■ NLD ရပ်တည်ချက်ကို အမေရိကန် အထက်လွှတ်တော်အမတ်အား ရှင်းပြမည် သတင်း
■ ဆီနိတ်တာ ၀က်ဘ်ခရီးစဉ် ဘယ်သူအကျိုးရှိမလဲ သတင်း
■ အမေရိကန်အမတ် မှူးကြီးသန်းရွှေနဲ့ ဒီနေ့တွေ့မယ် သတင်း
■ ဆီးနိတ်အမတ် ဂျင်မ်ဝက်ဘ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့မယ် သတင်း
■ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အာဆီယံဥက္ကဌ ထိုင်းနိုင်ငံ ကြိုးပမ်း သတင်း
■ ဒေါ်အောင်ဆန်းစုကြည်အား စီရင်ချက်ချသည့် တရားသူကြီးများကို ဥရောပသမဂ္ဂ ဒဏ်ခတ် သတင်း
■ စစ်အစိုးရအပေါ် ပိတ်ဆို့မှု အီးယူ တိုးမြှင့် သတင်း
■ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲမှာ မြန်မာ့အရေး မေးမြန်း သတင်း
■ မြန်မာ့အရေး လုံခြုံရေးကောင်စီ တညီတညွတ်တည်း ကြေညာချက်ထုတ်ပြန် သတင်း
■ ကိုးကန့်အဖွဲ့နှင့် စစ်အစိုးရတပ်ဖွဲ့များအကြား တင်းမာမှုဖြစ်ပွား သတင်း
■ မွန်ပြည်နယ်တွင် လုံခြုံရေးတင်းကျပ် သတင်း
■ ရှမ်းပြည်နယ် မြို့ (၃ဝ) အတွက် ချယ်ရီ FM လာမည် သတင်း
■ ကမ္ဘာ့စီးပွားရေး အပြည့်အ၀ နာလန်ထူလာဖို့ စိန်ခေါ်မှုတွေ ရှိနေဆဲ သတင်း
■ အမေရိကန်ကွန်ကရက်အမတ် ဂျင်မ်ဝက်ဘ် နေပြည်တော်ရောက်ရှိ သတင်း
■ အမေရိကန် ကွန်ဂရက်လွှတ်တော်အမတ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် တွေ့ဆုံ သတင်း
■ အဖွဲ့ချုပ်ခေါင်းဆောင်တချို့ကို စစ်အစိုးရက နေပြည်တော်သို့ ခေါ်ဆောင် သတင်း
■ အမေရိကန်အထက်လွှတ်တော်အမတ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့မည် သတင်း
■ ဗိုလ်ချုပ်မှူးကြီးက အပြောင်းအလဲလိုလားကြောင်း ပြသပြီဟုဆို သတင်း
■ စစ်အစိုးရမီဒီယာများကို ဥရောပသမဂ္ဂ အရေးယူပြီ သတင်း
■ ဒေါ်အောင်ဆန်းစုကြည် စီရင်ချက် ကုလလုံခြုံရေးကောင်စီ အလွန်စိုးရိမ်ကြောင်း ပြောဆို သတင်း
■ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ရန် လုံခြုံရေးကောင်စီ တောင်းဆို သတင်း
■ ကိုးကန့်တပ်ဖွဲ့အကျဉ်းထောင် ထောင်ခါ၊ ဒေသအတွင်း စစ်ရေးပြင်ဆင်မှုများ ရှိနေ သတင်း
■ ကေအိုင်အိုက ဝန်ထမ်းများအား စစ်သင်တန်းပေး သတင်း
■ မွန်ပြည်သစ်အား ခွဲထုတ်ရန် စစ်အစိုးရ ပြင်ဆင် သတင်း
■ ရှမ်းကျေးရွာများ မီးရှို့ဖျက်ဆီး ပြောင်းရွှေ့ခံရ သတင်း
■ မူဆယ်တွင် လူငယ်များအား အရံမီးသတ် အမည်ခံပြီး စစ်သင်တန်းတက်ခိုင်း သတင်း
■ စစ်အစိုးရ၏ လူအခွင့်ရေးချိုးဖောက်မှုများကို ပြန်လည်ဆန်းစစ်ရန် ရှမ်းလူထုအဖွဲ့စည်းများ တောင်းဆို သတင်း
■ ဒီကေဘီအေ တပ်ပြေးတဦး အသေမိ၊ တဦး ဒဏ်ရာရ သတင်း
■ နယ်စပ်မြို့ မြဝတီမှာ လုံခြုံရေးတင်းကျပ် သတင်း
■ ရဲဘော်ကြီးပြောသလို ခပ်စိမ်းစိမ်းပဲ မြင်ပါရစေတော့ကွယ် (ဆောင်းပါး)
■ အစိုးရဌာဆိုင်ရာရုံးများတွင် ကွန်ပျူတာနှင့် အင်တာနက်သုံးစွဲမှု ကန့်သတ် သတင်း
■ ရန်ကုန်ဆိုင်ကယ်များ လိမ္မော်ရောင်ပြောင်းပြီ သတင်း
■ ပဲဈေးကွက် အရောင်းအဝယ်ထိန်းချုပ်မှု ပြုလုပ် သတင်း
■ နောက်ထပ် မြေနှင့် အဆောက်အအုံများ လေလံပစ်မည် သတင်း
Saturday, August 15, 2009
နေ့စဉ်သတင်းများ (၁၄ - ၈ - ၀၉)
Right Click
Tech Support: "I need you to right-click on the Desktop."
Customer: "Ok."
Tech Support: "Did you get a pop-up menu?"
Customer: "No."
Tech Support: "Ok. Right click again. Do you see a pop-up menu?"
Customer: "No."
Tech Support: "Ok, sir. Can you tell me what you have done up until this point?"
Customer: "Sure, you told me to write 'click' and I wrote click'."
Friday, August 14, 2009
စစ်အစိုးရ တရားစီရင်ချက်အပေါ် ဦးဝင်းတင် အမြင်
12 August 2009
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် တားဆီး ကန့်သတ်မိန့်ကို ဖောက်ဖျက်တယ် ဆိုပြီး ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးကနေ ထောင်ဒဏ် သုံးနှစ် ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။ တရား စီရင်ချက် ချမှတ်ပြီး အချိန်ပိုင်း အတွင်းမှာ စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အမိန့်နဲ့ ပြစ်ဒဏ်ကို ထက်ဝက် လျှော့ချပြီး ဆိုင်းငံ့ ပြစ်ဒဏ် အဖြစ်နဲ့ နေအိမ်မှာ ကန့်သတ်ချက်တွေနဲ့ အညီ ပြန်နေဖို့ ညွှန်ကြားခဲ့ပါတယ်။ ဒီလို စစ်အစိုးရရဲ့  တရားစီရင်မှု လုပ်ရပ်အပေါ် သုံးသပ်ထင်မြင်ချက် နဲ့ တရားဥပဒေအရ၊ နိုင်ငံရေးအရ အမျိုးသား ဒီမိုကရေးအဖွဲ့ချုပ် အနေနဲ့ ဘာတွေ ဆက်လက် လုပ်ကိုင်သွားဖို့ ပြင်ဆင် လုပ်ကိုင် နေသလဲ ဆိုတာတွေကို သိရှိနိုင်ဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်ကို ဦးကျော်ဇံသာ (ဗွီအိုအေမြန်မာသတင်း) က ဆက်သွယ်မေးမြန်း ဆွေးနွေး တင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံး ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ် ချမှတ်တာနဲ့ ပတ်သက်လို့ ဆရာတို့ အနေနဲ့ ဒီထက်ပို မျှော်လင့် ထားပါသလား၊ ဒီလောက်တော့ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့် ထားပါသလား၊ ဒါထက် သက်သာခွင့် ရလိမ့်မယ်လို့ မျှော်လင့် ထားပါသလား။
ဦးဝင်းတင် ။ ။ ကျနော်တို့ကတော့ မျှော်လင့်တာတော့ ဒါ လွတ်ပေးရမယ်လို့ မျှော်လင့်တာ။ ဘာဖြစ်လို့လည်း ဆိုတော့ ဒီလိုဗျာ ကျနော်တို့က နဂိုကတည်းကိုမှ ဒီအမှုကို ကန့်ကွက်တာ မဟုတ်ဘူး ဒါ မတရား လုပ်ကြံပြီးတော့ စွပ်စွဲတဲ့ အမှုဖြစ်တယ်လို့ ကျနော်တို့က ပြောတယ်။ ဒါက ကျနော်အနေနဲ့ နိုင်ငံရေးအားဖြင့် ပြောတဲ့ အရာပေါ့။ တဖက်ကနေပြီးတော့ ဥပဒေ အကြောင်းအရလည်း ဒီ ဥပဒေဟာ အသက် မရှိတော့တဲ့ အခြေခံဥပဒေ ၁၉၇၄ အခြေခံ ဥပဒေကို အကြောင်းပြုပြီးတော့ အဲဒီက ကန့်သတ်ချက်တွေနဲ့ ကန့်သတ်တာ အဲဒီက ကန့်သတ်ချက်တွေကို ဖေါက်ဖျက်တယ် ဆိုတဲ့ စွပ်စွဲခြင်းကိုဗျာ အဲဒါကြောင့် ကျနော်တို့က ဒါက လုံးဝ လက်မခံဘူး။ ဒါ ကျနော်တို့ရဲ့  အနေအထား ဥပဒေအရလည်း လက်မခံဘူး၊ နိုင်ငံရေး အရလည်း လက်မခံဘူး။
ဦးကျော်ဇံသာ ။ ။ လက်မခံတာတပိုင်းပေါ့ ဆရာ။ ဒါပေမဲ့လည်း ဒီ စစ်အစိုးရကတော့ သူတို့ လိုချင်တဲ့ မျှော်မှန်းချက် အတိုင်း ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲ ကာလမှာ မရှိစေချင်ဘူး၊ အဲဒီကာလမှာ သူကို ဆက်လျှက်ပြီး ချုပ်ထားချင်တယ် ဆိုတဲ့ သူတို့ရဲ့  မျှော်မှန်းချက်က ရှိနေလေတော့ ဆက်လက်ပြီးတော့ သူတို့ ပြစ်ဒဏ် ချမှတ်လိမ့်မယ်လို့ ဆရာတို့ မျှော်လင့် မထားဘူးလား။
ဦးဝင်းတင် ။ ။ မျှော်လင့်တယ်။ ကျနော်က မျှော်လင့်တယ်။ သို့သော် ကျနော်တို့က ဘယ်လိုလဲ ဆိုတော့ ဒီဟာ နိုင်ငံတကာရဲ့  ဖိအားတွေ၊ ဥပမာ အီးယူတို့ အာဆီယံတို့ အပါအဝင်ပေါ့ဗျာ။ ဒီနိုင်ငံပေါင်း များစွာရဲ့  ကမ္ဘာ့ community တခုလုံးက နေပြီးတော့ ဒီဟာကို ကန့်ကွက်နေတဲ့ အတွက် သူတို့ဟာ ဘာဘဲပြောပြော ထည့်သွင်း စဉ်းစားလိမ့်မယ်၊ ချင့်ချင့်ချိန်ချိန် လုပ်လိမ့်မယ်၊ နှိုင်းနှိုင်းယှဉ်ယှဉ် လုပ်မယ်လို့ ကျနော်က တွက်တယ်။ တခါ ပြည်တွင်းမှာလည်း ကျောင်းသားတွေ၊ ရဟန်းသံဃာတွေ၊ ပြည်သူ လူထုတွေ၊ နိုင်ငံရေး အင်အားစုတွေ၊ အတိုက်အခံ နိုင်ငံရေး အင်အားတွေ၊ လူမျိုးစုတွေ အားလုံးကနေ ဒေါ်စု ကို လွတ်ပေးဖို့ပဲ မျှော်လင့်ကြတယ်၊ တောင်းဆိုကြတယ်။ အဲဒီလိုဆိုတော့ သူတို့က ပိုပြီးတော့ ချင့်ချင့်ချိန်ချိန် လုပ်မယ်လို့ ကျနော် မှန်းတယ်။ အဲဒါကို မလုပ်ဘဲနဲ့ ထောင်ချတယ် ဆိုတဲ့ အတွက် ကျနော်တို့က ဒါကို အကြီးအကျယ်ကို စိတ်ထဲမှာ ကျေနပ်မှု မရှိဘူး။ နောက်ပြီးတော့ ဒါနဲ့ ပတ်သက်ပြီးတော့ ကန့်ကွက်တယ်လို့ ပြောချင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒါပေမယ့် ဆရာ စောစောက ပြောသလို နိုင်ငံတကာကလည်း ဒါကို အပြစ် မရှိဘူး၊ လွတ်စေချင်တယ်၊ ပြည်သူတွေ ကလည်း အပြစ်မရှိဘူး လွတ်စေချင်တယ်ဆိုတဲ့ ဆန္ဒကိုတော့ စစ်အစိုးရ အာဏာပိုင်တွေ သိဟန်တူတယ် ထင်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ရေးထားတဲ့ စာထဲမှာ ကြည့်ရင် ဗိုလ်ချုပ်အောင်ဆန်းရဲ့  သမီးဖြစ်တဲ့ အတွက်ကြောင့် လည်းကောင်း၊ အာဃာတ မပွားစေချင်လို့ အတွက် လည်းကောင်း၊ ဒီမိုကရေစီ အရေးကို ရှေ့ ရှု့ စေချင်တဲ့ အတွက်ကြောင့် လည်းကောင်း သက်ညှာခွင့် ပေးမယ် ဘာညာ ဆိုပြီးတော့ ကြိုးစားထားတာကို တွေ့ရပါတယ်။ ဆိုတော့ သူရဲ့  အားထုတ်မှုကရော ဘယ်လောက် အောင်မြင်သလဲ ဆရာ။ အဲဒီအချက်ကို ဘယ်လို သဘော ရပါသလဲ။
ဦးဝင်းတင် ။ ။ ကျနော်ကတော့ လုံးဝမထင်ဘူးဗျာ။ ကျနော်တို့ ဗမာစကားနဲ့ ပြောမယ်ဆိုရင် ပျားရည်နဲ့ ဝမ်းချတယ် ဆိုတဲ့ စကားလို ဖြစ်နေတယ်။ ဒါကို အရပ်စကားနဲ့ ပြောမယ် ဆိုရင်တော့ ဒါကတော့ လူလည် လုပ်တဲ့စကား ကျနော်တို့ ခပ်ကြမ်းကြမ်းပဲ ပြောသင့် တယ်လို့ ထင်တာပေါ့။ ဘာဖြစ်လို့လည်း ဆိုတော့ ဒီစကား ဒီစကားတွေကို သုံးတယ် ဆိုင်းငံ ပြစ်ဒဏ် ဆိုတာကို သုံးတယ်။ ဒါပေမယ့် တကယ်ကြတဲ့ အခါတော့ အဓိပ္ပါယ်က ဘာလဲဆိုတော့ လာမဲ့ ရွေးကောက်ပွဲ ကာလ အထိကို ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးကနေ ဖယ်ရှားပြစ်ဖို့ အတွက် လုပ်တာ၊ နဂိုမူလအတိုင်း ကြံရွယ်ချက် အတိုင်းပဲ နဂိုကတည်းက ရှိခဲ့တဲ့ အကြံဆိုးတွေ အတိုင်းပဲ ဒေါ်အောင်ဆန်း စုကြည်ကို အခုလို အမိန့်ချမှတ်တယ်လို့ ကျနော်က ယူဆတယ်။ ဒါကြောင့် ကျနော်က တရားရုံးရဲ့  ဆုံးဖြတ်ချက် ကိုလည်း စီရင်ချက် ကိုလည်း မကျေနပ်ဘူး။ ဒါ အလွန်ကို သူတို့ရဲ့  မူလ အကြံဆိုး အတိုင်း လုပ်တယ်လို့ပဲ ကျနော်က ယူဆတယ်။ နှစ်ကလည်း ဗိုလ်ချုပ်မှုးကြီး သန်းရွှေရဲ့  ဒီဟာဆိုတာကလည်း ရှင်းရှင်းပြောရရင် လူတွေကို နားလှည့် ပါးရိုက်တာဟာမျိုးလို ဖြစ်နေတယ်။ သို့မဟုတ်လည်း ပျားရည်နဲ့ ဝမ်းချသလို ဖြစ်နေတယ်။ စကားလုံး လှလှသုံးပြီးတော့ ဗိုလ်ချုပ်အောင်ဆန်း နာမည် သုံးတာတို့၊ ဒီမိုကရေစီ စကားလုံး သုံးတာတို့ အမျိုးသား ပြန်လည် သင့်မြတ်ရေး စကားလုံးတွေ သုံးတဲ့ဟာ ဒါဟာ အမှန်တိုင်း ပြောရရင် သူတို့ရဲ့  အကြံဆိုး တွေကို ဖုံးကွယ်ဖို့ အတွက် ဒါ လုပ်တာလို့ ကျနော် ယူဆပါတယ်။ ဒါကြောင့် နှစ်ခုစလုံးကို မူလ တရားရုံးရဲ့  စီရင်ချက်ကို ကျနော်တို့ ဆန့်ကျင်တယ်၊ မကျေနပ်ဘူး၊ ကန့်ကွက်တယ်၊ နောက်တခါ ဗိုလ်ချုပ်မှုးကြီး သန်းရွှေရဲ့  စကားလုံးတွေ နဲ့ ပျားရည်နဲ့ ဝမ်းချတဲ့ နေအိမ် အကျယ်ချုပ် ဆိုတာကို ကျနော်တို့က လုံးဝ လက်မခံပါဘူး။
ဦးကျော်ဇံသာ ။ ။ ဒါပေမယ်လည်း ဒီဖက်က ဆရာတို့ဖက်က ဒေါ်အောင်ဆန်း စုကြည် ဖက်က သူရဲ့  အသုံးအနှုန်း အရ ကြည့်မယ် ဆိုရင် ဒါဟာ ကောင်းကောင်းမွန်မွန် နေမယ်ဆိုတာထက် သူတို့က သူတို့ လုပ်နေတဲ့ လမ်းပြမြေပုံတို့ ရွေးကောက်ပွဲ လမ်းစဉ်တို့ကို နည်းနည်း ကြည်ဖြူတဲ့ သဘော ပြမယ်ဆိုရင် လွတ်ပေးမယ်ဆိုတဲ့ ကမ်းလှမ်းချက် ပုံစံမျိုးလည်း ပါတယ်လို့ ကျနော်က အဓိပ္ပါယ် ကောက်တယ်။ ဆရာအနေနဲ့ ဘယ်လို သဘောရပါသလဲ။
ဦးဝင်းတင် ။ ။ အဲဒီဟာဆိုရင်လည်း သူတို့ မှားမှာပဲ ခင်များ။ ဒီဟာက ကျနော်တို့က ဥပမာ ဒေါ်အောင်ဆန်း စုကြည်ကို ဒေါ်အောင်ဆန်း စုကြည်ဖက်က သဘောတူခြင်း၊ မတူခြင်း ဆိုတာ ကျနော်ထင်တယ် ဒေါ်အောင်ဆန်းစုကြည်က ဘယ်လိုမှ သဘော မတူနိုင်ဘူး။ ဘာဖြစ်လိုလည်း ဆိုတော့ ဒါ ရှင်းနေတာပဲ။ ဒီ ရွေးကောက်ပွဲဟာ ဘာအတွက် လုပ်တာလည်း၊ ရွေးကောက်ပွဲဟာ လွှတ်တော်ပေါ်ဖို့ လွှတ်တော်က ဘာလုပ်မှာလဲ ဆိုတော့ ဒီ အခြေခံဥပဒေကို အသက်သွင်းဖို့ပဲ။ ဒေါ်အောင်ဆန်း စုကြည်လည်း ပြောခဲ့ပြီးပြီ ဒီ အခြေခံ ဥပဒေဟာ ကျနော်တို့ ဒီ ရွေးကောက်ပွဲနဲ့ ကျနော်တို့ ကြားထဲမှာ ဒီ အခြေခံဥပဒေကြီး ရှိနေတယ်။ ဒီ အခြေခံဥပဒေကြီးကို မပြင်ရင် ကျနော်တို့ကတော့ ဒီ ရွေးကောက်ပွဲဆိုတာ ဘာမှလုံးဝ စဉ်းစားနိုင်စရာ အကြောင်းကို မရှိဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ ဒီ အခြေခံ ဥပဒေတွေက ကျနော်တို့ လုံးဝ လက်ခံနိုင်တဲ့ အရာမဟုတ်ဘူး။ ဒီမိုကရေစီလည်း လုံးဝမဆန်ဘူး၊ ဒီမိုကရေစီနဲ့လည်း လုံးဝ ဆန့်ကျင်နေတဲ့ အခြေခံဥပဒေ ဖြစ်တဲ့ အတွက် ဒီ အခြေခံ ဥပဒေကို မပြင်သရွေ့ တော့ ရွေးကောက်ပွဲ ကိစ္စက ဘာမှ စဉ်းစားစရာ အကြောင်း မရှိဘူးလို့ ပြောချင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့။ ကျနော် ပထမ ဒီ နိုင်ငံရေးအပိုင်းကို မမေးခင်မှာ ဥပဒေ အကြောင်းအရ ဒီကိစ္စ နဲ့ ပတ်သက်ပြီး ဆရာတို့ဖက်က အယူခံဝင်မယ့် အစီအစဉ်တွေများ ရှိပါသလား ခင်များ။
ဦးဝင်းတင်။ ။ ဒါကတော့ ကျနော်တို့က တရားစီရင်ရေးဟာ ဘယ်လောက်ပဲ မှောက်မှား နေပါစေ အောက်ရုံးက တရား စီရင်ရေးတွေ မှောက်မှားနေတယ် ဆိုရင်လည်း အထက်ရုံးက လူတွေကတော့ နှိုင်းနှိုင်းယှဉ်ယှဉ် နဲ့ ပြန်ပြီးတော့ စဉ်းစားမယ့် လူတွေ ရှိကောင်း ရှိလိမ့်မယ် ဒါ တချက်ပေါ့။ နောက်တချက်ကတော့ ကျနော်တို့က ဘာဘဲပြောပြော ဒီမိုကရေစီကို ယုံတဲ့အတွက် တရားစီရင်ရေး ဆိုတာကိုတော့ အဆင့်တဆင့်မှာ မယုံကြည်ရရင်လည်း နောက်တဆင့်ကို တက်တော့ ကျနော်တို့က ယုံကြည် ရလိမ့်မယ်၊ တရားဥပဒေ စိုးမိုးရေးဟာ ရှိလိမ့်မယ်လို့ မျှော်လင့်ချက်နဲ့တော့ ကျနော်ထင်တယ် ဒီအယူခံတို့ ဘာတို့တော့ ဆက်ပြီးတော့ လုပ်မှာပဲ။ ဘာဖြစ်လို့လည်း ဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်းကလည်း သဘော တူပြီးသား ဖြစ်ပါတယ်။ တရား ဥပဒေ အကြောင်းတွေကို လုပ်တဲ့ နေရာမှာတော့ အစအဆုံးတော့ လုပ်မယ်ဆိုတာ ပြောတာတော့ ရှိတယ်။ သို့သော် အခု ကျနော်တို့ မူလ ရည်ရွယ်ချက် တောင်မှ ဒီအတိုင်း ဆိုရင် အခုလုပ်ပုံ လုပ်နည်းနဲ့ ဒီလို လှည့်ကွက်တွေ နဲ့ မရိုးမသား လုပ်တဲ့ဟာတွေ နဲ့ ပြည်သူလူထုကို ပျားရည်နဲ့ ဝမ်းချချင်တဲ့ ပုံသဏ္ဍာန်မျိုးတွေ လုပ်တဲ့ ဟာတွေနဲ့ဆိုရင် ကျနော်တို့ ရှေ့ ဆက်ပြီးတော့ အယူခံဝင်ဖို့ ဘာတို့ကို စဉ်းစားရမယ့် အနေအထားမှာ ရှိနေမယ်လို့ ကျနော် တယောက်တည်း အနေနဲ့ အဲဒီလိုပဲ ထင်မြင် မိပါတယ်။
ဦးကျော်ဇံသာ။ ။ ဟုတ်ကဲ့ အဲဒါ ဥပဒေ အကြောင်းအရ ဘာဆက်လုပ်မှာ။ နိုင်ငံရေး အရရော ဘာဆက်လုပ်မလဲ ဆရာ။ အခု လူတွေ ပြောကြ ပါလိမ့်မယ် ball is in NLD's Court အစိုးရဖက်ကတော့ လုပ်လိုက်ပြီ အန်အယ်လ်ဒီ ဖက်က ဘယ်လို တုံ့ပြန်မယ်ဆိုတာ မေးလာရင် ဆရာ ဘယ်လိုဖြေမလဲ ခင်များ။
ဦးဝင်းတင် ။ ။ နိုင်ငံရေးအရ ဆိုလို့ ရှိရင်တော့ အခုန ပြောသလိုပေါ့ ကျနော်တို့က အခြေခံ ဥပဒေမှာ ပြင်ဆင်ခြင်း မရှိဘူးဆိုရင် ဒီ ရွေးကောက်ပွဲ ဘာညာဆိုတာ သူတို့ရဲ့  road map တို့ ဘာတို့ကို ကျနော်တို့ ဘာမှ ခေါင်းထဲ ထဲ့ပြီး စဉ်းစားစရာ လိုလိမ့်မယ် မဟုတ်ဘူး။ ဒီထဲမှာ ထပ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးလောက ကနေ အနည်းဆုံး တနှစ်ခွဲလောက် ဗမာနိုင်ငံရေးက ဖယ်ထုတ် ထားဖို့အတွက် အကျယ်ချုပ်လို့ ထားဖို့အတွက် လုပ်ခြင်းအားဖြင့်လည်း ဒီ နိုင်ငံရေး လမ်းကြောင်းဟာ ကျနော်တို့ အဖို့ ဘာမှ ရှေ့လျှောက် လမ်းမရှိတော့ဘူး။ အဲဒီတော့ တခုပဲ ရှိတာက ဘာလည်းဆိုတော့ ကျနော်တို့က ကမ္ဘာ့နိုင်ငံများ၊ ကမ္ဘာ့ အင်အားစုများ၊ ကမ္ဘာ့ နိုင်ငံတကာ အဖွဲ့အစည်းများနဲ့ အတူ နောက်ပြီး ပြည်တွင်းမှာရှိတဲ့ တိုင်းရင်းသား အဖွဲ့အစည်းများ၊ ကျောင်းသားလူငယ်၊ ရဟန်း သံဃာ ဆိုတာတွေ အားလုံးနဲ့အတူ ကျနော်တို့က ဆက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကို ဆက်ပြီးတော့ ကန့်ကွက် သွားရမယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်ရေးကို ကန့်ကွက် သွားရမှာပဲ။ အဲဒီတော့ ကျနော်တို့က ဘာပြောချင်သလဲ ဆိုတော့ ဒီကိစ္စမှာ စု၊ လွှတ်၊ တွေ့ ဆိုတဲ့ မူလ မူဝါဒတွေ အတိုင်းပဲ ဒေါ်စု နဲ့ နိုင်ငံရေး အကျဉ်းသားများ လွတ်ရေးကို ကျနော်တို့ ဆက်ပြီးတော့ တောင်းဆိုသွားမယ်။ နောက်ပြီးတော့ ပြည်သူလွှတ်တော် ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်များကို တနည်းနည်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့  စကားလုံး တနည်းနည်းနဲ့ ကျနော်တို့ ဖြေရှင်းရေးကို အဖြေရှာရေး အတွက် ကိုလည်း ကျနော်တို့ ဆက်ပြီး တောင်းဆိုသွားမယ်။ နောက်ပြီးတော့ အမျိုးသား ပြန်လည် သင့်မြတ်ရေးကိစ္စ၊ နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ အတွက် ဒီ တွေ့ဆုံ ဆွေးနွေးရေး ကိစ္စတွေကိုလည်း ကျနော်တို့ ဆက်လက် တောင်းဆို သွားမှာပဲ။ အဲဒါဟာ ကျနော်တို့ရဲ့  နိုင်ငံရေး လမ်းကြောင်း အမှန်ပဲ ဖြစ်မှာလို့ ကျနော် ပြောချင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ အခုကတော့ ဆရာအနေနဲ့ တဦးချင်း အနေနဲ့ ပြောနေတာပေါ့။ ဒီ နိုင်ငံရေး လမ်းစဉ်တွေကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ဆုံးဖြတ်ချက် ချအုန်းမယ် ထင်ပါတယ်။ အဲဒီလို လုပ်တဲ့အခါမှာ ဆရာတို့ အခုဆွေးနွေးမယ့် ပုဂ္ဂိုလ်တွေထဲမှာ ဘယ်သူတွေ၊ အထူးသဖြင့် တလောက အနားယူသွားတယ်၊ နေမကောင်းလို့ အနားယူတယ် ဆိုတဲ့ ပုဂ္ဂိုလ်တွေ ဦးအောင်ရွှေတို့၊ ဦးလွင်တို့ အဲဒီ ပုဂ္ဂိုလ်တွေ ပါဝင်ပြီး ဆွေးနွေး ကြအုန်းမလား။ သို့တည်းမဟုတ် အခု အသစ် ရွေးချယ်ထားတဲ့ လူတွေနဲ့ ဆွေးနွေး ဆုံးဖြတ်မလား။
ဦးဝင်းတင် ။ ။ ဒီလိုရှိတယ်ခင်များ ဒီ ကိစ္စက ဒီဟာတွေက ကျနော်တို့ရဲ့  ရွှေဂုံတိုင် ကြေငြာချက်မှာ စု၊ လွှတ်၊ တွေ့ ဆိုတဲ့ဟာက အခြေခံပါပဲ။ စု၊ လွှတ်၊ တွေ့ ဆိုပြီးတော့ အခုနပြောတဲ့ နိုင်ငံရေးသမား ဒေါ်စု နဲ့ နိုင်ငံရေး အကျဉ်းသားများ လွတ်ရေး၊ လွှတ်တော် ရလဒ်များကို လွှတ်တော် ကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော် ခေါ်ယူရေးနဲ့ ပတ်သက်ပြီး တနည်းနည်းနဲ့ ဖြေရှင်းပေးရေး၊ တွေ့ဆုံ ဆွေးနွေးပွဲ ဆိုတာ လိုင်းကကျပြီးသာ။ ရွှေဂုံတိုင် တုန်းက ကျပြီးသာ။ နောက်တခါ ရွှေဂုံတိုင်မှာပဲ ကျနော်တို့ တောင်းဆိုခဲ့တာ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်ပေးရေး၊ နောက်တခါ ဒီမိုကရေစီ မဆန်တဲ့ ဒီ အခြေခံဥပဒေက အချက်တွေကို ပြန်လည် သုံးသပ်ရေး၊ နောက်တခုက နိုင်ငံတကာ ကွပ်ကဲမှုရှိတဲ့ ရွေးကောက်ပွဲ ကျင်းပရေးဆိုတဲ့ တောင်းဆိုချက်တွေက ရှိတဲ့ အခါကြတော့ ကျနော်တို့ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ဒီ နိုင်ငံရေး လမ်းကြောင်းကတော့ ကျနော်တို့ သွေဖီစရာ အကြောင်း သိပ်မရှိဘူးလို့ ကျနော်က ထင်တယ်။ အဲဒီတော့ ဒီ တခုပဲရှိတယ် ဒေါ်စုကို မလွတ်ဘူး ဆိုတဲ့ အခါကြတော့ ဒီ စစ်အစိုးရရဲ့  ဇာတိရုပ်က ဘွားဘွားကြီးကို ပေါ်သွားတယ်။
အဲဒီပေါ်တဲ့အပေါ်မှာတည်ပြီးတော့ ကျနော်တို့က ဆက်ပြီးတော့ နိုင်ငံရေးကို အရှိန်မြင့်ခြင်း၊ စသည်ဟာကို ကျနော်တို့ စဉ်းစားဖို့ လိုလိမ့်မယ်လို့ ကျနော်ထင်တယ်။ နောက်တချက်ကတော့ ဒီလို လုပ်တဲ့နေရာမှာ ကျနော်တို့ လူသစ်တွေ ပေါ်လာတဲ့ အဖွဲ့အစည်း ကလည်း ဒါ အင်အားသစ်ကလည်း သူတို့လည်း ပြောခွင့် ဆိုခွင့်နဲ့ သူတို့ရဲ့  ဆွေးနွေးခွင့် တွေနဲ့ သူတို့ရဲ့  အကြံဥာဏ်တွေ နဲ့ သူတို့ ယူသွားမှာပဲ။ သို့သော် လူကြီးတွေပဲလုပ်လုပ် လူငယ်တွေ လူသစ်တွေနဲ့ပဲ လုပ်လုပ် ဘယ်လိုပဲ ပြောပြော ကျနော်တို့ရဲ့  နိုင်ငံရေး လမ်းကြောင်းကတော့ မူလ ရှိပြီးသာ လမ်းကြောင်း ဖြစ်နေတယ်။ မူလ နိုင်ငံရေး လမ်းကြောင်းမှာ ကျနော်တို့ မျှော်လင့်ချက် ထားပါတယ်။ အဲဒီဟာတွေ အကုန်လုံး ဘာမှပေါ်မလာပဲ ဒေါ်စုကို အခုလို နိုင်ငံရေးကနေ ဖယ်ထုတ်မယ် ဆိုရင်တော့ ကျနော်တို့ရဲ့  နိုင်ငံရေး လမ်းကြောင်းဟာ ရှေ့ ဆက်ပြီးတော့ ခိုင်ခိုင်မာမာ ဆက်သွားဖို့သာ ရှိမယ်လို့ ကျနော် ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံးတချက် မေးချင်တာကတော့ ဆရာတို့ ရွေးမယ့်လမ်းမှာ လူထု နည်းရော ပါအုန်းမလား။
ဦးဝင်းတင် ။ ။ လူထုနည်းလား။ ပါရမှာပေါ့ဗျာ။ ဘာဖြစ်လို့လည်း ဆိုတော့ ကျနော်တို့ ရွှေဂုံတိုင် အစည်းအဝေးမှာ ကျနော် မိန့်ခွန်း ပြောတဲ့ အထဲမှာ ဒါ ပါပြီးသားပါ။ ဘာဖြစ်လို့လည်း ဆိုတော့ ကျနော်တို့ လူထုကို မျက်နှာမူတဲ့ နိုင်ငံရေး လုပ်ရမယ်လို့ ကျနော်တို့ ပြောတဲ့ ဟာက ဘာလဲဆိုရင် ကျနော်တို့ လူထုနဲ့ပဲ တွဲလုပ်ရမှာပေါ့။ လူထုနဲ့တင် မကဘူး တခြား တိုင်းရင်းသား အဖွဲ့အစည်းတွေ ကျောင်းသား လူငယ်တွေ၊ ရဟန်း သံဃာများ အားလုံးနဲ့ ကျနော်တို့ တွဲလုပ်ရမယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ဒီ စစ်အစိုးရဟာ သိပ်ပြီးတော့ ကမ္ဘာ တခုလုံးကနေ ပြောဆို နေတာကိုတောင်မှ နားမဝင် နိုင်လောက်အောင် ခေါင်းမာနေတယ် ဆိုရင်တော့ ကျနော်တို့ကလည်း ကျနော့် အနေနဲ့ အန်အယ်လ်ဒီ အစုစုလေးနဲ့ လုပ်လို့ ရမှာ မဟုတ်ဘူး၊ လူထုနည်းနဲ့ပဲ လူထုနဲ့ ချည်းကပ်ပြီးတော့ လူထုနဲ့ အတူ လက်တွဲပြီးတော့ ဒီစစ်အစိုးရရဲ့  ဒီ ခေါင်းမာမှုကို ကျနော်တို့ ဖြေရှင်း သွားရလိမ့်မယ်လို့ ထင်ပါတယ်။
Ref: VOA News
နေ့စဉ်သတင်းများ (၁၃ - ၈ - ၀၉)
■ ကိုးကန့်အရေး မြန်မာကို တရုတ်သတိပေး သတင်း
■ မြန်မာနိုင်ငံအပေါ် အီးယူ၏ ပိတ်ဆို့မှုအသစ်တွင် တိုတယ် (Total) ပူးပေါင်းပါဝင်ရန် ဖိအားပေးခံရ သတင်း
■ အမေရိကန် အထက်လွှတ်တော်အမတ်နှင့် ဗိုလ်ချုပ်မှူးကြီး တွေ့မည် သတင်း
■ အမေရိကန်အမတ်ကို စစ်အစိုးရ၏ အသုံးချခံ မဖြစ်စေလို သတင်း
■ ဘုရားသုံးဆူဒေသ စစ်ရေးလှုပ်ရှားမှု တိုးများ သတင်း
■ အိမ်ခြေ (၅၀၀) ကျော် အစိုးရစစ်တပ် ဖျက်ဆီးဟု ရှမ်းလူ့အခွင့်အရေးအဖွဲ့ ပြော သတင်း
■ ကုလလုံခြုံရေးကောင်စီ အစည်းအဝေး မြန်မာ့အရေး မဆုံးဖြတ်နိုင် သတင်း
■ တရားရုံးဆုံးဖြတ်ချက် မျှတမှုမရှိဟု ဒေါ်အောင်ဆန်းစုကြည် ပြောဆို သတင်း
■ ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်ပေးခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှုဟု အဖွဲ့ချုပ်ပြော သတင်း
■ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချမှတ်လိုက်ခြင်းအား တုန့်ပြန်ချက်များ သတင်း
■ တရုတ်ပြည်က စစ်အစိုးရ၏ တရားစီရင်ချက်ကို ထောက်ခံ သတင်း
■ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှု ရုပ်ရှင်ရိုက်ပြီ သတင်း
■ အိန္ဒိယနဲ့ မလေးရှားက ဒေါ်အောင်ဆန်းစုကြည်အတွက် ဆန္ဒပြပွဲ သတင်း
■ အင်ဒိုနီးရှားတွင် မြန်မာအတိုက်အခံ အစည်းအဝေးကို နှောက်ယှက်ခံရ သတင်း
■ ကချင်တိုင်းရင်းသား ဝန်ထမ်းများအား ကိုယ်ရေးရာဇဝင် အချက်အလက် ကောက်ယူ သတင်း
■ ချောက်မြို့မှ ဖမ်းဆီးခံထားရသည့် ရဲဝန်ထမ်းအချို့ ပြန်လည်လွတ်မြောက် သတင်း
■ ရေနံချောင်း NLD အဖွဲ့ဝင် (၅) ဦး ပြန်လွတ်လာ သတင်း
■ စစ်တွေတွင် ယနေ့ လုံခြုံရေးထူထပ် သတင်း
■ ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် (၄၂) နှစ်မြောက် စစ်တွေ-ဆန်ပြဿနာနေ့ ကျင်းပ သတင်း
■ ရခိုင်အခြေစိုက် တပ်ရင်းမိသားစုများကို လျော့ဈေးဖြင့် ဆန်များရောင်းချ သတင်း
■ ပြည်ပမီဒီယာများအပေါ် စစ်အစိုးရ မီဒီယာစစ်ပွဲ ဆက်လုပ်နေ သတင်း
■ မြန်မာအလုပ်သမားတဦး (၄) ထပ်တိုက်ပေါ်မှ ပြုတ်ကျသေဆုံး သတင်း
■ ပွဲစားနှင့် အလုပ်ခေါင်းက အနိုင်ကျင့်သဖြင့် မြန်မာအလုပ်သမားများ အခက်အခဲဖြစ်နေ သတင်း
■ မြန်မာအလုပ်သမားများအတွက် အသံလွှင့်ဌာနတခု မဲဆောက်တွင် ထုတ်လွှင့်မည် သတင်း
■ လေးဖြူ၏ ဘင်္ဂလားပင်လယ်အော် ကာဗာကတ်စနစ်ဖြင့် ရောင်းချ သတင်း
■ စစ်အုပ်စုကို ထောက်ခံနေရာမှ တရုတ်တို့ ခြေတလှမ်း နောက်ဆုတ်သွားရန် (ဆောင်းပါး)
■ တန်းညှိခံရတော့မည့် ကစားကွင်းများ (ဆောင်းပါး)
■ ဗိုလ်ချုပ်မှူးကြီး၏ အဓိပ္ပာယ်မဲ့ မဟာကရုဏာတော် (ဆောင်းပါး)
■ ဤခရီး မနီးသေး (ပထမပိုင်း) (ဆောင်းပါး)
■ မမြင်ရတဲ့ အောင်မြင်မှု (ဆောင်းပါး)
■ ဒေါ်အောင်ဆန်းစုကြည်၏ စာပေအနုပညာ (ဆောင်းပါး)
■ ပျော်မဆုံး မော်မဆုံး ဘောလုံးကစားကြသည် (ဆောင်းပါး)
Thursday, August 13, 2009
Clinton Orders A Quickie
Bill Clinton and Al Gore go into a local diner for lunch.
As they read the menu the waitress comes over and asks Clinton, "Are you ready to order?"
Clinton replies, "Yes, I'd like a quickie."
"A quickie?!?" The waitress replies. "Sir, given the current situation of your personal life I don't think that is a good idea. I'll come back when you are ready to order from the menu." She walks away.
Gore leans over to Clinton and says, "Bill, it's pronounced 'Quiche.'"
