■ စစ်အစိုးရကို စုံစမ်းစစ်ဆေးသင့်ပြီဟု ကုလအထူးကိုယ်စားလှယ်ဟောင်း ရေးသား သတင်း
■ ထိုင်းဝန်ကြီးချုပ် မြန်မာပြည်ကို သွားမည် သတင်း
■ ပြင်းထန်စွာ နှိပ်စက်ခံရသည့် အယ်ဒီတာက သက်ဆိုင်ရာ တိုင်ကြား သတင်း
■ နေပြည်တော်တပ်များ ပလိပ်ရောဂါ ကူးစက် သတင်း
■ ပုလိပ်ရောဂါအန္တရာယ် ဘယ်လောက်အထိ စိုးရိမ်စရာရှိပါသလဲ သတင်း
■ ဝန်ကြီး ဦးသောင်း သတ်မှတ်ပေးသည့် ကားခ ကျောင်းသားများ တတ်နိုင်မည်မဟုတ် သတင်း
■ တက္ကသိုလ်ကောလိပ်များတွင် အဆောင်များ မရှိသဖြင့် ယခုကဲ့သို့ ဆန္ဒပြမှု ပေါ်ပေါက်ရခြင်းဖြစ် သတင်း
■ သေဆုံးသူများအတွက် နစ်နာကြေးကို တာဝန်ရှိသူများ ဖြတ်စား သတင်း
■ သာစည်ဘူတာမှာ စုဆောင်းခံရတဲ့ ကလေးစစ်သား ပြန်လွတ်မြောက် သတင်း
■ ရောင်းစားခံရ မြန်မာတိုင်းရင်းသူများ သတင်း
■ မဲပေးနိုင်မည့် လူဦးရေစာရင်း ရန်ကုန်တိုင်းမှာ စတင်ပြုစု သတင်း
■ ကျောင်းဆရာ၊ ဆရာများ မဲပေးသူစာရင်း ပြုစုရ သတင်း
■ မြန်မာရွေးကောက်ပွဲ အီတလီ မျက်ခြေမပြတ် စောင့်ကြည့်နေ သတင်း
■ ကော့မှူးမြို့နယ်တွင် လေဆင်နှာမောင်းတိုက်၊ လူအသေအပျောက်ရှိ သတင်း
■ ရခိုင်ရေဘေးအတွက် မူဆလင်စီးပွားရေးသမားများ သိန်းရာချီ၍ အကူအညီပေး သတင်း
■ ထိုင်း-မြန်မာနယ်စပ်က ချစ်ကြည်ရေးတံတားကို မြန်မာဘက်က (၈) နာရီကျော်ကြာ ပိတ် သတင်း
■ မြန်မာနိုင်ငံမှာ လာလုပ်ကြဖို့ ပြည်တွင်း NGO တိုက်တွန်း သတင်း
■ ဘတ်စကားစီး မိန်းကလေးတွေအတွက် အန္တရာယ် သတင်း
■ မုံရွာတွင် ဘုန်းတော်ကြီးကျောင်းများ လုံခြုံရေး ချထား သတင်း
■ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ပင်စင်စားသမားများ အဓိဌာန်ဝင် သတင်း
■ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လူမှုရေးအသွင်ဆောင်တဲ့ နိုင်ငံရေးလုပ်ငန်းများ သတင်း
■ ကလေးစစ်သား လွှတ်ပေးဖို့ မိဘများက တောင်းပန်သော်လည်း အခုထိ ပြန်မလွတ်သေး သတင်း
■ နိုင်ငံရေးပါတီတွေ လွတ်လပ်ခွင့် ဘာမှမရှိ သတင်း
■ ရွေးကောက်ပွဲ ဥပဒေကြောင့် ပါတီများ ပူးပေါင်းရန်ပြင် သတင်း
■ ငါးပါတီ မဟာမိတ်ဖွဲ့၍ ရွေးကောက်ပွဲ နိုင်ရန်ပြင် သတင်း
■ ကြံ့ဖွံ့နှင့် တစညကို အဓိကထား ပြိုင်မည်ဟု ဦးသုဝေ ပြော သတင်း
■ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းဝတ်စုံများ အခမဲ့ ပေးဝေနေ သတင်း
■ ဦးတေဇသား လျှောက်ထားချက် ဥရောပ သမဂ္ဂ ပယ်ချ သတင်း
■ ရဲရင့်ရင့် ဆုံးဖြတ်ရင်ဆိုင်ရမယ့် ကိစ္စ (ဆောင်းပါး)
■ လေဆန်မှာ မြားတန်းလန်းနဲ့ ပျံသန်းရဲတဲ့ ငှက် (ဆောင်းပါး)
Saturday, July 10, 2010
နေ့စဉ်သတင်းများ (၉ - ၀၇ - ၁၀)
Friday, July 9, 2010
တက္ကသိုလ် ကျောင်းသားများ ဆန္ဒပြ တောင်းဆိုမှုအပြီး နောက်ဆက်တွဲ စုံစမ်းရသမျှ သတင်းများ
မိုးမိုးကျော်
ဇူလိုင် (၇)၊ ၂၀၁၀။
စစ်တွေ နည်းပညာ တက္ကသိုလ်ကျောင်းသားများသည် ကျောင်းကားစီးရေ လျော့နည်းနေခြင်း၊ ကားခ ဈေးနှုန်းများ မြင့်မား နေခြင်းကြောင့် ဇူလိုင်လ (၅) ရက်နေ့က (၁၂) မိုင် ခရီးကို လမ်းလျှောက် ဆန္ဒပြခဲ့ပြီး စစ်တွေမြို့ ပြည်နယ်ရုံးရှေ့တွင်(၆) နာရီကြာ ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုခဲ့ခြင်း အပေါ် ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသား လူငယ်များ အစည်းအရုံး (AASYC) မှ ကျောင်းသားများ၏ လုပ်ရပ်အား ထောက်ခံ ကြိုဆိုလိုက်ကြောင်း ယနေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားလူငယ်များအစည်းအရုံး၏ ထုတ်ပြန်ကြေညာချက်တွင် – ဤကဲ့သို့ ကျောင်းသားများ ဆန္ဒပြ တောင်းဆို ရခြင်းသည် ကျောင်းသားများ၏ ရပိုင်ခွင့်များ ဆုံးရှုံးနေမှု အပေါ်တွင် ပြန်လည် တုန့်ပြန်ခဲ့ခြင်းဖြစ်ကြောင်း၊ ကားခ ဈေးနှုန်း မြင့်တက်လာခြင်းသည ကျောင်းကားများအား ပြေးဆွဲနေကြသည့် ယာဉ်မောင်းများ၏ အပြစ်ကြောင့် မဟုတ်ဘဲ အစိုးရ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းတို့ကြောင့် ဖြစ်သည်ဟု ဖော်ပြပါရှိသည်။
ဆန္ဒပြ တောင်းဆိုခဲ့ကြသော ကျောင်းသားများအား သေနတ်ဖြင့် ချိန်ရွယ်ပြီး ခြိမ်းခြောက်ခဲ့ကြသော နအဖ စစ်တပ် အပေါ်တွင်လည်း မိမိတို့ (AASYC) အဖွဲ့မှ ပြင်းပြင်းထန်ထန် ရှုတ်ချ လိုက်ကြောင်းနှင့် ယခုဖြစ်ပွားနေသော ကျောင်းသားများ၏ ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုမှုအား တရားမျှတ၍ ဂုဏ်ရောင်ပြောင်သည့် လုပ်ရပ်တစ်ခုအဖြစ် (AASYC) မှ အပြည့်အ၀ ကြိုဆိုထောက်ခံပြီး မတရားသည့် အမိန့် အာဏာ ဟူသမျှအား ဖီဆန်ကြရန်နှင့် ဆုံးရှုံးနေသော မိမိတို့၏ ရပိုင်ခွင့်များအတွက် ဆက်လက် တိုက်ပွဲဝင်ကြရန် ရခိုင် တက္ကသိုလ် ကျောင်းသားများအား တိုက်တွန်းလိုက်ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး (AASYC) ၏ ယနေ့ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြပါရှိသည်။
စစ်တွေမြို့တွင် ဇူလိုင် (၅) ရက်နေ့က စစ်တွေ နည်းပညာ တက္ကသိုလ် ကျောင်းသားများ ဆန္ဒပြ တောင်းဆိုခဲ့ပြီး ကျောင်းသားများ၏ တောင်းဆိုချက်အား လိုက်လျောပြီး အမြန်ဆုံး ဆောင်ရွက်ပေးမည်ဟု ပြောကြားခဲ့ပြီး နောက် နည်းပညာ တက္ကသိုလ်ကျောင်းအား တစ်ရက်ခန့် အာဏာပိုင်များက ပိတ်လိုက်ပြီး ပြည်နယ်ရုံးတွင် အထူး အစည်းအဝေး တစ်ရပ်ကို ပြုလုပ်ခဲ့ကြောင်း၊ ထို အစည်းအဝေး ရလဒ်အပြီးတွင် ကျောင်းသားများ၏ ဆန္ဒအား လိုက်လျောပေးရန်နှင့် ကျောင်းအား ပြန်လည် ဖွင့်လှစ်ရန်အတွက် နည်းပညာ တက္ကသိုလ် ပါမောက္ခချုပ် ဦးအောင်ကျော်ငြိမ်းက တောင်းဆိုခဲ့သည့် အတွက် ဒေသဆိုင်ရာ အာဏာပိုင်များက လိုက်လျောခဲ့သော်လည်း နည်းပညာ တက္ကသိုလ်နှင့် စစ်တွေ တက္ကသိုလ်တို့၌ အရပ်ဝတ် စရဖ များက စောင့်ကြည့်မှုများ ပြုလုပ်လျက်ရှိကြောင်း တက္ကသိုလ် သတင်း ရပ်ကွက်မှ သိရသည်။
ဇူလိုင်လ (၆) ရက်နေ့က စစ်တွေ နည်းပညာ တက္ကသိုလ်အား မည်သူမျှ ၀င်ရောက်ခြင်း မပြုခဲ့ဘဲ ပိတ်ထားခဲ့သည့် အတွက် ယမန်နေ့က ရှိသည့် စာမေးပွဲအား ယာယီ ရပ်ဆိုင်းထားပြီး မည်သည့်နေ့တွင် ပြန်လည် စစ်ဆေးသွားမည်ကို မသိရှိရသေးကြောင်း သိရသည်။
ဆန္ဒပြ တက္ကသိုလ် ကျောင်းသားများ တောင်းဆိုချက်တွင်ပါရှိသည့် ကားစီးရေ တိုးမြှင့်ပေးနိုင်ရန် အတွက် ဒေသခံ အာဏာပိုင်များက စစ်တွေမြို့ မထသရှိ မော်တော်ယာဉ်များ အလုံအလောက် မရှိသည့်အတွက် စစ်တပ်ရှိ ကားများအား ကျောင်းသားများ အတွက် စီစဉ်ပေးရန် လိုအပ်သည်များကို ပြင်ဆင်နေကြောင်း စစ်တွေမြို့ ဒေသခံ လူကြီး တစ်ဦးက ပြောသည်။
“ကျောင်းသားတွေ တောင်းဆိုထားတဲ့ ကျောင်းကားစီးရေ (၁၅) စီး ပြည့်ဖို့က မဖြစ်နိုင်ဘူး။ ဒေသဆိုင်ရာ အာဏာပိုင်တွေက (၁၀) စီးပဲ ပြောမယ်လို့ ပြောတယ်။ ဘာလို့လည်းဆိုတော့ မထသမှာက စုစုပေါင်းမှ ကားက (၈) စီးပဲ ရှိတာမှာ (၄) စီးကို လိုင်းဆွဲဖို့ ပေးထားပြီး ကျန် (၄)စီးကို ကျောင်းကား အဖြစ်ထားတာ။ ဒါကြောင့် စစ်တပ်က ကားတွေကို အသုံးပြုဖို့အတွက် လိုအပ်တာတွေကို ပြင်ဆင်နေကြတာကို တွေ့ရတယ်” ဟု သူက ပြောသည်။
ယင်းကဲ့သို့ နည်းပညာ တက္ကသိုလ်ဘက်သို့ ပြေးဆွဲပေးနေသည့် ကျောင်းကားများ စီးရေ လျော့နည်းနေရသည် မှာ နေ့သင် တက္ကသိုလ်အား ဦးစား ပေးထားသည့် အတွက်ကြောင့် ဖြစ်သည်ဟု သူက ဆက်ပြောသည်။
“နေ့သင် တက္ကသိုလ်က ကျောင်းသားတွေ ကား အလုံအလောက် မရရှိတဲ့ အတွက်ကြောင့် (၂၀၀၈) ခုနှစ်က အကြီးအကျယ် ဆန္ဒ ပြခဲ့ကြတယ်။ အဲဒီကတည်းက ကျောင်းကားတွေကို နေ့သင် တက္ကသိုလ်ဘက်ကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနိုင်ဖို့ တာဝန်ရှိသူတွေက ညွန်ကြား ထားတယ်။ ပြီးတော့ နေ့သင် ကျောင်းသားတွေက ကျောင်းသား ဦးရေ များတာလည်း ပါတယ်။ မြို့နဲ့ နီးတာလည်း ပါတယ်။ မြို့နဲ့ နီးတော့ တစ်ခုခု ဖြစ်ရင် ပြည်သူတွေ ပါဝင်လာဖို့ရယ် စတာတွေကို စဉ်းစားပြီး ခုလိုမျိုး လုပ်ပေးထားတဲ့ အတွက်ကြောင့် ကျောင်းကားတွေက အဲဒီဘက်ကို သိပ်မရောက်ကြတာဖြစ်တယ်” ဟု သူက ပြောပြခဲ့သည်။
ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြ တောင်းဆိုခဲ့ကြသည့် ကျောင်းသားများအား စစ်တပ်မှ အရာရှိများက ဆိုင်ကယ်များဖြင့် နံဘေးတွင် လိုက်ပါကာ ဓာတ်ပုံရိုက်မှုများ ရှိခဲ့ကြောင်း ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် ကျောင်းသား တစ်ဦးက ပြောသည်။
“ကျနော်တို့ လမ်းလျှောက် ဆန္ဒပြလာတာ တပ်ထိန်းဂိတ်ကို ရောက်တော့ အဲဒီ ဂိတ်က စစ်သားတွေက သေနတ်နဲ့ ပစ်မယ်ဆိုပြီး ခြိမ်းခြောက် ကြတယ်။ ပြီးတော့ နောက်ဆုတ်ဖို့နဲ့ လူစုခွဲပေးဖို့လည်း ပြောတယ်။ အဲဒါကို ကျော်ဖြတ်လာတဲ့ နောက်ပိုင်းမှာ စစ်တပ်က ဗိုလ်ကြီးတွေ ဆိုင်ကယ်နဲ့ ကျနော်တို့ ဆန္ဒပြနေတဲ့ လမ်းတစ်ဘက်က နေပြီး ဓာတ်ပုံ ရိုက်ကြတယ်။ ပြည်နယ်ရုံး ရှေ့မှာလည်း အဲဒီအတိုင်းပဲ ရုံးအပေါ်ကနေ ဓာတ်ပုံရိုက်တာတွေ လုပ်ကြတယ်။” ဟု သူက ပြောသည်။
ယင်းကဲ့သို့ ပြုလုပ်မှုများသည် တက်ကြွမှုရှိသည့် ကျောင်းသားများအား စနစ်တကျ မှတ်တမ်း တင်ထားရန်နှင့် လိုအပ်ပါက အလွယ်တကူ ဖမ်းဆီး ထိန်းသိမ်းနိုင်ရန် ဖြစ်ကြောင်းနှင့် အစိုးရမှ တောင်းဆိုချက်များအား လိုက်လျော ပေးသော်လည်း ခတ္တခဏသာ ဖြစ်ကြောင်း စစ်တွေမြို့ရှိ ကျာင်းသားအရေး လေ့လာ စောင့်ကြည့်နေသူ တစ်ဦးက ပြောသည်။
“သူတို့က ကျောင်းသားတွေရဲ့ တောင်းဆိုမှုတွေကို ခတ္တခဏသာ လိုက်လျောပေးတယ်။ ပြီးတော့ အယင်အတိုင်း ပြန်ဖြစ်သွားမယ်။ ခုလိုမျိုး ဓာတ်ပုံရိုက်တာတွေ လုပ်တယ် ဆိုတာဟာလည်း ချက်ချင်းတော့ ဖမ်းဖို့ အတွက် မဟုတ်သေးဘူး။ တကယ်လို့ နောက်ထပ် ကျောင်းသား လှုပ်ရှားမှု တစ်စုံတစ်ရာ ထပ်မံ ပေါ်ပေါက်လာမယ် ဆိုရင် အဲဒီ ဓာတ်ပုံ ရိုက်ခံထားရတဲ့ ကျောင်းသားတွေကို စစ်ဆေး မေးမြန်းနိုင်ဖို့ အတွက် ဓာတ်ပုံ ရိုက်ထားတာ ဖြစ်တယ်” ဟု သူကပြောသည်။
နအဖ စစ်အစိုးရသည် ယခုကဲ့သို့ ဓာတ်ပုံရိုက်မှုများ၊ ဗွီဒီယိုမှတ်တမ်းများကို အသုံးပြုပြီး ဆန္ဒပြ လှုပ်ရှားသူများအား ဖမ်းလေ့ ရှိသည်။ (၂၀၀၇) စက်တင်ဘာ လှုပ်ရှားမှုတွင်လည်း ယင်းနည်းအား အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း တွေ့ရသည်။
ယခုအခါ စစ်တွေမြို့ရှိ ရွှေစေတီ ဘုန်းကြီးကျောင်း၊ ဘုရားကြီးနှင့် အခြားနေရာ အတော်များများအား အနောက်ပိုင်း တိုင်းမှူး ဗိုလ်ချူပ် သောင်းအေး ဦးဆောင်သည့် စစ်ယာဉ်တန်းများက မြို့၏ အခြေအနေကို လေ့လာ စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။
Ref: Arakan Review
နေ့စဉ်သတင်းများ (၈ - ၀၇ - ၁၀)
■ ရွေးကောက်ပွဲပြီး လွှတ်တော်ခေါ်ဖို့ ဥပဒေမရှိ သတင်း
■ နေပြည်တော်တွင် ကြွက်သေ (၆) ကောင် တွေ့ပြီးနောက် ပုလိပ်ရောဂါ တပ်လှန့် သတင်း
■ စစ်တွေ ဆန္ဒပြကျောင်းသားများ ကျောင်းပြန်မတက်သေး သတင်း
■ စစ်တွေကျောင်းသားများ ကားခပြဿနာ ဝန်ကြီး ဖြေရှင်း သတင်း
■ တက္ကသိုလ်ကျောင်းသားများ ဆန္ဒပြတောင်းဆိုမှုအပြီး နောက်ဆက်တွဲ စုံစမ်းရသမျှ သတင်းများ သတင်း
■ ကျောင်းသားသမဂ္ဂ တောင်းဆိုစာများ ရန်ကုန်တွင် ဖြန့်ဝေ သတင်း
■ ရေဒါစခန်း (၇) ခု နအဖ တပ်ဆင် သတင်း
■ ကစထမှူး ဗိုလ်ချုပ်မင်းအောင်လှိုင် သျှမ်းပြည်(မြောက်ပိုင်း)သို့ ရောက်ရှိ သတင်း
■ စစ်အစိုးရမှ လိုင်စင်မဲ့ မော်တော်ယာဉ်များကို ပြည်သူ့ဘဏ္ဍအဖြစ် သိမ်းယူနေ သတင်း
■ ပါတီရန်ပုံငွေ ဈေးထဲကောက် စည်ပင်က တရားစွဲရန်ပြင် သတင်း
■ ကိုအေးလွင် ပါတီကို အလှူခံမှုနှင့် တရားစွဲရန် ပြင်ဆင် သတင်း
■ လူထုစည်းရုံးရေး ခရီးစဉ်များ အာဏာပိုင်တို့ စောင့်ကြပ် သတင်း
■ ရခိုင်ပြည်နယ်တွင် (၁ဝ) ပါတီ လှုပ်ရှား သတင်း
■ ကြံ့ဖွံ့အသင်းနှင့် ပါတီပိုင်ဆိုင်မှု စာရင်းခွဲ သတင်း
■ အရေအတွက်ထက် အရည်အသွေး ပိုအရေးကြီးဟု ကျားဖြူပါတီပြော သတင်း
■ ကေပီပီ၏ စည်းရုံးရေးခရီးစဉ် ကယားပြည်နယ်လူထု လက်မခံ သတင်း
■ သုံးဆယ်ဆရာတော်ကို ဖူးမြှော်သူများဖြင့် စည်ကား သတင်း
■ မြန်မာနှင့်ဆက်စပ်မည့် ရထားလမ်း ကုဋေထောင်ချီ အကုန်ကျခံ တည်ဆောက်မည် သတင်း
■ ရန်ကုန်-ကြပ်ပြေး လမ်းမကြီးကို ဖြတ်ပြေးတဲ့ ကြွက်တပ်မကြီး ကျေးရွာတွေဆီ ရောက်နေ သတင်း
■ ယာယီနိုင်ငံကူးလက်မှတ်တု ကိုင်ဆောင်သူ မြန်မာ (၈) ဦး အဖမ်းခံရ သတင်း
■ မြန်မာအလုပ်သမား (၈) သောင်းကျော်သာ ယာယီပတ်စပို့စ် ရရှိသေး သတင်း
■ သီးစားခ ဆက်တောင်းခံမှုကြောင့် အာဏာပိုင်နှင့် တောင်သူတို့ကြား တင်းမာ သတင်း
■ နှစ်ရှည်ပင်များ ပြန်လည်စိုက်ပျိုးနေသော်လည်း သစ်ထုတ်လုပ်မှု မလျော့ သတင်း
■ ဂိတ်ခွန် အဆမတန်တောင်းခံ၍ စက်လှေပြေးဆွဲမှု နည်းပါးလာ သတင်း
■ ဆင်ဆာဌာန ခွဲခြားဆက်ဆံဟု ဆုရွှန်းလဲ့ ပြော သတင်း
■ ဒဏ်ရာတွေနဲ့ ရေးခြစ်ထားတဲ့နေ့ (ဆောင်းပါး)
Thursday, July 8, 2010
ဂက်စ်ငွေက စစ်အစိုးရ နျူစီမံကိန်းအတွက် အထောက်ကူပြုဟု အစီရင်ခံစာ ပြော
သောမတ်စ်မောင်ရွှေ
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ ၀၇ ရက် ၂၀၁၀
ချင်းမိုင် (မဇ္ဈိမ)။ ။ တိုတယ်လ်နှင့် ရှက်ဗရွန် ကုမ္ပဏီတို့ ဦးဆောင် ပြုလုပ်ခဲ့ကြသည့် သဘာဝ ဓာတ်ငွေ့ စီမံကိန်းများမှ စစ်အစိုးရ အနေဖြင့် အမြတ်အစွန်းများစွာ ရရှိလာခဲ့ပြီး ၎င်းတို့၏ နျူကလီးယား လျှို့ဝှက်စီမံကိန်းတွင် အသုံးချနိုင်သည်ဟု သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လူ့အခွင့်အရေးအဖွဲ့ ERI ၏ တနင်္လာနေ့ထုတ် အစီရင်ခံစာက ဆိုသည်။
Earth Rights International - ERI သည် အမေရိကန် တရားရုံးများက ယူနိုကယ်လ် (ယခု ရှက်ဗရွန်) ကို မြန်မာနိုင်ငံတွင် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း တည်ဆောက်ရာတွင် လူသတ်မှု၊ မုဒိမ်းမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ အတင်းအဓမ္မ လုပ်အားပေးရန် ခိုင်းစေမှုတို့တွင် ပါဝင် ပတ်သက်သည်ဟုဆိုကာ တရားစွဲဆိုခဲ့သည့် အန်ဂျီအို အဖွဲ့ဖြစ်သည်။
ပြီးခဲ့သည့်နှစ်ထဲတွင်လည်း ERI က စစ်အစိုးရသည် သဘာဝဓာတ်ငွေ့ စီမံကိန်းများမှ ရရှိသော အမြတ်အစွန်းများ ဖြစ်သည့် ဘီလီယံနှင့် ချီသော ဒေါ်လာငွေများကို စင်္ကာပူနိုင်ငံရှိ ဘဏ်များတွင် လျှို့ဝှက်ဘဏ် အကောင့်များဖွင့်၍ ဝှက်ထားခဲ့သည်ဟုလည်း စွပ်စွဲ ခဲ့သေးသည်။
တနင်္လာနေ့တွင် ထုတ်ပြန်သည့် ERI အစီရင်ခံစာထဲတွင် စစ်အစိုးရသည် သဘာဝဓာတ်ငွေ့ စီမံကိန်းများမှ ရရှိသော အမြတ် အစွန်းများအား နိုင်ငံတော် ဘတ်ဂျက်များတွင် မထည့်သလို နိုင်ငံသားများ အတွက်လည်း အသုံးမပြုဘဲ စင်္ကာပူရှိ ဘဏ်များတွင် သိမ်းဆည်းထားကြောင်း ထပ်မံ ဖော်ပြထားသည်။
ပြီးခဲ့သည့်လအတွင်း နော်ဝေးနိုင်ငံအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ DVB ၏ သတင်းတပုဒ်တွင် မြန်မာပြည်တွင်း၌ စစ်အစိုးရ၏ နျူကလီးယား လက်နက် စီမံကိန်းတွင် ပါဝင်လုပ်ကိုင်ခဲ့ရာမှ ပြည်ပသို့ ထွက်ပြေး တိမ်းရှောင်လာသူ ဗိုလ်မှူးစိုင်းသိန်းဝင်း၏ တင်ပြချက်များကို ကိုးကား၍ စစ်အစိုးရသည် အထီးကျန် အာဏာရှင်နိုင်ငံ မြောက်ကိုရီးယား၏ ကင်ဂျုံအီး အစိုးရထံမှ နျူကလီးယားနှင့် ဒုံးကျည်နည်းပညာများ ရရှိရန် ကြိုးစားနေသည်ဟု စွပ်စွဲခဲ့သည်ကို ရည်ညွှန်း၍ ERI က ရေးသားသည်။
အစီရင်ခံစာထဲတွင် စစ်အစိုးရသည် သဘာဝဓာတ်ငွေ့မှ ရရှိလာသော အမြတ်အစွန်းများအား ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍများတွင် မသုံးစွဲဘဲ အာဏာ တည်မြဲရေးအတွက် အကုန်အကျ များလှသော နျူကလီးယား အစီအစဉ်ကို ချမှတ်ကာ မြောက်ကိုရီးယားနှင့် တရားမဝင် နျူကလီးယားရေးရာ ပူးပေါင်းဆောင်ရွက်မှုများတွင် အသုံးပြုခဲ့သောကြောင့် ဒေသတွင်း တည်ငြိမ်ရေးနှင့် လုံခြုံရေး ကိုလည်း ထိခိုက်စေသည်ဟု ဆိုထားသည်။
ERI သည် မြန်မာနိုင်ငံတွင် လုပ်ကိုင်နေကြသည့် နိုင်ငံတကာ ကုမ္ပဏီများအား နှစ်ရှည်လများ တရားစွဲဆို ခဲ့ရာတွင် ပြုစုခဲ့သည့် အချက်အလက် အထောက် အထားများနှင့် သဘာဝဓာတ်ငွေ့ နောက်ဆုံးဈေးနှုန်းများကို ကိုးကား၍ “တိုတယ်လ်၊ ရှက်ဗရွန်နှင့် PTTEP ကုမ္ပဏီများက စစ်အစိုးရ ကျူးလွန်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှု၊ ဘဏ္ဍာရေး လျှို့ဝှက်မှု၊ နျူကလီးယား ပြန့်ပွားမှုတို့ကို အထောက် အကူပြုနေပုံ” ဟူသည့် အစီရင်ခံစာကို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
စစ်အစိုးရသည် ၁၉၉၈ ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်း ပြင်သစ် တိုတယ်လ်ကုမ္ပဏီ၊ အမေရိကန် ရှက်ဗရွန် ကုမ္ပဏီတို့နှင့် ဖက်စပ် သဘာဝ ဓာတ်ငွေ့ စီမံကိန်းများမှ နေ၍ စုစုပေါင်း အမေရိကန်ဒေါ်လာ ၅ ဘီလီယံခန့် ရရှိခဲ့ရာ တနှစ်လျှင် အမေရိကန် ဒေါ်လာ ၄၁၆ သန်းခန့် ရရှိခဲ့သည်ဟု ဆိုသည်။
စင်္ကာပူမှ Overseas Chinese Banking Corporation (OCBC) နှင့် DBS ဘဏ်တို့ကို သဘာဝဓာတ်ငွေ့မှ ရရှိသော စစ်အစိုးရ၏ ငွေကြေးများအား လက်ခံ ထိန်းသိမ်း ပေးထားသည်ဟု ERI က ပြီးခဲ့သည့်နှစ်ထဲတွင် စွပ်စွဲခဲ့ရာ ဘဏ် ၂ ခုလုံးက ငြင်းပယ်ခဲ့သည်။ သို့သော် ERI ကမူ ထိုဘဏ်များသည် သဘာဝဓာတ်ငွေ့ လုပ်ငန်းများမှ ရရှိသော စစ်ဗိုလ်ချုပ်များ၏ ဘီလီယံနှင့်ချီသော ငွေများအား လက်ခံ ထိန်းသိမ်းထားပြီး စစ်အစိုးရသည် ထိုငွေများကို နျူကလီးယားနှင့် ဒုံးကျည် စီမံကိန်းများ အပါအဝင် ရည်ရွယ်ချက်များစွာ အတွက် အသုံးချဖွယ်ရာ ရှိသည်ဟု ဆိုသည်။
စစ်အစိုးရကို ပေးရသည့် ငွေပမာဏကို တိုတယ်လ်နှင့် ရှက်ဗရွန်က ထုတ်ဖော်ပြောရန် ငြင်းဆန်
ERI ၊ အမေရိကန် ပြည်ထောင်စု ဖက်ဒရေးရှင်းအဖွဲ့၊ AFLCIO ၊ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (AI) ၊ Global Witness ၊ အခြား အဖွဲ့အစည်း များစွာနှင့်အတူ ကမ္ဘာမှ လေးစားလောက်သော ခေါင်းဆောင်များဖြစ်သည့် နော်ဝေ ဝန်ကြီးချုပ်ဟောင်း Kjell Magne Bondevik ၊ အိုင်ယာလန် သမ္မတဟောင်း Mary Robinson တို့က တိုတယ်လ်နှင့် ရှက်ဗရွန် ကုမ္ပဏီတို့က စစ်အစိုးရထံ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းအတွက် ပေးသွင်းရသည့် ငွေပမာဏကို ထုတ်ပြန်ပေးရန် တောင်းဆို ခဲ့သော်လည်း ကုမ္ပဏီများက ငြင်းဆန်ခဲ့ကြသည်။ ကုမ္ပဏီများသည် ပေးရသည့် ငွေပမာဏကို ထုတ်ဖော်ပြောသည့် အလေ့အထ ဖြစ်ပေါ်လာမည်ကို စိုးရိမ်သဖြင့် ထုတ်ဖော်ပြောဆိုရန် ငြင်းဆန် ခဲ့ကြခြင်း ဖြစ်သည်။
“သဘာဝ အရင်းအမြစ်တွေက ရတဲ့ဝင်ငွေတွေကြောင့် စစ်အာဏာရှင်တွေဟာ ပိုပြီး ဆိုးလာနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အနေအထားတွေကြောင့် အဲဒီကုမ္ပဏီတွေကို ငွေကြေးကဏ္ဍ အသေးစိတ် ထုတ်ပြန်ပေးဖို့ တောင်းဆိုရတာပါ။ တိုတယ်လ်၊ ရှက်ဗရွန်နဲ့ PTTEP ကုမ္ပဏီတွေဟာ အနည်းဆုံး အဲဒီလို ထုတ်ပြန်ပေးရုံလောက်တော့ လုပ်သင့်ပါတယ်။ သူတို့မှာ လုပ်နိုင်စွမ်းလည်း ရှိပါတယ်” ဟု ERI ၏ သုတေသန အဖွဲ့ဝင် Matthew Smith က ပြောသည်။
