5 June 2012
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ နို့ဖောထီးနှင့် ထီးကဆောမဲကျေးရွာအကြားတွင် ဒေသခံလူထုပိုင် မြေ များအတွင်း နယ်ခြားစောင့်တပ်-BGF အမှတ်(၁၀၁၃) တပ်ရင်းအတွက် တပ်နေရာတည်ဆောက်ရန် ထိုဒေသရှိ မြန်မာအစိုးရတပ်ကညွှန်ကြားမှုများ ပြု လုပ်ထားသည်ဟု သတင်းရရှိသည်။
မြန်မာအစိုးရတပ်မ(၄၄)၊ နည်းဗျူဟာ(၄၄၂)တပ်ရင်းကို ဦးဆောင်သည့် ဗျူဟာမှူး ဗိုလ်မှူးကြီးတင့်ထွန်းက အမှတ်(၁၀၁၃)တပ်ရင်းအား အဆိုပါလုပ်ငန်းနှင့် ပတ် သက်၍ စတင် အကောင်အထည်ဖော်ရန် မေလ အစောပိုင်းတွင် ညွှန်ကြားထားခြင်းဖြစ်သည်။
လက်ရှိအခြေအနေအရ အဆိုပါဒေသရှိ ဒေသခံများ ပိုင်ဆိုင်ရာ ရာဘာခြံ၊ ဥယျာဉ်ခြံ၊ လယ်ကွင်းနှင့် သင်္ချိုံင်း အပါအ၀င် မြေ ၇၅ဧကအ တွင်း ဂရိတ်ဟိန်းကုမ္ပဏီ ကို ငှားရမ်းကာ ပြီးခဲ့သည့် မေလ ၂၀ရက်ကတည်းက ချုံရှင်းလင်းမှုများ စတင် လုပ်ဆောင်နေပြီဖြစ်သည်ဟု ဒေသခံများက ပြောဆိုနေကြသည်။
သို့သော် အဆိုပါမြေများကို မြန်မာစစ်တပ်က ဒေသခံများထံ မြန်မာငွေကျပ်တန်ဖိုး မည်မျှပေး၍ ၀ယ်ယူမည်ကို မသိရသေးသော်လည်း လျော့ဈေးဖြင့် ၀ယ်ယူ မည်ဖြစ်ပြီး မရောင်းပါက အလကား သိမ်းယူမည်ဟုလည်း BGF က ခြိမ်းခြောက်ပြောဆိုထားကြောင်း သိရသည်။
နယ်ခြားစောင့်တပ်-BGF (၁၀၁၃)တပ်ရင်းသည် ဗိုလ်မှူးစောလှကြိုင် ဦးဆောင်သည့် တပ်ရင်းတစ်ရင်းဖြစ်ပြီး ၎င်းတို့အနေဖြင့် မိမိတို့တပ် နေရာကို တည် ဆောက် ပေးမည့် ဂရိတ်ဟိန်းကုမ္ပဏီအတွက် လုံခြုံရေး ယူပေးရမည်ဟုလည်း သိရသည်။
Ref: ကေအိုင်စီ
Tuesday, June 5, 2012
လူထုပိုင်မြေအတွင်း BGF တပ်နေရာထူထောင်ရန် မြန်မာ အစိုးရတပ် ညွှန်ကြား
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment