Friday, October 14, 2011

စစ်တွေထောင်က လွတ်လာတဲ့ ဗိုလ်ချုပ်ဆေထင် ရန်ကုန်မှာ ဆေးကုသ

2011-10-13

ရှမ်းပြည်တပ်မတော် (SSA) မြောက်ပိုင်း SSA အဖွဲ့ နာယက နဲ့ ရှမ်းပြည် အတိုင်ပင်ခံကောင်စီ SSPC အဖွဲ့ဝင်ဖြစ်တဲ့ ဗိုလ်ချုပ် ဆေထင်ဟာ စစ်တွေထောင်ကနေ မနေ့က လွတ်မြောက်လာခဲ့ပေမယ့် ဒီကနေ့ ရန်ကုန်မှာပဲ ရှိနေပြီး လေယာဉ်မရှိတဲ့အတွက် မိသားစုရှိရာ လားရှိုးမြို့ကို မလာနိုင်သေးဘူးလို့ သမီးဖြစ်သူ မနန်းခမ်းဖောင်းက ပြောပါတယ်။

ဗိုလ်ချုပ်ဆေထင်ဟာ လားရှိုး လေယဉ်မရှိသေးတဲ့အတွက် သူ့ကျမ်းမာရေးနဲ့ မျက်စေ့စစ်ဆေးဖို့ ရှိကြောင်း၊ သူ့ကို တွေ့လိုသူတွေ တွေ့ခွင့်ရကြောင်း ပြောပါတယ်။

Read More...

အစိုးရအပေါ် ဆန္ဒမစောကြဖို့ ပြန်ကြားရေးဌာန ပြောဆို

2011-10-13

အပြောင်းအလဲတွေ ဆောင်ရွက်နေတဲ့ အစိုးရသစ် အပေါ် ကောက်ချက်ချ မစောကြဖို့ အစိုးရ အရာရှိကြီး တစ်ဦးက မနေ့က အီးမေးက တဆင့် တုံ့ပြန် ပြောဆိုလိုက်ကြောင်း The Wall Street Journal က ဖေါ်ပြလိုက် ပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက် အရ ပြန်လည် လွတ်မြောက်လာတဲ့ အကျဉ်းသား (၆) ထောင် ကျော်ထဲမှာ နိုင်ငံရေး အကျဉ်းသား (၂၀၀) ကျော်လောက်သာ ပါဝင်တဲ့အတွက် အများက ဝေဖန် ပြစ်တင် ပြောဆို နေကြပါ တယ်။

Read More...

နိုင်ငံရေး အကျဉ်းသား အားလုံး ချက်ချင်းလွှတ်ဖို့ AIPMC နဲ့ ITUC တောင်းဆို

2011-10-13

သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ အကျဉ်းသား ခြောက်ထောင်သုံးရာ ငါးဆယ့်ကိုးဦး ကို မနေ့က စတင် လွှတ် ပေးရာမှာ နိုင်ငံရေး အကျဉ်းသား ၂၀၀ လောက်ပဲ ပါတယ်လို့ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အာဆီယံ လွှတ်တော် အမတ်များ အဖွဲ့ AIPMC က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ အများအပြား ဆက်လက် ထိန်းသိမ်းခံထား ရဆဲ ရှိနေတာကြောင့် သူတို့ အားလုံးကို ချွင်းချက်မရှိ လွှတ်ပေးဖို့ AIPMC အနေနဲ့ မြန်မာအစိုးရကို ထပ်ပြီး တိုက်တွန်းပါတယ်လို့ အမှုဆောင် ညွန်ကြားရေးမှုး Agung Putri Astrid က အာအက်ဖ်အေ ကို ပြောပါတယ်။

Read More...

