Saturday, October 23, 2010

ကျောက်ဖြူမြို့သို့ ဂီရိဆိုင်ကလုန်းဝင်၊ အရေးပေါ်အကူအညီ လိုအပ်

Saturday, October 23, 2010

ဆိုင်ကလုန်း မုန်တိုင်းကြီး ဂီရိ ၀င်ရောက် တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့နယ်တွင် အရေးပေါ် အကူအညီများ လိုအပ်နေပြီး လေတိုက်နှုန်းနှင့် ဒီရေမြင့်တက်မှုတို့ကြောင့် လူအသေအပျောက် ရှိနိုင်ကြောင်း သတင်းရရှိသည်။

“တမြို့လုံး မြို့ပျက်ကြီးတခုလို ဖြစ်နေတယ်။ ဈေးဆိုင်တွေလည်း မဖွင့်ဘူး။ လမ်းတွေပေါ်မှာလည်း သစ်ပင်တွေ အတုံးအရုံး လဲပြိုနေတယ်။ ကမ်းနားမှာရှိတဲ့ အိမ်တွေဆို လုံးဝလဲပြိုကုန်တယ်။ လောလောဆယ် ဆန်ဝယ်ဖို့ အခက်အခဲဖြစ်နေတယ်။ စားဖို့ သောက်ဖို့ အခက်အခဲ ဖြစ်နေတယ်။ သောက်ရေလိုတယ်” ဟု ကျောက်ဖြူမြို့ပေါ် စေတီကုန်းရပ်ကွက်နေ ဒေသခံ တဦးက ဧရာဝတီသို့ ပြောသည်။

မိုးလေ၀သ လေ့လာရေး အဖွဲ့အား ဦးဆောင်နေသူ မိုးလေ၀သနှင့်ဇလဗေဒ ဦးစီးဌာန၏ အငြိမ်းစား ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းလွင်က “မနေ့က ကျောက်ဖြူမှာ လေတိုက်နှုန်း တနာရီ ၉၁ မိုင်နှုန်းနဲ့ ဖြတ်ခဲ့တယ်။ ကျောက်ဖြူနဲ့ တိုက်ရိုက် အဆက်အသွယ်ရထားတယ်။ အိမ်နဲ့သစ်ပင်တွေ အပျက်အစီးများပါတယ်။ ၇၀ ရာခိုင်နှုန်းလောက် ပျက်စီးမှုရှိခဲ့ပြီး လူအသေအပျောက်မရှိဘူး ပြောတယ်။ ရေက ၆ ပေ ၇ ပေလောက် ကမ်းနားပိုင်းမှာ တက်ခဲ့တယ်” ဟု ပြောသည်။

Read More...

နေ့စဉ်သတင်းများ ( ၂၃ - ၁၀ - ၂၀၁၀ )

မုန်တိုင်း အဓိက တိုက်ခတ်ရာ ဒေသများတွင် ရေနှင့် အစားအစာများ အကြီးအကျယ် ပြတ်လပ်နေ သတင်း
ဂီရိကြောင့် ကျောက်ဖြူတမြို့လုံးနီးပါး ပျက်စီး သတင်း
ကျောက်ဖြူမြို့ထက်ဝက်ကျော် မုန်တိုင်းကြောင့် ပျက်စီး သတင်း
မုန်တိုင်းပြီးစ ကျောက်ဖြူမြို့ အခြေအနေ သတင်း
ဂီရိမုန်တိုင်းကြောင့် လူ (၅) ဦး သေဆုံးခဲ့ သတင်း
ရခိုင်ပြည်နယ်က မုန်တိုင်းနောက်ဆက်တွဲ အခြေအနေ သတင်း
မုန်တိုင်းနောက်ဆုံးအခြေအနေ (မြန်မာစံချိန် နံနက် ၁၁ နာရီမှ ၁၂ နာရီ) ဒေသခံများနှင့် မေးမြန်းချက် သတင်း
ဂီရိ ထွက်ခွာ သတင်း
ဂီရိမုန်တိုင်း အားပျော့ပြီး မြန်မာနိုင်ငံအလယ်ပိုင်း ၀င်ရောက် သတင်း
မန္တလေးတိုင်းအတွင်း မုန်တိုင်း မိုးသည်းထန် သတင်း
တာဝန်မရှိပေမယ့် တာဝန်သိသူတယောက်အနေနဲ့ မိုးလေ၀သအလုပ် ဆက်လုပ်နေဦးမည်ဟု ပြော သတင်း
အဖမ်းခံရသည့် KIO ဆက်ဆံရေးအရာရှိ ပြန်လည်လွတ်မြောက်လာ သတင်း
KIO နှင့် စစ်အစိုးရ ပြန်လည်တိုက်ခိုက်ကြမည်ကို ဒေသခံလူထု စိုးရိမ် သတင်း
ဒေါ်အောင်ဆန်းစုကြည် တကယ်လွတ်မှာလား (ဆောင်းပါး)
တောင်သူလယ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်ပေးဖို့ တောင်းဆို သတင်း
ရွေးကောက်ပွဲအကြို အင်တာနက်နှေးခြင်း ပြတ်တောက်ခြင်းများ ဖြစ်ပေါ်နေ သတင်း
ပအိုဝ်းပါတီက စတိတ်ရှိုးဖြင့် နယ်လှည့်ဖျော်ဖြေ၍ မဲဆွယ်စည်းရုံး သတင်း
ကိုယ်စားလှယ်လောင်းတွေ ငွေပေး နှုတ်ထွက်ခိုင်း သတင်း
ကြံ့ခိုင်ရေးပါတီက ကျောင်းသားတွေပါ မဲဆွယ်ခိုင်း သတင်း
ရွေးကောက်ပွဲက ရမယ့် ရလဒ်များ သတင်း
တာချီလိတ်မြို့တွင် ရာဘ ခေါ် စိတ်ကြွဆေး ခုနှစ်သောင်းကျော် ဖမ်းဆီးရမိ သတင်း
ဒုက္ခသည်တွေကို အဓမ္မ ပြန်ပို့မည်မဟုတ် သတင်း
မြန်မာပြည်အရှေ့ဖျားက တိုင်းရင်းသူမိခင်နှင့်ကလေး ကျန်းမာရေးဆိုးဝါး သတင်း
ဧရာဝတီသတင်းထောက်များ၏ ပေးပို့ချက်များ သတင်း
ဆွေသဟာနဲ့ ရေဆရာ ဆွေးနွေးခြင်း သတင်း

