Saturday, February 26, 2011

ပြည်ပ ဆန်တင်ပို့ခွင့် ပိတ်ပင်

2011-02-26

ပြည်တွင်း စပါးအထွက် ကျဆင်းမှုနဲ့ ကုန်သည်ကြီးတွေ အလုအယက် ဆန်ဝယ်ယူ စုဆောင်းမှုကြောင့် ဆန်ဈေးတွေ တက်နေချိန်မှာပဲ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကစပြီး မြန်မာအစိုးရ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြည်ပ ဆန်တင်ပို့ခွင့်ကို ပိတ်ပင်လိုက်ပါတယ်။

ကုန်ကားပေါ်သို့ ဆန်အိတ်များ တင်နေသော ပခုံးထမ်း အလုပ်သမားများ ဖြစ်ပါသည်။

ကုန်သွယ်မှု မူဝါဒကောင်စီရဲ့ အဲဒီအမိန့်မှာ ဒီပိတ်ပင်မှုဟာ ဘယ်လောက်ကြာမယ်၊ ဘယ်တော့ ပြန်တင်ပို့ခွင့် ပြုမယ် ဆိုတာတွေကိုတော့ မဖော်ပြထားဘူးလို့ အမည်မဖော်လို တဲ့ ကုန်သည်များနဲ့ စက်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် အမှုဆောင်တဦးက အာရ်အက်ဖ်အေ ကို ပြောပါတယ်။

အခုနှစ်မှာ ဆန်အထွက်လျှော့တဲ့အပြင် လတ်တလော ဆန်ဈေးတွေ တက်နေတဲ့အတွက် အခုလို သက်ဆိုင်ရာက ပိတ်လိုက်တာဖြစ်ကြောင်းနဲ့ စပါးအသစ် ပေါ်ချိန်မှာ ပြန်လည် ခွင့်ပြုမယ်လို့ မျှော်လင့်နေကြောင်းလည်း အဲဒီအမှုဆောင်က ပြောပါတယ်။

ဆန်တင်ပို့သူတွေဟာ ပြည်ပက ဝယ်ယူသူတွေဆီက ကြိုတင်ငွေတွေ လက်ခံထားပြီး ဖြစ်တာမို့ အစိုးရက အခုလို လုပ်တာဟာ မိမိတို့ကို နစ်နာ ထိခိုက်စေတယ်လို့ ဆန်တင်ပို့သူ တဦးကလည်း ပြောပါတယ်။

အခုလို အမိန့် ထုတ်ပြန်ခဲ့ပေမယ့် စီးပွားရေး ဦးပိုင်လီမိတက်နဲ့ စစ်အစိုးရ ဗိုလ်ချုပ်ကြီး တချို့ရဲ့ ကုမ္ပဏီတွေကတော့ ဆန်တွေကို ပြည်ပတင်ပို့ခွင့် ဆက်လက် ရရှိနေဆဲပဲလို့ သိရပါတယ်။

မြန်မာနိုင်ငံဟာ တနှစ်ကို ဆန်တန်ချိန် ၇ သိန်းလောက် ပြည်ပကို တင်ပို့နေပြီး အမေရိကန် ဒေါ်လာ သန်း၂ ရာ ကျော် ရရှိနေတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန ကြေညာချက်တွေ အရ သိရပါတယ်။

ပြည်ပ ဆန်တင်ပို့ခွင့် ပိတ်ပင်လိုက်တဲ့ သတင်းနဲ့ ဆန်ဈေးတွေ တက်နေတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး လတ်တလော အခြေအနေတွေကို ရန်ကုန်မြို့က ဆန်ကုန်သည်တဦးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

Ref;RFA

Read More...

ILO ကိုယ်စားလှယ်အဖွဲ့ FTUB ခေါင်းဆောင်တွေနဲ့ ဆွေးနွေး

2011-02-26

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ILO ဒု ညွှန်ကြား ရေးမှူးချုပ် Mr. Guy Ryder နဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် FTUB နဲ့ ဘန်ကောက်မြို့မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့တယ် လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၂၂ ရက်ကနေ ၂၅ ရက်နေ့အထိ ၄ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ် အပြီး ဘန်ကောက်မြို့ကို ပြန်ရောက်လာစဉ် အခုလို တွေ့ဆုံကြတာ ဖြစ်တယ်လို့ FTUB ရဲ့ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်က RFA ကို ပြောပါတယ်။

FTUB နဲ့ ဒီ Guy Ryder ဦးဆောင်တဲ့ ILO ကိုယ်စားလှယ်အဖွဲ့ အစည်းအဝေးပါ။ ဒါ သူ့ရဲ့ ပထမဆုံး ခရီးစဉ်ပေါ့နော်။ ကျနော်တို့နိုင်ငံကို စီးပွားရေးပိတ်ဆို့မှုနဲ့ ပတ်သက် ပြီးတော့ ရှင်းရှင်းလင်းလင်း သိခဲ့ရတယ်၊ နေပြည်တော်မှာလည်း သူသွားပြီး တွေ့ခဲ့ရတယ် ဆိုတဲ့အတွက် အားမရသေးတာတော့ ရှိပေမယ့် ဆက်လက်ပြီး အလုပ်လုပ်ဖို့၊ နောက် ILO ရုံးကို လူအင်အား ငွေအင်အား ဖြည့်ဖို့တွေ၊ နောက်တခါ လွတ်လပ်စွာ ဖွဲ့စည်းမှုဆိုတဲ့ Freedom of association နဲ့ ပတ်သက်ပြီး ပိုပြီး ထိထိရောက်ရောက် လုပ်ဖို့ လိုမယ်ဆိုတဲ့အကြောင်း ဆွေးနွေးသွားပါတယ်။

Mr. Guy Ryder ရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နေပြည်တော်ကို ရောက်ခဲ့စဉ် မြန်မာ စစ်အစိုးရ အလုပ်သမားရေး ဝန်ကြီး အပါအဝင် အကျဉ်းဦးစီးဌာန တာဝန်ရှိသူတွေနဲ့ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းပိုင်ခွင့် ဆိုင်ရာ အကြောင်းအရာတွေကို ဆွေးနွေး ခဲ့ကြတယ်လို့ သိရပါတယ်။

အဓမ္မလုပ်အားပေး ခိုင်းစေမှု ပပျောက်ရေးအတွက် ILO အဖွဲ့နဲ့ လက်တွဲ လုပ်သွားဖို့ မြန်မာစစ်အစိုးရက သဘောတူ လက်မှတ်ရေးထိုး ခဲ့တာဟာ အခုတကြိမ်နဲ့ဆို ၄ ကြိမ်ရှိသွားပြီလို့ သိရပါတယ်။

ဒီကနေ့ ဘန်ကောက်မြို့မှာ ILO ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာနဲ့ ပတ်သက် လို့ FTUB အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်ကို RFA ဝိုင်းတော်သား ကိုဥာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

Ref;RFA

Read More...

ဆန္ဒပြပွဲရိုက်နှက်မှု အီဂျစ်စစ်ကောင်စီတောင်းပန်

စနေ, 26 ဖေဖော်ဝါရီ 2011

ဒီကနေ့မနက်ပိုင်း ကိုရိုမြို့တော်မှာ ဆန္ဒပြသူတွေကို စစ်ရဲတွေက ရိုက်နှက်ခဲ့တဲ့အတွက် အီဂျစ်နိုင်ငံကို ယာယီအုပ်ချုပ်နေတဲ့စစ်ကောင်စီ ခေါင်းဆောင်က ဒီအဖြစ်အပျက်အတွက် တောင်းပန်ပါကြောင်း၊ ရည်ရွယ်ချက်နဲ့ အကြမ်းဖက်ခဲ့ရတာ မဟုတ်ပါကြောင်းတို့ကို ကြေညာချက်ထုတ်ပြန်ပြီးတော့ ဒါမျိုး နောက်ထပ်မဖြစ်စေရဘူးလို့လည်း အာမခံ ပြောကြားလိုက်ပါတယ်။

ကြားဖြတ်စစ်ကောင်စီအနေနဲ့ ပေးထားတဲ့ကတိတွေအတိုင်း အပြောင်းအလဲတွေ အမြန်ဆုံး လုပ်ပေးဖို့ ဆန္ဒပြသူတွေက မနေ့ကညက တညလုံး တဟာရီရင်ပြင်မှာ ဆန္ဒပြတောင်းဆို နေကြပါတယ်။

ညမထွက်ရအမိန့် ထုတ်ပြန်ထားတာကြောင့် ညမထွက်ရအချိန်စတင်တဲ့အချိန်မှာ ဆန္ဒပြသူ တွေ ထွက်ခွာသွားအောင် စစ်ရဲတပ်ဖွဲ့တွေက သန်းခေါင်ကျော် ဒီကနေ့မနက်ပိုင်း မှာ ရိုက်နှက်ခဲ့တာဖြစ်ပါတယ်။

Ref;VOA

Read More...

လူသေမှုဖြင့် မွန်ကော်မတီဝင် ၄ ဦး အဖမ်းခံရ

ကွန်းချမ်း
ဖေဖေါ်ဝါရီလ ၂၆ ရက် ၂၀၁၁ ခုနှစ်

မွန်အမျိုးသားနေ့အလံတိုင် ရိုက်ချိုးသူကို လူထုက ဝိုင်းဝန်းရိုက်နှက်သဖြင့် သေဆုံးရာမှ ကျင်းပရေးကော်မတီဝင် ၄ ဦးကို ရေးမြို့မ ရဲစခန်းက လူသေမှုဖြင့် ဖမ်းဆီးထားကြောင်း မွန်အမျိုးသားနေ့ ဖြစ်မြောက်ရေး ကော်မတီနှင့် ဒေသခံများက ပြောသည်။

အရိုက်ခံရသူသေဆုံးမှုကြောင့်ရွာသား များထွက်ပြေးတိမ်းရှောင် နေသဖြင့် ကျင်းပရေး ကော်မတီ ၄ ဦးနှင့် ကျောင်း ဒကာတဦးကို ယခုလ၂၀ရက် နေ့ တွင် ဖမ်းဆီးခဲ့ပြီး၊ ကျောင်းဒကာ ကို ပြန်လွှတ်ပေးခဲ့သည် ဟု ကော်မတီ ဒုဥက္ကဋ္ဌ ဒေါက်တာမင်းစိုးလင်း က မဇ္ဈိမကို ပြောသည်။

သေဆုံးသူမှာ အသက် ၃၀ နှစ်ကျော်ရှိ မွန်ပြည်နယ် ပေါင်မြို့နယ် နွားလဗို့တောင်မှ စောအယ်ဝါဖြစ်ပြီး၊ အဖမ်းခံရသူ ကော်မတီဝင် ၄ ဦးထဲတွင် မွန်ပြည်နယ် ရေးမြို့နယ် တောင်ပိုင်း ကိုးမိုင်ရွာသား နိုင်ပင်းနှင့် နိုင်တူးတို့ ပါဝင်သည်။

“သေတာက ၁၈ ရက်နေ့၊ အမျိုးသားနေ့က ၁၉ ရက်နေ့။ အခမ်းအနား မပြီးသေးတော့ ရဲစခန်းက မဖမ်းသေးဘူး။ အခမ်းအနားပြီးတော့ သေတဲ့သတင်းကြားလို့ ရွာသားတွေ ထွက်ပြေးသွားကြတယ်။ ကျင်းပရေး ကော်မတီတွေက အဖမ်းခံလိုက်တယ်” ဟု ရေးမြို့နယ် မှ မွန်အမျိုးသားနေ့ ကျင်းပရေး ကော်မတီဝင် တဦးက မဇ္ဈိမကို ပြောသည်။

ယခုလ ၁၇ ရက်နေ့ ည ၁၁ နာရီခန့်တွင် ကိုးမိုင်ရွာတွင် စိုက်ထူထားသည့် အလံတိုင် ၆ ခုကို စောအယ်ဝါက ရိုက်ချိုးဖျက်ဆီးခဲ့ရာမှ မွန်အမျိုးသားနေ့ အခမ်းအနား စောင့်ရှောက် သူများနှင့် ရွာသားများက ဝိုင်းရိုက်ခဲ့ကြောင်း မျက်မြင် ရွာခံတဦး အဆိုအရ သိရသည်။

“လူတွေ ဝိုင်းရိုက်တော့ သူက DKBA (တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်) ကလို့ ပြောတယ်။ DKBA က လာကြည့်တော့ သူတို့လူ မဟုတ်ဘူးဆိုပြီး ထပ်ရိုက်တယ်” ဟု သူက ပြောသည်။

ကိုးမိုင်ရွာ အရှေ့ဘက် တမိုင်ခန့်ရှိ မာန်အောင်ရွာတွင် DKBA ၉၀၆ တပ်ရင်းမှ တပ်ခွဲ တခွဲခန့် အခြေချထားသည်။

စောအယ်ဝါကို လူထုက ထိန်းသိမ်းထားပြီး ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ရေးမြို့ မြို့မ ရဲစခန်းသို့ အပ်နှံခဲ့ရာ၊ ဒဏ်ရာပြင်းထန်သဖြင့် ထိုနေ့တွင်ပင် ရေးမြို့ ပြည်သူ့ဆေးရုံသို့ တင်ပို့ခဲ့ကြောင်းနှင့် ရေးဆေးရုံမှ မော်လမြိုင် ဆေးရုံကြီးသို့ တင်ပို့စဉ် လမ်း၌ သေဆုံး သွားခဲ့ကြောင်း ရေးမြို့ မွန်ပြည်နယ်နေ့ ဖြစ်မြောက်ရေး ကော်မတီဝင်က ပြောသည်။

ရဲစခန်းက ကော်မတီဝင်များကို လူသေမှုဖြင့် စွဲချက်တင်ထားပြီး ရေးမြို့နယ် မွန် အမျိုးသားနေ့ ဖြစ်မြောက်ရေး ကော်မတီဝင်များကပင် အမှုအတွက် လိုက်လံဆောင်ရွက် နေသည်ဟု ဒေါက်တာ မင်းစိုးလင်းက ပြောသည်။

တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ်ကျင်းပ လာခဲ့ပြီးရာ ယခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့သည် ၆၄ ကြိမ်မြောက် ဖြစ်သည်။

Ref;Mizzima

Read More...

ပြည်တွင်းစစ် ရပ်ဆိုင်းရန် KNU တောင်းဆို

သဲသဲ
ဖေဖေါ်ဝါရီလ ၂၆ ရက် ၂၀၁၁ ခုနှစ်

ပြည်တွင်းစစ်ပွဲများ ရပ်ဆိုင်းပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အားလုံးပါဝင် သည့် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ပေါ်လာစေရန် စစ်အစိုးရကို နိုင်ငံတကာက ဖိအားပေးရန် ကရင်အမျိုးသားအစည်းအရုံး KNU က တောင်းဆိုလိုက်သည်။

တိုင်းရင်းသားဒေသများတွင် စစ်အစိုးရတပ်များ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် ဒေသခံလူထု ထိခိုက်နေရပြီး၊ တွေ့ဆုံဆွေးနွေးရေးဖြင့်သာ နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင် လိမ့်မည်ဟု ယုံကြည်သောကြောင့် ယခုတပတ် ကြာသပတေးနေ့တွင် ကြေညာချက် ထုတ်ကာ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

“စစ်တပ်က လူထုတွေကိုသုံးပြီး အမျိုးမျိုး အနိုင်ကျင့်တယ်။ ဒါကိုဆက်လုပ်မယ်ဆိုရင် တိုင်းရင်းသားတွေက ဒီ့ထက် ပိုပြီး ခံစားနေရမှာ။ အဲဒါကြောင့် နိုင်ငံတကာက နအဖကို အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး ဖြစ်လာဖို့၊ ဖိအားပေးဖို့ ကျမတို့က တောင်းဆိုတာ” ဟု KNU အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က မဇ္ဈိမကို ပြောသည်။

သုံးပွင့်ဆိုင်ဆွေးနွေးရေးအတွက် KNU နှင့် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက အဆင့်သင့်ရှိနေကြောင်း ကြေညာချက်က ဆိုသည်။ ထို့ပြင် KNU ၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးနေကြောင်း စစ်အစိုးရအာဘော် သတင်းစာများတွင် ဖော်ပြလေ့ရှိပြီး၊ ၎င်းဖော်ပြချက်မှာ အခြေအမြစ် မရှိသည့် စွပ်စွဲချက် များဟုလည်း ကြေညာချက်ထဲတွင် ငြင်းဆိုထားသည်။

စစ်အစိုးတပ်များကသာ အရပ်သားများကို လူသားမိုင်းရှင်းကိရိယာအဖြစ် အသုံးပြုခြင်း၊ ရှေ့တန်းစစ်ဆင်ရေးများတွင် ဒေသခံပြည်သူများကို ရိက္ခာသယ်ရန် ပေါ်တာဆွဲခြင်းများကို ပြုလုပ်လျက်ရှိသည်ဟု နော်စီဖိုးရာစိန်က မဇ္ဈိမကို ပြောသည်။

နအဖ တပ်များကသာ အရပ်သားများကို ပစ်ခတ်မှုကိုခွင့်ပြုထားပြီး စစ်ဆင်ရေးများတွင် ဒေသခံများကို ရိက္ခာသယ်ရန် ပေါ်တာစွဲခြင်း၊ လူသားမိုင်းရှင်းကိရိယာအဖြစ် အသုံးပြုခြင်းများ ရှိကြောင်းနှင့် KNU အနေဖြင့် တွေ့ဆုံဆွေးနွေးရေးကို တောင်းဆို နေသော်လည်း စစ်အစိုးရက စစ်ရေးဖြင့် ဖိအားပေးလာလျှင် တိုင်းရင်းသား လက်နက်ကိုင်များပူးပေါင်းကာ ပြန်လည်ကာကွယ်သွားမည်ဟု ဆိုသည်။

KNU သည် နှစ်ပေါင်း ၆၀ ကျော်ကြာအောင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တောင်းဆိုခဲ့ပြီိး ထိုင်း-မြန်မာနယ်စပ်တွင် ခြေကုပ်ယူ လှုပ်ရှား သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ် သည်။

ပြည်သူများကို ငဲ့ကွက်ခြင်းမရှိသည့် စစ်အစိုးရ၏ သဘောထားတင်းမာမှုကြောင့်သာ တွေ့ဆုံ ဆွေးနွေးရေးမှာ ခက်ခဲနေဆဲဖြစ်သည်ဟု တရုတ်အခြေစိုက် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက သုံးသပ်သည်။

“လူ့အခွင့်အရေး တစက်မှ နားမလည်တဲ့၊ လူမျိုးရေးစိတ်နဲ့ ဖြေရှင်းနေတဲ့ စစ်တပ်နဲ့ ငြိမ်းချမ်းရေးရဖို့ဆိုတာ နိုင်ငံတကာ ဖိအားမပါဘဲ မရနိုင်ဘူး။ ပြည်တွင်းစစ်အကြောင်းပြပြီး စစ်တပ်ကြီးကြီး ထောင်ထားမယ်၊ စစ်တပ်ကြီးကြီးနဲ့ တိုင်းပြည်ကို လုပ်ချင်သလို လုပ်မယ်။ ဒါ့ကြောင့် သူတို့က ပြည်တွင်းစစ်ကို မရပ်စဲချင်ဘူး။ သူတို့သဘောနဲ့ သူတို့တော့ စားပွဲဝိုင်း ကို လာမှာမဟုတ်ဘူး” ဟု မဇ္ဈိမကို သုံးသပ်သည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အတိုက်အခံပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရန် စစ်အစိုးရကို ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ တောင်းဆိုနေကြသော်လည်း ယနေ့အထိ အကောင်အထည် ဖော်ခြင်း မရှိပေ။

နှစ်ပေါင်း ၂၀ ကျော်အပြီး ထွက်ပေါ်လာသည့် လွှတ်တော်က တင်မြှောက်သည့် သမ္မတထွက်ပေါ်လာချိန်ကလည်း ကုလအထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းက အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရန် ယခုလ ၄ ရက်နေ့တွင် စစ်အစိုးရကို ထပ်မံတောင်းဆိုခဲ့သေးသည်။

စစ်အစိုးရက ပြီးခဲ့သည့်နှစ် မေလမှစ၍ ငြိမ်းချမ်းရေးယူထားသည့် အပစ်ရပ်အဖွဲ့များကို စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲရန်အတွက် ဖိအားပေး ခဲ့သည့်နောက်ပိုင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား သဘောထားတင်းမာမှု ဖြစ်ပေါ်ခဲ့သည်။

“၀”ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA၊ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO၊ မွန်ပြည်သစ်ပါတီ NMSP၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း SSA-S၊ မိုင်းလား ခေါ် အမျိုးသားဒီမိုကရေစီ မဟမိတ်အဖွဲ့ NDAA တို့က နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးအတွက် ငြင်းဆန် ထားကြသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ရွေးကောက်ပွဲနောက်ပိုင်း ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် စစ်အစိုးရတပ်များနှင့် ကရင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား နေ့စဉ်နီးပါး တိုက်ပွဲများ ဖြစ်ပေါ်ခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက တွေ့ဆုံဆွေးနွေးရေးအတွက် တဖက်တွင် တောင်းဆိုနေသော်လည်း စစ်အစိုးရက စစ်ရေးဖြင့် ဖိအားပေးလာပါက ကာကွယ်ရန် အတွက် တိုင်းရင်းသားအဖွဲ့ ၁၂ ဖွဲ့ ပါဝင်သည့် “ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ” (United Nationalities Federal Council-Union of Burma) ကို ယခုလ ၁၇ ရက်နေ့တွင် ဖွဲ့စည်းခဲ့သေးသည်။

ထိုင်း-မြန်မာနယ်စပ်တွင် ဖွဲ့စည်းသည့် အဆိုပါကောင်စီတွင် အပစ်မရပ်နှင့် အပစ်ရပ် အဖွဲ့များသာမက ပြည်ပအခြေစိုက် တိုင်းရင်းသား အဖွဲ့အစည်းအချို့လည်း ပါရှိသည်။

Ref;Mizzima

Read More...

