Friday, April 6, 2012

NLD နဲ့လက်တွဲ ဆောင်ရွက်မယ်လို့ ဦးသိန်းစိန်ပြော

2012-04-05

ကြားဖြတ်ရွေးကောက်ပွဲမှာ အမတ်နေရာအများစု အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ လက်တွဲ လုပ်ဆောင်သွားမယ်လို့ သမ္မတ ဦးသိန်းစိန်က မနေ့က ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံ အေးချမ်းသာယာရေးနဲ့ တိုင်းပြည် စီးပွားရေး တိုးတက်အောင် ဆောင်ရွက်နိုင်ဖို့အတွက် အန်အယ်လ်ဒီနဲ့ လက်တွဲ ဆောင် ရွက် သွားမယ်လို့ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့မှာ အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်နေစဉ် ဂျပန်သတင်းဌာန NHK နဲ့ တွေ့ဆုံ မေးမြန်းစဉ်မှာ သမ္မတ ဦးသိန်းစိန်က ပြောခဲ့တာပါ။

Read More...

တိုက်ပွဲ ဖြစ်နေတဲ့ တိုင်းရင်းသားဒေသတွေကို ILO သွားခွင့်ရပြီ

2012-04-05

အစိုးရတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ တိုင်းရင်းသားဒေသတွေမှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (ILO) သွား ရောက် လေ့လာကြည့်ရှုဖို့ မြန်မာအစိုးရဘက်က သဘောတူ လက်မှတ် ရေးထိုးလိုက်ပါတယ်။

ဒါဟာ နယ်စပ်ဒေသတွေက လူ့အခွင့်အရေး အခြေအနေတွေကို နိုင်ငံတကာ အဖွဲ့တစ်ခုအနေနဲ့ ပထမဆုံးအကြိမ် တရားဝင် သွား ရောက် ကြည့်ရှုခွင့်ရတာ ဖြစ်ပါတယ်။

Read More...

ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်လွှတ်တော် ရွှေတံဆိပ်ဆု ဇွန်လမှာ ပေးအပ်မည်

2012-04-05

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် လွှတ်တော်တရပ်လုံးက ဂုဏ်ပြုချီးမြှင့်ထားတဲ့ ၂၀၀၈ ခုနှစ် (Congressional Gold Medal) လွှတ်တော်ရဲ့ရွှေတံဆိပ်ဆုကို လာမယ့် ဇွန်လ ၂၀ ရက်နေ့မှာ အခမ်းအနားနဲ့ ပေးအပ်မှာ ဖြစ်တယ်လို့ အောက်လွှတ်တော် အမတ် Nancy Pelosi ရုံးက ဒီကနေ့ ပြောပါတယ်။

ဒီအခမ်းအနားအတွက် အောက်လွှတ်တော် ဥက္ကဋ္ဌ John Boehner ရုံးက စီစဉ်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အခမ်းအနား တက်ရောက်ဖို့ ရှိမရှိ ဆိုတာကိုတော့ တရားဝင် မထုတ်ပြန်သေးပါဘူး။

Read More...

မီးဘေးသင့်ရွာအတွက် ဒေါ်အောင်ဆန်းစုကြည် ငွေလှူ

2012-04-05

တစ်ရွာလုံးနီးပါး မီးလောင်သွားတဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဝင်းကုန်းရွာသားတွေအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကျပ်ငွေ သိန်း ၁၀၀ လှူဒါန်းလိုက်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ NLD အတွင်းရေးမှူးအဖွဲ့ဝင် ဦးအုန်းကြိုင်က RFA ကို အခုလိုပြောပါတယ်။

Read More...

မြန်မာအပေါ် ပိတ်ဆို့မှုများ ရုပ်သိမ်းဖို့ တရုတ်တောင်းဆို

2012-04-05

အနောက်နိုင်ငံတွေရဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေ အားလုံးကို အမြန်ဆုံး ရုပ်သိမ်းပေးဖို့ တရုတ်အစိုးရက ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်လို့ နိုင်ငံတကာက အသိအမှတ်ပြုထားတာ ဖြစ်တဲ့ အတွက် ဒီရွေးကောက်ပွဲကနေ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအရ ရင်ကြားစေ့ရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွန်းအားဖြစ် စေမယ်လို့ မိမိတို့ ယုံကြည်ကြောင်း တရုတ်အစိုးရ နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Hong Lei က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

Read More...

