Friday, February 10, 2012

ဒေါက်တာနိုင်အောင် ပြည်တော်ပြန် သတင်း မှားယွင်းဟု ဆို

ရန်ပိုင်
February 9, 2012

မြန်မာနိုင်ငံ ဒီမိုကရက်တစ် တပ်ပေါင်းစု(FDB) အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင် မြန်မာနိုင်ငံ သို့ ပြန်လာ ကြောင်း ပြည်တွင်း သတင်း ဂျာနယ်တခုဖြစ်သည့် Envoy news ဂျာနယ်တွင် ဖော်ပြနေမှုမှာ မဟုတ်မှန်ကြောင်း ဒေါက်တာနိုင်အောင်က ငြင်းဆို လိုက် သည်။

ယနေ့ထုတ် အဆိုပါဂျာနယ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF) ဥက္ကဋ္ဌဟောင်းလည်း ဖြစ် သည့် ဒေါက်တာနိုင်အောင်သည် ပြီးခဲ့သည့် ဇန်န၀ါရီလ ၄ရက်နေ့က ချင်းမိုင်မြို့မှ မြန်မာနိုင်ငံသို့ ခေတ္တ ပြန်လာကြောင်း၊ အစိုး ရ အဖွဲ့ဝင်များနှင့် တွေ့ဆုံကာ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နိုင်ကြောင်း ဒေါက်တာ နိုင်အောင်နှင့် နီးစပ်သူ အသိုင်းအ၀န်းကို ကိုး ကား ရေးသားထားသည်။

ထိုသတင်းနှင့် ပတ်သက်၍ ဧရာဝတီက ဒေါက်တာနိုင်အောင်ကို ဆက်သွယ်မေးမြန်းရာ သတင်း မှားယွင်းနေကြောင်း၊ မိမိအနေဖြင့် ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ရှိနေကြောင်း ပြန်လည် ဖြေကြားသည်။

Read More...

မကွေးတိုင်း စာပေဟောပြောပွဲ ၇ ပွဲ ပိတ်ပင်ခံရ

မျိုးသန့်
ဖေဖေါ်ဝါရီလ ၀၉ ရက် ၂၀၁၂ ခုနှစ်

မကွေးတိုင်းအတွင်း စာပေဟောပြောပွဲများကို သက်ဆိုင်ရာ ဒေသအာဏာပိုင်များမှ ပိတ်ပင်တားဆီးနေကြောင်း ဟောပြောကြမည့် စာရေးဆရာများက မဇ္ဈိမကို ပြောသည်။

ဇန်နဝါရီလ ၉ ရက်နေ့မှ ဖေဖေါ်ဝါရီလ ၉ ရက်နေ့ အထိ တလအတွင်း မကွေးတိုင်းရှိ မြို့နယ် အသီးသီးတွင် ကျင်းပရန်ရှိသည့် စာပေ ဟောပြောပွဲ ၇ ပွဲလုံးကို ဒေသခံ မြို့နယ် အုပ်ချုပ်ရေးမှူးများမှ အထက်အမိန့် အကြောင်းပြချက်ဖြင့် ပြုလုပ်ခွင့် မပေးခြင်းဟုလည်း စာရေးဆရာများက ပြောသည်။

"ထင်ရတာတော့ တိုင်းဝန်ကြီးချုပ်လို ပုဂ္ဂိုလ်မျိုးက သူ့အာဏာ သက်ရောက်တဲ့ ဒေသအတွင်းမှာ ပြည်သူလူထုကို စည်းရုံးသလို၊ လှုံ့ဆော်သလို ဖြစ်မှာစိုးတယ်လို့ ကျနော်ထင်တာပဲ။ သူ အုပ်ချုပ်တဲ့ ဒေသအတွင်းမှာ ဒီပွဲမျိုးတွေ မဖြစ်စေချင်တဲ့ပုံပါ။ အဲဒီလို ခန့်မှန်းပါတယ်" ဟု စာရေးဆရာ မောင်သာချိုက မဇ္ဈိမကို ပြောသည်။

Read More...

ရန်ကုန် ရေခများ ဧပြီတွင် စတင်တိုးကောက်မည်

မင်းသက်
ဖေဖေါ်ဝါရီလ ၀၉ ရက် ၂၀၁၂ ခုနှစ်

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ရေဖိုး ရေခ ဈေးနှုန်းများ တိုးမြှင့် ကောက်ခံတော့မည် ဖြစ်ကြောင်း ကြာသပတေး နေ့က တရားဝင် သတင်းထုတ်ပြန်လိုက်သည်။

၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ် စတင်မည့် ဧပြီလ ၁ ရက်နေ့မှ စတင် ကောက်ခံမည် ဖြစ်ကြောင်း ရန်ကုန်စည်ပင် အင်ဂျင်နီယာဌာန (ရေနဲ့သန့်ရှင်းမှု) ဌာနမှူး ဦးစိုးမြိုင်က ပြည်တွင်း သတင်းမီဒီယာများကို ညနေ ၃နာ၇ီခွဲတွင် ရုံးခန်းသို့ ဖိတ်ကြားကာ ပြောကြားလိုက် ခြင်းဖြစ်သည်။

“အခု ရေပေးဝေမှုအတွက် ကုန်ကျစရိတ်က တဂါလံကို အရင်းတင်ပဲ ၄၇ ပြား ကျတယ်။ ကောက်နေတာက အိမ်သုံးကို ၂၅ ကျပ်၊ လုပ်ငန်းသုံးဆိုရင် ၃၅ ကျပ် ဆိုတော့ အရှုံးပေါ်နေတယ်”ဟု ရှင်းပြသည်။

Read More...

လှိုင်သာယာ တိုင်ရီစက်ရုံ ဆန္ဒပြမှု အခြားစက်ရုံသို့ ကူးစက်

ကျော်ခ
ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၀၉ ရက် ၂၀၁၂

ချင်းမိုင် (မဇ္ဈိမ) ။ ။ ရန်ကုန်တိုင်း၊ လှိုင်သာယာ စက်မှုဇုန်ရှိ တိုင်ရီ ဖိနပ်စက်ရုံတွင် လေးရက်ဆက်တိုက် ဆန္ဒပြမှု ဖြစ်ပွားနေစဉ် ယင်းစက်ရုံ အနီးရှိ New Way ဖိနပ်စက်ရုံတွင်လည်း အလုပ်သမား တထောင်ကျော်က လုပ်အားခ တိုးမြှင့်ပေးရေး အတွက် ကြာသာပတေး နေ့က ထိုင်သပိတ် ဆန္ဒပြ တောင်းဆိုလျက် ရှိသည်။

လုပ်ခလစာ တိုးမြှင့်ရန်နှင့် တင်းကြပ်ထားသည့် စည်းကမ်းချက်တချို့ ပြုပြင်ပေးရန်အတွက် တိုင်ရီစက်ရုံမှ အလုပ်သမား ၁,၈ဝဝ ကျော်က တနင်္လာနေ့ကစပြီး ဆန္ဒထုတ်ဖေါ်နေမှု လေးရက်မြောက် နေ့တွင် ယင်းစက်ရုံနှင့် မီတာ ၅ဝဝ ခန့်အကွာတွင် ရှိသော New Way ဖိနပ်ချုပ်စက်ရုံမှ အလုပ်သမား ၁,၆ဝဝ ကျော်က တိုင်ရီ အလုပ်သမားများ တောင်းဆိုသည့် အချက်များ နည်းတူ တောင်းဆိုကာ ထိုင်သပိတ် ဆန္ဒထုတ်ဖေါ် တောင်းဆိုကြသည်။

Read More...

KIA နဲ့ မြန်မာစစ်တပ် တရုတ်စေ့စပ်ပေး

ကိုအောင်လွင်ဦး
ကြာသပတေး, 09 ဖေဖော်ဝါရီ 2012

မြန်မာအစိုးရက မကြာသေးခင်ကစလို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်တွေ ဆက်တိုက် ဆိုသလို လက်မှတ် ရေးထိုးနေပေမဲ့ အဓိက အဖွဲ့တခုဖြစ်တဲ့ ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) နဲ့ ပြေလည်မှု မရနိုင်သေးဘဲ ဖြစ်နေရတဲ့ အတွက် အိမ်နီးချင်း တရုတ်နိုင်ငံ၊ နယ်စပ်ဒေသ ငြိမ်းချမ်းရေးအပေါ် ခြိမ်းခြောက်မှုတရပ် ဖြစ်နေရပါတယ်။ တရုတ် နိုင်ငံကတော့ သူ့ရဲ့နယ်စပ်ဒေသ တည်ငြိမ်မှုရစေရေး မြန်မာ အာဏာပိုင်တွေနဲ့ လက်နက်ကိုင် အဖွဲ့တွေကြား တိုးတိုး တိတ်တိတ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဖြစ်စေဖို့ ကြားဝင် စေ့စပ် ပေးနေတာပါ။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Daniel Schearf သတင်းပေးပို့ ထားတာကိုတော့ ကိုအောင်လွင်ဦး က ပြောပြပေးမှာ ဖြစ်ပါတယ်။

Read More...

Wednesday, February 8, 2012

NLD ရန်ပုံငွေ ပန်းချီပြပွဲ ရဲက မေးမြန်းစုံစမ်း

ရန်ပိုင်
February 7, 2012

မန္တလေးမြို့၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ရန်ပုံငွေအတွက် ပြုလုပ်သည့် ပွင့်သစ်လွင်ပန်းချီပြပွဲနှင့် ပတ်သက်၍ ချမ်းအေး သာဇံမြို့နယ် အမှတ် (၆) ရဲစခန်းမှ စုံစမ်းမှုများ ပြုလုပ်ကြောင်း သတင်းရသည်။

ယနေ့နံနက် ၉ နာရီခွဲခန့်က ချမ်းအေးသာဇံမြို့နယ် ရဲစခန်းမှ နယ်မြေတာဝန်ခံ ရဲတပ်ကြပ် အေးကျော်နှင့် ရဲတပ်ကြပ် ဌေးလွင်တို့က ၎င်း၏ အိမ်သို့ လာရောက် မေးမြန်းခြင်းဖြစ်ပြီး ပန်းချီကားရောင်းချရသည့် တန်ဖိုးငွေနှင့် ၀ယ်ယူသူများ၏ စာရင်းကို ရဲစခန်းသို့ တင်ပြရန် လာ ရောက် ပြောဆိုခြင်းဖြစ်ကြောင်း ပြပွဲတာဝန်ခံ ပန်းချီ ဦးကျော်မိုးသာက ဧရာဝတီသို့ ပြောသည်။

Read More...