Friday, October 22, 2010

နေပြည်တော်ခရိုင်များတွင် တစည ပါတီ နှင့် ပြည်ခိုင်ဖြိုး ပါတီသာ အဓိက ယှဉ်ပြိုင်မည်

၂၀၁၀ ပြည့်နှစ် ၊ အောက်တိုဘာလ (၂၂) ရက

နေပြည်တော်ခရိုင် ရှစ်မြို့နယ် တွင် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီသာ အဓိက ယှဉ်ပြိုင်မည် ဖြစ်ကြောင်း တရားဝင် ထုတ်ပြန် ချက်များ အရ သိရ ပါသည်။ နေပြည်တော် ခရိုင်ရှိ ရှစ်မြို့နယ်မှာ ဒက္ခိဏ သီရိ မြို့နယ်၊ ဇမ္ဗူ သီရိ မြို့နယ်၊ ဥတ္တရ သီရိ မြို့နယ်၊ ပုဗ္ဗသီရိ မြို့နယ်၊ ဇေယျာ သီရိ မြို့နယ်၊ ပျဉ်းမနား မြို့နယ်၊ လယ်ဝေး မြို့နယ်၊ တပ်ကုန်း မြို့နယ်တို့ ဖြစ်ကြ ပါသည်။

နေပြည်တော် ခရိုင်ရှိ ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ် များတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တို့မှ နေရာ အပြည့် ၀င်ရောက် ယှဉ်ပြိုင် ကြပြီး မဲဆန္ဒနယ် ရှစ်နေရာ အနက် ဒက္ခိဏသီရိ မြို့နယ် ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်၊ ဇမ္ဗူသီရိမြို့နယ် ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်၊ ဥတ္တရသီရိမြို့နယ် ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်၊ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်၊ ဇေယျာသီရိမြို့နယ် ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ် စသည့် မဲဆန္ဒနယ် ငါး နေရာတွင် အဆိုပါ ပါတီ များမှ လွှတ်တော် ကိုယ်စားလှယ်လောင်း များသာ ၀င်ရောက် ယှဉ်ပြိုင် သည်ကို တွေ့ရသည်။

Read More...

နေ့စဉ်သတင်းများ ( ၂၂ - ၁၀ - ၂၀၁၀ )

ရခိုင်ကမ်းရိုးတန်းကို ၀င်ရောက်တိုက်ခတ်နေသည့် ဆိုင်ကလုန်းမုန်တိုင်းနှင့် ပတ်သက်ပြီး နိုင်ငံပိုင် ရုပ်မြင်သံ ကြားမှ အောက်တိုဘာ (၂၂) ရက်နေ့ ညနေပိုင်း သတိပေး ထုတ်လွှင့်ချက် သတင်း
ဂီရိ ဆိုင်ကလုန်း လေပြင်းနှုန်း တိုးလာပြီ သတင်း
ရခိုင်တွင် တိုက်ခတ်နေသည့် ဂီရိမုန်တိုင်း အင်အားပြင်းထန် သတင်း
ဂီရိ အရှိန်မြင့်နေ၊ မနက်ဖြန် ညနေအထိ ရှိနေမည် သတင်း
မိုး/ဇလ၏ နံနက် (၉) နာရီခွဲ ကြေးနန်းသတင်း သတင်း
ဂီရိမုန်တိုင်း မာန်အောင်နှင့် ကျောက်ဖြူမြို့များကို ဖြတ်သန်းတိုက်ခတ် သတင်း
မုန်တိုင်းနောက်ဆက်တွဲ သတင်း
မုန်တိုင်းသင့် ပြည်သူကို ကူညီရန် အဲန်ဂျီအို ပြင်ဆင်နေပြီ သတင်း
ရဲရွာ ရေစလွှတ်နေပြီ သတင်း
အပစ်ရပ် SSA (တပ်မဟာ ၁) ဌာနချုပ်သို့ နအဖတပ်များ ချဉ်းကပ် သတင်း
မူးယစ်ဆေး နှိမ်နင်းမှု နအဖ မလိုလား သတင်း
နအဖစစ်တပ် တိုက်ပွဲအတုလုပ်ပြီး ကျေးလက်လူထုအား နှိပ်ကွပ် သတင်း
ကရင်နီဒုက္ခသည်ဆေးခန်း၌ ကျောင်းသားလူနာ ပြည့်နက် သတင်း
မြန်မာပြည် ငြိမ်းချမ်းမှ ဒုက္ခသည်များ ပြန်ပို့မည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြော သတင်း
ဒုက္ခသည်များအား မြန်မာနိုင်ငံ ပြန်ပို့မည်မဟုတ် သတင်း
သာသနာရေးက သီရိလင်္ကာပြန် ကလေးများသတင်း အမှောင်ချ သတင်း
စစ်ဗိုလ်စစ်သားအားလုံး ... သတိ သတင်း
ထိပ်တိုက်တွေ့နေတဲ့ တွေးခေါ်မှုနှစ်ရပ် (ဆောင်းပါး)
အာဆီယံ မြန်မာစစ်အစိုးရနဲ့ လုံခြုံရေးပြဿနာ (ဆောင်းပါး)
စိန်နားကပ် ကဗျာနဲ့ အဆိုတော် မင်းအောင် (သို့မဟုတ်) တော်လှန်ရေးနဲ့ အနုပညာ ရောစပ်ထားတဲ့ ဗိုလ် တိုက်မောင်း (၁) (ဆောင်းပါး)
မွှေးသည့်ပန်းများမှ ကျောယားပြေ တိုက်ပွဲလေးတခုအကြောင်း (နိဂုံး) (ဆောင်းပါး)
အလံသစ် ယတြာ ညွှန်ကြားချက် သတင်း
အလံသစ်တင်ခြင်းကို နိုင်ငံရေးပါတီများ ဝေဖန် သတင်း
ရွေးကောက်ပွဲကို မဲမပေးရန် မွန်ပြည်သစ်ပါတီ တိုက်တွန်း သတင်း
အပစ်ရပ် မွန်ပြည်သစ်ပါတီက ရွေးကောက်ပွဲကို လုံးဝလက်မခံဟု ကြေညာ သတင်း
ကြံ့ဖွံ့အား မဲမပေးရန် လူထုကြား ကရင်နီတပ်မတော် နှိုးဆော် သတင်း
ပြည်သူအများ ဘာမှမသိဘဲ မဲပေးကြရမည် သတင်း
မဲပေးနိုင်ရန်အတွက် ယာယီမှတ်ပုံတင် ထုတ်ပေးလျက်ရှိ သတင်း
မဲရုံ ဆောက်လုပ်ရန် ပိုက်ဆံ ကောက်ခံ သတင်း
UDP ပါတီ ကြေညာချက်ထုတ် သတင်း
ကြံ့ဖွံ့ကို မဲပေးခိုင်းသော်လည်း မပေးလိုကြ သတင်း
ကယန်းကျေးရွာများတွင် ဘိလပ်မြေနှင့် သစ်များ ပေး၍ ကြံ့ဖွံ့ မဲဆွယ်စည်းရုံး သတင်း
ရွေးကောက်ပွဲအတွက် ငွေကောက်၊ ကြံ့ဖွံ့ပါတီဝင်ကတ်များ ဝေ သတင်း
ဒု-ဗိုလ်ချုပ်ကြီးဟောင်း အုန်းမြင့် ကချင်တွင် ကြံ့ဖွံ့အတွက် စည်းရုံး သတင်း
ဆင်ကြယ်လေလား၊ ယတြာလေလား အောင်သိန်းလင်းရယ် သတင်း
မြန်မာ့ရွေးကောက်ပွဲ - ပြည်သူဘာကြောင့်ပါသင့်သလဲ (ဆောင်းပါး)
စစ်အာဏာရှင် အသက်ဆက်မယ့် ရွေးကောက်ပွဲ (ဆောင်းပါး)
ယနေ့မြန်မာသို့ ပေးစာ သတင်း
ယာဉ်ထိန်းရဲအရာရှိက လိုင်စင်မဲ့ကားပိုင်ရှင်ထံမှ ငွေတောင်း သတင်း
ချင်းမိုင်တွင် ကျင်းပမည့် သီးညီနောင် အငြိမ့် သတင်း
စင်္ကာပူနိုင်ငံ မြန်မာအသိုင်းအ၀ိုင်းရဲ့ တရားပွဲများနဲ့ ဘာသာရေးဆိုင်ရာ ပွဲများ သတင်း
အမေရိကားနဲ့ နယ်သာလန်က မြန်မာအသိုင်းအ၀ိုင်းရဲ့ သတင်းများ သတင်း

