Friday, June 8, 2012

ငွေကျပ် ၁၀၀၀၀ တန် ငွေစက္ကူအမျိုးအစားသစ် ထုတ်ဝေမည် ဟု ထုတ်ပြန် ကြေငြာ

စည်သူနိုင်(မြစ်မခ)
7 Jun, 2012

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှကျပ်ငွေတစ်သောင်းတန်ငွေ စက္ကူအမျိုးအစားသစ်အားထုတ်ဝေတော့မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန နိုင်ငံပိုင်သတင်း ဌာနဖြစ်သော မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညနေ(၆)နာရီသတင်းတွင် ကြေငြာခဲ့ကြောင်းသိရှိရသည်။

အဆိုပါ ကျပ်တစ်သောင်းတန်ငွေစက္ကူကို လာမည့် ဇွန်လ (၁၅)ရက်နေ့ဘဏ်ဖွင့်ချိန်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ငွေကြေးဌာနတွင်လည်းကောင်း၊ ဘဏ် များနှင့် အစိုးရငွေတိုက်များတွင်လည်းကောင်း စတင်ထုတ်ဝေမည်ဖြစ်ပြီး လက်ရှိသုံးစွဲနေသော ငွေစက္ကူများနှင့် ငွေအကြွေများကိုလည်း ဆက်လက်၍ တရား ၀င်သုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

Read More...

ဟူးကောင်းချိုင့်ဝှမ်းမှ သိမ်းဆည်းခံလယ်မြေများအတွက် အထူးအယူခံဝင်မည်

ဂျာတော့(ပ်) (မြစ်မခ)
8 Jun, 2012

ဟူးကောင်းချိုင့်ဝှမ်းဒေသတွင် ယုဇနကုမ္ပဏီမှ သိမ်းယူထားသောလယ်ဧက (၂)သိန်းကျော်အတွက် နေပြည် တော်တွင် အထူးအယူခံဝင်တော့ မည်ဖြစ် ကြောင်း လယ်သမားအရေးဆောင်ရွက်ပေးနေသူ တစ်ဦးက ဆိုသည်။

အထူးအယူခံတင်မည့် အမှုမှာ(၃)မှုဖြစ်ပြီး (၁၇)ဦး ပါဝင်သောအမှုတစ်မှု၊ (၂၄)ဦး တစ်မှုနှင့် (၃၈)ဦး ပါဝင်သော အမှုတို့  ဖြစ် သည်။‘’နေပြည်တော်မှာ အထူးအယူခံတင်မှာပါ။ ဒီအမှုက ခဏခဏပလပ်ခံရတယ်။ အဲ့ဒါကြောင့် အထူးအယူခံ ဆက် တင်မှာပါ’’ဟုဟူးကောင်းချိုင့်ဝှမ်းဒေသမှ လယ်သမား အ ရေးဆောင်ရွက်ပေးနေသူဒေါ်ဘောက်ဂျာကပြောသည်။

Read More...

ကျောက်နီမော်လူသတ်မှုကျူးလွန်ခဲ့သူများအား အစ္စလာမ်ဘာသာရေးကောင်စီက ရှုံ့ချ

စောဇင်ညီ(မြစ်မခ)
7 Jun, 2012

ရခိုင်အမျိုးသမီးငယ် တစ်ဦးအားမုဒိမ်းကျင့်သတ်ခဲ့သည့်ကိစ္စတွင် ပါဝင်ပတ်သက်သူမွတ်စလင် လူမျိုး(၃)ဦးအားအစ္စလာမ်ဘာသာဝင် ကောင်းများမဟုတ်ဟု အစ္စလာမ်သာသနာရေး ကောင်စီက သတ်မှတ်၊ရှူ့ချလိုက်ကြောင်း သိရှိ ရသည်။

ဘာသာဝင်ကောင်းမပာုတ်ပာု သတ်မှတ်ရခြင်းမှာ အစ္စလမ်ဘာသာ၌မွတ်စလင်လူမျိုးများအား အလိုမတူဘဲ ပေါင်းသင်းဆက်ဆံ၍ မရကြောင်း၊အလို တူပါ ကလည်း မိဘများ၏သဘောတူညီမူရမှသာ ပေါင်းသင်းဆက်ဆံ ခွင့်ရှိသဖြင့်ဘာသာရေးကျင့်ဝတ်နှင့် မညီညွတ်ခြင်းကြောင့်ဖြစ်သည်ဟု မြန်မာနိုင်ငံ အစ္စလမ်သာသနာရေး အဖွဲ့ချုပ် အတွင်းရေးမှူးချုပ် ဦးဝဏ္ဏရွှေက ပြောသည်။

Read More...

အစ္စလာမ်ဘာသာရေးအဖွဲ့များက နိုင်ငံတော်သမ္မတထံသို့ တွေ့ဆုံလိုကြောင်း ပန်ကြားလွှာတင်

ဝင့်သင်ဇာကျော် (မြစ်မခ)
8 Jun, 2012

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အစ္စလာမ်ဘာသာဝင်(၁၀)ဦးအသတ်ခံရခြင်းနှင့် ပတ်သတ်၍ နောင်တွင် တရားမဲ့မှုများ ဖြစ်ပေါ်ခြင်း မရှိစေရေးအတွက် နိုင်ငံတော်သမ္မတထံသို့ တွေ့ဆုံဆွေးနွေးလိုကြောင်း ပန်ကြား လွှာ တစ်စောင်အား ဇွန်လ(၅)ရက်နေ့တွင် အစ္စလာမ်ဘာသာရေးအဖွဲ့(၅)ဖွဲ့က တင်ခဲ့ ကြောင်း သိရှိရသည်။

နိုင်ငံတော်သမ္မတထံစာတင်ရခြင်းမှာ ပဋိပက္ခဖြစ်ပေါ်လာရခြင်းအခြေအနေနှင့် ရခိုင်ပြည်နယ်တွင် ဆင်းရဲမွဲတေ ခြင်းကြောင့့်  ပညာသင်ကြားခွင့် နည်းပါး နေခြင်းအား တင်ပြရန်အတွက် ဖြစ်ကြောင်း အစ္စလာမ် သာသနာရေး ရာအဖွဲ့(၅)ဖွဲ ဥက္ကဌထံက သိရှိရသည်။

Read More...

ဇွန်လ(၉)ရက်နေ့ တက္ကသိုလ်ဝင်တန်း အောင်စာရင်း ထုတ်ပြန်မည်

ရန်နိုင်(မြစ်မခ)
7 Jun, 2012

၂၀၁၁-၂၀၁၂ ခုနှစ်ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို ဇွန်လ(၉)ရက်နေ့တွင် ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း ရန်ကုန်ပညာ ရေးအသိုင်းအ၀ိုင်းက စုံစမ်းသိရှိရသည်။

“မနေ့က ညနေ (၃)နာရီ ခွဲလောက်မှာ မြို့နယ်ပညာရေးမှုးရုံးက ကျောင်းအုပ်ဆရာ၊ ဆရာမကြီးတွေနဲ့ တာဝန် ရှိသူတွေကို အစည်းအဝေးခေါ်ပြီးတော့ ပြော တယ်။ ဆယ်တန်းအောင်စာရင်းတွေကို (၉) ရက်နေ့မှာ ထုတ်ပြန် မယ်ဆိုပြီးတော့ ပြောတယ်။ ပြီးတော့ ဆရာမကြီးတွေကိုလည်း ကျောင်းတွေမှာ ဂျူတီ စောင့်ဖို့ တာဝန်တွေ ခွဲပေးထားတယ်”ဟု ဒဂုံမြို့သစ်မြောက်ပိုင်းမှ အမက(၁၇)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မွှေးမွှေးဦးက ပြောသည်။

အောင်စာရင်းကြေညာစာရွက်များ ကပ်မည့်နေရာနှင့် အနီးပတ်ဝန်းကျင်ရှိ နေရာများတွင် ဆရာ၊ဆရာမများက တာဝန်ခွဲဝေ၍ စောင့်ကြည့်ရန် မြို့နယ် ပညာရေး မှုးရုံများမှ ပြောကြားထားကြောင်းကိုလည်း သိရှိရသည်။

Read More...

ကလေးငယ်များအား တစ်ရက်ထဲ ကာကွယ်ဆေး(၂)လုံးဆင့် မထိုးသင့်

ကြယ်စင်(မြစ်မခ)
7 Jun, 2012

တစ်နှစ်အောက်ကလေးငယ်များ ကာကွယ်ဆေးထိုးရာတွင် တစ်ရက်ထဲ၌ ကာကွယ်ဆေးနှစ်လုံးဆက် မထိုးသင့် ကြောင်း ကလေးအထူးကု ဆရာဝန်ကြီးတစ်ဦး က ဆိုသည်။

“တစ်ရက်တည်းမှာ ကာကွယ်ဆေး(၂)လုံး မထိုးသင့်ဘူး၊ တစ်နှစ်အောက်ဆိုတဲ့အရွယ်က ငယ်လွန်းတော့ ကာကွယ်ဆေးဒဏ်တွေကို မခံနိုင်ဘူး၊ ကာကွယ် ဆေး က တစ်လုံးထဲထိုးရင်တောင် အပူကြီးတယ်၊ တစ်ကြိမ်ထဲ နှစ်လုံး ထိုးမပေးသင့်ဘူး”ဟု ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာအောင်ထွန်းဦးက ပြောသည်။

Read More...

နေပြည်တော်ဆိုင်ကယ်ဈေးကွက်တွင် လိုင်စင်မဲ့ဘီးများ အမြင့်ဈေးဖြင့်အရောင်းသွက်

အောင်ကိုကိုလတ် (မြစ်မခ)
7 Jun, 2012

နေပြည်တော်ဆိုင်ကယ်ဈေးကွက်တွင် မန္တလေးတိုင်းဒေသကြီးမှ လိုင်စင်မဲ့ဆိုင်ကယ်များအား တရားဝင်လိုင်စင် လျှောက် ထားနိုင်ခြင်းကြောင့် အမြင့်ဈေး ဖြင့် အရောင်းအ၀ယ်ဖြစ်ပေါ်လျက်ရှိကြောင်းဒေသခံဆိုင်ကယ်အရောင်း ဆိုင်များက သိရသည်။

“အခု ဘလက်ဘီးတွေကို လိုင်စင်လုပ်ပေးနေတယ်ဆိုတော့ ဘီးအသစ်ဝယ်ပြီး လိုင်စင်လျှောက်ကြတဲ့အတွက် ဘလက် ဘီးတွေက ရောင်းအားတက်နေ တာပါ။ လိုင်စင်ဘီးတော့ နည်းနည်း အရောင်းအ၀ယ်အေးသွားတယ်။ ဈေးလည်း နည်းနည်းကျသွားတယ်။” ဟု နေပြည်တော်ပျဉ်းမနားရှိ စူပါဝမ်းဆိုင်ကယ်
အရောင်းဆိုင်ပိုင်ရှင်က ပြောသည်။

Read More...

မြန်မာအပေါ် ပစ်မှတ်ထားအရေးယူမှုများ သြစတြေးလျ ရုပ်သိမ်းမည်

07 ဇွန် 2012

ဒီမိုကရေစီရေး အပြောင်းအလဲတွေ ပိုမိုတိုးတက်အောင် အားပေးတဲ့အနေနဲ့ Australia က မြန်မာအစိုးရ အပေါ် ခရီးသွားနဲ့ဘဏ္ဍာရေးပိတ်ဆို့မှုတွေကို ရုပ်သိမ်း ပေးမှာဖြစ်တယ်လို့ Australia နိုင်ငံခြားရေးဝန်ကြီး Bob Carr က မနေ့က ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ အထက်လွှတ်တော်အမတ် Bobb Carr ဟာ သမ္မတဦးသိန်းစိန်၊ ဒီမိုကရေစီရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါ အ၀င် အစိုးရ၊ လွှတ်တော်နဲ့ အရပ်ဘက် လူမှုအသိုင်းအ၀ိုင်းက ဦးဆောင် ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံအပြီး အခုလိုကြေညာလိုက်တာပါ။

ဒီအချိန်အခါဟာ မြန်မာပြည်သူတွေအတွက် အခွင့်အလမ်းတွေ ပွင့်လန်းလာတာ တွေ့မြင်နေရပြီး Australia လို နိုင်ငံမျိုးအနေ နဲ့ မြန်မာ့ဒီမိုကရေစီရေး အပြောင်းအလဲ အရှိန်အဟုန်ကိုမြှင့်တင်ပေး သင့်ကြောင်း၊ ဒါ့ကြောင့် ရုပ်သိမ်းဖို့ ကျန်နေသေးတဲ့ ခရီးသွားနဲ့ ဘဏ္ဍာရေးပိတ်ဆို့မှုတွေကို ရုပ်သိမ်းပြီး ပြုပြင်ပြောင်းလဲရေးအတွက် ထောက်ခံပံ့ပိုးသွားမှာ ဖြစ်တယ်လို့ ၀န်ကြီး Bobb Carr ကပြောပါတယ်။

Read More...

အရှေ့အလယ်ပိုင်းမှာ စစ်ရေး ၀င်စွက်မှု ရုရှား၊ တရုတ် ဆန့်ကျင်

07 ဇွန် 2012

တရုတ်နိုင်ငံမြို့တော် ဘေဂျင်းမြို့မှာ ကျင်းပတဲ့ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်းရဲ့ နှစ်ပတ်လည် ညီလာခံ အဆုံးသပ်တဲ့ ကြာသာပတေးနေ့မှာ တရုတ်နဲ့ ရုရှား ဦးဆောင်တဲ့ ဒေသအတွင်း ခေါင်းဆောင်တွေက အရှေ့ အလယ်ပိုင်း ဒေသအတွင်း ပြင်ပကနေ စစ်ရေးအရ ၀င်ရောက် စွက်ဖက်မှုကို ဆန့် ကျင်ကြောင်း ထုတ်ဖေါ်ပြောဆိုလိုက်ပါတယ်။

အီရန်နဲ့ ဆီးရီးယားနိုင်ငံတွေကို ရည်ရွယ်ပြီး၊ အတင်းအဓမ္မ အာဏာလွှဲပြောင်းခိုင်းတာ အရေးယူ ပိတ်ဆို့မှုတွေ ချမှတ်တာ တွေကို ဆန့်ကျင်ကြောင်း ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်းရဲ့ နှစ်ရက်ကြာ ကျင်းပခဲ့တဲ့ ညီလာခံအပြီးမှာ ထုတ်ပြန်တဲ့ ကြေညာစာတမ်းထဲမှာ ဖေါ်ပြထားပါတယ်။

Read More...

မဲဆောက် မြန်မာအလုပ်သမားတချို့ လုပ်ခတိုး

07 ဇွန် 2012
အေးအေးမာ

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ ဘန်ဆန်ခွဲ အရပ်မှာရှိတဲ့ စက်ရုံတခုက အလုပ်သမားတွေ လုပ်အားခ နဲနေတဲ့အတွက် တောင်းဆို ဆန္ဒပြကြတာကို လစာ တိုးမြင့် ပေးလိုက်ပါတယ်။ M Apparel ကုမ္ပဏီ အထည်ချုပ်စက်ရုံက လုပ်အားခ နစ်နာမှုအတွက် ဆန္ဒပြနေတဲ့ အလုပ်သမား ၂၀၀ ကျော်ကို မဲဆောက်က အလုပ်သမား ကာကွယ်ရေး ရုံးတရုံးက တနေ့လုပ်အားခ ဘတ် ၂၂၆ ဘတ် ပေးဖို့အတွက် ဆုံးဖြတ် ပေးလိုက်တာကြောင့် ဇွန်လ ၉ ရက်နေ့မှာ အလုပ် ပြန်ဝင်ကြတော့မှာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့လက စပြီး ဆန္ဒပြ တောင်းဆိုခဲ့တဲ့ M Apparel ကုမ္ပဏီ အထည်ချုပ်စက်ရုံက မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေဟာ ဆာဝါရီကန်လို့ ခေါ်တဲ့ အလုပ်သမား ကာကွယ်ရေးရုံးကနေ ဆုံးဖြတ်ပေးလိုက်တဲ့ အတွက် တနေ့လုပ်အားခ ၇၅ ဘတ်ကနေ ၂၂၆ ဘတ်အထိ ရရှိသွားပြီဖြစ်လို့ လာမယ့် ဇွန်လ ၉ ရက်နေ့မှာ အလုပ် ပြန်ဆင်းတော့မှာပါ။ အလုပ်သမား တဦး ပြောပြတာကတော့ -

Read More...

သမ္မတ လင်ကွန်း လုပ်ကြံခံရချိန် ကိုယ်တွေ့ ဆေးမှတ်တမ်း တွေ့ရှိ

07 ဇွန် 2012

လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ အမေရိကန်သမ္မတ အီဘရာဟဲမ် လင်ကွန်း (Abraham Lincoln) ပြဇတ်ရုံမှာ သေနတ် ပစ်ခံရပြီးချိန် ပထမဆုံးသူ့ကို ကုသခဲ့တဲ့ ဆရာဝန်ရဲ့ဆေးမှတ်တမ်းကို ၀ါရှင်တန် အမျိုးသား မော်ကွန်းတိုက်မှာ သမိုင်းပညာရှင်တွေ ပြန်တွေ့ခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၄၇ ကြာထဲက မှတ်တမ်း တင် သိမ်းဆည်းထားတဲ့ ဆေးမှတ်တမ်းကို ပြီးခဲ့တဲ့ လကမှ ပြန်ပြီး ရှာတွေ့ခဲ့တာဖြစ်ပါတယ်။

ဒီဆေးမှတ်တမ်းအရ ၁၈၆၅ ခုနှစ်တုန်းက ဘယ်လို အရေးပေါ်ကုသမှုမျိုး ရှိခဲ့သလဲ ဆိုတာကို သိနိုင်ခဲ့ပါတယ်။ ၁၈၆၅ ခုနှစ် ဧပြီလ ၁၄ ရက်နေ့တုန်းက ၀ါရှင် တန် မြို့တော်မှာရှိတဲ့ Ford’s ပြဇတ်ရုံမှာ သမ္မတ လင်ကွန်း ပြဇတ် ကြည့်နေချိန်မှာ သူနဲ့ မလှမ်းမကမ်းမှာ စစ်ဆရာဝန် Charles Leale ရှိနေခဲ့ပါတယ်။

Read More...

ကျပ်တသောင်းတန် ငွေစက္ကူ ထုတ်မည်

07 ဇွန် 2012
သင်းသီရိ

မြန်မာနိုင်ငံမှာ ကျပ်တစ်သောင်းတန် ငွေစက္ကူ သစ်တွေကို လာမယ့် ဇွန်လ ၁၅ ၇က်နေ့မှာ စတင်ထုတ်ဝေ သုံးစွဲတော့မှာ ဖြစ်ပါတယ်။ အခုလို ငွေစက္ကူသစ် ထုတ်ဝေတဲ့အတွက် ငွေကြေး ဖောင်းပွလာမှုတွေ ဖြစ်လာနိုင်မလား ဆိုတဲ့ စိုးရိမ်ချက်တွေ ရှိနေပေမဲ့ ဗဟိုဘဏ် တာဝန်ရှိသူကတော့ နိုင်ငံမှာ ငွေကြေး ဖောင်းပွ မှုတွေ ဖြစ်မလာအောင် ထိန်းသိမ်း ဖြန့်ချိသွားမှာ ဖြစ်တယ်လို့ ဗွီအိုအေ မြန်မာပိုင်းကိုပြောပါတယ်။ အပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြ ပေးထားပါတယ်။

မြန်မာနိုင်ငံမှာ တန်ဖိုးအကြီးဆုံး ငွေစက္ကူအဖြစ် ကျပ်တစ်သောင်းတန်တွေကို လာမယ့် ဇွန်လ ၁၅ ရက် သောကြာနေ့မှာ စတင် ဖြန့်ချိ သုံးစွဲတော့မှာ ဖြစ်ပါ တယ်။ အခု တစ်သောင်းတန် ငွေစက္ကူတွေကို ဗဟိုဘဏ် ငွေကြေးဌာနတွေနဲ့ ဘဏ်တွေမှာရော၊ အစိုးရငွေတိုက်ကပါ စတင် သုံးစွဲတော့မှာ ဖြစ်တယ်လို့ ဗဟိုဘဏ် ဒုတိယဥက္ကဌ ဦးအေးသော်က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

Read More...