ကဒါဖီကို လုံခြုံရေးကောင်စီ အရေးယူရေး ဘန်ကီမွန်း တိုက်တွန်း

A Libyan protester holds a sign during a demonstration against Leader Moammar Ghadafi Friday in Benghazi

လစ်ဗျားပြည်သူတွေရဲ့ ဆန္ဒပြမှုကိုအကြမ်းဖက်နှိမ်နှင်းခဲ့တဲ့ လစ်ဗျားခေါင်းဆောင် မွမ်မာကဒါဖီ (Moammar Gadhafi) ကို နိုင်ငံတကာ အသိုင်းအဝိုင်းက ဝိုင်းဝန်းပြစ်တင် ရှုတ်ချမှုတွေ တိုးလာနေချိန်မှာပဲ သောကြာနေ့က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က လုံခြုံရေး ကောင်စီကနေ အရေးယူမှုတွေ သေသေချာချာ လုပ်ဖို့အတွက် တိုက်တွန်းလိုက် ပါတယ်။

ဗြိတိန်နဲ့ပြင်သစ်ကတောင်းဆိုထားတဲ့ ငွေကြေးပိုင်ဆိုင်မှု ထိန်းချုပ်တာတွေနဲ့အတူ လက်နက် အရောင်းအ၀ယ် ပိတ်ပင်ဖို့နဲ့ ကဒါဖီမိသားစုရဲ့ ခရီးသွားလာမှုပိတ်ဆို့ဖို့တွေကို ဆုံးဖြတ်ချက် အမြန်ဆုံး ချမှတ်အရေးယူဆောင်ရွက်ဖို့လည်း ပြောကြားခဲ့ပါတယ်။ လစ်ဗျား ခေါင်းဆောင် မိုမာကဒါဖီနဲ့ အရင်းနှီးဆုံး သွေးသောက် တဦးဖြစ်တဲ့ ကုလသမဂ္ဂ ရုံးချုပ်က လစ်ဗျားသံအမတ်ကြီး Abd al-rahman Shalgham က ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ လစ်ဗျားကိုကယ်တင်နိုင်ဖို့အတွက် အဆိုပြုထားတဲ့ အရေးယူ ဆောင်ရွက်ချက်တွေကို အမြန်ဆုံး ချမှတ်ဆောင်ရွက်ပေးဖို့ကိုလည်း လစ်ဗျားပြည်သူ တွေကိုယ်စား တောင်းဆိုလိုက်ပါတယ်။

တချိန်တည်းမှာပဲ ဂျနီဗာမြို့၊ ကုလသမဂ္ဂဆိုင်ရာ လစ်ဗျားသံတမန်တွေကတော့ သူတို့ အားလုံး အလုပ်က နှုတ်ထွက်ပြီး လစ်ဗျားပြည်သူတွေအတွက် အလုပ်အကျွေးပြုဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ ကြေညာခဲ့ပါတယ်။ လစ်ဗျားကိုယ်စားလှယ်တွေဟာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အထူးအစည်းအဝေး ကျင်းပနေချိန်မှာ အခုလို ကြေညာခဲ့တာပါ။

အစောပိုင်းကနှုတ်ထွက်ခဲ့တဲ့ ကုလသမဂ္ဂက လစ်ဗျားဆိုင်ရာ ဒုတိယ သံအမတ်ကလည်း လစ်ဗျားကို လက်နက်တွေ မရောင်းအောင် လုပ်ပေးဖို့အတွက် သောကြာနေ့မှာ အာဖရိက ခေါင်းဆောင်တွေကို တိုက်တွန်းလိုက်ပါတယ်။

လစ်ဗျားနိုင်ငံမြို့တော် ထရီပိုလီမှာ အစိုးရဆန့်ကျင်ဆန္ဒပြသူတွေကို အစိုးရတပ်တွေက သေနတ်နဲ့ပစ်ခတ် နှိမ်နင်းနေချိန်မှာပဲ လစ်ဗျားခေါင်းဆောင် မွမ်မာဂဒါဖီနုတ်ထွက်ဖို့ တောင်းဆိုတဲ့ ထောင်နဲ့ချီတဲ့လူထုဟာ သောကြာနေ့က ထပ်ပြီးဆန္ဒပြခဲ့ကြပါတယ်။ ဂဒါဖီကိုဆန့်ကျင်သူတွေ ထိန်းချုပ်ထားပုံပေါ်တဲ့ ဘန်ဂါဇီမြို့ အပါအ၀င် မြို့ကြီးတွေမှာ ဆန္ဒပြခဲ့ကြတာပါ။ သောကြာနေ့ ၀တ်ပြုဆုတောင်းပွဲအပြီး ထရီပိုလီက ရပ်ကွက် အတော်များများမှာ ဆန္ဒပြဖို့အတွက်ချီတက်လာသူတွေကို ဂဒါဖီရဲ့ သစ္စာခံတွေက ပစ်ခတ် ခဲ့ကြတယ်လို့ ဒေသခံတွေကို ကိုးကားပြီး သတင်းတွေမှာ ဖော်ပြကြပါတယ်။

လစ်ဗျားအစိုးရရုပ်သံမှာတော့ ဂဒါဖီက သူ့ကိုထောက်ခံသူတွေကို ထရီပိုလီမှာ မိန့်ခွန်း ပြောနေတာကို နေ၀င်မိုးချုပ်တဲ့အထိ ပြသခဲ့ပါတယ်။ ဒါဟာ ဆူပူမှုတွေနောက်ပိုင်း တတိယ အကြိမ်မြောက် နိုင်ငံကို မိန့်ခွန်းပြောခဲ့တာဖြစ်ပြီး ထရီပိုလီက အစိမ်းရောင် ရင်ပြင်ကို စီးမြင်နေရာကနေ လူငယ်တွေအနေနဲ့ လစ်ဗျားနိုင်ငံကိုကာကွယ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

Ref;VOA

Read More...

ယခုနှစ်ကွမ်းသီးထွက်ရာသီတွင်ကွမ်းသီးဈေးနှုန်းမြင့်တက်လာ



ဖေဖေါ်ဝါရီ ၂၅၊၂၀၁၁

ယခုနှစ်ကွမ်းသီးထွက်သောရာသီ၌ မွန်ပြည်နယ် ရေးမြို့နယ်ဒေသများတွင် ဈေးကောင်း ရနေသည်ဟု ကွမ်းသီးခြံပိုင်ရှင်များမှပြောပါသည်။ ကွမ်းသီးအခြောက်များကို လက်ရှိပေါက်ဈေးအရ တစ်ပိသာဆိုလျှင် (၁၈၀၀)ဈေးနှုန်းဖြင့်ဝယ်နေသည်ဟု ရေးမြို့နယ် သဗြုချောင်းကျေးရွာနေ ကွမ်းခြံပိုင်ရှင်တစ်ဦးကဆိုပါသည်။

လွန်ခဲ့သည့်နှစ်များတွင် ကွမ်းသီးခြောက်တစ်ပိသာဆိုလျှင် (၁၃၀၀)နှင့် (၁၄၀၀)ကျပ် ဖြင့်ဝယ်ယူနေပြီး ယ္ခုနှစ် တွင်မူကွမ်းသီးအမျိုးအစား အလိုက်တစ်ပိသာဆိုလျှင်(၁၈၀၀)(၁၉၀၀)ကျပ်ဖြင့်ဝယ်ယူနေကြောင်း ပြော ပါသည်။

“အခုဆိုရင် ရေးမြို့ပေါ်မှာ တစ်ထောင့်ရှစ်ရာနဲ့ ၀ယ်နေတယ်။ မနှစ်ကဆိုရင် ကွမ်းသီးဈေးက တစ်ထောင်နဲ့ သုံးရာ။ ကံကောင်းမှတစ်ထောင် နဲ့လေးရာ ရတာ။ ဒါပေမဲ့ဒီနှစ်မှာ ကျွန်မတို့ဒေသမှာဆိုရင် ကွမ်းထွက်နှုန်း နည်းနေတယ်။ အလုံးအရေ တစ်သိန်းလောက်ရနေတဲ့လူက (၆)သောင်း လောက်ပဲရတယ်။ တစ်ခုကောင်းတာက ကွမ်းသီးဈေးတက်နေတော့ အဆင်ပြေ သွားတယ်လို့ပြောရမယ်”

အလားတူရေးမြို့နယ်ဟံဂံကျေးရွာတွင်လည်း ကွမ်းသီးများကိုအမျိုးအစားလိုက် ကွမ်းသီး အစိမ်း တစ်လုံးကို (၁၀)ကျပ် (၁၁)ကျပ်နှင့် (၁၂)ကျပ်အထိဝယ်ယူနေပါသည်။ ကွမ်းသီးအခြောက် တစ်ပိသာကို (၁၉၀၀)ကျပ်ဖြင့် ၀ယ်ယူနေကြောင်း ကွမ်းခြံပိုင်ရှင် ကွမ်းရောင်းဝယ်လည်းလုပ်နေသူတစ်ဦးကပြောသည်။

“ကွမ်းသီးတွေ မနှစ်ကထက်တော့ ထွတ်မနည်းပါဘူး။ ပုံမှန်ပါပဲ တစ်ခြားဒေသတော့မသိ ဘူး။ ဟံဂံမှာ ဆိုရင် အရင်နှစ်ကနဲ့ သိပ်မကွာပါဘူး။ ကွမ်းသီးတွေ ဘာဖြစ်လို့ ဈေးကောင်းလဲဆိုတာ ကျွန်တော်တို့လဲ မသိပါဘူး”

မွန်ပြည်နယ်တွင် ကွမ်းသီးအများဆုံးစိုက်ပျိုးထွက်ရှိရာဒေသများမှာ ရေးမြို့နယ်ဖြစ်ပြီး တခြား မြို့နယ် များတွင်လည်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးမှုများရှိနေပါသည်။ ပြီးခဲ့သည့်နှစ်တွင် ပြင်းထန်သည့်အပူဒဏ်ကြောင့် ကွမ်းပွင့်များကြွေကာ ကွမ်းပင်အပူရိုက်သေဆုံးမှုကြောင့် ကွမ်းခြံပိုင်ရှင်များ ထိခိုက်မှုများလည်းရှိနေခဲ့ပါသည်။

Ref;kaowao

Read More...

မြန်မာ့ကြွေးရှင် ဂျပန် နဲ့ တရုတ်

ဦးအောင်ခင် & မညိုညိုလွင် 26 ဖေဖော်ဝါရီ 2011

၁၉၆၂ ခုနှစ်ကစပြီး စစ်အစိုးရ အဆက်ဆက်ဟာ နိုင်ငံခြားအကူအညီနဲ့ မြန်မာပြည်ကို ကြီးစိုးကြပါတယ်။ ကွယ်လွန်သူ ဗိုလ်ချုပ်နေဝင်း တည်ထောင်ခဲ့တဲ့ မဆလ စစ်အစိုးရဟာ ဂျပန်ရဲ့ ငွေကြေးထောက်ပံ့မှုနဲ့ သက်ဆိုးရှည်ခဲ့သလို ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ခေါင်းဆောင် တဲ့ စစ်အစိုးရဟာ တရုတ်အကူအညီနဲ့ ရှင်သန်နေတာ တွေ့ရပါတယ်။ ဂျပန်ဟာ မဆလခေတ်ကလို အများအပြား မချေးငှားတော့ပေမယ့် လူမှုရေးလုပ်ငန်း တွေအတွက် ပေးကမ်းနေတုန်းပါ။ ရန်ကုန်က ဂျပန်သံရုံး အင်တာနက် စာမျက်နှာကိုကြည့်ရင် သိရှိနိုင်ပါတယ်။ ဂျပန်သာ ငွေမချေးရင် မဆလ စစ်အစိုးရ စောစောစီးစီး နိဂုံးချုပ် သွားနိုင်တယ်လို့ သုံးသပ်ကြပါတယ်။

ပြည်သူ့အုံကြွမှုကြောင့် ၁၉၈၈ မှာ မဆလစစ်အစိုးရ နိဂုံးချုပ်သွားချိန်မှာ ဂျပန်ကို ပေးဆပ် စရာရှိတဲ့ အကြွေးပမာဏဟာ ဒေါ်လာ သန်းသုံးထောင်လောက် ရှိနေပါတယ်။ ဆန္ဒပြတဲ့ ပြည်သူကို ပစ်သတ်တဲ့ နဝတ စစ်အစိုးရကို ငွေကြေးမထောက်ပံ့ဖို့ အနောက်တိုင်းနိုင်ငံတွေနဲ့ ဂျပန်က ဆုံးဖြတ်ပါတယ်။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီပေါ်မှာ အခြေခံတဲ့ ODA (Official Development Assistance) နိုင်ငံခြားထောက်ပံ့ရေး လမ်းစဉ်ကျင့်သုံးမယ်လို့ ၁၉၉၂ မှာ ဂျပန်က ကြေညာပါတယ်။ ဒါပေမဲ့ လူမှုရေး အကူအညီအနေနဲ့ နှစ်စဉ်ထောက်ပံ့လာတာ ၂၀၀၅ ခုနှစ်ရောက်တော့ ဒေါ်လာသန်း (၈၀၀) ကျော်အထိ ရှိလာတာတွေ့ရပါတယ်။

ဗိုလ်ချုပ်ကြီးနေဝင်း ခေါင်းဆောင်တဲ့ မဆလ စစ်အစိုးရကို ဂျပန်အစိုးရက ငွေကြေး ထောက်ပံ့နေချိန်မှာ တရုတ် ကွန်မြူနစ်အစိုးရဟာ မဆလ အစိုးရ နဲ့ မဆလကို ဆန့်ကျင် နေတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ကိုရော လှေနံနှစ်ဘက်နှင်းပြီး ဆက်ဆံပါတယ်။ ပါတီချင်း ဆက်ဆံရေးအရ ဗကပကို တရုတ်က ကူညီထောက်ပံ့ပြီး အစိုးရချင်းဆက်ဆံတဲ့အနေနဲ့ မဆလအစိုးရနဲ့ ဆက်သွယ်ပါတယ်။ ဒါပေမဲ့ မော်စီတုန်း သေပြီးနောက် မကြာမီ ပါတီအချင်းချင်း ကူညီထောက်ပံ့တဲ့လမ်းစဉ်ကို တရုတ်က စွန့်လွှတ်လိုက်ပါတယ်။ ၁၉၈၈ မှာ စစ်အာဏာသိမ်းပြီး မကြာမီ တိုင်းရင်းသားအုပ်စုတွေ ဗကပကို ပုန်ကန်ပြီး ဗမာစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲနိုင်ခဲ့ပါတယ်။ အဲဒီနောက် ၁၉၈၉ နှောင်းပိုင်းမှာ ဗိုလ်ချုပ်မှုးကြီး တရုတ်ပြည်သွားပြီး အကူအညီတောင်းတာဟာ အခု အချိန်အထိ ဖြစ်ပါတယ်။

ဂျပန်အစိုးရက မူဝါဒအပေါ်အခြေခံတဲ့ ODA နိုင်ငံခြား ထောက်ပံ့ရေးလမ်းစဉ်ကျင့်သုံးဖို့ ကြိုးစားချိန်မှာ ဗမာစစ်အစိုးရ လိုချင်တာကိုပေးနိုင်ဖို့ တရုတ် က ကြိုးပမ်းသွားပါတယ်။ အကြမ်းဖက်မှုကြောင့် စစ်အစိုးရကို စတင် ဒဏ်ခတ်အရေးယူချိန်မှာ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ဖွင့်ပေးတာဟာလည်း တရုတ်မှီခိုရတဲ့အဖြစ်ကို ရောက်သွား စေပါ တယ်။ ဂျပန်ပစ္စည်းအများဆုံး တင်သွင်းခဲ့တဲ့ မြန်မာပြည်ဟာ တရုတ်ပစ္စည်း အများဆုံးတင်သွင်းတဲ့ နိုင်ငံဖြစ်လာပါတယ်။ ၁၉၈၈ နောက်ပိုင်းမှာ ဗမာစစ်အစိုးရကို ငွေအများဆုံးချေးသူဟာ တရုတ်အစိုးရပါ။ ဗမာစစ်အစိုးရရဲ့ ကြွေးရှင်ကြီး ဂျပန်နေရာကို တရုတ်က ယူလိုက်ပါတယ်။ ဗမာစစ်တပ်နဲ့ တရုတ်ကွန်မြူနစ်တို့ရဲ့  လျှို့ဝှက်တဲ့ ဓလေ့ကြောင့် တရုတ်အကြွေး ဘယ်လောက်ရှိနေပြီဆိုတာ အတိအကျမပြော နိုင်ပေမယ့် ဒေါ်လာသန်းပေါင်း ထောင်ချီနေမှာကတော့ သေချာပါတယ်။

မြန်မာ့သဘာဝ သံယံဇာတပစ္စည်းရယူရေး နယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့ မြန်မာပြည်ကို ဖြတ်လမ်းအဖြစ်အသုံးပြုရေး စတဲ့ ရည်ရွယ်ချက်အတွက် တရုတ်အစိုးရက ငွေကြေး ထောက်ပံ့နေတာ ဖြစ်ပါတယ်။ တရုတ်အစိုးရ ကုမ္မဏီတွေဟာ မြန်မာ့သယံဇာတ ထုတ်ယူရေးမှာ တက်တက်ကြွကြွ ပါဝင်နေပါတယ်။ မြန်မာပြည်မှာ ခြေကုတ်ရဖို့အတွက် တရုတ်အစိုးရဟာ ရေရှည်စီမံကိန်းချပြီး ရင်းနှီးမြုပ်နှံနေပါတယ်။ အတိုးမယူဘဲ ချေးထား တာတွေ့ရှိသလို အတိုးသက်သက်သာသာနဲ့ ချေးထားတာတွေ့ရှိရပါတယ်။ ထောက်ပံ့တဲ့ အနေနဲ့ အလကားပေးတာမျိုးလည်း ရှိပါတယ်။ စီးပွားရေးအခြေခံ အဆောက်အအုံကို ဈေးသက်သက်သာသာနဲ့ တည်ဆောက်နိုင်အောင် တရုတ်က ကူညီ ပါတယ်။ တရုတ်အကူအညီသာ မရရင် နေပြည်တော်ဆိုတာလည်း ပေါ်ထွက်လာမှာ မဟုတ်ဘူးလို့ သုံးသပ်ကြပါတယ်။ အခုတော့ မြန်မာ့စီးပွားရေးဟာ တရုတ်ကိုမှီခိုနေရပြီ ဖြစ်ပါတယ်။ တရုတ်ဟာ သူလိုချင်တာရဖို့ကိုသာ အဓိကထားပါတယ်။

ဒေါ်လာသန်းပေါင်းထောင်ချီနေတဲ့ ဂျပန့်အကြွေးကို မဆပ်နိုင်သေးပါဘူး။ အကြွေး မဆပ်နိုင်တဲ့ အစိုးရကို ဂျပန်အစိုးရက ငွေထပ်မချေးနိုင်ပါဘူး။ ဒါကြောင့် အကြွေးသက် သာအောင် လုပ်တဲ့အနေနဲ့ ဗမာအစိုးရ ဆပ်ရမယ့်ငွေတိုးကို ဂျပန်က ထောက်ပံ့ နေတာ ဖြစ်ပါတယ်။ ဒီထောက်ပံ့ငွေနဲ့ ဂျပန်ဆီက ပစ္စည်းဝယ်ယူဖို့ ဗမာစစ်အစိုးရမှာ တာဝန်ရှိပါတယ်။ ၂၀၀၃ ခုနှစ်က ဗမာစစ်အစိုးရ မှာ အကြွေးစုစုပေါင်း ဒေါ်လာသန်း (၇၀၀၀) ကျော်ရှိတယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းပါတယ်။ ဒီအထဲမှာ ဂျပန်ကို ပေးဆပ်ရမှာက ဒေါ်လာသန်း (၃၀၀) လောက်ရှိပါတယ်။ ဗမာစစ်အစိုးရ လုံးဝ ကြွေးမဆပ်နိုင်ရင် ဂျပန်အစိုးရရဲ့ ODA နိုင်ငံခြားထောက်ပံ့ရေး အစီအစဉ် ခြွတ်ခြုံ ကျသလို ဖြစ်သွားနိုင်တာကြောင့် အနည်းအကျဉ်း ပြန်ဆပ်နိုင်အောင် ဂျပန်က ဆက်လက်ထောက်ပံ့နေတယ်လို့ သုံးသပ်ကြပါတယ်။

တရုတ်နိုင်ငံဆီက ချေးယူထားတဲ့ ဒေါ်လာသန်းပေါင်းများစွာကို ဗမာအစိုးရက ပြန်ဆပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ တရုတ်ဟာ မြန်မာ့သယံဇာတကို အကြွေးနဲ့ သိမ်းယူနိုင် တဲ့ အခြေအနေမှာ ရှိနေပါတယ်။ အကြွေးမဆပ်နိုင်ရင် တရုတ်ကို အခွင့်ထူးပေးရပါလိမ့်မယ်။ မြန်မာပြည်မှာ စီးပွားရေးလုပ်နိုင်ဖို့ဆိုတဲ့ ရေရှည်အကျိုးအတွက် ဒေါ်လာသန်းပေါင်းထောင်ချီပြီး တရုတ်အစိုးရက ဗမာစစ်အစိုးရကို ချေးထားတာ ဖြစ်ပါတယ်။

Ref;VOA

Read More...

စောင့်ရှောက်သူမဲ့ ဝေဒနာသည်ကူညီရေး လူငယ်ကွန်ရက်ဖွဲ့စည်း

2011-02-25

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လူငယ်တွေ ကွန်ရက်ဖွဲ့ အလုပ် လုပ်ကြဖို့ တိုက်တွန်း ပြောဆိုပြီးတဲ့နောက်မှာ ပြည်တွင်းမှာ ကွန်ရက်အဖွဲ့တွေ အရင်က ထက် ပိုပြီး ထွက်ပေါ်လာနေပါတယ်။

(Photo: AFP)

မြို့နယ်ဆေးရုံတခုရှိ လူနာဆောင် မြင်ကွင်း ဖြစ်ပါသည်။ (Photo: AFP)

အဲဒီလို ပေါ်ပေါက်နေရာမှာ ကူညီ စောင့်ရှောက်မဲ့သူ လုံးဝ မရှိတဲ့ ဝေဒနာသည်တွေကို ပံ့ပိုးကူညီမဲ့ လူငယ်ကွန်ရက်တခုလည်း လွန်ခဲ့တဲ့ ဒီဇင်ဘာလကစလို့ ရန်ကုန်မြို့မှာ ပေါ်ပေါက်နေပါတယ်။ အဲဒီကွန်ရက်အဖွဲ့ဝင် လူငယ်တွေက တဦးကို တလ ကျပ်ငွေ ၂၀၀၀ စီ ထည့်ဝင်ပြီး အဲဒီငွေနဲ့ အထီးကျန် လူနာတွေကို ကူညီနေတာလို့ သိရပါတယ်။

အဲဒီအဖွဲ့ရဲ့ လှုပ်ရှားမှုနဲ့ ပတ်သက်လို့ အဖွဲ့ရဲ့ ပြောရေး ဆိုခွင့်ရှိသူ လူငယ်တဦး ဖြစ်တဲ့ ကိုဟိန်းမင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ် မေးမြန်းထားပါတယ်။


Ref;RRA

Read More...