မြန်မာ့ ပြည်တွင်းရေး အပြောင်းအလဲ အိန္ဒိယ သတိနဲ့ ကြိုဆို

2011-10-13

မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ကိစ္စ အပါအ၀င် အပြောင်းအလဲတွေနဲ့ပတ်သက်ပြီး အိန္ဒိယကလည်း သတိနဲ့ ကြိုဆိုကြာင်း ပြောဆိုလိုက်ပါတယ်။

အိန္ဒိယ အနေနဲ့ တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး သဘောထား မှတ်ချက်ပေး ပြောဆိုတာမျိုး မလုပ် ကြောင်း၊ ဒါပေမဲ့ ဒီမိုကရေစီကို ဦးတည်တဲ့ အသွင်ကူးပြောင်းမှု ကိုတော့ အစဉ်အမြဲ အားပေး ထောက်ခံနေပါကြောင်း အိန္ဒိယ နိုင်ငံခြားရေး ဌာနက ပြောဆိုပါတယ်။

Read More...

နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးဖို့ အမေရိကန် တောင်းဆို

2011-10-13

နိုင်ငံရေးအကျဉ်းသား အချို့ လွတ်လာတာကို ကြိုဆိုပေမယ့် မြန်မာအစိုးရ အနေနဲ့ နိုင်ငံတကာက တောင်းဆိုထားတဲ့ အတိုင်း နိုင်ငံရေး အကျဉ်းသား အားလုံးကို ချွင်းချက်မရှိ လွှတ်ပေးဖို့ လိုတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာနပြောခွင့်ရ အမျိုး သမီး Victoria Nuland က သတင်းထောက်တွေကို ပြောပါတယ်။

မြန်မာနိုင်ငံက လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသား စာရင်းအပြည့်အစုံကို ကျမတို့ မတွေ့ရသေးပါဘူး။ ဒါပေမယ့် နိုင်ငံရေး အကျဉ်း သား အများအပြား ထောင်တွေထဲမှာ ကျန်နေသေးတယ် ဆိုတာ ကျမတို့ ယုံကြည်ပါတယ်။ သူတို့အားလုံးကို ချွင်း ချက်မရှိ လွှတ် ပေး ဖို့ အမေရိကန် ပြည်ထောင်စုက တောင်းဆို ပါတယ်လို့ Victoria Nuland က ပြောသွားပါတယ်။

Read More...

ဒီပဲယင်း လူသတ်မှုကို ဖွင့်ချခဲ့လို့

ဖနိဒါ
အောက်တိုဘာလ ၁၄ ရက် ၂၀၁၁ ခုနှစ်

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော ကလေးစစ်သားအရေး၊ အဓမ္မ လုပ်အားပေးမှုများ၊ ဒီပဲယင်းအရေးအခင်းကို ဖေါ်ထုတ်ခဲ့သူ စာရေးဆရာ ဦလှစိုး ဖမ်းဆီးခံရသူ ဦးလှစိုး ဗုဒ္ဓဟူးနေ့က လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွတ်မြောက်လာခဲ့သည်။

ထို့ပြင် ၂ဝဝ၃ ဒီပဲယင်း အရေးအခင်းတွင် သတ်ဖြတ်ခံခဲ့ရသည် သတင်းအချက်အလက်များကို ဖော်ထုတ်ရန် ပြည်ပ အဖွဲ့များ ထံသို့ သတင်း အချက်အလက်များကို ပေးပို့ရန် ကြိုးပမ်းခဲ့စဉ် စစ်ဘက်ထောက်လှမ်းရေးများက သူနှင့်အတူ ၁၁ ဦးကို ထိုနှစ် ဒီဇင်ဘာလ ၂ဝ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၁၂ နှစ်မှ အများဆုံး ၂၇ နှစ်ထိ ချမှတ်ခဲ့သည်။

ခန္ဓာကိုယ် ညာဘက်ခြမ်း လေဖြတ်နေသော်လည်း မြန်မာပြည် လူ့အခွင့်အရေး ထွန်းကားရေး ဆောင်ရွက်ခဲ့သူ ဦးလှစိုးကို စစ်အစိုးရမှ အရေးပေါ် စီမံချက် ဥပဒေ ၅(ည)၊ ကြိုးမဲ့ကြေးနန်း ဥပဒေ ၆/၁နှင့် သွင်းကုန် ထုတ်ကုန် အက်ဥပဒေ ပုဒ်မ ၅/၁ တို့ဖြင့် ထောင်ဒဏ် ၁၇ နှစ်ကျခံစေခဲပြီး ရှစ် နှစ်ခန့် အကျဉ်းကျခံခဲ့ရာမှ ပြန်လည် လွှတ်မြောက်လာခဲ့သည်။

Read More...

