Saturday, May 29, 2010

မြောက်ကိုရီးယား နျူကလီးယား နည်းပညာ တင်ပို့မှု အမေရိကန် စိုးရိမ်

သောကြာ, 28 မေ 2010

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို မြောက်ကိုရီးယား အစိုးရက လိုက်နာမှုရှိမရှိ စောင့်ကြည့်တဲ့ အဖွဲ့က - မြောက်ကိုရီးယား နိုင်ငံဟာ နျူကလီးယားနဲ့ ဒုံးလက်နက်ဆိုင်ရာ နည်းပညာနဲ့ ပစ္စည်းတွေကို မြန်မာနိုင်ငံ အပါအ၀င် မူမမှန်တဲ့ နိုင်ငံတွေကို ဖြန့်ဖြူးနေတယ်လို့ အစီရင်ခံစာ ထုတ်ပြန်လိုက်ချိန်မှာပဲ အခု ကိစ္စအတွက် စိုးရိမ်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနကလည်း သောင်္ကြာနေ့မှာ ပြောဆို လိုက်ပါတယ်။ အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံ အပါအ၀င် ဒေသတွင်းမှာ အန္တရာယ် ဖြစ်စေမယ့် လုပ်ရပ်တွေကို စောင့်ကြည့်သွားမှာ ဖြစ်ပြီး သင့်လျော်တဲ့ ခြေလှမ်းနဲ့ အရေးယူမှုတွေ လုပ်သွားမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ အပြည့်စုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

မြောက်ကိုရီးယား နိုင်ငံဟာ တရားဝင်ဖြစ်အောင် ဟန်ပြလုပ်ထားတဲ့ ကုမ္ပဏီတွေနဲ့ နိုင်ငံခြားက ရာဇ၀တ်မှု ကွန်ယက်တွေကို အသုံးချပြီး မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံတချို့ကို နျူကလီးယားနဲ့ ဒုံးလက်နက်ဆိုင်ရာ နည်းပညာနဲ့ ပစ္စည်းအကူအညီတွေ ပေးနေတယ်လို့ အစီရင်ခံစာ ထွက်ပေါ် လာခဲ့တာနဲ့ ပတ်သက်ပြီး ဒီလို ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် (၁၈၇၄) ကို ချိုးဖောက်နေတဲ့ မြန်မာနိုင်ငံလို နိုင်ငံတွေ ရှိနေတဲ့အတွက် အမေရိကန်နိုင်ငံက စိုးရိမ်မကင်း ဖြစ်မိကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ ပီဂျေ ခရောလေး (P.J. Crowley) က အခုလို ပြောပါတယ်။

Read More...

နေ့စဉ်သတင်းများ (၂၈ - ၅ - ၁၀)

နအဖက တိုက်ခိုက်လာရင် တုန့်ပြန်ဖို့ အသင့်ရှိကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ပြောကြား သတင်း
စစ်မှန်သည့် ပြည်ထောင်စု ထူထောင်ရန် လက်နက်ကိုင်အဖွဲ့ (၅) ဖွဲ့ သဘောတူ သတင်း
လုပ်ကြံမှုဖြင့် စွဲချက်တင်ခံရသူ ကိုးကန့် (၆) ဦး ထောင် ၅ နှစ်စီကျ သတင်း
ဖိလစ်ပိုင်သမ္မတအဖြစ် ရွေးချယ်ခံရသူထံ အန်အယ်လ်ဒီ သ၀ဏ်လွှာပေးပို့ သတင်း
ဦးတင်ဦးနေအိမ်မှာ ကျင်းပတဲ့ ၁၉၉၀ ရွေးကောက်ပွဲ အနှစ် (၂၀) ပြည့် အခမ်းအနား သတင်း
ဝါရင့်ခေါင်းဆောင် (၃) ဦး မွန်ပြည်သစ်မှထွက် သတင်း
မြန်မာနိုင်ငံဖိနှိပ်မှု အမေရိကန်အထက်လွှတ်တော်အမတ်များ ဝေဖန်ရှုတ်ချ သတင်း
မြောက်ကိုရီးယား နျူကလီးယား နည်းပညာ မြန်မာတင်ပို့မှု အမေရိကန် စိုးရိမ် သတင်း
ဝ နယ်မြေ အခြေအနေမှန် ဒေသခံတွေကို လိုက်လံရှင်းလင်း သတင်း
တရုတ်-မြန်မာ ဆက်ဆံရေး သတင်း
တရုတ်က မြန်မာစစ်အစိုးရကို ဖိအားပေးရန် ဒီမိုကရေစီအင်အားစုများ တောင်းဆို သတင်း
NDF ပါတီ မှတ်ပုံတင် လျှောက်ထား သတင်း
ထိုင်းနယ်စပ်ရောက် မွန်ဒုက္ခသည်အချို့ လာရင်းနေရပ်ကို ပြန် သတင်း
မိုးရာသီအ၀င် ရန်ကုန်လမ်းမများ ရေကြီးနေပြန်ပြီ သတင်း
ထက်ထက်မိုးဦးကို တရားစွဲထားသည့်အမှုကို တရားရုံးက တရားလိုဘက် ကြားနာ သတင်း
ဘိန်းဘုရင်နှင့် ဆက်စပ်သော Transocean ကုမ္ပဏီ မြန်မာ့ရေပြင်တွင် ရေနံတူးနေ သတင်း
အမေရိကန်လွှတ်တော်အမတ်များ စစ်အစိုးရကို ဝေဖန်ပြစ်တင် သတင်း
စစ်အာဏာပိုင် အသိုင်းအဝန်းတို့ ဂိုဏ်းဖွဲ့၍ လိုင်စင်မဲ့ကားများ တင်သွင်းနေ သတင်း
၉၀ ရွေးကောက်ပွဲ အနှစ် (၂၀) မြောက်နေ့တွင် “အန်အယ်လ်ဒီ၏ မိတ်ဆွေများ” (Friends of the NLD) ကွန်ယက် စတင်ကြောင်း ထုတ်ပြန် သတင်း
ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံပေါင်း လမ်းလျှောက်ဆုတောင်းပွဲ လုပ်မည် သတင်း
မြစ်ဆုံရေကာတာစီမံကိန်းအတွက် ကျေးရွာသားများ စတင်ပြောင်းရွှေ့ သတင်း
ဆန်ကုန်သည်အသင်း ဥက္ကဋ္ဌဟောင်း စစ်ဆေးခံရ သတင်း
မင်္ဂလာဈေး မီးလောင်မှု ဆိုင်ခန်းရှင်များကို ငွေချေးမည် သတင်း
သက်တမ်းတိုးရန် ဆေးမစစ်ရသေးသည့် မြန်မာအလုပ်သမားများ စိုးရိမ် သတင်း
ဖြတ်သန်းမှု - ၂၊ အဖွားမေ (ဆောင်းပါး)
ရေ (ဆောင်းပါး)
ဆိပ်ဖလူး ဗေဒ (ဆောင်းပါး)

