Friday, March 2, 2012

Monthly News Commentary - February 2012 (Eng)

PDC Monthly News Commentary - February 2012 (Eng)

Wednesday, February 29, 2012

တိုင်းရင်းသားချင်းဖဲ့ထုတ်စည်းရုံးမှု အား KNU လက်မခံနိုင်

28 February 2012
နန်းသူးလေ

အပစ်အခတ်ရပ်စဲနိုင်ခြင်းမရှိသော တိုင်းရင်းသားအဖွဲ့အစည်းများ မပါဝင်ဘဲ အစိုးရဘက်က နိုင်ငံရေးတွေ့ဆုံမှု ပြုလုပ်မည့်အစီအစဉ်မှာ တိုင်းရင်းသား အချင်းချင်းဖဲ့ထုတ် စည်းရုံးခြင်းသာဖြစ်ကြောင်း ကရင့်အမျိုးသားအစည်း အရုံး( KNU)က ပြောသည်။

KNU ဒုဥက္ကဌ ပဒိုဒေးဗစ်သာကဘောက “ကေအဲန်ယူရဲ့ သဘောထားကတော့ ပစ်ခတ်ရပ်စဲရေးကို ခိုင်မာ အောင်လုပ်ပါ။ တစ်ပြည်လုံး အတိုင်းအတာနဲ့ လုပ်ပါလို့ အမြဲတမ်းပြောတယ်။ ရတဲ့အဖွဲ့လေးနဲ့ပဲ တွေ့ဆုံဆွေးနွေး သွားမယ်ဆိုတာ ဖဲ့ထုတ်စည်းရုံးတဲ့ လုပ်ငန်းပဲ။ အဲ့ဒါ ကတော့ လက်မခံနိုင်ဘူး” ဟု ပြောသည်။

Read More...

မြန်မာအစိုးရနှင့်အပစ်ရပ်ရေး အဆင့်တွေ့ဆုံဆွေးနွေးမည့် KNPP ကို လူထုကြိုဆို

28 February 2012
စောခါးစူးညား

လာမည့်မတ်လပထမအပတ်၌ ကရင်နီ(ကယား)ပြည်နယ်မြို့တော် လွိုင်ကော်တွင် မြန်မာအစိုးရနှင့် အပစ်ရပ် ရေးအဆင့် တွေ့ဆုံဆွေး နွေးမည့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ-KNPP ကို ကရင်နီလူထုများက ကြိုဆို ကြောင်း သိရသည်။

လွိုင်ကော်မှ လူငယ်တဦးက “သူတို့(KNPP)ပြန်လာမယ့်နေ့ကို သွားကြိုမှာပဲ။ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံမယ်ဆိုတော့ အစိုးရနဲ့ လက် မှတ်ထိုးသည် ဖြစ်စေ၊ မထိုးသည်ဖြစ်စေ ပြန်လာမယ့်သူတွေကိုတော့ ကြိုဆိုတယ်။ လူထုတော်တော်များများလည်း ကြိုဆိုမယ်လို့ ယုံကြည်တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

Read More...

အစိုးရတပ်မှ ခရီးသည်နှင့် လူကယ်ရီများထံ ငွေကြေးရယူပြီး တရားမ၀င်ဆိုင်ကယ်များကို လည်း နေ့စဉ်ပေးသွင်း

28 February 2012
စောသိန်းမြင့်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် နယ်စပ်ဒေသတွင် လှုပ်ရှားနေသည့် အစိုးရစစ်တပ်များသည် ယခုရက် ပိုင်းအတွင်းခရီးသည်နှင့် လူ ကယ်ရီများထံ ငွေကြေး ရယူပြီး ထိုင်းမှ တရားမ၀င်ဆိုင်ကယ်များ ကိုလည်း နေ့စဉ်ပေးဝင်လျှက်ရှိသည်ဟု သိရသည်။

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်မှ မြန်မာနိုင်ငံဘက်ခြမ်း ထားဝယ်မြို့အထိ ဖောက်လုပ်ထားသော အာစီယံလမ်းကြောင်းတလျှောက် အခြေ စိုက်သည့် အစိုးရစစ်တပ် စစ်ဆင်ကွပ်ကဲရေး ဌာနချုပ်-စကခ (၈နှင့်၂၀)မှ စစ်ဗျူဟာ ၂ ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့ဝင်များသည် နယ်စပ် စခန်းအပါအ၀င် ခရီးသည်နှင့် လူမှောင်ခို ပို့သူများထံမှ ငွေကြေးရယူသည့်အပြင် တရားမ၀င် ဆိုင်ကယ်များကိုလည်း နေ့စဉ် ပေးဝင်ခြင်း ဖြစ်သည်။

Read More...