KNU ကိုယ်စားလှယ်များအား မိတ်ဆက်ဧည့်ခံပွဲလုပ်

ကိုပေါက်
ဧပြီလ ၀၅ ရက် ၂၀၁၂ ခုနှစ်

ဒုတိယအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် ရန်ကုန်မြို့သို့ ရောက်ရှိလာသော ကရင်အမျိုးသား အစည်းအရုံး KNU နှင့် အစိုးရ အာဏာပိုင်များ မိတ်ဆက်ဧည့်ခံပွဲတခုကို ကြာသပတေးနေ့ ညနေ ခြောက်နာရီခွဲက ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်ခဲ့ကြသည်။

သောကြာနေ့ မနက်တွင် ငြိမ်းချမ်းရေး ဆွေးနွေးကြမည့် နှစ်ဖက်ကိုယ်စားလှယ်များအပြင် အနောက်နိုင်ငံ သံအရာရှိများနှင့် နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြကြောင်း KNU ကိုယ်စားလှယ် အဖွဲ့မှ ပြောခွင့်ရ နော်မေဦးမုတြော် က မဇ္ဈိမကို ပြောသည်။

“ထွေထွေထူးထူးတော့ မရှိပါဘူး။ မိတ်ဆက် တွေ့ဆုံပွဲလေးပဲ ဖြစ်ပါတယ်။ အစိုးရဝန်ကြီးတချို့ရယ်၊ စင်္ကာပူ၊ အမေရိကန်နဲ့ အီးယူ နိုင်ငံတချို့က သံတမန် ဧည့်သည်တွေရယ်၊ ရန်ကုန်တဝိုက်က ကရင်အမျိုးသား ခေါင်းဆောင် တွေရယ် တက်ရောက်ကြပါ တယ်” ဟု ပြောသည်။

Read More...

KNU နှင့် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးမည်

ကိုပေါက်
ဧပြီလ ၀၅ ရက် ၂၀၁၂ ခုနှစ်

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်ရန် ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ကရင်အမျိုးသား အစည်းအရုံး KNU ကိုယ်စားလှယ်များနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ တနင်္ဂနွေနေ့တွင် တွေ့ဆုံရန်ရှိကြောင်း သိရသည်။

“၈ ရက်နေ့ တွေ့မယ်လို့ သိရပါတယ်။ တခြားတော့ ဘာမှမသိရသေးပါဘူး။ အစောကြီးကတည်းက ကျနော်တို့ တတ်နိုင်တဲ့ဘက်ကနေ လုပ်ပေးမယ်ဆိုပြီး ပြောနေတာ ကြာလှပါပြီ” ဟု ပါတီပြောခွင့်ရ ဦးဟံသာမြင့် က မဇ္ဈိမကို ပြောသည်။

Read More...

ရာနှင့်ချီသော နိုင်ငံခြားကုမ္ပဏီများ ရင်းနှီးမြှုပ်နှံရန် စောင့်နေကြ

အောင်ကြည်
ဧပြီလ ၀၅ ရက် ၂၀၁၂ ခုနှစ်

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန်အတွက် ရာနှင့်ချီသော နိုင်ငံခြား ကုမ္ပဏီများ စောင့်ကြည့် လျက် ရှိနေကြသည်ဟု ဟောင်ကောင် အခြေစိုက် Bagan Capital မြန်မာနိုင်ငံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် အကြံပေးအဖွဲ့မှ ဦးဆောင် အရာရှိတဦးက ဆိုသည်။

“ရင်းနှီးမြှုပ်နှံမှု လုပ်ဖို့ ကုမ္ပဏီတွေအနေနဲ့ အထူးသဖြင့် ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း၊ ရေနံနဲ့သဘာဝ ဓါတ်ငွေ့လုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်း၊ အသေးစား ကုန်ထုတ်လုပ်ငန်းတွေ၊ စားသောက်ကုန် လုပ်ငန်းတွေမှာ ပိုစိတ်ဝင်စားကြပါတယ်” ဟု အဆိုပါ ကုမ္ပဏီမှ အမှု ဆောင် အရာရှိချုပ် မစ္စတာ ဂျရီမီ ခရောစာ ဂျုန်း က ဆိုသည်။

စိတ်ဝင်တစား စောင့်ကြည့်နေသော ကုမ္ပဏီများထဲတွင် ဥရောပနိုင်ငံများနှင့် ဂျပန်နိုင်ငံတို့အပြင် အမေရိကန်လည်း ပါဝင်ပြီး လာမည့် ငါးနှစ်အတွင်း မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု များစွာ တိုးတက်လာလိမ့်မည်ဟုလည်း ပြောသည်။

Read More...