Friday, May 28, 2010

၁၉၄၇ ရွေးကောက် ပွဲနှင့် မြန်မာ့ နိုင်ငံရေး


May 28, 2010

မြန်မာ့ လွတ်လပ်ရေး အတွက် အရေးပါသော အောင်ဆန်း - အက်တလီ စာချုပ်ကို ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက် နေ့တွင် လက်မှတ် ရေးထိုးနိုင် သကဲ့သို့ တောင်တန်း ပြည်မ တစ်ပေါင်းတည်း လွတ်လပ်ရေး ရစေမည့် ပင်လုံ စာချုပ်ကို ရှမ်းပြည် တောင်ပိုင်း ပင်လုံတွင် ကျင်းပသော ပင်လုံ ညီလာခံကြီး ၌ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် လက်မှတ် ရေးထိုး နိုင်ခဲ့သည်။ ယင်း အောင်မြင်မှုများကို အဓိက ဆောင်ရွက် သည်မှာ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ဖ.ဆ.ပ.(ဖက်ဆစ် ဆန့်ကျင်ရေး နှင့် ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်) ဖြစ်ပေရာ ထိုအချိန်တွင်အခြား တည်ရှိနေသော နိုင်ငံရေး ပါတီများထက် ဖ.ဆ.ပ.လ မှာ များစွာ ပေါ်လွင် ထင်ရှားသည်။

ထို့ကြောင့်ပင် လွတ်လပ်ရေး ရပြီး နောက်ပိုင်း ၁၉၄၇ ခုနှစ် ဧပြီလ ၉ ရက် နေ့တွင် အောင်ဆန်း အက်တလီ စာချုပ် အရ တိုင်းပြု ပြည်ပြု လွှတ်တော် အတွက် ရွေးကောက်ပွဲကို ကျင်းပခဲ့ရာ ယင်း ရွေးကောက်ပွဲ တွင် ဖ.ဆ.ပ.လ က စည်းရုံးရေး သြဇာကြီးကြောင်း တွေ့ရသည်။ ရွေးကောက်ပွဲကို ဖ.ဆ.ပ.လ က တစ်နှစ် အတွင်း လွတ်လပ်ရေး ရရမည် ဆိုသော ကြွေးကြော် သံဖြင့် ရွေးကောက်ပွဲ ဝင်သကဲ့သို့ အဓိက အတိုက် အခံ ပါတီ ဖြစ်သော ဗမာပြည် ကွန်မြူနစ် ပါတီက အောင်ဆန်း အက်တလီ စာချုပ်ကို ရှုတ်ချသည့် အဆုံးသတ် အာဏာ သိမ်းပွဲ အတွက် ဖ.ဆ.ပ.လ - ကွန်မြူနစ် ညီညွတ်ကြ ဟူသော ကြွေးကြော် သံဖြင့် ရွေးကောက်ပွဲ ဝင်ခဲ့ကြသည်။

Read More...

နေ့စဉ်သတင်းများ (၂၇ - ၅ - ၁၀)

NLD တရားဝင် ရပ်တည်မှုကို စစ်အစိုးရဖျက်လို့ မပျက်နိုင် သတင်း
ရွေးကောက်ပွဲ ရေရှည် အပြောင်းအလဲအတွက် လမ်းပွင့်နိုင်ဟု ICG သုံးသပ် သတင်း
အာဏာမလွှဲခြင်းကြောင့် တပ်မတော်သမိုင်း အကျည်းတန် သတင်း
ထက်ထက်မိုးဦးအမှု တရားရုံး ကြားနာ သတင်း
၂၀၁၀ ရွေးကောက်ပွဲ ကမ္ဘာလုံးဆိုင်ရာ ကန့်ကွက်မှု ပြုလုပ် သတင်း
၁၉၉၀ ရွေးကောက်ပွဲ နှစ်ပတ်လည် ကျင်းပ သတင်း
ဓနုတ် စေတီ ပြန်လည် ပြုပြင်၊ ဗိုလ်ချုပ်မှူးကြီးမိသားစု မလှူဒါန်းဟု ဆို သတင်း
ပူးတွဲ စစ်ဆင်နွဲရန် လက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ သဘောတူ သတင်း
ပြည်သူ့ရွေးကောက်ပွဲ ရွှေ့ပြောင်းလုပ်သားများ မဲပေး သတင်း
၂၀၁၀ ရွေးကောက်ပွဲကို မြန်မာနိုင်ငံသားများ ကန့်ကွက်မဲ စတင်ပေး သတင်း
ပထမပြန် စာမေးပွဲမေးခွန်း ပေါက်ကြားမှု ဒု-ဦးစီးမှူးတဦးအား စစ်ဆေး သတင်း
စံပြ အိမ်ရာစီမံကိန်းကြောင့် အိမ်ပူးမိသားစုများ ဒုက္ခရောက် သတင်း
၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို RCSS အသိအမှတ်ပြုထောက်ခံ သတင်း
တရုတ်ဝန်ကြီးချုပ် မြန်မာ့နိုင်ငံရေးကိစ္စ ဇောင်းပေး ပြောကြားဖွယ်ရှိ သတင်း
အမေရိကန်ရဲ့ အစိမ်းရောင်ကတ် အမှန်တကယ် စိမ်းပြီ သတင်း
NLDက ရွေးကောက်ပွဲ နှစ်ပတ်လည်နေ့ အခမ်းအနားကို ရုံး ပြင်ပတွင် ကျင်းပ (ဓါတ်ပုံသတင်း)
ကိုယ်ကျိုးရှာ တိုင်းရင်းသားနိုင်ငံရေးသမားများ စာရင်း ပြည်တွင်းတိုင်းရင်းသားကွန်ယက်တခုက ထုတ်ပြန် သတင်း
မြန်မာစစ်အစိုးရ၏ နူကလီးယားစက်ရုံများအတွက် သီးခြားလျှပ်စစ်လိုင်း တည်ဆောက် သတင်း
ထိုင်းဝန်ကြီးချုပ်ဟောင်းကို ဖမ်းဆီးဖို့ Interpol အဖွဲ့ဝင်နိုင်ငံတွေကို တောင်းဆို သတင်း
ကျောက်ရုပ်မျက်နှာ (ဆောင်းပါး)
၃ ကြိမ်လွတ်ခဲ့ပြီးမှ ၂ ခါ စီရင်ချက် ချခံရသူ (ဆောင်းပါး)

Thursday, May 27, 2010

၁၉၉၀ ရွေးကောက်ပွဲ နှစ်၂၀ ကြာ ဒီမိုကရေစီ ကင်းမဲ့ဆဲ HRW ဝေဖန်

ကျော်အောင်လွင် ဗုဒ္ဓဟူး, 26 မေ 2010

ဒီကနေ့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ၁၉၉၀ခုနှစ် ရွေးကောက်ပွဲမှာ မဲ အပြတ်အသတ်နဲ့ အနိုင်ရခဲ့တာ အနှစ် (၂၀) ပြည့်တဲ့နှစ် ဖြစ်ပါတယ်။ မြန်မာ စစ်အစိုးရကတော့ တိုင်းပြည်ရဲ့  အာဏာကို ဆုပ်ကိုင်ထားတာ နည်းနည်းပါးပါးမှ လျှော့မယ့်ပုံ မပြသေးဘူးလို့ Human Rights Watch လို့ခေါ်တဲ့ လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့ က မနေ့က ပြောလိုက်ပါတယ်။

ဒီနှစ်အတွင်း ရွေးကောက်ပွဲတွေ ကျင်းပမယ်ဆိုတာဟာ နှစ်ပေါင်း(၂၀) အတွင်း ပထမဆုံးအကြိမ် အဖြစ် မြန်မာပြည်မှာ ရွေးကောက်ပွဲတွေ လုပ်မှာဖြစ်ပြီး အရပ်ဝတ် အရပ်စားတွေ ပြောင်းပြီး စစ်တပ်ကပဲ အုပ်ချုပ်မယ့် ပုံပဲလို့လည်း Human Rights Watch အဖွဲ့က ပြောပါတယ်။

၁၉၉၀ ရွေးကောက်ပွဲမှာတုန်းက တိုင်းပြည်ရဲ့  အာဏာကို စစ်တပ်လက်ထဲမှာ မရှိစေချင်ဘူးဆိုတဲ့ မြန်မာပြည်သူတွေရဲ့  သဘောထားကို ရှင်းရှင်းလင်းလင်း ပြသခဲ့ကြပြီးပြီလို့ Human Rights Watch အဖွဲ့ရဲ့  အာရှရေးရာ လက်ထောက် ညွန်ကြားရေးမှုး (Elaine Pearson) က ပြောဆိုပါတယ်။

NLD ပါတီကတော့ စစ်အစိုးရက ကျင်းပပေးမယ့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေဟာ တရားမျှတမှု မရှိဘူးဆိုပြီး ရွေးကောက်ပွဲကို ၀င်ပြိုင်ဖို့ ငြင်းပယ်ခဲ့ပါတယ်။ လက်ရှိ ဥပဒေတွေအရ NLD ဟာ နိုင်ငံရေးပါတီအဖြစ်က ပျက်ပြယ်သွားခဲ့ပါပြီ။

Ref: VOA News

နေ့စဉ်သတင်းများ (၂၆ - ၅ - ၁၀)

အာဏာရူးကြီးသန်းရွှေ ကဗျာရေးသားသူ ကဗျာဆရာ စောဝေ ထောင်က လွတ်ပြီ သတင်း
တိုင်းရင်းသားအဖွဲ့ (၅) ဖွဲ့ စစ်ရေးအရ ပူးပေါင်းရန် သဘောတူ သတင်း
၉၀ ရွေးကောက်ပွဲ နှစ် (၂၀) ပြည့် အထိမ်းအမှတ်ပွဲ အဖွဲ့ချုပ်ဝင်များ ကျင်းပမည် သတင်း
ဂျင်မ်ဝက်ဘ်ခရီးစဉ်အပေါ် အတိုက်အခံတွေ မျှော်လင့်ချက်မထား သတင်း
မြန်မာနိုင်ငံကို အထူးကိုယ်စားလှယ် စေလွှတ်ရန် အီးယူက မျှော်လင့် သတင်း
ဝါရှင်တန်မှာလုပ်သည့် မြန်မာ့အရေးဆွေးနွေးပွဲ သတင်း
တိုင်းရင်းသားပေါင်းစုံ အစည်းအဝေး သတင်း
မန္တလေး-မြစ်ကြီးနား ရထားလမ်းမှာ မိုင်းများ တွေ့ သတင်း
နိုင်ငံရေးအကျဉ်းသားမိသားစု ထောက်ပံ့ရေးအစီအစဉ် ပုံမှန်ပြန်လုပ် သတင်း
ဗုံးခွဲမယ်ဆိုပြီး ခြိမ်းခြောက်ငွေတောင်းသူ ဖမ်းမိ သတင်း
စစ်ဘေးတိမ်းရှောင် ရွာသားများ ဌာနေသို့ ပြန်လေပြီ သတင်း
မြန်မာနိုင်ငံမှ လျှပ်စစ် မီဂါဝပ် (၇၀၀) ဘင်္ဂလာဒေခ်ျ့ ၀ယ်ယူမည် သတင်း
နာဂစ်မုန်တိုင်းသင့်ကျောင်းများ အချိန်မီ မပြီး၍ အလှူရှင်များ စိတ်ပျက် သတင်း
ရွှေတူးလုပ်ငန်းကြောင့် လယ်ကွင်း (၈၅) ကွင်း ပျက်စီး သတင်း
ဆန်စပါး ဈေးတက်၊ နှစ်လုံးထီ လောင်းကစား ပြန်စနေ သတင်း
မီးလောင်မှုကြောင့် ဆုံးရှုံးမှုကြီးမားပြီး အလုပ်သမားများ အလုပ်လက်မဲ့ဖြစ် သတင်း
ထက်ထက်မိုးဦးကို တရားစွဲဆိုသည့်အမှု လက်ခံသင့် လက်မခံသင့် တရားရုံးတွင် ကြားနာ သတင်း
ထက်ထက်မိုးဦးရဲ့ ရုပ်ပုံ၊ စာသားများကို ဂျာနယ်၊ မဂ္ဂဇင်းများတွင် ထည့်သွင်းခြင်းမပြုရန် ဆုံးဖြတ်ကြ သတင်း
အပစ်ရပ် SSA တပ်မဟာ (၁) အား ပြည်သူ့စစ်မလုပ်ရန် ပလောင်အမျိုးသားများ တောင်းဆို သတင်း
တရုတ်နယ်စပ်တွင် သံဃာတုများ တွေ့ရ သတင်း
USDP မက်လုံးပေး စည်းရုံး သတင်း
မင်္ဂလာဈေး မီးလောင်ရာတွင် ဆိုင်ခန်းပေါင်း (၈၀၀) ကျော် မီးထဲပါသွား သတင်း
မိုးစပါးအထွက်တိုးစေရန် ချေးငွေနှစ်ဆ ထုတ်ပေး သတင်း
ကိုရီးယားသင်္ဘောနှစ်မြှုပ်မှု ကမ္ဘာက တုန့်ပြန်သင့် သတင်း
ရှပ်နီဆန္ဒပြပွဲတွင် ပါဝင်သည့် နိုင်ငံခြားသားနှစ်ဦး အဖမ်းခံရ သတင်း
ခွပ်ဒေါင်းအလံ (ဆောင်းပါး)
အရေးကြီးပြီး သွေးနီးပေါင်းစည်းရမယ့် အချိန် (ဆောင်းပါး)
ကျွန်ုပ်တို့အတွက် မနက်ဖြန် (ဆောင်းပါး)

Wednesday, May 26, 2010

အထက်လွှတ်တော် အမတ် Jim Webb မြန်မာနိုင်ငံ ထပ်သွားမည်

ဒေါ်လှလှသန်း အင်္ဂါ, 25 မေ 2010

အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ် ၀က်ဘ်ဟာ လာမယ့် မေလ၂၉ ရက်နေ့က စပြီး ဇွန်လ ၆ ရက်နေ့အထိ ကိုရီးယားနဲ့ ထိုင်းနိုင်ငံတွေ အပြင် မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိတယ်လို့ အင်္ဂါနေ့က ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။ သူ့ရဲ့ ခရီးစဉ် အတွင်းမှာ အမေရိကန် သံအရာရှိတွေ၊ မြန်မာအစိုးရ အရာရှိတွေ၊ စစ်ဖက်ဆိုင်ရာ အရာရှိတွေအပြင် စီးပွားရေး ခေါင်းဆောင်တွေ နဲ့လည်း တွေ့ဆုံဖို့ ရှိတယ်လို့လည်း သိရပါတယ်။ အထက်လွှတ်တော် အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဥက္ကဌအနေနဲ့ မြန်မာနိုင်ငံကို အခု သွားရောက် တာဟာ ဒုတိယအကြိမ် ဖြစ်ပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

အထက်လွှတ်တော် အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ နိုင်ငံခြား ဆပ်ကော်မတီ ဥက္ကဌလည်းဖြစ်၊ ဗာဂျီးနီးယား ပြည်နယ်က အထက် လွှတ်တော် အမတ်လည်း ဖြစ်တဲ့ ဂျင်မ် ၀က်ဘ်ဟာ ကိုရီးယား၊ ထိုင်းနဲ့ မြန်မာနိုင်ငံတို့ကို သွားရောက်မယ့် သူ့ရဲ့ ခရီးစဉ်အတွင်း မြန်မာနိုင်ငံကိုတော့ ဇွန်လ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ သွားရောက်ဖို့ရှိပြီး နေပြည်တော်ကို သွားရောက်ဖို့ ရှိတယ်လို့ ခိုင်လုံတဲ့ သတင်းရပ်ကွက် အရ သိရပါတယ်။

Read More...