ပုသိမ်ဒေသခံတွေ ဝမ်းမြောက်ကြည်နူးတဲ့ နေ့

အောင်သက်ဝိုင်း
February 8, 2012

ထောင်ချီရှိနေတဲ့ လူအုပ်ကြီးထဲမှာ အသက် ၈၀ နီးပါးအရွယ်ရှိ ဒေါ်သန်းရီတယောက် တုန်တုန်ချိချိ တိုးဝှေ့ရင်း ရှေ့ဆုံးကိုရောက်ဖို့ ကြိုးစားနေတယ်။ မနက် ၁၁ နာရီ ကျော်နေပြီဖြစ်လို့ နေရောင်ရဲ့အပူရှိန်၊ ထောင်နဲ့ချီ စုရုံးနေတဲ့ လူအုပ်တွင်းက အပူရှိန်တွေကြောင့် ဒေါ်သန်းရီ မျက်နှာတခုလုံးမှာ ချွေးတွေ စီးကျနေတယ်။

အသက်အရွယ် ကြီးရင့်နေပြီဖြစ်ပေမယ့် လူအုပ်ရဲ့ရှေ့ဆုံးကို ရောက်ဖို့ လူငယ်တဦးအလား တိုးဝှေ့နေတယ်။

Read More...

လှိုင်သာယာ အလုပ်သမားများ ဆက်လက် ဆန္ဒပြ

ခင်ဦးသာ
February 7, 2012

ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန်ရှိ တိုင်ရီ ဖိနပ်စက်ရုံမှ အလုပ်သမားများသည် ၎င်းတို့၏ တောင်းဆိုချက်များ မရရှိသေး၍ ယနေ့ တွင် လည်း ဒုတိယနေ့ အဖြစ် ဆက်လက် ဆန္ဒပြသည်။

ထောင်ချီသည့် အလုပ်သမားများသည် ၎င်းတို့၏ရပိုင်ခွင့်များအတွက် စက်ရုံဝင်းတွင် ငြိမ်းချမ်းစွာထိုင်၍ ဆန္ဒပြကြကြောင်း၊ နေ့ လယ် ၁၂ နာရီ ၀န်းကျင်တွင် အာဏာပိုင်များလာရောက်၍ လူစုခွဲ အိမ်ပြန် ခိုင်းသော်လည်း အလုပ်သမားများ၏ တောင်းဆိုမှု တစုံတရာ မရရှိ သေး ကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူ ရှေ့နေ ကိုဖိုးဖြူက ဧရာဝတီ ကိုပြောသည်။

Read More...

KNU/KNLA ငြိမ်းချမ်းရေးကောင်စီနဲ့ မြန်မာအစိုးရ ပဏာမ ငြိမ်းချမ်းရေးလက်မှတ်ထိုး

မအေးအေးမာ
အင်္ဂါ, 07 ဖေဖော်ဝါရီ 2012



ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်က မြန်မာအစိုးရနဲ့ နှုတ်အားဖြင့် ငြိမ်းချမ်းရေး ယူခဲ့တဲ့ KNU-KNLA ငြိမ်းချမ်းရေး ကောင်စီဟာ မနေ့တုန်းက ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ မြန်မာ အစိုးရနဲ့ ငြိမ်းချမ်းရေး ဆိုင်ရာ ပဏာမ အဆင့် သဘော တူညီချက်ကို နေပြည်တော်မှာ လက်မှတ် ရေးထိုးခဲ့ကြပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ဆက်သွယ် မေးမြန်းထားတဲ့ ထိုင်းအခြေစိုက်၊ ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်း ပေးပို့ထားပါတယ်။

Read More...

ဒေါ်စုကို ပုသိမ် မြောင်းမြ တခဲနက်ကြိုဆို

စုမြတ်မွန်
အင်္ဂါ, 07 ဖေဖော်ဝါရီ 2012

ပုသိမ်နဲ့ မြောင်းမြမြို့တွေဘက် ပါတီစည်းရုံးရေးခရီးထွက်နေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒေသခံ ပြည်သူတွေက ဝမ်းသာအားရ ကြိုဆို နှုတ်ဆက် ခဲ့ကြပါတယ်၊

ဧရာဝတီတိုင်း ပုသိမ်နဲ့ မြောင်းမြမြို့တွေဘက်ကို ပါတီ စည်းရုံးရေး ခရီး ထွက်နေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒေသခံ ပြည်သူတွေက ဝမ်းသာ အားရ ကြိုဆို နှုတ်ဆက် ခဲ့ကြပါတယ်၊ နှစ်ပေါင်း ၂၀ ကျော်အတွင်းမှာ ဒုတိယတကြိမ် ပြန်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မြင်တွေ့ရဖို့ အနီးအနား ရွာတွေက လူတွေကပါ ရောက်လာကြပြီး ရာသီဥတု ဒဏ်ကို ကြံ့ကြံ့ခံ ကြိုဆို ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပြကြပါတယ်၊ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ စကားတွေ ကြောင့်လည်း အားတက် ရပါတယ်လို့လည်း ပြောကြတဲ့ အကြောင်း ဘန်ကောက်ရုံးက မစုမြတ်မွန်က ပြောပြပါမယ်၊

Read More...