ကချင်မှာ မြန်မာစစ်တပ်လှုပ်ရှားမှု များပြား

မနူးပန်
25 ဖေဖော်ဝါရီ 2011


အခုရက်ပိုင်း မြန်မာစစ်အစိုးရတပ်တွေရဲ့ တင့်ကားတွေ ၁၀ စီးထက်မနည်း ကချင် လွတ်မြောက်ရေးတပ်ဖွဲ့ ကေအိုင်အေ (KIA) ဌာနချုပ်ဘက်ကို ဦးတည်လာ နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ ကေအိုင်အို (KIO) ရဲ့ လက်နက်ကိုင် ကေအိုင်အေအဖွဲ့က ပြည်သူ့စစ်ဖွဲ့စည်းရေးကို ကြေညာခဲ့ပြီး နောက်တရက်မှာပဲ အခုလိုစစ်ကားတွေလှုပ်ရှား နေတာ ကြောင့် စစ်ရေး ပဋိပက္ခတွေ ဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။ ဒီအကြောင်းကို ထိုင်းအခြေစိုက် သတင်းထောက် မနူးပန်က တင်ပြထားပါတယ်။

ပြီးခဲ့တဲ့တနင်္လာနေ့က ကချင်လွှတ်မြောက်ရေးတပ်ဖွဲ့ ကေအိုင်အေက ပြည်သူ့စစ်တပ်ဖွဲ့စည်း မယ်လို့ ကချင်လူထုကိုပြောဆို လိုက်တဲ့နောက်ရက်ကစလို့ မြန်မာစစ်တပ်အင်းအားတွေနဲ့ ကားတွေ မြစ်ကြီးနားမှာ အရင်လှည့်လည်ပြတာတွေ့ရ တယ်လို့ ဒေသခံ တွေကပြောပါတယ်။

အဲဒီနောက်မှာတော့ စစ်တပ်အမြှောက်ကားတွေနဲ့ သံချပ်ကာကားတွေ ၁၀ စီးကျော် ကေအိုင်အေ ဌာနချုပ်လိုင်ဇာဘက်ကို ဦးတည် သွားခဲ့တာကို အတည်ပြုနိုင်ခဲ့တယ်လို့ ကေအိုင်အိုအရာရှိက ကချင်လိုပြောပါတယ်။

“မြစ်ကြီးနားက ဗလမင်းထင်တံတားကနေ ၀ိုင်းမော်ဘက်ကို တင့်ကား ၆ စီးနဲ့ဖြတ်သွား တယ်လို့ သတင်းရရှိပါတယ်။ ၀ိုင်းမော် မရောက်ခင်မှာ တောင်ခြေတခုရှိတယ်။ အဲဒီနားမှာလည်း စစ်တပ်အင်အားတွေ တိုးချထားတယ်လို့ ကြားပါတယ်။ ဘယ်တပ် ကလဲဆိုတာကိုတော့ အသေအချာမသိရသေးပါဘူး။ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က တပ်တွေဖြစ်မယ်လို့တော့ ခန့်မှန်းရပါတယ်။”

မြန်မာစစ်တပ် မြစ်ကြီးနားမြောက်ပိုင်းတိုင်း စစ်ဌာနချုပ် မ.ပ.ခ က ကားတွေလို့ယူဆရပြီး ကေအိုင်အေရဲ့ ဌာနချုပ်စခန်း လိုင်ဇာ အလဲန်ဘွမ်အနီး ချဉ်းကပ်လာခြင်းဖြစ်တယ်လို့ အရာရှိကဆိုပါတယ်။

အဲဒီမတိုင်ခင်ကလည်း ၀ိုင်းမော်မြို့ ကေအိုင်အိုဘိန်းစစ်ဆင်ရေးလုပ်နေတဲ့ ဆဒုန်းဒေသမှာ တနိုင်းအခြေစိုက် ဒ.က.စ လက်အောက်ခံ တပ်ရင်းနှစ်ရင်းနဲ့ ဇထူးဇွပ်တပ် ခ.လ.ရ (၂၃၈) နဲ့ ခ.လ.ရ (၂၉၇) တို့က တိုးချလာတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

အခုလို မြန်မာစစ်တပ်လှုပ်ရှားမှုပြလာတာဟာ ကေအိုင်အိုအနေနဲ့ ပြည်သူ့စစ်တပ် ဖွဲ့စည်းဖို့ကိစ္စနဲ့လည်း ပတ်သက်သလို မြန်မာစစ်တပ်တွင်း မတည်မငြိမ်ဖြစ်နေတဲ့အချိန် အာရုံပြောင်းတာတွေလည်းဖြစ်နိုင်တယ်လို့ ကေအိုင်အေအရာရှိ တွေက ခန့်မှန်းနေပါတယ်။

ဒါပေမဲ့ ဒေသခံတွေကတော့ စစ်အင်အား တိုးချဲ့ခြင်းအားဖြင့် နှစ်ဖက်တင်းမာမှုတွေ ဖြစ်လာမှာကို စိုးရိမ်နေကြပြီး ပြည်သူ့စစ်တပ်ဖွဲ့တွင်းကို လူငယ်တွေက ပြေးဝင်သွားတာ မျိုးလည်းရှိတယ်လို့ ၀ိုင်းမော်မြို့ ဒေသခံတယောက်က အခုလိုပြောပါတယ်။

“ကျနော်တို့ဒေသခံတွေအနေနဲ့ကတော့ လူငယ်တွေရဲ့အမြင်ပေါ့နော် ဒီဘက်က စစ်အစိုးရ ကလည်း စစ်မှုမထမ်းမနေရဆိုရင်တော့ ဒီဘက်က ကိုယ့်ဒေသ ကိုယ့်ရဲ့ဘာသာ ကိုယ့်ရဲ့လူမျိုးတူ တော်လှန်ရေးဘက် ကေအိုင်အေဖက်မှာပဲပိုပြီးမှ၊ အဲဒီဘက်ကို မထူးဘူး စစ်တပ်မထမ်းမနေရဆိုရင်တော့ ကျနော်တို့လူမျိုးဖက်မှာပဲ ၀င်မယ်လို့ ဒီလိုပဲ အားလုံးက ပြောနေကြတာပေါ့။ အဲဒီလိုဝင်သွားတာ ၄-၅ ယောက်လောက် ရှိသွားပြီခင်ဗျ။”

နှစ်ဖက်တင်းမာမှုတွေကြောင့် ဒေသခံတွေရဲ့ ခရီးသွားလာမှုတွေကိုလည်း မြန်မာဂိတ် တွေမှာ တင်းကျပ်လာတဲ့အတွက် အခုအခြေအနေမှာ ကေအိုင်အိုပြည်သူ့စစ်တပ် ဖွဲ့စည်းရေးမှာ ၀င်ဖို့အတွက် ဖိအားပေးသလို ဖြစ်စေတယ် လို့လည်း ဆက်ပြောပါတယ်။

“ကျနော်တို့ ဒီဘက်မှာ အခုပဲဖြစ်မလား၊ ခဏနေပဲဖြစ်မလား ဆိုပြီးတော့ အရမ်းစိုးရိမ်ရတဲ့ အခြေနေမျိုးမှာဆို လိုင်ဇာဘက်မှာ ကုန်ကူးနေတဲ့သူတွေဆို ကချင်စကားပြောရင် ဂိတ်မှာ မဖြတ်ခိုင်းတဲ့အနေအထားတွေပေါ့နော်။ ပြီးတော့ ဗမာစကားပြောမှ၊ ကချင်အသံတောင် သိပ်မကြားချင်ဘူးတဲ့ အဲလိုမျိုးတွေဖြစ်တော့ ကျနော်တို့အနေနဲ့ ဆိုရင်တော့ ဘာပဲဖြစ်ဖြစ် ကိုယ့်လူမျိုးဖက်မှာတော့ အရေးကြီးရင်သွေးစည်းတာပေါ့။ အရေးမကြီးတဲ့ အချိန် ဒီလိုပဲ နေနေပေမဲ့လည်း တကယ်အရေးကြီးလာပြီဆိုရင်တော့ ကိုယ့်လူမျိုး ကိုယ့်တိုင်းရင်းသား ဖက်ကနေ မားမားမတ်မတ် ရပ်တည်နေမယ်လို့ ဒီလိုပဲ ပြောနိုင်ပါတယ်။”

မြန်မာစစ်တပ်နဲ့ ကေအိုင်အေတပ်တွေဟာ ဒီလအစောပိုင်းက ကေအိုင်အေနယ်မြေထဲ ကျူးကျော်ဝင်ရောက်မှုနဲ့ အပစ်အခတ်ရပ်စဲပြီးနောက် ပထမဆုံးအကြိမ် ပစ်ခတ်မှုဖြစ်ပွား ခဲ့ပါတယ်။

အခုချိန်ထိလဲ အခြေအနေတင်းမာမှု ဆက်တိုက်ဖြစ်ပေါ်နေပြီး နယ်စပ်တပ်စခန်းတွေမှာ မြန်မာတပ်နဲ့ အချိန်မရွေးတိုက်ခိုက်မှု ဖြစ်လာနိုင်တယ်လို့ ကေအိုင်အိုအရာရှိတွေ ကပြော ပါတယ်။

Ref;VOA

Read More...

Uncensored Burma - Daily News ( 2011 Feb 25)

news on Feb 25

Read More...

နအဖ မှ နိုင်ငံ့ဥသျှောင် သို့

ဓာတ်ပုံ - AP
အာရှ တိုင်းမ် အွန်လိုင်း ဝက်ဘ်ဆိုဒ်မှာ ဒီနေ့ ဖော်ပြထားတဲ့ မစ္စတာ ဘာတေးလ် လစ်တနာရဲ့ ဆောင်းပါး တပုဒ်က စိတ်ဝင်စားစရာ ကောင်းပါတယ်။ တပ်ချုပ်ကြီး ခေါင်းဆောင်တဲ့ နိုင်ငံ့ဥသျှောင် ဖွဲ့မယ့်ကိစ္စရယ် သူတို့ ထိပ်သီးလက်ရွေးစင် အာဏာကိုင် ဗိုလ်ချုပ်တွေ သီခြားရွာတည်ပြီး တစုတည်းနေကာ အာဏာကို ဆက်လက် ချုပ်ကိုင် မယ်ဆိုပြီး ပြည်တွင်းသတင်းရင်းမြစ်တွေကို ကိုးကားပြီး သုံးသပ် ရေးသားတဲ့ ဆောင်းပါးပါ။

တပ်ချုပ်ကြီးနဲ့ ထိပ်သီးဗိုလ်ချုပ်၊ ဗိုလ်ချွတ်တစုဟာ အာဏာကို လွယ်လွယ် လွှဲပြောင်း ပေးမယ့် သဘောမရှိဘဲ နိုင်ငံ့ဥသျှောင်လို အဖွဲ့မျိုးဖွဲ့ပြီး ရုပ်သေးအစိုးရကို ချုပ်ကိုင်မယ်ဆိုတာ ဧရာဝတီက သတင်းများ ဖော်ထုတ် ရေးသားခဲ့ပြီး ဖြစ်ပါတယ်။ (အဆိုပါ သတင်းကို မြန်မာလို / အင်္ဂလိပ်လို ဖတ်ရန်)

ဘာတေးလ် လစ်တနာရဲ့ ဆောင်းပါးပါ အချက်အလက်တွေကို ဒီကနေ အကျဉ်း မိတ်ဆက် ဖော်ပြလိုက် ပါတယ်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းဟာ မြန်မာစစ်အစိုးရ လွှတ်တော်သစ်ကို “ပိုနေမြဲ ကျားနေမြဲ အနေအထားကနေ ပြောင်းလဲလာမယ့် အစကနဦး” အဖြစ် အကောင်းမြင်ထားပြီး ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန် အရပ်ဝတ်နဲ့ သမ္မတ ဖြစ်လာမှာကို “အရေးကြီးတဲ့ ခြေလှမ်းတရပ်” လို့ ဒီလ အစောပိုင်းမှာပဲ ပြောခဲ့တယ်၊ ဒီလို အမြင်မျိုးရှိတဲ့သူတွေ သူတို့ အမြင်တွေကို ပြန်လည်း သုံးသပ်သင့်ပြီလို့ ဘာတေးလ် လစ်တနာက စဖွင့်ထားပါတယ်။

ရွေးကောက်ပွဲတွေ ကျင်းပပေး၊ လွှတ်တော်တွေ ခေါ်သည့်တိုင် တပ်ချုပ်ကြီး သန်းရွှေက စစ်ဝတ်စုံချွတ်ဖို့ ငြင်းဆန်ပြီး မြန်မာပြည်မှာ အမြင့်ဆုံး အာဏာပိုင်ဖြစ်လာမယ့် အဖွဲ့ဝင်ခြောက်ဦးပါ နိုင်ငံ့ဥသျှောင် အဖွဲ့ (State Supreme Council) ကို ဖွဲ့ဖို့ ဆုံးဖြတ် လိုက်တဲ့ အခါမှာတော့ အကောင်းမြင်သမားတွေရဲ့ မျှော်လင့်ချက်ဟာ သဲထဲရေသွန် ဖြစ်ကုန်ပါပြီ။ (ဧရာဝတီက ရရှိတဲ့ သတင်းအချက်များအရတော့ အဖွဲ့ဝင် ၈ ဦးပါဆိုပြီး သတင်းတင်ပြထားပါတယ်။)

အစကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပါအတိုင်း အဖွဲ့ဝင် ၁၁ ဦးပါ သမ္မတဦးဆောင်မယ့် နိုင်ငံတော် ကာကွယ်ရေး နဲ့ လုံခြုံရေးကောင်စီ (NDSC) ကို ဖွဲ့ပြီး တပ်ချုပ်ကြီးက ထိန်းချုပ်ထားမယ်လို့ ထင်ခဲ့ကြပါတယ်။ ဒါပေမယ့် အခြေခံဥပဒေမှာ နိုင်ငံ့ဥသျှောင်လို အဖွဲ့ဖွဲ့ဖို့ ဖော်ပြထားတာ မရှိခဲ့လို့ပါ။

ဘာတေးလ် လစ်တနာရဲ့ဆောင်းပါးမှာ စိတ်ဝင်စားစရာ ကောင်းတာက နေပြည်တော် မြို့စွန်မှာ ထိပ်သီး ဗိုလ်ချုပ်တွေအတွက် သီးသန့် ရွာသစ်တည်နေတဲ့ အကြောင်းပါ။ အာရှ တိုင်းမ် အွန်လိုင်းက ရရှိထားတဲ့ မြို့ပြစီမံကိန်းဆိုင်ရာ စာရွက်စာတမ်း ပေါက်ကြား လာမှုတွေကို အခြေခံထားတယ်လို့ ဆိုပါတယ်။

အုတ်နံရံတံတိုင်းတွေ အခိုင်အခန့်နဲ့ နေအိမ် ၁၆ ပါ ရွာတခုကို တည်ဆောက်နေပါတယ်တဲ့။ တပ်ချုပ်ကြီး သန်းရွှေရဲ့ အိမ်က အလယ်မှာ ကျန်အိမ်တွေ ဝန်ရံတည်ရှိမှာဖြစ်ပြီး ဥယျာဉ်၊ ကားလမ်းမ၊ ရေကူးကန်တွေလည်း ပါမယ်လို့ ဆိုပါတယ်။ ဘေးချင်းကပ်မှာတော့ နံပတ် ၂ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ အိမ်လို့တည်ဆောက် ရေး စီမံကိန်း မြေပုံမှာ ပြထား ပါတယ်တဲ့။

ဒီရွာသစ် ဖွဲ့စည်း ဖွဲ့စည်းပုံအရ တပ်ချုပ်ကြီး သန်းရွှေဟာ သူ့ရဲ့ ထိပ်သီးလူတစုကို မကွဲပြားစေလိုဘူး၊ တစုတည်း ရှိနေစေချင်တယ်။ တနည်းအားဖြင့် သူ့အနားခေါ်ပြီး ခြေချုပ်မိအောင်လုပ်ထားတာ၊ အကျယ်ချုပ် ချထားတာနဲ့ ခြားမှာ မဟုတ်ပါဘူးတဲ့။ ဒီလိုစုစည်းထားခြင်း အားဖြင့် သဘောမတူညီတာတွေ၊ အကွဲအပြဲဖြစ်တာတွေကို ချက်ချင်း ညှိလို့ ရနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

တည်ဆောက်ရေးစီမံကိန်း မြေပုံအရ တပ်ချုပ်ကြီးဟာ ပြည်သူတွေရဲ့ ဆန့်ကျင် ဆန္ဒပြမှု တွေသာမကဘူး၊ အမေရိကန် ဦးဆောင်တဲ့ အနောက်အင်အားစုတွေ ဝင်တိုက်မှာ လည်း တွေးကြောက်နေပုံရပါတယ်တဲ့။

အာဏာရှင်ဟောင်း ဦးနေဝင်းဟာ ၁၉၈၁ မှာ အနားယူတယ်ဆိုပြီး သမ္မတရာထူးကို သူ့လူယုံ ဦးစန်းယုကို လွှဲပေးခဲ့ပေမယ့် နောက်ကွယ်ကနေ အကုန်ကြိုးကိုင်ခဲ့တယ်။ အခု သမ္မတ အဖြစ် ရွေးထားတဲ့ ဦးသိန်းစိန်ဟာလည်း “သန်းရွှေရဲ့ စန်းယု” ပဲ ဖြစ်လာမယ်လို့ ဆိုပါတယ်။

ခက်ထန်
Ref;Irrawaddy

Read More...

နားနှင့် နွား

ကျနော် ခေါင်းစဉ်ပေးထားတဲ့အတိုင်း “နားနဲ့နွား” ဘယ်လိုကွာခြားသလဲလို့ မူလတန်း ကျောင်းသား ကလေးတဦးကို အ ဖြေခိုင်းကြည့်မယ်ဆိုရင် “ဝဆွဲ” တလုံးပဲ ကွာတယ်လို့ ဖြေကောင်းဖြေပါလိမ့်မယ်။ ဒါမှမဟုတ် သူ့နားရွက်ကိုကိုင်ပြီး နွား တကောင်ကိုညွှန်ပြကာ “ဒီဟာက နား ဟိုဟာက နွား” လို့ ပြောတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီစကားကိုပဲ ပင် လယ်ပြင် အတွေ့အကြုံများတဲ့ ရေတပ်သား တယောက်ကို မေးကြည့်မယ်ဆိုရင်တော့ စကားလုံးနှစ်ခုရဲ့ အဓိပ္ပါယ်ရော အ နှစ်သာရပါ များစွာကွာခြားပုံကို အကျယ်တ၀င့်ဋီကာချဲ့ ရှင်းလင်းပြောဆို ပြပါလိမ့်မယ်။

၂၀၀၀ ပြည့်နှစ် အလွန်လောက်က အမှတ် (၁) ဗျူဟာစစ်ရေယာဉ်စု အပတ်စဉ် စစ်ရေယာဉ်မှူးများ အစည်းအဝေးမှာ စစ်ရေယာဉ်မှူးတဦး ပြောဆိုတင်ပြသွားတာကို အမှတ်ရနေမိပါတယ်။ စစ်ရေယာဉ်မှူး ဆိုပေမယ့် သူမောင်းနှင်ရတဲ့ ရေ ယာဉ်က တိုက်ခိုက်ရေးစစ်ရေယာဉ်မဟုတ်ဘဲ သယ်ပို့ရေယာဉ်အမျိုးအစား စစ်ရေယာဉ် ၆၀၃ ဖြစ်ပါတယ်။ သူ့နာမည်က တော့ ဗိုလ်မှူးမောင်မောင်ဋ္ဌေး (ဂဏန်းလုံး) ပါ။ သူက “ပြီးခဲ့တဲ့ ကိုကိုးကျွန်းခရီးစဉ်မှာ ကျနော် ကြုံတွေ့ရတာလေးကို တင်ပြချင်ပါတယ်။ ကက(ရေ) က သတ်မှတ်ပေးလိုက်တဲ့ စက်သုံးဆီခွဲတမ်း မလုံလောက်တဲ့အခါကျတော့ ပင်လယ်ပြင် မှာ အခက်ကြုံရပါတယ်။ ကက (ရေ) ရဲ့ ဆီခွဲတမ်းအရဆိုရင် ကျနော့သင်္ဘော ပင်လယ်ပြင်မှာ ကျောက်ချပြီး ရပ်ထားဖို့ ပဲရှိပါတော့တယ်။ သို့သော်လည်း ရေဘူးပေါက်တာ မလိုချင် ဘူးဆိုတဲ့ အထက်အမိန့်အရ နီးစပ်ရာငါးဖမ်းလှေတစီးကို ကိုက်ပြီး ဗျူဟာရုံးကို အရောက်ပြန်လာခဲ့ရပါတယ်။ ကျနော့နေရာမှာ ရှေ့တက်လမ်းရှိတဲ့ စစ်ရေယာဉ်မှူး တဦး သာဆို ရင် ပြဿနာတွေ အများကြီးကြုံရနိုင် တယ်ဆိုတာကို တင်ပြချင်တာပါ”။

သူပြောသွားတာက ကိုယ့်သင်္ဘောဆီမကုန်အောင် ငါးဖမ်းလှေကိုရှေ့ကနေ ဆွဲခိုင်းပြီး အသာမျှောလိုက်လာတာကို ဆိုလို တာပါ။ နွားတံပိုးမှာ စွတ်ဖားချိတ်ပြီး ဆွဲသလိုဆွဲရတာမို့ အဲဒီလို လုပ်ဆောင်ပေးရတဲ့ ငါးဖမ်းလှေကို ရေတပ်သားတွေက“နွား” လို့ ကင်ပွန်းတပ်ကြပါတယ်။ ဒီနေရာမှာ စစ်ရေယာဉ်မှူးကလည်း သူ့လိုအပ်ချက်အရ နီးစပ်ရာငါးဖမ်းလှေကို ကျား ပိန်တွယ်တွယ်ပြီးခဲ၊ ငါးဖမ်းကုမ္ပဏီက မကျေနပ်လို့ တိုင်ကြားတဲ့အခါ ပြဿနာတက်ကြရပါတယ်။ ဗိုလ်မှူးမောင်မောင်ဋ္ဌေး က ရဲဘော်ဘဝမှ အရာရှိဖြစ်လာသူမို့ ဗိုလ်မှူးအဆင့်ထက်ပိုပြီး မျှော်မှန်းလို့ မရပါဘူး။ သူ့နေရာမှာ DSA ကျောင်းဆင်း အရာရှိသာဆိုရင် တက်လမ်းပိတ်သွားနိုင်ပုံကို ရည်ညွှန်း ပြောဆိုသွားတာ ဖြစ်ပါတယ်။

ကျနော်တို့နိုင်ငံမှာ ၀န်ထမ်းအဖွဲ့အစည်းတွေ လာဘ်စားတယ်ဆိုတဲ့နေရာမှာ ဝန်ထမ်း တဦးချင်းစီရဲ့ မတော်လောဘစိတ် သက်သက်ကြောင့်တော့ မဟုတ်ပါ။ အစိုးရအုပ်ချုပ်ရေး ယန္တရားမှာကိုက အကျင့်ပျက်လာဘ်စားဖို့ အခွင့်သာစေတဲ့ ယို ပေါက်စိမ့်ပေါက်တွေ ရှိနေပြီးသားပါ။ ကက (ရေ) က ထုတ်ပြန်တဲ့ စစ်ဆင်ရေးထွက်ခွာမိန့် ကြေးနန်းတိုင်းမှာ “စရိတ်ကုန် သက်သာစေသော မိုင်နှုန်းဖြင့် ထွက်ခွာရန်” ဆိုတဲ့ စာသားအမြဲလိုလိုပါရှိပါတယ်။ ယေဘုယျဆန်ပြီး အဓိပ္ပါယ်အတိအ ကျကောက်ယူဖို့ ခဲယဉ်းတဲ့ စကားရပ် ဖြစ်ပါတယ်။ စက်သုံးဆီချပေးရာမှာလည်း အမှန်တကယ်ကုန်ကျနှုန်း ထက် သူတို့ သင့်တော်မယ်ထင်တဲ့ နှုန်းထားအတိုင်း သတ်မှတ်ပေးပါတယ်။ လောက်တာ မလောက်တာ ပြန်မပြောနဲ့ ပေးသမျှနဲ့ ဖြစ် အောင်လုပ် ဆိုတဲ့သဘောပါ။

မုန့်ဖိုးမှန်မှန်မရတဲ့ ကလေးတယောက်ရှေ့မှာ စုဘူးထဲက ပိုက်ဆံကိုထုတ်ပြပြီး “ဒီလို ထုတ်ယူရင် ရတယ်။ ဒါပေမယ့် ဒီလို ဘယ်တော့မှ မခိုးနဲ့” လို့ သညာပေးတာမျိုး ဖြစ်မနေဘူးလား။ ဒီနေရာမှာ ကျနော့အနေနဲ့ ၀န်ထမ်းတွေ အကျင့်ပျက် လာဘ်စားမှု မရှိဘူးလို့ ကာကွယ်နေခြင်း မဟုတ်ပါ။ အုပ်ချုပ်ရေးစနစ်တခုရဲ့ အားနည်းချက်တွေက အကျင့်ပျက်လာဘ် စားမှုကို အထောက်အပံ့ပြုနေကြောင်း သိသာထင်ရှားအောင် ဖော်ပြ ပေးတာ ဖြစ်ပါတယ်။ မဆလ ခေတ်က မှောင်ခိုဈေး ကွက်ကြီးထွားခဲ့တာလည်း ဒီလိုပါပဲ။ တရားဥပဒေနဲ့အညီကျင့်သုံးပြီး လုပ်ထုံးလုပ်နည်းတွေ ပွင့်လင်းမြင်သာ ရှိမယ်ဆိုရင် အာဏာရှင်စနစ် မတည်မြဲနိုင်ပါဘူး။ တပ်မတော်မှာက အထက်လူကြီး ရှေ့ရောက်တဲ့ အခါ မခုတ်တတ်တဲ့ကြောင်လို တေ မိလုပ်နေပြီး ကွယ်ရာမှာထင်သလိုလုပ်တတ်သော “ပြန်မပြောနားမထောင်” များအတွက်သာ နေရာ အဆင်သင့်ရှိပါ တယ်။ “မဟုတ်လည်းခံ ဟုတ်လည်းခံ အများမမုန်း လူကြီးသုံး” စကားအတိုင်း ကျင့်ကြံနေထိုင်နိုင်ပါမှ တော်ကာကျပါ တယ်။

စစ်ရေယာဉ် (၆၀၃၊၆၀၃၊ပြည်တော်အေး) သင်္ဘောတွေဟာ အိုမင်းဟောင်းနွမ်းနေပြီး တနာရီကို ၅ မိုင် ၆မိုင်နှုန်းလောက် သာ ခရီးပေါက်တာပါ။ ကြောင်အိုတော့ကြွက်မလေး စကားလိုပဲ ငါးဖမ်းလှေတွေက အဲဒီသင်္ဘောတွေကို ဂရုမစိုက်ပါဘူး။

ဒါကြောင့် ပင်လယ်ပြင်ကိုရောက်အောင် တအိအိမောင်းနှင်သွားပြီးမှ အခြားစစ်ရေယာဉ် တစီးစီးရဲ့ အကူအညီကိုယူကာ လှေတစီးရအောင် အမိအရချောဆွဲရပါတယ်။ နောက်လှေ တစီးထပ်ရဖို့ မလွယ်ကူတဲ့အခါ ရပြီးသားလှေကိုပဲ ကိုယ်လိုချင် တဲ့နေရာအရောက် အတင်းအကြပ်ဆွဲခိုင်းတာကြောင့် မကြာခဏတိုင်တန်း တာခံရပါတယ်။ ပြဿနာလည်းတက်ရော အ ထက်ဌာနကြီးတွေက မသိသလိုတာဝန် ရှောင်လွှဲတော့ စစ်ရေယာဉ်မှူးခမျာ ဟိုလူ့အဖေခေါ်ရမလို ဒီလူ့အဖေခေါ်ရ မ လို။ အဲဒီ ရေယာဉ်တွေကို မမောင်းချင်ကြပေမယ့် တာဝန် ပေးလာပြန်တော့လည်း ငြင်းဆန်၍မရပြန်ပါ။

နောက်တခု “နား” ဆိုတဲ့ အသုံးအနှုန်းကတော့ ဆက်သွယ်ရေးပိုင်းနဲ့ပိုပြီး နီးစပ်ပုံရပါတယ်။ စစ်ဆင်ရေးတာဝန်ချိန်အ တွင်း ယိုးဒယား ငါးခိုးလှေဖမ်းဆီးဖို့ ရည်ရွယ်ချက်ရှိတဲ့ စစ်ရေယာဉ်မှူးတွေက စစ်ရေယာဉ်ပေါ်မှာ ထိုင်းစကားကျွမ်းကျင် သူ ပင်လယ်ပြင်ငါးဖမ်း သမားများကို ခေါ်ဆောင်သွားတတ်ပါတယ်။ သူတို့ဟာ ယိုးဒယားငါးဖမ်းလှေတွေမှာ နှစ်ကာလ ကြာရှည်စွာ လုပ်ကိုင်ခဲ့ကြပြီး ထိုင်းဘာသာ ကျွမ်းကျင်ရုံမျှမက ပင်လယ်ပြင်ဆက်သွယ်ရေးနဲ့ ငါးခိုးလှေများကျက်စားတတ် တဲ့ နေရာတွေကိုပါ တိတိကျကျ ခန့်မှန်းတတ်ကြပါတယ်။ သူတို့ကိုရေတပ်သားတွေက “နား” လို့ခေါ်ပါတယ်။

ပင်လယ်ပြင်ရောက်ပြီဆိုတာနဲ့ သူတို့ရဲ့အလုပ်က ဆက်သွယ်ရေးစက်နားမှာ မပြတ်တမ်း နေပြီး ယိုးဒယားငါးဖမ်းလှေများ ရဲ့ လှုပ်ရှားဆက်သွယ်မှုကို စောင့်ကြည့်လေ့လာရတာပါ။ မြန်မာ့ရေပိုင်နက်အတွင်းကို ငါးခိုးလှေတွေဝင်ရောက်နေတာ သေချာပြီဆိုရင် တည်နေရာ လတ္တီကျု၊ လောင်ဂျီကျုအညွှန်းနဲ့တကွ စစ်ရေယာဉ်မှူးထံ သတင်းပို့ရပါတယ်။ ခုနောက်ပိုင်းယိုးဒယားငါးဖမ်းလှေအများစုမှာ ဂြိုလ်တုဖုန်းတွေ အသုံးပြုလာပေမယ့်လည်း မြန်မာရေတပ်ရဲ့ လက်ကမလွတ်ကင်းနိုင် သေးပါဘူး။

ယိုးဒယားငါးခိုးလှေ ဖမ်းဆီးမိလို့ လှေပေါ်ပါပစ္စည်းအချို့ကို ထုခွဲရောင်းချပြီးတဲ့အခါ “နား” ဆိုသူကို ရာခိုင်နှုန်းအချိုးကျပေးရပါတယ်။ အချို့သူတွေဟာ အဲဒီလုပ်ငန်းနဲ့ တော်တော် အလုပ်ဖြစ်တာ တွေ့ရပါတယ်။ ဖမ်းမိ ငါးခိုးလှေတွေကို ဦးပိုင် စီးပွားရေး လီမီတက်မှာ အပ်နှံရတာကြောင့် ကက (ရေ) အရာရှိကြီးများ မျက်နှာပွင့် ပါတယ်။ “နား” တဦးရဲ့ ပြောပြချက် အရဆိုရင် ဦးပိုင်မှာ သူဖမ်းပေးထားတဲ့လှေ အစီး (၂၀၀) ကျော်သွားပြီလို့ သိရပါတယ်။ ဖမ်းမိလှေအပ်နှံရာမှာ အလကား ရတဲ့နွားကို သွားဖြဲကြည့်ပြီး အင်မတန်မှ ဇီဇာကြောင် လက်ပေါက်ကပ်သော ဦးပိုင်က အရာရှိကြီးများအကြောင်း ကိုတော့နောင် အလျဉ်းသင့်တဲ့အခါ ရေးသားဖော်ပြ ပေးပါအုံးမယ်။

ဒါတွေကတော့ အာဏာရှင်ကြီးတွေ တယောက်ပြီး တယောက်ရဲ့လက်အောက်မှာ ရာစုနှစ်တ၀က်ကျော်လောက် လောင်းရိပ်မိနေတဲ့ အုပ်ချုပ်ရေးယန္တရားကြီးထဲမှာ ၀န်ထမ်း တွေ လာဘ်စားမှုကျူးလွန်ဖြစ်အောင်၊ စာရိတ္တ ပျက်ပြားအောင် တွန်းပို့ရာ ရောက်နေသော အုပ်ချုပ်မှုဆိုင်ရာ အားနည်းချက်အချို့ကို လက်လှမ်းမီ သလောက် ဖော်ထုတ်တင်ပြ ခြင်းသာ ဖြစ်ပါတယ်။

နေမင်းသူ


Ref;naytthitAlign Center

Read More...

၂ နိုင်ငံသားခံယူထားတယ်ဆိုတာ ၀န်ကြီးချုပ် ၀န်ခံလိုက်ပြီ

ဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ ဟာ ထိုင်းနိုင်ငံသားနဲ့ ဗြိတိသျှနိုင်ငံသား ၂ မျိုးစလုံး ခံယူထားတာဖြစ်တယ်လို့ အတိုက် အခံတွေက ပါလီမန်ကို ပြောလိုက်ပြီး သူ့ရဲ့ဇစ်မြစ်နဲ့ပတ်သက်လို့ ရှင်းရှင်းလင်းလင်းဖြစ်ဖို့ အဖိဆစ်ကို ဖိအားဆက်ပေး နေပါ တယ်။

အဖိဆစ်ကို ၁၉၆၄ ခုနှစ်မှာ နယူးကာဆယ်မြို့မှာမွေးပါတယ်။ အဲဒီမှာမွေးတာဖြစ်လို့ ဗြိတိသျှနိုင်ငံသား ဖြစ်လာပါတယ်။ ထိုင်းမိဘနှစ်ပါးကမွေးတာဖြစ်လို့လည်း သူဟာ ထိုင်းလူမျိုး ဖြစ်ပါတယ်လို့ ဖုအက်ထိုင်းပါတီက ပါလီမန်ကို မနေ့က ပြောပါတယ်။ ၁၉၈၃ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မတိုင်မီ ဗြိတိန်မှာမွေးသူ မည်သူမဆို ဗြိတိသျှနိုင်ငံသား ဖြစ်သည်လို့ ဗြိတိသျှ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဗြိတိသျှနယ်စပ်အေဂျင်စီက သူတို့ ၀က်ဆိုဒ်ပေါ်မှာ ဖော်ပြထားပါတယ်။ သံတမန် ဆိုင်ရာ ကင်းလွတ်ခွင့်ရထားတဲ့ နိုင်ငံခြားရေး လုပ်ငန်းမှာလုပ်ကိုင်နေတဲ့ တချို့ သံတမန်ဝန်ထမ်းတွေအတွက်ကတော့ ချွင်းချက်တခု ဖြစ်ပါတယ်။

အဖိဆစ်ဟာ သူ့ရဲ့ဗြိတိသျှလူမျိုးဖြစ်ခွင့်ကို တရားဝင် ဖျက်သိမ်းနိုင်ပါတယ်။ ဒါပေမဲ့ သူဒါကို မလုပ်ဘူး။ သူ ဗြိတိသျှ နိုင် ငံသားခံယူထားတာကို ဖျက်မပစ်ဘူးလို့ မနေ့က အောက်လွှတ်တော်မှာ အဖိဆစ်က ၀န်ခံပါတယ်။ ဒါက ဗြိတိသျှ နိုင်ငံ သားရော၊ ထိုင်းနိုင်ငံသားပါ ၂ ခုစလုံးဆက် ခံယူထားတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ ပြီးခဲ့တဲ့ ၁ လလောက် က ဒါနဲ့ပတ်သက် လို့ အတိုက်အခံတွေက မေးမြန်းမှုတွေ စတင်ခဲ့ပြီးနောက်မှာ ၂ နိုင်ငံသားခံယူထားတယ် ဆိုတာကို သူအသိအမှတ်ပြု လိုက်တာ၊ ဒါဟာ ပထမဆုံး အကြိမ်ဖြစ်ပါတယ်။ ဒါဟာ ၀န်ကြီးချုပ်အနေနဲ့ တမင်တကာရှောင်လွှဲတာ ဖြစ်တယ်လို့ စွပ်စွဲ ပြောဆိုနေကြပါတယ်။ ဒါပေမဲ့ ၀န်ကြီးချုပ် ကတော့ ဒါဟာ ဥပဒေကိစ္စ ဖြစ်တယ်လို့ ပြောပါတယ်။

“ဗြိတိသျှနိုင်ငံသားအဖြစ်ကို မစွန့်လွှတ်ဘူးဆိုတာ ကျနော်ဝန်ခံတယ်။ ဘာလို့လဲဆိုတော့ ဒါကို နိုင်ငံသားဖြစ်မှု ဥပဒေ တွေဟာ ပဋိပက္ခ ဖြစ်နေတယ်။ ထိုင်းဥပဒေကို အသုံးပြုရမယ်ဆိုတာ ဥပဒေအရ သဘောပေါက် နားလည်ထားလို့ပါ” လို့ သူက ဆိုပါတယ်။ သူ့အနေနဲ့ ထိုင်းနိုင်ငံသားဖြစ်ဖို့ပဲ ရည်ရွယ်ထားတယ်ဆိုတာကို တလျှောက်လုံး ရှင်းရှင်းလင်း လင်း ပြောခဲ့တာပဲလို့ သူက ထပ်ခါတလဲလဲ ပြောပါတယ်။ “အခု ကျနော် အင်္ဂလန်သွားမယ်ဆို ဗီဇာတောင်းဖို့လိုတယ်။ ကျနော် ထိုင်းနိုင်ငံသားဖြစ်ဖို့ ရည်ရွယ်တယ်ဆိုတာ ရှင်းပါတယ်။ ၂ နိုင်ငံသားဖြစ်တယ်။ မဖြစ်ဘူးဆိုတာက ဥပဒေ ကိစ္စ ပါ” လို့ ပါလီမန်က မေးမြန်းတာကို တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

အဖိဆစ်ဟာ ဗြိတိသျှဥပဒေအရ ဗြိတိသျှနိုင်ငံသားဖြစ်တယ်လို့ ဖုအက်ထိုင်းပါတီအမတ် ကျတုပေါန်ဖရွမ်ပန်က ပြောပါ တယ်။ ဒါက ဘာကိုဆိုလိုသလဲဆိုတော့ မနှစ်က ဘန်ကောက်မှာဖြစ်ခဲ့တဲ့ လမ်းပေါ်အဓိကရုန်းတွေမှာ သူ့အစိုးရကြောင့် သေကျေမှု တွေဖြစ်တော့ လူသားတွေအပေါ်ကျူးလွန်တဲ့ ရာဇ၀တ်မှုအတွက် အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ သူ့ကို တ ရားစွဲဆိုနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ ရှပ်နီရှေ့နေ ရောဘတ်အမ်စတာဒမ်က တရားရုံးမှာ အဖိဆစ်အပေါ် တရားစွဲဆို အမှုဖွင့်ထားပါတယ်။

ထိုင်းနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာရာဇ၀တ်မှုတရားရုံးကို ထူထောင်ခဲ့တဲ့ ရောမ စတက်ကျု့ ဥပေဒကို ပြင်ဆင်မထား ပေမဲ့လည်း ရှပ်နီတွေကတော့ သူဟာ စာချုပ်ကိုလက်မှတ်ထိုးထားတဲ့ ဗြိတိန်နိုင်ငံသားတယောက်ဖြစ်တယ်ဆိုရင် ၀န် ကြီးချုပ်ကို ဒီတရားရုံးက တရားစီရင်နိုင်တယ်လို့ ပြောဆိုနေကြပါတယ်။ သူမွေးတာနဲ့ပတ်သက်လို့ သူ့မိဘတွေက လန် ဒန်မှာရှိတဲ့ ထိုင်းသံရုံးကို အသိပေးတယ်လို့ အဖိဆစ်က ပြောပါတယ်။ သူဟာ ထိုင်းနိုင်ငံသားဖြစ်တယ်၊ ထိုင်းနိုင်ငံကူး လက်မှတ်ကို ကိုင်ထားတယ်လို့လည်း ပြောပါတယ်။ သူငယ်စဉ် ဗြိတိန်မှာ စာသင်တုန်းက ဒီတိုင်းပြည်ကိုဝင်ဖို့ နိုင်ငံခြား ကျောင်းသား တယောက်အနေနဲ့ ဗီဇာတောင်းရတာ ဖြစ်ပါတယ်။

ဖေဖေါ်ဝါရီ ၂၅၊ ၂၀၁၁ (ဘန်ကောက်ပို့စ်)


Ref; < href="http://www.naytthit.net/?p=9209">naytthit

Read More...

သင်္ကြန်ဗုံးကွဲမှု သံသယရှိသူ ၅ ဦး ထောင်ချ

Read More...

ILO လုပ်ငန်းစဉ် တိုးချဲ့မည့်ကိစ္စ ဒေါ်စု ထောက်ခံ

ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO အမှုဆောင် ဒါရိုက်တာ မစ္စတာ Guy Ryder အဖွဲ့နှင့် သောကြာနေ့တွင် တွေ့ဆုံခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတွင်း ILO လုပ်ငန်းစဉ်များ တိုးချဲ့မည့်ကိစ္စကို ထောက်ခံကြောင်း ဆွေးနွေးခဲ့သည်။

ILO က အစိုးရသို့ တင်ပြထားသည့် အလုပ်သမား အကျိုးစီးပွား ကာကွယ်ရေး လုပ်ငန်းများ၊ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်ကိစ္စများကို ထောက်ခံကြောင်း ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ မနက် ၁ဝ နာရီခွဲမှ ၁၂ နာရီအထိ ဆွေးနွေးခဲ့ရာတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံမှာ ILO ရဲ့ လုပ်ပိုင်ခွင့်တွေကို
တိုးချဲ့ဖို့
dasskmeetguyryder1s


အစိုးရကို သူတို့တင်ပြ ထားတာတွေကို ရှင်းပြတယ်။ လုပ်ပိုင်ခွင့်တွေ တိုးချဲ့တဲ့ နေရာမှာအလုပ်သမား အကျိုး စီးပွား ကာကွယ်ရေး လုပ်ငန်း တွေ၊ အလုပ်သမား သမဂ္ဂ ဖွဲ့စည်းခွင့်တို့ဘာတို့ ပါတယ်လို့ အဲဒီလို ပြောပါ တယ်” ဟု ဦးအုန်းကြိုင်က မဇ္ဈိမကို ပြော သည်။

မြန်မာနိုင်ငံတွင် ILO ရှိနေသည်မှာ အားတက်ကြောင်းနှင့် ယခုလို တိုးချဲ့လုပ်ကိုင်မည့် လုပ်ငန်းစဉ်များကိုလည်း သဘောတူကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ပြောဆို ခဲ့သည်ဟု ဆိုသည်။

ဆွေးနွေးပွဲသို့ ILO အမှုဆောင်ဒါရိုက်တာ Mr. Guy Ryder ၊ မြန်မာနိုင်ငံဆိုင်ရာ ILO ဆက်သွယ်ရေးအရာရှိ Mr. Steve Marshall နှင့် ကိုယ်စားလှယ်အဖွဲ့ဝင် ၃ ဦး၊ NLD ဘက်မှ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဥာဏ်ဝင်းနှင့် ဦးဟန်သာမြင့်တို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

Mr. Guy Ryder နှင့် အဖွဲ့သည် ကြာသပတေးနေ့ ညနေ ၃ နာရီမှ ၆ နာရီအထိ မြန်မာနိုင်ငံအတွင်းရှိ လူ့အခွင့်အရေးကိစ္စ ဆောင်ရွက်နေသူ ပုဂ္ဂိုလ် ၈ဝ ခန့်ကို ရန်ကုန်မြို့ ဆူးလေဘုရားလမ်းရှိ ကုန်သည်ကြီးများ ဟိုတယ်၌ တွေ့ဆုံဆွေးနွေးခဲ့သေးကြောင်း ဆွေးနွေးပွဲတက်သူ NLD ဥပဒေရေးရာ အတိုင်ပင်ခံရှေ့နေ ဦးအောင်သိန်းက ပြောသည်။

ကြာသပတေးနေ့ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ အများစုက မြန်မာစစ်တပ် ကလေး စစ်သား စုဆောင်းမှုကို တင်ပြပြီး၊ ILO ဘက်ကလည်း ၎င်းတို့၏ ကူညီနိုင်မှုများကို ပြန်ဆွေးနွေးခဲ့သည်ဟု ဦးအောင်သိန်းက ပြောသည်။

“ကလေးစစ်သားကိစ္စတွေကို တင်ပြတယ်။ အဲဒီကလေးတွေနဲ့ ပတ်သက်ပြီး ဘယ်လို တာဝန်ယူမှု ရှိတယ်ဆိုတာရယ် တချို့တွေက တပ်ထွက်လက်မှတ်ပေးတယ်၊ တချို့တွေက တပ်ထွက်လက်မှတ် မပေးဘူး။ အဲဒီလိုလူတွေကို ထပ်ပြီးတော့ အရေးမယူနိုင်အောင် ထောက်ခံချက်လိုရင် သူတို့ ပေးမယ်ပေါ့။ သူတို့ရဲ့ လေ့လာ တွေ့ရှိချက်တွေနဲ့ အထောက် အထားလိုအပ်ရင် သူတို့ပေးမယ်လို့ ပြောပါတယ်” ဟု သူက ဆိုသည်။

ILO နှင့် မြန်မာအစိုးရတို့ ချုပ်ဆိုထားသည့် အဓမ္မလုပ်အားပေး ကိစ္စများ တိုင်ကြားရေး အတွက် လုပ်ထုံးလုပ်နည်းများ ပါဝင်သည့် နားလည်မှုစာချွန်လွှာကို နေပြည်တော်တွင် ကြာသပတေးနေ့က နောက်ထပ် တနှစ်သက်တမ်းတိုးခဲ့သည်။

ကလေးစစ်သား စုဆောင်းခံရမှုနှင့် တောင်သူလယ်သမားများ လယ်ယာသိမ်းခံရမှု များကိုလည်း ILO သို့ တင်ပြတိုင်ကြားနိုင်သည်။

မြန်မာအစိုးရသည် ကလေးစစ်သား ၆ဝ,ဝဝဝ ခန့်ကို စစ်တပ်တွင်း သုံးစွဲနေပြီး အခြား လက်နက်ကိုင် အဖွဲ့အစည်းများမှ ၆,ဝဝဝ ခန့် သုံးစွဲနေသည်ဟု ထိုင်းအခြေစိုက် လူ့အခွင့်အရေး ပညာပေးဌာန HREIB ဒါရိုက်တာ ဦးအောင်မျိုးမင်းက ခန့်မှန်းထားသည်။

Ref;Mizzima

Read More...