နေ့စဉ်သတင်းများ (၂၅ - ၅ - ၁၀)

မင်္ဂလာဈေးကို ယာယီဈေး ပြုလုပ်ရန် အစည်းအဝေးပြုလုပ် သတင်း
ရွေးကောက်ပွဲကို သပိတ်မှောက်ရန် အဖွဲ့ (၃) ဖွဲ့ ပူးပေါင်းတိုက်တွန်း သတင်း
မြန်မာသို့ EU ကိုယ်စားလှယ်တဖွဲ့ စေလွှတ်မည် သတင်း
တရုတ်ဝန်ကြီးချုပ် မြန်မာနိုင်ငံကို အလည်အပတ် သွားရောက်နိုင် သတင်း
ဗုံးပေါက်ကွဲမှု၊ နယ်ခြားစောင့်တပ်ကိစ္စ KIO နှင့် စစ်အစိုးရ ဆွေးနွေး သတင်း
မြစ်ဆုံဗုံးကွဲမှုဖြင့် ကချင်များ ဖမ်းဆီးခံနေရ သတင်း
သာသနာရေးဝန်ကြီးဌာန အရာထမ်းများ (၅၃) ချက်ပါ ကိုယ်ရေးမှတ်တမ်းဖြည့်ရ သတင်း
မြို့အ၀င်ဂိတ်ကို ဆိုင်ကယ်စီး လူတစုဗုံးပစ်၊ ရဲတစ်ဦးသေ နှစ်ဦးထိ သတင်း
မိုးကြီး တောင်ပြို၊ သစ်ပင်များလဲ၍ နယ်စပ်ကားလမ်းမ ပိတ်ဆို့ သတင်း
ဟတ်ကြီးရေကာတာ တည်ဆောက်မှု ပြန်လည်သုံးသပ်သင့် သတင်း
(၂၁) နှစ်မြောက် ကေ၀ိုင်အိုနေ့ အခမ်းအနား ကျင်းပပြီးစီး သတင်း
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ပြီ သတင်း
စက်ရုံကြီးတချို့ လာဘ်ထိုးပြီး လျှပ်စစ်မီး သုံးစွဲခွင့်ရ သတင်း
ပုဂ္ဂလိက ကျောင်းဖွင့်ခွင့်များ ပြန်လည်ပိတ်ပင် သတင်း
လယ်သမားများအတွက် ချေးငွေ ယခင်နှစ်ထက် တိုးချေးပေး သတင်း
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် အကြမ်းဖက်သမား သတ်မှတ်ခံရ သတင်း
ဒေါက်တာ ပန်မီလာဂွတ်မင် (Dr. Pamela Gutman)၊ ဒေါက်တာ ဘော့ဟဒ်ဆင်(Dr. Bcb Hudson) တို့နှင့် အင်တာဗျူး
မင်္ဂလာဈေးသူ ဈေးသားများ၏ မငြိမ်းသောမီး (ဆောင်းပါး)
သွေးဆူတတ်သော ကလေးများ (ဆောင်းပါး)
ပင်စင်လစာ (ဆောင်းပါး)
ဟိုက်ဂိတ်သုဿန် (ဆောင်းပါး)

Tuesday, May 25, 2010

အဖေသခင်စိုးမြင့်သို့

မေလ ၅ ရက် ၂၀၁၀


အဖေရေ....
အခုတော့
ရိက္ခာကိုပယ်
သိက္ခာကိုသယ်လို့
အနစ္စနယ်ကိုသွားခဲ့ပြီပေါ့
အဖေ........ မသေခင်ညနေ ရုံးတက်သေးတဲ့အဖေ
ကားမှတ်တိုင်မှာ
ကိုယ့်ကိုယ်ကို မခိုင့်တခိုင်ရပ်
လူကြပ်ကြပ်ဘတ်(စ်)ကားကိုတား
ဥက္ကလာပကိုလားဟေ့...ဟုတ်ကဲ့
လိုက်ခဲ့မယ်---လိုက်ခဲ့တယ်
အိမ်ရှေ့ရောက်ပြီး
သမီးရေ၊ ဇနီးရေ ပြန်ခဲ့ပြီဟေ့ တစ်နေ့တဲ့
(၈၇)နှစ်အဖေ့အတွက်
ထမင်းပျော့ပျော့ ဟင်းပေါ့ပေါ့
ရှိတာနဲ့တော့ ၀အောင်စားသွားခဲ့
ဒီလိုနဲ့ပဲမိုးချုပ်ခဲ့
ဒီလိုနဲ့ပဲ မိုးတွေချုပ်ခဲ့တယ်
ညီအကိုမသိတသိ အချိန်မှာ
ညီအကိုမသိတသိ အသံတွေနဲ့
တရုတ်ပြည်လုပ် ရေဒီယိုနဲ့ အလုပ်တွေရှုပ်
ညဥ့်ဦးယံကုန်လို့ မိုးစုန်းစုန်းချုပ်ပြီ ဆိုတော့
ဗုဒ္ဒရဲ့တရား (၂) နာရီလောက် အားထုတ်နေကျ
အ၀ိဇ္ဖာပစ္စယာ သင်္ခါရ - က ကမ္မဘ၀ဆိုတဲ့
သံသရာချဲ့တဲ့ တရားတွေ ရှုပွားပြီး
တစ်ညတာ တည်းခိုရှာလေရဲ့
နောက်တစ်နေ့ မိုးလင်းတဲ့အခါ
ငယ်ကချစ် အနှစ်တစ်ရာ မမေ့သာတဲ့
ဇနီးရဲ့ ကျန်းမာရေး - ဆေးခန်းပို့ ပေးရအုံးမှာမို့
သမီးချက်တာစား-ကောင်းတာမကောင်းတာထား
ရေချိုး ထမင်းစား နားအုံးမှဆိုပြီး
နိုင်ငံရေးခရီး အဆက်ဆက်
ဗိုလ်ချုပ်အောင်ဆန်း လက်ထက်ကစ
ဒေါ်အောင်ဆန်းစုကြည်လက်ထက် အထိ
စုမိဆောင်းမိခဲ့သမျှ
နားခိုစရာ အပေါစား သစ်သား ကုလားထိုင်ပေါ်မှာ
ထိုင်ရင်းနဲ့ အိပ်
အိပ်ရင်းနဲ့ သေ
အဲဒီလို..........အခြေအနေမျိုးကို
ကမ္ဘာနေလူသားအားလုံးသို့
သတင်းပေးပို့လိုက်ပါသည် ...........ခင်ဗျား............