ရွှေည၀ါဆရာတော် တရားဟောကြားခွင့် ပြန်လည်ရရှိ

2012-02-07

ရွှေည၀ါ ဆရာတော် ဦးပညာသီဟကို နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့က မနှစ် ဖေဖော်ဝါရီလက စပြီး တစ်နှစ်တိတိ တရားဟောခွင့် ပိတ်ပင်ခဲ့တဲ့ အချိန်ကာလ ပြည့်မြောက်သွားပြီ ဖြစ်တဲ့အတွက် ပြန်လည် ဟောပြောခွင့် ပြုလိုက်ကြောင်း နိုင်ငံတော် သံဃာ့ မဟာနာယက ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်က မနေ့က ထုတ်ပြန် ကြေညာခဲ့ပါတယ်။

Read More...

မှန်တာပြော သစ္စာ

Tuesday, February 7, 2012

ဘာပြင်မှာလဲ ဒေါ်အောင်ဆန်းစုကြည်

ဟန်တင်အောင်

Han Tin Aung Su Analysis

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ကိုယ်စားလှယ် ဖြစ်နိုင်ပါမည်လော

ဥပဒေဘက်တော်သားတဦး
February 3, 2012

၁။ အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက် ၁-၄-၂၀၁၂ ခုမှာ ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲမှာ NLD အောင်နိုင်ရေး၊ မိမိကိုယ်တိုင် ကော့မှူး မဲဆန္ဒနယ်မှာ အောင်ပွဲခံ၊ အနိုင်ရရှိရေး အတွက် ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသလောက် မအိပ်မနေ ကြိုးပမ်းနေသည့် ဒေါ်အောင်ဆန်းစုကြည်သို့ မြန်မာ နိုင်ငံရေးခရီးမှာ ရင်ဆိုင်ရဖွယ်ရှိ သည့် ပြဿနာများကို ကျနော် လေ့လာ မိသလောက် သန့်စင်သော စေတနာဖြင့် တင်ပြလိုပါသည်။

၂။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ယခုလို လှုပ်ရှားဆောင်ရွက် လာနိုင်သည့် အခြေခံ အကြောင်းရင်းဟာ နေပြည်တော် မှာ သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ရာက စတင် ဖြစ်ပေါ်လာခဲ့သည် ဆိုလျှင် ငြင်းစရာ မရှိဟု ထင်ပါသည်။

Read More...

Monday, February 6, 2012

မန္တလေးခရီး ဖျက်သိမ်းမှု လူထုကို ဒေါ်စုအသိပေး

04 ဖေဖော်ဝါရီ 2012
မသင်းသီရိ

မန္တလေးကိုလာဖို့ ခရီးစဉ်ကို အခုရွေ့ဆိုင်းထားရပေမဲ့ နောက်ပိုင်းလာဖို့ အတွက် စီစဉ်ရာမှာ ဒီမိုကရေစီ နိုင်ငံတစ်ခုအဖြစ် တည်ဆောက် လိုတဲ့ အဖွဲ့အစည်းတွေကြား ပိုမိုခိုင်မာတဲ့ နားလည်မှုတွေ ရရှိလာမယ်လို့ မျှော်လင့်တဲ့အကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ မန္တလေးကို ပါတီစည်းရုံးရေးအဖြစ် သွားဖို့ခရီးစဉ် ပျက်သွားခဲ့တာနဲ့ ပတ်သက်လို့ ဒေါ်အောင် ဆန်းစုကြည်က မန္တလေးလူထုကို အခုလို အသိပေးချက် ထုတ်ပြန်ခဲ့တာ ဖြစ်သလို NLD ရုံးချုပ်က တာဝန်ရှိသူတွေ ဟာလည်း မန္တလေး က သတင်းထောက်တွေနဲ့ သတင်းစာ ရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ဒီအခြေအနေ တွေကိုတော့ မသင်းသီရိက တင်ပြထားပါတယ်။

မူလက ဖေဖော်ဝါရီ ၄ ရက် နဲ့ ၅ ရက်နေ့တွေမှာ မန္တလေးမြို့ကို ပါတီစည်းရုံးရေး အဖြစ်သွားဖို့ ဒေါ်အောင်ဆန်းစုကြည် စီစဉ်ထားပေမဲ့ လူထုနဲ့ စကားပြောဖို့ နေရာအခက်အခဲတွေကြောင့် အစီအစဉ် ဖျက်ထားရတာနဲ့ ပတ်သက်လို့ မန္တလေးလူထုကို အသိပေးချက်တစ်စောင် ဒေါ်အောင်ဆန်းစုကြည်က ထုတ်ပြန်ခဲ့တာပါ။ မန္တလေးပြည်သူလူထုရဲ့ NLD ပါတီအပေါ် ထောက်ခံမှုကို လေးစား တန်ဖိုးထားသလို နိုင်ငံရေး ရင့်ကျက်မှုနဲ့ တည်ငြိမ်တဲ့ စိတ်ဓါတ်ကို သိထားပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

Read More...