လယ်မြေသိမ်းမှု ILO မဖြေရှင်းနိုင်သေးဟုဆို

ခင်ဦးသာ
25 February 2011

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော အဓမ္မလယ်မြေ သိမ်းယူမှု ပြဿနာများကို အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ် (ILO) အနေဖြင့် ထိရောက်စွာ ဆောင်ရွက်ပေးနိုင်မှု မရှိသေး ဟု ILO ဒုတိယ အကြီးအကဲ က ဆိုသည်။

မြန်မာနိုင်ငံမှ လူ့အခွင့်ရေး လှုပ်ရှားနေသူများနှင့် ယမန်နေ့ကတွေ့ဆုံဆွေးနွေးပွဲတွင် ILO ဒုတိယ ညွန်ကြားရေးမှူးချုပ် မစ္စတာ ဂိုင်း ရိုက်ဒါ(Guy Ryder) က ပြောဆိုခဲ့ကြောင်း ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ ရှေ့နေ ဦးအောင်သိန်း က ပြောသည်။

“တွေ့ဆုံပွဲမှာ တင်ပြကြတာတွေကလယ်ယာမြေ အဓမ္မသိမ်းမှုနဲ့ ကလေး စစ်သား စုဆောင်း မှု များလာတဲ့ ကိစ္စတွေပါပဲ”ဟု ဦးအောင်သိန်းက ပြောသည်။

လယ်မြေသိမ်းယူမှုများမှာ ကချင်ပြည်နယ်၊ မွန်ပြည်နယ် အပါအ၀င်နိုင်ငံ တ၀န်း၌ ဖြစ်ပွား လျက်ရှိပြီး လတ်တလောတွင် ကချင်ပြည်နယ် ယုဇနကုမ္ပဏီ မြေသိမ်းမှုမှာ အကြီးမားဆုံး ဖြစ်ပွားမှု တခုဖြစ်သည်။

ကချင် လူမှုဖွံ့ဖြိုးရေး ကွန်ရက်မှ ထုတ်ပြန်ခဲ့သည့် “အာဏာရှင်များ၊ သူဌေးကြီးများနှင့် ကျားများ” (Tyrants, Tycoons and Tigers) အမည်ရှိ အစီရင်ခံစာတွင် ဟူးကောင်း ချိုင့်ဝှမ်းမှ ကမ္ဘာ့အကြီးဆုံး ကျားထိန်းသိမ်းရေးနယ်မြေတွင် ကြံနှင့် ဇီဝလောင် စာ ဆီအတွက် ပီလောပီနံ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ရန် မြေဧက ၂ သိန်းကို ဦးဌေးမြင့်ပိုင် ယုဇနကုမ္ပဏီက သိမ်းယူခဲ့ ကြောင်း၊ ထို သိမ်းယူမှုကြောင့် ဒေသခံများ အတင်းအကျပ် ပြောင်းရွှေ့ခံရခြင်း၊ မြေတူးစက်များ အသုံးပြုခြင်းကြောင့် သဘာဝ ပတ်ဝန်းကျင်များ ပျက်စီးရခြင်းနှင့် နောက်ဆက်တွဲဆိုးကျိုးများ ခံစားနေရကြောင်း ဖော်ပြ ထားသည်။

ဟူးကောင်းဒေသမှ မြေယာများကို ၂၀၀၇ ခုနှစ်တွင် စတင်သိမ်းယူခဲ့ပြီး ယင်းမြေသိမ်းမှု များအား ကာယကံရှင် တချို့က တရားစွဲဆိုမှု ဖြစ်ပွားခဲ့သည်။

ILO တွေ့ဆုံပွဲကို ရန်ကုန်မြို့၊ ကုန်သည်ကြီးများ ဟိုတယ်တွင် ပြုလုပ်ခဲ့ပြီး ရန်ကုန် အပါအ၀င် မန္တလေး၊ ပုသိမ်၊ တောင်ကြီး၊ မကွေး စသည့် မြို့နယ်များမှ လူ့အခွင့်အရေး ဆောင်ရွက် နေသူများ၊ လူမှုရေး အဖွဲ့အစည်းများ၊ ရှေ့နေများ စသည်ဖြင့် စုစုပေါင်း လူ ၈၀ ကျော်တက်ရောက် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို လက်ရှိကာလ၌ ထိထိရောက်ရောက် မလုပ်ဆောင်နိုင်သေး သော်လည်း အစိုးရသစ် လက်ထက်တွင် လုပ်ဆောင်ပေးနိုင်ဖွယ် ရှိကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် လူမှုရေး အသင်း အဖွဲ့ ဖွဲ့စည်းရေး ကိစ္စကို ထည့်သွင်းရေးဆွဲထား၍ လွပ်လပ်စွာ လုပ်ဆောင်ခွင့် ရမရ ကိစ္စများကို စောင့်ကြည့်သွားမည်ဖြစ် ကြောင်း ဂိုင်း ရိုက်ဒါ က ဆိုသည်။

လူ့အခွင့်အရေး လှုပ်ရှားသူများကမူ လက်ရှိအစိုးရသည် ယခင်အစိုးရသာ ဖြစ်၍ ထူးခြားသော အပြောင်းအလဲ ဖြစ်လာနိုင်ခြေ နည်းပါးမည်ဟု ဆိုကြသည်။

နအဖ အစိုးရက ILO အနေဖြင့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စများကို အစိုးရသစ်နှင့်လက်တွဲ လုပ်ဆောင်သွားရန် ပြောဆိုထားကြောင်း၊ အကူအညီ လိုပါက ၎င်းတို့က ကူညီဆောင်ရွက် ပေးသွားမည်ဟု ကမ်းလှမ်းထားကြောင်း သိရသည်။

လက်ရှိ အစိုးရသစ်၌ ပြည်ထောင်စု ရှေ့နေချုပ် အဆိုပြုခံထားရသူ ဒေါက်တာ ထွန်းရှင်သည် ဆွတ်ဇာလန်နိုင်ငံ ဂျနီဗာမြို့၌ မကြာခင်က ပြုလုပ်ခဲ့သော အစည်းအဝေးတွင် မြန်မာနိုင်ငံ၌ လူ့အခွင့်အရေး ချိုးဖောက်မှုနှင့်နိုင်ငံရေး အကျဉ်းသားများ မရှိဟု ငြင်း ဆိုထားသူ ဖြစ်သည်။

ILO သည် မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသော အဓမ္မ လုပ်အားပေး ခိုင်းစေမှုများ၊ ကလေးစစ်သား စုဆောင်းမှုများ ပပျောက်ရေးနှင့် လူကုန်ကူးမှု ကိစ္စများ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ ပပျောက်ရေးတို့ကို ဆောင်ရွက်ပေးနေသည့် အဖွဲ့ဖြစ်သည်။

ILO နှင့် မြန်မာအစိုးရတို့ အဓမ္မ လုပ်အားပေး ခိုင်းစေမှု ပပျောက်ရေးနှင့် ပတ်သက်ပြီး ပူးပေါင်း ဆောင်ရွက်ရန် သဘောတူ စာချုပ်သက်တမ်းကိုလည်း တနှစ် ထပ်တိုး လိုက်သည်။ ယခုအကြိမ်သည် စတုတ္ထ အကြိမ်မြောက် ဖြစ်သည်။

ယင်း သက်တမ်းတိုးမှု သည် ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက် နေ့တွင် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာ မြို့၌ ချုပ်ဆိုသည့် နားလည်မှု စာချွန်လွှာနှင့် အစည်းအဝေးမှတ်တမ်းအား သက်တမ်း တိုးမြှင့်ခြင်း ဖြစ်ကြောင်း သိရသည်။ ILO ဒုတိယ ညွှန်ကြားရေးမှူးချုပ် မစ္စတာ ဂိုင်း ရိုက်ဒါ နှင့် အဖွဲ့သည် မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီ ၂၂ ရက်က ရောက်ရှိနေခဲ့ပြီး ယနေ့ မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာမည် ဖြစ်သည်။

မစ္စတာ ဂိုင်း ရိုက်ဒါ နှင့် အဖွဲ့သည် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရ သည်။

Ref;Irrawaddy

Read More...

ကချင်နယ်အတွင်း စစ်တပ်များ ပိုမိုဝင်ရောက်

ဖနိဒါ
ဖေဖေါ်ဝါရီလ ၂၅ ရက် ၂၀၁၁ ခုနှစ်

ကချင်ပြည်နယ်သို့ စစ်အစိုးရတပ်မှ အနည်းဆုံး စစ်သည် ၂ဝဝ ရှိ တပ်အသစ်များ ယခုတပတ်အတွင်း ပိုမိုဝင်ရောက်လာကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် လေ့လာသူများက ပြောသည်။

စစ်သည်တင် တင့်ကား တဒါဇင်ခန့်ကို ဧရာဝတီမြစ်အရှေ့ဘက် ဗန်းမော်မြို့အခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ ၅၈ သို့ ပို့ဆောင်မှု များကို အင်္ဂါနေ့ကတည်းက ပြုလုပ်နေခဲ့သည်ဟု ဆိုသည်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် လက်နက်ကိုင် တော်လှန်ခဲ့သော KIO သည် ၁၉၉၄ ခုနှစ်တွင် အပစ်အခတ် ရပ်စဲခဲ့သည်။ သို့သော် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေး အစီအစဉ်ကို KIO ဘက်က လက်မခံသဖြင့် စစ်အစိုးရက ပြီးခဲ့သည့်နှစ် စက်တင်ဘာ ကတည်းက KIO ၏ ခရီးသွားလာခွင့်ကို ထိန်းချုပ်ခဲ့ပြီးနောက် နှစ်ဖက်ကြား ဆက်ဆံရေး တင်းမာနေခဲ့သည်။

Ref;Mizzima

Read More...

Friday, February 25, 2011

အီဂျစ်စစ်တပ် ကတိတည်ရေး လူထုဆန္ဒပြ

Thousands of Egyptians shout slogans as they gather at Tahrir Square, the focal point of the Egyptian uprising, in Cairo, Egypt, February 25, 2011

ကိုင်ရိုမြို့ Tahrir လွတ်မြောက်ရေးရင်ပြင်မှာ စုဝေးဆန္ဒပြနေကြသည့် အီဂျစ်နိုင်ငံသားများ (ဖေဖော်ဝါရီလ ၂၅၊ ၂၀၁၁)

အီဂျစ်စစ်တပ်အနေနဲ့ ကတိပေးထားတဲ့အတိုင်း ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ထောင်နဲ့ချီတဲ့ ဆန္ဒပြ ပြည်သူ တွေဟာ ကိုင်ရိုမြို့က Tahrir လွတ်မြောက်ရေးရင်ပြင်မှာ သောကြာနေ့က စုရုံးတောင်းဆိုကြပါတယ်။

ရာထူးကဖြုတ်ချခံရတဲ့ သမ္မတ မူဘာရက်ကို သစ္စာခံသူတွေပါတဲ့ ၀န်ကြီးအဖွဲ့ဝင်တွေကို ဖယ်ရှားပြီး သူတို့နေရာမှာ ဘက်လိုက်မှုကင်းတဲ့ မျက်နှာသစ်တွေ အစားထိုးဖို့ ယာယီ အနေနဲ့ အစိုးရကိုဦးဆောင်နေတဲ့ စစ်တပ်ကို ဆန္ဒပြပြည်သူတွေက တောင်းဆိုခဲ့တာ ပါ။

ယေမင်နိုင်ငံမှာလည်း မြို့တော့ ဆာနာမှာ ပြည်သူထောင်ပေါင်းများစွာ စုဝေးပြီး သောကြာနေ့ ၀တ်ပြုပွဲ အပြီး စုဝေး ချီတက်ဆန္ဒပြကြဖို့ လှုံ့ဆော်ထားပါတယ်။ အစိုးရ ဆန့်ကျင်သူ ဆန္ဒပြပြည်သူတွေဟာ ဆာနာတက္ကသိုလ်ရဲ့ ရင်ပြင်နားမှာ စုဝေးပြီးတော့ အရင်ရက်ပေါင်းများစွာက တောင်းဆိုခဲ့တဲ့အတိုင်းပဲ သမ္မတ အက်ဘ်ဒူလာဆာလဲ (Abdullah Saleh) ရာထူးကထွက်ပေးဖို့ တောင်းဆို ခဲ့ကြတာဖြစ်ပါတယ်။

အစိုးရထောက်ခံသူတွေကလည်း သောကြာနေ့မှာ တန်ပြန်ဆန္ဒပြကြဖို့ရှိတယ်လို့ သတင်း တွေအရ သိရပါတယ်။


Ref;VOA

Read More...

Uncensored Burma - Daily News ( 2011 Feb 24)

news on Feb 24

Read More...

တော်လှန်ရေးအောင်ရာသောအကြောင်းများ

February 24, 2011

ဂါမဏိ


လွန်ခဲ့တဲ့ ၃၂ နှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ အီရန်တော်လှန်ရေး အောင်ပွဲ ခံကြောင်း ကြေညာ လိုက်ပါတယ်။ အမေရိကန် ကျောထောက် နောက်ခံ ပေးထားတဲ့ ရှားဘုရင်က ထွက်ပြေး သွားပြီ၊ စစ်တပ်ကလဲ ခေါင်းပြုတ် သွားပြီ၊ ဆိုတော့ ခေတ်သစ်တခု ပေါက်ဖွားတော့မယ် အခြေအနေ။


ဒါပေမဲ့ အများသိကြတဲ့အတိုင်း အီရန်မှာ နောက်ပိုင်း ဖြစ်လာတာတွေက အခု အီဂျစ်၊ ကျူနီးရှား၊ လစ်ဗျား ပြည်သူတွေ မျှော်မှန်း နေသလို ဖြစ်မလာခဲ့ပါဘူး။ ဘယ်လိုပဲ ရှိပစေ၊ ၁၉၇၉ အီရန် တော်လှန်ရေးဟာ ၂၀ ရာစုရဲ့ အကြီးကျယ်ဆုံး တော်လှန်ရေး တခု ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ဒီကနေ့ အာရပ်ကမ္ဘာက အပြောင်းအလဲတွေမှာ အီရန်တော်လှန်ရေးက အသုံးဝင်တဲ့ သင်ခန်းစာ တချို့ ပေးနေပါတယ်။


သင်ခန်းစာ ၁၊
တော်လှန်ရေး ဆိုတာ အချိန်ယူရတယ်

အီရန်နိုင်ငံရဲ့ ရေနံမြို့တော် အဘာဒန်မှာ ရုပ်ရှင်ရုံ မီးလောင်လို့ လူ ၄၀၀ သေသွား ခဲ့တာဟာ အီရန် တော်လှန်ရေးရဲ့ ကနဦး မီးပွားစ အဖြစ် ဒီကနေ့မှာ ယေဘုယျ သတ်မှတ် ထားကြပါတယ်။ အဲဒီနေ့ အဲဒီရက်ကနေ တော်လှန်ရေး အောင်ပွဲခံကြောင်း ကြေညာတဲ့ ဖေဖော်ဝါရီ ၁၂ ရက်အထိ တနှစ်နဲ့ တလ ကြာပါတယ်။

ဒီ ၁၃ လအတွင်းမှာ နွေရာသီချစ်ချစ်တောက် နေပူအောက်၊ ဆောင်းရာသီ အရိုးကွဲမတတ် အေးတဲ့ ဆီးနှင်းမိုးအောက် ဆန္ဒပြပွဲတွေ လုပ်ခဲ့ကြတယ်၊ ဆန္ဒပြသမားတွေ ပစ်သတ် ခံရတယ်၊ ဒီ ဆန္ဒပြအုံကြွမှု တွေဟာ အစောပိုင်း မှာတော့ မီဒီ ယာတွေမှာ ပါပေမဲ့ နောက်ပိုင်းတော့ နိုင်ငံတကာ မီဒီယာက အရေး မလုပ်တော့ပါဘူး။ နိုင်ငံတကာ သတင်းမှာ ရိုးသွားလို့ မထည့်ပေမဲ့ ဆန္ဒပြ စုဝေးပွဲတွေဟာ ဆက်ဖြစ်ခဲ့ပြီး ကြီးထွား လာခဲ့ပါတယ်။ ပြည်သူတွေက ဇွဲနဘဲနဲ့ ဆက်နွှဲကြပါတယ်။ စွန့်လွှတ် စတေး ထားတာတွေ အနစ်နာ ခံထားတွေက စစ်အစိုးရကို မှောက်လှန်ပစ်ဖို့ တွန်းအားတွေ ပေးနေခဲ့ပါတယ်။


အီဂျစ်မှာလဲ တောင်းဆိုချက်တွေဟာ အချိန်နဲ့အမျှ ပြောင်းလဲလာပြီး အုံကြွမှုကြီးရဲ့ တကယ့် ရည်မှန်းချက်ဟာ ရှင်းလာ ပါတယ်။ ဒါကတော့ ဟိုတစဒီတဖဲ့ ပြဿနာတွေ ရှင်းပေးဖို့ မဟုတ်၊ စနစ် တခုလုံး ဖယ်ရှားပစ်ဖို့ ဆိုတာပါပဲ။ ဒါကြောင့် မူဘာရတ် ထွက်ပြီး စစ်တပ်လက်ထဲ အာဏာ ရောက်သွားတာဟာ စနစ် အပြောင်းအလဲ regime change မဖြစ်သေးပါ ဘူး။ စနစ်တခုလုံး ပြောင်းဖို့ဆိုတာ အချိန် ရှည်ကြာတဲ့ ဖြစ်စဉ်ဖြစ်ပြီး အမြော်အမြင်၊ စည်းရုံး ဖွဲ့စည်းမှု၊ ဇွဲရှိမှု တို့ လိုအပ်ပါ တယ်။


သင်ခန်းစာ ၂၊
အခိုင်အခန့်တပ်စွဲထားတဲ့ အာဏာရှင်စနစ်တွေဟာ အေးအေးသက်သာ ဆင်းမသွားတတ်

အီဂျစ်မှာ ၃ ပတ်လောက် အုံကြွလိုက်ပြီးနောက် မူဘာရတ်ဟာ တကယ် ထွက်သွား တာလား၊ မထွက်သေး ဘူးလား မသိ သေးပါဘူး။ ထူးခြားတာက မူဘာရတ်ဟာ အီဂျစ် နိုင်ငံထဲမှာဘဲ ဆက်ရှိနေတာ ဖြစ်ပါတယ်။ ထွက်သွားတဲ့ သမတ တွေ၊ ခေါင်းဆောင်တွေဟာ ကျူနီးရှား သမတပြုတ် ဘင်အလီ လို နိုင်ငံ့အပြင်ကို ပြေးမသွားမချင်း တကယ် ‘ထွက်’ တာလို့ ပြောမရ သေးပါဘူး။ “ရှားဘုရင်ကို သတ်ပစ်” လို့ တောက်လျှောက် ကြွေးကြော်သံတွေ အော်နေတဲ့ကြားက ရှားဘုရင်ဟာ တနှစ်လောက် ကုတ်ကပ် နေသွားပါတယ်။ မူဘာရတ်လိုပဲ ရှားဘုရင်ကလဲ လက်ရှိ အစိုးရထဲကနေ ဝန်ကြီးချုပ်ကို ဖယ်ပြီး စိတ်ချရတဲ့ မျက်နှာသစ် တယောက်နဲ့ ကြားဖြတ် အစိုးရ ဖွဲ့ဖို့ ကြိုးစား ခဲ့ပါသေးတယ်။