အကြမ်းဖက် သတ်ဖြတ်မှု စုံစမ်းရေးကော်မရှင် လူအများကြိုဆို

07 ဇွန် 2012
ကိုကျော်ကျော်သိန်း

ရခိုင်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းက ဖြစ်ခဲ့တဲ့ အကြမ်းဖက် ဖြစ်ရပ်တွေကို စုံစမ်းစစ်ဆေးဖို့ ဆိုပြီး အဖွဲ့တဖွဲ့ကို ပြည်ထောင်စုအစိုးရက ဖွဲ့စည်းလိုက်ပါတယ်။ အစိုးရရဲ့ ဒီလုပ်ရပ်ကို ရခိုင် လူမှုအဖွဲ့အစည်း၊ အစ္စလာမ်ဘာသာရေး အဖွဲ့အစည်းတွေနဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေက ကြိုဆိုကြပါ တယ်။ စုံစမ်းရေးအဖွဲ့ အနေနဲ့ အခုဖြစ်ရပ်တွေတင် မဟုတ်ဘဲ ရခိုင်ပြည်နယ်မှာ နေထိုင်ကြသူတွေအကြား သဟဇာတရှိစွာ နေထိုင်နိုင်မယ့် အခြေအနေ တ ရပ်ကို ဖန်တီးနိုင်ရေး အစိုးရကို အကြံပြုပေးနိုင်ရင် ပိုကောင်းမယ်ဆိုတဲ့ သဘောထားမျိုးလည်း ရှိပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြ ထားပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ရဲအရာရှိကြီးတွေ၊ အုပ်ချုပ် ရေးမှူးတွေ၊ ဥပဒေ အရာရှိတွေ စသည် အားဖြင့် ၁၆ ဦးပါ စုံစမ်းရေးအဖွဲ့ကို ပြည်ထောင်စု အစိုးရက ဇွန်လ ၆ ရက်နေ့မှာ ဖွဲ့စည်း လိုက်တာပါ။ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးနဲ့ ဥပဒေစိုးမိုးရေးကို ထိခိုက် ပျက်ပြားစေတဲ့ လူစုလူဝေးနဲ့ အုပ်စုဖွဲ့ပြီး ဥပဒေမဲ့ ပြုမူဆောင်ရွက်မှုတွေ၊ မင်းမဲ့စရိုက် ဆန်ဆန် လူအုပ်စုဖွဲ့ ရိုက်နှက် သတ်ဖြတ်မှု တွေ ဖြစ်ခဲ့တဲ့အပေါ် ဖြစ်ရပ်မှန် ဖော်ထုတ် နိုင်ရေးနဲ့ ဥပဒေနဲ့အညီ အရေးယူနိုင်ရေး တို့အတွက် ဆိုပြီး စုံစမ်းရေးအဖွဲ့ ဖွဲ့စည်း တာဝန်ပေးလိုက်တယ်လို့ ကြေညာ ချက် မှာ ဖော်ပြထားပါတယ်။

Read More...

အကြမ်းဖက်သမားများ ပါကစ္စတန်ကိုင်တွယ်မှု အမေရိကန်စိတ်ပျက်

07 ဇွန် 2012

အာဖဂန်မှာရောက်ရှိနေတဲ့ အမေရိကန်တပ်ဖွဲ့တွေကို တိုက်ခိုက်နေတဲ့စစ်သွေးကြွတွေကို ပါကစ္စတန်နိုင်ငံ အနေနဲ့ အရေးယူဖို့ တိုက်တွန်း လိုက်ပြီး အမေရိ ကန်ရဲ့ သည်းခံနိုင်မှု အတိုင်းအတာ နောက်ဆုံး အဆင့် ကိုရောက်နေပြီလို့ အမေရိကန်ကာကွယ်ရေး ၀န်ကြီး Leon Panetta ကပြောဆို လိုက်ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးလ်မြို့ကိုရောက်ရှိနေတဲ့ ၀န်ကြီး Panetta က ညွန့်ပေါင်းတပ်ဖွဲ့တွေကို တိုက်ခိုက်နေတဲ့ အယ်လ်ခိုင်းဒါးနဲ့ ဆက်နွယ်နေတဲ့ Haqqani ကွန်ယက်လို အကြမ်းဖက်အဖွဲ့တွေဟာ ပါကစ္စတန်နိုင်ငံမှာ ကွန်းခိုနေကြတာ ကြောင့် စိုးရိမ်မကင်းဖြစ်ရတာတွေ တိုးလာတယ်လို့ ပြောဆိုလိုက် တာပါ။ အဲဒီ Haqqani အကြမ်းဖက်အဖွဲ့ဟာ ပါကစ္စတန် နိုင်ငံ ၀ါဇီရီစတန်မြောက်ပိုင်း တောင်တန်းဒေသမှာ အခြေစိုက်ကြတယ်လို့ ယူဆရပါတယ်။

Read More...

ဆီးရီးယား ကုလစောင့်ကြည့်အရေးအဖွဲ့ ပစ်ခတ်ခံရ

07 ဇွန် 2012

ဆီးရီးယားနိုင်ငံမှာ နောက်ထပ်အစုလိုက်အပြုံလိုက် အသတ်ခံရတဲ့နေရာကို သွားရောက်စစ်ဆေးတဲ့ လက်နက်မဲ့ ကုလသမဂ္ဂ အကဲခတ်အဖွဲ့ဝင်တွေ အပစ်ခံရပြီး အဲဒီနေရာကို သွားလို့မရအောင် ပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂကပြောဆိုလိုက်ပါတယ်။

ဟာမာခရိုင် အလယ်ပိုင်း မာဇရတ်အယ်လ်ကူဘဲရွာမှာ ဖြစ်ပွားတဲ့ သတ်ဖြတ်မှုကို စစ်ဆေးဖို့သွားရောက်တဲ့ ကုလ အကဲခတ် အဖွဲ့ဝင်တွေကို အဲဒီနေရာ ၀င်လို့မ ရအောင် လက်နက်ငယ်နဲ့ အပစ်ခံခဲ့ရတယ်လို့ ကုလ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကပြောပါတယ်။

Read More...

လွိုင်ကော်မြို့တွင် အစိုးရနှင့် ဒုတိယအကြိမ် တွေ့ဆုံရန် KNPP ခရီးစဉ်စတင်

7 June 2012
စောခါးစူးညား

မြန်မာအစိုးရနှင့် ဒုတိယအကြိမ် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရန် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP ငြိမ်းချမ်းရေးကော်မတီ ကိုယ်စားလှယ်အဖွဲ့သည် ၎င်းတို့ အခြေစိုက်ရာ ထိုင်း-နယ်စပ်တနေရာမှ ယနေ့မနက် ၆နာရီတွင် ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော် မြို့သို့ စတင် ထွက်ခွာပြီဖြစ်သည်။

KNPP အတွင်းရေးမှူး(၁) ခူဦးရယ်ဦးဆောင်သည့် အဆိုပါ ကိုယ်စားလှယ်အဖွဲ့သည် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီထူး အပါအ၀င် KNPP ဗဟိုကော်မတီဝင် ၅ဦးလိုက် ပါသွားပြီး ဇွန်လ ၉ရက်နေ့တွင် လွိုင်ကော်မြို့၌ အစိုးရ ကိုယ်စားလှယ်နှင့် တွေ့ဆုံကြမည်ဖြစ်သည်ဟု KNPP ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်အောင်မြတ်က ကေအိုင်စီ သို့ ပြောသည်။

Read More...

မဲဆောက်မြို့ရှိ အထည်ချုပ်စက်ရုံတစ်ရုံမှ အလုပ်သမားများ လစာအပြည့်အ၀ရရှိ

7 June 2012
နန်းသူးလေ

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲဆောက်မြို့အနီး မယ်ပကျေးရွာ ဘန့်ဆောင်ခွဲရပ်ကွက်ရှိ M APPAREL CO. LTD အထည်ချုပ်စက်ရုံမှ မြန်မာအလုပ်သမားများ သည် လစာအပြည့်အ၀ရရှိရေး ဆန္ဒပြတောင်းဆိုမှုကို ထိုင်းအလုပ်ရှင်က တနေ့တာ လုပ်အားခ ထိုင်းငွေ ၂၂၆ဘတ်ပေးရန် ဇွန်လ ၅ရက် နေ့တွင် သဘော တူညီလိုက် သည်ဟု သိရသည်။

အဆိုပါ အထည်ချုပ်စက်ရုံမှ အလုပ်သမားများသည် တစ်လလျှင် လုပ်အားခ ၆၀ဘတ်မှ ၉၀ဘတ်အထိသာ ရရှိသကဲ့သို့ လစာများကို လကုန်ပြီး နောက်လ အလယ်မှသာ အလုပ်ရှင်က ထုတ်ပေးခဲ့သဖြင့် မကျေမနပ်ဖြစ်ကာ ပြီးခဲ့သည့် မေလ ၁၂ရက်နေ့မှစ၍ ဆန္ဒပြတောင်း ဆိုပြီးနောက် ယခုလို သဘောတူညီမှု ရရှိလာခြင်း ဖြစ်သည်။

Read More...

