Saturday, August 22, 2009

နေ့စဉ်သတင်းများ (၂၁ - ၈ - ၀၉)

၂၀၁၀ ရွေးကောက်ပွဲကြောင့် အစိုးရပုံစံပြောင်းလဲနိုင်ကြောင်း ICG ကြေညာ သတင်း
ဘုန်းကြီးကျောင်းများကို နိုင်ငံရေးကင်းရှင်းရန် သံဃာ့မဟာနာယကအဖွဲ့ သတိပေး သတင်း
ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေး တောင်းဆိုရန် အာဆီယံအရာရှိများ သဘောတူ သတင်း
အမေရိကန်နှင့် မြန်မာ ဆက်ဆံရေးတိုးတက်ရန် အပြုသဘောဆောင်သည့် ခရီးစဉ်အဖြစ် ဂျင်မ်ဝက်ဘ် ဖော်ဆောင်နိုင်ဟုဆို သတင်း
ဧည့်သည်တွေ့ဆုံခွင့် ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်းချက်တောင်း သတင်း
အကန့်အသတ်များကြောင့် NLD စည်းရုံးရေး ထင်သလောက် ခရီးမပေါက် သတင်း
ကျောင်းသွားရင်း အဖမ်းခံရသော ကလေးစစ်သားများကို မိဘများ ပြန်ခေါ်မရဖြစ်နေ သတင်း
ကြံ့ဖွံ့ခေါင်းဆောင် ဗိုလ်ချုပ်ဌေးဦး ဂျပန်ရောက် သတင်း
ဗိုလ်ချုပ်ကြီးသူရရွှေမန်းထံ ထောက်လှမ်းရေးဗိုလ်မှူးဟောင်း အိတ်ဖွင့်ပေးစာပို့ သတင်း
တောင်ငူတွင် ရေကြီးမှုကြောင့် လယ်သမားများ ဒုက္ခရောက် သတင်း
ချေးငွေတဝက် ပြန်ဆပ်ရန် ဆားလုပ်ငန်းရှင်များကို နှိုးဆော် သတင်း
ရာဇဝတ်မှုများစုံစမ်းရေး ကော်မရှင်ဖွဲ့ရန် ကင်ပိန်းလှုပ်ရှားသူများ တောင်းဆို သတင်း
ဘဂ္ဂဒက်တိုက်ခိုက်မှု အနည်းဆုံး လူ (၈၀) သေဆုံး သတင်း
ကင်မ်ဒေးဂျုံဈာပန မြောက်ကိုရီးယားကိုယ်စားလှယ် တက်ရောက် သတင်း
ကမ္ဘာ့စီးပွားရေး ပြန်ဦးမော့တော့မယ်လို့ အမေရိကန်ပြော သတင်း
မြန်မာပြည်တောင်ပိုင်းတွင် ဖောက်ခွဲမှု ဖြစ်ပွားနိုင်ဟု စစ်အစိုးရ သတိပေး သတင်း
အလုပ်နှင့် ထောင်ဒဏ် (၃) နှစ်အတွက် ဒေါ်အောင်ဆန်းစုကြည် အယူခံတင်မည် သတင်း
SSA ကို ပြည်သူ့စစ်ဖွဲ့ဖို့ (၃) ကြိမ်မြောက် ဖိအားပေး သတင်း
ကေအိုင်အို သြဇာသက်ရောက်မှု မရှိရန် ဖားကန့်စစ်ဗျူဟာမှူး ဆောင်ရွက် သတင်း
ဆန္ဒပြသူ ပျဉ်းမနားက လူငယ်ကဗျာဆရာ ပြန်လွတ် သတင်း
လယ်သမားများကို ချေးငွေပေးပြီး ၂၀၁၀ ရွေးကောက်ပွဲအတွက် စည်းရုံးနေ သတင်း
ဒေသခံလယ်သမားများထံမှ မွန်ခွဲထွက်ရေးအဖွဲ့ (MPDF) ငွေကောက်ခံမည် သတင်း
ကြံ့ဖွံ့အဖွဲ့ဝင်တဦး ပုဒ်မ (၂) ခုနှင့် တရားစွဲခံရပြီး ထောင် (၁) နှစ်ကျ သတင်း

Read More...



ကာတွန်း ဟန်လေး

Read More...

Friday, August 21, 2009

ဗိုလ်ချုပ်ကြီး သူရ ရွှေမန်းသို့ အိတ်ဖွင့်ပေးစာ

August 21, 2009








Ref: ဖိုးတရုတ်

Read More...

နေ့စဉ်သတင်းများ (၂၀ - ၈ - ၀၉)

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ ရဟတ်ယာဉ် မြစ်ဝကျွန်းပေါ်ဒေသ ပျံသန်းခွင့်မရတော့ သတင်း
နာဂစ်ပြန်လည်ထူထောင်ရေး မလုံလောက်ကြောင်း သီတဂူဆရာတော် မိန့်ကြား သတင်း
မြန်မာဒုက္ခသည်များအရေး နိုင်ငံတကာက အရေးတယူ စဉ်းစားသင့်ပြီ သတင်း
မြန်မာနိုင်ငံမှာ နာဂတိုင်းရင်းသားအရေး ဆောင်ရွက်ပေးဖို့ တောင်းဆို သတင်း
ဒေါ်အောင်ဆန်းစုကြည်အတွက် အယူခံတင်သွင်းမည် သတင်း
ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ငြိမ်းခွင့်ပေးရေး တောင်းဆိုရန် အာဆီယံ ဆွေးနွေးဆဲ သတင်း
ရန်ကုန်မှာ သံဃာများကိုပါ စွမ်းအားရှင် ဖွဲ့စည်း သတင်း
ဇာဂနာနှင့် ကိုဇော်သက်ထွေးတို့ အယူခံကို တရားရုံးက ပယ်ချ သတင်း
စစ်အစိုးရ၀န်ကြီး ဗိုလ်ချုပ်ဌေးဦး ဂျပန်အကူအညီရယူရေး ကြိုးပမ်း သတင်း
ကာတွန်းဆရာ ကံချွန် ကွယ်လွန် သတင်း
ဂျွန်ယက်တော ဌာနေပြန်ရောက်ပြီ သတင်း
မိမိလုပ်ရပ်အတွက် ဂျွန်ယက်တော ၀မ်းမနည်း၊ အကြိမ်တရာ ထပ်လုပ်ဦးမည် သတင်း
အမေရိကန်အမတ် ဂျင်မ်ဝက်ဘ်၏ လုပ်ဆောင်ချက်အပေါ် ရှုမြင်သုံးသပ်ချက်များ သတင်း
အကြမ်းဖက်ခြိမ်းခြောက်မှုတွေကြားက အာဖဂန်ရွေးကောက်ပွဲကျင်းပ သတင်း
တိုက်ခိုက်မှုတွေကြားက မဲပေးကြသူ များပြား သတင်း
ဦးဝင်းတင် ဆေးရုံမှဆင်းပြီ သတင်း
(၈၈) မျိုးဆက်ကျောင်းသားများအား ထောင်ဝင်စာ မှန်မှန်မတွေ့နိုင် သတင်း
အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ်ပြောစကား ဂျာနယ်တွင် ဖော်ပြခွင့်ရ သတင်း
ထိုင်းအလုပ်သမားနည်းတူ မြန်မာအလုပ်သမားများကို တန်းတူအခွင့်ရေးပေးမည်ဟု ထိုင်းအလုပ်သမားဝန် ကြီး ပြော သတင်း
မေတ္တာကျေးရွာ ရွာသားအချို့ အိမ်ရာများ စွန့်ခွာထွက်ပြေးနေကြ သတင်း
အကျိုးတူ လယ်ယာမြေစနစ်ကြောင့် လယ်သမားများ လယ်ယာ ဆုံးရှုံး သတင်း
ပဲကုန်သည်ကြီးများ အကြွေးမှု (၇၉) မှု ရင်ဆိုင်နေရ သတင်း
အိမ်ပြန်ချင်ပြီ (ဆောင်းပါး)
ဘယ်သူနဲ့မဆို သင့်မြတ်လိုက်လျောနိုင်တယ် (ဆောင်းပါး)
ပန်းကောက်ရင်း လမ်းပျောက်နေသူများ (ဆောင်းပါး)

Read More...

မြန်မာ့တပ်မတော် သံယောဇဉ်

ဗိုလ်ထွန်းလှ
Thursday, 20 August 2009

၁၉၄၇ ခုနှစ် ဇန်န၀ါရီလ ၃၁ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်ကြရန် စီစဉ်ပြီးသား ဖြစ်နေ လင့်ကစား ဗိုလ်ချုပ်အောင်ဆန်း အနေဖြင့် သူ တွေ့ဆုံ စကားပြောလိုသော ပုဂ္ဂိုလ်တစ်ဦး ကျန်နေသေးသောကြောင့် ဇန်န၀ါရီလ ၃၀ရက်နေ့မှာပင် တွေ့ဆုံနိုင်ရန် အစီအစဉ် ပြုလုပ် ခိုင်းပါသည်။ သူတွေ့ဆုံလိုသော ပုဂ္ဂိုလ်ကား “အာ-အေ-အက်ဖ်” ခေါ် ဘုရင့်လေ တပ်မတော် လေတပ်ဗိုလ်ချုပ်ကြီး “လော့ဒ်တက်ဒါ”ပင်ဖြစ်သည်။

ထိုပုဂ္ဂိုလ်နှင့် နေ့လယ်စာစားပြီးချိန် တွေ့ဆုံဆွေးနွေးရန် စီစဉ်ကြရာ အဆင်ပြေ သဖြင့် တရုတ် သံအမတ်ကြီး၏ ဧည့်ခံပွဲအပြီး မွန်းလွဲ သုံးနာရီအချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း သည် လေတပ်ဗိုလ်ချုပ်ကြီး “လော့ဒ်တက်ဒါ” အား ၎င်း၏ ရုံးခန်းတွင် သွားရောက် တွေ့ဆုံပါသည်။

“လော့ဒ်တက်ဒါ” ၏ ရာထူးအဆင့်မှာ ကက်ဘိနက်အဖွဲ့တွင် ၀န်ကြီးအဆင့်ရှိပြီး အင်္ဂလိပ် ဘာသာအားဖြင့် (Marshal of the R.A.F) ဘုရင့် လေတပ်မတော်၏ သေနာပတိ ဟု ခေါ်သည်။ “လော့ဒ်တက်ဒါ” သည် ဗိုလ်ချုပ်အောင်ဆန်း ရောက်သွားသွားချင်း လှိုက်လှဲစွာ ခရီးဦးကြို နှုတ်ဆက်ပြီးနောက် နေရာထိုင်ခင်း ပေးကာ ရင်းရင်းနှီးနှီးပင် စကားပြောပါသည်။

ဗိုလ်ချုပ်အောင်ဆန်းက ဇန်န၀ါရီလ ၂၁ ရက်နေ့က “ပက်ဆင်ဟန်” အရပ်ရှိ အင်ပိုင်ယာ လေကြောင်း အတတ်သင် ကျောင်းသို့ သွားရောက် လေ့လာ ကြည့်ရှုခဲ့ရာတွင် အလွန်စိတ် ၀င်စားခဲ့ကြောင်း၊ နောက်ဆုံးပေါ် တိုက်လေယာဉ်များ၏ စွမ်းပကားကိုလည်း မြင်ခဲ့ရ၍ ချီးကျူးမိကြောင်း အစရှိကာ မိမိတို့ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးလျှင် ခေတ်မီ လေတပ်ကြီး ရှိလာအောင် ကြိုးစား ထူထောင်ရန် ရည်ရွယ်ပါကြောင်း စသည်ဖြင့် ပြောပါ သည်။

ထို့ပြင် “လော့ဒ်တက်ဒါ” က မေးသဖြင့် ဗိုလ်ချုပ်က သူကိုယ်တိုင် ဒုတိယ ကမ္ဘာစစ်ပွဲကို လေ့လာခဲ့ရာ၌ စစ်၏ အနိုင်အရှုံးကို လေတပ် အင်အားက အဆုံးအဖြတ် ပေးသွားသည်ဟု မိမိအနေဖြင့် ကောက်ချက် ချမိကြောင်း ပြန်ပြောလိုက်ပါသည်။

ထို့နောက် ဗိုလ်ချုပ်နှစ်ဦးသည် လေတပ်ဖွဲ့စည်းပုံအကြောင်း၊ လေတပ်တွင် ဗုံးကြဲ လေယာဉ်နှင့် တိုက်လေယာဉ် အမျိုးအစားနှင့် အချိုးအစား ပါဝင်မှု မည်ကဲ့သို့ သတ်မှတ်ခြင်းသည် အကောင်းဆုံး ဖြစ်မဖြစ် ဆွေးနွေး ညှိနိုင်းကြကြောင်း စသဖြင့် အပြန်အလှန် ပွင့်လင်း ရင်းနှီးစွာ ဆွေးနွေးကြပြီးနောက် ဗိုလ်ချုပ် အောင်ဆန်းလည်း ညနေ လေးနာရီခွဲတွင် ဒေါ်ချက်စတာ ဟိုတယ်သို့ ပြန်လာခဲ့ပါသည်။

ထို့ပြင် ဗိုလ်ချုပ်အောင်ဆန်းက အထက်ပါခရီးစဉ်သာမက စည်းဝေး ညှိနှိုင်းရန်လည်း မရှိသဖြင့် ကြားဖြတ် အစီအစဉ်အဖြစ် ဗြိတိသျှ ဘုရင့်လေတပ်၏ စွမ်းပကားကို အသေးစိတ် ထပ်မံသိရှိလို၍ ဗဟိုလေကြောင်း အတတ်သင် ကျောင်းသို့ သွားရောက်ပြီး အောက်ခြေ လေတပ် လေ့ကျင့်ပုံ အထူးသဖြင့် “လေသူရဲ” များက“မီတီယော်” အမည်ရှိ တိုက်လေယာဉ်ဖြင့် လက်တွေ့ လေ့ကျင့်နေပုံ တို့ကို စိတ်ပါဝင်စားစွာ သွားရောက် လေ့လာခဲ့ကြောင်း သိရှိရပါသည်။

ဇန်န၀ါရီလ ၂၁ ရက်နေ့ နံနက်တွင်ကား ဘိလပ်အစိုးရနှင့် ဆွေးနွေးပွဲ မရှိသည့်ပြင် မြန်မာကိုယ်စားလှယ် အဖွဲ့အနေဖြင့် စည်းဝေး ညှိနှိုင်းရန်လည်း မရှိသဖြင့် အားလပ် နေကြပါသည်။ မြန်မာ ခေါင်းဆောင်များသည် လူစုခွဲ၍ လေ့လာရေး ထွက်ကြရာ ဗိုလ်ချုပ် အောင်ဆန်းသည် လန်ဒန်မြို့ အနောက်ဘက် မိုင် ၉၀ ခန့် ကွာဝေးသော “ပတ်ဆင်ဟန်” အရပ်ရှိ ဗြိတိသျှ အင်ပါယာ ဗဟိုလေကြောင်း အတတ်သင် ကျောင်းသို့ သွားရောက် လေ့လာ ခဲ့ပါသည်။

အဆိုပါလေ့လာရေးအတွက် “ အာ-အေ-အက်ဖ်” ခေါ် ဗြိတိသျှ ဘုရင့်လေတပ် ဦးစီးဌာနချုပ်မှ စီစဉ်ပေး ပါသည်။ ဗိုလ်ချုပ်အား လိုက်လံ ပြသရန်အတွက် လေတပ် အရာရှိနှစ်ဦးကို တာဝန်ပေးသည့် အတိုင်း ထိုအရာရှိ နှစ်ဦးက “ဒေါ်ချက်စတာ” ဟိုတယ်သို့ လာရောက် ကြိုဆိုကြပါသည်။

မိုင် (၉၀)ကွာဝေးသော “ပတ်ဆင်ဟန်” သို့ သွားရောက်ရာတွင် လန်ဒန်မြို့ နာမည်ကျော် “ပက်ဒင်တန်” ဘူတာမှ မီးရထားဖြင့် သွားရပါသည်။ လေတပ်အရာရှိ များက ဗိုလ်ချုပ်အောင်ဆန်းအား ပထမတန်း (အထက်တန်း) တွဲတစ်တွဲတွင် စီးနင်းလိုက်ပါရန် စီစဉ်ပေးပါသည်။ ဒီရထားတွဲက ဖတ်စ်ကလပ်စ် ပထမတန်းသာ ဆိုတယ် ဘာမှလည်း ထူးထူးခြားခြား မကောင်းပါလားကွ၊ ညစ်ပတ် တာကလည်း တို့ဗမာပြည်က ရထားတွဲတွေနဲ့ မထူးပါဘူး။ စစ်ပြီးခါစ ခေတ်မို့ သူတို့လည်း ကောင်းကောင်း မပြုပြင်နိုင်ဘူးနဲ့ တူတယ်” ဗိုလ်ချုပ်က လေတပ် အရာရှိများ နားမလည်အောင် ကျွန်တော့်ဘက်သို့ လှည့်၍ ခပ်တိုးတိုး မှတ်ချက်ချပါသည်။

သို့သော် မိနစ်လေးဆယ်ခန့်ကြာ၍ လန်ဒန်မြို့ပြင်ဘက် အင်္ဂလိပ် ကျေးလက်ရှုခင်း များဆီသို့ ရထားကြီး ရောက်သွားသောအခါ ဗိုလ်ချုပ်အောင်ဆန်းသည် စိတ်ကြည်လင် လာဟန်ဖြင့် ပြတင်းမှ ငေးမျှော် ကြည့်နေပါသည်။ အင်္ဂလန်နိုင်ငံ၏ ကျေးလက်ဒေသ ရှုခင်းမှာ ဟင်းသီး ဟင်းရွက် ခင်းကြီးများနှင့် သေသပ်သန့်ရှင်းသော လူနေအိမ်ငယ် များဖြင့် ပြီး၍ မျက်စိအာရုံတွင် ကြည်လင် ကြည်နူးဖွယ် ကောင်းနေပါသည်။

မီးရထားခုတ်မောင်းသွားသည့် မိုင်နှုန်းက လျင်မြန်လှသဖြင့် မကြာမီပင် “ပတ်ဆင်ဟန်” ဘူတာသို့ ဆိုက်ရောက် သွားကြရာ လန်ဒန်မှ ကြိုတင် အကြောင်းကြား ထားသည့်အတိုင်း ဗဟိုလေကြောင်း အတတ်သင် ကျောင်းမှ ကျောင်းအုပ် (တပ်မှူးကြီး) နှင့် အရာရှိများ လာရောက် ကြိုဆိုနေကြပါသည်။ ဘူတာရုံမှတဆင့် သင်တန်းကျောင်းနှင့် လေယာဉ်ကွင်း ရှိရာသို့ နှစ်မိုင်ခန့်ခရီးကို မော်တော်ကားဖြင့် ဆက်လက် သွားကြရပါသည်။

အင်ပါယာ ဗဟိုလေကြောင်း အတတ်သင်ကျောင်းမှာ ဗြိတိသျှအင်ပါယာ တစ်ဝန်းလုံးတွင် အကြီးဆုံး အဆင့်အတန်း အမြင့်ဆုံး လေကြောင်း ပညာသင် ကျောင်းကြီး ဖြစ်ပါသည်။ လေကြောင်း အတတ်ပညာ ဆိုင်ရာ စက်ကိရိယာ ယန္တရားများနှင့် လေယာဉ် အမျိုးအစားတွေက ခေတ်မီ စုံလင်လှပါသည်။ ကျောင်းအုပ် (တပ်မှူးကြီး)၏ ပြောပြချက် အရ ထိုကျောင်းသို့ ဗြိတိသျှ အင်ပါယာအတွင်း နိုင်ငံများ (ယခုဓနသဟာယ နိုင်ငံများ) မှ အထက်တန်း လေတပ်အရာရှိများ တက်ရောက် သင်ကြားရသည်ဟု သိရပါသည်။ အဆင့်မြင့်ဆုံး လေကြောင်းပညာများ သင်ကြား ပို့ချပေးသည့် ကျောင်းပင် ဖြစ်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်း ရောက်သွားချိန်တွင်မူ ဗြိတိသျှအင်ပါယာ နိုင်ငံများမှ သင်တန်းသားများ အပြင် အမေရိကန် ပြင်သစ်နှင့် တရုတ်လေတပ်မှ အရာရှိ အချို့ကိုပါ တွေ့ရသဖြင့် မေးမြန်းကြည့်ရာ ဗြိတိသျှ လေကြောင်းပညာ အဆင့်အတန်း မြင့်မား၍ မိတ်ဆွေ နိုင်ငံများ အနေဖြင့် အထူးအစီအစဉ် ပြုလုပ်ကာ လာရောက် သင်ကြားနေကြခြင်း ဖြစ်ကြောင်း သိရပါသည်။ ထိုနေ့က ဗဟိုလေကြောင်း အတတ်သင် ကျောင်းမှ လက်ရွေးစင် လေသူရဲများက“မီတီယော်” အမည်ရှိ တိုက်လေယာဉ်ဖြင့် တစ်နာရီလျှင် မိုင် ၆၀၀ နှုန်း ပျံသန်းရင်း ကောင်းကင်တွင် အတိမ်းအရှောင် အဆင်းအတက် စစ်ရေး လှုပ်ရှားမှုများကို ကျွမ်းကျင်စွာ ပြသည်ကို ဗိုလ်ချုပ်သည် အထူးစိတ်ဝင်စားစွာ လေ့လာကြည့်ရှုပါသည်။

“အင်း… တစ်နေ့ကျရင် လွတ်လပ်တဲ့ ငါတို့မြန်မာပြည်က လေတပ်မှာလည်း ဒီလိုခေတ်မီတဲ့ လေယာဉ်တွေ ရှိလာရမှာပေါ့ကွာ” ဟု ဗိုလ်ချုပ်က ကျွန်တော့်ကို ထိုနေ့က ပြောခဲ့ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဒုတိယကမ္ဘာစစ် အတွင်းက မဟာမိတ် နိုင်ငံများက နာဇီနှင့် ဖက်ဆစ် ရန်သူများကို ချေမှုန်းနိုင်ခဲ့ရာတွင် မဟာမိတ်တို့၏ လေတပ်အင်အား သာလွန်မှုက အဓိက အကြောင်းရင်း တစ်ခု ဖြစ်သည်ဟု သုံးသပ်ခဲ့သူ ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးလျှင် နိုင်ငံတော် ကာကွယ်ရေး အတွက် ခေတ်မီပြီး တိုက်အား ထက်မြက်သော “လေတပ်မတော်ကြီး” ဖြစ်အောင် တည်ဆောက်ရန် ရည်မှန်းချက် ရှိသဖြင့် အထက်ပါအတိုင်း မှတ်ချက် ချခဲ့ခြင်း ဖြစ်ပါသည်။

ဗိုလ်ချုပ်သည် သင်တန်းကျောင်းကြီး၌ ဌာနခွဲ အသီးသီးသို့ အချိန်ယူ လေ့လာကြည့် ရှုခဲ့ရာ လေကြောင်း ပျံသန်းမှုအတွက် မိုးလေ၀သ ရာသီဥတု ခန့်မှန်း တိုင်းထွာရေး ဌာနနှင့် ရေဒီယို အဆက်အသွယ် ဌာနများကိုလည်း အသေးစိတ် လေ့လာခဲ့ပါသည်။ တစ်နေကုန်နီးပါး အချိန်ကုန်ခံ ကြည့်ရှုပြီးနောက် မွန်းလွဲ ၃ နာရီခွဲကျော်မှပင် လန်ဒန်မြို့သို့ ပြန်လာခဲ့ပါသည်။

Ref: ဖိုးတရုတ်

Read More...

Thursday, August 20, 2009

Cojones

အင်္ဂလိပ်ကြီး တစ်ယောက်ဟာ စပိန် နိုင်ငံကို အလည် အပတ် ရောက်နေခိုက်စပိန် နွားရိုင်းနဲ့ လူနဲ့ တိုက်ခိုက်တဲ့ ပွဲကို ကြုံကြိုက်တာနဲ့ သွားကြည့်လိုက်တယ်..။.......ညရောက်တော့ သူ့ရဲ့ ပထမဆုံးနေ့ ညနေစာကို အပြင်သွားစား လိုက်တယ်...။ စားသောက်ဆိုင်က စားပွဲထိုး ဆီမှာ ဒီနေ့ အတွက် အထူးဟင်းလျှာ ပေးပါလို့ မှာလိုက်တယ်..... အတော်ကြာမှာတော့ ပန်းကန်တစ်ချပ်နဲ့ စားစရာတွေ ရောက်လာတယ်.. စားစရာတွေကတော့.. အာလူးရယ် ပြောင်းဖူး ပေါက်ပေါက်ရယ်.. အသားလို့ ယူဆရတဲ့ အတုံး နှစ်တုံးပါတယ်...။ ..စားပွဲထိုးကို မေးလိုက်တယ်..။
""..ဒါဘာဟင်းလဲကွ..""
""..Cojones, လို့ခေါ်ပါတယ်..""
""..ဘာလဲကွာ..Cojones ဆိုတာ..""
""Cojones..ဆိုတာ နေ့လယ်က ကွင်းထဲမှာ တိုက်ခိုက်တုန်းက ရှုံးသွားတဲ့ နွားရဲ့ "ဝှေးစေ့" ကို ချက်ထားတာပါ ""
ပထမတော့ အင်္ဂလိပ်ကြီး စိတ်ပျက်သွားတယ်... နောက်တော့.. ဒေသဆိုင်ရာ အစားအသောက် သစ်တွေ မြည်းစမ်း ကြည့်ချင်တာကြောင့် စားဖို့ ဆုံးဖြတ်လိုက်တယ်။ အံ့သြ သွားလောက်အောင် အရသာ ရှိမှန်း သူသိလိုက်တယ်။ နောက်နေ့ညလဲ လာမှာစားဦးမယ်လို့ ဆုံးဖြတ်လိုက်တယ်...။
...ဒီတစ်ညမှာတော့ စားပွဲထိုးက မနေ့ကနဲ့ မတူပဲ ပိုပြီးသေးတဲ့ အသားတွေ ထည့်ထားတဲ့ ပန်းကန်တစ်ချပ် လာချပေးလိုက်တယ်..။

အင်္ဂလိပ်ကြီး မကြေမနပ် ဖြစ်သွားတယ်...
''''ဒါဘာလဲကွ''''
''''ဒါ..Cojones ပါလူကြီးမင်း''''
''''မဟုတ်သေးဘူး ထင်တယ် ငါမနေ့က ဒီကို.. Cojones လာစားပြီးသွားပြီ ဒီထက်အများကြီး ကြီးတယ်ကွ''''
''''နွားက အမြဲတမ်း ရှုံးနေတယ်လို့ လူကြီးမင်းထင်လို့လား""

မှတ်ချက်။ ။ကိုယ်ပိုင်ရေးသားချင်းမဟုတ်ပါ....

Read More...

နေ့စဉ်သတင်းများ (၁၉- ၈ - ၀၉)

ဒီကေဘီအေ ဗိုလ်မှူးကြီးစောချစ်သူ လုပ်ကြံခံရ၊ ရန်ကုန်တွင် ဆေးကုသမှုခံယူ သတင်း
နိုင်ငံရေးအကျဉ်းသားများနှင့် စရဖ တွေ့ဆုံ သတင်း
ကျောက်ပန်းတောင်းမှာ လှုံ့ဆော်စာ ဖြန့်ဝေ သတင်း
ယက်တော ထိုင်းကနေ ထွက်ခွာသွားပြီ သတင်း
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး အာဆီယံ တောင်းဆိုမည် သတင်း
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်အပေါ် သံဃာ့တပ်ပေါင်းစု၏ သဘောထား သတင်း
ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဉာဏ်ဝင်းနှင့် ဆက်သွယ်မေးမြန်းချက် သတင်း
ဒေါ်အောင်ဆန်းစုကြည် အပြစ်မရှိသော်လည်း အကျဉ်းပြန်ချခံရ (ဆောင်းပါး)
တွံတေးမြို့နယ် ဆုတောင်းပွဲ ပြည်သူထောင်နှင့်ချီ လာရောက်ဝတ်ပြုဆုတောင်းခဲ့ သတင်း
တွံတေးမြို့နယ် ဝတ်ပြုဆုတောင်းပွဲကို အာဏာပိုင်များ နှောင့်ယှက် သတင်း
ဝတ်ပြုသူတွေကို အကြမ်းဖက်မှုတွေ ပြန်လည်စတင်လာ သတင်း
ပဲခူးမြို့ အဖြူရောင်လှုပ်ရှားမှုနှင့် ၀တ်ပြုဆုတောင်းမှု ဘုရားကိုးဆူ လှည့်လည်ပြုလုပ်မည် သတင်း
တိုင်းရင်းသားလက်နက်ကိုင်နှင့် ပတ်သက်သည့် စာစောင် ပျံ့နှံ့ သတင်း
ကရင်ပြည်နယ်တွင် ထိုးစစ်ဆင်ဦးမည် သတင်း
မောင်တောတွင် အိမ်ထောင်စု စာရင်းကောက် သတင်း
ဆယ်ကျော်သက်ရွယ် ရိုဟင်ဂျာ (၂) ဦး ရနောင်းထိန်းသိမ်းရေးစခန်းမှာ သေဆုံး သတင်း
ရိုဟင်ဂျာများကို နေရပ်သို့ မပို့နိုင်သည့်အတွက် ဆက်လက်ချုပ်နှောင်ထားရဆဲ သတင်း
မြန်မာအလုပ်သမားများ ထိုင်းတွင် အခွင့်အရေး ပိုမိုရတော့မည် သတင်း
မြန်မာအလုပ်သမ (၄) ဦး ထိုင်းတောင်ပိုင်းတွင် ပစ်ခတ်ခံရ၊ (၁) ဦး သေဆုံး သတင်း
အလုပ်ရှင်တိုင်၍ အလုပ်သမားများ ဖမ်းဆီးခံရ သတင်း
လေယာဉ်ပျက်နှင့် ဂိုဒေါင်များ လေလံတင်မည် သတင်း
ပြည်မြို့ စက်မှုလုပ်ငန်းရှင်များကို နေရာသစ်သို့ ရွှေ့ပြောင်းခိုင်း သတင်း
စည်ပင်ဂိတ်မှ ဆိုင်ကယ်သမားများအား ငွေကြေးကောက်ခံ သတင်း
မြန်မာနိုင်ငံတွင် စစ်တောင်းမြစ်ရေကြီး သတင်း

Read More...

Wednesday, August 19, 2009

နေ့စဉ်သတင်းများ (၁၈ - ၈ - ၀၉)

တောင်ကိုရီးယား သမ္မတဟောင်း ကင်မ်ဒေးဂျုံ ကွယ်လွန် သတင်း
ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးဖို့ အာဆီယံဥက္ကဋ္ဌ ထိုင်းနိုင်ငံ ထပ်မံတိုက်တွန်း သတင်း
နိုင်ငံရေးအကျဉ်းသားလွှတ်ပေးရေး အိမ်ဖြူတော်နှင့် နိုင်ငံခြားရေးဌာန တိုက်တွန်း သတင်း
အာဆီယံအစည်းအဝေးနဲ့ ဒေါ်အောင်ဆန်းစုကြည် သတင်း
ဒေါ်အောင်ဆန်းစုကြည်ကို ဘာကြောင့်မလွှတ်သလဲ (ဆွေးနွေးခန်း)
ယက်တောနဲ့ နအဖရဲ့ပြဇတ် တခန်းရပ်သော်လည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ အလားအလာ မမြင် သတင်း
အဖြူရောင်လှုပ်ရှားမှု မြို့ရွာအနှံ့ပြုလုပ်နေ သတင်း
မြန်မာနိုင်ငံအပေါ် ဥရောပသမဂ္ဂ အရေးယူမှုဥပေဒ ဗြိတိန်ပြဌာန်း သတင်း
ဂျွန်ယက်တောလွတ်မြောက်မှုကို အိမ်ဖြူတော်က ကျေနပ်ခြင်းနှင့် အခြားသတင်းများ သတင်း
NLD အဖွဲ့ဝင်များကို ထောင်ဒဏ်တိုးမြှင့် သတင်း
KNU က ခွဲထွက်များ ပြန်လည်ပူးပေါင်းမှု ကြိုးပမ်းသွားမည် သတင်း
စစ်တွေရှိ လေယာဉ်ပျက်အား လေလံတင်ရောင်းချမည် သတင်း
အိုဘားမားနဲ့ မူဘာရက် အိမ်ဖြူတော်မှာ တွေ့ဆုံ သတင်း
ရွေးကောက်ပွဲ မကျင်းပမီ အာဖဂန်မှာ တာလီဘန်တိုက်ခိုက်မှုတွေ တိုး သတင်း
ကမ္ဘာ့ထိပ်တန်း အပန်းဖြေမြို့များတွင် ထိုင်းနိုင်ငံမှ မြို့ကြီးများ ပါဝင် သတင်း

Read More...

Tuesday, August 18, 2009

ပြည်တွင်းအင်အားစုတွေနဲ့ ဆွေးနွေးမှုမရှိပဲ အကျိုးမဖြစ်နိုင် ဟု ဒေါ်စု ဝေဖန်

18 August 2009

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ အပေါ်မှာ ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေနဲ့ ပတ်သက်ပြီး အနောက် နိုင်ငံတွေနဲ့ ပူးပေါင်း ဆောင်ရွက်တာထက် ကိုယ့်နိုင်ငံ အတွင်းမှာ အချင်းချင်း အရင်ညှိနှိုင်းဖို့ လိုတယ်လို့ ပြောလိုက်တဲ့ အကြောင်း NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက မနေ့က ပြောဆို လိုက်ပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်ကတင်ပြထားပါတယ်။

အမေရိကန်အထက်လွှတ်တော်အမတ် ဂျင်မ် ၀က်ဘ်က ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံတဲ့ အခါမှာ ပိတ်ဆို့ အရေးယူမှုတွေနဲ့ ပတ်သက်လို့ ပိတ်ဆို့ အရေးယူမှုတွေ ပြန်လည် ရှုတ်သိမ်းရေး အတွက် လုပ်ဆောင်တာမှာ မြန်မာနိုင်ငံဟာ အနောက် နိုင်ငံတွေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ လိုနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြခဲ့တယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဘက်က အချက် ၂ချက် ပြန်ပြောခဲ့တယ်လို့ မနေ့က သူနဲ့ တွေ့ဆုံခဲ့တဲ့ NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကပြောပြပါတယ်။

“ပထမ အချက်က Interaction လုပ်ဖို့ ဆိုတာ အဲဒါက ပြည်တွင်းမှာ အရင် လုပ်ရမှာ။ တခြားနိုင်ငံနဲ့ အရင်လုပ်ရမှာ မဟုတ်ဘူး။ ပြည်တွင်းမှာ interaction မဟုတ်ဘဲနဲ့ တခြားနိုင်ငံနဲ့ လုပ်လို့ ဘာမှ အကျိုး မရှိဘူး ဆိုတာကို သူရှင်းပြတယ်။ နောက်တခုက saction နဲ့ ပတ်သက်လို့ ၂၀၀၇ ခုနှစ် ကတည်းက ဆက်ဆံရေး ၀န်ကြီးနဲ့ တွေ့နေတဲ့ ကာလမှာ အဲဒီတုန်းက ထုတ်ခဲ့တဲ့ သူတို့ရဲ့ အကြောင်းကြားစာ ရှိတယ်လေ။ confrontation တို့ out of devastation တို့ sanction တို့ blockage တို့ ဒါတွေကို မလုပ်တော့ပါဘူး၊ ရုတ်သိမ်းပါတယ် ဆိုရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တွေ့မယ်ဆိုပြီး ဟိုတုန်းက စာထွက်တယ်။ အဲဒီကတည်းက ဆွေးနွေးတဲ့ အခါမှာ သူက ပြောတယ်တဲ့ sanction နဲ့ ပတ်သက်လို့ နှစ်ဘက် ပူးတွဲ သဘောထား ထုတ်ပြန်လိုတယ်။ နှစ်ဘက် ပူးတွဲပြီးတော့ sanction တွေ ရုတ်သိမ်းအောင် ဆောင်ရွက် လိုတယ်လို့ အဆိုပြုခဲ့တယ်တဲ့။ အဆိုပြုတာတွေကို ပထမပိုင်းမှာ သဘောတူ သယောင် ရှိပြီး နောက်ပိုင်း မလုပ်နိုင်ဘူးလို့အဲဒါကိုသူဂျင်မ်ဝက်ဘ်ကိုသူရှင်းပြခဲ့တယ်တဲ့”

အထက်လွှတ်တော်အမတ် ဂျင်မ် ၀က်ဘ်ဟာ ပိတ်ဆို့ အရေးယူမှုတွေကို ဆန့်ကျင်သူ တဦးအဖြစ် အမေရိကန် နိုင်ငံရေး အသိုင်းအ၀ိုင်းမှာ ထင်ရှားသူ တဦး ဖြစ်တဲ့အပြင်၊ အခုလို သူ့ရဲ့ ပြောဆိုမှုတွေ အများအမြင်မှာ ထင်ရောင်ထင်မှား ဖြစ်နိုင်စရာ ရှိတဲ့ အချက်တွေ ပါဝင်နေပါတယ်။ အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်က ပိတ်ဆို့ အရေးယူမှုတွေ ရုတ်သိမ်းပေးရေး အတွက် သဘောတူ သယောင်ယောင် နိုင်ငံတကာ သတင်းမီဒီယာတွေမှာ ရေးသား ဖော်ပြနေတာကို တွေ့ရပါတယ်။ ဒီကိစ္စအပေါ် လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်ရဲ့ ထိုင်းနိုင်ငံက သတင်းစာ ရှင်းလင်းပွဲ အပါအ၀င် နိုင်ငံတကာ သတင်း မီဒီယာတွေထဲမှာ ဖော်ပြနေတာတွေနဲ့ ပတ်သက်လို့ ဦးဥာဏ်ဝင်းက ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ရိုက် မေးမြန်းခဲ့တဲ့ အကြောင်း ပြောပြပါတယ်။

“ကျွန်တော်က ဒီနေရာမှာ မေးပါတယ်။ ကျွန်တော်တို့ရဲ့ သတင်းကြားတာ ကတော့ ယိုးဒယားမှာ ဂျင်မ် ၀က်ဘ်က ရှင်းတာလည်း ကြားတယ်၊ နောက် လန်ဒန်က သတင်းစာ တစောင်မှာလည်း Tourism Sanction ကို ဒေါ်အောင်ဆန်းစုကြည် ရှုတ်သိမ်း လိုတယ်လို့ ရေးတယ်လို့ ကြားတယ်။ အဲဒါကို ကျွန်တော်တို့က ပြောတော့။ သူက သူ အဲဒီလို လုံးဝ မပြောခဲ့ဘူးတဲ့၊ သူပြောတာက sanction နဲ့ ပတ်သက်လို့ ပူးပေါင်း ဆောင်ရွက်မယ်၊ ရုတ်သိမ်းဖို့ သဘောထားကိုလည်း ပူးပေါင်း ထုတ်ပြန်မယ်၊ ဒါ ပူးပေါင်း ဆောင်ရွက်ပါ့မယ် ဆိုတာကို သူအဆိုပြုခဲ့တဲ့ အကြောင်းကို သူရှင်းပြပါတယ်။ အဓိက က သူမပြောဘူး၊ သူပြောတဲ့ sanction က အစိုးရနဲ့ အာဏာပိုင်းတွေနဲ့ ရုတ်သိမ်းဖို့လိုရင် ပူးပေါင်းပြီး ဆောင်ရွက်မယ်။ ဆောင်ရွက်ဖို့ အဆိုပြုတယ်၊ သူက ဒါပဲ ပြောပြခဲ့တာတဲ့။”

စစ်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အမျိုးမျိုးတွေကြောင့် နိုင်ငံ တကာက ဒဏ်ခတ် ပိတ်ဆို့ အရေးယူရေး မူဝါဒတွေကို ချမှတ် ကျင့်သုံး လာခဲ့တာပါ။ ဒီလို ပိတ်ဆို့မှု တွေကြောင့်လည်း မြန်မာနိုင်ငံဟာ အထီးကျန် ဖြစ်နေတယ်လို့ ဂျင်မ် ၀က်ဘ်က မြင်ပါတယ်။ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို ရောက်ရောက်ချင်း ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲ အတွင်း မြန်မာနိုင်ငံမှာ ပြုပြင် ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာအောင် စစ်အစိုးရအပေါ် အတိုင်းအတာ တခုအထိ သြဇာ သက်ရောက်မှု ရှိတဲ့ တရုတ်နိုင်ငံကို နိုင်ငံတကာ ၀ိုင်းဝန်း ဖိအား ပေးကြဖို့ တိုက်တွန်းပါတယ်။ မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံက သြဇာ သက်ရောက်မှု ရှိတယ်၊ အင်အားကြီး နိုင်ငံမို့ ကြောက်ရွှံ့ရတယ် ဆိုတဲ့ ပုံစံမျိုး အထက်လွှတ်တော် အမတ် ဂျင်မ်ဝက်ဘ်က ပြောခဲ့တာနဲ့ ပတ်သက်လို့ ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမြင် သဘောထားခြင်း ကွာခြားနေတာကို တွေ့ရပါတယ်။

“အချက်အလက်တွေနဲ့ ပတ်သက်ပြီးတော့ တချို့ အချက်တွေ ပြောတယ်။ ဥပမာ သူတခု ပြောတာက ဂျင်မ်ဝက်ဘ် က ပြောတယ်တဲ့ မြန်မာနိုင်ငံဟာ တရုတ်နဲ့ ပတ်သက်ပြီး နိုင်ငံကြီးမို့ စိုးရိမ်ထိတ်လန့် သဘောမျိုးကို သူက အဲဒါကို ပြောတယ်တဲ့။ ဒီစကားလုံးကို သူ လုံးဝ လက်မခံနိုင်ဘူး။ သူ့အနေနဲ့တော့ တရုတ်ကို အိမ်နီးနားချင်း ကောင်းအဖြစ် မိတ်ဆွေနိုင်ငံ အဖြစ်၊ သူဒီလိုပဲ သဘောထားတယ်တဲ့။ စောစောကလို ပြောတဲ့ စကားလုံးမျိုးကို သူ့အနေနဲ့ မကြိုက်ဘူး ဆိုတာကို သူရှင်းပြခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်က တဆက်တည်း ဒါနဲ့ ပတ်သက်ပြီး ပြောတာက ကမ္ဘာပေါ်မှာ ဘယ်လိုပဲဖြစ်ဖြစ် သြဇာရှိတာက တခု၊ အမေရိကန်၊ နောက်ပြီး အိမ်နီးနားချင်းက အိန္ဒိယ၊ တရုတ် ဒီနိုင်ငံတွေနဲ့ အတူ အဆင်ပြေပြေ မိတ်ဆွေ အဖြစ်ပဲ ကျွန်တော်တို့ဆက်ဆံလိုတယ်လို့သူအဲဒီလိုပြောပြခဲ့တယ်တဲ့။”

Ref: VOA News

Read More...

လွတ်တော်အမတ် Webb ပြောဆိုချက် ဒေါ်အောင်ဆန်းစုကြည် ငြင်းဆို

၂၀၀၉ - ၀၈ - ၁၇

မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုတချို့ ဖယ်ရှားပေးရေးကို ဒေါ်အောင်ဆန်းစုကြည်က သဘော တူလိမ့်မယ်လို့ ယူဆကြောင်း အမေရိကန် အထက်လွတ်တော် အမတ် Jim Webb ရဲ့ ပြောဆိုချက်ကို ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆို လိုက်ပါတယ်။


ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် အထက်လွတ်တော် အမတ် Mr. Jim Webb တို့
အစိုးရ ဧည့်ဂေဟာတွင်၂၀၀၉ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့က တွေ့ဆုံစဉ်

ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် အထက် လွတ်တော်အမတ် Jin Webb တွေ့ဆုံစဉ် မြန်မာနိုင်ငံ အပေါ် နိုင်ငံတကာ ပိတ်ဆို့ ဒဏ်ခတ် အရေးယူနေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေး ခဲ့ပါတယ်။ အဲဒီ ဆွေးနွေးချက်တွေ ပေါ်ကနေ သုံးသပ်ပြီး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မြန်မာနိုင်ငံ အပေါ် စီးပွားရေး ပိတ်ဆို့မှု တချို့ ပယ်ဖျက်ရေး ကိစ္စကို မကန့်ကွက်ဘူးလို့ မိမိ ယူဆကြောင်း သြဂုတ်လ ၁၇ ရက်နေ့က ဘန်ကောက်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ Mr. Jim Webb ပြောဆိုခဲ့တာပါ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး သြဂုတ်လ ၁၇ ရက်နေ့ ညနေပိုင်းက ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံခဲ့တဲ့ ပါတီ ပြောခွင့်ရှိ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကို မေးမြန်းကြည့်တဲ့ အခါမှာ Mr. Jim Webb ရဲ့ပြောဆိုချက်ကို ဒေါ်အောင်ဆန်းစုကြည် က ငြင်းဆို လိုက်တယ်လို့ အခုလို ပြောပါတယ်။

ဦးဉာဏ်ဝင်း။ ။ “ လုံးဝ လုံးဝ အဲဒီလို Sanction lift လုပ်ဖို့ ဘာညာ သူမပြောဘူးတဲ့။ သူပြောခဲ့တာက Sanction နဲ့ ပတ်သက်လို့ ရှိရင် သူဟာ Sanction တွေ lift လုပ်ဖို့ ပူးပေါင်း ဆောင်ရွက်ပါ့မယ်၊ ပူးပေါင်း ဆောင်ရွက်ချင်တယ် ဆိုတာ အစိုးရကို အဆို ပြုဖူးတယ်တဲ့။ အစိုးရ ဘက်ကသာ ဘာမှ မလုပ်တာတဲ့၊ အဲဒီလို ပြောတယ်”

ဒေါ်အောင်ဆန်းစုကြည်နဲ့ Mr. Jim Webb တွေ့ဆုံစဉ် Mr. Jim Webb က မြန်မာနိုင်ငံ အပေါ် ဒဏ်ခတ်အရေးယူ မှုတွေနဲ့ ပတ်သက်ပြီး ပိတ်ဆို့မှုတွေ ပြန်လည် ရုပ်သိမ်းသွားအောင် ဆွေးနွေး အကြံပြုတယ်လို့ ဆိုပါတယ်။

ဦးဉာဏ်ဝင်း။ ။ “နောက် Interaction နဲ့ ပတ်သက်ပြီးတော့ အနောက်နိုင်ငံတွေနဲ့ Interaction လုပ်ဖို့ သူက အကြံ ပြုတယ်တဲ့။ ဒေါ်အောင်ဆန်းစုကြည်က သူ့ကို ပြန်ပြောတယ်၊ Interaction ဆိုတာ အနောက်နိုင်ငံနဲ့ မလုပ်ခင် ပြည်တွင်းမှာ အရင် လုပ်ရမှာတဲ့။ ပြည်တွင်းမှာ Interaction မရှိပဲနဲ့ အနောက်နိုင်ငံနဲ့ လုပ်လို့ ဘာမှ အကျိုး မရှိနိုင်ဘူးလို့ သူရှင်းပြ ခဲ့တယ်တဲ့”

စီးပွားရေး ပိတ်ဆို့တာတွေ ရပ်တန့်သွားအောင် တွေ့ဆုံ ညှိနှိုင်းဖို့ Mr. Jim Webb က အကြံပြုတာကို ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ပြောခဲ့တာလို့ ဆိုပါတယ်။ Mr. Jim Webb ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ် ရွေးကောက်ပွဲ ဝင်ရေးကိစ္စ အပြင် မြန်မာနိုင်ငံအရေး အပေါ် တရုတ်နိုင်ငံရဲ့ ပါဝင် ပါတ်သက်မှုတွေ အလွန်အကျွံ ဖြစ်နေတာကိုလည်း ပြောဆိုပါတယ်။ ဒီကိစ္စအပေါ် Mr. Webb ပြောဆို သုံးနှုန်းသွားတဲ့ စကားလုံး အသုံးအနှုန်းကို ဒေါ်အောင်ဆန်းစုကြည်က မနှစ်သက်ကြောင်း ပြောပြတယ်လို့ ဆိုပါတယ်။

ဦးဉာဏ်ဝင်း။ ။ “နောက်သူကပြောတယ်တဲ့။ သူ့အနေနဲ့တော့ ဒီစကားလုံးလည်း မကြိုက်ဘူး၊ China ကိုလည်း အိမ်နီးနားချင်း၊ မိတ်ကောင်း ဆွေကောင်း သဘောပဲ သူသဘောထားတဲ့ အကြောင်း သူရှင်းပြခဲ့တယ်တဲ့”

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တာနဲ့ ပတ်သက်ပြီး ဦးဉာဏ်ဝင်းကို ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက် အသံဖိုင်

Ref: RFA News

Read More...

ME, TOO

In a restaurant, a man ordered soup but, as soon as it arrived,

he had to go to the bathroom.

To make sure that nobody touched his soup while he is away,

he wrote on a napkin:

"I SPIT IN THE SOUP".

When he returned, he found another message on napkin:

"ME, TOO".

Read More...

နေ့စဉ်သတင်းများ (၁၇ - ၈ - ၀၉)

ပိတ်ဆို့မှု ရုတ်သိမ်းပေးရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်းသင့်သည်ဟု ဂျင်မ်ဝက်ဘ် ပြောခဲ့ သတင်း
စစ်အစိုးရ အကောင်းဘက်ပြောင်းလဲဖို့ အလားအလား ဦးခင်မောင်ဆွေ ပြောကြား သတင်း
မြန်မာနိုင်ငံခရီးစဉ်အကြောင်း အထက်လွှတ်တော်အမတ် သတင်းစာရှင်းလင်းပွဲ ကျင်းပ သတင်း
နျူကလီးယားအစီအစဉ် မရှိကြောင်း မြန်မာစစ်အစိုးရ ငြင်းဆို သတင်း
ဘင်္ဂလာဒေခ်ျ့ လူ့အခွင့်အရေးကော်မရှင်က ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချသဖြင့် နအဖစစ်အစိုးရကို ရှုတ်ချ သတင်း
ဂျင်မ်ဝက်ဘ် သတင်းစာရှင်းလင်းပွဲ သတင်း
မလေးရှားထိန်းသိမ်းရေးစခန်းက မြန်မာတချို့ ထွက်ပြေး သတင်း
ဆမလက်မှတ် ရသော်လည်း ဆရာဝန်များ အလုပ်ရရန် မရေရာ သတင်း
မြန်မာအသံလွှင့် အစီအစဉ်တခု သြစတြေးလျရေဒီယိုမှ ထုတ်လွှင့်မည် သတင်း
ဂျွန်ယက်တောအား ပြည်နှင်ဒဏ်ပေးခဲ့ဟု စစ်အစိုးရပြော သတင်း
ယက်ထောကို လွှတ်ပေးသည့်အတွက် မြန်မာလူထု မကျေနပ် သတင်း
မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးသင့်ကြောင်း NLD ပြောဆို သတင်း
ဘန်ကောက်ရှိ ဒီမိုကရေစီအင်အားစုများ တရုတ်သံရုံးရှေ့မှာ ဆန္ဒပြ သတင်း
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး အဖြူရောင်လှုပ်ရှားမှု စတင် သတင်း
မြန်မာ့အရေးလှုပ်ရှားသူများက တရုတ်အစိုးရအား ပြစ်တင်ဝေဖန် သတင်း
ဒုက္ခသည်များ နေရပ်ပြန်ရန် ထိုင်းအာဏာပိုင်နှင့် ဒီကေဘီအေ ပူးပေါင်းစီစဉ် သတင်း
တပ်ရိက္ခာအတွက် ရွာသူရွာသားများထံ ဒီကေဘီအေ ဆန်ကောက်ခံ သတင်း
ဒီကေဘီအေ တပ်မဟာ (၉၉၉) တပ်ဖွဲ့မှ ဂိတ်အသစ်တခု ထပ်ဖွင့်မည် သတင်း
တက္ကသိုလ်ကျောင်းသားများ လူမှုရေးလှုပ်ရှားမှု ပိတ်ပင်ခံရ သတင်း
မြန်မာစစ်တပ် ခေတ်မီလက်နက်ငယ်များ တပ်ဆင်ပြီးစီး သတင်း
အောင်လံလယ်သမားများ တရားဥပဒေအရ ရင်ဆိုင်သွားမည်ဟုဆို သတင်း
ကြွက်မြီးတထောင်စီမံချက်ကြောင့် အခက်အခဲဖြစ် သတင်း
အထက်ဗမာပြည်ကျောင်းသားသမဂ္ဂမှ တက္ကသိုလ်ကောလိပ်များတွင် သမဂ္ဂများ တိုးချဲ့ဖွဲ့စည်း သတင်း

Read More...

Monday, August 17, 2009

အဓိက တရားခံ ယက်ထော လွတ်

Sunday, 16 August 2009 17:37 ကိုစိုး

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက်မှုဖြင့် ထောင် ၇ နှစ် ပြစ်ဒဏ် ချမှတ်ခံထားရသော အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန် ဝီလျံ ယက်ထောအား စစ်အာဏာပိုင်များ က ပြန်လည် လွှတ်ပေးလိုက်ကြောင်း သိရသည်။

အဆိုပါ မစ္စတာ ယက်ထောကို မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အမေရိကန် အထက် လွှတ်တော်အမတ် မစ္စတာ ဂျင်မ် ဝက်ဘ် ၏ တောင်းဆိုမှုအရ လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

ယနေ့ ရန်ကုန်မြို့၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် မစ္စတာ ဂျင်မ် ဝက်ဘ်က ၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ် အတွင်း မစ္စတာ ယက်ထော လွတ်ရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရေး အပြင် ဒေါ်အောင်ဆန်း စုကြည်အား လွှတ်ပေးရန် တောင်း ဆိုခြင်းတို့ကို ဆောင်ရွက်ခဲ့သည်ဟု သတင်းထောက်များကို ပြောဆိုသွားသည်။

၎င်းက “ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ဖို့ ကျနော် မျှော်လင့်ပါတယ်” ဟုလည်း ပြောသည်။

ပြည်တွင်း ပြည်ပရှိ လေ့လာသူများကမူ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည် လွှတ်ပေးရန် အလားအလာ မရှိကြောင်း သုံးသပ်သည်။

ယခု မစ္စတာ ယက်ထောကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် ပြန်လည် လွှတ်ပေးခြင်း ဖြစ်သည်ဟု ရှေ့နေ ဦးခင်မောင်ဦး ကလည်း ပြောပြသည်။

“နိုင်ငံတော်အကြီးအကဲရဲ့ အမိန့်နဲ့ပေါ့၊ လွှတ်ပေးလိုက်တာ၊ ကျနော် တဆင့် သိရတာပါ၊ အပြုသဘော မြင်ပါတယ်၊ ဝမ်းသာစရာလို့ ပြောရမှာပေါ့”ဟု မစ္စတာ ယက်ထော၏ ရှေ့နေ ဦးခင်မောင်ဦးက ဧရာဝတီသို့ ပြောသည်။

မစ္စတာ ဂျင်မ် ဝက်ဘ်နှင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ ယမန်နေ့က တွေ့ဆုံပြီးနောက် ယင်းကဲ့သို့ မစ္စတာ ယက်ထောအား ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

ယမန်နေ့က မစ္စတာ ဂျင်မ် ဝက်ဘ်သည် ဒေါ်အောင်ဆန်းစုကြည် နှင့်လည်း ရန်ကုန်မြို့ရှိ အစိုးရ ဧည့်ဂေဟာတွင် တွေ့ဆုံ ခဲ့သေးသည်။

ယနေ့ မွန်းလွဲပိုင်းတွင် မစ္စတာ ယက်ထောသည် မစ္စတာ ဂျင်မ် ဝက်ဘ် နှင့် အတူ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။

ယင်းသို့ မစ္စတာ ယက်ထော ကို ပြန်လည် လွှတ်ပေးပြီး ဒေါ်အောင်ဆန်းစုကြည်အား ဆက်လက် ချုပ်နှောင်ထိန်း သိမ်းထားပါက အလွန်ဆိုးဝါး၍ မမျှတသော လုပ်ရပ်ပင်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြောခွင့်ရ ဦးဉာဏ်ဝင်းက ပြောသည်။

“မစ္စတာ ယက်ထောကို ပြန်လွှတ်လိုက်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အလား အလာကတော့ သူတို့ အာဏာ ပိုင်တွေ အပေါ်မှာပဲ မူတည်ပါတယ်၊ တခုတော့ စဉ်းစားမိတာက သူ့ကြောင့် ဖြစ်ရတဲ့ အမှုဟာ သူက ပြန်သွားခွင့် ရပြီးတော့ ကျန်တဲ့ လူတွေက အချုပ်နဲ့ နေရတာကတော့ လုံးဝ ကြည့်မကောင်းတဲ့ ကိစ္စပဲ၊ တကယ်လို့ ဒေါ်အောင် ဆန်းစုကြည်တို့ အပေါ်မှာ လွတ်ဖို့ ဘာမှ မလုပ်ဘူး ဆိုရင်တော့ အတော် ရုပ်ဆိုးတာပဲလို့ ပြောချင်တယ်”ဟု ၎င်းက ဆိုသည်။

ယမန်နေ့က နေပြည်တော်၌ မစ္စတာ ဂျင်မ် ဝက်ဘ်နှင့် ၂၅ မိနစ်ခန့် သီးသန့် တွေ့ဆုံရာတွင် NLD ဗဟို အလုပ် အမှုဆောင်(CEC) အဖွဲ့ဝင်များ ဖြစ်သော ဦးသန်းထွန်း၊ ဦးစိုးမြင့် ၊ ဦးညွန့်ဝေ တို့က ဒေါ်အောင်ဆန်း စုကြည်အား ယခုကဲ့သို့ ပြစ်ဒဏ် ချမှတ်ခြင်းသည် တရားမျှတမှု မရှိကြောင်းနှင့် ပြန်လွှတ်ပေးရေး အတွက် ပြောဆိုခဲ့ကြောင်း သိရသည်။

“ကျနော်တို့ CEC တွေက ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ပေးတာ မတရားဘူး၊ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူလူထု အများ ယုံကြည်တဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့ အတွက် သူ့ကို အချုပ်ထဲမှာ ထားပြီးတော့ နိုင်ငံရေး ပြေလည်မှု ဆိုတာ မရနိုင်ဘူး၊ ဒါကြောင့် သူ့ကို အမြန်ဆုံး လွှတ်ပေးဖို့ လိုတယ် ဆိုတာကိုပဲ အဓိက ပြောခဲ့တယ်လို့ သိရပါတယ်၊ မစ္စတာ ဂျင်မ် ဝက်ဘ် ကတော့ ဒီ အချက်အလက်တွေကို သူအာဏာပိုင်တွေကို ပြောခဲ့မယ်တဲ့” ဟု ဦးဉာဏ်ဝင်း က ပြောပြသည်။

ပြီးခဲ့သည့် သောကြာနေ့ကလည်း ယင်း မစ္စတာ ဂျင်မ် ဝက်ဘ်(Jim Webb) သည် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီး ဦးသောင်း၊ နိုင်ငံခြားရေး ဝန်ကြီး ဉာဏ်ဝင်း ၊ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်း ၊ ယဉ်ကျေးမှု ဝန်ကြီး ဗိုလ်ချုပ် ခင်အောင်မြင့် ၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာန ဒု ဝန်ကြီး ဗိုလ်မှူးကြီး သူရိန်ဇော် တို့ အပါအဝင် အစိုးရ အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သည်။

ထို့အပြင် တရားသူကြီးချုပ် ဦးအောင်တိုး ဦးဆောင်သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မရှင် အဖွဲ့၊ ဗိုလ်ချုပ် ဌေးဦး နှင့် ကြံ့ဖွံ့အဖွဲ့၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းတို့နှင့်လည်း တွေ့ဆုံသည်။

အမေရိကန် အထက်လွှတ်တော်အမတ်နှင့် အထက် လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ၏ အာရှ နှင့် ပစိဖိတ် ရေးရာ ကော်မတီ ဥက္ကဌ မစ္စတာ ဂျင်မ် ဝက်ဘ် သည် နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်း၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ လာရောက်ခြင်း ဖြစ်သည်ဟုလည်း သိရသည်။ ၎င်း၏ ၂ ပတ်ကြာ အာရှ ၅ နိုင်ငံ ခရီးစဉ်အရ သောကြာနေ့က လာအို နိုင်ငံမှ မြန်မာနိုင်ငံ နေပြည်တော်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

ယင်း မစ္စတာ ဂျင်မ် ဝက်ဘ် ၏ မြန်မာပြည် ခရီးစဉ်နှင့် ပတ်သက်ပြီး မြန်မာ့ ဒီမိုကရေစီရေး အတွက် မျှော်လင့်ချက် မထားကြောင်း လေ့လာသူများက ဝေဖန် ပြောဆိုကြသည်။

လွန်ခဲ့သည့် အင်္ဂါနေ့တွင် စစ်အစိုးရ အထူးတရားရုံးက ဒေါ်အောင်ဆန်းစုကြည်အား နေအိမ် အကျယ်ချုပ် ၁ နှစ် ခွဲ ပြစ်ဒဏ် ချမှတ်၍ မစ္စတာ ယက်ထော ကို ထောင် ၇ နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဂျွန် ၀ီလျံ ယက်ထောသည် အင်းလျား ကန်စောင်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာ နေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီး ခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

Ref: ဧရာဝတီ

Read More...

မြန်မာနိုင်ငံတွင်ထုတ်ဝေတော့မည့် ငွေစက္ကူသစ်



ရန်ကုန်တွင် ပျံ့နှံ့လျှက်ရှိသော ဒေါ်အောင်ဆန်းစုကြည်ပုံပါ ငွေစက္ကူသစ်

Read More...

နေ့စဉ်သတင်းများ (၁၆ - ၈ - ၀၉)

စစ်အစိုးရ အာဏာလွှဲပြောင်းရေး လျှို့ဝှက်လုပ်ကိုင်နေ သတင်း
စစ်အစိုးရနှင့် ကိုးကန့်ကြား တင်းမာမှုကြောင့် KIO ပြင်ဆင်မှုလုပ် သတင်း
အမေရိကန်လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေးတောင်းဆို သတင်း
မြန်မာ့အရေး တရုတ်က ကူညီဖို့ ဖိအားပေးရေး ဂျင်မ်ဝက်ဘ် ဆော်သြ သတင်း
အမေရိကန်လွှတ်တော်အမတ် မြန်မာနိုင်ငံခရီးစဉ် ပြီးဆုံး သတင်း
ရှယ်ဗရွန်ရေနံကုမ္ပဏီ ဆန္ဒပြပွဲ ဆန်ဖရန်ဘေးဧရိယာက မြန်မာတို့ ဆင်နွှဲ သတင်း
ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးစာပေ (ဆောင်းပါး)
ယက်တော ဘန်ကောက်ရောက်ပြီ၊ ဒေါ်အောင်ဆန်းစုကြည် ဆက်လက်ထိန်းသိမ်းခံနေရ သတင်း
ဂျွန်ဝီလျံယက်တော လွတ်မြောက်သွားခြင်း သတင်း
အမေရိကန်အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်ရဲ့ (၂) ရက်ကြာ မြန်မာနိုင်ငံခရီးစဉ် သတင်း
အမေရိကန်အမတ်ရဲ့ မြန်မာပြည်ခရီး သတင်း
မစ္စတာဂျင်မ်ဝက်ဘ် ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ NLD ပါတီနှင့် တိုင်းရင်းသားပါတီများ ကို တွေ့ဆုံ သတင်း
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်တွေ တောင်းဆိုနေ သတင်း
နစကတဦး မိမိကိုယ်ကို အဆုံးစီရင် သတင်း
ဘင်္ဂလာဒေခ်ျ့-မြန်မာနယ်စပ်တွင် ခမီးအမျိုးသမီးတဦး ပစ်သတ်ခံရ သတင်း
နေပြည်တော် ဝန်ထမ်းအိမ်ရာများတွင် အိမ်လခ ကောက်ခံမည် သတင်း
နာဂစ်ဒဏ်ခံခဲ့ရသည့် ပိုင်ရှင်မဲ့လယ်များ စိုက်ပျိုးရန် လယ်သမားများထံမှ ငွေကောက်ခံ သတင်း
ထိုင်းအာဏာပိုင်များ၏ ရှောင်တခင် ၀င်ရောက်စစ်ဆေးမှုအပေါ် ဒုက္ခသည်များထိတ်လန့် သတင်း
မိမိကိုယ်ကို အာဇာနည်ဟု သဘောထားရန် ကေအဲန်ယူ တိုက်တွန်း သတင်း
သင်ဟာ သမိုင်းကြောင်းကောင်းဖို့ တခုခုလုပ်ခဲ့သလား (ဆောင်းပါး)
ကမ္ဘာ့စီးပွားရေး အပြည့်အ၀ နာလန်ထူလာဖို့ စိန်ခေါ်မှုတွေရှိနေဆဲ သတင်း
အဏုမြူစွမ်းအားသုံးစွဲရေးစီမံကိန်း သတင်း

Read More...

သွေးမစည်း၍ သွေးစီးသည်


Read More...

Sunday, August 16, 2009

နေ့စဉ်သတင်းများ (၁၅ - ၈ - ၀၉)

ဂျွန်ယက်တော လွတ်မြောက်မှု အကောင်းမြင်သူ နည်းပါး သတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်အထက်လွှတ်တော်အမတ် တွေ့ဆုံ သတင်း
ဂျင်မ်ဝက်ဘ် မြန်မာပြည်ခရီး အိမ်ဖြူတော်ကြိုဆို သတင်း
အဖြူရောင်လှုပ်ရှားမှု စတင် သတင်း
မြန်မာစစ်အစိုးရတပ် ရွာသားတွေရဲ့နေအိမ် မီးရှို့ဖျက်ဆီး သတင်း
မြန်မာစစ်အစိုးရ ကလေးစစ်သား စုဆောင်းနေဆဲ သတင်း
ဂျွန်ယက်တော လွတ်ပြီ သတင်း
အမေရိကန်အမတ် ယက်တောကို ကယ်ထုတ် သတင်း
ဒေါ်အောင်ဆန်းစုကြည် ပြစ်ဒဏ်လျှော့ရေး ဗီယက်နမ်နှင့် လာအို ကန့်ကွက် သတင်း
ကာဘူးလ်မြို့တော် နေတိုးဌာနချုပ်ရှေ့ ဗုံးကွဲ သတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးကို မစ္စတာ ဂျင်မ်ဝက်ဘ် သီးခြားတွေ့ဆုံ သတင်း
သံဃာဆန္ဒပြမှု ထပ်မံဖြစ်ပွားမည်ကို စစ်အစိုးရ စိုးရိမ် သတင်း
မစ္စတာဘန်ကီမွန်း စကားအသုံးအနှုန်းများ GJC အဖွဲ့ ရှုတ်ချ သတင်း
စီးပွားရေးလုပ်ငန်း တိုးချဲ့ဦးမည်မဟုတ်ဟု အပစ်ရပ်များ ပြောဆို သတင်း
ရေးမြို့တွင် မြန်မာအာဏာပိုင်မှ ထိုင်းဖုန်းဖွင့်ခွင့် ပိတ်ပင် သတင်း

Read More...

အပေါ်သို့