ဗိုလ်ချုပ်တွေ မျက်နှာနီနေရော့မယ်
ရဲဘော်ဖိုးသံချောင်း
၁၂ သြဂုတ် ၂၀၀၉
နအဖဗိုလ်ချုပ်များ သဘောထားကြီးကြပါပေ့။ ဗိုလ်ချုပ်အောင်ဆန်း အပေါ် လေးစား တန်ဖိုး ထားကြပါပေ့။ ဆက်လို့သာ ရေးရင် စာဖတ်သူတွေက တဟားဟား ရယ်ကြတော့မှာပါ။
ဒီအမှုမှာ တရားဥပဒေစကားတွေကို ဖိနပ်ကြားက နတ်စကားထွက် ဆိုတာလို အမြှုပ် ထွက်မတတ် ပြောခဲ့တဲ့ နအဖအာဏာ ပိုင်တွေနဲ့ သူတို့ သတင်းစာတွေ ထဲက ကြေးစား ဆောင်းပါး ရေးသူတွေဟာ “ယိမ်းနွဲ့ပါးဓားကွ၊ ထုတ်မိရင် ခုတ်ကိုခုတ်ရမှ” လို့ ကြုံးဝါး နေရာကနေ အပြီးသတ်တော့ ဝှီးဖတ် ဆိုသလို ဘေးက ငှက်ပျောပင်ကိုပဲ ပိုင်းလိုက်ရ သလို ဖြစ်သွားပါတယ်။
ဗမာပြည်ရဲ့ ဒီနေ့ အခြေအနေမှာ နအဖထင်သလို လုပ်လို့ မရဘူးဆိုတာ ဒီအချက်က အထင်သာဆုံး ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ နအဖကို ကမ္ဘာအဆုံး တည်တံ့မယ့် အဖွဲ့အစည်းကြီး တခုလို သဘောထားပြီး ဘုန်းတော် ဘွဲ့တွေရေး၊ သခင်အားရ ကျွန်ပါးဝ လုပ်နေသူတွေလည်း ဒီအချက်ကို သတိထား ကြပါ။ နအဖ ဗိုလ်ချုပ်တွေဟာ အချိန်မရွေး သားကောင်ချနင်း တတ်တယ် ဆိုတာ မမေ့ ကြပါနဲ့။
သေချာတာကတော့ ဒီတပွဲမှာ ပြည်သူတွေဘက်က အောင်ပွဲ ခံလိုက်ပါတယ်။ နအဖအနေနဲ့ အရှက်ပြေ ဘယ်လို ဆင်ခြေတွေပဲ ပေးနေနေ အောင်ခြင်းရှစ်ပါး သီချင်းထဲကလို ဒီတပွဲမှာတော့ “ဆင်မိုက်ကြီးမှာ ဒူးတုပ်ရရှာ” ဖြစ်သွားတာ အမှန်ပါပဲ။ ပြည်သူတွေရဲ့ အစွမ်းပြမှု၊ နိုင်ငံတကာက ဖိအားပေးမှုတွေ အောက်မှာ မောက်မာလှတဲ့ ဗိုလ်ချုပ်တွေ မျက်လွှာချရတာ တွေ့လိုက်ရပါပြီ။ တရားသူကြီးမင်း ဆိုသူက (၅) မိနစ်လောက်သာ ကြာတဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် သုံးနှစ်ဆိုတဲ့ စီရင်ချက်ကို ချပြီးတာနဲ့ တဆက်တည်း လိုလိုမှာ ပြည်ထဲရေး ဝန်ကြီးဆိုသူက ဗိုလ်သန်းရွှေရဲ့မေတ္တာတော် ဆိုတာကို လာကြေညာ ခဲ့ပါတယ်။ အမှု တခုလုံးဟာ လိမ်ဆင်မှန်း၊ ကြပ်ပြေးက ဒါရိုက်တာ လုပ်နေတာမှန်း ရှင်းသထက် ရှင်းသွားတော့တာပါပဲ။
အဲဒီဒါရိုက်တာရဲ့ လက်ချက်မှန်း ထပ်ပေါ်လွင်စေတဲ့ ကိစ္စကတော့ ဒေါ်အောင်ဆန်း စုကြည်ကို အိမ်ထဲမှာ ချုပ်ထားတာနဲ့ တချိန် တည်းမှာ အိမ်ရဲ့ခြံမြေကို ရောင်းလိုက်ပြီ ဆိုတဲ့ ကိစ္စနဲ့ စိတ်မအေးအောင် နှိပ်စက် ထားတာပါပဲ။ လူတယောက်ကို အိမ်ထဲက မထွက်နိုင်အောင် လုပ်ထားပြီး အဲဒီအိမ်တိုင်ကို လှုပ်နှဲ့နေတာနဲ့ တူနေပါတယ်။ စားကောင်းခြင်း မစားရ၊ အိပ်ကောင်းခြင်း မအိပ်ရအောင် ဖန်တီး ထားပုံတွေဟာ အတွေ့အကြုံ များလှကြောင်း ပြသနေတာပါပဲ။ နောက်ပြီး သတ်မှတ်ထားတဲ့ အိမ်ချုပ်ကလည်း တနှစ်ခွဲတဲ့။ ၂ဝ၁ဝ ရွေးကောက်ပွဲ ပြီးတဲ့အထိ လို့ပဲ ဒဲ့ဒိုး ပြောလိုက်ပါတော့လား။
ဒီပွဲမှာ ဗိုလ်ချုပ်တွေ အမြီးကုပ် သွားတယ် ဆိုတဲ့အတွက် ပြည်သူတွေ အနေနဲ့ ပေါ့လို့ လုံးဝမဖြစ်ပါ။ ဒီအောင်ပွဲဟာ အသေးစား တခုသာ ဖြစ်ပါတယ်။ လက်ရှိ ဗမာပြည် အခြေအနေမှာ နအဖ ဗိုလ်ချုပ်တွေဟာ အရှုံးကို လွယ်လွယ်နဲ့ လက်မခံဘူးဆိုတာ မမေ့သင့်ပါဘူး။ လက်စားချေဖို့၊ သူတို့ သိက္ခာကို ပြန်ဆယ်ဖို့ ရှက်ရမ်း ရမ်းလာနိုင်တဲ့ အကြံအစည်တွေကို ပြင်ဆင်နေကြမယ် ဆိုတာ သံသယ ဖြစ်စရာမလိုဘူး ထင်ပါတယ်။ အဲဒီအတွက် အစီအစဉ်တွေ လုပ်ပြီးသားတောင် ဖြစ်ချင်ဖြစ်မှာပါ။
နအဖက ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ မပြီးမချင်း အပြင်မှာ ရှိမနေစေချင်ဘူး ဆိုတဲ့ အချက်ကတော့ သေချာသွားပြီ။ တကယ်ကျတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အဲဒီရွေးကောက်ပွဲကို ဝင်မှာ မဟုတ်ဘူးဆိုတာ လူတိုင်း သိနေတာပါ။ ဒါနဲ့များ စစ်အာဏာရှင် ဗိုလ်ချုပ်တွေက ဘာကို ပူပန်နေကြတာလဲ။ ဒီနေရာမှာ ဝှက်ဖဲတွေ၊ လှည့်ကွက်တွေ ရှိလေသလားလို့ တွေးကြည့် သင့်ပါတယ်။ တကယ်လို့များ နအဖက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ချေမှုန်းတယ်ဆိုရင်၊ ဒါမှမဟုတ် ၂ဝ၁ဝ ရွေးကောက်ပွဲ ဥပဒေကို ကြေညာ လိုက်တဲ့နောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အတွင်းမှာ တခုခုဖြစ်တယ် ဆိုရင် အပြင်မှာ ဒေါ်အောင်ဆန်းစုကြည် ရှိမနေတာဟာ သူတို့အတွက် ပိုမကောင်းပေဘူးလား။ ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ထဲက တက်ကြွသူတွေနဲ့ ခွဲထားဖို့ဆိုတာဟာ နအဖရဲ့အရေးကြီးတဲ့ နည်းဗျူဟာတခု ဖြစ်တယ်ဆိုတာ မမေ့သင့်ပါဘူး။ တကယ်လို့များ ပြည်သူလူထုကြီး အုံကြွလာတယ် ဆိုရင် သူတို့ရှေ့မှာ ဒေါ်အောင်ဆန်းစုကြည် ရှိမနေတာဟာ နအဖအတွက် အခက်အခဲကြီး ဖြစ်မယ်ဆိုတာကို သူတို့တွက်မိမှာပါ။
ဒီအမှုကြောင့်မို့ ပြည်သူလူထုတွေ ပိုသွေးစည်းလာတယ်၊ တိုက်ပွဲဝင် စိတ်ဓာတ် မြင့်မားလာတယ်၊ သတိ ပိုရှိလာတယ်လို့ ဖြစ်ရမှာပါ။
နအဖစစ်ဗိုလ်ချုပ်တွေ သန္ဓေပြောင်းသွားပြီလို့ နည်းနည်းမှ မတွက်သင့် ပါဘူး။ ဘယ်စိတ်ကူးယဉ်မှု ဆီကိုမှ ရောက်မသွား စေသင့်ပါဘူး။ မာနလည်း မတက်သင့်ပါဘူး။
ဒါ့အပြင် ဒီနေရာမှာစဉ်းစားသင့်တဲ့ အချက်တခုလည်း ရှိသေးတယ် ထင်ပါတယ်။ နအဖရဲ့ ဒီလုပ်ရပ်ဟာ အခုတလော အမေရိကန် နိုင်ငံက သူတို့ကို မက်လုံး ပေးနေတာတွေနဲ့များ ဆက်နေသလား ဆိုတာပါ။ ဒီရက်ပိုင်းမှာပဲ အမေရိကန် ကွန်ဂရက်အမတ် ဂျင်ဝက်ဘ် ရောက်လာမယ် ဆိုတာ အားလုံးအသိပါ။ သူဘာတွေ လုပ်နေတယ်၊ နအဖ ခေါင်းဆောင်တွေ ထဲက ဘယ်သူတွေနဲ့ တွေ့မယ်-တွေ့တယ် ဆိုတာတွေကို ဘယ်သတင်းဌာန ကမှ မပြောသေးပါဘူး။ အဲဒီလိုအချိန်မှာ နအဖအနေနဲ့ ဒီအမှုမှာ အလျှော့ ပေးလိုက်ခြင်း အားဖြင့် အိမ်ဖြူတော်ကို သံလွင်ခက်လေး ဝှေ့ယမ်း ပြနေတာလား ဆိုတာကို ဦးနှောက် လှုပ်ရှားရာမှာ ထည့်သွင်း လှုပ်ရှားသင့်ပါတယ်။
နိုင်ငံကြီးတွေအနေနဲ့ သူတို့ရဲ့ လက်တွေ့အနေအထားအရ နိုင်ငံတကာ စစ်တုရင် ကွက်မှာ နည်းဗျူဟာတွေ ချမှတ်ကြ၊ ရွှေ့ကစားကြ တာတွေဟာ ဘာမှ မဆန်းပါဘူး။ သူတို့ အရေးမှာ ကိုယ်က ဝင်မစွက် သလို ကိုယ့်အရေးမှာ သူတို့က ဝင်မစွက်ရင် ရပါပြီ။ အရေးကြီးတာက ဗမာပြည် ပြည်သူတွေနဲ့ ဒီမိုကရေစီ အင်အားစုတွေ အနေနဲ့ ကိုယ့်လုပ်ငန်းနဲ့ ကိုယ့်ကြမ္မာတွေကို နိုင်ငံကြီးတွေရဲ့ သေနင်္ဂဗျူဟာတွေ၊ နည်းဗျူဟာတွေနဲ့ ချည်နှောင် မထားမိဖို့ သိပ် အရေးကြီးပါတယ်။ ကိုယ့်လမ်းကြောင်း ကိုယ်ရွေးလို့ ကိုယ့်ရွက်ကိုယ်ဖွင့် ကိုယ့်ကြမ္မာ ကိုယ်ဆုပ်ကိုင်မှ ကိုယ့်အနာဂတ်ကို ကိုယ်ဖန်တီးနိုင်ပါမယ်။
ဗမာပြည်အရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိစ္စ နိုင်ငံတကာ ဇာတ်ခုံပေါ်ကို ရောက်သွား တာမှာ ကောင်းတာလည်း ရှိသလို မကောင်းတာတွေလည်း ရှိတယ်ဆိုတာ မမေ့သင့်ပါဘူး။
Ref: ခေတ်ပြိုင်
နေ့စဉ်သတင်းများ (၁၂ - ၈ - ၀၉)
■ အဆိုတော် ရုပ်ရှင်မင်းသား ဇော်ဝမ်း ကွယ်လွန် သတင်း
■ ဒေါ်အောင်ဆန်းစုကြည်အမှု အယူခံဝင်မည် သတင်း
■ မြန်မာနိုင်ငံဆိုင်ရာ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး ကျင်းပ သတင်း
■ လူ့အခွင့်အရေးကိုယ်စားလှယ် (၄) ဦးက စစ်အစိုးရ၏ စီရင်ချက်ကို ပြစ်တင်ရှုတ်ချ သတင်း
■ ဒေါ်အောင်ဆန်းစုကြည်အပေါ် စီရင်ချက်ကို NLD ပြင်းထန်စွာ ကန့်ကွက် သတင်း
■ ဒေါ်အောင်ဆန်းစုကြည်ကို အနာဂတ်နိုင်ငံရေးမှ ဖယ်ရှားခြင်းဟု ယူဆနေကြ သတင်း
■ စစ်အစိုးရ၏ လုပ်ရပ်ကို အိန္ဒိယနိုင်ငံရေးသမားများ ပြစ်တင်ဝေဖန် သတင်း
■ တရားရုံးအမိန့် လက်မခံနိုင်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော၊ အယူခံဝင်မည် သတင်း
■ ဒေါ်အောင်ဆန်းစုကြည်အမှုစီရင်ချက် ပြည်တွင်းရေးလား၊ နိုင်ငံတကာအရေးလား (ဆွေးနွေးခန်း)
■ မြန်မာ့ဒီမိုကရေစီအင်အားစုများရဲ့ ဂျာကာတာညီလာခံ တားမြစ်ခံရ သတင်း
■ သြဂုတ်လ (၇) ရက်နေ့မှာ ပြောကြားတဲ့ ဦးစိန်ဝင်း၊ ဦးမောင်မောင်တို့ရဲ့ သဘောထား သတင်း
■ ကိုးကန့်တပ် စစ်ရေးပြင်ဆင် သတင်း
■ အပစ်ရပ်တိုင်းရင်းသားအဖွဲ့ (၄) ဖွဲ့ စစ်ရေးမဟာမိတ်အဖွဲ့ ဖွဲ့စည်း သတင်း
Wednesday, August 12, 2009
နေ့စဉ်သတင်းများ (၁၁ - ၈ - ၀၉)
■ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ဖြင့် (၁) နှစ်ခွဲ ထိန်းသိမ်းဦးမည် သတင်း
■ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် တနှစ်ခွဲချမှတ်၊ လူ (၇၀) ထက်မနည်း ဖမ်းဆီးခံခဲ့ရ သတင်း
■ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် (၁၈) လ အမိန့်ချချိန် မြင်ကွင်း သတင်း
■ ဒေါ်အောင်ဆန်းစုကြည်ရုံးချိန်း အင်းစိန်ထောင်ပတ်ဝန်းကျင် အခြေအနေ သတင်း
■ နအဖ ဥက္ကဋ္ဌက ဒေါ်အောင်ဆန်းစုကြည်အပေါ် သက်ညှာခွင့်ပြုရန် ညွှန်ကြား သတင်း
■ ဒေါ်အောင်ဆန်းစုကြည် ပြစ်ဒဏ်ချခံရခြင်းအပေါ် သူတို့အမြင် သတင်း
■ သြဂုတ်လ (၁၁)၊ ၂၀၀၉ - ဒေါ်အောင်ဆန်းစုကြည် တရားရုံးချိန်း မနက်ခင်း သတင်းရသမျှ သတင်း
■ ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသူများစုရုံး သတင်း
■ ဒေါ်အောင်ဆန်းစုကြည် အားပေးသူများကို ဖမ်းဆီး သတင်း
■ ရေနံချောင်းနှင့် ပဲခူးရှိ အဖွဲ့ချုပ်ဝင်များ ဖမ်းဆီးခံရ သတင်း
■ ဒေါ်အောင်ဆန်းစုကြည်အား စီရင်ချက်ချမည့်နေ့နံနက် ငလျင်လှုပ် သတင်း
■ ဆန်ဖရန်စစ္စကိုဘေးဧရိယာက မြန်မာများ ဒေါ်အောင်ဆန်းစုကြည်အတွက် စုဝေးကြ သတင်း
■ နအဖစစ်တပ်နှင့် ကိုးကန့်တပ်ဖွဲ့အကြား နှစ်ဘက်ပစ်ခတ်လုနီးပါး အခြေအနေဖြစ် သတင်း
■ ဘုရားသုံးဆူမြို့နယ်ဒေသတွင် ဒီကေဘီအေမှ စခန်းအသစ်ဆောက် သတင်း
■ အာဏာရှင်စနစ် ဘယ်လိုနိဂုံးချုပ်မလဲ (သုံးသပ်ချက်ဆောင်းပါး)
■ ပဲခူးတိုင်းတွင် ရေကြီးမှုကြောင့် ဒေသခံများ ဒုက္ခရောက်ကြရ သတင်း
■ လှိုင်သာယာစက်မှုဇုန်လုပ်ငန်း လည်ပတ်မှုကျဆင်း ပြည့်တန်ဆာလုပ်ကိုင်သူ များပြားလာ သတင်း
■ မော်ဒယ်မလေး ၀တ်မှုန်ရွှေရည် မွေးနေ့ပွဲ ဗိုလ်ချုပ်မှူးကြီး၏ မြေး ဖိုးလပြည့် တက်ရောက် သတင်း
Tuesday, August 11, 2009
နေ့စဉ်သတင်းများ (၁၀ - ၈ - ၀၉)
■ ဒီကေဘီအေနှင့် နအဖတပ်တို့ ပစ်ခတ်မှုဖြစ်ပွား၊ နအဖဘက်မှ (၃) ဦး သေဆုံး သတင်း
■ စစ်အစိုးရနှင့် အပစ်ရပ်အဖွဲ့ တင်းမာမှုကြောင့် တရုတ်ပြည်သို့ မြန်မာတသောင်းကျော် ထွက်ပြေး သတင်း
■ ကိုးကန့်အဖွဲ့နဲ့ နအဖတပ်ဖွဲ့အကြား ထိပ်တိုက်မှုဖြစ်ပွား သတင်း
■ ဒီနှစ်ကုန်လျှင် ကြားဖြတ်အစိုးရဖွဲ့ပြီး ရွေးကောက်ပွဲကျင်းပမည်ဟု သတင်းထွက်နေ သတင်း
■ ဗိုလ်ချုပ်အောင်ဆန်းနှင့် တပ်မတော်သမိုင်း ရုပ်ရှင်ရိုက်မည် သတင်း
■ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို ပြုပြင်မည် သတင်း
■ ဒေါ်အောင်ဆန်းစုကြည်အကြောင်း မပြောရဟု ထုတ်ပြန်ထား သတင်း
■ ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၇၄ ဥပဒေနှင့် စီရင်ချက်ချလျှင် မှားမည်ဟု ရှေ့နေ ပြော သတင်း
■ ဒေါ်အောင်ဆန်းစုကြည်အမှုကို မျှမျှတတ စီရင်ဖို့ ၈၈ မျိုးဆက်ကျောင်းသားများ တိုက်တွန်း သတင်း
■ ဒေါ်အောင်ဆန်းစုကြည်အိမ်ထဲ မစ္စတာယက်တော ၀င်ခြင်းသည် အစိုးရစီစဉ်ခြင်းမဟုတ်ဟု ရဲချုပ်ပြော သတင်း
■ ဒေါ်အောင်ဆန်းစုကြည်အမှုကို ထင်မြင်ချက်အမျိုးမျိုး ပေးနေကြ သတင်း
■ ဗိုလ်ချုပ်မှူးကြီးကို နိုင်ငံတကာခုံရုံးတင်ရန် အမျိုးသမီးအဖွဲ့များ တောင်းဆို သတင်း
■ ပြည်တွင်းပြည်ပ ရှစ်လေးလုံးနှစ်ပတ်လည်နေ့ အခမ်းအနားများ ကျင်းပ သတင်း
■ ရှစ်လေးလုံး အောက်မေ့ဖွယ်လှုပ်ရှားမှုကို မသိလိုက်သည့် ရဲဝန်ထမ်းများ ဖမ်းဆီးခံရ သတင်း
■ ကချင်ပြည်နယ်အတွင်း ရှစ်လေးလုံးနှစ်ပတ်လည်နေ့ ဆုတောင်းပွဲများ ပြုလုပ် သတင်း
■ ရခိုင်ပြည်ရှိ မြို့နယ်တွင် လုံခြုံရေးတင်းကျပ်ပြီး စစ်ဆေးမေးမြန်းမှုများ ရှိခဲ့ သတင်း
■ မြေမြှုပ်မိုင်း အသုံးပြုဆဲ ကမ္ဘာ့နိုင်ငံ (၂) နိုင်ငံတွင် မြန်မာ ပါဝင် သတင်း
■ ဝါဒဖြန့်ဆောင်ပုဒ်များ အတင်းအကျပ် ထည့်ခိုင်း သတင်း
■ အွန်လိုင်းတွင် ပျံ့နေသည့်ဓာတ်ပုံကြောင့် အနုပညာကို ထိခိုက်ဟု မင်းမော်ကွန်း ပြောကြား သတင်း
■ စစ်ကိုင်းတိုင်းနှင့် အထက်ပိုင်းတွင် မိုးခေါင်၊ စိုက်ပျိုးရေမရရှိသဖြင့် စပါးမစိုက်နိုင် သတင်း
■ မူဆယ်-လားရှိုး မီးရထားလမ်းကြောင့် အိမ်ခြံမြေဈေးတက် သတင်း
■ ဈေးတက်နေသည့် ကြက်သွန်နီ တရုတ်သို့ တင်သွင်းခွင့် ပိတ်ပင် သတင်း
■ ငွေစက္ကူ အဟောင်းနှင့်အသစ် (၆) လအတွင်းသာ လဲပေးတော့မည်ဟုဆို သတင်း
■ မွန်ပြည်နယ်တောင်ပိုင်း သစ်အရောင်းဝယ်ကျ သတင်း
■ ထိုင်း-မြန်မာ ဘောလုံးကလပ်နှစ်သင်း ခြေစမ်းပွဲကစားမည် သတင်း
■ အီရန်အတိုက်အခံတွေကို ရုံးတင်ဖို့ တော်လှန်ရေးတပ် တောင်းဆို သတင်း
■ မြောက်ကိုရီးယားပိုင် သင်္ဘောတစင်း အိန္ဒိယရေတပ် ဖမ်းဆီးမိ သတင်း
■ နှလုံးသားအသိနဲ့ ကျေးဇူးဆပ်ကြည့်ပါ (ဆောင်းပါး)
■ စစ်ပြေးချိန် (ဆောင်းပါး)
■ စစ်အာဏာရှင်တွေက တောင်းဆိုလာတဲ့ ဖောင်ဖျက်တိုက်ပွဲ (ဆောင်းပါး)
Monday, August 10, 2009
စစ်သည်တစ်ဦး၏ ရင်ဖွင့်စကား
ယနေ့ မြန်မာနိုင်ငံတော်ကြီးမှာ စစ်အာဏာရှင်တွေရဲ့ သွေးထိုး သပ်လျှိုမှုကြောင့် တပ်မတော်နဲ့ ပြည်သူ ဒို့ရန်သူ ဖြစ်နေကြရတာကို စိတ်မကောင်းစွာ တွေ့မြင်နေရပါတယ်။ ကျွန်တော်တို့ တပ်မတော် သားတွေဆိုတာ ပြည်သူလူထုက ပေါက်ဖွား လာခဲ့ရတာပါ။ ပြောရရင် ပြည်သူ့ ရင်သွေး စစ်စစ်တွေပါ။ ကျွန်တော်တို့ကို တပ်မတော်က မွေးကတည်းက ဖန်ဆင်းလိုက်တာ မဟုတ်ပါဘူး။ ဒီကနေ့ ကျွန်တော်တို့ တပ်ရင်း၊ တပ်ဖွဲ့ တွေမှာနောက်ပြောင် ပြောဆို နေကြတာရှိပါတယ်။ တပ်မတော်သာအမိ၊ တပ်မတော်သာအဖ ဆိုတော့ ငါတို့ရဲ့အဖေ၊ အမေတို့က အလိုလိုနေရင်း ပထွေးတွေ မိထွေးတွေ ဖြစ်ကုန်ပါပြီ ကွာတဲ့။ ပြီးတော့ ရှိပါသေးတယ်..။ ရဲရဲတက်၊ ရဲရဲတိုက်၊ ရဲရဲပြေး တဲ့။ ရဲရဲတော့ မချေမှုန်း ချင်တော့ပါဘူးဗျာ။
ကျွန်တော်တို့ အနှစ် ၄၀ ကျော် ပြည်တွင်းစစ်ကြီးဟာ တကယ်ဆို အိမ်ကြက်ချင်း အိုးမဲသုတ်လို့ ခွပ်နေကြရတဲ့ အဖြစ်တွေမှန်း အောက်ခြေ ရဲဘော်ကအစ သဘောပေါက် လာကြပါပြီ။ ကျွန်တော်တို့ကိုတော့ အမျိုးမျိုး မိုက်စိတ်တွေ သွင်းပေးပြီး ကိုယ့်တိုင်းရင်းသား အချင်းချင်း သတ်ဖြတ် ခိုင်းနေတဲ့ ဗိုလ်ချူပ်ကြီးတွေကို အော့နှလုံး နာနေကြပါပြီ။ တိုက်ပွဲတွေမှာ ထိခိုက်ဒဏ်ရာရလို့ အထူးကြပ်မတ် ကုသ ပေးနေတယ်လို့တော့ မထင်လိုက်ပါနဲ့။ မိုင်းနင်း မိလို့ ခြေပြတ်၊ လက်ပြတ် စစ်သည် အရာရှိတွေကို ကစထမှူး ဆိုတဲ့ကောင်တွေက Queen အချိုရည်လေး တစ်ပုလင်းလောက်ကို လူကြုံနဲ့ ပို့ပြီး ၀မ်းနည်းကြောင်း ဟန်ဆောင်စကားလေး တစ်ခွန်းလောက် နဲ့ပဲ နှစ်သိမ့် ပေးပါတယ်။ ကျန်တာ ဘာခံစားခွင့်မှ မရှိသလို ဆေးကုသမှု ခံယူရတဲ့ နေရာတွေမှာ ဆိုလည်း တပ်မတော် အရိုးကုက အရာရှိတွေရဲ့ သမားစိတ် မရှိလို့ အပ်နဲ့ ထွင်းရမှာကို ပုဆိန်နဲ့ ခုတ်ပြီး အကု ခံရတာတွေလည်း အများကြီးပါ။ ကျွန်တော်ပြောတာ မယုံဘူးဆိုရင် ကိုယ်လက် အင်္ဂါ ချို့တဲ့နေတဲ့ စစ်သည်ဟောင်း၊ အရာရှိဟောင်းကို မေးကြည့်ပါ။ ခြေလက် မဖြတ်ချင်ဘဲ စပါယ်ရှယ် ကုသချင်ရင် စပါယ်ရှယ် လာဘ်ထိုးရပါတယ်။ ကျွန်တော်တို့လို မျက်နှာမွဲ စစ်သည်များ ဆိုရင်တော့ မိုင်းထိလား ဖြတ်ပလိုက် ဆိုတာမျိုး ဖြစ်နေပါတယ်။
စစ်ရုံးချူပ်လိုနေရာမျိုးမှာလည်း အရာရှိ၊ စစ်သည် တော်တော်များများဟာ ခွက်ပျောက် ဘ၀နဲ့ မျောက်မှိုင် မှိုင်နေ ရပါတယ်။ တနေကုန် ရုံးထဲမှာ အလုပ်မရှိတဲ့ အချိန်ဆို ချဲတွက်တဲ့ စစ်သည်ကတွက်၊ ချဲဒိုင်ကိုင်တဲ့ အရာရှိကကိုင် လို့ မိသားစု စားဝတ်နေရေး အတွက် ကြံဖန် ရှာရပါတယ်။ နေပြည်တော် စစ်ရုံးကြီးဆိုလို့ အထင်ကြီးစရာ တကွက်မှ မရှိပါဘူး။ ရွှေထီးပြောင်ပြောင် ၀မ်းခေါင်ခေါင် ဖြစ်နေတယ်။ Staff အရာရှိက အမှုတွဲကိုင် စာရေးတွေကို " ဒီနေ့ဘာ ဂဏန်းကောင်းလဲဟေ့..။ ဟော့ဖြစ်တာရှိရင် ပြောစမ်းပါ..။ ဒီမှာ အကွက်ပိတ်မလို့ " ဆိုတဲ့ အသံတွေပဲ ကြားနေရ ပါတယ်။ ဒါက G3၊ A3၊ Q3 ဆိုတဲ့ စစ်ဦးစီး တတိယတန်းတွေ လောက်မှာပဲ ဖြစ်နေ ကြတာပါ။ စစ်ဦးစီး ဒုတိယတန်း၊ ပထမတန်းတို့လဲ သူ့အပူနဲ့သူ ရှိကြမှာပါ။ ကျွန်တော်က မနီးစပ်တော့ မသိပါဘူး။
နောက်တစ်ခု ရှိပါသေးတယ်။ နေပြည်တော်ဆိုတဲ့ တောမြို့ကြီးမှာ လျှိုမြောင်၊ တောတောင် တွေက အင်မတန် ပေါများလေတော့ သစ်တပင် အောက်၊ ၀ါးတပင်အောက် တွေမှာဆို ဖဲကျိတ်ဝိုင်း ကလေးတွေ အသီးသီး ရှိကြပါတယ်။ ဟိုဘက်ရုံး၊ ဒီဘက်ရုံးတွေ ချိန်းပြီး ထမင်းစားနားတဲ့ အချိန်မှာ ဖဲကျိတ်ဝိုင်းလေးတွေ လုပ်ကြပါတယ်။ ပြေလည်တဲ့ စစ်သည် တစ်ချို့လဲ ဆိုင်ရာဆိုင်ရာကို လာဘ်လာဘ လေးများ ပူဇော်ပသပြီး ဆိုင်ကယ် ကယ်ရီ ဆွဲကြပါတယ်။ သိပ်မပြေလည်တဲ့ လူတွေကျတော့ အမှုတွဲကိုင် စာရေးများ ရုံးခန်းထဲမှာ ဒိုင်လျှိုလေးနဲ့ လဘက်ရည် ဆိုင်လေးတွေ တနိုင် တပိုင်လုပ် ကြရပါတယ်။ လဘက်ရည်ဆိုင် ဆိုလို့ အထင် မကြီးလိုက်ပါနဲ့။ ရေနွေး ဓာတ်ဗူးလေး ၂ လုံး၊ ကော်ဖီမစ်ထုပ်ကြီး တထုပ်၊ နို့ဆီဗူးတဗူး ဆိုရင် မတ်တပ်ဆွဲ လဘက်ရည် ဆိုင်လေး ဖြစ်သွားပြီပေါ့ ခင်ဗျာ။ အရာရှိတွေကလည်း စစ်သည်တွေ သက်သာ ချောင်ချိရေး အတွက် တမင် ခွင့်ပြုထားပုံတော့ မဟုတ်ပါဘူး။ အနည်းအကျဉ်း လေးတော့ ရမှာပါ။ ဘာပဲဖြစ်ဖြစ်ပါ။ အားလုံးဟာ ရတဲ့လစာနဲ့ မလောက်ငှလို့ ကြံဖန်ပြီး အပိုဝင်ငွေ ရှာနေကြရတာပါ။
ကျွန်တော်တို့ရုံးနဲ့ မနီးမဝေးမှာတော့ ဧရာနန္တ ကြီးကျယ် ခမ်းနားတဲ့ အိမ်ကြီးတွေ ထဲမှာ စည်းစိမ် ယစ်မူးနေကြတဲ့ ဗိုလ်ချူပ်ကြီးများရဲ့ဆွေတော် မျိုးတော်တွေ ရှိကြပါတယ်။ သူတို့တစ်နေ့ အရက်သောက်တဲ့ ပုလင်းခွံတောင် ကျွန်တော်တို့ တစ်နေ့ စားစရိတ်လောက် ရှိပါတယ်။ အခမ်းအနားတွေမှာ အကြီးအကဲ ဆိုတဲ့ ပုဂ္ဂိုလ်ကြီးပြောလေ့ ရှိတဲ့ စကားတခွန်းကို အမြဲ မှတ်မိနေပါတယ်။ တပ်မတော်မှာ အောက်ခြေ ရဲဘော်ကစလို့ ကာကွယ်ရေး ဦးစီးချူပ်ထိ အားလုံးဟာ တစ်သွေး၊ တစ်သံ၊ တစ်မိန့် အောက်မှာ နေကြရတာပါတဲ့။ ဟုတ်မဟုတ်ကို ကျွန်တော်တို့ အားလုံး သိပါတယ်ဗျာ။ ကျွန်တော်တို့တတွေမှာ ဖျာလိပ်ထဲ ၀င်မိတဲ့ ခွေးလို ရှေ့တိုးရခက် နောက်ဆုတ်ရခက် ဖြစ်နေကြ ပါပြီ။ ရှေ့တိုးရရင်လဲ ကိုယ့်ဘ၀ကိုယ် တတိတိ အလှီးခံရမယ်။ နောက်ဆုတ်မယ် ဆိုရင်လည်း တပ်မတော်က ထွက်ခွင့်မပေး။ ကိုင်း...ဘာ ဆက်လုပ်ရမလဲဗျာ။
နိုင်ငံတော် အကြီးအကဲ ဆိုသူများကို တောင်းပန်ချင်တာ ကတော့ အောက်ခြေက စစ်သည်များရဲ့ဘ၀ကို စာနာပြီး စားဝတ်နေရေး ပြေလည်အောင် ဖန်တီးပေး စေချင်ပါတယ်။ နောက်ပြီးတော့ ပြည်သူလူထုနဲ့ လှည့်ပတ် ရန်တိုက် ပေးနေတာတွေကိုလည်း မလုပ်ပါရ စေနဲ့တော့။ ကျွန်တော်တို့ ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်တဲ့အခါ ရပ်ရွာက မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်း များက အရင်လို မဆက်ဆံ ကြတော့ပါ။ ကျွန်တော်တို့ကို မြင်ရင် မသတီတဲ့ မျက်လုံးတွေ ကြည့်ကြလွန်းလို့ ခွင့်တောင် မပြန်ရဲ ဖြစ်နေကြရပါပြီ ခင်ဗျာ..။
Ref: Freedom Right
နိုင်ငံရေး
ဖေဖေ ၊ သားရဲ့ ကျောင်းစာကို ကူပါဦး ၊ နိုင်ငံရေးဆိုတာ ဘာလဲတဲ့ "
မောင်ဖြူစင်က သူ့ဖခင်အား အကူအညီတောင်းလိုက်သည်။
ဖခင်က…" အေး သားသားသဘောက်ပေါက်အောင် အတိုချုပ် ရှင်းပြမယ်၊
ဖေဖေက ပိုက်ဆံရှာပြီး အိမ်ယူလာတယ်၊ ဖေဖေ့ကို အရင်းရှင်လို့ ခေါ်နိုင်တယ်။ သားမေမေက ဒီပိုက်ဆံတွေကို စနစ်တကျ စီမီခန့်ခွဲပြီး သုံးစွဲတယ်။
ဒါ့ကြောင့် သားမေမေကို အစိုးရလို့ ခေါ်နိုင်တယ်။ ဖေဖေတို့က သားကို ပြုစုစောင့်ရှောက်တယ်၊ ဒါ့ကြောင့် သားကို ပြည်သူလို့ခေါ်ရမယ်၊
သားရဲ့ ညီလေးကိုကြတော့ အနာဂတ်လို့ ခေါ်ရမယ်၊ ရှင်းရဲ့လားသား ဒါဟာ နိုင်ငံရေးပဲ "
အဲဒီလိုနဲ့ ညလယ်သန်းခေါင်းယံအချိန်တွင် မောင်ဖြူစင်လေးသည် ကလေးငိုသံ ကြားသဖြင့် သွားကြည့်ရာ သူ၏ ညီလေးမှာ အနှီးထဲတွင် အညစ်အကြေးများ(ချီး) ပေကျံနေသည်ကို တွေ့ရသည်။
အဲဒါနဲ့ သူဟာ သူ့အဖေ နဲ့ အမေအိမ်ခန်းသို့ တခါးဖွင့် ၀င်ကြည့်ရာ မိခင် တစ်ယောက်တည်း အိပ်မော ကျနေသည်ကို တွေ့လိုက်ရတယ်။
ဒါနဲ့ မောင်ဖြူစင်လေးဟာ မိခင်ကို လှုပ်နိုးသော်လည်း မနိုးသဖြင့် အိမ်ဖော် မလေးရဲ့ အခန်းကို ၀င်ကြည့်ရာ အိမ်ဖော်နှင့် အတူ ဖက်လျက် အိပ်နေသော ဖခင်ကို တွေ့လိုက်ရတယ်။ ဒီလိုနဲ့ မောင်ဖြူစင်လေးဟာ ဒေါသထွက်ပြီး အိပ်ခန်းသို့ ပြန်သွားလေသည်။
နောက်တစ်နေ့ နံနက် ကျောင်းသို့ ရောက်သည့်အခါမှာ ….
" ဆရာမ ကျနော် နိုင်ငံရေးအကြောင်း နားလည်ပြီလို့ ထင်ပါတယ် "
" မောင်ဖြူစင်ရယ် ၊ တော်လိုက်တဲ့ ကလေးလေးကွယ်၊ တစ်တန်းလုံး သိအောင် ရှင်းပြပါကွယ်"
ဒီလိုနဲ့ မောင်ဖြူစင်လေးဟာ နိုင်ငံရေးအကြောင်းကို ဆရာမနှင့် သူ့အခန်းဖော်
သူငယ်ချင်း စာသင်သားတွေကို ပြောပြလိုက်တာက…။
" အလုပ်သမားလူတန်းစားဟာ အရင်းရှင်နဲ့ ဖောက်ပြန်နေတယ်၊ အစိုးရကတော့ အိပ်နေ
တာပဲ၊ ပြည်သူကို လုံးဝ ပစ်ထားတယ်၊ အနာဂါတ်ဟာလဲ ညစ်ပတ်နံစော်နေတာပဲ "
နေ့စဉ်သတင်းများ (၉ - ၈ - ၀၉)
■ ရှစ်လေးလုံးနှစ်ပတ်လည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ကြေညာချက်ထုတ်ပြန် သတင်း
■ ALD (ပြည်ပ-ဂျပန်)မှ ရှစ်လေးလုံးအထိမ်းအမှတ် လမ်းလျှောက်ဆန္ဒပြပွဲတွင် ပူးပေါင်းပါဝင် သတင်း
■ ရှစ်လေးလုံးအရေးတော်ပုံနေ့ အထိမ်းအမှတ် AASYC မှ ဒက္ကားတွင် ပြုလုပ် သတင်း
■ မြန်မာနျူကလီယားစက်ရုံကိစ္စ အာဆီယံ ပိုပြီးအလေးအနက်ထားသင့် သတင်း
■ မြန်မာ့တပ်မတော်နှင့် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ပန်းချီစိုးမိုး ရိုက်ကူးမည် သတင်း
■ ဂျွန်ယက်ထောကျန်းမာရေးကြောင့် အမှုစီရင်ရက် မသေချာသေး သတင်း
■ စားသုံးဆီအမျိုးမျိုး ဖမ်းဆီးထိန်းသိမ်း သတင်း
■ ရဲဝန်ထမ်း (၇) ဦးကို ဖမ်းဆီးထား သတင်း
■ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်များ စက်တင်ဘာလတွင် ပြန်လည်စတင်မည် သတင်း
■ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကလင်တန် အင်ဂိုလာနိုင်ငံ ရောက်ရှိ သတင်း
■ မြောက်အမေရိကထိပ်သီးညီလာခံ မက်စီကိုနိုင်ငံမှာ ကျင်းပ သတင်း
■ သြဂုတ်လ ဒုတိယပတ် တီဗွီမဂ္ဂဇင်း အစီအစဉ် သတင်း
■ တရုတ်နဲ့ ထိုင်ဝမ်ကို ပြင်းပြင်းကြီး ၀င်မွှေသွားတဲ့ မုန်တိုင်းကြီး (ဗွီဒီယို)
■ သတင်းစာလွတ်လပ်မှုနှင့် တာဝန် (ဆောင်းပါး)
■ ဒေၞအောင်ဆန်းစုကြည်အမှု နောက်ဆုံးအခြေအနေ (တနင်္ဂနွေဆွေးနွေးပွဲ)
■ စစ်အစိုးရရဲ့ လက်နက်အင်အား (မျက်မှောက်ရေးရာ)
■ ၁၉၇၉ အောက်တိုဘာ ဗန်းမော်တင်အောင် ဈာပန (အသံလွှင့်ဆောင်းပါး)
Sunday, August 9, 2009
ဒလက်တောပုံပြင်
ကမ္ဘာစိုးမင်း
ဒလက်တောရွာကို အလည်ရောက်လာတဲ့ လူတိုင်း သတိထားမိတာ တစ်ခုက ရွာသူရွာသားတွေ ဘယ်သွားသွား ဘောပင် ဒါမှမဟုတ် ခဲတံနဲ့ စာရွက် လေး၊ ငါးရွက်ကို အိတ်ထဲ ထည့်ထားကြတာပဲ။ သွားလေရာမှာလည်း စာရွက်ပေါ်မှာ တစုံတခုကို ခပ်မြန်မြန် ရေးနေကြတာကို တွေ့ရတတ်တယ်။ မသိတဲ့ လူတွေကတော့ နှစ်လုံး သုံးလုံးများ ထိုးကြသလား ထင်ကြမယ်။ တကယ်တော့ မဟုတ်ပါဘူး။ ဖြစ်ပုံက ဒီလို။
ဒလက်တောရွာဆိုတာက ပြည်ခရိုင်၊ ရွှေတောင်မြို့ကနေ နွားလှည်းနဲ့သွားရင် လေးနာရီလောက် နှင်မှ ရောက်တဲ့ ရွာငယ်လေး တစ်ခုပါပဲ။ ခေတ်တွေ ဘယ်လို ပြောင်းပြောင်း ဘာမှ မပြောင်းလဲတဲ့ ရွာလေး တစ်ခုပေါ့။ ရွာဦးမှာ ထုံးစေတီ ရှိတယ်။ ဆရာတော် ရှိတယ်။ စာကျက်စာအံ ဘုန်းကြီး ကျောင်းသားတွေ ရှိတယ်။ တစ်ရွာလုံး သုံးတဲ့ ရေတွင်းကြီး ရှိတယ်။ စပါးခင်း၊ ငွေတိုး ချေးတဲ့လူ၊ အရက်ပုန်းဆိုင်၊ ဘဲခြံ၊ ဖုန်ထူတဲ့လမ်း စတဲ့ ရွာသင်္ကေတတွေ၊ ကာလသားခေါင်း၊ ကွမ်းတောင်ကိုင်၊ သူကြီးလို့ ပြောလို့ရတဲ့ ရွာလူကြီးတို့လည်း ရှိတယ်။ ဒီရွာသားတွေ ဂုဏ်ယူတာ တစ်ခုက အင်္ဂလိပ်၊ ဂျပန်တွေကို တိုက်တုန်းက နာမည်ကြီးတဲ့ ရွှေတောင်တိုက်ပွဲမှာ သူတို့ရွာက အရွယ်ရောက်တဲ့ ယောက်ျားတွေ အကုန်ဝင် တိုက်ဖူးတယ် ဆိုတာပါပဲ။ ဒါကြောင့် သူတို့ကိုယ် သူတို့ အာဇာနည်မျိုးရိုး၊ အာဇာနည်ရွာလို့ ထင်ကြတယ်။ အဲဒါက ကြာတော့ ကြာခဲ့ပြီ။ မြန်မာပြည်တောင် ကျွန်ဘဝကလွတ်လို့၊ မဆလခေတ်၊ နဝတခေတ်၊ နအဖခေတ်၊ ဒီမိုကရေစီ ခေတ်ဦး၊ ဒါတွေဖြတ်လို့ ဒီမိုကရေစီ အဖွံ့ဖြိုးဆုံး အာရှ နိုင်ငံရယ်လို့တောင် ခေါ်နေကြပါပြီ။ ဒါပေမယ့် မြို့နဲ့ အဆက်အသွယ် မရှိသလောက်နည်းတဲ့ ဒလက်တောရွာ ကတော့ ဒါတွေ မသိလှဘူး။ တခါတခါ မြို့က ဆရာတော့်တပည့် ကျောင်းဆရာလေး ပေါက်လာမှ နည်းနည်းပါးပါး သိရတာ။ ဇာတ်လမ်း အစကလည်း အဲဒီ ကျောင်းဆရာလေး ကိုထွန်းဝါပါပဲ။
တရက် ကိုထွန်းဝါ ဆရာတော်ကို လာဖူးတော့ လက်ထဲမှာ အဘိဓာန် တစ်အုပ်လောက် နီးနီးထူတဲ့ စာအုပ်ကြီး တစ်အုပ် ပါလာတယ်။ ဆရာတော်က ဘာတုန်းဟဲ့ ဆိုတော့ “နအဖ လက်ထက် ဒီမိုကရေစီ အရေး လှုပ်ရှားသူများ၏ ကြေညာချက်များ” ဆိုတဲ့ စာအုပ်ကြီး။ အဲဒီခေတ်တုန်းက ကြေညာချက် သိပ်ထုတ်ကြတော့ စုထားတဲ့လူက စာအုပ်တောင် ပြန်ရိုက်လို့ရတယ်။ အာဇာနည်စိတ် ရှိပြီး စစ်အစိုးရ ကိုမုန်းတဲ့ ဆရာတော်က ငါဖတ်ရအောင် တစ်ပတ်လောက် ထားခဲ့စမ်း ဆိုတော့ ကိုထွန်းဝါလည်း တင်ပါ့ပေါ့။ ထားခဲ့တယ်။ ဆရာတော်က မနက်လည်း ဒါဖတ်၊ ညလည်း ဒါဖတ်၊ ဆွမ်းစားပြီးလည်း ဖတ်နဲ့ နောက်ဆုံး ဘာတွေးမိလဲ ဆိုတော့ ကောင်းတယ်၊ ကြေညာချက်တွေဟာ ထိရောက်တယ်လို့ မြင်လာတယ်။ ငါလည်း ကြေညာချက် ထုတ်မယ်ဆိုပြီး အနားက ဘောပင်နဲ့ စာရွက် တစ်ရွက်ထဲ ချရေးလိုက်တယ်။
ဒလက်တောရွာဦးကျောင်း။ ကြေညာချက်အမှတ် ၁/၂၀၄၃
ငါ မနက်ဖြန် ကြည်တောရွာ တရားပွဲသွားရန် နွားလှည်းအလှူခံလိုသည်။
ကပ္ပိယကြီးမှ ရွာလူကြီး စိန်မောင်နှင့် စီစဉ်ရန် အထူးတိုက်တွန်းလိုက်သည်။
လှည်းမရ၍ ခြေလျင်ကြွရမှာကိုလည်း ငါစိုးရိမ်ကြောင်း အသိပေးတယ်။
ခြေလျင်ကြွ၍ မကျန်းမာလျင် သင်တို့ တာဝန်သာဖြစ်ကြောင်း ကြေညာလိုက်သည်။
ဒလက်တောရွာလုံးဆိုင်ရာ ဆရာတော်
ပြီးတော့ ကပ္ပိယကြီး ဦးတောက်ထွန်းကို ခေါ်ပေးလိုက်တယ်။ ကျောင်းဝ လူမြင်တဲ့နေရာမှာ ကပ်၊ မင်းလည်း ဖတ်တဲ့။ ဦးတောက်ထွန်းလည်း ဖတ်ပြီး အူကြောင်ကြောင် ဖြစ်သွားတယ်။ စကားပြောသလိုလို၊ စာရေး သလိုလို အရေးအသားနဲ့ ဘာကို ဆိုလိုမှန်းလည်း သေသေချာချာမသိ။ သူ့နာမည်လည်း ပါတယ်။ ဦးစိန်မောင်နာမည်လည်း ပါတယ်။ သူနားလည်တာက မနက်ဖြန် ဟိုဘက် ၂ ရွာကျော်လောက်က တရားပွဲ တစ်ခုကိုသွားဖို့ နွားလှည်း အလှူခံခိုင်းတာ။ ဦးစိန်မောင်ကို စီစဉ်ခိုင်း။ ဒါပဲ။ အရင်ကလည်း သူ စီစဉ်ပေးနေကြပါ။ အရင်ကတော့ တောက်ထွန်း လှည်းရှာကွာ ဆိုတာလောက်ပဲ။ ခုကာမှ ဘာတွေ ရေးထားမှန်းမသိ။ တိုက်တွန်းလိုက်သည်၊ စိုးရိမ်ကြောင်း၊ ကြေညာချက်။ အဆိုးဆုံးက အောက်ဆုံးမှာ ခပ်ကြီးကြီး ရေးထားတဲ့ ဒလက်တော ရွာလုံးဆိုင်ရာ ဆရာတော် ဆိုတာပဲ။ ဒလက်တော တရွာလုံးမှ ဒီကျောင်းနဲ့ သံဃာ ၆ ပါးရှိတာ။ ဒလက်တောနဲ့ မဆိုင်လို့ ဘယ်သူနဲ့ ဆိုင်မှာတုန်း။ ဒါနဲ့ ဆရာတော်ကို ဝင်ဖူးပြီး လျှောက်တယ်။
“အရှင်ဘုရား - အရင်လိုပဲ လှည်းလိုလို့ ဦးစိန်မောင်ကို ပြောခိုင်းတာ မဟုတ်လား ဘုရား။ ဘာလို့ စာတတန်၊ ပေတတန် ဖွဲ့ရတာလဲ ဘုရား။ အကြောင်းထူးများ ရှိလို့လား ဘုရား”
ဆရာတော်က “အ” တတ်ရန်ကောဆိုတဲ့ အကြည့်နဲ့ ကြည့်ပြီး
“ဒါ စာတတန်၊ ပေတတန်မဟုတ်ဘူးကွ။ ကြေညာချက်လို့ ခေါ်တယ်။ တချိန်က စစ်အစိုးရကို တော်လှန်စဉ်က ဒီလိုပဲ ကြေညာချက်တွေ လှိုင်လှိုင် ထုတ်ခဲ့ရတယ်ဟ”
“အရှင်ဘုရားက ဦးစိန်မောင်ကို တော်လှန်နေလို့လားဘုရား”
“နင့်အမေလင်ကို ငါတော်လှန်စရာလား။ ကြေညာချက်ဆိုတာ အဖွဲ့အနွဲ့ မပါဘူး။ လိုရင်းကို ထိရောက်အောင် ပြောတဲ့ တောင်းဆိုချက်၊ အသိပေးချက်ကွ။ အချီအချ ပြောစရာ မလိုတော့ဘူးလေကွာ။ မင်းတို့လည်း ကြေညာချက် ထုတ်ကြဟ။ စကားနည်း ရန်စဲပေါ့ကွာ … ကဲ ကဲ … ခိုင်းထားတာ လုပ်ချည်။ ငါ မနက်ဖြန်အတွက် ကြေညာချက်တစ်စောင် ထပ်ထုတ်ဖို့ လုပ်လိုက်ဦးမယ်”
ကပ္ပိယကြီးလည်း ဝတ်ဖြည့်ပြီး ဆင်းလာတယ်။ ဆရာတော့် ကြေညာချက်ကို ကျောင်းအဝင်ဝ အနားက ခြံစည်းရိုး အစပ်မှာ ကပ်ပြီး ဦးစိန်မောင်အိမ်ဘက် ထွက်လာခဲ့တယ်။
“ဗျို့ ဦးစိန်မောင်။ ဆရာတော့် ကျောင်းဘက်လာဦးဗျ”
“ဘာလို့လဲကွ။ ဆရာတော်ခေါ်လို့လား”
ကပ္ပိယကြီးလည်း ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြလိုက်တော့ သူ့ကိုယ်သူ သူကြီးထင်နေတဲ့ ဦးစိန်မောင်လည်း ကြေညာချက် ဆိုတာကို သိပ်သဘောကျသွားတယ်။ ဆရာတော့်ကျောင်းကို နှစ်ယောက်သား ဒုန်းဆင်းချသွားတာ ညနေ နေအတော်စောင်းမှ ပြန်လာတယ်။ မကြာပါဘူး။ ကျောင်းဝက ဆရာတော့် ကြေညာချက်အောက်မှာ ကြေညာချက် အသစ်နှစ်ခု ထပ်တွေ့ရတော့ပါပဲ။ တစ်ခုက ဦးစိန်မောင်၊ တစ်ခုက ကပ္ပိယကြီး။
စိန်မောင်ရဲ့ကြေညာချက်
၁။ ဆရာတော်သည် တရွာလုံးနဲ့ ဆိုင်တယ်ဆိုတာကို ခြွင်းချက်မရှိ ထောက်ခံတယ်။
၂။ ဘာသာရေးခေါင်းဆောင် ဆရာတော်ကို နွားလှည်းကူညီခြင်းဖြင့် ဝိုင်းရံကြ။
၃။ ရွာသားတွေလည်း ဆရာတော့်ကျောင်းကို ကူညီစေလိုတယ်။
ပုံ - စိန်မောင်၊ ဆရာတော့်ကျောင်း ပင်မနွားလှည်း အလှူရှင်များ အဖွဲ့ဝင်။
သူ့ကြေညာချက်အောက်မှာက ကပ္ပိယကြီး ဦးတောက်ထွန်းရဲ့ ကြေညာချက်ကို ဗလာစာရွက် ပိုင်းလေးပေါ်မှာ ခဲတံ တုံးတုံးကြီးနဲ့ ရေးထားတာတွေ့ရတယ်။
ကပ္ပိယကြီးက ကြေညာသည်
ဆရာတော့် တောင်းဆိုချက်ကို ချက်ချင်းလိုက်လျောသော ဦးစိန်မောင်ရဲ့ လုပ်ရက်ကို ရွာသားများနဲ့ အတူ လုံးဝ ကြိုဆိုတယ်။ ဆရာတော့်ကျောင်း စည်ပင်သာယာရေး အတွက် အထောက်အကူ ကောင်းလို့ ယုံကြည်မျှော်လင့်၏။ ဆရာတော့် ကျောင်းအတွက် ရွာတွင်းရွာပ အတူပူးပေါင်းကြလော့။
တောက်ထွန်း၊ အကျိုးတော်ဆောင်ကြီး (ကပ္ပိယ)။
ဒီရွာကလေးမှာ ကြေညာချက်ထုတ်တဲ့ အလေ့အထက အဲဒီက စသွားတယ်။ ကြေညာချက် ထုတ်တာကို သိပ်သဘောကျနေတဲ့ ဆရာတော်နဲ့ ရွာလူကြီး ဦးစိန်မောင်တို့က တိုက်တွန်းတာနဲ့ တစ်ရွာလုံး စာရေးတတ်သူတိုင်း ကြေညာချက် ထုတ်ကြတော့တယ်။ စာရွက်ပေါ်မှာ ပြောချင်တာရေးပြီး ဆရာတော့်ကျောင်း ခြံစည်းရိုးမှာ သွားကပ်ကြတာပဲ။ ဖတ်မိတဲ့လူက သက်ဆိုင်တဲ့လူကို အကြောင်းကြား၊ သက်ဆိုင်တဲ့လူက သွားဖတ်၊ ကြေညာချက် ပြန်ထုတ်နဲ့ ပေါ့လေ။ ဘယ်လောက်တောင် ကြေညာချက် ထုတ်ကြသလဲဆို အောက်က ဥပမာတွေသာ ကြည့်တော့။
ဦးစိုးမောင်၊ ကြေညာချက်အမှတ် ၂.၂၃/၂၀၄၃
ရွာနောက်ဘက်က ငမြဲ င့ါသမီးကို ရည်းစား စကား လိုက်ပြောတာကို အပြင်းအထန် ကန့်ကွက်တယ်။ သူ့မှာ လူကြီးချင်း သဘောတူပြီးသား ရှိတယ်ဟေ့။ သူကလည်း ယူမယ်ပြောပြီးသား။ နောက်နောင် ငမြဲ ထပ်မံပြုလုပ်ပါက ကျုပ်အပြစ် မဟုတ်ကြောင်း ကြိုပြော ထားမည်။
စိုးမောင်၊ သမီးအဖေ။
………………………………………….
အရီးမြကလေး၏ ကြေညာချက်
ရွာထဲမှာ ကျွန်မ အတိုး ပေးစားနေသည်ဟု အတင်းများ ထွက်နေကြသည်။ ပေးသူ၊ ယူသူကြည်ဖြူတဲ့ အလုပ်ဖြစ်လို့ ဘာမှ ဝင်ပြောစရာ မလိုဘူးဟု ပြောချင်သည်။ ဆရာ့တော့်ကို လျှောက်ပြီးသား။ ဒါပဲ။ ဈေးသွားရင်း ဝင်ကပ်သည်။
အရီး။
………………………………………….
မူလလက်ဟောင်း “ဟောဒီကပဲပြုတ်” မှ အသိပေးခြင်း
တစ်ရွာလုံးက အားပေး ဝယ်ယူကြသော ကျွန်မ၏ ပဲပြုတ် ရောင်းဝယ်ခြင်းကို မနက်ဖြန် တစ်ရက် နားမည်။ ဘုရားကြီး သွားဖူးမလို့။ မနက်ဖြန်အတွက် ယနေ့ ကြိုရောင်းမည်။ လာဝယ်ကြနော်။ ဟောဒီက ပဲပြုတ်။ ဟဲဟဲ။
မိမိုး (ဥာဏ်ကြီးရေးပေးသည်)
အကျိုးဆက်က ဘာဖြစ်လာလဲဆိုတော့ အချင်းချင်း စကား သိပ်မပြောတော့ဘူး။ ကြေညာချက် တစ်စောင်ပဲ ထုတ်လိုက်ကြတော့တယ်။ အကြွေးမရတာ၊ လင်မယား ရန်ဖြစ်တာ၊ သူ့ခွေးကို ခဲနဲ့ထုလို့ မကျေနပ်တာ အစုံပဲ။ အချင်းချင်း တွေ့ရင်လည်း ဟိုကြေညာချက် သိပြီးပြီလား၊ ငါကတော့ ဒီလို ပြန်ကြေညာမယ် နဲ့ပဲ နှုတ်ဆက်ကြတော့တယ်။
ကြေညာချက်တွေကိုလည်း ဆရာတော့် ကျောင်းဝ မှာတင် ကပ်လို့ အဆင်မပြေတော့ဘူး။ ရွာအလယ်က ရေချမ်းစဉ်မှာလည်း ခွဲကပ်ကြရတယ်။ တနေ့ တနေ့ ရွာသားတွေလည်း ဆရာတော့် ကျောင်းနဲ့ ရေချမ်းစင် ပြေးနေကြတာပဲ။ အဲဒီမှာ ဘာတွေ ပေါ်လာလဲဆိုတော့ ကြေညာချက်ကို လိုက်ဖက်ပြီး အကြောင်းကြား ပေးတဲ့ မိဝိုင်းတို့လို ကလေးတွေရယ်၊ အဆင့်မီ ကြေညာချက် ရေးပေးသည် ဆိုတဲ့ ကျော်ကျော်ထွန်းတို့လို မတောက်တခေါက် စာလေး၊ ကဗျာလေး ရေးတတ်တဲ့လူတွေ ပေါ်လာတယ်။ စာမရေးတတ်၊ မဖတ်တတ်တဲ့ လူတွေလည်း သူတို့အားကိုးနဲ့ ကြေညာချက်တွေ ထုတ်လာတော့တယ်။ စံချိန်တင် ကြေညာချက် ထုတ်ကြတဲ့ နေ့ကတော့ အတိုးပေးတဲ့ အရီးမြကလေးနဲ့ ကြက်သားသည် ဒေါ်ဆင့်တို့ ရန်ဖြစ်ကြတဲ့နေ့ပဲ။ နှစ်ယောက်ရန်ဖြစ်တာ စကားသံ တစ်လုံးမှ မထွက်ဘူး။ အရီးမြကလေးက အကြွေးတောင်းတဲ့ ကြေညာချက်ရေးပြီး ရေချမ်းစဉ်မှာ ကပ်တယ်။ ဒေါ်ဆင့် တွေ့တော့ စောတောင်းရပါ့မလား ဆိုပြီး ကန့်ကွက်တဲ့ ကြေညာချက် ထုတ်ပြန်တယ်။ အဲဒါ အဘွားကြီးနှစ်ယောက် ရေချမ်းစဉ်ရှေ့မှာ ဗလာအုပ်ထဲက စာရွက်တွေ တဗျင်းဗျင်း ဆွဲဖြဲပြီး ကြေညာချက် အပြန်အလှန် ထုတ်ကြတာ။ စကားတော့ တစ်လုံးမှ မပြောဘူး။ နောက်ဆုံး ဆရာတော့်ဆီက “အခုရပ်” ဆိုတဲ့ ကြေညာချက်ကို ကပ္ပိယကြီး လာကပ်သွားမှ နှစ်ယောက်သား ပြန်သွားကြတယ်။ အဲဒီအချိန်မှာ တစ်ယောက်ကို ကြေညာချက် ၄၀ ထုတ်ပြီး သွားပြီတဲ့လေ။
တဖြည်းဖြည်းနဲ့ ကြေညာချက်တွေ ဖောင်းပွလာတော့ ဆရာတော်က ကြေညာချက်တစ်ရပ် ထုတ်လိုက်တယ်။
ဒလက်တောရွာဦးကျောင်း။ ကြေညာချက်အမှတ် ၈၅၂/၂၀၄၃
ငါနဲ့ စိန်မောင်ကလွဲပြီး ကျန်တဲ့လူတွေ တစ်ယောက်ချင်း ကြေညာချက် မထုတ်နဲ့လို့ တားမြစ်လိုက်သည်။
သဘောတူရာ တူရာ အချင်းချင်းစုပြီး အဖွဲ့လိုက်ထုတ်ကြတော့။
မလိုက်နာသူကို ကြေညာချက် ထုတ်ပိုင်ခွင့် ရုတ်သိမ်းမယ်။ နားလည်တယ်နော်။
ကြေညာချက်များ ထိန်းသိမ်းရေးအဖွဲ့ နာယက၊ ဒလက်တောရွာလုံးဆိုင်ရာ ဆရာတော်။
ဆရာတော့်စကားဆိုတော့ မငြင်းရဲကြဘူး။ ကြေညာချက်တွေတော့ နည်းသွားတယ်။ အဖွဲ့တွေကတော့ နေရာတိုင်းမှာ ပေါ်လာတယ်။ ကြေညာချက် ထုတ်ရတာကို သဘောတွေ့နေတဲ့ လူတွေဆိုတော့ တစ်ဖွဲ့က တစ်ခု ထုတ်ပြန်လိုက်ရင် ထောက်ခံလိုက်ကြ၊ အမြင်မတူရင် ကန့်ကွက်လိုက်ကြ၊ စကားများလာရင် သတိပေးလိုက်ကြနဲ့။ ဖွဲ့ထားတဲ့ အဖွဲ့တွေကိုလည်း ကြည့်ပါဦး။ “ခြေတံရှည် အိမ်ရှင်များအဖွဲ့” ၊ “ဝက်မွေးသူများအဖွဲ့” ၊ “ကျောင်းတက်ဖူးသူများအဖွဲ့” ၊ “ရွာလမ်းမကြီး ဘေးဝဲယာ နေသူများအဖွဲ့” ၊ “ခဏခဏ ဖျားသူများအဖွဲ့” ၊ “အသံချဲ့စက်ငှားသူနှင့် နွားလှည်းပိုင်ရှင်များအဖွဲ့” ၊ “လူပျိုသိုးကြီးများအဖွဲ့” ၊ “ရွာဦးကျောင်း အပေါ်ထပ်နေ သံဃာ သုံးပါးအဖွဲ့” စသည်ဖြင့်ပေါ့။ ရေးပြရင်တော့ မကုန်နိုင်ဘူး။ “ထုပ်ဆီးထိုးသူများအဖွဲ့” ဆိုတာတောင် ပါသေးတာလေ။ နောက်ပိုင်းမှာ ဘာဖြစ်လာလဲ ဆိုတော့ အဖွဲ့တွေ အချင်းချင်း ရန်စောင် လာကြတယ်။ အဖွဲ့တစ်ဖွဲ့က ကြေညာချက်ထုတ်ရင် ထောက်ခံတဲ့လူက မိတ်ဆွေ၊ သဘောထား မတူလို့ ငြိမ်နေရင်၊ ဝေဖန်ရင်တော့ အဲဒီအဖွဲ့နဲ့ ကမ္ဘာရန်ပဲ။ အချင်းချင်း ကြေညာချက်တွေနဲ့ တိုက်ကြ၊ တောင်းပန်ကြ၊ ခွဲလိုက်ကြ၊ ပေါင်းလိုက်ကြ၊ ဆရာတော်က ဝင်ဖြေရှင်းရနဲ့ ရပ်ထဲရွာထဲလည်း အလုပ်မလုပ် ကြတော့ဘူး။ အလှူဖိတ်ရင်တောင်မှာ အဖွဲ့လိုက်ပဲ ဖိတ်တော့တာ။ ကြာလာတော့ ဆရာတော်လည်း စိုးရိမ်လာတယ်။ ဆရာတော့် ကျောင်းတောင် လာဘ် သိပ်မရွှင်တော့ဘူးလေ။
ဒီလိုနဲ့ မလာတာ ကြာသွားတဲ့ စာအုပ်ပိုင်ရှင် ကျောင်းဆရာလေး ကိုထွန်းဝါ တစ်ယောက် ဆရာတော့်ကို လာဖူးရင်း၊ စာအုပ်လည်း ပြန်ယူရင်း ရောက်ချလာတယ်။ ဆရာတော်လည်း ကိုထွန်းဝါကို တွေ့တယ်ဆိုရင်ပဲ ဝတ်ဖြည့်တာတောင် မစောင့်တော့ဘူး။
“မင်းနှယ့်ကွာ … ပျောက်သွားလိုက်တာ။ ငါ့မှာ မင်းကိုစောင့်နေတာ”
“တင်ပါ့ဘုရား။ တပည့်တော် ပြည်ကိုရောက်နေလို့ ဘုရား။ ဘာများ အကူအညီ လိုပါသလဲ ဘုရား”
“အေး… အဖြစ်ကတော့ ဒီလိုကွ” လို့ အစချီပြီး ဒလက်တောရဲ့ ကြေညာချက် ရာဇဝင်ကို ရှင်းပြလိုက်တော့တယ်။ (ရှင်းပြရင်းတောင် ကြေညာချက် နှစ်စောင်ရေးပြီး ကပ္ပိယကြီးကို သွားကပ် ခိုင်းသေးတာ) ကိုထွန်းဝါလည်း ဇာတ်လမ်းကို နားထောင်ပြီး ပြန်လျှောက်တယ်။
“အရှင်ဘုရားက ကြေညာချက် စာအုပ်ပဲ တွေ့တာကိုးဘုရား။ တပည့်တော်မှာ နောက်တစ်အုပ် ရှိပါသေးတယ်။ အဲဒီမှာ ကြေညာချက်တွေ အဲလို လှိုင်လှိုင်ထုတ်ခြင်းရဲ့ အကျိုးဆက်တွေ ရေးထားတယ်ဘုရား”
“ဟေ… ဘာတဲ့လဲကွ”
“အဖွဲ့ခွဲတွေ အမျိုးမျိုးနဲ့ လုပ်ကြတော့ အားရှိတန်သလောက် မရှိဘူးဆိုတဲ့ သဘောပေါ့ဘုရား။ အခုပဲ ရွာကို ထိခိုက်နေပြီ မဟုတ်လား ဘုရား”
“အေး.. ဒါဆိုလျှောက်စမ်းပါဦး။ ငါလုပ်ရမတုန်း”
“အရှင်ဘုရား ကြေညာချက်ထုတ်ရမယ်ဘုရား”
“မင်းပဲ ကြေညာချက်က ထုတ်တိုင်း မကောင်းဘူးဆိုကွ”
“ဒီတခါ ထုတ်ရမှာကို ဒီလိုပါဘုရား” ဆိုပြီး ကိုထွန်းဝါက ဆရာတော်ကို ဆက်လျှောက်လိုက်တယ်။ မကြာပါဘူး။ ဆရာတော့်ဆီက ဒီကြေညာချက် ထွက်လာပြီး ဒလက်တောမှာ ကြေညာချက်တွေ ရပ်သွားတော့တယ်။
နောက်ထပ် ငါ တခုခု မပြောမချင်း ဘာကြေညာချက်မှ မထုတ်ရဘူး။
အဖွဲ့တွေ အကုန်လုံးကိုလည်း ဖျက်သိမ်းကြပါ။
အရင်လို ပြန်နေကြ။
မဟုတ်ရင် ငါ့ကြိမ်က ကျောမရွေးဘူး။
ဆရာတော်
xxxxxxx
Ref: သံလွင်အိမ်မက်
နေ့စဉ်သတင်းများ (၈ - ၈ - ၀၉)
■ ရှစ်လေးလုံးနှစ်ပတ်လည်နေ့ ရန်ကုန်ဆွမ်းဆက်ကပ်လှူဒါန်းမှုများ သတင်း
■ မဲဆောက်၊ နယူးဒေလီ ရှစ်လေးလုံး သတင်း
■ ရှစ်လေးလုံးနှစ်ပတ်လည်နေ့ မန္တလေးလှုပ်ရှားမှု သတင်း
■ ရှစ်လေးလုံးနှစ်ပတ်လည်ပွဲတွေ ပြည်တွင်းပြည်ပမှာ ကျင်းပ သတင်း
■ ရှစ်လေးလုံးအရေးတော်ပုံနှစ်ပတ်လည် ဆန္ဒပြပွဲတွေ သတင်း
■ မြန်မာနိုင်ငံက ရှစ်လေးလုံးမျိုးဆက်တွေအတွက် မပြီးဆုံးသေးတဲ့ လှုပ်ရှားမှု သတင်း
■ ဘာကလေ ဘားမားဒေးအခမ်းအနားနှင့် ဥက္ကလံမြို့ ရှစ်လေးလုံး (၂၁) နှစ်ပြည့် အထိမ်းအမှတ်ပွဲများ သတင်း
■ ဘန်ကောက်တွင် (၂၁) နှစ်မြောက် ရှစ်လေးလုံးနေ့ အထိမ်းအမှတ် ဆန္ဒပြ သတင်း
■ သူတို့တွေ့ကြုံခဲ့ရတဲ့ ၈၈ ရဲ့ ပုံရိပ်များ (အထူးကဏ္ဍ)
■ ရှစ်လေးလုံးနေ့ နိုင်ငံတကာမှ မြန်မာပြည်သားတို့၏ လှုပ်ရှားမှုများ (ဓာတ်ပုံသတင်း)
■ သံဃာ့တပ်ပေါင်းစုနဲ့ ဗကသများအဖွဲ့ချုပ် ပြည်သူလူထုသို့ တိုက်တွန်း သတင်း
■ (၈၈) မျိုးဆက်ကျောင်းသားအဖွဲ့ ကြေညာချက်ထုတ်ပြန် သတင်း
■ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို နိုင်ငံတကာခုံရုံးတင်ဖို့ တောင်းဆို သတင်း
■ ယက်တောအမှု မဖန်တီးခဲ့ဟု စစ်အစိုးရ ငြင်းဆို သတင်း
■ ဒေါ်အောင်ဆန်းစုကြည်နေအိမ် လုံခြုံရေးတာဝန်ကျ ရဲများအား အရေးယူဟု ရဲချုပ်ပြော သတင်း
■ ကုလသမဂ္ဂမှာ ပြုလုပ်တဲ့ မြန်မာ့ဒီမိုကရေစီအင်အားစုရဲ့ သတင်းစာရှင်းလင်းပွဲ သတင်း
■ အမျိုးသားပြန်လည်သင့်မြတ်ရေးအစီအစဉ် သတင်းစာရှင်းလင်းပွဲ သတင်း
■ ပြင်းထန်တဲ့မုန်တိုင်း တရုတ်ကို ဦးတည်နေ သတင်း
■ အာရှစီးပွားရေး နာလန်ထူမယ့် အရိပ်အယောင်မြင်နေရ သတင်း
■ ငလျင်ကို ကြိုတင်သိနိုင်ဖို့ သတင်း
■ ဒီမိုကရေစီစနစ်ကို ချမှတ်ပေးခဲ့သူ အာရှအမျိုးသမီးခေါင်းဆောင်တဦးရဲ့ နောက်ဆုံးခရီး သတင်း
■ မြန်မာ့ရေပိုင်နက်နားက မသင်္ကာဖွယ် မြောက်ကိုရီးယားသင်္ဘော သတင်း
■ ပါမောက္ခချူပ်မှ ဆရာ၊ ဆရာမများကို ကျောင်းသား/သူများအား စောင့်ကြည့်ရန် ညွှန်ကြား သတင်း
■ Wichien ကို ရဲချုပ်ခန့်တာ ဥပဒေနဲ့အညီဖြစ်ကြောင်း ၀န်ကြီးချုပ် ပြော သတင်း
■ UDD အဖွဲ့ အသနားခံမယ့် ရက် သတ်မှတ် သတင်း
■ ရဲရာထူး အပြောင်းအရွှေ့စာရင်း ပြန်သုံးသပ်နိုင် သတင်း
■ ထိပ်တန်း ရဲချုပ်ရာထူး အပြောင်းအလဲ သတင်း
BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88