Thursday, February 3, 2011

ဦးသိန်းစိန်နှင့် စိုင်းမောက်ခမ်း ရွေးချယ်ခံရ

ကြာသပတေးနေ့၊
ဖေဖေါ်ဝါရီလ ၀၃ ရက် ၂၀၁၁ ။ ။

ချင်းမိုင် (မဇ္ဈိမ) ။ ။ ပြည်သူ့လွှတ်တော်တွင် စစ်အစိုးရ ဝန်ကြီးချုပ်ဖြစ်သူ ဦးသိန်းစိန်နှင့် အမျိုးသား လွှတ်တော်တွင် စိုင်းမောက်ခမ်းကို ဒုသမ္မတများ အဖြစ် ယနေ့ ရွေးချယ်လိုက်သည်။

နေပြည်တော်တွင် ဆက်လက်ကျင်းပနေသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဒုသမ္မတ ရွေးချယ်ရာ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ ခေါင်းဆောင်လည်း ဖြစ်သူ ဦးသိန်းစိန်က ပြိုင်ဘက် ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီမှ ဦးစောသိန်းအောင်ကို ၂၇၆ မဲ - ၃၈ မဲ ဖြင့် အပြတ်သတ် အနိုင်ရခဲ့သည်။

အမျိုးသားလွှတ်တော်တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှပင် စိုင်းမောက်ခမ်းက ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ RNDP မှ ဒေါက်တာ အေးမောင်ကို ၁၄ဝ မဲ - ၂၇ မဲဖြင့် အနိုင် ရရှိလိုက်ခြင်း ဖြစ်သည်။

မနက်ဖြန်တွင် သမ္မတကို ရွေးချယ်မည်ဖြစ်ရာ ဦးသိန်းစိန်၊ စိုင်းမောက်ခမ်း တို့သည် စစ်ဘက်မှ ရွေးချယ်သော ဒုသမ္မတနှင့် ယှဉ်ပြိုင်ကြရမည်။

စစ်တပ်ကိုယ်စားလှယ်များက ရွေးချယ်သော ဒုသမ္မတမှာ သီဟသူရ ဦးတင်အောင်မြင့်ဦးဟု နေပြည်တော်မှ လာသော သတင်း ပေးသူများက ပြောသည်။ သို့သော် စစ်အစိုးရ အာဘော် နိုင်ငံပိုင် မီဒီယာများတွင် ထိန်ချန် ထားသည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတ ၁ ဦးနှင့် ဒုသမ္မတ ၂ ဦး ပေါ်ထွက်လာမည် ဖြစ်သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့