Friday, July 20, 2012

မန္တလေးတိုင်း NLDရုံးချုပ်တွင် အာဇာနည်နေ့အောက်မေ့ဖွယ်အခမ်းအနားကျင်းပ

မောင်ယဉ်ကျော် မန္တလေး-(မြစ်မခ)
20 Jul, 2012

(၆၅)နစ်မြောက်အာဇာနည်နေ့ အထိမ်းအမှက်အောက်မေ့ဖွယ်အခမ်းအနားအားမန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ရုံးတွင်ဇူလိုင်လ(၁၉)ရက်နေ့ နံနက်(၁၀)နာရီမှနေ့လည်(၁၂)နာရီ အထိ ကျင်းပခဲ့သည်။

ပြည်သူအပေါ်ကောင်းမွန်လာ သည့်သမ္မတဦးသိန်းစိန်ကိုကျေးဇူးတင်ကြောင်းသမ္မတဦးသိန်းစိန်အာဇာနည် ခေါင်းဆောင် ကြီးများ အပေါ်တွင် မြင်သည့်သဘောထားအတိုင်း ကျန်ရှိသော အစိုးရဘက်က ခေါင်းဆောင် များလည်းမြင်စေလိုကြောင်းကို ညီလာခံ ကျင်းပရေးကော်မ ရှင် ဥက္ကဋ္ဌဒေါ်ဝင်းမြမြ ကအဖွင့်အမှာစကား ပြောခဲ့သည်။

Read More...

အာဇာနည်နေ့ဆိုသည်မှာ နိုင်ငံတော်နှင့်ဆိုင်သည့်နေ့ဖြစ်ကြောင်း ၀န်ကြီးချုပ်ဦးရဲမြင့် ပြောကြား

မင်းမင်းလတ်-မန္တလေး(မြစ်မခ)
19 Jul, 2012

အာဇာနည်နေ့ဆိုသည်မှာ တစ်ဦးတစ်ယောက်တည်းပိုင်ဆိုင်သည့်ပွဲ မဟုတ်ကြောင်း အစိုးရ၀န်ကြီးအဖွဲ့က ကျင်းပပြုလုပ်သော အာဇာ နည်နေ့အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးရဲမြင့်က မြစ်မခသို့ သီးသန့် ပြောကြားလိုက်သည်။

“ ဒီအာဇာနည်နေ့ပွဲဆိုတာ သီးခြားတစ်ဦးတစ်ယောက်အဖွဲ့အစည်းတစ်ခုထဲ အတွက်မဟုတ်ဘူးလေ ၊ နိုင်ငံတော်ရဲ့ ပွဲဖြစ်ပါတယ် ၊ ဒါကြောင့်မို့လို့ လက်ရှိ နိုင်ငံတော်မှာ ပါတီတွေ အားလုံးရှိနေတယ် ၊ အခုခင်ဗျားတို့ တွေ့မယ် စုံစုံညီညီပဲ ၊ ပါတီအဖွဲ့တွေ အကုန်လုံး ကျနော်ဖိတ်တယ် ၊ လူမှုရေးအဖွဲ့ အကုန်လုံးပါတယ် လူတန်းစားအားလုံး ပါတယ် ၊ အားလုံးစုစုစည်းစည်းနဲ့ ညီညီညွတ်ညွတ် လုပ်တဲ့ ပွဲဖြစ် ပါတယ် “ဟု ၀န်ကြီးချုပ်က ပြောကြား ခဲ့သည်။

ဆက်လက်ပြီးဝန်ကြီးချုပ်မှ အာဇာနည်နေ့ဆိုသည်မှာ နိုင်ငံတော်အတွက် အသက်စွန့်ပြီးကြိုးစား သွားသည့် ခေါင်းဆောင်ကြီး များ ၏အထိမ်းအမှတ်ဖြစ်ကြောင်း ၊ ထိုခေါင်းဆောင်ကြီးများမှနိုင်ငံလွတ်လပ်ရေးအတွက် ကျိုးပန်းခဲ့သည့် ကိစ္စရပ်များအား နောက်လာ နောက်သားများအား တန်ဖိုးသိရှိနားလည်ရန် တိုင်းတစ်တိုင်းလုံးတွင် အခမ်းအနားများ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

ဆက်လက်၍ မန္တလေးမြို့တော်ဝန်ဖြစ်သည့် မြို့တော်ဝန်ဦးအောင်မောင်းအား အာဇာနည်နေ့နှင့် ပတ်သတ်၍ မြစ်မခမှတွေ့ ဆုံမေး မြန်းခဲ့ရာ မြို့တော်ဝန် ဦးအောင်မောင်းမှ လူငယ်မျိုးဆက်များ အနေဖြင့် တိုင်းပြည်အတွက် မှန်ကန်သော ဒီမိုကရေစီ လမ်းကြောင်း များဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက် ရေးနှင့် အခွင့်အလမ်းများအတွက် အာဇာနည်များ၏ စိတ်ဓါတ်များကို အတုယူကြိုးစားကြရန် ပြော ကြား ခဲ့သည်။

မန္တလေးမြို့တော်ခန်းမတွင်ကျင်းပသော အာဇာနည်နေ့ဆွမ်းသွပ်အမျှတန်းဝေသည့်အခမ်းအနားသို့ တိုင်းဒေသ ကြီးမှ အစိုးရအဖွဲ့ဝင် များ နိုင်ငံရေးပါတီများ လူမှုရေးအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြ သည်ကို တွေ့ရှိရပြီး အမျိးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တက် ရောက် လာခြင်းမရှိသည်ကိုလည်းတွေ့ရှိ ရသည်။

အဆိုပါကိစ္စနှင့်ပတ်သတ်၍ မန္တလေးတိုင်းဒေသကြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးနိုင်အားမြစ်မခမှ ဆက် သွယ်မေးမြန်းခဲ့ရာ ၎င်းတို့အနေဖြင့် ဖိတ်စာလက်ခံရရှိချိန်မှာအချိန်နည်းပါးနေ၍ တက်ရောက်ရန် မစီစဉ်နိုင်ခဲ့ခြင်းဖြစ် ကြောင်းကိုယခု လိုပြောကြားခဲ့သည်။

“ကျွန်နော်တို့ဆီကို (၁၈)ရက်နေ့ မနက်(၁၀)နာရီက ဖိတ်စာရောက်တယ် ၊ အဲဒီမှာမတ္တရာမှာ ဆိုင်းဘုတ်တင်ပွဲကို ကျနော်တို့ ဥက္ကဌ ကသွားနေတယ် ၊ဥက္ကဌအပါဝင်ကိုးဦးလို့ ဖိတ်ပါတယ် ၊ ညနေမှ ပြန်ရောက်တယ် ၊ ဖိတ်စာလဲညနေမှရတယ် ၊ ပြီးတော့ ကျနော် တို့ကလဲ မနက်အစောကြီးကတည်းက အာရုံဆွမ်းကပ်တယ်၊ အခမ်းအနားလဲ ခုမှပြီးတယ် ၊ အမှန်က ကျနော်တို့ သက်သက် ခွဲပြီး သွားဖို့ဟာဘယ်လိုမှ မစီစဉ်လိုက်နိုင်တာပါ ၊ အခြားဘာမှမရှိပါဘူး “ဟုမန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေး ဆိုခွင့်ရှိသူဦးမျိုးနိုင်က ပြန်လည်ဖြေကြားခဲ့သည်။

ထိုကဲ့သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ နိုင်ငံတော်အခမ်းအနားသို့ တက်ရောက်လာနိုင်ခြင်း မရှိသည့်အပေါ် မန္တလေးအခြေစိုက် သတင်းသမားတစ်ဦးက ယခုလိုသုံးသပ်ပြောဆိုခဲ့သည်။

“အံသြဖို့တော့ ကောင်းတယ် ၊ ပါတီတွေအားလုံးစည်းစည်းလုံးလုံးတွေ့နေရတဲ့အချိန်မှာ ၊ အဖွဲ့ချုပ်အနေနဲ့ ခုလိုမျိုးပွဲမှာ မတွေ့ရ ဘူး ဆိုတော့ တသီးတခြားကြီး သီးသန့်နေနေ သလိုမျိုးကြီးဖြစ်နေတာပေါ့ ၊ အမှန်က ပျော့ပြောင်းမှုရှိပြီး အားလုံးနဲ့ တစ်သားတည်းရှိ သင့်တယ်” ဟု ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။

မန္တလေးမြို့တော်စည်ပင်တွင်ကျင်းပသော အာဇာနည်နေ့အခမ်းအနားတွင် မြို့တော်ခန်းမမှ ၀မ်းနည်းခြင်း အထိမ်းအမှတ်ဖြင့် ဥသြ ဆွဲခြင်းအစီအစဉ်တစ်ခုလည်း ပါဝင်ခဲ့ပြီး မန္တလေးတစ်မြို့လုံး တွင် အဖွဲ့အစည်းအသီးသီးမှပုံသဏ္ဍာန်အမျိုးမျိုးဖြင့် အာဇာနည်နေ့ အောက်မေ့ဖွယ်အခမ်းအနားများကိုစည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သိရှိရသည်။

Ref: မြစ်မခ

Read More...

အာဇာနည်စိတ်ဓါတ်အား ဒေါ်အောင်ဆန်းစုကြည် အဓိပ္ပါယ်ဖွင့်ဆို

ဝင့်သင်ဇာကျော်(မြစ်မခ)
19 Jul, 2012

စိတ်ထားမြင့်မြတ်၍ အများအကျိုးအတွက် အနစ်နာခံကာ ပညာဖြင့်စဉ်းစားတွေးခေါ်နိုင်ခြင်းကို အာဇာနည်စိတ်ဓာတ်ဟု ဒေါ်အောင် ဆန်း စုကြည်က (၆၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ပွဲတွင် အဓိပ္ပါယ်ဖွင့်ဆိုခဲ့သည်။

အာဇာနည်ခေါင်းဆောင်ကြီးများကဲ့သို့ အာဇာနည်စိတ်ဓာတ်ဆိုသည်မှာ တိုက်ခိုက် သတ်ဖြတ် အသေခံခြင်းကို အာဇာနည်ဟု ခေါ် ဆိုခြင်းမဟုတ်ဘဲ စိတ်ထားမြင့်မြတ်ခြင်း ၊ ကိုယ်ကျိုးစွန့်၍ အများအကျိုးအတွက် အနစ်အနာခံကာ ပညာဖြင့် စဉ်းစားတွေးခေါ်နိုင် ခြင်းကို ဆိုလိုခြင်းဖြစ်သည်။

မျိုးဆက်သစ်လူငယ်များကို မှန်ကန်သော အတွေးအခေါ်များ တွေးခေါ်တတ်ရန် သင်ကြားပေးမည် ဆိုပါက တိုင်းပြည်တွင် အာဇာနည် စိတ်ဓါတ်ရှိသော ပြည်သူများ များပြားလာနိုင်ကြောင်းဒေါ်အောင်ဆန်းစုကြည်က ဇူလိုင်လ(၁၉)ရက်နေ့ နေ့လည်ပိုင်းတွင် ဗဟန်းမြို့ နယ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ပြုလုပ်သည့် (၆၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ပွဲတွင် ပြောကြားခဲ့သည်။

“အာဇာနည်စိတ်ဓာတ်နဲ့ စိတ်ထားမြင့်တဲ့ နိုင်ငံသူနိုင်ငံသားတွေကို ပျိုးထောင်ချင် ပါတယ်။ ပြုစုပျိုးထောင်ဖို့၊ ပညာရေးစနစ်၊ ဗီဇလည်း ပါပါတယ်။ ဗီဇဆိုတာ ဘယ်လိုမှ ငြင်းလို့မရပါဘူး။ မိဘတွေမှာလည်း တာဝန်ရှိတယ်၊ မိဘတွေကိုယ်တိုင်က သားသမီးတွေကို မှန် ကန်တဲ့ အတွေး အခေါ်တွေ မှန်ကန်တဲ့ တန်ဖိုးထားမှုတွေ ရှိအောင် လုပ်ပေးမှ အာဇာနည်များတဲ့ တိုင်းပြည် ဖြစ်လာမှာပါ” ဟု ဒီချုပ် ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

မြန်မာနိုင်ငံပညာရေးမြင့်မားလာစေရန်အတွက် တက္ကသိုလ် ပညာရေး မူကြမ်းဥပဒေကို ပြည်သူ့လွှတ်တော်တွင် ဒေါ်အောင်ဆန်းစု ကြည်က ဆွေးနွေးရန် အစီအစဉ်ရှိကြောင်း ဒီချုပ်ပါတီပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်းအချို့ထံက သိရှိရသည်။

“တက္ကသိုလ်ပညာရေးဥပဒေမူကြမ်းနဲ့တိုင်းရင်းသားအရေးကိုတော့ အရင်ဆုံး ဆွေးနွေးဖို့ရှိတယ် လို့ပြောတယ် ဒါပေမဲ့ ဒါကတရားဝင် ပြောထားတာတော့ မဟုတ်ဘူးပေါ့နော်။ ကျွန်တော်တို့ကို တွေ့တဲ့အခါ ပြောပြချက်အရ ကောက်နုတ်ချက်အရတော့ ကျောင်းပညာ ရေးနဲ့ပတ်သက်ပြီးဆွေးနွေးမယ် ဘာလို့လဲဆိုတော့တက္ကသိုလ်ကျောင်းတွေမှာ ညစ်ညမ်းမှုတွေနဲ့ ပတ်သက်တာရယ် တက္ကသိုလ် ကောင်စီမှာ သမဂ္ဂဖွဲ့စည်းတာတွေပေါ့ အဲ့ဒီလိုမျိုးလေးတွေ ဆွေးနွေးဖို့များပါတယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ပြောသည်။

မြန်မာနိုင်ငံတွင် မြင့်မြတ်သည့်အာဇာနည်စိတ်ဓါတ်များပွားများစေရန် ခေါင်းဆောင်ကြီးများ၏ ကျေးဇူးကိုအမြဲအမှတ်ရကာလေး စားနေသင့်ကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“အာဇာနည်ဆိုတာ မြင့်မြတ်တဲ့စိတ်ထားလဲပါရမယ်လို့ မြင်ပါတယ် ရိုးရိုးသူရဲကောင်းစိတ်ဓာတ်နဲ့ မလုံလောက်ပါဘူး။ မြင့်မြတ်တဲ့စိတ် ဓာတ်တွေ ကျွန်မတို့နိုင်ငံမှာ ပွားများအောင်လို့ ကျွန်မတို့ဟာ အာဇာနည်ခေါင်းဆောင်ကြီးတွေကို လေးစားသင့်တယ်။ အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့ ကျေးဇူး ကို မမေ့သင့်ဘူးလို့ကျွန်မကတော့ ဒီလိုဘဲယူဆပါတယ် “ ဟု ၄င်းက ဆက်လက် ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ကျင်းပသော (၆၅)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံ အမတ်ဒဲရစ်မစ်ရှယ် နှင့် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုကိုကြီးတို့ အပါအ၀င် ပြည်နယ်နှင့်တိုင်းမှ ပြည်သူလူထု (၂၀၀၀)
ဝန်းကျင်ဖြင့် အခမ်းအနား ကျင်းပ ခဲ့ခြင်းဖြစ်ပြီး နေ့လည်(၁၂)နာရီ(၄၅)မိနစ်ခန့်အချိန်တွင် ပြီးဆုံးခဲ့သည်။

Ref: မြစ်မခ

Read More...

ပျဉ်းမကန်ရွာသူကြီးဂုဏ်ပြုအာဇာနည်ဟောပြောပွဲသို့ (၈၈)မျိုးဆက် တက်ရောက်

ထွန်းနေအောင်(မြစ်မခ)
19 Jul, 2012

ကိုမင်းကိုနိုင်ဦးဆောင်သော (၈၈) မျိုးဆက်ကျောင်းသား ခေါင်းဆောင်များက အာဇာနည်နေ့တွင် သုံးခွမြို့နယ်ရှိ ပျဉ်းမကန်ကျေးရွာသို့ ပွင့်လင်းလူ့အဖွဲ့အစည်းအနေဖြင့် သွားရောက်ကာ အာဇာနည် နေ့အခမ်းအနားနှင့် ပတ်သတ်သည့် ဟောပြောပွဲတစ်ရပ်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ပျဉ်းမကန်ကျေးရွာက ရွာခံများက (၈၈)မျိုးဆက်ကျောင်းသားများကို ဖိတ်ကြား၍ အာဇာနည်နေ့ အခမ်းအနား ကျင်းပရခြင်းမှာ လွန်ခဲ့ သည့် (၅)နှစ်ခန့်မှ ဆုံးပါးသွားသည့် ၎င်းတို့ရွာမှ ရွာသူကြီး ဦးရွှေအား ဂုဏ်ပြုသည့် အနေဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကျွန်တော် ဆရာဝန်တစ်ယောက်နဲ့ စကားပြောကြည့်တော့ သူ့ကလေးတွေက အာဇာနည်ဘာလဲ ဆိုတာကို မသိတော့ဘူး။ လွတ်လပ် ရေးကို ဘယ်လိုယူခဲ့လဲဆိုတာမသိတော့ဘူးတဲ့ အဲဒါကလေး တွေကို အစဆုံး ပြန်သင် နေရတယ်တဲ့ ကျွန်တော်တို့ စိတ်ထဲမှာ နောက် မျိုးဆက်တွေကို ဒီပုဂ္ဂိုလ်တွေ အကြောင်းသိအောင် လုပ်မှ ဖြစ်မယ်လို့ တွေးမိပါတယ်။ ခါတိုင်းထက်ပေါ့။ ဗိုလ်ချုပ်အောင်ဆန်း ဘယ် သူလဲဆိုတာ သိအောင်ရယ်။ လွတ်လပ်ရေးကို ဘယ်လိုအရယူခဲ့လဲဆိုတာ ခုခေတ် ကလေးတွေ သိအောင် လုပ်ရပါမယ်”ဟု (၈၈) မျိုး ဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ဟောပြောပွဲ တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်းဆက်လက်၍ ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်နေစိတ်ထားများနှင့် လွတ်လပ်ရေးအရ ယူခဲ့သည့် အကြောင်းအရာများနှင့် အာဇာနည် ခေါင်းဆောင် (၉)ဦးအကြောင်းအား ဆက်လက်ပြောကြားခဲ့သည်။

၎င်းတို့ရွာ၏ ရွာသူကြီးမှာ သူတို့၏ အာဇာနည်ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ဒီမိုကရေစီရလျှင် အမျှဝေ ပေးပါဟုမှာ သွားသည့် အတွက် ယခုကဲ့သို့ အမျှဝေ၍ အာဇာနည်နေ့အခမ်းအနားအား (၈၈) မျိုးဆက်ကျောင်းသားများကို ဖိတ်ကြား၍ ပြုလုပ်ခဲ့ရခြင်း ဖြစ်ကြောင်းသိရှိရသည်။

“ကျွန်တော်တို့ သူကြီးရှိစဉ်က သူ့ရဲ့ရွာသားတွေကို သူဟာ ကာကွယ်ပေးခဲ့တယ်။ ခုလည်း ကျွန်တော်တို့က သူ့အိမ်မက်တွေကိုလုပ်ပေး နေတာပါ။ သူကတော်တော်စိတ်ဓါတ်ပြင်းထန်တယ်။ အသက်ထွက်ခါနီးမှာ ဘာပြောသွားလဲဆိုတော့ ဒီမိုကရေစီရရင်တော့ ငါ့ကို အမျှ ဝေပေးပါလို့ပြောသွားတယ်။” ဟု ပျဉ်းမကန်ကျေးရွာမှ လယ်သမားတစ်ဦး ကပြောသည်။

အာဇာနည်နေ့နှင့် ပတ်သတ်၍ “အာဇာနည်နေ့နဲ့ပတ်သတ်လို့ မလုပ်ရတာက ဆယ်စုနှစ်မကတော့ဘူးလေ ဆယ်စုနှစ် နှစ်စုလောက် ကြုံခဲ့ရပြီးပြီး။ ကျွန်တော်တို့ရဲ့မျိုးဆက်တွေကအာဇာနည်ဘာလဲဆိုတာကိုမသိကျဘူး။ တချို့ဆိုအာဇာနည်ဘယ်နှစ်ယောက်ရှိလဲ ဆိုတာတောင်မသိကျဘူး။ ခုလိုလုပ်လို့ရတဲ့အချိန်လေးမှာ ကျွန်တော်တို့မျိုးဆက်တွေသိအောင်လုပ်တာပါ။”ဟု ပျဉ်းမကန်ကျေးရွာမှ ရွားသား ဦးရဲမြင့်ကဆိုသည်။

အဇာနည်နေ့အခမ်းအနားပြုလုပ်ရာတွင် သာမန် မဟုတ်ပဲ သေသေချာချာဖြစ်စေချင်၍ (၈၈) မျိုးဆက် ကျောင်းသားများနှင့် ချိတ်ဆက် ပြုလုပ်ရခြင်းဖြစ်ကြောင်း ၎င်းတို့ကျေးရွာတွင်ရှိသည့် နောက်တတ်လာမည့် မျိုးဆက်သစ်လူငယ်များအား ယင်းအခမ်းအနားမှ အာဇာ နည်ဆိုသည်မှာ ဘာလဲဆိုတာကို သိအောင် ရည်ရွယ်လိုခြင်းဖြစ်ကြောင်း ၎င်းမှ ဆက်လက်ပြောဆိုသည်။

အဆိုပါ အခမ်းအနားသို့ တတ်ရောက်လာသည့် ရွာသူရွာများ သိရှိလိုသည်များကို (၈၈) မျိုးဆက် ကျောင်းသားမှ ဖြေကြားပေးခဲ့ပြီး နေ့လည် (၁၂း၀၀)နာရီခန့်တွင် အခမ်းအနားအား ရုပ်သိမ်းလိုက်သည်။

ပျဉ်းမကန်ကျေးရွာတွင် အိမ်ခြေပေါင်း (၆၀၀) ကျော်ခန့်ရှိကြောင်းနှင့် လူဦးရေ (၁၀၀၀)ကျော်ခန့် နေထိုင်လျက်ရှိကြောင်း စုံစမ်းသိ ရှိရသည်။


Ref: မြစ်မခ

Read More...

ယခုနှစ်တွင် အာဇာနည်ဗိမ္မာန်သို့ ပြည်သူအများအပြားလာရောက် ဂါရ၀ပြုခွင့်ရ

ရှုမ၀အောင်(မြစ်မခ)
19 Jul, 2012

ယနေ့ဇူလိုင်လ (၁၉) ရက်နေ့ (၆၅) နှစ်မြောက်အာဇာနည်နေ့အခမ်းနားတွင် အာဇာနည်ခေါင်းဆောင် ကြီးများအား လာရောက် ဂါရ၀ ပြုသူများမှာ ယခင်နှစ်များကထက် ပိုမိုများပြား၍ နိုင်ငံရေးပါတီများနှင့် လူမှုရေးအသိုင်းအ၀ိုင်းက တာဝန်ရှိသူများ ပြည်သူအများ အပြားလာရောက် ဂါရ၀ပြုခဲ့ကြောင်း တွေ့ရှိ ရသည်။

အာဇာနည်နေ့အခမ်းနားသို့ တက်ရောက် ဂါရ၀ပြုခဲ့သောနိုင်ငံရေးပါတီများမှာ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ မြန်မာနိုင်ငံလူငယ်အစည်းအရုံး၊ ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့၊Generation Wave၊ ကျောင်းသား သမဂ္ဂ မှကျောင်းသားများနှင့် အနုပညာရှင် များအပါအ၀င် ပြည်သူအမြောက်အများ တက်ရောက်ခဲ့ကြသည်။

နိုင်ငံရေးပါတီများမှာ ယခင်နှစ်များက တက်ရောက်ခွင့် မရပဲ ယခုနှစ်တွင် နိုင်ငံရေးပါတီများအား ဖိတ်ကြားခံရ၍ တက်ရောက် ခွင့်ရ ရှိခဲ့ကြောင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက သိရသည်။

“လွတ်လပ်ရေးကို အသက်ပေး ကြိုးပမ်းသွားတဲ့ ဗိုလ်ချုပ်အပါဝင် အာဇာနည်ခေါင်းဆောင်ကြီးတွေ အသက်ပေးသွားတဲ့သူတွေကို ကျွန်တော်တို့ တ.စ.ည ပါတီက လာရောက်ဂါရ၀ပြုရုံတင် မဟုတ်ဘူး သူတို့ရဲ့ဂူဗိမာန်တွေရှေ့မှာလည်း အလေးပြုမှာပါ”ဟု တိုင်း ရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဦးခင်အောင်လှိုင်ကပြောသည်။

ဗဟန်းမြို့နယ် ရွှေတိဂုံဘုရားလမ်းမပေါ်တွင် အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုရန်စောင့် ဆိုင်းနေကြသူများ ယခင် နှစ်ထက် ပိုမိုများပြားပြီး ပြည်သူနှင့်နိုင်ငံရေးပါတီများက အလေးပြုရန် နေ့လည် (၁၁း၃၀)အချိန်တွင် ဂိတ်ပေါက်တံခါး ဖွင့်ပေးရာ၌ လာရောက်သူများမှာ များပြားလွန်းသဖြင့် ပြည်သူများထဲတွင် မူးလဲသူများလည်း ရှိကြောင်း လာရောက်သူများထံက သိရှိရသည်။

နံနက် (၇) နာရီတွင် အာဇာနည်ဗိမာန် စတင်ဖွင့်လှစ်၍ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ နံနက် (၈) နာရီအချိန်တွင် ဗိုလ်ချုပ် အောင်ဆန်း၏ သမီး ဒေါ်အောင်ဆန်းစုကြည်နှင့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များ၊ ဌာနဆိုင်ရာဝန်ကြီးများ သံရုံးမှ တာဝန်ရှိသူများလည်း လာရောက် ဂါရ၀ပြုကာ အလေးပြုခဲ့ကြောင်း သိရှိရသည်။

“နိုင်ငံရဲ့ခေါင်းဆောင်ဆိုတာ ကမ္ဘာမှာလဲ အများကြီးကျော်ကြားတဲ့သူ ဒို့နိုင်ငံမှာလည်း ဒီလိုမျိုးချစ် စိတ်ရှိတဲ့သူတယောက်ကို ဒီနေ့ ဒီရက်မှာ လာရောက် အလေးပြုရမယ် ဒါလုပ်ရမယ် နောင်လာ နောက်သားတွေလည်း လုပ်ရမယ်၊ နောက်မျိုးဆက်သစ် လူငယ် တွေကလဲ ဒါတွေကို လက်ဆင့်ကမ်း သယ်ဆောင်သွားရမယ်”ဟု တောင်ဥက္ကလာပမြို့နယ်က လာရောက်အလေးပြုသူ ဦးတင်ထွန်းက ပြောသည်။

အာဇာနည်ခေါင်းဆောင်များ မရှိပဲ လွတ်လပ်ရေးမရှိနိုင်ကြောင်း မြန်မာနိုင်ငံမရှိနိုင်ကြောင်း လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့သည့် အာဇာနည်ခေါင်းဆောင်များအား ရင်ထဲအသည်းထဲတွင် အမြဲအမှတ်နေရန်လိုကြောင်း (၈၈) မျိုးဆက်ကျောင်းသားခေါင်းဆောင် တစ်ဦးကပြောသည်။

“ဒီလိုအလေးပြုခွင့်မရခဲ့တာ နှစ်နှစ်ဆယ်ကျော်ပြီလေ ၂၀၀၅ ၊ ၂၀၀၆ မှာ တခါကြိုးစားကြည့်ဖူးတယ် ဒါပေမယ့် အောက်ကနေပဲ လှည့်ပြန်သွားခဲ့ရတယ်၊ အခုတော့ လူအင်အားနဲ့ စနစ်တကျ ခေါင်းဆောင် ကြီးတွေ ဂါရ၀ပြုခွင့်ရမယ်ဆိုရင် အင်မတန်ဝမ်းသာပါတယ် အာဇာနည်စိတ်ဓာတ်ဟာလဲ တစ်နိုင်ငံ လုံးကို ပျံ့နှံ့နေဖို့ အရေးကြီပါတယ်”ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီက ပြော သည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ကျောင်းသားသမဂ္ဂကျောင်းသားများနှင့် အနုပညာရှင်များ ကလည်း ညနေ ၃ နာရီအချိန် တွင် အာဇာနည်ခေါင်းဆောင်များအား လာရောက်ဂါရ၀ပြုခဲ့ခြင်း ဖြစ်သည်။

“အာဇာနည်ခေါင်းဆောင်ကြီးကို လာရောက်လေးပြုရတဲ့အတွက် အရမ်းလည်း ၀မ်းသာပါတယ် ဒီလို မျိုးနေရာကို လာခဲ့ချင်တာ ကြာ ပါပြီ၊ ပထမဆုံးဖြစ်တဲ့အတွက် အရမ်းလည်း ဂုဏ်ယူမိပါတယ် ” ဟု အဆိုတော် ကဗျာဘွဲ့မှူးက ပြောသည်။

Ref: မြစ်မခ

Read More...