ရွှေတွင်းလုပ်သားများ ဆက်လက်ဆန္ဒပြ

2012-06-07

ရမည်းသင်းခရိုင် မိုးထိမိုးမိ တောင်တ၀ိုက်မှာ အလုပ်လက်မဲ့ဖြစ်နေကြတဲ့ အသေးစား ရွှေတွင်းကုမ္ပဏီတွေ၊ ရွှေတွင်းလုပ်သားတွေနဲ့ သက်ဆိုင်ရာမိသားစုဝင် စုစုပေါင်း တစ်သိန်းနီးပါးဟာ ဒီကနေ့ ဆက်လက်ဆန္ဒပြနေကြပါတယ်။

တစ်ချိန်တည်းမှာလည်း ရွှေတွင်းအလုပ်သမား ကိုယ်စားလှယ်တွေဟာ လုပ်ငန်းခွင်တခုလုံးကို အပိုင်သိမ်းလိုက်တဲ့ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီ က အုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ သူတို့ တောင်းဆိုချက်တွေကို လိုက်လျောပေးဖို့ ညှိနှိုင်းနေဆဲလို့ ရွှေတွင်းအလုပ်သမားတွေက ပြောပါတယ်။

Read More...

ရခိုင်ဒေသ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ ဖွဲ့စည်း

ခင်ဦးသာ
June 7, 2012

ရခိုင်ဒေသ၌ ပဋိပက္ခများ ထပ်မံမဖြစ်ပွားရေး အတွက် ဘာသာပေါင်းစုံ ပါဝင်သည့် ငြိမ်းချမ်းရေး အဖွဲ့အား ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ဦးဆောင်ဖွဲ့စည်းလိုက် ကြောင်း သိရသည်။

ထိုအဖွဲ့၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ဒေသခံ ရပ်မိ ရပ်ဖများနှင့် အစ္စလမ်ဘာဝင် ရပ်မိရပ်ဖများ စသည်တို့ပါ ၀င်ပြီး စုစုပေါင်း လူ ၄၀ ဖြင့် ငြိမ်းချမ်း ရေးနှင့်တည်ငြိမ်ရေး အဖွဲ့တဖွဲ့ကို စစ်တွေမြို့၌ ယမန်နေ့က ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ရခိုင်ဒေသတွင်း နေထိုင်ကြသည့် ရခိုင်လူမျိုးများ၊ ရခိုင်မျိုးနွယ်စုများနှင့် အစ္စလမ်ဘာသာဝင်များ အားလုံးငြိမ်းချမ်းစွာ နေထိုင် သွားလာနိုင်ရေး၊ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများ မဖြစ်ပွားရေး စသည်တို့အား ထိန်းသိမ်းသွားရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့ စည်းခဲ့ခြင်း ဖြစ်ကြောင်း ပြည်နယ် အစိုးရအဖွဲ့မှ ၀န်ကြီး ဦးအောင် သန်းတင်က ပြောဆိုသည်ဟု နိရဉ္စရာ သတင်းဌာန၌ ရေးသားထားသည်။

Read More...

ခမောက်ကြီး၌ ရေကြီး၊ လူ ၇၀၀ ကျော် ရေဘေးသင့်

ကျော်ခ
June 7, 2012

တနင်္သာရီတိုင်း ကော့သောင်း ခရိုင် ခမောက်ကြီး မြို့နယ်တွင်းက ပါချန်မြစ် ရေလျှံမှုကြောင့် မြစ်ကြောင်း တလျှောက်ရှိ ကျေးရွာ ၆ ရွာ ရေနစ်မြုပ်မှု ဖြစ်ပွား ခဲ့ပြီး လူဦးရေ ၇၀၀ ကျော်မှာ အိုးအိမ် စွန့်ခွာ တိမ်းရှောင်နေ ကြရကြောင်း ရွာခံများက ပြောသည်။

တပတ်ကျော်ကြာ မိုးဆက်တိုက် ရွာသွန်းခဲ့ပြီးနောက် ပါချန်မြစ်ရေသည် ယခုလ ၄ ရက်နေ့မှ စတင်ကာ မြစ်ကမ်းစပ် တလျှောက်ရှိ ကျေးရွာ ၆ ရွာအနက်မှ ဖုတ်သုတ်၊ အေးချမ်းသာနှင့် ဆိတ်ဖူး ကျေးရွာများမှာ ရွာလုံးကျွတ် နီးပါး ရေမြုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Read More...

အလုပ်သမားများဘဝ လုံးဝ ပြောင်းလဲသွားစေရမည်ဟု ဝန်ကြီး အာမခံ

နန်းဆိုင်နွမ်
June 7, 2012

မြန်မာနိုင်ငံရှိ အလုပ်သမားများ ဘ၀ လာမည့် ၂ နှစ်အတွင်း လုံးဝပြောင်းလဲစေရန် အာမခံသည်ဟု အလုပ်သမား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင် ကြည်က ပြောလိုက်သည်။

မြန်မာနိုင်ငံရှိ အလုပ်သမားများ၏ လက်ရှိ ရှင်သန်နေထိုင်ရသည့် အခက်အခဲများကို သိရှိကြောင်းနှင့် လက်ရှိပြဌာန်းထားသည့် အလုပ်သမားများ အခွင့် အရေး ဆိုင်ရာ ဥပဒေများသည်လည်း ခေတ်မမီတော့ဘဲ လိုအပ်ချက်များ ရှိနေကြောင်းနှင့် အလုပ်သမားများဘ၀ တိုးတက်ရန် လုပ်ဆောင်နေ ကြောင်းကို ဇွန် ၃ ရက် နေ့က ရန်ကုန်တွင် ကျင်းပသည့် CMP (လက်ခစား) လုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးနှင့် စိန်ခေါ်မှုများဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲအပြီး ၈၈ မျိုး ဆက် ကျောင်း သားခေါင်းဆောင် ကိုကိုကြီးနှင့် သတင်းထောက်များအား ၀န်ကြီးက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

Read More...

အင်းစိန်ထောင် ၀မ်းပျက် ဝမ်းလျှော ဖြစ်နေ

ဇာနည်မာန်
June 7, 2012

ရန်ကုန်မြို့ရှိ အင်းစိန်ထောင်တွင်း၌ အကျဉ်းသားများ ၀မ်းပျက် ဝမ်းလျှော ဖြစ်ပွားမှုကြောင့် ပြင်ပဆေးရုံများသို့ပါ ပို့ဆောင်၍ ဆေး ကုသမှု ပြုလုပ်နေရ ကြောင်း သတင်းရရှိသည်။

ထောင်တွင်း အစား အသောက်များ မသန့်ရှင်း မှုကြောင့် အဆောင် ၅ နှင့် ၆ တွင် ဝမ်းပျက်မှုများ ပြီးခဲ့သည့် အပတ်အတွင်း စတင်ဖြစ် ပွားခဲ့ပြီးနောက် အခြား အဆောင်များပါ ဆက်လက် ဖြစ်ပွား၍ သေဆုံးမှုပင် ရှိခဲ့ကြောင်း ထောင်နှင့် နီးစပ်သူများက ပြောသည်။

Read More...

