Saturday, July 4, 2009

နေ့စဉ်သတင်းများ (၃- ၇- ၀၉)

ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလအတွင်းရေးမှူးချုပ် တွေ့ခွင့်မရ၊ တွေ့ခွင့်ပေးရန် စစ်အစိုးရ ငြင်းဆို သတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရဘဲ ဘန်ကီမွန်း ပြန်ရတော့မည် (ဓာတ်ပုံသတင်း)
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ ဘန်ကီမွန်း စောင့်နေဆဲ သတင်း
ဘန်ကီမွန်းက ဗိုလ်ချုပ်မှူးကြီးနှင့် ထပ်တွေ့မည် သတင်း
ကုလအကြီးအကဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရ သတင်း
ဘန်ကီမွန်းခရီးစဉ် မြန်မာလူထု စိတ်ဝင်စား သတင်း
ဘန်ကီမွန်းခရီးစဉ် အကျိုးရလဒ်မရှိဟု လေ့လာသူများပြော သတင်း
ထိုင်းမှာ တုပ်ကွေးနဲ့သေတာ (၅) ယောက်ရှိပြီ သတင်း
တုပ်ကွေးသတင်းလိုက်သူ သတင်းထောက် ဆေးရုံပို့ခံရ သတင်း
အသက်မပြည့်သေးသည့် မိန်းကလေးကို အဓမ္မကျူးလွန်ပြီး လက်ထပ်ပေးရန် အာဏာပိုင်နှင့် ပူးပေါင်းလုပ် ဆောင်နေ သတင်း
ကလေးငယ်နှစ်ဦး စစ်တပ်ထဲရောက်နေကြောင်း ရပ်ကွက်လူကြီးက ပြောမှ မိဘများသိရ သတင်း
“အသံညီပြီး အလုပ်တူဖို့” အတွက် “အမြင်တူပြီး အတွေးညီကြပါစို့” (ဆောင်းပါး)

Friday, July 3, 2009

နအဖအတွက် တောခြောက်ပေးရာ ရောက်လိမ့်မယ်

ရဲဘော်ဖိုးသံချောင်း
၂ ဇူလိုင် ၂၀၀၉

မျက်မှောက်ဗမာပြည်နိုင်ငံရေးရဲ့ အဓိကဆုံချက်ဟာ နအဖ စစ်အစိုးရက အတင်း ချီတက် နေတဲ့ လမ်းပြမြေပုံ (၇) ချက်ကို ဆန့်ကျင်သူများနဲ့ ထောက်ခံသူများ အကြားက ပဋိပက္ခဆိုရင် မမှားပါဘူး။ ဒီဟာကို ထပ်ပြီး အသေးစိတ် ထောက်ပြရရင် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲကို အကောင်းမြင်သူနဲ့ ဆန့်ကျင်သူတွေရဲ့ ပဋိပက္ခလို့ ပြောနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချဖို့ ကြိုးပမ်းတာ၊ ဦးတင်ဦးနဲ့ ဦးဝင်းတင်ကို သက်သေထွက်ခွင့် မပေးတာတို့က အစ လူတွေ တဖမ်းတည်း ဖမ်းနေတာ၊ ရယက ရုံးထဲမှာ သေအောင် ရိုက်တာ စတာတွေဟာ ဒီပဋိပက္ခရဲ့ ဖော်ပြချက်တွေ ဖြစ်ပါတယ်။ တပါတည်းမှာ ပြောသင့်တာက ဒီတလော ပေါ်ပေါက်လာနေတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အယူအဆ အမျိုးမျိုးပဲ ဖြစ်ပါတယ်။ ဒါတွေဟာလည်း အဲဒီပဋိပက္ခ ပတ်လည်က မုန်တိုင်း မဟုတ်တောင် လေပွေလေးတွေလို့ ဆိုနိုင်ပါတယ်။

ဒီကာလမှာ ထင်ထင်ရှားရှား ပေါ်ထွက်လာတာ၊ အာရုံစိုက်ခံရတာ တခုက ဦးဝင်းတင် ပြောတဲ့ နိုင်ငံရေးသစ် ဆိုတာဖြစ်ပါတယ်။ ဦးဝင်းတင်က သူ့ရဲ့ နိုင်ငံရေးသစ် ဆိုတာကို အနက်ဖွင့်ရာမှာ “သူတို့ကတော့ ရွေးကောက်ပွဲ တင်းကုပ်ထဲကို ကျနော်တို့ကို ဆွဲခေါ်တော့မယ်။ မြက်ကျွေးလို့ပဲ ဖြစ်ဖြစ်၊ နဖားကြိုးဆွဲလို့ ဖြစ်ဖြစ် ဆွဲခေါ်တော့မယ်” လို့ အစချီခဲ့ပါတယ်။ ဒါပေမယ့် နအဖနဲ့ နီးစပ်တဲ့ “ပညာရှင်” တဦးကတော့ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အာမခံချက် မရှိဘူး။ လာမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲမှာ အခြေခံဥပဒေ အာမခံချက် ရှိတယ်။ ဒါကြောင့် ဒီရွေးကောက်ပွဲကို ဝင်သင့်တယ်လို့ ဆိုပါတယ်။

ဦးဝင်းတင်က သူ့ရဲ့နိုင်ငံရေးသစ်အတွက် နိုင်ငံရေး အင်အားစုတွေ အသံညီဖို့ လိုတယ်လို့ပြောပါတယ်။ ဆိုလိုတာ ညီညွတ်ရေး၊ အတိုက်အခံတွေ ဘက်က ညီညွတ်ရေးရှိဖို့ လက်တွေ့ ကျတယ်လို့ သူထင်တဲ့ နည်းလမ်းတခုကို တင်ပြလိုက်တာ ဖြစ်ပါတယ်။

