Saturday, February 5, 2011

အီဂျစ် ကြံ့ဖွံ့၊ စွမ်းအားရှင်များ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အီဂျစ် နိုင်ငံရေး ပိုမိုရှုပ်ထွေးလာ

WFWW ဖေဖော်ဝါရီ ၃ ရက်

အီဂျစ် အာဏာရှင်များ ကြောထောက်နောက်ခံပြုထားတဲ့ အီဂျစ်ကြံ့ဖွတ်များ၊ စွမ်းအားရှင်များဟာ မြင်းတွေ၊ ကုလားအုပ် တွေကို စီးနင်းပြီး အာဏာရှင်အဆုံးသတ်ရေး တောင်းဆိုနေကြတဲ့ လူအုပ်ထဲကို အင်အားသုံး စတင် တိုက်ခိုက်ခဲ့တာ ကြောင့် နှစ်ဘက်အကြား ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်။ ဒီတိုက်ခိုက်မှုမှာ ဓာတ်ဆီဗုံးများ၊ ဒုတ်များ၊ ဓားများ၊ ခဲများ၊ သံ ချွန်များ၊ သေနတ်များဖြင့် အပြန်အလှန် တိုက်ခိုက်ခဲ့တာကြောင့် လူရာပေါင်းများစွာ ပြင်းထန်စွာ သေဆုံးဒဏ်ရာရခဲ့ကြ တယ်။ စစ်တပ်ကတော့ ပဋိပက္ခဖြစ်နေတဲ့ ဆန္ဒပြသူတွေကြား ခွဲခြားထားဖို့ ကြိုးစားနေ တာကိုလည်း တွေ့ရပါတယ်။

မနေ့က အီဂျစ် သမ္မတ မူဘာရက်က စက်တာဘာမှာကျင်းပမဲ့ သမ္မတရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မှာ မဟုတ် ကြောင်း အစိုးရပိုင် ရုပ်မြင်သံကြားကနေ ထုတ်ဖော် ပြောဆိုခဲ့သလို၊ အသက် ၄၆ နှစ် အရွယ်ရှိတဲ့ သူ့ရဲ့ သား ဂျမဲမူဘာ ရက် လည်း လာမဲ့ သမ္မတရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မှာမဟုတ်ဘူးလို့ ၀န်ကြီးချုပ်သစ် အိုမာဆိုလီမန် က အီဂျစ် အစိုးရပိုင် ရုပ်မြင်သံကြားဌာနက မနေ့က တရားဝင် ကြေညာသွားခဲ့ကြောင်း သိရှိရ ပါသည်။

အာဏာရှင် လက်ကိုင်ဒုတ်ဖြစ်ကြတဲ့ အီဂျစ်ကြံ့ဖွတ်များ၊ စွမ်းအားရှင်များရဲ့ အကြမ်းဖက်တိုက်ခိုက်နေမှုဟာ အီဂျစ်နိုင်ငံ မှာ စစ်တပ်က အာဏာသိမ်းဖို့ လမ်းခင်းပေးလိုက်တာ ဖြစ်နိုင်ကြောင်း၊ အီဂျစ်ကြံ့ဖွတ်များ၊ စွမ်းအား ရှင်များ ကို အကြမ်းဖက် မှုများဖြစ်ပေါ်လာအောင် ပြည်ထဲရေးဝန်ကြီးဌာနက စေခိုင်းတာဖြစ်တယ်လို့ အတိုက် အခံနှင့် ဆန္ဒပြသူများက စွပ်စွဲ ပြောဆိုခဲ့ပေမဲ့၊ ၀န်ကြီးချုပ်သစ်ကတော့ စုံစမ်း အရေးယူမှုများကို ပြုလုပ်ပေးမှာ ဖြစ်ကြောင်း အစိုးရပိုင်သတင်းဌာနကနေ ခုခံပြောဆိုသွားပါတယ်။

နိုင်ငံတကာ ခေါင်းဆောင်များကလည်း အီဂျစ်ကြံ့ဖွတ်များ၊ စွမ်းအားရှင်များ စနစ်တကျ မင်းမဲ့ဆန်ဆန် တရား ဥပဒေမဲ့ အ ကြမ်းဖက် သတ်ဖြတ်တိုက်ခိုက်နေမှုကို အဆုံးသတ်ဖို့ ပြင်းထန်စွာ ရှုံ့ချပြောဆိုခဲ့ကြပြီး၊ ၀န်ကြီးချုပ် သစ် အိုမာဆိုလီမန် ကတော့ ကိုင်ရိုမှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုအပေါ် အီဂျစ်ပြည်သူလူထု တရပ်လုံး ကို ၀န်ချတောင်းပန် သွားခဲ့ တယ်။

လောလောဆယ် အကြမ်းဖက်ဆန္ဒပြမှုမှာပါဝင်တဲ့ ရဲအရာရှိများနှင့် ပြည်ထဲရေးဝန်ကြီး ဟဘစ်အက်ထ်လီ (Habib Adli) ရဲ့ ပိုင်ဆိုင်မှုတွေကို ထိမ်းချုပ်လိုက်ပြီး၊ ခရီးသွား လာမှုကိုလည်း တားမြစ်လိုက်ကြောင်း အစိုးရ ရုပ်မြင်သံကြားက ဒီနေ့ပဲ ထုတ်ပြန် ကြေညာသွားပါတယ်။


ဓာတ်ပုံ- အေပီ နှင့် နယူးယောက်တိုင်းမ်စ်

Ref;နေ့သစ်

0 comments:

အပေါ်သို့