လုပ်ချင်ရာလုပ်တဲ့ နအဖ

အောက်တိုဘာ ၂၂၊ ၂၀၁၀

နအဖ စစ်အစိုးရ၏ အမိန့်ပေးညွန်ကြားချက်အရ တစ်နိုင်ငံလုံးရှိ အစိုးရဌာနဆိုင်ရာ ရုံးများ၊ အဆောက်အဦများတွင် ယခင် (မဆလ) ခေတ် အလံဟောင်းအား ဖြုတ်ပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၄၃၇)( က) အရ ဝါ၊ စိမ်း၊ နီ တစ်ကန့်စီပေါ်တွင် ကြယ်ဖြူ တစ်လုံး ရေးဆွဲထားသော အလံသစ်ကို ၂၀၁၀ ခုနှစ် အောက်တိုဘာလ (၂၁) ရက်နေ့ ကြာသပတေးနေ့ ညနေပိုင်းတွင် ပြုလုပ်ခဲ့သည်။

ပါလီမန် ဒီမိုကရေစီခေတ် နိုင်ငံတော်အလံ

Read More...

Thursday, October 21, 2010

စစ်တွေ ပညာရေး ၀န်ထမ်းများကို ကြိုတင်မဲ ကောက်ယူ

Thursday, October 21, 2010

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ ပညာရေးဌာန၀န်ထမ်းများနှင့် တခြားသော ဌာနဆိုင်ရာ ၀န်ထမ်းများထံမှ ကြိုတင်မဲ စာရင်း များကို သက်ဆိုင်ရာ အရာရှိထံမှ တဆင့်ကောက်ယူ နေကြောင်း သိရသည်။

စစ်တွေမြို့ရှိ နည်းပညာကောလိပ်၊ စစ်တွေတက္ကသိုလ်နှင့်ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ ၀န်ထမ်းများ၏ မဲစာရင်းကို သက်ဆိုင်ရာပါမောက္ခချုပ်၊ ညွန်ကြားရေးမှူးတို့ ထံသို့ အောက်တိုဘာလကုန်တွင် စာရင်းအပြီးပေးရန် ညွန်ကြားထားကြောင်း စစ်တွေ တက္ကသိုလ်မှ ၀န်ထမ်းတဦးက ပြောသည်။

“ကျမတို့ ၀န်ထမ်းတွေကို ဒီလကုန်ခါနီးမှာ အားလုံးကြိုတင်မဲတွေ ပေးရမယ်ဆိုပြီး ပါချုပ်ဆီက လမ်းညွန်ထားတာ ရှိတယ်၊ မိသားစု ၀င်တွေကိုတော့ ဘာမှမပြောသေးဘူး၊ ဘယ်ပါတီ၊ ဘယ်ကိုယ်စားလှယ်အတွက် ဆိုတာမပြောပေမယ့် ကြံ့ခိုင်ရေးပါတီအတွက် ဆိုတာ လူတိုင်းသိတယ်၊ မပေးချင်လည်းပေးရမှာပဲ”ဟု ပညာရေး ၀န်ထမ်းအမျိုးသမီး တဦးကပြောသည်။

Read More...

