပ်ထားသည်။

မြန်မာပြည်က ၈ လေးလုံး အရေးတော်ပုံတွင် ခေါင်းဆောင် တဦးအဖြစ် ပေါ်ထွက်လာခဲ့သော ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့ ပုဂ္ဂိုလ်တဦးကို အီဂျစ်ဆန္ဒပြသမားတို့ ရရှိလိုက်ခြင်းက အီဂျစ်နှင့် မြန်မာပြည် တိုက်ဆိုင်စွာ တူညီသည်ဟု ဆိုရမည် ဖြစ်သည်။

ထိုသူသည် အီဂျစ်နိုင်ငံတွင် ငယ်စဉ်က ၁၅ နှစ်ကြာသာ နေထိုင်ဖူးပြီး နောင်တွင် အနောက်နိုင်ငံများ၌ ဘဝကိုနှစ်မြှုပ်ခဲ့သူ နိုင်ငံတကာ အနုမြူအေဂျင်စီ (IAEA) မှ အကြီးအကဲဟောင်း အသက် ၆၈ နှစ်အရွယ်ရှိ အီဂျစ်နိုင်ငံသား မိုဟာမက် အယ်လ်ဘာရာဒေးပင် ဖြစ်သည်။

IAEA တွင်သူ၏ ကြိုးပမ်း လုပ်ဆောင်မှုများအတွက် နိုဘဲလ်ငြိမ်းချမ်းရေးဆုကို ရရှိခဲ့သူဖြစ်သည်။ သူသည် ယခု အီဂျစ်နိုင်ငံတွင် ရောက်ရှိနေပြီး မူဘာရက် လုံးဝနုတ်ထွက်သွားရန် တောင်းဆိုနေပြီဖြစ်သည်။

သူက “တည်ငြိမ်မှုကို ဗန်းပြပြီး ပြည်သူလူထုကို နှိပ်စက်နေတဲ့ စစ်အာဏာရှင်စနစ်ကြီး ရပ်တန့်ဖို့အတွက် အချိန် ကျရောက် နေပါပြီ” ဟုလည်း ပြောဆိုထားသည်။ သူ၏ တောင်းဆိုချက် ၃ ခုမှာ အပြောင်းအလဲ ကာလ အစိုးရတရပ် ဖွဲ့စည်းရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်ပေါ်ပေါက်ရေးနှင့် အစိုးရသစ် တရပ်ပေါ်ပေါက်ရေးတို့ ဖြစ်သည်။

အီဂျစ်နိုင်ငံအား တနှစ်လျှင် စစ်ရေးအကူအညီ အမေရိကန် ဒေါ်လာ သန်း ၁၅၀၀ ထောက်ပံ့သော အမေရိကန် အစိုးရသည် ၎င်းနှင့် ဆယ်စုနှစ်များစွာ မဟာမိတ်ဖြစ်ခဲ့သော မူဘာရက် ပြုတ်ကျသွားပြီး အစွန်းရောက် အစ္စလာမ်များ အာဏာရလာမည်ကို စိုးရိမ်နေသည်။

အမေရိကန် ဒုသမ္မတ ဂျိုးဘိုက်ဒန် သည်ပင် မူဘာရက်အား အာဏာရှင်ဟူ၍ မခေါ်ဆိုနိုင်ကြောင်း ယခင်တပတ်က ပြောဆိုခဲ့သည်။ အမေရိကန်တို့၏ သဘောထားများအပေါ် အီဂျစ် ဆန္ဒပြသမားများနှင့် မိုဟာမက် အယ်လ်ဘာရာဒေးက မကျေမနပ် ဖြစ်ခဲ့ကြသည်။

မိုဟာမက် အယ်လ်ဘာရာဒေးက မူဘာရက်အား နုတ်ထွက်ရန်ပြောဆိုသည့် နိုင်ငံ့ခေါင်းဆောင်များထဲတွင် အမေရိကန် သမ္မတ အိုဘားမား အနေဖြင့် နောက်ဆုံးမှ ပြောဆိုသည်ဆိုလျှင် မကောင်းနိုင်ကြောင်း ပြောဆိုသည်။

သို့ရာတွင် အမေရိကန် သမ္မတ အိုဘားမားက အီဂျစ်နိုင်ငံ၏ အခြေအနေသည် ဆက်၍ ထိန်းထားနိုင်တော့သည့် အခြေအနေ၌ မရှိတော့ကြောင်း၊ အပြောင်းအလဲသည် မလွဲမသွေ ကျရောက်လာရတော့မည် ဖြစ်ကြောင်း၊ ထို့အပြင် အပြောင်းအလဲ ဖြစ်ပေါ်ပြီးနောက်တွင်လည်း လိုအပ်သည့် အကူအညီများကို ထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း အင်္ဂါနေ့က ပြောဆိုလိုက်သည်။

“အပြောင်းအလဲဟာ စနစ်ကျပြီး အနှစ်သာရရှိတဲ့ အပြောင်းအလဲ၊ ငြိမ်းချမ်းတဲ့ အပြောင်းအလဲပဲ ဖြစ်ရမယ်။ အဲဒီ အပြောင်းအလဲဟာ အခုကိုပဲ စတင်ရမယ်” ဟု အိုဘားမားက ပြော၏။ သို့ရာတွင် အပြောင်းအလဲသည် ရှည်လျားပြီး အခန့်မသင့်လျှင် သွေးထွက်သံယို ဖြစ်နိုင်ကြောင်း အရိပ်အမြွက် ဆိုသည့် အနေဖြင့် လာမည့်ရက်တို့သည် အီဂျစ်ပြည်သူတို့အတွက် ခက်ခဲမည့် နေ့ရက်များ ဖြစ်မည်ဟု ဖြည့်စွက် ပြောဆိုသွားသည်။

ထိုမှန်းဆချက် ပြုလုပ်ပြီး နာရီပိုင်း အကြာတွင် မူဘာရက် ထောက်ခံသူဟု ဆိုသူများ ထွက်လာပြီး သွေးထွက် သံယို အဖြစ်အပျက်များကို တွေ့မြင် ကြရတော့သည်။

အပြောင်းအလဲအတွက် သွေးထွက်သံယို အဖြစ်အပျက်ကို မလိုလားသည့် အနေဖြင့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က “လူထုဆန္ဒပြပွဲတွေဟာ အပြောင်းအလဲ ဖြစ်စေတဲ့ နည်းလမ်းတခုတော့ ဟုတ်ပါတယ်။ ဒါပေမယ့် အဲဒါဟာ အကောင်းဆုံး နည်းလမ်းလို့တော့ မဆိုနိုင်ပါဘူး” ဟု အင်္ဂါနေ့က ပြုလုပ်သော BBC မေးမြန်းခန်း တခုတွင် ပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၀ နိုဝင်ဘာလက အကျယ်ချုပ်မှ လွတ်မြောက်ခဲ့ပြီး ရက်ပိုင်းအတွင်းတွင် တော်လှန်ရေး ဆိုသည်မှာ တိုင်းပြည်၌ ကောင်းမွန်သော အပြောင်းအလဲများ အရှိန်အဟုန်ဖြင့် ဖြစ်ထွန်းခြင်းကို ဆိုလိုသည်ဟု အဓိပ္ပာယ် ဖွင့်ဆိုခဲ့ သည်ကို မှတ်မိကြပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ နိုင်းမြစ်မှ တော်လှန်ရေးသည် အနှစ် ၃၀ ကြာမြင့်ခဲ့သည့် မူဘာရက်၏ အာဏာရှင်စနစ်ကို အပြင်းအထန် ထိုးနှက်လိုက်ရုံမက အာဏာရှင်တို့ ကြီးစိုးသော အာရပ်ကမ္ဘာရှိ ရီမင်၊ ဂျော်ဒန်၊ ဆီးရီးယားနှင့် ဆော်လ်ဒီအာရေဗျ နိုင်ငံများအား တုန်ခါစေခဲ့ပြီဖြစ်သည်။

ရီမင်နိုင်ငံ၌လည်း နှစ် ၃၀ ကျော် အုပ်စိုးခဲ့သော သမ္မတ အလီအဒူဆလက် ရာထူးမှ နုတ်ထွက်ရန် အစိုးရဆန့်ကျင်သူတို့ ထောင်နှင့်ချီ ဆန္ဒပြနေကြသည်။ မနေ့ကမူ သမ္မတက သူသည် လာမည့် ၂၀၁၃ တွင်ဆက်လက်၍ သမ္မတရာထူးကို အရွေးခံတော့မည် မဟုတ်ကြောင်း၊ ထိုရာထူးအား သူ့သားဖြစ်သူလည်း ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်ကြောင်း ပြောဆို လိုက်သည်။

တဟီရာ ရင်ပြင်တွင်တော့ ဓားများ၊ တုတ်များ၊ ကျောက်ခဲများ၊ မီးလောင်ဗုံးများ စွဲကိုင်ထားသော မူဘာရက် ထောက်ခံသူ “စွမ်းအားရှင်တို့” နှင့် ဆန္ဒပြသမားတို့ အဓိကရုဏ်းများ ဆက်လက်ဖြစ်ပွားနေသည်။ ထိုအဓိကရုဏ်း များအတွင်း လူ ၈ ယောက် သေဆုံးပြီး ၈၃၆ ဦးကျော် ဒဏ်ရာရရှိကြောင်း ယနေ့နေ့လယ်က နိုင်ငံပိုင် ရုပ်မြင်သံကြားတွင် ကြေညာသွားသည်။ ၏

တဟီရာရင်ပြင်သည် အီဂျစ်နိုင်ငံ၏ သမိုင်းဝင် နေရာ တနေရာဖြစ်သည်။ ၁၉၅၂ ခုနှစ် စစ်တပ် အရာရှိရာများက စည်းမျဉ်းခံ ဘုရင်စနစ်အား ဖြုတ်ချပြီး အီဂျစ် သမ္မတ နိုင်ငံအဖြစ်ထူထောင်စဉ် ထိုနေရာကို လွတ်လပ်ရေး ရင်ပြင်အဖြစ် ပြောင်းလဲ သမုတ်ခဲ့သည်။ ၂၀၀၃ ခုနှစ် အမေရိကန် နိုင်ငံက အီရတ်ကို ဝင်ရောက်တိုက်ခိုက်သည့် အခါတွင်လည်း စစ် ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ထိုနေရာ၌ ဖြစ်ပျက်ခဲ့သေးသည်။

“တဟီရာကို ရောက်မလာတဲ့သူဟာ ကိုယ့်သမိုင်းကိုယ် ကြည့်ပြီး တဘဝလုံး အရှက်ရနေမယ့် သူပဲ ဖြစ်မယ်” ဟုအခင်း ဖြစ်ပွားရာတွင် ရောက်ရှိနေသော မာဝါအယ်ဆာလာ ဆိုသူ အမျိုးသမီးက သူ၏ twitter ဆိုက်တွင် ရေးသားပြီး တော်လှန်ရေးကို ဆက်လက်ဆင်နွှဲရန် ဆော်သြလိုက်သည်။

Ref: ဧရာဝတီ်

Read More...

လွှတ်တော်သတင်းကို အစိုးရ သတင်းစာအတိုင်းသာ ဖော်ပြရ

Thursday, 03 February 2011

ပုဂ္ဂလိက သတင်းဂျာနယ် များတွင် ရေးသားဖော်ပြမည့် လွှတ်တော်နှင့် သက်ဆိုင်သည့် သတင်းများကို နိုင်ငံပိုင် သတင်းစာ အတိုင်းသာ ရေးသားဖော်ပြ၍ ဓာတ်ပုံကို မြန်မာ့ရုပ်သံ သတင်းမှ ယူသုံး ရမည်ဖြစ်ကြောင်း သိရသည်။

နှစ် ၂၀ ကျော်အတွင်း ပထမဆုံး အကြိမ် ကျင်းပ နေသော လွှတ်တော် အစည်း အဝေး သတင်းကို သတင်းစာတွင် ပါရှိသည့်အတိုင်း ဖော်ပြခွင့် ရှိသော်လည်း နိုင်ငံရေး ပါတီများ၏ လွှတ်တော် အပေါ် ယူဆ သုံးသပ်ချက်၊ လွှတ်တော် အစည်းအဝေး တက်ရောက် နေသော ကိုယ်စားလှယ် များ၏ ပြောဆို သုံးသပ်ချက် အပါအ၀င် နိုင်ငံရေး သတင်းများ အားလုံးကို စာပေ စိစစ်ရေးက ဇန်န၀ါရီလ ၃၁ ရက်နေ့မှ စတင် ပိတ်ပင် လိုက်ကြောင်း ပြည်တွင်း သတင်းဂျာနယ် အသိုင်းအ၀န်းက ပြောသည်။

“လွှတ်တော် အစည်းအဝေးနဲ့ ပတ်သက်လို့ အစိုးရ သတင်းစာ ထဲမှာ ပါတဲ့အတိုင်းပဲ ပေးတယ်။ သတင်းသမား တွေက လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဖုန်းဆက် မေးမြန်းပြီး ရေးတဲ့ သတင်းတွေ၊ နေပြည်တော်သွားပြီး ရိုက်ထားတဲ့ ဓာတ်ပုံတွေ ဘာကိုမှ ခွင့်မပြုဘူး။ ဘာမှ ထည့်ခွင့် မပေးဘူး” ဟု ရန်ကုန် အခြေစိုက် သတင်းထောက် တဦးက ရှင်းပြသည်။

ထို့အပြင် ယခင်က ထည့်ခွင့်ပြုခဲ့သော နိုင်ငံရေးပါတီများ၏ လှုပ်ရှားမှု သတင်း များကိုပါ ပိတ်ပင် တားမြစ် ထားသည်ဟု သိရသည်။

“ဇန်န၀ါရီ ၃၁ ရက်နေ့က ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရုံးချုပ်မှာ နိုင်ငံရေးပါတီ ၁၁ ပါတီ တွေ့ဆုံ ဆွေးနွေး ကြတယ်။ အဲဒီသတင်းကို ဂျာနယ်ထဲ ထည်ဖို့ စိစစ်ရေး တင်တာ အဖြုတ်ခံရတယ်။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ သတင်းတွေ အားလုံး အဖြုတ်ခံရတယ်” ဟု နာမည်ကြီး သတင်း ဂျာနယ် တစောင်၏ အယ်ဒီတာ တဦးက ဆိုသည်။

ယခု ပြည်တွင်းသတင်းဂျာနယ် အများစု ရင်ဆိုင်နေရသော စာပေစိစစ်ရေး၏ တင်းကျပ်မှုသည် ယခင် စစ်ထောက်လှမ်းရေး ကြီးစိုးသော ခေတ်က တင်းကျပ်မှု အခြေအနေသို့ ပြန်လည် ဆိုက်ရောက်သွားပြီ ဖြစ်ကြောင်း သတင်းသမား များက သုံးသပ် ကြသည်။

“လွှတ်တော် ခေါ်လိုက်တာနဲ့ အတိုင်းအတာတခုအထိ မီဒီယာ လွတ်လပ်ခွင့် ရလာမယ် ထင်တာ။ အခုတော့ ဘာမှ ဖြစ်မလာတဲ့ အပြင် အခြေအနေက ပိုတောင် ဆိုးသွားတယ်။ လွှတ်တော် အစည်းအဝေးကိုလည်း သတင်းယူခွင့် မပေးဘူး။ ဒါ့အပြင် သတင်း ဖော်ပြခွင့်ကိုလည်း ကန့်သတ်တယ်။ အစိုးရသစ် လက်ထက်မှာ မီဒီယာတွေ နှိပ်ကွပ်ခံရဖို့ပဲ ရှိတယ်” ဟု ၀ါရင့် သတင်းစာဆရာ တဦးက ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၈ ပုဒ်မ ၃၅၄ တွင် နိုင်ငံသားတိုင်းသည် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ အေးချမ်း သာယာရေး အပါအ၀င် ပြဋ္ဌာန်း ထားသော ဥပဒေနှင့် မဆန့်ကျင်လျှင် လွတ်လပ်စွာ ဆန္ဒပြခွင့်၊ ထုတ်ဖော် ပြောဆိုခွင့်၊ အသင်း အဖွဲ့ ဖွဲ့စည်းခွင့် အပါအ၀င် နိုင်ငံသား အခွင့်အရေးများ ရမည်ဖြစ်ကြောင်း တရားဝင် ပြဋ္ဌာန်းထားသည်။

“မီဒီယာ လွတ်လပ်ခွင့်က ဘယ်လိုမှကို လမ်းမမြင်ဘူး။ လတ်တလောမှာ နေပြည်တော်သွားတဲ့ သတင်း သမားတွေ ခေါ်ယူ စစ်ဆေး ခံရတာမျိုး အထိတောင် ဖြစ်လာပြီ။ မီဒီယာ လွတ်လပ်ခွင့် ရှိတာ၊ မရှိတာထက် သတင်းသမားတွေ ဘေးကင်း လုံခြုံစွာနဲ့ သတင်း ယူခွင့်တောင် ရပါ့မလားဆိုတာ စဉ်းစားစရာ ဖြစ်လာပြီ” ဟု ၀ါရင့် သတင်းစာ ဆရာက ပြောသည်။

စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လွှတ်တော်တွင် သတင်း မီဒီယာများကို သတင်း ယူခွင့် ပြုရန် လွယ်ကူ သော်လည်း ထိန်းချုပ်ရန် ခက်ခဲသည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

“ပြည်သူ့ဆန္ဒ အစစ်အမှန်နဲ့ ရွေးထားတဲ့ အစိုးရဆိုရင် မီဒီယာကို ကြောက်စရာ မလိုပါဘူး။ အခု မီဒီယာကို ကြောက်တယ် ဆိုတာ သူတို့ လိမ်ထားတာ၊ ဖုံးကွယ် ထားတာတွေ ပေါ်မှာစိုးလို့ ဆိုတာ ထင်ရှားတယ်” ဟု အထက်ပါ အယ်ဒီတာက ပြောသည်။

မြန်မာနိုင်ငံတွင် ပုဂ္ဂလိက သတင်းမီဒီယာ များကို အစိုးရက အပြည့်အ၀ ထိန်းချုပ် ထားပြီး ပုဂ္ဂလိက သတင်းစာ ယခုအထိ ထုတ်ဝေခွင့် မပေးသေးဘဲ အပတ်စဉ်ထုတ် ဂျာနယ်နှင့် မဂ္ဂဇင်း များကိုသာ စာပေ စိစစ်ရေး၏ ထိန်းချုပ်မှု အောက်တွင် ထုတ်ဝေခွင့် ပြုထားသည်။

Ref: ဧရာဝတီ်

Read More...

ဒုတိယသမ္မတ ၃ ဦး ရွေးချယ်

ဦးဇော်ဝင်းလှိုင် ။
ကြာသပတေး, 03 ဖေဖော်ဝါရီ 2011 ။

နေပြည်တော်မှာ ကျင်းပနေတဲ့ လွှတ်တော် စည်းဝေးပွဲတွေ ကနေ ဒီကနေ့ ဒု-သမ္မတလောင်း ဆန်ကာတင် ၃ ယောက်ကို ရွေးချယ် လိုက်ကြပါပြီ။ ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက ပမာဏ ရွေးချယ်လိုက်တဲ့ သမ္မတလောင်း ၅ ယောက်ထဲကနေ ဒီ ၃ ယောက်ကို ဆန်ကာတင် ရွေးချယ် လိုက်ကြတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဘန်ကောက် ရောက်နေတဲ့ ၀ိုင်းတော်သား ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

အခု ရွေးချယ်လိုက်တဲ့ သမ္မတလောင်း ၃ ဦးကတော့ စစ်အစိုးရ အတွင်းရေးမှူး ၁ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေဘက်က လက်ရှိ ၀န်ကြီးချုပ်တာဝန် ယူထားတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်တို့အပြင် တိုင်းရင်းသား ကိုယ်စားလှယ် ထဲကတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အမည်စာရင်း တင်သွင်းထားတဲ့ ရှမ်းတိုင်းရင်းသား အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စိုင်းမောက်ခန့်တို့ ဖြစ်ပါတယ်။

ဒီသမ္မတလောင်း ၃ ယောက်ဟာ လက်ရှိ စစ်အစိုးရ ထိပ်ပိုင်းမှာ တာဝန် ထမ်းဆောင်နေကြတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ၂ ယောက် အပြင် စစ်အစိုးရက ကျောထောက်နောက်ခံ ပေးထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီကနေ အမည်စာရင်း တင်သွင်းထားတဲ့ ကိုယ်စားလှယ်တွေပါ။

ပြည်သူ့လွှတ်တော်အတွက် အမည်စာရင်း ၂ ယောက် တင်သွင်းထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ ၀န်ကြီးချုပ် ဦးသိန်းစိန်နဲ့ ဖလုံစဝေါ် ပါတီက ဦးစောသိန်းအောင် တို့ကို လွှတ်တော်အတွင်း မဲခွဲရွေးချယ်ကြတဲ့ အခြေအနေတွေ ကိုတော့ NDF အမျိုးသား ဒီမိုကရေစီ အင်အားစုက ဒု-ဥက္ကဋ္ဌလည်းဖြစ်၊ စမ်းချောင်းမြို့နယ်ကနေ ရွေးကောက် တင်မြှောက် ခံထားရတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်တဲ့ ဦးစိုးဝင်းက ပြောပြပါတယ်။

“ကျနော်တို့ ပြည်သူ့လွှတ်တော်မှာတော့ ဦးသိန်းစိန် ဒု-သမ္မတ အရွေးခံရပါတယ်။ ဦးသိန်းစိန်က ထောက်ခံမဲ ၂၇၆ မဲ ရပါတယ်။ ဦးစောသိန်းအောင်က ၃၈ မဲ ရပါတယ်။ ပယ်မဲက ၁၁ မဲပါ။”

NDF ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဝင်းက ပြောပြခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်အတွင်း သမ္မတလောင်း ရွေးချယ်တဲ့ အခြေအနေတွေကိုတော့ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း မြို့နယ်တွေကို ကိုယ်စားပြုပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီကနေ အမျိုးသား လွှတ်တော်အတွက် ရွေးကောက် တင်မြှောက် ခံထားရတဲ့ လွှတ်တော် ကိုယ်စားလှယ် ဇေကမ္ဘာ ဦးခင်ရွှေက ပြောပြပါတယ်။

“ကျနော်တို့ အမျိုးသားလွှတ်တော်က ကျနော်တို့ပါတီက ဒေါက်တာ စိုင်းမောက်ခန့်ကို တင်ထားပါတယ်။ တခြား ပါတီက NDF က နေပြီးတော့ ဒေါက်တာ မြတ်ဉာဏစိုးနဲ့ ကျန်တဲ့ အဖွဲ့တွေက ဒေါက်တာ အေးမောင်ကို တင်ထားတယ်။ တင်ထားပြီး ဒီနေ့ မဲနဲ့ ရွေးကြတဲ့ အချိန်မှာ ကျနော်တို့ ပါတီက ဒေါက်တာ စိုင်းမောက်ခန့်က မဲပေါင်း ၁၄၀ နဲ့ အနိုင်ရရှိသွားတယ်။ ပယ်မဲက တမဲဖြစ်ပြီး ဒေါက်တာ အေးမောင်က ၂၇ မဲ ရပါတယ်။ အားလုံး ၁၆၈ ဦးလုံး မဲထည့်ပါတယ်။

“အဲဒါနဲ့ ကျနော်တို့ အမျိုးသား လွှတ်တော်က နေပြီး ဒေါက်တာ စိုင်းမောက်ခန့်ကို ဒု-သမ္မတ အနေနဲ့ တင်ပြီးဖြစ်တဲ့ အတွက်ကြောင့် မနက်ဖြန်မှာ ပြည်ထောင်စု လွှတ်တော်ကြီး ခေါ်ပါမယ်။ ခေါ်ပြီးရင်တော့ ကျနော်တို့ဆီက ဒေါက်တာ စိုင်းမောက်ခန့်၊ ပြည်သူ့ လွှတ်တော်က ဗိုလ်ချုပ်ကြီး သိန်းစိန်၊ နောက် တပ်မတော်က တက်လာတဲ့ ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦး၊ အဲဒီ ၃ ဦးထဲက သမ္မတ ရွေးသွားမယ်၊ မနက်ဖြန်ကျရင်။”

တပ်မတော်ဘက်ကတော့ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးကို တင်တယ်၊ သူတယောက်တည်း တင်တယ် ဆိုတော့ သူတို့ ဘက်ကတော့ ပြိုင်ဘက်မရှိ သူပဲ သမ္မတ…၊

“အပြိုင်အဆိုင် မရှိဘူးပေါ့ဗျာ။”

ဆိုတော့ အဲဒီ ၃ ယောက်ကို မနက်ဖြန် မဲခွဲကြမယ်ပေါ့။ သမ္မတ ဘယ်သူဖြစ်သင့်တယ် ဆိုတာ။

“သမ္မတ ဘယ်သူ၊ ဒု-သမ္မတ ၂ ယောက် ခန့်ပါမယ်။”

အန်ကယ် ဘယ်သူရမယ် ထင်လဲ။

“ဗိုလ်ချုပ်ကြီး သိန်းစိန်ပဲ ရဖို့များပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လက်ရှိလည်း သူက နိုင်ငံတော်ရဲ့ ၀န်ကြီးချုပ် ဖြစ်တဲ့အပြင် နိုင်ငံတကာ အတွေ့အကြုံ ကလည်း အများဆုံး ပုဂ္ဂိုလ် ဖြစ်နေပါတယ်။”

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဇေကမ္ဘာ ဦးခင်ရွှေ ပြောပြခဲ့တာ ဖြစ်ပါတယ်။

မနက်ဖြန်မနက် ၁၀ ရီမှာ ပြန်စမယ့် လွှတ်တော် ၂ ရပ်ပေါင်းရဲ့ ပြည်ထောင်စု လွှတ်တော်ကနေ ဒီကနေ့ ရွေးချယ် လိုက်တဲ့ သမ္မတလောင်း ၃ ယောက်ကို မဲခွဲ ဆုံးဖြတ်ပြီး မဲအများဆုံး ရတဲ့သူက နိုင်ငံတော် သမ္မတ၊ ဒုတိယ အများဆုံး ရတဲ့သူက ဒု-သမ္မတနဲ့ တတိယ အများဆုံး ရတဲ့သူကတော့ ဒု-သမ္မတ ၂ ဖြစ်လာမှာပါ။

မဲခွဲပြီး ထွက်လာတဲ့ အဖြေကို ချက်ချင်း ကြေညာမယ်လို့ လွှတ်တော်အမတ် တချို့က ပြောနေပေမဲ့ လက်တွေ့မှာ တကယ် ကြေညာခြင်း ရှိမရှိတော့ စောင့်ကြည့် ရဦးမှာ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အခု ရွေးချယ်လိုက်တဲ့ သမ္မတလောင်း ၃ ယောက်စလုံးဟာ စစ်အစိုးရ ဗိုလ်ချုပ်ကြီး တွေနဲ့ စစ်အစိုးရက ကျောထောက် နောက်ခံ ပေးထားတဲ့ ကြံ့ခိုင်ရေးပါတီက ကိုယ်စား လှယ်တွေ ဖြစ်နေတာကြောင့် လက်ရှိ စစ်အစိုးရ အတွင်းက သူတွေပဲ အသွင်ပြောင်းပြီး အုပ်ချုပ်ရေး အာဏာကို ယူကြဦးမှာ ဖြစ်တယ်လို့ အကဲခတ်တွေက သုံးသပ် ပြောဆို နေကြတာပါ။

ဒါ့ကြောင့်လည်း ပါတီစုံ ဒီမိုကရေစီစနစ် ပုံစံပေါက်အောင် စစ်အစိုးရက နည်းအမျိုးမျိုး သုံးပြီး ကြိုးစား နေပေမဲ့လည်း လွှတ်တော် ၂ ရပ်စလုံးမှာ စစ်အစိုးရ ပါတီပဲ ကြီးစိုးထားသလို စစ်တပ်ကိုယ်စားလှယ် ၂၅% ကလည်း ရှိနေတဲ့အပြင် ကျန် အတိုက်အခံ ပါတီတွေ အနေနဲ့ ပြောရေးဆိုခွင့် လုံးဝ မရှိအောင် ဘက်ပေါင်းစုံက ပိတ်ဆို့ တားဆီး ထားတာကြောင့် ဒါဟာ တပါတီ အာဏာရှင် စနစ်ပဲလို့ နိုင်ငံရေး အကဲခတ်တွေက ဝေဖန် ပြောဆို နေကြပါတယ်။

Ref: VOA News

Read More...

Thursday, February 3, 2011

ကချင် တော်လှန်ရေး နှစ်၅၀ ပြည့် အခမ်းအနား ကြီးကျယ်စွာ ကျင်းပမည်

2011-02-02

နှစ်၅၀ပြည့် ကချင်တော်လှန်ရေးနေ့ အခမ်းအနားနဲ့ မနောပွဲကို KIA အဖွဲ့အရှေ့ပိုင်းတိုင်း မှာ ခမ်းနားကြီးကျယ် စွာ ကျင်းပမှာဖြစ်တယ်လို့ KIO အဖွဲ့က ထုတ်ဖော် ကြေညာပါတယ်။

KIO အဖွဲ့ ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့မှာ ကျင်းပသည့် ကချင်တော်လှန်ရေးနေ့ နှစ်ပတ်လည် အခမ်းအနားတွင် စစ်ရေးပြနေသော KIA တပ်ဖွဲ့ဝင်များ ဖြစ်ပါသည်။ (Photo: kachinstate.com)

အခမ်းအနားကို မနက်ဖြန် ဖေဖော်ဝါရီလ ၃ရက်နေ့ကစပြီး KIA အရှေ့ပိုင်းတိုင်းတပ်မဟာ ၄ နယ်မြေ မိုင်ကြာယန်မှာ ၃ရက်တိုင်တိုင် ကျင်းပမယ်လို့ ဆိုပါတယ်။ KIO အဖွဲ့က ကျင်းပတဲ့ အခမ်းအနားတွေဟာ အရင်က ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့မှာ ကျင်းပတာ ဖြစ်ပေမဲ့ အခုတကြိမ်မှာ အရှေ့ပိုင်းတိုင်း တပ်မဟာ၎ ဌာနချုပ်မှာ ကျင်းပမှာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အခမ်းအနား ကျင်းပရေး ကော်မတီဝင် KIA အရာရှိတဦးက ပြောပါတယ်။

“ဘာကြောင့် အရှေ့ပိုင်းတိုင်းမှာ ကျင်းပရသလဲဆိုတော့ ကျွန်တော်တို့ရဲ့ ခံယူချက်ပေါ့လေ၊ ဒီ နှစ် ၅၀ နောက်ပိုင်းမှာ ကျွန်တော်တို့ရဲ့ အမျိုးသား တော်လှန်ရေးဟာ ပိုပြီးတော့မှ အရှေ့ဖက်က ရောင်နီ ထွန်းလင်းတောက်ပ ခံစားရအောင် ဆိုပြီးတော့ အရှေ့ပိုင်းတိုင်းကို ရွေးချယ်ပြီးတော့မှ ဒီမှာ ကျင်းပ ပြုလုပ်ပါတယ်လို့။ တော်လှန်ရေးနေ့ဆိုတော့ ကျွန်တော်တို့ရဲ့ နေ့ထူးနေ့မြတ်လည်း ဖြစ်တယ်။ နောက် ထူးထူးခြားခြားပေါ့လေ၊ နှစ် ၅၀ ပြည့်ဆိုတော့ ကျွန်တော်တို့ ထူးထူးခြားခြား ရှိတဲ့အတွက်ကြောင့် ဒီမှာ မနောပွဲပါ ကျွန်တော်တို့ ကျင်းပခြင်းဖြစ်ပါတယ်။”

အခမ်းအနားကို တက်ရောက်ဖို့ ကချင်ပြည်နယ်အတွင်းရှိ မြစ်ကြီးနား၊ ဗန်းမော်၊ ဗန်းမောက်စတဲ့ ဒေသတွေက ကချင်တိုင်းရင်းသားတွေ၊ ယဉ်ကျေးမှုအဖွဲ့ဝင်တွေ မိုင်ကြာယန်မှာ ရောက်ရှိပြီး အစီအစဉ်များကို ဆောင်ရွက်နေပြီလို့ သိရပါတယ်။ ဒါ့အပြင် တရုတ်ပြည်ဘက်က ကချင် လူမျိုးစုတွေလည်း အခမ်းအနားကို တက်ရောက်ဖို့ ရောက်ရှိနေကြပါတယ်။ ဒါ့အပြင် ဒီအခမ်းအနားကို စစ်အစိုးရ အာဏာပိုင်တွေကို တရားဝင် ဖိတ်ကြားထားခြင်းမရှိဘူးဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ပြီးခဲ့တဲ့လ အတွင်းက စစ်အစိုးရ ကျင်းပတဲ့ ကချင်မနောပွဲကို မြစ်ကြီးနားမြို့မှာ ကျင်းပါတယ် အဲဒီပွဲကို KIO ခေါင်းဆောင်တချို့သာ တက်ရောက်ခဲ့ပြီး လိုက်ပါလာတဲ့ KIA တပ်သားတွေမှာ လက်နက်တွေ ယူဆောင်လာတာနဲ့ ပတ်သက်ပြီး စစ်အစိုးရ အာဏာပိုင်တွေနဲ့ အချေအတင် စကားပြောဆိုရတာတွေ ရှိတယ်လို့ သိရပါတယ်။

Ref;RFA News

Read More...

သခင်သိန်းမောင် မွေးနေ့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

ဦးဇော်ဝင်းလှိုင်
ဗုဒ္ဓဟူး, 02 ဖေဖော်ဝါရီ 2011

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သီတင်းတပတ်ကျော်ကြာ အတန်ငယ် မကျန်းမမာ ဖြစ်နေခဲ့ရာက ဒီကနေ့ ပထမဆုံး အကြိမ်အဖြစ် ပါတီ လုပ်ငန်းတွေကို ပြန်လုပ်နေပါပြီ။ ဒီကနေ့ မနက်ပိုင်းက ရန်ကုန်တိုင်း၊ တာမွေမြို့နယ်မှာ ကျင်းပတဲ့ ၀ါရင့် နိုင်ငံရေး သမားကြီး သခင်သိန်းမောင်ရဲ့ မွေးနေ့ပွဲ အခမ်းအနားကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင်တွေနဲ့အတူ သွားရောက်ခဲ့ပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြ ပေးထားပါတယ်။


ဒေါ်အောင်ဆန်းစုကြည်ဟာ သီတင်းတပတ်ကျော်ကြာ၊ နှစ်ပတ်နီးပါး နာမကျန်းဖြစ်ပြီး နေအိမ်မှာပဲ အနားယူနေခဲ့ရာက ဒီကနေ့ မနက်မှာတော့ စာပေနဲ့ နိုင်ငံရေးလောကက လူတော်တော်များများနဲ့အတူ သခင်သိန်းမောင်ရဲ့ မွေးနေ့ပွဲကို တက်ရောက်ခဲ့တဲ့အကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောပါတယ်။

“အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ဒီနေ့မနက် ရန်ကုန်မြို့၊ တာမွေ၊ နတ်ချောင်း၊ မဟာသန္တိသုခ ခန်းမမှာ ကျင်းပတဲ့ သခင်သိန်းမောင်ရဲ့ မွေးနေ့အထိမ်းအမှတ် ဧည့်ခံပွဲကို တက်ရောက်ပါတယ်။ သခင်သိန်းမောင်ရဲ့ မွေးနေ့ ဧည့်ခံပွဲမှာ ကျန်တဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး၊ ဆရာ ဦးဝင်းတင်၊ နောက် ကျန်တဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ တခြားတခြား နိုင်ငံရေးလောက၊ စာပေလောကမှာ ရှိတဲ့ ၀ါရင့် နိုင်ငံရေး လုပ်ဖော်ကိုင်ဘက်များ၊ နောက် ဆရာ ပါရဂူတို့၊ ဆရာ ဒဂုန်တာရာတို့ စတဲ့ စာပေနယ်ပယ်က ပုဂ္ဂိုလ်ကြီးများလည်း တက်ရောက်တာ တွေ့ရပါတယ်။”

ဆရာကြီး ဒဂုန်တာရာနဲ့ ဆရာကြီး ပါရဂူတို့က မွေးနေ့ အထိမ်းအမှတ်အဖြစ်နဲ့ သခင် သိန်းမောင်ရဲ့ နိုင်ငံရေး စွမ်းဆောင်ချက်တွေနဲ့ ပတ်သက်လို့ ပြောကြားပြီးတဲ့ နောက်မှာ ဒေါ်အောင်ဆန်းစုကြည်ကလည်း ကြွရောက်လာကြတဲ့ ဧည့်ပရိသတ် တွေကို စကား ပြောကြား ခဲ့ပါတယ်။

“အထွေထွေ အတွင်းရေးမှူးကတော့ ကျနော်တို့ လူငယ်တွေဟာ လူကြီးတွေရဲ့ အမွေတွေကို ဆက်ခံရမှာ တာဝန်ရှိတယ်၊ ဆက်ခံဖို့ တာဝန်ရှိတယ်။ အဲဒီနေရာမှာ နည်းတွေ၊ ဘယ်လို စွမ်းစွမ်းတမံ စွမ်းဆောင်ခဲ့တယ်ဆိုတဲ့ နမူနာတွေ ယူပြီးတော့ ဒီကနေ့ ရောက်နေတဲ့ အခြေအနေနဲ့ ကျေနပ် ရောင့်ရဲ မနေဘဲနဲ့ အနာဂတ်မှာ ဒါ့ထက် ကောင်းသထက် ကောင်းအောင် ဆက်လက်ပြီးတော့ ဖော်ဆောင်သွားကြဖို့ လူငယ်တွေမှာ တာဝန်ရှိတယ်လို့ အလေးအနက် ပြောကြားသွားပါတယ်။ အဲဒီနောက် အထွေထွေ အတွင်းရေးမှူးက တက်ရောက်လာကြတဲ့ ပရိသတ်တွေကိုလည်း မပြန်ခင်မှာ အပြင်လောက၊ နိုင်ငံရေးလောကက ပုဂ္ဂိုလ် အသီးသီးကိုလည်း နှုတ်ဆက်ပါတယ်။”

NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင် ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၁ နေ့မှာ ပင်လယ်စာ အစားမှားရာက အထက်လှန် အောက်လျှော ဖြစ်ပြီး အနားယူဖို့ ဆရာဝန်က အကြံပေးတာကြောင့် အဲဒီကတည်းက အိမ်မှာပဲ နားနေခဲ့တာပါ။ ဒီကြားထဲ ကျန်းမာရေး ပြန်ကောင်းလာပေမဲ့လည်း ရုံးမတက်သေးဘဲ အိမ်ကနေပဲ လုပ်စရာရှိတာတွေကို ဆက်လုပ်နေခဲ့တယ်လို့ သိရပါတယ်။

တဆက်တည်းမှာပဲ လူထုအကျိုးပြု လူမှုရေး လုပ်ငန်းတွေကို လက်ရှိ လုပ်ဆောင်နေကြတဲ့ NLD အဖွဲ့ဝင် မဟုတ်တဲ့ လူငယ်တွေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့က ရန်ကုန်မြို့ NLD ရုံးချုပ်မှာ ပြုလုပ်တဲ့ လူငယ်တွေ့ဆုံပွဲကို အကြောင်းကြောင်းကြောင့် တက်ခွင့်မရလိုက်တဲ့ ပြည်နယ်၊ တိုင်း အသီးသီးက လူငယ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပွဲကို လာမယ့် ဖေဖော်ဝါရီလ ၈ ရက်နဲ့၊ ၉ ရက်နေ့တွေမှာ ၂ ရက်ခွဲပြီး ထပ်မံ ကျင်းပသွားဖို့ စီစဉ် ထားတဲ့အကြောင်း ဦးအုန်းကြိုင်က ပြောပါတယ်။

“လူငယ်ညီလာခံကို ၈ ရက်နေ့နဲ့ ၉ ရက်နေ့မှာ မနက် ၉ နာရီခွဲကနေ စပြီးတော့ တနေကုန်ပေါ့၊ ၈ ရက်နေ့က တပွဲ၊ ၉ ရက်နေ့တပွဲ၊ သီးခြားစီ လူငယ်တွေ တက်ရောက်ကြမှာပါ။ အထွေထွေ ညီလာခံဆိုတာ NLD မဟုတ်သော ပြင်ပ လူငယ်များနဲ့ အထွေထွေ အတွင်းရေးမှူးရဲ့ တွေ့ဆုံပွဲကို ပြောတာပါ။ အရင်တခါ ၂၈ ရက်နေ့ကလိုပဲ အထွေထွေ အတွင်းရေးမှူးနဲ့ တွေ့ဆုံပွဲ ဖြစ်အောင် ကျနော်တို့က ဖြစ်အောင် စီစဉ်ပေးလိုက်တာ ဖြစ်ပါတယ်။ အဲတော့ တက်ရောက်မယ့် ပုဂ္ဂိုလ်က ၅၀၀ ကျော်လောက် ဖြစ်နေတော့ ကျနော်တို့ အခန်းက တ၀က်စီလောက်ပဲ ဆန့်မယ်လေ၊ အဲဒါကြောင့် ကျနော်တို့က ၂ ရက်ခွဲပြီး လုပ်လိုက်ပါတယ်။

“ပထမ ၈ ရက်နေ့မှာ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ နောက် တခြား မကွေးတိုင်းတို့ ဘာတို့ အဲဒီမြို့နယ်တွေက လူငယ်တွေ၊ နောက် ကရင်ပြည်နယ်တို့ ဘာတို့က လူငယ်တွေ တက်ပါမယ်။ ၉ ရက်နေ့မှာတော့ အထက်မြန်မာပြည်က ကချင်တို့၊ ရှမ်းတို့၊ မန္တလေးတိုင်းတို့၊ တိုင်းရင်းသားတွေ အပါအ၀င် စစ်ကိုင်းတိုင်းတို့၊ အဲဒီက လူငယ်တွေ တက်ရောက်ဖို့ ဖြစ်ပါတယ်။”

NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင် ပြောပြခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လူငယ်ညီလာခံကိုတော့ ရန်ကုန်တိုင်း အတွင်းမှာရှိတဲ့ လူငယ်တွေ တက်ရောက် ခဲ့ကြတာ များပါတယ်။ အဲဒီညီလာခံမှာ လက်ရှိ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ နိုင်ငံရေး၊ လူမှုရေး အကျပ်အတည်းတွေကို ဖြေရှင်းဖို့ ကြိုးစားတဲ့ နေရာမှာ လူငယ်တွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးတာကြောင့် လူငယ်တွေ မပါလို့ မဖြစ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်က ပြန်လွတ်လာပြီးကတည်းက လူငယ်တွေကြား ဆက်သွယ်မှုတွေ ကောင်းမွန်လာအောင်နဲ့ လူငယ်တွေ အသိပညာ၊ ဗဟုသုတ တိုးပွားလာဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လူငယ်ကွန်ရက်တွေ ဖွဲ့ဖို့ လိုတယ်လို့ ပြောကြားခဲ့တဲ့အတိုင်း လူငယ်တွေ့ဆုံပွဲတွေ၊ စာပေဆွေးနွေးပွဲတွေကို စီစဉ် ကျင်းပနေခဲ့တာ ဖြစ်ပါတယ်။

Ref;VOA News

Read More...

ဦးသိန်းစိန်နှင့် စိုင်းမောက်ခမ်း ရွေးချယ်ခံရ

ကြာသပတေးနေ့၊
ဖေဖေါ်ဝါရီလ ၀၃ ရက် ၂၀၁၁ ။ ။

ချင်းမိုင် (မဇ္ဈိမ) ။ ။ ပြည်သူ့လွှတ်တော်တွင် စစ်အစိုးရ ဝန်ကြီးချုပ်ဖြစ်သူ ဦးသိန်းစိန်နှင့် အမျိုးသား လွှတ်တော်တွင် စိုင်းမောက်ခမ်းကို ဒုသမ္မတများ အဖြစ် ယနေ့ ရွေးချယ်လိုက်သည်။

နေပြည်တော်တွင် ဆက်လက်ကျင်းပနေသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဒုသမ္မတ ရွေးချယ်ရာ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ ခေါင်းဆောင်လည်း ဖြစ်သူ ဦးသိန်းစိန်က ပြိုင်ဘက် ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီမှ ဦးစောသိန်းအောင်ကို ၂၇၆ မဲ - ၃၈ မဲ ဖြင့် အပြတ်သတ် အနိုင်ရခဲ့သည်။

အမျိုးသားလွှတ်တော်တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှပင် စိုင်းမောက်ခမ်းက ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ RNDP မှ ဒေါက်တာ အေးမောင်ကို ၁၄ဝ မဲ - ၂၇ မဲဖြင့် အနိုင် ရရှိလိုက်ခြင်း ဖြစ်သည်။

မနက်ဖြန်တွင် သမ္မတကို ရွေးချယ်မည်ဖြစ်ရာ ဦးသိန်းစိန်၊ စိုင်းမောက်ခမ်း တို့သည် စစ်ဘက်မှ ရွေးချယ်သော ဒုသမ္မတနှင့် ယှဉ်ပြိုင်ကြရမည်။

စစ်တပ်ကိုယ်စားလှယ်များက ရွေးချယ်သော ဒုသမ္မတမှာ သီဟသူရ ဦးတင်အောင်မြင့်ဦးဟု နေပြည်တော်မှ လာသော သတင်း ပေးသူများက ပြောသည်။ သို့သော် စစ်အစိုးရ အာဘော် နိုင်ငံပိုင် မီဒီယာများတွင် ထိန်ချန် ထားသည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတ ၁ ဦးနှင့် ဒုသမ္မတ ၂ ဦး ပေါ်ထွက်လာမည် ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

စစ်ရှောင် အမျိုးသမီးများနှင့် ကလေးများကို လက်ခံရန် WLB ပြော

သဲသဲ |
ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၀၃ ရက် ၂၀၁၁ ။ ။

နယူးဒေလီ (မဇ္ဈိမ) ။ ။ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ဘေးရှောင် အမျိုးသမီး များနှင့် ကလေးများ လုံခြုံရေး အတွက် ထိုင်းအစိုးရက ကူညီရန် အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က တောင်းဆို လိုက်သည်။

အမျိုးသမီးများနှင့် ကလေးများကို ငဲ့ညှာသောအားဖြင့် ထွက်ပြေးလာသည့် စစ်ပုန်းရှောင် ဒုက္ခသည်များကို အတင်းအကျပ် နေရပ် ပြန်မပို့ဘဲ လုံခြုံ စိတ်ချရသည့် အခြေအနေ အထိ ထိုင်းတွင် ယာယီခိုလှုံခွင့်ပြုရန် WLB က ထိုင်းအစိုးရထံ ယမန်နေ့တွင် ကြေညာချက် ထုတ်ကာ တောင်းဆိုခြင်း ဖြစ်သည်။

“အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် လုံခြုံမှု လိုနေတယ်။ ဘာလို့လဲဆိုတော့ သူတို့က ထိုင်းဘက်ကို ပြေးလာ ပေမယ့် ပုန်းနေရတဲ့ အခြေအနေမှာ ရှိနေတယ်။ အဲဒါကြောင့် ကောင်းမွန်တဲ့၊ ထိရောက်တဲ့ ဆေးကုသမှုတွေ မရဘူး” ဟု WLB တွင် ပါဝင်သည့် ကရင် အမျိုးသမီး အဖွဲ့ အတွင်းရေးမှူး နော်ဒါးအဲ့ကလယ်က မဇ္ဈိမကို ပြောသည်။

ကရင်ပြည်နယ် ဘုရားသုံးဆူ၊ ကြာအင်းဆိပ်ကြီးနှင့် မြဝတီ ခရိုင် ဒေသများတွင် နအဖ တပ်များနှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် DKBA အကြား တိုက်ပွဲ ဖြစ်ခဲ့သည်မှာ ၂ဝ၁ဝ ရွေးကောက်ပွဲနေ့ ဖြစ်သည့် နိုဝင်ဘာလ ၇ ရက်နေ့ ကတည်းက ဖြစ်သည်။

ထိုဒေသအတွင်း နေ့စဉ်နီးပါး တိုက်ပွဲများ ဖြစ်နေခဲ့ပြီး လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်မှုများ ရှိသောကြောင့် ဒေသခံ ရွာသားများမှာ တိုက်ပွဲ ဖြစ်ပွားသည်နှင့် ထိုင်းဘက်ခြမ်းသို့ ထွက်ပြေး တိမ်းရှောင်ကာ နီးစပ်ရာတွင် ပုန်းအောင်း ခိုလှုံမှုများ ရှိနေသည်။

နေရာအတည်တကျ မရှိ ပုန်းခိုရခြင်း၊ ထိုင်းအာဏာပိုင်များက အတင်းအကျပ် နေရပ် ပြန်ပို့ခြင်းတို့ကြောင့် ထိရောက်သည့် အကူအညီများ မရသဖြင့် အမျိုးသမီးနှင့် ကလေးများ၏ လုံခြုံရေးအပေါ် WLB က စိုးရိမ်နေခြင်း ဖြစ်သည်။

ထိုင်းအစိုးရက စစ်ဘေးရှောင်များကို ဒေသတွင်း တည်ငြိမ်မှုရသည်အထိ နေရာအတည်တကျ ထားကာ လက်ခံမှသာ လိုအပ်သည့် အကူအညီများ ထိရောက်စွာ ပေးနိုင်မည်ဖြစ်ပြီး၊ အကာအကွယ် ပေးနိုင်မည်ဟု နော်ဒါးအဲ့ကလယ်က ပြောသည်။

ပြီးခဲ့သည့်လ ၃ဝ ရက်နေ့တွင်လည်း တိုက်ပွဲဖြစ်သဖြင့် ထိုင်းဘက်သို့ ထွက်ပြေးလာသူ ၃၃ နှစ် အရွယ် ကလေးမိခင် တဦး၊ အသက် ၇ နှင့် ၈ နှစ်အရွယ် ကလေးနှစ်ဦးမှာ မော်တာ လက်နက်ကြီး ပေါက်ကွဲ ထိမှန်သဖြင့် ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း WLB ကြေညာချက်တွင် ဆိုထားသည်။

ထိုင်းဘက်ခြမ်း သောင်းရင်းမြစ်ဘေးရှိ ဒုက္ခသည် ၁၅ဝဝ နီးပါး ပုန်းအောင်းနေသည့် နေရာအနီး တွင်လည်း ယမန်နေ့ မနက် ၁ဝ နာရီခန့်တွင် မော်တာ လက်နက်ကြီးများ ကျရောက် ပေါက်ကွဲခဲ့သေးသည် ဟုလည်း ဆိုသည်။

စစ်အစိုးရနှင့် DKBA တပ်အကြား တိုက်ပွဲစတင်ခဲ့စဉ်က ထိုင်းဘက်သို့ ထွက်ပြေး လာသည့် မြန်မာဒုက္ခသည် တသောင်း ကျော်ကို ထိုင်း အာဏာပိုင်များက ယာယီနေရာ စီစဉ်ပေးပြီး အကူအညီများပါ ပေးခဲ့သေးသည်။

သို့သော် စစ်ရှောင်များ၏ နေရပ်ရင်းတွင် လုံခြုံစိတ်ချရသည့် အခြေအနေ မရှိသေးခင် ဒုက္ခသည်များ ပြန်ပို့ခဲ့သည့် အပေါ် လူ့အခွင့်အရေး အဖွဲ့များက ဝေဖန်ခဲ့ကြသည်။

ထိုဒေသများ၌ ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ဆက်ဖြစ်နေပြီး စစ်ဖြစ်ရာဒေသမှ ထိုင်းနိုင်ငံသို့ ထွက်ပြေး ခိုလှုံသူများမှာ အမိုးအကာ၊ အစားအစာနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ လိုအပ်နေကာ နိုင်ငံတကာနှင့် ဒေသတွင်း အဖွဲ့ အစည်းများက လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများ ပေးရန် WLB က တောင်းဆိုသည်။

Ref: မဇ္ဈိမ

Read More...