မန္တလေးစက်မှုဇုန်(၂)ဆောက်လုပ်စဉ်က လယ်သိမ်းဆည်းခံတောင်သူများ နစ်နာကြေးမရသေးဟုဆို

မောင်ယဉ်ကျော်-မန္တလေး(မြစ်မခ)
20 Jul, 2012

မန္တလေးစက်မှုဇုန်(၂)အတွက် ရွာသစ်ကလေးကျေးရွာတောင်သူများထံက သိမ်းယူခဲ့သောကွင်းအမှက် (၅၁၈) လယ်မြေဧကပေါင်း (၃၅၅.၃၅)ဧကအတွက် နစ်နာကြေးမရသေးကြောင်းဒေသခံတောင်သူများထံက သိရှိရသည်။

၁၉၉၆-၉၇ခုနှစ်က မန္တလေးစက်မှုဇုန်ု(၂)တည်ဆောက်ရန် လယ်ယာများသိမ်းပိုက်ခဲ့စဉ်ကအစားပြန်ပေးမည်ဟု ပြောကြားခဲ့ သော် လည်း တောင်သူများမှာ ယခုအချိန်အထိမည်သည့်အရာမှ မရသေးပေ။

'ကျုပ်တို့ဘိုးစဉ်ဘောင်ဆက် ကတည်းကလုပ်စားလာတဲ့လယ်တွေကိုဘာမှအကြောင်းမကြားပဲ သိမ်းသွားတယ် အားလုံးပေါင်း (၃၅၅. ၃၅)ဧကတောင်သူဦးရေ (၁၀၀)ကျော် ဘာလျော်ကြေးမှမရလိုက်ပါဘူး၊ အသိမ်းခံရတုန်းကဆိုရင် ရိပ်သိမ်းခါနီးစပါးကိုတောင် ရိတ်ချိန် မရလိုက်ဘူးဘူဒိုဇာတွေနဲ့အကုန်ထိုးဖြတ်တယ်၊ ကျုပ်တို့ မှာ လျော်ကြေးမရတဲ့အပြင်စိုက်ထားတဲ့ စပါးတောင်ဆုံးရှုံးရတယ်”ဟု ရွာသစ် ကလေးကျေးရွာမှတောင်သူဦးကျောက်ခဲက ပြောသည်။

အဆိုပါ ကွင်းအမှက်(၅၁၈)တွင် ရွာသစ်ကလေးကျေးရွာ မယ်တော်စုနှင့်စည်ပင်ရွာမှလယ်မြေများသိမ်းဆည်းခံ ရကြောင်း၊ ထိုအထဲတွင် ရွာသစ်ကလေးကျေးရွာမှ အများဆုံးဖြစ်ကြောင်း သိမ်းဆည်းခံ တောင်သူများတွင် အခွန်ဆောင်ထားသည့်ပြေစာများလည်း ရှိကြောင်း ကိုလည်း ၄င်းကဆက်ပြောသည်။

“ကျွန်တော်တို့လယ်လုပ်စားခဲ့စဉ်က အခွန်ဆောင်ထားတဲ့ပြေစာတွေရှိပါသေးတယ်၊နောက်ပြီးဒုတိယဗိုလ်မှုးကြီး တင်ထွန်းဆီကို စပါး သွင်းရတယ်၊ တာဝန်မကျေလို့ဆိုပြီးအချုပ်ခန်းတောင် ရောက်ခဲ့ရသေးတယ်၊ အဲဒီတုန်းကတော့အာဏာရှင်စနစ်ကြီးစိုးနေတော့ မပြော ရဲဘူးပေါ့ အခုလိုလွတ်လပ်လာတော့ကျွန်တော် တို့အတွက် မျှော်မှန်းချက်လေးတော့ ရှိသေးတာပေါ့ဗျာ' ဟုရွာသစ်ကလေးကျေးရွာမှ တောင်သူတစ်ဦးက ပြောသည်။

စက်မှုဇုံ(၂)တည်ဆောက်စဉ်က လယ်ယာမြေသိမ်းခံရသော ရွာသစ်ကလေးကျေးရွာမှတောင်သူလယ်သမားများမှာ ယခင် လယ်ပိုင် ယာပိုင်တောင်သူများဘ၀မှယခုတွင်လယ်မရှိသောကြောင့်စက်မှု(၂)အတွင်းတွင်စက်ရုံများ၊ကားသံဂျီးချွတ်လုပ်ငန်းများတွင်အလုပ် ၀င်ရောက်လုပ်နေရကြောင်းကိုလည်း သိရှိရသည်။

တချိန်ကလယ်ယာပိုင်ရှင်များမှာ လက်ရှိအချိန်တွင်စားဝတ်နေရေးအဆင်မပြေလည်သောကြောင့် ကျောင်းနေ အရွယ် ကလေးများ အားမူလတန်းအောင်ရုံသာထား၍ စက်ရုံများတွင် အလုပ်လုပ်ခိုင်းနေရကြောင်းရွာသားများက ဆိုသည်။

“အရင်ကတော့ လယ်ပိုင်ယာပိုင်ပေါ့ကွယ် အခုတော့သူများဆီမှာ ကူလီလုပ်နေရတယ်၊စီးပွားရေးလည်း အဆင်မပြေတော့နေ တဲ့အိမ် ၀ိုင်းလေးကိုဖဲ့ဖဲ့ရောင်းစားနေရတယ်။ ကလေးတွေကိုအတန်းပညာဆုံးအောင် မထားနိုင်ဘူးကျောင်းထားစရာငွေမရှိလို့ လေး တန်း အောင်ရင်ကျောင်းထုတ်ပြီး မိန်းကလေးဆိုရင် မုန့်စက်ရုံမှာအလုပ်လုပ်ခိုင်းတယ် ယောက်ျားလေးဆို ကားဘော်ဒီရုံမှာ သံဂျီးချွတ် အလုပ်လုပ်ခိုင်းရတယ်။ တစ်ရွာလုံးမှာဘွဲ့ရတဲ့လူ(၄)ယောက်လောက်ပဲရှိတယ်ကျမတို့ဆုံးရှုံးခဲ့တဲ့လယ်မြေတွေအတွက် လယ်ယာမြေ အစားထိုးပေးရင်လည်းပြန်လိုချင်ပါတယ်ဒါမှမဟုတ်ထိုက်သင့်တဲ့ နစ်နာကြေးလိုချင်ပါတယ်။”ဟု ရွာသစ်ကလေးကျေးရွာမှ ဒေါ်တာ က ပြောသည်။

တောင်သူများဘိုးစဉ်ဘောင် ဆက်လုပ်ကိုင်စားသောက်ခဲ့သောလယ်ယာမြေ များအားနစ်နာကြေးတစုံတရာမှ မပေးပဲသိမ်းဆည်းခံ ရခြင်းကြောင့်နောက်ဆက်တွဲဆိုးကျိုးများခံစားနေရပြီဖြစ်သည့်အတွက် မသိနားမလည် သည့်တောင်သူများအပေါ်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများမှကြည့်ရှုစောင့်ရှောက်သင့်ကြောင်းကိုလည်း လယ်သမားအကျိုးဆောင်ရွက်ပေးနေသူကိုဆွေအောင်က အကြံပြုပြော ဆိုသည်။

Ref: မြစ်မခ

Read More...

မြောင်မြို့ ဓာတ်ပေါင်းမြဉ္ဖူစေတီမှ ရှေးဟောင်းဘုရား(၃၃)ဆူ တွေ့ရှိ

မောင်ယဉ်ကျော်-မန္တလေး(မြစ်မခ)
20 Jul, 2012

စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့ မြို့လယ်ရပ်ရွှေပေါ်ကျွန်းဘုရားဝင်းအတွင်း အရှေ့မြောက်ရပ်ရှိ ဓာတ်ပေါင်းမြဉ္ဖူစေတီအား ပြုပြင် မွန်းမံရာ၌ ရှေးဟောင်းဘုရား(၃၃)ဆူ တွေ့ရှိကြောင်းဒေသခံများက ဆိုသည်။

'ဦးဇင်းတို့ ဓာတ်ပါင်းမြဉ္ဖူစေတီပြုပြင်နေစဉ်အတောအတွင်းမှာရှေးဟောင်းဆင်းတုတော်တွေကို စေတီ ဌာပနာတိုက်ထဲက တွေ့တယ်။ ပထမ၀ါဆိုလပြည့်နေ့မှာ စတွေ့တယ် လပြည့်ကျော်(၅)ရက်နေ့မှာဌာပနာတိုက်ဖွင့်တယ်၊ အထဲမှာ နံရံဆေးရေးပန်းချီတွေနဲ့ ရှေးဟောင်း ဘုရား(၃၃)ဆူုတွေ့တယ်”ဟု ဒန်းကျောင်း ဆရာတော် ဦးက၀ိဓဇ ကမိန့်ကြားသည်။

အဆိုပါရှေးဟောင်းဆင်းတုတော်များမှာ ကျောက်ဆင်းတုတော်(၆)ဆူ၊နှီးဆင်းတု(၁၁)ဆူတွေ့ရှိခဲ့ကြောင်း ထိုအထဲမှ (၆)ဆူအားမူလ တွေ့ရှိသည့်နေရာတွင် ပြန်လည်ပူဇော်ခဲ့ကြောင်းနှင့် ကျန်ဆင်းတုတော်(၂၇)ဆူအား ရွှေပေါ်ကျွန်းဘုရား အာရုံခံအတွင်းတည် ထား ကိုးကွယ်၍နှစ်စဉ်ဘုရားပွဲပြုလုပ်သွားရန် စီစဉ်ထားကြောင်းကို လည်း ဆရာတော်ကထံကသိရှိရသည်။

ဓာတ်ပေါင်းမြဉ္ဖူစေတီအတွင်းမှ တွေ့ခဲ့ရသော ရှေးဟောင်းဘုရားဆင်းတုများသည်တန်ဖိုးမဖြတ်နိုင်သော သာသနာ့ အမွေအနှစ်များ ဖြစ်သောကြောင့်ဂရုတစိုက်ထိန်းသိမ်းစောင့်ရှောက်သွားမည်ဖြစ်ကြောင်း သံဃာ တော်များထံကသိရသည်။

ဓာတ်ပေါင်းမြဉ္ဖူစေတီမှာ ရွှေပေါ်ကျွန်းဘုရားကြီးထက်စောစီးစွာတည်ရှိခဲ့ကြောင်း ဆရာတော်ဦးက၀ိဓဇမှ ဆက်လက်မိန့်ကြားသည်။

ရွှေပေါ်ကျွန်းဘုရား(ဦးဘုရား)ကြီးသည် ပုဂံခေတ်၌် အလောင်းစည်သူမင်းကြီးတိုင်းခန်းလှည့်လည်ရာတွင် တည်ထားကိုးကွယ်ခဲ့ သော ဘုရားကြီးဖြစ်ကြောင်းကိုလည်း ရွှေပေါ်ကျွန်းဘုရားသမိုင်းက သိရှိရသည်။

Ref: မြစ်မခ

Read More...

မျဉ်းပြိုင်ဖြစ်နေသော UNFC ၏ တပြေးညီ ဖြစ်ရေး ပေါ်လစီ

19 July 2012

သွေးစည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ တပြေးညီ ပေါ်လစီ ဖြစ်လာရေးသည် ဆန့်ကျင်ဖက် သဘောထား နှစ်မျိုးကြောင့် မျဉ်းပြိုင်ဖြစ်နေရပြီး အစိုးရနှင့် ဆွေးနွေးရာမှာ တပြေးညီဖြစ်မှာ မဟုတ်ဟု UNFC အရာရှိ တဦးက ပြော ပါသည်။

“ကေအန်ယူကတော့ အစိုးရနဲ့ ရထားတဲ့ ပဏာမ အပစ်အခတ် ရပ်စဲရေး အခြေအနေကနေ ပိုပြီး ခိုင်မာလာအောင် ကြိုးစား သွားဖို့ လိုအပ်တယ်လို့ သဘောထားပါတယ်။ ကေအိုင်အေ ဖက်ကတော့ အစိုးရဖက်က စစ်ဆင်ရေးရပ်မယ်၊ တပ်တွေကို ဆုတ်ပေးမယ် ဆိုရင်တော့ အပစ်အခတ်ရပ်စဲရေး ကမ်းလှမ်းချက်ဟာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အခုတော့ အပစ်ရပ်ဖို့တောင် မလွယ်တဲ့ အခြေအနေကို ဖြစ်နေတော့ UNFC ရဲ့ တပြေးညီ ပေါ်လစီဟာ မျဉ်းပြိုင်ဖြစ်လာနေပါတယ်” ဟု ဆိုပါသည်။

UNFC အဖွဲ့ထဲ၌ အစိုးရနှင့် အပစ်ရပ်စဲထားသည့် အဖွဲ့ (၅) ဖွဲ့ရှိပြီး အပစ်မရပ် ရသေးသည့် အဖွဲ့သည် (၆) ဖွဲ့ ရှိသည်။ သို့သော် SSPP သည် အစိုးရနှင့်အ ပစ်အခတ်ရပ်စဲထားသော်လည်း မကြာခဏတိုက်ပွဲ ပြန်ဖြစ်ပွားသည်လည်း ရှိပါသည်။ ဤအခြေ အနေကြောင့် အားလုံး အပစ်ရပ်ဖို့ အခက်အခဲရှိနေသလို အားလုံးပြန်တိုက်ရန်လည်း ခက်ခဲနေပါသည်။ ဤသို့ကြောင့် UNFC ၏ တပြေးညီ ပေါ်လစီ သည်၊ အပစ်အခတ် ရပ်စဲရေးမှတဆင့် အစိုးရနှင့် ငြိမ်းချမ်းရေးစကား ဆွေးနွေးရန် မဖြစ်နိုင်တော့ပေ။

ယမာန်နေ့က ပြီးဆုံးသွားသော UNFC (၆) လပတ် ထိပ်သီး အစည်းအဝေးတွင် ကချင်ပြည် လွတ်မြောက်ရေး ပါတီမှ KIO ဒုဥက္ကဌ ဒုဗိုလ်ချုပ်ကြီး အန်ဘန်လအောင်၊ အထွေထွေ အတွင်းရေးမှူး ဒေါက်တာလဂျာနှင့် အဖွဲ့ဝင် (၅) ဦး တက်ရောက်ခဲ့ ပါသည်။ ကေအန်ယူ ဖက်ကတော့ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်၊ ပဒိုဒေးဗစ်တာကပေါအပါဝင် ကိုယ်စားလှယ် (၃) ဦး တက်ရောက်ခဲ့ပါသည်။

