တိုင်းပြည်နဲ့ ပြည်သူလူထုအကျိုးကို ရှေ့ရှု၍ ပြတ်ပြတ်သားသား ဆောင်ရွက်ကြ - ဗိုလ်ချုပ်အောင်ဆန်း

Monday, November 30, 2009

နေ့စဉ်သတင်းများ ( ၂၉ - ၁၁ - ၀၉)

လူထုဒေါ်အမာ (၉၄) နှစ်ပြည့် မွေးနေ့ သတင်း
ကုလသမဂ္ဂ မူးယစ်အစီရင်ခံစာကြောင့် တိုင်းရင်းသားအဖွဲ့များ မကျေမနပ်ဖြစ်နေ သတင်း
ဝါရင့်နိုင်ငံရေးသမားကြီးများအဖွဲ့နဲ့ ဆက်သွယ်မေးမြန်းချက် သတင်း
ရောင်းစားခံ မိန်းကလေးတချို့ ကယ်တင်နိုင်ခဲ့ သတင်း
နေမျိုးဆေး၏ ရှေးခေတ်အမျိုးသမီးများကို ထိုင်းတွင် ပြသမည် သတင်း
ဘင်လာဒင်ကို အင်အားသုံးမဖမ်းလို့ လွတ်သွားခဲ့ပုံ အစီရင်ခံစာက ဆို သတင်း
ဟွန်ဒူးရပ်စ် သမ္မတရွေးကောက်ပွဲ စတင် သတင်း
ရာထူးက ထွက်သွားတဲ့ သီရိလင်္ကာဗိုလ်ချုပ် ရွေးကောက်ပွဲ ၀င်မည် သတင်း
အီရန်နျူကလီးယားအစီအစဉ် တိုးချဲ့မှာကို နိုင်ငံတကာက ဆန့်ကျင် သတင်း
ကလေး (၃) ဦး မတရားပြုကျင့်ခံရ သတင်း
သုံးနိုင်ငံ ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း ဘင်္ဂလာဒေ့ရှ်မှ ပြန်လည်စဉ်းစားမည် သတင်း
သင်္ဘောနစ်မြုပ်၍ အိဒ်ပွဲတော် အိမ်ပြန်သူ (၃၀) ကျော် သေဆုံး သတင်း
AIDS ရောဂါဝေဒနာ ခံစားနေရသည့် မြန်မာအမျိုးသမီး ပြည့်တန်ဆာ (၂) ဦး ထပ်မံကွယ်လွန်ပြန် သတင်း

အဆုံးသို့

Sunday, November 29, 2009

နေ့စဉ်သတင်းများ ( ၂၈ - ၁၁ - ၀၉)

အာဆီယံနှင့် အိန္ဒိယအမတ်များ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို ဝေဖန်ရှုတ်ချ သတင်း
၂၀၁၀ မှာ ရွေးကောက်ပွဲ ကျင်းပမယ့်အကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ထပ်ပြော သတင်း
ဝါရင့်အဖွဲ့ ဗိုလ်ချုပ်မှူးကြီးထံ အိတ်ဖွင့်ပေးစာ ပေးပို့ သတင်း
မြန်မာ့ဒီမိုကရေစီရေး လမ်းစပေါ်နေပြီလို့ အီးယူကိုယ်စားလှယ် ပြောကြား သတင်း
ရုံးမတက်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ သမီး (၂) ဦးကို ရာထူးတိုးပေး သတင်း
ရွှေဈေး (၆) သိန်းအောက် မဆင်းနိုင်တော့ သတင်း
ရုရှားရထား ဗုံးကွဲ (၂၅) ဦးသေ သတင်း
၂၀၁၀ မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးဦးမည်ဟု စစ်ခေါင်းဆောင် ပြော သတင်း
မြန်မာ့နိုင်ငံရေး ပြေလည်မယ့် လမ်းရှိနေတယ်လို့ အီးယူ ပြော သတင်း
အိန္ဒိယအမတ်များနှင့် AIPMC ၂၀၁၀ ရွေးကောက်ပွဲအတွက် တောင်းဆို သတင်း
အီရန်နျူကလီးယားအရေး IAEA အပြင်းအထန် ဝေဖန် သတင်း
မျက်စိဝေဒနာရှင် (၂) သောင်းခန့်က အခမဲ့ ကုသမည်ဆိုသော ကြံ့ဖွံ့ကို ယုံကြည်မှုကင်းမဲ့ သတင်း
ယဉ်ကျေးမှုသစ်တို့၏ ရသလွန် အလှပန်းချီ (ဆောင်းပါး)
အကျဉ်းအကျပ်ကြားမှ ရိုဟင်ဂျာဒုက္ခသည်များ (ဆောင်းပါး)
စံခလပူရီတံတားပေါ်ဝယ် (ဆောင်းပါး)

အဆုံးသို့

Saturday, November 28, 2009

အောက်ခြေတပ်မှူးများ ဒီမိုကရေစီလိုလား

ဗထူး
Friday, 27 November 2009 10:35

စစ်အစိုးရ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကို အောက်ခြေ တပ်မှူးများ စိတ်ဝင်စားခြင်း မရှိဘဲ စစ်အာဏာရှင် စနစ်သည် မှန်ကန်ခြင်း မရှိဟု သုံးသပ် ပြောဆိုနေကြသည်။

“စားဝတ်နေရေးကိစ္စကို တပ်ကိုပဲမှီခိုနေရလို့ စိတ်သွားတိုင်း ကိုယ်မပါကြဘူး။ အပြောင်းအလဲ တရပ် ဖြစ်မှ အခြား အဆင့်အတန်းများ အတွက် အဆင်ပြေမှာပါ” ဟု အမည် မဖော်လိုသည့် ဒုဗိုလ်မှူးကြီး တဦးက ပြောသည်။

ရွေးကောက်ပွဲဖြစ်ပေါ်လာပါကလည်း စစ်အစိုးရသာ ရာသက်ပန် သက်တမ်းရှည်မည် ဖြစ်ပြီး ဗိုလ်မှူးကြီးနှင့် ဒုဗိုလ်မှူးကြီး အဆင့်များမှာ ထပ်ဆင့် ရာထူး တိုးမြှင့်ခြင်း မခံရသည်က တပ်တွင်း အကြပ်အတည်း အလွန်ကြီးမား နေကြောင်း ၎င်းက ဆက်ပြောသည်။

“ရွေးကောက်ပွဲက ဘယ်သူပဲနိုင်နိုင် အာဏာရှင် စနစ်ပဲ ဖြစ်မယ်။ ဒီမိုကရေစီ ပြည့်ဝအောင် ရမယ်လို့ ကျနော်တို့ မမျှော်လင့်ဘူး။ မဲသွားပေးလည်း အလကားပဲ” ဟု အဆိုပါ ဒုဗိုလ်မှူးကြီးက ဆက်ပြောသည်။

လက်ရှိ စစ်အစိုးရအနေဖြင့် ပြည်သူနှင့် အောက်ခြေဝန်ထမ်းများကို စားဝတ် နေရေး ကိစ္စများဖြင့် လုံးချာ လိုက်အောင် ဖန်တီးထားပြီး ရွေးကောက်ပွဲကို စိတ်မဝင်စားအောင် ပြုလုပ် ထားခြင်းသာ ဖြစ်ကြောင်း ၎င်းက သုံးသပ်ပြောသည်။

“တပ်မှာက အသက် ၆၀ ပြည့်ရင် နားရမယ်လေ။ သူတို့က တကယ်တမ်း မနားရဲပါဘူး။ ဒါကြောင့် ကျနော်တို့ အဆင့်တွေ အောက်ခြေမှာ ပိတ်ဆို့ နေတာ။ ဒီကိစ္စကို အားလုံးက မကျေနပ်ကြဘူး။ ရွေးကောက်ပွဲတောင် ဖြစ်ပါ့မလားလို့ စဉ်းစားမိတယ်” ဟု အဆိုပါ ဒုဗိုလ်မှူးကြီးက ဆက်ပြောသည်။

လာမည့် ၂၀၁၀ ရွေးကောက်ပွဲကို မေလအတွင်း ပြုလုပ်မည် ဖြစ်ကြောင်း တပ်မတော် အတွင်း သတင်းများ ထွက်ပေါ်နေလျက်ရှိသည်။

Ref: ရိုးမ ၃

အဆုံးသို့

နေ့စဉ်သတင်းများ ( ၂၇ - ၁၁ - ၀၉)

လူ့အခွင့်အရေးချိုးဖောက်မှု စုံစမ်းရန် ဗြိတိသျှအမတ်များ တိုက်တွန်း သတင်း
အစာငတ်ခံဆန္ဒပြခဲ့သည့် နိုင်ငံရေးအကျဉ်းသားတဦး တိုက်ပိတ်ခံရ သတင်း
မြန်မာ့နိုင်ငံရေး တိုးတက်ပြောင်းလဲဖွယ်ရှိဟု ဖာစီနိုက ပြော သတင်း
နိုင်ငံရေးအကျဉ်းသားတွေ မလွှတ်ရင် ရွေးကောက်ပွဲ လက်မခံနိုင် သတင်း
စစ်တပ်နဲ့ နီးစပ်တဲ့ အပစ်ရပ်အဖွဲ့တွေ မူးယစ်ဆေး ပိုထုတ်လုပ် သတင်း
ကေအန်ယူတပ်နှင့် စစ်အစိုးရတပ်တို့ ဖြစ်ပွားခဲ့သော တိုက်ပွဲအကြား ရွာသားတဦးသေဆုံး သတင်း
သျှမ်းရွှေ့ပြောင်းအလုပ်သမားများ ထိုင်းနိုင်ငံရေးနှင့်ပတ်သက်ခြင်းမရှိဟု ခေါင်းဆောင်များ ထုတ်ဖော် သတင်း
အီရန်အာဏာပိုင်တို့က ငြိမ်းချမ်းရေးနိုဘယ်ဆုကို အဓမ္မသိမ်း သတင်း
ဖမ်းဆီးခံ တရုတ်ငါးဖမ်းသမားတွေအတွက် မြန်မာအစိုးရကို တောင်းဆို သတင်း
ကရင်နီဒုက္ခသည်စခန်းမှာ ၀က်တုပ်ကွေးလူနာ နည်းသွားပြီ သတင်း
ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး ရှေ့လုပ်ငန်းစဉ် ချမှတ် သတင်း
ကိုညီညီအောင်အမှု တရားလိုသက်သေများကို စစ်ဆေး သတင်း
မြန်မာ့ကမ်းလွန်ရေနံ ဓာတ်ငွေ့ပိုက်လိုင်း စင်ကာပူကုမ္ပဏီ လုပ်ခွင့်ရ သတင်း
စင်္ကာပူကုမ္ပဏီနှင့် ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်မည် သတင်း
ဆုံးရှုံးလယ်မြေများအတွက် လျော်ကြေးပေးနေဟု လပွတ္တာ မြေတိုင်းမှူး ပြော သတင်း
ရန်ကုန်တိရစ္ဆာန်ဥယျာဉ် မြေနေရာ ရောင်းချကြောင်းသတင်း မမှန်ကန် သတင်း
မြန်မာနိုင်ငံမှာ ကာဗွန်ဓာတ်ငွေ့ ဘယ်လိုလျှော့နိုင်မလဲ သတင်း
မြန်မာသီချင်းများကို တယ်လီဖုန်းမြည်သံအတွက် သုံးရန် နိုင်ငံခြားက ၀ယ်ယူ သတင်း
နှစ်ရှည် ရာသီဥတုအချက်အလက်များကို မိုးလေ၀သဌာနတွင် ၀ယ်ယူနိုင် သတင်း
ကျောင်းသားလူငယ်များ အပါအဝင် အာဏာပိုင်များလည်း ဘောလုံးပွဲ လောင်းကစား သတင်း
လွတ်လပ်စွာ အနုပညာဖန်တီးခွင့်ဆု ရှမ်းအမျိုးသမီးအဖွဲ့ ဒုတိယ ရရှိ သတင်း
ကလေးအလုပ်သမား များလာနေတဲ့ မြန်မာပြည် (ဗွီဒီယိုသတင်း)

အဆုံးသို့

Friday, November 27, 2009

NDC ခွဲတမ်း ပြဿနာ အပိုင်း - ၎

ဗိုလ်ထက်မင်း
ကြာသပတေးနေ့၊ နိုဝင်ဘာလ 26 ရက် 2009

နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ကို ၁၉၅၅ ခုနှစ်တုန်းက မင်္ဂလာဒုံ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှာ စတင် ဖွင့်လှစ် ခဲ့ပါတယ်။ အဲဒီနောက် ၁၉၅၈ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့မှာ ဖွဲ့စည်းပုံ W.E (B.A/437/1/58) နဲ့ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အစိတ်အပိုင်း တခုအဖြစ် ပြန်ဖွဲ့ခဲ့ပါတယ်။ အဲဒီနောက် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ရဲ့ နေရာကို မင်္ဂလာဒုံကနေ ကန်တော်လေး (၃၄/၃၉) ကြေးနန်း ဆက်သွယ်ရေး တပ်ဖွဲ့ဆီ ပြောင်းရွှေ့ခဲ့ပါတယ်။

အဲဒီကနေ ၁၉၆၆ ခုနှစ် မေလ ၅ ရက်နေ့မှာ အမှတ် (၄) အလံပြ ဘုရားလမ်း ဒဂုံ (၁) ကျောင်းအနီးဆီ ထပ်ရွှေ့ခဲ့ပြန်ပါတယ်။ ၁၉၇၆ ခုနှစ် ဧပြီလ ၂ဝ ရက်နေ့မှာ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် နေရာကို ၉ မိုင်ခွဲဆီ ပြောင်းရွှေ့ခဲ့ပြန်ပါတယ်။ ၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ ဖွဲ့စည်းပုံ (War Establishment – W.E) ကဖ ၁ဝ၆၊ ၂- ၉၁ နဲ့ ထပ်မံ ပြင်ဆင်ခဲ့ပါတယ်။ ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာတော့ ၉ မိုင်ခွဲနေရာကနေ ရန်ကုန်တိုင်း စစ်ဌာနချုပ် ကုန်းမြင့်သာဆီ ပြောင်းပစ်ခဲ့ပါတယ်။ ကုန်းမြင့်သာကို စစ်ရုံးကြီး တခုလုံး ပြောင်းရွှေ့ လာချိန်မှာ နေရာ မဆန့်တာကြောင့် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ကို ၂ဝဝ၂ ခုနှစ် ဧပြီလ ၁၉ ရက်နေ့မှာ ကုန်းမြင့်သာ ကနေ ဒဂုံမြို့နယ်ရှိ စစ်ရုံး ရုံးဟောင်းဝင်းကြီး အတွင်း ထပ်ရွှေ့ခဲ့ပါတယ်။

နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်မှာ ၁၉၆၆ ခုနှစ်ကနေ ၁၉၇ဝ ခုနှစ်ထိ တပ်မှူးများ မွမ်းမံ သင်တန်း ၉ ခုကို ဖွင့်လှစ်ခဲ့ပြီး ၁၉၈၄ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်ထိ ဥပဒေရက်တို မွမ်းမံသင်တန်း ၁ဝ ခု ဖွင့်လှစ်ခဲ့ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီး ၁၉၉၂-၁၉၉၃ ခုနှစ်မှာ တပ်မှူးများ မွမ်းမံ သင်တန်း ၄ ခုနဲ့ အရာရှိကြီးများ အုပ်ချုပ်မှု သင်တန်း ၄ ခု ဖွင့်လှစ် သင်ကြားခဲ့ပါတယ်။ အဲဒီ သင်တန်းတွေ တုန်းက နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ဟာ အဆင်သင့် မဖြစ်သေးတာကြောင့် မင်္ဂလာဒုံ ရန်ကုန်တိုင်း စစ်ဌာနချုပ် စုပေါင်းရိပ်သာ (ခရေပင်လမ်းခွဲ) မှာပဲ ဖုတ်ပူမီးတိုက် ဖွင့်လှစ် ခဲ့ရပါသေးတယ်။ အဲဒီနောက် ဗိုလ်မှူးကြီးအဆင့် ဗျူဟာမှူးတွေကို နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်မှာ လေ့ကျင့် သင်ကြားပေးတဲ့ သင်တန်းကို စတင် ဖွင့်လှစ်ခဲ့ရာ အမှတ်စဉ် ၁ ကနေ ၉ အထိ အရာရှိကြီး ဦးရေ ၅ဝဝ ဦးခန့် သင်ကြားပေးခဲ့ပြီး ဖြစ်တယ်လို့ သိရှိရပါတယ်။

နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ရဲ့ မူဝါဒဆိုင်ရာ လမ်းညွှန် အဖွဲ့ အနေနဲ့ နာယက အဖြစ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်သန်းရွှေက ဆောင်ရွက်ပြီး ဥက္ကဋ္ဌ အဖြစ် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်မောင်အေးက ဆောင်ရွက်ပါတယ်။ အဖွဲ့ဝင်တွေ အဖြစ် ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ရွှေမန်း၊ စစ်ရေးချုပ်၊ စစ်ထောက်ချုပ်၊ စရဖချုပ်၊ လေကြောင်း ကာကွယ်ရေး အရာရှိချုပ်၊ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ်၊ ရေတပ် ဦးစီးချုပ်၊ လေတပ် ဦးစီးချုပ်နဲ့ အတွင်းရေးမှူး အဖြစ် ကျောင်းအုပ်ကြီးတို့ ပါဝင် ဖွဲ့စည်းထားတာ တွေ့ရပါတယ်။

အဲ့ဒီအဖွဲ့ရဲ့ အမျိုးသား ကာကွယ်ရေး ရည်မှန်းချက် တာဝန်တွေထဲမှာ အမှတ် ၃ နဲ့ အမှတ် ၄ အချက်ကို သုံးသပ် တင်ပြလိုပါတယ်။ အမှတ် ၃ အရ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ခံယူလိုက်နာပြီး အခြေခံဥပဒေအရ ပေါ်ထွန်းလာမယ့် ခေတ်မီ ဖွံ့ဖြိုးတိုးတက်ပြီး စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ကို အရှိန် အဟုန် မပျက် ဆက်လက် ဖွံ့ဖြိုး တိုးတက်စေရေး အတွက် ထိန်းသိမ်း ကာကွယ်ဖို့ ဆိုပြီး ပါရှိပါတယ်။ အမှတ် ၄ အရ အနာဂတ် နိုင်ငံတော်ရဲ့ အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ ပါဝင် ထမ်းဆောင်နိုင်ဖို့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး အမြင်ရှိပြီး စွမ်းရည် ၃ ရပ် ထက်မြက် ပြည့်စုံတဲ့ ကာကွယ်ရေး အင်အားစုကြီးတရပ် လေ့ကျင့် ပျိုးထောင်ဖို့တို့ ပါရှိကြောင်း တွေ့ရပါတယ်။