နာဂစ်အရေး ကူညီသူ ဗကသ အဖွဲ့ဝင် မဖြိုးဖြိုးအောင်နှင့် မေးမြန်းချက်

ဖနိဒါ
အောက်တိုဘာလ ၁၃ ရက် ၂၀၁၁ ခုနှစ်

၂ဝဝ၈ ခုနှစ် မေလက တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်း ကူညီကယ်ဆယ်ရေး လုပ်ငန်းများတွင် လုပ်ဆောင်ခဲ့သူ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂ- ဗကသ ကျောင်းသူ မဖြိုးဖြိုးအောင် ဗုဒ္ဓဟူးနေ့က မွန်ပြည်နယ် မော်လမြိုင်ထောင်မှ လွတ်မြောက် လာသည်။

နာဂစ်မုန်တိုင်းတိုက်ပြီးနောက် ဇွန်လတွင် ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်၌ သေဆုံးခဲ့သည့် ရုပ်အလောင်းများကို သဂြုင်္ိဟ်၍ ရန်ကုန် အပြန်လမ်းတွင် ဖခင်ဖြစ်သူ ဒေါက်တာနေဝင်းနှင့်အတူ စရဖ-စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။

Read More...

ဘဲငါးရာတောင်ပေါ်က ရတနာသိုက် ၀တ္ထု စာအုပ် ထွက်ပြီ

10/14/2011

စာရေး ဆရာ သန်းဆွေတင့် ရေးသားသော ရခိုင်သမိုင်း နောက်ခံ အခြေပြု “ ဘဲငါးရာတောင်ပေါ်က ရတနာသိုက်” ၀တ္ထု စာအုပ် ကို မိုးကျော် စာပေက ထုတ်ဝေ ဖြန့်ချီလိုက်ကြောင်း သတင်း ရရှိသည်။

နိရဉ္စရာမှ မိုးကျော် စာပေအား အဆိုပါ စာအုပ်နှင့် ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာ ဆိုင်တာဝန်ခံမှ အဆိုပါ စာအုပ်နှင့် ပတ် သက် ပြီး ယခုလို ပြောကြားသည်။

" ဟုတ်ကဲ့အကို၊ စာအုပ်က ရခိုင်ဘက်က အကြောင်းကို အခြေခံပြီးရေးသားထားပါတယ်။ စာအုပ်ရောင်းဈေးက ၁၂၀၀ ကျပ်ပါ။ သိပ်အရောင်းရကြီးတော့ မဟုတ်ပါဘူး။ လူတွေက တစ်အုပ်စ နှစ်အုပ်စတော့ လာဝယ် နေကြတယ်။ စာအုပ် ကျေညာက စထွက် လာတုန်းဘဲ ရှိတော့ နောက်ဘယ်လို ဖြစ်လာမလဲ ဆိုတာတော့ မသိရသေးဘူးနော်" ဟု ပြောသည်။

Read More...

မလေးရှားတွင် တိုင်းရင်းသား ပေါင်းစုံ လက်တွဲ၍ ရွှေဂတ်စ် ရပ်တန့်ရေး ဆန္ဒပြ

10/13/2011

ရခိုင်ပြည်နယ်တွင် အကောင်အထည်ဖေါ်နေသော ရွှေဂတ်စ် သဘာဝ ဓါတ်ငွေ့ စီမံကိန်းကို ရပ်တန့်ရန် တိုင်းရင်းသားပေါင်းစုံ ပါဝင် သော မြန်မာနိုင်ငံသား ၂၅၀ ခန့်က မလေးရှားရှိ မြန်မာ သံရုံးရှေ့တွင် ယနေ့ (အောက်တိုဘာလ ၁၃ ရက်နေ့) တွင် သွား ရောက် ဆန္ဒပြခဲ့ကြကြောင်း သတင်း ရရှိသည်။

ဆန္ဒပြပွဲကို နံနက် ၁၀ နာရီက မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးရှေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ရခိုင်အမျိုးသားများ သာမက တိုင်းရင်းသားပေါင်းစုံက လက်တွဲပါဝင်ကာ ဆန္ဒပြခဲ့ကြသည်ဟု ဦးဆောင်သူ တစ်ဦးဖြစ်သူ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ- မလေး ရှားဌာနခွဲ)မှ အတွင်းရေးမှူးကို မျိုးခိုင်က ပြောသည်။

Read More...