သခင့်သား ကမာရွတ်

PDC News Commentary - May 2010

PDC News Commentary - May 2010

နေ့စဉ်သတင်းများ (၂၄ - ၅ - ၁၀)

မင်္ဂလာဈေးမီး ညနေအထိ လောင်ကျွမ်း သတင်း
မြန်မာနိုင်ငံ အကြီးဆုံး လက္ကားဈေး မီးလောင်၊ နေ့တ၀က်ကျော် ငြှိမ်းသတ်သော်လည်း မီးမငြိမ်းသေး သတင်း
မေ (၂၄) ရက် နံနက်တွင် မင်္ဂလာတောင်ညွန့်ရှိ မင်္ဂလာဈေးကြီး မီးလောင်သည့် မြင်ကွင်း (ဓာတ်ပုံ) သတင်း
ကရင်အမျိုးသားများ သွေးစည်းကြရန် ဗိုလ်မှူးကြီး နယ်ဒါးမြ ပြောကြား သတင်း
ဝတပ်ဖွဲ့ ဥက္ကဋ္ဌအား ထပ်မံဆွေးနွေးရန် နအဖ ကမ်းလှမ်း သတင်း
နယ်ခြားစောင့်တပ်ကိစ္စ ထပ်မံဆွေးနွေးရန် UWSA ကို စစ်အစိုးရ ကမ်းလှမ်း သတင်း
နယ်ခြားစောင့်တပ် ဆွေးနွေးရေး ၀ တပ် ငြင်းပြန် သတင်း
အပစ်ရပ်မှ တောပြန်ခိုသည့် ဗိုလ်ချုပ်စိုင်းယီ မြောက်ပိုင်း SSA အား သတိပေး သတင်း
‘ဝ မြောက်ဒေသအတွင်း မြို့နယ်၊ တိုက်နယ်အရာရှိများအား ဝ ဗဟိုမူဝါဒများကို ရှင်းပြ သတင်း
လူမှောင်ခို တင်ဆောင်လာသည့်ကား တိမ်းမှောက် (၁၃) ဦးသေ၊ (၁၅) ဦး ဒဏ်ရာရ သတင်း
ကော့သောင်းတွင် သံဃာအတုဟု ယူဆရသူများ ဖမ်းမိ သတင်း
နေထိုင်ခွင့်လွန် အလုပ်သမားများအား မလေးရှားက သက်ညှာခွင့်ပေးမည် သတင်း
အီတူးထာ ဒုက္ခသည်စခန်းအတွက် အကူအညီများ လိုအပ် သတင်း
ထက်ထက်မိုးဦး သတင်းကြောင့် ဂျာနယ် (၂) စောင် အပိတ်ခံရ သတင်း
ပဲဈေး စံချိန်တင်တက် သတင်း
အထူးစုံစမ်းဆေးရေးဌာန တောင်းဆိုချက်ကို တရားရုံးက စစ်ဆေး သတင်း
ဘာသာရေးမှာ အစိုးရ စွက်ဖက်ခွင့်မရှိ (သုံးသပ်ချက်ဆောင်းပါး)

Monday, May 24, 2010

လူထုနဲ့ တသားတည်းဆိုတဲ့ လမ်းပြကြယ်အဖွဲ့က ဦးအေးမြင့်

မေ ၂၃၊ ၂၀၁၀

ဧပြီလလည် မြန်မာနှစ်ဆန်းအပြီးကတည်းက ပဲခူးနယ်တ၀ှမ်းက ရေရှားပါးမှုပြဿနာများကို ပြည်ပက မြန်မာ သတင်းစာမျက်နှာ များနဲ့ ပြည်ပ ရေဒီယိုဌာန အစီအစဉ်များက တဆင့် မြန်မာတို့ ကြားသိ လာကြရပါတယ်။ အဲသည်နောက် ဧပြီလကုန်မှ စတင်ပြီး ပဲခူးမြို့နယ်၊ လမ်းပြကြယ် အဖွဲ့က ဦးအေးမြင့် က ဒေသခံများ၊ စေတနာရှင်များနဲ့ လက်တွဲပြီး ရေပေးလှူခြင်းများကို ၀ိုင်းဝန်း ကူညီ ဆောင်ရွက် လာတာကို တွေ့ရပါတယ်။

မေလမှာတော့ဖြင့် နာရေးကူညီမှုအသင်း (ရန်ကုန်) ကလည်း တတပ်တအား ရေအလှူဒါနလုပ်ငန်းများမှာ ပါဝင် ဆောင်ရွက် လာပါတယ်။ ထို့အတူ အင်န်အယ်ဒီပါတီရဲ့ လူမှု အထောက်အကူ လုပ်ငန်းအဖွဲ့များ၊ လူငယ်များနဲ့ အမျိုးသမီးများကလည်း ရေပေးဝေရေး အလုပ်များကို ၀ိုင်းဝန်းလျက် ရှိတာကို တွေ့ရပါတယ်။