ဦးဝင်းတင်က လူတွေကို မကြောက်တရားနဲ့ စွန့်လွှတ်မှု ရှိကြဖို့ လှုံ့ဆော်ပါတယ်။ ဒါပေမယ့် စောစောက ပြောခဲ့တဲ့ “ပညာရှင်” ကတော့ ရွေးကောက်ပွဲ ဝင်ခိုင်းရုံမက ရွေးကောက်ပွဲ အပြီးမှာ အသစ်တက်လာတဲ့ နအဖရဲ့ စစ်အုပ်စု ချုပ်ကိုင်မှုအောက်က အစိုးရက နိုင်ငံရေး လှုပ်ရှားမှုတွေကို ဖိနှိပ်တာ၊ အန္တရာယ်ပေးတာတွေ လုပ်လာရင် ဒါဟာ “အသစ်ဖြစ်လာတဲ့ နိုင်ငံရေးစနစ်က ခွင့်မပြုတာ မဟုတ်ဘဲ အုပ်ချုပ်ရေး ယန္တရားရဲ့ အသွင် ကူးပြောင်းရေး မပီပြင် သေးတာပဲဖြစ်မယ်” ဆိုပြီး ရွေးကောက်ပွဲလွန် ဖိနှိပ်မှုတွေ အတွက်တောင် ကြိုတင် ရှေ့နေ လိုက်ပေးလိုက် ပါသေးတယ်။ တနည်းပြောရရင် ဖွဲ့စည်းပုံ အခြေခံဥပဒေ အရကိုပဲ အချိန်မရွေး အာဏာသိမ်းခွင့် ရှိနေမယ့် နောင်တက်လာမယ့် အစိုးရကို ထင်ရာစိုင်းခွင့် ပေးလိုက်တာလည်း ဖြစ်ပါတယ်။

Read More...

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ အထူးဒေသ(၄) နှစ်၂ဝ ပြည့် အခမ်းအနားတွင် ဥက္ကဋ္ဌ ဦးစိုင်းလင်း၏ ပြောကြားချက်

၂ဝဝ၉ ခုနှစ်၊ ဇွန် (၃ဝ)ရက်

လေးစားအပ်ပါသော-
ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များ၊ ဧည့်သည်တော်များ၊ မိဘပြည်သူများ၊ မိတ်ဆွေများ၊ ရဲဘော်များ ခင်ဗျာ။

အားလုံး မင်္ဂလာပါ။ ဒီကနေ့ဟာ ကျွန်တော်တို့ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ အထူးဒေသ(၄)ရဲ့ နှစ် ၂ဝ ပြည့်တဲ့နေ့ ဖြစ်ပါတယ်။ ဒီအထိမ်းအမှတ် အခမ်းအနားကို အားလုံး သိုက်သိုက် ဝန်းဝန်း တက်ရောက် လာကြလို့ ကြွရောက်ချီးမြှင့်သူ အပေါင်းကို လှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ ကျေးဇူး တင်ပါကြောင်းနဲ့ ဒေသခံများ၊ တပ်မှူး တပ်သားများ အားလုံးကို လေးစားပါကြောင်း ငြိမ်းချမ်းရေးနှင့် စည်းလုံးရေး ကော်မတီကိုယ်စား ရှေးဦးပထမ ဖော်ပြအပ်ပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း ၂ဝ က နိုင်ငံတော်အစိုးရဟာ ဒီကနေ့ နေ့စွဲနဲ့ ကျွန်တော်တို့ ဒေသကို ရှမ်းပြည်နယ် အရှေ့ပိုင်း၊ အထူးဒေသ(၄) အဖြစ် တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဒါကြောင့် ဒီနေ့ကို ကျွန်တော်တို့အဖို့ နိုင်ငံတော်ရဲ့ ရင်ခွင်ထဲ ဝင်ရောက်ပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ စတင် ဆောင်ရွက်တဲ့ နေ့မြတ်အဖြစ် အခမ်းအနား ကျင်းပ ပြုလုပ်လေ့ ရှိပါတယ်။

ဒီနှစ်ပေါင်း ၂ဝ ကာလအတွင်း နိုင်ငံတော်အစိုးရရဲ့ ဦးဆောင် လမ်းညွှန်မှု အောက်မှာ ကျွန်တော်တို့ ဒေသဟာ '' ဒို့တာဝန်အရေးသုံးပါး '' ကို ဦးထိပ်ထားပြီး ဒေသ အေးချမ်း သာယာရေး၊ ရပ်ရွာ ဖွံ့ဖြိုး တိုးတက်ရေး၊ လူနေမှုဘဝ အဆင့်အတန်း မြင့်မားရေး၊ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းပြီး အစားထိုး ဖွံ့ဖြိုးရေးတွေ ကြိုးပမ်း ဆောင်ရွက်ခဲ့တဲ့ အတွက် ဂုဏ်ယူဖွယ် အကျိုးရလဒ်များ ပေါ်ထွန်း ခဲ့ပါတယ်။ အတိတ်က ခေတ်နောက်ကျခဲ့၊ ဆင်းရဲ နွမ်းပါးခဲ့တဲ့ အနေအထားနဲ့ ယှဉ်ပြီး ဒီနှစ်ပေါင်း ၂ဝ အတွင်း တိုးတက် ပြောင်းလဲမှုအပေါ် ကျွန်တော်တို့ ဒေသခံ တိုင်းရင်းသား တိုင်း ရင်ထဲမှာ ဝမ်းသာပီတိ ဖြစ်ကြရပါတယ်။ ဒါကြောင့် ဒီအခါ သမယမှာ ကျွန်တော်တို့ ဒေသကို စေ တနာမှန်ဖြင့် စောင့်ရှောက်ခဲ့တဲ့ တပ်မတော် အစိုးရကို လည်းကောင်း၊ စာနာစိတ်ဖြင့် ကူညီ ပံ့ပိုးမှု ပြုခဲ့ကြတဲ့ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ၊ ဒါ့အပြင် HU ၊ MALTESER အဖွဲ့များ အပါအဝင် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံနဲ့ အဘက်ဘက်က မိတ်ဆွေများကို လည်းကောင်း ကျေးဇူး အထူးတင်ရှိပါကြောင်း ငြိမ်းချမ်းရေးနှင့် စည်းလုံးရေး ကော်မတီကိုယ်စား၊ ဒေသခံ တိုင်းရင်းသားထု ကိုယ်စား ပြောကြား အပ်ပါတယ်။

နှစ်ပေါင်း ၂ဝ အတွင်း ပြောင်းလဲ တိုးတက်လာမှုကို ပြန်ပြောင်း သုံးသပ်ကြည့်မယ် ဆိုရင် -

Read More...