နေ့စဉ်သတင်းများ ( ၂၁ - ၁၀ - ၂၀၁၀ )

အထွေထွေသပိတ်တိုက်ပွဲကြီး ဆင်နွှဲမည် သတင်း
ကချင်ငြိမ်းအဖွဲ့ စစ်ရေးပြင် သတင်း
ရန်ကုန်တိုင်းတွင် လုံခြုံရေး ပိုချထား သတင်း
တပ်တွင်းစစ်ရာထူး လျှို့ဝှက်ထား သတင်း
မိမိကျေးရွာဝန်းကျင်အနီး တိုက်ပွဲဖြစ်လျှင် တရွာလုံး အရေးယူခံရမည်ဟု နအဖဗျူဟာမှူး ပြော သတင်း
နအဖစစ်သား ဘုရားပုံတော် ရောင်းပြီး ကြက်ဈေး နှိမ်ဝယ် သတင်း
နိုင်ငံတော်အလံသစ် တင်ပြီး အလံဟောင်းကို မီးရှို့ဖျက်ဆီးမည် သတင်း
စစ်အစိုးရ အလံသစ် တင်ပြီ သတင်း
စစ်အစိုးရက နိုင်ငံတော်အလံအသစ် ပြောင်းလဲအသုံးပြု သတင်း
နိုင်ငံတော်အလံဟောင်း ဖြုတ်၊ အလံသစ် စတင်သုံး သတင်း
အလံသစ်တင် အခမ်းအနား သတင်း
အလံသစ်၊ ယတြာနဲ့ သန်း (၆၀) ကို ကိုယ်စားပြု မပြု သတင်း
ဒေါ်အောင်ဆန်းစုကြည် အယူခံ တရားရုံးက လက်ခံထား သတင်း
ပျဉ်းမနား နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ ကန့်သတ်ခံရ သတင်း
UNITED NOTHING သတင်း
ရန်ကုန်မှာ စတင်နေတဲ့ တီရှပ်စစ်ပွဲ သတင်း
အမေရိကန် မြို့နယ် (၁၄) ခုက မြန်မာကွန်မြူနီတီများက စစ်အစိုးရရွေးကောက်ပွဲနဲ့ ရလဒ်များကို ထောက်ခံ ခြင်းမရှိကြောင်း သဘောထားထုတ်ပြန် သတင်း
တိုင်းရင်းသားပါတီအား အပြစ်ရှာ ပယ်ထုတ်ရန်ရှိဟု ဦးသိန်းစိန် ပြော သတင်း
စစ်တွေ ပညာရေးဝန်ထမ်းများကို ကြိုတင်မဲ ကောက်ယူ သတင်း
ဦးအောင်ကြည် မဲဆွယ်ရန် ကွန်ပျူတာများ တောင်းခံ သတင်း
ကြံ့ဖွံ့ကို မဲမပေးလျှင် ဖမ်းဆီးမည်ဟု ခြိမ်းခြောက်နေ သတင်း
(၅၄) နေရာ ပြိုင်စရာမလိုဘဲ နိုင်သွားတယ်ဆိုသည့် ပြောဆိုချက်အပေါ် ဆွေးနွေးချက် သတင်း
ရွေးကောက်ပွဲနှင့် ပုဂ္ဂလိကမီဒီယာ သတင်း
ရခိုင်ကမ်းရိုးတန်း မုန်တိုင်းဝင်နိုင် သတင်း
မုန်တိုင်းငယ် ရခိုင်ကမ်းရိုးတန်းကို ဦးတည်နေ သတင်း
ရခိုင်ကမ်းရိုးတန်း မုန်တိုင်းဝင်မည်၊ ရဲရွာဆည် စိုးရိမ်စရာ မရှိသေး သတင်း
မိုးကြောင့် လယ်တွေ ပျက်၊ စပါးအထွက် လျော့နိုင် သတင်း
တောင်သာမှာ ကြက်သွန်တောင်သူ အရင်းပြုတ် သတင်း
ဦးတေဇ ကျားမွေးတော့မည် သတင်း
မူးယစ်ဆေးစွဲလူငယ်က ကျောင်းအုပ်ဆရာကြီးကို ဓားဖြင့်ထိုး သတင်း

တရုတ်နိုင်ငံတွင် အသုံးမဝင်သော မီးရထားစက်ခေါင်းများ မြန်မာနိုင်ငံသို့ ရောက်ရှိ

အောက်တိုဘာ ၂၁ , ၂၀၁၀


အောက်တိုဘာ ၁၉ ရက်နေ့က တရုတ်နိုင်ငံမှ ရထားစက်ခေါင်းများ လွှဲပြောင်းပေးအပ်ပွဲကို သတင်းစာတွေထဲမှာ ရုပ်ပုံများနှင့် ဖတ်လိုက်ရတယ်။ ဒီနေ့ အောက်တိုဘာ ၂၀ မှာကြတော့ တရုတ်နိုင်ငံတွင် မြန်နှုန်းမြင့်ရထားများ တည်ဆောက်ရန် သပ္ပံပညာရှင်များနှင့် နည်းပညာ သုတေသန ပြုလုပ်နေဆိုပြီး ကျည်ဆံရထားပုံနဲ့ တွဲထည့်လာတယ်။




တရုတ်နိုင်ငံမှ မြန်နှုန်းမြင့်ရထားများ



မြန်မာပြည်မှ ရထား




Read More...

Wednesday, October 20, 2010

စာနယ်ဇင်း လွတ်လပ်မှုအနည်းဆုံး ၅ နိုင်ငံတွင် မြန်မာပါဝင်

2010-10-20

ကမ္ဘာ့သတင်းနဲ့စာနယ်ဇင်း လွတ်လပ်မှုအကင်းမဲ့ဆုံး ၁၇၈ နိုင်ငံမှာ မြန်မာနိုင်ငံက နောက်ဆုံး ၅ နိုင်ငံထဲမှာ ပါဝင်နေတယ်လို့ ပြင်သစ်နိုင်ငံအခြေစိုက် RSF ခေါ် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ရဲ့ ဒီနှစ်အတွက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဟာ လာမဲ့ နိုဝင်ဘာလမှာ ရွေးကောက်ပွဲ ကျင်းပဖို့ ရှိတာတောင် စစ်အစိုးရက ဆင်ဆာ ဖြတ်တောက်နေတာတွေ၊ မီဒီယာလွတ်လပ်ခွင့် ပိတ်ပင်ထားတာတွေ ရှိနေတယ်လို့ အစီရင်ခံစာမှာ ရေးထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ အဓမ္မလုပ်အားပေး စေခိုင်းမှုသတင်း တွေနဲ့ပတ်သက်လို့ ထုတ်ပြန်ကြေညာတာလည်း မတွေ့ရသလောက်ပဲလို့ ဆိုပါတယ်။

Read More...

နေ့စဉ်သတင်းများ ( ၂၀ - ၁၀ - ၂၀၁၀ )

ရခိုင်ကမ်းရိုးတန်းတွင် မုန်တိုင်း သတိပေး သတင်း
ပြည်သူ (၂၀၀၀) ကျော် ဆန် ပြတ်လပ်နေ သတင်း
ကင်းစောင့် နအဖတပ်သားက အပြစ်မဲ့ ရွာသားအား ရိုက်နှက် သတင်း
လမ်းကင်းဂိတ်စောင့် ပုလိပ်များ အားလုံးဆုတ်ခွာရန် မိုင်းနောင် စကခ (၂) ညွှန်ကြား သတင်း
မြန်မာနိုင်ငံအရှေ့ပိုင်းရှိ အမျိုးသမီးနှင့် ကလေးငယ်များ ကျန်းမာရေး ဆိုးရွား သတင်း
လူ့အခွင့်အရေးချိုးဖောက်၍ မိခင်နှင့်ကလေး သေဆုံးမှု မြင့်နေ သတင်း
နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရန် ကုလ လူ့အခွင့်အရေးကိုယ်စားလှယ် တောင်းဆို သတင်း
DKBA တပ်မှူးကို နယ်ခြားစောင့်ဖွဲ့ရန် မြိုင်ကြီးငူ ဆရာတော် တိုက်တွန်း သတင်း
အပစ်ရပ်များ၏ နှစ် (၂၀) အကျိုးအမြတ် (ဆောင်းပါး)
သျှမ်းဝါကျွတ်ပွဲ ကျင်းပခွင့် ပိတ်ပင်ခံရ သတင်း
ခေတ်ပြိုင် ယာယီရပ်၊ သျှမ်းသံတော်ဆင့်စာစောင် ဆက်ထုတ်မည် မဟုတ် သတင်း
မဇ္ဈိမသတင်းဌာန၏ သတင်းတင်ပြချက်နှင့် ပတ်သက်၍ ရှင်းလင်းချက် သတင်း
ရွေးကောက်ပွဲ အလိုမရှိ စာကပ် သတင်း
မြစ်ကြီးနားတွင် ရွေးကောက်ပွဲ ဆန့်ကျင်စာရွက် ကပ်ခဲ့ သတင်း
မြိတ်မြို့နယ်၌ ရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှား သတင်း
ဆန္ဒပြပွဲတွေ ပေါ်လာမလား သတင်း
ရွေးကောက်ပွဲ လုံခြုံရေး လှေဆိပ်များ ပိတ် သတင်း
ကြံ့ဖွံ့နှင့် မွတ်စလင်ပါတီကို ခရိုင်ကော်မရှင် သတိပေး သတင်း
ရေနံချောင်း ကြံ့ဖွံ့ဓမ္မာရုံသုံး မဲဆွယ်ရန် ကြံ၊ ဂေါပက လက်မခံ သတင်း
ပညာရေးဝန်ထမ်းများအား ကြံ့ဖွံ့ပါတီ မဲပေးရန် စည်းရုံးနေ သတင်း
ဦးအောင်သိန်းလင်းကို မဲပေးရန် မင်္ဂလာဈေး ဆိုင်ရှင်များကို စည်းရုံး သတင်း
ငှက်ပျောခင်း အလုပ်သမားများကို ပြည်ခိုင်းဖြိုးက ကြိုတင်မဲကောက်ယူ သတင်း
နာဂဒေသ ရွေးကောက်ပွဲ မလုပ်မီ ဒေသဥက္ကဌနှင့် လွှတ်တော်အမတ် ကြိုရွေး သတင်း
i Vote တဲ့ဗျာ ... သဘောကတော့ မဲထည့်မယ်ပေါ့ သတင်း
ရွေးကောက်ပွဲအကြိုကာလ ရခိုင်ပြည် နိုင်ငံရေးဇာတ်ခုံပေါ်က မြင်ကွင်းများ (ဆောင်းပါး)
၂၀၁၀ ရွေးကောက်ပွဲတွင် ရွေးချယ်ခြင်း (ဆောင်းပါး)
မယ်လဒုက္ခသည်စခန်းကို ထိုင်းအာဏာပိုင်က ရှောင်တခင် စစ်ဆေး သတင်း
ကိုရီးယားသို့ လုပ်သားစေလွှတ်မှု အလုပ်သမားဝန်ကြီးဌာန ချုပ်ကိုင် သတင်း
လုပ်ငန်းခွင်မှာ ထိခိုက်ခံရတဲ့ အလုပ်သမား (၂) ဦး ဥပေက္ခာပြုခံရ သတင်း

Tuesday, October 19, 2010

KIO အရာရှိကို စစ်အစိုးရတပ်များဖမ်းပြီး ရုံးများကိုဝိုင်းထား

2010-10-19

ပြီးခဲ့တဲ့ရက်ပိုင်းက မိုင်းနင်းမိပြီး သေဆုံး ဒဏ်ရာရရှိသူတွေရဲ့ မိသားစုတွေကို သွားရောက် ငွေကြေး ထောက်ပံ့ပေးခဲ့တဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အရာရှိကို အောက်တိုဘာ ၁၈ ရက် မနေ့ညနေက စစ်အစိုးရတပ်တွေက ဖမ်းဆီးထားပြီး၊ ဟိုပင်နဲ့ မိုးညှင်းက KIO ဆက်ဆံရေးရုံးတွေကိုလည်း ဝိုင်းထားကြောင်း KIO သတင်းရပ်ကွက်ကနေ သတင်းရရှိပါတယ်။