ကေအဲန်ယူ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကို ကရင်လူထု ၁၀၀၀ကျော် ကြိုဆိုနှုတ်ဆက်

6 April 2012
နန်းဖောဂေ

ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)၏ အထွေထွေအတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စား လှယ်အဖွဲ့သည် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ကရင်လူမှုအဖွဲ့အစည်းများနှင့် ယနေ့ ဧပြီလ ၅ရက်နေ့ မနက် ၈နာရီတွင် တွေ့ဆုံခဲ့ရာ လူထု ၁၀၀၀ကျော် ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

ဘားအံမြို့ သုမေဓာရာမ တောရဘုန်းတော်ကြီးကျောင်း၌ မနက် ၈နာရီမှ ၁၀း၃၀နာရီအထိ ပြုလုပ်သည့် ထိုတွေ့ဆုံပွဲတွင် ကရင်ငြိမ်း ချမ်းရေး ကော်မတီ၊ ကရင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ၊ ကရင်ပါတီမှ ခေါင်းဆောင်များ၊ ကရင်ဝန်ကြီးများ၊ ဘာသာရေးခေါင်း
ဆောင် များနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး တစ်ချိန်တည်းတွင် ကရင်ပြည်နယ်ရှိ မြို့နယ် ၇ခုမှ လူထုကိုယ်စားလှယ်များ၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် တနင်္သာရီတိုင်းအတွင်းမှ ကရင်လူထု ကိုယ်စားလှယ်များက လာရောက်ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

Read More...

ထိုင်းကားများ နယ်စပ်မှ တဆင့်မြန်မာဘက်တရားဝင် တင်သွင်း

5 April 2012
ရွှေသိုက်တော

တရားမ၀င်ဂျပန်နိုင်ငံထုတ်ကားများနေ့စဉ်တင်သွင်းနေသည့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြ၀တီလမ်း ကြောမှတဆင့် ထိုင်းနိုင်ငံထုတ် ၁၂ ဘီးတပ် VOLVO အမျိုးအစားမြေသယ်ယာဉ်အစီး ၂၀ ကို မြန်မာအစိုးရ က မြန်မာဘက်သို့တရားဝင်တင်သွင်းခွင့်ပြုလိုက်သည်။

မြန်မာနိုင်ငံမုံရွာကြေးနီသတ္တုတူးဖော်ရေးစီမံကိန်းတွင်အသုံးပြုရန်အတွက် Central Marketing Co.Ltd မှတင်သွင်းသည့် ဆွီဒင် နည်း ပညာဖြင့်ထိုင်းနိုင်ငံတွင်ပြုလုပ်သည့်ကားများကို ၁၀ နှစ်နီးပါးကာလအတွင်း မြန်မာဘက်ကတရားဝင်တင်သွင်းခွင့်ပြုခြင်းဖြစ်သည်။

Read More...

ကေအဲန်ယူနှင့်အစိုးရတို့ ပြည်နယ် အဆင့် တွေ့ဆုံဆွေးနွေးပွဲပြီး

5 April 2012
နန်းထူးစံ

ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)နှင့် မြန်မာအစိုးရတို့ အပစ်အခတ်ရပ်ဆိုင်းရေးအတွက် ယနေ့ ဖားအံမြို့တွင် ပြည်နယ်အဆင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်ဦးနှစ်ဖက် လိုက်နာဆောင်ရွက်ရမည့် ကျင့်ဝက် အချက်အလက်များကို ဆွေးနွေးခဲ့ကြသည်ဟု ကေအဲန်ယူ ဘက်က ပြောသည်။

ထိုဆွေးနွေးပွဲတွင် နှစ်ဖက် ကိုယ်စားလှယ်များက အပစ်အခတ်ရပ်ဆိုင်းရေးအတွက် နှစ်ဦးနှစ်ဖက် လိုက်နာဆောင်ရွက်ရမည့် ကျင့်ဝတ် (Code of Conduct)များ စနစ်တကျချမှတ်ရေး၊ အပစ်အခတ် ရပ် ဆိုင်းရေး စောင့်ကြည့်သည့်အဖွဲ့ထားရှိရေးနှင့် ဆက်ဆံရေးရုံးများကို လိုအပ်သည့်ဒေသများတွင် ဖွင့် လှစ်ရေး အပါအ၀င်အပစ်အခတ်ရပ်ဆိုင်းရေးဆိုင်ရာ အသေးစိပ်အချက်အလက်များကို ဆွေးနွေးခဲ့
ကြသည်ဟု ယနေ့ ကေအဲန်ယူက သတင်းထုတ်ပြန်သည်။

Read More...

တာဝန်သိ ခရီးသွားလုပ်ငန်းဆီသို့

April 6, 2012

ဒေါက်တာ အန်ဒရီရာ ဗယ်လန်တင် သည် Tourism Transparency ဟုခေါ်သော လွတ်လပ်ပွင့်လင်း၍ တာဝန်သိ ခရီးသွားလုပ် ငန်း များဖြစ်ရေးအတွက် စည်းရုံးလှုံ့ဆော်သည့်အဖွဲ့အစည်းကို စတင်တည်ထောင်သူဖြစ်သည်။ အန်ဒရီရာသည် မကြာသေးမီက နေပြည် တော်တွင် ကျင်းပခဲ့သော တာဝန်သိ ခရီးသွားလုပ်ငန်းညီလာခံ Responsible Tourism Conference ကို တက်ရောက်ပြီး စာတမ်း ဖတ်ခဲ့သည်။ တာဝန်သိခရီးသွားလုပ်ငန်းနှင့် မြန်မာပြည်၏ အလားအလာအကြောင်း ဧရာဝတီ အယ်ဒီတာ ရဲနည်က ဆက် သွယ်မေး မြန်းထားသည်။

မေး။ ။ ဖေဖော်ဝါရီလတုန်းက ခင်ဗျား နေပြည်တော်မှာ ကျင်းပခဲ့တဲ့ “တာဝန်သိ ခရီးသွားလုပ်ငန်း ညီလာခံ” ကို စာတမ်းဖတ်ကြား ဖို့ သွားခဲ့တယ်။ တာဝန်သိ ခရီးသွားလုပ်ငန်း ဆိုတာ ဘာလဲဗျ။ ပုံမှန် ခရီးသွားလုပ်ငန်းနဲ့ တာဝန်သိ ခရီးသွားလုပ်ငန်းအကြား ဘာ ကွာ သလဲ။ တာဝန်သိ ခရီးသွားလုပ်ငန်းက မြန်မာနိုင်ငံကို ဘယ်လိုအကျိုးကျေးဇူးတွေ သယ်ဆောင်လာမှာလဲ။

Read More...

အမေရိကန် ဒဏ်ခတ်မှု စတင်ဖြေလျှော့

လင်းသန့်
April 5, 2012

အမေရိကန်က မြန်မာနိုင်ငံ အပေါ် စီးပွားရေး ဒဏ်ခတ် အရေးယူထား သည်များထဲမှ ရင်းနှီးမြုပ်နှံမှုနှင့် ဘဏ္ဍာရေး ဆိုင်ရာ ကန့်သတ် ချက် များ အပါအ၀င် တချို့ပိတ်ဆို့မှုများကိုတဆင့်ချင်းအလိုက် စတင်ဖြေလျှော့မည် ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်က ယမန်နေ့က ကြေညာလိုက်သည်။

မစ္စ ကလင်တန်၏ အထူး ကြေညာချက်တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့် စီးပွားရေး ခေတ်မီတိုးတက်မှုတို့ကို အရှိန်ရလာ စေရေးအတွက် အမေရိကန်က တားမြစ်ပိတ်ပင်ထားသည်တို့ကို တခုချင်းစီအပေါ်မူတည်ပြီး ဖြေလျှော့ရုပ်သိမ်းခြင်းဖြစ်ကြောင်း ဆိုထား သည်။

Read More...

ကြံ့ခိုင်ရေးပါတီ ပြုပြင်ပြောင်းလဲရေး လုပ်မည်

ကျော်ခ
April 5, 2012

ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က မဲအပြတ်သတ် အနိုင်ရရှိပြီးနောက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ)အတွက် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ကြီးမားသည့် စိန်ခေါ်မှုဖြစ်လာနိုင်ဖွယ် ရှိသဖြင့် ကြံ့ခိုင် ရေး ပါတီ ပြုပြင်ပြောင်းလဲရေးများကို ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ဧရာဝတီသို့ ပြော သည်။

နေပြည်တော်တွင် ယမန်နေ့က ပြုလုပ်ခဲ့သော ကြံ့ခိုင်ရေးပါတီ အစည်းအဝေးတွင် ပါတီ ဗဟိုအလုပ်မှုဆောင် အများစု တက်ရောက်ခဲ့ ကြကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲ ရှုံးနိမ့်မှုနှင့်ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်သကဲ့သို့ ပါတီ ရှေ့ဆက်မည့် အခြေအနေများကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Read More...