ပိုက်လိုင်းတဝိုက် ဒေသတွင် မွန်လူမျိုး ရွာသား ၂ ဦး အသတ်ခံရမှု
တိုတယ်လ်နှင့် ရှက်ဗရွန်တို့ လုပ်ကိုင်နေသော ဧရိယာ တဝိုက်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ မရှိဟု ဆိုသော်လည်း ERI ကမူ ဓာတ်ငွေ့ပိုက်လိုင်းကို စောင့်ကြပ်ရန် တာဝန်ယူထားသည့် ခြေမြန်တပ်ရင်း ၂၈၂ မှ တပ်သားများသည် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နေဆဲဖြစ်ပြီး ယခုနှစ် ဖေဖော်ဝါရီလက ပိုက်လိုင်းအနီးရှိ ကျေးရွာမှ မွန်လူမျိုး ရွာသား ၂ ဦးကို စစ်သားများက သတ်ဖြတ်ခဲ့သည်ဟု ဆိုသည်။
ခြေမြန်တပ်ရင်း ၂၈၂ က ရွာသားများကို သတ်ဖြတ်သွားကြောင်း ရွာသားတဦးက ERI ကို ပြောပြခဲ့သည်။
သူက “အမိန့်ပေးတဲ့ အရာရှိကတော့ ဗလေး (ခေါ်) ညီညီစိုးပါ။ သူတို့က အသတ်ခံရတဲ့ ရွာသား ၂ ယောက်ကို မွန်လက်နက်ကိုင်တွေနဲ့ အဆက်အသွယ် ရှိတယ်လို့ သံသယ ဖြစ်ပြီးတော့ မေးခွန်းတွေ မေးပါတယ်။ တညမှာတော့ အဲဒီ့ရွာသား ၂ ယောက်ကို စစ်တပ်က ဖမ်းဆီးသွားပြီး နောက်နေ့မှာတော့ စစ်သားတွေက ရွာထဲကို တွင်းတူးတဲ့ ကိရိယာတွေ ယူဖို့အတွက် လာပါတယ်။ နောက်ပိုင်းမှာတော့ အဖမ်းခံထားရတဲ့ ရွာသား ၂ ယောက်လုံး အသတ် ခံလိုက်ရတယ် ဆိုတာ ကျနော်တို့ သိလိုက်ရပါတယ်” ဟု ဆိုသည်။
ပြီးခဲ့သည့်နှစ် နှောင်းပိုင်းမှစ၍ ယခုနှစ်ဦးပိုင်းအထိ ERI သည် စီမံကိန်း ဒေသအတွင်း ဓာတ်ငွေ့ပိုက်လိုင်း စောင့်ကြပ်သော တပ်သားများ အတွက် ရွာသားများအား အတင်းအဓမ္မ ပေါ်တာ ထမ်းခိုင်းမှုများကို စစ်တပ်က ပြုလုပ်သည်ကို တွေ့ရှိရသဖြင့် စာရင်းပြုစုခဲ့သည်။
တိုတယ်လ်၏ အထူးနယ်မြေ တာဝန်ဇုန်တွင် နေထိုင်သော ရွာသားတဦးက ERI ကို ပြောပြရာတွင် ပြီးခဲ့သည့်နှစ် နှောင်းပိုင်းက တညနေတွင် စစ်သား ၂၀ ခန့် ဇင်းဘာရွာသို့ ရောက်ရှိလာခဲ့သည်ဟု ဆိုသည်။
သူက “စစ်သားတွေ ဘာလုပ်ဖို့ ရောက်လာတယ် ဆိုတာကိုတော့ မသိပါဘူး။ ဒါပေမဲ့ ရွာသား တယောက်ကတော့ စစ်သားတွေစားဖို့ ဆိတ်တကောင် အတင်း အတောင်းခံရလို့ ပေးလိုက်ရတယ်။ နောက်နေ့ စစ်သားတွေ ပြန်သွားတဲ့အခါ ရွာသား တယောက်ကို ခေါ်သွားတယ်။ တောလမ်းကနေ မိချောင်းလောင်းရွာကို သွားကြတာ။ တညကြာတယ်။ နောက်နေ့ကျတော့ သူ့ကို ပြန်လွှတ်လိုက်တယ်” ဟု ဆိုသည်။
စစ်တပ်က အတင်းအဓမ္မ ပေါ်တာဆွဲခဲ့ကြောင်း ရွာသားတဦးကလည်း လူ့အခွင့်အရေး အဖွဲ့တခုကို ပြောပြခဲ့သည်။
“၂၀၀၉ ခုနှစ်နှောင်းပိုင်း သီးနှံရိတ်သိမ်းချိန်လောက်ကပေါ့။ ခမရ ၄၁၀ က တပ်သား ၂၅ ယောက်လာက် ရွာကို လာပြီးတော့ ရွာလူကြီးကို ပေါ်တာဆွဲဖို့ အတွက် ရွာသား ၃ ယောက် ပေးဖို့ ပြောတယ်။ အဲဒီ ပေါ်တာ ထမ်းသမားတွေဟာ စစ်သားတွေရဲ့ အထုပ်အပိုးတွေ၊ စားနပ် ရိက္ခာတွေကို ထမ်းပေးရတဲ့ အပြင် လမ်းပါ ပြရသေးတယ်။ စစ်သားတွေဟာ လက်နက်ကိုင် ရန်သူတွေရဲ့ အခြေအနေတွေကို စစ်ဆေးဖို့ တောထဲကို သွားကြတယ်။ အဲဒီနေရာဟာ တိုတယ်လ်ရဲ့ ပိုက်လိုင်းနဲ့ သိပ်မဝေးပါဘူး။ ပေါ်တာပါသွားတဲ့ လူတွေ ၅ ရက်လောက်နေမှ ပြန်ရောက်လာတယ်။ လာတိုင်း ပေါ်တာ လာဆွဲ နေတော့တာပဲ” ဟု သူက ပြောသည်။
ERI အစီရင်ခံစာထဲတွင် ဥပဒေကို ဆန့်ကျင်၍ အဓမ္မ မြေသိမ်းပိုက်မှုများ အကြောင်းလည်း ပါရှိသည်။ ERI ၏ သုတေသန မှတ်တမ်းများအရ ထိုကဲ့သို့ မြေသိမ်းမှုများအား တိုတယ်လ်၏ ငွေကြေး အကူအညီဖြင့် ဒေသ အာဏာပိုင်များ၏ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေး အစီအစဉ် အစိတ်အပိုင်း တရပ် အနေဖြင့် သိမ်းယူခြင်း ဖြစ်ပြီး လုံလောက်သော လျော်ကြေးပေးမှုမျိုး မရှိဘဲ သိမ်းယူခြင်း ဖြစ်သည်။
ရွာသားများ၏ ပြောပြချက်အရ အာဏာပိုင်များ၏ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေး အစီအစဉ်သည် ဒေသတွင်း၌ အမှန်တကယ် ရင်ဆိုင်နေရသည့် ပတ်ဝန်းကျင် ညစ်ညမ်းမှု ပြဿနာများကို ဖြေရှင်းပေးနိုင်ခြင်း မရှိဘဲ မယောင်ရာ ဆီလူးနေခြင်းသာ ဖြစ်သည်ဟု သိရသည်။
ဇင်းဘာ ရွာသားတဦးက “သူတို့က ရွာထဲက ဧရိယာ နည်းနည်းမှာပဲ ရွာသားတွေ စိုက်ပျိုးခွင့်၊ လယ်လုပ်ခွင့် ပေးတယ်။ ဧရိယာ တော်တော်များများကို သစ်တော ထိန်းသိမ်းဖို့၊ သစ်ပင် စိုက်ပျိုးဖို့ဆိုပြီး သူတို့ သတ်မှတ် လိုက်တဲ့ အထဲမှာ ရွာသားတွေရဲ့ လယ်မြေတွေ တော်တော်များများ ပါသွားတယ်။ ကျနော်သိတဲ့ ရွာသား တယောက်ဆိုရင် သူ့ရဲ့ သီဟိုဠ်စေ့ပင် စိုက်တဲ့ လယ် ၆ ဧက လောက် ပါသွားတယ်’’ ဟု ပြောသည်။
ထိုဒေသရှိ ဆင်းရဲသော ရွာသူရွာသားများသည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်း အပေါ်တွင် မှီခို နေကြရသူများ ဖြစ်သဖြင့် သူတို့၏ လယ်မြေများ အသိမ်းခံရပါက ကြီးမားသော အခက်အခဲများနှင့် ရင်ဆိုင် ရလိမ့်မည်ဟု ERI အစီရင်ခံစာက ဆိုသည်။
ဓာတ်ငွေ့ပိုက်လိုင်း တည်ရှိသည့် ဒေသများတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေကြောင်း ERI ၏ စနစ်တကျ ပြုလုပ်ထားသော အစီရင်ခံစာများ ထွက်ပေါ် လာနေသော်လည်း တိုတယ်လ်နှင့် ရှက်ဗရွန် တို့ကမူ ခေါင်းမာနေဆဲ ဖြစ်သည်။
ပြီးခဲ့သည့်မေလက ပြုလုပ်ခဲ့သည့် ရှက်ဗရွန်၏ ရှယ်ယာပိုင်ရှင်များ နှစ်ပတ်လည် အစည်းအဝေးတွင် Global Exchange လူ့အခွင့်အရေး အဖွဲ့ (ရှက်ဗရွန်) အစီအစဉ်၏ ဒါရိုက်တာ Antonia Juhasz သည် အလုပ်အမှုဆောင် အဖွဲ့ကို ကုမ္ပဏီ၏ လူ့အခွင့်အရေး လိုက်နာမှုနှင့် ပတ်သက်၍ အငြင်းပွားဖွယ်ရာ အကျပ်ဆိုက်စေမည့် မေးခွန်းများ မေးမိသဖြင့် သူမသည် အခြား လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် အတူ ထောင်ထဲတွင် တညတာ ကုန်ဆုံးခဲ့ရသည်။
လူ့အခွင့်အရေးကိစ္စများနှင့် ပတ်သက်၍ တိုတယ်လ်၏ အပြုအမူများသည်လည်း တိုးတက်လာဖွယ် မရှိပေ။ တိုတယ်လ် အကြီးအကဲဖြစ်သူ ဘီလျံနာ Christope de Margeriem ၏ နယူးစ်ဝိခ် မဂ္ဂဇင်းနှင့် ပြီးခဲ့သည့်နှစ်က အင်တာဗျူးတွင် မြန်မာနိုင်ငံတွင်း၌ တိုတယ်လ်၏ လုပ်ဆောင်မှုများကို ဝေဖန် နေသူများက သူ့အား ဒေါသ ထွက်စေသည်ဟု ဆိုကာ ထိုကဲ့သို့ ဝေဖန်သူများကို ငရဲကို သွားကြဟု အင်တာဗျူးတွင် ထည့်သွင်း ပြောဆိုခဲ့သည်။
တိုတယ်လ် ကုမ္ပဏီ၏ ဓာတ်ငွေ့ပိုက်လိုင်း အနီးတဝိုက်ရှိ ဒေသခံများသာ ထိုစကားကို သိရှိလျှင် “ငါတို့ကတော့ ငရဲခံနေရတာ ကြာပြီ” ဟု တုံ့ပြန်ဖြေဆိုကောင်း ဖြေဆို ပေလိမ့်မည်။
Ref: မဇ္ဈိမ
စစ်တွေ GTC ကျောင်းသားများ ဒုတိယနေ့ ဆန္ဒပြ
ဦးဇော်ဝင်းလှိုင်
ဗုဒ္ဓဟူး, 07 ဇူလိုင် 2010
ရခိုင်ပြည်နယ် စစ်တွေမြို့က နည်းပညာကျောင်းကို ပြေးဆွဲနေတဲ့ ဖယ်ရီကားတွေ ပုံမှန် မပြေးတော့တာကို မကျေနပ်တဲ့ အတွက် ကျောင်းသားတွေက ၂ ရက်မြောက်နေ့အဖြစ် ဆက်ပြီး ဆန္ဒပြနေကြပါတယ်။ လိုင်းကားတွေ ပြေးဆွဲခြင်း မရှိလို့ ပြီးခဲ့တဲ့ တနင်္လာနေ့ တုန်းက စာမေးပွဲဖြေခွင့် မရလိုက်တဲ့ ရာနဲ့ချီတဲ့ ကျောင်းသားတွေ ဆက်ပြီး ချီတက် ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြ ပေးထားပါတယ်။
စစ်တွေမြို့မှာရှိတဲ့ နည်းပညာကျောင်းကို ဖယ်ရီကားတွေ ပုံမှန် ပြေးဆွဲပေးခြင်း မရှိတဲ့အပြင် ပြေးနေတဲ့ လိုင်းကား တွေကလည်း ကားခတွေ ပိုတောင်းတဲ့ အတွက် ကျောင်းသားတွေ ကျောင်းတက်ဖို့ အခက်အခဲ ရှိနေကြတာတော့ ကြာပါပြီ။ ပြီးခဲ့တဲ့ တနင်္လာ နေ့တုန်းကတော့ ဖယ်ရီကားတွေ ပုံမှန် ပြေးဆွဲခြင်း မရှိတဲ့အတွက် ကျောင်းသားတွေ စာမေးပွဲဖြေဖို့ နောက်ကျကုန်တဲ့ အပြင် အပြန်လမ်းမှာလည်း ဖယ်ရီကားတွေ ပြေးဆွဲပေးခြင်း မရှိတဲ့အတွက် ၁၂ မိုင်လောက် ဝေးတဲ့ခရီးကို လမ်းလျှောက် ပြန်ခဲ့ကြပြီး ရာနဲ့ချီတဲ့ ကျောင်းသားတွေ ဆန္ဒပြခဲ့ကြတာလို့ စစ်တွေ ဒေသခံတဦးက ပြောပြပါတယ်။
“ကလေးတွေ ကျောင်းသွားတာ ကားနောက်ကျသွားတော့ စာမေးပွဲဖြေခွင့် မရလိုက်ကြဘူး။ အပြန်ကျတော့လည်း ကားမရှိဘူးပေါ့လေ။ မရှိတော့ သူတို့ ကျောင်းကနေပြီးတော့ မြို့ထဲကို လမ်းလျှောက်လာကြတာပေါ့။ ၁၂ မိုင်အထိ လမ်းလျှောက်လာတာ။ တော်တော် ဝေးတယ်ဗျ။”
ဒါပေမဲ့ တခြား သတင်းဌာနတွေဖြစ်တဲ့ အာရကန်ရီဗျူးနဲ့ ဧရာဝတီ အွန်လိုင်း သတင်းဌာနတွေကတော့ ဖယ်ရီကားခတွေ ၁၅၀ ကနေ ၃၀၀ အထိ ၂ ဆတိုး ကောက်ခဲ့တဲ့အတွက် ကျောင်းသားတွေ အခုလို ဆန္ဒပြခဲ့ကြတာလို့ ဖော်ပြကြပါတယ်။
ပုံမှန်အားဖြင့်တော့ စစ်တွေတက္ကသိုလ်နဲ့ စစ်တွေ နည်းပညာ တက္ကသိုလ်တို့ကို ဖယ်ရီကားတွေ ပြေးဆွဲပေးနေပေမဲ့ နည်းပညာတက္ကသိုလ်က ဝေးလွန်းတာကြောင့် ကားသမားတွေ ပြေးပေးဖို့ ၀န်လေးနေကြတာလို့ ဆိုပါတယ်။ မနေ့က ကျောင်းသားတွေ ထပ်ဆန္ဒပြကြပြီး ပယကရုံးရှေ့မှာ အော်ဟစ် တောင်းဆိုတာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
“ပုံမှန်တော့ ရှိပါတယ်။ ဒါပေမဲ့ အခု ဒီ ကားသမားတွေကလည်း ကျောင်းသားတွေဆီက ရတဲ့ ကားခနဲ့ သူတို့ပြေးရတဲ့ ခရီးနဲ့ မကိုက်တော့လည်း မဆွဲချင်တာလည်း နေမှာပေါ့လေ။ မြို့ထဲက စစ်တွေတက္ကသိုလ်ကို ၁၀၀ ပေါ့ဗျာ။ နည်းပညာ တက္ကသိုလ်လည်း ၁၀၀ ပေါ့။ အဲတော့ ကားသမားတွေက နည်းပညာ တက္ကသိုလ်ကျတော့ ပြေးမဆွဲချင်ကြတော့ဘူးလေ။ တော်တော်လှမ်းတယ်လေ။ အင်္ဂါနေ့က သူတို့ ပယကရုံးရှေ့မှာ တော်တော်လေး တောင်းဆိုကြတယ်လို့ ပြောတယ်။ ပြန်လာတဲ့အချိန် ရုံးရှေ့မှာ တောင်းဆိုကြတယ်ပေါ့။ ဒီနေ့ ၀န်ကြီးတွေ ဒီကိုရောက်တယ်လို့တော့ ကြားတယ်။ ပညာရေး ၀န်ကြီးတို့၊ ဆက်သွယ်ရေး ၀န်ကြီးတို့။”