ထိုအစည်းအဝေးသို့ UNFC အဖွဲ့ဝင် (၁၁) ဖွဲ့မှ ထိပ်ပိုင်း ခေါင်းဆောင်များ တက်ရောက်ကြပြီး တပြေးညီ ပေါ်လစီအပေါ် သဘောထား ကွဲလွဲမှုကြောင့် အစည်းအဝေးသည်၊ တဖွဲ့ချင်း၏ အခြေအနေကို ပြန်လည် စုပေါင်း သုံးသပ်သော အစည်းအ ဝေးဖြစ်သွားခဲ့ပါသည်။

ထို့အပြင် UNFC ထံသို့ သမ္မတ ဦးသိန်းစိန် အကြံပေး အဖွဲ့ဝင်တဦး၏ လက်နက်ကိုင် အဖွဲ့ဝင် အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးပွဲမျိုး တာဝန်ယူပေးရန် သွေးစည်းညီ ညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) ဥက္ကဌထံ ဆက် သွယ်ခဲ့ပါသည်။ ဤကမ်းလှမ်းမှုကိုလည်း UNFC က လက်ခံထားပြီး သမ္မတထံ အကြောင်းပြန်ကြား ခဲ့သည်ဟု UNFC အဖွဲ့ ပြန်ကြားရေး အရာရှိတဦးက ဆိုပါသည်။

“ ဒီလိုပါ သမ္မတ အကြံပေးပြောတာက အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ အားလုံးပေါင်းအဖွဲ့ (၂၀) လောက်နဲ့ တွေ့ ဆုံဆွေး နွေးဖို့ UNFC က တာဝန်ယူပေးနိုင်မလား ဆိုတာကို ကမ်းလှမ်းတာပါ။ UNFC ကလည်း လက်ခံတယ်လို့ ဒီရက်ပိုင်း မှာဘဲ အင်္ဂလန် ပဋ္ဋိပက္ခဖြေရှင်း အဖွဲ့တခုကနေတဆင့် အကြောင်းပြန်ကြားလိုက်တယ်လေ။ ဘယ်လို ဆက်လုပ်ကြမလဲ ဆိုတာကိုတော့ သမ္မတဖက်က အကြောင်းပြန်မှ သိရတော့မယ်လေ” ဟု ဆိုပါသည်။

UNFC သည် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များနှင့် စုပေါင်း ဖွဲ့စည်းထားပြီး ၄င်းတို့၏ ပထမပေါ်လစီသည် အပစ်အခတ် ရပ်စဲရေးကို အစိုးရနှင့် တဖွဲ့ချင်း မဆွေးနွေးရဟု ချမှတ်ခဲ့ပါသည်။ သို့သော်လက်တွေ့၌ တဖွဲ့ချင်းဆွေးနွေးခွင့် ပေးခဲ့ရပြီး နိုင်ငံရေး ဆွေးနွေးပွဲကျ မှသာ စုပေါင်းဆွေးနွေးရန် ထပ်မံ ချမှတ်ခဲ့ပြန်ပါသည်။ ဤကိစ္စ၌လည်း အဖွဲ့ဝင် အားလုံး ဆွေးနွေးပွဲ၌ ပါဝင် နိုင်ရေးသည် ယခုချိန်ထိ အစိုးရနှင့် အပစ်အခတ် မရပ်စဲနိုင်သဖြင့် မျော်လင့်ချက် နဲလာပေသည်။

ဤအခြေအနေကြောင့် UNFC သည် ဇွန်လ (၁၀) ရက်နေ့ အချိန်အထိ အစိုးရက ကချင် လွတ်မြောက်ရေး အဖွဲ့အပေါ် စစ် ဆင်ရေး မရပ်စဲပါက အဖွဲ့ဝင်များ ရရှိထားသည့် အပစ်အခတ် ရပ်စဲရေးကို ပြန်လည် သုံးသပ်မည်ဟု ခြိမ်းခြောက်ခဲ့ပါသည်။ ဤသည်လည်း တပြေးညီ ဖြစ်ရေး ပေါ်လစီ၏ မျဉ်းပြိုင် အခြေအနေနှင့်သာ အဆုံးသတ်နေရသည့် အခြေအနေဖြစ်သွားခဲ့ ပါသည်။

Ref: ရွှေဟင်္သာ

Read More...

အပစ်အခတ် ရပ်စဲရေး အခြေအနေ ရှင်းလင်ပွဲ ခရီးစဉ် ပြီးဆုံး

19 July 2012

အပစ်အခတ် ရပ်စဲရေး အခြေအနေကို မွန်ပြည်သူ လူထုအား ရှင်းလင်း တင်ပြပြီး၊ အကြံညာဏ် ရရယူရန် ဇွန်လမှ စတင်ခဲ့သော မွန်ပြည်သစ် ပါတီ၏ ရှင်းလင်းရေး ခရီးစဉ်များသည် ယခု ပြီးဆုံး သွားပြီးဟု ပြောရေး ဆိုခွင့်ရှိသူက ဆိုပါသည်။

“မွန်ပြည်သူ များကတော့ စစ်တပ်မှ သိမ်းထားသည့် လယ်ယာ ခြံမြေများ ပြန်လည် ရရှိရေး ကိစ္စ အပါအဝင် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ ကိစ္စရပ်များကို တင်ပြတောင်းဆိုခဲ့ပါတယ်။ အထူးသဖြင့် ရေးမြို့နယ် မော်လမြိုင်၊ ကျိုက်မရောနဲ့ အခြား နေရာတွေမှာ စစ်တပ်က သိမ်းထားတဲ့ မြေတွေကို ပြန်လည် ရရှိဖို့ ဝိုင်းလုပ် ပေးဖို့ တင်ပြ ထားပါတယ်” ဟု ဆက်ဆံရေးရုံး တာဝန်ခံ နိုင်ဟံသာ (ဗိုန်ခိုင်) မှ ပြောပါသည်။

၁၉၉၅ ခုနှစ် မှ၂၀၁၂ ခုနှစ်အထိ အစိုးရမှ မြေယာ သိမ်းဆည်းမှု ဧကပေါင်း (၂၀၀၀၀) ခန့် ရှိကြောင်း ထိုင်းနိုင်ငံ အခြေစိုက် Human Rights Foundation of Mon Land မှ လှုပ်ရှား ဆောင်ရွက်သူ တစ်ဦးဖြစ်သည့် နိုင်အဲမွန်က ပြောဆိုခဲ့ပါသည်။

မွန်ပြည်သစ် ပါတီသည် ယခု ရရှိထားသည့် ပြည်သူများ၏ အကြံပြုချက်များကို ၄င်းတို့ ပုံမှန်ကျင်းပသည့် အနီးစပ်ဆုံး ပါတီ ဗဟို ကော်မီတီ အစည်း အဝေးသို့ တင်ပြ ဆွေးနွေးပြီး မည်သို့ အကောင်အထည်ဖော် ဆောင်ရွက်မည်ကို ဆုံးဖြတ် ကြမည်ဖြစ်ပါသည်။

“အနီးဆုံး အစည်းအဝေး ပေါ့လေ၊ ဗဟို အလုပ်မှုဆောင် မဟုတ်ရင် ဗဟိုကော်မတီ အစည်း အဝေးကို တင်ပြပြီး ဆုံးဖြတ် ဆွေးနွေး ကြမှာပါ၊ အကောင်အထည် ဖော်လို့ရနိုင်မယ့် အနေအထားရှိတဲ့ ဆုံးဖြတ်ချက်တွေကို ချက်ခြင်း ကျွှန်တော်တို့ အကောင်အထည်ဖော် သွားမှာပါ” ဟု ဆက်ဆံရေးရုံး တာဝန်ခံ နိုင်ဟံသာ (ဗိုန်ခိုင်) မှ ပြောပါသည်။

မွန်ပြည်သစ် ပါတီသည် ၄င်းတို့ ရပ်တည်ရေးအတွက် သစ်တန်ချိန် ၂၀၀၀၀ အား ရေးချောင်းဖျားဒေသ၌ ထုတ်လုပ်ရန် အစိုးရမှ ခွင့်ပြု ထားပါသည်။ ဤကိစ္စ၌လည်း ဤဒေသ၌ သစ်တောများ ပြုန်းတီးသွားနိုင်ဖွယ်ရာ ဖြစ်နိုင်သည်ဟု ဒေသခံ များက စိုးရိမ်နေ ပါသည်။ မွန်ပြည်သစ် ပါတီဖက်ကမူ ၄င်းတို့တွင် သစ်တော စိုက်ပျိုးမှု အစီစဉ်ရှိကြောင်း၊ တချို့နေရာ၌ သစ်များ မျိုးစေ့ သောင်းနှင့်ချီပြီး စိုက်ပျိုး နေပြီးဖြစ်ကြောင်း၊ သစ်တောပြုန်းတီးသွားသော နေရာ၌လည်း ဆက်လက်စိုက်ပျိုး မည့် အစီစဉ်လည်းရှိနေကြောင်း ဆိုပါသည်။

မွန်ပြည်သူများအတွက် ရှင်းလင်းပွဲကို အုပ်စု (၄) ခု ခွဲကာ ဗဟိုဝန်းကျင်နှင့် နယ်စပ်ဒေသ၊ မော်လမြိုင်ခရိုင်၊ သထုံခရိုင်နှင့် ထား ၀ယ်ခရိုင် ဒေသသို့ ဇွန်လလယ်မှ ဇူလိုင်လလယ်အထိ နယ်လှည့်ပြီး ရှင်းလင်းခဲ့ပါသည်။

Ref: ရွှေဟင်္သာ

Read More...

မွန်ပညာရေးအတွက်အစိုးရမှထောက် ပံ့မှုပေးမည်ဟုပြော

20 July 2012
နန်းယဉ်

မွန်စာပေကို ကျောင်းချိန်ပြင်ပ၌သာ သင်ကြားခွင့်ပေးပြီး ၎င်းအတွက် ပညာရေးထောက်ပံ့ကြေး ပေးဆောင် သွားမည်ဟု သမ္မတဦးသိန်း စိန်က တိုင်းရင်းသားညီနောင် ၆ပါတီနှင့် တွေ့ဆုံခဲ့စဉ် ပြောကြားခဲ့သည်။

သမ္မတနှင့် ဒီမိုကရေစီ မဟာမိတ် ၁၀ပါတီတို့ တွေ့ဆုံခဲ့ကြစဉ် တိုင်းရင်းသားစာပေသင်ကြားရေးကိစ္စနှင့် ပတ်သက်ပြီး ညီနောင် ၆ပါတီ ကိုယ်စား မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဒုဥက္ကဌ ဒေါက်တာလှအောင်က တင်ပြခဲ့သည်ကို သမ္မတက ထိုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

Read More...

တောင်ငူရှိ ထုံးဘိုရွာကို စံပြရွာဖြစ်ရေး Asia World ကုမ္ပဏီ ကြိုးစားနေ

20 July 2012
နော်ဆဲကလယ် (ကေအိုင်စီ)

ရေကာတာ တည်ဆောက်သဖြင့် ရွှေ့ပြောင်းရသည့် ပဲခူးတိုင်း၊ တောင်ငူမြို့နင့် ၁၄မိုင်ဝေးသော ထုံးဘိုရွာအား စံပြကျေးရွာ တည် ဆောက်ပေးရန်အတွက် တိုင်းဝန်ကြီးချုပ်ထံ စာတင်ထားပြီး တည်ဆောက်ခွင့်ရပါက အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဟု အဆိုပါစီမံကိန်းကို တာဝန်ယူ တည်ဆောက်နေသော Asia World ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ကေအိုင်စီကို ပြောသည်။

၎င်းတာဝန်ခံ ကိုစည်သူက “ကျနော်တို့ မတ်လကတည်းက စာတင်ထားတာပါ။ နဂါးမောက်ရွာရဲ့ မြောက်ဘက်ကပ်လျက်မှာ ဧက ၁၀၀ မြေစာရင်းရုံးကို တောင်းထားပါတယ်။ ကျေးရွာလူထုကိုလည်း နားလည်အောင် ရှင်းပြထားပါတယ်။ အစိုးရဘက်က ခွင့်ပြုချက်ကျ လာ တာ နဲ့ ကျနော်တို့ ချက်ချင်း လုပ်ဆောင်ပေးမှာပါ”ဟု ဆိုသည်။

Read More...

ဒုသမ္မတ စိုင်းမောက်ခမ်း အာဇာနည်ကုန်းသို့ သွားရောက်အလေးပြု

20 July 2012
စအိုင်သန်

ယနေ့ကျရောက်သည့် ၆၅နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ နှစ်ပေါင်း ၂၀ကျော်အတွင်း နိုင်ငံတော် အကြီးအကဲများထဲမှ ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် နံနက် ၈နာရီကျော်တွင် အာဇာနည်ကုန်းသို့ သွားရောက်ကာ ပန်းခွေချ အလေးပြုခဲ့သည်။

ထို့အပြင် ဗိုလ်ချုပ်အောင်ဆန်း၏သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကလည်း လွှတ်တော်ကျင်းပရာ နေပြည်တော်မှ ပြန်လာ၍လည်း ကောင်း၊ သားကြီး ဦးအောင်ဆန်းဦးကိုယ်စား ဦးလှဖေကလည်းကောင်း လွမ်းသူပန်းခွေချ အလေးပြုခဲ့သည်။

Read More...

၆၅နှစ်မြောက် အာဇာနည်နေ့ အတွက် သံဃာတော်များအား ကရင်ပြည်နယ်အစိုးရ ဆွမ်းကပ်ခဲ့

19 July 2012

ကရင်ပြည်နယ် ဘားအံမြို့တွင် ပြည်နယ်အစိုးရမှ ဦးဆောင်ပြီး ယနေ့ ကျရောက်သော ၆၅ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အဖြစ် ကျောင်းထိုင် ဘုန်းကြီး သင်တန်းကျောင်းတွင် သံဃာတော် ၁၈ပါးကို ဆွမ်းကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ပြည်နယ်ရဲမင်းကြီး ဦးသိန်းကြည်က “ဆွမ်းကပ်ပွဲလေး လုပ်ပါတယ်။ ဒါက ပြည်နယ်အစိုးရ အစီအစဉ်နဲ့ပေါ့နော်။ ဌာနဆိုင်ရာတွေ၊ ရပ်မိ ရပ်ဖတွေ၊ ကျောင်းသားပြည်သူတွေလည်း လာကြတယ်လေ။ သံဃာတွေကို ဆွမ်းကပ်တယ်။ လာတဲ့လူတွေကို ကြာဇံချက်ကျွေးတယ်။ အားလုံး အေးအေးဆေးဆေးပါပဲ”ဟု ကေအိုင်စီသို့ ပြောသည်။

Read More...

