Friday, November 5, 2010

ဒုတိယပင်လုံညီလာခံက အားလုံးကို ကြိုဆိုပါသည်

ဦးဝင်းတင်နဲ့ မေးခွန်းများ


မိုးမခ
နိုဝင်ဘာ ၄၊ ၂၀၁၀
ဒုတိယပင်လုံညီလာခံမှာ ဘာတွေလုပ်ကြမှာလဲ


စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးတခုကို ထူထောင်နိုင်ဖို့အတွက် ဒို့က ပြောချင်တာကတော့ အခုဖြစ်နေတဲ့ ရွေးကောက်ပွဲနဲ့ မဆိုင်ဘူး၊ အချိန်ယူပြီး ပြင်ဆင်ကြရမယ့် ကိစ္စဖြစ်တယ်ဆိုတာကို သိရှိစေချင်တယ်။

တိုင်းရင်းသားတွေအားလုံးနဲ့ ဆိုင်တဲ့ တန်းတူညီမျှခွင့်ဆိုတာ ဘာလဲ … ဒါကို စာတမ်းတွေ တင်ကြ ရမှာပေါ့။ ဥပမာ ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ခဲ့တဲ့ နေသူရိန် အစည်းအဝေးတို့၊ အလယ်ပစ္စယံ ညီလာခံတို့ စသည်တို့မှာ လွတ်လပ်ရေးနဲ့ ပတ်သက်ပြီး အဆိုတင်တယ်။ သဘောထားတွေ တင်ပြတယ်။ အဲသည်လိုမျိုးပေါ့။ တိုင်းရင်းသားတွေနဲ့ ပတ်သက်တာတွေ၊ တပ်မတော်နဲ့ ပတ်သက်တာတွေနဲ့ ပတ်သက်ပြီးတော့ တက်ရောက်ကြသူတွေက ပြောကြ၊ အဆိုတင်ကြ၊ ဆွေးနွေးကြတဲ့ နေရာမှာ မှားသည်၊ မှန်သည်၊ ပြည့်စုံသည်၊ လိုအပ်သည် မည်သို့ဖြစ်စေ သဘောထားတွေအနေနဲ့ တင်ကြရမှာပဲ။ အဲဒါကို ဆွေးနွေးပြီးတော့ အဆိုအနေနဲ့ တင်သွင်းကြရမှာ ဖြစ်တယ်။ အဲသည် အဆိုတွေကို ထောက်ခံမှုတွေရအောင် ပြင်ဆင်ကြရမှာပဲ။ ဒါတွေကို ပေါင်းစည်းယူပြီးတော့ နိုင်ငံရေးလုပ်ငန်းတွေ၊ နိုင်ငံရေးရုပ်လုံးပေါ်မှုတွေ ဖြစ်လာရမှာ ဖြစ်တယ်။ အဲဒါကို ဆက်လက်ပြီး နိုင်ငံရေး လုပ်ငန်းစဉ်တွေ အနေနဲ့ ၀ိုင်းဝန်းပြီး လုပ်ဆောင်သွားဖို့၊ အကောင် အထည်ဖော်သွားဖို့ ဖြစ်လာရတာ ဖြစ်တယ်။

ဆွေးနွေးရမယ့် အရေးကိစ္စတွေက ဘာတွေ ဖြစ်နိုင်မလဲ

Read More...

နေ့စဉ်သတင်းများ ( ၅ - ၁၁ - ၂၀၁၀ )

မိခင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ရန် သားငယ် ဗီဇာလျှောက် သတင်း
ကျောင်းသားနဲ့သံဃာတွေ သပိတ်မှောက် သတင်း
မုန်တိုင်းငယ်ကြောင့် ကမ်းရိုးတန်းဒေသတွင် မိုးသက်လေပြင်းကြီးနိုင် သတင်း
ဗျူဟာမှူး ဆင့်ခေါ်သည့် ဆီမီးတထောင်ပူဇော်ပွဲမှ လုံခြုံရေးကင်းစောင့် နအဖတပ်သား ထွက်ပြေး သတင်း
ရွေးကောက်ပွဲ စောင့်ကြည့်သူတဦး ဖမ်းဆီး ပြန်ပို့ခံရ သတင်း
အတုအယောင်ရွေးကောက်ပွဲမှ အပြောင်းအလဲထွက်ပေါ်မည် မဟုတ် ဗိုလ်ချုပ်မှုးကြီးအကြောင်း ရေးသူကို တွေ့ဆုံ မေးမြန်းခြင်း (အင်တာဗျူး)

Read More...

Thursday, November 4, 2010

ကယား ၆ မြို့နယ် မဲဆန္ဒနယ် ပယ်ဖျက်

ဆလိုင်းထွန်း
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၀၃ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ) ။ ။ ကယားပြည်နယ် ၆ မြို့နယ်ရှိ မဲဆန္ဒနယ်အချို့ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြီးခဲ့သည့်လ ၁၃ ရက်နေ့ ကတည်းက ပယ်ဖျက်ခဲ့ကြောင်း မြို့တော်လွိုင်ကော်ရှိ ကော်မရှင်ရုံး အဆိုအရ သိရသည်။

လွိုင်ကော်၊ ဒီမောဆို၊ ရှားတော၊ ဖါးဆောင်း၊ ဖရူဆိုနှင့် ဘောလခဲ မြို့နယ်များမှ မဲန္ဒနယ်အချို့ဖြစ်ကြောင်း လွိုင်ကော် ရွေးကောက်ပွဲ ကော်မရှင် ဝန်ထမ်းတဦး ပြောဆိုချက်အရ သိရခြင်း ဖြစ်သည်။

“လွိုင်ကော်က အကုန်တော့ မပါဘူး။ မဲဆန္ဒနယ် ၁ နဲ့ ၂ က လွိုင်ကော်မြို့နယ်မှာ အဲဒီနှစ်ခုပဲ။ ကျန်တဲ့ဟာတွေက ပြည်နယ်မှာ မေးမှ ရမယ်။ ဗဟိုကော်မရှင်က အောက်တိုဘာ ၁၃ ရက်နေ့က စာနဲ့ ရောက်လာတာ။ ဘာကြောင့် ပယ်ဖျက်လည်း မသိရဘူး” ဟု မြို့နယ်ကော်မရှင် ဝန်ထမ်းက မဇ္ဈိမကို ပြောသည်။

Read More...

နေ့စဉ်သတင်းများ ( ၄ - ၁၁ - ၂၀၁၀ )

မြန်မာ့အရေး တရုတ်ကူညီဖို့ ကုလ အတွင်းရေးမှူးချုပ် တိုက်တွန်း သတင်း
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ စစ်ရေးသဘောတူညီချက် ရရှိပြီ သတင်း
လွိုင်ကော်တွင် ညမထွက်ရန် အာဏာပိုင်များ ညွှန်ကြား သတင်း
ထိုင်း-မြန်မာနယ်စပ် လုံခြုံရေး တိုးမြှင့် သတင်း
မြစ်ကြီးနားတွင် မီးလောင်၊ အိမ် (၃) လုံး ပြာကျ သတင်း
မြေပုံမြို့နယ်တွင် စစ်တပ်ခွင့်ပြုချက်မရဘဲ ပစ္စည်းများ လှူဒါန်းခွင့်မရ သတင်း

Read More...

Wednesday, November 3, 2010

နိုင်ငံတော်အလံကို မီးရှို့ ဖျက်ဆီးသူ ရုတ်တရက် ကွယ်လွန်ခြင်း

နိုဝင်ဘာ ၃ ရက် ၂၀၁၀


နိုင်ငံတော်အလံအား မီးရှို့ဖျက်ဆီးခဲ့သော ဦးဖရန်စစ်မုန်လျန်းပေါင်


ဦးဖရန်စစ်မုန်လျန်းပေါင် (၄၇)နှစ် အကြီးတန်းစာရေး ချင်းပြည်နယ် (တွန်းဇံမြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ) သည် ၂၁ အောက်တိုဘာ ၂၀၁၀ ခုနှစ် ညနေ ၃ နာရီ ခန့်တွင် ပြုလုပ်သော နိုင်ငံတော် အလံအသစ်တင် အခမ်းအနားတွင် ပါဝင်၍ အထက် အမိန့်အရ နိုင်ငံတော် အလံဟောင်းအား တိုင်ပေါ်မှ ချခြင်းနှင့် မီးရှို့ဖျတ်ဆီးခြင်းကို လုပ်ဆောင်ခဲ့ပါသည်။ ၂၁ နေ့ည သန်းခေါင်တွင် ၄င်း၏ နေအိမ်တွင် ရုတ်တရက် ကွယ်လွန်သွားပါသည်။