အီဂျစ် ဆန္ဒပြသူများကို ဒေါ်အောင်ဆန်းစုကြည် အားပေး

Wednesday, 02 February 2011။ ။

အရှေ့အလယ်ပိုင်းဒေသ အီဂျစ် နိုင်ငံ အတွင်း သီတင်းတပတ် ကြာသည်အထိ အစိုးရကို ဆန့်ကျင် ဆန္ဒပြ နေသူများ အပေါ် စာနာကြောင်းနှင့် ၄င်းတို့နှင့် တသားတည်း ရှိကြောင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်သည်။

BBC သတင်းဌာန ၏ ယမန်နေ့က ပြုလုပ်သော တိုက်ရိုက် ဆက်သွယ် မေးမြန်းမှု အစီအစဉ် အတွင်း အီဂျစ် နိုင်ငံသား တဦး၏ တိုက်ရိုက် မေးမြန်းချက်ကို ဖြေကြားစဉ် ယင်းကဲ့သို့ ပြောဆို သွားခြင်း ဖြစ်သည်။

အီဂျစ် သမ္မတ အာဏာရှင် မူဘာရက် ကို နုတ်ထွက်ပေးစေလိုပါသလား ဆိုသော အီဂျစ်နိုင်ငံသား တဦး၏ အမေးကိုမူ ယင်းကိစ္စသည် အီဂျစ် ပြည်သူများ ဆုံးဖြတ်ရမည် ဖြစ်ကြောင်း၊ အီဂျစ်အရေး ကိစ္စကို ၎င်းအနေဖြင့် စိတ်ဝင်စားမှု ရှိကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။

အီဂျစ်ပြည်သူများအနေဖြင့် မိမိတို့ ဆန္ဒရှိရာကို အကောင်အထည် ဖော်နိုင်ရေး အတွက် ခေါင်းအေးအေး ထားကာ ၊ ဇွဲမလျှော့ဘဲ ဆက်လက် ဆောင်ရွက်သွားရန် လိုသည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည် က အကြံပြုသွားသည်။

ယမန်နေ့က ကျင်းပခဲ့သော မြန်မာ့ လွှတ်တော်သစ် အစည်းအဝေးတွင် တင်သွင်းခဲ့သည့် ဒုတိယ သမ္မတ လောင်း အမည်စာရင်း၌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမည် ပါမလာမှုသည် သတင်းကောင်းလား ဟူ၍ မေးခွန်း ထုတ်ခဲ့ခြင်း အပေါ် ဗိုလ်ချုပ်မှူးကြီးသည် မည်သည့် နေရာကို ဆက်ယူထားမည်ကို မသိနိုင်ကြောင်း ၊ စစ်တပ် အကြီးအကဲသည် သမ္မတ နီးပါး အာဏာ ရှိနေသည့် အတွက် စစ်တပ် အကြီးအကဲ မည်သူဖြစ်လာမည် ဆိုသည်ကလည်း အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့သည်။

၎င်းအနေဖြင့်လည်း ပါလီမန်ပြင်ပမှ ဒီမိုကရေစီရေး အတွက် အလုပ်များ လုပ်နေနိုင်ကြောင်း ၊ လူငယ်များနှင့်လည်း ကွန်ယက် ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က BBC ၏ အစီအစဉ်အတွင်း ပြောဆိုသည်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၁ ခုနှစ်တွင် ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဗဲလ်ဆု ချီးမြှင့်ခြင်း ခံခဲ့ရသည်။

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို စစ်အစိုးရက အာဏာ လွှဲပြောင်းပေးခြင်း မပြုဘဲ ၎င်းကိုလည်း နှစ် ၂၀ နီးပါး နေအိမ် အကျယ်ချုပ် ချထား ခံခဲ့ရသည်။

Ref: ဧရာဝတီ်

Read More...

Uncensored Burma - Daily News ( 2011 Feb 01)

news on Feb 01

Read More...

အမေရိကန်မူဝါဒ အပြောင်းအလဲ မြန်မာအစိုးရသစ် အပေါ် မူတည်

ဦးသားညွန့်ဦး။
ဗုဒ္ဓဟူး, 02 ဖေဖော်ဝါရီ 2011

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုရဲ့ လက်ရှိ တိုက်ရိုက်ထိစပ် ဆက်ဆံရေး မူဝါဒဟာ ရလဒ်ကောင်း မရသေးဘဲ စိတ်ပျက် စရာတွေ ရင်ဆိုင် နေရပေမဲ့ နောက်တက်လာမယ့် မြန်မာ အစိုးရသစ်ရဲ့ တုံ့ပြန်မှုကိုတော့ စောင့်ကြည့် သွားမယ်လို့ အမေရိကန် ပြည်ထောင်စုက ပြောပါတယ်။ လက်ရှိ အမေရိကန် ပြည်ထောင်စုရဲ့ မြန်မာအပေါ် မူဝါဒဟာ မြန်မာ အစိုးရသစ် အတွက် စမ်းသပ်ချက် ဖြစ်တယ်လို့လည်း အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကာ့တ် ကမ့်ဘဲလ် (Kurt Campbell) က ၀ါရှင်တန်ဒီစီ နိုင်ငံခြား သတင်းထောက်များ အသင်းတိုက်မှာ ပြောသွားတာပါ။ အပြည့်အစုံကို ကိုယ်တိုင် သတင်းသွားရောက် ယူခဲ့တဲ့ ကိုသားညွန့်ဦးက တင်ပြ ပေးထားပါတယ်။

အခု ၂၀၁၁ ခုနှစ်အတွင်း မျှော်မှန်းထားတဲ့ အမေရိကန် ပြည်ထောင်စုရဲ့ အရှေ့တောင်အာရှ ဆိုင်ရာ မူဝါဒတွေကို အာရှ၊ ပစိဖိတ်ဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကာ့တ် ကမ့်ဘဲလ်က ရှင်းလင်း သွားရာမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ လက်ရှိ မူဝါဒတွေ ရလဒ်ကောင်း မထွက်တဲ့အပေါ် စိတ်ပျက်ရတယ်လို့ ပြောသွားပါတယ်။ ဒါပေမဲ့လည်း လာမယ့် အစိုးရသစ် အနေနဲ့ အမေရိကန် ပြည်ထာင်စုက ထားရှိတဲ့ မူဝါဒနဲ့ ပတ်သက်လို့ ဘယ်လို တုံ့ပြန်လာမလဲ ဆိုတာကိုတော့ အရေးတယူ စောင့်ကြည့် သွားမယ် ဆိုတာကို အသေအချာ ပြောသွားပါတယ်။

“တိုက်ရိုက်ထိစပ် ဆက်ဆံရေး မူဝါဒ တခုလုံးအရ ရလဒ်တွေဟာ စိတ်ပျက်စရာတွေချည်း ဆိုတာ ငြင်းစရာ မရှိပါဘူး။ ဒီမူဝါဒကို သမ္မတ အိုဘားမား အစိုးရက ချမှတ်ပြီး နိုင်ငံခြားရေး ၀န်ကြီး ကလင်တန်က မနှစ်တုန်းက ရေးဆွဲခဲ့တာပါ။ မြန်မာ အစိုးရက ဘယ်လို ဆောင်ရွက်နိုင်မလဲ၊ ပြီးတော့ ကျနော်တို့ ဘက်က ဒီအပေါ်မှာ ဘယ်လိုတုံ့ပြန် ဆောင်ရွက်မလဲ ဆိုတဲ့ လုပ်နိုင်ချေ အဆင့် ရှင်းရှင်း လင်းလင်း ဖြစ်အောင် ကြိုးပမ်း နေပါတယ်။ ဒါပေမဲ့ အခြေခံအားဖြင့် အခြေအနေ အားလုံးကို ခြုံကြည့်ရင်တော့ ကျနော်တို့ စိတ်ပျက်ရပါတယ်။”

တိုက်ရိုက်ထိစပ် ဆက်ဆံရေး မူဝါဒဟာ အခြေခံအားဖြင့် အလုပ်မဖြစ်သေးဘူး ဆိုတာ ၀န်ကြီး ကာ့တ် ကမ့်ဘဲလ်က ၀န်ခံ ပြောခဲ့ပေမဲ့ အခြား တဘက်မှာတော့ ဒီမူဝါဒဟာ အစိုးရသစ် အတွက် စမ်းသပ်မှု ဖြစ်လိမ့်မယ်လို့ ပြောပါတယ်။

“ဒါပေမဲ့လည်း တိုက်ရိုက်ထိစပ် ဆက်ဆံရေး မူဝါဒဟာ တစိတ်တပိုင်း အားဖြင့်တော့ ဒေသတွင်း မူဝါဒ အတွက်ရော အမေရိကန် ပြည်ထောင်စု အတွက်ပါ အကောင်းဆုံး အကျိုးစီးပွား ဖြစ်တယ်လို့ ယုံကြည်ပါတယ်။ အနည်းဆုံးတော့ လာမယ့် အစိုးရသစ်ကို စမ်းသပ်မယ့် အခွင့်အလမ်းတခု ဖြစ်ပါတယ်။ အစိုးသစ် အနေနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ ပြန်ဆက်စပ်နိုင်အောင် ဘာတွေ လုပ်မလဲ၊ အမေရိကန် ပြည်ထောင်စုနဲ့ အခြားနိုင်ငံတွေနဲ့ အနီးကပ် ပူးပေါင်း ဆောင်ရွက်နိုင်အောင် အစိုးရသစ် အနေနဲ့ ဘာတွေ လက်တွေ့ ဆောင်ရွက်မလဲ၊ အခွင့်အလမ်းတွေ ပေးထားပါတယ်။”

အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံကို ယခင်က ပိတ်ဆို့ အရေးယူမှု တခုတည်းကနေ မနှစ်တုန်းက မူဝါဒ ပြောင်းပြီး ပိတ်ဆို့ အရေးယူမှုရော အစိုးရနဲ့ တိုက်ရိုက်ထိစပ် ဆက်ဆံမှုရော နှစ်ခုလုံးကို ကျင့်သုံးလာတာပါ။ မြန်မာအစိုးရ အနေနဲ့က အပြောင်းအလဲတွေ အတွက် ပြည်တွင်းကပဲ ကြိုးပမ်း ဆောင်ရွက် သွားမယ်လို့ နိုင်ငံတကာကို ကတိပေးပြီး ဖွဲ့စည်းပုံဆွဲ၊ ရွေးကောက်ပွဲလုပ်၊ အခုနောက်ဆုံး လွှတ်တော်တွေပါ ခေါ်ယူခဲ့ပါတယ်။