ဆီးရီးယားဆိုင်ရာ ကုလဆုံးဖြတ်ချက် တရုတ်၊ ရုရှား ဗီတိုသုံး ပယ်ချ

04 ဖေဖော်ဝါရီ 2012

ဆီးရီးယား နိုင်ငံသားတွေအပေါ် တနှစ်နီးပါးလောက် အကြမ်းဖက် နှိပ်ကွပ်နေတဲ့ သမ္မတ ဘက်ရှာအယ်လ်အာဆဒ် (Bashar al-Assad) ကို ပြစ်တင် ရှုတ်ချထားတဲ့ လုံခြုံရေးကောင်စီရဲ့ အဆိုပြုချက်ကို ရုရှားနဲ့ တရုတ်နိုင်ငံတို့က ဗီတိုအာဏာသုံးပြီး ပယ်ချလိုက်ကြပြန်ပါပြီ။

ဆီးရီးယားနိုင်ငံအတွင်းက အကြမ်းဖက်မှုတွေကို ပြစ်တင် ရှုတ်ချထားပြီး သမ္မတ အာဆဒ် ရာထူးက ဆင်းပေးဖို့ တောင်းဆိုထားတဲ့ အနောက်အုပ်စုနဲ့ အာရပ်နိုင်ငံတွေရဲ့ အဲဒီ အဆိုပြုချက်ကို လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံက စနေနေ့က မဲခွဲ ဆုံးဖြတ်ခဲ့ကြတာမှာ အမေရိကန်ပြည်ထောင်စု၊ ဂျာမဏီနဲ့ ပြင်သစ် အပါအ၀င် ၁၃ နိုင်ငံက ထောက်ခံခဲ့ကြပါတယ်။

Read More...

"အာရပ်နွေဦး" လှုပ်ရှားမှုမျိုး တရုတ်မှာ ဖြစ်လာနိုင်

04 ဖေဖော်ဝါရီ 2012

အာရပ်နွေဦး လို ဒီမိုကရေစီအရေး လှုပ်ရှားမှုမျိုး တရုတ်နိုင်ငံမှာလည်း ဖြစ်လာလိမ့်မယ်လို့ တချိန်က အမေရိကန် သမ္မတလောင်း အဖြစ် ၀င်အရွေးခံဖူးတဲ့ အမေရိကန် အထက်လွှတ်တော်အမတ်က သတိပေး ပြောကြားလိုက်ပါတယ်။

ဂျာမဏီနိုင်ငံ မြူးနစ်မြို့မှာ ကျင်းပနေတဲ့ အဆင့်မြင့် လုံခြုံရေးဆိုင်ရာ ညီလာခံအတွင်း တရုတ် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Zhang Zhijun ကို အာရီဇိုးနား ပြည်နယ်က ရီပါဘလီကန်ပါတီ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း က စနေနေ့မှာ အဲဒီလို ပြောကြား လိုက်တာပါ။

Read More...

အကြောက်တရားကင်းဝေးရေး စာတမ်းဖတ်ပွဲကျင်းပ

2012-02-05

အနာဂတ် နိုင်ငံတည်ဆောက်ရေးနဲ့ နိုင်ငံရေးဖြစ်စဉ်တွေမှာ အကြောက်တရားကင်းဝေးပြီး ယုံကြည်ရာ ပြောဝံ့ဆိုဝံ့ လုပ်ကိုင်ဝံ့ရှိလာဖို့၊ ဒီမို ကရေစီ တည်ဆောက်ရာမှာ တက်တက် ကြွကြွ ပါဝင်လိုတဲ့ လူငယ်လူရွယ်တွေ ဖြစ်လာစေဖို့ ရည်ရွယ်ချက်နဲ့ မျိုးဆက်သစ် ကျောင်းသား လူငယ်များ အကြောက်တရားကင်းဝေးရေး စာတမ်းဖတ်ပွဲနဲ့ နှီးနှောဖလှယ်ပွဲ ဒီနေ့ ကျင်းပပါတယ်။

အထက်ပုစွန်တောင်လမ်းမှာရှိတဲ့ မြန်မာနိုင်ငံလူငယ်များ အစည်းအရုံးအဖွဲ့မှာ ကျင်းပတာ ဖြစ်ပြီး အကြောက်တရားကင်းဝေးရေး စာတမ်းတွေဖတ်ကြားနှီးနှောဖလှယ်တာလို့ ဒီအစည်းအရုံး ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်နဲ့ ကျောင်းသားရေး ရာကော်မတီ တာဝန်ခံ ကိုဝေဖြိုးအောင်က ပြောပါတယ်။

Read More...