ဒေသခံများနဲ့ အလှူရှင်တွေ၊ စေတနာရှင်တွေ၊ လုပ်အားပေးတွေနဲ့အတူ အမြဲတမ်း တက်တက်ကြွကြွ တွေ့နေရတဲ့ အဖွဲ့ကတော့ ဦးအေးမြင့်နဲ့ လမ်းပြကြယ် အဖွဲ့ ဖြစ်ပါတယ်။ သတင်းမီဒီယာ အဖွဲ့များက ဆက်သွယ် မေးမြန်းတိုင်းမှာလည်း ဦးအေးမြင့်တို့က အချိန်ပေးပြီး ဒေသရဲ့ အခြေအနေတွေ၊ ဆောင်ရွက်ချက်တွေကို အချိန်ယူပြီး အသေးစိတ် ရှင်းပြတဲ့အတွက် နေ့စဉ် သတင်းမီဒီယာနဲ့ ဘလောဂ့် စာမျက်နှာတွေမှာ လှုပ်ရှားမှုတွေကို တွေ့နေ၊ သိနေကြတာကို တွေ့ရပါတယ်။

Read More...

နေ့စဉ်သတင်းများ (၂၃ - ၅ - ၁၀)

တရားမ၀င် မြန်မာအလုပ်သမား (၉) ဦး ကားမှောက်သေဆုံး သတင်း
တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင် မြန်မာပြည်သို့ လာရောက်မည် သတင်း
တရုတ်ဝန်ကြီးချုပ် စေ့စပ်မှုကို ကေအိုင်အေ မျှော်လင့် သတင်း
စစ်အစိုးရ ထိုးစစ်ဆင်မှုများ စုံစမ်းအရေးယူပေးဖို့ KNU တိုက်တွန်း သတင်း
ဒေါ်အောင်ဆန်းစုကြည် အမှာစကားနှင့် ပါတီရပ်တည်ရေးအတွက် ဗဟိုတရားသူကြီးချုပ်အထိ ဆက်တင်မည် သတင်း
ကျောင်းသားခေါင်းဆောင် ကိုဇော်ဇော်မင်း တောင်ငူဆေးရုံ တက်ရောက်ကုသ သတင်း
ကိုဖြိးဝေအောင်အမှု တလကြာအထိ ရှေ့နေပါဝါမရသေး သတင်း
ကုလသမဂ္ဂက မြန်မာပြည်၌ ကလေးစစ်သား သုံးနေဆဲဟု ကြေညာ သတင်း
(၇) ကြိမ်မြောက် ကရင်အမျိုးသားညီညွတ်ရေး နှီးနှောဖလှယ်ပွဲ ကျင်းပပြီးစီး သတင်း
မြင့်မားတဲ့ အပူချိန်နဲ့ ကျန်းမာရေး သတိထားဖွယ်ရာ သတင်း
လူထုနဲ့ တသားတည်းဆိုတဲ့ လမ်းပြကြယ်အဖွဲ့က ဦးအေးမြင့် သတင်း
သြဂုတ်လအထိ ပူပြင်းမည်ဟုဆိုခြင်းသည် အယူအဆ မှားနေခြင်းသာဖြစ် သတင်း
မိုးခေါင်ရေရှား ရာသီဥတုပြဿနာများကို ဘယ်လိုအဖြေရှာနိုင်မလဲ သတင်း
ရာသီဥတု ဆိုးရွားမူကြောင့် ရန်ကုန်-စစ်တွေ လေကြောင်းလိုင်းများ ယာယီရပ်ဆိုင်း သတင်း
ရန်ကုန်-တောင်ကြီး အဝေးပြေးလမ်းမ ယာဉ်ပိတ်ဆို့မှု ဖြစ်ပွားခဲ့ သတင်း
ထိုင်းနိုင်ငံရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရေးသမားတဦးရဲ့ အမြင် သတင်း
ထိုင်းအစိုးရ အပြည်ပြည်ဆိုင်ရာ အထောက်အပံ့တွေရ သတင်း
အိန္ဒိယအစိုးရက မြန်မာစစ်အစိုးရကို ဘူဒိုဇာ လက်ဆောင်ပေး သတင်း
ကြံ့ဖွံ့အသင်းက ငွေနဲ့မက်လုံးပေး မဲဆွယ် သတင်း
ကျောက်ထုတ်လုပ်ငန်းမှ လုံထိန်းတပ်သား (၃၀၀) ကျော်၏ အပိုဆောင်း ထောက်ပံ့ငွေကို အထက်အရာရှိ များ ဖြတ်စား သတင်း
စိတ်ဝင်စားဖွယ် ဖန်တီးထားတဲ့ ကြေးမုံသတင်းစာ ရှေ့မျက်နှာစာပေါ်က ဗိုလ်ချုပ်သန်းရွှေသတင်း သတင်း
အိန္ဒိယနိုင်ငံ လေယာဉ်ပျက်ကျမှု (၁၅၆) ဦး သေဆုံး သတင်း

Sunday, May 23, 2010

ကျောက်ထုတ် လုပ်ငန်းမှ လုံထိန်း တပ်သား ၃၀၀ ကျော်၏ အပိုဆောင် ထောက်ပံ့ငွေကို အထက် အရာရှိများ ဖြတ်စား

5/23/2010

မြန်မာ နိုင်ငံ အနောက်ဘက် နယ်စပ် ကျောက်ထုတ် လုပ်ငန်းများတွင် လုပ်ကိုင်နေရသော လုံထိန်းတပ်သား ၃၀၀ ကျော်အား ပေးသော အပိုဆောင်း ထောက်ပံ့ငွေများကို ရဲတပ်ရင်း အရာရှိများက ဖြတ်စား နေကြောင်း လုံထိန်း တပ်သားများက ပေးပို့စာတွင် ဖေါ်ပြထားသည်။

အဆိုပါ စာထဲတွင် ကျောက်ထုတ် လုပ်ငန်းများတွင် အလုပ် လုပ်ကိုင် နေသော ဘူးသီးတောင်နှင့် မောင်တော အခြေစိုက် ရဲတပ်ရင်း (၂) နှင့် (၃)မှ လုံထိန်း တပ်သားများအား ရှေ့တန်း ရိက္ခာ အစုံငွေ ခေါင်းစဉ်ဖြင့် တရက်ကို ကျပ်ငွေ ၅၀၀ စီ ထောက်ပံ့ ပေးသော်လည်း အဆိုပါ ငွေများကို တပ်ရင်း ရဲအရာရှိများက ဖြတ်စားနေကြောင်း ဖေါ်ပြသည်။

ဖြတ်စားနေပုံကို ဖေါ်ပြရာတွင် လုံထိန်း တပ်သား တဦး အနေဖြင့် တလကို ကျပ်ငွေ ၁၅၀၀၀ ထိ ရရှိရမည် ဖြစ်သော်လည်း တပ်ရင်း အရာရှိများက တလကို ကျပ်ငွေ ၉၀၀၀ သာပေးပြီး ကျန် ၆၀၀၀ ကို သူတို့၏ ကိုယ်ကျိုး အတွက် ဖြတ်စားနေခြင်း ဖြစ်ကြောင်း ဖေါ်ပြသည်။

လုံထိန်းတပ်သားများမှာ နံနက် ၈ နာရီ မှ စတင်ပြီး ညနေ ၅ နာရီထိ ပူပြင်းသော နေရောင်အောက်တွင် အလုပ် လုပ်ကိုင် နေကြရသော်လည်း သူတို့ လုပ်ခကို အပြည့်မရသဖြင့် အထူး ထိခိုက် ခံစားနေကြရကြောင်း ဖေါ်ပြသည်။

ယခုကဲ့သို့ ငွေကိုဖြတ်စားနေသူမှာ အမှတ် ၂ လုံထိန်းတပ်ရင်းမှ ရဲမှူးကြီး ငြိမ်းဆွေ၊ တပ်ရေး ဗိုလ်ကြီးနှင့် တပ်ရင်း ငွေစာရင်းဌာနမှ ဖြစ်ကြောင်း သူ၏ စာတွင် ဖေါ်ပြသည်။

Read More...

နေ့စဉ်သတင်းများ (၂၂ - ၅ - ၁၀)

မြန်မာအပါအ၀င် ကလေးစစ်သားသုံးတဲ့ နိုင်ငံတွေကို အရေးယူဖို့ ကုလတောင်းဆို သတင်း
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်၌ ရယကလူကြီး အများအပြား နှုတ်ထွက် သတင်း
သုံးခွမြို့နယ် ရယကတွေ ထွက်စာတင်ပေမယ့် ထွက်ခွင့်မရ သတင်း
အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးစိုးမြင့် ဈာပနပြုလုပ် သတင်း
အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်၊ ရန်ကုန်တိုင်းစည်း - ဥက္ကဋ္ဌ၊ ဦးစိုးမြင့် ဈာပနမြင်ကွင်း သတင်း
ဒေါ်အောင်ဆန်းစုကြည် အယူခံကိစ္စ ရှေ့နေကိုယ်တိုင် နေပြည်တော်သွားမည် သတင်း
NLD လူမှုလုပ်ငန်းများ ဒေါ်အောင်ဆန်းစုကြည် ကျေနပ်အားရ သတင်း
ဝေါမြို့နယ်မှာ ကိုယ်ထူကိုယ်ထ ရေတွင်း၊ အ၀ီစိတွင်းတွေ တူးဖော် သတင်း
ခရမ်းမြို့နယ်မှာ ရေကန်တူးဖော်ဖို့ အာဏာပိုင်တွေ မတရား ငွေကောက်ခံ သတင်း
ဂရုဏာလက် လူမှုအကျိုးပြုလူငယ်များ ရေအလှူ သတင်း
မိုးရွာ လမ်းပျက်၊ ရေလှူသူများ အခက်အခဲဖြစ် သတင်း
ပဲခူး - ကမာခနိမ်ကျေးရွာတွင် တူးဖော်နေသည့် ရေတွင်းအုတ်စီမှု ပြီးစီးသလောက်ရှိ သတင်း
ရခိုင်နိုင်ငံရေးပါတီတခုမှ စည်းရုံးရေးကော်မတီဝင် ကရင်တိုင်းရင်းသူ မရွှေယမင်းနှင့် တွေ့ဆုံခန်း သတင်း
မေလ ပဉ္စမပတ် နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ လှုပ်ရှားမှုများ၊ ရေကုသိုလ်ခရီးတွင် အကုသိုလ်သမား များကို ရင်ဆိုင်ကျော်လွှား၊ ဆံသဒါနနဲ့ ပညာဒါနလုပ်ငန်းများ သတင်း
ဝါရင့်နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ ဦးစီးသူ သခင်သိန်းဖေ မွေးနေ့ကျင်းပ သတင်း
ငွေကြေးတတ်နိုင်သူများ ပုဂ္ဂလိကကျောင်း တက်မည် သတင်း
မြန်မာအမျိုးသမီးများ နိုင်ငံခြားသားနှင့် လက်မထပ်ရ သတင်း
"မဖြစ်မနေမို့လို့ တုံ့ပြန်လိုက်ရတယ်" (ထက်ထက်မိုးဦး အင်တာဗျူး)
သပြေညို ရွှေဘိုပန်းရယ်နဲ့ လှမ်းကြစို့လေး (ဆောင်းပါး)
ရက်ကန်းသံတွေ ညံစီနေတဲ့ မြို့ကလေး သို့မဟုတ် အိုက်ဇော (ဆောင်းပါး)
အိတ်ခ်ျအိုင်ဗီနဲ့ အခွင့်အရေးယူရောဂါ (ဆောင်းပါး)
မေမေသို့ (ဆောင်းပါး)

အပေါ်သို့