KIO တာဝန်ရှိသူတဦးဖြစ်တဲ့ ဟိုပင်ဆက်ဆံရေးရုံးက အရာရှိ ဗိုလ်ကြီး ခုန်တာ အော်ခုန်လုံးကို ဖမ်းဆီးထားတာ ဖြစ်ပါတယ်။

KIO တာဝန်ရှိသူတွေက မိုင်းနင်းမိပြီး သေဆုံးသူတွေအတွက် တဦးကို မြန်မာငွေ ၁၀ သိန်းစီ ကူညီခဲ့ပြီး ဒဏ်ရာရသူကို ၅ သိန်းစီ ကူညီခဲ့ပါတယ်။ ဗိုလ်ကြီး အော်ခုန်လုံးက မိုးညှင်းဆေးရုံမှာ တက်ရောက် ဆေးကုသခံနေသူကို သွားရောက်တွေ့ဆုံကာ ငွေကြေး ကူညီခဲ့ပြီး အပြန်မှာ စစ်အစိုးရအရာရှိတွေက ဖမ်းဆီး သွားခဲ့ပါတယ်။

Read More...

နေ့စဉ်သတင်းများ ( ၁၉ - ၁၀ - ၂၀၁၀ )

နှစ်ရက်အတွင်း တိုက်ပွဲ (၂) ကြိမ်ဖြစ်၊ နအဖ စစ်အရာရှိ သေဆုံး သတင်း
ကရင်နီနှင့် စစ်အစိုးရတပ်တိုက်ပွဲ စစ်တပ်မှ (၂ ) ဦး သေဆုံး သတင်း
KIA နှင့် နအဖ စစ်ရေး တင်းမာ သတင်း
အပစ်ရပ် ကေအိုင်အိုနှင့် နအဖတို့ စစ်ရေးတင်းမာမှု ရေချိန်မြင့်တက် သတင်း
ကချင်ပြည်နယ်သူ/သားများထံ ကချင်လွတ်မြောက်ရေးတပ်မတော်က ကြေညာချက် ထုတ်ပြန် သတင်း
နေပြည်တော်တွင် ဂျီအက်စ်အမ်ဖုန်း သုံးခွင့် ကန့်သတ်ထား သတင်း
အစိုးရပိုင် ပြည်ပအလုပ်အကိုင်အေဂျင်စီ စတင် သတင်း
ဧရာဝတီ e-ဂျာနယ် အတွဲ (၂) အမှတ် (၂၀) ကို ဖတ်ရှုနိုင်ပါပြီ သတင်း
ရွေးကောက်ပွဲ ဖျက်သိမ်းရန် ကြေညာချက် ပေါ်ထွက်လာ သတင်း
ကြိုတင်မဲပေးပွဲကို ဂျပန်နိုင်ငံမှာ ဆန္ဒပြ သတင်း
ချင်းမိုင် ရှမ်းအဖွဲ့များ၏ မဲမပေးရေး ဗွီဒီယိုကမ်ပိန်း သတင်း
နိုင်ငံတကာ လေ့လာသူနှင့် သတင်းထောက်များ လက်မခံသည့်အပေါ် ဆွေးနွေးချက် သတင်း
အချုပ်သားများ ကြိုတင်မဲပေးရမည်ဟု ဦးသိန်းစိုး ပြော သတင်း
မဲရုံတွင် ဓာတ်ပုံရိုက်ခွင့် မပေးခြင်းအား သတင်းထောက်များ ဝေဖန် သတင်း
ရွေးကောက်ပွဲကော်မရှင်ကို သတင်းထောက်တွေ ၀ိုင်းရိုက်ပြီ သတင်း
မဲရုံဖျက်သိမ်းပြီး ဒေသခံများကို မဲထည့်သည့် စာရင်းသွင်း သတင်း
ရွေးကောက်ပွဲတွင် ပြိုင်ဘက်မရှိ အမတ်ဖြစ်မည့်သူ (၅၄) ဦးရှိ သတင်း
နေပြည်တော်တွင် ဧည့်စာရင်းနှင့် နေသူများကို မဲအတွက် စာရင်းကောက် သတင်း
နအဖ၀န်ကြီးချုပ် ဦးသိန်းစိန်၏ နောက်ဆုံးခရီး ဖြစ်ဖွယ်ရှိ သတင်း
USDP ထောက်ခံမဲရရှိရေး PNO ကိုယ်စားလှယ်လောင်း စည်းရုံးပေး သတင်း
ကြံ့ဖွံ့မဲဆွယ် ဆိုင်းဘုတ်များကြောင့် လူအများ စိတ်ပျက် သတင်း
မှုတ်-ဖြုတ်-တပ် သတင်း
သူတို့မဟုတ်ရင် ပြီးရော ... (ဆောင်းပါး)
ရန်ကုန်က လာတဲ့ စာ သတင်း
မြန်မာသင်္ဘောသား (၁၂) ဦးကို ကူညီပါ သတင်း
ဒုက္ခသည်စခန်းမှာ စစ်တပ်က ဝင်ဖမ်း သတင်း
အမျိုးသမီးနှင့် ကလေးငယ်များ ကျန်းမာရေးအခြေအနေ အစီရင်ခံစာ ထုတ်ပြန် သတင်း

PDC Monthly News Commentary October 2010 (Eng)


PDC Monthly News Commentary October 2010 (Eng)

Burma Update 18 Oct 2010


Burma Update 18 Oct 2010

KIA ကြေညာချက်

Monday, October 18, 2010

ဒေါ်အောင်ဆန်းစုကြည်အယူခံ လျှောက်လဲချက် ကြားနာ

Monday, October 18, 2010

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်အယူခံ လက်ခံသင့်၊ မသင့် နှစ်ဘက်ရှေ့နေ လျှောက်လဲချက်ကို တရားရုံးချုပ် (ရန်ကုန်) က ယနေ့ ကြားနာခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းက ပြောသည်။

“မနက် ၁၀ နာရီလောက်ကနေ နေ့ခင်း ၁ နာရီလောက်အထိ နှစ်ဘက် လျှောက်လဲချက် ပေးပါတယ်။ အစိုးရဘက်ကတော့ ရှေ့နေချုပ်ရုံးက ညွှန်ကြားရေးမှူးတယောက် လာပေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အတွက် ဦးကြည်ဝင်း လျှောက်လဲ ချက်ပေးပါတယ်။ ဒေါ်ခင်ခင်ဝင်းနဲ့ ဒေါ်ဝင်းမမအတွက် ဒေါ်ခင်ဌေးကြွယ်က လျှောက်လဲချက်ပေးပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

အကျယ်ချုပ်အယူခံကို တရားရုံးက လက်ခံကြားနာရေး၊ မကြားနာရေး ဆုံးဖြတ်ချက် ၂ ပတ်ခန့်အတွင်း ပေါ်ထွက်လာမည်ဟု မျှော်လင့်ထားကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုသည်။

Read More...