အရေးတကြီး ဖြေရှင်းစရာ လူ့အခွင့်အရေးအခြေအနေတွေ ကျန်နေဆဲ

2012-02-05

မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ မြန်မြန်ဆန်ဆန်ဖြစ်ပေါ်လာတာကို ကြိုဆိုပေမယ့် လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာဖို့ အတွက် အရေးတကြီး ဖြေရှင်းဆောင်ရွက်ပေးဖို့ လိုနေသေးတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဒီကနေ့ ညနေပိုင်း ရန်ကုန်လေဆိပ် သတင်း စာရှင်းလင်းပွဲမှာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံကို ၆ ရက်ကြာ ခရီးရောက်ရှိနေတဲ့ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာသောမတ်ကင်တားနားဟာ ဒီကနေ့မနက်ပိုင်း က မွန်ပြည်နယ်ဝန်ကြီးချုပ်နဲ့ မော်လမြိုင်မြို့မှာ တွေ့ဆုံခဲ့သလို မွန်ပြည်နယ်က တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံခဲ့ ပါတယ်။ အလားတူ မနေ့ကလည်း ကရင်ပြည်နယ်မှာ တွေ့ဆုံဆွေးနွေးတာတွေရှိခဲ့တယ်လို့ ရန်ကုန် ကုလသမဂ္ဂပြန်ကြားရေး တာဝန်ခံ ဦးအေးဝင်းက ပြောပါတယ်။

Read More...

တပြည်လုံး အပစ်ရပ်ရေး ကြေညာပေးဖို့ ပအို့ဝ်အဖွဲ့ တောင်းဆို

2012-02-05

ပင်လုံစာချုပ်ပါအတိုင်း အမျိုးသား တန်းတူရေးနဲ့ ပြည်ထောင်စု တည်ဆောက်ပြီး ငြိမ်းချမ်းရေး ဖြစ်မြောက်ရေး ဆောင်ရွက်ဖို့ မြန်မာ အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီကို ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ PNLO က တောင်းဆိုခဲ့တယ်လို့ PNLO က RFA ကို ဒီကနေ့ ပြောကြားပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းခေါင်းဆောင်တဲ့အဖွဲ့ကို ပအို့ဝ်အမျိုးသားလွတ်မြောက်ရေး ငြိမ်းချမ်းရေး ကော်မတီ အဖွဲ့ဝင် ၃ ဦး ဒီကနေ့ ညနေပိုင်းက ထိုင်းမြန်မာနယ်စပ်မှာ တွေ့ဆုံခဲ့ပါတယ်။ PNLO အနေနဲ့ နိုင်ငံရေး ရပ်တည်ချက် ၃ ရပ်ကို တင်ပြပြီး အချက် ၁၁ ချက် တောင်းဆိုခဲ့တယ်လို့ သွားရောက်ဆွေးနွေးတဲ့ PNLO ငြိမ်းချမ်းရေး ကော်မတီက အဖွဲ့ခေါင်းဆောင် ခွန်မြင့်ထွန်းက ပြောပါတယ်။

Read More...

မန္တလေးခရီးစဉ် ရွှေ့ဆိုင်းခြင်းအပေါ် ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်း

2012-02-05

မန္တလေးမြို့ကို သွားရောက်မယ့် ခရီးစဉ်ရက်ရွှေ့ဆိုင်းပြီး အဆင်ပြေအောင် ပြုလုပ်ခဲ့တဲ့အတွက် အာဏာပိုင်တွေဘက်က နားလည်မှု ပိုမိုရရှိလာမယ်လို့ မျှော်လင့်ကြောင်း အန်အယ်လ်ဒီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မနေ့က ပြောဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ် ရွှေ့ဆိုင်းရတဲ့အတွက် ဒေသခံတွေကလည်း စိတ်မကောင်းဖြစ်ကြတယ်လို့ မန္တလေးကိုရောက်နေတဲ့ ပါတီပြန်ကြားရေးတာဝန်ခံ အတွင်းရေးမှူးအဖွဲ့ဝင် ဦးအုန်းကြိုင်ကပြောပါတယ်။ မန္တလေးနဲ့ စစ်ကိုင်းတိုင်း ပါတီစည်းရုံးရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့တာဝန်ပေးချက်အရ အန်အယ်လ်ဒီသဘာပတိအဖွဲ့ဝင် ဦးဝင်းတင်နဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးအုန်းကြိုင်ဟာ ၄ ရက်ကြာခရီးစဉ်အဖြစ်မန္တလေးမြို့ကို ရောက်ရှိနေပါတယ်။

Read More...