မြစ်ဆုံ တန်ဖရဲရွာသားများကို မူရင်းရွာ ပြန်မနေဖို့ ဖိအားပေး

ဇော်ရှန်
ဖေဖေါ်ဝါရီလ ၂၈ ရက် ၂၀၁၂ ခုနှစ်

ကချင်ပြည်နယ် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကြောင့် ရွှေ့ပြောင်းပေးခဲ့ရသည့် မြစ်ဆုံ အနီး တန်ဖရဲ ရွာသားများအား စီမံကိန်း ရပ် ဆိုင်းလိုက်သော်လည်း နေရပ်ရွာသို့ ပြန်လည်နေထိုင်ခွင့် မပြုကြောင်း သိရသည်။

ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့တွင် မြစ်ကြီးနားခရိုင် အုပ်ချုပ်ရေးမှူးက တန်ဖရဲရွာသားများအား မိမိရွာသို့ ပြန်လည် နေထိုင်ခြင်း မပြုတော့ရန် အောင်မြင်သာ စံပြရွာသို့ လာရောက် ပြောဆိုခဲ့ပြီး နောက်တနေ့တွင် ဝန်ခံလက်မှတ် ထိုးခိုင်းကြောင်း ဒေသခံတဦး က ပြောသည်။

“၂၅ ရက်နေ့မှာ ခရိုင်အုပ်ချုပ်ရေးမှူးလာပြီးတော့၊ ရွာမှာ အစည်းအဝေးလုပ်ပြီးတော့ တန်ဖရဲမှာ တောင်ယာ လုပ်ချင် လုပ်ရမယ်။ ဒါပေမယ့် ပြောင်းပြီးမနေရဘူး ဆိုပြီး ပြောသွားတယ်။ ၂၆ ရက်နေ့မှာတော့ တအိမ်တက်ဆင်း ခံဝန် လိုက်ထိုးခိုင်းတယ်”ဟု ဒေသခံ တဦးက ပြောပြသည်။

Read More...

ဒေါ်စုကို မကြိုဖို့ မြန်မာ့အသံ ဝန်ထမ်းများကို ညွှန်/ချုပ် သတိပေး

ကျော်ခ
ဖေဖေါ်ဝါရီလ ၂၈ ရက် ၂၀၁၂ ခုနှစ်

ရုပ်မြင်သံကြားမှတဆင့် ပါတီ မဲဆွယ်စည်းရုံးရေး ဟောပြောရန်အတွက် နေပြည်တော် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဌာနသို့ လာ ရောက် မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဝန်ထမ်းများအနေဖြင့် ကြိုဆိုနှုတ်ဆက်ခြင်း မပြု လုပ်ရန် ဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းအောင် က သတိပေး ပြောဆိုထားကြောင်း သိရသည်။

နေပြည်တော် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဌာန ဝန်ထမ်းများအား သောကြာနေ့ မနက်ပိုင်းက သီးသန့် အစည်းအဝေး တရပ် ခေါ်ယူကာ ယင်းကဲ့သို့ သတိပေး ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း အစည်းအဝေး တက်ရောက်ခဲ့သူ ဝန်ထမ်းများက ပြောသည်။

Read More...

ဒေါ်စုကို ကန့်ကွက်မှု တိုင်းကော်မရှင် အပြီးပြတ်ပယ်ချ

မျိုးသန့်
ဖေဖေါ်ဝါရီလ ၂၈ ရက် ၂၀၁၂ ခုနှစ်

ဒေါ်အောင်ဆန်းစုကြည်အား လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းမှု ကန့်ကွက်လွှာကို ရန်ကုန်တိုင်း ရွေး ကောက်ပွဲ ကော်မရှင်မှ ပယ်ချလိုက်ပြီး တချိန်တည်းတွင် လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အသိအမှတ်ပြုလိုက်ပြီဟု ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက မဇ္ဈိမကို ပြောသည်။

"အယူခံလွှာကို တိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲက ပလပ်လိုက်ပါတယ်။ ကိုယ်စားလှယ် လောင်းတွေကိုလည်း ဒီနေ့ ထုတ်ပြန်ခိုင်း လိုက်ပါပြီ။ ၃:၃ဝ လောက်က အန်ကယ်တို့ ထုတ်ပြန်ခိုင်းလိုက်ပြီ" ဟု ဦးကိုကို က ပြောသည်။

Read More...

Tuesday, February 28, 2012

NLD မဲဆွယ်ပွဲ အနုပညာရှင်များ လိုက်ပါကူညီမည်

2012-02-27

ပြင်ဦးလွင်၊ စစ်ကိုင်း၊ ပုလဲ၊ ပခုက္ကူမြို့နယ်တွေကို အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သွားရောက် မဲဆွယ်တဲ့အခါ နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင်တွေ အဆိုတော်တွေနဲ့ ဟာသပညာရှင်တွေ ရုပ်ရှင်ဒါရိုက်တာတွေ ကိုယ်တိုင် လိုက်ပါကူညီဖို့ ရှိကြောင်း သိရပါတယ်။

အနုပညာရှင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဒီကနေ့ညနေ ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အခုလို ဆုံးဖြတ်ခဲ့ကြတာလို့ ရုပ်ရှင်ဒါရိုက်တာ ဝိုင်းက အာအက်ဖ်အေကို ပြောပါတယ်။

Read More...

ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှတ်ပုံပြန်တင်မည်

2012-02-27

ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD ကို လာမယ့် မတ်လ ပထမပတ်ထဲမှာ ပြန်လည် မှတ်ပုံတင်ဖို့ ပါတီတည်ထောင်လိုသူ ပုဂ္ဂိုလ် ၁၅ ဦးကို ရွေးချယ်ထားပြီး လိုအပ်တဲ့ စာရွက်စာတမ်းကိစ္စ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ခုလို ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဟာ ပါတီ မှတ်ပုံပြန်တင်ပေမယ့် လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ပါဝင်နိုင်မှာ မဟုတ် ဘူးလို့ ဦးစိုင်းလိတ်က ပြောပါတယ်။ ကြားဖြတ် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်းစာရင်းကို ဇန်နဝါရီ ၃၁ ရက် နောက်ဆုံးထားပြီး ကော်မရှင်ကို ပေးပို့ရမယ်ဆိုတဲ့ သတ်မှတ်ချက် ရှိထားတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

Read More...

ထားဝယ်မှာ ခြံမြေတွေ ဈေးနှိမ် အ၀ယ်ခံနေရ ဒေသခံတွေပြော

2012-02-27

ထားဝယ် ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုံ ဖော်ဆောင်တဲ့ ထိုင်းအခြေစိုက် အီတာလျံ-ထိုင်း ကုမ္ပဏီဟာ ရေဖြူမြို့နယ် ဘ၀ါ ကျေးရွာမှာ ဘူဒိုဇာတွေနဲ့ မြေနေရာတွေ ရှင်းလင်းနေပြီး စက်မှုဇုံလုပ်မယ့် နဘူးလည်ရွာမှာ လျော်ကြေး မပေးတော့ဘဲ ဥယျာဉ်ခြံ မြေတွေကို ဈေးနှိမ်ပြီး လိုက်ဝယ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရော်ဘာခြံတွေကို မတန်တဆဈေးနဲ့ ၀ယ်နေတာလို့ နဘူးလည် ရွာခံတစ်ဦးကပြောပါတယ်။

Read More...

ကချင်အမျိုးသမီး ဒေါ်ရွယ်ဂျာကို ဖမ်းဆီးထားခြင်း မရှိဟု မပခ ငြင်းဆို

ဖနိဒါ
ဖေဖေါ်ဝါရီလ ၂၇ ရက် ၂၀၁၂ ခုနှစ်

တဖက်မှ စွပ်စွဲထားသည့်အတိုင်း ကချင်အမျိုးသမီး ဒေါ်ဆွမ်းလွတ် ရွယ်ဂျာကို ဖမ်းဆီးထားခြင်း မရှိကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာန ချုပ် (မပခ)မှ နေပြည်တော် ပြည်ထောင်စု လွှတ်တော်တရားရုံးသို့ ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့က လျှောက်လဲခဲ့သည်ဟု သိရသည်။

မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲ ခိုင်ဗန်ကျေးရွာမှ ကလေးတဦး မိခင် ဒေါ်ရွယ်ဂျာ၏ အဖြစ်မျိုး မရှိကြောင်း မပခ လက်အောက်ခံ ခမရ ၃၂၁ နှင့် ခလရ ၃၇ တို့မှ ဗိုလ်ကြီးတဦးနှင့် ဗိုလ်မှူးတဦးတို့က ထိုသို့ လျှောက်လဲချက်ပေးခဲ့ခြင်း ဖြစ်ကြောင်း ဒေါ်ရွယ်ရဂျာ၏ ရှေ့နေ ဦးမားခါး က မဇ္ဈိမကို ပြောသည်။

Read More...

ရတနာပုံ Web Portal ဌာနကြီးမှူး၏ အာဏာသုံး ခြိမ်းခြောက်မှု သမ္မတထံ တိုင်မည်

ကျော်ခ
ဖေဖေါ်ဝါရီလ ၂၇ ရက် ၂၀၁၂ ခုနှစ်

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ် အခြေစိုက် သတင်းနှင့် ဆက်သွယ်ရေး ဝန်ဆောင်မှုများ ပြုလုပ်ပေးနေသော ရတနာပုံ Web Portal ၏ ဌာနကြီးမှူး ဗိုလ်မှူးကြီးဟောင်း ဦးမျိုးညွှန့်အောင် ကို အောက်ခြေ ဝန်ထမ်းများအား အတင်းအားဓမ္မ အလုပ်ပြောင်းရွှေ့မှု၊ အာဏာသုံး ခြိမ်းခြောက်မှုတို့ဖြင့် သမ္မတ ဦးသိန်းစိန်ထံ တိုင်တန်းရန် ဝန်ထမ်း ၈၀ ကျော်က ပြင်ဆင်နေကြသည်။

ရတနာပုံ Web Portal နှင့် လုပ်ငန်းခွဲ ဆိုလာစက်ရုံတို့တွင် ဌာနကြီးမှူး တာဝန် ယူထားသူ ဦးမျိုးညွှန့်အောင် က Web Portal တွင် လုပ်ကိုင်နေသော ဝန်ထမ်းအချို့၏ ဆန္ဒကို မေးမြန်းခြင်းမရှိဘဲ ဆိုလာစက်ရုံသို့ အတင်းအားဓမ္မ ပြောင်းရွှေ့ လုပ်ခိုင်းစေခြင်း နှင့် ဝန်ထမ်းများအား အာဏာသုံး၍ ကြိမ်းမောင်းဆဲဆိုခြင်းများ ပြုလုပ်ခဲ့သည်ဟု ကာယကံရှင် ဝန်ထမ်းများက ပြောသည်။

Read More...