ထားဝယ်မြို့နယ်တွင် ကုမ္ပဏီများ ထပ်မံ သစ်ခုတ်မည်ကို ဒေသခံများ စိုးရိမ်နေ

19 July 2012
နော်ဆဲကလယ်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နှင့် ၁၃မိုင် ကွာဝေးသော အညာဖျားကျေးရွာအုပ်စုတွင် လာမည့် နွေရာသီ၌ သစ်ထုတ်လုပ်ရေး ကုမ္ပဏီ များက ထပ်မံ၍ သစ်များ လာရောက်ခုတ်ယူမည်ဟု ယခင်လက ပြောဆိုခဲ့သည့်အပေါ် ဒေသခံ ပြည်သူများက စိုးရိမ်လျှက်ရှိသည်။

“ကုမ္ပဏီတွေက နွေကျရင် ကျနော်တို့ဘက်က သစ်တွေကို လာခုတ်ယူအုံးမယ်လို့ အရင်လက လာပြောသွားတယ်လေ။ အဲဒါ ဘယ်ကို တိုင်လို့ တိုင်ရမှန်းလည်း မသိဘူး။ သူတို့က နေပြည်တော်က ပါမစ်ရတယ်ဆိုပြီး လုပ်နေကြတာကိုး”ဟာ ဒေသခံ ညောင်ချောင်းရွာသား တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

Read More...

အာဇာနည်နေ့ အခမ်းအနား ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

2012-07-19

ရန်ကုန်မြို့ အာဇာနည် ဗိမာန်မှာ ဒီကနေ့မနက် ကျင်းပတဲ့ (၆၅) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို မြန်မာ အစိုးရ ကိုယ်စား ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့ ကျန်ရစ်တဲ့ မိသားစုဝင်တွေလည်း တက်ရောက်ကာ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့က နယ်ချဲ့လက်ပါးစေတွေရဲ့ လက်ချက်နဲ့ ကျဆုံးသွားခဲ့ရတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ တခြား အာဇာနည် ခေါင်းဆောင်ကြီးတွေ ဖြစ်ကြတဲ့ ဦးဘဝင်း၊ မန်းဘခိုင်၊ ဒီးဒုတ် ဦးဘချို၊ သခင်မြ၊ မိုင်းပွန် စော်ဘွားကြီး စဝ်စံထွန်း၊ ဦးရာဇတ်၊ အတွင်းဝန် ဦးအုန်းမောင်နဲ့ ရဲဘော် ကိုထွေးတို့ရဲ့ အုတ်ဂူတွေမှာ လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့ကြပါတယ်။

အာဇာနည်နေ့ အခမ်းအနားကို အစိုးရ ထိပ်တန်း ခေါင်းဆောင်တွေ တက်ရောက်ခြင်း မပြုတာ ကြာပြီဖြစ်ပြီး အခုနှစ်မှာ ဒုတိယ သမ္မတ တစ်ဦး တက်ရောက်တဲ့အပြင် အစိုးရပိုင် ရုပ်မြင်သံကြားကလည်း တိုက်ရိုက် ထုတ်လွှင့် ပြသခဲ့တဲ့အတွက် မြန်မာ့နိုင်ငံရေး ထူးခြား တိုးတက်မှု တစ်ခုအဖြစ် ရှုမြင်ကြပါတယ်။

မနှစ်က ကျင်းပတဲ့ အခမ်းအနားကို ရန်ကုန် မြို့တော်ဝန်ပဲ တက်ရောက်ခဲ့ပါတယ်။ ဒီကနေ့ ကျင်းပတဲ့ အခမ်းအနားကို တခြား နိုင်ငံရေး ပါတီ အသီးသီးက ကိုယ်စားလှယ်တွေ၊ သံတမန်တွေလည်း တက်ရောက် ဂါရဝပြု ခဲ့ကြပါတယ်။

အဲဒီနောက်ပိုင်း NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာ ကျင်းပခဲ့တဲ့ အာဇာနည်နေ့ အခမ်းအနားမှာတော့ ပါတီ ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်က မြန်မာနိုင်ငံမှာ အာဇာနည် စိတ်ဓာတ်တွေ ပြန့်ပွားစေဖို့အတွက် လူတိုင်းရင်ထဲမှာ အာဇာနည်တွေကို လေးစားတဲ့ စိတ်ဓာတ် တွေ ရှိဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

NLD ရုံးချုပ်မှာ ကျင်းပတဲ့ အာဇာနည်နေ့ အခမ်းအနားကို ပါတီခေါင်းဆောင်တွေ၊ အမေရိကန် သံအမတ်ကြီး Derek Mitchell အပါ အ၀င် နိုင်ငံတကာ သံတမန်တွေ၊ (၈၈) မျိုးဆက် ကျောင်းသား ခေါင်းဆောင်တချို့ အပါအ၀င် စုစုပေါင်း အင်အား (၃၀၀၀) လောက် တက်ရောက်ခဲ့ပါတယ်။

အာဇာနည်ခေါင်းဆောင်တွေ လုပ်ကြံခံခဲ့ရတဲ့ နံနက် ၁၀ နာရီ ၃၇ မိနစ် အချိန်မှာ အားလုံးက အာဇာနည်ကုန်းဘက်ကို မျက်နှာမူပြီး တစ်မိနစ်ခန့် ငြိမ်သက်စွာ အလေးပြုခဲ့ကြပါတယ်။

အလားတူ အာဇာနည်နေ့ အခမ်းအနား တစ်ခုကို ရန်ကုန်မြို့ ဒီမိုကရက်တစ်ပါတီ ( မြန်မာ) ရုံးချုပ်မှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ ရာမှာ စာရေးဆရာ မောင်ဝံသ၊ ဆရာကျော်ဝင်းနဲ့ ဆရာဟိန်းလတ်တို့က အာဇာနည်နေ့နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဟော ပြောခဲ့ကြပါတယ်။

Ref: အာရ်အဖ်အေ

Read More...

နယူးဒေလီမြို့တွင် အာဇာနည်နေ့ အခမ်းအနားကျင်းပ

2012-07-19

၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို အိန္ဒိယနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုတွေက နယူးဒေလီမြို့ BCRC ခန်းမ ဆောင်မှာ မနေ့က ကျင်းပခဲ့ကြပါတယ်။

အခမ်းအနားကို နံနက် ၁၀ နာရီ ၃၇ မိနစ်တိတိမှာ ကျဆုံးသွားကြတဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို အလေးပြုပြီး စတင် ကျင်းပ ခဲ့ကြပါတယ်။

Read More...

ကာကွယ်ရေး ဦးစီးချုပ် အိန္ဒိယနိုင်ငံကို သွားမည်

2012-07-19

အိန္ဒိယ မြန်မာနှစ်နိုင်ငံ စစ်ရေးဆိုင်ရာ ဆက်ဆံမှု ခိုင်မာမြဲမြံရေးအတွက် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟာ လာမယ့် သြဂုတ်လဆန်းပိုင်းမှာ အိန္ဒိယနိုင်ငံကို လာရောက်မှာ ဖြစ်ကြောင်း အိန္ဒိယ သတင်းမီဒီယာတွေက မနေ့က ဖော်ပြခဲ့ကြပါတယ်။

ကာကွယ်ရေး ဦးစီးချုပ်ဟာ အိန္ဒိယနိုင်ငံမှာ သြဂုတ်လ (၁) ရက်နေ့ကနေ (၈) ရက်နေ့အထိ နေထိုင်မှာဖြစ်ပြီး အိန္ဒိယ ကာကွယ်ရေးဝန်ကြီး မစ္စတာ A K Antony အပါအ၀င် ကြည်း၊ရေ၊လေ အကြီးအကဲတွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဒါအပြင် အရှေ့ပိုင်း ကြည်းတပ်၊ ရေတပ်စခန်း ဌာနချုပ်တွေနဲ့ တခြား ကာကွယ်ရေးဆိုင်ရာ နေရာဌာနတွေကို သွားရောက် ကြည့်ရှုမယ်လို့ သိရပါတယ်။ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဗုဒ္ဒဂါယာကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလကုန်ပိုင်းက အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန်ဆင်း မြန်မာနိုင်ငံကို အလည်အပတ် သွားရောက်ခဲ့ပြီးတဲ့နောက် မကြာခင်မှာ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဉ် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

မြန်မာ့ ဒီမိုကရေစီရေးအပေါ် ထောက်ခံအားပေးခဲ့တဲ့ အိန္ဒိယ အစိုးရဟာ ၁၉၉၀ ခုနှစ် နောက်ပိုင်းမှာ မူဝါဒ ပြောင်းလဲသွားခဲ့ပြီး အနောက် နိုင်ငံတွေ စိုးရိမ်နေတဲ့ကြားက မြန်မာစစ်အစိုးရကို ပင်လယ်ပြင် ကင်းလှည့် လေယာဉ်တွေ၊ ၁၀၅ မမ အမြောက်တွေ၊ စစ်ရေယာဉ်တွေ၊ စိန်ပြောင်းတွေနဲ့ ရိုင်ဖယ်သေနတ်တွေ ထောက်ပံ့ခဲ့ပါတယ်။

Ref: အာရ်အဖ်အေ

Read More...

ဘင်္ဂါလီ ရိုဟင်ဂျာကိစ္စ နိုင်ငံတကာ စည်းဝေးပွဲ ကျင်းပမည်

2012-07-19

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ဘင်္ဂါလီ ရိုဟင်ဂျာတွေ ကိစ္စနဲ့ပတ်သက်ပြီး အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေ အတွင်း ဖြေရှင်းနိုင်ရေးအတွက် လာမယ့် သြဂုတ်လ (၁၄) ရက်နေ့မှာ နိုင်ငံတကာ စည်းဝေးပွဲတစ်ရပ် ကျင်းပမယ်လို့ မလေးရှား Bernama သတင်းက ဖော်ပြပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ဘင်္ဂါလီ ရိုဟင်ဂျာတွေ ကိစ္စနဲ့ ပတ်သက်ပြီး အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေ အတွင်း ဖြေရှင်းနိုင်ရေးအတွက် လာမယ့် သြဂုတ်လ (၁၄) ရက်နေ့မှာ နိုင်ငံတကာ စည်းဝေးပွဲတစ်ရပ် ကျင်းပမယ်လို့ မလေးရှား Bernama သတင်းက ဖော်ပြပါတယ်။

Read More...

မြို့နယ်အသီးသီးမှာ အာဇာနည်နေ့အခမ်းအနား ကျင်းပ

2012-07-19

၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွေကို ဒီကနေ့ မန္တလေး၊ မြင်းခြံ၊ ပဲခူး၊ တောင်ငူနဲ့ ပဲနွယ်ကုန်း မြို့နယ်တွေမှာ အသီးသီး ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

မန္တလေးမြို့နဲ့ မြို့ နယ်တွေမှာ အခမ်းအနား ကျင်းပခဲ့တဲ့ အခြေအနေတွေနဲ့ အာဏာပိုင်တွေရဲ့ အခြေအနေတွေကို NLD မန္တလေးတိုင်း ညီလာခံ ကျင်းပရေး ကော်မရှင် အတွင်းရေးမှူး ဦးမျိုးနိုင်က အခုလို ပြောပါတယ်။

"ဒီနေ့ မနက်ကတော့ ဦးရာဇဓမ္မ အမှူးပြုတဲ့ သံဃာတော် ၁၀ ပါးပေါ့၊ မစိုးရိမ်တိုက်သစ်က ဆရာတော်ကြီးပေါ့နော်။ ကျွန်တော်တို့ အရုဏ်ဆွမ်းကပ်တယ်။ ပြီးတော့ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည် ခေါင်းဆောင်ကြီးများကို အမျှအတန်း ပေးဝေ ရေစက်ချပွဲ လုပ်ပါတယ်။ အဲဒါပြီးတော့ မနက် ၉ နာရီ ၁၅ မိနစ်မှာ အာဇာနည်နေ့ အောက်မေ့ဘွယ် အထိမ်းအမှတ် အခမ်း အနားလေး လုပ်ပါတယ်။ အဲဒီလို ဆွမ်းလောင်းမဲ့ကိစ္စ ချမ်းမြသာစည် မြို့နယ်ထဲမှာ ဆွမ်းလောင်းမယ် ဆိုတဲ့ဟာကို အာဏာပိုင်ဘက်က အဲဒီလို နှုတ်အားဖြင့်တော့ လာပြီးတော့ ခွင့်ပြုမိန့် လာတောင်းပါဦး ဆိုတာမျိုးလေးတွေတော့ သူတို့ တနည်းအားဖြင့် အနှောင့်အယှက် ပေးတာမျိုးတော့ ကြုံခဲ့ပါတယ်။ ဒါပေမဲ့ မနက်မှာတော့ အရုဏ်ဆွမ်း လောင်းတာတော့ တောက်လျှောက် ဆက်လုပ်တယ်လို့ ကြားပါ တယ်"

ပဲခူးမြို့နယ် NLD က ကျင်းပတဲ့ အာဇာနည်နေ့ အခမ်းအနားကိုတော့ NLD ပဲခူးတိုင်း ညီလာခံ ကျင်းပရေး ကော်မတီ အတွင်းရေးမှူး ဦးမြတ်လှက အခုလို ပြောသွားပါတယ်။

"မနက်က ပဲခူးမြို့ သနပ်ပင်လမ်းက ကျောင်းမှာရှိတဲ့ မြို့နယ်နဲ့ တိုင်း အဖွဲ့ချုပ်ရုံးမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကျဆုံးသွားတဲ့ ခေါင်း ဆောင်ကြီးတွေကို ရည်မှန်းပြီးတော့ ဘုန်းကြီး ၅ ပါးကို ဆွမ်းကပ်တယ်။ ဘုန်းကြီးတွေက ရေစက်ချ အမျှပေးဝေ အဲဒီ အခမ်းအနား ပြုလုပ်တယ်"

အာဏာပိုင်တွေက ဟန့်တား နှောင့်ယှက်ခြင်းမရှိပဲ သူတို့ ကျင်းပပြုလုပ်တဲ့ အာဇာနည်နေ့ အခမ်းအနားကိုလည်း ပါတီဝင်တွေကိုပါ ဖိတ်ကြားခဲ့တယ်လို့ ဦးမြတ်လှက ပြောပါတယ်။