ဒါပေမဲ့ အမေရိကန် ပြည်ထောင်စု အနေနဲ့ကတော့ ဒီကြိုးပမ်းချက်တွေမှာ အားနည်းမှုတွေ ရှိတယ်လို့ မြင်တဲ့ အကြောင်း မစ္စတာ ကမ့်ဘဲလ်က ပြောပါတယ်။ အထူးသဖြင့် ရွေးကောက်ပွဲ မတိုင်မီ အာဏာပိုင်တွေရဲ့ ပြင်ဆင် ဆောင်ရွက်ချက်တွေ အပေါ်မှာ စိတ်ပျက် မိတယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ ဖြေရှင်းရမယ့် ပြဿနာရပ် အတော် များများရှိတယ် ဆိုတာကိုလည်း မစ္စတာ ကမ့်ဘဲလ်က ထောက်ပြ သွားပါတယ်။

“မြန်မာနိုင်ငံမှာ ပြဿနာ အတော်များများ ကြုံနေရတယ်လို့ အမေရိကန် ပြည်ထောင်စုက အသိ အမှတ်ပြု နားလည် ထားပါတယ်။ အဓိက ကျတဲ့ လူနည်းစု တိုင်းရင်းသားတွေနဲ့ တွေ့ဆုံ ညှိနှိုင်းတာမျိုးတွေ မရှိပါဘူး။ နိုင်ငံရေး အကျဉ်းသား အတော်များများ မလွတ်မြောက် သေးပါဘူး။ လူထုအခြေပြု လူမှု အဖွဲ့အစည်းတွေ လုပ်ကိုင် ဆောင်ရွက်မှုမှာလည်း အခက်အခဲ ကြီးကြီး မားမားကို ရှိနေပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ချိုးဖောက်ပြီး ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု အတွက် အရေးပါတဲ့ လက်နက်ပြန့်ပွားမှု ကိစ္စတွေမှာ ဆက်လက်ပါဝင် ပတ်သက် နေတာတွေ ရှိပါတယ်။”

အမေရိကန် ပြည်ထောင်စု အနေနဲ့ တိုက်ရိုက်ထိစပ်ရေးမူကြောင့် ရလဒ်ကောင်းတွေ မတွေ့ရသေး ပေမဲ့ မြန်မာ နိုင်ငံမှာ ရွေးကောက်ပွဲ ပြီးကတည်းက ပြည်တွင်းရော ပြည်ပမှာပါ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ပြန်လည် ရုပ်သိမ်းဖို့ ပြောဆို တိုက်တွန်းမှု တွေကတော့ ပိုများလာပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေး ၀န်ကြီး အစည်းအဝေးမှာ အာဆီယံ တိုင်းပြည်တွေက မြန်မာအပေါ် ပိတ်ဆို့ အရေးယူတာတွေကို ရုပ်သိမ်းပေးဖို့ အနောက်နိုင်ငံတွေကို တိုက်ရိုက် တိုက်တွန်း လာပါတယ်။

မစ္စတာ ကမ့်ဘဲလ်ကတော့ အခုလို အရေးယူမှုတွေ ပြန်လည်ရုပ်သိမ်းဖို့ ကိစ္စဟာ အချိန် စောသေးတယ်လို့ မြင်ပါတယ်။ အခုနက လိုပဲ လာမယ့် အစိုးရသစ်ရဲ့ ဆောင်ရွက်ပုံကို စောင့်ကြည့်ချင်တဲ့ သဘော တွေ့ရပါတယ်။

“ပြီးခဲ့တဲ့ ဒေသတွင်း ခရီးစဉ်ရဲ့ ရည်မှန်းချက်တခုက အရှေ့တောင်အာရှ ဒေသက ကျနော်တို့ မိတ်ဆွေ တွေနဲ့ ပိုပြီး နီးနီးကပ်ကပ် ဆောင်ရွက်ဖို့ပါ။ အရှေ့တောင်အာရှနိုင်ငံ အတော်များများက အခုအချိန်မှာ ပိတ်ဆို့ အရေးယူမှုကို ရုပ်သိမ်းဖို့ အချိန် ရောက်နေပြီလို့ ပြောကြ ဆိုကြပါတယ်။ ဒါပေမဲ့လည်း အရေးယူမှုတွေ ရုပ်သိမ်းဖို့ အချိန်ကာလ စောလွန်းတယ်လို့ ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။ အစိုးရသစ် တရပ် ပေါ်လာပြီး အစိုးရသစ်ရဲ့ မူဝါဒတွေကို ချမှတ်တဲ့ အခါမှာ ဘယ်လို သိသာ ထင်ရှားတဲ့ ခြေလှမ်းတွေ လှမ်းမလဲဆိုတာ ကျနော်တို့ စောင့်ကြည့် နေပါတယ်။”

အခြားတဘက်မှာ အမေရိကန် ပြည်ထောင်စု အနေနဲ့ အခြားနိုင်ငံတွေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်နဲ့ အနီးကပ် ထဲထဲဝင်ဝင် တိုင်ပင် ညှိနှိုင်းမှုတွေ လုပ်နေတယ်လို့ မစ္စတာ ကမ့်ဘဲလ်က ပြောပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တရားဝင် ရပ်တည်နိုင်ရေး အတွက်လည်း အာဏာပိုင်တွေကို ဆက်ပြီး ဖိအားပေး တိုက်တွန်း သွားမယ်လို့ ပြောပါတယ်။ လာမယ့် အစိုးရသစ် အနေနဲ့ အကြောင်းရပ် အတော်များများကို ဘယ်လို သဘောထားမယ်၊ ဘယ်လို ဆောင်ရွက်မလဲ ဆိုတာကို အခွင့်အလမ်းပေး စောင့်ကြည့်လိုတယ် ဆိုတာဟာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ တသဘောတည်း ဖြစ်တယ်လို့ ပြောသွားပါတယ်။

Ref: VOA News

Read More...

သမ္မတနှင့် အခွင့်အာဏာ

ကိုဝိုင်း။
ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၀၂ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ)။ ။ လွှတ်တော်တွင် စာရင်းသွင်းထားသည့် ဒုတိယ သမ္မတလောင်းများမှာ ကြံ့ဖွံ့ပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန် (ဗိုလ်ချုပ်ကြီးဟောင်း) နှင့် ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီမှ စောသိန်းအောင်၊ ဒေါက်တာ စိုင်းမောက်ခမ်း (ကြံ့ဖွံ့ပါတီ) နှင့် ရခိုင် RNDP မှ ဒေါက်တာ အေးမောင်တို့ ဖြစ်သည်။ တပ်မတော် အမတ်များက သီဟသူရ တင်အောင်မြင့်ဦးကို ရွေးချယ် ထားသည်ဟု နေပြည်တော်ရှိ စစ်ဘက်နှင့် နီးစပ်သော သတင်း ရပ်ကွက်များက ပြောသည်။ သို့သော် နိုင်ငံပိုင် မီဒီယာများတွင် မည်သူဖြစ်သည်ကို ချန်လှပ်ထားသည်။

သမ္မတအရည်အချင်း စိစစ်ရေးအဖွဲ့ကို ကြံ့ဖွံ့အမတ်များဖြစ်သည့် သူရဦးရွှေမန်း (ဗိုလ်ချုပ်ကြီးဟောင်း)၊ ဦးနန္ဒကျော်စွာ၊ ဦးသောင်း၊ ဦးခင်အောင်မြင့် (ဗိုလ်ချုပ်ဟောင်း)၊ ဦးမျိုးမြင့်၊ ဦးမြညိမ်း တို့အပါအဝင် တပ်မတော်အမတ် တဦး စုစုပေါင်း ၇ ဦးဖြင့် ဖွဲ့ထားသည်။

ထို့ပြင် ဖွဲ့စည်းပုံ အခန်း-၃၊ ပုဒ်မ ၅၉ ပါ အချက်များဖြင့် ချိန်ထိုး၍ ရွေးချယ်ရမည် ဖြစ်သဖြင့် သမ္မတ လောင်းများသည် အပိုဒ် (ဃ) “နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေး” အမြင်များလည်း ရှိရမည် ဖြစ်သည်။

သမ္မတနှင့် ဒုသမ္မတများ၏ သက်တမ်းသည် ၅ နှစ်ဖြစ်သော်လည်း နောက်တကြိမ် သမ္မတအသစ် ရွေးချယ် တင်မြှောက် ပြီးသည်အထိ လုပ်ငန်းများ ဆက်လက် လုပ်ဆောင်နိုင်ခွင့် ရှိသည်။

ဖွဲ့စည်းပုံ ပုဒ်မ ၅ဝ အရ နေပြည်တော်ကို “ပြည်ထောင်စုနယ်မြေ” အဖြစ် သမ္မတက တိုက်ရိုက် အုပ်ချုပ်သွားမည် ဖြစ်သည်။ နိုင်ငံတော် ကာကွယ်ရေး၊ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး စသည်တို့နှင့် စပ်လျဉ်းပြီး “ထူးခြားသော အခြေအနေ” ရှိသည့် နယ်မြေများကိုလည်း ဥပဒေပြဋ္ဌာန်းပြီး သမ္မတက တိုက်ရိုက် အုပ်ချုပ်ခွင့် ရှိနေသည်။

နယ်ခြားစောင့်တပ် လက်မခံသည့် လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့များနှင့် လက်နက်ကိုင် တိုက်နေဆဲ တိုင်းရင်းသား အဖွဲ့များ၏ နယ်မြေများတွင် ရွေးကောက်ပွဲ ကော်မရှင်၏ လုပ်ပိုင်ခွင့် ပြဋ္ဌာန်းချက် “နယ်မြေလုံခြုံရေး” အခြေအနေအရ ရွေးကောက်ပွဲများ မကျင်းပခဲ့ပေ။

သမ္မတ၏ အခြားလုပ်ပိုင်ခွင့်များကို ၂ဝဝ၈ ဖွဲ့စည်းပုံကို အခြေခံသည့် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေ ပုဒ်မ ၅၉၊ ၆ဝ၊ ၆၁ တို့ တွင် ဖော်ပြထားရာ လွှတ်တော်၏ အတည်ပြုချက် ယူရန် မလိုပဲ သမ္မတက တိုက်ရိုက် ဆောင်ရွက်နိုင်မည့် စာချုပ်နှင့် သဘောတူညီချက် ၃ဝ ရှိနေသည်။

ထိုလုပ်ပိုင်ခွင့်များအနက် အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာစာချုပ် သဘောတူညီချက်၊ ကွန်ဗင်းရှင်းများ ကိစ္စ၊ ဆည်မြောင်း တာတမံနှင့် စိုက်ပျိုးရေ ရရှိရေး လုပ်ငန်းများ၊ ရေနက် ပင်လယ် ဆိပ်ကမ်း တည်ဆောက်ရေး၊ လမ်းတံတား တည်ဆောက်ရေး၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး၊ အခွန်ကိစ္စ၊ အနုမြူ စမ်းသပ်မှု ပိတ်ပင်ရေး၊ နိုင်ငံတော် အတွင်း ခိုလှုံခွင့်ပေးရေး၊ ရေကြောင်း လေကြောင်း သွားလာမှု၊ စာတိုက်၊ ကြေးနန်း၊ တယ်လီဖုန်း၊ ဖက် (စ်)၊ အီးမေး၊ အင်တာနက်၊ အင်ထရာနက်နှင့် အလားတူ ဆက်သွယ်ရေး ဆိုင်ရာကိစ္စ၊ သဘာဝ စွမ်းအင် သယံဇာတ ပစ္စည်းများ ထုတ်ဖော်မှု၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူးရေး စသည်တို့လည်း ပါဝင်နေသည်။

လက်ရှိ စစ်အစိုးရက မြန်မာ့ကမ်းရိုးတန်းတလျှောက် ကျောက်ဖြူရေနက် ဆိပ်ကမ်း၊ ထားဝယ် ရေနက် ဆိပ်ကမ်း၊ ကုလားဂုတ် ရေနက်ဆိပ်ကမ်း၊ ဘုတ်ပြင်း ရေနက်ဆိပ်ကမ်းတို့ တည်ဆောက်ရန် စီစဉ်နေသည်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းကို တရုတ်နိုင်ငံနှင့်လည်းကောင်း၊ ထားဝယ်ရေနက် ဆိပ်ကမ်းကို ထိုင်းနိုင်ငံနှင့် လည်းကောင်း စတင် ပူးပေါင်း ဆောင်ရွက်နေပြီ ဖြစ်သည်။

လွှတ်တော်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁ဝ က “ဖွဲ့စည်းပုံအခြေခံဥပဒေ” ကို ဆန့်ကျင်၍ လွတ်လပ် စွာ ပြောဆို ဆွေးနွေးခွင့်နှင့် ဆန္ဒမဲပေးခွင့် ရှိကြမည် မဟုတ်ကြောင်း ရှင်းလင်းစွာ ဖော်ပြထားသည်။

ဖွဲ့စည်းပုံ ပုဒ်မ ၄၃၆ အရလည်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်း ကျော်က ဖွဲ့စည်းပုံကို ပြင်ဆင်မည်ဟု သဘော တူပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲမှ ဆန္ဒမဲပေးခွင့် ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ဖော်ပြ ထားသည်။

လက်ရှိလွှတ်တော်တွင် စစ်တပ်နှင့် စစ်တပ်ကထောက်ခံသည့် ကြံ့ခိုင် ဖွံ့ဖြိုးရေးက အများစု ဖြစ်သဖြင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ မလွယ်ကြောင်း ဝေဖန်သူများက ပြောသည်။

Ref: မဇ္ဈိမ

Read More...

Wednesday, February 2, 2011

မူဘာရခ် ဖြုတ်ချရေး ကာတွန်းများ

Tuesday, 01 February 2011









မူဆလင်ကမ္ဘာ ဒီမိုကရေစီ အပြောင်းအလဲအတွက် အမေရိကန်လို ဒေါ်လာများစွာ အကုန်ခံစရာမလို၊ တစ်ဥိး မီးလောင်ခံရင် လုံလောက်ပြီ



အော် အမေရိကန်.. အမေရိကန်..


မူဘာရခ် ကို ဘ၀ပျက်စေတဲ့ တွစ်တာ ငှက်ငယ်လေး
အဘန်း ခံထားရတဲ့ တွစ်တာငှက်



Ref;မောက္ခ

Read More...

တိုင်းနှင့် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ အားလုံး ကြံ့ဖွံ့

ကိုပေါက် |
အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ ၀၁ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ တိုင်းနှင့် ပြည်နယ်လွှတ်တော် ၁၄ ရပ်ရှိ ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ ရာထူးအားလုံး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်အမတ်များသာ ရရှိခဲ့ကြသည်။

မနေ့ကစ၍ နိုင်ငံတဝှမ်းရှိ တိုင်း ၇ ခုနှင့် ပြည်နယ် ၇ ခုတွင် လွှတ်တော် အစည်းအဝေးများ ကျင်းပခဲ့ရာ ထိပ်တန်းရာထူး အများစုအတွက် ပြိုင်ဘက်မရှိ ကြံ့ဖွံ့ပါတီ အမတ်များ တင်မြှောက်ခံရသည်။

ကချင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ် လွှတ်တော်များတွင် အခြားပါတီများက ပြိုင်ဘက် အမည်စာရင်း တင်သွင်းခဲ့ကြသော်လည်း မဲအဆုံးအဖြတ်တွင် ရှုံးနိမ့်ခဲ့ကြသည်။ ဒေသခံ တိုင်းရင်းသားပါတီ မရှိသည့် ကချင်ပြည်နယ်တွင် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီက အပြိုင် အဆိုပြုခဲ့သေးသည်။

တပ်မတော်မှ ခန့်အပ်သည့် ဗိုလ်မှူးချုပ်ဇော်မင်း ကရင်ပြည်နယ်တွင် လွှတ်တော် သဘာပတိ တင်မြှောက်ခံရပြီး ကျန် တိုင်းနှင့် ပြည်နယ်လွှတ်တော် သဘာပတိ နေရာများကို ကြံ့ဖွံ့ပါတီကပင် ရရှိခဲ့ကြသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များကို အမျိုးသားလွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်ကဲ့သို့ မနေ့မနက် ၈ နာရီ ၅၅ မိနစ်တွင် တပြိုင်တည်း စတင်ကျင်းပခဲ့သည်။ ၎င်းတို့က လွှတ်တော် ဥက္ကဋ္ဌများ၊ ဒုဥက္ကဋ္ဌများနှင့် သဘာပတိများ တင်မြှောက်အပြီး တနေ့တာ အစီအစဉ် ရပ်နားခဲ့ကြသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ဒုဥက္ကဋ္ဌ ဦးနန္ဒကျော်စွာနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌအဖြစ် ဦးခင်အောင်မြင့်နှင့် ဦးမြညိမ်းတို့ တင်မြှောက်ခံရသည်။ ၎င်းတို့အားလုံးမှာလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီမှ ဖြစ်ကြသည်။

သူရဦးရွှေမန်းသည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီးမောင်အေး ပြီးလျှင် တပ်မတော်တွင် ဗိုလ်ချုပ်ကြီးရာထူးဖြင့် တတိယအကြီးအကဲ တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် ၎င်းရာထူးကို စွန့်လွှတ်ကာ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် နေပြည်တော် ဇေယျာသီရိ မဲဆန္ဒနယ်မှ ရွေးကောက်ခံခဲ့သည်။

ရေကူးချန်ပီယံဟောင်းနှင့် ဘိသိက်ဆရာ ဦးနန္ဒကျော်စွာမှာ ပြည်သူ့လွှတ်တော်အတွက် ဒဂုံမြို့နယ်မှ ရွေးကောက်ခံခဲ့ရသည်။ ဦးနန္ဒကျော်စွာမှာ ၁၉၆၂ ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းစစ်ကောင်စီဝင် ဗိုလ်မှူးချုပ်တင်ဖေ၏သားဖြစ်ပြီး တော်လှန်ရေးကောင်စီဝင် ဗိုလ်မှူးကြီးတန်ယုဆိုင်နှင့် NLD ဦးစီး အဖွဲ့ဝင်ဟောင်း စာရေးဆရာ မောင်ကိုယုတို့၏ တူလည်းဖြစ်သည်။ ဗိုလ်မှူးချုပ်တင်ဖေမှာ တိုင်းပြည်စီးပွားရေး ပြိုလဲစေခဲ့သော အစွန်းရောက် ဆိုရှယ်လစ် စီမံကိန်း စီးပွားရေးစနစ်ကို ချမှတ်ပေးခဲ့သူလည်းဖြစ်သည်။

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် ပြည်ထောင်စု လွှတ်တော် နာယကအဖြစ် တင်မြှောက် ခံရသူ ဗိုလ်မှူးချုပ်ဟောင်း ဦးခင်အောင်မြင့်သည် နအဖ ယဉ်ကျေးမှု ဝန်ကြီးတာဝန် ထမ်းဆောင်နေကာ မန္တလေးတိုင်း ဒေသကြီး အမျိုးသား လွှတ်တော် အမှတ် ၈ မဲဆန္ဒနယ်မှ အနိုင်ရခဲ့သည်။ ဒုဥက္ကဋ္ဌ ဦးမြညိမ်းမှာ ရှေ့နေချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ်ဟောင်း ဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီး အမျိုးသား လွှတ်တော် အမှတ် ၇ မဲဆန္ဒနယ်မှ အနိုင်ရခဲ့သည်။

ဦးခင်အောင်မြင့်မှာ သဘောထားတင်းမာသူဟု လူသိများပြီး ၂ဝဝ၃ စစ်ကိုင်းတိုင်း ဒီပဲယင်းအနီးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နောက်လိုက်များကို ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းသားများက အကွက်ချ လုပ်ကြံ တိုက်ခိုက်ရာတွင် ကွပ်ကဲခဲ့သူတဦးဟု စစ်တပ်သတင်း ရပ်ကွက်များက ပြောသည်။

အမျိုးသားလွှတ်တော် သဘာပတိအဖြစ် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီမှ ဦးခက်ထိန်နန်နှင့် ပြည်သူ့လွှတ်တော် သဘာပတိအဖြစ် လယ်/ဆည်ဝန်ကြီးနှင့် ကြံ့ဖွံ့ပါတီ အတွင်းရေးမှူး ဦးဌေးဦးတို့ တင်မြှောက်ခံခဲ့ရသည်။

ယနေ့ ပြည်ထောင်စုလွှတ်တော်တွင် ဒုသမ္မလောင်းများ အမည်စာရင်း တင်သွင်း စိစစ်ခဲ့သည်။ ကြာသပတေးနေ့တွင် သမ္မတနှင့် ဒုသမ္မတများ ရွေးချယ်မည် ဖြစ်သည်။ အမတ်များအကြား အများဆုံး ထင်ကြေးပေးနေသည့် သမ္မတလောင်းမှာ ဦးသိန်းစိန်ဖြစ်ပြီး အဓိက ပြိုင်ဘက် ဦးတင်အောင်မြင့်ဦးသာ ရှိသည်။

သမ္မတက တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ တိုက်ရိုက်ရွေးချယ်မည် ဖြစ်သည်။

Read More...

အပေါ်သို့