နေ့စဉ်သတင်းများ ( ၁၈ - ၁၀ - ၂၀၁၀ )

ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်ရဲ့ အသက် (၄၈) နှစ်ပြည့် မွေးနေ့ပွဲ ရန်ကုန်တွင် ကျင်းပ သတင်း
ကိုမင်းကိုနိုင်အတွက် မွေးနေ့လက်ဆောင် သတင်း
မင်းကိုနိုင် ကျန်းမာရေး မကောင်း သတင်း
ဒေါ်အောင်ဆန်းစုကြည်၏ အထူးအယူခံ ကြားနာ သတင်း
SSA တောင်ပိုင်းတပ်ဖွဲ့ကို (၂၄) နာရီ စောင့်ကြည့်ရန် ဒေသခံများအား နအဖတပ် ညွှန်ကြား သတင်း
မိုင်းပေါက်ကွဲမှုကိစ္စ ကေအိုင်အို ကြေညာချက်ထုတ် သတင်း
မိုင်းထိ ရွာသားများ ကေအိုင်အို ထောက်ပံ့ သတင်း
ကမ္ဘာ့ဒီမိုကရေစီလူငယ်များနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ သတင်း
ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသားပုံရိပ်များ (၁) (ဆောင်းပါး)
သခင်အုန်းမြင့်နှင့် အင်းစိန်ထောင်မှ နေ့ရက်များ (ဆောင်းပါး)
မွှေးသည့်ပန်းများမှ ကျောယားပြေ တိုက်ပွဲလေးတခုအကြောင်း (၂) (ဆောင်းပါး)
နိုင်ငံတကာ ရွေးကောက်ပွဲစောင့်ကြည့်ရေးနှင့် သတင်းသမားများ လက်မခံ သတင်း
ရန်ကုန်မြို့တွင် ရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှုများ အရှိန်မြင့်လာ သတင်း
လမ်းခင်းမှုများ တ၀က်တပျက်ဖြင့် ရပ်နားထားရန် မြို့တော်ဝန် ညွှန်ကြား သတင်း
ကြံ့ခိုင်ရေးကိုယ်စားလှယ်လောင်း ၀န်ကြီး ဦးအောင်ကြည် စည်းရုံး သတင်း
ခရစ်ယာန်သာသနာပြုများကို အသုံးချ၍ ကြံ့ဖွံ့မဲဆွယ် သတင်း
နယ်စပ်ဂိတ်အကြောင်းပြပြီး USDP မဲဆွယ်စည်းရုံး သတင်း
မိုင်းရှူး USDP ဥက္ကဌ လူထုအား ခြိမ်းခြောက် သတင်း
ကြံ့ဖွံ့နှင့် ရခိုင်ဒေသခံပါတီများအကြား ပြဿနာကြီးထွားနေ သတင်း
ထိုင်းတွင် မြန်မာနိုင်ငံသား (၈၂) ဦး ဖမ်းဆီးခံရ သတင်း
ဘတ်လက်မှတ် သက်တမ်းဆက်ရန် အသိပေး သတင်း
မိုးနည်းပြီး စပါးဖျက်ပိုးကျသဖြင့် လယ်နှင့် တောင်ယာစပါး ဧက (၅,၀၀၀) ကျော် ပျက်စီး သတင်း
ရွှေဈေးတက်ပေမယ့် အရောင်းအဝယ် ပုံမှန် သတင်း
ရူးကြောင်ကြောင် မြို့တော် သတင်း
ကျောင်းသားများထံ ထီလက်မှတ်ရောင်းပြီး ကျောင်းရန်ပုံငွေရှာ သတင်း
တောင်ကိုရီးယားနိုင်ငံက မြန်မာအသိုင်းအ၀ိုင်းရဲ့ လှုပ်ရှားမှုသတင်းများ သတင်း
မြန်မာပြည်တွင်း သတင်းမှတ်တမ်း သတင်း
ယနေ့မြန်မာသို့ ပေးစာ သတင်း

Sunday, October 17, 2010

မြန်မာ နယ်စပ်မှာ ထိုင်းလုံခြုံရေး တိုးမြင့်

2010-10-17

မြန်မာနိုင်ငံမှာ ကျင်းပမယ့် နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲအထိ ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်း ထိုင်းစစ်တပ်က လုံခြုံရေး အထူးတိုးမြင့် ချထားလိုက်တယ်လို့ သိရပါတယ်။

မန်မာနိုင်ငံ မြ၀တီတဖက်ကမ်း ထိုင်းဘက်ခြမ်းမှာ နေ့စဉ် ကင်းလှည့်လုံခြုံရေး တိုးမြင့်သွားဖို့ တာ့ခ်ခရိုင် အခြေစိုက် ထိုင်းခြေလျင်တပ်ရင်း (၄) ကို ညွှန်ကြားထားကြောင်း ထိုင်းအမှတ် (၄) တပ်မှူးက ပြောပါတယ်။

လာမယ့် ရွေးကောက်ပွဲ ကာလအတွင်း ထိုင်းနယ်စပ်ဖက်မှာ လုံခြုံရေး အခြေအနေ အားနည်းလာမှာကို စိုးရိမ်တဲ့အတွက် တပ်တွေ တိုးမြင့် ချထားတာဖြစ်သလို အခုရက်ပိုင်းအတွင်း မြ၀တီနယ်မြေ တ၀ိုက်မှာ စစ်အစိုးရတပ်တွေနဲ့ ကရင်အမျိုးသား အစည်းအရုံး KNU တပ်တွေအကြား တိုက်ပွဲဖြစ်ပွားမှုတွေ ရှိနေတဲ့အတွက် လုံခြုံရေး တိုးမြင့်ချလာတာလို့ ဘန်ကောက်ပို့စ် သတင်းစာက ရေးပါတယ်။

Read More...

