လူထုစိန်ဝင်း
September 4, 2009
နတ်ရှင်နောင်ရဲ့ စာအုပ်တွေ ဘေးမှာပုံထားပြီး တအုပ်ကို ဖတ်နေဆဲမှာ လူငယ်တစု ရောက်လာ ကြပါတယ်။ မကြာခဏ လာရောက် မေးမြန်း ဆွေးနွေးနေကျ ဂျာနယ် သမားတွေပါ။ သူတို့ထဲက တယောက်က နတ်ရှင်နောင် စာအုပ်တအုပ် ယူကြည့်ပြီး၊ နတ်ရှင်နောင် ကြိုက်သလားလို့ မေးပါတယ်။ "ရတုဘုရင်ပဲ မကြိုက်ဘဲ နေပါ့မလား" လို့ ဖြေလိုက်တော့ သူက အံ့သြဟန်ပြပါတယ်။
ခေါင်းမာတာ လူရိုင်းမဟုတ်
ဒီလူငယ်အပါအ၀င် လူတော်တော်များများက "အစွဲကြီးကြီးနဲ့ တော်တော် ခေါင်းမာတဲ့သူ" အဖြစ် သိထား ကြလေတော့ နတ်ရှင်နောင်ကို မဖတ်လောက်ဖူးလို့ ယူဆပုံ ရပါတယ်။ နောက်ပြီးတော့ လူတော်တော် များများက ခေါင်းမာတာနဲ့ ရိုင်းစိုင်း ကြမ်းတမ်းတာကို အတူတူပဲလို့ ယူဆထားလေ့ ရှိပါတယ်။ ခေါင်းမာတယ်ဆိုတာ ရိုင်းစိုင်း ကြမ်းတမ်းတာ မဟုတ်ပါဘူး။ ယုံကြည်ရာ တခုခုကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ပြီး ရေလိုက်ငါးလိုက် မလုပ်တတ်၊ မနေတတ်တာပါ။ ကိုယ်တိုင် မှားတယ်လို့ မယူဆဘဲနဲ့လည်း ကိုင်စွဲထားတဲ့ အယူအဆကို အလွယ်တကူ မစွန့်လွှတ် တတ်ပါဘူး။ ရာသီပြောင်းတိုင်း ပုတ်သင်ညိုလို အရောင် လိုက်ပြောင်းတတ်သူများက သူတို့ အားနည်း ပျော့ညံ့မှုကို ခုခံ ကာကွယ်ဖို့ အတွက် သူတို့က အရင် သူများကို လက်ညှိုးထိုးလေ့ ရှိတာကြောင့် ခေါင်းမာသူတိုင်းကို ရိုင်းစိုင်း ကြမ်းတမ်းသူတွေ အဖြစ် မြင်နေကြတာ ဖြစ်တယ်။
အစွဲကြီးသူ သိမ်မွေ့တတ်
အစွဲအလမ်းကြီးတတ် သူတွေဟာ အများအားဖြင့် အင်မတန် သိမ်မွေ့ပြီး စိတ်ကူး ယဉ်တတ် (romantic) သူတွေ ဖြစ်လေ့ ရှိပါတယ်။ ကားလ်မတ်နဲ့ အိန်ဂျယ် နှစ်ယောက်စလုံးဟာ ပင်ပမ်း နွမ်းနယ်မှုကို တယောထိုး ဖြေဖျောက် တတ်ပြီး၊ ဟိုချီမင်းနဲ့ မော်စီတုန်းတို့ ဆိုရင်လည်း ကဗျာ ဆရာတွေ ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေး ခေါင်းဆောင်တွေ ဆိုရင်လည်း ဆရာကြီး သခင်ကိုယ်တော်မှိုင်း အစ သခင်နု၊ သခင်အောင်ဆန်း၊ သခင်ဗဟိန်းတို့ အလယ် သခင်သိန်းဖေ၊ သခင်သန်းထွန်း၊ သခင်သန်းမြိုင်တို့ အဆုံး ကဗျာဆရာ၊ စာရေးဆရာတွေ ချည်းပါပဲ။ အစွဲလမ်းကြီး ခေါင်းမာသူတိုင်းကို လူကြမ်းတွေ၊ လူရိုင်းတွေလို့ ယူဆလို့ မရပါဘူး။ ကိုယ်တိုင်ကလည်း ခေါင်းမာတယ်သာ အပြောခံရတာ အီရတ်လို အာဖဂန် နစ္စတန်လို စစ်မြေပြင်တွေမှာ မူလတန်း ကျောင်းလေးပေါ် ဒုံးကျည် ကျရောက် ပေါက်ကွဲလို့ ကလေးသူငယ်တွေ ခြေပြတ်လက်ပြတ် သေဆုံးကြတဲ့ မြင်ကွင်းမျိုးတွေကို မြင်တိုင်း၊ မျက်နှာလွှဲ ပစ်မိတာ ချည်းပဲ။ အိပ်ရာဘေးမှာ ကဗျာစာအုပ် ထားပြီး ရှယ်လီ၊ ကိ၊ ဘိုင်ရွန်၊ ၀ါ့ဒ်စ်ဝါ့သ်တို့ရဲ့ 'ရိုမန်တစ်' ကဗျာတွေကို ခုထိဖတ်တုန်း၊ နတ်ရှင်နောင်၊ န၀ဒေး၊ လှိုင်ထိပ်ခေါင်တင် တို့ကိုလည်း ခုထိ ကြိုက်တုန်းပါပဲ။
စာတခြား လူတခြား
နတ်ရှင်နောင်ကို ကြိုက်တာက သူ့ကဗျာတွေကို ကြိုက်တာ။ လူကို ကြိုက်တာ မဟုတ်ဘူး။ လူကိုတော့ စက်ဆုပ်တယ်။ နယ်ချဲ့သမားရဲ့ လက်ကိုင်တုတ် အမျိုးသား သစ္စာဖောက်ပဲ။ ဒါပေမယ်လို့ လူကို မုန်းတာနဲ့ သူ့စာတွေ မဖတ်ရ မကြိုက်ရလို့တော့ ဘယ်ပြောလို့ ဖြစ်မှာလဲ။ နယ်ချဲ့ သမားနဲ့ ပူးပေါင်းတဲ့ အတွက် ထိုက်တန်တဲ့ ဒဏ်ခတ်မှုကို သူခံရပြီပဲ။ သူ့စာတွေကိုပါ သူနဲ့အတူ မြေမြှုပ်ပစ်ရမယ် ဆိုတာမျိုးတော့ မလုပ်သင့်ပါဘူး။ စာတခြား၊ လူတခြား ခွဲခြား ကြည့်ရမှာပေါ့။ လူက နယ်ချဲ့ သမားနဲ့ ပေါင်းပေမယ့် ကဗျာတွေက နယ်ချဲ့ ဘုန်းတော်ဘွဲ့ တွေမှ မဟုတ်တာ။ နတ်ရှင်နောင်ဆိုတဲ့ ကဗျာဆရာ၊ ရတုဘုရင်ဟာ နယ်ချဲ့ သမားရဲ့ လက်ကိုင်တုတ် ဖြစ်တဲ့ အတွက် သေဒဏ် အစီရင် ခံလိုက်ရတယ် ဆိုတဲ့ အဖြစ်မှန်ကို သိထားရင် ပြီးတာပဲ မဟုတ်ဘူးလား။ ကိုယ့်တိုင်ပြည် ကိုယ့်လူမျိုးကို သစ္စာ ဖောက်ပြီး တိုင်းတပါး နယ်ချဲ့သမားရဲ့ လက်ကိုင်တုတ် အဖြစ် အသုံးတော် ခံခဲ့သူများကိုတော့ ဘယ်လို အကြောင်းပြချက် မျိုးနဲ့မှ ခွင့်လွှတ်လို့ မရနိုင်ပါဘူး။
နယ်ချဲ့အလိုတော်ရိတွေ
ပဒေသရာဇ်စနစ်နေရာမှာ ပါလီမန် ဒီမိုကရေစီ စနစ်နဲ့ အစားထိုးဖို့ လုပ်တာ ဖြစ်တဲ့ အတွက် ကင်းဝန် မင်းကြီးတို့ တတွေကို အပြစ် မတင်သင့်ဘူးလို့ ဘယ်လိုပဲ ရှေ့နေလိုက်လိုက် နယ်ချဲ့ အလိုတော်ရိ အဖြစ် စိတ်ထဲမှာ ရွံ့ရှာ မုန်းတီးတာကိုတော့ ဖျောက်ပစ်လို့ မရပါဘူး။ အထူးသဖြင့် နယ်ချဲ့ စစ်တပ်တွေ မန္တလေး မြို့တော်ကြီးကို သိမ်းပြီးစ ကာလမှာ မျိုးချစ် ပုဂ္ဂိုလ်တွေက ရရာ လက်နက် စွဲကိုင်ပြီး ခုခံ တိုက်ခိုက် နေကြတာကို လက်နက်ချကြဖို့၊ ဒေသအနှံ့ သွားပြီး ရွှေပြည်အေးတရား ဟောတဲ့ လုပ်ရပ် တွေကိုတော့ ခါးခါးသီးသီး အော့နှလုံး နာမိတယ်။ တကယ်တော့ ကင်းဝန်အုပ်စုက ပဒေသရာဇ် စနစ် တိုက်ဖျက်တာ ပါလီမန် ဒီမိုကရေစီ လိုလားတာ မဟုတ်ပါဘူး။ သူတို့ အကျိုးစီးပွါး အတွက် သူတို့သြဇာ အာဏာ တည်ဆောက်ဖို့ အတွက် ဆောင်ရွက် ခဲ့ကြတာသာ ဖြစ်ပါတယ်။ မသမာတဲ့ ရည်ရွယ်ချက် (ulterior motive) နဲ့ လုပ်ခဲ့တာ ဖြစ်ပါတယ်။
တာတေလန်အကျင့်ဆိုးတဲ့
လောကမှာ မမှားဖူးသူ မရှိပါဘူး။ အလောင်းတော်မြတ်ကြီးသော်မှ မှားခဲ့လို့ ခြောက်နှစ် လုံးလုံး ဒုက္ကရ စရိယာ ကျင့်ခဲ့ရတာပဲ။ ဒါကို နားလည်ပါတယ်။ ဘယ်လိုပဲ မှားမှား မသိလို့မှားတာ မတတ်လို့ မှားတာကို အပစ်မမြင်ပါဘူး။ မှားမှန်း သိသိကြီးနဲ့ ကိုယ်ကျိုး စီးပွါးအတွက် "ဘယ်သူသေသေ ငတေမာရင်ပြီးရော" စိတ်ဓာတ် မျိုးထားတဲ့ မသမာတဲ့ ရည်ရွယ်ချက် (ulterior motive) နဲ့ လုပ်ဆောင်တဲ့ အမှားမျိုး ကိုတော့ ခါးခါးသီးသီး ရွံ့ရှာပါတယ်။ ဘယ်တော့မှလဲ ခွင့်မလွှတ်ပါဘူး။ နတ်ရှင်နောင်တို့ ကင်းဝန် မင်းကြီးတို့ စာတွေကို ကြိုက်ပေမယ့် ဖတ်မြဲဖတ်ဆဲ ဖြစ်ပေမယ့် နယ်ချဲ့ လက်ကိုင်တုတ် သမားအဖြစ် ဆောင်ရွက် ခဲ့တာတွေကိုတော့ ဘယ်တော့မှာ မေ့မထားပါဘူး။ အလားတူပဲ လွတ်လပ်ရေး ခေတ်နောက်ပိုင်း မြန်မာ စာရေးဆရာတွေ ထဲမှာ စာကို ကြိုက်သလောက် လူကို မကြိုက်နိုင်တဲ့ စာရေးဆရာတွေ ရှိခဲ့ပါတယ်။ စာရေးသားမှုမှာတော့ "ရှာမှရှား" ဆိုလောက် သူတွေပါ။ ဒါပေမယ့် လူကြတော့ "တာတေလန် အကျင့်ဆိုးတဲ့ အရည်းတကာ့ ထိပ်သီးရှင်မထီး" ဆိုတဲ့ စကားထက်တောင် ပိုလိမ့်မယ်လို့ ဆိုရမယ့် သူတွေပါ။
မသမာရည်ရွယ်ချက်
အကျင့်ဆိုးတယ်ဆိုတာ အရက်သောက်တာကို ပြောတာ မဟုတ်ပါဘူး။ အရက် သမားတိုင်း အကျင့် မဆိုးပါဘူး။ ဆရာ ပီမိုးနင်းတို့၊ ဆရာ မဟာဆွေတို့ ဆိုတာ တိုင်းသိပြည်သိ အရက်ကြိုက် သူတွေ ဖြစ်ပါတယ်။ ဆရာကြီးများဟာ အရက်သောက်ပေမယ့် သူတို့ ချမ်းသာ ကြီးပွါးရေး အတွက် ပြည်သူ လူမျိုးနဲ့ စာပေအပေါ်မှာ ဘယ်တော့မှ သစ္စာ မဖောက်ခဲ့ကြပါဘူး။ သစ္စာ မဖောက်ရုံသာ မဟုတ်ပါဘူး။ တိုင်းကျိုး ပြည်ကျိုးကို ရှေ့တန်းက လုပ်ဆောင် ခဲ့ကြသူတွေ ဖြစ်ပါတယ်။ အကျင့်ဆိုး ဆိုတာက ကိုယ်ကြီးပွါး ချမ်းသာဖို့၊ ကိုယ်ထင်ပေါ် ကျော်ကြားဖို့၊ ကိုယ့်အတွက် အခွင့်ထူးတွေ ခံစားရဖို့ ဆိုတဲ့ "မသမာတဲ့ ရည်ရွယ်ချက်" (ulterior motive) တွေနဲ့ လုပ်ဆောင်တာ မျိုးကို ပြောတာပါ။ ဒီလိုလူမျိုးတွေ ရှေးကလည်း အများကြီး ရှိခဲ့သလို ခုခေတ်မှာလည်း အများကြီး ရှိပါတယ်။ အထူးသဖြင့် နိုင်ငံရေး နယ်ပယ်မှာ အများဆုံး ရှိပေမယ့် စာပေ နယ်မှာလည်း မနည်းလှပါဘူး။
စိတ်ဓာတ်အောက်တန်းကျမှု
ကိုယ်မှန်တယ်လို့ ယုံကြည်တာ တခုခုကို လုပ်ရင်းနဲ့ မှားသွားတာဟာ အပြစ် မဟုတ်ပါဘူး။ အမှန်တကယ် ယုံကြည်တာ မဟုတ်ပဲနဲ့ ကိုယ်ကျိုး စီးပွါးမျှော်ကိုးပြီး ယုံချင်ယောင်ဆောင် လုပ်ပြတာမျိုးကတော့ စိတ်ဓာတ် အောက်တန်းကျမှု ဖြစ်ပါတယ်။ အင်မတန် ကြီးမားတဲ့ အပြစ်ပါ။ အယူအဆ မှားတာဟာ အပြစ်မဟုတ်ဖူး။ အယူအဆကို ခုတုံးလုပ်ပြီး ကိုယ်ကျိုး ရှာတာကသာ အပြစ်ဖြစ်တယ်။ ကိုယ်တိုင် လက်ခံ ယုံကြည်ထားတဲ့ အယူအဆတွေ ဘယ်လောက်အထိ မှန်တယ်၊ ဘယ်အချိန်ထိ မှန်နေဦးမယ် ဆိုတာ အသေအချာ မပြောနိုင်ဘူး။ အသေအချာ ပြောနိုင်တာကတော့ ခုချိန်အထိ အမှန်ဆုံး၊ အကောင်းဆုံးလို့ ယုံကြည်တယ် ဆိုတာပဲ ဖြစ်တယ်။ ကိုယ်လို မယုံကြည် သူတွေလည်း အများကြီး ရှိနေတာပဲ။ ကိုယ်နဲ့ မတူလို့ ရန်သူလို သဘောမထား ပါဘူး။ သူယုံကြည်တာကို ရိုးသား ဖြောင့်မတ်စွာ လုပ်ကိုင်နေတဲ့ သူများကို အယူအဆ မတူပေမယ့် လေးစား ရိုသေပါတယ်။ ကွယ်လွန်သူ သတင်းစာဆရာကြီး မြန်မာ့အလင်း ဦးသန်ညွန့် ဆိုတာ အင်မတန် ရိုသား ဖြောင့်မတ်တဲ့ သတင်းစာ ဆရာကြီး တယောက် ဖြစ်ပါတယ်။
ယုံကြည်မှုခြင်းကတော့ တယောက်နဲ့တယောက် မတူပါဘူး။ ဒါပေမယ့် သူ့ကို အထူးကို လေးစား တန်ဘိုး ထားပါတယ်။ ကိုယ့်ဆရာ မဖြစ်ဖူးပေမယ့် အခါကြီး ရက်ကြီးများမှာ ကျွန်တော် ကန်တော့ပါတယ်။ သူကလည်း သူ့အောက် အသက်အများကြီး ငယ်တဲ့ ကျွန်တော့်ကို အင်မတန် ခင်တွယ် ရှာပါတယ်။ သူ့ကျန်းမာရေး သိတ်မကောင်းတဲ့ ကြားကတောင် တပါတ် တခေါက်တော့ အနည်းဆုံး မှန်မှန်လာပြီး စကားတွေ ပြောပါတယ်။ တခါတလေများ မနက်တခေါက် ညနေတခေါက်တောင် ရောက်ချင် ရောက်လာတတ်တာ။ အိမ်ချင်းက နီးတာကိုး။
လိမ်တာသိဖို့ အရေးကြီး
ယုံကြည်ချက်ကို ယုံကြည်တဲ့အတွက် အခိုင်အမာ ကိုင်စွဲထားသူကို ဆန့်ကျင်ဘက် အယူအဆ ရှိသူပဲဖြစ်စေ လေးစား တန်ဘိုးထား တတ်သူဟာ စိတ်ဓါတ် ရင့်ကျက် ပြည့်ဝသူ ဖြစ်ပါတယ်။ အရေးကြီးတာက ကိုယ်တယောက် ကြီးပွါး ချမ်းသာဖို့ အတွက် မယုံတာကို ယုံချင်ယောင် ဆောင်ပြီး လိမ်နေတဲ့ သူတွေကို ခွဲခြား သိမြင်ဖို့သာ ဖြစ်တယ်။ ဒီလို ကောက်ကျစ်တဲ့ လူမျိုးတွေကိုတော့ ပြတ်ပြတ်သားသားကို စည်းခြား ထားလိုက် ရမှာပါ။ ဒီလူတွေဟာ၊ နတ်ရှင်နောင်လို၊ ကင်းဝန်လို အန္တရာယ် ကြီးမားသူတွေ ဖြစ်တယ်လို့ပဲ ဆိုလိုက် ချင်ပါတယ်။
လူထုစိန်ဝင်း
Saturday, September 5, 2009
ခေါင်းမာသူတိုင်း လူရိုင်းမဟုတ်ဘူး
Friday, September 4, 2009
နေ့စဉ်သတင်းများ (၃ - ၉ - ၀၉)
■ စာသင်သံဃာများကို ၀ါတွင်းကာလမှာ နေရပ်ပြန်ကြွခိုင်းမည့် သတင်းများထွက် သတင်း
■ ဒေါ်အောင်ဆန်းစုကြည် အယူခံဝင်ပြီ သတင်း
■ အပစ်ရပ် ဒေသခံတို့ နေရာပြောင်းရွှေ့ သတင်း
■ ကိုးကန့်ဒေသ ဖောက်ထွင်းလုယက်သူ စစ်အစိုးရတပ်သာဖြစ်နိုင် သတင်း
■ ကိုးကန့်ပဋိပက္ခနဲ့ တိုင်းရင်းသားများ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် သတင်း
■ စစ်ပွဲများကြောင့် နယ်စပ်ဖြတ်ကျော် နိုင်ငံခြားခရီးသည် လျော့ကျ သတင်း
■ ကြားဖြတ်အစိုးရ ဖွဲ့စည်းရေး စစ်အစိုးရ ပြင်ဆင်နေ သတင်း
■ ၂၀၁၀ ရွေးကောက်ပွဲအတွက် ကြံ့ဖွံ့မှ စည်းရုံးရေးလိုက်ဆင်းနေ သတင်း
■ မြန်မာ့စွမ်းအင်နဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှု သတင်း
■ ထိုင်းနိုင်ငံဖွား မြန်မာကလေးငယ် ဂျပန်သွားနိုင်ပြီဟုဆို သတင်း
■ ဒိုင်နာကို ကန့်သတ်ပြီး ကားကြီးများ အစားထိုးမည် သတင်း
■ အာဖဂန်စစ် အနိုင်ရရေး အမေရိကန်ဗျူဟာသစ် အချိန်ပေးဖို့လို သတင်း
■ မေတ္တာပို့လမ်းလျှောက်ဖူးတဲ့ သံဃာတော်များ ထိန်းသိမ်းခံနေရ သတင်း
■ သံဃာလှုပ်ရှားမှု မဖြစ်ပေါ်ရန် အာဏာပိုင်များ တင်းကျပ် သတင်း
■ ဒေါ်အောင်ဆန်းစုကြည် ပညာသင်ခဲ့သည့် ကျောင်းတွင် မြန်မာ့မှတ်တမ်းရုပ်ရှင် ပြသ သတင်း
■ ဝ ဒေသမြောက်ပိုင်းသို့ နအဖစစ်တပ် လာရောက်တပ်စွဲ ဒေသခံလူထု ထွက်ပြေးတိမ်းရှောင် သတင်း
■ အပစ်ခတ်ရပ်နယ်မြေအတွင်းရှိ ဒေသခံလူထု တိုက်ပွဲများအတွက် စိုးရိမ်နေ သတင်း
■ KIO ဌာနချုပ်ရှိ ဒေသခံများ တရုတ်ပြည်သို့ ပစ္စည်းရွှေ့ပြောင်းမှု တရုတ်က လက်မခံ သတင်း
■ ကိုးကန့်ဒေသတွင် စစ်အစိုးရတပ်က လူမျိုးရေးခွဲခြားဆက်ဆံ နှိပ်စက်ညှဉ်းပန်း သတင်း
■ ကိုးကန့်ခေါင်းဆောင် အထူးကြေညာချက် ထုတ်ပြန် သတင်း
■ ကိုးကန့်နှင့် နအဖစစ်ပွဲကြောင့် တရုတ်-မြန်မာနယ်စပ်တွင် မငြိမ်မသက်ဖြစ် သတင်း
■ ကိုးကန့်နယ်မြေ တည်ငြိမ်အေးချမ်းပြီဟု အစိုးရပိုင် သတင်းစာက ဖော်ပြ သတင်း
■ ဘူးသီးတောင်မြို့တွင် ဒုတိယအကြိမ်မြောက် ပြည်သူ့စစ်တပ်ဖွဲ့များ ဖွဲ့စည်းမည် သတင်း
■ ဒီကေဘီအေ ၉၉၉ တပ်များ ထိုင်းရွာကို လုယက်တိုက်ခိုက် သတင်း
■ ငွေတောင်းခံခြင်းကြောင့် မွန်လက်နက်ကိုင်အချင်းချင်း ပဋိပက္ခဖြစ်ပွား သတင်း
■ မွန်ပြည်သစ်ပါတီ ခေါင်းဆောင်ပိုင်းနှင့် နအဖတိုင်းမှူး ထပ်မံတွေ့ဆုံ သတင်း
■ လွှတ်တော်ဆောက်ရန် သိန်း (၅၀) အထက် အလှူခံ သတင်း
■ ရန်ကုန်တိုင်းနှင့် ဒေသတချို့တွင် (၁၈) နှစ်အထက် လူဦးရေစာရင်း ကောက်ယူ သတင်း
■ သတင်းပေးသင်တန်းအတွက် လူရှာရန် ကြံ့ဖွံ့ ညွှန်ကြား သတင်း
■ ဂြိုဟ်တုစလောင်းမတပ်ရန် ပြည်သူများကို တားမြစ် သတင်း
■ မြို့နယ်ဥက္ကဌ ကိုယ်ကျိုးရှာအမြတ်ထုတ်မှုကို အောက်ခြေဝန်ထမ်းများ မကျေနပ် သတင်း
■ ထွက်ပြေးသည့် ကလေးစစ်သားကို ပြည်ခိုင်ဖြိုးက ဖမ်းဆီး၍ ဆုငွေယူရန် ကြိုးစား သတင်း
■ မြန်မာ့အဏုမြူစီမံကိန်းကို အနီးကပ်စောင့်ကြည့်ဖို့ အချိန်တန်ပြီ သတင်း
■ ထိုးစစ်ကြောင့် ထွက်ပြေးလာသော ကရင်ဒုက္ခသည်များ (ဗွီဒီယို)
■ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဟာ အပေါင်းလက္ခဏာ၊ အတုအယောင် ငြိမ်းချမ်းရေးဟာ အနှုတ်လက္ခဏာ (ဆောင်း ပါး)
■ ကိုးကန့်ပဋိပက္ခ ဖွဲ့စည်းပုံအခြေခံဥပဒေ အားနည်းချက်ကို ဖော်ပြ (ဆောင်းပါး)
■ ဒေါ်အောင်ဆန်းစုကြည်အမှုနှင့် ရွေးချယ်စရာလမ်း (ဆောင်းပါး)
■ ပန်းတိုင်းပွင့်ကြပါစေ၊ ပွင့်သောပန်းတိုင်း မွှေးကြပါစေ (ဆောင်းပါး)
Thursday, September 3, 2009
ကိုယ့်ကွင်းကိုယ် ပိုင်ပါ့မလား
September 3, 2009
လတ်တလော ကိုးကန့်ဒေသတွင် ဖြစ်ပွားခဲ့သော စစ်အစိုးရနှင့် ကိုးကန့် တပ်တို့၏ တိုက်ပွဲများကြောင့် လူပေါင်း သောင်းဂဏန်း တရုတ်ပြည် ဖက်သို့ ထွက်ပြေး တိမ်းရှောင် ခဲ့ကြသည်။ ထိုဖြစ်စဉ် အပေါ်တွင် မတူကွဲပြားသော သုံးသပ်ချက်များ ကောက်ချက်များလည်း ပေါ်ထွက်လာခဲ့သည်။
၁။ ကိုးကန့်အဖွဲ့သည်လည်း တရုတ်နွယ်ဖွားများ ဖြစ်သောကြောင့် တရုတ် အစိုးရမှ မြန်မာ စစ်အစိုးရအား ထိုကိစ္စ များနှင့် ပတ်သက်၍ ရှေ့၌ဖိအား ပေးမည်လော။
၂။ ထိုတိုက်ပွဲများကြောင့် တရုတ် အစိုးရနှင့် နယ်စပ်ဒေသတွင် တစုံတရာ နိုင်ငံရေး တင်းမာမှု ဖြစ်နိုင်သည်ကို သိသော်လည်း (နအဖ) စစ်အစိုးရဖက်မှ တမင်လုပ်ခြင်း ဖြစ်သလော။
၃။ ကိုးကန့်တပ်များသည် နယ်ခြားစောင့် တပ်အဖြစ် အသွင် ပြောင်းမည်ကို လက်မခံသော်လည်း အင်အား နည်းမှန်းသိ၍ ဂရုစိုက်စရာ မလိုဟု သဘောထားသောကြောင့် နအဖက ပြောင်ပြောင် တင်းတင်း ဝင်တိုက်ခြင်းလော။
၎။ ကိုးကန့်အဖွဲ့သည် ကချင်၊ ဝ၊ စသော တပ်များနှင့် စစ်ရေး မဟာမိတ် ဖွဲ့ထားသည်။ ထို့ကြောင့် တဖွဲ့ဖွဲ့ကို စစ် အစိုးရက တိုက်လာသည် ရှိသော် အချင်းချင်း အပြန်အလှန် ကူညီရန် သဘောတူထား ကြသည်။ အမှန်တကယ် တိုက်ပွဲ ဖြစ်ပါက တဦးနှင့်တဦး တကယ်ကူညီ မကူညီကို စမ်းသပ်လို၍ ကိုးကန့်ကို အရင်တိုက်၍ သွေးတိုးစမ်းခြင်း ဖြစ်သလော။ လက်တွေ့ တွင်လည်း ကိုးကန့်တပ်များ အတိုက်ခံရသော အခါ ကချင်တပ်များ ဝ တပ်များဖက်မှ အလုံး အရင်းဖြင့် ကူညီခြင်း မရှိသည်ကို၊ သေနတ်ပေါက်ခြင်း မရှိသည်ကိုလည်း တွေ့ရသည်။
၅။ ကိုးကန့်အဖွဲ့ကို တိုက်ခြင်းသည် လာမည့်နှစ် ရွေးကောက်ပွဲကို အချိန် ဆွဲလို၍ ကြိုတင်မီးမွှေး ထားခြင်းလော။ မကြာသေးမီ ကာလ ကလည်း ဘင်္ဂလားဒက်ရှ်ကို ပင်လယ်ပြင် နယ်နမိတ်နှင့် စပ်လျှဉ်း၍ (နအဖ) မှ ရန်စထား တာလည်း ရှိခဲ့သည်။ ပြည်တွင်းရန် ပြည်ပရန်များကြောင့် ရွေးကောက်ပွဲကို အချိန်ဆွဲလိုသည့် သဘောဟု တဖက်တွင်လည်း ဆိုမည်ဆိုက ဆိုနိုင်သေးသည်။
နောက်ထပ် တမျိုးလှည့်၍ စဉ်းစားမည်ဆိုပါက နအဖ စစ်အစိုးရသည် ကိုးကန့်ကို အခုလို ပြောင်ပြောင် တင်းတင်း ဝင်ရောက် တိုက်ခိုက်ခြင်းမှာ ပီကင်း၏ တိတ်တဆိတ် မီးစိမ်းပြမှု မပါဘဲ ဝင်တိုက် ရဲပါ့မည်လား ဟူသည့် အချက်ဖြစ်သည်။
ကိုးကန့်အဖွဲ့အတွင်း ခေါင်းဆောင်အချင်းချင်း စီးပွားရေးပြိုင်ဆိုင် မှုကြောင့် ခေါင်းဆောင်များ အတွင်း သပ်ရှို၍ ဖြို ခွဲမည်။ နအဖ လိုလားသူ ခေါင်ဆောင်များ တက်လာပါက နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးမှာ ပို၍ လွယ်ကူ သွားမည်လည်း ဖြစ်သည်။ သပ်ရှိုဖြိုခွဲ၍ မရပါက နအဖဖက်နှင့် ပူးပေါင်းသူကို ပြောင် အကူအညီပေး၍ တဖက်ကို တိုက်ချလိုက်ရန်သာ ဖြစ်သည်။ ဤသို့ စီစဉ် စဉ်းစားမှုကိုလည်း နအဖက တရုတ်အစိုးရကို ကြိုတင် အသိပေး ထားနိုင်သည်။ နှစ်နိုင်ငံအစိုးရ လက်ဝါးခြင်း ရိုက်သည်ကို မည်သူ သိနိုင်မည်နည်း။ ကချင်နှင့် ဝတပ်များ သည်လည်း တရုတ်ဖက်မှ ခေါင်းခါ ပြနေသောကြောင့် ကိုးကန့်ဖက်မှ ဝင်မတိုက်ဘဲ ရပ်ကြည့် နေခြင်းလည်း ဖြစ်နိုင်သည်။ သေချာတာ တခုကတော့ တရုတ်နယ်စပ်တွင် ကပ်၍ ဖောင်းဖောင်း မည်အောင် ပြည်တွင်းစစ် ဖြစ်မှာကို တရုတ်က ယခုကာလတွင် လိုလားလိမ့်မည် မဟုတ်။
ဤကိစ္စများ၌ မေးစရာ ဖြစ်လာသည်က တရုတ် အစိုးရက မြန်မာ ဗိုလ်ချုပ်များနှင့် ဘာကြောင့် လက်ဝါးရိုက်ဖို့ လိုသနည်း ဆိုသည့် မေးခွန်းပင် ဖြစ်သည်။ အတိုဆုံး အဖြေကတော့ နှစ်နိုင်ငံ၏ အကျိုးစီးပွါးဟု ဖြေနိုင်သည်။
၁။ ရခိုင်ပြည်နယ်မှ ထွက်ရှိလာမည့် သဘာဝဓာတ်ငွေ့နှင့် တရုတ်သို့ ပိုက်လိုင်း သွယ်၍ ရောင်းချခြင်း။
၂။ အာဖရိကနှင့် အရှေ့အလယ်ပိုင်းမှ တရုတ် ဝယ်ယူနေသည့် ရေနံစိမ်းများကို အချိန် အကုန်ခံ ငွေအကုန်ခံ၍ မလက္ကာ ရေလက်ကြားကို ဖြတ်ခါ တရုတ်ပြည် အထိ တင်ပို့နေရသည်။ ထိုရေနံစိမ်းများကို ရခိုင်ပြည်နယ်မှ တဆင့် ပိုက်သွယ်၍ တရုတ်ပြည်ကို တိုက်ရိုက်ပို့မည့် အစီ အစဉ်လည်း ရှိနေသည်။
၃။ ဧရာဝတီမြစ်ဆုံကို ဆည်ပိတ်၍ လျှပ်စစ်ဓာတ်အား ထုတ်ခါ တရုတ်ပြည်သို့ ရောင်းချရန်လည်း ရှိနေသေးသည်။
၎။ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးတွင် တရုတ်ဖက်က ရသော အကျိုး အမြတ်သည် ကြီးမားသည်။ မြန်မာဖက်က တင်ပို့နေသည်မှာ ကုန်ချော မဟုတ်။ သဘာဝရင်းမြစ် ကုန်ကြမ်းများသာ ဖြစ်သည်။ တရုတ်ဖက်က အရည်အသွေး နိမ့်သော ကုန်ချောများကို မြန်မာတို့ဖက်မှ ပြန်လည် ဝယ်ယူနေရသည်။
၅။ တရုတ်နှင့် အိန္ဒိယ၏ စီးပွားရေး တိုးတက်လာနှုန်းကို အနောက် ကမ္ဘာကပါ သတိနှင့် စောင့်ကြည့် နေရသည့် ကာလ ဖြစ်သည်။
နောင်လာမည့် ဆယ်စုနှစ်များအတွင်း အိန္ဒိယနှင့် တရုတ် နှစ်နိုင်ငံ ကုန်သွယ်ရေးတွင် မြန်မာ နိုင်ငံသည် အချက်အခြာ ပို၍ ကျလာမည်။ ထို့ကြောင့် အခုကတည်းက တရုတ်ကုမ္ပဏီ မျိုးစုံ မြန်မာပြည်တွင် ခြေကုတ် ယူထားနေသည်။ အနောက်တိုင်း စီးပွားရေး သမားများက ထိုအချက်ကို မရှု့စိမ့် မနာလို ဖြစ်နေကြသည်။ သူတို့လည်း မြန်မာပြည်ကို ဝင်လိုနေသည်။ သို့သော် အနောက်ကမ္ဘာ၏ စီးပွါးရေး ပိတ်ဆို့မှု ဆိုသော အချက်ကြောင့် ဂွကျနေရသည်။
ပြန်ကောက်ရသော ကိုးကန့်ကိစ္စကို ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် ရှင်း။ တရုတ်ဖက်က လူကြားကောင်းအောင် အနည်း အကျဉ်း လောက် ဝေဖန် တာမျိုး တိုက်တွန်း တာမျိုး လောက်တော့ရှိမည်။ ကိုးကန့် ကိစ္စသည် စစ်အစိုးရ အတွက် တရုတ်က ကျိတ်၍ သဘော တူထားသော ပထမခြေလှမ်း ဖြစ်နိုင်သည်။ ကျန်သည့် အပစ်ရပ်တွေလည်း တဖြေးဖြေးနှင့် တရုတ် ဖိအားကို သဘောပေါက်လာ ရတော့မည်။
ဗကပပြိုကွဲစဉ်အခါက တရုတ်အစိုးရသည် ဗကပဖက်ကို ဘာမှ အကူအညီ မပေးတော့ပါ။ ဗကပဖက်မှ ဗကပ ယူနီဖောင်း ဝတ်၍ ဝင်တိုက် ပေးတာမျိုးလည်း အရင်ကလို မလုပ်တော့ပါ။ အကျိုးစီးပွားဖြစ်စဉ်က ခေတ်နှင့်အတူ ရွေ့လျား သွားခဲ့ခြင်းကြောင့်ပင်။ ဗကပ ခေါင်းဆောင်များ ကိုတော့ ယခင်နိုင်ငံရေး ဆက်ဆံမှုအရ တရုတ်နိုင်ငံ ထဲတွင် နေထိုင်ခွင့် ပေးလိုက်သည်။ ထို့ထက်ပိုသော အကူအညီ တရုတ်ဆီက မရတော့ပါ။ ထို့ကြောင့် ကိုးကန့် တို့သည်လည်း အလားတူ ဖြစ်စဉ်ကို ရင်ဆိုင် ရတော့မည် လောဟု စဉ်းစားမိခြင်း ဖြစ်သည်။
ကချင်ခေါင်းဆောင်များနှင့် ဝခေါင်းဆောင်များကို တချိန်က တရုတ်မှ ပြောခဲ့ သည်က ကိုယ့်တိုင်းပြည် အတွင်းမှာ ဖြစ်နေတဲ့ ပြဿနာ အထုတ်စုပ်ကို နိုင်ငံတကာမှာ လယ်ပြီး ဖွင့်ပြ မနေကြပါတော့နှင့်။ ကိုယ့်အချင်းချင်း ကြိတ်၍ ဖြေရှင်းခြင်းကသာ ပို၍ အကျိုးရှိသည်ဟု ဆိုခဲ့ခြင်း ဖြစ်သည်။ သဘောကတော့ အထုတ်စုပ်ကို လယ်၍ဖွင့်ပြ နေပါက တရုတ်ဖက်မှ ဘာမှ အကူအညီ မပေးနိုင်တော့ဟု ဖိအားပေးခြင်းသာ ဖြစ်သည်။ ထိုအချိန်မှစ၍ လက်နက်ကိုင် တော်လှန်ရေးများ ထိုဒေသများတွင် နိဋ္ဌိတံ ခဲ့ရသည်။
အကျိုးစီးပွါးအရ တရုတ်အစိုးရသည် မြန်မာ စစ်ဗိုလ်ချုပ်များနှင့် တိုက်ရိုက် ဆက်ဆံမှာပဲ ဖြစ်သည်။ မြန်မာ စစ်အစိုးရနှင့် ပလဲနံပ မသင့်သည့် အုပ်စုများ အတွက် ရှေ့ရှောက် ကာကွယ်ပေးလိမ့်မည် မဟုတ်ပေ။ လူကြားကောင်းအောင် ဝတ္တရားအရ ပြောတာလောက်ပဲ ရှိတော့မည်။ တဖြည်းဖြည်းခြင်း နွမ်းလျသွားသည့် ပန်းပင်ကို ခုတ်မပစ် သော်လည်း ရေလောင်းခြင်း ပေါင်းသင်ခြင်း မြေသြဇာကျွေးခြင်း မရှိတော့ဘဲ ထိုင်ကြည့်နေသည့် သဘောသို့ ရောက်ရှိလာတော့မည်။
တဖက်တွင်လည်း မြန်မာစစ်အစိုးရသည် အမေရိကန်တို့နှင့် အဆင် ပြေချင်သည်ဟု တွက်ဆချက်များ ပေါ်ပေါက် လာသည်။ တရုတ်တွေ ဖက်မှလည်း သူတို့ကို မထိခိုက်ပါက အမေရိကန် အစိုးရနှင့် မြန်မာ စစ်အစိုးရတို့ အဆင် ပြေသည်ကို ဘာမှထူး၍ ဝေဖန် ပြောဆိုမည် မဟုတ်။ ထူးလာနိုင်သည် တခုကတော့ မြန်မာနိုင်ငံသည် အင်အားကြီး တရုတ်နှင့် အမေရိကန်တို့ ကစားမည့် ဘော်လုံးကွင်း ဖြစ်သွား မှာကတော့ မြန်မာနိုင်ငံသားတို့ အဖို့ စိုးရိမ်ဖွယ် ဖြစ်သည်။
စစ်အေးတိုက်ပွဲ ကာလများအတွင်းက အမေရိကန် အုပ်စုနှင့် ဆိုဗီယက် အုပ်စုတို့ အကြား မြေဇာပင် ဖြစ်ခဲ့ရသော နိုင်ငံငယ်များ မနည်းလှ။ ထိုနိုင်ငံငယ် များတွင် ဘယ်သူ အစိုးရ ဖြစ်ဖြစ် သူတို့စိတ်မဝင်စား။ စိတ်ဝင်စားသည်က ထိုအစိုးရများသည် ကိုယ့်လူဖြစ်ရင် ပြီးစတမ်း။ အာဏာရှင် မကလို့ မည်သူပဲ အုပ်ချုပ်အုပ်ချုပ် ဒါကို နိုင်ငံကြီး များက ဂရုမစိုက်ပါ။ ထိုစစ်အေး တိုက်ပွဲကြီး ကာလအတွင်း အမေရိကန်လူ ဆိုဗီယက်လူ ဆိုသည့် အုပ်စုများ လည်း ထိုနိုင်ငံငယ်များတွင် ပေါ်လာခဲ့ ဘူးသည်။ လူထုအတွက် နားနှင့် မျက်စေ့ဟု ဆိုနိုင်သည့် စာပေနှင့် မီဒီယာ လောကတွင်လည်း အုပ်စု ကွဲခဲ့ကြသည်ကို မမေ့သင့်။
ယနေ့ကာလကတော့ အရင်းရှင်နှင့် ကွန်မြူနစ် အားပြိုင်သော စစ်အေး တိုက်ပွဲခေတ် မဟုတ်တော့။ သို့သော် ဓန အတွက်တော့ နိုင်ငံကြီးတိုင်း ပြိုင်နေကြသည်မှာ လက်တွေ့ဖြစ်သည်။ မြန်မာဆိုသော ကွင်းအသစ်တွင် အမေရိ ကန်နှင့် တရုတ်တို့ ချစ်ကြည်ရေးပွဲ ကန်လိုက်၊ မိတ်ဆွေဖြစ် ကန်လိုက်၊ ကြေးပါသော်လည်း ကြေးမပါဟန် ကန်ကြမည့် ဘောပွဲတွေလည်း နောင်မှာ တွေ့ကောင်းတွေ့လာ နိုင်သည်။ ကွင်းပိုင်ရှင် ပြည်သူတွေကတော့ ဘယ်လောက် အကျိုးရှိမည် ဆိုတာ မပြောတတ်သေး။ ကွင်းကို ပွဲစားလုပ်နေသည့် စစ်ဗိုလ်ချုပ်များနှင့် သူတို့၏ စီးပွား ဖက်များကတော့ အသေအချာ အကျိုးရှိမှာ အမှန်ဖြစ်သည်။
အမေရိကန်နှင့် တရုတ်က သူတို့အကျိုးစီးပွားအတွက်လည်း ဤဒေသကြီး အတွင်း ဝေစုခွဲ နိုင်သေးသည်။ မြန်မာ နိုင်ငံကို တရုတ် လှုပ်ရှားရာ နယ်ဟု သတ်မှတ်၍ မြောက်ကိုရီးယား ကိုတော့ အမေရိကန် အရေးအရာ ပိုင်သော နယ်အဖြစ် ခွဲဝေ၍ လုပ်ကောင်း လုပ်နိုင်သည်။ သူတို့အချင်းချင်း လက်ကျိတ်ထိုးတာ မည်သူအတိ အကျ စွပ်စွဲ နိုင်မည်နည်း။
ညူကလီးယားသံများဖြင့် လှိုင်နေသော မြောက်ကိုရီးယားကို အမေရိကန် တို့ ပိုမို စွက်ဖက်ခြင်း အားဖြင့် တဖက် တွင် တရုတ် အစိုးရအား မြန်မာနှင့် တိဗက် ကိစ္စများတွင် စေလိုရာ စေနိုင်သည်ဟု နားလည်မှုများ ယူကောင်း ယူထား လာနိုင်သေးသည်။ ထို့အပြင် နောက်တခုကတော့ မြန်မာ့နိုင်ငံရေး လောကတွင်လည်း တရုတ်ထောက်ခံ သူ အမေရိကန် ထောက်ခံ သူ အုပ်စု များ ဟိုမှသည်မှ အရှိုအရှို ပေါ်လာဦးမည်ကို တွေ့နေရသည်။
သူတကာ လာကစားသော ကွင်းအဖြစ် မခံလိုပါက နည်းရှိပါသည်။ ကိုယ့်အချင်းချင်း ကျေကျေ လည်လည် စကား ပြော၍ တိုင်းပြည်ကို ပြန်လည် ထူထောင်ခြင်းသာ ဖြစ်သည်။ ကိုယ့်တဦးတည်း ကိုယ့်အုပ်စု တခုတည်း ကောင်းစားဖို့သာ ရည်မှန်းထားပါက တဖက်ဖက်ကို အသေကပ် ရတာ ဓမ္မတာဖြစ်သည်။ တဖက်ဖက်ကို ခြေစုံချ၍ အားကိုးပြီ ဆိုကတည်းက ခိုင်းဖတ် ဘဝသာ ရောက်ရမှာ မလွဲပါ။
ကိုယ့်ကွင်းကို ကိုယ်ပိုင်ဖို့ ကြိုးစားတာသာ မှန်ကန်သော အမျိုးသား နိုင်ငံရေး ဖြစ်သည်။ ကိုယ်မကန်ရဘဲ အသင်း တကာ အသင်း ဝင်ချင်တိုင်း ဝင်၍ ကန်သော ကွင်းမဖြစ်ဖို့ နားလည်ရန် အချိန်တန်ပေပြီ။
ဇော်မင်း (လူ့ဘောင်သစ်)
အကောင်း အဆိုး သိကြလားဟေ့
September 3, 2009
ဗီယက်နမ်နိုင်ငံသည် ယနေ့ခေတ်တွင် ထိုင်းနိုင်ငံနှင့် အပြိုင် ကမ္ဘာတခွင်သို့ ဆန်တင်ပို့နေသော နိုင်ငံတခု ဖြစ်သည်။ ဗီယက်နမ် နိုင်ငံ၏ မြစ်ဝကျွန်းပေါ် ဒေသသည် တနိုင်ငံလုံး ဆန် အထွက်နှုန်း၏ တဝက် ကျော်ကျော်ကို ထုတ် လုပ်ပေးနေသော ဒေသလည်း ဖြစ်သည်။ တရုတ်ပြည်မှ စတင်၍ စီးဆင်းလာသော မဲခေါင်မြစ်သည် မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားတို့ကို ဖြတ်ကာ နောက်ဆုံးတွင် ဗီယက်နမ် နိုင်ငံ၌ အဆုံးသတ်၍ ပင်လယ်ထဲ သို့ စီးဝင်သွားသည်။ ထိုဒေသကား ဗီယက်နမ်၏ မြေသြဇာ ကြွယ်ဝသော နုန်းးတင်မြေနု မြစ်ဝ ကျွန်းပေါ်ဒေသ ဖြစ် တော့သည်။
သို့သော်လည်း ဗီယက်နမ်လူမျိုးတို့ ခေါင်းခဲစရာ ပူပန်စရာ ဖြစ်လာသည့် ပြဿနာကတော့ ကမ္ဘာကြီး ပူနွေးလာ၍ ပင်လယ်ရေပြင် တစတစ မြင့်တက်လာခြင်း ဆိုသည့် ကိစ္စပင် ဖြစ်သည်။ ဤအတိုင်းသာ ဆက်၍ ပင်လယ် ရေ မျက်နှာပြင် မြင့်တက် လာနေပါက နောင်လာမည့် အနှစ်လေးငါးဆယ်တွင် ဗီယက်နမ်နိုင်ငံ၏ မြစ်ဝကျွန်းပေါ် တစိတ်တပိုင်းသည် ပင်လယ် ရေအောက်သို့ ရောက်တော့မည်။ ထိုသို့ဆိုပါက ဆန်စပါး စိုက်ပျိုးမှု ကောင်းမွန်နေ သော မြစ်ဝကျွန်းပေါ် တစိတ်တဒေသသည် အမြဲတန်း ပင်လယ်ရေငံ ဖုံးအုပ်မှုကို ခံရတော့မည် ဖြစ်သည်။
ကျွမ်းကျင်သူများ အဆိုအရ ထိုမြစ်ဝကျွန်းပေါ်၏ တစိတ်ပိုင်း ပင်လယ်ရေအောက် ရောက်ရှိပါက ဗီယက်နမ် နိုင်ငံ ၏ ဆန်အထွက်နှုန်းလည်း ကြောက်ခမန်း လိလိ ကျဆင်းလာမည်ဟု ဆိုကြသည်။ ထို့ကြောင့် မြစ်ဝကျွန်းပေါ်မှ လက်ရှိ ဆန်အထွက်နှုန်း၏ သုံးပုံတပုံ လျော့ပါးကျဆင်း သွားမည်ဟုလည်း တွက်ချက်ပြထားသည်။
စပါးစိုက်ပျိုးခြင်းဖြင့် အသက်မွေးနေသာ ဗီယက်နမ် မြစ်ဝကျွန်းပေါ်သားတို့ ဘာ ဆက်လုပ် ကြမည်နည်း။ ပင် လယ်ထဲ၌ ငါးဖမ်းခြင်း အလုပ်ကို ပြောင်း၍လုပ်ကိုင်ကာ ဆက်လက် အသက်မွေးမည်လော သို့မဟုတ် မြို့ပြ များ သို့ ပြောင်းရွှေ့ကာ မြို့ပြ အခြေစိုက် အလုပ်သမားများ အဖြစ် အသွင်ပြောင်းမည်လော။ စဉ်းစားစရာပါပေ။ သေချာ သည် တခုကတော့ ယခင်က ပိုင်ဆိုင်ခဲ့သော ၎င်းတို့၏ လယ်ယာများ ပင်လယ်ရေအောက်သို့ ရောက်ရတော့မည်။
ဗီယက်နမ် မြစ်ဝကျွန်းပေါ်၏ အစိတ်အပိုင်း တချို့ရေလွှမ်းခံရသည့် အချိန်တွင် ပင်လယ်ရေသည် ဗီယက်နမ် နိုင်ငံ တခုထဲတွင်သာ အပျော်လွန်ပြီး တန့်၍ရပ်၍ နေမည်မဟုတ်။ ဒေသ တခုလုံးအတွင်း ထိုဆိုးကျိုးကို ခံစားကြ ရမည်လည်း ဖြစ်သည်။
ထိုင်းနိုင်ငံတွင် ဘန်ကောက်မြို့ကြီးသည် ပင်လယ်ရေ မျက်နှာပြင်အောက် နှစ်လက်မခန့် နိမ့်နေသည်ဟု ဆိုကြသည်။ အထူးသဖြင့် မိုးတွင်းကာလများ၌ ဘန်ကောက်မြို့အတွင်း နေရာ အတော်များများတွင် ရေကြီးလေ့ရှိသည်။ အကြီးစား ပန့်များကို သုံးကာ ရေများကို စုပ်ထုတ် ပြစ်ရသည်။ ဗီယက်နမ်၏ မြစ်ဝကျွန်းပေါ် ပင်လယ်ရေ လွှမ်းသောအခါ၌ ဘန်ကောက်တွင်လည်း ဘန်ကောက်သူ ဘန်ကောက်သားများ ဟိုဟိုသည်သည် လှေရောင်စုံ များဖြင့် သွားလာနေမည်ကို မြင်ယောင် မိသေးတော့သည်။ လှေဆိပ်သာ ရှိ၍ ကားဆိပ်များ ကားဂိတ်များ နိတ္ထိတံ ရတော့မည်။ တချိန်က အာရှတိုက်၏ ဗင်းနစ်မြို့တော် အဖြစ် တင်စားခံခဲ့ရသည့် ဘန်ကောက်သည် ထိုအချိန် တွင် ဒုတိယ ဗင်းနစ်မြို့တော် အဖြစ်သို့ ပီပီပြင်ပြင် ပြောင်းလဲရတော့မည်။
ဗင်းနစ်မြို့တော်လို အဖြစ်မခံလိုပါက ဘန်ကောက်မြို့ကို ပတ်၍ တမံတုပ်ဖို့သာ ရှိသည်။ နယ်သာလန်မှာလို ပင်လယ်ရေ မြင့်တက် လာခြင်းကို တမံတုပ်၍ ကာမည်လော။ ကာထားနိုင် သေးသည်။ ထိုင်းနိုင်ငံသည် ဓနကြွယ်ဝ လာနေသော နိုင်ငံတခု ဖြစ်သောကြောင့် ပင်လယ်ကမ်းရိုးတမ်း တခုလုံးကို တမံ မတုပ်နိုင်ဘူး ထားဦး။ ဘန်ကောက်မြို့ ကိုတော့ တမံများဖြင့် ပတ်ပတ်လည် ကာထားနိုင်သည်။