ဦးဖရန်စစ် မုန်လျန်းပေါင်သည် ဇနီးသည်နှင့်အတူ ရန်ကုန်သို့ ဆေးဝါး ကုသရာမှ ကျန်းမာစွာဖြင့် အောက်တိုဘာ လဆန်းတွင် တွန်းဇံမြို့သို့ ပြန်ရောက် လာပါသည်။ ဦးဖရန်စစ် မုန်လျန်းပေါင်သည် ဘာသာရေး ကိုင်းရှိုင်း၍ အကျင့်စာရိတ္တ ကောင်းသူ၊ အလုပ်တာဝန် ဝတ္တရာများ ကြေပွန်သူ ဖြစ်သောကြောင့် ၄င်း၏ ရုတ်တရက် ကွယ်လွန်မှုနှင့် ပတ်သတ်၍ ကြားသိသူ အားလုံး အထိတ်တလန့် ဖြစ်နေကြပါသည်။ ဇနီးနှင့် သား ၃ ယောက် သမီး ၂ ယောက် ကျန်ရစ်ခဲ့သည်ဟု သိရှိရပါသည်။

ဦးဝင်းတင်နဲ့ မေးခွန်းများ

ဒုတိယပင်လုံညီလာခံမှသည် စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စု နိုင်ငံသို့ အပိုင်း ၁

နိုဝင်ဘာ ၂၊ ၂၀၁၀

ယခုလိုဒုတိယပင်လုံညီလာခံ ပေါ်ထွန်းရေး လှုပ်ရှားမှု ပေါ်ပေါက်လာသည့် အတွက် စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲ အပေါ် ဆန့်ကျင် သပိတ်မှောက်သည့် လှုပ်ရှားမှုများ အပေါ် ဘယ်လို သက်ရောက်မှု ရှိမှာလဲ စသည်တို့ ဖြစ်သည်။

လွန်ခဲ့သည့် စနေနေ့ မနက်ခင်းက မြန်မာပြည်၏ အတိုက်အခံ ခေါင်းဆောင် တဦး ဖြစ်သူ အင်န်အယ်ဒီ ပါတီ၏ ဦးဆောင်သူ၊ ဟံသာဝတီ ဦးဝင်းတင်နှင့် တွေ့ဆုံ စကားပြောဖြစ်ခဲ့သည်။ အဓိက မေးခွန်းများမှာ -

တိုင်းပြည်၏ ဒီမိုကရေစီစနစ်ကို ဖော်ဆော်ရန်အတွက် နိုင်ငံရေး ပေါင်းစည်းမှု အင်အားတရပ် အဖြစ် အင်န်အယ်ဒီက ရပ်တည်မည်ဟု ပြောခဲ့ပြီးနောက်၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ အစုအဖွဲ့များနှင့် အတူ စစ်မှန်သော ဖယ်ဒရယ် ပြည်ထောင်စု နိုင်ငံတော်ကြီး ထူထောင်နိုင်ရန် အတွက် ဒုတိယပင်လုံညီလာခံ ခေါ်ယူရန် ထောက်ခံကြောင်း၊ သဘောတူ လက်ခံကြောင်း ပြောဆိုခဲ့သည်။

ထိုသို့သော ပြောဆိုချက်များကို ဦးတည်သော လှုပ်ရှားမှုများသည် ၂၀၁၀ နိုဝင်ဘာ ၇ ရက် စစ်အစိုးရ၏ ရွေးကောက်ပွဲ မတိုင်ခင် စတင်မည်လား၊ ဘယ်တော့ စတင်မှာလဲ။ စစ်အစိုးရ ရွေးကောက်ပွဲ၏ ရလဒ်ဖြစ်သော ၂၀၀၈ အခြေခံ ဥပဒေအ တည်ပြုသည့် လွှတ်တော်တရပ် ပေါ်ထွန်းလာပြီးသည် နောက်မှာ စတင်မည်လား။ ယခုလို ဒုတိယပင်လုံညီလာခံ ပေါ်ထွန်းရေး လှုပ်ရှားမှု ပေါ်ပေါက်လာသည့် အတွက် စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲ အပေါ် ဆန့်ကျင် သပိတ်မှောက်သည့် လှုပ်ရှားမှုများ အပေါ် ဘယ်လို သက်ရောက်မှု ရှိမှာလဲ စသည်တို့ ဖြစ်သည်။

ဆရာက ပြောကြားရာတွင် -

Read More...

နေ့စဉ်သတင်းများ ( ၂ - ၁၁ - ၂၀၁၀ )

အစ္စလာမ်ဘာသာဝင်တဦး၏ အိမ်ကို ဗလီအဖြစ် မြို့တော်ဝန် သတ်မှတ် သတင်း
လဲချားမြို့ သမိုင်းဝင်စေတီတော်ကြီး မိုးကြိုးပစ်ခံရ သတင်း
မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက မုန်တိုင်းသတင်း ထုတ်ပြန် သတင်း
ဂီရိမုန်တိုင်း ဒုက္ခသည် ကယ်ဆယ်ရေးလုပ်ငန်းများ နှေးကွေး သတင်း
ဂီရိကြောင့် ရခိုင်တွင် အိမ်ခြေပေါင်း (၇၀,၉၇၅) ပျက်စီးပြီး လူပေါင်း (၂) သိန်းကျော် ဒုက္ခရောက်နေကြောင်း ယူအန်အစီရင်ခံစာတွင် ဖော်ပြ သတင်း

Read More...

Tuesday, November 2, 2010

ရွေးကောက်ပွဲနှစ်ခုကို နှိုင်းယှဉ်မိခြင်း

ရဲဘော်ဖိုးသံချောင်း

တနင်္ဂနွေနေ့၊ အောက်တိုဘာလ ၃၁ ရက် ၂၀၁၀

နအဖက ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာလိုက်ကတည်းက အဲဒီရွေးကောက်ပွဲကို ၁၉၉ဝပြည့်နှစ် ရွေးကောက်ပွဲနဲ့ နှိုင်းယှဉ် ပြောဆိုသံတွေ ထောင့် အသီးသီးမှာ မကြာခဏ ကြားရပါတယ်။ ငယ်ငယ်တုန်းက ကျောင်းသင်ခန်းစာ ထဲက တူတာနဲ့ မတူတာတွေ ရှာဖွေရသလိုပဲ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ အခုတော့ သူတို့ရဲ့ရွေးကောက်ပွဲ ဆိုတာဟာ ခဲတပစ်သာ ဝေးတော့တာမို့ နှိုင်းယှဉ် စဉ်းစားစရာ အချက်တွေ ထပ်ဖြည့် လိုက်ပါတယ်။

ဦးစွာအားဖြင့် ထောက်ပြရမှာက ၁၉၉ဝ ရွေးကောက်ပွဲဟာ လူထုတိုက်ပွဲကြီးရဲ့ အောင်သီးအောင်နှံ ဖြစ်တယ်၊ သူ့ အလိုအလျောက် ပေါ်လာတာ မဟုတ်ဘူး ဆိုတာကိုပါ။ စစ်အာဏာရှင်တွေ စိတ်ပြောင်းလာလို့၊ စိတ်ကောင်း ဝင်လာလို့ ကျင်းပပေးတဲ့ ရွေးကောက်ပွဲ မဟုတ်ပါဘူး။ စစ်အာဏာရှင်တွေက မတတ်သာ လွန်းလို့ လိုက်လျောရတာ ဖြစ်တယ်ဆိုတဲ့ အချက်ကို ပြောရပါမယ်။ အခု ၂ဝ၁ဝ ရွေးကောက်ပွဲ ကျတော့ နအဖ စစ်အုပ်စုက ကမ္ဘာ့ အသိုင်းအဝိုင်းကို ပစ်မှတ်ထားပြီး ဖန်တီးလိုက်တဲ့ လုပ်ဇာတ်တခု ဖြစ်ပါတယ်။

Read More...

နေ့စဉ်သတင်းများ ( ၁ - ၁၁ - ၂၀၁၀ )

၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်သည့် ဆန္ဒပြပွဲ နှစ်ရက်ဆက်တိုက် ဖြစ်ပွား သတင်း
မွန်ပြည်နယ် ရွေးကောက်ပွဲ ဆန္ဒပြမှု လူ (၅၀၀) ကျော်တက် သတင်း
NLD ရှမ်းပြည် စည်းရုံးရေးခရီးမှာ ဒုတိယပင်လုံညီလာခံ ခေါ်ရေး သဘောတူညီမှုရခဲ့ သတင်း
ဒုတိယပင်လုံညီလာခံ ကျင်းပရေး ရခိုင်ပြည်အမျိုးသားကောင်စီ ထောက်ခံ သတင်း

Read More...

အပေါ်သို့