ဒီနေ့မှာတော့ ကျောင်းတွေ ဖွင့်ပေမဲ့လည်း ကျောင်းသားတွေ ကျောင်းမတက်ကြဘူးလို့ အဲဒီမြို့ခံကပဲ ဆက်ပြောပြပါတယ်။
“ဒီနေ့တော့ ကျောင်းသားတွေရော၊ ဆရာမတွေရော ကျောင်းမတက်ကြဘူးလို့ ကြားတယ်။ ကျောင်းပိတ်တာတော့ မဟုတ်ဘူးပေါ့လေ။ ကျောင်းသားတွေ ကျောင်းမတက်တာပေါ့။”
အခု ဇူလိုင်လ ၅ ရက်နေ့က စခဲ့တဲ့ ဆန္ဒပြပွဲ အပါအ၀င် စစ်တွေတက္ကသိုလ် ကျောင်းသားတွေဟာ ဖယ်ရီကားခ ဈေးနှုန်းတွေ လျှော့ချပေးဖို့အတွက် ၂၀၀၆ ခုနှစ်မှာ တကြိမ်၊ ၂၀၀၈ ခုနှစ်မှာ တကြိမ်နဲ့ ၂၀၀၉ ခုနှစ်မှာ တကြိမ် စုစုပေါင်း ၄ ကြိမ် တောင်းဆို ဆန္ဒပြခဲ့ကြပြီး ဖြစ်ပါတယ်။ ဖယ်ရီကားခတွေ လျှော့ပေးဖို့၊ ဖယ်ရီကားတွေ ပုံမှန် ပြေးဆွဲပေးဖို့ ကျောင်းသားတွေဘက်က အခုလို အကြိမ်ကြိမ် ဆန္ဒပြ တောင်းဆိုနေပေမဲ့လည်း အာဏာပိုင်တွေဘက်ကတော့ အခုချိန်ထိ ဒီကိစ္စကို ပြေလည်အောင် ဆောင်ရွက်ပေးတယ်ဆိုတာ မရှိသေးပါဘူး။
Ref: VOA News
နေ့စဉ်သတင်းများ (၇ - ၀၇ - ၁၀)
■ ကိုမင်းကိုနိုင် ပြောတဲ့ (၇) ဇူလိုင် အမှတ်တရစကား သတင်း
■ (၇) ဇူလိုင် အထိမ်းအမှတ် ပြည်တွင်း၌ စာဖြန့် သတင်း
■ ရွေးကောက်ပွဲကို ဖျက်သိမ်းရေးအတွက် အမျိုးသားရေးတာဝန်အဖြစ် လုပ်ဆောင်ရန် လိုအပ်ဟု ပြော သတင်း
■ ရန်ကုန်တက္ကသိုလ်ကျောင်းသားများ ၁၉၆၂ ခုနှစ် ဇူလိုင်လ (၇) ရက်နေ့က ပစ်သတ်ခဲ့မှု သတင်း
■ ဇူလိုင် သမိုင်းပြကွက် ဓာတ်ပုံများ သတင်း
■ သမဂ္ဂနေရာ သမိုင်းဝင် ပြတိုက်ထားဖို့ ကျောင်းသားဟောင်းတွေ အဆိုပြု သတင်း
■ ကချင်အချင်းချင်း ရန်လိုသတ်ဖြတ်ကြဖို့ စစ်အစိုးရ အကြီးအကဲတဦးမှ သွေးထိုးခဲ့ သတင်း
■ SSA မြောက်ပိုင်း တပ်မဟာ (၁) ထိန်းချုပ်နယ်မြေအတွင်း ပြည်သူ့စစ် ထပ်မံကောက်ယူ သတင်း
■ နိုင်ငံတကာ မြန်မာ့အရေးညီလာခံ ကျင်းပ သတင်း
■ ဒီမိုကရေစီ ညီလာခံတွင် စစ်အစိုးရကို ကလင်တန် ဝေဖန် သတင်း
■ ခမောက်တံဆိပ် ကန့်ကွက်သူများ နှောင့်ယှက်ခံရ သတင်း
■ တိုင်းရင်းသားပါတီများ ကြံ့ခိုင်ရေးပါတီကဲ့သို့ လှုပ်ရှားစည်းရုံးခွင့်မရှိ သတင်း
■ သျှမ်းစာပေနှင့်ယဉ်ကျေးမှု အဆောက်အဦ ဆောက်မိန့်ကျ သတင်း
■ ဂွမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ် မလုပ်နိုင်သူ များပြား သတင်း
■ ဘုရင့်နောင် ကုန်စည်ဒိုင်သို့ နယ်ကုန်အ၀င် ကျဆင်း သတင်း
■ ဂျာနယ် (၂) စောင် တပတ် အပိတ်ခံရ သတင်း
■ စစ်အစိုးရ အခွန် (၂) နှစ်စာ ကြိုကောက် သတင်း
■ စံခရဘူရီအနီး ကားမှောက်၊ မြန်မာပြည်သား (၉) ဦး ဒဏ်ရာ ပြင်းထန် သတင်း
■ ဆင်ဖြူတော်ကို နေပြည်တော်သို့ ယူဆောင်ရန် ဘူးသီးတောင်-မောင်တော ကားလမ်းကို ယာယီသွားလာ နိုင်အောင် ပြုလုပ် သတင်း
■ အလုပ်သမားများအား ပွဲစားကုမ္ပဏီ လိမ်ညာ သတင်း
■ ရန်ကုန် လမ်းဘေးဈေးသည် ပိတ်ပင်၊ ထောင်ချမည်ဟု စည်ပင် ထုတ်ပြန် သတင်း
■ မြ၀တီသို့ တရားမ၀င် ထိုင်းကုန်များ ပြန်လည်တင်သွင်း သတင်း
■ ဧရာဝတီ “စစ်သည်တော်” စာမျက်နှာအတွက် စာမူဖိတ်ခေါ် သတင်း
■ အိန္ဒိယ လောင်စာဆီ သပိတ် (ဆောင်းပါး)
Wednesday, July 7, 2010
(၇) ရက် ဇူလိုင်စိတ်ဓာတ်နဲ့ အစဉ်အလာကို မြင့်မားစွာ မြှင့်တင်ကြပါစို့
ရဲဘော်ဖိုးသံချောင်း
၀၆ ဇူလိုင် ၂၀၁၀
(၇) ရက် ဇူလိုင် အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့တာ (၄၈) နှစ်ရှိသွားပါပြီ။ ဒါပေမယ့် ဒီ အရေးတော်ပုံကြီးဟာ ဒီနေ့ အခါအထိ မပြီးဆုံးသေးဘူး ဆိုတာကို လူတိုင်း သိကြပါတယ်။ ဒါကို ကျောင်းသားတွေနဲ့ ပြည်သူလူထု တွေရဲ့ ရင်ထဲမှာ စွဲစွဲမြဲမြဲ မှတ်ယူမြဲ မှတ်ယူထား ကြသလို (၇) ရက် ဇူလိုင်မှာ ကျောင်းသားတွေကို သတ်ခဲ့တဲ့ ဗိုလ်နေ၀င်း စစ်အုပ်စုရဲ့ အာဏာအမွေခံ လက်ရှိ မျိုးဆက်ဖြစ်တဲ့ နအဖ စစ်အုပ်စုလည်း ဒီအချက်ကို အမြဲ သတိ ရှိကြပါတယ်။ ဒါကြောင့် နအဖစစ်အုပ်စုဟာ ၁၉၆၂ ခုနှစ်မှာ ဗိုလ်နေ၀င်းက ကျောင်းသားတွေ အပေါ် စစ်ကြေညာ ထားတာကို ဆက်လက် ထိန်းသိမ်းပြီး ဒီနေ့အထိ ဆက်လက် အကောင်အထည် ဖော်နေတာ ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။
လွန်ခဲ့တဲ့ လူ့မျိုးဆက် နှစ်ဆက်၊ သုံးဆက်တုန်းက အဖြစ်အပျက်ဆိုတော့ အခု အသက် ရှင်နေကြသူတွေ ထဲမှာ ဒီအရေးတော်ပုံကြီးကို သိမီသူတွေဟာ နည်းသွားပြီလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် ဒီအရေးတော်ပုံကြီးရဲ့ အနှစ်သာရ အချုပ်ကို ပြန်ဖော်ထုတ်ဖို့ လိုနေပါတယ်။ ဒါ့အပြင် ဒီအရေးတော်ပုံကြီးရဲ့ အနှစ်သာရ၊ စိတ်ဓာတ်နဲ့ စွန့်လွှတ်ကြိုးပမ်းမှုတွေကို နောင်မျိုးဆက် တခုပြီးတခု လက်ဆင့် ကမ်းသွားဖို့ လိုပါတယ်။
(၇) ရက် ဇူလိုင် အရေးတော်ပုံဖြစ်ပေါ်ရတဲ့ လတ်တလောအကြောင်းရင်းဟာ မတရားပြီး အဓိပ္ပာယ် မရှိတဲ့ အဆောင် စည်းကမ်းတွေကြောင့်လို့ ဆိုရမှာပါ။ ဗိုလ်နေ၀င်းတို့ဟာ တနိုင်ငံလုံးကို ထောင်လို အုပ်ချုပ်ဖို့ အတွက် တက္ကသိုလ် ကျောင်းဆောင်တွေမှာ စပြီး အကောင်အထည်ဖော်၊ သွေးတိုးစမ်းတာ ဖြစ်ပါတယ်။ ကျောင်းသားတွေ ဘက်က ကြည့်ရင် တော့လည်း စစ်အာဏာရှင်တွေရဲ့ ဒီခြေလှမ်းကို အလျှော့ ပေးလိုက်ရင် နောင်မှာ ဆက်တိုက် နင်းဝင်လာလိမ့်မယ် ဆိုတာ သေချာနေတဲ့ အတွက် အလျှော့မပေးပဲ ထိပ်တိုက် ရင်ဆိုင် တိုက်ပွဲဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအချက်တွေအပြင် ဒါရဲ့ နောက်ခံ၊ ပိုအရေးကြီးတဲ့ စေ့ဆော်မှု အကြောင်းရင်း တရပ် ရှိနေပါသေးတယ်။ အဲဒါကတော့ စစ်တပ်က အာဏာသိမ်းတဲ့ ကိစ္စ ဖြစ်ပါတယ်။ ကြိုက်သော်ရှိ၊ မကြိုက်သော်ရှိ အဲဒီတုန်းက ပထစအစိုးရဟာ မဲအပြတ်အသတ်နဲ့ အနိုင်ရပြီး ဖွဲ့စည်းထားတဲ့ အစိုးရ ဖြစ်ပါတယ်။ နောက်ပြီး နိုင်ငံရေး ခေါင်းဆောင်များစွာကို ထောင်ထဲထည့်၊ (၁၇) နှစ်အရွယ် ကျောင်းသားလေး စ၀်မီမီသိုက်ကို သေနတ်နဲ့ ပစ်သတ် စတဲ့ ကိစ္စတွေလည်း ရှိနေပါတယ်။ တဖက်မှာကျတော့ တော်လှန်ရေး ကောင်စီက အာဏာသိမ်း လိုက်တယ် ဆိုတာနဲ့ အချို့သော နာမည်ကြီး နိုင်ငံရေး သမားတွေဟာ အာဏာသိမ်း စစ်အုပ်စုကို ပုံပျက်ပန်းပျက် ထောက်ခံနေတာတွေကို နာကြည်းစရာ ဒေါသဖြစ်စရာ ကောင်းလောက်အောင် တွေ့မြင် နေရပါတယ်။
ဒီအချိန်မှာ ဥပဒေတွင်း ကျန်ရစ်တဲ့ ပါတီအဖွဲ့အစည်းတွေဟာလည်း မလှုပ်မရှား နိုင်တော့ဘူးလို့ ဆိုနိုင်မလောက် ဖြစ်သွားပါတယ်။ ဒါကြောင့် မြေပေါ်မှာ အတိုက်အခံရယ်လို့ ပြောနိုင်တာဟာ ကျောင်းသားတွေပဲ ကျန်တော့သလို ထီးထီးကြီး ဖြစ်နေပါတယ်။ ဒါပေမယ့် သမဂ္ဂဟာ အဲဒီလို ထီးထီးကြီး ဖြစ်နေလို့ နောက်တွန့် မသွားပါဘူး။ နောက်တွန့်လို့ မဖြစ်ဘူးဆိုတာ သမဂ္ဂခေါင်းဆောင်တွေ သိကြပါတယ်။
ကျောင်းသားတွေဟာ သူတို့ရဲ့တာဝန်ကို ကျေပွန်ခဲ့ပါတယ်။ အသက်တွေပေးပြီး ထမ်းဆောင် ခဲ့ကြပါတယ်။ ဒီ (၇) ရက် ဇူလိုင် အရေးတော်ပုံဟာ တကယ်ကျတော့ ဗိုလ်နေ၀င်းတို့ရဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဖော်ထုတ်ပြသတဲ့ တိုက်ပွဲဆိုတာကို ကျောင်းသားတွေ၊ ပြည်သူတွေနဲ့ အာဏာပိုင်တွေ အားလုံးက သိနေကြပါတယ်။ ဒါကြောင့်လည်း ဗိုလ်နေ၀င်းတို့ဟာ ရက်ရက်စက်စက် ဖြိုခွဲခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ကိုယ်သူတို့ အတိတ်နဲ့ သေခန်းပြတ်ကြောင်း၊ ကိုလိုနီစနစ် ဆန့်ကျင်ရေး၊ လွတ်လပ်ရေး တိုက်ပွဲ အစဉ်အလာကို လုံးဝ တန်ဖိုးမထားကြောင်း ဖော်ပြတဲ့ အနေနဲ့ သမိုင်းဝင် သမဂ္ဂအဆောက် အဦကြီးကို မိုင်းဗုံးနဲ့ ဖြိုခွဲ ပစ်ခဲ့ပါတယ်။ ဒါတွေဟာ သူတို့ကို ဆန့်ကျင်ရင် ကျူပင်ခုတ် - ကျူငုတ်မကျန် သုတ်သင် ပစ်မယ်လို့ ခြိမ်းခြောက် ကြေညာလိုက်တာလည်း ဖြစ်ပါတယ်။
ဒီလိုနဲ့ပဲ (၇) ရက် ဇူလိုင်ဟာ ဗမာပြည်နိုင်ငံရေးသမိုင်းမှာ ဘီလူးစည်းနဲ့ လူ့စည်းခွဲတဲ့ ရေဝေတောင်တန်း တခုလို ဖြစ်သွား ပါတော့တယ်။ အဲဒီအချိန်ကစလို့ ဗမာပြည်မှာ စစ်အုပ်စု ထိပ်သီးတွေနဲ့ သူတို့ကို ခယနေတဲ့ အလိုတော်ရိတွေက တဖက်၊ စစ်အုပ်စု-စစ်အာဏာရှင်စနစ်-စစ်အစိုးရတို့ကို ဆန့်ကျင် တိုက်ဖျက်လိုသူတွေက တဖက်ရယ်လို့ ဘက်နှစ်ဖက် ကွဲပြားသွား လိုက်တာဟာ ဒီနေ့အထိပဲလို့ ဆိုနိုင်ပါတယ်။ အဲဒီအခါ တုန်းကရော အခုအခါမှာရော နိုင်ငံရေး လုပ်သူတွေကို (၇) ရက်ဇူလိုင် အရေးအခင်း အပေါ် ဘယ်လို သဘောထားသလဲ ဆိုတဲ့ စံနဲ့တိုင်းတာရင် အနည်းနဲ့အများ အဖြေမှန် ထွက်လာ တတ်ပါတယ်။
(၇) ရက် ဇူလိုင် အရေးတော်ပုံက ပြသလိုက်တဲ့ အရေးကြီးတဲ့ အချက်တချက်က ကျောင်းသားတွေ အပါအ၀င် ဗမာပြည် ပြည်သူလူထုဟာ ဆိုရှယ်လစ် မျက်နှာဖုံး စွပ်ထားတဲ့ စစ်အာဏာရှင် စနစ်ကို နည်းနည်းမှ မျက်စိမလည်ဘဲ စစ်အာဏာရှင်လို့ပဲ ကြည့်မြင် တိုက်ပွဲဝင်ခဲ့ကြတယ် ဆိုတဲ့ အချက် ဖြစ်ပါတယ်။ မမေ့သင့်တာက ၁၉၆၂ ခုနှစ် အာဏာသိမ်းပွဲဟာ ၁၉၅၈ ခုနှစ် အာဏာသိမ်းပွဲရဲ့ အဆက် ဖြစ်ပါတယ်။ ၁၉၅၈ ခုနှစ်မှာ အာဏာသိမ်းတော့ ဗိုလ်နေ၀င်း - ဗိုလ်မောင်မောင် - ဗိုလ်အောင်ကြီး တို့ဟာ အဲဒီတုန်းက အာဏာရ လူတန်းစားရဲ့ ပျော့ညံ့မှု၊ တွန်းလှန်နိုင်အား မရှိမှု တို့ကို နားလည် သဘောပေါက်သွားတဲ့ အပြင် အာဏာသိမ်းရတာလည်း ဘယ်လောက် လွယ်တယ် ဆိုတာတွေ သိလိုက်ပါတယ်။ ဒါကြောင့်မို့ ၁၉၆၂ ခုနှစ် မတ်လ မတိုင်မီကတည်းက တင်ကြိုပြင်ဆင်ပြီး အာဏာ သိမ်းခဲ့ကြတာ ဖြစ်တယ်ဆိုတာဟာ အခုတော့ ရှင်းသွားပါပြီ။ (လျှပ်တပြက်နဲ့ ဦးချစ်လှိုင်-ခ-ကိုကိုမောင်တို့ အင်တာဗျူးမှာ စစ်အုပ်စုဟာ အစောကြီး ကတည်းက မဆလ သဘောတရားကိုပါ ပြင်ဆင်နေ ခဲ့ကြောင်း ပါရှိပါတယ်။) ဒီတော့ ပထမတချီ အာဏာ သိမ်းတုန်းကတော့ ဦးနုက အာဏာထိုးအပ်လို့ သိမ်းခဲ့ရတယ်လို့ အကြောင်း ပြနိုင်ခဲ့ပေမယ့် ဒုတိယ အကြိမ်မှာ ရေရှည် အာဏာကို အုပ်စီးထားဖို့ ကြံစည် ဖြစ်လေတော့ သူတို့ဟာ ရေရှည်သုံးနိုင်မယ့် မျက်နှာဖုံး တခုကို ရှာရပါတယ်။ ဒီလိုနဲ့ မဆလ ရောကျော်ဝါဒ ဆိုတာကြီး ပေါ်လာတာပါပဲ။ အညံ့ခံ အလျှော့ပေးဖို့ အကြောင်းပြစရာ ရှာနေတဲ့ လူတွေကတော့ ဒါကြီးကို လက်ညှိုး ထိုးပြပြီး မဆလ စစ်အာဏာရှင်တွေရဲ့ ထီးရိပ်ကို ခိုခဲ့ကြတာကို မှတ်မိ ကြပါလိမ့်မယ်။
အခုလည်း နအဖစစ်အုပ်စုဟာ ဒီမိုကရေစီဆိုတဲ့ မျက်နှာဖုံးကို တပ်ဆင်လာ ပြန်ပါပြီ။ အလားတူပဲ အဲဒီ စည်းကမ်းရှိတဲ့ ဒီမိုကရေစီ ဆိုတာကို လက်ညှိုးထိုးပြပြီး နအဖ ထီးရိပ်ကို ခိုဖို့ လုံးပန်းတဲ့လူတွေ အမြောက်အမြားကို တွေ့နေ ကြရပါတယ်။ ဒါတွေကို ဖွင့်ချဖို့၊ ဆန့်ကျင် တိုက်ခိုက်ဖို့ (၇) ရက် ဇူလိုင် စိတ်ဓာတ်နဲ့ အစဉ်အလာတွေ လွှင့်ထူထားဖို့ လိုနေတာပါပဲ။ ရှစ်လေးလုံး ကာလ တုန်းကလိုပဲ ခွပ်ဒေါင်းအလံဟာ ဒီနေ့ပြည်သူတွေရဲ့ ဒီမိုကရေစီ အရေးတော်ပုံမှာလဲ ပျံဝဲ နေစေရမှာ ဖြစ်ပါတယ်။
ဒါပေမယ့် နအဖရဲ့ ဒီမိုကရေစီ သယ်ဆောင်လာမယ့် ရွေးကောက်ပွဲမှာ (၇) ရက် ဇူလိုင်တုန်းက ကျောင်းသားများ ကိုင်စွဲခဲ့တဲ့ ခွပ်ဒေါင်းအလံကို ရွေးကောက်ပွဲမှာ ကိုယ်မဲရဖို့ အတွက် အသုံးချချင်သူမျိုးတွေ ပေါ်ထွက်လာတာဟာ ရီစရာလည်းကောင်း၊ အော့နှလုံး နာစရာလည်း ကောင်းလှပါတယ်။ တဘက်က ပြန်ကြည့်ရင်တော့လည်း ဒီလူတွေဟာ ခွပ်ဒေါင်းရဲ့ အခန်း ကဏ္ဍကိုတော့ မငြင်းနိုင် ပါကလားလို့ အောက်မေ့ရပါတယ်။ တကယ်လို့သာ သူတို့ကို ဒါလောက်တောင် ခွပ်ဒေါင်းအလံကို ကိုင်စွဲချင်လှတာ (၇) ရက် ဇူလိုင် လူသတ်ပွဲနဲ့ ပတ်သက်လို့ တရားမှန် ပေါ်ပေါက်ရေးနဲ့ သမဂ္ဂ အဆောက်အဦကြီး ပြန်ဆောက်ပေးဖို့ အတွက် နအဖ အစိုးရဆီ တောင်းဆိုပေးပါလို့ ပြောလိုက်ရင် ဘယ်လို ဖြစ်သွားမလဲ။ ခွပ်ဒေါင်း အလံကို ကိုင်စွဲချင်ရင် (၇) ရက် ဇူလိုင် ကိစ္စကို ပြောပါ။ သမဂ္ဂ အဆောက်အဦ ပြန်တည်ဆောက်ရေးကို ပြောပါ။ သေသွားသူတွေ အပေါ် သစ္စာရှိပါ။ ရှင်နေသူတွေအပေါ် တာဝန်ယူပါ။
Ref: ခေတ်ပြိုင်
နေ့စဉ်သတင်းများ (၆ - ၀၇ - ၁၀)
■ သင်္ကြန်ဗုံးခွဲမှုနဲ့ ဖမ်းဆီးခံရသူအပေါ် လူသတ်မှု စွဲချက်တင် သတင်း
■ မြန်မာနိုင်ငံ လူ့အခွင့်အရေးချိုးဖောက်မှု ကုလသမဂ္ဂကို တိုင်ကြား သတင်း
■ စစ်တွေမြို့ ကျောင်းသားများ လမ်းလျှောက်ဆန္ဒပြမှု ဖြစ်ပွား သတင်း
■ စစ်တွေနည်းပညာတက္ကသိုလ်မှ ကျောင်းသား (၄၀၀) ဆန္ဒပြ သတင်း
■ DKBA တပ်မှူးပြောစကား မယုံကြည်ကြောင်း KNU ပြော သတင်း
■ နိုင်ငံရေးအကျဉ်းသား မိသားစုများကို NLD ခေါင်းဆောင်နှစ်ဦး ဆက်လက်အားပေး သတင်း
■ NLD ခေါင်းဆောင်များ နေပြည်တော်မှာ နှောက်ယှက်ခံရ သတင်း
■ အန်အယ်လ်ဒီပါတီ၏ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းများ သတင်း
■ နိုင်ငံရေးအကျဉ်းသားများအတွက် NLD ငွေလှူ သတင်း
■ အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တချို့ကို စစ်တပ်က ဖိအားပေး ခြိမ်းခြောက် သတင်း
■ မွန်ပြည်သစ်ပါတီ မြို့ပေါ်ရုံးများ ပြန်လည်ဖွင့်လှစ်လိုက်ပြီ သတင်း
■ နိုင်ငံရေးပါတီထောင်ခွင့် ချမပေးမှုအပေါ် ကေအက်စ်ပီပီ ပါတီက လူထုကို ရှင်း သတင်း
■ ပါတီဝင် အင်အားစာရင်း စတင် တင်ပြကြပြီ သတင်း
■ စစ်အစိုးရ ဝါဒဖြန့်ဆောင်းပါး အတွေ့ရနည်းတော့မည် သတင်း
■ ပေါ်လစီဆောင်းပါး ဖော်ပြစရာ မလိုမှုအပေါ် စာနယ်ဇင်းများက ကြိုဆို သတင်း
■ ငွေလွှဲလုပ်ငန်းအတွက် စာတိုက်ကို အသုံးပြုသူများ သိသာစွာ လျော့နည်းလာ သတင်း
■ လူနေရပ်ကွက်အနီး သဘာဝဓာတ်ငွေ့ပိုက် ပေါက်နေ သတင်း
■ ကြွက်များ ဘုရားကြီးမြို့အနားကို ရောက်လာနေပြီ သတင်း
■ ပဲခူးဘက်မှာ စပါးပျိုးခင်းတွေကို ကြွက်တွေ ဖျက်ဆီး သတင်း
■ အမှုချိန်းသို့ ထက်ထက်မိုးဦး ရောက်လာခြင်း မရှိသေးပါ သတင်း
■ မြန်မာအစိုးရကို ရာဇ၀တ်မှုများအတွက် အရေးယူရရန် ယိုဇိုယိုကိုတာ လှုံ့ဆော် သတင်း
■ သဘာဝဓာတ်ငွေ့မှ ရရှိငွေ မြန်မာ နျူကလီးယားအတွက် ဖြစ်နေ သတင်း
■ ရှမ်း အပစ်ရပ် တပ်ဖွဲ့ဝင်တချို့ တောပြန်ခို သတင်း
■ NDF ခမောက်တံဆိပ် NLD တရားဝင် ကန့်ကွက် သတင်း
■ ကချင်ပါတီအား ကော်မရှင်မှ လက်မခံသေးမှုပေါ် လူထုရှင်းလင်းပွဲ ပြုလုပ် သတင်း
■ အာဏာပိုင်များ တင်းကျပ်၍ ပါတီစည်းရုံးရေး အနှောင့်အယှက်ဖြစ် သတင်း
■ ဘဏ်ဖွင့်ရန် မန္တလေး တောင်ဇလပ်ဟိုတယ် ဦးတေဇ ၀ယ် သတင်း
■ ကုန်ကားများ တံတားဖြတ်သန်းခွင့် စစ်တပ် တားမြစ် သတင်း
■ လိုင်စင်မဲ့ကားအချို့ ပြန်လည်ပြေးဆွဲနေ သတင်း
■ ဆေး (၁) ပထမနှစ်များ လယ်ဝေးသို့ ရွှေ့မည် သတင်း
■ တက္ကသိုလ်စာမေးပွဲများ (၁) လစော ကျင်းပမည် သတင်း
■ သီရိလင်္ကာတက္ကသိုလ် မြန်မာပြည်မှာ ဈေးကွက်ရှာ သတင်း
■ ကမ္ဘာလှည့်ခရီးသည် နည်းလာ၍ ကြေးပတ်ကယန်းများ ဌာနေသို့ အလုပ်အကိုင်ပြန်ရှာ သတင်း
■ ထိုင်းနိုင်ငံမှာ အရေးပေါ် သက်တမ်းတိုး၊ မီဒီယာများ ပိတ် သတင်း
■ (၇) ရက် ဇူလိုင်စိတ်ဓာတ်နဲ့ အစဉ်အလာကို မြင့်မားစွာမြှင့်တင်ကြပါစို့ (ဆောင်းပါး)
■ “အမဲသား ရောင်းမလား” (ဆောင်းပါး)
■ ပြုံးအလှပိုင်ရှင် ဆိုတဲ့ ခေမီကို (အင်တာဗျူး)
Tuesday, July 6, 2010
အပစ်ရပ်နိုင်ငံရေးပြဿနာများအား မျှော်တွေးကြည့်ခြင်း
ချန်းဦး
၀၅ ဇူလိုင် ၂၀၁၀
၂၀၁၀ ဧပြီ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး BGF ၊ HGF ၊ ဌာနေပြည်သူ့စစ် တပ်ဖွဲ့များအဖြစ် အသွင်ပြောင်း ဖွဲ့စည်းကြရန် အပစ်ရပ် အဖွဲ့များ (KIO ၊ UWSP ၊ SSA –N ၊ မိုင်းလား အဖွဲ့နှင့် မွန်ပြည်သစ်ပါတီ) အား နအဖက ရာဇသံ ပေးခဲ့ဖူးတယ်။
ထိုအပစ်ရပ်အဖွဲ့တိုင်းက မိမိတို့နဲ့သက်ဆိုင်တဲ့ နိုင်ငံရေးသဘောထား ရပ်တည်ချက်များကို သတ်မှတ်ရက် မတိုင်မီ ကတည်းက ရှင်းရှင်း လင်းလင်း ထုတ်ဖော် ပြောဆိုခဲ့ကြတယ်။ အသွင်ပြောင်းရေး စီမံချက်ကို လက်မခံသည့် အပစ်ရပ် အဖွဲ့အစည်း အများစုဟာ မူလနိုင်ငံရေး ရပ်တည်ချက်တွေကိုပဲ ဆက်လက်ဆုပ်ကိုင် ထားလိုက်တယ်။ နအဖရဲ့ ရာဇာသံကို အာခံလိုက်သလို ဖြစ်သွားခဲ့တယ်။ နအဖအတွက် နိုင်ငံရေးအရ အရှက်ကွဲစရာတခု ထပ်မံ ရရှိလာခဲ့ပြန်ပြီ။ ဒါကလည်း နအဖက ရှက်တတ်ဦးမှပါ။ ရှက်ရမ်းရမ်းပြီ မာန်ဖီလာမယ်၊ အာဃာတတွေ ကြီးထွားလာမယ် ဆိုရင် အပစ်ရပ် နိုင်ငံရေး ပြဿနာ ဖြေရှင်းရေးဟာ လွယ်မယောင်နဲ့ခက်၊ တိမ်မယောင်နဲ့ နက်တဲ့ဘက်ကို ဦးတည်ရွေ့လျားသွားမယ့် အလားအလာ ရှိနေတယ်။
အခုတော့ နအဖနိုင်ငံတော်ရဲ့ သဘောထားအမှန်နဲ့ အပစ်ရပ်အဖွဲ့တခုခြင်းစီရဲ့ အကျိုးစီးပွား တထပ်တည်း မကျတော့ဘူး။ တကယ်ဆိုရင် အပစ်ရပ် အဖွဲ့တွေရဲ့ တုံ့ပြန် ပြောဆိုချက်တွေဟာ နအဖနဲ့ နိုင်ငံရေးအရ ဆက်ဆံခဲ့စဉ်က ရရှိခဲ့တဲ့ ကိုယ်ပိုင် အတွေ့အကြုံများ အပေါ် အခြေခံပြီး တင်ပြ တောင်းဆိုချက်များသာ ဖြစ်တယ်။ အပစ်ရပ်အဖွဲ့များရဲ့ တုံ့ပြန် တောင်းဆိုချက်တွေ အပေါ် နအဖကလည်း ဘ၀င် မကျတော့ဘူး။ ဧပြီ (၂၈) နောက်ပိုင်းရက်တွေမှာ နအဖနဲ့ အပစ်ရပ် အဖွဲ့များကြားက အေးစက်လာတဲ့ ဆက်ဆံရေးတွေကို ကြည့်လိုက်ရင် သိသာတယ်။ တယောက်ခြေလှမ်း တယောက်က မျက်ခြည်မပြတ် စောင့်ကြည့်နေရတဲ့ အခြေအနေ ထိတောင် ရောက်နေလို့ပါပဲ။
ဒီရက်ပိုင်းအတွင်း အပစ်ရပ်ဒေသများတွင် ငြိမ်းချမ်းရေးတေးသံတွေ တိုးတိမ် လာနေသလိုပဲ။ အဲဒီအစား နအဖ စစ်ကားတွေ၊ စစ်သားတွေရဲ့ လှုပ်ရှားသံတွေက အသံ ပိုကျယ်လာနေတယ်။ ဘယ်နေရာ၊ ဘယ်အချိန်မှာ အပစ်ရပ်နိုင်ငံရေး အခြေအနေ ပျက်စီး ပျောက်ကွယ် သွားမလဲဆိုတဲ့ စိုးရိမ်စိတ်ကလည်း အပစ်ရပ်ဒေသမှ ပြည်သူတွေရဲ့ နေ့စဉ် ဘဝတွေထဲ အထိ ခြိမ်းခြောက် လာနေပြီ။
နအဖစစ်အစိုးရဟာ ဧပြီ (၂၈) ရက်နေ့ နောက်ဆုံး ရာဇာသံပေးပြီးနောက် အပစ်ရပ်များရဲ့ တောင်းဆိုချက်တွေကို မဆိုင်းမတွ ပယ်ချခဲ့တယ်။ အဲဒီနောက် အပစ်ရပ် အဖွဲ့များအား နိုင်ငံရေး၊ စစ်ရေးနည်းများဖြင့် ဖိအားပေး အကြပ်ကိုင်ကာ နအဖရဲ့ အသွင်ပြောင်းရေး စီမံချက်ကို ထပ်မံ အကောင်အထည် ဖော်နေပါတယ်။ ဒီတကြိမ် အကောင်အထည် ဖော်မှုကို ကြည့်လိုက်ရင် ကုန်လွန်ခဲ့တဲ့ တနှစ်ကလိုမျိုး လက်နက်အင်အား၊ လူအင်အားတောင့်တဲ့ အဖွဲ့ကြီးတွေနဲ့ ထိတွေ့တာမျိုး မလုပ်သေးဘဲ နားထား လိုက်တယ်။ အတော်အတန် အင်အားရှိပြီး အဖွဲ့အတွင်း တွယ်ဆက်မှု အားနည်းမယ်ထင်ရတဲ့ အဖွဲ့တွေဆီကို ပစ်မှတ်ရွေ့ လှုပ်ရှားနေတာ တွေ့ရတယ်။ မေလအတွင်း နအဖနှင့် အပစ်ရပ်များ ထိတွေ့ဆက်ဆံရေးကို လေ့လာ ကြည့်တဲ့အခါ…
မေလ တတိယအပတ်ထိ နအဖက အထိတွေ့အများဆုံး အဖွဲ့ကတော့ SSA-N (ရှမ်းပြည်တပ်မတော် မြောက်ပိုင်း) အဖွဲ့ ဖြစ်ပါတယ်။ အထိ အတွေ့များရတဲ့ အကြောင်းမှာ SSA-N အဖွဲ့အစည်းထဲက အတွင်းပိုင်း ညီညွတ်ရေး အားနည်းချက်ကို ချက်ကောင်းယူပြီး နအဖဟာ သူရဲ့ နိုင်ငံရေးလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ကြံစည် နေလို့ပါပဲ။