တချိန်တည်းတွင်လည်း မြန်မာနိုင်ငံဖက်ကို ပြန်ကြည့်လိုက် ပါက မြန်မာနိုင်ငံ၏ မြစ်ဝကျွန်းပေါ် ဒေသ တစိတ် တပိုင်းသည်လည်း ပင်လယ်ရေ လွှမ်းခြင်းကို ခံရမည်။ ဒေသအတွင်း မြင့်တက်လာသည့် ပင်လယ်ရေကို ငါ့ဖက် မလာနဲ့ဟု တား၍ မရစကောင်း။ မြစ်ဝ ကျွန်းပေါ်၏ စပါးစိုက်ပျိုးနေသော လယ်မြေပမာဏ ဆုံးရှုံးမှုသည်လည်း ကြီးမားပေလိမ့်မည်။ ပင်လယ်ရေ မြင့်တက် လာခြင်းကြောင့် မြန်မာနိုင်ငံ၏ မြစ်ဝကျွန်းပေါ်တွင် ဆုံးရှုံးရသော မြေ ယာ ပမာဏသည် ဗီယက်နမ်ထက် အဆပေါင်းများစွာ ဆိုးဝါးလိမ့်မည်။ ဘာ့ကြောင့် ဆိုတာ ဆက်၍ပြောပါမည်။
မေခ၊ မေလိခ မြစ်ဆုံနေရာကို ပိတ်၍ ဆည်ဆောက်ခါ လျှပ်စစ် ဓာတ်အား ထုတ်လုပ်၍ တရုတ်ပြည်ကို ရောင်းဖို့ ပြင်နေသည်မှာ အားလုံး အသိ။ မြစ်ဆုံဒေသည် ဧရာဝတီမြစ်ကြီး မူလအစဖြစ်သည်။ မြစ်ဆုံဒေသကို ပိတ်ဆို့ လိုက်ပါက အောက်ပိုင်းသို့ ဆက်လက် စီးဆင်းမည့်ရေများ တန့်၍သွားမည်။ ဤသို့ဆိုပါက အောက်အရပ် မြစ်ဝ ကျွန်းပေါ် ဒေသသို့ ဆက်လက် စီးဆင်းမည့် ရေပမာဏ နည်းသွားပေမည်။
နားလည် လွယ်အောင် ပြောရပါက ဥပမာအားဖြင့် မြစ်ဝကျွန်းပေါ်ရှိ မြစ်ကလေးများ ချောင်းကလေးများ၏ ရေ အနက်သည် ဆယ်ပေဟု ဆိုပါစို့။ ကချင်ပြည်နယ် မြစ်ဆုံတွင် ဆည် ပိတ်လိုက်သောကြောင့် စီးဆင်းရမည့် ရေ များတန့်ကာ ယခင်ကလို အောက်ဖက်သို့ အပြည့်အဝ မစီးဝင်နိုင်တော့။ ထို့ကြောင့် မြစ်ဝကျွန်းပေါ်ရှိ မြစ်ချောင်း များ၏ ရေအနက်သည် ငါးပေခန့်သာ နက်တော့မည်။ ရေအမြင့် မူလထက် ငါးပေနိမ့်သွားသည်။ စီးဆင်းလာရ မည့်ရေများ နောက်ပြန်ဆုတ် သွားရသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ပင်လယ်ရေ မြင့်တက်လာသော ကာလ တွင် ပင်လယ်ရေသည် ကမ်းရိုးတန်း တလျှောက်သာ မြင့်တက်ခြင်း မဟုတ်တော့ဘဲ အထက်ပိုင်း မိုင်သုံးလေး ဆယ်ခန့်အထိ တိုး၍ဝင်ရောက် လာနိုင်သည်။ မူလကဆိုလျှင် မြစ်ဝကျွန်းပေါ်သို့ အထက်မှ စီးဆင်းလာသော ရေများကြောင့် ပင်လယ်ရေများ အထက်ဖက်သို့ တိုးဝင်ခြင်တိုင်း တိုးဝင်၍ မရအောင် သဘာဝအလျှောက် ရေကို ရေခြင်း ဟန့်တား ကာထားပေးသည်။ ရေချိုနှင့် ရေငံ ဇလုတ်တိုက်၍ အပြန်အလှန် ထိန်းထားခြင်းမှာလည်း သဘာ ဝတရား ဖြစ်သည်။ သို့သော်လည်း မြစ်ရေနိမ့်ကျ သွားသောအခါ ပင်လယ်ရေငံများ အထက်ပိုင်း အထိပါ ဒလ ဟော တိုးဝင်လာတော့မည်။
ထိုရောအခါ၌ ယခင်က သဘာဝအတိုင်း မြေသြဇာ ကောင်းမွန်ခဲ့သော မြစ်ဝကျွန်းပေါ် ဒေသ တခုလုံး ဆားငံရေ များ အောက်သို့ ရောက်ခါ ဆန်စပါး စိုက်ပျိုးခြင်းသည်လည်း သေဆုံးရတော့မည်။ မြစ်ဝ ကျွန်းပေါ်သားများ အထက်ဖက် မိုင်သုံးလေး ဆယ်သို့ ပြောင်းနေ ရတော့မည်။ ထိုသို့ပြောင်း၍ မနေလိုပါက လှေများ ဆောက်ခါ လှေပေါ်တွင် နေထိုင်၍ ရသမျှ ပင်လယ်ငါးလေးများ ဖမ်းကာ လှေစီးလူသား မော်ဒန်ဆလုံ လူမျိုးများ အဖြစ် နေထိုင် ရုံသာ ရှိတော့သည်။ မြန်မာနိုင်ငံ၏ ဝမ်းပိုက်သည်လည်း နှစ်လေးငါးဆယ် အတွင်း ကွယ်ပျောက် ရတော့မည်။ နောင်အနှစ် လေးငါးဆယ် အတွင်း ဆန်ကို နိုင်ငံခြားမှ ပြန်၍ တင်သွင်းရတော့မည်။ အာဖရိက တိုက်တွင် မိုး ခေါင်သောကြောင့်၊ ဘာမှ မယ်မယ်ရရ စိုက်ပျိုးမရ၍ ငတ်ကြသည်။ မြန်မာနိုင်ငံမှာတော့ စပါးခင်းများတွင် ရေငံဖုံး သောကြောင့် အငတ်ဘေးကြီးကို ရင်ဆိုင် တွေ့ကြလိမ့်ဦးမည်။
ထိုအချိန်မတိုင်မီ လက်ဦးဆုံး ဆုံးရှုံးရမည့် သူများကတော့ မြစ်ဆုံဒေသ တဝိုက်တွင် ဘိုးစဉ် ဘောင်ဆက် လုပ်ကိုင် စားသောက် လာခဲ့သည့် ဒေသခံ တိုင်းရင်းသားများ ဖြစ်သည်။ သတင်းများအရ မြစ်ဆုံ ဆည်ပိတ်မည့် စီမံကိန်းကြောင့် ရွာပေါင်း ခြောက်ဆယ်ထက် မနည်း၊ လူဦးရေ သောင်းဂဏန်းကို စစ်အစိုးရက အတင်းရွှေ့ပြောင်း တော့မည်။ လိမ္မော်ခြံများ၊ လယ်ယာမြေများ ဆည်ရေအောက်သို့ ရောက်ရတော့မည်။ ထိုသူတို့၏ မူလဘဝနေ ထိုင်မှုများ ဆုံးရှုံးရမည်။ နေရာနှင့် ဝင်ငွေ ဆုံးရှုံးမှုတင် မက ကျန်းမာရေး၊ ပညာရေး၊ ဒေသဆိုင်ရာ ယဉ်ကျေးမှုတို့ပါ ဆုံးရှုံးရဦးမည်။ သဘာဝ ပတ်ဝန်းကျင်လည်း ပျက်စီးရဦးမည် ဖြစ်သည်။
ဆက်လက်၍ ဆုံးရှုံးရမည့် သူများကတော့ မြစ်ဆုံဆည်၏ အောက်ပိုင်း တလျှောက် မြစ်ဝ ကျွန်းပေါ် အထိ နေထိုင် ကြသည့် နိုင်ငံသားများ ဖြစ်တော့သည်။ ဧရာဝတီ မြစ်ကြီးသည် မြစိမ်းရောင် အသွင်ဖြင့် တငြိမ့်ငြိမ့် စီးဆင်းနေ သည့် အခြေအနေမှ ချောင်းသာသာ မြောင်းသာသာ အဖြစ်သို့ ရောက်ရတော့မည်။ ဧရာဝတီမြစ်ကြီး ကောပါက ဤနိုင်ငံ၏ သမိုင်းလည်း ကောတော့မည်။ ဧရာဝတီကြောင့်သာ မြန်မာနိုင်ငံဆိုတာ ဖြစ်လာခဲ့ရသည် မဟုတ်လော။
တရုတ်အပါအဝင် အိမ်နီးချင်း နိုင်ငံများကတော့ ရသလောက် ယူမှာဘဲ ဖြစ်သည်။ ခင်ဗျားတို့ မြန်မာနိုင်ငံဟာ တကယ်ဆိုရင် သေးသေးလေး။ သဘာဝ အရင်းအမြစ်တွေကို ရှိရှိသမျှ အလျှင်စလို ထုတ်မသုံးပါနဲ့ဟု သူတို့ကတော့ အကြံပေးမည် မဟုတ် ပြောမည် မဟုတ်။
အဆင်အခြင်မဲ့သော လုပ်ရပ်ကို ဘယ်သူတွေက ထောက်ပြ ဝေဖန် သနည်း။ မြန်မာနိုင်ငံ ပြင်ပမှာ နေနေသည့် အဖွဲ့အစည်း အချို့က ထောက်ပြ ကြသော်လည်း မြန်မာနိုင်ငံ အတွင်းမှာ ရှိနေသည့် မည်သည့် အဖွဲ့အစည်း များကမှ ဤကိစ္စကို ဗိုလ်ချုပ်ကြီးများ ထံသို့ မတင်ပြရဲကြ။ ကြောက်နေကြရ သောကြောင့် ဖြစ်သည်။ သာမန် အဖွဲ့ အစည်းများကို နားလည် ပေးနိုင်ပါသည်။ သို့သော် သူတို့ကိုယ် သူတို့ နိုင်ငံရေးအရ တတိယလှိုင်းဟု ဆိုနေသော သူများလည်း ဒီလိုကိစ္စမျိုးတွင် မြန်မာ စစ်ဗိုလ်ချုပ်များကို နားမချနိုင်ကြောင်း တွေ့ရသည်။ တတိယလှိုင်း တို့က ဆိုထားသည် မို့လား။ မြန်မာပြည် ဒီမိုကရေစီ အပြောင်းအလဲ အတွက် စစ်ဗိုလ်များကို တဖြည်းဖြည်း နားချ၍ ပူးပေါင်းဆောင်ရွက်မည်ဟု ပြည်တွင်းထုတ် စာစောင်ဂျာနယ် အချို့မှာ ပြောနေတာ အခုအထိ ဖြစ်သည်။ နိုင်ငံ တကာ ကွန်ဖရင့်တွေ မှာတောင် ဒီဖော်မြူလာကို ရွှန်းရွှန်းဝေအောင် တင်ပြခဲ့ကြလို့ နိုင်ငံခြားသားများ အလယ်မှာ လည်း မော်ဒရိတ်တွေ (အစွန်းမရောက်သူတွေ) ဆိုပြီး ရေပန်းစားနေသည် မဟုတ်လော။
တတိယလှိုင်းတို့ ပြောရမှာက ဗိုလ်ချုပ်ကြီးတို့ခင်ဗျား လောလောဆယ် အာဏာ ထိုင်ခုံက ဆင်းမပေးချင်လည်း နေပါ။ သို့သော် မြစ်ဆုံ၌ ဆည် တည်ဆောက်မည့် ကိစ္စကတော့ ရေရှည်မှာ နောင်လာ နောက်သားတို့ အတွက် ဆိုးကျိုးတွေ သယ်ဆောင်လာမှာ ဖြစ်သောကြောင့် မလုပ်သင့်ပါဟု ရဲရဲတင်းတင်း ပြောရမှာ ဖြစ်သည်။ သို့သော် လက်တွေ့ မှာတော့ တတိယလှိုင်း သမားတို့ မပြောရဲရှာပါ။ အာဏာ အပြောင်း အလဲကို အသာထား သဘာဝ ပတ်ဝန်းကျင် ပျက်သုဉ်းမည့် ကိစ္စလောက်မှ ဗိုလ်ချုပ်များကို နားမချနိုင်ပါက သည့်ထက် ကြီးမားသော ကိစ္စများ အပြောင်းအလဲများကို တတိယလှိုင်းတို့ နားချနိုင်စွမ်း ရှိလိမ့်မည် ဆိုတာက သံသယဖြစ်စရာပါ။
လူမိုက်များ၊ လူကောင်းယောင် ဆောင်နေသူများ၊ အစွန်း မရောက်သူဟု ကြေငြာနေသူများ ထိုသူတွေ အားလုံးသည် တကယ်တော့ မိမိအုပ်စု ကောင်းစားရေး အတွက်သာ လုပ်နေသူတွေသာ ဖြစ်ကြောင်း မြစ်ဆုံကိစ္စ တခု တည်းနှင့်ပင် ကွက်ကွက် ကွင်းကွင်း မြင်လိုက်ရ တော့သည်။
ဇော်မင်း (လူ့ဘောင်သစ်)
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူးတဦးရဲ့  ပင့်ကူကွန်ရက်
August 31, 2009
၂၄-၁-၂၀၀၈ ရက်နေ့က ကျနော်ဟာ ဗိုလ်မှူးအောင်လင်းထွဋ်နဲ့ တွေ့ဆုံခဲ့ရာမှာ လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စစ် ရေးအခြေအနေများ၊ နိုင်ငံတကာမှ မြန်မာနိုင်ငံအပေါ် သဘောထားများ၊ အတိုက်အခံ အဖွဲ့အစည်းများ အပေါ် နအဖ က ထိန်းချုပ် ထိုးဖောက်နိုင်ပုံ အကြောင်း စတာတွေကို အပြန်အလှန် ဆွေးနွေး ခဲ့ကြပါတယ်။
အဲဒီလို အပြန်အလှန် ဆွေးနွေးခဲ့ရာမှာ နယ်စပ်မှာ ရှိတဲ့ အတိုက်အခံ အဖွဲ့ အစည်းများအား ထိန်းချုပ် ထိုးဖောက်နိုင်ဖို့ ဘန်ကောက်ရှိ မြန်မာသံရုံး စစ်သံမှူးက အဓိကထား တိုက်ရိုက် ကိုင်တွယ်ရကြောင်း၊ ထောက်လှမ်းရေး ကွန်ရက် တည်ဆောက်ကာ သတင်းပေးများ၊ သူလျှိုများ မွေးမြူထားပြီး အဖျက်အမှောင့် လုပ်ငန်းများ လုပ်ကြကြောင်း၊ အတိုက်အခံ အဖွဲ့အစည်းတွေရဲ့ သင်တန်းများကို သူလျှိုများက စတင် တက်ရောက် သည်မှ စပြီး ယုံကြည်မှု ရှိလာသည်နှင့် အမျှ အတွင်းစည်းရုံး လုပ်ငန်းထဲသို့ ၀င်ရောက် လုပ်ကိုင်ခွင့် ရသည် အထိ ကြိုးစား လာကြကြောင်း၊ စက်ရုံ အလုပ်ရုံ များတွင် အလုပ်သမားအဖြစ် အသွင်ယူပြီး သတင်းပေး ဆောင်ရွက် ကြကြောင်း၊ လေ့ကျင့်ထားသည့် မိန်းကလေးများ ကို အားနွဲ့သူ အဖြစ် အခွင့်ကောင်းယူကာ အဖွဲ့အစည်း အချို့က ရုံးလုပ်ငန်းများတွင် ခိုင်းလို့ရအောင် ဖန်တီးလာကြောင်း၊ ဒီကေဘီအေ ကဲ့သို့ ကရင် လူမျိုးများ ဖွင့်လှစ်တဲ့ စားသောက်ဆိုင်များကို ခြေကုပ်ယူပြီး အဖွဲ့အစည်းက လာရောက် စားသောက်ရာမှာ သတင်း ယူကြောင်း၊ မြ၀တီမှ နေ့ချင်းပြန် သွားရောက် သတင်းယူတဲ့ လက်လုပ် လက်စား များကို မွေးမြူ ထားသလို ဈေးပေါပေါ ဆက်လို့ရတဲ့ ဆက်သွယ်ရေး အိပ်ချိန်း ဖုန်းလိုင်း နေရာများမှာလည်း ထောက်လှမ်းရေး များကို ထားတတ်ကြောင်း၊ ထိုင်းနိုင်ငံသုံး လက်ကိုင် ဖုန်းများကို ခိုးယူ နားထောင်လို့ရတဲ့ ကြားဖြတ် အသံဖမ်း စက်ထားရှိရာ လက်ကိုင်ဖုန်းရဲ့  အသံ မူလထက် တိုးသွားသည် ဖြစ်စေ၊ မိမိအသံ ပြန်ကြားနေရသည် ဖြစ်စေ အဲဒီလို ဖြစ်လာပါက ကြားဖြတ် နားထောင်နေကြောင်း၊ မြ၀တီရှိ ထောက်လှမ်းရေး (စရဖ- SB)နဲ့ ဘန်ကောက် စစ်သံမှူးရုံးတို့ အပြန်အလှန် သတင်းဖလှယ် တည်ဆောက်ကြပြီး ထောက်လှမ်းရေး ကွန်ရက် ထားရှိကြောင်း၊ ထိုင်းနိုင်ငံ NSC (အမျိုး သားလုံခြုံရေး ကောင်စီ) ထောက်လှမ်းရေး အဖွဲ့နှင့် ဆက်သွယ်ပြီး ဖိအားပေးခြင်းမျိုး လုပ်ခိုင်း တတ်ကြောင်း၊ ထိုင်းမြန်မာ ကုန်သည်ကြီးများကို နယ်စပ်မှာ ကျွေးမွေးပြီး အခွင့်အလမ်းများ ပေးထားရာ ထိုင်း-မြန်မာ ကုန်သည်ကြီးများ အသင်းရုံး သည်လည်း နအဖရဲ့ ထောက်လှမ်းရေး သတင်းပေးဌာန ဖြစ်နေ တတ်ကြောင်း၊ နအဖက နယ်စပ် တံခါးများကို တဖက် သတ် ပိတ်လိုက်ခြင်းဖြင့် ထိုင်းကုန်သည်များက စီးပွားရေး ထိခိုက်လာလို့ ထိုင်းအစိုးရကို ဖိအားပေး လာတတ်ကြောင်း၊ မြန်မာ စစ်သံမှူးရုံးမှ ထိုင်းနိုင်ငံ အစိုးရရဲ့ အတွင်း သဘောထား လျှို့ဝှက်ချက် သတင်းများနဲ့ အတိုက် အခံ အဖွဲ့ အစည်းများရဲ့သတင်းများကို စိစစ်သုံးသပ် တည်ဆောက်ကာ ကြပ်ပြေး စစ်ရုံးသို့ သတင်းပို့ပြီး နအဖက နည်းဗျူဟာ များနဲ့ စီမံချက်များ ရေးဆွဲရကြောင်း၊ မာနယ်ပလော တိုက်ခဲ့စဉ်က ကျော်မြင့် အမည်နဲ့ သူလျှို တဦးကို စစ်သံမှူးရုံးက သုံးကာ မာနယ်ပလော စခန်းကြီးရဲ့ အတွင်းသတင်း နောက်ဆုံး အခြေအနေများကို စဉ်ဆက်မပြတ် သတင်းရယူပြီး စစ်ရေး အရှိန်အဟုန် မြှင့်ခဲ့ကြောင်း၊ ဒါကြောင့် ဘန်ကောက်ရှိ မြန်မာသံရုံး သံအမတ်ကြီးနဲ့ စစ်သံမှူးဆိုရင် အခြားနိုင်ငံ များနှင့် မတူဘဲ ထောက်လှမ်းရေး အတွေ့အကြုံ ရှိသူများကိုသာ နအဖက အထူးစိစစ် ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။
ဗိုလ်ချုပ်ခင်ညွန့်ရဲ့  ထောက်လှမ်းရေး ယန္တရား ပြိုကွဲ သွားချိန်မှာတော့ နအဖက လူရွေးချယ်ဖို့ အကျပ်ရိုက် နေရာ ကြံရာ မရ ဖြစ်ပြီး နောက်ဆုံးမှာတော့ ထောက်လှမ်းရေး မျက်မှန်ကြီး ဗိုလ်မှူးချုပ် တင်ဦး လက်ထက်က တာဝန် ထမ်းဆောင်ခဲ့ တဲ့ OTS အပတ်စဉ် (၄၉) ဆင်း ဗိုလ်ရဲဝင်းနဲ့ DSA အပတ်စဉ် (၁၅) ဆင်း ဗိုလ်ခင်မောင်စိုး တို့ကို ဖုတ်ပူ မီးတိုက် ရွေးချယ် တာဝန် ပေးခဲ့တယ်လို့ သိရပါတယ်။
ကိုအောင်လင်းထွဋ်က ကျနော့်ကို စစ်သံမှူး ဗိုလ်မှူးချုပ် ခင်မောင်စိုးရဲ့  အကြောင်းနဲ့ သူဟာ ဘယ်လို လူမျိုးလဲ ဆိုတာ တစေ့တစောင်း ပြောပြလာပါတယ်။ မျက်မှန်ကြီး တင်ဦး လက်ထက်က ဗိုလ်ခင်မောင်စိုးဟာ အမှတ် (၁၀) ထောက် လှမ်းရေးတပ်မှာ တာဝန် ထမ်းဆောင်ခဲ့ရာမှ ထောက်လှမ်းရေး တဖွဲ့လုံး ဖျက်သိမ်း ခံရချိန်တွင် ခြေလျင် တပ်ကို ပြန်လည် ဆင်းသွားရသူ ဖြစ်ပါတယ်။
အဲဒီနောက် သူဟာ တပ်မ (၁၁) တပ်မမှူး ဗိုလ်မှူးချုပ် မြင့်ဆွေ လက်အောက်ခံ နည်းဗျူဟာမှူး ဖြစ်ခဲ့ပြီး ထိုမှတဖန် တပ်မမှူး ဖြစ်လာပြီးနောက် စစ်သံမှူးအဖြစ် တာဝန် ပေးခံရသူ ဖြစ်ပါတယ်။ တပ်ချုပ် တပည့် ဗိုလ်မြင့်ဆွေက တပတ်စဉ်တည်း ပီပီ သူ့ကို စစ်သံမှူး ဖြစ်ရေး ထောက်ခံ ပေးလိုက်တဲ့ သဘော ရှိပါတယ်။
ဗိုလ်ခင်မောင်စိုးဟာ ထောက်လှမ်းရေးတပ် (၁၀) မှ ဗိုလ်ကြီး အဆင့်နဲ့ တန်ပြန် ထောက်လှမ်းရေး သင်တန်း တက်ဖို့ ဗဟို ထောက်လှမ်းရေး တပ်ကို လာရောက် တက်ခဲ့စဉ် ဗိုလ်မှူးအောင်လင်းထွဋ်နဲ့ သင်တန်းမှာ အတူတူ ဆုံခဲ့ခြင်း ဖြစ်ပါတယ်။ ၁၉၈၃ ခုနှစ် ဧပြီ၊ မေလ အချိန်မှာ တန်ပြန် ထောက်လှမ်းရေး သင်တန်းရဲ့ လက်တွေ့ ကွင်းဆင်းတဲ့ အစီအစဉ်အရ သံလွင်ဦး စစ်ဆင်ရေး အနေနဲ့ ဗိုလ်ခင်မောင်စိုး ဦးစီးတဲ့ အဖွဲ့ဟာ တာချီလိတ် - မိုင်းဖြတ်သို့ သွားရတယ်လို့ သိရပါ တယ်။
ဗိုလ်ကြီး ခင်မောင်စိုးက ခေါင်းဆောင်ဖြစ်ပြီး အဖွဲ့ဝင် ဗိုလ်ကြီး အောင်လင်းထွဋ်၊ ဗိုလ်ကြီး စိုးမြင့်အောင်၊ တပ်ကြပ်ကြီး ကျော်သိန်း (အမှတ် ၄ ထောက်လှမ်းရေးတပ်)၊ တပ်ကြပ်ကြီး တင်လှိုင်တို့ ပါဝင်ကြပါတယ်။ တာချီလိတ် ရောက်ချိန်မှာ ဗိုလ်ခင်မောင်စိုးဟာ ဟိုဘက်ကမ်း ကူးကာ မယ်ဆိုင်မြို့သို့ သွားရောက် လည်ပတ်ခဲ့ရာမှ ထိုင်းမိန်းမပျို တဦးနဲ့ ဇာတ်လမ်း ဖြစ်ခဲ့ပါတယ်။ ဗိုလ်ခင်မောင်စိုးဟာ ခြေစင်္ကြာ ဖြန့်ပြီး အိုင်တွေ့ ခြေဆေး ခဲ့ရာမှ လှပတဲ့ ထိုင်းမိန်းကလေးရဲ့ မာယာ ကျော့ကွင်းထဲမှာ နစ်မျောသွားပြီး ဗိုလ်ခင်မောင်စိုးရဲ့ အချစ်ဟာ နှုတ်မရတဲ့ ရောဂါနဲ့ အစွဲကြီး စွဲလမ်းကာ မကြာ ခဏ ညအိပ် သွားတဲ့ အထိ ဖြစ်နေပါတယ်။
စစ်ဆင်ရေး တာဝန်ပြီးဆုံးလို့ ပြန်ချိန်မှာတော့ ဗိုလ်ခင်မောင်စိုးက ကိုအောင်လင်းထွဋ်ကို “ငါ သူမကို တခါတည်း ခေါ်ခဲ့ တော့မယ်ကွာ” လို့ ပြောခဲ့ပါတယ်။ သူ့ရဲ့မျက်နှာမှာလည်း မျက်ရည်တွေနဲ့ တွေ့လိုက် ရတာမို့ ကိုအောင်လင်းထွဋ် က တအံ့တသြ ဖြစ်သွားကာ သူမကို ခေါ်လာရင် ပြဿနာ အားလုံး တက်ကုန်ကြမယ်လို့ ပြောပြီး မခေါ်ဖို့ ပြင်းပြင်းထန်ထန် ကန့်ကွက် ပြောယူရတဲ့ အခြေအနေ ရောက်ခဲ့ကြောင်း သိရပါတယ်။
အခုတော့ တာဝန်အရ ဘန်ကောက် ပြန်ရောက်လာ ချိန်မှာ ဗိုလ်ခင်မောင်စိုးက သူ့ရဲ့  အချစ် ဇာတ်လမ်းကို ပြန်ဆက်မှာလား၊ ဒါမှမဟုတ် စစ်သံမှူးရဲ့  တာဝန်အရ အခြား ထိုင်း ကောင်မလေးတွေကို သတင်းပေး အဖြစ် မွေးစား နေဦးမှာလား ဆိုတာ တွေးမိရင်း ရင်လေးမိပါတယ်။ စစ်သံမှူး ဗိုလ်ခင်မောင်စိုး လုပ်ဆောင်ချက် ချို့ယွင်းပုံ ကဖြင့် လုံခြုံရေး တာဝန် ယူရတဲ့ စစ်သံမှူး အနေနဲ့ မြန်မာသံရုံး မီးလောင် ခံရတဲ့ အထိ ဖြစ်ပွားခဲ့ ပါတယ်။
တိုက်ပွဲ ထောက်လှမ်းရေး သင်တန်းအရ ပစ္စည်း လုံခြုံရေး၊ စာရွက် စာတမ်း လုံခြုံရေး၊ လူပုဂ္ဂိုလ် လုံခြုံရေး၊ အဆောက် အဦး လုံခြုံရေးစတဲ့ ဘာသာရပ် ဆိုင်ရာ စီမံချက်များ အားနည်းချက်ကြောင့် ဂုဏ်သိက္ခာ ကျဆင်းသွားပြီး မီးလောင်ရတဲ့ အကြောင်းရင်းကို ထိုင်းနိုင်ငံက စုံစမ်း စစ်ဆေးပေးမယ် ဆိုတာတောင် လက်မခံရဲတဲ့ အထိ ဖြစ်ခဲ့လို့ ဘာကြောင့် မီးလောင်တယ် ဆိုတာကတော့ ဗိုလ်ခင်မောင်စိုးသာ အသိဆုံး ဖြစ်လိမ့်မယ် ဆိုတာ တင်ပြလိုက်ရပါတယ်။
တပ်မတော် အရာရှိဟောင်းတဦး
Ref: ခေတ်ပြိုင် (၅ ဖေဖော်ဝါရီ ၂၀၀၉)
နေ့စဉ်သတင်းများ (၂ - ၉ - ၀၉)
■ ကေအန်ယူ တပ်မဟာ (၅) ကို တိုက်ခိုက်ရှင်းလင်းဖို့ ဒီကေဘီအေကို စစ်အစိုးရ ညွှန်ကြား သတင်း
■ ရွာသားများ ရွာပြင်မထွက်ရန် DKBA အမိန့်ထုတ် သတင်း
■ တရုတ်-မြန်မာ နယ်စပ်တလျှောက် စစ်ရေးလှုပ်ရှားမှုများ ထပ်မံတိုးမြှင့်နေ သတင်း
■ ကချင်မြေကို မြန်မာစစ်တပ် ဆက်လက်ထိုးစစ်ဆင်မည့် သတင်းထွက် သတင်း
■ စစ်အစိုးရက ကေအိုင်အိုကို တိုက်မည့်သတင်းကြောင့် ဒေသခံများ ပြောင်းရွှေ့နေ သတင်း
■ ကိုးကန့်စစ်ပြေး (၆) ထောင်ခန့် နေရပ်ပြန် သတင်း
■ ကိုးကန့်ဂယက် ၀ ဒေသကို ရိုက်ခတ် သတင်း
■ ဖုန်ကြားရှင်၏ မိသားစုပိုင် ပစ္စည်းများကို စစ်အစိုးရ သိမ်းယူနေ သတင်း
■ ကိုးကန့်ဒေသမှာ တိုက်ပွဲငယ်များ ထပ်မံဖြစ်ပွား သတင်း
■ ဗိုလ်ချုပ်ကြီးခင်ညွန့် အာဏာရစဉ်က ကိုးကန့်အဖွဲ့နှင့် ဘယ်လိုပူးပေါင်းခဲ့ကြသလဲ သတင်း
■ မွန်ပြည်သစ်နှင့် စစ်တိုင်းမှူး ထပ်မံတွေ့ဆုံ သတင်း
■ သံဃာတော်များ စောင့်ကြည့်ခံနေရ သတင်း
■ သံဃာတပါးကို အာဏာပိုင်များ ထပ်မံဖမ်းဆီး သတင်း
■ ခန္တီးထောင်မှ ကိုထင်ကျော်၏ အခြေအနေ သတင်း
■ လုံခြုံရေးကောင်စီ စက်တင်ဘာလအတွင်း မြန်မာ့အရေး မျက်ခြေမပျက် စောင့်ကြည့်သွားမည် သတင်း
■ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ဆောင်းပါးကို စာပေစိစစ်ရေး ပိတ်ပင် သတင်း
■ ရွှေ့ပြောင်းလုပ်သားများအတွက် နိုင်ငံကူးလက်မှတ် စိတ်ဝင်စားသူနည်း သတင်း
■ ဗန်းမော်-လွယ်ဂျယ် ကားလမ်းရှိ ကုန်သွယ်မှု အာဏာပိုင် ပိတ်၊ ကုန်သည်နှင့် ကားသမား အခက်တွေ့ သတင်း
■ ကွမ်းလုံဆည်တည်ဆောက်မှု ရပ်ဆိုင်းရန် ရှမ်းသဘာဝအဖွဲ့ တောင်းဆို သတင်း
■ ရန်ကုန်လျှပ်စစ်မီး စတင်ပျက်ပြီ သတင်း
■ ကျောင်းသား (၅) ဦး ၀က်တုပ်ကွေးဖြစ်ပွား သတင်း
■ ငွေအကြွေအဟောင်းများကို ရခိုင်တွင် လှဲလှယ်ပေးခြင်း မရှိသေး သတင်း
■ စည်ပင်သာယာက ရေမီတာတပ်ခိုင်းပြီး အခွန်ထပ်ကောက်မည့်အတွက် မြို့ခံများ အခက်တွေ့ သတင်း
■ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းနိုင် နေပြည်တော် ခေါ်ယူစစ်ဆေးခံနေရ သတင်း
■ လွယ်ဂျယ်ဒေသခံများ တရုတ်ပြည်ဘက်သို့ ပစ္စည်းများရွှေ့ပြောင်း သတင်း
■ ကချင်ပြည်နယ်မှ သျှမ်းလူမျိုးများ တရုတ်ဘက် ရွှေ့ပြောင်း သတင်း
■ ကချင်ပြည်ဒီမိုကရေစီသစ်တပ်မတော် နယ်မြေအတွင်း နယ်ခြားစောင့်တပ်ရင်းအတွက် မြေနေရာတိုင်း သတင်း
■ မူးယစ်ဆေးဝါးနဲ့ လက်နက်မှုကြောင့် တိုက်ပွဲဖြစ်ရသည်ဟု နအဖ ရှင်းလင်း သတင်း
■ ရခိုင်ပြည်နယ်အတွင်း လူထုအုံကြွမှုများအား ကိုင်တွယ်ရန် လုံထိန်း ရဲတပ်ရင်းများကို အင်အားဖြည့် သတင်း
■ ဒီကေဘီအေတပ်သား (၃) ဦး ကေအဲန်ယူ ဖမ်းမိ သတင်း
■ မဲ့ကသာဒေသကို ဒီကေဘီအေတပ်များ ၀င်ရောက်တပ်စွဲ သတင်း
■ အိန္ဒိယလူမျိုး မြန်မာ့ဒီမိုကရေစီ ဓာတ်ပုံမှတ်တမ်းစာအုပ် ထုတ်ဝေ သတင်း
■ လယ်သိမ်းခံရသည့်အပြင် ကျေရွာအာဏာပိုင်များ၏ အလွဲသုံးစားလုပ်ခြင်းပါ ခံရ သတင်း
■ လူကုန်ကူးခံရသည့် အမျိုးသမီးတဦး ထွက်ပြေးလွတ်မြောက် သတင်း
■ နောက်နှစ်မှစ အရက်ကြော်ငြာမထည့်ရဟု စာပေစိစစ်ရေးက ချမှတ် သတင်း
■ ဖီးနစ်ဂျာနယ် အပိတ်ခံရမှုအပေါ် RSF နဲ့ BMA ကန့်ကွက် သတင်း
■ ဒေါ်အောင်ဆန်းစုကြည်ပြီးရင် နယ်ခြားမစောင့်တဲ့ ပုဂ္ဂိုလ်တွေအလှည့်ပါပဲ (ဆောင်းပါး)
■ တပ်မတော်နှင့် ရွေးကောက်ပွဲဆိုင်ရာ ဂယက်ရိုက်ခတ်မှုများ (ဆောင်းပါး)
■ ချိုကုပ်ဒူးကြီး ငြိမ်းချမ်းရေးဝါဒ (ဆောင်းပါး)
■ သမိုင်းကပေးတဲ့ သင်ပုန်းကြီးဖတ်စာတပုဒ် (ဆောင်းပါး)
Wednesday, September 2, 2009
၂၀၁၀ ရွေးကောက်ပွဲအကြို လှုပ်ရှားတာတွေ
ရဲဘော်ဖိုးသံချောင်း
၁ စက်တင်ဘာ ၂၀၀၉
ဗမာပြည်မှာ နိုင်ငံရေးလေရူးတွေ စတိုက်လာနေပါပြီ။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ အကြို ဖျာခင်းကြ၊ တောခြောက်ကြ၊ မီးရှူး မီးပန်းတွေ လွှတ်ကြ၊ တချို့လူတွေ အကြီးအကျယ် အလုပ်တွေ ရှုပ်နေကြပါတယ်။ နအဖရဲ့ မေတ္တာစေတနာကို ဘုန်းတော်ဘွဲ့တွေ ရေးကြ၊ လျှာကုဋေနဲ့ ချီးကျူးကြ။ သူတို့ပြောတာ လက်မခံချင် သူတွေကို ပြင်းပြင်းထန်ထန် ထိုးနှက်ကြ၊ သူတို့ အချင်းချင်းထဲမှာ တော့ လက်ပံပင် ဆက်ရက်ကျသလို သောသောကို ညံလို့ပါ။ ဒါပေမယ့် ဒီအချိန်မှာ ပြည်သူလူထု ကတော့ သူတို့နဲ့ သူတို့ရဲ့ လုပ်ရပ်တွေကို မျက်စောင်းတောင်မှ ထိုးမကြည့်ပါဘူး။ အိပ်ရေးပျက် မခံကြပါဘူး။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတဲ့အဆိပ်ကို သကာလူးပြီး ပေးလာတာမှာ နအဖ စစ်အစိုးရ က ပေးသမျှ သကာကို ယူထားရမယ်လို့ ဆိုနေ ကြပါတယ်။ ကျန်တဲ့ အဆိပ် (၉၀) ရာခိုင်နှုန်း မျိုရတာကိုတော့ ဘာမှ မဖြစ်သလိုတွေ ပြောနေကြတယ်။ အဲဒီလို ရသမျှ ယူထားလို့ ပြောတဲ့လူတွေထဲမှာ တော်တော် များများဟာ ရသမျှ ကိုယ့်အတွက် အမြတ်ပဲ ဆိုတဲ့ သဘောနဲ့ ပြောနေကြတာလို့ ယူဆရပါတယ်။ သူတို့ရမှာတွေထဲမှာ နအဖ စစ်ဗိုလ်တွေရဲ့ မျက်နှာသာပေးမှု၊ ဆုလာဘ်တွေလည်း ထည့်တွက်မှာ ကတော့ မလွဲပါဘူး။
တိုက်ဆိုင်ချင်တော့ ဒီအချိန်မှာ နိုင်ငံတကာလေ ထုထဲမှာလည်း လေကြောင်း အပြောင်းအလဲတွေ တွေ့နေရပါတယ်။ ပြည်ပက လေသံပြောင်း လာတာနဲ့ ပြည်ပရောက် တချို့ကလည်း ချက်ချင်း လေသံပြောင်းကုန်ကြတာကို အံ့သြစရာ တွေ့ရပါတယ်။ ကိုးကန့် ဒေသမှာ သေနတ်သံတွေ ပြန်မြည်နေချိန်မှာ တချိန်က “တပ်မတော်ကြီး” တခု တည်ထောင်မယ် တကဲကဲ ပြောနေသူ တွေဟာ “စစ်ဗိုလ် တမတ်သား ကိုလည်း လက်ခံမှာပဲ” လို့ ပြောတာကို ကြားရတာဟာ ဗမာပြည် နိုင်ငံရေးရဲ့ ၀မ်းနည်းစရာ ဟာသ တခုပဲလို့ ဆိုရ ပါလိမ့်မယ်။ တကယ်တော့ သူတို့ အရင်က ပြောခဲ့တဲ့၊ အခုနဲ့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်တဲ့ စကားတွေဟာ ပဲ့တင်လှိုင်း ထဲမှာပဲ ရှိပါသေးတယ်။ တချို့ဝက်ဘ်ဆိုက် တွေရဲ့ မျက်နှာဖုံး စာမျက်နှာပေါ်မှာပဲ ရှိပါသေးတယ်။
ဗမာပြည်ရဲ့စီးပွားရေးကို တရုတ်အုပ်စီးသွားမှာ စိုးရိမ်ရတယ်။ ဗမာပြည်ဟာ တရုတ် သြဇာအောက် ရောက်သွား လိမ့်မယ်။ ဒါကြောင့်မို့ အမေရိကန်က အစောတလျင် ၀င်ရမယ်လို့ ဗြောင်ပြောခဲ့တဲ့ ဂျက်ဝက်ဘ်ဆိုတဲ့ အမတ်ဟာ နအဖရဲ့လက်ထဲက သူတို့နိုင်ငံသား ဂျွန်ယက်တောကို ခေါ်ထုတ်သွားပြီး ဗမာပြည် ဒီမိုကရေစီ လှုပ်ရှားမှုထဲ ကိုတော့ သပ်ကြီးတချောင်း စိုက်ထားခဲ့ပါတယ်။ သူ့ကြောင့်မို့ နယူးယောက်က လေဘာတီ ကျောက်ရုပ်ကြီးရဲ့ မီးရှူးတိုင်ဟာ စည်းကမ်းရှိတဲ့ ဒီမိုကရေစီကို ဖော်ပြ နေတာလားလို့ မေးရမလိုတောင် ဖြစ်သွား ပါတယ်။ တကယ်က ၀က်ဘ်လိုလူဟာ နအဖနဲ့ စီးပွားရေး လုပ်နိုင်ဖို့ အတွက် နအဖကို ဘယ်လို ထုံးသုတ် ရွှေချပေးရမလဲ စဉ်းစားနေတာသာ ဖြစ်ပါတယ်။ ဘာပဲပြောပြော သူဟာ ဒီနေ့ ဗမာပြည်နိုင်ငံရေးရဲ့ အခရာကျတဲ့ ပြဿနာမှာ ဘက်တဘက်ကို ခြေစုံပစ် ၀င်ရပ်လိုက်ပါပြီ။ ဒါဟာ ဗမာပြည် နိုင်ငံရေးထဲကို အတိအလင်း ၀င်ခလောက်ဆန်တာပါပဲ။
ပြောရရင် ဗမာပြည်သူတွေဟာ နိုင်ငံရေးအရဆိုရင် နိုင်ငံကြီး ပေါင်းစုံနဲ့ ဆက်ဆံ ဖူးခဲ့ပါပြီ။ ရှင်ကြီးဝမ်းလည်း ၀င်ဖူး၊ ရှင်ငယ်ဝမ်းလည်း ၀င်ဖူးလို့ ဆိုနိုင်ပါတယ်။ ရှင်တရှင် တည်းရဲ့ ၀မ်းထဲကိုသာ ၀င်ဖူးသူတွေသာ အဲဒီအရှင်က သဘောထားပြောင်းပြီ ဆိုတဲ့ အခါမှာ သူတို့လည်း လိုက်ပြီး ပြောင်းကြတာပါ။ ဒါပေမယ့် ထူးခြားတာက ဒီလို ပြောင်းလိုက်တော့ သူတို့ကိုယ်သူတို့ ကိုယ့်ပြည်သူတွေနဲ့ တဖက်စီ ရပ်လျက် ဖြစ်နေတာကို တွေ့ရတာပါပဲ။ တပါတည်းမှာ သူတို့တွေ့ရမှာက သူတို့ဟာ ဒေါ်အောင်ဆန်းစုကြည် ကိုရော၊ တခြား နိုင်ငံရေး အကျဉ်းသမား တွေကိုပါ ချောင်ထိုးလိုက်ပြီ ဆိုတဲ့ အဖြစ်ပါပဲ။ နိုင်ငံရေး သမားတွေ အဖို့မှာ ဒီတကွေ့မှာ ရပ်တည်ချက်ဟာ သူ့တဘ၀လုံးကို အဆုံးအဖြတ် ပေးနိုင်တယ် ဆိုတာ မမေ့သင့်ပါဘူး။
အခုကြားနေရတဲ့အသံတခုက ရွေးကောက်ပွဲကိုဝင်ပြီး နောက်မှ နအဖကို တဖြည်းဖြည်း ပုံပြောင်းယူမယ် ဆိုတာပါ။ အခုလို တရားမ၀င် အာဏာသိမ်းပြီး မင်းလုပ်နေတာကိုတောင် ပြောင်းလဲလို့ မရဘဲ ဖွံ့စည်းပုံ အခြေခံ ဥပဒေမှာ ပြဋ္ဌာန်းပြီး “တရားဝင်” မင်းလုပ်နေမယ့် ဗိုလ်ချုပ်တွေကို တဖြည်းဖြည်းချင်း ပြောင်းလဲယူမယ် ဆိုတာကကော ဖြစ်နိုင်ပါ့မလား။ ဖြစ်နိုင်တယ်လို့ ပြောသူကို သူ့အရိပ်ကတောင် ရယ်ပါလိမ့်မယ်။ ကိုယ်က သူ့ပြောင်းမှာလား၊ သူက ကိုယ့်ပြောင်းမှာလား ဆိုတာ ဖိုးသူတော်ဖြစ်မှ သိပါလိမ့်မယ်။ အမှန်ပြောရရင် ဒီလိုပြောသူဟာ ရေရှည် အနာဂတ်အတွက် တာဝန် မယူရာ ကျလွန်းတယ်လို့ ထင်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိစ္စ၊ တိုင်းပြည်ရဲ့ ကံကြမ္မာ တခုလုံးနဲ့ ဆိုင်နေတဲ့ ကိစ္စတွေမှာ နောင်ခါလာ နောင်ခါဈေးလို့ သဘောထားတာဟာ တိုင်းပြည်ကို ရောင်းစားနည်း တမျိုးသာ ဖြစ်ပါတယ်။ ဗမာပြည်ရဲ့ ဒီနေ့ အနေအထားမှာ ဆိုရင် ဒါဟာ စစ်ဗိုလ်တွေ လက်ထဲကို ရောင်းစားတာသာ ဖြစ်ပါတယ်။
ဒီတလော ပြည်ပက မီဒီယာတွေထဲက ဗမာပြည်နဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ ထဲမှာ “ဗမာပြည်မှာ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲပြီးရင် ဘယ်သူက အာဏာကို ချုပ်ကိုင်ထားမလဲ” ဆိုတဲ့ အကြောင်းကို အတော်လေးရေကြ၊ ဆွေးနွေးကြတာ တွေ့ရပါတယ်။ အဲဒီ ဆောင်းပါးတွေ ထဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲ ၀င်သင့် မ၀င်သင့် ဆိုတာအပါ တချို့ကိစ္စတွေမှာ အမြင်ကွဲချင် ကွဲမယ်၊ ဒါပေမယ့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ ပြီးရင်လည်း ဗမာပြည်ရဲ့အာဏာကို ဗိုလ်ချုပ်တွေကပဲ ချုပ်ကိုင်ထားမယ် ဆိုတဲ့ အချက်ကိုတော့ ဘယ်သူမှ မငြင်းကြတာကို တွေ့ရပါတယ်။ နောက်ပြီး အဲဒီအခါကျရင် စစ်တပ်က ချုပ်ကိုင်ထားတဲ့ အစိုးရကို ပြောင်းယူ နိုင်လိမ့်မယ်လို့လည်း ဘယ်သူကမှ ဟောကိန်း မထုတ်တာ သတိထားစရာပါပဲ။
နောက်အံ့သြစရာအချက်တချက်ကတော့ နအဖဗိုလ်ချုပ်တွေက အမျိုးသား ရင်ကြားစေ့ရေး စကား တခွန်းမှ မပြောဘဲနဲ့လည်း ဗိုလ်သန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ချုပ် တနှစ်ခွဲ ချလိုက်တာဟာ အမျိုးသား ရင်ကြားစေ့ရေး အတွက် အလားအလာကောင်း ဖြစ်တယ်လို့ ပြောကြတာပါပဲ။ ဒီလို ဒေါ်အောင်ဆန်းစုကြည် အိမ်ချုပ် ထပ်ချခံရတာကို ဂျင်ဝက်ဘ်ကလည်း သူ့ခရီးစဉ် အောင်မြင်တယ်လို့ သုံးသပ်တာလည်း မမေ့နိုင်ပါဘူး။
တချို့သော ရွှေပြည်အေးတရား ဟောသူများကတော့ ကျေအေးသင့်ပြီ ဆိုတာမျိုး လူလိမ္မာစကား ပြောကြပါတယ်။ ဒီနေရာမှာ ကြေအေးချင်တယ် ဆိုတာ တဖက်တည်းက ကြေအေးလို့ ရတာ မဟုတ်ဘူးဆိုတာ မမေ့သင့်ပါဘူး။ ၁၉၅၈ ခုနှစ်တုန်းက ဗိုလ်နေ၀င်းနဲ့ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီးတို့ အာဏာသိမ်းတဲ့ အခါမှာ ဦးနု စကားနည်းရန်စဲ လုပ်လိုက်တာဟာ တိုင်းပြည်လည်း ငါးပါးရော သံဃာစင်ပါ မှောက်ရုံမက သူကိုယ်တိုင်လည်း အကြီးအကျယ် ဒုက္ခ ရောက်ခဲ့ပါတယ်။ ဒါဟာ တဖက်သတ် ကြေအေးလို့ မဖြစ်ဘူး ဆိုတာရဲ့ အထင်ရှားဆုံး သာဓကတခု ဖြစ်ပါတယ်။
သူတို့ရဲ့အမြင်မှာ အတိုက်အခံတွေ၊ ပြည်သူတွေဘက်က မျှော်လင့်ချက် မရှိတော့ဘူး၊ နအဖကပဲ ထင်သလို လုပ်နိုင်နေတယ်၊ ဒါကြောင့်မို့ အလျှော့သာ ပေးလိုက်ပါ ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ တိုင်းပြည် တပြည်မှာ အာဏာ ရနေတဲ့လူက ပိုပြီး လုပ်နိုင်ကိုင်နိုင်တာ၊ ဥပဒေဆိုတဲ့ စကားလုံးကို သုံးပြီး ထင်တိုင်းလုပ်တာတွေ လုပ်နိုင်တာ အမှန်ပါပဲ။ ဒါပေမယ့် အဲဒီတဖက်တည်း ကိုသာမြင်ပြီး ကျန်တဖက်ရဲ့လုပ်ကိုင်မှုနဲ့ အလားအလာတွေကို ထည့်မတွက်ရင် မှားပါတယ်။ ပဋိပက္ခတခုမှာ ဘက်နှစ်ဖက် ရှိတယ်ဆိုတာ မမေ့သင့်ပါဘူး။ ဘက်တဖက်ကချည့် အမြဲအသာရနေ၊ နိုင်နေတာမဟုတ်ပါဘူး။ အခြားတဖက်က ပြန်လှန်တုံ့ပြန်တာ၊ ဆန့်ကျင်တာ မရှိရင် အဲဒီနှစ်ဖက်ရဲ့ တပြိုက်နက်တည်းရှိမှုကို ပဋိပက္ခလို့တောင် ခေါ်တော့မှာမဟုတ်ပါဘူး။ ပဋိပက္ခလို့ ဆိုလိုက်တာနဲ့ ဘက်နှစ်ဖက်ထဲမှာ အားသာနေတဲ့ ဘက်ဆိုတာကို အမြဲလိုရှိနေတာ တွေ့ရမှာပါ။ ဒါပေမယ့် အဲဒီဘက်အားသာမှု၊ အထက်စီးရမှုဟာ တသက်လုံး တည်ရှိတာ မဟုတ်ဘူးဆိုတာ ဘယ်ပဋိပက္ခမှာ မဆို တွေ့နေရတဲ့ နိယာမပါ။ နောက်ဆုံးမှာ အသစ်ကို နေရာ ပေးရတာချည်းပါပဲ။
အရေးကြီးတာက အဲဒီပဋိပက္ခမှာ ကိုယ်က ဘက်ဘက်က ပါမလဲဆိုတာပါပဲ။
Ref: ခေတ်ပြိုင်
နေ့စဉ်သတင်းများ (၁ - ၉ - ၀၉)
■ ၀ နယ်မြေအနီး စစ်အစိုးရတပ်မအချို့ ရောက်ရှိ သတင်း
■ တရုတ်ပြည်သို့ စစ်အစိုးရ အဆင့်မြင့်အရာရှိကြီးများ ရောက်ရှိနေ သတင်း
■ ကိုးကန့်ဒေသမှာ မြန်မာတပ်ဖွဲ့ဝင်များ ဆက်လက်ရှိနေဆဲ သတင်း
■ နေရပ်ပြန် ကိုးကန့်ဒုက္ခသည်တွေ စိုးရိမ်ပူပန်ဆဲ သတင်း
■ တရုတ်နိုင်ငံရောက် ဒုက္ခသည်အများစု မြန်မာပြည်မပြန်လို သတင်း
■ မတည်ငြိမ်သေး၍ ကိုးကန့်ဒုက္ခသည်တို့ အိမ်မပြန်နိုင်သေး သတင်း
■ ကိုးကန့်အရေး နယ်စပ်ကုန်သွယ်မှု ထိခိုက် သတင်း
■ စစ်အစိုးရတပ်များ လှုပ်ရှားမှုအပေါ် ကချင်ဒေသခံလူထု စိုးရိမ်ထိတ်လန့် သတင်း
■ ဘုရားသုံးဆူဒေသအတွင်း ကေအန်ယူနှင့် ဒီကေဘီအေတပ်များ စစ်ရေးတင်းမာ သတင်း
■ အာရှ (၅) နိုင်ငံက သံဃာများ သပိတ်ကော်မတီ ဖွဲ့စည်း သတင်း
■ အလုပ်သမား၊ လယ်သမားများ ကိုယ်ထူကိုယ်ထ ရုန်းကန်တိုက်ပွဲဝင်ရန် တိုက်တွန်း သတင်း
■ စစ်အစိုးရက အာဏာကို ဆက်လက်ချုပ်ကိုင်ရန် ကြိုးစားနေဟုဆို သတင်း
■ ဒေါ်အောင်ဆန်းစုကြည်အမှု အယူခံ စက်တင်ဘာ (၃) ရက် တင်မည် သတင်း