အနောက်ကြောင့် တရုတ်နှင့်ဆက်ဆံရေး ထိခိုက်ခံမည်မဟုတ်ဟု ဦးရွှေမန်းပြော

မျိုးသန့်
ဖေဖေါ်ဝါရီလ ၂၇ ရက် ၂၀၁၂ ခုနှစ်

အနောက်နိုင်ငံများမှ မြန်မာနိုင်ငံကို ချဉ်းကပ်မှုများ ရှိလာသော်လည်း တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို အထိခိုက်ခံမည်မဟုတ်ဟု အောက်လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက တရုတ်နိုင်ငံ အမျိုးသား ကွန်ဂရက် ဥက္ကဋ္ဌ မစ္စတာ ဝူဘန်ကိုနှင့် တွေ့ဆုံစဉ် ပြောကြား ခဲ့သည်ဟု တနင်္လာနေ့ထုတ် မြန်မာ့အလင်း သတင်းစာ တွင် ဖေါ်ပြပါရှိသည်။

တရုတ်နိုင်ငံသို့ ၅ ရက်ကြာ သွားရောက်ခဲ့သည့် ဦးရွှေမန်း၏ ခရီးစဉ်အတွင်း "အနောက်နိုင်ငံများမှ မြန်မာနိုင်ငံအပေါ် မည်ကဲ့သို့ပင် ပြန်လည်ချဉ်းကပ်မှုလာသော်လည်း မြန်မာနိုင်ငံအနေဖြင့် မိတ်ဆွေဖြစ်သည့် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများ ကို မည်သို့မှ ထိခိုက်ခံမည်ဟုတ်ပါကြောင်း၊ နှစ်နိုင်ငံကြား ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှု ဆက်ဆံရေးကို ဆက်လက် အလေး ထား ဆောင်ရွက်သွားရမည်" ဟု မစ္စတာ ဝူဘန်ကို အား ပြောကြား ခဲ့သည်။

Read More...

NLD ပါတီဝင် စုဆောင်းရေး နှေးကွေးနေ

ဖနိဒါ
ဖေဖေါ်ဝါရီလ ၂၇ ရက် ၂၀၁၂ ခုနှစ်

တရားဝင် နိုင်ငံရေးပါတီ ဖြစ်လာသော်လည်း ပါတီဝင်စုဆောင်းရေး လုပ်ငန်းစဉ်တွင် နှောင့်နှေးမှုများ ရှိနေသည်ဟု အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် NLD က ပြောကြားလိုက်သည်။

ယခုနှစ်ဆန်းပိုင်းမှ စ၍ ပါတီဝင်လျှောက်လွှာပေါင်း ၅ သိန်းကျော် ရောင်းချထားရသော်လည်း တကယ်တမ်း ပါတီဝင် လျှောက်လွှာ ၅ သောင်းခန့်သာ လက်ခံရရှိထားကြောင်း၊ ထို့ကြောင့် နိုင်ငံတဝှမ်းရှိ အဖွဲ့ချုပ်ရုံးများ အနေဖြင့် ပါတီဝင် လျှောက်လွှာများ မြန်မြန် ပြန်ပို့ ကြရန် ညွှန်ကြားချက် ထုတ်ပြန်လိုက်ကြောင်း ပါတီပြောခွင့်ရ ပုဂ္ဂိုလ် ဦးအုန်းကြိုင် က မဇ္ဈိမကို ပြောသည်။

Read More...

လွှတ်တော်တွင် ပညာရေးကျွမ်းကျင်သူများ လိုအပ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

မြတ်မိုး
February 27, 2012

မြန်မာနိုင်ငံ ပညာရေးစနစ် အဆင့် မြှင့်တင်ရေးအတွက် လွှတ်တော်အတွင်းသို့ ပညာရေးဆိုင်ရာ ကျွမ်းကျင်သူ အများအပြား ရောက် ရှိရန် လိုအပ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တနင်္ဂနွေနေ့တွင် ပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ကို ကိုယ်စားပြုပြီး ၀င်ရောက် ယှဉ်ပြိုင်မည့် ဒေါ်စုစုလွင်၏ ရန်ကုန်တိုင်း သုံးခွမြို့နယ် ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်တွင် မဲဆွယ်စည်းရုံးစဉ် ထိုသို့ ပြောလိုက်ခြင်းဖြစ်သည်။

“လမ်းမှာ ဆိုလို့ရှိရင်လည်း ကျမ ကလေးလေးတွေ အများကြီး တွေ့ခဲ့ပါတယ်။ ဒီကလေးလေးတွေ အများကြီးကို ကျမတို့ ပြုစု ပျိုး ထောင်ရမယ်။ ပညာတတ်အောင် လုပ်ရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

Read More...

နဘုလယ်ကျေးရွာအုပ်စု ပုဝါရွာတွင် ပိုင်ရှင်မသိဘဲ လယ်မြေကို ဘူဒိုဇာဖြင့် ထိုးဖျက်

February 27, 2012
အေး​နိုင်

တနင်္သာရီတိုင်း ထားဝယ်မြို့နယ်မှာ စီမံကိန်း အကောင်အထည်ဖော်နေရာမှာ ဒေသခံတွေရဲ့ လယ်မြေတွေကို ကြိုတင်ခွင့်ပြုချက်မယူဘဲ မြေတူးစက်နဲ့ ထိုးချေနေပါတယ်။

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအနီး တနင်္သာရီတိုင်းက နာဘုလယ် ကျေးရွာအုပ်စုအပိုင် ပုဝါကျေးရွာမှာ အိုင်တီဒီအမည်ရှိတဲ့ ကုမ္ပဏီက ရွာသူရွာသားတွေ ပိုင်တဲ့ လယ်မြေကို ဘူဒိုဇာနဲ့ ထိုးပြီး လမ်းဖောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီလိုလုပ်ဆောင်တာကို ကြိုတင်အသိပေးတာ မရှိသလို လယ်ပိုင်ရှင်တွေကိုလည်း အကြောင်းမကြားဘဲ လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ ၂၁ ရက်က မငွေသီးနဲ့ မသီနွယ်ဦး သားအဖ လုပ်ကိုင် စားသောက်နေတဲ့ လယ်ကွက်ကို ကြိုတင် အကြောင်းမကြားဘဲ လမ်း ဖောက်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

Read More...

ရတနာပုံတယ်လီပို့​ Web Portal ဌာနဝန်ထမ်း​များ​ စာပို့​ကန့်​ကွက်

February 27, 2012
မင်းလွင်

ရတနာပုံ တယ်လီပို့​ Web Portal ဌာန ၀န်ထမ်းတွေ စုပေါင်းလက်မှတ်ထိုးပြီး ဌာနကြီးမှူးရဲ့ ရိုင်းပျဆက်ဆံမှုကို စာပို့ကန့်ကွက်ကြတယ်လို့ ၀န်ထမ်းတဦးက ပြောပါတယ်။

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့အနီးမှာရှိတဲ့ ရတနာပုံ တယ်လီပို့​ Web Portal ဌာန ၀န်ထမ်းတွေဟာ သူတို့ရဲ့ ဌာနကြီးမှူးဖြစ်တဲ့ ဗိုလ်မှူးမျိုးညွန့်အောင်ရဲ့ ရိုင်းပျဆက်ဆံတာကို မကျေနပ်ကြတဲ့အတွက် စာပို့ ကန့်ကွက်လိုက်တာလို့ ရတနာပုံတယ်လီပို့ ၀န်ထမ်းတဦးက ပြောပါတယ်။

Read More...

ဒီ​ကေဘီ​အေနှင့်​ နယ်ခြား​စောင့်​တပ်ကြား​ လက်နက်ပြဿနာ ​ပြေလည်မှုရရှိ

February 27, 2012
နန်းမြနဒီ

နယ်ခြား ​စောင့်​တပ်က တိုး​တက်​သောဗုဒ္ဓဘာသာ ကရင်အမျိုး​သား​တပ်မ​တော် (ဒီ​ကေဘီ​အေ) ရဲ့​ လက်နက်​တွေကို ဝင်​ရောက် သိမ်း​ယူတဲ့​အတွက် တိုက်ပွဲ​တွေဖြစ်ပွား​ပြီး​ အစိုး​ရနဲ့​ ငြိမ်း​ချမ်း​ရေး​ ပျက်ပြား​မလိုဖြစ်ခဲ့​ရာက အခု ​ဆွေး​နွေး​ညှိနှိုင်း​မှု​တွေနဲ့​ ​ပြေလည်သွား​ပြီလို့​ သိရပါတယ်။

အစိုး​ရငြိမ်း​ချမ်း​ရေး​ဖော်​ဆောင်​ရေး​ကိုယ်စား​လှယ်အဖွဲ့​ရဲ့​ ကြား​ဝင် ဖျန်​ဖြေမှု အပြီး​မှာ ဒီ​ကေဘီ​အေ နဲ့​ နယ်ခြား​စောင့်​တပ်တို့​ဟာ ပဋိ ပက္ခမဖြစ်​ရေး​ သ​ဘောတူညီမှု​တွေ ရရှိခဲ့​တာလို့​ ဒီ​ကေဘီ​အေ ​ပြော​ရေး​ဆိုခွင့်​ရှိသူ ဗိုလ်မှူး​ ဆန်း​အောင်က ​ပြောပါတယ်။

Read More...