အပိတ်ခံထားရသည့် မွန်အမျိုးသားနေ့ ရန်ကုန်မှာ ကျင်းပခွင့် ပြန်ရ

ကွန်းချမ်း
ဖေဖေါ်ဝါရီလ ၀၃ ရက် ၂၀၁၂ ခုနှစ်

၁၅ နှစ်တာ အခမ်းအနားဖြင့် ကျင်းပခွင့် တားမြစ်ခံရသည့် ရန်ကုန် မွန်အမျိုးသားနေ့ကို ပြန်လည် ကျင်းပခွင့် ရပြီဖြစ်ကြောင်း မွန် အမျိုးသားနေ့ ကျင်းပရေးကော်မတီ (ရန်ကုန်) က ပြောသည်။

၁၉၄၈ ခုနှစ်မှ စတင်ကျင်းပလာခဲ့ကြသည့် မွန်အမျိုးသားနေ့ အခမ်းအနား ရွှေရတုသဘင်ကို ၁၉၉၇ ခုနှစ်က ပဒုမ္မာ ကဇာတ်ရုံတွင် နောက်ဆုံးအကြိမ် ကျင်းပခွင့်ရပြီးနောက် ပိတ်ပင်ခံထားရရာမှ ယခုနှစ် ၆၅ ကြိမ်မြောက် အခမ်းအနား ကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ရုံးက ပြန်လည် ကျင်းပခွင့်ပေးခြင်း ဖြစ်သည်။

အစိုးရသစ်အနေနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အလေးထားသည့်အတွက် ယခုကဲ့သို့ ကျင်းပခွင့်ပေးခြင်း ဖြစ်သည် ဟု ယုံကြည်ကြောင်း ကျင်းပရေး ကော်မတီ (ရန်ကုန်) အတွင်းရေးမှူး နိုင်စိုးကြည်က ပြောသည်။

Read More...

ပြည်ထောင်စုနေ့တွင် ပင်လုံကျောက်တိုင်ကို ရှမ်းပြည်သားတို့ အလေးပြုမည်

ကျော်ခ
ဖေဖေါ်ဝါရီလ ၀၃ ရက် ၂၀၁၂ ခုနှစ်

၆၅ နှစ်မြောက် ပြည်ထောင်စုနေ့တွင် ရှမ်းပြည်တောင်ပိုင်း၊ ပင်လုံမြို့ရှိ ‘ပြည်မတောင်တန်း ပူးပေါင်းရေးစာချုပ် ကျောက်တိုင်’ အား ဒေသခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အဖွဲ့ဝင်များက ဦးဆောင်ကာ သွားရောက် အလေးပြုကြမည် ဖြစ်ကြောင်း သိရသည်။

နှစ်ပေါင်း ၂၃ နှစ်တိုင် အလေးပြုခွင့်မရခဲ့သော အဆိုပါ ကျောက်တိုင်ကို ပင်လုံ၊ လဲချား၊ လွိုင်လင်၊ နမ့်စန်မြို့များရှိ NLD အဖွဲ့ဝင်များက ဦးဆောင်ကာ ဒေသခံများနှင့်အတူ ဖေဖေါ်ဝါရီ ၁၂ ရက်နေ့တွင် သွားရောက် အလေးပြုခြင်း ပြုလုပ်ကြ မှာ ဖြစ်သည်။

၈၈ ဒီမိုကရေစီ အရေးအခင်းနောက် ၁၉၈၉ နှစ်တွင်သာ နောက်ဆုံး အလေးပြုခွင့်ရခဲ့ကြောင်း ဒေသခံ NLD အဖွဲ့များ ပြောဆိုချက် အရ သိရသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ ပြည်ထောင်စုအခြေခံ ပင်လုံ စာချုပ်ချုပ်ဆိုခဲ့ပြီး ပင်လုံ ကျောက် တိုင် စိုက်ထူခဲ့ပုံကို မျိုးဆက်သစ်တို့ သိရှိရန် ရည်ရွယ်ကြောင်း တောင်ကြီးမြို့နယ် NLD အထွေထွေ အတွင်းရေးမှူး ဒေါ်ခင်မိုးမိုး က ပြောသည်။

Read More...

ဒေါ်အောင်ဆန်းစုကြည် ကရင်ရွာမှာ သန်းခေါင်စာရင်းဝင်လိုက်

မင်းသက်
ဖေဖေါ်ဝါရီလ ၀၄ ရက် ၂၀၁၂ ခုနှစ်

ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်မှ ၀င်ရောက်အရွေးခံမည် ဖြစ်သည့် အတွက် ကော့မှူးမြို့နယ်မှ ကရင်ရွာတရွာဖြစ်သည့် ၀ါးသင်္ခ ရွာတွင် သန်းခေါင်စားရင်းဝင်လိုက်ပြီဖြစ်ကြောင်း ကော့မှူးမြို့နယ် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် NLD ရွေးကောက်ပွဲ အောင်နိုင်ရေး ခေါင်းဆောင် ဦးဌေးက မဇ္ဈိမကို ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်က သူရွေးကောက်ပွဲဝင်ဖို့အတွက်ကို ကော့မှူးမြို့နယ်ထဲက ၀ါးသင်္ခ ဆိုတဲ့ ရွာကို ရွေးတယ်။ ကျနော်တို့ အခု အဲဒီရွာကို သွားပြီး ဒေါ်အောင်ဆန်းစုကြည် လာတဲ့အခါ နေထိုင်ဖို့ ပြင်ဆင်နေကြတယ်။ ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည် သန်း ခေါင်စာရင်း ၀င်တဲ့ မိသားစုဆီက သန်းခေါင်စာရင်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုဝင်အဖြစ် သွင်းပြီးတော့ သက် ဆိုင်ရာကို ပို့ထားတယ်။ သက်ဆိုင်ရာကတော့ ပြန်မကျလာသေးဘူး။ ဒါပေမယ့် ဒါက ကျကိုကျလာမှာပါ” ဟု သူက ပြောသည်။

Read More...

