Friday, October 29, 2010

မြန်မာနိုင်ငံမူဝါဒ အမေရိကန်အစိုးရအတွင်း သဘောထားကွဲ

2010-10-28

မြန်မာနိုင်ငံကို ချဉ်းကပ် ထိတွေ့ ဆက်ဆံရေး မူဝါဒနဲ့ ပတ်သက်ပြီး သမတ ဘားရက် အိုဘားမား ဦးဆောင်တဲ့ အမေရိကန် အစိုးရအတွင်း သဘောထား အကြီးအကျယ် ကွဲခဲ့တယ်လို့ အမေရိကန် အထက်လွှတ်တော် အာရှနှင့် ပစိဖိတ်ရေးရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ အထက်လွှတ်တော် အမတ် ဂျင်ဝက်ဘ်က ပြောပါတယ်။

မြန်မာနိုင်ငံအပေါ် အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ဥပေက္ခာပြုထားရင် မြန်မာပြည်ဟာ တရုတ်နိုင်ငံရဲ့ ပြည်နယ်တခု ဖြစ်လာမဲ့ အန္တရာယ်ရှိကြောင်း မစ္စတာ ဝက်ဘ်က အောက်တိုဘာ ၂၇ ရက် မနေ့က သတိပေး ပြောကြားခဲ့ပါတယ်။

Read More...

နေ့စဉ်သတင်းများ ( ၂၈ - ၁၀ - ၂၀၁၀ )

ရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်မည် သတင်း
ဖိလစ်ပိုင်သမ္မတက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ဖို့ တောင်းဆို သတင်း
ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေး အာဆီယံခေါင်းဆောင်များ တောင်းဆို သတင်း
ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့ နေပြည်တော်သို့ ထွက်ခွာ သတင်း

Read More...

Thursday, October 28, 2010

USDP Claimed Victory - 27 Oct 2010

October 28, 2010

Burma Update - USDP Claimed Victory - 27 Oct 2010

နေ့စဉ်သတင်းများ ( ၂၇ - ၁၀ - ၂၀၁၀ )

အန်ဒီအက်ဖ်ပါတီ မဲဆွယ်ဆိုင်းဘုတ် ခိုးယူခံရ သတင်း
အန်ဒီအက်ဖ်၏ ဝါဒဖြန့်မှု အန်အယ်လ်ဒီ ရှင်းချက်ထုတ် သတင်း

Read More...

Wednesday, October 27, 2010

နေ့စဉ်သတင်းများ ( ၂၆ - ၁၀ - ၂၀၁၀ )

ဒေါ်အောင်ဆန်းစုကြည်အမှု နေပြည်တော် တရားရုံးချုပ်မှာ (၂၉) ရက်နေ့ ကြားနာမည် သတင်း
မဲမပေးခင် ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း သတင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြေညာချက် (၂) စောင် ထုတ်ပြန် သတင်း

Read More...

Tuesday, October 26, 2010

အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦး၏ ယခင် နှင့် ယခု စင်္ကာပူ အတွေ့ အကြုံများ (၂)

ရော်နီညိမ်း
တနင်္ဂနွေ, 24 အောက်တိုဘာ 2010

တပ်မှူးတပ်သား ပြောစကား (၀၃၁)

စင်္ကာပူနိုင်ငံမှာ အောင်မြင်စွာ မျက်စေ့ခွဲစိပ်ကုသမှုခံယူခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယဥက္ကဌ အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရဦးတင်ဦးဟာ စစ်ခေါင်းဆောင် ဘ၀နဲ့ စင်္ကာပူကို ရောက်ရှိခဲ့စဉ်က အတွေ့အကြုံတွေနဲ့ အခုတခေါက် သာမန် မြန်မာနိုင်ငံသား တဦး အနေနဲ့ စင်္ကာပူကို ရောက်ရှိခဲ့စဉ်က အတွေ့အကြုံတွေကို ဗီအိုအေကို ပြောပြထားပါ တယ်။ ဦးတင်ဦးရဲ့ စင်္ကာပူ အတွေ့အကြုံ အပိုင်း(၂) ကို၊ ဒီတပတ် “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍ မှာ ဦးရော်နီညိမ်းက စီစဉ် တင်ဆက်ထားပါတယ်။

Read More...

မဲစာရင်းများ မမှန်ကန်

မြတ်ကျော်
Tuesday, October 26, 2010

ပြည်နယ်နှင့် တိုင်းများရှိ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်သော မဲပေးနိုင်သည့် လူဦးရေ စာရင်းမှာ အမှန်တကယ် မဲပေးနိုင်သော လူဦးရေစာရင်းနှင့် ကိုက်ညီမှု မရှိဘဲ အပို စာရင်းများ ပါရှိပြီး မှန်ကန်မှု မရှိကြောင်း နိုင်ငံရေး ပါတီများက ပြောသည်။

Read More...

နေ့စဉ်သတင်းများ ( ၂၅ - ၁၀ - ၂၀၁၀ )

ဦးဝင်းတင်ကို အမျိုးသားပြန်လည်သင့်မြတ်ရေး သူရဲကောင်းဆု ချီးမြှင့် သတင်း
NLD ခေါင်းဆောင်များကို ဂျာမနီသံအမတ်ကြီး တွေ့ဆုံဆွေးနွေး သတင်း

Read More...

Monday, October 25, 2010

ထိပ်တိုက်တွေ့နေတဲ့ တွေးခေါ်မှုနှစ်ရပ်


ရဲဘော်ဖိုးသံချောင်း


၂၂ အောက်တိုဘာ ၂၀၁၀

ဒီနေ့ မြန်မာပြည်နိုင်ငံရေးဇာတ်ခုံမှာ တွေးခေါ်မှုနှစ်ရပ်နဲ့ ပဋိပက္ခကို အထင်ရှား တွေ့နေရပါတယ်။

လူ့အဖွဲ့အစည်းထဲမှာ ပဋိပက္ခဆိုတာ အများကြီးရှိတာကတော့ အမှန်ပါပဲ။ ဒါပေမယ့် အချိန်အခါလိုက်လို့ တခုသော ပဋိပက္ခဟာ အဓိက ရှေ့တန်း ရောက်နေတတ်ပါတယ်။ ဒါဟာ တရားပါ။ အခုလည်း မြန်မာပြည် နိုင်ငံရေး တွေးခေါ်မှုတွေ ထဲမှာ အဓိက ရှေ့တန်း ရောက်နေတဲ့ ပဋိပက္ခတွေထဲမှာ စစ်အုပ်စု အုပ်စိုးမှုအောက်မှာ ဆက်လက်လုပ် ကိုင်သွားရင်း တိုင်းပြည်ကို တိုးတက် ကောင်းမွန်အောင် လုပ်လို့ ရတယ်ဆိုတဲ့ တွေးခေါ်မှုနဲ့

Read More...

ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်း

Kalay Township Decision Announcement

Sunday, October 24, 2010

မြန်မာစစ်အစိုးရကို စာနယ်ဇင်းသမားများ ကာကွယ်ရေးအဖွဲ့ ပြစ်တင်ရှုတ်ချ

2010-10-24

ကန္တာရ၀တီ သတင်းဂျာနယ် အယ်ဒီတာ ကိုညီညီထွန်းကို မြန်မာစစ်အစိုးရက ထောင်ဒဏ် ၁၃ နှစ် ချမှတ်လိုက်တဲ့ အတွက် အမေရိကန်အခြေစိုက် CPJ ခေါ် စာနယ်ဇင်းသမားများ ကာကွယ် စောင့်ရှောက် ရေးအဖွဲ့က ရှုတ်ချလိုက်ပြီး မြန်မာနိုင်ငံဟာ တရုတ် နိုင်ငံပြီးရင် သတင်းစာဆရာတွေ အများဆုံး အကျဉ်း ချထားတဲ့ နိုင်ငံဖြစ်တယ်လို့ မှတ်ချက်ချလိုက်ပါတယ်။

အယ်ဒီတာ ကိုညီညီထွန်းကို နိုင်ငံတော်ပုန်ကန်မှုနဲ့ ရန်ကုန်တရားရုံး တရုံးက အောက်တိုဘာလ ၁၃ ရက်နေ့မှာ ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခဲ့တာပါ။

ဒီလို မဟုတ်မမှန် လုပ်ကြံပြီး ကိုညီညီထွန်းကို ရက်ရက်စက်စက် အပြစ်ပေးတာဟာ စစ်အစိုးရရဲ့ ဒီမိုကရေစီကို ဦးတည် သွားနေပါတယ် ဆိုတာကို သရော် လှောင်ပြောင်လိုက်သလိုဘဲလို့ CPJ အဖွဲ့ရဲ့ အရှေ့တောင်အာရှရေးရာ ဆိုင်ရာ ကိုယ်စားလှယ် Shawn Crispin က ပြောပါတယ်။

Read More...

နေ့စဉ်သတင်းများ ( ၂၄ - ၁၀ - ၂၀၁၀ )

ကျွန်းသာယာတွင် လူ (၃) ဦး သေဆုံး၊ အများအပြား ပျောက်ဆုံး၊ သောင်းချီ အိုးမဲ့အိမ်မဲ့ဖြစ် သတင်း
ရခိုင်ဒေသ မုန်တိုင်းကြောင့် ရွာတချို့ ပျောက်ဆုံး သတင်း
မုန်တိုင်းဘေးသင့်ခဲ့သည့် ကျောက်ဖြူမြို့က နောက်ဆုံးအခြေအနေ သတင်း
မင်းပြားမြို့နယ် အပျက်အစီး သတင်း
ဂီရိမုန်တိုင်းဘေးသင့်သူများ အကူအညီများ လိုအပ်နေ သတင်း
မုံးကိုးပြည်သူ့စစ်အဖွဲ့ တိုက်ခိုက်ခံရ၊ မဲဆွယ်ဟောပြောပွဲ ပျက် သတင်း
မြ၀တီ-ကော့ကရိတ် ကားလမ်းဘေး ဗုံး (၂) လုံး ဆက်တိုက်ပေါက်ကွဲ သတင်း
မြန်မာစစ်အစိုးရကို စာနယ်ဇင်းသမားများ ကာကွယ်ရေးအဖွဲ့ ပြစ်တင်ရှုတ်ချ သတင်း
(၂၂) နှစ်မြောက် ဇိုမီးအမျိုးသားကွန်ဂရက် သတင်း
ဆင်ခြင်စဉ်းစား လှုပ်ရှားမှုများ (ဆောင်းပါး)
ကောက်ရိုးမီးမှသည် ဖွဲမီးဆီသို့ ... (ဆောင်းပါး)
ဝါကျွတ်ပွဲ အဘိဓမ္မာအခါတော်နေ့ ပြည်တွင်းပြည်ပတွင် ဆင်နွှဲ သတင်း

အပေါ်သို့