နေ့စဉ်သတင်းများ ( ၁၇ - ၁၀ - ၂၀၁၀ )

ပါတီအချင်းချင်း ရိုက်ပွဲဖြစ် သတင်း
တံတားဦးမှာလည်း ရေကြီးလို့ ပြည်သူတွေ အခက်အခဲ ဖြစ်နေ သတင်း
ဝေနှင်းပွင့်သုန် ပေ (၁၆၀) အမြင့်မှ ခုန်ချ၊ ဒေါ်လာတသောင်းကျော်ရ သတင်း
မြန်မာ့အရေး ကုလ ဘာလုပ်ပေးမလဲ သတင်း
တပ်မတော်ထောက်လှမ်းရေး ပြုပြင်မှု သတင်း
ဒို့သမိုင်းမှာ မရိုင်းကြရလေအောင် (ဆောင်းပါး)
လုပ်စရာရှိတာကို ပြတ်ပြတ်သားသား လုပ်ကြဖို့ သတင်း
ပါတီတွေ ငွေကြေးအရ ပွင့်လင်းမြင်သာမှုရှိဖို့ RNDP တိုက်တွန်း သတင်း
ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးဖို့ ဂျပန်ရှိ မြန်မာသံရုံး အကြောင်းကြား သတင်း
ငါးဖမ်းပိုက်စက်ရုံက မြန်မာအလုပ်သမားတွေ အလုပ်အကိုင်သစ်ရရှိ သတင်း
တံခွန်စိုက်လို့ လှူလိုက်ကြပါစို့ရဲ့ (ဆောင်းပါး)
ပုဂံမြို့ဟောင်းက ရှေးဟောင်းဘုရားစေတီများ (၂) - မြန်မာပုံ ဂူဘုရားများ (ဆောင်းပါး)
နိုင်ငံရေးအကျဉ်းသားများ ရန်ပုံငွေအတွက် ဝေနှင်းပွင့်သုန် အမြင့်ပေ (၁၆၀) က ခုန်ချ သတင်း
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လုံခြုံရေးအရာရှိ မီးလောင်သေဆုံး သတင်း
မြန်မာနယ်စပ်မှာ ထိုင်းလုံခြုံရေး တိုးမြှင့် သတင်း
အိန္ဒိယ-မြန်မာနယ်စပ်ဂိတ် ပိတ်ထားသဖြင့် နှစ်နိုင်ငံကုန်သွယ်ရေး ရပ် သတင်း
ရှမ်းလူထု ဆုံးဖြတ်နိုင်ရန် ပညာပေးဗွီစီဒီ ဖြန့်ချိ သတင်း
မွှေးသည့်ပန်းများမှ ကျောယားပြေ တိုက်ပွဲလေးတခုအကြောင်း (၁) (ဆောင်းပါး)
ဒို့အခွင့်အရေး ကိုယ်တိုင်ရွေး သတင်း
ဂျပန်ရှိ မြန်မာသံရုံးက ကြိုတင်မဲ ကောက်မည် သတင်း
ရွေးကောက်ပွဲကနေ စစ်ဗိုလ်ကြီးစိုးသည့် စီးပွားရေးစနစ်ကို ပယ်ဖျက်နိုင်ပါ့မလား သတင်း
ယာယီပတ်စပို့ ကိုင်ထားသည့် အလုပ်သမား (၅၀၀) ကျော် အလုပ်လက်မဲ့ဖြစ် သတင်း
စစ်သင်္ဘောနဲ့ ပင့်တဲ့ဆင်ဖြူ သတင်း

ဆန္ဒပြ မြန်မာအလုပ်သမား ၃၀၀ ကျော် မဲဆောက်သို့ ရောက်

Saturday, October 16, 2010

ထိုင်း-လာအိုနယ်စပ် Khong Kean မြို့ရှိ Dechapanich ငါးဖမ်း ပိုက်ကွန် စက်ရုံတွင် အလုပ်ရှင်၏ မတရားမှုကို မကျေနပ်သဖြင့် ၁ လကျော် ဆန္ဒပြနေ ခဲ့ကြသော မြန်မာ အလုပ်သမားထဲမှ ၃၆၉ ဦးသည် ယနေ့ နံနက်ပိုင်းက ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့သို့ ရောက်ရှိလာကြကြောင်း သတင်းရရှိသည်။

မိမိတို့၏ လုပ်ခများနှင့် ယာယီနိုင်ငံကူးလက်မှတ် အပါအ၀င် စာရွက်စာတမ်းများ ပြန်လည်ရရှိရေးအတွက် စက်တင်ဘာလ ၇ ရက်နေ့မှ စတင်၍ အလုပ်သမား ၉၀၀ ကျော် ဆန္ဒပြခဲ့ကြသည်။

ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ တာဝန်ခံ ကိုမိုးဆွေက “သူတို့ကို အလုပ်ရှင်က ယာယီနိုင်ငံကူးလက်မှတ်တွေ၊ ဘာတွေတော့ ပြန်ထုတ်ပေးတယ်။ ဒါပေမယ့် အလုပ်ထွက်စာတို့ ဘာတို့တော့ မပေးဘူး။ ပြီးတော့ အလုပ်ရှင်က အလုပ်သမားရုံးမှာ ဒီအလုပ်သမားတွေကို အလုပ်ထုတ်ပစ်လိုက်ပြီဆိုပြီး ပြောလိုက်ပြီ။ ဒါကြောင့် ဒီအလုပ်သမားတွေမှာ အလုပ်ရှင်သူဌေးမရှိဘဲ ဖြစ်သွားပြီ။ ဒါကြောင့် အလုပ်သစ်ရှာဖို့ မဲဆောက်ကို ပြန်ဆင်းလာကြတယ်။ ဒီကနေ အလုပ်သစ် ပြန်ရှာကြမယ်ပေါ့” ဟု ပြောသည်။

Read More...

အပေါ်သို့