ပြည်တော်ပြန် အိပ်မက် အလှမ်းဝေးနေဆဲ

စောရန်နိုင်
February 4, 2012

မြန်မာပြည်မှာ “အပြောင်းအလဲတွေ” တသီတတန်းဖြစ်ထွန်းနေပါပြီလို့ အစိုးရက နိုင်ငံတကာမိသားစုကို ထုတ် ဖော်ပြသနေပေ မယ့် အိမ်နီးချင်း ထိုင်းနိုင်ငံကမြန်မာဒုက္ခသည် ထောင်ပေါင်းများစွာအတွက်တော့ ပြည်တော် ပြန်ဖို့အရေးဟာ အလှမ်းဝေး နေ တဲ့ အိပ်မက် ပမာ ရှိနေဆဲပါ။

“တိုးတက်မှုက မြို့ကြီးတွေမှာလောက်ပဲ မြင်ရတာ၊ ငါတို့ မွေးရပ်မြို့လေးမှာဆို ဘာမှမတိုးတက်ဘူး”လို့ သူ့အိမ်ရှေ့က ဝရန် တာလေး မှာထိုင်ရင်း အသက် ၆၁ နှစ်အရွယ် ကရင်အမျိုးသား စောရော်က ဧရာဝတီကို ပြောပြပါတယ်။ သူဟာ ထိုင်းနိုင်ငံ မြောက်ပိုင်း မယ် ဟောင် ဆောင်ခရိုင် မယ့်စရီးယမ်း မြို့နယ်မှာရှိတဲ့ မယ့်လာဦး ဒုက္ခသည်စခန်းက ဒုက္ခသည် တဦးဖြစ်ပါတယ်။

အေးလှတဲ့ ဆောင်းရာသီမနက်ခင်းမှာ ကရင်ပြည်နယ်ဖွား စောရော်တယောက် အိမ်ရှေ့မှာထိုင်ရင်း သူ့ရဲ့တရုတ် နိုင်ငံထုတ် ရေ ဒီယိုလေးနဲ့ အာရ်အက်ဖ်အေ မြန်မာပိုင်း အစီအစဉ်ကို နားထောင်နေပါတယ်။ သူ့အတွက်တော့ အာရ်အက်ဖ်အေဟာ သူ့နိုင်ငံက သတင်းတွေသိခွင့်ရတဲ့ တခုတည်းသော သတင်းဌာနပါပဲ။

Read More...

ရွေးကောက်ပွဲတွင် နိုင်ငံတကာ သတ်မှတ်ချက်များ လိုက်နာရမည်ဟု ကင်တားနားပြော

February 3, 2012

ဧပြီလ ၁ ရက်နေ့ ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲ၏ အခြေခံ ချမှတ်ထားသော နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်း သတ် မှတ် ချက်များကို လေးစားလိုက်နာရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး စုံစမ်းစစ်ဆေးရေးမှူး မစ္စတာ သောမတ်စ် အိုဟေး ကင်တားနားက ပြောကြားလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် ယနေ့ညနေ တွေ့ဆုံအပြီး ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ယင်းသို့ပြောကြားခြင်း ဖြစ်သည်။

Read More...

“ကျုပ်ပါးစပ် လွတ်လပ်ရေးရပြီ” ဟု ရွှေညဝါ ဆရာတော်မိန့်

မျိုးသန့်
ဖေဖေါ်ဝါရီလ ၀၃ ရက် ၂၀၁၂ ခုနှစ်

တရားဟောခွင့် ပိတ်ပင်ထားခြင်းကာလ ကုန်ဆုံးတော့မည်ဖြစ်၍ မိမိပါးစပ် လွတ်လပ်တော့ မည် ဖြစ်ကြောင်း ရန်ကုန်မြို့ ကြည့်မြင်တိုင် မြို့နယ်ရှိ သာဓုကျောင်းတိုက်မှ ရွှေညဝါဆရာတော်က မိန့်ကြားလိုက်သည်။

ရွှေညဝါဆရာတော်သည် ၂ဝ၁၁ ခုနှစ် ဖေဖေါ်ဝါရီလမှစ၍ တနှစ်တိတိ တရားဟောခွင့် ပိတ်ပင်ခံထားရာမှ ဖေဖေါ်ဝါရီ လ ၁၁ ရက် နေ့တွင် ကန့်သတ်ပိတ်ပင်မှု ကုန်ဆုံးတော့မည် ဖြစ်၍ တရားဟောပုလ္လင်ပေါ်တွင် ပထမဆုံး မိန့်ကြားချင်သည့် စကားနှင့် ပတ်သက်၍ "ကျုပ် ပထ မဆုံး ပြောချင်တဲ့စကားကတော့ ကျုပ်ပါးစပ် လွတ်လပ်ရေးရပြီ လို့ပဲ ပြောရမှာပေါ့" ဟု မဇ္ဈိမကို ဆရာတော်က အမိန့်ရှိသည်။

Read More...

အပေါ်သို့