■ စစ်အစိုးရဖွဲ့စည်းပုံ တရားနည်းလမ်းမကျ သတင်း
■ အလုပ်သမား၊ လယ်သမားတို့အရေး ရှေ့ဆောင်ပေးမည့် အဖွဲ့တခုထပ်တိုး သတင်း
■ ခလရ (၂၀၉) မှ ပြည်သူ့စစ်သင်တန်းပေးမည် သတင်း
■ စီးပွားရေးအကျိုးဆက်အဖြစ် လူကုန်ကူးခံရမှု များပြားလာ သတင်း
■ ကွမ်းလုံဆည် တည်ဆောက်မှု ရပ်ဖို့ တရုတ်အစိုးရကို တောင်းဆို သတင်း
■ ရေထွက်ကုန်ပစ္စည်းတင်သွင်းမှု နစ်နာဟု မြန်မာကုန်သည်များ ပြော သတင်း
■ ကုလားပဲဈေး တရိပ်ရိပ်ကျဆင်း သတင်း
■ HIV/AIDS ဝေဒနာရှင်များအတွက် လိင်တူချစ်သူများ၏ အလှမယ်ပြိုင်ပွဲ သတင်း
■ မလေးရှားဖုန်းကတ်များ မြန်မာပြည်တွင် ရောင်းချ သတင်း
■ မလေးရှားရှိ ထိန်းသိမ်းရေးစခန်း၌ မြန်မာအကျဉ်းသားတဦး သေဆုံး သတင်း
■ တောင်ကိုရီးယားနဲ့ နယ်ခြား မြောက်ကိုရီးယား ပြန်ဖွင့် သတင်း
■ ကိုးကန့်အရေးအခင်း အခြားဒေသများကိုပါ ဂယက်ရိုက် သတင်း
■ ကိုးကန့်ပြဿနာ တခြားအပစ်ရပ်ဒေသအတွင်း ဂယက်ရိုက် သတင်း
■ ဒေသခံတပ်ရင်းသူလျှိုပျောက် ကျိုင်းတုံဂျီဝမ်းနှင့် စရဖမှူး မိုင်းလားသို့ ထွက်ရှာ သတင်း
■ ကိုးကန့်တိုက်ပွဲအတွက် ရဲတပ်ဖွဲ့ဝင်များပါ ဆင့်ခေါ်နေ သတင်း
■ ကိုးကန့်နှင့် နအဖတိုက်ပွဲအပေါ် နိုင်ငံရေးအဖွဲ့အစည်းများ၏ အမြင် သတင်း
■ ရန်ကုန်တွင် စက်တင်ဘာတလလုံး အရေးပေါ်ကာလ သတ်မှတ်ထား သတင်း
■ စက်တင်ဘာလထဲတွင် စာသင်သားသံဃာများကို နယ်ပြန်လွှတ်ရန် အစီအစဉ်ရှိ သတင်း
■ ဂျပန်၏ မြန်မာပြည်ဆိုင်ရာမူဝါဒ ပြောင်းလဲမည်လော သတင်း
■ လုံခြုံစိတ်ချစေရေး ဒေါ်အောင်ဆန်းစုကြည် အိမ်ပြင်ရန် စီစဉ် သတင်း
■ လုံခြုံရေးအတွက် ဒေါ်အောင်ဆန်းစုကြည် အိမ်ပြင်မည် သတင်း
■ သာစည်ဘူတာတွင် စစ်သားစုဆောင်းမှု အလွန်ဆိုးရွားနေ သတင်း
■ ၂၀၁၀ ရွေးကောက်ပွဲအကြို လှုပ်ရှားတာတွေ (ဆောင်းပါး)
■ မြန်မာအလုပ်သမားဟု ယူဆရသူ အလောင်းသုံးလောင်း တွေ့ရှိ သတင်း
■ တောင်ဒဂုံ စက်မှုဇုန် မီးလောင် သတင်း
■ တရားမ၀င် လိုင်းကြေးဆောင် အနှိပ်ခန်းများ မှိုလိုပေါက် သတင်း
Tuesday, September 1, 2009
နေ့စဉ်သတင်းများ (၃၁ - ၈ - ၀၉)
■ ရန်ကုန်မြို့နေ ကိုးကန့်ခေါင်းဆောင်တဦး၏ ပိုင်ဆိုင်မှုများ နအဖစစ်အစိုးရ သိမ်းယူ သတင်း
■ ကိုးကန့်ဒေသ တိုက်ပွဲပြီးဆုံးသော်လည်း စစ်ရေးတင်းမာမှု မြင့်မားဆဲ သတင်း
■ ကိုးကန့်တပ်ဖွဲ့ဝင်များ တရုတ်ပြည်ဘက်သို့ ခိုလှုံ၊ တိုက်ပွဲများ ပြီးဆုံး သတင်း
■ ကိုးကန့်ဒေသ တိုက်ပွဲများအကြောင်း စစ်အစိုးရ ဖွင့်ချပြီ သတင်း
■ ကိုးကန့်အဖွဲ့နှင့် နအဖတပ် တိုက်ပွဲများ၏ နောက်ကွယ် သတင်း
■ စစ်တပ်က နယ်စပ်ကုန်သည်ကြီးများ၏ ဂိုဒေါင်ဖောက် ပစ္စည်းများယူ သတင်း
■ ကိုးကန့်ဒေသ စစ်ပြေးများအား တရုတ်အာဏာပိုင်များက ကူညီစောင့်ရှောက်ထား သတင်း
■ ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် လုံခြုံရေးများ တိုးချထား သတင်း
■ ရွှေဝါရောင်လှုပ်ရှားမှု (၂) နှစ်ပြည့်ချိန်တွင် သံဃာတချို့ ဖမ်းဆီးခံရ သတင်း
■ အဖွဲ့ချုပ် အမျိုးသမီးလုပ်ငန်းအဖွဲ့ စည်းရုံးရေး တားဆီးခံရ သတင်း
■ နေပြည်တော်သို့ မတိုင်ကြားရန် အစိုးရ၀န်ထမ်းများကို ညွှန်ကြား သတင်း
■ MDUF နာယကကြီး ဦးစိုးလွင် ကွယ်လွန် သတင်း
■ မြောက်ကိုရီးယား၏ သဝဏ်လွှာ စာပေစိစစ်ရေးက ခွင့်ပြု သတင်း
■ အစိုးရပိုင် အဆောက်အဦများ လေလံတင်ရောင်းချ သတင်း
■ ကြားဖြတ်ဖြင့် သပ်လျှိုလိုက်ခြင်း (ဆောင်းပါး)
■ ကြားဖြတ်အစိုးရများ ဖွဲ့စည်းမယ်ဆိုရင် (ဆောင်းပါး)
■ ကျားမြီးဆွဲရသလို (ဆောင်းပါး)
■ ငါးဖမ်းသင်္ဘောနစ်မြုပ် (၁၇) ဦး သေဆုံး သတင်း
■ မြန်မာအမျိုးသမီးများအား လိင်ကုန်ကူးမှုကြီးထွားလာကြောင်း အစီရင်ခံစာတစောင် ထွက်ပေါ် သတင်း
■ ရန်ကုန်မြို့ အဆင့်မီမြို့တော်ဖြစ်ရေး ဒိုင်နာကားလိုင်းများ မြို့ပြင်ထုတ်ပြေးဆွဲမည် သတင်း
■ မလေးရှားထိန်းသိမ်းရေးစခန်းရှိ မြန်မာအလုပ်သမားတဦး ရောဂါရသေဆုံး သတင်း
■ ကွန်ပြူတာအရောင်း ကုမ္ပဏီပေါင်း (၆၀) ပါမည့် အရောင်းပြပွဲ သတင်း
■ မိုးခေါင်မှုကြောင့် ဆီထွက်သီးနှံများ ဆုံးရှုံး သတင်း
Monday, August 31, 2009
နေးရှင်း ရုပ်မြင်သံကြား (Nation News Talk, Channel 9 ) မှ ထုတ်လွှင့်ခဲ့သော ‘နေးရှင်းသတင်းစာ’ နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ မေးမြန်းခန်း
September 3, 2009
လူထုရဲ့ အခန်းကဏ္ဍက ပိုပြီး အရေးကြီးပါတယ်
၁၉၉၅ ခုနှစ် ဇူလိုင်လ (၁ဝ) ရက်တွင် ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ် နေအိမ် အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက် လာပြီးနောက် ဇူလိုင်လတွင် ထိုင်းနိုင်ငံ ဘန်ကောက် အခြေစိုက် ‘နေးရှင်းသတင်းစာ’ နှင့် တွေ့ဆုံ မေးမြန်းခန်းတခု ပြုလုပ်ခဲ့ပါသည်၊၊ နေးရှင်းသတင်းစာ အယ်ဒီတာချုပ် ဆူသီချိုင်းယွန် နှင့် အယ်ဒီတာ သက်ချိုင်းယုံတို့ နှစ်ဦးက အစောင့်များ ထူထပ်စွာ ချထားသော ဒေါ်အောင်ဆန်းစုကြည် ၏ နေအိမ်တွင် ရှားရှားပါးပါး ပြုလုပ် နိုင်ခဲ့သော အင်တာဗျူး ဖြစ်ပါသည်၊၊ ထို အင်တာဗျူးကို ၁၉၉၅ ခုနှစ် သြဂုတ်လ (၁) ရက်နေ့ ည (၉) နာရီတွင် နေးရှင်း ရုပ်မြင်သံကြားမှ ထုတ်လွှင့် ခဲ့ပါသည်၊၊ ယခု ၂ဝဝ၉ ခုနှစ်တွင် (၁၄) နှစ်ကြာခဲ့ပြီ ဖြစ်သော်လည်း သမိုင်းဝင် တွေ့ဆုံ မေးမြန်းခန်း ဖြစ်သဖြင့် ယခု ဒေါ်အောင်ဆန်းစုကြည်၏ နှစ် (၆၄) ပြည့် မွေးနေ့တွင် အမှတ်တရ ဂုဏ်ပြု သော အားဖြင့် “ချိုးလင်းပြာ” တွင် ဘာသာပြန်ဆို ဖေါ်ပြလိုက်ခြင်း ဖြစ်ပါသည်၊၊ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာ ချမ်းသာ၍ အသက် ရာကျော် ရှည်ပါစေဟု ဆန္ဒ ပြုလိုက်ပါသည်၊၊
မေး၊၊ ငြိမ်းချမ်းတဲ့နည်းနဲ့ ဒီမိုကရေစီ တိုက်ပွဲ ဝင်ခဲ့တဲ့ အတွက် ဒေါ်အောင်ဆန်း စုကြည်ကို ထမာဆတ် တက္ကသိုလ်က ‘နိုင်ငံရေးသိပ္ပံ ဒေါက်တာဘွဲ့ ’ချီးမြှင့်ထားပါတယ်၊၊ အဲဒီဆု လက်ခံရယူနိုင်ဖို့ အတွက် ဘန်ကောက်ကို ခရီးသွားဖို့ ရှိပါသလား၊၊
ဖြေ၊၊ ကျမ သိပ်လာချင်ပါတယ်၊၊ ဘယ်တော့လောက် လာနိုင်မယ် ဆိုတာလည်း လောလောဆယ် ကျမ မပြောနိုင် သေးပါဘူး၊၊
မေး၊၊ မြန်မာပြည်ပြင်ပကို လတ်တလော ခရီးသွားဖို့ အစီအစဉ် မရှိသေးဘူးလို့ ဆိုလို ပါသလား၊၊
ဖြေ၊၊ လောလောဆယ် ခရီးမသွားနိုင်ပါဘူး၊၊ ဒီမှာလုပ်စရာတွေ အများကြီး ရှိနေလို့ပါ၊၊ အဖွဲ့အစည်း ကိစ္စ အာရုံစိုက် လုပ်စရာ တွေကလည်း အများကြီး ရှိနေတယ်လေ၊၊
မေး၊၊ ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ယူဖို့ အော်စလိုကို သွားစရာရှိတယ်လို့ စောစောပိုင်းက ပြောခဲ့ဘူးတယ် ထင်ပါတယ်၊၊
ဖြေ၊၊ နော်ဝေနိုင်ငံ သံအမတ်ကြီးက အော်စလိုကို လာဖို့ ကျမကို ဖိတ်ခေါ် ထားတာတော့ မှန်ပါတယ်၊၊ ပုဂ္ဂိုလ်ရေး သဘောထားကို ပြောရရင် ကျမ ပထမဦး ဆုံးသွားချင်တဲ့ နိုင်ငံက နော်ဝေပါပဲ၊၊ ဘာကြောင့်လဲ ဆိုရင် နော်ဝေဟာ ကျမတို့ကို ပြတ်ပြတ်သားသား ခိုင်ခိုင်မာမာ ထောက်ခံတဲ့ နိုင်ငံဖြစ်လို့ ပါပဲ၊၊ ဒါကို ကတိတခု လို့လည်း ဆိုနိုင်ပါတယ်၊၊ သဘောကတော့ အခွင့်အရေး ရတာနဲ့ တပြိုင်နက် ကျမ နော်ဝေကို သွားဖို့ကြိုးစားမှာ ဖြစ်လို့ပါပဲ၊၊
မေး၊၊ နော်ဝေကို အသွား၊ ဘန်ကောက်ကို ဝင်ဖြစ်ဦးမှာလား၊၊
ဖြေ၊၊ အပြန်မှာတော့ ဝင်ဖြစ်နိုင်စရာ ရှိပါတယ်၊၊ ကျမ နော်ဝေကို ပထမဦးဆုံး သွားဖို့ ကတိရှိထားလို့ပါ၊၊
မေး၊၊ ထိုင်းနိုင်ငံနဲ့ ခင်ဗျားနဲ့ ကြားမှာရော ဘယ်လို ဆက်နွယ်မှုမျိုး ရှိပါသလဲ၊၊ ခင်ဗျားရဲ့ ဖခင်ဟာ ၁၉၄၁ ခုနှစ်တုံးက ဗမာ့ လွတ်လပ် ရေးတပ်မတော်ကို ဘန်ကောက်မှာ ဖွဲ့စည်းသွားခဲ့ ဘူးပါတယ်၊၊ ခင်ဗျားအနေနဲ့ ဆိုရင်လည်းပဲ အခေါက်ပေါင်းများစွာ ဘန်ကောက်ကို ဖြတ်ပြီး သွားခဲ့ လာခဲ့ဖူးမှာပါ၊၊ မိတ်ဆွေတွေလည်း ဘန်ကောက်မှာ ရှိမှာပါ၊၊
ဖြေ၊၊ ကျမမှာ ဝန်ခံစရာတခုတော့ ရှိပါတယ်၊၊ လွန်ခဲ့တဲ့ (၆)နှစ်တာ ကာလ အတောအတွင်း ‘နေးရှင်း’လို သတင်းစာမျိုးတွေ အပါအဝင် ဘန်ကောက်မှာ ထုတ်ဝေတဲ့ စာအုပ် စာတန်းတွေကို ကျမ ဖတ်ဖြစ်ပါတယ်၊၊ ဒီ စာအုပ် စာတန်းတွေဟာ အတော်ကလေး အထောက်အကူ ဖြစ်ပါတယ်၊၊ အဲဒီမှာ ကျမတို့ သိရတာက ထိုင်းနိုင်ငံမှာ ကျမတို့ အခြေအနေကို မှန်မှန်ကန်ကန် နားလည်တဲ့ လူတွေ ရှိနေတယ်ဆိုတဲ့ အချက်ပါပဲ၊၊ အဲဒီပုဂ္ဂိုလ် များဟာ ကျမတို့ကို တကယ် လိုလိုလားလား ကူညီချင်ကြတယ် ဆိုတာလဲ သိရပါတယ်၊၊ ဒီအချက်ဟာ ကျမအဖို့တော့ အလွန်တရာ အားတက်စရာ ကောင်းတဲ့ ကိစ္စပါပဲ၊၊ ကျမတို့ နိုင်ငံအရေး ကိစ္စအတွက် ထိုင်းနိုင်ငံမှာ အကူအညီ ရနိုင်စရာတွေ အများကြီး ရှိနေပါတယ်၊၊ ရှင်တို့ ‘နေးရှင်း’သတင်းစာ ဆောင်းပါးတွေဆိုရင် ရေးသမျှ သားသမျှ အကြောင်းအရာ အတော် များများမှာ ရဲရဲရင့်ရင့် ခိုင်ခိုင်မာမာ ရေးထားတာ တွေ့ရတယ်၊၊ တခါတရံ ရှင်တို့ အရေး အသားတွေကို ပျော့ပျော့ ပြောင်းပြောင်း ရေးဖို့ ခေါ်ယူ သတိပေး တာတွေတောင် ရှိတယ်လို့ ကျမကြားရတယ်၊၊ ဒါပေမယ့် ရှင်တို့ အရေးအသားတွေ ကတော့ အားရှိ ခိုင်မာ နေဆဲပါပဲ၊၊ ထိုင်းနိုင်ငံက သတင်းစာတွေဟာ မြန်မာ နိုင်ငံ အရေးကိစ္စ အပေါ် အမြဲ စိတ်ဝင်တစား ရှိနေတာ တွေ့ရပါတယ်၊၊ ကျရဲ့ ယေဘုယျအမြင် ကိုပြောရရင် ထိုင်းနိုင်ငံဟာ ခင်မင်စရာလည်းကောင်း အထောက်အကူလည်း ရတဲ့ နိုင်ငံမျိုး ဖြစ်ပါတယ်၊၊ တဖက်မှာ ပြဿနာတွေလည်း ရှိနေမှာပါပဲ၊၊ ကျမတို့ရဲ့ ဒီမိုကရေစီ အင်အားစုတွေ ကတော့ ထိုင်းအစိုးရ ပေါ်လစီ မူဝါဒတွေ အပေါ် ဝေဖန် အရေးဆိုတာတွေ ရှိနေပါတယ်၊၊ ဒုက္ခသည် စခန်းတွေနဲ့ ပတ်သက်တဲ့ ပြဿနာ အခက်အခဲ တွေလည်း ရှိနေပါတယ်၊၊ ဒီလို ကိစ္စမျိုး ဆိုတာ သမားရိုးကျ ဖြစ်ရိုးဖြစ်စဉ်လို့ ပြောနိုင်ပါတယ်၊၊ ဘာကြောင့်လဲ ဆိုတော့ ဒုက္ခသည်တွေ ရှိရင် ဒေသခံတွေနဲ့ မကျေနပ်မှု အချင်းများမှု ဆိုတာမျိုးကတော့ ရှိနေမှာပဲ၊၊ ဒါပေမယ့် ယေဘုယျ ခြုံငုံကြည့်ရင်တော့ ထိုင်း ပြည်သူများဟာ လူ လူချင်းစာနာတတ် ကူညီတတ်တဲ့ သူများ ဖြစ်တယ်လို့ ပြောရမှာပါ၊၊
မေး၊၊ ထိုင်းအစိုးရနဲ့ ပတ်သက်လို့ရော ဘာများ ပြောစရာရှိပါသလဲ၊၊
ဖြေ၊၊ ထိုင်းအစိုးရပေါ်လစီ မူဝါဒနဲ့ ပတ်သက်လို့ ကျမတို့ အရင်က ဝေဖန် ပြစ်တင်တာတွေ လုပ်ခဲ့ပြီးပါပြီ၊၊ ထိုင်းအစိုးရ အနေနဲ့ မြန်မာပြည်သူ လူထုကို ပထမဦးစားပေး စဉ်းစားဖို့ ကျမ တောင်းဆိုချင်ပါတယ်၊၊ ပြည်သူ လူထုဟာ အစိုးရထက်ပိုပြီး အရေးပါ ပါတယ်၊၊ အစိုးရ ကိုယ်တိုင် ကလည်း သူ့ကိုယ်သူ လူထုထက် ပိုပြီး အရေးပါ အရာရောက်တယ်လို့ ပြောလိမ့်မယ် မထင်ပါဘူး၊၊ သေချာတာကတော့ ပြည်သူ လူထုဟာ ပိုပြီး အရေးပါတယ် ဆိုတာပါပဲ၊၊
မေး၊၊ လူထုက အစိုးရထက် ပိုပြီး အရေးပါတယ်ဆိုတာ ဘာကိုဆိုလိုပါသလဲ၊၊
ဖြေ၊၊ ကျမဆိုလိုတာက လူထုရဲ့ စိတ်ကူးစိတ်သန်းတွေ၊ မျှော်လင့်ချက်တွေ၊ လူထုဘဝ အခြေအနေ တွေကို အလေးထား စဉ်းစားစေချင် တဲ့သဘောပါ၊၊ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ ၊ အကူအညီတွေ ပေးဖို့  ရှင်တို့ စဉ်းစားတဲ့ အခါ၊ သာမန် ဆင်းရဲသား ပြည်သူလူထု အတွက် ဘယ်၍ ဘယ်မျှ အတိုင်းအတာ အထိ အထောက်အပံ့ ဖြစ်သလဲ ဆိုတာကို အမှန်တကယ် စဉ်းစားသင့်တယ်လို့ ဆိုလိုတာပါ၊၊ ချမ်းသာတဲ့ လူတွေ ကို ပိုပြီးချမ်းသာစေဖို့ လုပ်တဲ့ ရင်းနှီး မြှုပ်နှံမှုမျိုးကို ကျမတို့ လုံးဝ စိတ်မဝင်စားဘူး၊၊ အဲဒီလို ရင်းနှီးမြှုပ်နှံမှု မျိုးဟာ ရေများရာမှာ မိုး အထပ်ထပ် ရွာတာမျိုး ဖြစ်တယ်ဆိုတာ ရှင်တို့ နားလည် သဘောပေါက်မယ် ထင်ပါတယ်၊၊ တချိန်တည်းမှာ ဆင်းရဲသားတွေ ခမြာမှာတော့ သူတို့ဘဝ အခြေအနေတွေ တိုးတက် ပြောင်းလဲဖို့ လမ်းမမြင် ကမ်းမမြင် ဖြစ်နေရပါတယ်၊၊
မေး၊၊ အခု ဒေါ်စု နေအိမ်အကျယ်ချုပ်က လွတ်မြောက် လာတာဟာ ထိုင်းအစိုးရရဲ့ ‘အပြုသဘော ဆက်ဆံရေး မူဝါဒ’ တစုံတရာ အောင်မြင်ခြင်း ရလဒ်ကြောင့်လို့ ထိုင်းအစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တချို့က ထင်နေကြပါတယ်၊၊ ဘယ်လို မြင်ပါသလဲ၊၊
ဖြေ၊၊ ပွင့်ပွင့်လင်းလင်းပြောရရင် ‘အပြုသဘော ဆက်ဆံရေး’ နဲ့ ‘နိုင်ငံတကာ ဖိအားပေးမှု’ တွေဟာ ဘယ်၍ ဘယ်မျှအတိုင်း အတာ အထိ အောင်မြင်မှု ရှိခဲ့သလဲ ဆိုတာတော့ ကျမ မသိပါဘူး၊၊ ဒါပေမယ့် သေချာတာကတော့ ဖိအားပေးမှုကြောင့် သူတို့ အလျော့ပေး အညံ့ခံ လိုက်ရပါတယ်လို့ ဘယ်သူကမှ တရားဝင် ဝန်ခံ ပြောကြားမှာ မဟုတ်ပါဘူး၊၊ ဒါကြောင့် ‘အပြုသဘော ဆက်ဆံရေး’ ဘယ် အတိုင်းအတာ အထိ အောင်မြင်ခဲ့သလဲ ဆိုတာ သိနိုင်ဖို့ အစိုးရ အတွင်းစည်းထဲမှာ ဘာတွေ ဖြစ်ပျက်ခဲ့သလဲ ဆိုတာ သိဖို့ လိုပါလိမ့်မယ်၊၊ အဲဒီလို သိနိုင်ဖို့ အတွက် ကျမတို့ နှစ် အနည်းငယ် အချိန်ယူ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်၊၊
မေး၊၊ ဒေါ်စု အကျယ်ချုပ် ကျနေတုန်းကရော ‘အပြုသဘော ဆက်ဆံရေး မူဝါဒ’ကို ကြားခဲ့ဖူး ပါသလား၊၊
ဖြေ၊၊ ကြားဖူးပါတယ်၊၊ တချိန်လုံး လိုလို ကြားနေရပါတယ်၊၊
မေး၊၊ ‘အပြုသဘောဆက်ဆံရေး မူဝါဒ’ အကြောင်း ပထမဆုံး စတင် ကြားသိတဲ့ အချိန်မှာ ဘယ်လို ခံစားတုန့် ပြန်မိပါသလဲ၊၊
ဖြေ၊၊ အတော်ကလေး အံ့အားသင့်မိတယ်လို့ ပြောရမယ် ထင်ပါတယ်၊၊ ပထမဆုံး ခံစားချက်ကို ပြောရရင်၊ ဒါမျိုးက ဖြစ်လာ နိုင်စရာ ရှိတဲ့ ကိစ္စတရပ်ပဲလို့ ကျမ မျှော်လင့် ထားပြီးသားပါ၊၊ ကျမ စိုးရိမ်မိတာက ဒီမူဝါဒကို အတိုင်းအရှည် မရှိ သူတို့ စွဲကိုင်ထားမယ့် အရေးပါပဲ၊၊ အဲဒီလို ဖြစ်ခဲ့ရင် ဒီမိုကရေစီ တိုးတက်ဖြစ်ပေါ်ရေး ကိစ္စအတွက် အန္တရာယ် ရှိပါတယ်၊၊
မေး၊၊ ‘အပြုသဘောဆက်ဆံရေး မူဝါဒ’ ဟာ ဘယ်လောက်များ အပြုသဘော ဆောင်စွမ်း ရှိမယ် ထင်ပါသလဲ၊၊
ဖြေ၊၊ ပြဿနာက ဘယ်သူ့ကို အပြုသဘော ဆက်ဆံမှာလဲ ဆိုတဲ့ မေးခွန်းကို အဖြေရှာရမှာ ဖြစ်ပါတယ်၊၊ ဒီမိုကရေစီ အင်အားစုတွေ အတွက် အပြုသဘောလား၊ သာမန် ပြည်သူလူထု အတွက် အပြုသဘောလား၊ စီးပွားရေး လုပ်ငန်းရှင် အဝန်းအဝိုင်း အတွက် အပြုသဘောလား၊ ဒါမှမဟုတ် နဝတ အဖွဲ့အတွက် အပြုသဘောလား၊ ဘယ်သူ့ အတွက် အပြုသဘောလဲ၊ ပြဿနာက ဒါပါပဲ၊၊
မေး၊၊ ဒီမိုကရေစီအင်အားစုတွေ ဒါမှမဟုတ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အတွက် အပြုသဘော သက်ရောက် တာမျိုး ရှိခဲ့ဖူးပါသလား၊၊
