Thursday, April 30, 2009

အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ် အထူးအစည်းအဝေးမှ ဆုံးဖြတ်ချက် (၅) ချက် ထုတ်ပြန်ချက်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ၂၀၁၀ ရွေးကောက်ပွဲအပေါ် သဘောထား


အန်အယ်ဒီ၏ ရွှေဂုံတိုင် ကြေညာစာတမ်း

ကိုဝိုင်း
ဧပြီလ 29 2009

ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး အစည်းအဝေးခန်းမတွင် ၂ဝဝ၉ ခုနှစ် ဧပြီလ ၂၈-၂၉ ရက် နေ့များ၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့၊ ပြည်နယ်-တိုင်း စည်းရုံးရေး အဖွဲ့များနှင့် အလုပ် အမှုဆောင် ကိုယ်စားလှယ်များ၊ အမျိုးသား ဒီမိုကရေစီပါတီ ကိုယ်စားလှယ်များ၊ အမျိုးသမီး လုပ်ငန်းအဖွဲ့ ကိုယ်စားလှယ်များ၊ လူငယ်လုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့ ကိုယ်စားလှယ်များ တက်ရောက်သည့် စုံညီ အစည်းအဝေး အပြီး ထွက်ပေါ်လာသည့် အန်အယ်ဒီ၏ ရွှေဂုံတိုင်လမ်း အမည်ရှိ ကြေညာစာတမ်းကို တင်ပြလိုက်ပါသည်။

စုံညီ အစည်းအဝေးတွင် စည်းရုံးရေးဆိုင်ရာ စာတမ်းကို ဦးဆောင်ရေးဆွဲ တင်သွင်းသူ ဗဟို အလုပ်အမှုဆောင် အဖွဲ့၏ အတိုင်ပင်ခံ လုပ်ငန်းအဖွဲ့ဝင် ဦးအုံးကြိုင်က မဇ္ဈိမ သတင်းထောက် ကိုဝိုင်းကို ဖတ်ကြားပြခဲ့ခြင်း ဖြစ်ပါသည်။

-------------------------------

ယနေ့ စုံညီအစည်းအဝေးအပြီးတွင် တက်ရောက်သူအားလုံးမှ အများဆန္ဒနှင့် အညီ ထုတ်ပြန်သည့် အဖွဲ့ချုပ်၏ ရပ်တည်ချက်များကို ဖော်ပြထားသော - ရွှေဂုံတိုင်ကြေငြာစာတမ်း -

ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ပြည်ထောင်စု မြန်မာနိုင်ငံကို ပြည်သူလူထု အပေါင်း မျှော်မှန်းထားသည့် အတိုင်း ဒီမိုကရေစီ နိုင်ငံအဖြစ် တည်ဆောက်သွားရေး ကြိုးပမ်းရာတွင် လက်ငင်း ကြုံတွေ့နေရသော နိုင်ငံရေး အကြပ်အတည်းများ အားလုံးကို ဖြေရှင်းနိုင်ရန် ရည်ရွယ်လျက် အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့၊ ပြည်နယ်-တိုင်း စည်းရုံးရေး အဖွဲ့ဝင်များ၊ ယနေ့ထက်တိုင် အဖွဲ့ချုပ်နှင့် အတူတကွ ရပ်တည်နေကြသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသမီး လုပ်ငန်းအဖွဲ့ ကိုယ်စားလှယ်များ၊ လူငယ်လုပ်ငန်း ဖော်ဆောင်ရေး အဖွဲ့ ကိုယ်စားလှယ်များသည် ရန်ကုန်မြို့ အနောက် ရွှေဂုံတိုင်လမ်းရှိ အဖွဲ့ချုပ် အစည်းအဝေးခမ်းမ၌ ၂ဝဝ၉ ခုနှစ် ဧပြီလ ၂၈-၂၉ ရက်နေ့များတွင် နိုင်ငံရေး၊ စည်းရုံးရေး၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေများနှင့် ပတ်သက်၍ ပြန်လည်သုံးသပ် တင်ပြခြင်း၊ အခြေအနေ အရပ်ရပ်ကို တွေ့ဆုံဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။ ယင်းသို့ ဆွေးနွေးရာတွင် ပြဿနာအားလုံး ပြေလည် သွားစေရေး အကောင်းဆုံး နည်းလမ်းဖြစ်သော တွေ့ဆုံ ဆွေးနွေးရေး ဖြစ်ပေါ်လာစေရေး အတွက် အခြေအနေကောင်းများ ဖန်တီးပေးနိုင်မည့် အစီအစဉ်များကို အများသဘော တူညီကြသည့် အလျောက် ပြည်သူလူထုအား အသိပေးနိုင်ရန် ဤ ရွှေဂုံတိုင် ကြေငြာစာတမ်းကို ထုတ်ပြန် ကြေငြာလိုက်သည်။

အဖွဲ့ချုပ်သည် နိုင်ငံ၏ ပြည်သူလူထုအကျိုးကို ရှေ့ရှုလျက် လက်ငင်းကြုံတွေ့ နေရသော နိုင်ငံရေး အကျပ်အတည်းများ ဖြစ်သည့် ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံး ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည် သုံးသပ်ပြင်ဆင်ရေး၊ တိုင်းရင်းသား လူမျိုးများအားလုံး အခွင့်အရေး တန်းတူညီမျှမှုကို အခြေခံသည့် စစ်မှန်သော ပြည်ထောင်စုကြီး တည်ဆောက်ရေး၊ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်ဖြစ်သော ပြည်သူ့လွှတ်တော်ကို တနည်းနည်းဖြင့် အသိအမှတ်ပြုရေး တို့သည် လက်ငင်းဖြေရှင်းရမည့် အဓိက ပြဿနာများဖြစ်သည်ဟု ယူဆသည်။ ဤကိစ္စများအပေါ် အဖွဲ့ချုပ်၏ ရပ်တည်ချက်များမှာ -

Read More...

နေ့စဉ်သတင်းများ

ဆန်ဈေးနှုန်း တရိပ်ရိပ် မြင့်တက်လာ သတင်း
အပစ်ရပ်အဖွဲ့ခေါင်းဆောင်များနှင့် ဗိုလ်ချုပ်ရဲမြင့် တွေ့ဆုံ သတင်း
ဝက်တုပ်ကွေး သတိပေးအဆင့် ၅ WHO တိုးမြှင့် သတင်း
လုံခြုံရေးကောင်စီ ကလေးစစ်သားဆွေးနွေးပွဲ မြန်မာပါဝင် သတင်း
ဒီမိုကရေစီမဆန်တဲ့ အချက်တွေကို ပြုပြင်ပေးလျှင် NLD ရွေးကောက်ပွဲဝင်ဖို့ စဉ်စားမည် သတင်း
စစ်အစိုးရနှင့် ပြေလည်ရေး ချမှတ်နိုင်ခဲ့ကြောင်း NLD ပြောကြား သတင်း
နိုင်ငံတကာအရေးယူမှု ထိရောက်ကြောင်း အတိုက်အခံများ ပြောဆို သတင်း
ခိုင်းနွားများကို နယ်မြေခံစစ်တပ်နှင့် ရဲများက သတ်ဖြတ်စားသောက် သတင်း
တွံတေးမြို့မှ တကိုယ်တော်ဆန္ဒပြသူ ကျူရှင်ဆရာကို ထောင်ဒဏ် ၁ နှစ် ချမှတ် သတင်း
နိုင်ငံရေးအကျဉ်းသားများ၏ ရှေ့နေ လွတ်ရက်စေ့ပြီး ပြန်လွတ်လာ သတင်း
ကုသရေးညံ့ဖျင်းမှုနှင့် အခမဲ့ဆေးကုသခွင့် မရရှိခြင်းကြောင့် လူနာများ မသေသင့်ဘဲ သေနေရ သတင်း
ရပ်ကွက်ပြင်ပထွက်သူ ထောင် ၁ နှစ်ကျ သတင်း
၂၀၁၀ အတွက် အပစ်ရပ်အဖွဲ့များနှင့် စစ်အစိုးရ ဆွေးနွေး သတင်း
HIV/AIDS ရောဂါဝေဒနာသည်များအား ART ဆေးဝါးအပိုထပ်ရ သတင်း
ဘိုကလေးမြို့တွင် စပါးများပိုးကျ၊ နွေစပါးထွက်နှုန်း ထက်ဝက်ကျဆင်း သတင်း
နာဂစ်သင့်ဒေသများ ကန်ရေသုံးမရ၊ သောက်သုံးရေ အခက်အခဲဖြစ်ဆဲ သတင်း
အိုဘားမားအစိုးရ ရက် ၁၀၀ ပြည့် သတင်း
ကန့်သတ်နယ်မြေမှ ထွက်ခွာသူ ထောင် ၁ နှစ်ကျ သတင်း
လွတ်ရက်စေ့ မြန်မာနိုင်ငံသား ၆၈ ဦး မိမိနိုင်ငံသို့ ပြန်လည်ရောက်ရှိ သတင်း

ရှမ်းစော်ဘွားများ အာဏာစွန့်ပြီး နှစ်ပေါင်း ၅၀ အကြာ

မေကျော်
ဧပြီလ 29 2009

စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရန် အတွက် ၁၉၅၉ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် ရှမ်းစော်ဘွားများ အားလုံးက စော်ဘွား အာဏာကို စွန့်လွှတ်ခဲ့ပါသည်။ သို့သော် ယင်းသို့ စွန့်လွှတ်ပြီး နှစ်ပေါင်း ၅၀ ကြာ ယနေ့တိုင် သူတို့ မျှော်လင့် ယုံကြည်ခဲ့သော ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်မလာခဲ့။ စော်ဘွား အာဏာစွန့်သည့် အနှစ် ၅၀ ပြည့်နေ့ နှင့် ပတ်သက်၍ ရှမ်းသံတော်ဆင့် သတင်းဌာန၏ လက်ထောက်အယ်ဒီတာ ရှမ်းအမျိုးသား တဦးဖြစ်သူ ဦးစိန်ကြည်နှင့် ဆက်သွယ် မေးမြန်းထားပါသည်။

၁။ စော်ဘွားတွေ ဘာကြောင့် အာဏာ စွန့်ခဲ့တာလဲ။

အဲဒီတုန်းက ရှမ်းပြည်မှာ ရှမ်း အပါအဝင် ပအိုဝ့်၊ ပလောင်၊ ဝ၊ ဓနု စသဖြင့် သက်ဆိုင်ရာ စော်ဘွားနယ်တွေ ရှိတယ်။ အားလုံး ၃၄ နယ်ပေါ့။ အဲဒီတုန်းက ၅၉ ခုနှစ်ဆိုတော့ ဦးနုက ဦးနေဝင်းကို အိမ်စောင့် အစိုးရ အဖြစ် ခဏ အာဏာလွှဲပေးထားတဲ့ အချိန်။ ဖဆပလ အာဏာလုနေ ကြတဲ့ အချိန်ပေါ့။ အဲဒီ အချိန်မှာလည်း ရှမ်းပြည် အစိုးရ ရှိတာကိုး။ အဲဒီကမှ နောက် ဒီမိုကရေစီ ကျကျ အုပ်ချုပ်မယ့် ရှမ်းပြည် အစိုးရ အဖြစ် နောင်အနာဂတ်မှာ ပေါ်ပေါက်လာဖို့ စော်ဘွားတွေ နယ်ရှင် ပယ်ရှင်တွေ အုပ်ချုပ်တဲ့ စနစ်ကနေ လူထု အစိုးရ ဒီမိုကရေစီ အစိုးရ လက်ထဲကို အာဏာလွှဲပြောင်းတဲ့ သဘောကူးပြောင်းတာ။ အနှစ်သာရက အဲဒါ ဆိုချင်တယ်။

နောက်ပိုင်းတော့ မဟာဗမာ စိတ်ဓာတ်ရှိတဲ့ စစ်အုပ်စု ဗိုလ်နေဝင်းက ဖြစ်ဖြစ် တခြားသမိုင်းကြောင်း ကောင်းကောင်း မသိတဲ့သူတွေကဘဲ ဖြစ်ဖြစ် ရှမ်းနဲ့ ဗမာ၊ ရှမ်း အချင်းချင်း သွေးကွဲအောင် လုပ်လာတယ်။ စော်ဘွားတွေက ပအိုဝ့်၊ ပလောင်၊ ဝ စတဲ့ တိုင်းရင်းသားတွေနဲ့ တိုင်းပြည်ကို ဗမာအစိုးရ နဲ့ ဗမာ အာဏာပိုင်တွေ လက်ထဲ ရောင်းစားလိုက်တယ်လို့ ပြောလာတယ်။ ဒီဖားတပိုင်း ငါးတပိုင်း ပြည်ထောင်စု ကနေ တန်းတူ ညီမျှတဲ့ တရားမျှတတဲ့ ပြည်ထောင်စု ဖက်ဒရယ် ပြည်ထောင်စု တခု အဖြစ် ကူးပြောင်းနိုင်အောင် နယ်ရှင် ပယ်ရှင်တွေ အုပ်ချုပ်တဲ့ စော်ဘွားစနစ်ကနေ ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်တဲ့ အစိုးရ လက်ထဲကို အာဏာလွှဲပြောင်း ပေးလိုက်တယ်လို့ ကျနော်တို့ နားလည်တယ်။

Read More...

Wednesday, April 29, 2009

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တွေ့ဆုံညှိနှိုင်း ဆွေးနွေး ပွဲတွင် ပြောကြားသည့် သဘာပတိ မိန့်ခွန်း


UWSA ငြိမ်းချမ်းရေး အနှစ် ၂၀ အမှတ်တရ

Pansang Naypyidaw



Read More...

နေ့စဉ်သတင်းများ

အန်အယ်လ်ဒီ စုံညီအစည်းအဝေး စတင်ကျင်းပ သတင်း
လုံခြုံရေးတင်းကျပ်တဲ့ကြားက အန်အယ်လ်ဒီ တိုင်းနဲ့ပြည်နယ် စည်းဝေး သတင်း
ဝေါလေခီးစခန်းကို ကေအန်ယူ စွန့်ခွာရပြီ သတင်း
ရွေးကောက်ပွဲဝင်ရေး NLD မဆုံးဖြတ်နိုင်သေး သတင်း
ဝက်တုပ်ကွေးကုသရန် ရန်ကုန်ရှိ ဆေးရုံနှစ်ရုံ ပြင်ဆင်နေ သတင်း
လူငယ်ရှေ့နေ ကိုညီညီထွေး ပြန်လွတ်ပြီ သတင်း
ရွှေလီတံတားသစ်ဖွင့်ပွဲ - နမ့်ခမ်းပြည်သူ ထောင်ချီထမင်းငတ် သတင်း
ကရင်တပ်မတော်စခန်းကို ဒီကေဘီအေနှင့် နအဖတပ်များ ဆက်လက်ထိုးစစ်ဆင် သတင်း
မန္တလေးနန်းတည် နှစ် ၁၅၀ ပြည့်အထိမ်းအမှတ် အနုပညာပုံရိပ်ပွဲတော် ကျင်းပမည် သတင်း
မြန်မာစစ်တပ်နှင့် ဒီကေဘီအေ ၁ဝ ဦး တိုက်ပွဲတွင် ကျဆုံး သတင်း
ဖားခြောက်ကောင် ကျောင်းထိုင်ဆရာတော် မြေကွက်ရောင်းစားမှုကြောင့် အဖမ်းခံရ သတင်း

လူသတ်မှုကျူးလွန်သူ လေတပ်ဗိုလ်ကြီးကို ဖမ်းဆီးရမိ

EJ /၂၈ ဧပြီ ၂၀၀၉

ပြီးခဲ့သည့် ဧပြီလဆန်းက ဗိုလ်တစ်ထောင်မြို့နယ် ဗိုလ်တစ်ထောင်လမ်းသွယ် (၄) လမ်း တိုက်အမှတ် (၆-၈)၊
(၄) လွှာ ယာဘက်ခြမ်း အခန်းတွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုမှ တရားခံ (၂) ဦးအနက် တဦးဖြစ်သူ လေတပ်ဗိုလ်ကြီး ဖုန်းဇော်အေးကို ဖမ်းဆီး ရမိခဲ့ကြောင်း ဖမ်းဆီးရာတွင် ပါဝင်ခဲ့သူ ကမာရွတ် ရဲစခန်းမှ အမည်မဖော်လိုသူ ရဲတပ်ဖွဲ့ဝင် တဦးက ပြောသည်။

၎င်းက “ပြီးခဲ့တဲ့ ဧပြီ (၁၅) ရက် သင်္ကြန်အကြတ်နေ့တုန်းက ပြည်လမ်းအမှတ် (၄၃၇) မှာ ဖွင့်ထားတဲ့ Summer Palace ဟိုတယ် မန်နေဂျာက ကျနော်တို့ စခန်းကို ဖုန်းဆက်တယ်။ သူတို့ဆီမှာ လူတယောက် တည်းခိုခန်းခ မပေးဘဲ တည်းနေတာ လာစစ်ပေးပါလို့ ဆိုတယ်။ ကျနော်တို့ ဟိုတယ်ကို ရောက်ပြီး သိပ်မကြာဘူး။ လူတယောက် ဟိုတယ် အပေါ်ထပ်ကနေ ခုန်ချတယ်။ အောက်ထပ်က အဖီထုတ်ထားတဲ့ အမိုးပေါ်ကို ပြုတ်ကျပြီး ခြေထောက် ကျိုးသွားတယ်။ ဒါနဲ့ သူ့ကိုသွားမေးကြတယ်။ နောက် ဆေးရုံပို့ပြီး စစ်ကြည့်တော့ မင်္ဂလာဒုံ လေတပ်စခန်းက ဗိုလ်ကြီးတယောက် ဖြစ်နေတယ်။ သူပြောတာတွေ ရှေ့နောက်မညီတာနဲ့ ဆက်ပြီး စစ်လိုက်တာ ဗိုလ်တစ်ထောင် လမ်းသွယ် (၄)၊ နှစ်လောင်းပြိုင် လူသတ်မှုက လူသတ်သမားဖြစ်နေတာ သိရတယ်။ ခု သူ့ကို စစ်တပ်က လာလွှဲယူသွားပြီ” ဟု ပြောသည်။

Read More...

Tuesday, April 28, 2009

နေ့စဉ်သတင်းများ

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် အရာရှိတဦး တိုက်ပွဲတွင်ကျဆုံး သတင်း
တွံတေးမြို့တွင် ၀က်များသေဆုံး၊ စားသုံးသူများ ရောဂါဖြစ် သတင်း
ဝက်တုပ်ကွေးသတိပေးမှု ကျန်းမာရေးဝန်ကြီးဌာန လုပ်ဆောင် သတင်း
စုံညီအစည်းအဝေးအတွက် အန်အယ်လ်ဒီပါတီဝင်များ အနှောင့်အယှက်မရှိ လာရောက်နိုင် သတင်း
မက္ကဆီကိုတွင် ဝက်တုပ်ကွေး ကပ်ရောဂါဖြစ်ပွား သတင်း
ကေအန်ယူကို ဒီကေဘီအေ ထိုင်းမြေအတွင်းမှ ၀င်တိုက် သတင်း
ငွေမပေးနိုင်ခြင်းကြောင့် မြန်မာအလုပ်သမားတချို့ DKBA အဖွဲ့ထဲဝင် သတင်း
တော်လှန်ရေးသမားနဲ့ ဓားပြ (ဆောင်းပါး)
ရှပ်နီတွေ ဘန်ကောက်မှာ ပြန်စုပြီ သတင်း
မြန်မာ-ထိုင်း လူကုန်ကူးမှုတိုက်ဖျက်ရေး သဘောတူစာချုပ် သတင်း
မွန်နိုင်ငံအရေးအဖွဲ့အစည်းများအား ရွေးကောက်ပွဲဝင်ရန် အထင်ကရ ဆရာတော်တစ်ပါး တိုက်တွန်း သတင်း
လူရွှင်တော် ဇာဂနာ ထောင်ပြင်ထုတ် ဆေးစစ်ခွင့်ရ သတင်း
ကျောက်ထုလုပ်သား အင်္ဂါကို မီးရှို့၍ စစ်ဆေး သတင်း

Monday, April 27, 2009

လူကုန်ကူးသည့် မလေးရှား အာဏာပိုင်များကို တရားစွဲမည်

ကိုဝိုင်း
စနေနေ့၊ ဧပြီလ 25 2009

ချင်းမိုင် (မဇ္ဈိမ)။ ။ မလေးရှားတွင် မြန်မာအလုပ်သမားများကို လူကုန်ကူးသူများထံ ရောင်းစားနေသော မလေး အာဏာပိုင်များကို ဥပဒေကြောင်းအရ တရားစွဲဆိုနိုင်ရန် အန်ဂျီအို ခေါ် အစိုးရ မဟုတ်သော အဖွဲ့များက စီစဉ်နေသည်။

လူကုန်ကူးခံရသူ အမြောက်အမြားရှိနေကြောင်း အထောက်အထားများ အခိုင်အမာ ရှိနေကာ သက်ဆိုင်ရာ အာဏာပိုင်များကို တရား စွဲဆိုရေးအတွက် မိမိတို့ အပါအဝင် အန်ဂျီအို ၄ ဖွဲ့က မလေး-ထိုင်း နယ်စပ်၌ လူကုန်ကူးမှု တိုက်ဖျက်ရေးနှင့် ပတ်သက်၍ အစိုးရက မည်သို့ ဆောင်ရွက်နေသည်ကို လေ့လာပြီး အသေးစိတ် အချက်အလက်များ စုဆောင်းနေကြောင်း မလေးရှား ရှေ့နေများကောင်စီ လက်အောက်ရှိ လူ့အခွင့်အရေး ကော်မတီက ပြောဆိုခြင်းဖြစ်သည်။

Read More...

၂၀၁၀ ရွှေးကောက်ပွဲအတွက် စစ်တပ်လိုလားသူများဖြင့် ရယက များကို ပြန်လည် ဖွဲ့စည်းမည်

4/25/2009

မင်းအောင်(နိရဉ္စရာ) ၂၀၁၀ ခုနှစ် ရွှေးကောက်ပွဲအတွက် ရခိုင်ပြည်နယ် အတွင်းရှိ ကျေးရွာ ရပ်ကွက် ရယက အဖွဲ့ဝင်များကို စစ်တပ် လိုလားသူများဖြင့် အစာထိုး ပြင်ဆင် ဖွဲ့စည်းတော့မည် ဖြစ်သည်။

သို့အတွက် ကျေးရွာ ရပ်ကွက် တခုချင်းစီ အလိုက် တာဝန်ယူမည့် ရယက အဖွဲ့ဝင် ပုဂ္ဂိုလ်များ၏ အမည်စာရင်းကို ဧပြီလ ၂၇ ရက်နေ့ကို နောက်ဆုံးထားပြီး ဒေသကွပ်ကဲမူ ဌာနချုပ်သို့ ပေးပို့ရန် ညွန်ကြားချက် ထုတ်ထားသည်ဟု အမည်မဖေါ်လိုသူ ခရိုင် အဆင့် ၀န်ထမ်း တဦးက ပြောသည်။

Read More...

မြန်မာ ဒုက္ခသည်များ "ပြည့်တန်ဆာလုပ်ငန်းတွင် ရောင်းစားခံရ

Finacial Times
ဧပြီ ၂၅၊ ၂၀၀၉

မြန်မာ ဒုက္ခသည်များ ပြည့်တန်ဆာလုပ်ငန်းသို့ ရောင်းစားခံရသည့် ကိစ္စတွင် မလေးရှား အစိုးရ အရာရှိများ ပါဝင်နေသည်ဟု အမေရိကန် လွှတ်တော်အမတ် တဦးက စွပ်စွဲလိုက်သည်။

ထိုင်း မလေးရှား နယ်စပ်ဒေသတွင် လူကုန်ကူးသူများ၏ လက်အတွင်းသို့ လွဲပြောင်းခံရသည့် မြန်မာ ဒုက္ခသည်များနှင့် ပတ်သက်ပြီး တနှစ်ကြာ အချိန်ယူ စုံစမ်း ရေးသားထားသော အ စီရင်ခံစာကို

နိုင်ငံခြားဆက်ဆံရေးကော်မတီတွင် တာဝန်ရှိသော လွှတ်တော် အမတ် Richard Lugarက မလေးရှား အစိုးရကို အင်္ဂါနေ့က ပေးအပ်လိုက်သည်။

Read More...

အပေါ်သို့