ဒီအချက်တွေကို လေ့လာသုံးသပ်ရရင် ကျောင်းတော်ကြီးဟာ အနာဂတ် နိုင်ငံတော်သစ်မှာ အထက်ဖော်ပြပါ နိုင်ငံတော် မူဝါဒတွေနဲ့ အညီ အဂ္ဂမဟာ ဗျူဟာမြောက် အကောင်အထည် ဖော်နိုင်စွမ်း ရှိတဲ့ မျိုးဆက်သစ် ခေါင်းဆောင်ကောင်းတွေ တနည်းအားဖြင့် စစ်အာဏာရှင်တွေ အဖြစ် လေ့ကျင့် ပျိုးထောင်ပေးဖို့ ဆိုတဲ့ အဓိပ္ပာယ် ထွက်နေပါတယ်။ တနည်းအားဖြင့် ၂ဝ၁ဝ ရွေးကောက်ပွဲ ပြီးရင် စစ်တပ်က ချုပ်ကိုင်မယ့် အနေအထားကို ဆက်လက် အသက် သွင်းထားတာ ဖြစ်လို့ မူမမှန်တာကို တွေ့ရမှာ ဖြစ်ပါတယ်။

တဖန် အမျိုးသား ကာကွယ်ရေး မူဝါဒ အမှတ် ၂ ဖြစ်တဲ့ နိုင်ငံတော် တည်ငြိမ်ရေးနှင့် ရပ်ရွာ အေးချမ်း သာယာရေး၊ တရားဥပဒေ စိုးမိုးရေးတို့ အတွက် တိုင်းရင်းသား ပြည်သူတွေရဲ့ ပြည်တွင်း အင်အားစုတွေ အပေါ် အခြေတည်ကာ တပ်မတော်ကို မဏ္ဍိုင်ပြုပြီး အရန် ကာကွယ်ရေး အင်အားစုတွေ အဖြစ် ပေါင်းစပ်လို့ နိုင်ငံတော် ကာကွယ်ရေး တတ်နိုင်သမျှ ပြည်ပ အမှီခို ကင်းစွာ ကြိုးစား တည်ဆောက်ဖို့ ဆိုတဲ့ မူဝါဒကိုလည်း သုံးသပ် တင်ပြလိုပါတယ်။

ပြည်ပကနေ အဆင့်မြင့်တဲ့ နည်းပညာ၊ ခေတ်မီ စွမ်းရည် ထက်မြက်တဲ့ စစ်လက်နက်၊ ခဲယမ်း ပစ္စည်း မျိုးစုံ၊ ယာဉ်မျိုးစုံ၊ အရန် ပစ္စည်းတွေ စသဖြင့် ထောက်ပံ့ကူညီ ရယူမှုကို ခိုင်ခိုင်မာမာ တည်ဆောက်ခြင်းနဲ့ အခြေခံ ပြုစု လေ့ကျင့် ပျိုးထောင်ခြင်း မပြုနိုင်သေးဘဲ တပ်မတော်ကို ကိုယ့်နည်း ကိုယ့်ဟန် ကြိုးစား တည်ဆောက် ခိုင်းနေတာဟာ တပ်မတော် အင်အား ချိနဲ့အောင် လုပ်ခိုင်းနေသလို ဖြစ်နေတာကြောင့် မူဝါဒ မှားယွင်းနေကြောင်း သုံးသပ်ရပါတယ်။

မဆလခေတ်က နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ဟာ တပ်မတော် စစ်သင်္ချိုင်းပမာ ဖြစ်ခဲ့ပြီး “မကောင်းကျောင်းပို့” ဆိုတဲ့ တပ် ဆိုရိုးစကားတောင် ရှိခဲ့ပါတယ်။ နအဖ ခေတ်ကျမှသာ တပ်ရဲ့ မူဝါဒ ပြောင်းလဲသွားပြီး နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ကို ရှေ့တန်းတင် နေရာ ပေးလာပါတယ်။ မဆလခေတ်က နပခ တိုင်းမှူး ဗိုလ်မှူးချုပ် ဝမ်းတင်ဟာ ရခိုင်ပြည်နယ် ဘူးသီးတောင် - မောင်းတော အရေးအခင်းကြောင့် ပြဿနာဖြစ်ပြီး နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် ကျောင်းအုပ်ကြီး ဖြစ်ခဲ့ဖူးပါတယ်။ စစ်ဆင်ရေးမှာ ထူးချွန်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းရီကတော့ ဒုတိယ ဗိုလ်ချုပ်ကြီး အေးကိုရဲ့ မနာလိုဝန်တို သွေးထိုးမှုကြောင့် အဲဒီ တက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီး အဖြစ် ခေတ္တ စံမြန်း ခဲ့ရပါတယ်။ ဒါပေမဲ့ ဦးနေဝင်းက ဖြစ်စဉ်အမှန် သိသွားခဲ့လို့ သူ့ကို နေရာ ပြန်ပေးချင်တာကြောင့် ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး ရာထူးအသစ်ကို စတင် တီထွင်ပြီး သူ့ကို ပေးအပ်ခဲ့ပါတယ်။

နဝတ ဖြစ်ခါစ မဲသဝေါ အရေးအခင်းနဲ့ ပတ်သက်ပြီး တပ်မ ၆၆ ကို စစ်အာဏာရှင် တွေက ကျေနပ်မှု မရှိဘဲ ဖြုတ်ထုတ်ချ အရေးယူ ခဲ့ပါတယ်။ တပ်မမှူးအား စစ်သံမှူး၊ ဒုတပ်မမှူးကို နယ်ဘက် အထွေထွေ မန်နေဂျာ၊ ဗျူဟာမှူးတွေ ဖြစ်ကြတဲ့ ဗိုလ်မှူးကြီး သူရစိုးအောင်နဲ့ ဗိုလ်မှူးကြီး တင်မောင်ဦးတို့ကို နယ်ဘက် ညွှန်ကြားရေးမှူးနဲ့ ရဲတပ်ရင်းများ ကွပ်ကဲရေးမှူးတွေ အဖြစ် နှိပ်ကွပ်ခဲ့သော်လည်း ဗျူဟာမှူး ဗိုလ်မှူးကြီး စန်းအောင်ကိုတော့ တိုက်ခိုက်ရေးကျောင်း ကျောင်းအုပ်ကြီး အဖြစ် တပ်ထဲမှာ ပြန်လည် နေရာ ပေးခဲ့ပါတယ်။

ဗိုလ်မှူးချုပ် စန်းအောင်ဟာ တပ်မ ၆၆ မှာ ရှိခဲ့စဉ်က ပြုတ်သွားခဲ့တဲ့ ဒုတပ်မမှူး ဗိုလ်မှူးကြီး ခင်အောင်ဗလ အပါအဝင် အခြား ဗျူဟာမှူးတွေနဲ့ နှိုင်းယှဉ်ရင် စစ်ရေးစစ်ရာ အင်မတန်မှ ညံ့ဖျင်းလှသူ ဖြစ်ပြီး၊ ဒေါသကြီး မောက်မာကာ အရာရှိတွေကို အသားလွတ် ထိုးကြိတ်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ တိုက်ခိုက်ရေး ကျောင်းအုပ်ကြီးနဲ့ ပူးတွဲ တာဝန်ယူရတဲ့ ဗထူးတပ်နယ်မှူး ဘဝမှာလည်း ရွှေညောင် တည်းခိုခန်းတွေမှာ ညဥ့်ငှက်တွေနဲ့ ပျော်ပါးဖို့ ရောက်လာတဲ့ တပ်ခွဲမှူး၊ တပ်စုမှူး၊ သင်တန်းသား လူပျို အရာရှိတွေနဲ့ မကြာခဏ ဆုံတွေ့ကြရာက ပြဿနာ တက်ခဲ့ရတဲ့အထိ ကျော်မကောင်း ကြားမကောင်း ဖြစ်ခဲ့ပါတယ်။

DSA အပတ်စဉ် ၆ ဆင်း အဲဒီ ဗိုလ်မှူးကြီး စန်းအောင်ဟာ ဗိုလ်မှူးချုပ် ဖြစ်သွားပြီး၊ ထိုစဉ်က DSA အပတ်စဉ် ၁ ဆင်း ရပခ တိုင်းမှူး ဗိုလ်ချုပ် မောင်အေး ကို DSA ညီအကိုချင်း အလွမ်း သင့်ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး မောင်အေး ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဖြစ်နေချိန်မှာတော့ ဗိုလ်မှူးချုပ် စန်းအောင်ကို နေရာပေးချင်လို့ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် ကျောင်းအုပ်ကြီး အဖြစ် ပြောင်းရွှေ့ပေးပြီး ဗိုလ်ချုပ် ရာထူးသို့ တိုးမြှင့် ပေးခဲ့ပြန်ပါတယ်။

တဖန် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် ကျောင်းအုပ်ကြီး နောက်တဦး ဖြစ်တဲ့ ဗိုလ်ချုပ် မိုးဟိန်းကျတော့ တပ်မ ၅၅ မှာ ခေတ္တ တပ်မမှူး တာဝန်နဲ့ ဟိုမိန်း ဌာနချုပ်ကို တိုက်ခိုက်ခဲ့စဉ် ဘိန်းဘုရင် ခွန်ဆာရဲ့ အဖိုးတန် ကျောက်မျက် ရတနာ၊ ပရိဘောဂ ပစ္စည်းတွေ၊ အဆောက်အဦးတွေ သာမက အမိုး သွပ်ပါမကျန် ခွာယူပြီး ရန်ကုန်မြို့ ရန်ကင်း - ပါရမီရှိ သူ့ရဲ့ တိုက် ဆောက်လုပ်ရာမှာ ကိုယ်ကျိုး အတွက် မတရား သုံးစွဲခဲ့တာကြောင့် ထောက်လှမ်းရေး အစီရင်ခံစာ အရ တပ်မမှူး မဖြစ်တော့ဘဲ တိုက်ခိုက်ရေး ကျောင်းအုပ်ကြီး အဖြစ် လွှင့်သွား ခဲ့ရပါတယ်။ DSA – ၁ဝ ကျောင်းဆင်း ဗိုလ်ချုပ် မိုးဟိန်းလည်း ဗိုလ်ချုပ်ကြီး မောင်အေး ကို တပည့်ရင်းပီပီ အဖား တော်တာကြောင့် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် ကျောင်းအုပ်ကြီး ဖြစ်ကာ မတန်မရာ ဗိုလ်ချုပ်ရာထူး ရယူ သွားနိုင်ခဲ့ပါတယ်။ ကျောင်းအုပ်ကြီး ၂ ဦးဟာ DSA ကျောင်းဆင်းတွေပီပီ DSA သင်တန်း သားတွေကိုပဲ မျက်နှာသာပေးပြီး ထိုးတင် ခဲ့တာကြောင့် တိုင်းမှူး အများစုမှာလည်း DSA တွေသာ ဖြစ်ကုန် ကြပါတယ်။ လူတော် OTS ကျောင်းသား ဘွဲ့ရနှင့် OTC အလုပ်သင်ဗိုလ် ဘွဲ့ရတွေ အနှိမ် ခံခဲ့ရပါတယ်။

နအဖရဲ့ မူဝါဒအရ ပြည်တွင်းစစ်များ လျော့နည်းလာပြီ ဖြစ်လို့ လေ့ကျင့်ရေးနဲ့ သင်တန်းတွေကို ဦးစား ပေးလာကာ အရာရှိတွေကို သင်တန်းတွေမှာ အမှတ် ကောင်းကောင်း ရမှ၊ သင်တန်း တက်ပြီးမှ ရာထူး တိုးပေးတဲ့ “မူ” ကို ချမှတ် လာပါတယ်။ ဒါပေမဲ့ ဗိုလ်သီဟသူရ စစ်မောင်နဲ့ ဗိုလ်သီဟသူရ တင်အောင်မြင့်ဦး တို့ဟာ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ကျောင်း တက်ပြီးမှ ရာထူးတိုးခွင့် ရပေမယ့်လည်း သူတို့နဲ့ တပတ်စဉ်ထဲ သူငယ်ချင်း ဖြစ်သူ DSA ၁၂ ဆင်း ဗိုလ်စိုးဝင်း ကျတော့ ကျောင်းတောင် မတက် လိုက်ရဘဲ ဝန်ကြီးချုပ် ဖြစ်သွားပုံ၊ DSA ၁၅ ဆင်း ဗိုလ်ဥာဏ်ဝင်းလို အရာရှိကြီးတွေက ရေကုန်ရေခမ်း ကြိုးစားရကာ ကျောင်းတက်ပြီးမှ ရာထူး တက်ရပေမယ့် တပတ်စဉ်ထဲ သူငယ်ချင်းဖြစ်သူ (ယခင်) ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်မြင့်ဆွေကျတော့ အမျိုးတော်၊ အဖားတော် လွန်းလို့ စစ်အာဏာရှင် တွေက လုပ်ငန်း လိုအပ်ချက်အရ အရေးကြီးလို့ ဆိုတဲ့ အကြောင်း ပြချက်နဲ့ သင်တန်း ကင်းလွတ်ခွင့် ပေးသွား ခဲ့ပုံတွေ၊ စစ်ရုံးစခန်းမှူး ဗိုလ်လှအောင်သိန်း ကိုလည်း မရှိမဖြစ်လို့ ဆိုကာ သင်တန်း မတက်ခိုင်း၊ ရှေ့တန်း မဆင်းခိုင်းဘဲ အလိုလို ဗိုလ်ချုပ် ဖြစ်သွားပုံခဲ့တွေဟာ သူတို့ ချထားတဲ့ မူအရ မှားယွင်းနေကြောင်း သုံးသပ်ရပါတယ်။

အထက်ပါ သုံးသပ်တင်ပြချက်တွေကြောင့် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ရဲ့ အမျိုးသား ကာကွယ်ရေး ရည်မှန်းချက်နဲ့ မူဝါဒတွေဟာ မူမမှန်ခြင်းနဲ့ မှားယွင်းနေခြင်း၊ အုပ်ချုပ်သူ ကျောင်းအုပ်ကြီး တွေရဲ့ အရည်အသွေး ညံ့ဖျင်းကာ အကျင့် စာရိတ္တ ပျက်စီး နေခြင်းနဲ့ အဂတိ လိုက်စားခြင်း၊ DSA ကျောင်းဆင်းတွေ ကိုသာ ထိုးတင်နေခြင်း၊ စာတွေ့နဲ့ လက်တွေ့ သဟဇာတ မဖြစ်ခြင်း၊ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ကို နဝတနဲ့ နအဖ ခေတ်မှာပဲ ၉ မိုင်ခွဲကနေ ကုန်းမြင့်သာ၊ ကုန်းမြင့်သာကနေ စစ်ရုံးဆီ အကြိမ်ကြိမ် ပြောင်းရွှေ့ခံရခြင်း၊ ပံ့ပိုးမှုနဲ့ ထောက်ပံ့ပေးမှု များစွာ လိုအပ်နေခြင်း စသည်တို့ကြောင့် မတည်မငြိမ်ဖြစ်ကာ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ရဲ့ ခွဲတမ်း ပြဿနာတွေ တနေ့တခြား ကြီးထွား လာနေတာကလည်း မထူးဆန်း လှပါကြောင်း သုံးသပ် တင်ပြ လိုက်ရပါတယ်။


Ref: မဇ္ဈိမ

အဆုံးသို့

နေ့စဉ်သတင်းများ ( ၂၆ - ၁၁ - ၀၉)

ဒေါ်အောင်ဆန်းစုကြည် ပြင်ဆင်မှု လျှောက်လဲချက် ရှေ့နေနှင့် ညှိနှိုင်း သတင်း
ဒေါ်အောင်ဆန်းစုကြည် ရေးသည့်စာ ပေါက်ကြားမှု အဖွဲ့ချုပ်လူငယ်များ ၀န်ခံ သတင်း
ဒေါ်အောင်ဆန်းစုကြည်၏ စာနှင့်ပတ်သက်ပြီး ပညာရှင်များ ဆွေးနွေးမည် သတင်း
တြိဂံဒေသ လားဟူပြည်သူ့စစ်များအား မဲခေါင်နယ်ခြား လုံခြုံရေးတပ်ရင်းအဖြစ် စတင်ဖွဲ့စည်း သတင်း
ကလေးတဦး ပျောက်ဆုံး၊ စစ်တပ်ထဲရောက်နေဟု သတင်းကြား၍ စိုးရိမ် သတင်း
ပုဂ္ဂလိကဆေးရုံများတွင် ပေါ့ဆမှုကြောင့် လူနာသေဆုံးမှုများ ဖြစ်ပေါ် သတင်း
ဘိုကလေးမြို့လယ်က ဈေးဆိုင်များကို မြို့အစွန် ရွှေ့မည် သတင်း
သြစတြေးလျ မြန်မာဆရာဝန်များက ချင်းမိုင်ရောက် မြန်မာများကို ဆေးကု သတင်း
အယ်ဇိုင်းမားရောဂါ ဘယ်လိုကာကွယ်မလဲ သတင်း
ဖြူးဆရာတော် ရုပ်ကလာပ်ကို ရေဝေးတွင် သဂြုင်္ိဟ်မည် သတင်း
နိုင်ငံတော်ပစ္စည်း အလွဲသုံးစားလုပ်မှုဖြင့် သာသနာရေးဝန်ထမ်း (၇) ဦး အပြစ်ပေးခံရ သတင်း
ဝ နယ်မြေအတွင်း စစ်ဖြစ်မည်ကို ဒေသခံများ တကျော့ပြန် စိုးရိမ် သတင်း
မြန်မာရွှေ့ပြောင်းလုပ်သားများ ထိုင်းဆန္ဒပြပွဲတွင် ပါဝင်မှာကို စိုးရိမ်နေ သတင်း
တောင်တွင်းကြီးမြို့နယ်က အမျိုးသမီးလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်သစ်ရဖို့ ခဲယဉ်းနေ သတင်း
နာဂစ်ဒုက္ခသည်များ ဆေးဝါးအထောက်အပံ့ လိုအပ်ဆဲ သတင်း
နာဂစ်အလွန် ကယ်ဆယ်ရေးအခြေအနေ ဒေါက်တာခင်ဇော်ဝင်း အမြင် သတင်း
နာဂစ်ဒေသတွင် စပါးဈေးနှုန်းများ အပြောင်းအလဲဖြစ် သတင်း
ဖယ်ခုံမြို့နယ်အတွင်းက တိုင်းရင်းသားများအား အာဏာပိုင်များက နိုင့်ထက်စီးနင်း ပြုနေခြင်းကိစ္စ သတင်း
ခလရ (၆၁) အတွက် ရွာသားများ ကျောက်စရစ် သယ်ပို့ရ သတင်း
ရွာသားများကို ခေါ်ယူခိုင်းစေပြီး စစ်သားသစ်ပါ ကောက်ယူနေ သတင်း
ကယ်တင်ခြင်းခံရသည့် အမျိုးသမီးပြည့်တန်ဆာ(၅၈)ဦးတွင် AIDS ရောဂါကူးစက်သူ(၁၂) ဦး ပါဝင် သတင်း
နယ်စပ်မှ ဝင်လာသည့် အရက်၊ ဘီယာများအား တရားမဝင်ဟုဆိုကာ မြန်မာဂိတ်က သိမ်းဆည်း သတင်း
ရန်ကုန်မြို့ကို မီးပေးရန် ညွှန်ကြားထား သတင်း
အရက်ကြော်ငြာ ပိတ်ပင်ခြင်းကြောင့် ပုံနှိပ်မီဒီယာ ရပ်တည်ရေး ထိခိုက်နိုင် သတင်း
ပြည်တွင်းဂျာနယ်များ ပိုမိုအရေးပါလာနိုင် သတင်း
ကိုးကန့် ကျောက်မျက်ကုမ္ပဏီများကို နာမည်ပျက်စာရင်းသွင်း သတင်း
ပို့ကုန်ငွေရှိသူများကို ကုန်ပစ္စည်း တင်သွင်းခွင့်ပြုတော့မည် သတင်း
ဗီယက်နမ်က မြန်မာတွင် ပိုမိုရင်းနှီးမြှပ်နှံမည် သတင်း
အရောင်းဝန်ထမ်းများ၏ တင်ပြချက် စည်ပင်ထုတ်ပြန်ချက်နှင့် တလွဲစီဖြစ် သတင်း
အမှိုက်ပစ်လျှင် ဒဏ်ငွေ ကျပ် (၁) သိန်းကောက်မည်ဟု တယက ကြေညာပြန် သတင်း
ထိုင်းနိုင်ငံသားတစ်ဦး အသတ်ခံရ၍ နယ်စပ်ဖြတ်ကျော်ခွင့် ပိတ်ပင်ထား သတင်း
ဖိလစ်ပိုင် နိုင်ငံရေးသတ်ဖြတ်မှု သံသယရှိသူ အဖမ်းခံ သတင်း
ကာဘွန်ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေးအစီအစဉ် တရုတ် ကြေညာ သတင်း
နိုင်ငံရေးပါတီများ၏ ရပ်တည်ချက်နဲ့ ၂၀၁၀ ရွေးကောက်ပွဲ (ဆောင်းပါး)
အာဖဂန်ကို သင်ခန်းစာယူပါ (ဆောင်းပါး)
HIV နဲ့ လူနာနှစ်ယောက် (ဆောင်းပါး)
သားကောင်များ (ဆောင်းပါး)
အပြာရောင်သစ်ခွပွင့်၏ အားမာန် (ဆောင်းပါး)
အိမ်လွမ်းနာ (ဆောင်းပါး)

အဆုံးသို့

Thursday, November 26, 2009

နေ့စဉ်သတင်းများ ( ၂၅ - ၁၁ - ၀၉)

တရုတ်နယ်စပ် အင်အားကြီးတပ်ဖွဲ့များ နအဖကို စိန်ခေါ် သတင်း
ကိုးကန့် ကျောက်စိမ်းကုမ္ပဏီအားလုံး အစိုးရ ဖျက်သိမ်း သတင်း
ဒေသခံများကို တရားမ၀င် အဖွဲ့များဖြင့် ဆက်သွယ်မှုဖြင့် စွပ်စွဲအရေးယူနေ သတင်း
ကလေးများ သေနှုန်းမြင့်တက်၍ အရေးအပေါ် အစည်းအဝေး ခေါ်နေရ သတင်း
အမျိုးသားပြန်လည်သင့်မြတ်ရေး အီးယူနှင့် အာဆီယံ ပူးပေါင်းဆောင်ရွက်မည် သတင်း
ဒေါ်အောင်ဆန်းစုကြည်နေအိမ် ပြုပြင်ခွင့်ရပြီ သတင်း
နာဂစ်ပြန်လည်ထူထောင်ရေး ရန်ပုံငွေ (၈၈) သန်း ရရှိ သတင်း
ဧရာဝတီတိုင်းရှိ နာဂစ်ဒုက္ခသည်တွေအတွက် အကူအညီရရှိမှု နည်းပါးသေး သတင်း
ဒုက္ခသည်စခန်း အလှူငွေ အလှူရှင်နိုင်ငံများ ပြန်လည်စဉ်းစားမည် သတင်း
၂၀၀၈ ဖွဲ့စည်းပုံက အမျိုးသမီးများဘဝလုံခြုံမှု ခြိမ်းခြောက်နေဟု WLB ပြော သတင်း
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ ဆန္ဒဖော်ထုတ် သတင်း
မစုစုနွေး ကျန်းမာရေးအခြေအနေ ကောင်းမွန် သတင်း
ကိုညီညီအောင်ကို နိုင်ငံခြားငွေ တရားမ၀င် သယ်ဆောင်မှု ပုဒ်မ ထပ်တပ် သတင်း
ရန်ကုန်က ကြွပ်ကြွပ်အိတ်စက်ရုံများကို (၄) လ အချိန်ထပ်တိုးပေး သတင်း
ရန်ကုန်တွင် ဒီဇယ်ဈေး မြင့်တက် သတင်း
ဖိလစ်ပိုင် လူသတ်ပွဲ (၅၇) ယောက်အထိ ရှိသွားပြီ သတင်း
မွမ်ဘိုင်းတိုက်ခိုက်မှုနဲ့ ပတ်သက်သူ (၇) ဦး ပါကစ္စတန်မှာ ရုံးတင် သတင်း

အဆုံးသို့

Wednesday, November 25, 2009

ပိတ်ဆို့မှုထက် ရွေးကောက်ပွဲက ပိုအရေးကြီးနေဟု ဦးဝင်းတင် ပြောဆို

ဆလိုင်းဟံသာစန်း
အင်္ဂါနေ့၊ နိုဝင်ဘာလ 24 ရက် 2009

နယူးဒေလီ (မဇ္ဈိမ)။ ။ စစ်အစိုးရအတွက် ၂၀၁၀ ရွေးကောက်ပွဲသည် စီးပွားရေး ပိတ်ဆို့မှု အခန်း ကဏ္ဍထက် ပိုမို အရေးပါနေသဖြင့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးရန် ရာခိုင်နှုန်း အားဖြင့် နည်းပါးကြောင်း အန်အယ်ဒီ ဗဟို အလုပ်အမှုဆောင် ဦးဝင်းတင်က ပြောဆို လိုက်သည်။

အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နအဖ ကောင်စီနှင့် ပူးပေါင်း ဆောင်ရွက်လိုကြောင်း ယခုလ ၁၁ ရက်နေ့တွင် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ စာရေး တင်ပြခဲ့ပြီးနောက် ရက်သတ္တ နှစ်ပတ်ခန့် ကြာမြင့် လာသော်လည်း တစုံတရာ တုံ့ပြန်မှု မပြသသည့် အပေါ် ပြောဆို လိုက်ခြင်း ဖြစ်သည်။

“ရွေးကောက်ပွဲဟာ စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေး၊ အမေရိကန်နဲ့ စေ့စပ် ညှိနှိုင်းရေး တို့ထက် ပိုအရေးကြီး နေလို့ ဒီလို အချိန်မျိုးမှာ ဒေါ်အောင်ဆန်း စုကြည်လို အတိုက်အခံမျိုးနဲ့ တွေ့ဆုံ ဆွေးနွေးခြင်း အားဖြင့် သူတို့အတွက် သိပ်ပြီးတော့ အကျိုးရှိမယ်လို့ ထင်မှာ မဟုတ်ဘူး။ ဒီအခြေအနေကို ထောက်ရင် တွေ့ဆုံ ဆွေးနွေးပွဲ ဆိုတာက မဖြစ်နိုင်ဘူးလို့ မပြောနိုင်ပေမယ့် တော်တော် အချိန်ဆွဲ ထားပြီးကာမှ ဖြစ်လိမ့်မယ်။ တခါတည်း ဗြုန်းစားကြီး ပေါ်ပေါက် လာလိမ့်မယ်လို့တော့ မထင်ဘူး” ဟု ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

''စီးပွားရေးပိတ်ဆို့မှုကြောင့် အခက်အခဲတွေရှိပေမယ့် အဲဒါက ငွေရေး ကြေးရေးနဲ့ ချိန်တွက် ကြည့်ရင် ပြဿနာ သိပ်မရှိဘူး။ ရင်းနှီး မြှုပ်နှံမှုတွေကလည်း တရုတ်တို့၊ အိန္ဒိယတို့၊ အာဆီယံတို့လည်း ရှိနေတဲ့ အခါကျ ပိတ်ဆို့မှုက အကြောင်း မထူးလှဘူး။ ပိတ်ဆို့မှုရဲ့ ပြဿနာက စီးပွားရေး ပြဿနာက နည်းနည်းရယ်။ တကယ့်က လူတော မတိုးဘူးဗျာ။ ကမ္ဘာနဲ့ ဆက်ဆံရာမှာ အဟန့်အတားတွေ ဖြစ်နေတဲ့ အတွက် ဒါကို ရုပ်သိမ်း ပေးစေချင်တဲ့ သဘော ဖြစ်တယ်။ သို့သော် ရွေးကောက်ပွဲနဲ့ ယှဉ်လိုက်တဲ့ အခါ ရွေးကောက်ပွဲက ပိုအရေးကြီး နေတယ်ဗျ'' ဟု သူက ဆိုသည်။

ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကလည်း အန်အယ်ဒီ အနေဖြင့် ဒေါ်အောင်ဆန်း စုကြည်၏ ကမ်းလှမ်း ချက်နှင့် ပတ်သက်၍ ရလဒ်ကောင်း ပေါ်ထွက်လာရန် မျှော်လင့် ထားသော်လည်း မည်သည့် အချိန်တွင် တုံ့ပြန် လာမည်ကို မခန့်မှန်းနိုင်ကြောင်း မဇ္ဈိမကို ပြောဆိုသည်။

အနောက်နိုင်ငံများက ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများ လျော့ပါး သက်သာရေး အတွက် သူမ အနေနှင့် ကူညီ ဆောင်ရွက်ပေးရန် ဆန္ဒ ရှိကြောင်း ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ စာတစောင် ပေးပို့ ခဲ့သေးသည်။

စာထဲတွင် မြန်မာနိုင်ငံအပေါ် ထားရှိသည့် ပိတ်ဆို့ အရေးယူရေး မူဝါဒများနှင့် အကျိုးဆက်များကို ရှာဖွေရန် အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျား သံတမန်တို့ကို တွေ့ဆုံခွင့် တောင်းဆိုခဲ့ရာ အောက်တိုဘာ ၉ ရက်နေ့တွင် ရန်ကုန်မြို့ အစိုးရ ဧည့်ဂေဟာ၌ တွေ့ဆုံခွင့် ရရှိခဲ့သည်။

တွေ့ဆုံပွဲတွင် ၎င်းနိုင်ငံများမှ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့ အရေးယူမှု ရပ်တည်ချက်များ၊ အရေးယူမှု ပြုလုပ်သည့် အရာများ၊ ထိုအရေးယူမှု များ၏ သက်ရောက်မှု စသည်တို့ကို မေးမြန်းနိုင်ခဲ့သည်။

ပေးစာကို တုံ့ပြန်သည့်အနေဖြင့် အောက်တိုဘာ လဆန်းတွင် စစ်အစိုးရ ဆက်ဆံရေး ဝန်ကြီး ဦးအောင်ကြည်က သူမကို နှစ်ကြိမ် တွေ့ဆုံ ခဲ့သေးသည်။ ထို့အပြင် အောက်တိုဘာလ ၄ ရက်နေ့တွင် အမေရိကန်နိုင်ငံ အာရှနှင့် ပစိဖိတ်ဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးနှင့် အရှေ့တောင်အာရှ နိုင်ငံများ အသင်းဆိုင်ရာ အမေရိကန် သံတမန်ကြီးနှင့် တွေ့ဆုံခွင့် ရခဲ့ပြန်သည်။

ထို့နောက် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများကို ရုပ်သိမ်းရေး ကိစ္စ နောက်ဆက်တွဲ တင်ပြခြင်း ဟူသည့် ပေးစာကို ဒေါ်အောင်ဆန်း စုကြည်က ယခုလ ၁၁ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီးထံ လိပ်မူကာ ပေးပို့ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စာထဲတွင် နိုင်ငံတော်အတွက် အခြား အကျိုးကျေးဇူး ရှိမည့် လုပ်ငန်း များကိုလည်း ကျမအနေဖြင့် နအဖ နှင့် ပူးပေါင်း ဆောင်ရွက် နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်းနှင့် ဆောင်ရွက်မည့် လုပ်ငန်းများနှင့် စပ်လျဉ်းပြီး ဗိုလ်ချုပ်မှူးကြီးနှင့် တွေ့ဆုံ တင်ပြခွင့် ပြုပါရန် အထူး မေတ္တာရပ်ခံ အပ်ပါကြောင်း ပါရှိသည်။

လွန်ခဲ့သည့် ၂ လအတွင်း ပေါ်ပေါက်လာသည့် ဤဖြစ်စဉ်များသည် အမေရိကန် အစိုးရက မြန်မာပြည် ဆိုင်ရာ မူဝါဒ အပြောင်း အလဲများ ပြုလုပ်သွားမည်ဟု ထုတ်ဖော် ပြောဆိုမှုများ နောက်ပိုင်း မကြာခင် စတင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

စက်တင်ဘာလ ၂၈ ရက်နေ့တွင်မူ အမေရိကန်က စစ်အစိုးရနှင့် တိုက်ရိုက် ဆက်ဆံ သွားမည်ဖြစ်ပြီး လက်ရှိ ပိတ်ဆို့ အရေးယူမှု များကို ဆက်ထားမည့် အပြင် တရုတ်နှင့် အိန္ဒိယ အပါအဝင် ဒေသဆိုင်ရာ နိုင်ငံများနှင့်ပါ မြန်မာပြည်တွင်း အပြောင်းအလဲများ ဖြစ်ပေါ်ရေး အတွက် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း တရားဝင် ထုတ်ဖော် ကြေညာခဲ့သည်။

အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဗျူရို လက်ထောက် အတွင်းရေးမှူး ကာ့တ် အမ် ကမ့်ဘဲလ် Kurt M. Campbell ကလည်း စစ်အစိုးရ ကျင်းပမည့် ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ရွေးကောက်ပွဲ ဆိုင်ရာ ကိစ္စများကို လေ့လာ အကဲဖြတ်နိုင်မှု၊ အတိုက်အခံနှင့် တိုင်းရင်းသား အဖွဲ့များ ရွေးကောက်ပွဲတွင် ပါဝင်နိုင်ခွင့် ရှိမရှိတို့ အပေါ် မူတည်ပြီး အမေရိကန်က တိုင်းတာ ချဉ်းကပ်မှုများ ပြုလုပ် သွားမည်ဟု ပြောဆိုခဲ့သည်။

ဦးဝင်းတင်က ''ဒီ ရွေးကောက်ပွဲက သူတို့အတွက် အာမခံချက်နဲ့ လုပ်မယ့် ရွေးကောက်ပွဲဗျ။ ၂ဝဝ၈ အခြေခံ ဥပဒေအတိုင်း ၂ဝ၁ဝ ကို လုပ်မယ်။ နောက်ပေါ်ပေါက်လာမယ့် လွှတ်တော်တို့၊ အစိုးရတို့ ဆိုတာကိုလည်း ဒီ ဥပဒေနဲ့ ချုပ်ကိုင် ထားမှာ ဆိုတော့ သူတို့ရဲ့ စစ်အာဏာစက်ဟာ နောက်ထပ် နှစ်ပေါင်းများစွာ အုပ်ချုပ်သွားနိုင်ဖို့ အာမခံထားတဲ့၊ ကာကွယ် ပေးထားတဲ့ အခြေခံဥပဒေဗျာ'' ဟု ပြောသည်။


Ref: မဇ္ဈိမ

အဆုံးသို့

နေ့စဉ်သတင်းများ ( ၂၄ - ၁၁ - ၀၉)

မြန်မာစစ်အစိုးရတပ်များ လှုပ်ရှားမှုများကြောင့် ချင်းရွှေဟော်ဒေသခံများ စိုးရိမ်ထိတ်လန့်မှုဖြစ် သတင်း
ဝ နှင့် နအဖ ဆက်ဆံရေးနောက်ကွယ်၌ ပြိုင်တူစစ်ရေးထပ်ပြင်ဆင် သတင်း
SSA ဗိုလ်ချုပ်ဆေထန် ကျန်းမာရေးချို့ယွင်း သတင်း
ကျိုင်းတုံထောင်တွင် မင်းကိုနိုင် ကျန်းမာရေးမကောင်း သတင်း
ကိုပြုံးချို နှလုံးသွေးကြောကျဉ်းဝေဒနာ ခံစားနေရ သတင်း
နိုင်ငံရေးအကျဉ်းသားများ လွတ်ရေး ဆုတောင်း၊ မိခင်ကလေး ပညာပေး သတင်း
လျှပ်စစ်မီးကိစ္စတိုင်သူ ဦးခင်မောင်ကြည် ထောင်က ပြန်လွတ် သတင်း
နာဂစ်ကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းများအား ဖမ်းဆီးခြင်း ရပ်စဲဖို့ တောင်းဆို သတင်း
အီးယူကိုယ်စားလှယ်အဖွဲ့ မယ်လဒုက္ခသည်စခန်းကို သွားရောက်လေ့လာ သတင်း
ဟတ်ကြီးစီမံကိန်းက ထိုင်း-မြန်မာဒေသခံများကို ထိခိုက်မည်ဟု TERRA က ပြော သတင်း
အင်းတော်ချောင်းရေ သုံးသူများ ယားယံဝေဒနာ ခံစားနေ သတင်း
မေခမြစ်ဘေးက လိမ္မော်ခြံတွေ ပျက်စီး သတင်း
မြန်မာနိုင်ငံမြောက်ဖျားမှ ငှက် (၃) မျိုး မျိုးတုံးမည့် အန္တရာယ်ရှိ သတင်း
မြန်မာနိုင်ငံ ကမ္ဘာ့ဆန်တင်ပို့မှု ထိပ်တန်းနိုင်ငံဖြစ်တော့မည်ဟု ဆို သတင်း
မိုးလေဝသသတင်း သိလိုက ငွေပေးဝယ်ယူရမည် သတင်း
မြန်မာအလုပ်သမားများအတွက် တရားဝင် စာသင်ကျောင်းများ ဖွင့်ခွင့်ပြုမည် သတင်း
ဓမ္မကထိက ဖြူးဆရာတော်ကြီး ဘဒ္ဒန္တနရပတိ ပျံလွန်တော်မူ သတင်း
ရန်ကုန်မြို့တော်စည်ပင်က ကြံ့ဖွံ့အလံထောင်ပြီး လမ်းပြင် သတင်း
၂၀၀၈ မူကြမ်း မပြင်မချင်း ရွေးကောက်ပွဲဝင်မည်မဟုတ်ဟု မွန်ပြည်သစ်ပါတီ ပြော သတင်း
စစ်အစိုးရ၏ ပြစ်မှုများ အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှု ခုံရုံးတွင် ဆွေးနွေး သတင်း
ထောင်ဒဏ် (၁၀၆) နှစ်ကျခံရသူ အပစ်ရပ် SSA နာယက ပုံမှန်ဆေးစစ်ခွင့်မရ သတင်း
နာဂစ်ကူညီသူများ ဖမ်းဆီးခြင်း ရပ်တန့်ရန် AI အဖွဲ့ တောင်းဆို သတင်း
နာဂစ်အရေးကူညီသဖြင့် ဖမ်းဆီးခံရသူများအရေး လူ့အခွင့်အရေးအဖွဲ့ လှုံ့ဆော် သတင်း
လူ့အခွင့်အရေးချိုးဖောက်မှု အခိုင်အမာရှိနေဟု NCGUB ပြော သတင်း
ထိုင်ဝမ် ငါးဖမ်းစက်လှေ (၄) စီးကို မြန်မာတို့ ထိန်းသိမ်း သတင်း
မြန်မာပြည်အထက်ပိုင်း ဘိန်းစိုက်မှု များပြားလာ၊ တရုတ်လုပ်ငန်းရှင်များ ငွေကြေးစိုက်ထုတ်ပေးမှုရှိ သတင်း
တိုက်ပွဲများ ခေတ္တရပ်ထားသော်လည်း အိုင်ဒီပီဘ၀ မလုံခြုံသေး သတင်း
ဘူတာရုံတွင် ကလေးတစ်ယောက် စစ်သားအဖြစ် စုဆောင်းခံရ သတင်း
ပညာရေးဝန်ထမ်းများထံမှ ကိုယ်ရေးအချက်အလက် အသေးစိတ် မှတ်တမ်းများ ကောက်ခံနေ သတင်း
ရေပေးဝေမှု အခက်အခဲကြောင့် စည်ပင်နှင့် လျှပ်စစ် မကျေမလည်ဖြစ် သတင်း
သင်္ဘောနစ် သေဆုံးသူအတွက် လျော်ကြေးကျပ်ငွေ တသိန်း သတင်း
အမေရိကန်ကလည်း မြန်မာတို့နည်းတူ မြေမြှုပ်ဗုံး သုံးစွဲမှုကို မပိတ်ဆို့နိုင်ဟု ဆို သတင်း
အာဖဂန်ကို စစ်သားသစ်လွှတ်ဖို့ သမ္မတ အိုဘားမား ကြေညာတော့မယ် သတင်း
သမ္မတ အိုဘားမား ရှေ့နှစ် အိန္ဒိယနိုင်ငံ ချစ်ကြည်ရေးခရီး သွားမည် သတင်း
ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ ပါဝင်စစ်ဆေးခံရမယ့် စုံစမ်းစစ်ဆေးမှု စတင် သတင်း
ထိုင်းဝန်ကြီးချုပ်ဟောင်း ဆမတ် ကွယ်လွန် သတင်း
အီဂျစ်ကမံမီတွေလည်း နှလုံးရောဂါဖြစ် သတင်း
လုပ်ကြံဖို့ ခြိမ်းခြောက်ခံထားရပေမယ့် ချင်းမိုင်ကို ၀န်ကြီးချုပ် သွားမယ် သတင်း
အရေးကြီးသည့် နောက်တဆင့် (ဆောင်းပါး)
ဖတ်မိမှတ်မိသမျှ ဥပဒေအပိုင်းအစများ (၉) (ဆောင်းပါး)
တရုတ်-အရှေ့တောင်အာရှ ဆက်ဆံရေး (၂) (ဆောင်းပါး)

အဆုံးသို့

Tuesday, November 24, 2009

နေ့စဉ်သတင်းများ (၂၃ - ၁၁ - ၀၉)

မြန်မာစစ်တပ်ထံမှ လက်နက်အချို့ လျှို့ဝှက်ဝယ်ယူရရှိ သတင်း
တပ်ပြေး များပြားလွန်းသဖြင့် ဖွဲ့စည်းပုံ မပြည့် သတင်း
မြန်မာစစ်တိုင်းမှူးတို့ လေးလပတ်အစည်းအဝေးအတွက် နေပြည်တော်သို့ ရောက်ရှိ သတင်း
အိုဘားမား အာရှမှ လက်ဗလာဖြင့်ပြန်ရ၊ သို့သော် မြန်မာနိုင်ငံအတွက်မူ မျှော်လင့်ချက်တိုးပွားလာ သတင်း
မြန်မာ့ဒီမိုကရေစီအရေး အကြမ်းမဖက်လှုပ်ရှားမှုအကြောင်း ဆွေးနွေး သတင်း
မြန်မာ့ရေးရာ နှီးနှောဖလှယ်ပွဲ သတင်း
ကချင်ကာကွယ်ရေးတပ် ပြည်သူ့စစ်အဖွဲ့ (၅) ဖွဲ့အထိ ဖွဲ့မည်၊ လက်နက်ကိုင်များ အသွင်ပြောင်းရာတွင် အခွင့် အရေးတန်းတူမရှိသည်ကို တွေ့နိုင် သတင်း
နယ်ခြားစောင့်တပ်အသွင်ပြောင်း ကချင်အထူးဒေသ(၁) ရွှေတူးဖော်နေပြီ သတင်း
ချင်းရွှေဟော် နကသ စခန်းတာဝန်ခံ တရားမ၀င် ကုန်သွယ်မှုကို လိုလား သတင်း
ခရီးသည်တင် နှစ်ထပ်သင်္ဘော ပြစ်ခတ်မှု ဒီကေဘီအေ လက်ချက်ဟု ဒေသခံ ပြော သတင်း
လိုင်စင်မဲ့ မြေတူးစက် ဖမ်းမိခြင်းနှင့် ဆက်စပ်၍ ခရိုင်ရဲမှူး အရေးယူခံနေရ သတင်း
သစ်မှောင်ခိုလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသည့် နစကများကို အထက်က တားမြစ် သတင်း
ဂတ်စ်ပေါက်ကွဲပြီးနောက်ပိုင်း လုံခြုံရေးတင်းကျပ်ထား သတင်း
စစ်တပ်မှ ရွာသားများကို မှားယွင်းပစ်ခတ်ပြီး ပြန်လည်ဖမ်းဆီး သတင်း
တစညပါတီဝင်တဦး ၂၀၁၀ ရွေးကောက်ပွဲအတွက် ဘူးသီးတောင်တွင် စည်းရုံးရေးလုပ် သတင်း
ပြည်ပမှ ငါးဖမ်းလုပ်သား (၁၂ဝ) ကျော် အင်းစိန်ထောင်တွင် ရောက်ရှိနေ သတင်း
ယာဉ်ထိန်းရဲ (မော်တော်ပီကယ်) များ ဘုရားပုံတော် ရောင်းချနေ သတင်း
ဖခင်ဖြစ်သူ အသတ်ခံရမှုကို သက်ဆိုင်ရာက အရေးမယူသဖြင့် သမီးဖြစ်သူက ရဲချုပ်ထံ တိုင်ကြား သတင်း
မွန်ခွဲထွက် နိုင်ပန်းညွန့်၏ တပ်မိသားစုများ ခလောက်ဂနီ ဒုက္ခသည်စခန်း ရောက်ရှိနေ သတင်း
မြန်မာပြည်ဆိုင်ရာ သတင်းများ၊ ယခင်သတင်းများရဲ့ နောက်ဆက်တွဲသတင်းများ သတင်း
မြန်မာ-အိန္ဒိယဆက်ဆံရေး မှတ်တမ်း သတင်း
ရောင်းစားခံရမည့် မြန်မာအမျိုးသမီးငယ် အိမ်ပြန်နိုင်ခဲ့ပြီ သတင်း
ခေတ်အပြောင်းအလဲကို စစ်တပ်က ဖန်တီးမှာတဲ့လား (ဆောင်းပါး)
ဂူဂဲကမ္ဘာ့မြေပုံမှာ မြန်မာနျူကလီးယားအဆောက်အဦပုံ ပေါ်နေသလား (ဆောင်းပါး)

အဆုံးသို့

Monday, November 23, 2009

နအဖ ခေတ် အလွဲအမှားတွေထဲက ဗိုလ်ချုပ်မှူးကြီးရဲ့ သေရာပါ အလွဲ

(၀ိမုတ္တိဝိုင်းတော်သား)

မြန်မာစာဖတ် ပရိသတ်ကြီး အတွက် ဟာသ၀တ္တုတွေ ရေးပြီး ပြုံးပျော်စေခဲ့သူ ဘ၀အမော ပြေစေခဲ့သူ ဟာသစာရေး ဆရာ၊ ဇတ်ညွှန်းရေး ဆရာ နီကိုရဲ ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၄ ရက်နေ့မှာ ကွယ်လွန် သွားခဲ့ပါပြီ်။ သူ့ပထမ ဦးဆုံး ဟာသလက်ရာ တခုဖြစ်တဲ့ ဟန်သစ် မဂ္ဂဇင်းထဲက ( မကြည်ပြာ) အခန်းဆက် ၀တ္တုတွေကို စာဖတ်ပရိသတ် အလွန် နှစ်ခြိုက်သလို (ကြည်ပြာရောင် နဂ္ဂတစ်များ) ဆိုပြီး လွင်မိုး၊ ထွန်းအိန္ဒာဗိုလ်တို့နဲ့ ရုပ်ရှင် ရိုက်ပြန်တော့လည်း အထူး အောင်မြင် ကျော်ကြားခဲ့ကြောင်း သိရပါတယ်။ သူ့စာအုပ်တွေထဲက ဇတ်ကောင် ရဲဝင်းလို လက်တွေ့ဘ၀မှာ ဆရာနီကိုရဲ ကိုယ်တိုင်လည်း အလွဲအမှားတွေ အမျိုးမျိုးနဲ့ပါ။ သူ့စာအုပ်တွေကို ထုတ်ဝေသူရဲ့ အလွဲသုံး စားလုပ်တာ ခံရပြီး စာရေးဆရာ နီကိုရဲ တယောက် အသက် ၄၃ နှစ်အရွယ်မှာ ရင်နင့်စွာနဲ့ လူ့ဘ၀ထဲကနေ အစောကြီး ထွက်ခွာ သွားခဲ့ရပါပြီ။

နောက်ထပ်လွဲချက် တခုကတော့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က တာဝန်ယူ ထုတ်ဝေနေတဲ့ နိုဝင်ဘာ ၁၃ ရက်နေ့ ထုတ် မန္တလေး ရတနာပုံ သတင်းစာမှာ အလွဲအမှား တခု ပါလာပြန်ပါတယ်။ နကို မူလစာသား “မရနိုင်” ဆိုတဲ့နေရာမှာ “မ” တလုံးပြုတ်ပြီး “ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင်” တယ်လို့ ဖေါ်ပြထားတဲ့ အကြောင်းပါ။ အစိုးရ အာဘော် သတင်းစာကြီး တစောင်က နေပြီး အခုလို မှားယွင်း ဖေါ်ပြမိတာကြောင့် တာဝန်ရှိသူ စာတည်းမှူးချုပ် ဗိုလ်မှူးကြီး မင်းကြိုင်ကို သက်ဆိုင်ရာက ခေါ်ယူ စစ်ဆေးနေကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ တုန်းကလည်း နေပြည်တော် ဆို၊က၊ရေး၊ တီး၊ ပြိုင်ပွဲမှာ (သားကောင်း ရတနာ) အစား “သားကောင်းရတာ နာ” ဆိုပြီး အမှားတစ်ခု ဖြစ်ခဲ့ ပြန်ပါသေးတယ်။ လောလောဆယ် အတိတ်နိမိတ်တွေ မကောင်းတာ ကြောင့်မို့ ထိတ်လန့်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စွယ်တော်မြတ် သွားဖူးနေချိန်မှာ ဒီလို အမှားမျိုးတွေ အတွက် ပေးဆပ်ရမယ့် တန်ဖိုးကတော့ မနည်းလှပါဘူး။

၁၉၉၅ စက်တင်ဘာ ၁၅ ရက်ထုတ် ကြေးမုံသတင်းစာမှာ သွားလေသူ ဗိုလ်ချုပ်ကြီး ခင်ညွန့် ဓါတ်ပုံ အပေါ်ကနေ ကမ္ဘာကျော် လူလိမ်ကြီးများ ဆိုတဲ့ စာတန်း ပါသွားလို့လည်း သတင်းစာတိုက် တာဝန်ခံ ဦးလှဟန်နဲ့ ဦးသာဝင်းတို့ ၂ ယောက်ကို ထောက်လှမ်းရေးတွေ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ပြစ်လိုက်ကြောင်း သိရပါတယ်။

အခုလည်း စစ်တပ်ပိုင် သတင်းစာ စာတည်းချုပ်ကြီး ဗိုလ်မှူးကြီး မင်းကြိုင်ကို နေပြည်တော်က ဘယ်လိုများ ဆက် အရေးယူမလဲ ဆိုပြီး မန္တလေး သတင်းစာဖတ် ပရိသတ်ကြီးက အထူး စိတ်ဝင်စား နေကြောင်း ကြားသိရပါတယ်။ အလွဲလွဲ အမှားမှား တိုင်းပြည် တခုမှာ လွဲမှားပြီး အစိုးရ ဖြစ်လာတဲ့ သူတွေကိုယ်တိုင် သာမန် အလွဲလေးတွေကို ခွင့်မလွှတ် သည်းမခံ နိုင်ကြပုံဟာ မြန်မာပြည်သူတိုင်း အတွက် ရယ်မောချင်စရာ ဟာသ အသစ်တွေပါပဲ။ ဒီလို ရင်နင့်စရာ အလွဲလွဲ အမှားမှား ဟာသတွေကိုမှ တမင် ဖန်တည်း နေသူတွေကတော့ တပ်မတော်သာအမိ တပ်မတော်သာ အဖလို့ ပြောနေကြသူတွေ ကိုယ်တိုင်ပဲ မဟုတ်ပါလား။

အခုနောက်ဆုံး အလွဲအမှားတခုကို ပြောပြရရင်တော့ ဟိုယခင်က အတိုက်အခံတွေကို ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ရာမှာ နာမည်ဆိုးနဲ့ ကျော်ကြားလှတဲ့ ဗိုလ်ချုပ်ကြီး ခင်ညွန့်ရဲ့ စစ်ထောက်လှမ်းရေး ဗိုလ်မှူး တဦးရဲ့ သုံးသပ်ချက်ကလေးနဲ့ နိဂုံး ချုပ်ပါရစေ။

အဲဒီအမှားကတော့...
“ကျနော်တို့ဗိုလ်ချုပ်ကြီး ခင့်ညွန့်လက်ထက်က ကမ္ဘာ့အခင်းအကျင်း သစ်မှာ ဒေသတွင်း ပါဝါ အနေအထားအရ တရုတ် နဲ့ မဟာဗျူဟာ မိတ်ဆွေ ဆိုတဲ့ ပေါ်လစီချပြီး တရုတ်ကို အသေကပ် အဖေ ခေါ်ခဲ့ပြီး အမေရိကန်နဲ့ မယုတ်မလွန် ဆက်ဆံရေး အနေအထား ရအောင် ကြိုးပမ်းခဲ့တာ ဖြစ်တယ်။ ဒါကြောင့်လည်း ဗိုလ်ချုပ် ကြီးခင်ညွန့်ဟာ တရုတ် သမတကြီး ကျန်ဇီမင်းရဲ့ မွေးစားသား လို့တောင် ကျနော်တို့ ထောက်လှမ်းရေးတွေ အကြားမှာ တီးတိုး ပြောဆိုနေရတဲ့ အထိ ဖြစ်ခဲ့ပါတယ်။ ဒါကို အခု ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့က အမေရိကန်နဲ့ လက်တွဲပြီး တရုတ်ကို ချိန်ခွင်လျှာ ညှိဖို့ ကြိုးစား တာကတော့ ဗိုလ်ချုပ်ခင်ညွန့် ချခဲ့တဲ့ ပေါ်လစီကို အချိုး ပြောင်းပစ် လိုက်တာပဲ ဖြစ်ပါတယ်။ တရုတ်ကတော့ သဘောတွေ့မှာ မဟုတ်ပါဘူး။ ကျနော့် အထင်တော့ ၁၉၆၇ ခုနှစ်ကာလ တရုတ်-ဗမာ အရေးအခင်းကို ဖန်တီး လိုက်တဲ့ ဗိုလ်ချုပ်ကြီး နေ၀င်း အမှားမျိုးလို တရုတ်နားရွက်ကို တံတွေး ဆွတ်လိုက်တာပဲလို့ ထင်ပါတယ်။

ကိုယ့်သေတွင်းကိုယ်တူးတာပါ။ ဗိုလ်ချုပ်မှူးကြီးနဲ့ အီလစ် အပေါင်းပါတွေ ဟာလည်း ဒီအလွဲနဲ့ပဲ မရဏမင်းရဲ့ နွေးထွေးယုံမက ပွက်ပွက်ဆူဆူ ဆီပူအိုး ကြီးနဲ့ ကြိုဆိုမှု ခံရတော့မှာ မလွဲဧကန်ပါ”

အဆုံးသို့