မြန်မာ့ ရွေးကောက်ပွဲ တရုတ် လှိုက်လှဲမှုမရှိ

April 5, 2012

ကြားဖြတ် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနိုင်ရပြီးနောက် မြန်မာ နိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများရုပ်သိမ်းရန် တရုတ်နိုင်ငံက ယနေ့ တောင်းဆိုလိုက်သော်လည်း NLD အောင်ပွဲဆင်ခဲ့သည့် အပေါ် လှိုက်လှိုက်လှဲလှဲ မရှိကြောင်း တွေ့ရသည်။

တရုတ်အစိုးရ မီဒီယာအနေနှင့် မြန်မာပြည်၏ သမိုင်းဝင်ရွေးကောက်ပွဲအပေါ် တုံ့ပြန်မှု နှေးကွေးနေချိန်၌ တိုးတက်ပြောင်းလဲမှုလိုလား သော မီဒီယာများနှင့် မိုက်ခရိုဘလော့ (Micro-blog)များအတွက်မူ မြန်မာပြည်မှ မဲဆွယ်မှုများနှင့် ရွေးကောက်ပွဲ သတင်းများသည် ရေပန်းစားလှ သည့် အကြောင်းအရာများ ဖြစ်နေခဲ့သည်။

Read More...

Thursday, April 5, 2012

အစိုးရနှင့် ကေအဲန်ယူ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေးဒုတိယ အကြိမ် ဆွေးနွေး

5 April 2012
နန်းဖော့ဂေ

အပစ်အခတ် ရပ်စဲရေး ပိုမိုခိုင်မာရန်အတွက် ကရင် အမျိုးသားအစည်းအရုံး(KNU)နှင့် မြန်မာအစိုးရ တြို့ပည်နယ်အဆင့် ဒုတိယအကြိမ် ယနေ့မွန်းလွဲမြန်မာစံတော်ချိန်၂နာရီတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ပါဝင်သူ KNU မှ နော်မေဦးက “အပစ်အခတ်ရပ်စဲရေး ပဏာမသဘောတူညီချက်ကို အကောင်အထည်ဖော်နိုင်ဖို့ ကျမတို့ အနေနဲ့ အကျေအလည်ဆွေးနွေးသွားတာပဲ ဖြစ်ပါတယ်။ ဒီနေ့ ဆွေးနွေးချက်တွေကိုဆုံးဖြတ်ချက်ချနိုင်ဖို့အတွက် ကျမတို့ ရန်ကုန်မှာ ပြည်ထောင်စုအဆင့် ဆက်လက် ဆွေးနွေးသွားမှာဖြစ်ပါတယ်။”ဟု ကေအိုင်စီကို ပြောသည်။

Read More...

ကေအဲန်ယူနှင့်အစိုးရတို့ ပြည်နယ် အဆင့် တွေ့ဆုံဆွေးနွေးပွဲပြီး

5 April 2012
နန်းထူးစံ

ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)နှင့် မြန်မာအစိုးရတို့ အပစ်အခတ်ရပ်ဆိုင်းရေးအတွက် ယနေ့ ဖားအံမြို့တွင် ပြည်နယ်အဆင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်ဦးနှစ်ဖက် လိုက်နာဆောင်ရွက်ရမည့် ကျင့်ဝက် အချက်အလက်များကို ဆွေးနွေးခဲ့ကြသည်ဟု ကေအဲန်ယူ ဘက်က ပြောသည်။

ထိုဆွေးနွေးပွဲတွင် နှစ်ဖက် ကိုယ်စားလှယ်များက အပစ်အခတ်ရပ်ဆိုင်းရေးအတွက် နှစ်ဦးနှစ်ဖက် လိုက်နာဆောင်ရွက်ရမည့် ကျင့်ဝတ် (Code of Conduct)များ စနစ်တကျချမှတ်ရေး၊ အပစ်အခတ် ရပ် ဆိုင်းရေး စောင့်ကြည့်သည့်အဖွဲ့ထားရှိရေးနှင့် ဆက်ဆံရေးရုံးများကို လိုအပ်သည့်ဒေသများတွင် ဖွင့် လှစ်ရေး အပါအ၀င်အပစ်အခတ်ရပ်ဆိုင်းရေးဆိုင်ရာ အသေးစိပ်အချက်အလက်များကို ဆွေးနွေးခဲ့
ကြသည်ဟု ယနေ့ ကေအဲန်ယူက သတင်းထုတ်ပြန်သည်။

Read More...

ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံရေးပိတ်ဆို့မှုတချို့အမေရိကန်လျှော့မည်

04 ဧပြီ 2012
မစုမြတ်မွန်

မြန်မာနိုင်ငံရဲ့ စီးပွားရေးခေတ်မီတိုးတက်ဖို့နဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ အရှိန်ရစေဖို့ရည်ရွယ်ပြီး အမေရိကန်က ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့မှုနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို လျှော့ပေါ့ ပေးမယ်လို့ ပြောလိုက်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲ အပါအဝင် လတ်တလော လတွေထဲမှာဖြစ်ခဲ့တဲ့ တိုးတက်မှုတွေကို အမေရိကန်က တုံ့ပြန်တဲ့အနေနဲ့ အခုလို အရေးယူမှုတချို့ကို လျှော့ပေါ့ပေးတာ အပါအဝင် မြန်မာနိုင်ငံအတွက် ဆောင်ရွက်ပေးမယ့်အချက်တွေကို နိုင်ငံခြားရေးဝန်ကြီး Hillary Clinton က ဗုဒ္ဒဟူးနေ့မှာ အထူး ကြေ ညာချက် ထုတ်ပြန်ပြီး အသိပေးလိုက်တာဖြစ်ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ တိုးတက်မှုတွေရှိလာတိုင်း အမေရိကန်က တစ်ဆင့်ခြင်း တုံ့ပြန်အသိအမှတ်ပြုသွားမယ်လို့ ပြောထားတဲ့အတိုင်း၊ အမေရိ ကန် က တုံ့ပြန်လိုက်တာဖြစ်ပါတယ်။ အပြောင်းအလဲကိုလိုလားနေတဲ့ မြန်မာ ပြည်သူ ပြည်သားတွေရဲ့ စိတ်ဆန္ဒအတိုင်း လက်တွေ့ဖြစ် လာအောင် မြန်မာအစိုးရကရော ပြည်သူတွေကပါ ဒီသတင်းပါတ်ထဲမှာ တဆင့်တိုးဆောင်ရွက်ခဲ့ကြတယ်လို့ အမေရိကန်နိုင်ငံခြား ရေး ဝန်ကြီး Hillary Clinton က မြန်မာနိုင်ငံဆိုင်ရာ အထူးထုတ်ပြန် ကြေညာချက်မှာ ပြောကြားသွားခဲ့ပါတယ်။

Read More...

ပိတ်ဆို့မှုလျှော့ပေါ့ရေး Congress လွှတ်တော် သုံးသပ်မည်

04 ဧပြီ 2012
ဒေါ်ခင်မျိုးသက်

မြန်မာနိုင်ငံမှာ ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့တာဟာ ဒီမိုကရေစီလမ်း လျှောက်လှမ်းရာမှာ ထင်ရှားတဲ့ခြေလှမ်းတရပ်ဖြစ်တယ်လို့ အမေရိကန်ရဲ့ သြဇာတိက္ကမကြီးမားတဲ့ အမေရိကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ပြောကြားလိုက်ပါတယ်။ မြန်မာ့လွှတ်တော်ထဲကို ဒေါ်အောင်ဆန်းစုကြည်ရောက်လာပြီးရင် မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်း တွေ အခုထက်ပိုပြီး တိုးတက်ကောင်းမွန်လာဖို့ မျှော်လင့်ထားတယ်လို့ ဗွီအိုအေ မြန်မာပိုင်းနဲ့ သီးသန့်မေးမြန်းခန်းမှာ မစ္စတာ မက်ကိန်း က ပြောကြားသွားတာဖြစ်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းခဲ့တဲ့ ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ မကြာခင်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကိုကြည့်ရင် ဒီမိုကရေစီရေး တိုးတက်မှု ခြေလှမ်းတရပ် အဖြစ် ထင်ထင်ရှားရှား မြင်နေရပေမယ့် ရွေးကောက်ပွဲမှာ ပြဿနာတွေ ရှိနေတာတွေ့ရတယ်လို့ အထက်လွှတ်တော် အမတ် John McCain က VOA ကို ပြောပါတယ်။

Read More...

အာရှ ပစိဖိတ်ဒေသ အမေရိကန်စစ်အင်အားဖြန့်ကျက်

04 ဧပြီ 2012

အာရှ-ပစိဖိတ်ဒေသမှာ အမေရိကန်စစ်အင်အား သြဇာအရှိန်အ၀ါ တိုးမြှင့်တဲ့ အစပျိုး အစီအစဉ်တရပ်အဖြစ် ပထမအသုတ် အမေရိကန် ကမ်းတပ်တပ်ဖွဲ့ဝင်တွေ သြစတြေးလျနိုင်ငံ မြောက်ပိုင်းကို ရောက်ရှိလာကြပါတယ်။

ဗုဒ္ဓဟူးနေ့က ဒါဝင်မြို့ကို စင်းလုံးငှားလေယာဉ်နဲ့ ရောက်လာကြတဲ့ အမေရိကန် ကမ်းတက်တပ်ဖွဲ့ဝင် ၂၀၀ လောက်ကိုတော့ သြစတြေး လျ ကာကွယ်ရေးဝန်ကြီး Stephen Smith က ကြိုဆိုခဲ့တာပါ။ သြစတြေးလျ စစ်တပ်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်သွားမယ့် မြေပြင်နဲ့ဝေဟင် တပ်ဖွဲ့ဝင် ၂,၅၀၀ ထဲက ပထမဆုံး အသုတ်အဖြစ် အမေရိကန် ကမ်းတက်တပ်သားတွေ ရောက်လာတာလည်း ဖြစ်ပါတယ်။

Read More...

မြန်မာအပေါ် အနောက်အုပ်စုဒဏ်ခတ်မှု ရုပ်သိမ်းပေးဖို့ ASEAN တောင်းဆို

04 ဧပြီ 2012
ကိုဇော်ဝင်းလှိုင်

မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေက ပိတ်ဆို့အရေးယူထားတာတွေ ချက်ခြင်းရုပ်သိမ်းပေးဖို့ အာဆီယံခေါင်းဆောင်တွေက တောင်းဆို လိုက်ပါတယ်။ ဒါပေမဲ့ ဒီလို ပြောဆိုမှုဟာ စောလွန်းသေးတယ် လို့ မြန်မာ့အရေးဆောင်ရွက်နေတဲ့ တခြား အာဆီယံ လွှတ်တော်အမတ်တွေ က ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြထားပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာ နှစ်ရက်ကြာကျင်းပခဲ့တဲ့အာဆီယံထိပ်သီးစည်းဝေးပွဲရဲ့အပိတ်မိန့်ခွန်းထဲမှာ မြန်မာနိုင်ငံ အပေါ် အနောက်နိုင်ငံ တွေက ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေရုပ်သိမ်းပေးဖို့ ဒီထိပ်သီးစည်းဝေးပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ ကမ္ဘောဒီးယားနိုင်ငံ ၀န်ကြီး ချုပ် ဟွန်ဆန်က တောင်းဆိုလိုက်တာဖြစ်ပါတယ်။

Read More...

မြန်မာအစိုးရနဲ့ KNU ဖားအံမှာဆွေးနွေး

04 ဧပြီ 2012
မသင်းသီရိ

ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ မြန်မာအစိုးရတိုရဲ့ငြိမ်းချမ်းရေးအဖွဲတို့ကြား သဘောတူညီထားတဲ့ အပစ်ရပ်ရေး ပိုမိုခိုင်မာ မှု ရှိအောင် နှစ်ဘက်အဖွဲ့က တာဝန်ရှိသူတွေ ဒီကနေ့ ဖားအံမြို့မှာတွေ့ဆုံပြီး ဆွေးနွေးခဲ့ကြပါတယ်။ တပ်ခစန်းချထားရေးနဲ့ နှစ်ဘက် တပ်ဖွဲ့တွေ လိုက်နာရမယ့်စည်းကမ်းချက်တွေအပေါ် အဓိကဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုအဆင့် သဘောတူညီချက်တွေရဖို့ထိ ညှိနှိုင်းဆွေးနွေးသွားမယ် လို့လည်း တာဝန်ရှိသူတွေကပြောပါတယ်။ ဒီသတင်း အပြည့်အစုံကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်။

ကရင် KNU အဖွဲ့နဲ့ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးအဖွဲ့တို့ကြား ဒီကနေ့ ဖားအံမြို့မှာ အဓိက ဆွေးနွေးကြတာကတော့ ပြည်နယ်ပဏာမ သဘောတူညီချက်ထဲမှာ အဓိကအချက်ဖြစ်တဲ့ အပစ်ရပ်ရေးထဲက နှစ်ဘက်လိုက်နာရမယ့် အချက်တွေ ကို အသေးစိတ် ထပ်ဆွေးနွေး ကြတာဖြစ်ပါတယ်။ ဒါဟာ KNU အဖွဲနဲ့ အစိုးရအဖွဲတို့ ဒုတိယအကြိမ်မြောက် တွေ့ဆုံမှု လည်း ဖြစ်ပါတယ်။ အထုးသဖြင့်ကတော့ တပ် စခန်းတွေနေရာချထားရေး တွေ တခါ တပ်တွေရော ဒေသခံလူထုတွေ ကပါ ဒီအပစ်ရပ်သဘောတူညီချက်ထဲကအတိုင်း လိုက်နာဆောင် ရွက်ရမယ့် ကိစ္စတွေ ဆွေနွေးကြတယ်လို့ အစိုးရ ငြိမ်းချမ်းရေးအဖွဲ့ကို ဦးဆောင်လာသူထဲကတဦးဖြစ်တဲ့ လူမှုကြိကြပ်ရေးနဲ့ ပြည်သူ့အင် အားဦးစီးဌာန၀န်ကြီး ဦးခင်ရီက VOA မြန်မာပိုင်းကို ပြောပါတယ်။

Read More...