နေ့စဉ်သတင်းများ (၂- ၇- ၀၉)

အန်န်အယ်လ်ဒီအပါအ၀င် နိုင်ငံရေးပါတီတွေနဲ့ ဘန်ကီမွန်း တွေ့မည် သတင်း
အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (၄) ဦးနှင့် ဘန်ကီမွန်း တွေ့ဆုံမည် သတင်း
ကုလအတွင်းရေးမှူးချုပ်ခရီး မျှော်လင့်ချက်ရှိလား (မျက်မှောက်ရေးရာ)
ကုလအတွင်းရေးမှူးချူပ် မြန်မာပြည်ခရီးစဉ် အောင်မြင်ရန် အခွင့်အလမ်းနည်းပါးဟု AAPPB ပြော သတင်း
ဂျကာတာမြို့ ဗြိတိန်သံရုံး ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြု သတင်း
ဒေါ်အောင်ဆန်းစုကြည် အမြန်လွတ်မြောက်ရေး အမျိုးသမီးခေါင်းဆောင်များ တောင်းဆို သတင်း
ဒေါ်အောင်ဆန်းစုကြည် အမှုသတင်း အပြည့်အစုံ သတင်း
မြောက်ကိုရီးယားတို့ ရန်ကုန်တွင် ဗုံးဖောက်ခွဲခဲ့မှု မှတ်တမ်းဗီဒီယို အင်တာနက်တွင် ထွက်ပေါ် သတင်း
ဗိုလ်ချုပ်မှူးကြီး၏ စတိုင်သစ် သတင်း
ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ မြောက်ကိုရီးယားလျှို့ဝှက်ခရီး (၃) သတင်း
ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ လူ့အခွင့်အရေး ချိုးဖောက်ခံနေရ သတင်း
ခန္တီးထောင်ရှိ နိုင်ငံရေးအကျဉ်းသားများ ငှက်ဖျားဒဏ်ခံနေရ သတင်း
မြောက်ကိုရီးယားက တာတိုပစ် ဒုံးလက်နက် စမ်းသပ် သတင်း
ဝက်တုပ်ကွေးဗိုင်းရပ် ကူးစက်မှု သတိထားဖွယ် သတင်း
အမေရိကန်စစ်ဆင်ရေးကြီး ဘယ်လောက်အရေးပါသလဲ သတင်း
ပါဝါ ၅၄ ရဲ့ ၆၄ ပါဝါ အမည်ဖြင့် ၈၈ မျိုးဆက်ကျောင်းသားများရဲ့ ကဗျာစာအုပ်၊ ကာတွန်း(ဦး)ဖေသိန်း ကွယ် လွန်ခြင်း အမှတ်တရ စာအုပ်ငယ် သတင်း
ဘယ်သူတွေက ဘယ်သူတွေကို ထိပ်တိုက်တွေ့နေကြတာလဲ (ဆောင်းပါး)

Thursday, July 2, 2009

ဘယ်သူသေသေ ငတေမာဖို့ ဒီလို စီမံကိန်းတွေ ရှိတယ်ဗျို့  အပိုင်း (၂)

06.29.09

မြန်မာစစ်အစိုးရ၏ စစ်လက်နက်အင်အားတိုးချဲ့ ရေးမဟာ စီမံကိန်းများ အပိုင်း (၂)

ဆောင်းပါးရှင် - ဗဟိန်း (ပြည်တွင်းမှ တပ်မတော် အရာရှိ တစ်ဦး)

အပိုင်း (၁) အား ဒီနေရာမှာ နှိပ်ပြီး ပြန်လည် လေ့လာ ဖတ်ရှု နိုင်ပါတယ်။ စစ်အစိုးရရဲ့ စစ်လက်နက် အင်အား တိုးချဲ့ရေး မဟာ စီမံကိန်းများကို စတင် အကောင် အထည်ဖေါ် လာတာ ကတော့ ဗိုလ်ချုပ်သန်းရွှေ တပ်ချုပ်ကြီး စဖြစ်လာတဲ့ ၁၉၉၂ နောက်ပိုင်းမှာလို့ ပြောရမှာပါ။ ဒီအရင် မတိုင်ခင် ကတည်းက စစ်အစိုးရ အနေနဲ့ တရုတ်ပြည်နဲ့ နားလည်မှုယူပြီး နိုင်ငံရေးအရ ထောက်ခံမှုကို ရယူခဲ့ပြီး စစ်ရေး အကူအညီများကို စတင် ရယူခဲ့တာပါ။ ဒါပေမဲ့ ဗိုလ်ချုပ်သန်းရွှေ တပ်ချုပ်ကြီး ဖြစ်တဲ့ အချိန်မှာ သူပထမဆုံး စလုပ်တဲ့ စစ်လက်နက်အင် အားတိုးချဲ့ ရေး စီမံကိန်း ကတော့ Rocketry Systems လို့ ခေါ်တဲ့ ဒုံးလက်နက်များ တည်ဆောက်ရေး ပါပဲ။

ဒုံးများကို တာဝေးပစ်ဒုံး၊ တာလတ်ပစ်ဒုံး ဆိုပြီး နှစ်မျိုးစလုံးကို တည်ဆောက်ဖို့ ရည်ရွယ် ခဲ့ပါတယ်။ အမျိုးအစား တွေကလည်း မြေပြင်မှ မြေပြင်ပစ်၊ မြေပြင် မှ ဝေဟင်ပစ်နဲ့ ဝေဟင်မှ ဝေဟင်ပစ် ဒုံးအမျိုးမျိုး ဖြစ်ကြပါတယ်။ ကကထုတ်ရဲ့  ကပစ (၄)က ပုံစံရေးဆွဲသူ designers များကို ပုံစံများ ရေးဆွဲစေခဲ့ပြီး စီမံကိန်းက အသေးစိပ် တင်ပြစေခဲ့ရာမှာ ၁၉၉၃ ခုနှစ်ဦးပိုင်းမှာ စီိမံကိန်းကို အတည်ပြုမိန့် ပေးခဲ့ပါတယ်။

စီမံကိန်း အတည်ပြုပြီးတာနဲ့ တပြိုင်နက် မြေနေရာ ရှာဖွေခြင်း၊ နိုင်ငံခြား တိုင်းပြည်များနဲ့ ဆက်သွယ်၍ စက်ရုံ တည်ဆောက်ရေး၊ စက်ပစ္စည်းများ ၀ယ်ယူရေး၊ တပ်ဆင်ရေး တို့ကို အပူတပြင်း ဆောင်ရွက် ရပါတော့တယ်။ စီမံကိန်း အတွက် ပညာရှင်များကိုတော့ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ တရုတ်နဲ့ ရုရှားမှ ပညာရှင်များကို ခေါ်ယူခဲ့ပါတယ်။ စက်ရုံအတွက် စက်ပစ္စည်းများ ကိုတော့ တောင်ကိုရီးယား၊ တရုတ်နဲ့ ရုရှား နိုင်ငံများက တင်သွင်း ပါတယ်။ ၂၀၀၃-၂၀၀၄ ခုနှစ် မှာ အပြီးသတ် ဆောက်လုပ်နိုင်ခဲ့ပြီး ထုတ်လုပ်မှုများ စတင်ခဲ့ပြီ ဖြစ်ပါတယ်။

Read More...

နေ့စဉ်သတင်းများ (၁- ၇- ၀၉)

ထိုင်းကျန်းမားရေးဝန်ကြီးမှ မြန်မာအလုပ်သမားများကို ဝက်တုတ်ကွေး သတိပြုကြရန် မှာကြား သတင်း
တကမ္ဘာလုံးမှာ ၀က်တုပ်ကွေးဖြစ်နေသူ ၇၀,၀၀၀ ကျော်ပြီ သတင်း
ကျောင်းသားများ နှာခေါင်းစည်း မတပ်ရန် ရန်ကုန်တိုင်းရုံးမှ ညွှန်ကြား သတင်း
ဝက်တုပ်ကွေးလူနာကို ဓာတ်ပုံရိုက်ဖို့ ကြိုးစားသူ သတင်းထောက်ကို ထိန်းသိမ်း သတင်း
ဝက်တုပ်ကွေးကြောင့် သေဆုံးသူမရှိသေးဟု ကျန်းမာရေးညွှန်ချုပ် ပြောကြား သတင်း
ဝက်တုပ်ကွေး မသင်္ကာရသူများအား HIV ဝေဒနာရှင်များနှင့် တဆောင်တည်းထား သတင်း
ဝက်တုပ်ကွေးကြောင့် ဆေးနှင့်အကာအကွယ်များ ရှားပါးပြတ်လပ် သတင်း
(IOM) အဖွဲ့မှ အကူညီပေးနေသော (HIV/AIDS) ဝေဒနာသည်များ သေဆုံးမှုနှုန်းများလာ သတင်း
ကုလအတွင်းရေးမှူးချုပ်က မြန်မာပြည်ခရီး အချိန်ရွေးချယ်မှု အထူးသတိထား သတင်း
ဘန်ကီမွန်း၏ ခရီးကို ဂျပန်က အပြည့်အ၀ထောက်ခံ သတင်း
မြန်မာ့ပြည်တွင်းရေးအခြေအနေ ဂျပန်စိုးရိမ် သတင်း
နအဖက ဒေါ်အောင်ဆန်းစုကြည်အား ထောင်ချနိုင်ရန် ကြံစည်သည်ဟု အေအေပီပီ ပြောကြား သတင်း
မြောက်ကိုရီးယားသင်္ဘော နောက်ကြောင်းပြန်လှည့်သွား သတင်း
ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ မြောက်ကိုရီးယားလျှို့ဝှက်ခရီး (၂) သတင်း
နိုင်ငံခြားသားလုပ်သားများကို ထိုင်းအစိုးရက အလုပ်သမားကတ်အသစ် စတင်ထုတ်ပေး သတင်း
မိဘများထံ ပြန်ပို့သည့် ကလေးငယ်တဦးကို တပ်က ပြန်ခေါ်သွား သတင်း
နေပြည်တော်-မော်လမြိုင် မီးရထား တိုက်ရိုက်ပြေးဆွဲမည် သတင်း
တတိယနိုင်ငံအခြေချ မြန်မာဒုက္ခသည် ၅၀,၀၀၀ ပြည့် သတင်း
လူသားအစ အာရှက ဖြစ်မည်ဟုဆို သတင်း
ဟောင်ကောင်မှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ဆန္ဒပြ သတင်း
အမေရိကန်တပ်တွေ အီရတ်မြို့ပြတွေက ရုတ်သိမ်း (ဗွီဒီယိုသတင်း)
ယူအေအီးနိုင်ငံမှာ ထပ်စင် ဆက်နေဖို့ ခက်ပြီ သတင်း
ထိုင်းအမျိုးသားလုံခြုံရေးကောင်စီအကြီးအကဲ နေရာပြောင်းရွှေ့ခံရ သတင်း
နောက်ထပ် လူထုအစည်းအဝေးပွဲကြီးလုပ်ဖို့ UDD စီမံနေ သတင်း
တပ်ဘိုင်အရေးအခင်း စီရင်ဆုံးဖြတ်ချက် အကြိတ်အနယ်ပြိုင်ဆိုင် သတင်း



ကာတွန်း ဟန်လေး (မိုးမခ၀က်ဘ်ဆိုက်)

Wednesday, July 1, 2009

နေ့စဉ်သတင်းများ (၃၁- ၇- ၀၉)

မြန်မာ့အရေး ဖိလစ်ပိုင်နဲ့ အမေရိကန် ရပ်တည်ချက်တူညီ သတင်း
ဒေါ်အောင်ဆန်းစုကြည်အမှု စီရင်ချက်ချမည့်ရက် သြဂုတ်လ (၁၁) ရက်ကို ရွှေ့ဆိုင်း သတင်း
ဒေါ်အောင်ဆန်းစုကြည်အရေး ရှေ့နေ ဦးဉာဏ်ဝင်း သုံးသပ်ရှင်းလင်း (မျက်မှောက်ရေးရာ)
ယုံကြည်မှုတည်ဆောက်ရေးတံခါး မြန်မာအစိုးရ ပိတ်ပစ် သတင်း
အဖွဲ့ချုပ်အဖွဲ့ဝင် (၃၀) ကျော် ဖမ်းဆီးခံရ သတင်း
အဖွဲ့ချုပ်ဝင် (၆) ဦး ပြန်လွတ်လာ သတင်း
ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြ သတင်း
ဒီကေဘီအေအဖွဲ့မှ အတင်းအဓမ္မ တပ်သားသစ်များ ကောက်ခံလျက်ရှိ သတင်း
မြောက်ပိုင်းတိုင်းမှူး လိုင်ဇာသို့လည်ပတ် သတင်း
KNU တပ်မဟာ (၆) ကို ပူးပေါင်းတပ် ထိုးစစ်ဆင်မည် သတင်း
ဝက်တုပ်ကွေး ဝေါဟာရအငြင်းပွားမှုနဲ့ ဗိုင်းရပ်စ်ပျံ့နှံမှု သတင်း
ဗမာစာဖြင့် ရှာနိုင်မည့် ရှာဖွေရေး ဝက်ဘ်ဆိုဒ်တခု ပေါ်ထွက် သတင်း
သံတွဲတွင်လည်း ရေကြီးပြီး နေရာအတော်များများ ရေမြုပ်နေ သတင်း
ကုလဆိုင်ရာ မြန်မာကိုယ်စားလှယ်ကို ဘန်ကီမွန်း ခေါ်တွေ့ သတင်း
မြန်မာစစ်တပ် ရှမ်းပြည်နယ်တွင် စစ်ရေးတိုးမြှင့် သတင်း
မြောက်ပိုင်းတိုင်း တိုင်းမှူး ကေအိုင်အိုနယ်မြေရောက်ရှိ စစ်ဆေးရုံသို့ သွားရောက်လေ့လာ သတင်း

မြောက်ပိုင်းတိုင်း တိုင်းမှူးခရီးစဉ်တွင် ရက်သတ္တတပတ်အတွင်း ယာဉ်တိုက်မှု နှစ်ကြိမ်ဖြစ်ခဲ့ သတင်း
နအဖတပ် စစ်ပြေး (၁၀) ဦးခန့်ကို တရုတ်ဘက်က ဖမ်းပြီးလွှဲပေး သတင်း
လေးဖြူနှင့် နာမည်ကြီးအဆိုတော်များ ရန်ကုန်တွင် ဖျော်ဖြေမည် သတင်း
ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များအားလုံး လုံခြုံရေးဆိုင်ရာ အစည်းအဝေးပြုလုပ် သတင်း

နေ့စဉ်သတင်းများ (၃၀- ၇- ၀၉)

အမျိုးသားရင်ကြားစေ့ရေး ဆွေးနွေးဖို့ ဘန်ကီမွန်း လာမည် သတင်း
ကုလအတွင်းရေးမှူးချုပ် မြန်မာနိုင်ငံသွားဖို့ အတည်ပြု သတင်း
ကုလအတွင်းရေးမှူးချုပ် မြန်မာခရီးစဉ်အတွင်း အရေးပါသူအားလုံးနဲ့ တွေ့ဆုံသွားမည် သတင်း
စစ်အစိုးရကို ဖိအားပေးဖို့ ကုလအတွင်းရေးမှူးချုပ်ကို တိုင်းရင်းသားအဖွဲ့ တိုက်တွန်း သတင်း
ဗုံးပေါက်ကွဲမှုကြောင့် ယနေ့ညတွင် လုံခြုံရေးတင်းကျပ်၊ ပေါက်ကွဲမှုမှာ နအဖလက်ချက်ဟု ဒေသခံအချို့ထင် သတင်း
မဟောသဓ မရှိတဲ့ သားတရားစီရင်ခန်း (ဆောင်းပါး)
မြန်မာနိုင်ငံမှာ ၀က်တုပ်ကွေးဖြစ်ပွားသော ပထမဆုံးလူနာတွေ့ရှိ သတင်း
ဆေးမတိုးတဲ့ ၀က်တုပ်ကွေးရောဂါပိုးသစ်တွေ့ရှိ သတင်း
မြန်မာနိုင်ငံတွင် ၀က်တုပ်ကွေး စတင်ဖြစ်ပွားနေ၍ အများပြည်သူ သတိထားသင့် သတင်း
A (H1N1) အတွက် ဆေးဝါးလုံလောက်ဟု ကျန်းမာရေးအရာရှိ ပြောဆို သတင်း
ဒေါ်အောင်ဆန်းစုကြည်အမှု သက်သေအယူခံဝင်မှု ဗဟိုတရားရုံးချုပ် ပယ်ချ သတင်း
အဖွဲ့ချုပ်အဖွဲ့ဝင်တဦး အပါအ၀င် (၂) ဦး သောကြာနေ့က အဖမ်းခံရ သတင်း
မလေးရှားရောက် ဒဏ်ရာရ မြန်မာအလုပ်သမားများ ဒုက္ခတွေ့နေ သတင်း
မြန်မာတေးသီချင်းထုတ်လုပ်မှု (၈၀) ရာခိုင်နှုန်းခန့် ကျဆင်း သတင်း
အမေရိကန်တပ်တွေ အီရတ်မြို့ပြတွေပေါ် ရုပ်သိမ်း သတင်း
အီရန်သမ္မတရွေးကောက်ပွဲ မဲ ၁၀% ပြန်လည်ရေတွက်မှု စတင် သတင်း
အီရန်-ဗြိတိန် သံတမန်‌အ‌ရေး သတင်း
စစ်အစိုးရနှင့် ရုရှားပူးပေါင်းသည့် လူ့အခွင့်အရေးချိုးဖောက်မှုအကြောင်း ပအိုဝ်းလူငယ်များ ရှင်းလင်းပွဲလုပ် သတင်း
ပဲခူးတွင် မိုးခေါင်သဖြင့် စပါးစိုက် နောက်ကျ သတင်း
ထိုင်း-မြန်မာနယ်စပ် Moei မြစ်တလျှောက် လုံခြုံရေး တပ်လှန့်ထား သတင်း

Tuesday, June 30, 2009

နေ့စဉ်သတင်းများ (၂၉- ၆ - ၀၉)

မစ္စတာဘန်ကီးမွန်း မြန်မာပြည်သွားမည် သတင်း
ကုလမှူးချုပ် မြန်မာမသွားခင် ဂျပန်ခေါင်းဆောင်တွေနဲ့ တွေ့ သတင်း
ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးဖို့ ကုလအတွင်းရေးမှူးချုပ် တောင်းဆို သတင်း
ကုလအတွင်းရေးမှူးချုပ် မြန်မာနိုင်ငံခရီးစဉ် အတိုက်အခံအင်အားစု ကြိုဆို သတင်း
ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေး ကုလအတွင်းရေးမှူးချုပ် တောင်းဆို (ဗွီဒီယိုသတင်း)
မြန်မာ့အရေး ကုလသမဂ္ဂ ပါဝင်ဆောင်ရွက်မှု သတင်း
ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက နောက်ဆက်တွဲသက်သေ တင်ပြဖို့ရှိ သတင်း
ဦးဂမ္ဘီရအမှုများကို အယူခံဝင်ရာ တရားရုံးက ပလပ် သတင်း
မြောက်ကိုရီးယားသင်္ဘော နောက်ကြောင်းပြန်လှည့်နိုင်ဟု သတင်းများ ထွက်ပေါ် သတင်း
မြောက်ကိုရီးယားသင်္ဘော နောက်ကြောင်းပြန်လှည့်ကြောင်း သတင်းစာက ဖော်ပြ သတင်း
ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ မြောက်ကိုရီးယားလျှို့ဝှက်ခရီး - အပိုင်း (၁) သတင်း
ဗိုလ်ချုပ်ကြီး ရွှေမန်း၏ မြောက်ကိုရီးယားကို လျှို့ဝှက်သွားရောက်ခဲ့ သတင်း
ဗိုလ်ချုပ်ရွှေမန်း မြောက်ကိုရီးယားခရီးစဉ် အစီရင်ခံစာနဲ့ ဓာတ်ပုံများ သတင်း
ဒုံးလက်နက်နည်းပညာ မြန်မာနိုင်ငံတင်ပို့ဖို့ ကြံစည်သူ (၃) ဦး ဂျပန်ရဲက ဖမ်း သတင်း
ဒုံးကျည်လုပ်ကရိယာ မြန်မာပြည်တင်ပို့သူများကို ရဲက ဖမ်းဆီး သတင်း
ဘောလုံးပွဲကို မျက်နှာဖုံးဝတ်ပြီး အားပေး (ဓာတ်ပုံသတင်း)
A (H1N1) တုပ်ကွေး ကျောင်းတွင်းပညာပေးများ ရန်ကုန်တွင် ပြုလုပ် သတင်း
NDAA တည်ထောင်ခြင်း နှစ် (၂၀) ပြည့် အခမ်းအနားကျင်းပ သတင်း
ဗုံးကွဲပြီးနောက် သေနတ်ဒင်များကိုဆေးခြယ်ရန် နအဖမှ တိုင်းရင်းသားလက်နက်ကိုင်များကို ညွှန်ကြား သတင်း
ရခိုင်ပြည်နယ်မြို့တော် စစ်တွေရှိ တပ်ရင်းများကို အရေးပေါ် ညွှန်ကြားချက် ထုတ်ပြန် သတင်း
စစ်တွေတွင် ပြည်သူပိုင်လယ်မြေများအား စစ်တပ်မှ သိမ်း သတင်း
အမေရိကန်ရောက် မြန်မာဒုက္ခသည် (၅၀၀၀၀) ပြည့် သတင်း
ပလပ်စတစ်စွန့်ပစ်မှု ရန်ကုန်တွင် နေ့စဉ် တန် (၂၀၀) ခန့်ရှိ သတင်း
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်အးမှတ် အိမ်ဖြူတော်ရှေ့ ဆန္ဒပြပွဲ (ဓာတ်ပုံသတင်း)
အမေရိကန်တပ်တွေ အဆုတ်နဲ့ အီရတ်ရဲ့ လုံခြုံရေး သတင်း
မိုက်ကယ်ဂျက်ဆင်ရဲ့ နောက်ဆုံးအချိန်နဲ့ ဆက်စပ်သတင်းများ သတင်း


ကာတွန်း ဟန်လေး မိုးမခ၀က်ဘ်ဆိုက်

Monday, June 29, 2009

နေ့စဉ်သတင်းများ (၂၈- ၆ - ၀၉)

