Tuesday, April 3, 2012

ဒေါ်အောင်ဆန်းစုကြည်ကို ဘဂါဝမ် မဟာဗီယာ ကမ္ဘာ့ငြိမ်းချမ်းရေးဆု ချီးမြှင့်

2012-04-02

ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေတဲ့ အိန္ဒိယအခြေစိုက် ဟိန္ဒူဘာသာဝင် အဖွဲ့အစည်းကြီးတစ်ခုက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဘဂါဝမ် မဟာဗီယာ ကမ္ဘာ့ငြိမ်းချမ်းရေးဆု ဒီကနေ့ ချီးမြှင့်လိုက်ပါတယ်။

ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေသူတွေနဲ့ အထင်ကရ ပုဂ္ဂိုလ်တွေကို နှစ်စဉ်ပေးအပ် ချီးမြှင့်လေ့ရှိတဲ့ ဒီဆုကို ဒီနှစ်အတွက် ဒေါ်အောင် ဆန်းစုကြည်ကို ရွေးချယ်ခဲ့တာဟာ မြန်မာ့ဒီမိုကရေစီရေးအတွက် အိန္ဒိယနဲ့ ဆက်ဆံရေးမှာ အလားအလာကောင်းတစ်ခု ဖြစ်တယ်လို့ အိန္ဒိယ အခြေစိုက် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင့်ဆွေက ပြောပါတယ်။

ဘဂါဝမ် မဟာဗီယာ ကမ္ဘာ့ငြိမ်းချမ်းရေးဆုကို အိန္ဒိယနိုင်ငံ အနောက်ပိုင်း ပူနေး ( PUNE) မြို့ အခြေစိုက် Sarhad အဖွဲ့ကြီးက ပေးအပ် တာဖြစ်ပါတယ်။ ဆုအတွက် အိန္ဒိယရူပီးငွေ ၁၁ သိန်း ချီးမြင့်မှာ ဖြစ်ပါတယ်။

ဆုပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားအတွက် ရက်အတိအကျ မသတ်မှတ်ရသေးပေမဲ့ ဆုလက်ခံရယူဖို့ အိန္ဒိယသမ္မတကိုယ်တိုင် ဒေါ်အောင် ဆန်းစုကြည်ကို ဖိတ်ကြားမှာဖြစ်တယ်လို့ သိရပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့