ဗကသ တရားဝင် မှတ်ပုံတင်ရန် သတိပေးခံရ

June 7, 2012

ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ခေါင်းဆောင် ၉ ဦးကို ရန်ကုန်တိုင်း ဒေသကြီး အုပ်ချုပ်ရေးမှူးက ခေါ်တွေ့ပြီး တရားဝင် အဖွဲ့ အစည်းအဖြစ် မှတ်ပုံတင်ရန် အသိပေးခဲ့ကြောင်း ဗကသ အဖွဲ့ ခေါင်းဆောင် တဦးဖြစ်သည့် မဖြိုးဖြိုးအောင်က ပြောသည်။

ဗကသ အဖွဲ့ချုပ်သည် တရားဝင် မှတ်ပုံတင်ထားခြင်း မရှိသောကြောင့် အထက်က ညွှန်ကြားချက်ဖြင့် ယခုကဲ့သို့ ခေါင်းဆောင်များကို ခေါ်ယူတွေ့ဆုံရခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အုပ်ချုပ်ရေးမှူး ဒေါက်တာသန်းအောင်က ပြောဆိုပြီး မှတ်ပုံတင်ရန် နည်းဥပဒေ များကိုလည်း ရှင်းပြခဲ့ကြောင်း သိရ သည်။

Read More...

ငွေစက္ကူ ကျပ် ၁၀,၀၀၀ တန် ထုတ်ပြီ၊ မကြာမီ ဖြန့်ချိမည်

ဇွန်လ ၀၇ ရက် ၂၀၁၂ ခုနှစ်


Read More...

၂၉ ထပ် ဆီဒိုးနားဟိုတယ် ဆောက်မည်

ဝေစန္ဒာ
ဇွန်လ ၀၇ ရက် ၂၀၁၂ ခုနှစ်

ဆီဒိုးနား ဟိုတယ်ပိုင်ရှင်များက ၂၉ ထပ်ရှိ အဆင့်မြင့် ဟိုတယ် တခု ရန်ကုန်မြို့တွင် ဆောက်လုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

ရန်ကုန်၊ မန္တလေး ဆီဒိုးနား ဟိုတယ်များကို ပိုင်ဆိုင်သော Capple ကုမ္ပဏီ လုပ်ငန်းစုမှ မြန်မာ့ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းတွင် အထပ် ၂၉ ထပ်မှာ ဟိုတယ် တာဝါတခုကို ဆောက်လုပ်ရန် တင်ပြထားကြောင်း ဟိုတယ် လုပ်ငန်းရှင်များအသင်းမှ သိရသည်။

အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းမှာ ခန့်မှန်းခြေ အမေရိကန် ဒေါ်လာ သန်း ၈၀ ကုန်ကျနိုင်မည်ဖြစ်ပြီး မြန်မာ့နိုင်ငံ တွင် အမြင့်ဆုံး ဟိုတယ်တာဝါ ဖြစ်လာမည် ဖြစ်သည်။

Read More...

စာနယ်ဇင်း ကောင်စီအတွက် ကိုယ်စားလှယ် စေလွှတ်ရန် MJN ဆိုင်းငံ့ထား

ဟင်္သာနီ (မွန်မြေ)
ဇွန်လ ၀၇ ရက် ၂၀၁၂ ခုနှစ်

မြန်မာနိုင်ငံ ယာယီ စာနယ်ဇင်း ကောင်စီ ဖွဲ့စည်းနိုင်ရေးအတွက် တောင်းဆို ထားသည့် ၎င်းတို့ကိုယ်စားလှယ်များ စေလွှတ်ပေးရေး ကိစ္စအား ဆိုင်းငံ့ထားဦး မည်ဟု မြန်မာ့ဂျာနယ်လစ်ကွန်ယက် MJN က ဆိုသည်။

MJN ၏ ကောင်စီဖွဲ့စည်းရေး အကြံပြုချက်များ အပေါ် ပြန်ကြားရေး ဝန်ကြီးဌာနမှ တရားဝင် အကြောင်းပြန်ကြားခြင်း မရှိသေးသဖြင့် ၎င်းတို့ကိုယ်စားလှယ် စေလွှတ်ပေးရန် ခေတ္တဆိုင်းငံထားသေးကြောင်း MJN ပြန်ကြားရေး အဖွဲ့ဝင် တဦး ဖြစ်သည့် 7 Day ဂျာနယ် သတင်းထောက် ဥက္ကာကိုကို က ပြောသည်။

“ဇွန်လ ၄ ရက်နေ့တုန်းက ကျနော်တို့ ကိုယ်စားလှယ်တွေ စေလွှတ်ပေးဖို့ ပြန်ကြားရေးက တောင်းလာတယ်။ ကျနော် တို့ရဲ့ အကြံပြုချက်တွေကို အကြောင်း မပြန်သေးသမျှတော့ ကိုယ်စားလှယ် စေလွှတ်ဖို့ အဆင်သင့် မဖြစ်သေးဘူး ဆိုပြီး ပြန်ကြားရေးကို ဒီနေ့ အကြောင်းပြန်စာ ပေးပို့ခဲ့ပါတယ်” ဟု မဇ္ဈိမကို ပြော သည်။

Read More...

ဆန္ဒပြပွဲများကြောင့် သမ္မတကြီး ထိုင်းခရီးစဉ်ဖျက်ရ ဟုဆို

ဇွန်လ ၀၇ ရက်

သမ္မတ ဦးသိန်းစိန် အနေဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပခဲ့သည့် အရှေ့ အာရှရေးရာ ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်ရန် ခရီးစဉ်အား ရွှေ့ဆိုင်း လိုက်ရခြင်းမှာ ထိုရက်ပိုင်းအတွင်း ဖြစ်ပွားနေသည့် အလုပ်သမား အခွင့်အရေး၊ လျှပ်စစ်မီး အလုံအလောက် ရရှိရေး ဆန္ဒပြပွဲများအား အေးချမ်းစွာ ဖြေရှင်းပေး နိုင်ရန် အတွက် ဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

“ဆန္ဒဖော်ထုတ်မှုများကို အေးချမ်းစွာ ဖြေရှင်းပေးရန် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အာဏာပိုင်များ၏ ဆောင်ရွက်နေမှု များကို အနီးကပ် ကြီးကြပ် လမ်းညွှန်မှု ပေး နိုင်ရန်အတွက် ပြည်တွင်း၌ ရှိနေရန် လိုအပ်သဖြင့် ခရီးစဉ်ကို ရွှေ့ဆိုင်း ရခြင်း ဖြစ်ပါကြောင်း” နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် က ဇွန်လ ၅ ရက်နေ့က ထိုင်းနိုင်ငံခြားရေးဝန်ကြီးအား တယ်လီဖုန်းဖြင့် ဖြေကြားအကြောင်းပြန်ခဲ့သည်ဟု ဇွန်လ ၇ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

Read More...