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် လက်နက်ကြီးကျည်ဆံများ ကျရောက်ပေါက်ကွဲ သတင်း
ဂမ်ဘာရီ မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာ သတင်း
ဂမ်ဘာရီခရီးစဉ်အပေါ် ဦးဝင်းတင်ရဲ့ အမြင် သတင်း
ဒေါ်အောင်ဆန်းစုကြည်အမှု သတင်းယူသည့် သတင်းထောက်တဦး အဖမ်းခံရ သတင်း
အရှင်ဂမ္ဘီရအမှု (၈) မှု အယူခံလက်ခံ၊ (၅) နှစ်လျှော့ချ သတင်း
အသက်မပြည့် ကလေးများကို အဓမ္မတပ်ထဲသွင်းမှု ပိုများလာ သတင်း
မြောက်ကိုရီးယားသင်္ဘောနဲ့ နေပြည်တော် ဥမင်လိုဏ်ခေါင်း (တနင်္ဂနွေ ဆွေးနွေးပွဲ)
မြန်မာ-စင်္ကာပူ ဆက်ဆံရေး (မျက်မှောက်ရေးရာ)
ဗြိတိသျှသံရုံး ဒေသခံဝန်ထမ်း (၈) ဦး ပြန်လွှတ်ပေးရေး ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို သတင်း
အီရန်လူမျိုး ဗြိတိသျှသံရုံးဝန်ထမ်းတွေ အဖမ်းခံခဲ့ရ သတင်း
လုံခြုံရေးတာဝန်လွဲပြောင်းယူဖို့ အီရတ်တပ်ဖွဲ့ အဆင့်သင့်ရှိ သတင်း
နျုကလီယာစွမ်းအင် ဘေးကင်းစွာ သုံးနိုင်ရေး အပိုင်း (၂)
မိုက်ကယ်ဂျက်ဆင် ကွယ်လွန်ပြီးသည့်နောက် သတင်း

Sunday, June 28, 2009

ဘယ်သူသေသေ ငတေမာဖို့ ဒီလို စီမံကိန်းတွေ ရှိတယ်ဗျို့ 

06.28.09

မြန်မာစစ်အစိုးရ၏ စစ်လက်နက် အင်အားတိုးချဲ့ရေး မဟာစီမံကိန်းများ အပိုင်း (၁)

ဆောင်းပါးရှင် - ဗဟိန်း (ပြည်တွင်းမှ တပ်မတော် အရာရှိ တစ်ဦး)

စာဖတ်ပရိသတ်များခင်ဗျား-

ပြည်သူလူထုရဲ့ကျန်းမာရေး၊ ပညာရေး စသဖြင့် အဖက်ဖက်က နိမ့်ကျနေပေမဲ့ ထိထိရောက်ရောက် ပံ့ပိုး ကြည့်ရူခြင်း မရှိဘဲ နအဖရဲ့ စစ်လက်နက် အင်အား တိုးချဲ့ရေး စီမံကိန်းးအရတော့ နျူကလီးယား လက်နက် ထုတ်လုပ်ဖို့ အထိ ရူးသွပ်လျှက်ရှိကြောင်း၊ နိုင်ငံရဲ့ သယံဇာတတွေကို ပြည်သူလူထု ကောင်းကျိုး အတွက် လုံးဝ အသုံးမပြုဘဲ ကိုယ်ကျိုးစီးပွါးနဲ့ အာဏာရှင်စနစ် အထောက်အကူ ပြုမယ့် စစ်တပ်နဲ့ စစ်လက်နက် တိုးချဲ့ ထုတ်လုပ်ဖို့ အတွက်သာ ကြံဆောင် အသုံးပြုနေကြောင်း ဒီဆောင်းပါးကို ဖတ်ရူရင်း သိရှိနိုင်ပါတယ်။

ကကထုတ် ဆိုတာကတော့ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှု ညွန်ကြားရေးမှူးရုံး ဖြစ်ပါတယ်။ တပ်မတော် (ကြည်း၊ ရေ၊ လေ) သုံး စစ်လက်နက်များ ထုတ်လုပ်သည့် စက်ရုံများကို ကွပ်ကဲ ညွန်ကြားပေးတဲ့ အဓိကရုံး ဖြစ်ပါတယ်။ တပ်မတော်ထဲမှာ အရင် ကတည်းက ရှိခဲ့တဲ့ တပ်အစိတ်အပိုင်း ဖြစ်ပါတယ်။ အဲဒီတုံးကတော့ ဖွဲ့စည်းပုံက အလွန် သေးငယ်ပါတယ်။ အထူးသဖြင့် လက်နက်ငယ်များနဲ့ ၄င်းအတွက် လိုအပ်တဲ့ ကျည်များကို ထုတ်လုပ်ခဲ့ပါတယ်။

အဲဒီတုံးက တပ်မတော်မှာ သုံးခဲ့တဲ့ ဂျီသရီး၊ ဂျီဖိုး အစရှိသည်များ အတွက် ဖြစ်ပြီး ဂျာမနီ နိုင်ငံက Fritz Werner ကုမ္ပဏီနဲ့ ပေါင်းစပ် လုပ်ကိုင်ခဲ့တာပါ။ အခု နအဖ စစ်အစိုးရ လက်ထက်မှာတော့ ဖွဲ့စည်းပုံက သိပ်ကွာခြားသွား ပါပြီ။ လက်နက်ငယ်များ သာမက လက်နက်ကြီးများလည်း ထုတ်လုပ်နေပါပြီ။ လက်နက်ကြီး အတွက် ခဲယမ်းများ၊ ကျည်များလည်း ထုတ်လုပ်နေပါပြီ။ ဒီထက်မက မြေပြင်မှ မြေပြင်ပစ် ဒုံးများ၊ မြေပြင်မှ ဝေဟင်ပစ် ဒုံးများကိုလည်း စမ်းသပ် ထုတ်လုပ်နေပါပြီ။ အခု နောက်ဆုံးကတော့ နျူကလီးယား လက်နက်များ ထုတ်လုပ်ဖို့ အထိ ပြင်ဆင်နေ ပါပြီ။

ကကထုတ်ရဲ့ လက်ရှိ တည်နေရာ ကတော့ ပျဉ်းမနား နေပြည်တော်မှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအရ ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ် (ထုတ်ချုပ်)အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး တစ်ဦး၊ ဒုတိယ ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ် (ဒုထုတ်ချုပ်) အဖြစ် ဗိုလ်မှူးချုပ် တစ်ဦးတို့ ပါဝင်ပြီး လက်အောက်မှာတော့ အုပ်ချုပ်မှုနဲ့ ထုတ်လုပ်မှု ဆိုပြီး နှစ်ဖွဲ့ ခွဲထားပါတယ်။ ဒီအဖွဲ့ နှစ်ဖွဲ့စလုံးမှာ G1, G2, G3 နဲ့ ဌာနအလိုက် ရုံးအဖွဲ့များဖြင့် ဖွဲ့စည်း ထားပါတယ်။

လက်ရှိ ထုတ်ချုပ်ခေါ် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ် ကတော့ ဒုတိယဗိုလ်ချုပ်ကြီး တင်အေး ဖြစ်ပါတယ်။ ဒုထုတ်ချုပ်ကတော့ ဗိုလ်မှူးချုပ် ခင်မောင်ဝင်း ဖြစ်ပါတယ်။ ဗိုလ်မှူးချုပ် ခင်မောင်ဝင်းနောက် ဒုထုတ်ချုပ် ဖြစ်လာသူကတော့ ဗိုလ်မှူးချုပ် သိန်းဋ္ဌေး ဖြစ်ပါတယ်။ ကကထုတ်ရဲ့ လက်အောက်မှာ စက်ရုံ (၂၂) ခု ရှိပြီး စစ်လက်နက်၊ ခဲယမ်းနဲ့ ကျည်မျိုးစုံကို ထုတ်လုပ်ကာ ကြည်းရေလေ တပ်ရင်း တပ်ဖွဲ့များသို့ ဖြန့်ဖြူးလျက် ရှိပါတယ်။ ကကထုတ် လက်အောက်မှာရှိတဲ့ စက်ရုံ အသီးသီးရဲ့ တည်နေရာတွေ လုပ်ငန်းရပ်တွေကို အောက်ပါ အတိုင်း အကျဉ်းချုံး ဖေါ်ပြလိုက်ပါတယ်-

Read More...

နေ့စဉ်သတင်းများ (၂၇- ၆ - ၀၉)

NLD တိုးတက်ပြောင်းလဲဖို့လိုကြောင်း လူထုစိန်ဝင်း ဝေဖန်ပြောကြား သတင်း
သံဃာတော် ထက်ဝက်ကျော်က ဦးအောင်သောင်းအလှူ သပိတ်မှောက် သတင်း
ခမရ (၅၃၇) မှ ဒုတပ်ရင်းမှူး ခြံစည်းရိုး ကာရံနေရာတွင် ရုတ်တရက်သေဆုံး သတင်း
ဂမ်ဘာရီ မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာ သတင်း
နောက်ဆုံးပေါ် H1N1 ဖြစ်ပွားသူ မြန်မာနိုင်ငံတွင် တွေ့ရှိ သတင်း
သတင်းလွတ်လပ်ခွင့်မရှိဘဲ ရွေးကောက်ပွဲမဖြစ်နိုင် သတင်း
ရနောင်းမြို့တွင် မြန်မာအလုပ်သမားများ ထိုင်းစစ်တပ်တို့၏ ဖမ်းဆီးခြင်းခံရ သတင်း
လက်ဘနွန် ၀န်ကြီးချုပ်အသစ်တက် သတင်း
မိုက်ကယ်ဂျက်ဆင် ရုပ်အလောင်း မိသားစုကို ပြန်လွှဲ သတင်း
မကွေးတိုင်း ပေါက်မြို့မှ ချဲထီပေါက်သူကို ငွေတောင်းမရ၍ စရဖ က သတ် သတင်း
ရန်ကုန်တိုင်းအဖွဲ့ချုပ်ဝင် (၃) ဦးကို ပေါက်ကွဲမှုနှင့် စွပ်စွဲတရားစွဲ သတင်း
ပဒိုမန်းရှာကို လုပ်ကြံသူဟု သတင်းကြီးသူ DKBA ဗိုလ်ဆန်ပြုတ် ကျဆုံး သတင်း
ဒေါ်အောင်ဆန်းစုကြည်မျက်နှာဖုံး ၀တ်ဆင်အားပေးရန် U2 နှိုးဆော် သတင်း
ဂန်ဘာရီနှင့် ဗိုလ်ချုပ်မှူးကြီး တွေ့ဆုံဖွယ်မရှိ သတင်း
မြေအောက်ဥမင် ဓာတ်ပုံမှတ်တမ်း အင်ဂျင်နီယာများ သံသယရှိ သတင်း
မြောက်ကိုရီးယား-မြန်မာ ဆက်ဆံရေးအပေါ် အငြိမ်းစား သံအမတ်တဦး၏ အမြင် (အင်တာဗျူး)
သမ္မတရာထူးပြုတ်မည်ဟု ဟောကိန်းထုတ်သည့် ဗေဒင်ဆရာ အဖမ်းခံရ သတင်း
မိုက်ကယ်ဂျက်ဆင်ကို လွမ်းဆွတ်တမ်းတ ဂုဏ်ပြုနေကြ သတင်း
မိုးမရွာ၍ မောင်တောတွင် မိုးခေါ်ပွဲ ကျင်းပ သတင်း
၂၀၀၉ နိုင်ငံရေး စစ်တမ်း အပိုင်း (၃)

အပေါ်သို့