မြန်မာအပေါ် ဒဏ်ခတ်မှု လျှော့ချရေးညှိနှိုင်းဖို့ McCain တိုက်တွန်း

04 ဧပြီ 2012

အမေရိကန်အထက်လွှတ်တော်အမတ် John McCain က မြန်မာနိုင်ငံရဲ့ ကြားဖြတ် ရွေးကောက်ပွဲဟာ ဒီမိုကရေစီရေး ဖြစ်ထွန်းမှုတွေကို ရှေ့ရှုတဲ့ ခရီးလမ်းအတွက် ထူးကဲတဲ့ ခြေလှမ်းတရပ် ဖြစ်ပါတယ် လို့ ပြောဆိုလိုက်ပါတယ်။

မြန်မာလူထုက သူတို့စိတ်ကြိုက် အောင်အောင်မြင်မြင် ရွေးချယ်ခဲ့ကြတဲ့အတွက် ချီးကျူးဂုဏ်ပြု ပါကြောင်း၊ နေပြည်တော်က အစိုးရ အနေနဲ့လည်း ရွေးကောက်ပွဲကို ကျင်းပပေးခဲ့တဲ့ အတွက်ရော၊ အများအားဖြင့် လွှတ်လပ်ပြီး မျှတပုံရတဲ့ ရွေးကောက်ပွဲကို အမေရိကန် အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းတွေ ကို လေ့လာခွင့်ပြုခဲ့တဲ့ အတွက်ပါ အသိအမှတ်ပြုပါကြောင်း ဂျွန်မက်ကိန်းရဲ့ ကြေညာချက် မှာ ဖော်ပြထားပါတယ်။

Read More...

မစ်ရော်မနီ Republican သမ္မတလောင်းဖြစ်ဖို့ နီးစပ်လာပြီ

04 ဧပြီ 2012

မက်ဆာချူးဆက်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း Mitt Romney ဟာ Republican သမ္မတလောင်း အဖြစ်အရွေးခံရဖို့ သေချာသလောက် ရှိနေပြီး သမ္မတအိုဘားမားကို စိန်ခေါ်နိုင်ဖို့ စိုင်းပြင်းနေပါပြီ။

ဝါရှင်တန်မြို့တော်၊ အရှေ့ပိုင်းက မေရီလင်းပြည်နယ်နဲ့ အနောက်အလယ်ပိုင်းက Wisconsin ပြည်နယ်မှာ မနေ့က အင်္ဂါနေ့မှာကျင်းပခဲ့တဲ့ Republican သမ္မတလောင်း ပဏာမရွေးကောက်ပွဲမှာ Mitt Romney က အပြတ်အသတ် အနိုင်ရရှိခဲ့ပါတယ်။

Read More...

မြန်မာ့ သယံဇာတ ရောင်းဝယ်ရေး ဆက်ပိတ်ဖို့ လိုကြောင်း HRW ပြော

2012-04-04

ဥရောပသမဂ္ဂ အီးယူအနေနဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေ ထိန်းချုပ်ထားတဲ့ သယံဇာတဆိုင်ရာ ကူးသန်းရောင်းဝယ်ခွင့်ကို ဆက်ပြီး ပိတ်ဆို့ ထားဖို့ လိုအပ်နေကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW က မနေ့က ပြောလိုက်ပါတယ်။

လာမယ့် ဧပြီလ ၂၃ ရက်နေ့မှာ ကျင်းပမယ့် မြန်မာ့အရေး မူဝါဒဆိုင်ရာ ဆွေးနွေးပွဲအတွက် အီးယူကို ပေးပို့တဲ့ အိတ်ဖွင့်ပေးစာမှာ ကျောက် မျက်ရတနာ၊ သစ် စတဲ့ ကူးသန်းရောင်းဝယ်ရေးနဲ့ သတ္တုမိုင်း တူးဖော်ရေးတွေအပေါ် ပိတ်ဆို့ အရေးယူထားတာကို ရုပ်သိမ်းဖို့ အချိန်မ တန်သေးကြောင်း ဖော်ပြထားပါတယ်။

Read More...

အပေါ်သို့