ပြည်ပ သီးလေးသီးအဖွဲ့ ဇာဂနာနှင့် တိုင်ပင်ပြီး ပြည်တော်ပြန်မည်

13 October 2011
စောခါးစူး

ထိုင်းနိုင်ငံတွင် ကျန်ရှိနေသေးသည့် သီးလေးသီးအဖွဲ့မှ ပန်းသီး၊ ကြယ်သီးနှင့် အငြိမ့်မင်းသမီး မြစပယ်ငုံ(မီးမီး)တို့သည် ထောင်မှ လွတ်မြောက်လာပြီဖြစ်သည့် ဟာသ သရုပ်ဆောင် ဇာဂနာနှင့် တိုင်ပင်ပြီး ပြန်တော်ပြန်မည်ဟု ယနေ့ ပြောကြား လိုက်သည်။

၎င်းတို့၏ ဆရာဇာဂနာ အကျဉ်းထောင်မှ လွတ်မြောက်လာမှသာ မြန်မာပြည်ပြန်မည် ဖြစ်ကြောင်း သီးလေးသီးခေါင်းဆောင် ဂေါ်ဇီ လာ အပါအ၀င် စိန်သီး၊ ဇီးသီးနှင့် အငြိမ့်မင်းသမီး ချောစုမျိုးတို့ ပြီးခဲ့သည့်လ ၁၁ရက်နေ့က ပြန်ပြီးနောက် ထိုင်းနိုင်ငံ တွင် ကျန်ခဲ့သူ သီးလေးသီးအဖွဲ့ဝင်များက မှတ်ချက်ပေးထားခြင်း ဖြစ်သည်။

Read More...

ပစ်ခတ်ခံရ၍ အစိုးရစစ်တပ်မှ ၆ဦး ကျဆုံး

13 October 2011
စောသိန်းမြင့်

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(ဒီကေဘီအေ)တပ်ဖွဲ့တို့၏ ယမန်နေ့က ပစ်ခတ်မှုကြောင့် ကရင်ပြည် နယ်၊ မြ၀တီမြို့တောင်ဘက် ဝေါ်လေဒေသတွင် လှုပ်ရှားနေသည့် အစိုးရစစ်တပ်မှ တပ်ဖွဲ့ဝင် ၆ဦး ကျဆုံးပြီး ၁ဦး ဒဏ်ရာရှိခဲ့ သည်။

ယမန်နေ့ မွန်းလွဲ ၂နာရီခွဲအချိန်တွင် ဝေါ်လေဒေသ တာအူထာ့ကျေးရွာ စာသင်ကျောင်းဝင်းရှိ ၁၀၀ကျော်ပါ အစိုးရစစ်တပ် ခမရ (၄၀၄)၊ (၄၀၃)နှင့် (၃၁၀) ပူးပေါင်းတပ်ရင်းများအား ဗိုလ်မှူးချစ်သဲ ဦးစီးသော ဒီကေဘီအေ ကလို့ထူးဘောဗျူဟာမှ မိနစ် ၂၀ ကျော်ကြာ ၀င်ရောက်ပစ်ခတ်ရာမှ အစိုးရတပ်များ ယခုလို ထိခိုက်ကျဆုံးရခြင်းဖြစ်သည်ဟု ဒီကေဘီအေမှ ဗိုလ်မှူးဆန်းအောင် က ပြောသည်။

Read More...

တရုတ်သင်္ဘောများ မဲခေါင်မြစ် သွားလာမှု ရပ်ဆိုင်း

သန်းထိုက်ဦး
October 13, 2011

ရွှေတြိဂံဒေသ မဲခေါင်မြစ်တွင် သွားလာနေသည့် တရုတ်ကုန်တင် သင်္ဘောများ ယာယီ ရပ်ဆိုင်းထားသောကြောင့် ထိုင်းနှင့် တရုတ် နှစ်နိုင်ငံ စီးပွားရေး ထိခိုက်နိုင်ဖွယ်ရှိကြောင်း ချင်းရိုင် စီးပွားရေးနှင့် ရင်းနှီး မြှုပ်နှံသူများက ပြောသည်။

အဆိုပါ တရုတ် သင်္ဘောများသည် ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် ချင်းစန် မြို့နယ်မှ တရုတ်နိုင်ငံ ယူနန် ဆိပ်ကမ်းအထိ ကုန်ပစ္စည်းများ အပြန်အလှန် သယ်ယူပို့ဆောင်ကြောင်း ချင်းရိုင် ခရိုင် ကုန်သည်ကြီးများ အသင်း ဥက္ကဋ္ဌ ချဝလစ် စူထ၀ုန်းက ဧရာဝတီသို့ ပြော သည်။

Read More...

ကချင် စစ်ပြေးဒုက္ခသည်များ ကျန်းမာရေး ထိခိုက်နေ

သန်းထိုက်ဦး
October 14, 2011

ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာ ဒေသသို့ ရောက်ရှိလာသော စစ်ပြေး ဒုက္ခသည်များထဲမှ လူ ၄၀၀ ခန့် ဖျား နာ နေကြပြီး နေ့စဉ်ကျန်းမာရေး စောင့်ရှောက်မှု ပြုလုပ်ပေးနေရသည်ဟု KIO က ပြောသည်။

ဇွန်လဆန်းပိုင်းက စတင်ဖြစ်ပွားခဲ့သည့် ကချင်ဒေသ တိုက်ပွဲများကြောင့် လတ်တလော စစ်ပြေး ဒုက္ခသည်ပေါင်း ၁၂၀၀၀ ခန့် ရှိကြောင်း KIO တွဲဖက် အတွင်းရေးမှူး ဦးလနန်က ဆိုသည်။

“အတွင်းလူနာ ပုံစံမျိုးတော့ မဟုတ်ပါဘူး၊ ဆေးတောင်းစားတဲ့ အဆင့်ပဲ၊ လူဦးရေ ၄၀၀ လောက်တော့ အမြဲတမ်း ရှိတယ်၊ နေ့ တိုင်းလိုလို”ဟု ၎င်းက ပြောဆိုသည်။

Read More...

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး ၅

ထက်အောင်ကျော်
October 13, 2011

မောင်တော် ကျိုးဖိုးနဲ့ မင်းသမီး အမရာတို့တွေ့ပြီ။

ဒီစာကို ဖတ်ပြီး ထက်အောင်ကျော် တယောက် တောထဲမှာ နှစ်ပါးသွား ကဖို့ ပြင်နေသလားလို့တော့မထင်လိုက်ပါနဲ့။

ကရင်စကား နှစ်လုံးကို ဗမာမှုပြုထားတဲ့ ကျနော်တို့ ကျောင်းသားစခန်း တပ်တည်နေရာ နှစ်ခုကိုတွဲပြီး ပြောလိုက်တာပါ။ မောင် တော် ဆိုတာက ကျနော်တို့ ကျောင်းသားတွေရဲ့ ပထမဆုံးစခန်းနေရာ ဖြစ်ပြီး အမရာကတော့ ဒုတိယနဲ့ နောက်ဆုံးနေရာပါ။ မင်းသမီး ဆိုတာကတော့ မင်းသမီးချောင်းဖျားနဲ့ ချောင်းဝမှာရှိတဲ့ KNU စခန်းနဲ့ ကရင်ရွာတွေကို ဆိုလိုတာပါ။

Read More...

မြန်မာအစိုးရကို သတိထားရန် အိန္ဒိယရောက် အတိုက်အခံများ တိုက်တွန်း

ဇာနည်မာန်
October 13, 2011

မြန်မာနိုင်ငံတွင် သိသာထင်ရှားသည့် ပြောင်းလဲခြင်းများ မမြင်ရသေးသဖြင့် မြန်မာအစိုးရနှင့် ဆက်ဆံရာတွင် သတိဖြင့် ဆက်ဆံ စေလိုကြောင်းအိန္ဒိယနိုင်ငံရှိ မြန်မာ့ဒီမိုကရေစီ အင်အားစုများက အိန္ဒိယ ၀န်ကြီးချုပ် မာမိုဟမ်ဆင်းထံ စာပေးပို့ တိုက်တွန်း လိုက် သည်။

သမ္မတ ဦးသိန်းစိန် အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် အဖြစ် ရောက်ရှိနေစဉ် အိန္ဒိယ ဝန်ကြီးချုပ်ထံ ပေးပို့သော တိုက်တွန်းစာ ၌ “မြစ်ဆုံ ရေကာတာ စီမံကိန်းကို ရပ်ဆိုင်းပြခြင်း၊ နိုင်ငံရေး အကျဉ်းသားအနည်းငယ်မျှကို လွှတ်ပေးခြင်း တို့သည် မြန်မာ့ ဒီမို ကရေစီရေးအတွက် ပြောင်းလဲမှုများ မဟုတ်သေး၍ အရှေ့မျှော်ဝါဒ ကျင့်သုံးနေသည့် အိန္ဒိယအစိုးရ အနေဖြင့် သမ္မတ ဦးသိန်း စိန် အစိုးရသစ်နှင့် ဆက်ဆံရာတွင် သတိကြီးစွာ ထားရန်လိုအပ်သည်” ဟု ပါရှိသည်။

Read More...

အကျဉ်းသားများ တရက်တည်းတွင် အပြတ်လွှတ်

ရန်ပိုင်
October 13, 2011

အစိုးရက အကျဉ်းသား ၆၃၅၉ ဦးအား တရက်တည်းဖြင့် အပြီးအပြတ် လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း နေပြည်တော်ရှိ ပြည်ထဲ ရေး ၀န်ကြီးဌာနကဧရာဝတီသို့ ပြောသည်။

ထိုသို့ လွှတ်ပေးရာတွင် နိုင်ငံရေးအကျဉ်းသားဟူ၍ သီးသန့် သတ်မှတ်ခြင်း မရှိကြောင်း၊ မည်သည့်အချိန်မှ ထပ်မံပြီး လွတ်ငြိမ်း ချမ်းသာခွင့် ပေးမည်ကို မသိပါကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန တာဝန်ရှိသူ တဦးက ပြောသည်။

နိုင်ငံရေး အကျဉ်းသားများအား ကူညီစောင့်ရှောက်နေသည့် လေ့လာသူများ ပြုစုထားသော စာရင်းများအရ လွှတ်ပေးသည့် အကျဉ်းသား ၆၃၅၉ ဦးတွင် နိုင်ငံရေးအကျဉ်းသား ၂၀၇ ဦးသာ ပါဝင်သည်ဟု သိရသည်။

Read More...

အကျဉ်းစံ ခေါင်းဆောင်အများစု မလွတ်မြောက်သေး

ရန်ပိုင်
October 12, 2011

နိုင်ငံရေး အကျဉ်းသား ၁၀၀ ကျော် ယနေ့ လွတ်မြောက် လာရာတွင် အဓိက အရေးပါသည့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်း ဆောင်များ ပါဝင်ခြင်းမရှိသေးကြောင်း တွေ့ရသည်။

ယနေ့လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများထဲတွင် မြစ်ကြီးနားထောင်၌ ထောင်ဒဏ် ၃၅ နှစ် ကျခံနေရသည့် လူရွှင် တော် ဇာဂနာ၊ စစ်တွေထောင်၌ ထောင်ဒဏ် ၁၀၅ နှစ် ကျခံနေရသည့် ရှမ်းပြည်တပ်မတော် (SSA- N) မှ ဗိုလ်ချုပ် ဆေထင်တို့ ပါဝင်သော်လည်း ထင်ရှားသော နိုင်ငံရေး ခေါင်းဆောင်များဖြစ်သည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ် အပါအ၀င် ၈၈ မျိုး ဆက်ကျောင်းသားများ၊ ဦးခွန်ထွန်းဦး၊ စိုင်းညွန့်လွင်ကဲ့သို့သော တိုင်းရင်းသား ခေါင်းဆောင်များ၊ ဦးဂမ္ဘီရကဲ့သို့ ၂၀၀၇ ရွှေဝါ ရောင်တော်လှန်ရေးတွင် အဓိကကျသော သံဃာ့ခေါင်းဆောင်များ ပါဝင်ခြင်းမရှိပေ။

Read More...