ရဲ ရိုက်နှက်စစ်ဆေးမှုကြောင့် အပြစ်မဲ့သူတဦး အာရုံကြော ထိခိုက်သွား

ကွန်းချမ်း
ဇွန်လ ၀၇ ရက် ၂၀၁၂ ခုနှစ်

ရဲ၏ ရိုက်နှက် စစ်ဆေးမှု ဒဏ်ချက်များကြောင့် မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၊ ကမာမိုးရွာသား ကိုသက်ပိုင်စိုး အား ဆေးရုံတင် ကုသထားရသည်မှာ ရက် ၂၀ ပြည့်ပြီ ဖြစ်သော်လည်း အာရုံကြော များ ထိခိုက်မှုကြောင့် ကိုယ်လက်အင်္ဂါများ လှုပ်ရှား၍ မရတော့ကြောင်း မိသားစုဝင်နှင့် ကူညီဆောင်ရွက်ပေးနေ သူများက ပြောသည်။

ရိုက်နှက်စစ်ဆေးစဉ်တွင် ဦးခေါင်းနှင့် ကြမ်းပြင် ဆောင့်မိခြင်းကြောင့် အာရုံကြောများ ထိခိုက်ကာ ပခုံးဆစ်နှင့် လက်နှစ်ဖက်မှာ လှုပ်ရှား၍ မရတော့ကြောင်း၊ ပေါင်ကြားမှ ဒဏ်ရာများလည်း ကောင်းစွာ မကျက်သေးကြောင်း ကူညီ ဆောင်ရွက်ပေးနေသည့် ချောင်းဆုံမြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦး က ပြောသည်။

Read More...

ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း ပွင့်လင်းမှု မရှိဟု စစ်တမ်းဆို

ဖနိဒါ
ဇွန်လ ၀၇ ရက် ၂၀၁၂ ခုနှစ်

ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် ပြောင်းရွှေ့ခံရမည့် ဒေသခံများအား လျော်ကြေး များ ပေးရာတွင် ပွင့်လင်းမရှိကြောင်း ထားဝယ် ဖွံ့ဖြိုး တိုးတက် ရေးအဖွဲ့ DDA က ပြောဆိုလိုက်သည်။

“ထားဝယ် အထူးစီးပွားရေးဇုန် ဒေသခံများ၏ နားလည်သဘောပေါက်မှု” (Local People’s Understandings of the Dawei Special Economic Zone) အမည်ရ သုတေသန စစ်တမ်းမှ ရရှိချက်များကို ရန်ကုန်မြို့တွင် DDA က သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“အဓိက မြေယာကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြောတယ်။ တချို့နေရာမှာ လျော်ကြေး မပေးတာတွေ ရှိတယ်။ အဓိကတော့ ပွင်းလင်းမြင်သာမှု မရှိဘူး ဒီပရော ဂျက်က။ ဘယ်အချိန်မှာ ဘယ်သူ့ကို လျော်ကြေး ဘယ်လောက် ပေးတယ် ဆိုတာ သေသေချာချာ မပြောဘူး” ဟု DDA ရန်ကုန်မြို့ ညွန်ကြားရေးမှူး ကိုဘို ဘိုအောင် က မဇ္ဈိမကို ပြောသည်။

Read More...

လွတ်လပ်သမဂ္ဂများ ပေါ်ပေါက်ရေး ILO မှာ FTUB ဆွေးနွေးမည်

နေမျိုး
ဇွန်လ ၀၇ ရက် ၂၀၁၂ ခုနှစ်

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ကျင်းပလျက်ရှိသည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် ILO ညီလာခံတွင် မြန်မာနိုင်ငံတွင်း လွတ်လပ်သော အလုပ် သမားသမဂ္ဂများ ပေါ်ပေါက်ရေးအတွက် တင်ပြဆွေးနွေးမည်ဟု မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ FTUB အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင် က ပြောသည်။

မြန်မာနိုင်ငံတွင် လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းမှု၊ အလုပ်သမားသမဂ္ဂများ ပေါ်ထွက်လာစေရေးနှင့် အလုပ်သမား ဥပဒေ ပြဋ္ဌာန်းလာစေရေး အတွက် ILO အစည်းအဝေးများတွင် နှစ်စဉ်တင်ပြလျက်ရှိသည်။

Read More...

Thursday, June 7, 2012

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတွေ့အကြုံဆွေးနွေးပွဲ KWAG ပြုလုပ်ခဲ့

7 June 2012--

ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုင်ရာ အတွေ့အကြုံ ဆွေးနွေးပွဲကို ကရင်အမျိုးသမီးများလှုပ်ရှားမှုအဖွဲ့(KWAG) မှ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ် M3 Food Center တွင် ဇွန်လ ၂ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

၎င်းဆွေးနွေးပွဲသို့ ၈၈မျိုးဆက်ကျောင်းသားများ၊ နိုင်ငံရေးပါတီများ၊ ဘာသာရေးအဖွဲ့များ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ လူထုအခြေပြု အဖွဲ့-CBO များ၊ LNGO များ တက်ရောက်ခဲ့ကြပြီး KWAG စီမံခန့်ခွဲရေး ဒါရိုက်တာ နော်စူစဲနာလှလှစိုးက KNU ငြိမ်းချမ်းရေးဖြစ်စဉ်များနှင့် သူမတို့အဖွဲ့၏ လုပ်ငန်းစဉ် အတွေ့အကြုံ၊ အခက်အခဲများကို တင်ပြဆွေးနွေးခဲ့သည်။

Read More...

ဘုရားသုံးဆူမြို့တွင် မြို့တွင်းစီးနိုင်သည့် ဆိုင်ကယ်မှတ်ပုံတင် ပြုလုပ်ပေးနေ

6 June 2012--
စောခါးစူးညား

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့တွင် လိုင်စင်မရှိသော ဆိုင်ကယ်ကို မြို့အတွင်း စီးနိုင်ရန်အတွက် ရပ်ကွက် အုပ်ချုပ်ရေးမှူးက ဆိုင် ကယ်မှတ်ပုံတင် ပြုလုပ်ပေးလျှက်ရှိသည်ဟု သိရသည်။

ရပ်ကွက်ပေါင်း ၄ခုရှိသည့် ဘုရားသုံးဆူမြို့ရှိ လိုင်စင်မဲ့ ဆိုင်ကယ်များ ယာဉ်တိုက်မှုဖြစ်ပွားသည့်အခါ အလွယ်တကူ ဖြေရှင်းနိုင်စေရန် ရည်ရွယ်၍ ယခု ဇွန်လ ၁ရက်နေ့မှစတင်ကာ ယခုလို ဆိုင်ကယ်မှတ်ပုံတင် ပြုလုပ်ပေးနေခြင်းဖြစ်ကြောင်း ဘုရားသုံးဆူမြို့၊ ရပ်ကွက်(၃) ဥက္ကဌ ဦးအေးကိုက ကေအိုင်စီသို့ ပြော သည်။

Read More...