ရှားဘုရင်ဟာ ဝန်ကြီးချုပ် ၃ ယောက်ကို ပွဲထုတ်ခဲ့ပါတယ်၊ ပထမ တယောက်က ဒီမိုကရေစီ နာမည် ရှိတဲ့သူ၊ ဒုတိယက ဗိုလ်ချုပ်ကြီး တယောက်၊ နောက်ဆုံးလူက အီရန်နိုင်ငံရဲ့ မျိုးနွယ်စုကြီးတခု ခေါင်းဆောင်လဲဖြစ်၊ အဓိက အတိုက်အခံ ပါတီ ခေါင်းဆောင်လဲ ဖြစ်တဲ့လူပါ။ (အဲဒီအချိန်မှာ အတိုက်အခံပါတီက အခွံပဲ ရှိပါတော့တယ်။)

လမ်းမပေါ်ကပြည်သူတွေက အဲဒါတွေ ဘယ်သူ့ကိုမှ လက်မခံပါ။ အီဂျစ် ဒုသမတ အိုမာဆူလေမန် လိုပဲ ရှားဘုရင် လက်သပ် ခေါ်ထားတဲ့ ခေါင်းဆောင်တွေက မဖြစ်စလောက် လိုက်လျောမှု လေးတွေ ပေးပြီး တဖက်က ခြိမ်းခြောက် တာတွေလုပ် ကြပါတယ်။ “လူတွေ အိမ်ပြန်ကြတော့၊ စစ်တပ်က အခြေအနေကို ထိန်းထားပြီ၊ စစ်တပ်က စိတ်မရှည်တော့ ဘူးနော်၊ အနောက်တိုင်း ပုံစံ ဒီမိုကရေစီက ဒို့အရှေ့အလယ်ပိုင်းနဲ့ မသင့်တော်ဘူး” စသဖြင့်ပေါ့။

အခု အီဂျစ်ပြည်သူတွေလိုဘဲ ၁၉၇၉ တုံးက အီရန်ပြည်သူတွေအတွက် အဓိက ကျတာက ဘယ်သူက ခေါင်းဆောင် တက်လုပ် နေတာဖြစ်ပစေ၊ အကျင့်ပျက် ခြစားနေတဲ့ ရေပေါ်ဆီ အထက်လွှာ အစိုးရ စနစ်ကို ဖယ်ရှားပစ်ဖို့ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ရှားဘုရင် ထွက်ပြေးတဲ့ အထိ ဆန္ဒပြပွဲတွေကို ဇွဲနဘဲကြီးကြီးနဲ့ ဆက်လုပ် ခဲ့ကြပါတယ်။ ဒီလိုနဲ့ တည်ဆဲ အထက်လွှာ စုလစ်မွန်းချွံ ပြသဒ်တဆောင်လုံးကို လုံးဝ ဖြိုချပစ်နိုင် ခဲ့ပါတယ်။

သင်ခန်းစာ ၃၊
စစ်တပ်ကို မယုံရ

ဒီကနေ့ အီဂျစ်နိုင်ငံနဲ့မတူတာက ဟိုတုံးက ကမ္ဘာပေါ်မှာ ပဉ္စမမြောက် အင်အား အကြီးဆုံး ဖြစ်ခဲ့တဲ့ အီရန် စစ်တပ်ဟာ လူထုကို ပစ်သတ်ဖို့ ဝန်မလေး ခဲ့ပါဘူး။

၁၉၇၈ ခု အောက်တိုဘာလ သောကြာနေ့လူသတ်ပွဲဟာ လူထုတွေကို စစ်တပ်က ကျည်ဆံ အစစ်နဲ့ ပစ်သတ်ခဲ့တဲ့ အရေး အခင်း အများအပြား ထဲက တခုပဲ ဖြစ်ပါတယ်။ အီဂျစ် တပ်မတော်ကတော့ အခုထိ အဲသလို ဗြောင်အတိအလင်း သတ်ဖြတ်တာ မရှိသေးပေမဲ့ အကြမ်းဖက် လာနိုင်တဲ့ အန္တရာယ်က လမ်းမပေါ်က ပြည်သူတွေအပေါ် တောက်လျှောက် ရှိနေပါတယ်။

အခု အစိုးရကို ထိန်းချုပ်ထားတဲ့ အီဂျစ်စစ်တပ်က တည်ငြိမ်ရေးကို တအား ပြောနေပါတယ်၊ လူထု စုဝေးပွဲတွေ ဆက်လုပ်နေရင် ဝရုန်းသုန်းကား ဖြစ်မယ်လို့ သတိပေးတဲ့ သဘော ဖြစ်ပါတယ်။ အီရန် နိုင်ငံမှာတုံးကတော့ စစ်တပ်က အဲသလို ကြေညာချက်တွေ ထုတ်ပေမဲ့ ဆန္ဒပြသမားတွေက ဆက်လက် တိုက်ပွဲ ဝင်ကြပါတယ်။ သွေးမြေ ကျမှုတွေရှိပေမဲ့ ဆန္ဒပြ သမားတွေဟာ စစ်တပ်အပေါ် ဒေါသပြောင်း မလှည့်၊ ဒေါသ မပေါက်ကွဲကြလို့ နောက်ဆုံးမှာ စစ်သားတွေ ခြေကုန်လက် ပန်းကျ ဒူးထောက် သွားပါတော့တယ်။

သေနတ်ပြောင်းတွေထဲ ပန်းတွေထိုးထည့်ခဲ့ကြ၊ လူထုတွေ၊ စစ်သားမိသားစုတွေ၊ စစ်သား မိတ်ဆွေတွေ၊ စစ်သား အိမ်နီး ချင်းတွေက လမ်းမတွေပေါ် ချီတက်လာတဲ့ စစ်သားတွေကို ဖက်နမ်းကြ၊ ဝိုင်းဖွဲ့ စကားပြောကြ၊ ရပ်ထားတဲ့ တင့်ကားတွေ ပေါ် ကြွေးကြော်သံ နဖူးစည်း တံခွန်တွေ ချိတ်ဆွဲကြ၊ တင့်ကား ကိုယ်ထည်ပေါ် ကြွေးကြော် သံတွေမှုတ် ဆေးနဲ့ ဖြန်းကြ၊ တင့်ကားတွေ စစ်ကားတွေပေါ် ပိုစတာတွေ ကပ်ကြ လုပ်ခဲ့ကြပါတယ်။

စစ်တပ်ဆိုတာ အရေးထားလောက်တဲ့ လူသတ်အား၊ လက်နက်ပစ်အား ရှိတဲ့ အဖွဲ့အစည်းတခု ဖြစ်ပါတယ်။ အခု အီဂျစ် စစ်တပ်ဟာ ဟိုလိုလို ဒီလိုလို လုပ်နေပါတယ်။ ဒီဘက် လိုက်မလိုလို ဟိုဘက် ပြန်မလိုလို လက္ခဏာတွေ ပြနေပါတယ်၊ ဒါဟာ အန္တရာယ် အလားအလာ ရှိတဲ့ အချိန် ဖြစ်ပါတယ်။ လူငယ်ရဲဘော်တွေ ဆန္ဒပြ သမားတွေနဲ့ ပေါင်းတဲ့ သတင်းတွေ တော့ ကြားရပါတယ်။ စစ်အင်အားကြီး ရှေ့မှောက်မှာ ငြိမ်းငြိမ်းအေးအေး နေပြတာဟာ ဆန္ဒပြသူတွေ လက်ထဲက အကောင်းဆုံး လက်နက် ဖြစ်နိုင်ပါတယ်။ လျစ်လျူရှု နင်းချေပစ်လို့ မဖြစ်တဲ့ လက်နက် ဖြစ်ပါတယ်။

သင်ခန်းစာ ၄၊
သပိတ်တွေဟာ အောင်ပွဲအတွက် သော့ချက်

အီဂျစ်မှာ နောက်ဆုံးရက်သတ္တပတ်အတွင်း အနိုင်အရှုံး အမှတ်တွေ ပြောင်းသွားစေတဲ့ ဖြစ်ပေါ်မှု ကတော့ လစာ တိုးရေး နဲ့ အလုပ်သမား အခွင့်အရေး အတွက် စက်ရုံ အလုပ်သမားတွေက ပြည်နယ် မြို့တော် အများအပြားမှာ သပိတ်မှောက်ခဲ့ တာတွေ ဖြစ်ပါတယ်။

အီရန်နိုင်ငံတုံးကလဲ ရေနံမြေတွေမှာစပြီး တပြည်လုံးပျံ့သွားတဲ့ အလုပ်သမား သပိတ်တွေဟာ အစိုးရ ဒူးထောက်သွား စေဖို့ အချက်အခြာ ကျခဲ့ပါတယ်။ ရေနံဆီနဲ့ ဓာတ်ငွေ့ ပြတ်လပ် သွားတဲ့အတွက် ဓာတ်ဆီဆိုင် တွေမှာ တန်းအရှည်ကြီး စီ ရတာတွေ ဖြစ်ခဲ့ပါတယ်။ နေရာ တော်တော်များများမှာ ဓာတ်ဆီရဖို့ ၄၈ နာရီကြာ တန်းစီရတဲ့ အထိ ဖြစ်ခဲ့ပါတယ်။ ညလုံး ပေါက် ကားထဲမှာ၊ ကားအောက်မှာ၊ ဆိုင်ကယ်အောက်မှာ၊ တွန်းလှည်းတွေ အောက်မှာ အိပ်စောင့် ခဲ့ကြရပါတယ်။ တဖက်မှာတော့ စစ်တပ်နဲ့ အထက်လွှာ ရေပေါ်ဆီ အသိုင်းအဝိုင်းကတော့ ဓာတ်ဆီတွေ ရနေပြီး ကားတွေရှင်းနေတဲ့ လမ်းတွေပေါ် ခတ်ကြွားကြွား မောင်းနေကြပါတယ်။ အဲဒါကြောင့် လူထုတွေက ပိုစိတ်နာ ပြတ်သား လာပါတယ်။

သပိတ်တွေဟာ ပြတ်တောင်းပြတ်တောင်းနဲ့ စက်ရုံတွေ၊ စက်မှုဇုံတွေကို ပျံ့သွားပြီး အရေးပါတဲ့ လျှပ်စစ် ဓာတ်အားပေး ရုံတွေကို ရောက်သွားတဲ့ အခါ လျှပ်စစ် လုပ်သားတွေက တရက်ကို ၄ နာရီ သပိတ်မှောက် မီးဖြတ် ပစ်ပါတယ်။ မီးဖြတ်တဲ့ အချိန်က အစိုးရ ရုပ်မြင်သံကြားလိုင်း ညဖက် သတင်းကြေညာချိန် ဖြစ်တဲ့ အတွက် ဗျူဟာမြောက် တိုက်ကွက် ဖြစ်သွားပါတယ်။ အီရန် ပြည်သူတွေဟာ ဖယောင်းတိုင်မီးနဲ့ ညစာ စားရပြီး သတင်းတွေကို ရေဒီယိုကပဲ ရပါတော့တယ်။ ရေဒီယို ဆိုတော့ ဘီဘီစီ ပေါ့။

သပိတ်တွေဟာ လှုပ်ရှားမှုကြီးတခုလုံးအတွက် ကျောရိုးဖြစ်သွား ခဲ့ပါတယ်။ တချိန်ထဲမှာ သပိတ် သမားတွေကလဲ ဆန္ဒ ပြပွဲတွေထဲ ဝင်ပါ နိုင်ခဲ့ကြပါတယ်။ ဒါဟာ တော်လှန်ရေး လှုပ်ရှားမှုကြီးကို စိတ်ဓာတ်ရေး အင်အားရော၊ စီးပွားရေးအင်အားပါ ပေးလိုက်တာ ဖြစ်ပါတယ်။ အခု အီဂျစ်ပြည်သူတွေလိုဘဲ ဟိုတုံးက အီရန် ပြည်သူတွေ ကလဲ အာဏာရှင်စနစ် ဖယ်ရှားနိုင်ဖို့ ဆိုရင် ယာယီ ဒုက္ခမျိုးစုံခံဖို့ အသင့် ရှိခဲ့ပါတယ်။

သင်ခန်းစာ ၅၊
နိုင်ငံပိုင်မီဒီယာ ဘက်ပြောင်းမှုဟာ အရေးပါတဲ့ အောင်မြင်မှု

အီဂျစ်နိုင်ငံမှာ ပုန်ကန်ထကြွမှုဟာ ခေတ်နဲ့အညီ ဖြစ်ခဲ့ပါတယ်။ ဆန္ဒပြပွဲတွေဟာ ဘလော့တွေ တွီတာတွေ ကနေ စခဲ့ပြီး ဖေ့စ်ဘွတ်က်၊ တိုက်ရိုက် အင်တာနက် ရုပ်သံလွှင့်ချက် webcast၊ လက်ကိုင်ဖုံး တို့ကတဆင့် အရှိန်အဟုန် ကြီးလာပါ တယ်။ မူဘာရတ်က အင်တာနက်နဲ့ လက်ကိုင်ဖုံးတွေ ပိတ်ပစ် လိုက်တာတောင် အဆင့်မြင့် နည်းပညာ ဆက်သွယ်ရေး တွေ ဆက်လုပ် နိုင်ခဲ့ပါတယ်။

၁၉၇၉ အီရန်တော်လှန်ရေးတုံးက ဒါတွေမရှိခဲ့ပါဘူး။ ကက်ဆက် တိတ်ခွေတွေ ကိုပဲ အဓိကအားကိုး တွင်ကျယ် ခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရ ချုပ်ကိုင်ထားတဲ့ မီဒီယာအရွေ့အပြောင်းက တော်လှန်ရေး အခြေအနေကို ပြပေးပါတယ်။ အီရန်ရဲ့ နိုင်ငံပိုင် ခေဟန် သတင်းစာနဲ့ အက်တယ်လာအာ့တ် သတင်းစာတွေမှာ ရှားဘုရင် ဓာတ်ပုံတွေကို လူထုက လမ်းမ တွေပေါ် မီးရှို့နေတဲ့ ပုံတွေ ပါလာတဲ့ အခါမှာတော့ အစိုးရရဲ့ ချုပ်ကိုင်မှု ပျယ်သွားပြီဆိုတာ သိနိုင်ပါပြီ။

အီဂျစ်က နိုင်ငံပိုင် အယ်လ်အာရမ်သတင်းစာမှာလဲ အခု နောက်ဆုံးပတ်မှာ သတင်းတွေကို ပိုပြီး မျှမျှတတ ရေးလာတာ တွေ့ရပါတယ်။ လူထုတွေ တိုက်ပွဲဝင် တောင်းဆိုတဲ့ လွတ်လပ်ခွင့် ပေါင်းစုံထဲမှာ လွတ်လပ်စွာ ပြောဆိုခွင့် နဲ့ လွတ်လပ် စွာစုဝေးခွင့် ရလာတာဟာ တကယ့်အောင်ပွဲရဲ့ ပထမဆုံး လက္ခဏာတွေ ဖြစ်ပါတယ်။

သင်ခန်းစာ ၆၊
တော်လှန်ရေးအောင်ပွဲကို နှစ်နဲ့ချီထိန်းထား

ပျော်ရွှင်နေတဲ့လူအုပ်ကြီးတွေ လမ်းမတွေပေါ်ကနေ အိမ်ပြန်သွားပြီး နှစ်အတော် ကြာတဲ့ အထိ တော်လှန်ရေးကို ဆက်ကာကွယ် ထားဖို့ လိုပါတယ်။ နို့မဟုတ်ရင် အာဏာရှင် အုပ်စုတွေဟာ အားပြန်မွေး လူပြန်စုပြီး ဒီမိုကရေစီ အဆောက် အ အုံတွေကို အသုံးချ နေရာ ပြန်ယူနိုင်ပါတယ်။ အကျင့်ဟောင်း စရိုက်ဟောင်းတွေ ပြန်ပေါ်လာနိုင်တယ်။ စိတ်ထား မကောင်းတဲ့ အိမ်နီးချင်းတွေ သို့မဟုတ် နိုင်ငံကြီးတွေကလဲ ဝင်စွက် လာနိုင်ပါတယ်။

ယူကရိန်းနိုင်ငံက ၂၀၀၄ ခု လိမ္မော်ရောင်တော်လှန်ရေးဟာ အခုဆိုရင် နောက်ပြန် ဆုတ်သွားပါပြီ။ တော်လှန်ရေး ခေါင်းဆောင် ဒီမိုကရေစီ အုပ်စုအတွင်း ဂိုဏ်းတိုက်ပွဲ တွေနဲ့ အရည်အချင်း ညံ့ဖျင်းမှုတွေကြောင့် ၂၀၀၄ တော်လှန်ရေးမှာ ဖြုတ် ချခံရသူက အခုနောက်ဆုံး ရွေးကောက်ပွဲမှာ မဲခိုးစရာ မလိုဘဲ အာဏာ ပြန်ရလာခဲ့ပါပြီ။ ဥရောပသမဂ္ဂ ဝင်ရေးနဲ့ တခြား စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေ၊ ဗျူရိုကရေစီ ယန္တရား လျှော့ချရေးတွေ တဖက်က လုပ်ပြပြီး တဖက်မှာတော့ သခင်ဟောင်း ရုရှားကို ပင်လယ်နက် ရေတပ်စခန်း ချခွင့် နောက် ၂၅ နှစ်ပေး၊ လိမ္မော်ရောင် ခေါင်းဆောင် အမျိုးသမီး ဝန်ကြီးချုပ်ဟောင်း ကို တရားစွဲ၊ တခြား ခေါင်းဆောင်တွေ ထောင်ချ၊ မီဒီယာတွေကို ကန့်သတ် လုပ်လာပါတယ်။

အီရန်တော်လှန်ရေးမှာတော့ လူဟောင်းတွေ အာဏာပြန်မရပေမဲ့ အကျင့် ဟောင်းတွေက တော်လှန်ရေး ခေါင်းဆောင် တွေကို တိုက်စား သွားလို့ အီရန်ရဲ့အနာဂတ်ဟာ မှုံမှိုင်း သွားခဲ့တာ ဖြစ်ပါတယ်။

နိုင်းမြစ်ပေါ်ကလှိုင်းလုံးဟာ အောင်နိုင်တဲ့ပုံ ပေါက်နေပေမဲ့ အခုထိတော့ အပြောင်း အလဲကို အာမခံ ပေးထားတာ နည်းနည်း ပါးပါးဘဲ ရှိပါသေးတယ်။ လူထုတွေဟာ အောင်ပွဲခံပြီး ပျော်ရွှင်မြူးတူး နေကြပေမဲ့ အရင် ဗိုလ်ချုပ်တွေပဲ နေရာ မြဲနေပါတယ်။ တကယ့် အောင်သီး အောင်နှံတွေ ဆွတ်ယူနိုင်ဖို့ဆိုရင် အီရန်ရဲ့ အတိတ် ဇာတ်လမ်းကို နည်းယူပြီး အီဂျစ်ရဲ့ အနာဂတ်ကို ထွန်းပြောင် စေနိုင်ကောင်းပါရဲ့။

ဂါမဏိ

(ရည်ညွှန်း။ ကိမ်းဘရစ်တက္ကသိုလ် နိုင်ငံရေးနှင့်နိုင်ငံတကာလေ့လာရေးဌာနကထိက ဒေါက်တာရိုဇန်းဖာမန်ဖာမေယန် ၏ ၂၀၁၁ ဖေဖော်ဝါရီ ၁၄ ရက် အယ်လ်ဂျာဇီးရားသတင်းဌာန ဆောင်းပါး နှင့် ဖေဖော်ဝါရီ ၂၃ ရက်ထုတ် ဝါရှင်တန်ပို့စ် သတင်းစာ)

Ref: နေ့သစ်

Read More...

လစ်ဗျား ဆန္ဒပြသူများအပေါ် အကြမ်းဖက်မှု ရပ်ဖို့ နိုင်ငံတကာ ၀င်မည်ဟု အိုဘားမားပြော

Thursday, 24 February 2011

လစ်ဗျား ဆန္ဒပြသူများအပေါ် ကဒါဖီရဲ့ အကြမ်းဖက် တုံ့ပြန်မှုများကို အပြင်းအထန် ရှုတ်ချကြောင်းနဲ့ နိုင်ငံ တကာမှ စုပေါင်း အရေးယူဖို့ လုပ်ဆောင်တော့မည် ဖြစ်ကြောင်း အမေရိကန် သမ္မတ အိုဘားမားက ကြေငြာလိုက်သည်။

အိုဘားမားက မတည်မငြိမ်ဖြစ်နေတဲ့ လစ်ဗျားကို တိုက်ရိုက် ရည်ညွှန်းတဲ့ ကြေငြာချက် ထုတ်ပြီး “ကဒါဖီ ရဲ့ တရားလွန် ထင်ရာ စိုင်းနေတာတွေ၊ လူထု သွေးချောင်း စီးအောင် လုပ်နေတာတွေကို လုံးဝ လက်မခံနိုင်ဘူး။ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လစ်ဗျား ပြည်သူတွေကို ပစ်ခတ်နှိပ်နင်းဖို့ ဗုံးကြဲဖို့ အမိန့်ပေးတာ ခြိမ်းခြောက် တာတွေကိုလည်း လုံးဝ လက်မခံနိုင်ဘူး။ ဒီအပြုအမူ တွေက နိုင်ငံတကာ စံနှုန်းတွေ ယဉ်ကျေးတဲ့ လူ့ အသိုင်းအ၀ိုင်း တိုင်းရဲ့ စံနှုန်းတွေကို ချိုးဖောက်နေတာ ဖြစ်တယ်။ အကြမ်းဖက်မှုကို ချက်ချင်း ရပ်တော့၊ တကမ္ဘာလုံး စောင့်ကြည့်နေတယ်” ဟု ပြင်းပြင်း ထန်ထန် ပြောဆို လိုက်သည်။

အိုဘားမားက နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် မှာ မကြာခင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးကို သွားတက်မှာ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ထိုကောင်စီက ကုလသမဂ္ဂ လူ့အခွင့်အရေး လုပ်ငန်း အစိတ် အပိုင်းဖြစ်ပြီး၊ လစ်ဗျား ပြဿနာ ၀င်ဖြေရှင်းဖို့ ဆုံးဖြတ်ကြမည် ဖြစ်သည်။

အမေရိကန်အစိုးရက နိုင်ငံစုံ ပူးပေါင်းပါဝင်မှုဖြင့် အရေးယူ သွားမှာ ဖြစ်ပြီး “ယခုလို လူသားထု အပေါ် အကြမ်းဖက် ရာဇ၀တ်မှု ကျူးလွန် နေတဲ့ အခြေအနေ မျိုးမှာ ကမ္ဘာ့ တိုင်းပြည်များနဲ့ နိုင်ငံသားများက တစ်သံထဲထွက် လုပ်ဆောင်ကြဖို့ အရေးကြီးတယ်” လို့ အိုဘားမားက ပြောခဲ့သည်။ လစ်ဗျားရှိ အမေရိကန် နိုင်ငံသား ၅၀၀ ကျော်နဲ့ သူတို့ မိသားစုများ ထရီပိုလီ လေဆိပ်ကနေ ချက်ချင်း ထွက်နိုင်ဖို့လည်း စီစဉ်နေပြီဟု လည်း ပြောဆိုခဲ့သည်။

ယခု ဆန္ဒပြသူများက တစ်မြို့ပြီးတစ်မြို့ သိမ်းပိုက်ထားလိုက်ပြီး၊ ကြည်းတပ် လေတပ် ခေါင်းဆောင်ပိုင်း အချို့က ဆန္ဒပြ သူများနဲ့ ပူးပေါင်း လိုက်သည်။ လစ်ဗျား အိမ်နီးချင်း နိုင်ငံများမှ ကြေးစား စစ်သားများကလည်း ဆန္ဒပြသူများ ဘက်မှ ကူညီဖို့ လစ်ဗျားနိုင်ငံ အနှံ ရောက်ရှိ နေကြသည်။ အထီးကျန် မွမ်မာ ကဒါဖီရဲ့ ဆွစ်ဘဏ်မှ ငွေကြေး ပိုင်ဆိုင်မှု စာရင်းများ ကိုလည်း ပိတ်ပစ်ဖို့ အမေရိကန် အစိုးရက ပြောဆိုလိုက်သည်။

နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကလည်း “ကဒါဖီနဲ့ လစ်ဗျား အစိုးရက ဆန္ဒပြသူတွေ အပေါ် အကြမ်းဖက်မှု တွေကို တာဝန် ယူရမယ်၊ အခု နိုင်ငံတကာ အသိုင်းအ၀ိုင်းက အတူတကွ ဆောင်ရွက်ကြတော့မယ့် အချိန်ရောက်ပြီ” ဟု သတင်း ထောက်များကို ပြောဆိုခဲ့သည်။

Ref: မောက္ခ

Read More...