Thursday, October 13, 2011

မြစ်ဆုံရေကာတာ ခဏရပ်၊ ပေါက်ကွဲတော့မယ့် ဗုံးတလုံး ကော်ဇောနီနဲ့ ဖုံးလိုက်တော့

သန်းဝင်းထွဋ်

October 7, 2011

မြစ်ဆုံနဲ့ တရုတ်-မြန်မာ နိုင်ငံရေးနဲ့ စီးပွားရေး ရှေ့အရေး နဲ့ နောက်အရေး မေးစရာတွေ များလာမယ်။

ဒေါ်လာသန်း ပေါင်း ၃,၆၀၀ တန် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို ဒီအစိုးရ လက်ထက်မှာ ရပ်ထားမယ် ဆိုတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ အချက်ပြသံဟာ တရုတ်နဲ့ မြန်မာကြားက နိုင်ငံရေးအခင်းအကျင်း အပေးအယူ အသစ်ကို ပြတာလား။ ဒီအစိုးရ သက်တမ်း ၅ နှစ် အတွင်းမှာ ဒီစီမံကိန်းကို ရပ်ထားမယ်လို့ သမ္မတ ပြောစကားဟာ တရုပ်သဘောထားနဲ့ တရုတ်နိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွားကို ဆန့်ကျင်နေတယ်။ နအဖ လက်ထက်က တရုတ် မဟာမိတ်ဆက် ဆံရေးမျိုးကနေ တခုခု သွေဖည်လာပုံ ပေါက်ပါတယ်။ မြစ်ဆုံကိစ္စ ဒီသမ္မတ လက်ထက် ရပ်ထားရုံနဲ့ အဖြေ မထွက်သေးပါဘူး။ “မိမိတို့ အစိုးရလက်ထက်” ဆိုတဲ့ ၅ နှစ်တာ သက်တမ်း အတွင်း မြစ်ဆုံက လက်ရှိ လုပ်နေတဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေ ရပ်ထားဖို့ တရုတ်နဲ့ ဘယ်လို ဆက်ညှိမလဲ။ မြစ်ဆုံ ရေကာတာကို ခဏ ရပ်ထားမယ်ဆိုပြီး ပေါက်ကွဲတော့မယ့် ဗုံးတလုံးကို ကော်ဇောနဲ့ အုပ်လိုက်တယ်။ အန္တရာယ် တကယ်ပဲ မရှိတော့ဘူး တဲ့လား။

Read More...

Monthly News Commentary - October 2011

PDC Monthly News Commentary - October 2011

ကျန်နေတဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးဖို့ ဘန်ကီးမွန်း တိုက်တွန်း

2011-10-12

နိုင်ငံတကာ အသိုင်းအ၀ိုင်းက တောင်းဆိုထားတဲ့ အတိုင်း သမ္မတဦးသိန်းစိန်ရဲ့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်မှာ နိုင်ငံရေး အကျဉ်းသား အားလုံး ချွင်းချက်မရှိ လွှတ်ပေးဖို့ ကုလ အတွင်းရေးမှူးချုပ် ဘန်ကီးမွန်းက ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းရဲ့ပြောခွင့်ရ အမျိုးသမီး Soung-ah Choi က -

Read More...

မြန်မာသမ္မတ ဦးသိန်းစိန် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာကို ရောက်ရှိ

2011-10-12

သမ္မတ ဦးသိန်းစိန်နဲ့ အဖွဲ့ဟာ ၄ ရက်ကြာ ခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်၊ ဗုဒ္ဓဂါယာကို ဗုဒ္ဓဟူးနေ့က ရောက်ရှိ သွားပါ တယ်။

သီတင်းကျွတ် လပြည့်နေ့က ဗုဒ္ဓဂါယာ မဟာဗောဓိညောင်ပင်အနီး ယခင် စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့ဇနီး လှူဒါန်း ခဲ့တဲ့ ဗုဒ္ဓဆင်းတုတော်ရှေ့ မှာ ဦးသိန်းစိန်နဲ့အဖွဲ့ ဆီမီးထွန်းညှိ ပူဇော်ခဲ့သလို ကြာသပတေးနေ့ မနက်မှာတော့ မဇ္ဈိမဒေသ ဘုံက ထိန် ခင်းမယ်လို့ စုံစမ်း သိရှိရပါတယ်။

Read More...

ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို ဇာဂနာဝေဖန်

2011-10-12

ဒီကနေ့မနက် အစောပိုင်းက ကချင်ပြည်နယ် မြစ်ကြီးနား ထောင်ကနေ ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံကျော် ဟာသ
သရုပ်ဆောင် ကိုဇာဂနာက သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်ပြီး အခုလို ဝေဖန်လိုက် ပါတယ်။

“မနေ့တုန်းကထိတော့ ပြောင်းလဲတယ်လို့ ကျနော့်စိတ်ထဲမှာ ယေဘုယျ နည်းနည်းလေး စိတ်ထဲ ထင်မိတယ်ပေါ့နော် ။ ဒီကနေ့ မနက်ကျတော့ ဟုတ်ရော ဟုတ်ရဲ့လားလို့ သံသယ ပြန်ဝင်သွားတယ်။ ပြောင်းလဲတာမှ ဟုတ်ရဲ့လား မပြောင်းလဲသေးဘူး ထင်မိ တာက ကျနော်တို့ သူငယ်ချင်းတွေ လွတ်မလာဘဲ ကျနော်တို့ လူနည်းနည်းလေး မစို့မပို့ပေါ့ဗျာ ဒါလေးပဲ လွတ်လာတဲ့ အခါကျ တော့ တကယ် ပြေလည်ချင်တဲ့ ဆန္ဒရှိရဲ့လား အမျိုးသား သင့်မြတ်ရေး ပြန်လည် ရင်ကြားစေ့ရေးအတွက် ဆိုတာကိုရော တ ကယ်ဖြစ်ဖို့အတွက် ဦးတည်တာမှ ဟုတ်ရဲ့လားလို့ ကျနော် သံသယ ဝင်သွားတယ်။ ဒီသမ္မတကိုလဲ တိုက်ရိုက်မေးချင်တယ် ဘာ လို့ တွန့်တို နေရတာလဲလို့ သူ့အိတ်ထဲက စိုက်ရတာမှ မဟုတ်ဘဲနဲ့”

Read More...

နိုင်ငံရေးအကျဉ်းသား ၂၀၀ ခန့်လွတ်မြောက်လာ

2011-10-12

သမ္မတဦးသိန်းစိန်ရဲ့ အကျဉ်းသား လွတ်ငြိမ်းချမ်းသာခွင့်အရ ဒီကနေ့ သီတင်းကျွတ်လပြည့်နေ့မှာ လွှတ်ငြိမ်း ချမ်းသာခွင့်နဲ့ လွတ်မြောက်လာသူတွေထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ နိုင်ငံရေး အကျဉ်းသား ၂၀၀ ကျော်ပါဝင်တယ်လို့ ထိုင်းအခြေစိုက် နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) (AAPP) က သတင်းထုတ်ပြန်ပါတယ်။

RFA က သီးခြား စုံစမ်းချက်အရ အင်းစိန်အကျဉ်းထောင်က အမျိုးသား ၅၆၄ ဦး၊ အမျိုးသမီး ၇၈ ဦး စုစုပေါင်း ၆၄၂ ဦး ကို အသုတ် လိုက် ခွဲပြီး လွှတ်ပေးမယ်လို့ ကနဦး သတင်းများ ရရှိခဲ့ပြီး ဒီအထဲမှာ နိုင်ငံရေးအကျဉ်းသား ၃၀ ကျော်ပါဝင်တယ် လို့သိ ရပါတယ်။

စစ်ကိုင်းတိုင်း ခန္တီးထောင်ကနေ လယ်သမားအခွင့်ရေး ဆောင်ရွက်သူ မစုစုနွေး လွတ်မြောက် လာတယ်လို့ သတင်းရရှိပါတယ်။

Read More...

အပေါ်သို့