ထိုင်းအစိုးရနှင့် ရွှေ့ပြောင်းအလုပ် သမားကူညီရေးအဖွဲ့ အလုပ်သမား အခွင့်အရေးဆိုင်ရာ ဆွေးနွေးခဲ့

6 June 2012--
နန်းသူးလေ (ကေအိုင်စီ)

ထိုင်းနိုင်ငံ၏ အလုပ်သမားအခွင့်အရေး ဥပဒေကို မြန်မာရွေ့ပြောင်းအလုပ်သမားများသိရှိလာရန် ရည်ရွယ်၍ မဲဆောက်အခြေစိုက် ထိုင်း အလုပ်သမား ကာကွယ်ရေးဦးစီးဌာနနှင့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအရေး ဆောင်ရွက်ပေးနေသည့်အဖွဲ့များ ယနေ့ တွေ့ဆုံဆွေး နွေးခဲ့ကြသည်။

ယနေ့ နံနက် ၉နာရီမှ နေ့လည် ၁နာရီအထိ မဲဆောက်မြို့ရှိ SP စားသောက်ဆိုင်တွင် ထိုင်းအလုပ်သမား ကာကွယ်ရေးဦးစီးဌာနမှ ကိုယ်စားလှယ် ၄ဦးနှင့် NGOs ၊ CBOs အဖွဲ့ ၁၂ဖွဲ့မှ ကိုယ်စားလှယ် ၂၀ဦးတို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်ဟု ရောင်ခြည်ဦးမြန်မာ အလုပ်သမားအရေးဆောင်ရွက်နေသည့် အဖွဲ့၏ ဥပဒေရေးရာတာဝန်ခံ ကိုထွေးနိုင်က ပြောသည်။

Read More...

နိုင်ငံတ၀န်း လျှပ်စစ်မီး အချိန်ပြည့်ပေးနေပြီဟု အစိုးရထုတ်ပြန်

ကျော်ခ
June 6, 2012

မြန်မာ တနိုင်ငံလုံးကို လျှပ်စစ်မီး ၂၄ နာရီဖြန့်ဖြူးပေးနေပြီ ဖြစ်ကြောင်း အမှတ် (၂) လျှပ်စစ် စွမ်းအား ဝန်ကြီးဌာနက ဇွန်လ ၄ ရက် နေ့တွင် တရားဝင် ထုတ်ပြန် ကြေညာလိုက်သည်။

ရန်ကုန်တိုင်းနှင့် မန္တလေးခရိုင်ရှိမြို့တွင်းမြို့နယ်များအား ယခုလ ၂ ရက်နေ့က စ၍ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေလျက် ရှိသကဲ့သို့ ကျန်ပြည်နယ်နှင့် တိုင်းများ အားလုံးကိုလည်း ယခုလ ၅ ရက်နေ့ မှစတင်ကာ လျှပ်စစ် ဓာတ်အား ၂၄ နာရီအပြည့် ဖြန့်ဖြူးပေးနေကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။

“၂၃၀ ကေဗီ ရွှေလီ-မန်စံ မဟာဓာတ်အားလိုင်း ပြတ်သွားတယ်ဆိုတာ အရင် ဌာနက ထုတ်ပြန်ထားတယ်လေ။ အဲဒါကြောင့်မို့ ဓာတ်အား ပြတ်တာပါ။ အခု အဲဒါတွေကလည်း ပြန်ရလာပြီး ဓာတ်အားစနစ်မှာလည်း ဓာတ်အား ထုတ်လုပ်နိုင်မှု တိုးတက် လာ တယ်၊ အဲဒါကြောင့်မို့ အခုလိုပြန်ပေးနိုင်တာပါ”ဟု ရန်ကုန် တိုင်း အမှတ် (၂) လျှပ်စစ် စွမ်းအား ဝန်ကြီးဌာန တာဝန်ရှိသူ ဦးကျော်ဌေးမြင့် က ဧရာဝတီသို့ ပြောသည်။

Read More...

“မွတ်ဆလင်ကုလား” ဟူသော စာသားပြင်ဖတ်ရန် ပြန်ကြားရေးဝန်ကြီးဌာန မေတ္တာရပ်ခံ

မေရီကို
June 6, 2012

နိုင်ငံပိုင်ရုပ်သံ မီဒီယာနှင့် သတင်းစာများတွင် ဖော်ပြခဲ့သည့် “မွတ်စလင် ကုလား” ဟူသော အသုံးအနှုန်းအစား “ပြည်တွင်းနေ အစ္စလမ်ဘာသာ ကိုးကွယ် သူများ” ဟုပြင်ဆင်ဖတ်ရှုရန် မေတ္တာရပ်ခံချက်ကို ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် တွေ့ရသည်။

အလားတူ ပြင်ဆင်ချက်ကို ပြန်ကြားရေးဝန်ကြီးဌာနက ၎င်း၏ အင်တာနက် ဝက်ဘ်ဆိုက် စာမျက်နှာတွင် ယမန်နေ့ ညနေကပင် တရားဝင် ဖော်ပြထားသည်။

စစ်တွေမြို့ ရဲစခန်းအား ဖျက်ဆီးမှု၊ သံတွဲမှ ရန်ကုန်သွားသည့် ရိုးမ သစ္စာ ခရီးသည်တင် မှန်လုံယာဉ်ပေါ်မှ လူ ၁၀ ဦး အသတ်ခံရမှု၊ သပြောင်ချောင် ကျေးရွာမှ အမျိုး သမီးတဦးအား လူသုံးဦးက အဓမ္မပြုကျင့်ပြီး ဓားဖြင့် ထိုးသတ်ကာ ရွှေထည် ပစ္စည်းများ ယူဆောင်မှုတို့၌ ပြစ်မှု ကျူးလွန် သူများကို ထိရောက်သော ပြစ်ဒဏ် ချမှတ်နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း ယမန်နေ့ထုတ် သတင်းစာများ၌ ရေးသားသော်လည်း ရိုးမသစ္စာ ယာဉ်ပေါ်၌ လိုက် ပါလာ သူများအား သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍မူ “မွတ်စလင်ကုလား ၁၀ ဦး အသတ်ခံရ” ဟု သုံးနှုန်းထားသည်ကို တွေ့ရသည်။

Read More...

ဓာတ်ငွေ့ပိုက်လိုင်းကြောင့် တောင်သူများ အလုပ်လက်မဲ့ဖြစ်

ခင်ဦးသာ
June 7, 2012

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် တရုတ်နိုင်ငံသို့ သွယ်တန်းဖောက်လုပ်နေသည့် ရေနံ နှင့် ဓာတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်းရာ အနီးရှိ လယ်မြေများအား ယခု နှစ်တွင် စိုက်ပျိုး လုပ်ကိုင်နိုင်ခြင်း မရှိတော့ကြောင်း ဒေသခံ လယ်သမားတို့က ပြောသည်။

အငြင်းပွားဖွယ် ပိုက်လိုင်းတည်ဆောက်ရေးစီမံကိန်းကြောင့် လယ်ဧက ရာနှင့်ချီ မြေဖို့ခံထားရသည်ဟု သိရသည်။

“ပိုက်လိုင်းဘေးမှာ စုပုံထားတဲ့ မြေပုံကြီးက လယ်ကွက်ထဲကို မိုးရေတွေနဲ့အတူ ပြိုကျသွားတော့ လယ်ကွက်က ထွန်စရာမြေ မရှိတော့ဘူး၊ ကုမ္ပဏီကို ပြောတော့ လည်း သူတို့ တာဝန် မယူနိုင်ဘူးပဲ ပြောတယ်” ဟု ပျားတဲကျေးရွာမှ လယ်သမားတဦးက ပြောသည်။

ကပ်သပြေ၊ စစ်တော၊ မလာကျွန်း၊ ပျားတဲ စသည့် ကျေးရွာများမှ လယ်သမား ၇၀ ၀န်းကျင်၏ လယ်မြေများ မြေဖို့ခံလိုက်ရခြင်းဖြစ်သည်ဟု ဆိုသည်။

Read More...

အပေါ်သို့