SSA-N အတွင်း ဧပြီ (၂၈) နောက်ပိုင်း နိုင်ငံရေးသဘောထားကွဲလွဲမှုကြောင့် အုပ်စု (၂) ခု သိသိသာသာ ပေါ်ပေါက်ခဲ့တယ်။ နအဖရဲ့ နယ်မြေစောင့် ပြည်သူ့စစ် (HGF) အသွင်ပြောင်းရေး စီမံချက်ကို လက်ခံသည့်အုပ်စုနှင့် လက်မခံသည့် အုပ်စု အဖြစ် ကွဲထွက် လာခဲ့ခြင်းဖြစ်တယ်။ HGF အသွင်ပြောင်းရေးကို လက်ခံတဲ့ အုပ်စုကတော့ ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ နဲ့ တပ်မဟာ (၃) တပ်မဟာ (၇) တို့ဖြစ်တယ်။ လက်မခံသည့် အဖွဲ့ကတော့ တပ်မဟာ (၁) မှ ဗိုလ်ချုပ်ပန်ဖတို့ ဖြစ်တယ်။
ဒီနေရာမှာ ထူးခြားတာတခုက HGF ကို လက်ခံသည့် အုပ်စုအား ချက်ချင်း အသွင်ပြောင်းတပ်ဖွဲ့ ဖွဲ့တာမျိုး မလုပ်သေးဘဲ သဘောမတူတဲ့ အုပ်စုအား စည်းရုံးသိမ်းသွင်းရန် နအဖက တာဝန်ပေး လုပ်ခိုင်းနေတယ်။ ငါးကြင်းဆီနဲ့ ငါးကြင်းကျော်တဲ့ နည်းပါ။ ဒါဟာ အချင်းချင်း ပဋိပက္ခ ဖြစ်စေဖို့ ဖန်တီးထားတာမျိုး အဖြစ် ယူဆနိုင်တယ်။ ဒီပဋိပက္ခကို အသုံးချပြီး နအဖ လုပ်နေကျ ကြက်လည်းမောစေ၊ ယာလည်း ညက်စေ ပေါ်လစီအတိုင်း၊ ကိုးကန့်ပြဿနာမျိုး ဖန်တီးနိုင်တယ်လို့ တွက်ဆ သူတွေလည်း ရှိနေကြပါတယ်။
တဖက်ကလည်း HGF ကို လက်မခံသည့်အဖွဲ့ကို စစ်ရေးအရ ခြိမ်းခြောက် ဖိအားပေးတာမျိုးတွေ ရှိနေတယ်။ ဖိအားပေးတာ ကလည်း ရွေးကောက်ပွဲ မတိုင်ခင် သေနတ်သံ ပြန်မပေါက်စေဖို့ ဟန့်တားချင်တဲ့ သဘောမျိုးလည်း တွေ့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နအဖဟာ ၂၀၁၀ နိုင်ငံရေးလိုအပ်ချက် (စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေး) ပြည့်မီဖို့ လိုနေတယ်။ ဒါကြောင့် အပစ်ရပ် နိုင်ငံရေး အင်အားစုတွေကို သူရေးဆွဲထားတဲ့ ပုံစံခွက်ထဲ ရောက်အောင် နည်းလမ်းပေါင်းစုံ အသုံးပြုပြီး လုံးပန်း အားထုတ်နေမယ် ဆိုတာ ယုံမှားဖွယ် မရှိ။
အသွင်ကူးပြောင်းစီမံကိန်းက ရှေ့တိုးမရ ဖြစ်နေတဲ့အချိန်မှာ နအဖဟာ နိုင်ငံတကာနဲ့ ပြည်တွင်းကို လှည့်စားဖို့ ခြံထဲက ကြက် ထုတ်ပြီး ရိုက်ပြရတဲ့ အဖြစ်မျိုး ပေါ်လာခဲ့တယ်။ မဆလခေတ်ကတည်းက နအဖခေတ်အထိ တော်လှန်ရေးတွေကို ဆန့်ကျင်ဖို့ လူအုပ်စုများကို စုဝေးစေပြီး ပြည်သူစစ် အမည်နဲ့ စုဖွဲ့ပေးခဲ့တယ်။ နိုင်ငံရေးအရ လိုအပ်လာရင် အဲဒီလူအုပ်စုကို လူမျိုးစု နာမည်တခုတတ်ပြီး အသုံးချ လာတတ်တယ်။
ဥပမာတခုအနေနဲ့ပြောရရင် ၂၀၀၇ ခုနှစ် နိုဝင်ဘာ (၈) ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်က နအဖအား ဝေဖန်သည့် ထုတ်ပြန် ကြေညာချက် တစောင်ကို စင်ကာပူနိုင်ငံမှ နေပြီး ထုတ်ပြန်ခဲ့ဖူးတယ်။ ဒီနိုင်ငံရေး ထုတ်ပြန်ကြေညာချက်ကို ဆန့်ကျင်ကြောင်း နအဖဟာ အဖွဲ့အစည်းပေါင်း (၇၀) ကျော်ကို ဇွတ်အတင်း ဆွဲထုတ်ပြီး နအဖပိုင် သတင်းစာများမှာ ဖော်ပြခဲ့တယ်။ အဖွဲ့ (၇၀) ထဲမှာ နအဖ မွေးမြူထားတဲ့ ပြည်သူစစ်တွေက (၁၀) ဖွဲ့ ပါရှိပါတယ်။ အခုလည်း အမှတ် (၁၀၀၇), (၁၀၀၈), (၁၀၀၉), (၁၀၁၀) နယ်ခြားစောင့်တပ်ဖွဲ့ ဆိုတဲ့ အမည်ဖြင့် မတ်လ (၃၀) ရက်၊ မေ (၁၈၊ ၂၀) ရက်များက ပွဲထုတ်လာတယ်။ အသွင်ကူးပြောင်းရေး စီမံချက်ကို လူကြိုက် များလာအောင် မီဒီယာအားကိုးနဲ့ နိုင်ငံရေး ကြော်ငြာအဖြစ် ရှိုးပြလိုက်ခြင်းသာ ဖြစ်ပါတယ်။ မျက်စိလည်စရာ မရှိပါ။
ဒါပေမယ့် အဲဒါတွေရဲ့ ဆိုးကျိုးဂယက်ကတော့ သက်ဆိုင်ရာဒေသတွေမှာ လူမျိုးရေးအမြင် ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်လာနိုင်တယ်။ ရေရှည်မှာ လူမျိုးရေးပဋိပက္ခ အသွင်ဆောင်တဲ့ ပြဿနာတွေအထိ တိုးပွားမလာရင်ဘဲ တော်လှပြီ။ နအဖဟာ ရှင်းနေတာကို ရှုပ်အောင် လုပ်တတ်တယ်။ ရှုပ်နေတာကို ရှင်းမရအောင် လုပ်တတ်တဲ့ အကျင့်အတိုင်း အပစ်ရပ်နိုင်ငံရေး ပြဿနာတွေကို ကိုင်တွယ် ဖြေရှင်းနေတာဖြစ်တယ်။ ဒါကိုလည်း နအဖနဲ့ နိုင်ငံရေးအရ ထိတွေ့ဆက်ဆံခဲ့ဖူးတဲ့ အပစ်ရပ် အဖွဲ့တိုင်းက သတိ ပြုမိကြလိမ့်မယ် ထင်ပါတယ်။
လွန်ခဲ့တဲ့ နှစ် (၂၀) က န၀တရဲ့ နိုင်ငံရေးလိုအပ်ချက်အရ အပစ်ရပ်အဖွဲ့တွေ ဖြစ်ပေါ်လာစေခဲ့တယ်။ အခုတော့ နအဖရဲ့ နိုင်ငံရေး လိုအပ်ချက်အရ အပစ်ရပ် အဖွဲ့တွေ ပျောက်ကွယ်ဖို့ လိုအပ်နေပြီ။ ဒါပေမယ့် ထင်သလို ဖြစ်မလာဘူး။ မထွေးနိုင်၊ မအန်နိုင် အလုံးကြီး တခုကို မျိုဆို့ ထားရသလို ဖြစ်နေပြီ။ နအဖ ဖြေရှင်းနေရတဲ့ လတ်တလောပြဿနာတွေထဲက တခုအဖြစ် ထင်ထင်ရှားရှား တွေ့မြင် နိုင်ပါတယ်။
ဒီပြဿနာပြေလည်ချင်ရင်တော့ နအဖဟာ ရူးမိုက်စွာ စဉ်းစားရေးဆွဲထားတဲ့ အသွင်ကူးပြောင်းရေး စီမံချက်ကို ဖျက်သိမ်း ပစ်ရပါလိမ့်မယ်။ အပစ်ရပ်အဖွဲ့များရဲ့ နိုင်ငံရေး တောင်းဆိုချက်တွေကို လေးစား လိုက်နာရလိမ့်မယ်။ မပြေမလည် ဖြစ်နေတဲ့ အပစ်ရပ် နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရဲတဲ့ သတ္တိတော့ မွေးမြူ ထားရလိမ့်မယ်။
ဒီလိုမဟုတ်ဘဲ အပစ်ရပ်နိုင်ငံရေးပြဿနာများကို လက်စမသတ်နိုင်တော့တဲ့ နအဖစစ်အစိုးရဟာ အရေခွံလဲပြီး ရွေးကောက်ပွဲမှာ အနိုင်ရအောင် လုပ်မယ်။ ပြီးတော့ နိုင်ငံရေး အာဏာ ချုပ်ကိုင်ထားမယ့် အသွင်ပြောင်း စစ်အစိုးရ အဖြစ်နဲ့ ဆက်လက် ဖြေရှင်းဖို့ ကြံစည်နေတာမျိုးလည်း ဖြစ်နိုင်တယ်။ ဒါကတော့ ဘယ်လက်ကနေ၊ ညာလက် ပြောင်းကိုင်တဲ့ နည်းပါ။ ဘယ်လို အခြေအနေပဲ ဖြစ်ပါစေ တက်လာမယ့် အစိုးရနဲ့ လူမျိုးပေါင်းစုံ ပြည်သူတွေရဲ့ နိုင်ငံရေး ပြဿနာကတော့ ဆက်လက်တည်ရှိကာ ကြီးထွား လာနေဦးမှာပါ။
သို့သော် ထိုပြဿနာအား အခုပဲရှင်းရှင်း၊ နောက်မှပဲရှင်းရှင်း ဖြေရှင်းဖို့တာဝန်ရှိသူတိုင်းဟာ “တန်းတူရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ရရှိရေး၊ အတူတကွ စည်ပင်ဝပြောရေး” ဆိုတဲ့ အခြေခံမူကို ဘေးဖယ်ထားမယ်။ ပြီးတော့ ယခင်အစိုးရ အဆက်ဆက် တွေလို နည်းလမ်းဟောင်းဖြင့် ဖြေရှင်းကြမယ် ဆိုရင်တော့ ဒီတိုင်းပြည်ဟာ အပြင်းစား နိုင်ငံရေး ပဋိပက္ခတွေရဲ့ ပေါက်ကွဲသံတွေနဲ့ ညံစီနေမယ်ဆိုတာ တွေးကြည့်ရင်း စိတ်မောမိပါတော့တယ်။
Ref: ခေတ်ပြိုင်
နေ့စဉ်သတင်းများ (၅ - ၀၇ - ၁၀)
■ ဗိုလ်ချုပ်အောင်ဆန်း ဆောင်းပါးများ စာပေစိစစ်ရေးက ပယ်ချ သတင်း
■ စစ်တွေမြို့၌ တက္ကသိုလ်ကျောင်းသားများ လမ်းလျှောက်ဆန္ဒပြ သတင်း
■ မြန်မာစစ်အစိုးရ သဘာဝဓာတ်ငွေ့ ၀င်ငွေတွေနဲ့ နျူကလီယားစီမံကိန်း လုပ်နေ သတင်း
■ နိုင်ငံသယံဇာတ ၀င်ငွေကို နျူကလီးယားစီမံကိန်းအတွက် အသုံးပြုနေ သတင်း
■ အပစ်ရပ် SSA မြောက်ပိုင်းတပ်ဖွဲ့ဝင်များ SSA တောင်ပိုင်းနှင့် လာရောက်ပူးပေါင်း သတင်း
■ ပြည်သူ့စစ်အသွင် မပြောင်းလို၍ အက်စ်အက်စ်အေ တပ်မဟာ (၁) ဖိအားပေးခံရ သတင်း
■ ဒီမိုကရေစီ ညီလာခံမှာ ၀န်ကြီး ကလင်တန် မြန်မာကို ဝေဖန် သတင်း
■ NLD ဗဟိုနှင့် တိုင်းနှင့်ပြည်နယ် ပါတီဝင်များ ခမောက်တံဆိပ်အတွက် ကန့်ကွက်စာတင် သတင်း
■ ဆင်ဖြူတော်ကို ကြိုးဖြုတ်ပြီး စစ်အစိုးရ ဖြန့်ချိ သတင်း
■ ဝန်ကြီးချုပ်ကိုယ်တိုင် ပါတီစည်းရုံးရေး စီစဉ်နေ သတင်း
■ ဗိုလ်ချုပ်ကြီးက တရုတ်ကို ဘာပြောမလဲ သတင်း
■ ကြံ့ခိုင်ရေးက မင်္ဂလာဈေး မီးသင့်သူများကို ငွေချေးပေးမည် သတင်း
■ တာချီလိတ်တွင် လူငယ်များကို အဓမ္မ စစ်သင်တန်း ပေးနေ သတင်း
■ ကလေးမြို့၌ ဆိုင်ကယ်လိုင်စင်ကြေး အဆမတန် ကောက်ခံနေ သတင်း
■ တပြည်လုံး၌ ရုရှားရေဒါ (၇) ခု နအဖ တပ်ဆင်ပြီး သတင်း
■ ဓာတ်ငွေ့ရောင်းရငွေ နျူကလီးယားစီမံကိန်းမှာ အသုံးပြု သတင်း
■ သဘာဝဘေးဒဏ် ခံနေရသည့် ရခိုင်ပြည်သူများ ရွေးကောက်ပွဲကို စိတ်မ၀င်စား သတင်း
■ KNU နဲ့ DKBA ငြိမ်းချမ်းရေး ဆွေးနွေး သတင်း
■ ရွှေလီချိုင့်ဝှမ်း၌ ပြည်သူ့စစ်အသွင်ပြောင်း SSA တပ်ဖွဲ့ အခြေချဖွယ်ရှိ သတင်း
■ မဲပေးခြင်းမပြုဘဲ နေနိုင်သော အခွင့်အရေး သတင်း
■ မဲပေးပိုင်ခွင့် ရှိသူတိုင်း နိုင်ငံသားအသိအမှတ်ပြုကတ် တမျိုးမျိုး ရရှိစေရမည်ဟု ပြော သတင်း
■ ကြံ့ဖွံ့မှထွက် ကချင်ပါတီထောင် သတင်း
■ ဖားကန့်တွင် ရေကြီးမှုကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲကာ ဆိုင်ကယ်ကယ်ရီခ ဈေးတက်လာ သတင်း
■ ကမ္ဘာ့စီးပွားရေးနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် မြန်မာ့သစ်လုပ်ငန်း ရပ်ဆိုင်း သတင်း
■ နေပြည်တော်တွင် မကွေး FC ဗိုင်းရပ်စ် ပျံ့နှံ့ သတင်း
■ ဆင်ဖြူဖမ်းသူများ အထူးအခွင့်အရေးပေး ချီးမြှင့်မည် သတင်း
■ အင်းစိန်ထောင်အတွင်း အနှိပ်စက်ခံ မွန်ရဟန်းပျို ဆေးဝါးကုသခွင့်မရ သတင်း
■ ကလေးစစ်သားများ၏ ဘဝဇာတ်လမ်းစုံ သတင်း
■ ပလိပ်ရောဂါ လူသို့ စတင်ကူးစက်နေ သတင်း
■ အပစ်ရပ် နိုင်ငံရေးပြဿနာများအား မျှော်တွေးကြည့်ခြင်း (ဆောင်းပါး)
■ မြန်မာတိုင်းရင်းသား အတိုက်အခံအဖွဲ့များ၏ အားနည်းချက် (ဆောင်းပါး)
■ ဖားစည် (ဆောင်းပါး)
■ အိန္ဒ္ဒိယကို ဆေးကုလာချင်ရင် (ဆောင်းပါး)
■ မူခါးဝီးကျိုး (ဆောင်းပါး)
■ ဒုက္ခသည်တေးသံ (ဆောင်းပါး)
Monday, July 5, 2010
ကလေးစစ်သားများ၏ ဘဝဇာတ်လမ်းစုံ
Perry Santanachote
တနင်္လာနေ့၊ ဂျူလိုင်လ ၀၅ ရက် ၂၀၁၀
ချင်းမိုင် (မဇ္ဈိမ)။ ။ အသက်အရွယ်အားဖြင့် ငယ်ရွယ်သေးသော သူဇင်ဦးသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့က နေ့စဉ် သွားနေကျ ခရီးစဉ်အတိုင်း ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်ရှိ သူ၏ ဆင်ခြေဖုံး ရပ်ကွက်မှ ပန်းလှိုင်မြစ်ကို ဖြတ်ကာ ဆင်မလိုက် သင်္ဘောကျင်းသို့ သွားရောက် ခဲ့ပါသည်။ သူနှင့် သူ၏ မိသားစုသည် ဝက်ခေါက် ရောင်းခြင်းဖြင့် အသက် မွေးနေကြသူများ ဖြစ်ပြီး ဆင်မလိုက် သင်္ဘောကျင်းနားတွင် ဝက်ခေါက်ပို့ပေးရန် သွားခြင်း ဖြစ်သည်။
သို့သော် သူဇင်ဦးသည် ဆင်မလိုက် သင်္ဘောကျင်းသို့လည်း မရောက်၊ အိမ်သို့လည်း ပြန်မရောက်ခဲ့ပေ။ သူသည် အသက် ၁၇ နှစ် အရွယ်နှင့် မြန်မာ စစ်အစိုးရ၏ စစ်တပ်တွင် စစ်မှုထမ်းရန် ခေါ်ဆောင်သွား ခံခဲ့ရခြင်း ဖြစ်သည်။
သူဇင်ဦး ကဲ့သို့သော အဖြစ်အပျက်များသည် မြန်မာနိုင်ငံတွင် ဖြစ်ရိုးဖြစ်စဉ် တခုကဲ့သို့ ရှိနေပြီး ကုလသမဂ္ဂကလည်း မြန်မာနိုင်ငံသည် ကလေးစစ်သား အများအပြား ရှိနေသည့် နိုင်ငံဖြစ်ကြောင်း မကြာခဏ ဝေဖန် ပြောဆိုခဲ့သည်။ ၂ဝဝ၂ ခုနှစ်တွင် လူ့အခွင့်အရေး လေ့လာ စောင့်ကြည့်မှုအဖွဲ့ HRW က မြန်မာနိုင်ငံ၌ ကလေးစစ်သားပေါင်း ၇ သောင်း (၇ဝ,ဝဝဝ) ခန့်ရှိသည်ဟု ခန့်မှန်းခဲ့သည်။ စစ်အစိုးရသည် အသက် မပြည့်သေးသည့် ကလေးငယ်များအား စစ်တပ်တွင် ခန့်ထားမှုကို ဟန်ပြ သက်သက်သာ ထိန်းချုပ်နေသဖြင့် ကလေးစစ်သား အရေအတွက်သည် လျော့ကျသွားခြင်း မရှိခဲ့ဟု လူ့အခွင့်အရေး လေ့လာ စောင့်ကြည့်မှု အဖွဲ့က ဆိုသည်။ ထိုသို့ဖြင့် ကံဆိုးရှာသည့် သူဇင်ဦးသည် ဒီဇင်ဘာ နေ့တနေ့တွင် ကလေးစစ်သား တဦး ဖြစ်လာခဲ့ရသည်။
သူသည် ဆင်မလိုက်သို့အသွား ဘုရင့်နောင်လမ်းဆုံတွင် ဘတ်(စ်)ကား ပြောင်းစီးရန်အတွက် နောက်လာမည့် ကားကို စောင့်ဆိုင်း နေစဉ် လူစိမ်းတဦးက သူ့ကို လက်ယပ် ခေါ်သဖြင့် ထိုသူထံ သွားခဲ့သည်။ ထိုလူစိမ်းက သူဇင်ဦးအား တနေ့လျှင် ဝင်ငွေမည်မျှ ရကြောင်း မေးရာ သူဇင်ဦးက ဝက်ခေါက်ရောင်းခြင်းမှ တနေ့လျှင် ပျမ်းမျှ ၁၅ဝဝ ကျပ်ခန့် ရတတ်ကြောင်း ပြန်ဖြေခဲ့သည်။ ထိုအခါ ထိုလူစိမ်းက သူဇင်ဦးအား စက်ပြင် ဆရာအဖြစ် လုပ်ကိုင်လျှင် ဝင်ငွေ ပိုမိုရလာမည် ဖြစ်ကြောင်းနှင့် စက်ပြင်ဆရာ အလုပ် ရရေးအတွက် သူကူညီနိုင်သည်ဟု ပြောခဲ့သည်။
“ကျနော် သူပြောတာကို အရမ်း စိတ်ဝင်စားသွားပြီးတော့ သူ့နောက်ကို လိုက်သွားခဲ့တယ်။ ကျနော့်မိဘတွေကို ကောင်းကောင်း ကျေးဇူး ဆပ်နိုင်တော့မယ် ဆိုတဲ့ အတွေးတွေနဲ့ပေါ့” ဟု သူဇင်ဦးက နောက်ကြောင်းပြန် ပြောပြခဲ့သည်။
သို့သော် မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် အုပ်ချုပ်နေကြသည်ဆိုသော နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (SPDC) စစ်အစိုးရကမူ ၎င်းတို့သည် အသက် ၁၈ နှစ်အောက် ကလေးများအား စစ်တပ်ထဲ အဝင်မခံရန် မူဝါဒ ချမှတ်ထားကြောင်း ထပ်တလဲလဲ ပြောဆို ခဲ့သော်လည်း ကလေးစစ်သား အသုံးပြုမှု တိုက်ဖျက်ရေး ညွန့်ပေါင်းအဖွဲ့ကမူ မြန်မာနိုင်ငံသည် အသက် ၁၂ နှစ်ခန့် ကလေးငယ်များကိုပင် အတင်းအဓမ္မ စစ်မှုထမ်းခိုင်းနေသည့် တခုတည်းသော အာရှ နိုင်ငံဖြစ်သည်ဟု ပြောဆိုခဲ့သည်။
အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဌာနမှ ဇွန်လက ထုတ်ပြန်ခဲ့သည့် လူကုန်ကူးမှု အစီရင်ခံစာတွင် မြန်မာနိုင်ငံအား လူ့အခွင့်အရေး ချိုးဖောက်မှု အများဆုံးနိုင်ငံ စာရင်းတွင် ထည့်သွင်းထားသည်။ ထိုအစီရင်ခံစာထဲတွင် “မြန်မာစစ်အစိုးရ၏ အတင်းအဓမ္မ လုပ်အားပေးရန် ခိုင်းစေမှုနှင့် ကလေးစစ်သားများ ခန့်ထားမှုတို့သည် စိုးရိမ်စရာ အခြေအနေတွင် ရှိနေပြီး လူကုန်ကူးမှု ပြဿနာနှင့်လည်း ဆက်စပ်နေသည်” ဟု ဆိုသည်။ ထိုအစီရင်ခံစာသည် မြန်မာ စစ်ခေါင်းဆောင်များမှ ပြဿနာ ပြေလည်အောင် အားထုတ်ဖြေရှင်းမှု မရှိခြင်းကိုလည်း အပြစ်တင် ဝေဖန်ထားသည်။
မြန်မာစစ်အစိုးရသည် နိုင်ငံတကာမှ ဖိအားပေးမှုများကို မလွန်ဆန်နိုင်သဖြင့် နိုင်ငံတကာ စံချိန် စံညွှန်းများအတိုင်း လိုက်နာကာ ကလေးစစ်သားများ ခန့်ထားနေမှုကို တိုက်ဖျက်ပါမည်ဟု သဘောတူညီခဲ့သည်။ အထူးသဖြင့် ၂ဝဝ၅ ခုနှစ် တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၁၆၁၂ မှ ကလေးစစ်သားများ အသုံးပြုမှုကို စောင့်ကြည့်ရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့ပြီး နောက်ပိုင်းတွင် ဟန်ပြ သဘောတူခဲ့ခြင်း ဖြစ်သည်။ ကုလသမဂ္ဂ အလုပ်သမား အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) နှင့် ပူးပေါင်းလုပ်ဆောင်ကာ အစိုးရကိုယ်တိုင် ၂ဝဝ၇ ခုနှစ်တွင် ဖန်တီး ပေးထားခဲ့သော တိုင်ကြားရေးစနစ်များဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို လျော့နည်းပပျောက်အောင် ဆောင်ရွက်ခဲ့သည်ဟု ဆိုသော်လည်း အသက် ၁၄ နှစ်မှ ၁၆ နှစ်ကြား ယောက်ျားလေးများအား အတင်းအဓမ္မ စစ်မှုထမ်းခိုင်းသည့် သတင်းများ ထွက်ပေါ်နေခဲ့သည်။
“စစ်တပ် ထိပ်ပိုင်း အရာရှိတွေကတော့ အသက် ၁၈ နှစ်အောက် ကလေးတွေကို စစ်တပ်ထဲမှာ လက်မခံဖို့ အမိန့်တော့ ထုတ်ထားတာပဲ။ ဒါပေမဲ့ စစ်တပ်က အောက်ခြေဝန်ထမ်းတွေမှာ သတ်မှတ်ပေးထားတဲ့ အရေအတွက်ရအောင် စစ်သားစုဆောင်းပေးရတဲ့ ပြဿနာက ရှိနေတယ်” ဟု ရန်ကုန်မှ ILO ဆက်ဆံရေးအရာရှိ စတိ(ဗ်)မာရှယ်က ဆိုသည်။
မာရှယ်က ဆက်ပြောရာတွင် တပ်ထဲမှ ထွက်ခွာသူသာ များနေပြီး တပ်ထဲဝင်ချင်သူ နည်းနေသဖြင့် တင်ရင်းမှူးများသည် စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်များမှ သတ်မှတ်ပေးထားသည့် အရေအတွက် ပြည့်မီရေးအတွက် အသည်းအသန် ကြိုးစားနေရသည်ဟု ဆိုသည်။
တပ်ရင်းမှူး တယောက်အနေဖြင့် စစ်တပ်ထဲသို့ ကလေးတယောက်ကို လက်ခံသွတ်သွင်းမိလျှင် ပြင်းပြင်းထန်ထန် သတိပေးခံရရုံနှင့် ငွေဒဏ်သာ ကျခံရမည်ဖြစ်သော်လည်း သတ်မှတ်ထားသည့် အရေအတွက် ပြည့်မီအောင် စစ်သားမစုဆောင်းနိုင်လျှင်မူ ရာထူးချခြင်း ခံရနိုင်သည်ဟု ၂ဝဝ၈ ခုနှစ်က ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂ အစီရင်ခံစာတခုတွင် ဆိုသည်။
ထို့ကြောင့် အခကြေးငွေယူကာ စစ်သားရှာဖွေ စုဆောင်းပေးသည့် ပွဲစားများ ပေါ်ပေါက်လာပြီး ရဲတချို့လည်း ပါဝင်ပတ်သတ်မှု ရှိနေသည်။ ကလေးတယောက် ရှာဖွေစုဆောင်းပေးလျှင် ငွေကျပ် သုံးသောင်းခန့် ပွဲစားအား ပေးရသည်ဟု မာရှယ်က ခန့်မှန်းထားသည်။
ဆင်းရဲနွမ်းပါးသော ကလေးများအား ငွေကြေး၊ အစားအသောက် စသည်တို့ဖြင့် မက်လုံးပေးကာ သွေးဆောင်ဖြားယောင်းရန် လွယ်ကူသဖြင့် ပွဲစားများက ပစ်မှတ်ထားလာကြပြီး ထိုကလေးငယ်များ အဖော်မပါပဲ တယောက်တည်း သွားလာနေသည့် အခါမျိုးတွင် လှည့်ဖျားခံရလေ့ ရှိသည်ဟု လူ့အခွင့်အရေး လေ့လာစောင့်ကြည့်မှု အဖွဲ့ (HRW) က ဆိုသည်။ ကလေးစစ်သားများ၏ သုံးပုံတပုံသည် ထိုနည်းလမ်းများဖြင့် စစ်တပ်ထဲသို့ လှည့်ဖျားသွတ်သင်းခံထားရခြင်း ဖြစ်သည်ဟု အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) က ဆိုသည်။ အကယ်၍ ကလေးများက လှည့်ဖျားမှုကို ငြင်းဆန်လျှင်လည်း စစ်ထဲမဝင်လျှင် အမှုဆင်ကာ ဖမ်းဆီးမည်ဟု စစ်သားစုဆောင်းသူများက ခြိမ်းခြောက်လေ့ရှိသည်။
“စစ်သားစုဆောင်းတဲ့ ပွဲစားတွေက ကလေးတွေကို ဝင်ငွေကောင်းတဲ့ အလုပ်တွေ ရှိတယ်ဆိုပြီး ညာကြတယ်။ ကလေးတွေကလည်း သူတို့ လက်ဖက်ရည်ဆိုင် ဒါမှမဟုတ် တနေရာရာမှာ လက်ရှိအလုပ်ထက် ပိုကောင်းတဲ့ အလုပ်ရမယ်ထင်ပြီး သွေးဆောင်တဲ့နောက် ပါသွားကြတယ်။ နောက်မှ တပ်ထဲရောက်သွားမှ သူတို့ အညာခံရမှန်း သိကြတယ်” ဟု မာရှယ်က ပြောသည်။
သူဇင်ဦးသည် အလုပ်ကောင်းကောင်းရမည်ဟု အာမခံသော ပွဲစား၏ စကားကို ယုံမိသည့်အတွက် ပွဲစားနှင့်အတူ လိုက်သွားခဲ့ပြီး ဒညင်းကုန်း စစ်သားစုဆောင်းရေးဌာနသို့ ရောက်မှ သူအလိမ်ခံလိုက်ရပြီဆိုတာကို သိခဲ့သည်။ အချိန်တိုအတွင်း၌ပင် သူ့ဘဝသည် ထင်မှတ်မထားသည့် ဒုက္ခအခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရပြီး သူသည် ကိုယ်ပိုင်အမှတ် ၄၂၇၄၃၈ ဖြင့် စစ်သားတဦး ဖြစ်လာခဲ့သည်။ ထိုနေ့ညတွင် သူသည် ဘဝတူ အခြားကလေးများနှင့်အတူ သော့ခတ်ထားသည့် ကားရထားဖြင့် ခေါ်ဆောင်သွားခြင်း ခံခဲ့ရသည်။
“အဲဒီ့တွဲထဲမှာ ကျနော်နဲ့ ရွယ်တူ ကလေး ၁ဝဝ လောက် ပါတယ်။ ကျနော်တို့ထွက်ပြေးမှာ စိုးလို့ အပေါ့အပါး သွားခွင့်လည်း မပေးဘူး။ အဲဒါကြောင့် ကျနော်တို့ထဲက တယောက် ကြမ်းပြင်ပေါ်မှာ သေးထွက်ကျ သွားတယ်။ သူ့ကို ရိုက်နှက်ပြီး အပြစ်ပေးကြတယ်” ဟု သူဇင်ဦးက ပြောပြသည်။ ထိုညတွင် သူတို့ကို မြောက်ဘက်ရှိ ပဲခူးတိုင်း တောင်ငူခရိုင်ရှိ ရေတာရှည် လေ့ကျင့်ရေး တပ်စခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။
လေ့ကျင့်ရေးကာလ ၁၈ ပတ် အတွင်းတွင် အထက်အရာရှိများက သူဇင်ဦးအား အနိုင်ကျင့်ကာ ကြံများ ဖြတ်ခိုင်းခြင်း၊ သယ်ခိုင်းခြင်း စသည့် အလုပ်ကြမ်းများကို လုပ်ခိုင်းခဲ့သည်။ သူ့ သူငယ်ချင်းတဦးဆိုလျှင် နိုင်ငံတော်သီချင်း ဆိုရာတွင် အသံတိုးသဖြင့် ခေါင်းကို ဝါးလုံးနှင့်ရိုက်ကာ ဆုံးမခံခဲ့ရသည်ဟု ဆိုသည်။
ကလေးစစ်သားအသုံးပြုမှု တိုက်ဖျက်ရေး ညွန့်ပေါင်းအဖွဲ့၏ အစီရင်ခံစာတွင် ကလေးစစ်သားများသည် တိုက်ပွဲများတွင်လည်း ပါဝင်တိုက်ခိုက် ကြရပြီး၊ ပေါ်တာ၊ ကင်းထောက်၊ ကင်းစောင့်၊ ထောက်လှမ်းရေး လုပ်ငန်းများနှင့် ချက်ပြုတ်ခြင်းစသည့် အလုပ်များကိုပါ လုပ်ဆောင်ကြရလေ့ ရှိသည်ဟု ဆိုသည်။ စစ်တပ်မှ ထွက်ပြေးရန် ကြိုးစားသူများအားလည်း စစ်ပြေးအဖြစ် သတ်မှတ်ကာ ထောင်ဒဏ် ၅ နှစ်အထိ အပြစ်ပေးနိုင်သည်ဟု ဆိုသည်။
လေ့ကျင့်ရေးကာလ ပြီးဆုံးခါနီးတွင် သူဇင်ဦးသည် မိဘများနှင့် တွေ့ဆုံခွင့် ရခဲ့ပြီး သူစစ်တပ်တွင် မပျော်ရွှင်ဘဲ အိမ်ကိုသာ ပြန်လာချင်နေသည်ဟု မိဘများအား ပြောဆိုခဲ့သည်။ ထို့ကြောင့် သူ၏ မိဘများသည် ILO နှင့် ဆက်သွယ်၍ အကူအညီ တောင်းခံခဲ့ရာ ILO မှ သူဇင်ဦး၏ ကိစ္စကို စုံစမ်းဆောင်ရွက်ခဲ့ပြီး အသက်အရွယ်ကိုလည်း အတည်ပြုခဲ့သည်။ ILO ၏ ကူညီဆောင်ရွက်ပေးမှုကြောင့် သူဇင်ဦးသည် ဇွန်လ ၈ ရက်နေ့က စစ်တပ်မှ ထွက်ခွာခွင့် ရခဲ့သည်။
ပြီးခဲ့သည့်နှစ် ဧပြီလမှ ယခုနှစ် ဧပြီလအတွင်း ILO သို့ တိုင်ကြားခဲ့သည့် ကလေးစစ်သား ကိစ္စပေါင်း ၁၂၈ ခုရှိခဲ့သည်ဟု သိရပြီး ၂ဝဝ၇ ဧပြီလမှ ၂ဝဝ၈ ဧပြီလအတွင်း တိုင်ကြားခဲ့ကြသည့် အရေအတွက် ၅ဝခု နှင့် နှိုင်းယှဉ်ကြည့်လျှင် ၂ ဆခွဲခန့် မြင့်တက်လာခြင်း ဖြစ်သည်။
“ကလေးစစ်သားကိစ္စ တိုင်ကြားလာမှုတွေ သိသိသာသာ မြင့်တက်လာပါတယ်။ အကောင်းဘက်ကနေ ကြည့်မယ်ဆိုရင်တော့ လူတွေဟာ ဥပဒေတွေ၊ အခွင့်အရေးတွေကို နားလည်လာကြပြီး ဒီလိုကိစ္စတွေကို တိုင်ရမှန်း သိလာကြပြီလို့ ထင်ပါတယ်” ဟု မာရှယ်က ပြောခဲ့သည်။
စစ်အစိုးရနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) သည် မြန်မာနိုင်ငံသူ နိုင်ငံသားများ လူ့အခွင့်အရေးနှင့် အလုပ်သမား အခွင့်အရေးများအား သတိပြုမိလာစေရန် ပူးပေါင်းလုပ်ဆောင်ခဲ့ကြသည်ဟု မာရှယ်က ဆိုသည်။ စစ်အစိုးရသည် စစ်ဘက်ဆိုင်ရာ အရာရှိများအား လူ့အခွင့်အရေးနှင့် ပတ်သက်သော အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ပေးခဲ့ပြီး ILO သည် အလုပ်သမား ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ဒေသတွင်း အာဏာပိုင်များအတွက် အလုပ်သမား အခွင့်အရေး သင်တန်းများ စီစဉ်ပို့ချပေးခဲ့သည်။
ဥပဒေကြောင်းအရ လူတဦး၏ ရပိုင်ခွင့်များနှင့် အကယ်၍ လူ့အခွင့်အရေး ချိုးဖောက်ခြင်း ခံရပါက မည်ကဲ့သို့ တိုင်ကြားရမည်ကို ရှင်းလင်းဖော်ပြထားသော လက်ကမ်းစာရွက် များကိုလည်း ယခုလမှ စတင်၍ အစိုးရခွင့်ပြုချက်ဖြင့် ဖြန့်ဝေနေကြသည်။
“အစိုးရနဲ့ ညှိနှိုင်းပြီး ပူးပေါင်းလုပ်ဆောင်နိုင်လို့ အခြေအနေတွေ တိုးတက်လာပါတယ်။ စစ်မှုထမ်းနေရတဲ့ ကလေးစစ်သားတွေ တပ်ထဲကနေ ထွက်ခွင့် ပိုရလာကြပါပြီ” ဟု မာရှယ်က ဆိုသည်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) အနေဖြင့် တိုင်ကြားချက် ၃ ခုမှအပ ကျန်သော ကလေးစစ်သား အမှုအားလုံးတွင် ကလေးများ တပ်ထဲမှ ထွက်ခွင့်ရရှိရန် ကူညီဆောင်ရွက်ပေးနိုင်ခဲ့သည်။ ထိုအမှု ၃ ခုအနက် တခုတွင် ကလေးတဦးအား ရှာဖွေဆောင်ရွက်နေဆဲဖြစ်ပြီး ကျန်အမှု ၂ ခုတွင် ကာယကံရှင်များ ကိုယ်တိုင်က စစ်တပ်ထဲတွင် ဆက်လက်အမှုထမ်းလိုနေသည်ဟု မာရှယ်က ဆိုသည်။
“မိဘတွေကလည်း သေချာတိုင်ကြားမယ်။ ကျနော်တို့အနေနဲ့လည်း ကလေးတွေ အသက်ကို အတည်ပြုနိုင်မယ်ဆိုရင် ကလေးတွေ တပ်ထဲက ထွက်ခွင့်ရဖို့ ကိစ္စကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ပါတယ်။ ဆောင်ရွက်ချက်တွေ အောင်မြင်တဲ့နှုန်း အရမ်းကို မြင့်ပါတယ်။ ကျနော့်အမြင်ကို ပြောရရင် ကျနော်တို့ဘက်က အထောက်အထား ခိုင်ခိုင်လုံလုံ ပြနိုင်မယ်ဆိုရင် အစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အားရကျေနပ်စရာ ကောင်းပါတယ်” ဟု မာရှယ်က ပြောသည်။
အခြားတဖက်တွင်မူ ကလေး၏ အသက်ကို အတည်ပြုရန်အတွက် အထောက်အထားများ ရှာဖွေရသည်မှာ အလွန်ခက်သည်ဟု ဆိုသည်။ ထိုကဲ့သို မွေးသက္ကရာဇ် အထောက်အထား ရှာဖွေရသည်မှာ ရက်သတ္တပတ် အနည်းငယ်မှ လပေါင်းများစွာတိုင်အောင် ကြာမြင့်သွားနိုင်သည်ဟုလည်း ဆိုသည်။ စစ်မှုထမ်းနေရသည့် ကလေး အသက် ၁၈ နှစ် မပြည့်သေးကြောင်း သက်သေပြရန်အတွက် ILO သည် တရားဝင် အထောက်အထား စာရွက်စာတမ်းများ လိုအပ်သည်ဟု ဆိုသည်။
“မြန်မာနိုင်ငံမှာ တရားဝင် မွေးစာရင်းလက်မှတ် မရှိကြတာ များတယ်။ ပြီးတော့ ဆင်းရဲတဲ့ မိသားစုတွေမှာ ကလေးတွေကို ကျောင်းမထားကြတာ များတော့ အသက်အမှန်တွေကို တရားဝင် သက်သေပြဖို့ ခက်တယ်” ဟု မာရှယ်က အခက်အခဲများကို ပြောပြသည်။
မာရှယ်က သူ၏ ထင်မြင်ချက်ကို ဆက်လက်ပြောပြရာတွင် မြန်မာနိုင်ငံသား တော်တော်များများသည် ကလေးစစ်သားကိစ္စကို ဖြစ်ရိုးဖြစ်စဉ်အဖြစ် ယူဆထားကြပြီး တစုံတရာ ဆောင်ရွက်လိုစိတ် မရှိကြဟု ဆိုခဲ့သည်။ ကလေးများ စစ်ထဲသို့ သွတ်သွင်းခံနေရသည့် ကိစ္စကို မှားမှန်းသိသူများကလည်း အာဏာပိုင်များအား ထိုကိစ္စကို ထောက်ပြရန် မဝံ့မရဲ ဖြစ်နေကြသည်ဟု မာရှယ်က ပြောသည်။
ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေးပညာပေးအဖွဲ့ (မြန်မာနိုင်ငံ) (HREIB) မှ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက ပြောကြားရာတွင် ကလေးစစ်သားကိစ္စများ တိုင်ကြားမိလျှင် အရေးယူခံရမည်ကို စိုးရိမ်နေကြသည့်အတွက် ILO သို့ တိုင်ကြားသည့် အမှုအရေအတွက်မှာ အမှန်တကယ် ဖြစ်ပွားနေသည့် အရေအတွက်ထက် များစွာ လျော့နည်းနေသည်ဟု ဆိုသည်။ သူက ကလေးစစ်သားကိစ္စများအား တိုင်ကြားခဲ့ကြသူ တချို့ အာဏာပိုင်များ၏ အဖမ်းခံခဲ့ရ၊ ခြိမ်းခြောက်မှု၊ နှောင့်ယှက်မှုများ ခံခဲ့ရသည့် အတိတ်က ဥပမာများကို ရည်ညွှန်းပြောဆိုခဲ့သည်။
“ILO က ဆောင်ရွက်ပေးတဲ့ ကလေးစစ်သားအမှုတွေ အားလုံးလိုလို အောင်မြင်သွားတယ် ဆိုပေမယ့် ILO ကို ရောက်မလာတဲ့ အမှုတွေ ရာပေါင်းများစွာ ရှိနေပါတယ်” ဟု ဦးအောင်မျိုးမင်းက ဆိုသည်။
သူက သူ၏ အမြင်ကို ဆက်လက်ပြောပြရာတွင် စစ်အစိုးရ၏ ကလေးစစ်သားကိစ္စ ဖြေရှင်းမှုများသည် လူကြားကောင်းအောင် ဟန်ဆောင်မှု သက်သက်သာ ဖြစ်သည်ဟု ဆိုသည်။
“ကလေးစစ်သားတွေ ရှိနေတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတကာမှာ သူတို့ မျက်နှာ မပျက်ချင်တော့ဘူးလေ။ တကယ်လို့ သူတို့ တကယ်ပပျောက်အောင် လုပ်ချင်ရင် သူတို့ အမိန့်ပေးတဲ့အတိုင်း လိုက်လုပ်မယ့် စစ်တပ်ပဲ။ သူတို့စစ်တပ်ကို သူတို့ လူကြားကောင်းရုံသက်သက် အပြစ်တင်နေရုံလေးနဲ့တော့ မလုံလောက်ပါဘူး။ သူတို့မှာ ကလေးစစ်သား ခန့်ထားတာတွေကို တားမြစ်နိုင်တဲ့ အာဏာတွေ၊ အဲလို ကလေးစစ်သား ခန့်ထားတဲ့ သူတွေကို အရေးယူနိုင်တဲ့ အာဏာတွေ ရှိနေတာပဲ” ဟု ဦးအောင်မျိုးမင်းက ဝေဖန်ပြောဆိုခဲ့သည်။
Ref: မဇ္ဈိမ
နေ့စဉ်သတင်းများ (၄ - ၀၇ - ၁၀)
■ ပလိပ်ရောဂါ လူသို့ စတင်ကူးစက်နေ သတင်း
■ ကိုဇာဂနာ လွတ်မြောက်ရေး လှုပ်ရှား သတင်း
■ စိစစ်ရေးသစ်လက်စွမ်း မဂ္ဂဇင်းထုတ်စရာ စာမကျန် သတင်း
■ အသျှင်ဥက္ကံသ ထောင်ဆေးရုံတင်ထားရ သတင်း
■ အကျဉ်းကျနေသည့် အဖွဲ့ချုပ်ဝင်တဦး ကျန်းမာရေးမကောင်း သတင်း
■ ဓားပြများကို နှိမ်နှင်းရန် အထူးရဲတပ်ဖွဲ့များကို နယ်စပ်သို့ စေလွှတ်ပြီ သတင်း
■ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင်ဦးနှင့်အဖွဲ့ တရုတ်ပြည် ခရီးထွက် သတင်း
■ ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီလူ့အဖွဲ့အစည်း အခမ်းအနားတွင် မြန်မာ့အရေး ဆွေးနွေး သတင်း
■ အန်ဒီအက်ဖ်ပါတီ ခမောက်တံဆိပ်သုံးစွဲခြင်းကို ကန့်ကွက်စာတင်မည် သတင်း
■ ငါးထောင်ကျပ်တန်အား အသုံးပြုရာတွင် အခက်အခဲများ ရှိနေ သတင်း
■ မော်တော်ဆိုင်ကယ် မိတ်အင် ပခုက္ကူ သတင်း
■ အလှခတ် ခြင်းအသင်းပေါင်း (၁၅၀၀) ခန့် မန္တလေးခြင်းပွဲတော်တွင် အစွမ်းပြနေ သတင်း
■ လူငယ်များနှင့် အန်ဂျီအိုယဉ်ကျေးမှု သတင်း
■ ရခိုင်ရေဘေးဒုက္ခသည်များ အကူအညီ လိုအပ်နေဆဲဟု ကုလသမဂ္ဂက ထုတ်ပြန် သတင်း
■ ကျောင်းသားနဲ့ အစိုးရ ရန်သူလား (ဆွေးနွေးဖလှယ်)
■ အမေရိကန် လွတ်လပ်ရေးနေ့ နိုင်ငံတ၀န်း ကျင်းပ သတင်း
■ ပိုလန်ရွေးကောက်ပွဲ ယာယီသမ္မတနဲ့ စိန်ခေါ်သူ အကြိတ်အနယ် သတင်း
Sunday, July 4, 2010
နေ့စဉ်သတင်းများ (၃ - ၀၇ - ၁၀)
■ ကမ္ဘာ့ဒီမိုကရေစီညီလာခံတက်သူကို ပြည်တွင်း NLD ကန့်ကွက် သတင်း
■ ကေအဲန်ယူ အခြေခံစစ်သင်တန်း အောင်မြင်စွာ ပြီးဆုံး သတင်း
■ အကျဉ်းကျ မွန် ဦးဇင်း ကျန်းမာရေးအခြေအနေဆိုး သတင်း
■ အင်းစိန်ထောင် နိုင်ငံရေးအကျဉ်းသားများ ဆေးကုခွင့်မရ သတင်း
■ သဲကုန်းဆရာတော် ဦးဉာဏိသရထံ ပြည်သူ့ဂုဏ်ရည်မိတ်ဆွေများက ဂုဏ်ပြုမှတ်တမ်းလွှာ သတင်း
■ ဦးတင်ဦးနှင့် ဦးဝင်းတင်တို့ နိုင်ငံရေးအကျဉ်းသားမိသားစုများနှင့် တွေ့ဆုံ သတင်း
■ အမျိုးသားဒီမိုကရေစီအင်အားစု(အန်ဒီအက်ဖ်)က ခမောက်ပြဿနာ ဖြေရှင်း သတင်း
■ ခလုတ်ကန်သင်းများတဲ့ ရွေးကောက်ပွဲ သတင်း
■ အသစ်ပြောင်းလဲလာသည့် စာပေစိစစ်ရေးကြောင့် သတင်းဂျာနယ်များ အခက်တွေ့ သတင်း
■ အမေရိကန်၊ စနစ်တကျဘိလပ်မြေ၊ ရွေးကောက်ပွဲအောင်မြင်ရေးဂျာနယ် သတင်း
■ ရနောင်းမြို့တွင် ယာယီနိုင်ငံကူးလက်မှတ်ရုံးသစ် ဖွင့် သတင်း
■ မလေးရှားရောက် စားသောက်ဆိုင် အလုပ်သမား မြန်မာတဦး သေဆုံး သတင်း
■ သောက်ရေပြတ်လပ်မှုကြောင့် ရေတွင်း၊ ရေကန် တူးဖော်မှု လုပ်နေရဆဲ သတင်း
■ သဘာဝမျှခြေ ပျက်စီးမှုကြောင့် ကြွက်များ အစုလိုက် ပြောင်းရွှေ့ သတင်း
■ နိုင်ငံတကာမော်ဒယ်ပြိုင်ပွဲ မြန်မာအမျိုးသမီး (၃) ဦး ပြိုင်မည် သတင်း
■ ကမ္ဘာ့ဖလားဗိုင်းရပ်စ် ကိုက်နေသူများ (ဆောင်းပါး)
■ သကြားတပန်းကန်၊ ဓာတ်ဗူးတလုံးနှင့် ဖြာတချပ် (ဆောင်းပါး)
■ စစ်တပ်ကြီး စစ်တိုက်ဖို့ ချီတက်လာတဲ့ အတိုင်းပဲ (ဆောင်းပါး)
BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88