မန္တလေးတိုင်း မြင်းခြံမြို့နယ်မှာ ကျင်းပတဲ့ အာဇာနည်နေ့ အခမ်းအနားကို နိုင်ငံရေး အကျဉ်းသားဟောင်း NLD အဖွဲ့ဝင် ကိုမျိုးဟန်က အခုလိုပြောပါတယ်။

"ကျွန်တော်တို့ မြင်းခြံမြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ပေါ့နော်၊ ဒေါက်တာ ဝင်းသူ ဦးဆောင်ပြီးတော့ ကျွန်တော်တို့ ဆေးရုံမှာလည်း ဆန်ပြုတ်တွေ တိုက်တယ်။ ပစ္စည်းပစ္စယတွေ ဝေတယ်။ ဧရာဝတီ သွေးလှူရှင် အသင်းနဲ့ပေါင်းပြီးတော့ ကျွန်တော်တို့ လုပ်ပါတယ်။ အာဇာနည်နေ့ အခမ်းအနားကို ကျင်းပတယ်။ လူပေါင်း ၁၅၀ လောက် တက်ရောက်ပါတယ် ခင်ဗျ။ ကျောင်းသားသမဂ္ဂ ကနေပြီးတော့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ လွမ်းသူ့ပန်းခွေ ချပါတယ်။ လွမ်းသူ့ပန်းခွေ ချတဲ့အချိန်မှာ မြို့နယ် အာဏာပိုင်တွေကနေပြီးတော့ စတင် ကန့်ကွက်ပါတယ်။ အဆင်မပြေ ဖြစ်တယ်။ နောက်တော့ ကျွန်တော်တို့ ညှိနှိုင်းတဲ့အခါ၊ အဆင်ပြေတဲ့ အခါမှာ ခရိုင် အုပ်ချုပ်ရေးမှူး ကိုယ်တိုင် ခွင့်ပြုလိုက်တဲ့အတွက် ကျွန်တော်တို့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ လွမ်းသူ့ပန်းခွေ ချတယ်။ ကျောင်းသားတွေ အလေးပြုတယ်"

အလားတူ တောင်ငူမြို့က အာဇာနည်နေ့ အခမ်းအနားနဲ့ ပတ်သက်လို့ တောင်ငူမြို့နယ် NLD လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုး မြင့်က အခုလို ပြောပါတယ်။

"မနက်ပေါ့လေ၊ ၄ နာရီက စပြီးတော့ ကျွန်တော်တို့ သံဃာ ၈၀၀ လောက်ကို အာဇာနည် ခေါင်းဆောင်ကြီးတွေအတွက် ရည်မှန်းပြီး တော့ ဆွမ်းလောင်းပါတယ်။ မနက် ၄ နာရီ စလောင်းပါတယ်။ ၆ နာရီအထိပေါ့။ အဲတာပြီးတော့ ကျွန်တော်တို့ ရုံးကနေ အဖွဲ့ပေါ့ဗျာ၊ တချို့ ရပ်ကွက်ကျေးရွာက အဖွဲ့တွေ ဖွဲ့ပြီးတော့ အာဇာနည် ကျောက်တိုင်ရှေ့မှာ စုရုံးပါတယ်။ စုရုံးပြီးတော့ ပန်းခွေချတယ်ပေါ့ဗျာ။ နောက်တခါ အလေးပြုခြင်း အခမ်းအနားလုပ်ပါတယ်။ အာဏာပိုင် အနှောင့်အယှက် ပေးတာမျိုး မရှိပါဘူး။ ကျွန်တော်တို့ အဲဒီမှာ လူ ၁၀၀၀ ကျော်လောက် တက်ရောက်ပြီး အခမ်းအနား ကျင်းပပါတယ်"

ပဲခူးတိုင်း အရှေ့ဘက်ခြမ်း ပဲနွယ်ကုန်းက အာဇာနည်နေ့ အခမ်းအနားမှာ အာဏာပိုင်တွေ အနှောင့်အယှက် ပေးခဲ့ပုံကို ထန်းတပင် NLD ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ထွန်းက အခုလို ပြောပါတယ်။

"ကျွန်တော်တို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးစီးပြီး သာသနာ့ဗိမာန်မှာ ကျွန်တော်တို့ လွမ်းသူ့ပန်းခွေချ အလေးပြုပွဲ လုပ်တာပါ။ တားဆီးတာတော့ မရှိဘူး။ ဟိုဟာလေး မလုပ်ပါနဲ့၊ ဒီဟာလေး မလုပ်ပါနဲ့လို့ တွေတော့ ရှိတာပေါ့ဗျာ။ ရန်ကုန် အာဇာနည် ဗိမာန်နဲ့ တူ အောင် အောက်မှာ အနီရောင်အပြည့် ဘက်ဂရောင်းနဲ့ ကြယ်ဖြူတစ်ပွင့် အခမ်းအနား ပြင်ဆင်ထားတယ်ပေါ့ဗျာ။ အဲတာကို ဖြုတ်ပေး ပါလို့ သူတို့က တောင်းဆိုတယ်ဗျ။ အဲဒီ အနီရောင်ပိတ်ကားနဲ့ အဖြူရောင် ကြယ်ပွင့်ကို ကျွန်တော်တို့ ဖြုတ်ပေးလိုက်တယ်ခင်ဗျ"

Ref: အာရ်အဖ်အေ

Read More...

ကရင်ပြည်နယ်က လယ်သမားတွေ သမ္မတထံ တင်ပြမယ်

2012-07-19

ကရင်ပြည်နယ် မြ၀တီမြို့နယ်အတွင်း လယ်ယာမြေ ဧက (၃၀၀) ကျော် အဓမ္မ သိမ်းယူခံထားရတဲ့ တောင်သူ (၆၀) ကျော်ရဲ့ အရေး ကိစ္စနဲ့ ပတ်သက်လို့ သတင်းစာ ရှင်းလင်းပွဲတစ်ခုကို ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံလမ်းမှာရှိတဲ့ Mr. Brown ကဖေးမှာ ဒီကနေ့ ပြု လုပ်ခဲ့ပါတယ်။

မြ၀တီမြို့နယ် ဝှေ့ရှမ်းကျေးရွာနဲ့ မဲ့ပလဲ့ကျေးရွာတွေမှာရှိတဲ့ တောင်သူ ၆၂ ဦးပိုင် လယ်ယာမြေ ၃၀၀.၄ ဧကကို အမှတ် (၁၀၁၇) ဒီကေဘီအေ နယ်ခြားစောင့်တပ်က ၂၀၁၁ ခုနှစ်အတွင်း သိမ်းယူခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စကို ကရင်ပြည်နယ် ၀န်ကြီးချုပ် အပါအ၀င် အာဏာပိုင် အဆင့်ဆင့်ကို တင်ပြ အကူအညီ တောင်းခံခဲ့ပေမယ့် တစုံတရာ အရေးယူ ဆောင်ရွက်ပေးမှု မရှိဘူးလို့ သိရပါတယ်။

Read More...

မကွေး၊ ကျောက်ဆည်နဲ့ မုံရွာက အာဇာနည်နေ့ အခမ်းအနားများ

2012-07-19

မကွေးမြို့မှာတော့ ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို လုံခြုံရေးတွေ တင်းကျပ်ထားတဲ့ ကြားကပဲ ဗိုလ်ချုပ်ကြေးရုပ် ရှိတဲ့ပန်းခြံကို မြို့ခံတွေ သွားရောက် ဂါရဝပြုခဲ့တယ်လို့ မကွေးမြို့ ပွင့်လင်း လူ့အဖွဲ့အစည်းဝင် တစ်ဦးဖြစ်သူ ကိုမောင်မောင်စိုးက ပြောပါတယ်။

မန္တလေးတိုင်း ကျောက်ဆည်မြို့မှာ NLD ပါတီဝင်တွေနဲ့ အနုပညာရှင်တွေ စုပေါင်းပြီး ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ရွှေလှံတောင် ဘုန်းကြီးကျောင်းမှာ ကျင်းပခဲ့ပြီး၊ အာဇာနည်ကြီးတွေ ကျဆုံးတဲ့အချိန်မှာ မြို့နယ် အာဏာပိုင်တွေ ဥသြ ဆွဲတာမျိုး မရှိကြောင်း ကျောက်ဆည်မြို့က ကဗျာဆရာ (လင်းခါး) က ပြောပါတယ်။

Read More...

အာဇာနည်ဗိမာန် လွတ်လပ်စွာ ဂါရဝပြုခွင့်ရ

2012-07-19

အာဇာနည်နေ့ နိုင်ငံတော် အခမ်းအနားကို ဒီနှစ်မှာ စတင်ပြီး ခမ်းနားစွာ ပြန်လည်ကျင်းပခဲ့သလို ပြည်သူအများကိုလည်း အရင်လို မဟုတ် ဘဲ အာဇာနည် ဗိမာန်မှာ လွတ်လွတ်လပ်လပ် လာရောက် ဂါရဝ ပြုခွင့် ပေးခဲ့ပါတယ်။

ဒီကနေ့ နေ့လည် (၃) နာရီလောက်မှာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့နဲ့အတူ နာမည်ကျော် အနုပညာရှင် ၂၀ လောက် စုပေါင်းပြီး ကျဆုံးသွားတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည် ခေါင်းဆောင်တွေကို လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့ကြပါတယ်။

ဒီနှစ် အာဇာနည်နေ့ အခမ်းအနားမှာ အာဏာပိုင်တွေဘက်က ပြည်သူတွေ ပါဝင်ခွင့် ပေးခဲ့တဲ့အတွက် ပြုပြင် ပြောင်းလဲရေးအတွက် တိုးတက်လာတဲ့ အခြေအနေတစ်ခု ဖြစ်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က မမီးမီးက RFA ကို ပြောပါတယ်။

"ဒီနေ့ အာဇာနည်နေ့မှာ အခုလိုမျိုးပေါ့နော်၊ အားလုံးပါဝင် အလေးပြုလို့ ရအောင်ပေါ့နော်၊ ဘာမှ စည်းကမ်းတင်းကျပ်ခြင်း၊ ကန့်သတ် ခြင်း မရှိပဲနဲ့ ပြည်သူလူထုအားလုံးကို လွတ်လပ်စွာ အလေးပြုခွင့်ပေးတဲ့ အတွက် ဒီဟာ ကျွန်မတို့ နိုင်ငံရဲ့ ပြန်လည် တည်ဆောက်ရေး ကာလမှာ ဒီလိုမျိုးလုပ်တဲ့ ဖြစ်ရပ်ကို ကျွန်မတို့ ဂုဏ်ယူပါတယ်။ နောက်ပိုင်းလည်း ကျွန်မတို့ ပြည်သူနဲ့ အတူ ပူးပေါင်းဆောင်ရွက် သွား မှာပါ။ ပြည်သူကို မကြောက်ပါနဲ့။ ပြည်သူနဲ့အတူ လက်တွဲဆောင်ရွက်ပါ။ ဒါမှသာလျင် စစ်မှန်တဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးကို အမြန် ဆုံး ဖော်ဆောင်နိုင်ပြီးတော့ ကျွန်မတို့ တိုင်းပြည်ဟာ အေးချမ်းသာယာပြီးတော့ ဖွံ့ဖြိုးတိုးတက်တဲ့ တကဲ့ ဒီမိုကရေစီနိုင်ငံသစ် ဖြစ်ပါလိမ့် မယ်လို့ ကျွန်မပြောချင်ပါတယ်"

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်ကလည်း ကျဆုံးသွားတဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို ရည်စူး အောက်မေ့ တဲ့အနေနဲ့ သင်္ကန်းကျွန်း မဂ္ဂင်ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်လှူဒါန်း ခဲ့တယ်လို့ ဗကသများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကိုက RFA ကို ပြောပါတယ်။

ဒါ့အပြင် ကိုကျော်ကိုကိုနဲ့ အဖွဲ့က ရွှေပြည်သာ မြို့နယ်မှာရှိတဲ့ ပညာ့ပျိုးခင်း ပညာဒါနကျောင်းမှာ အလယ်တန်းနဲ့ အထက်တန်း ကျောင်းသားတွေကို အာဇာနည်နေ့အကြောင်း ဟောပြောခဲ့ပြီး ဗကသများ အဖွဲ့ချုပ် အမှုဆောင်တချို့က သံလျင်မြို့နယ်က ကျောင်းသားတွေရဲ့အာဇာနည်နေ့အခမ်းအနား၊ ဟင်္သာတမြို့နယ်က ကျောင်းသားတွေရဲ့ အခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။

မန္တလေးမြို့မှာတော့ ထောက်လှမ်းရေးနဲ့ လုံခြုံရေးတွေ ချထားပေမယ့် ရတနာပုံတက္ကသိုလ် ကျောင်းသားတွေ ကျင်းပတဲ့ အာဇာနည်နေ့ အခမ်းအနားကို အထက်ဗမာပြည် ဗကသများ အဖွဲ့ချုပ်ဝင်တွေ တက်ရောက်ကြတယ်လို့ ဗကသများ အဖွဲ့ချုပ် ဗဟိုစည်းရုံးရေး ကော်မတီဝင် ကိုမိုးထက်နေက ပြောပါတယ်။

"ရတနာပုံတက္ကသိုလ် ကျောင်းသားတွေက ဦးဆောင်ပြီးလုပ်တယ်။ ကျွန်တော်တို့ အဲဒီပွဲတက်တယ်။ ကျောင်းထဲကိုတော့ ဝင်လို့မရဘူး။ ကျောင်းဝင်းတံခါး ပိတ်ထားတယ်။ ကျောင်းမှာ ဆရာတွေ အဲဒီအပေါက်ဝမှာ ထိုင်စောင့်နေတယ်။ နောက် CCTV ကင်မရာတို့ တပ် ထားတယ်။ နောက် ကန်တပ်ကုန်း ဆရာတော် လုပ်တဲ့ပွဲ တက်တယ်။ လုံခြုံရေး ချထားတာတော့ အနည်းအကျဉ်း ရှိပါတယ်။ နောက် ထောက်လှမ်းရေး တပ်ဖွဲ့ဝင်တွေလည်း ချထားတာ ရှိတယ်။ ဒါပေမဲ့ ဝင်ပြီး အနှောင့်အယှက် ပေးတာတော့ မရှိဘူး"

ဧရာဝတီတိုင်း ဒေးဒရဲမြို့မှာတော့ ရန်ကုန်မြို့ အာဇာနည်ကုန်း ပုံစံငယ်အတိုင်း ဒေးဒရဲ NLD ရုံးရှေ့မှာ တည်ဆောက်လိုက်ပြီး ဒေသခံ ပြည်သူနဲ့ အဖွဲ့အစည်းတွေ၊ ဌါနဆိုင်ရာ တချို့က ဝန်ထမ်းတွေ စုစုပေါင်း လူ သုံးထောင်လောက် အာဇာနည်နေ့ကို ကျင်းပခဲ့တယ်လို့ NLD လူငယ် ကိုရင်ထွေးက ပြောပါတယ်။

"ရွှေတိဂုံ အနောက်မုခ်မှာရှိတဲ့ အာဇာနည်ကုန်း ပုံစံမျိုး သစ်သားတွေနဲ့ ဆောက်ပြီးတော့ အပေါ်ကနေ ပိတ်စတွေနဲ့ အုပ်ပြီးတော့ ဗြက် ၁၅ ပေ၊ အရှည် ၁၈ ပေရှိတဲ့ အာဇာနည်ကုန်းဗိမာန် ပုံစံတူ ဆောက်ပြီးတော့ အာဇာနည် ခေါင်းဆောင်တွေ ဓာတ်ပုံ ထည့်ပြီးတော့ ၂၅ နှစ်လုံးလုံး ကွယ်ပျောက်နေတဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို သတိရတဲ့လူတိုင်းက အလေးလာပြုဖို့ အတွက် ကျွန်တော်တို့ ဖိတ်မန္ကကပြုပြီးတော့ ကျွန်တော်တို့ ဆောက်ပါတယ်ခင်ဗျ။ လူတွေ အားလုံးပေါင်း ခန့်မှန်းခြေက သုံးထောင်ကျော်လောက် ရှိမယ် ခင်ဗျ။ မြို့မှာရှိတဲ့ ကျောင်းသား ကျောင်းသူတွေရော လာပြီးတော့ ပန်းခွေချ အလေးပြုပါတယ်ခင်ဗျ။ ဌာနဆိုင်ရာ တချို့ကရော လာပါတယ်ခင်ဗျ"

တောင်ကြီးနဲ့ အောင်ပန်းမြို့တွေမှာလည်း အာဇာနည်နေ့ ပန်းခွေချ အလေးပြုမယ့် အစီအစဉ်ကို မနေ့ကအထိ ပြည်နယ်အစိုးရက ခွင့်မပြုတဲ့အကြောင်း စာပို့ထားပေမယ့် ဒီနေ့မှာတော့ NLD အဖွဲ့ဝင်တွေ၊ ၈၈ မျိုးဆက် ကျောင်းသားတွေက ပန်းစည်းချ အလေးပြု နိုင်ခဲ့တယ်လို့ သိရပါတယ်။

အလားတူပဲ ပျဉ်းမနား နေပြည်တော်မှာလည်း နေပြည်တော်ကောင်စီက ကြီးမှူးပြီး ပထမဆုံးအကြိမ် အာဇာနည်နေ့ အထိမ်းအမှတ် ဆွမ်းကျွေး တရားနာပွဲကို ကျင်းပခဲ့ပါတယ်။ ဒါအပြင် နေပြည်တော် မဲဆန္ဒနယ်မြေ (၄) ခုမှာ အနိုင်ရသွားတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်တွေလည်း ပထမဆုံးအကြိမ် အာဏာပိုင်တွေဘက်က ဖိတ်ကြားခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒက္ခိဏသီရိမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောပါတယ်။

ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်းက ဗိုလ်ချုပ်ကြေးရုပ်မှာ အများပြည်သူတွေက ပန်းစည်းတွေနဲ့တကွ ဂါရဝ ပြုခဲ့ကြသလို နှစ်ပေါင်း များစွာ ပိတ်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်ကိုလည်း ဒီနေ့ ဖွင့်ပေးတဲ့အတွက် ကျောင်းသား၊ ပြည်သူတွေနဲ့ စည်းကား ပြည့်ကျပ် နေပါတယ်။

Ref: အာရ်အဖ်အေ

Read More...

အာဇာနည်နေ့ မင်းကိုနိုင်ဟောပြော

2012-07-19

ကိုမင်းကိုနိုင် အပါအ၀င် (၈၈) မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ ဦးဆောင်ဟောပြောတဲ့ အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်တိုင်း သုံးခွမြို့နယ် ပျဉ်းမကန် စံပြကျေးရွာက ကိုးန၀င်း ဓမ္မာရုံမှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပြီး ပရိသတ် ၄၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။

ကျေးရွာပေါင်း (၁၀) ရွာ ပူးပေါင်းပြီး ပထမဆုံး ပြုလုပ်တဲ့ အဲဒီအခမ်းအနားမှာ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က အာဇာ နည်တွေနဲ့ ပတ်သက်လို့ အခုလို ပြောကြားခဲ့ပါတယ်။

"အသက်ပေးတိုင်းလည်း အာဇာနည် မဖြစ်ပါဘူး။ တိုင်းပြည်အတွက် အသက်ပေးသွားတဲ့ ပုဂ္ဂိုလ်တွေ အများကြီးရှိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူမသေခင်မှာ လုပ်ဆောင်ခဲ့တဲ့ လုပ်ဆောင်ချက်တွေ အားလုံး အပေါ်ခြုံပြီးတော့ နောက်ဆုံးကျတော့ အဆုံးအဖြတ် ပေးတယ်။ ဒါကြောင့် အသက်ပေးတိုင်းမှာ မဖြစ်တဲ့ အာဇာနည်တွေရဲ့ ကျေးဇူးကို ကျွန်တော်တို့ သတိတရနဲ့ ဒီနေ့လာပြီးတော့ စုဝေးတာပဲ"

(၈၈) မျိုးဆက် ကျောင်းသားများအဖွဲ့ဟာ သန်လျင်မြို့ အာဇာနည် ကျောက်တိုင်မှာ ပြုလုပ်တဲ့ အလေးပြု အခမ်းအနားကိုလည်း တက် ရောက်အလေးပြုခဲ့ကြပါတယ်။ အဲဒီ အလေးပြုပွဲကို လူ ၂၀၀၀ လောက်တက် ရောက်ခဲ့ပြီး၊ အစိုးရ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေလည်း အဲဒိကျောက်တိုင်မှာ အာဇာနည်နေ့ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ဟာ ညနေပိုင်းမှာတော့ ရွှေတိဂုံဘုရား မြောက်ဘက်မုခ်က အာဇာနည်ကုန်းကို သွားရောက် ပန်းခွေချ အလေးပြုခဲ့ကြတယ်လို့လည်း သိရပါတယ်။

Ref: အာရ်အဖ်အေ

Read More...

ဆီးရီးယားအရေး လုံခြုံရေးကောင်စီဆုံးဖြတ်ချက်မူကြမ်း ရုရှားနဲ့တရုတ်ပယ်ချ

19.07.2012

ဆီးရီယားမှာ အကြမ်းဖက်မှုတွေကို မရပ်တန့်ရင် ပိတ်ဆို့အရေးယူမယ်လို့ ခြိမ်းခြောက်ထားတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ဟာ ရုရှားနဲ့ တရုတ်က ဗီတိုသုံးပယ်ချတာကြောင့် ဆုံးဖြတ်ချက်မကျခဲ့ဘူးလို့ အမေရိကန်ပြည်ထောင်စုက ပြောလိုက် ပါတယ်။

ဒီ ဗီတိုသုံးပယ်ချလိုက်မှုဟာ အန္တရာယ်ကြီးပြီးတော့ အတော်လေး ဆိုးဝါးတဲ့ကိစ္စဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံ အမတ်ကြီး ဆူဇန် ရိုက်စ်က ပြောပါတယ်။ လုံခြုံရေးကောင်စီကနေ အခုလို အရေးယူမှု မလုပ်နိုင်တာကြောင့် အဲဒီဒေသတခုလုံးကိုပါ ရိုက်ခတ်သွားနိုင်တဲ့စစ်ပွဲတွေ၊ အကြမ်းဖက်မှုတွေ ပိုဖြစ်လာနိုင်တယ်လို့လည်း ဆူဇန် ရိုက်စ်က သတိပေးလိုက်ပါတယ်။

Read More...

အမေရိကန် မိုးခေါင်ရေရှားမှုဂယက် ပြောင်းနဲ့ပဲပိစပ် ဈေးတက်

19.07.2012

အမေရိကန်ပြည်ထောင်စုရဲ့ ပေါင်မုန့်ခြင်းကြီးလို့ တင်စားကြတဲ့ အနောက်အလယ်ပိုင်းဒေသမှာ ဒီနှစ် အတွင်း မိုးခေါင်ရေရှားပြီး စိုက် ပျိုး မြေတွေခြောက်သွေ့တာ၊ စိုက်မရ ပျိုးမရ ဖြစ်နေတာတွေကြောင့် နိုင်ငံ တွင်းမှာ ၁၉၅၆ ခုနှစ်နောက်ပိုင်း အဆိုးဝါးဆုံး မိုးခေါင် ရေရှားမှုနဲ့ သီးနှံရှားပါးမှုတွေ ကြုံတွေ့နေရပါတယ်။

ပြောင်းနဲ့ ပဲပိစပ်ဈေးတွေလည်း ခေါင်ခိုက်အောင် တက်သွားခဲ့ပါတယ်။ ဒီဒေသမှာ မိုးအနည်းငယ်ပဲ ရွာသွန်းဖို့ရှိတယ်လို့လည်း မိုးလေ၀သ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ပြောင်းဈေးဟာ (၈) ဂါလံဝင် ပုံးတစ်ပုံး (one bushel) ကို ရှစ်ဒေါ်လာဈေး ရှိပြီးတော့ ပဲပိစပ်ဟာလည်း (၈)ဂါလံဝင် ပုံးတစ်ပုံး (one bushel) ကို (၁၇) ဒေါ်လာနဲ့ ဆင့် (၅၀) ထိ ဈေးတက်သွားခဲ့ပါတယ်။

Read More...

အာဇာနည်နေ့အခမ်းအနား NLD ရုံးချုပ်မှာကျင်းပ

ကိုဇော်ဝင်းလှိုင်

19.07.2012
အာဇာနည်နေ့ ကျင်းပတယ်ဆိုတာဟာ တိုင်းပြည်အတွင်းမှာ အာဇာနည်စိတ်ဓာတ် ပြန့်ပွားစေချင် လို့၊ မြင့်မြတ်တဲ့စိတ်ကိုအခြေခံတဲ့ သတ္တိရှိသူတွေ ပေါ်ထွက်လာစေဖို့အတွက် ဖြစ်တယ်လို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒီကနေ့ ရန်ကုန်မြို့၊ ရွှေဂုံတိုင်မှာ ရှိတဲ့ NLD အဖွဲ့ချုပ် ရုံးချုပ်မှာ ကျင်းပတဲ့ အာဇာနည်နေ့အခမ်းအနားအတွင်းမှာ ဒေါ်အောင်ဆန်း စုကြည်က အဲဒီလို ပြောသွားတာပါ။ ဒီကနေ့ ကျရောက်တဲ့ အာဇာနည်နေ့ အခမ်းအနားအကြောင်း အစုံအလင်ကိုတော့ ဘန်ကောက်ရုံး ကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။ မြင့်မြတ်တဲ့စိတ်ဓာတ်ကို အခြေခံမှ အာဇာနည်စိတ် ဓာတ် လို့ ခေါ်နိုင်မှာပါ။ ... (ဒေါ်အောင်ဆန်းစုကြည်) ...

Read More...

မြန်မာကာကွယ်ရေးဦးစီးချုပ် သြဂုတ်လဆန်း အိန္ဒိယကိုသွားမည်

19.07.2012

မြန်မာ ကာကွယ်ရေး စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အခုလာမယ့် သြဂုတ်လ ၁ ရက်နေ့မှာ အိန္ဒိယနိုင်ငံကို တပတ် ကြာ အလည်အပတ် သွားရောက်ဖို့ရှိတယ်လို့ အိန္ဒိယကလာတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။ မြန်မာ အိန္ဒိယ စစ်ရေးဆက်ဆံမှုတွေ တိုး မြှင့်ဆောင်ရွက်ဖို့ ရည်မှန်းတဲ့ ခရီးစဉ်ဖြစ်တယ်လို့ ဖော်ပြပါတယ်။

သြဂုတ်လ ၁ ရက်နေ့ကနေ ၈ နေ့အထိ မြန်မာကာကွယ်ရေးဦးစီးချုပ်ရဲ့ ခရီးစဉ်အတွင်း အိန္ဒိယ စစ်ဘက်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးမှာဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတွေက ပြောဆိုတဲ့အကြောင်း ကိုးကားဖော်ပြပါတယ်။

Read More...

တရုတ်ဖိအားကြောင့် အာဆီယံစိတ်ဝမ်းကွဲ

19.07.2012

ဒေသတွင်းမှာ တရုတ်အစိုးရရဲ့ သြဇာပိုပြီးကြီးထွားလာနေတာကြောင့် တောင်တရုတ်ပင်လယ်အတွင်း နယ်မြေအငြင်းပွားမှုနဲ့ ပတ်သက်ပြီး အရှေ့တောင်အာရှနိုင်ငံတွေက တစုတစည်းတည်းဖြေရှင်းဖို့ လုပ်ဆောင်နေတာဟာ ပိုပြီးတော့ ရှုပ်ထွေးလာခဲ့တယ်လို့ အကဲခတ်တွေက ပြောလိုက်ပါတယ်။

အရှေ့တောင်အာရှနိုင်ငံ ၁၀ နိုင်ငံပါဝင်တဲ့ အာဆီယံအဖွဲ့ဟာ ပြီးခဲ့တဲ့တပတ်က ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဒေသတွင်း အစည်း အဝေးမှာ ပူးတွဲကြေငြာချက်ထုတ်နိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါဟာ နှစ်ပေါင်း ၄၅ နှစ်အတွင်း ပထမဆုံးအကြိမ် ပူးတွဲကြေငြာချက် ထုတ်ပြန်နိုင် ခဲ့ခြင်း မရှိခဲ့တာဖြစ်ပြီး နယ်မြေ အငြင်း ပွားမှုပြဿနာနဲ့ ပတ်သက်ပြီးတော့ သဘောထားတွေကွဲပြားနေတယ် ဆိုတာကို ပြသလိုက်ပါတယ်။

Read More...

မန္တလေး အစိမ်းရောင် လုပ်ငန်းငယ်များ ဖယ်ရှားပြောင်းရွှေ့ခံရ

နေမျိုး
ဇူလိုင်လ ၁၉ ရက် ၂၀၁၂ ခုနှစ်

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်၊ မြို့တော်ဥယျာဉ် သာယာလှပရေး အကောင်အထည် ဖော်ဆောင်ရွှက်ခဲ့သည့် ပန်းပညာ ရှင်များ၏ ပျိုးပင်လုပ်ငန်း ဆိုင်ခန်းများအား ဇူလိုင် ၁၉ ရက်နေ့က စည်ပင်မှ စတင် ဖယ်ရှားနေကြောင်း သိရသည်။

ကာလပေါက်ဈေး တဆိုင်လျှင် ကျပ်ငွေ သိန်း ၂ဝဝ ခန့်တန်ဖိုးရှိ ပျိုးဥယျာဉ်လုပ်ငန်း လုပ်ကိုင်သည့်ဆိုင် ၄ ဆိုင်အား စည်ပင်အမိန့်ဖြင့် ဖယ်ရှားဖြိုချလိုက်ကြောင်း ပန်းပညာရှင်လည်းဖြစ် ဥယျာဉ်မှူးတဦးလည်းဖြစ်သူ ဦးလှထွန်းအောင်က ပြောသည်။

Read More...

လူငယ်များ အာဇာနည်စိတ်မွေးရန် ဒေါ်စုတိုက်တွန်း

မျိုးသန့်
ဇူလိုင်လ ၁၉ ရက် ၂၀၁၂ ခုနှစ်

လူငယ်များ ကိုယ်ကျိုးမရှာသည့် မြင့်မြတ်သော အာဇာနည်စိတ်ဓာတ် မွေးကြရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်က ကြာသပတေးနေ့တွင် ကျရောက်သည့် ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် တိုက်တွန်းပြောကြား သွား သည်။

လူထုပရိသတ် ၂,ဝဝဝ ကျော်ခန့် တက်ရောက် ဂါရဝပြုခဲ့ကြသည့် NLD ရုံးချုပ်တွင်ပြုလုပ်သည့် အာဇာနည်နေ့ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က အာဇာနည်စိတ်ဓါတ် မွေးမြူလေ့ကျင့်ကြရန် မြန်မာလူငယ်များကို တိုက်တွန်းပြောကြားသွားခြင်း ဖြစ်သည်။

Read More...

အမေရိကန်၏ မြန်မာ့သွင်းကုန်တားမြစ်မှု ဥပဒေကြမ်း သက်တမ်းတိုးရန် နီးစပ်

ဇူလိုင်လ ၁၉ ရက် ၂၀၁၂ ခုနှစ်

မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေး ပိတ်ဆို့ အရေးယူမှုအား နောက်ထပ် သုံးနှစ် သက်တမ်း ထပ်မံတိုးရန် အမေရိကန် အထက်လွှတ်တော် ဘဏ္ဍာရေး ကော်မတီက ဗုဒ္ဓဟူးနေ့တွင် မဲခွဲဆုံးဖြတ်လိုက်သည်။

သွင်းကုန်များ တားမြစ်မှုကို ဆက်လက် သက်တမ်းတိုးရန် ဆုံးဖြတ်ချက်အား အမေရိကန် အထက် လွှတ်တော် ဘဏ္ဍာရေး ကော်မတီက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပြီး ထိုဥပဒေအား အထက်လွှတ်တော် တခုလုံးမှ ဆက်လက် ဆုံးဖြတ် ရဦးမည် ဖြစ်သည်။

Read More...

မွန်စာပေ သင်ကြားရေး ဒေါ်လာတသန်း အစိုးရထောက်ပံ့မည်ဆို

ကွန်းချမ်း
ဇူလိုင်လ ၁၉ ရက် ၂၀၁၂ ခုနှစ်

ကျောင်းချိန်ပြင်ပတွင် တိုင်းရင်းသားစာပေကို သင်ကြားခွင့် ပြုမည် ဖြစ်ပြီး မွန်စာပေ သင်ကြားရေးအတွက် တနှစ်လျှင် ဒေါ်လာတသန်း ထောက်ပံ့သွားမည် ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်နှင့် ဒီမိုကရေစီ မိတ်ဆွေများ ပါတီများမှ ခေါင်းဆောင်များ ဗုဒ္ဓဟူးနေ့က နေပြည်တော် တွင် တွေ့ဆုံစဉ် ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့သည်။

တိုင်းရင်းသားဒေသများတွင် ကျောင်းချိန်အတွင်း သင်ခန်းစာများကို တိုင်းရင်းသား ဘာသာနှင့် တွဲ၍ သင်ကြားပေးရန် မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) ဒု-ဥက္ကဌ ဒေါက်တာနိုင်လှအောင်၏ တင်ပြချက်နှင့် ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီးက သမ္မတ၏ ခွင့်ပြုချက် ဖြင့် ပြန်လည်ဖြေကြားလိုက်ခြင်း ဖြစ်သည်ဟု တွေ့ဆုံရာတွင် ပါဝင်သည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောက ပြောသည်။

Read More...

မတရားအသင်း အက်ဥပဒေ ပယ်ဖျက်ရေး ဆက်လက် ဆွေးနွေးမည်

ဖနိဒါ၊ ဝေစန္ဒာ
ဇူလိုင်လ ၁၉ ရက် ၂၀၁၂ ခုနှစ်

မတရားအသင်းများ အက်ဥပဒေအား ပယ်ဖျက်ရန် အဆိုကို သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က တင်သွင်းခဲ့ရာ ဆက်လက် ဆွေးနွေးရန် လွှတ်တော် ဥက္ကဋ္ဌ သူရရွှေမန်းက အတည်ပြုခဲ့သည်ဟု လွှတ်တော်အမတ်များက ပြောသည်။

မတရားအသင်း အက်ဥပဒေဖြင့် ပြစ်မဲ့ ပြည်သူများ ထောင်ချခံနေရသဖြင့် အဆိုပါ ဥပဒေအား ရုပ်သိမ်းရန် တင်သွင်း ခဲ့မှုကို ပြည်ထဲ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ယင်းအဆိုကို ရုပ်သိမ်းရန် ပြောဆိုခဲ့သော် လည်း လွှတ်တော်ဥက္ကဋ္ဌက ဆက်လက် ဆွေးနွေးရန် ဇူလိုင်လ ၁၇ ရက်နေ့ အင်္ဂါနေ့က သဘောတူခဲ့ခြင်း ဖြစ်သည်။

Read More...

ပိတ်ဆို့မှုများ ဖယ်ရှားပေးရန် အမေရိကန်ကို ဒေါ်စုပြော

ဇူလိုင်လ ၁၉ ရက် ၂၀၁၂ ခုနှစ်

အမေရိကန်က ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှားပေးပါရန်နှင့် ထိုသို့ ဖယ်ရှား ရုတ်သိမ်းပေး ခြင်းဖြင့် မြန်မာပြည်သူ များအတွက် အကျိုးရှိစေလိမ့်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အမေရိကန် လွှတ်တော်မှ သြဇာရှိသောအမတ် တဦးဖြစ်သည့် မစ်ခ်ျမက်ကော်နယ် အား တနင်္လာနေ့ ညက တယ်လီဖုန်း ဖြင့် ပြောကြားလိုက်သည်။

ထိုသို့ ပြောဆိုရာ၌ ဒေါ်အောင်ဆန်းစုကြည်က အချက် ၃ ချက်ကို အဓိကထား ပြောဆိုခဲ့ ကြောင်း ယင်းတို့မှာ မြန်မာနိုင်ငံနှင့် သံတမန် ဆက်ဆံရေးကို သံအမတ်ကြီး အဆင့်ဖြင့် အမြင့်ဆုံး ပြန်လည် ဆက်သွယ်နိုင်ခဲ့ပြီဖြစ် ကြောင်း၊ ဒီမိုကရေစီ အပြောင်းအလဲများ အရှိန် အဟုန် ရလာနေပြီး ပြည်သူများ၏ စားဝတ်နေရေး တိုးတက်စေရန် ရင်းနှီးမြှုပ်နှံ မှုများ ပိုမိုပြုလုပ်ရန်တို့ ဖြစ်ကြကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က အင်္ဂါနေ့က ပြောဆိုခဲ့သည်။

သူ ပထမအကြိမ် အကျယ်ချုပ် ကျခံနေရစဉ် ကပင် အထက်လွှတ်တော်အမတ် မက်ကော်နယ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြား အဆက်အသွယ်ရှိခဲ့ပြီး သူတို့ကြား ဆက်ဆံရေးမှာ ရှည်ကြာခဲ့ပြီ ဖြစ်သည်။ ဇန်န၀ါရီလအတွင်း မြန်မာနိုင်ငံသို့ သွားရောက်ခဲ့စဉ် က ဒေါ်အောင်ဆန်းစုကြည်ကို ပထမဆုံး ပြန်လည် တွေ့ဆုံခွင့်ရခဲ့ရာ စိတ်ထိခိုက် ခံစားနေရကြောင်း သိသိသာသာ ပေါ်လွင်နေခဲ့သည်။ အမေရိကန်၏ ပိတ်ဆို့အရေး ယူမှုများကို ရုတ်သိမ်းသင့်/မသင့်မှာ ဒေါ်အောင်ဆန်း စုကြည်၏ အမြင်သည် အခရာကျသည်ဟု သူက ပြောဆိုခဲ့သည်။

အမေရိကန်သည် ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်သည့် ပိတ်ဆို့အရေးယူမှုများကို ဂျူလိုင်လ အတွင်း ပြန်လည် ရုတ်သိမ်းခဲ့သော်လည်း ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့ အရေးယူမှုများကို ဆက်လက် ထားရှိဆဲဖြစ်သည်။ မကြာခင် သက်တမ်းကုန်တော့မည့် `မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့် ဒီမိုကရေစီ ဥပဒေ-၂၀၀၃ ခုနှစ်´ ကို ထပ်မံ သက်တမ်းတိုးရန် အမေရိကန် ဥပဒေပြု အမတ်များက ပြင်ဆင်နေသည်။ ထိုဥပဒေကို ဆက်လက်ထားရှိခြင်းဖြင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နိုင်ရန် မြန်မာနိုင်ငံကို ဖိအားပေးနိုင်သည်ဟု အချို့ ဥပဒေပြု အမတ်များက
ပြောဆိုကြသည်။

“ပိတ်ဆို့အရေးယူမှုများကို ရုတ်သိမ်းတာဟာ သင့်မြတ်လျော်ကန်ပါကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက် ဟာ ကျနော် အပါအ၀င် အမေရိကန် အစိုးရအဖွဲ့ဝင်များ အပေါ်မှာ သြဇာသက်ရောက်မှု အများကြီး ရှိပါတယ်။ လက်ရှိ ပြုပြင် ပြောင်းလဲ ရေး လုပ်ငန်းတွေ ဘယ်လောက် အောင်မြင် ထိရောက်တယ် ဆိုတဲ့အပေါ် သူရဲ့အမြင်ဟာ အမေရိကန်နိုင်ငံက ဒီပိတ်ဆို့ အရေးယူမှုတွေ ရုတ်သိမ်းသင့်/မသင့် ဆုံးဖြတ်ရာမှာ အလွန်အမင်း အရေးပါမှာ ဖြစ်ပါတယ်” ဟု သူက ဇန်န၀ါရီလ အတွင်း ရန်ကုန်မြို့တွင် ဒေါ်အောင် ဆန်း စုကြည်နှင့် တွေ့ဆုံအပြီး ပြောကြားခဲ့သည်။

ယခင် ရက်သတ္တပတ်က အမေရိကန် စီးပွါးရေးနှင့် လယ်ယာစိုက်ပျိုးရေး ၀န်ကြီးဌာန လက်ထောက်ဝန်ကြီး ရောဘတ်ဟောမက် နှင့် တွေ့ဆုံခဲ့စဉ်က ပိတ်ဆို့အရေးယူမှုများကို ထပ်မံ သက်တမ်းမတိုးပါရန် အောက်လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းက မေတ္တာရပ်ခံ ပြောကြား ခဲ့သည်။

အမေရိကန်က ယာယီ ရပ်ဆိုင်းထားလိုက်သော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပိတ်ဆို့ အရေးယူမှုများမှာ အမေရိကန် စီးပွါးရေး လုပ်ငန်းများ ကိုသာ တဘက်သတ် အကျိုးရှိစေပြီး မြန်မာပြည်သားများနှင့် တိုင်းရင်းသား ပြည်သူများ အတွက်လည်း ထည့်သွင်းစဉ်းစားပါရန် သူက အမေရိကန် လက်ထောက်ဝန်ကြီးကို ပြောဆိုခဲ့သည်။

အတ္တလန္တိတ်ကောင်စီမှ ချီးမြှင့်ပေးအပ်မည့် ကမ္ဘာ့နိုင်ငံသားဆုကို စက်တင်ဘာ ၂၁ ရက်တွင် ဒေါ်အောင်ဆန်းစုကြည် လာရောက် လက်ခံ ရယူမည့် သတင်းကိုလည်း အမေရိကန် အရာရှိများက ထိုအတောအတွင်း တုံ့ပြန်ပြောကြားခဲ့ သည်။ ဒေါ်အောင်ဆန်း စုကြည်ကို အဆိုပါ ခရီးစဉ်အတွင်း အမေရိကန် အစိုးရက ဆွေးနွေးမှုများ ပြုလုပ်ရန် ဖိတ်ကြား သွားမည် ဖြစ်သည်ဟု သူတို့က ပြောကြားခဲ့သည်။ သို့သော် အသေးစိတ် အစီအစဉ်များကိုမူ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပါ။

“အမေရိကန် နိုင်ငံခြားရေးဌာနက ဒေါ်အောင်ဆန်းစုကြည် လာရောက်မှာကို ကြိုဆိုနိုင်မယ့် သင့်တော်တဲ့ နေ့ရက် တရက်ကို ကျနော်တို့ မျှော်လင့် စောင့်စားနေပါတယ်။ နှစ်ဘက် အကျိုးတူ ဆွေးနွေးပွဲများ အမေရိကန်နိုင်ငံအတွင်း သူနဲ့ပြုလုပ်နိုင်မယ့် အချိန်ကိုလည်း မျှော်လင့်နေပါတယ်” ဟု နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပက်ထရစ်ဗန်ထရဲလ် က သတင်းထောက်များကို ၀ါရှင်တန်မြို့တွင် ပြော ကြားခဲ့သည်။

မြန်မာနိုင်ငံအပေါ် ၁၅ နှစ်ကြာ ထားရှိခဲ့သော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပိတ်ဆို့ထားမှုများကို လွန်ခဲ့သော ရက်သတ္တပတ် အတွင်းက အမေရိကန် က ယာယီရပ်ဆိုင်းပေးခဲ့သည်။

Ref: မဇ္ဈိမ

Read More...

အပေါ်သို့