အတင်း​အဓမ္မ ပြည့်​တန်ဆာလုပ်ခိုင်း​သူကို အ​ရေး​ယူရန် အိုင်အယ်လ်အိုထံ တိုင်ကြား

February 27, 2012
နော်နိုရင်း

အသက် ၁၇ နှစ် အရွယ်အမျိုး​သမီး​ငယ်ကို ညှဉ်း​ပန်း​နှိပ်စက်ပြီး​ အတင်း​အဓမ္မ ပြည့်​တန်ဆာ လုပ်ခိုင်း​သူကို အ​ရေး​ယူ ​ဆောင်ရွက်​ပေး​ဖို့​ အိုင်အယ်လ်အို ဆက်ဆံ​ရေး​ရုံး​မှာ ကာယကံရှင်ကိုယ်တိုင် သွား​ရောက် တိုင်တန်း​ပါတယ်။

အခင်း​ ဖြစ်ပွား​ပုံက​တော့​ ဧရာဝတီတိုင်း​ ​ကျောင်း​ကုန်း​မြို့​မှာ​နေတဲ့​ အသက် ၁၇ နှစ်အရွယ် ၁၀ တန်း​ကျောင်း​သူကို အ​ဒေါ်​တော်စပ်သူက ​ကျောင်း​ထား​ပြီး​ ​ကျွေး​မွေး​ပြုစုမယ်ဆိုပြီး​ ​ခေါ်​ဆောင်သွား​တာပါ။

မနှစ်ဇွန်လမှာ လိုက်ပါသွား​ခဲ့​ပြီး​နောက် အ​ဒေါ်ကိုယ်တိုင်က ​ကျောင်း​ထား​မ​ပေး​ဘဲ အတင်း​အဓမ္မ ပြည့်​တန်ဆာ လုပ်ခိုင်း​တာလို့​ ကာယကံ ရှင်ကိုယ်တိုင်က ​ပြောပါတယ်။

Read More...

ရခိုင်ဒီမိုက​ရေစီအဖွဲ့​ချုပ် တရား​ဝင် ပါတီမှတ်ပုံပြန်တင်

February 27, 2012
နန်းမြနဒီ

စစ်အစိုး​ရလက်ထက်က တရား​ဝင်ပါတီအဖြစ်က​နေ ဖျက်သိမ်း​ခြင်း​ခံခဲ့​ရတဲ့​ ရခိုင်ဒီမိုက​ရေစီအဖွဲ့​ချုပ် (​အေအယ်လ်ဒီ) ဟာ ဦး​သိန်း​စိန်အစိုး​ရ တက်လာပြီး​တဲ့​နောက် ပါတီကို မှတ်ပုံပြန်တင်လိုက်ပါတယ်။

ဦး​သိန်း​စိန် အစိုး​ရလက်ထက်မှာ နိုင်ငံ​ရေး​အကျဉ်း​သား​တွေကို လွတ်ငြိမ်း​ချမ်း​သာခွင့်​ ​ပေး​လိုက်တဲ့​အတွက် ခုလို နိုင်ငံ​ရေး​ပါတီ မှတ်ပုံ ပြန်တင်တာလို့​ ​အေအယ်လ်ဒီ ရခိုင်ဒီမိုက​ရေစီအဖွဲ့​ချုပ်ရဲ့​ ယာယီဥက္ကဋ္ဌ ဦး​သာဗန်း​က ​ပြောပါတယ်။

“မ​နေ့​က ကျ​နော်တို့​အဖွဲ့​က ဦး​ကျော်မြင့်​နဲ့​ ဦး​မျိုး​ကျော်တို့​ ​နေပြည်​တော်ကို သွား​ပြီး​တော့​ ဒီ​နေ့​ ၁၁ နာရီမှာ ​ရွေး​ကောက်ပွဲ​ကော်မရှင်မှာ မှတ်ပုံတင်လိုက်ပါတယ်။ မှတ်ပုံတင်တာက အသိအမှတ်ပြုဖို့​ဆိုတာ တလနည်း​ပါး​လောက်ကြာမယ်။ ပါတီနဲ့​ပတ်သက်တဲ့​ ဥက္ကဋ္ဌ၊​ အတွင်း​ရေး​မှူး​တို့​၊​ ဘဏ္ဍာ​ရေး​မှူး​တို့​၊​ ​ရွေး​ပြီး​တော့​ အလံ၊​ တံဆိပ်​တွေ ဘာ​တွေ မှတ်ပုံတင်ကျတာနဲ့​ တပါတည်း​တင်ရမယ်။ ”

Read More...

ဖွဲ့စည်းပုံခြေခံဥပဒေကို ပြင်ရမည်ဟု RNDP ပြော

February 27, 2012

ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်လျှင် ဒီမိုကရေစီနိုင်ငံ ဖြစ်ပေါ်ရေး အလှမ်းဝေးနေဦးမည်ဟု ရခိုင်တိုင်းရင်းသားများ တိုးတက် ရေးပါတီ (RNDP) က ပြောဆိုလိုက်သည်။

ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ ဒို့ရိုးရာ စားသောက်ဆိုင်တွင် ယမန်နေ့က ကျင်းပသော “ရခိုင်သယံဇာတ ရွှေသဘာဝ ဓာတ်ငွေ့ကို အသုံးပြု၍ ရခိုင်ပြည်နယ် တခုလုံး လျှပ်စစ်ဓာတ်အား အပြည့်အဝ ရရှိရေးအဖွဲ့၏ စာတမ်းဖတ်ပွဲ” တွင် RNDP အထွေထွေ အတွင်းရေးမှူး ဦးလှ စောက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် လိုအပ်ချက်အရ ပြုပြင်ရမည်ဖြစ်ကြောင်း၊ ဥပဒေပြင်ဆင်ခြင်းသည် ဒီမိုကရေစီ ပြုပြင်ပြောင်း လဲမှု တခုအဖြစ် RNDP က ခံယူကြောင်း၊ တိုင်းရင်းသားများအားလုံး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေးနှင့် ဒေသထွက် သယံဇာတများကို ဒေသ ဖွံ့ဖြိုးတိုးတက်ရေးတွင် အသုံးပြုခွင့်ရှိရေး အပါအ၀င် တန်းတူအခွင့်အရေးများ ရရှိစေရေးအတွက် အခြေခံဥပဒေကို ပြင်ဆင်သွားရ မည်ဖြစ်ကြောင်း ဦးလှစောက ပြောသည်။

Read More...

Monday, February 27, 2012

အမျိုးသား ညီညွတ်ရေးကို ပြဆိုခဲ့သည့် မြစ်ဆုံအရေးနှင့် ပတ်သက်သော ကျေးဇူးပဲ့တင်သံ အခမ်းအနားကို ဧရာဝတီ မြစ်ဆုံ အနီးရှိ တန်ဖဲရွာ၌ ပြုလုပ်ခဲ့

Sunday, 26 February 2012

အမျိုးသား ညီညွတ်ရေးကို ပြဆိုခဲ့သည့် မြစ်ဆုံအရေးနှင့် ပတ်သက်သော ကျေးဇူးပဲ့တင်သံ အခမ်းအနားကို ဧရာဝတီမြစ်ဆုံ အနီးရှိ တန်ဖဲရွာ၌ ဖေဖော်ဝါရီလ ၂၄ရက်နေ့တွင် ပြုလုပ် ခဲ့ပါသည်။


ဧရာဝတီမြစ်ဆုံအနီးတွင် ကျင်းပခဲ့သော "မြစ်ဆုံ၏ကျေးဇူးပဲ့တင်သံ" မိတ်ဆုံစားပွဲတွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က အမှတ်တရ စကား ပြောကြားနေစဉ်

အဆိုပါ ကျေးဇူးပဲ့တင်သံ အခမ်းအနားသို့ ကချင်ဒေသခံများ၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုမင်းကိုနိုင် အပါအ၀င် အဖွဲ့ဝင်(၁၆)ဦး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့် ရှောက်သူများ၊ ကဗျာဆရာ၊ ဓာတ်ပုံ ဆရာ၊ ဒီဇိုင်းဆရာများနှင့် သတင်းသမားများ တက်ရောက်ခဲ့ကြသည်။

Read More...

၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ ရမည်းသင်း၊မြင်းခြံ လှည့်လည်

2012-02-26

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့အဖွဲ့ဟာ ဒီကနေ့ ရမည်းသင်းနဲ့ မြင်းခြံဘက်ကို ခရီး လှည့်လည် နေပြီး ပွင့်လင်း လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းရဲ့ အခြေခံ သဘောတရားတွေကို လိုက်လံ ဆွေးနွေး နေကြောင်း သတင်းရရှိပါတယ်။

ကိုမင်းကိုနိုင်နဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ဟာ ဒီကနေ့ မနက်ပိုင်းက မန္တလေးကနေ ထွက်ခွါလာပြီး၊ ရမည်သင်းမြို့နယ် ရွှေဒါးရွာမှာ ရွှေည၀ါ ဆရာတော်ရဲ့ ဘုရားထီးတင်ပွဲကို သွားရောက် အားပေးခဲ့ပါတယ်။ အဲဒီနောက် မြင်းခြံဘက်ကို ဆက်လက် ထွက်ခွါခဲ့ပါတယ်။

Read More...

နိုင်ငံရေးသဘောတူညီချက်ရမှ ငြိမ်းချမ်းမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

ရန်ပိုင်
February 24, 2012

ကချင်ပြည်နယ်တွင် ငြိမ်းချမ်းရေး ရေရှည်ခိုင်မြဲမှု မရှိခြင်းမှာ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တို့ နိုင်ငံရေး အရ သဘော တူညီခြင်း မရှိခဲ့သောကြောင့် ဖြစ်သည်ဟု မြစ်ကြီးနားမြို့တွင် ရောက်ရှိနေသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောလိုက်သည်။



Read More...

သုံးခွမြို့နယ်မှာ ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်

2012-02-26

NLDပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်တိုင်း သုံးခွမြို့နယ်ကို ဒီကနေ့ညနေ (၆)နာရီလောက် ရောက်ရှိသွားပြီး သုံးခွမြို့နယ်မှာ NLDပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒေါ်စုစုလွင်အတွက် မဲဆွယ်စည်းရုံး ဟောပြောခဲ့ပါတယ်။



Read More...

Sunday, February 26, 2012

လက်ကျန် ယုံကြည်ချက်အကျဉ်း​သား​များ​ လွှတ်​ပေး​ရန် ​တောင်း​ဆိုမှု အဆင့်​ဆင့်​ ပြုလုပ်​တော့​မည်ဟုဆို

February 24, 2012
အံ့ဘုန်းမြတ်


အကျဉ်း ​ထောင်အသီး​သီး​မှာ ကျန်ရစ်ခဲ့​ကြတဲ့​ ယုံကြည်ချက် အကျဉ်း​သား​တွေ လွတ်​မြောက်​ရေး​ အတွက် စာ​ရေး​၊​ စာတင် ​တောင်းဆိုရုံမျှဖြင့်​ မရနိုင်​တော့​ဘဲ ​တောင်း​ဆိုမှု အဆင့်​ဆင့်​ ပြုလုပ်ရ​တော့​မယ်လို့ အရှင်ဝီရသူက မိန့်ကြား​ လိုက်ပါတယ်။

ပြီး​ခဲ့​တဲ့​ လွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့​ ပြန်လည်လွတ်​မြောက်တဲ့​ အရှင်ဝီရသူလို့​ လူသိများ​တဲ့​ ဆရာ​တော် ဘဒ္ဒန္တဝိစိတ္တာ ဘိဝံသ (မစိုး​ရိမ် တိုက်သစ်) က ဒီလ ၂၂ ရက်​နေ့​က ​ကြေညာချက် တ​စောင် ထုတ်ပြန် မိန့်ကြား​ လိုက်တာပါ။

ပြည်​ ထောင်စုအစိုး​ရ ပြည်ထဲ​ရေး​ ဝန်ကြီး​ဌာန ဝန်ကြီး​အပါအဝင် အမျိုး​သား​လူ့အခွင့်​ရေး​ ​ကော်မရှင်​တွေကိုပါ ကျန်ရှိတဲ့​ ယုံကြည်ချက် အကျဉ်း​သား​ စာရင်း​ကို တင်ပြခဲ့​ပေမယ့်​ ဒီ​နေ့ အချိန်အထိ ပြန်လွှတ်​ပေး​တာမျိုး​ မရှိ​သေး​တဲ့​အ​ပေါ် ဆရာ​တော်က မိန့်ကြား​ လိုက်တာပါ။

Read More...

မွန်ပြည်သစ်ပါတီနှင့်​ အစိုး​ရ အပစ်အခတ်ရပ်စဲ​ရေး​ သ​ဘောတူ

February 25, 2012
ကို​ထွေး

တိုင်း​ရင်း​သား​ လက်နက်ကိုင် မွန်ပြည်သစ်ပါတီနဲ့​ အစိုး​ရအကြား​ အပစ်အခတ် ရပ်စဲ​ရေး​ သ​ဘောတူ လက်မှတ်​ရေး​ထိုး​လိုက်ပါပြီ။

မွန်ပြည်သစ်ပါတီနဲ့ ​ အစိုး​ရ ငြိမ်း​ချမ်း​ရေး​ အဖွဲ့​တွေ မွန်ပြည်နယ် ​မော်လမြိုင်က ကမ်း​နား​ဟိုတယ်မှာ ဒီ​နေ့​မနက်က ​တွေ့​ဆုံခဲ့​အပြီး​မှာ အပစ်အခတ်ရပ်စဲ​ရေး​ အပါအဝင် ငြိမ်း​ချမ်း​ရေး​ သ​ဘောတူညီချက်​တွေ လက်မှတ်ထိုး​နိုင်ခဲ့​တာပါ။

မြန်မာအစိုး​ ရဘက်က ဦး​အောင်မင်း​ခေါင်း​ဆောင်တဲ့​ ပြည်​ထောင်စုအဆင့်​ ငြိမ်း​ချမ်း​ရေး​ ကိုယ်စား​လှယ်အဖွဲ့​နဲ့​ မွန်ပြည်သစ်ပါတီက နိုင်​ရောစ​ခေါင်း​ဆောင်တဲ့​ ကိုယ်စား​လှယ်​တွေ ​ဆွေး​နွေး​ လက်မှတ်​ရေး​ထိုး​ရာမှာ ပြည်​ထောင်စုအဆင့်​ သ​ဘောတူညီချက် ၄ ချက်နဲ့​ ပြည် နယ်အဆင့်​ သ​ဘောတူညီချက် ၅ ချက် နှစ်ဆင့်​ခွဲပြီး​ သ​ဘောတူ လက်မှတ်​ရေး​ထိုး​ခဲ့​တယ်လို့​သိရပါတယ်။

Read More...

ကြားဖြတ်ရွေးကောက်ပွဲ မျှတရေး ဦးစားပေးလုပ်ရန် ကုလသတိပေး

February 25, 2012
ပီတာအောင်

မြန်မာအစိုးရအနေနဲ့ ပထမဦးစားပေး​ တာဝန်အဖြစ် လာမယ့် ဧပြီလ ကြားဖြတ်​ ရွေးကောက်ပွဲကို လွတ်လပ်တရားမျှတမှုရှိစွာ​ ကျင်းပ ပေးဖို့​ ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက​ ​မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့​ ​မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ် ဗီဂျေးနမ်ဘီးယာက နယူးယောက်မြို့က ကုလသမဂ္ဂဌာနချုပ်မှာ မြန်မာခရီးစဉ်နဲ့ ပတ်သက်ပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ​ ​ပြောကြား လိုက်တာပါ။

Read More...

အပေါ်သို့