ဖြေ၊၊ တချို့က ‘အပြုသဘောဆက်ဆံရေး မူဝါဒ’ ကြောင့် ကျမ လွတ်မြောက် လာတာလို့ ပြောကြပါတယ်၊၊ ဒါပေမယ့် ခုချိန်အထိတော့ ခိုင်လုံတဲ့ အထောက်အထား မတွေ့ရ သေးပါဘူး၊၊ ဘယ်အကြောင်းကြောင့် ကျမ လွတ်မြောက် လာရတယ် ဆိုတာကိုလည်း ဘယ်သူ မှ ဂဃနဏ မသိကြပါဘူး၊၊ ဒီတော့ ‘အပြုသဘော ဆက်ဆံရေး’ ကြောင့် ကျမလွတ်လာတာလို့ မပြောနိုင်ပါဘူး၊၊
မေး၊၊ မြန်မာပြည်ကို အာဆီယံမိသားစုဝင် နိုင်ငံအဖြစ် လက်ခံပြီးပါပြီ၊၊ အာဆီယံ အနေနဲ့ မြန်မာ ပေါ်လစီကို ဘယ်လို ပြောင်းသင့်တယ် လို့ ထင်ပါသလဲ၊၊
ဖြေ၊၊ အာဆီယံမိသားစုဝင်နိုင်ငံတွေ အနေနဲ့ မြန်မာနိုင်ငံမှာ ရှိတဲ့ သာမန် ပြည်သူလူထု အတွင်းက အခြေ အနေတွေကို အနီးကပ် လေ့လာ ကြည့်ရှု စေချင်ပါတယ်၊၊ ရန်ကုန်နဲ့ မန္တလေး ကွက်ကွက်လောက်ကို ကြည့်တာမျိုး မဖြစ်စေချင်ဘူး၊၊ ရန်ကုန်မှာတောင်မှ စည်ပင်ဖွံ့ ဖြိုး နေတယ်လို့ ထင်ရတဲ့နေရာတွေ ရှိတယ် ဆိုပေမယ့်၊ အရင် ၁၄-၅ နှစ်က အတိုင်း ဘာမှ မပြောင်းလဲသေးတဲ့ နေရာတွေ ရှိနေတုန်းပါပဲ၊၊ နှစ်အတန် ကြာက အခြေအနေ အတိုင်း မပြောင်းသေးတဲ့ နေရာတွေ ရှိနေတယ်ဆိုတာ ကျမ ပြောနိုင်ပါတယ်၊၊ အာဆီယံကို ကျမဖြစ်စေချင်တာ ကတော့ မြန်မာနိုင်ငံနဲ့ ရေရှည် ဆက်ဆံရေးကို ကြည့်စေချင်တယ်၊၊ မြန်မာပြည် ရေရှည် ဖွံ့ဖြိုး တိုးတက်မှုကို ကြည့်စေ ချင်တယ်၊၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု မရှိရင် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဆိုတာလဲ မရှိနိုင်ဘူးဆိုတဲ့ အချက်ကိုလည်း စဉ်းစားစေချင်တယ်၊၊
မေး၊၊ အာဆီယံအဖွဲ့ ဝင်ဖို့ လုပ်နေတဲ့ မြန်မာအစိုးရကို ဘယ်လိုအကြံမျိုး ပေးချင်ပါသလဲ၊၊
ဖြေ၊၊ မြန်မာနိုင်ငံဟာ တနေ့မှာ အာဆီယံအဖွဲ့ဝင် ဖြစ်လာဖို့ ကျမတို့ မျှော်လင့်ထားတဲ့ အကြောင်း၊ အမျိုးသား ဒီမိုကရစီ အဖွဲ့ချုပ် မူဝါဒကြေညာ စာတမ်းမှာ ဖေါ်ပြထားပါတယ်၊၊ ဒေသဆိုင်ရာ နိုင်ငံများအဖွဲ့ ကို ကျမ ယုံကြည်မှု ရှိပါတယ်၊၊ ဒီလို အဖွဲ့အစည်းမျိုး ရှိဖြင်းဟာ ဒေသအတွက် တင်မက ကမ္ဘာတခုလုံး အတွက်ပါ အလွန် ကောင်းပါတယ်၊၊ ဒါကြောင့် တနေ့မှာ မြန်မာနိုင်ငံဟာ အာဆီယံ အဖွဲ့ဝင် ဖြစ်လာဖို့အတွက် ကျမ အလွန် မျော်လင့် ထားပါတယ်၊၊ ဒါပေမယ့် ကျမ နားလည်ထားတာက မြန်မာနိုင်ငံ အနေနဲ့ အာဆီယံ အဖွဲ့ဝင်နိုင်ငံ ဖြစ်မလာခင် နှစ်အတန်ကြာ အချိန်ယူပြီး ပြင်ဆင်စရာ ရှိတာတွေ ပြင်ဆင်ရဦးမယ် ဆိုတာပါပဲ၊၊ လွန်ခဲ့တဲ့ လအနည်းငယ် တုံးက စင်္ကာပူ ဝန်ကြီးချုပ်ဟောင်း လီကွမ်ယူးက အဲဒီသဘောပြောခဲ့ ဖူးပါတယ်၊၊
မေး၊၊ ဒီ ဒေသဆိုင်ရာအဖွဲ့ထဲကို မြန်မာနိုင်ငံ ဝင်လိုက်တဲ့ အတွက် ဒီမိုကရေစီ ရရှိဖို့ အရှိန် မြင့်တက်လာမယ် ထင်ပါသလား၊၊
ဖြေ၊၊ ဒီကိစ္စကိုတော့ ကျမ အတတ်မပြောနိုင်ပါဘူး၊၊ မြန်မာပြည်တွင်း အပြောင်း အလဲ ဖြစ်ရေး အတွက် အာဆီယံ နိုင်ငံတွေရဲ့ ဖျောင့်ဖျ မှုက ဘယ်လောက် ထိရောက်မှု ရှိနိုင်မှာလဲ ဆိုတာတောင် ကျမ မသိပါဘူး၊၊ ‘အပြုသဘော ဆက်ဆံရေး’ ကို ရှေ့တန်း တင်နေချိန်မှာ အာဆီယံ နိုင်ငံတချို့က သူများပြည်တွင်းရေး ဝင်ရောက် မစွက်ဖက်ဘူးလို့လည်း သတိထားပြီး ပြောနေကြတာကိုတော့ ကျမ သတိပြုမိပါတယ်၊၊ သူများပြည်တွင်းရေး ဝင်ရောက် မစွက်ဖက်ဘူး ဆိုရင် ကျမတို့ နိုင်ငံ အပြောင်းအလဲ ဖြစ်အောင် သူတို့ ဘယ်လောက် ကူညီနိုင်မှာလဲ၊၊
မေး၊၊ မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်အပေါ် အာဆီယံနိုင်ငံ တနိုင်ငံက ဝေဖန်ရေး စပြီးလုပ်လာရင်၊ အဲဒါကို စွက်ဖက်မှု အဖြစ် စဉ်းစားမှာလား၊၊
ဖြေ၊၊ ကျမကတော့ အဲဒီလို မယူဆဘူး၊၊ ကမ္ဘာကြီးက တနေ့တခြား သေးငယ် လာနေပြီလေ၊၊ အတိုင်းအတာ တခုအထိ နိုင်ငံတကာ အမြင်၊ နိုင်ငံတကာ သြဇာ သက်ရောက်မှုကနေ လွတ်ကင်းတဲ့ နိုင်ငံရယ်လို့ မရှိနိုင်ဘူး ဆိုတဲ့ အချက်ကို ကျမတို့ လက်ခံရလိမ့်မယ်၊၊ တကယ်တော့ နိုင်ငံတခုရဲ့ ပြည်တွင်းရေးမှာ ဘယ်အတိုင်းအတာ အထိ ဝင်ရောက် စွက်ဖက်ခွင့်ပြုတယ် ဆိုတဲ့ ကန့်သတ်ချက်က ရှိပြီးသား ဖြစ်ပါတယ်၊၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့  ပြည်တွင်းရေး စွက်ဖက်ဖို့ ဒါမှမဟုတ် အချုပ်အခြာ အာဏာကို ထိပါးဖို့ ဆိုတာမျိုးတော့ ဘယ်သူမှ မမျှော်လင့် ကောင်းပါဘူး၊၊ ဒါပေမယ့် ကျမတို့ အနေနဲ့ ဒေသ တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးကို ဂရုစိုက်တယ်ဆိုရင် ဒေသတွင်း နိုင်ငံတွေမှာ ဘယ်လို အစိုးရ အမျိုးအစားတွေ ရှိနေတယ် ဆိုတာကိုတော့၊ ကျမတို့ ဂရုစိုက် သင့်ပါတယ်၊၊
မေး၊၊ ဒဏ်ခတ်အရေးယူမှုတွေကို သဘောတူပါသလား၊၊
ဖြေ၊၊ ဒဏ်ခတ်အရေးယူမှုနဲ့ ပတ်သက်လာရင် ကျမ လက်ခံထားတဲ့ သဘောထား တရပ် ရှိပါတယ်၊၊ အဲဒါက ဒီ ဒဏ်ခတ်မှုဟာ သာမန် ပြည်သူများကို ထိခိုက် နစ်နာမှု မရှိစေဖို့ပဲ ဖြစ်ပါတယ်၊၊ ဒဏ်ခတ် အရေးယူဖို့ စဉ်းစားတဲ့ အခါ ဘယ်လို ဒဏ်ခတ်မှုမျိုးကို အကောင်အထည် ဖေါ်ဖို့ ဖြစ်ဖြစ် စေ့စေ့စပ်စပ် သေသေချာချာ လေ့လာပြီးမှ လုပ်သင့် ပါတယ်၊၊ ကျမ နားလည် သဘောပေါက်တဲ့ အတိုင်း ပြောရရင် လွန်ခဲ့တဲ့ (၆)နှစ် အတွင်း စီးပွားရေး ပြောင်းလဲမှုရဲ့ အကျိုး သက်ရောက်မှုဟာ အခြေခံ လူထုဆီအထိ မရောက်ခဲ့ပါဘူး၊၊ ဒီတော့ ဒဏ်ခတ်အရေးယူမှု ဟာလည်း လူထုကို ထိခိုက်လိမ့်မယ်လို့ မဆိုနိုင်ပါဘူး၊၊
မေး၊၊ မြန်မာပြည်အပေါ် ပြင်ပကဖိအားပေးမှုတွေနဲ့ ပတ်သက်လို့ စစ်အစိုးရက ဘယ်လိုများ တုန့်ပြန်ပါသလဲ၊၊
ဖြေ၊၊ ပြင်ပက ဖိအားပေးမှုကို စစ်အစိုးရက သိပ်ပြီး ဂရုစိုက်ပုံ မရပါဘူး၊၊ ဒါပေမယ့် လုံးဝ ကျောခိုင်းပစ်ပယ် ထားတာမျိုးတော့လည်း မဟုတ်ဘူး၊၊ သူတို့ နိုင်ငံတကာနဲ့ ပိုပြီးထိတွေ့ ဆက်ဆံလာတာ တွေ့ရတဲ့ အတွက် တဖြည်းဖြည်းတော့ ရင့်ကျက် လာမယ်လို့ မျှော်လင့်ပါတယ်၊၊ နိုင်ငံတကာရဲ့ သဘောထား အမြင်တွေကိုလည်း ပိုပြီး လေးစား လာလိမ့်မယ် ထင်ပါတယ်၊၊
မေး၊၊ သူတို့ ရင့်ကျက်လာပြီလို့ ထင်ပါသလား၊၊
ဖြေ၊၊ ဒါတော့ ကျမ မပြောနိုင်ပါဘူး၊၊ သူတို့ထဲက တချို့ ကတော့ ကျမကို အရင်ထက် ပိုပြီး ရင့်ကျက်လာပြီလို့ ပြောကြတယ်၊၊ သူတို့က ကျမကို အဲဒီလို ပြောခြင်းဟာ၊ သူတို့ကိုယ်တိုင်နဲ့ နှိုင်းယှဉ်ပြောတာ ဖြစ်ပါစေလို့  မျှော်လင့် မိပါတယ်၊၊
မေး၊၊ စစ်တပ်က အရပ်ဖက် အစိုးရကို အာဏာလွှဲပေးမယ့် အရိပ် လက္ခဏာများ မြင်မိပါသလား၊၊
ဖြေ၊၊ ဒီကိစ္စက ပြောဖို့ သိပ် စောပါသေးတယ်၊၊ ခုအချိန်မှာ ကိစ္စတချို့ကို တိုးတိုး တိတ်တိတ် လုပ်ရတာ ကျမတို့ ပိုပြီး သဘောကျတယ်၊၊ တိုးတက် ဖြစ်ထွန်းမှု နှုန်းထားနဲ့ ပတ်သက်လို့ ဝေဖန်သင့်တဲ့ အချိန်ရောက်ရင် ကျမတို့ ဝေဖန်မှာပါ၊၊ တွေ့ဆုံဆွေးနွေးပွဲ အောင်မြင်ဖို့ ကျမတို့ရဲ့ ကြိုးပမ်းချက်တွေနဲ့ ပတ်သက်လို့လည်း၊ အချိန်ကျရင် ပြောစရာ ရှိတာကို ကျမတို့ ပြောမှာပါ၊၊
မေး၊၊ လက်ဆုပ်လက်ကိုင်ပြစရာ ရလဒ်တွေ ရလာတဲ့ အထိ တစုံတရာ ကြေညာချက် မထုတ်ပြန်ဘဲ၊ အစိုးရနဲ့ ပြောဆို ဆွေးနွေးမှုတွေ ရှိနေမယ်လို့ ဆိုလို ပါသလား၊၊
ဖြေ၊၊ ကျမဆိုလိုတာက လောလောဆယ် အခြေအနေမှာ သူတို့ ဘယ်တော့လောက် စကားပြောလာမယ်၊ ဆွေးနွေးပွဲ ဖြစ်ထွန်းလာမယ်၊ ဆိုတာ အတိအလင်း ထင်ကြေး မပေးလိုဘူးလို့ ဆိုလိုတာပါ၊၊ တကယ်လို့ ကျမတို့မှာ ကြိုတင် မျှော်မှန်းထားတာတွေ သိပ်များ လွန်းနေရင် လက်တွေ့ အလုပ်သဘော ဆက်ဆံရတဲ့ အခါ ကိုယ်မှန်းထားတာ ထက် မလျော့နိုင်မှာ စိုးရတယ်၊၊ ဒါကြောင့် တွေ့ဆုံဆွေးနွေးပွဲ အဆင်ပြေပြေ ဖြစ်လာရေး အတွက် ၊ သတင်း မထွက်ဘဲ တိုးတိုးတိတ်တိတ် စကားပြောရမယ့် အချိန် ကာလ တရပ် ရှိဖို့လည်း လိုအပ်ပါတယ်၊၊
မေး၊၊ လောလောဆယ် တိကျတဲ့ ရည်မှန်းချက် မရှိသေးဘူးလို့ ဆိုလို ပါသလား၊ ကျေနပ်လောက်တဲ့ ညှိနှိုင်း သဘောတူညီမှု ရ မရ မသေချာသေး သရွေ့ ဆက်ပြီး စကား ပြောနေရဦးမယ်လို့ ဆိုလိုတာလား၊၊
ဖြေ၊၊ ကျမ အဲဒီလောက် ရှည်ရှည်ဝေးဝေးကြီး တွက်ဆပြီး ပြောနေတာ မဟုတ်ပါဘူး၊၊ ဘယ်တော့လောက် ဆွေးနွေးပွဲ စဖို့ မျှော်လင့် နိုင်မလဲ ဆိုတဲ့ သေချာရေရာတဲ့ ရည်မှန်းချက် ကလေးတောင်မှ ကျမတို့မှာ မရှိသေးဘူးလို့ ဆိုလိုတာပါ၊၊
မေး၊၊ ခင်ဗျားရဲ့တွေ့ဆုံ မေးမြန်းခန်းတချို့မှာ ‘နယ်လ်ဆင်မန်ဒဲလား’ကို ဖေါ်ညွှန်း ပြောဆိုတာ တွေ့ရပါတယ်၊၊ မြန်မာ့ အရေးကို တောင်အာဖရိက နည်းနာနဲ့ ဖြေရှင်းရမယ်လို့များ ကြိုတင် မြင်ထားပါသလား၊၊
ဖြေ၊၊ ကျမတို့ မြန်မာနိုင်ငံဟာ တောင်အာဖရိက မဟုတ်တဲ့ အတွက် တောင်အာဖရိက နည်းနာနဲ့ တထပ်တည်း ဖြေရှင်းလို့ မရနိုင်ပါဘူး၊၊ တောင်အာဖရိကကို ဥပမာပေး သုံးစွဲရတဲ့ အကြောင်းက၊ ‘တွေ့ဆုံဆွေးနွေး အဖြေရှာရေး’ နည်းနဲ့ ကျမတို့ ပြဿနာ ဖြေရှင်းနိုင်တယ်လို့ ဆိုလိုတာပါ၊၊ ‘တွေ့ဆုံဆွေးနွေး အဖြေရှာရေး’ နည်းနဲ့ ပြဿနာ ဖြေရှင်းနိုင်တယ် ဆိုတာကို ဘယ်သူမှ အယုံအကြည် မရှိခဲ့တဲ့ ကာလ တခု ရှိခဲ့ဖူးတယ် မဟုတ်လား၊၊ တောင်အာဖရိက ဥပမာကို ကျမ သဘော ကျမိတာက ယူဂို ဆလားဗီးယား အခြေအနေမျိုးကို သဘောမကျကြောင်း ပြောချင်လို့လည်း ဖြစ်ပါတယ်၊၊ ယူဂို ဆလားဗီးယားက လူတွေဟာ စားပွဲဝိုင်းမှာ ထိုင်ပြီး အဖြေ မရှာခဲ့ကြတဲ့ အတွက် အရာခပ်သိမ်း ပျက်သုဉ်းတာပဲ အဖတ်တင်ပြီး၊ ဘယ်သူမှ အကျိုးအမြတ် မရရှိခဲ့ကြဘူး၊၊ တောင်အာဖရိကမှာ ကျတော့ နယ်လ်ဆင် မန်ဒဲလားတို့ တတွေဟာ တချိန်က အသားအရောင် ခွဲခြားမှု ပြဿနာ အပေါ် ပြင်းပြင်းထန်ထန် တက်တက်ကြွကြွ ဆန့်ကျင်ခဲ့ကြပေမယ့်၊ နှစ်အတန် ကြာပြီးတဲ့နောက် သူတို့အမြင်တွေ ပျော့ပျောင်း လာခဲ့တယ်၊၊ တွေ့ဆုံ ဆွေးနွေးတဲ့ နည်းကလွဲလို့ တခြားလမ်း မရှိဘူးလို့ ဆုံးဖြတ် နိုင်ခဲ့ကြတယ်၊၊
မေး၊၊ မြန်မာနိုင်ငံမှာ နောက်တဆင့်တက်ပြီး နိုင်ငံရေး အဖြေရှာကြတဲ့ အခါ ခင်ဗျားရဲ့ အခန်း ကဏ္ဍကို ဘယ်လို ခန့်မှန်းပါသလဲ၊၊
ဖြေ၊၊ ကျမရဲ့ အခန်းကဏ္ဍ အနေနဲ့ပြောရရင် ဒီမိုကရေစီ အင်အားစုတွေ စည်းလုံး ညီညွတ်ရေးနဲ့ လွန်ခဲ့တဲ့ ခြောက်နှစ်အတွင်း ခြိမ်းခြောက် ခံခဲ့ရတဲ့ ဒီမိုကရေစီ လှုပ်ရှားမှု အင်္ဂါ အစိပ်အပိုင်းတွေ ပြန်လည် ရှင်သန်လာဖို့ တကျော့ပြန် ဆောင်ရွက်ရမယ်လို့ ခံစား မိပါတယ်၊၊
မေး၊၊ ‘နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး’ ကိစ္စကို အခြေခံ သတ်မှတ်ချက် တခု အဖြစ် တောင်းဆိုဖို့ ရှိပါသလား၊၊
ဖြေ၊၊ ကျမရဲ့ ပထမဆုံးကြေညာချက်မှာ နိုင်ငံရေး အကျဉ်းသားများကို မြန်နိုင်သမျှ မြန်မြန် လွှတ်ပေးဖို့ အာဏာ ပိုင်များကို တိုက်တွန်း ထားပါတယ်၊၊ ဒါပေမယ့် အခြေခံ သတ်မှတ်ချက်တွေ သတ်မှတ် တောင်းဆိုတာ မျိုးနဲ့ ကျမတို့ အစပျိုးမှာ မဟုတ်ပါဘူး၊၊ အားလုံး စားပွဲဝိုင်းမှာ ဝိုင်းထိုင်ကြဖို့ဆိုတဲ့ ရှင်းလင်း ပြတ်သားတဲ့ ရည်မှန်းချက်နဲ့ အစပျိုး နေတာပါ၊၊ စကားဝိုင်း စနိုင်မှ သတ်မှတ်ချက်ကိစ္စ ဆွေးနွေး နိုင်မှာပေါ့၊၊
ဖြေ၊၊ မပြောဖြစ်သေးပါဘူး၊၊ ရှင်တို့မြင်တဲ့ အတိုင်းပဲလေ၊ အခု ရှင်တို့နဲ့ ကျမ ထိုင်နေသလို ‘စားပွဲဝိုင်းမှာ ကျမတို့ ကတော့ ထိုင်နေတာပဲ’၊၊
မေး၊၊ သူတို့ဘက်က စကားပြောချင်ပုံရော ရရဲ့လား၊၊
ဖြေ၊၊ သူတို့ ဘက်က စကားပြောချင် သလား မပြောချင်ဘူးလား ဆိုတာတော့ ကျမလည်း မပြောတတ်ဘူး၊ လတ်တလော အနေ အထားကတော့ စကားပြောချင်တဲ့ လက္ခဏာ မတွေ့ရသလို၊ မပြောချင်တဲ့ လက္ခဏာလည်း မပြဘူး၊၊ အခြေအနေက နည်းနည်း စောနေသေးတဲ့ ပုံပါပဲ၊၊
မေး၊၊ လက်ရှိအခြေအနေမှာ ဆက်သွယ်ရေး လမ်းကြောင်း ဖွင့်ထားတာရော ရှိပါသလား၊၊
ဖြေ၊၊ လမ်းကြောင်းတခုတော့ ရှိပါတယ်၊ ခြံတခါးဝမှာ ထောက်လှမ်းရေး အစောင့်တွေ ချထားတာ ရှိပါတယ်၊၊ ဒီတော့ အာဏာပိုင်များ နဲ့ အဆက်အသွယ် ပြတ်နေတယ်လို့ မဆိုနိုင် ဘူးပေါ့၊၊
မေး၊၊ ခင်ဗျားက ခင်ဗျားကို အားပေးထောက်ခံကြသူတွေ အနေနဲ့ သိပ်အများကြီး မျှော်လင့်မထားဖို၊့ သိပ်မြန်မယ် လို့လည်း မထင်ကြဖို့ ပြောတာ တွေ့ရပါတယ်၊၊ သူတို့ရဲ့ လက်ရှိ မျှော်မှန်းချက်တွေက ဘာတွေပါလဲ၊၊
ဖြေ၊၊ ကျမ ဘာကို ဆိုလိုတယ် ဆိုတာ သူတို့ သဘောပေါက် ကြပါတယ်၊၊ မြန်မာနိုင်ငံမှာ ဝမ်းနည်းစရာ အကောင်းဆုံး ကိစ္စ တခုရှိနေတယ်၊၊ အဲဒါက ကျမကို ထောက်ခံသူတွေ အနေနဲ့ အာဏာပိုင်တွေ အပေါ်မှာ အယုံအကြည် မရှိဖြစ်နေတဲ့ အချက်ပါပဲ၊၊ မြန်မာနိုင်ငံ တဝှမ်းလုံးမှာ သံသယတွေ ဖုံးလွှမ်းနေတယ်၊၊ လူတိုင်း လူတိုင်းက ဘယ်သူဟာ စစ်တပ် သတင်းပေးလဲလို့ သံသယတွေ များနေကြတယ်၊၊ ယုံကြည်မှု ပတ်ဝန်းကျင်တခု တည်ဆောက်ရေးဟာ ဒီနေ့ ကြုံတွေ့နေရတဲ့ အခက်ခဲဆုံး အလုပ်တွေထဲက တခုပဲ၊၊ လူထုကို သိပ်အမြင့်ကြီး မမျှော်မှန်းနဲ့၊ သိပ် အလျင်မလိုနဲ့လို့ ကျမက ပြောတဲ့အခါ၊ သူတို့ ပြည့်ပြည့်ဝဝ သဘောပေါက် ကြပါတယ်၊၊ တကယ်တော့ သူတို့ ထဲက အတော်များများက ကျမကို သတိရှိဖို့ ပြောနေကြတာပါ၊၊ ဘာကြောင့်လဲ ဆိုတော့ ကျမကို အာဏာပိုင်တွေက အမှန်တကယ် လွှတ်ပေးတယ်လို့ သူတို့တကယ် မယုံကြလို့ပါပဲ၊၊
မေး၊၊ ခင်ဗျားကို ထောက်ခံသူတွေကတောင် အာဏာပိုင်တွေကို မယုံပဲနဲ့၊ ခင်ဗျားက အာဏာပိုင်တွေကို ယုံနေ
သလား၊၊
ဖြေ၊၊ သူတို့ဟာ ယုံကြည် စိတ်ချထိုက်သူတွေ ဖြစ်ကြောင်း လူထုက ပြသဖို့ လိုတယ်၊၊ သူတို့ကို စိတ်ချ လက်ချ မယုံနိုင်ခင်၊ သူတို့ ဟာ ယုံကြည်လောက် သူတွေ ဖြစ်ကြောင်း အရိပ်လက္ခဏာ ပြသဖို့ လိုပါတယ်၊၊ ဒါဟာ အသွားရှိမှ အပြန်ရှိတဲ့ သဘော၊ အပြန်အလှန် ဖြစ်စဉ် သဘောပါပဲ၊၊
မေး၊၊ ခင်ဗျားအပေါ်မှာရော အာဏာပိုင်တွေက ယုံကြည်မှုရှိကြရဲ့လား၊၊
ဖြေ၊၊ ဒီမေးခွန်းက သူတို့ကို တိုက်ရိုက်မေးရမယ့် မေးခွန်း ဖြစ်ပါတယ်၊၊ ကျမကိုယ်တိုင်လည်း ဒီအဖြေကို သိချင်ပါတယ်၊၊ သူတို့ ကျမနဲ့ အဆက်အဆံ လုပ်လာခဲ့တာ ခြောက်နှစ်တောင် ရှိပြီဆိုတော့၊ ကျမအကြောင်း ကောင်းကောင်း သိနေကြပါပြီ၊၊ ‘ခင်ဗျားတို့ သူ့ကို ယုံကြည်မှု ရှိပါရဲ့လား’ လို့ ရှင်တို့ မေးပေးမယ်ဆိုရင် ကျမ ရှင်တို့ကို ကျေးဇူး တင်နေမှာပါ၊၊
မေး၊၊ ခင်ဗျားကို ဖမ်းဆီး ထိမ်းသိမ်းခဲ့သူတွေ အပေါ်မှာ ခင်ဗျားက ဒေါသလည်း မဖြစ် ၊ အာဃာတလည်း မထားလို့ သိရတော့ လူအတော်များများက အံ့သြ ကြတယ်လို့ ဆိုပါတယ်၊၊
ဖြေ၊၊ ဒါကို အံ့သြကြသတဲ့လား၊၊ အင်းစိန်ထောင် နဲ့ တခြားထောင်တွေထဲမှာ ကျမထက် ပိုဆိုးတဲ့ အခြေအနေ အောက်မှာ နေခဲ့ရတဲ့ လူအများစုကလည်း ကျမလိုပဲ အာဃာတ မထားကြပါဘူး၊၊ ကျမရဲ့ လုပ်ဖေါ် ကိုင်ဖက် အားလုံးဟာ စိတ်ကောင်း နှလုံးကောင်းရှိပြီး၊ ဂုဏ်ပြု ထိုက်တဲ့ ပုဂ္ဂိုလ်တွေဖြစ်တဲ့ အတွက် ကံကောင်းတယ်လို့ ဆိုရပါမယ်၊၊ သူတို့ဟာ အမြဲ ရှေ့အနာဂတ်ကိုသာ မျက်နှာမူ ထားကြပြီး၊ အတိတ်ကို ပြန်ပြီး ကြည့်နေကြသူတွေ မဟုတ်ပါဘူး၊၊ သူတို့ဟာ ယုံကြည်ချက် ခိုင်မာသူတွေ ဖြစ်ယုံမက၊ ကိုယ့်ကိုယ် ကိုလည်း ယုံကြည်မှု ရှိသူတွေ ဖြစ်ပါတယ်၊၊ ဒါကြောင့်လည်း လွန်ခဲ့တဲ့ ခြောက်နှစ်အတွင်း ဒုက္ခတွေကို ခါးစည်းပြီး ခံခဲ့ကြရပေမယ့်၊ သူတို့မှာ အာဃာတ မရှိကြတာ ဖြစ်ပါတယ်၊၊
မေး၊၊ ခြောက်နှစ်တာ နေအိမ်မှာ ဖမ်းဆီး ထိန်းသိမ်းခံရတဲ့ အတွက် ‘ဒီမိုကရေစီ ရရှိရေး သဘောထား ရပ်တည်ချက် ’ ပြောင်းလဲမှုများ ရှိပါ သေးသလား၊၊
ဖြေ၊၊ ကျမတင်မကပါဘူး၊ ကျမရဲ့ လုပ်ဖေါ်ကိုင်ဖက် တွေလည်း ဒီနှစ်တွေ အတော အတွင်း အတော် ဒုက္ခ ရောက်ပါတယ်၊၊ ကျမက ကိုယ့်အိမ်မှာတင် အကျဉ်းကျတာပါ၊ ကျမရဲ့ ရဲဘော်များကတော့ အကျဉ်း ထောင်ထဲမှာ နေခဲ့ကြရတာပါ၊၊ ဒါပေမယ့် အမုန်းအတေးတွေ မထားဘဲ သူတို့ပြန်ထွက် လာနိုင်ကြတဲ့ အတွက် ကျမ အတော် ဝမ်းသာ မိပါတယ်၊၊ ကျမအိမ်က ကမ္ဘာပေါ်မှာ အလှပဆုံး ဆိုတဲ့ အိမ်တော့ မဟုတ်ပါဘူး၊၊ ဒါပေမယ့် အင်းစိန်ထောင် အပါအဝင် မြန်မာနိုင်ငံက ဘယ်ထောင်တွေထက် မဆို၊ ကျမအိမ်က အများကြီး သက်တောင့် သက်သာ ရှိပါသေးတယ်၊၊ ထောင်တွေ ထဲမှာ နေရထိုင်ရတဲ့ အခြေ အနေက အတော်ကို ဆိုးရွား လှပါတယ်၊၊ ဒါပေမယ့် သူတို့ အာဃာတ မထားဘဲ ပြန်ထွက်လာ ခဲ့ကြပါတယ်၊၊ သူတို့ တောင်မှ အာဃာတ မထားဘဲ ထွက်လာ နိုင်ကြ သေးရင်၊ ကျမကရော ဘာလို့ အာဃာတ ရှိရမှာလဲ၊၊ ကျမတို့ အားလုံးမှာ တူညီတဲ့ စိတ်ထားတွေ ရှိနေကြပါတယ်၊၊
မေး၊၊ သူတို့အပေါ်မှာ ခင်ဗျားက အာဃာတ မထားရှိဘူး ဆိုတာကို သူတို့ သိရော သိရဲ့လား၊၊
ဖြေ၊၊ သူတို့ သိမယ် ထင်ပါတယ်၊၊ အာဃာတ မထားရေးကို သူတို့လည်း အတုယူ သင့်ပါတယ်၊၊
မေး၊၊ စစ်တပ်က ခင်ဗျားကို ဘယ်လိုနိုင်ငံရေး အခန်းကဏ္ဍမှာ ပါစေချင်တာလဲ၊၊
ဖြေ၊၊ သူတို့အားလုံးရဲ့ အမြင်တွေက တူကြမှာတော့ မဟုတ်ဘူး၊၊ စစ်ဗိုလ်တချို့က ကျမကို ဒီ အခန်း ကဏ္ဍမှာ ပါစေချင်ပေမယ့်၊ ကျန်တချို့က မပါစေချင်ပြန်ဘူး၊၊ ကျမအနေနဲ့ သူတို့အကြိုက် လိုက်ပြီး မပြောနိုင်ဘူး၊၊ သူတို့က ကျမ နိုင်ငံရေး ဝင်မလုပ်နိုင်အောင် တားဆီးဖို့ ကြိုးပမ်းကြတယ်၊၊ ကျမကို တိုင်းပြည်ကနေ လွတ်လပ်စွာ ထွက်ခွာ သွားဖို့လည်း ကမ်းလှမ်းကြတယ်၊၊ ဒါမျိုး ကျမဘယ်တော့မှ လက်မခံဘူး၊၊ ဒီကိစ္စနဲ့ ပတ်သက်လို့ ဇန္နဝါရီလ ကြေညာချက်မှာ ကျမ ရှင်းရှင်းလင်းလင်း ပြောထားပြီးပါပြီ၊၊ ကြေညာချက်မှာ ကျမ ရည်ရွယ်ချက်က နိုင်ငံရေး တက်တက် ကြွကြွ ဆက်လုပ်သွားမယ်လို့ ပြောထားပါတယ်၊၊
မေး၊၊ စစ်ခေါင်းဆောင်ပိုင်းမှာ အုပ်စုကွဲနေတယ်လို့ ဆိုလိုပါသလား၊၊
ဖြေ၊၊ ကျမအဲဒီလို မထင်ပါဘူး၊ ကျမကို ဘာလုပ်စေချင်တယ် ဆိုတာနဲ့ ပတ်သက်လို့ မတူညီတဲ့ သဘောထား အမြင်တွေ ရှိနိုင်ပါတယ်၊ ဒါပေမယ့် ကျမသာ နိုင်ငံရေးက ထွက်သွားမယ်ဆိုရင် အကောင်းဆုံး ဖြစ်မယ်လို့ သူတို့ အားလုံး သဘောတူကြပါတယ်၊၊ အခု သူတို့ဖြစ်စေ ချင်သလို ကျမက ဖြစ်မလာတော့၊ ကျမကို ဘယ်လို လုပ်ကြမလဲ ဆိုတဲ့ ထင်မြင်ချက် အသစ်တွေ ပေးလာတာပါ၊၊ ဒါပေမယ် ကျမ ရည်ရွယ်ချက်က နိုင်ငံရေး အခန်းကဏ္ဍမှာ တက်တက် ကြွကြွ ဆက်လုပ်သွားမယ်လို့ ပြောထားပြီးသားပါ၊၊
မေး၊၊ အခု ခင်ဗျားကို ကြိုတင် စည်းကမ်း သတ်မှတ်ချက် လုံးဝမရှိဘဲ ပြန်လွှတ် ပေးတာလား၊၊
ဖြေ၊၊ မရှိပါဘူး၊ ဘယ်လို ကြိုတင်စည်းကမ်းချက်မျိုးကို မဆို ကျမ လက်မခံဘူး ဆိုတာ သူတို့သိပါတယ်၊၊
မေး၊၊ တိုင်းပြည်ထဲက ထွက်ခွာသွားပြီးရင် ပြန်ဝင်ခွင့် မပေးမှာ ခင်ဗျား စိုးရိမ် နေပါသလား၊၊
ဖြေ၊၊ ဟုတ်ပါတယ်၊ ဒါကြောင့် ထမာဆတ် တက္ကသိုလ်ကို ကျမ ချက်ချင်း မလာနိုင်တာ ဖြစ်ပါတယ်၊၊
မေး၊၊ ခင်ဗျား နိုင်ငံက ထွက်ခွာရေး ကိစ္စနဲ့ပတ်သက်လို့ စစ်အာဏာ ပိုင်တွေက တစုံတရာ ပြောဖူးတာ ရှိပါသလား၊၊
ဖြေ၊၊ မပြောဘူးပါဘူး၊ ဒီကိစ္စနဲ့ပတ်သက်လို့ စကားလည်း မပြောဘူးပါဘူး၊ နိုင်ငံ့အပြင် ထွက်ရေး ကိစ္စက ကျမ ဘာသာ ဆုံးဖြတ်ရမှာပါ၊ ကျမ ထွက်သွားမှာ မဟုတ်ဘူး ဆိုတာလည်း သူတို့သိတယ် ထင်ပါတယ်။
မေး၊၊ ဆွေးနွေးနိုင်မယ့် နည်းလမ်း ကြိုးစားရှာဖွေဖို့ အတွက် ခင်ဗျားဒီမှာ ဆက်နေတာလို့ ဆိုလိုတာလား၊ ဒါမှလည်း အဖြေတခု ထွက်မှာ မဟုတ်လား၊ ခင်ဗျားမှာ အချိန်ဇယားတခု မှန်းထားတာများ ရှိပါသလား၊၊
ဖြေ၊၊ လောလောဆယ် မရှိပါဘူး၊၊ ဒါပေမယ့် တနေ့မဟုတ် တနေ့မှာ ပိုမို တိုးတက်တဲ့ အခြေအနေ အချိန်အခါကို ကျမတို့ရောက်ချင်ပါတယ်၊၊ ဒါပေမယ့် အဲဒီလို အချိန်ကို လွယ်လွယ်နဲ ရောက်လိမ့်မယ်လို့တော့ ကျမ မထင်မိဘူး၊၊
မေး၊၊ ခင်ဗျားနဲ့အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ဒီမိုကရေစီ ရရှိလိုတဲ့ အတွက် အကယ်၍ အမျိုးသား ညီလာခံတက်ဖို့ ဖိတ်ခေါ်လာရင် တက်ရောက် နိုင်မှာလား၊၊
ဖြေ၊၊ ဒီကိစ္စက အာဏာပိုင်များ အပေါ်မှာ အများကြီး မူတည်ပါတယ်၊ သူတို့က ကျမတို့နဲ့ တွဲလုပ်ချင်ရဲ့လား၊ ဒါမှမဟုတ် တခြား လူတွေနဲ့ တွဲလုပ် ချင်တာလား၊ ပြီးတော့ ညီလာခံရဲ့ ဦးတည်ချက်က ဘယ်လဲ၊ အမျိုးသား ညီလာခံဆိုတာ သတ်မှတ်ချက် တခုသာ ဖြစ်ပါတယ်၊ ဘယ်လို အမျိုးသား ညီလာခံ အမျိုးအစားကို တက်ရောက်ဖို့ ကျမတို့ကို ဖိတ်မှာလဲ ဆိုတဲ့ အပေါ်မှာလည်း အများကြီး မူတည်ပါတယ်၊၊
မေး၊၊ ရန်ကုန်တခွင်မှာ အဆောက်အဦး အသစ်တွေ အများအပြား ဆောက်နေတာ တွေ့ရပါတယ်၊ အများဆုံး ကတော့ ဟိုတယ် အသစ်တွေ ဖြစ်ပါတယ်၊၊ ဒါဟာ မြန်မာပြည် အတွက် ဘယ်လို အဓိပ္ပါယ် သက်ရောက် ပါသလဲ၊၊
ဖြေ၊၊ ဟိုတယ် အသစ်တွေ ဆောက်နေတာလား၊ ဒါဟာ မြန်မာပြည်ရဲ့ ပုံသဏ္ဍာန်ကို အတိအကျ ဖေါ်ပြနေတာ ဖြစ်ပါတယ်၊ ကျမလည်း ဟိုတယ်တွေချည်း ဆောက်နေတာနဲ့ ပတ်သက်လို့ နားမလည်နိုင်အောင် ဖြစ်မိပါတယ်၊ ပွင့်ပွင့်လင်းလင်း ပြောရရင် စိတ်မသက်မသာလည်း ဖြစ်မိပါတယ်၊ ကျမတို့ မြင်ချင်တွေ့ ချင်တာက ကျောင်းအသစ် ဆေးရုံအသစ် ကလေးသူငယ် စောင့်ရှောက်ရေး ဂေဟာအသစ် စာကြည့်တိုက် အသစ် စာအုပ်ဆိုင် အသစ်တွေ ဖြစ်ပါတယ်၊၊ ဒါပေမယ့် နေရာတကာမှာ ဟိုတယ်တွေချည်း ဆောက်နေတဲ့ အတွက် စိတ်မသက်မသာ ဖြစ်မိတာပါ၊၊
မေး၊၊ နေအိမ်အကျယ်ချုပ် ခြောက်နှစ်ကြာ နေခဲ့ရပြီး လွတ်မြောက် လာချိန်မှာ ဒီအဆောက်အဦး အသစ်တွေကို မြင်ရတော့ ခင်ဗျား တအံ့တသြ ဖြစ်မိပါသလား၊၊
ဖြေ၊၊ တကယ့်ကို မအံ့သြမိပါဘူး၊ ကျမက ဒီထက်မက အပြောင်းအလဲတွေကို မျှော်လင့်ထားတာ၊ ရန်ကုန်မှာ ဘာမှ အပြောင်းအလဲ မရှိသေးတဲ့ နေရာတွေ အများကြီးပါပဲ၊၊ ရှင်ကားတစီးနဲ့ လှည့်ပတ် ကြည့်မယ်ဆိုရင် ရန်ကုန်မြို့ရဲ့ နေရာ အများစုကြီးမှာ ဘာတခုမှ အပြောင်းအလဲ မရှိတာ တွေ့ရပါလိမ့်မယ်၊၊ ကျမက ရေဒီယို သတင်းတွေကို နားထောင်ပြီး ရန်ကုန်မြို့ကြီး အတော် ပြောင်းလဲ နေပြီလို့ ထင်နေ မိတာ၊၊ တကယ်တော့ လုံးဝ မဟုတ်ဘူး၊ ကျမသွားလေရာ နေရာတိုင်းမှာ ဟိုတယ် မိုတယ် တည်းခိုခန်း ဆိုတာတွေချည်း တွေ့နေ ရတယ်၊၊ ကျမ အမြင် အရတော့ ဟိုတယ်တွေ ဒီလောက် များနေတာဟာ အချိုးအစား မညီမျှဘူးလို့ ထင်ပါတယ်၊၊
မေး၊၊ ဒါကို အချိုးအစားညီသွားအောင် ဘယ်လို ဆောင်ရွက်ရင် ကောင်းမလဲ၊၊
ဖြေ၊၊ ဒီကိစ္စက မြန်မာပြည်ကို အကူအညီ ပေးချင်နေတဲ့ လူတွေ စဉ်းစားရမယ့် ကိစ္စပါ၊ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေး ကိစ္စကို စဉ်းစားတဲ့ အခါ ပိုမိုကျယ်ပြန့်တဲ့ လူသားများ ဖွံ့ဖြိုး တိုးတက်ရေး ကိစ္စကို အလေးထား စဉ်းစား သင့်ပါတယ်၊၊ စီးပွားရေးဖွံ့ ဖြိုးတိုး တက်ရေး အတွက် ဆိုပြီး ရင်းနှီး မြှုပ်နှံမှု ပိုမို ရရှိရေးတို့၊ ကမ္ဘာလှည့် ခရီးသည် တိုးလာရေးတို့၊ ဟိုတယ်တွေ တိုးဆောက်ရေးတို့ ဆိုတဲ့ ကျဉ်းမြောင်းတဲ့ ဝေါဟာရ နယ်ပယ်ထဲမှာပဲ စဉ်းစား နေတာမျိုး မဖြစ်သင့်ဘူး၊၊
မေး၊၊ မြန်မာနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင် အခြေအနေ ဟာလည်း အန္တရာယ် ကြုံနေရပြီ ထင်ပါတယ်၊ ထိုင်းနိုင်ငံနဲ့ တခြားနိုင်ငံ တွေမှာလည်း အလားတူ အတွေ့ အကြုံ မျိုးတွေ ကြုံခဲ့ရတာ ကျနော်တို့ သိထားပါတယ်၊၊
ဖြေ၊၊ မြန်မာနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင် အခြေအနေဟာ အန္တရာယ် ရှိနေပြီလို့ ကျမ ကြားထားပါတယ်၊၊ ဒါပေမယ့် အမှန်ပြောရရင် မျက်စေ့နဲ့ တပ်အပ်တော့ မမြင်ရသေးပါဘူး၊၊
မေး၊၊ ဒီ နိုင်ငံမှာ သဘာဝပတ်ဝန်းကျင် ဆုံးရှုံးမှုတွေ ဖြစ်နေပြီလား၊၊
ဖြေ၊၊ ကျွန်းသစ်တောတွေ အများအပြားရှိတဲ့ နယ်စပ် ဒေသ တလျောက်မှာ သဘာဝ ပတ်ဝန်းကျင် ဆုံးရှုံးမှုတွေ ဖြစ်နေတယ်လို့ ကျမ ကြားပါတယ်၊၊ ရန်ကုန်မှာတောင် ဟော်တယ်တွေ ဆောက်ဖို့ သစ်ပင်တွေ ခုတ်လှဲပစ် နေကြတယ်လေ၊၊
မေး၊၊ ခင်ဗျားအနေနဲ့ အဖွဲ့ချုပ် ခေါင်းဆောင်တွေနဲ့ ထောက်ခံသူတွေကို ဒီ အကြောင်းတွေ ပြောပြ ဖြစ်ပါသလား၊၊
ဖြေ၊၊ နေ့တိုင်းလောက် ပြောဖြစ်ပါတယ်၊၊ ကျမတို့ ပုံမှန် ထိတွေ့မှု ရှိပါတယ်၊၊
မေး၊၊ သူတို့ရဲ့ သဘောထား ရပ်တည်ချက်တွေနဲ့ ပတ်သက်လို့ခင်ဗျား အားတက် မိပါသလား၊၊
ဖြေ၊၊ အားတက်မိပါတယ်၊ လွန်ခဲ့တဲ့ ခြောက်နှစ်တုံးက အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ဟာ ခြေကုန် လက်ပမ်း ကျပြီး နိုင်ငံရေး ပါတီတခု လို့တောင် မပြောနိုင်တော့ဘူး ဆိုတဲ့ ဝေဖန်သံတွေကို ရှင်တို့လည်း ကြားမိမှာပါ၊ ဒါကို မှန်တယ်လို့ ကျမ မထင်ပါဘူး၊ လွန်ခဲ့တဲ့ ခြောက်နှစ် ကာလ အတွင်းမှာ ကန့်သတ် ချုပ်ချယ်မှု အမျိုးမျိုးကြောင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ဟာ တော်တော်လေး အားနည်း သွားခဲ့တာတော့ မှန်ပါတယ်၊၊ ဒါပေမယ့် ကျမတို့ ဒီနေ့အထိ လူထု ထောက်ခံမှုကို ရရှိနေပါတယ်၊၊
မေး၊၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အရင်က ရရှိခဲ့တဲ့ ထောက်ခံမှု ရေချိန်မျိုး အခု ရနေပါသလား၊၊
ဖြေ၊၊ အရင်ကလို ဗြောင်ကျတဲ့ ထောက်ခံမှုမျိုးတော့ မဟုတ်တော့ပါဘူး၊ ကျမတို့ အဖွဲ့ဝင် အများအပြားဟာ ထုတ်ပယ် ခံခဲ့ကြရပါတယ်၊ ကျမ ကိုယ်တိုင်လည်းပဲ ထုတ်ပယ် ခံခဲ့ရပါတယ်၊၊ တချို့ကတော့ ကြောက်လို့ ထွက်သွား ကြတာပါ၊၊ မကွယ်မဝှက် ပြောရရင် ရွေးကောက်ပွဲ မတိုင်မီက လောက်တော့ ထောက်ခံမှု မများတော့ဘူးလို့ ပြောနိုင် ပါတယ်၊၊ ဒါပေမယ့် ဒီကနေ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ပါတီ တခု အနေနဲ့ မဟုတ်ဘဲ၊ ဒီမိုကရေစီ လှုပ်ရှားမှုကြီး အဖြစ်နဲ့ လူထုကြားမှာ ထောက်ခံမှု ရနေဆဲဖြစ်ပါတယ်၊၊ ၁၉၉ဝ မတိုင်မီကထက် လူထု ထောက်ခံမှု ပိုရနေပါတယ်၊၊
မေး၊၊ အနာဂတ်မှာ ဘယ်လို ဆုံးဖြတ်ချက်မျိုးကို ခင်ဗျားတို့ လက်ခံသည်ဖြစ်စေ၊ စစ်တပ်ဟာ တခန်း တကဏ္ဍ ကနေ ပါဝင်သင့်တယ် လို့ ခင်ဗျား ယူဆပါသလား၊၊
ဖြေ၊၊ စစ်တပ်ဟာ နိုင်ငံအတွက် တခန်းတကဏ္ဍ ကနေ မလွဲမသွေ ပါဝင်ရမှာပါ၊ ကိစ္စ အားလုံး ပြေလည် သွားပြီးရင် ကျမတို့ ‘တပ်မတော်’ တရပ် လိုအပ်ပါတယ်၊၊
မေး၊၊ နိုင်ငံရေးအခန်းကနေ ပါဝင်မယ် ဆိုရင်ရော၊၊
ဖြေ၊၊ ဒီကိစ္စကို လူထုက ဆုံးဖြတ်မှာပါ၊၊ နိုင်ငံအတွင်းမှာ ဘယ်အင်အားစုကို ဘယ်လို တာဝန်မျိုး ပေးချင်တယ် ဆိုတဲ့ ကိစ္စကို ဆုံးဖြတ်ရမှာက လူထု ဖြစ်ပါတယ်၊၊
မေး၊၊ စစ်တပ်ဟာ ဘယ်လို အခန်းကဏ္ဍ ကနေ ပါဝင် သင့်တယ်လို့ ထင်ပါသလဲ၊၊ ခင်ဗျားရဲ့ ပုဂ္ဂလိက အမြင်ကို သိပါရစေ၊၊
ဖြေ၊၊ ကျမအမြင်ကို ကျမအမြဲပဲ ပြောပါတယ်၊ စစ်တပ်ကို ဂုဏ်သိက္ခာရှိတဲ့ တပ်မတော် တရပ် ဖြစ်စေချင်ပါတယ်၊၊ ဘာကြောင့်လဲ ဆိုတော့ ဂုဏ်သိက္ခာရှိတဲ့ တပ်မတော် ဖြစ်မှသာ မိမိ အကျိုးစီးပွားနဲ့ အတူ တိုင်းပြည် အကျိုး စီးပွားကိုလည်း ကာကွယ်နိုင်မှာ ဖြစ်လို့ပဲ၊၊ ဒါပေမယ့် တကယ် အရေးကြီးတဲ့ အချက်က စစ်တပ်ရဲ့ အခန်းကဏ္ဍကို လူထုက ဘယ်လို ရှုမြင်သလဲ ဆိုတာပါပဲ၊၊ နိဂုံးချုပ်ပြီး ပြောရရင် ဘယ်အဖွဲ့ အစည်းကို ဘယ် အခန်းကဏ္ဍမှာ တာဝန်ပေးပေး၊ လူထုရဲ့ အတည်ပြုချက် ရှိမှသာ အဲဒီ အဖွဲ့အစည်းဟာ ရေရှည် ရပ်တည် ရှင်သန်နိုင်မှာ ဖြစ်ပါတယ်၊၊
မေး၊၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲ နေတဲ့ အမျိုးသား ညီလာခံကို ခင်ဗျား ဝေဖန်ခဲ့တာ တွေ့ရပါတယ်၊၊ ဖွဲ့စည်းပုံ ရေးဆွဲနေမှု အခြေအနေဟာ လက်ရှိ အနေအထားရ လမ်းကြောင်းမှန်ပေါ်မှာ ရှိပါသလား၊၊
ဖြေ၊၊ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ မူကြမ်းဟာ တကယ့်ကို ဒီမိုကရေစီဆီ ဦးတည်မှု မရှိပါဘူး၊၊ ဒါကြောင့် သူတို့ အနေနဲ့ ဆွေးနွေးပွဲ တံခါးကို ဖွင့်ပေး သင့်တယ်လို့ ကျမထင်ပါတယ်၊၊
မေး၊၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေမှာ ခင်ဗျားအနေနဲ့ ဘယ်လို အခြေခံ စည်းမျဉ်းတွေ ပါဝင်တာ မြင်လို ပါသလဲ၊၊
ဖြေ၊၊ စစ်မှန်တဲ့ဒီမိုကရေစီ အစိုးရတိုင်း အတွက် အခြေခံ စည်းမျဉ်းကတော့ ‘တိုင်းပြည်ရဲ့ ဦးစီး ပဲ့ကိုင် နေရာမှာ ဘယ်သူ့ကို တာဝန် ယူစေချင်သလဲ’ ဆိုတဲ့ အချက်နဲ့ ပတ်သက်လို့ လူထုမှာ ဆုံးဖြတ်ပိုင်ခွင့် ရှိသင့်တယ်၊ ဘယ်အချိန်မှာ သူတို့ကို ဖယ်ရှားမှာလဲ ဆိုတာလည်း လူထုက ဆုံးဖြတ်ပေးရမှာ ဖြစ်တယ်၊၊ စစ်မှန်တဲ့ ဒီမို ကရေစီ အစိုးရ တိုင်းမှာ လူထုက အပ်နှင်းတဲ့ အခွင့်အာဏာ (Mandate) ရှိရမယ်၊ ဒီအခွင့် အာဏာကို လူထုက အပ်နှင်းကြောင်း အာမခံနိုင်တဲ့ လူအများ လက်ခံတဲ့ အဖွဲ့အစည်းတွေလည်း ရှိရမှာဖြစ်တယ်၊၊
မေး၊၊ အခုခင်ဗျားလွတ်မြောက်လာပြီ ဆိုတော့ နိုင်ငံတကာ မိသားစုက မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဘယ်လို ရပ်တည် ပေးစေ ချင်ပါသလဲ၊၊
ဖြေ၊၊ ပထမဦးဆုံးအနေနဲ့ တခြား နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက် စေချင်ပါတယ်၊၊ လွန်ခဲ့တဲ့ သီတင်း သုံးပတ်အတွင်းမှ ကျမဟာ တဦးတည်းသော လွတ်မြောက်လာသူ ဖြစ်ပါတယ်၊၊ တခြား ဖမ်းဆီး ထိန်းသိမ်း ခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အမြောက် အမြား ကျန်နေပါ သေးတယ်၊၊ ဒုတိယ အနေနဲ့ တွေ့ဆုံ ဆွေးနွေးရေး၊ ညှိနှိုင်း အဖြေရှာရေး ဖြစ်မြောက်ဖို့ တိုက်တွန်း ချင်ပါတယ်၊၊ ဒါဟာ မြန်မာပြည် တခုတည်း အတွက် သက်သက်တင် မကပါဘူး၊ ‘ပြဿနာတွေကို ညှိနှိုင်းဆွေးနွေး အဖြေရှာနိုင်တယ်’ ဆိုတဲ့ ‘နိုင်ငံတကာ ကျင့်ဝတ်နှုန်းစံ’ တရပ် စိုက်ထူဖို့လည်း ဖြစ်ပါတယ်၊၊ အကယ်၍သာ ပြဿနာတွေကို အနိုင်အထက် ဖြေရှင်းတာမျိုး မဟုတ်ဘဲ၊ လူသား အချင်းချင်း အတူထိုင်ပြီး ဆွေးနွေး ညှိနှိုင်း အဖြေရှာကြတာ ဆိုတဲ့ ထုံးတမ်း အစဉ်အလာ တခု ချပေးနိုင်ခဲ့ရင် ဒါဟာ နိုင်ငံတိုင်း အတွက် အကျိုးကျေးဇူး ရှိမယ်လို့ ယူဆပါတယ်၊၊
