February 27, 2012
မင်းလွင်
ရတနာပုံ တယ်လီပို့ Web Portal ဌာန ၀န်ထမ်းတွေ စုပေါင်းလက်မှတ်ထိုးပြီး ဌာနကြီးမှူးရဲ့ ရိုင်းပျဆက်ဆံမှုကို စာပို့ကန့်ကွက်ကြတယ်လို့ ၀န်ထမ်းတဦးက ပြောပါတယ်။
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့အနီးမှာရှိတဲ့ ရတနာပုံ တယ်လီပို့ Web Portal ဌာန ၀န်ထမ်းတွေဟာ သူတို့ရဲ့ ဌာနကြီးမှူးဖြစ်တဲ့ ဗိုလ်မှူးမျိုးညွန့်အောင်ရဲ့ ရိုင်းပျဆက်ဆံတာကို မကျေနပ်ကြတဲ့အတွက် စာပို့ ကန့်ကွက်လိုက်တာလို့ ရတနာပုံတယ်လီပို့ ၀န်ထမ်းတဦးက ပြောပါတယ်။
“အဲဒါကတော့ ဌာနကို သူရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံသွားတယ်။ ဒီကလူတွေကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံသွားတဲ့အတွက် အဲဒါတွေကို မကျေနပ်ကြပါဘူး။ အဲဒီ့ လူကြီးကို မကျေနပ်ပါဘူး။ အဲဒီအတွက် အထက်ကနေ ထိထိရောက်ရောက် အရေးယူပေးရန်၊ နောက်တ ချက်က အခုသူခေါ်သွားတဲ့ လူ ၁၇ ယောက်စာအတွက် ကုမ္ပဏီဘက်က ပြန်စဉ်းစားပေးပါရန်၊ အခု စာချုပ်မှာ အကုန်ပါ ပါတယ်။ ကုမ္ပဏီက လိုအပ်ရင် လိုအပ်တဲ့နေရာမှာကို အားလုံးလွှတ်ရမယ်ဆိုတာ ပါပါတယ်။
အခုဒီကနေ သွားတဲ့လူတွေအားလုံးက Web Programmer ၊ Web Designer နဲ့ Web Moderator တွေပါ။ အဲဒါတွေကို ဟိုဘက်မှာ ခဲအရည်ဖျော်ခိုင်းတယ်၊ နောက်တခုက ဘာမှပြန်မပြောနဲ့ ခိုင်းတာလုပ်ရမယ် ဆိုတဲ့ဟာတွေ အဲဒါတွေအားလုံးကို မကျေနပ်ပါဘူး။ အဲဒီ ၁၇ ယောက်စာအတွက်လည်း ပြန်စဉ်းစားပေးပါ။ ပြီးတော့ ဒီလူကြီးကို ဌာနကြီးမှူးအဖြစ် လုံးဝလက်မခံနိုင်ပါဘူး။ အဲဒါကို တင်ပြထား တာ ပါ။”
အဲဒီ ကန့်ကွက်စာကို ရတနာပုံတယ်လီပို့ Web Portal ဌာနက ပြည်ထောင်စု အစိုးရအဖွဲ့၊ သမ္မတရုံးအထိ ကန့်ကွက်မယ်လို့ ကုမ္ပဏီက ၀န်ထမ်းက ပြောပါတယ်။
ရတနာပုံတယ်လီပို့ဟာ အစိုးရနဲ့ ပုဂ္ဂလိက အစုစပ် လုပ်ငန်းလုပ်တဲ့ ကုမ္ပဏီဖြစ်ပြီးတော့ ရတနာပုံ တယ်လီပို့ ဥက္ကဋ္ဌဟာ ပြည်ထောင်စု အစိုးရ ဆက်သွယ်ရေး စာတိုက်နဲ့ကြေးနန်းဝန်ကြီး ဦးသိန်းထွန်း ဖြစ်ပါတယ်။
ကန့်ကွက်တောင်းဆိုတာ မရရင်အားလုံးထွက်ဖို့ ပြင်ဆင်ထားတယ်လို့ ကိုယ်တိုင် လက်မှတ်ရေးထိုး ကန့်ကွက်စာပို့တဲ့ အထဲမှာ ပါဝင်သူက ပြောပါတယ်။
ရတနာပုံတယ်လီပို့ဟာ အငြိမ်းစားဗိုလ်ချုပ်တွေရဲ့ ရှယ်ယာတွေ ပါဝင်တဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။ ရတနာပုံတယ်လီပို့ဟာ www.yatanarpon.com.mm ဆိုက်တခု အပါအဝင် အင်တာနက်ဆားဗစ်ပေးသောလုပ်ငန်း၊ ဆိုလာ စက်ရုံ လုပ်ငန်း နဲ့ အခြား
လုပ်ငန်းများစွာ လုပ်ကိုင်နေတဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။
Ref: ဒီဗွီဘီ
Tuesday, February 28, 2012
ရတနာပုံတယ်လီပို့ Web Portal ဌာနဝန်ထမ်းများ စာပို့ကန့်ကွက်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment