Friday, October 17, 2008

အန်အယ်လ်ဒီ လူငယ် တရာကျော်နှုတ်ထွက်

ကိုသက် | အောက်တိုဘာ ၁၆၊ ၂၀၀၈

အန်အယ်လ်ဒီ ပါတီ ဥက္ကဌ ဦးအောင်ရွှေ စိတ်တိုင်းကျ ဖွဲ့စည်းလိုက်သည့် လူငယ်အဖွဲ့သစ်ကို သဘောမတူကြသဖြင့် ရန်ကုန် တိုင်းမှ လူငယ် တရာကျော်မှာ ပါတီမှ ယနေ့ နှုတ်ထွက်ကြကြောင်း သိရသည်။
အန်အယ်လ်ဒီပါတီက လူငယ်အဖွဲ့ ပြန်လည်ဖွဲ့စည်းကြောင်းကို လူငယ်တာဝန်ခံများအမည်၊ လူငယ်အကြံပေး ပုဂ္ဂိုလ်များ၏ အမည်နှင့်တကွ ဥက္ကဌ ဦးအောင်ရွှေလက်မှတ်ဖြင့် ကြေညာချက်တစောင်ကို ယမန်နေ့က ထုတ်ပြန်ခဲ့သည်။

Read More...

Monday, October 13, 2008

မြောက်ကိုရီးယားကို အကြမ်းဖက်ဝါဒ နာမည်ပျက်စာရင်းက ဖယ်ရှား

မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယားလက်နက်အစီအစဉ် အဆုံးသတ်ရေး ခြောက်နိုင်ငံဆွေးနွေးပွဲတွေ ပြန်စဖို့ မြောက်ကိုရီးယားနဲ့ အမေရိကန်တို့ သဘောတူလိုက်ကြပါပြီ။ မြောက်ကိုရီးယားက သူ့ရဲ့ နျူကလီးယားဆိုင်ရာ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်လို့ အတည်ပြုနိုင်ရေးအတွက် အာမခံချက်အသစ်တွေ ပေးလာတဲ့အပေါ် အပြန်အလှန် အားဖြင့် အကြမ်းဖက်မှုကို အားပေးအားမြှောက်လုပ်တဲ့ နိုင်ငံတွေ စာရင်းထဲကနေ မြောက်ကိုရီးယားကို ဖယ်ရှားလိုက်ပြီလို့ သမ္မတဘုရှ်အစိုးရက


Read More...

ဘဏ္ဍာရေးအကျပ်အတည်း ပြေလည်ရေး ကမ္ဘာ့ခေါင်းဆောင်တွေ ဆက်လက် ကြိုးပမ်းနေ

ကမ္ဘာတလွှား လတ်တလော ကြုံတွေ့နေရတဲ့ ဘဏ္ဍာရေး အကျယ်အတည်းကို ပူးပေါင်း ဖြေရှင်းရေး နည်းလမ်းရှာဖို့ ဥရောပက ခေါင်းဆောင်တွေ မနေ့က ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ တွေ့ဆုံ ခဲ့ကြပါတယ်။ အကြွေး ၀ယ်ယူတဲ့ စံနစ် ပြိုကျရာက ကမ္ဘာ့ စီးပွားရေး ဈေးကွက်ကြီး တခုလုံးနဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို ထိခိုက်တော့မယ့်အရေး ဖြစ်လာတာကို ဟန့်တား ဖို့ နိုင်ငံပေါင်းစုံက ၀ိုင်းဝန်း ဖြေရှင်းကြဖို့ နောက်ဆုံး ကြိုးစားကြခြင်း ဖြစ်တဲ့အကြောင်း ၀ါရှင်တန်ကနေ ဗွီအိုအေ သတင်း ထောက် Michael Bowman က သတင်းပေးပို့ထားပါတယ်။

Read More...

အပေါ်သို့