မေး၊၊ ကူညီဖို့ ခြေလှမ်းပြင်နေတဲ့ နိုင်ငံတွေနဲ့ ရင်းနှီးမြှုပ်နှံ လိုသူတွေကို “ဆန္ဒမစောကြဖို့ အလျင်မလို ကြဖို့” ခင်ဗျား သတင်းပါး ချင်ပါသလား၊၊
ဖြေ၊၊ သိပ်အလျင်မလိုကြပါနဲ့ဦး၊ စကားပြောနိုင်မယ့် ညှိနှိုင်း ဆွေးနွေးနိုင်မယ့် ရေခံ မြေခံ ပတ်ဝန်းကျင်ကလေး ဖြစ်လာအောင် ဝိုင်းဝန်း တိုက်တွန်းပေးကြဖို့ မေတ္တာ ရပ်ခံ ချင်ပါတယ်၊၊
မေး၊၊ တကယ်လို့ စစ်အာဏာပိုင်တွေက ခင်ဗျားကို လျစ်လျူ ပြုထားမယ် ဆိုရင် ခင်ဗျား ဘာဆက်လုပ်မလဲ၊၊ သူတို့က ခင်ဗျားကို သတင်းစာနဲ့ စကားပြောခွင့် ပေးမယ်၊ လူထုနဲ့ စကားပြောခွင့် ပေးမယ်၊ ဒါပေမယ့် သူတို့ကတော့ ဘာမျှ မလုပ်ဘဲ နေမယ် ဆိုရင်ပေါ့၊၊
ဖြေ၊၊ သူတို့ရှိရာကို ကျမတို့ သွားတဲ့အခါ တံတားတွေတော့ ဖြတ်ကျော်ရမှာပေါ့၊၊
မေး၊၊ စိတ်ပျက်စရာတွေ အတွက်ရော ကြိုပြင် ထားပါသလား၊၊
ဖြေ၊၊ သေသေချာချာပြင်ထားပါတယ်၊၊ ဒါပေမယ့် ကျမတို့က ကျမတို့ရဲ့ နည်းဗျူဟာ အားလုံးကိုတော့ ဘယ် ချပြပါ့မလဲ၊၊ ဒီလို အချိန်မျိုးမှာ ကျမတို့ရဲ့ ဖဲချပ် အားလုံးကို စားပွဲပေါ်မှာ ဘယ်ခင်းပြမှာလဲ၊၊
မေး၊၊ ခင်ဗျား အဆုံးစွန်အထိ ပြင်ဆင်ထားပြီးပြီပေါ့၊၊
ဖြေ၊၊ “အကောင်းဆုံးကို မျှော်လင့်ပြီး၊ အဆိုးဆုံး အတွက် ပြင်ဆင်ထား” ဆိုတာ ကျမဖေဖေရဲ့ လက်သုံး စကားပဲ၊ ကျမ အမြဲတမ်း အဲဒီ အဆိုအမိန့် အတိုင်း နေထိုင်ပါတယ်၊၊
မေး၊၊ ခင်ဗျားအနေနဲ့ ကိုယ်တိုင် ‘သမ္မတ’ သို့မဟုတ် ‘ဝန်ကြီးချုပ်’အဖြစ် တာဝန်ယူပြီး တိုင်းပြည် အရေး ကိစ္စကို စီမံ ကွပ်ကဲဖို့ပြင်ဆင် ထားပါသလား၊၊
ဖြေ၊၊ ဒီမိုကရက်တစ်ပါတီ တခုမှာ အဖွဲ့ဝင်တဦး ဖြစ်ခွင့်ရတဲ့ အားသာချက်က၊ ရှင့်ကိုယ်ရှင် တသီးတသန့် ပုဂ္ဂိုလ် အဖြစ် အဲဒီလို ရာထူးရာခံမျိုး အတွက် ကြိုတင် ပြင်ဆင်တာမျိုး လုပ်စရာ မလိုပါဘူး၊၊ ဘာကြောင့်လဲ ဆိုတော့ ရှင်ဟာ အာဏာရှင် တယောက် ဖြစ်လာအောင် လုပ်မှာ မဟုတ်လို့ဘဲ၊၊ ရှင်ဟာ အဖွဲ့ အစည်း တရပ်ရဲ့ အစိပ်အပိုင်း တခုအဖြစ် တာဝန်ယူ ဆောင်ရွက် နေရလို့ပဲ၊၊ ပြီးတော့ ကျမတို့မှာ ကောင်းမွန်တဲ့ အဖွဲ့တခု ရှိနေပါတယ်၊၊ ဒါကြောင့် သီးသန့်ရာထူး တခုခု အတွက် ပြင်ဆင်ဖို့ ကျမ စဉ်းစားမှာ မဟုတ်ပါဘူး၊၊ ကျမတို့မှာ တိုင်းပြည်က ယုံကြည် အားထားတဲ့ အဖွဲ့အစည်း တရပ် ရှိနေလို့ ပါပဲ၊၊ လူထုက ပေးအပ်တဲ့ ဘယ်လို တာဝန်မျိုးကို မဆို ထမ်းရွက်နိုင်တဲ့ အရည်အချင်း ကျမတို့ အဖွဲ့မှာ ရှိပါတယ်၊၊
မေး၊၊ တိုင်းရင်းသား အစုအဖွဲ့တွေကို ဆွေးနွေးရေး စားပွဲဝိုင်းဆီ ရောက်အောင် ခေါ်ဖို့ စစ်ခေါင်းဆောင် တွေဟာ လမ်းကြောင်း အမှန်ပေါ် မှာ ရှိပါရဲ့လား၊၊
ဖြေ၊၊ အပစ်အခတ်ရပ်ရေးဆိုတာ ကောင်းတဲ့ စဉ်းစားချက် ပါပဲ၊၊ အပစ်ရပ်ရေး လုပ်ရခြင်းဟာ လူသားတွေရဲ့ ဆင်းရဲ ဒုက္ခ ခံစားရမှုကို အတိုင်းအတာ တခုအထိ ဖေါ်ပြ လိုက်တာ ဖြစ်ပါတယ်၊၊ ဒါပေမယ့် ဒါဟာ အမြဲတမ်း ငြိမ်းချမ်းရေး အတွက် ဖြေရှင်းချက် မဟုတ်ပါဘူး၊၊ လူတိုင်း ဝန်ခံရမယ့် အချက်က အပစ်ရပ်တာဟာ အပစ်ရပ်တာ သက်သက်ပါပဲ၊၊ ငြိမ်းချမ်းရေး ရတာ မဟုတ်ပါဘူး၊၊ အပစ်ရပ်တာဟာ ငြိမ်းချမ်းဖို့ အတွက် ဆောင်ရွက်ရမယ့် အဆင့် တဆင့်ပါပဲ၊၊ ကျမတို့ အနေနဲ့ တကယ့် ငြိမ်းချမ်းရေး ရရှိရေး အတွက် ဆက်ပြီး လုပ်ကြရမှာ ဖြစ်ပါတယ်၊၊ ကျမတို့ အလေးအနက်မျှော်လင့် တာက အပစ်အခတ် ရပ်စဲရေး သဘော တူညီမှုတွေကို မချိုးဖေါက် ကြဖို့၊ အရင်က အခြေအနေဆိုးဆီ ပြန်မရောက်ဖို့ပါပဲ၊၊
မေး၊၊ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ပြဿနာကို ခင်ဗျားသာ ဆိုရင် ဘယ်လို ကိုင်တွယ် ဖြေရှင်းမလဲ၊ အထူးသဖြင့် ထိုင်းမြန်မာ နယ်စပ် တလျောက်က ပြဿနာတွေ ဆိုပါတော့၊၊
ဖြေ၊၊ နောက်ဆုံးမှာတော့ တွေ့ဆုံ ဆွေးနွေး အဖြေရှာ ကြရမှာပါပဲ၊၊ သူတို့ စကားပြော ကြရမှာပါ၊၊ ပဋိက္ခကို ဖြေရှင်းဖို့က နည်းလမ်း နှစ်ခုပဲ ရှိပါတယ်၊ တဦးနဲ့တဦး အပြန်အလှန် ပစ်ကြ ခတ်ကြ မှာလား၊ ဆွေးနွေး ကြမှာလား၊ ကျမကတော့ တွေ့ဆုံ ဆွေးနွေးတာကို ပိုပြီး သဘောကျပါတယ်၊၊
မေး၊၊ စစ်မှန်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံကို အမှန်တကယ် ထူထောင်မယ် ဆိုရင် ဘယ်လို လျော်ကန် သင့်မြတ်တဲ့ မူဘောင် ချရမှာလဲ၊၊
ဖြေ၊၊ ပထမဦးဆုံး ‘ယုံကြည်မှုပတ်ဝန်းကျင်’ တခု တည်ဆောက် ကြရမှာပါ၊၊ ဒီ ‘ယုံကြည်မှု’ဟာ မြန်မာနိုင်ငံမှာ ကွယ်ပျောက် နေတဲ့ အရာ ဖြစ်ပါတယ်၊၊ ယုံကြည်မှု ပတ်ဝန်းကျင် တခု မတည်ဆောက် နိုင်သေးသမျှ ‘ထိရောက်မှု ရှိတဲ့ ဆွေးနွေးပွဲ’ မျိုး ကျမတို့ စတင်နိုင်မှာ မဟုတ်ပါဘူး၊၊ ဆွေးနွေးရေး စားပွဲမှာ ဝိုင်းထိုင်လိုက်ဖို့ ဆိုတာ ကတော့ လွယ်ပါတယ်၊၊ ဒါပေမယ့် လူတိုင်းက တဦးအပေါ် တဦး သံသယတွေ ပွားနေကြရင် အများ လက်ခံနိုင်တဲ့ သဘောတူညီမှု တခု ရရှိအောင် ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး၊၊ ဒါကြောင့် တိုင်းရင်းသားတွေ ယုံကြည် စိတ်ချနိုင်တဲ့ အစိုးရ တရပ် ရှိတယ်ဆိုတာ ကျမတို့ အနေနဲ့ ပြသဖို့လိုပါတယ်၊၊ အဲဒီ အစိုးရဟာ တိုင်းရင်းသား များရဲ့ မျှော်မှန်း ချက်တွေနဲ့ ပြဿနာတွေကို စာနာ ထောက်ထား ကြောင်းလည်း ပြသရ ပါလိမ့်မယ်၊၊ ပြဿနာကို အဲဒီကနေ စပြီး ကိုင်တွယ်ရမယ် ထင်ပါတယ်၊၊ တချို့ တိုင်းရင်းသား အင်အားစုတွေ အနေနဲ့ ‘ထိရောက်မှုရှိတဲ့ ဆွေးနွေးပွဲ’ တွေမစတင်မီ သူတို့ ဖြစ်စေချင်တဲ့ မူဘောင် ဆိုင်ရာ အကြံပြုစရာတွေ ရှိပြီး ဖြစ်နိုင်ပါတယ်၊၊ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ မူဘောင် တခု ရရှိဖို့အတွက် ညိနှိုင်း ဆွေးနွေးကြမယ် ဆိုရင်လည်း ဖြစ်နိုင်ပါတယ်၊၊
မေး၊၊ စစ်ခေါင်းဆောင်များနဲ့ ဆွေးနွေးတဲ့အခါ တိုင်းရင်းသား လူမျိုးစုများရဲ့ ပြဿနာကို ဦးစားပေး ကိစ္စ အဖြစ် ခင်ဗျား သဘောထား နိုင်ပါမည်လား၊၊
ဖြေ၊၊ ပထမဆုံးလုပ်ရမှာက အပြန်အလှန် စကားစတင် ပြောနိုင်ကြဖို့ ဖြစ်ပါတယ်၊၊ အဲဒီနောက်မှာ အမှန်အတိုင်း ပြောရရင်၊ ဆွေးနွေးပွဲမှာ တိုင်းရင်းသားတွေ ပါဝင်လာဖို့ ဖြစ်ပါတယ်၊၊ တိုင်းရင်းသားတွေ မပါဝင်ခဲ့ရင် အရှည် တည်တန့် တဲ့ငြိမ်းချမ်းရေးကို ကျမတို့ မရနိုင်ပါဘူး၊၊ ဒါကြောင့် ဆွေးနွေးပွဲမှာ တိုင်းရင်းသားတွေ မုချ ပါဝင်ရမှာပါ၊၊
မေး၊၊ စစ်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးတဲ့အခါ ဘယ် ကိစ္စတွေကို ဦးစားပေး ဆွေးနွေး မှာလဲ၊၊
ဖြေ၊၊ ဒါကတော့ ဆွေးနွေးပွဲ ဘယ်အချိန်မှာ စဖြစ်မလဲ ဆိုတဲ့ အပေါ်မှာ တည်ပါတယ်၊၊
မေး၊၊ တကယ်လို့ နောက် သီတင်းပတ်မှာ ဆွေးနွေးမယ် ဆိုရင်ရော၊၊
ဖြေ၊၊ နောက် သီတင်းပတ်မှာ စမယ်ဆိုရင်၊ နိုင်ငံရေး အကျဉ်းသားတွေ အရင်ဆုံး လွှတ်ပေးဖို့ တောင်းဆို ရမှာပဲ၊၊
မေး၊၊ နေအိမ်မှာ ခြောက်နှစ် ထိန်းသိမ်းခံရတဲ့ အတွက် စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိခဲ့ ပါသလား၊၊
ဖြေ၊၊ အိမ်မှာချုပ်နှောင်ထားတာနဲ့ ပတ်သက်မှု မရှိဘူးလို့ ပြောရင်လည်း ရပါတယ်၊ ရုပ်ပိုင်းဆိုင်ရာ အရ ပြောရရင် ကျမလည်ပင်းမှာ ပြဿနာ ရှိပါတယ်၊ ဘာကြာင့်လဲ ဆိုတော့ အချိန် အများစုမှာ ကျမက စာဖတ် နေတာကိုး၊၊ စိတ်ပိုင်း ဆိုင်ရာ ခံစားမှုအရ ပြောရရင် ချုပ်နှောင်ထားတဲ့ အတွက် စိတ်ဓါတ် ပိုပြီးကြံ့ခိုင် လာတယ်လို့ ထင်ပါတယ်၊၊ ဒါဟာ လွန်ခဲ့တဲ့ ခြောက်နှစ် အတွင်း ထောင်ထဲမှာ နေခဲ့ရတဲ့ ကျမတို့ အားလုံးရဲ့ တွေ့ရှိချက် ပါပဲ၊၊ စိတ်ဓါတ်ကျတဲ့လူ မဆိုစလောက် ရှိပေမယ့် ကျမတို့ အများစုကြီး ကတော့ စိတ်ဓါတ် ပိုမိုခိုင်မာ ပြတ်သား လာပါတယ်၊၊ ကျမတို့ ဆက်လက် ရှင်သန် သွားနိုင်ရေး အတွက် ခွန်အားတွေ ရရှိခဲ့ပါတယ်၊၊ ဒီအတွက် စစ်အာဏာပိုင်များ ကိုတောင် ကျမတို့ ကျေးဇူး တင်ရပါလိမ့်မယ်၊၊
မေး၊၊ ခင်ဗျားမိသားစုနဲ့ ဝေးကွာနေရတဲ့ အတွက် ခင်ဗျားရဲ့ သန္နိဋ္ဌာန်ကို ယိမ်းယိုင် စေပါသလား၊၊
ဖြေ၊၊ မယိမ်းယိုင်ပါဘူး၊ မိသားစုကြောင့် ကျမရဲ့ သန္နိဋ္ဌာန် ယိမ်းယိုင် မသွားခဲ့ပါဘူး၊ တခုတော့ ဝန်ခံ ရမှာပေါ့လေ မိသားစု အကြောင်း သိပ်မတွေး ဖြစ်အောင်တော့ လေ့ကျင့် ရတာပေါ့၊၊ ဒီကိစ္စက ကိုယ်လည်း ဘာမှ တတ်နိုင်တဲ့ ကိစ္စ မဟုတ်ဘူးလေ။ ကိုယ်မလုပ်နိုင်တဲ့ ကိစ္စကို မစဉ်းစားမိဖို့ ဆိုတာ ကျမရဲ့ စည်းကမ်း သတ်မှတ်ချက် တခုပါ၊၊
မေး၊၊ နေအိမ်အကျယ်ချုပ် ကာလ ဘယ်လောက်ကြာမယ် ဆိုတာ ၊ ခင်ဗျား လုံးဝ ခန့်မှန်း ကြည့်လို့ မရဘူးလား၊၊
ဖြေ၊၊ ခန့်မှန်းမရပါဘူး၊၊ စပြောတုံးက တနှစ်လို့ ပြောတယ်၊ နောက်တော့ သုံးနှစ်လို့ ပြောပြန်တယ်၊ နောက်တော့ သူတို့ ဥပဒေရဲ့ အနက်ဖွင့် ဆိုချက်က ခြောက်နှစ်လို့ ဖြစ်ပြန်ရော၊၊ ဒီနောက်တော့ ကျမလည်း အချိန် သတ်မှတ်ချက် မထားတော့ဘူး၊ ကြာချင်သလောက် ကြာပါစေ ကျမ ရင်ဆိုင်သွားမယ်လို့ သန္နိဋ္ဌာန် ချလိုက်တယ်၊၊
မေး၊၊ ခင်ဗျားရဲ့ နေ့စဉ် ဘဝ နေထိုင်မှုကို သိပါရစေ၊၊
ဖြေ၊၊ မနက် ၄ နာရီခွဲမှာ အိပ်ယာထတယ်၊ တနာရီလောက် တရားထိုင်တယ်၊ ပြီးရင် နာရီ အနည်းငယ် ရေဒီယို နားထောင်ပါတယ်၊ အသံ လွှင့်ရုံတွေ ကတော့ အမျိုးမျိုးပေါ့၊ ဘီဘီစီ နိုင်ငံတကာ အစီအစဉ်၊ ဗွီအိုအေ မြန်မာပိုင်း၊ ဒီမိုကရက်တစ် မြန်မာ့အသံ တို့လို ရေဒီယိုတွေကို နားထောင်ပါတယ်၊၊ ဒီနည်းနဲ့ ပြင်ပကမ္ဘာမှာ ဘာတွေ ဖြစ်နေသလဲ ဆိုတာကို ပြည့်ပြည့်စုံစုံ သိရပြီးတဲ့ နောက် ကျမရဲ့ တနေ့တာကို စတင်ခဲ့တယ် ဆိုပါတော့၊၊ ကျန်တဲ့ အချိန်တွေ ကိုတော့ စာဖတ်တာရယ် အိမ်မှု ကိစ္စတွေရယ် အချိန်မျှပြီး လုပ်ပါတယ်၊၊ ဒီအတိုင်း ကျမ အသားကျ နေပါပြီ၊၊
မေး၊၊ နေအိမ်အကျယ်ချုပ် ကာလမှာ အဆိုးဆုံးလို့ ဆိုရမယ့် ဘဝ အစိပ်အပိုင်းကို သိပါရစေ၊၊
ဖြေ၊၊ ကျမရဲ့ လုပ်ဖေါ်ကိုင်ဖက်တွေ နေထိုင်မှ ကောင်းကြရဲ့လား၊ သူတို့ မိသားစုတွေ ဘယ်လိုများ နေကြပါလိမ့် စသဖြင့် စိုးရိမ် ပူပန်နေရတဲ့ အချိန်တွေပါပဲ၊၊
မေး၊၊ အကောင်းဆုံးလို့ ဆိုရမယ့် အပိုင်းလည်း သိပါရစေ၊၊
ဖြေ၊၊ အကောင်းဆုံးလို့ ပြောရမယ့် အပိုင်းကတော့ စာဖတ်ချိန် အများကြီး ရခဲ့တာပါပဲ၊၊
မေး၊၊ ခြောက်နှစ်အတွင်းမှာ စာတွေ လက်ခံ ရရှိတာရော ရှိပါသလား၊၊
ဖြေ၊၊ အစပိုင်းမှာတော့ ကျမမိသားစု ဆီက စာတွေကို သူတို့ ခွင့်ပြုလို့ ရရှိခဲ့ ပါတယ်၊၊ ၁၉၉ဝ ဇူလိုင်(၂ဝ) နောက်ပိုင်း ကျတော့ ကျမရဲ့ အကျယ်ချုပ် ကာလကို တိုးမြှင့် လိုက်ပါတယ်၊၊ ဒါဟာ ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်ကို သူတို့ လေးစားမှု မရှိကြောင်း ပြလိုက်တာလည်း ဖြစ်ပါတယ်၊၊ အဲဒီနောက်မှာ ကျမ မိသားစုဆီက စာနဲ့ ပစ္စည်းတွေ မရတော့ပါဘူး၊၊
မေး၊၊ အချိန်မရွေး အန္တရာယ် ကျရောက်လာနိုင်တယ်လို့ ခံစားခဲ့ရ ပါသလား၊၊
ဖြေ၊၊ မခံစားခဲ့ရပါဘူး၊ ကျမ စိုးရိမ်သောက မဖြစ်ခဲ့ဘူးလို့ဘဲ ပြောပါရစေ၊ ပကတိ အရှိအတိုင်း ပြောရရင် ကျမရဲ့ လုံခြုံရေးက တည်းတည်းကလေး လို့ ပြောရမယ့် အနေအထား ဆိုတာ၊ ကျမ သတိ ပြုမိပါတယ်၊၊ သူတို့ ကျမကို အချိန်မရွေး ကြိုက်သလို လုပ်နိုင်ပါတယ်၊၊ ကျမအတွက် အကြီးမားဆုံး အကာအကွယ် ကတော့ ပြည်သူ လူထုရဲ့ မေတ္တာနဲ့ ထောက်ခံမှုပဲ ဖြစ်ပါတယ်၊၊ နိုင်ငံတကာ မိသားစုရဲ့ အကာအကွယ် ပေးမှုလည်း ရပါတယ်၊၊ ဒါပေမယ့် အချုပ်အားဖြင့် ပြောရရင် မြန်မာနိုင်ငံ ပြည်သူလူထုရဲ့ မေတ္တာနဲ့ ထောက်ခံမှု၊ ကျမဖခင် အပေါ်မှာ ထားရှိတဲ့ လူထုရဲ့ လေးစား ချစ်ခင်မှုများဟာ ကျမအတွက် အကောင်းဆုံး ကာကွယ် စောင့်ရှောက်မှု ဖြစ်ခဲ့ပါတယ်၊၊
မေး၊၊ ရန်ကုန်မြို့ တခွင်မှာ သွားရ လာရတာ ကရော လုံခြုံမှု ရှိတယ်လို့ ခံစား မိပါသလား၊၊
ဖြေ၊၊ တကယ်ပဲ ကျမ လုံခြုံမှု ရှိရဲ့လား ဆိုတာ၊ စဉ်းစားတော့ နေမိတာပဲ၊ ဒါပေမယ့် ကျမလည်း မပြောတတ်ဘူး၊ ကျမ လုံခြုံရေးကို ကျမကိုယ်တိုင်မှ အာမ မခံနိုင်တာပဲ၊၊
မေး၊၊ ‘အဂတိလိုက်စား အကျင့်ဖေါက်ပြားမှု’ ဖြစ်စေတာ ‘အာဏာ’ကြောင့် မဟုတ်၊ ‘အာဏာကို လက်လွှတ် ဆုံးရှုံးရမှာ ကြောက်ရွံ့ ခြင်း’ ကြောင့် ဖြစ်တယ်လို့ ခင်ဗျားရေးတဲ့ ‘ကြောက်ရွံ့ ခြင်းမှ ကင်းလွတ်ရေး’ စာအုပ်မှာ ရေးထားတာ တွေ့ရပါတယ်။ ခင်ဗျားကိုယ်တိုင်ရော မျက်မှောက်ကာလမှာ ဘာကို ကြောက်ရွံ့ပါသလဲ၊၊
ဖြေ၊၊ ကျမအပေါ်မှာ ယုံကြည် အားထား နေကြတဲ့ ပြည်သူလူထုကို၊ ကျမက စိတ်ပျက်အောင် လုပ်မိမှာ အကြောက်ဆုံး ပါပဲ၊၊ လူထုကို စိတ်ပျက်အောင် လုပ်မိမှာထက်၊ ကျမကိုယ်တိုင်က အရည်အချင်း ကျဆင်းသွားတာ ဖြစ်ဖို့က ပိုများပါတယ်၊၊ သူတို့ ဖြစ်ချင်တဲ့ အရာတိုင်းကို ကျမအနေနဲ့ လုပ်မပေးနိုင်ပေမယ့်၊ သူတို့ စိတ်ပျက် အောင်တော့ ကျမ လုပ်မှာ မဟုတ်ပါဘူး၊၊ ဒါပေမယ့် သူတို့ကို တခုခု လုပ်ပေးမယ်လို့ ကျမ ကတိ ပေးထားတာတော့ မရှိသေးပါဘူး၊၊ ကျမ အကောင်းဆုံး ကြိုးပမ်း ဆောင်ရွက်ပါ့မယ်လို့  ရိုးရိုးသားသား ပြောထားတာပဲ ရှိပါတယ်၊၊
မေး၊၊ လူထုရဲ့ မျှော်မှန်းချက်တွေကို အကောင်အထည် ဖေါ် မပေးနိုင်မှာ ခင်ဗျား စိုးရိမ် နေပါသလား၊၊
ဖြေ၊၊ မစိုးရိမ်ပါဘူး၊ ဒီအတွက် စိုးရိမ်စရာ အကြောင်း တစုံတရာ မရှိဘူးလို့ ကျမ ထင်ပါတယ်၊၊ ကျမ အကောင်းဆုံး ကြိုးပမ်းဆောင် ရွက်သွားမှာပါ၊၊ လူပုဂ္ဂိုလ် တဦးတယောက် အတွက် လူထုကို ပြင်းပြတဲ့ ခံစားချက် ဖြစ်ပေါ်လာအောင် အားပေးတာမျိုး မလုပ်သင့်ဘူးလို့ ကျမထင်တယ်၊၊ ဒီလို ခံစားချက်မျိုး ကြီးမားလာအောင် မလုပ်ဖို့ ကျမ အမြဲပြောပါတယ်။ ဒီလိုလုပ်တာဟာ ဒီမိုကရေစီ အကျိုးစီးပွားနဲ့ ဖီလာ ဖြစ်ပါတယ်၊၊
မေး၊၊ ခင်ဗျား အပြင်ထွက်ပြီး လူထုနဲ့ တွေ့တဲ့အခါ သူတို့ကို ဘယ်လို စကားလက်ဆောင် ပါးပါသလဲ၊၊
ဖြေ၊၊ သူတို့ရဲ့ အားပေး ထောက်ခံမှုကို လိုချင်တဲ့ အကြောင်း ပြောပါတယ်၊၊ သူတို့ရဲ့ ထောက်ခံ အားပေးမှုနဲ့ သူတို့ မျှော်မှန်းတဲ့ ပန်းတိုင်ကို ရောက်အောင် ကျမ သွားနိုင်လိမ့်မယ်လို့ ယုံကြည်တဲ့ အကြောင်း သူတို့ကို ပြောဖြစ် ပါတယ်၊၊ လူထုရဲ့ ထောက်ခံမှုကိုသာ မရရင် မျှော်မှန်းချက် အတိုင်း ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး၊၊
Ref: ဂျိုးလင်းပြာ
BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88