သော့ချက်ကျတဲ့ ခလုတ်

February 25, 2011 ။

အရှေ့ ဥရောပမှာရှိတဲ့ ကွန်မြူနစ် အစိုးရ တွေကို ဆက်လက် ထိန်းသိမ်း ကာကွယ်ဖို့ ဆိုဗီယက် ယူနီယံက နောက်ထပ် ဘယ်တော့မှ စစ်ရေးအရ ၀င်ရောက် စွက်ဖက်မှာ မဟုတ်တော့ဘူး ဆိုတာ ပြည်သူတွေက သိမြင်လာတဲ့ အကျိုး ရလဒ်က တော့ ၁၉၈၉ ခုနှစ်မှာ တော်လှန်ရေးတွေ ဖြစ်လာတာပါပဲ။ အခုလည်း အမေရိကန် ပြည်ထောင်စုဟာ သူတို့ကို အုပ်ချုပ် နေတဲ့ အစိုးရ တွေကို အကာ အကွယ်ပေးဖို့ စစ်ရေးအရ ၀င်ရောက်စွက်တာ လုပ်တော့မှာ မဟုတ်ဘူး ဆိုတာကို အာရပ် တွေသိလာတာ ပါပဲ။


အခုမှ ဘာ့ကြောင့်ဖြစ်ရတာလဲ။ မနှစ်က ဒါမှမဟုတ် လွန်ခဲ့တဲ့ ၁၀ နှစ်က ဒါမှမဟုတ် ဘယ်တုန်း ကမှ မဖြစ်ခဲ့တာ၊ ဒီနှစ် ထဲမှာမှ တူနီးရှားနဲ့ အီဂျစ်မှာ တော်လှန်ရေးတွေ ဘာလို့ ဖြစ်ခဲ့ရတာလဲ။ အခုဆို ဂျော်ဒန်၊ ယီမင်၊ ဘာရိန်း၊ လစ်ဗျားနဲ့ အယ်လ်ဂျီးရီးယား နိုင်ငံတွေမှာ နေ့စဉ် လမ်းပေါ် ထွက်နေကြတဲ့ ဆန္ဒပြ သမားတွေကို ဒီတော်လှန်ရေး တွေရဲ့အောင်မြင် မှုက ထူးထူးခြားခြား စေ့ဆော်ပေးနေတယ်။ ဒါပေမဲ့ ဒီဖြစ်စဉ်တွေ ဘယ်လို စဖြစ်တာလဲ။ အရှေ့ အလယ်ပိုင်းဒေသကို ဘယ်အရာတွေက အပြောင်းလဲ ဖြစ်အောင် လုပ်ခဲ့တာလဲ။

မှန်ပါတယ်။ အာရပ်ကမ္ဘာကို သက်ဦးဆံပိုင် အစိုးရတွေက အုပ်ချုပ်နေတယ်။ အတိုက်အခံ တွေနဲ့ အမြင် မတူတဲ့သူတွေကို ဖိနှိပ်နေတယ်။ တခါတရံ ရက်စက်တာတွေ ကမ်းကုန်အောင် လုပ်တယ်။ ဟုတ်တယ်။ အစိုးရ အတော် များများဟာ အကျင့်ပျက် ချစား နေကြတယ်။ အာရပ်နိုင်ငံ အများစုကြီးက ဆင်းရဲတယ်။ ပိုလို့တောင် ဆင်းရဲလာနေတယ်။ ဒါတွေအားလုံး မှန်တယ်ဆိုတာ ဆယ်စုနှစ်တွေတောင် ကြာလှပြီ။ အရင်တုန်းက တော်လှန်ရေးတွေ မဖြစ်ခဲ့ဘူး။ အားမလို အားမရဖြစ် တာတွေ၊ ဒေါသ ထွက်တာတွေ ရှိကောင်းရှိမယ်။ ဒါတွေ ကိန်းအောင်းနေတာ ကြာလှပြီ၊ မီးပွားလေးတခုပဲ လိုနေတာ။ တူ နီးရှားမှာ လူငယ်လေး တဦးက ကိုယ့်ကိုယ်ကို မီးရှို့ သတ်သေ လိုက်တော့ အဲဒီကနေ မီးတောက်ကြီးဟာ တခြား အာရပ် နိုင်ငံတွေ ကို မြန်မြန် ဆန်ဆန် ပျံ့နှံ့ သွားတော့တာပါပဲ။


ဒါပေမဲ့ လွန်ခဲ့တဲ့ ၅ နှစ်၊ ဒါမှမဟုတ် ၁၀ နှစ် ဒါမှ မဟုတ် အနှစ်၂၀ က ဒါမျိုး အလွယ်တကူ ဖြစ်နိုင်တယ် ဆိုတာကို ဘယ် သူက ယုံမှာလဲ။ လွန်ခဲ့တဲ့ ၂ နှစ် ဒါမှမဟုတ် ၅ နှစ်၊ ၁၀ နှစ်က လူထုဒေါသ ရေချိန်ဟာ တကယ့် တကယ်မှာ မြင့်လာနေ ပြီဆိုတာ ထင်ဖို့ အကြောင်း မရှိဘူး။ တချိန်လုံးမြင့်နေတာ။ ဒါပေမဲ့ သာမန် အချိန်တွေမှာ လူအများစုကြီးဟာ ဒါတွေကို ဗြောင်ဖော်ပြဖို့ အရမ်း သတိထားတယ်။ အခုတော့ သူတို့ ဒေါသကို ကျယ်ကျယ် လောင်လောင် ဖော်ပြနေကြပြီ။ ကာလ ရှည်ကြာ အုပ်စိုးနေတဲ့ အာရပ် အစိုးရတွေဟာ စပြီး စိုးရိမ် ထိတ်လန့်နေကြပြီ။ အာရပ် နိုင်ငံတွေထဲမှာ အကြီးဆုံး ဖြစ်တဲ့ အီ ဂျစ်က သမတဟို့စ်နီ မူဘာရက် ကျဆုံးမှုက အာရပ်ကမ္ဘာက တခြား သက်ဦးဆံပိုင် အစိုးရတွေဟာ အလားတူ ကျဆုံးနိုင်တယ်။ ဆိုတာမျိုး ဖြစ်လာ နိုင်စရာတွေ ရှိလာနေပါတယ်။ ၁၉၈၉ ခုနှစ်က ဥရောပမှာ ကွန်မြူနစ် အစိုးရတွေ အလျင်အမြန် ကျဆုံးမှုတွေက သူတို့အတွက် အရင်က ဖြစ်ခဲ့ဖူးတဲ့ ထိတ်လန့် စရာတွေ ဖြစ်နေပါတယ်။ ဒါပေမဲ့ ဒီဟာက နောက်တကြိမ် ဘာလို့ ဖြစ်နေရတာလဲ။

“Social Media” လို့ခေါ်တဲ့ လူမှုဆက်သွယ်ရေးကွန်ယက် ဆိုတာ ကျယ်ကျယ် ပြန့်ပြန့် မိတ်ဆက် အမွှမ်း တင်ပေးတဲ့ ရှင်းလင်း ထုတ်ဖော် ပြောဆိုမှုတခု ဖြစ်တယ်။ အယ်လ်ဂျာဇီးရား ကွန်ယက်ရဲ့ တူနီးရှားနဲ့ အီဂျစ်က အဖြစ်အပျက်တွေကို အပြည့်အစုံ ဖော်ပြ ပေးတာကလည်း တခုပေါ့။ နှစ်ခုစလုံးက ဒီရှင်းလင်း ပြောဆိုမှုတွေရဲ့ ယုံကြည် အားထားလောက်တဲ့ အစိတ် အပိုင်းတွေပဲ ဖြစ်ပါတယ်။ ဒါတွေဟာ နိုင်ငံတော် အစိုးရတွေရဲ့ သတင်းဖြတ်တောက် ပိတ်ဆို့မှု တွေကို ကျော်ပြီး လူ ထုတွေ အလွယ်တကူ စုရုံးနိုင်စေဖို့ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်ပြတ်သားသား လုပ်ပေးတဲ့ ဆက်သွယ်ရေး နည်းနာတွေ၊ ကရိယာတွေပဲ ဖြစ်တယ်။ ပြည်သူတွေ လမ်းပေါ်ထွက်ပြီး ဆန္ဒပြဖို့ အသင့်ဖြစ်တယ် ဆိုရင် ဒီဆက်သွယ်ရေး ကွန်ယက် တွေက သူတို့တွေကို အလွယ်တကူ စုစည်းနိုင်အောင်၊ ဆန္ဒပြ သမားတွေရဲ့ စံနမူနာကောင်း တွေကို ပျံ့နှံ့စေဖို့ လုပ်ပေး တယ်။ ဒါပေမဲ့ ဒီဟာက နောက်ဆုံးမှာ သူတို့ ဘာလို့ လမ်းပေါ် ထွက်လာရလဲ ဆိုတာကိုတော့ တကယ်တန်း ရှင်းမပြနိုင်ပါဘူး။


ပြီးခဲ့တဲ့တနှစ်၊ ၂ နှစ်လောက်က အရှေ့အလယ်ပိုင်းမှာ ဖြစ်နေတာတွေနဲ့ တကယ်ပဲ မတူ ကွဲပြားတဲ့ အရာတခု ကတော့ အမေရိကန် ပြည်ထောင်စုဟာ ဒီဒေသက ဆုတ်ခွာဖို့ စနေပြီဆိုတဲ့ အချက်ပါပဲ။ ၁၉၅၈ ခုနှစ်၊ လက်ဘနွန် ဖြစ်ရပ်ကနေ ၂၀၀၃ ခုနှစ် အီရတ် ဖြစ်ရပ်ထိ ကြည့်ပါ။ အဲဒီတုန်းက အမေရိကန် ပြည်ထောင်စုဟာ အာရပ် ကမ္ဘာက သူလိုလားတဲ့ အစိုးရ တွေကို အကာအကွယ် ပေးဖို့နဲ့ မလိုလားတဲ့ အစိုးရတွေကို ဖယ်ရှားဖို့ဆို စစ်ရေးအရ ၀င်ရောက် စွက်ဖက်လိုစိတ် ရှိနေ ကြပါတယ်။ အခုတော့ ဒါတွေ ပြီးသွားပါပြီ။

အပေါ်ယံမှာ ပါးပါးလေးဖုန်းကွယ် ပုံဖျက်ထားတဲ့ အီရတ်က အမေရိကန်ရဲ့ ရှုံးနိမ့်မှုက ဒီအပြောင်း အလဲကြီးကို တစိတ် တပိုင်း တွန်းအား ပေးခဲ့တာပါ။ နောက်ပြီး အဲဒီလို စိုးရိမ်စရာကောင်းတဲ့ အတွေ့ အကြုံတွေ တွေ့ကြုံပြီး နောက်မှာ ဒီဒေသ မှာ အမေရိကန်တွေ စစ်ရေးအရ နောက်ထပ် ၀င်ရောက် စွက်ဖက်တာမျိုးကို သဘောတူ ထောက်ခံတော့မှာ မဟုတ်တော့ ဘူးဆိုတာကို အမေရိကန် ပြည်သူလူထုရဲ့ အမြင် စစ်တမ်း ကောက်ခံမှုတွေက ပြသ နေပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ အာရပ်အစိုးရ တွေရဲ့လုံခြံရေး ကွန်ယက်ကို ဖယ်ရှား နေပါပြီ။ ဒါကို သူတို့ ပြည်သူတွေက သိနေတယ်။ ၀ါရှင်တန်မှာ အဓိက မဟာဗျူဟာ ပြန်လည် သုံးသပ်ချက် တခုလည်း လုပ်နေတယ်။ ပြီးခါနီး နေပါပြီ။ အမေရိကန် ပြည်ထောင်စုရဲ့ မူဝါဒမှာ အရှေ့အလယ်ပိုင်းရဲ့အရေးပါမှုကို လျှော့ချလိုက်ပါပြီ။ အာရပ်လူထုက ဒါကို မသိပါဘူး။ ဒါပေမဲ့ အစိုးရတွေ ကတော့ မုချသိပါတယ်။ ဒါက သူတို့ ယုံကြည်မှုကို လျော့ပါး သွားစေတာပဲဖြစ်တယ်။


အရှေ့အလယ်ပိုင်းမှာ အမေရိကန်က မဟာဗျူဟာအရ ပါဝင်နေရတဲ့ အစဉ်အလာ အကြောင်းရင်း တွေကတော့ ရေနံနဲ့ အစ္စရေးလ် ကြောင့်ပဲ ဖြစ်တယ်။ အမေရိကန်ရဲ့ ရေနံ ထောက်ပံ့မှုကို ကာကွယ် ခဲ့တာပဲ ဖြစ်တယ်။ စစ်အေး တိုက်ပွဲက နှစ် ဖက်စလုံး ထိခိုက်နစ်နာ ရှုံးနိမ့် သွားတာဖြစ်တယ်။ ဒီအထဲမှာ အမေရိကန် မထိန်းချုပ်နိုင်တဲ့ အစိုးရတွေကို ဆိုဗီယက် လက်ထဲ ကျသွားမယ့် အန္တရာယ် ရှိတယ်ဆိုပြီး ကြည့်မြင်ခဲ့တယ်။ နောက်ပြီး စိတ်ကူးယဉ် ဆန်တဲ့ စဉ်းစားချက်တွေ အပြင် စစ်ရေးအရ အရေးကြီးတယ် ဆိုပြီး အစ္စရေးလ်ကို ကာကွယ် စောင့်ရှောက်ခဲ့တာ ဖြစ်တယ်။

ဒါပေမဲ့ စစ်အေးကြီးက ကာလရှည်ကြာခဲ့တယ်။ ဒီလိုနဲ့ အရှေ့အလယ်ပိုင်းမှာ နှစ်ဖက်စလုံး ရှုံးခဲ့တာပဲ ဖြစ်တယ်။ အာရပ် ရေနံ တင်ပို့သူတွေက ကူးသန်း ရောင်းဝယ်ရေး အခြေခံ ပေါ်ကပဲ သူတို့ ဖောက်သည်တွေကို ရွေးကြတာဖြစ်တယ်။ သူတို့ နိုင်ငံရဲ့ တိုးလာနေတဲ့ လူဦးရေကို ထောက်ပံ့ဖို့ သူတို့ရေနံကို ရောင်းရမှာပဲ ဖြစ်တယ်။ သူတို့ဆီက ရေနံတွေရဖို့ ခင်ဗျား တို့အနေနဲ့ သူတို့ကို ထိန်းချုပ်ဖို့ ဒါမှမဟုတ် ခြိမ်းခြောက်ဖို့ မလိုပါဘူး။ သူတို့ကို ချက်လက်မှတ်တွေပဲ ပေးပါ။ ဒါ့ပြင် အာ ရပ်ကမ္ဘာက ရေနံ တင်သွင်းနေတဲ့ ရေနံက အမေရိကန်က တင်သွင်းနေတဲ့ ရေနံရဲ့ ငါးပုံတပုံတောင် မရှိပါဘူး။


အစ္စရေးလ်ကြောင့်ဆိုပြန်ရင်လည်း စစ်အေးခတ်ပြီးကတည်းက အမေရိကန်ရဲ့ စစ်ရေး တန်ဖိုးက ထိုးကျ သွားပါပြီ။ အမေ ရိကန်ရဲ့ အကာအကွယ် အစောင့် အရှောက်ကို မလိုပါဘူး။ အစ္စရေးလ်ဟာ အာရပ် အိမ်နီးခြင်း နိုင်ငံတွေ အပေါ် စစ်ရေးအရ လွှမ်းမိုးထားတဲ့ ဆူပါပါဝါ အငယ်စားလေး ဖြစ်နေပါပြီ။ ဒါကြောင့် ကျနော် နောက်တခေါက် ပြန်ပြောပါမယ်။ အတိအကျ ပြောရရင် အမေရိကန်က အရှေ့ အလယ်ပိုင်း ဒေသရဲ့ တည်ငြိမ်မှုကို သေရေး ရှင်ရေးတမျှ အရေးပါတဲ့ အမျိုးသား အကျိုးစီးပွား အဖြစ် ဘာကြောင့် ကြည့်မြင်နေမှာလဲ။

ဆိုဗီယက်ပြည်ထောင်စုဟာ သူတို့ကို အုပ်ချုပ်နေတဲ့ကွန်မြူနစ် အစိုးရတွေကို ဆက်လက် ထိန်းသိမ်း ထားဖို့ စစ်ရေးအရ ၀င်ရောက် စွက်ဖက်တာတွေ လုပ်မှာ မဟုတ်တော့ဘူး ဆိုတာကို အရှေ့ ဥရောပ နိုင်ငံတွေက သိမြင်ခဲ့တယ်။ အဲဒီအချိန် မှာ ၁၉၈၉ ခုနှစ်က တော်လှန်ရေးတွေ ဖြစ်လာ နိုင်တော့တာပါပဲ။ အာရပ် ကမ္ဘာမှာ နောက်ထပ် ၁၉၈၉ ကလို တော်လှန် ရေးတွေ ဖြစ်လာနိုင်မလား။ အမေရိကန် ပြည်ထောာင်စုက သူတို့ကို အုပ်ချုပ်နေတဲ့ အစိုးရတွေကို အကာအကွယ် ပေးဖို့ စစ်ရေးအရ ၀င်ရောက် စွက်ဖက်တာ မလုပ်တော့ဘူး ဆိုတာကို အခုဆို အာရပ်ကမ္ဘာက သိနေကြပါပြီ။

(ရည်ညွှန်း။ ။ The Pioneer: What has triggered Arab unrest? By Gwynne Dyer: 22 Feb 2011)

Gwynne Dyer ဟာ လန်ဒန်အခြေစိုက် လွတ်လပ်တဲ့ သတင်းစာသမားတဦးဖြစ်ပါတယ်။

ဘက်တော်သား
(၂၄ ဖေဖေါ်ဝါရီ ၂၀၁၁)

Ref: နေ့သစ်

Read More...

အာရပ်တော်လှန်ရေးက မွေးဖွားလိုက်တဲ့ မြန်မာ လူငယ်များရဲ့ Just Do It လှုပ်ရှားမှု

Friday, 25 February 2011

တူနီးရှားမှ အစ ပြုခဲ့တဲ့ အာရပ် တော်လှန်ရေးမှာ ‘ဒိုမီနို အကျိုး သက်ရောက်မှု’ ပုံစံဖြင့် အရှေ့ အလယ်ပိုင်းနဲ့ မြောက်အာဖရိက တစ်နိုင်ငံပြီး တစ်နိုင်ငံ ဇယ်စက်သလို ကူးသွားပြီး အာဏာရှင်တွေ ပြုတ်ကျဖို့ ဖန်တီးလာသည်။

၎င်း ‘ဒိုမီနို အကျိုးသက်ရောက်မှု’ (domino effect) က အာရပ် ကမ္ဘာမှာတင် အပြောင်း အလဲများ ဖြစ်နေတာ မဟုတ်ဘဲ၊ ကမ္ဘာအနှံရှိ အာဏာရှင် နိုင်ငံတွေကိုပါ ‘လိပ်ပြာတောင်ပံ အကျိုးသက်ရောက်မှု’ (butterfly effect) ပုံစံနဲ့ လှိုင်းရိုက်ခတ် လာသည်။

တူနီရှား လိပ်ပြာ တစ်ကောင်ရဲ့ အတောင်ပံ တစ်ချက် ခတ်လိုက်မှုက အီဂျစ်၊ ဘာရိန်း၊ လစ်ဗျား စတဲ့ နိုင်ငံတွေမှာ ဆိုင်ကလုန်း ဖြစ်သွားစေပြီး၊ ယခု တရုတ်၊ မြန်မာ စတဲ့ အာရှ အာဏာရှင် နိုင်ငံတွေမှာပါ တော်လှန်ရေး ဟာရီကိန်းတွေ တိုက်ဖွန်းတွေ ဖြစ်ဖို့ အကြောင်း ဖန်လာနေသည်။ ‘ညောင်ဦးကမ်းပါး ပြိုလို့ စမ္ပာယ်နဂို က နွားမ ပေါင်ကျိုး’ ဆိုတဲ့ မဆီမဆိုင် ဖြစ်တတ်မှုတွေကို ရည်ညွှန်းတဲ့ ပျက်လုံးက အာရပ် တော်လှန်ရေးနဲ့ မြန်မာနိုင်ငံ စစ်အာဏာရှင် ပြုတ်ကျရေး အဆက်အစပ် အတွက် လာမှန်နေသည် ဆိုရမည်။

ပြီးခဲ့တဲ့အပတ်အတွင်း မြန်မာလူငယ်များက အီဂျစ်နဲ့ တူနီးရှား တော်လှန်ရေးများကို အားကျပြီး စစ် အာဏာရှင် စနစ် အဆုံး သတ်ရေးအတွက် Just Do It လှုပ်ရှားမှုကို စတင် ဖော်ဆောင် လာကြသည်။ Just Do It လှုပ်ရှားမှုကို စတင် လုပ်ဆောင်နေသူ တစ်ဦးဖြစ်တဲ့ ရန်ကုန်မှ ကိုရဲနိုင် က Just Do It အဖွဲ့မှာ တစ်ဦး တစ်ယောက်ချင်းကို ကိုယ်စားပြုတာ မဟုတ်ဘဲ မည်သူမဆို Just Do It ဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံရဲ့ မည်သည့် နေရာတွင်မဆို စစ် အစိုးရ ဖြုတ်ချရေး Just Do It လှုပ်ရှားမှုများ ရှိနေမည် ဖြစ်ကြောင်း မောက္ခကို ပြောခဲ့သည်။

Just Do It က ပြည်တွင်းတွင် ဒေသအလိုက် လူထု အုံကြွမှုများ အကောင် အထည် ဖော်ဖို့ စတင် လှုပ်ရှား နေပြီး၊ ၄င်းတို့ ဖေ့စ်ဘွတ် စာမျက်နှာကိုလည်း ဖန်တီးထားပြီး http://www.facebook.com/pages/Just-Do-It-against-Military-Dictatorship/194818177209500 အီဂျစ်နဲ့ တူနီရှား စတိုင် တော်လှန်ရေး မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ဖို့ ပြင်ဆင် နေသည်ဟု ဆိုသည်။ Just Do It ဖေ့စ်ဘွတ် စာမျက်နှာကိုလည်း ၂၄ နာရီအတွင်း လူ ၁၀၀ ကျော် ၀င်ခဲ့သည်ဟု ကိုရဲနိုင်က မောက္ခကို ပြောပြခဲ့သည်။

Ref: မောက္ခ

Read More...

အရှေ့အလယ်ပိုင်းဒေသ အုံကြွမှုနဲ့ မြန်မာနိုင်ငံ အခြေအနေ ဒေါ်စု နှိုင်းယှဉ်သုံးသပ်

Luke Hunt's Report in Burmese
ကြာသပတေး, 24 ဖေဖော်ဝါရီ 2011 ။

အရှေ့အလယ်ပိုင်းနဲ့ အာဖရိက မြောက်ပိုင်းမှာ လူထု ဆန္ဒပြမှု တွေကို မြန်မာနိုင်ငံက လူထုတွေ ကလည်း နီးနီး ကပ်ကပ် စောင့်ကြည့် နေကြတယ်လို့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အီဂျစ်နဲ့ တူနီးရှား နိုင်ငံတွေမှာ အနည်းနဲ့ အများ ဆိုသလို ငြိမ်းချမ်းတယ်လို့ ဆိုရမယ့် ဆန္ဒပြမှု တွေကတဆင့် အစိုးရတွေကို ဖြုတ်ချ နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဗွီအိုအေ သတင်းထောက် လုခ် ဟန့်တ် (Luke Hunt) မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့ကနေ သတင်း ပေးပို့ ထားတာကို ဒေါ်လှလှသန်းက တင်ပြ ပေးထားပါတယ်။

အခုတလော နိုင်ငံတကာ သတင်းတွေမှာ ထိပ်က ပြေးနေတဲ့ အရှေ့ အလယ်ပိုင်းနဲ့ အာဖရိက မြောက်ပိုင်းရှိ ဒီမိုကရေစီရေး လှုပ်ရှား ဆန္ဒပြမှုတွေကို မြန်မာနိုင်ငံ သားတွေ အနေနဲ့ လက်လှမ်း ဝေးအောင် မြန်မာ စစ်အစိုးရက နိုင်ငံတွင်းမှာ ဟန့်တားဖို့ ကြိုးစား ပေမဲ့လည်း သိပ်အောင်မြင်မှု မရရှိတာ တွေ့ရတယ်လို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ ရန်ကုန်ကနေ တယ်လီဖုန်းက တဆင့် ကွာလာလမ်ပူရှိ နိုင်ငံခြား သတင်းထောက်တွေနဲ့ ဆက်သွယ် မေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြား လိုက်တာ ဖြစ်ပါတယ်။

တူနီးရှားနဲ့ အီဂျစ်မှာ အစိုးရတွေကို ဖြုတ်ချနိုင်ခဲ့တဲ့ ဆန္ဒပြမှုတွေအပြင် လစ်ဗျားခေါင်းဆောင် မိုမာ ကဒါဖီ (Moammar Gadhafi) ကို ထောက်ခံ သူတွေနဲ့ အစိုးရ ဆန့်ကျင် သူတွေကြား ထိပ်တိုက် ရင်ဆိုင်မှု တွေကို မြန်မာနိုင်ငံ သားတွေ အနေနဲ့ နီးနီး ကပ်ကပ် စောင့်ကြည့် နေကြတာ ဖြစ်တယ်လို့ အသက် ၆၅ နှစ်အရွယ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်က ပြောပါတယ်။

“မြန်မာပြည်သူလူထုက ၁၉၈၈ ခုနှစ်မှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်တွေနဲ့ ယှဉ်ကြည့်ကြရာမှာ တူနီးရှားနဲ့ အီဂျစ်မှာ စစ်တပ်က သူတို့ ပြည်သူတွေ အပေါ် ပစ်ခတ်ခဲ့ခြင်း မပြုတဲ့ အချက်ကို သတိထား မိကြသလို လစ်ဗျားနိုင်ငံမှာတော့ အခြေအနေက အဲဒီလို မဟုတ်ဘူး ဆိုတာကိုလည်း သတိထား မိကြပါတယ်။ တူနီးရှားနဲ့ အီဂျစ် နိုင်ငံထက် စာရင် လစ်ဗျားမှာ အခြေအနေက ပိုရှုပ်ထွေး၊ ပိုဆိုးဝါးတာကို မြင်ရပါတယ်။ အထူးသဖြင့် အီဂျစ်နိုင်ငံမှာ အာဏာရှင်ကို ဖြုတ်ချနိုင်ခဲ့တဲ့ အတွက် လူတွေက သိပ်ကို သဘောကျပြီး စိတ်ဝင်တစားနဲ့ အခြေအနေတွေကို စောင့်ကြည့် နေကြတာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ ရှစ်လေးလုံး အရေးတော်ပုံလို့ ခေါ်တဲ့ ၁၉၈၈ ခုနှစ်က ကျောင်းသားတွေ ဦးဆောင်တဲ့ ဒီမိုကရေစီရေး လိုလား ဆန္ဒပြမှုတွေကို မြန်မာ စစ်တပ်က သွေးထွက်သံယို နှိမ်နင်းခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဟာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ အပြတ် အသတ် အနိုင်ရရှိခဲ့ပေမဲ့လည်း မြန်မာ စစ်အစိုးရက အာဏာ လွှဲပြောင်းပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကတော့ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး ကြိုးပမ်းမှု အတွက် ပြီးခဲ့တဲ့ နှစ် ၂၀ ကျော် အတွင်း စုစုပေါင်း ၃ ကြိမ်တိုင်အောင် ၁၅ နှစ်နီးပါး နေအိမ် အကျယ်ချုပ် ကျခံနေရတာလည်း ဖြစ်ပါတယ်။ သူမကို ၂၀၁၀ နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲများ ကျင်းပ အပြီး နိုဝင်ဘာလ ၁၃ ရက်နေ့က ပြန်လွှတ် ပေးလိုက်တာ ဖြစ်ပါတယ်။ အဲဒီ ရွေးကောက်ပွဲများဟာ ဒီမိုကရေစီနည်း မကျဘဲ မြန်မာ စစ်ခေါင်းဆောင် အာဏာ တည်မြဲရေး အတွက် ပိုပြီး အခြေခိုင်စေတယ်လို့ နိုင်ငံတကာက ဝေဖန် ခဲ့တာလည်း ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရ အဆက်ဆက်က နှစ် ၄၀ ကျော် အုပ်ချုပ်မှုအတွင်းမှာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး ပြဿနာ ပေါင်းစုံတို့ကြောင့် လူထုက လမ်းမတွေပေါ်မှာ ထွက်ပြီး ဆန္ဒပြမှုတွေ ရှိခဲ့ရာမှာ ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး အတွင်းလည်း ငြိမ်းချမ်းစွာ မေတ္တာပို့ လှည့်လည် ဆန္ဒပြခဲ့ကြတဲ့ သံဃာတော်များကိုလည်း မြန်မာ စစ်တပ်က ရက်ရက် စက်စက် ရိုက်နှက် ပစ်ခတ် ဖမ်းဆီး ထောင်ချ ခဲ့တာတွေ ရှိခဲ့ပါတယ်။

အီဂျစ်နဲ့ တူနီးရှားရှိ အာဏာရှင် အစိုးရတွေအောက်မှာ နေထိုင်ကြရသူတွေနဲ့ အတိ ဒုက္ခ ရောက်နေတဲ့ မြန်မာ နိုင်ငံသားတွေကြား အတွေ့အကြုံ ကွာခြားမှု ကတော့ မြန်မာ စစ်တပ်က ပြည်သူတွေ အပေါ် ရက်ရက် စက်စက် ပစ်ခတ်မှုနဲ့ လစ်ဗျားမှာတော့ ပြည်သူတွေ အပေါ် နှိမ်နင်းရာမှာ စစ်တပ် အနေနဲ့ စိတ်ဝမ်းကွဲမှု ရှိတဲ့အချက် ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ထောက်ပြခဲ့ပါတယ်။

“သိတဲ့အတိုင်းပါပဲ၊ မြန်မာနိုင်ငံမှာလည်း ပြည်သူလူထုက ဆန္ဒပြ တောင်းဆို ခဲ့ကြပါတယ်။ အဲဒီ ဆန္ဒပြမှုတွေ အတွင်းမှာ စစ်တပ်က ပြည်သူ လူထုကို ပစ်ခတ် ခဲ့ပါတယ်။ ဒါဟာ အဓိက ကွာခြားချက်ပဲလို့ ကျမ ထင်ပါတယ်။ လစ်ဗျားနိုင်ငံက အခြေအနေ ကတော့ စစ်တပ် ကိုယ်တိုင်က အခြေအနေကို ဘယ်လို ကိုင်တွယ် ဖြေရှင်းရမလဲ ဆိုတာနဲ့ ပတ်သက်ပြီး စိတ်ဝမ်း ကွဲနေကြပုံ ရပါတယ်။ မြန်မာ နိုင်ငံမှာတော့ စစ်တပ်ရဲ့ မူဝါဒ ပေါ်လစီတွေနဲ့ ပတ်သက်ပြီး သိသာထင်ရှားတဲ့ စိတ်ဝမ်းကွဲမှုတွေ မရှိဘူးလို့ ကျမ ယူဆပါတယ်။”

ဒါပေမဲ့ အီဂျစ်၊ တူနီးရှား၊ လစ်ဗျား အစရှိတဲ့ နိုင်ငံတွေမှာ ဒီမိုကရေစီရေး တောင်းဆို ဆန္ဒပြမှုတွေကို အောင်အောင်မြင်မြင် စည်းရုံး နိုင်ခဲ့ပြီး အစိုးရရဲ့ ကြားဝင် စွက်ဖက်မှုကို ရှောင်နိုင်ခဲ့တဲ့ ၂၁ ရာစုရဲ့ သိပ္ပံနည်းပညာ တိုးတက်မှုကိုတော့ မြန်မာနိုင်ငံ အနေနဲ့ ရှောင်လွှဲလို့ ရနိုင်မှာ မဟုတ်ဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

ဒါကြောင့်လည်း Facebook နဲ့ Twitter တို့လို အင်တာနက် ကွန်ရက်တွေက တဆင့် ဆက်သွယ်နိုင်ဖို့လည်း အစီအစဉ် ရှိပြီး အခုလို ပြည်တွင်းရော ပြည်ပကပါ ကြိုးပမ်း အားထုတ်မှု တွေကြောင့် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ဆွေးနွေးပွဲ ဆီကို မြန်မာ အစိုးရ အနေနဲ့ ရောက်လာအောင် ဖိအား ပေးနိုင်လိမ့်မယ်လို့လည်း သူ့အနေနဲ့ မျှော်လင့်တဲ့ အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

Ref: VOA News

Read More...

Thursday, February 24, 2011

Uncensored Burma - Daily News ( 2011 Feb 23)

news on Feb 23

Read More...

ယီမင်နိုင်ငံက လူထုတိုက်ပွဲ

February 24, 2011

KMMM ၊ ဖေဖော်ဝါရီလ ၂၂ ၊ ၂၀၁၁ ခုနှစ် ။


ယီမင် နိုင်ငံမှာ သမ္မတ Ali Abdullah Saleh ရဲ့ အာဏာရှင် ဘက်တော်သားတွေက ဓားမြောင်တွေ၊ နံပါတ် တုတ်တွေ ကိုင်ဆောင်ပြီး မြို့တော် Sanaa မှာ ဆန္ဒပြနေကြတဲ့ ကျောင်းသားတွေကို အဂါင်္နေ့မှာ တိုက်ခိုက် ခဲ့ကြပါတယ်။ အဆိုပါ တိုက်ခိုက် မှုတွေကြောင့် လူငါးဦး ဒဏ်ရာ ရခဲ့ကြောင်း AFP သတင်း ထောက်က ပြောကြား ခဲ့ပါတယ်။

ကျောင်းသားတထောင်ကျော်ဟာ Sanaa တက္ကသိုလ်အနီးမှာရှိတဲ့ Al-Huriya (Liberty) ရင်ပြင်မှာ စု ဝေးပြီး အာဏာရှင် သမ္မတ နှုတ်ထွက် ပေးရေး တောင်းဆိုတဲ့ ကင်ပိန်းကို ပြုလုပ် ခဲ့ကြပါတယ်။ တစတ စနဲ့ လူအင်အား လေးထောင်ကျော် အထိ ကြီးထွား လာချိန်မှာ အာဏာရှင် ဘက်တော်သားတွေက ဓား မြောင်တွေ၊ နံပါတ်တုတ်တွေနဲ့ လူထုကြီးကို တိုက်ခိုက် ခဲ့ပါတယ်။ ရဲတွေ ရောက်လာပြီး လူစုမခွဲခင်အ ချိန်မှာ ကျောင်းသား ငါးယောက် ဒဏ်ရာရခဲ့ပါတယ်။ တောင်ပိုင်းဒေသက Aden မြို့ အနီးပတ်ဝန်း ကျင်မှာလဲ ထောင်ပေါင်း များစွာသော ဆန္ဒပြ ပြည်သူ လူထုကြီးက အာဏာရှင် သမ္မတ နှုတ်ထွက်ပေး ရေးကို တောင်းဆို နေကြပါတယ်။

Sheikh Osman, Al-Tawahi နဲ့ Mualla ဒေသတွေမှာ လုံခြုံရေးတွေက လူစုခွဲပေးဖို့ သတိပေး ပစ်ခတ် မှုတွေ ပြုလုပ်ခဲ့ပြီး၊ ထိခိုက် သေဆုံးမှုတွေ မရှိကြောင်း မျက်မြင် သက်သေများက ဆိုကြပါတယ်။ ကျန်းမာရေး ၀န်ထမ်းတွေရဲ့ သတင်းပို့ ချက်တွေပေါ်မှာ အခြေခံတဲ့ AFP ထိခိုက် သေဆုံးမှု စာရင်းအရ ဖေဖော်ဝါရီလ (၁၆) ရက်နေ့ကစပြီး ဒီကနေ့ အချိန်ထိ သေဆုံး သူ ၁၂ ဦးရှိခဲ့ပြီး၊ မြို့တော် Aden မှာ ထိခိုက် ဒဏ်ရာရသူ အရေအတွက်ကတော့ ဒီထက် ပိုများနိုင်ဖွယ်ရာ ရှိပါတယ်။


အာဏာရှင် သတင်း မီဒီယာများမှာတော့ သေဆုံးသူ လေးဦး ရှိကြောင်း ပြည်ထဲရေး ၀န်ကြီး ဌာနက တနင်္လာနေ့မှာ ပြောကြား ခဲ့ပါတယ်။ ယီမင် ကို (၃၂) နှစ်ကြာ အုပ်စိုးခဲ့တဲ့ အာဏာရှင် Saleh က လူထု လှုပ်ရှားမှုများကြောင့် နှုတ်ထွက်သွားမှာ မဟုတ်ကြောင်း တနင်္လာနေ့မှာ ပြောကြားခဲ့ပြီး၊ အတိုက်အခံတွေက ဆန္ဒပြပွဲကို လှုံ့ဆော် သွေးထိုးနေတာ ဖြစ်ကြောင်း စွပ်စွဲ ပြောဆို ခဲ့ပါတယ်။



Ref: နေ့သစ်

Read More...

ကမ္ဘာလုံးဆိုင်ရာ မဟာ ပြောင်းလဲမှုဖြစ်စဉ် (Great Global Transfiguration)

February 22, 2011


ဒီနေ့ ကမ္ဘာကြီးကို ကြည့်ရင်လည်း အာဏာ ရှင်တွေကြောင့် ကမ္ဘာလုံး ဆိုင်ရာ မဟာမွန်းကြပ်မှုကြီး Great Global Frustr ation ဖြစ်လာနေတယ်။ ဒါကြောင့် ကမ္ဘာလုံးဆိုင်ရာ ပေါက်ကွဲမှုကြီး Great Global Explosion ဖြစ်လာမယ်။ ဒီပေါက် ကွဲမှုက လူငယ်တွေကို ပညာပေးပြီးသား စည်းရုံးပြီးသား ဖြစ်သွားလိမ့်မယ်။ ဒီကနေ ကမ္ဘာလုံးဆိုင်ရာ မဟာ ပြောင်းလဲမှုဖြစ်စဉ် Great Global Transfiguration ကို ဦးတည် လာလိမ့်မယ်။

နိုင်ငံအတော်များများ အစိုးရတွေကို ဆန်ကျင်လှုပ်ရှားမှုတွေ ဖြစ်လာတယ်။ ဒါဟာ ကမ္ဘာ့ စီးပွားပျက်ကပ်ရဲ့ သက်ရောက် မှုတွေဖြစ်တယ်။ ဒီစီးပွား ပျက်ကပ်ကြောင့် လူတန်းစား ကွာဟမှုက သိပ်ကို ကြီးမား သွားတယ်။ အနည်းတက အနည်းစုကပဲ အဆင် ပြေနေတယ်။ လူတန်းစား ကွာဟမှုကို နည်းပညာတွေက တဆင့် မြင်ခွင့် ရလာကြလို့ပဲ ဖြစ်တယ်။

ဒါကြောင့် ကမ္ဘာလုံးဆိုင်ရာ မဟာပေါက်ကွဲမှု ဖြစ်စဉ် Great Explosion ဖြစ်လာမယ်။ ဒါက ကမ္ဘာလုံး ဆိုင်ရာ မဟာပြောင်း လဲမှုဖြစ်စဉ် Great Global Transfiguration ကို ဦးတည် လာလိမ့်မယ်။


ဒေါ်စုကြောင့် မြန်မာပြည်မှာ လူထု လှုပ်ရှားမှုတွေ ဖြစ်လာမှာ မဟုတ်ဘူးလို့ နအဖ က ပြောနေတယ်။ ဒီစကားက မှန်ပါတယ်။ ဒီနေ့ နိုင်ငံရေး ပြသနာတွေဟာ နအဖ ကြောင့် ဒီထက် ပိုပြောရရင် သန်းရွှေ မိသားစု နဲ့ လက်တဆုပ်စာ စစ်ဗိုလ် ချုပ်တွေရဲ့ လောဘကြောင့်သာ လူမှု ပြဿနာတွေ ဖြစ်နေတာ။ လူထု လှုပ်ရှားမှုကြီးတွေ ဖြစ်နေတာပါ။ ဒါကြောင့် သူတို့ အုပ်ချုပ်နေသမျှ မြန်မာပြည်ဟာ လူထု လှုပ်ရှားမှုကြီး ဖြစ်လာမှာ ဖြစ်ပါတယ်။

ဒီပြောင်းလဲမှု မဟာဖြစ်စဉ်တရားမှာ မြန်မာပြည်ကို ချန်မထားပါဘူး။ ၁၉၃၈ ကမ္ဘာ့ စီးပွား ပျက်ကပ် တုန်းကလည်း မြန်မာ ပြည်ကို ရိုက်ခတ်ခဲ့တယ်။ ၁၉၄၀ ၀န်ကျင်း ကမ္ဘာ့ ကိုလိုနီ လွတ်လပ်ရေး ကြိုးပန်းမှုမှာ မြန်မာပြည်ဟာ ပါဝင်ခဲ့တယ်။ ၁၉၈၉ ကမ္ဘာ့ အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုမှာလည်း မြန်မာပြည်က ရှေ့ဆုံးကနေ ပါဝင်ခဲ့တယ်။ ၂၀၁၀ ဒုတိယ အကြော့ အာဏာရှင် ဆန့်ကျင်ရေး ဒီမိုကရေစီ ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ မြန်မာပြည်ဟာ အရှိန် ရနေပြီးသား ဖြစ်နေတယ်။ မြန်မာ ပြည်က အစိတ်အပိုင်း တခု ဖြစ်နေတယ်။ ဒီလှုပ်ရှားမှုက မြန်မာပြည်ကို ဂယက်ရိုက်မှာပဲ ဖြစ်တယ်။

ဒီင်္လှုပ်ရှားမှုကြီဟာ အလွန်မြန်ပြီ အလွန်ပြင်းထန်တဲ့ ပေါက်ကွဲမှုကြီုး ဖြစ်လာမှာ သေချာ နေပါတယ်။

ဒါဟာ ဘယ်သူကြောင့်မှမဟုတ်ဘူး အာဏာရှင်တွေကြောင့်ပဲ ဖြစ်တယ်။

မိုးသီးဇွန်

Ref: နေ့သစ်

Read More...

အပေါ်သို့