Saturday, March 31, 2012

ရွေးကောက်ပွဲအကြိုအခြေအနေ လက်ခံနိုင်ဖွယ် မရှိ

30 မတ် 2012
ကိုကျော်ကျော်သိန်း

ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ့်ရက် မတိုင်ခင် ဖြစ်နေခဲ့တဲ့အခြေအနေတွေဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတခု ဖြစ်ဖို့အတွက် လက်ခံနိုင်တဲ့ အခြေအနေတွေ မဟုတ်ပါဘူးလို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ရွေး ကောက် ပွဲဆိုင်ရာ စည်းကမ်း နည်းလမ်းမကျတာတွေ၊ တရားမ၀င်လုပ်ရပ်တွေနဲ့ပတ်သက်ပြီး အစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင်တို့က လုပ်သင့်သလောက် တင်းတင်းကျပ်ကျပ် မလုပ်တာကလည်း စိတ်မကောင်းစရာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ရန်ကုန် မြို့ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ မသမာမှုတွေ၊ ကိုယ်ထိလက်ရောက် တိုက်ခိုက်ဖို့ ကြိုးစားတာတွေ စတဲ့ ရွေးကောက်ပွဲမတိုင်ခင် ဖြစ်ပျက်နေခဲ့တဲ့ အခြေအနေအရပ်ရပ်တွေ အပါအ၀င် နိုင်ငံတကာက လေ့လာစောင့်ကြည့်သူတွေရဲ့ အခန်းကဏ္ဍ၊ သူ့ရဲ့ကျန်းမာရေး၊ လုံခြုံရေးစသဖြင့် အကြောင်းအရာမျိုးစုံကို မတ်လ ၃၀ ရက်နေ့ မနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝန်းအတွင်း ပြုလုပ်တဲ့ သတင်းစာရှင်း လင်းပွဲအတွင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင်က အကျယ်တ၀င့် ပြောဆိုဖြေကြားခဲ့တာပါ။

Read More...

ကြားဖြတ်ရွေးကောက်ပွဲ ကြိုတင်မဲစပေးပြီ

30 မတ် 2012
မသင်းသီရိ

ကြားဖြတ်ရွေးကောက်ပွဲအတွက် ဒီကနေ့ စတင်ပေးနေပြီဖြစ်တဲ့ ကြိုတင်မဲတွေမှာ မသမာမှုတွေမရှိရအောင် အသေအချာ စီစဉ် ဆောင် ရွက် ထားတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။ ဒီကနေ့ မတ်လ ၃၀ ရက်ကနေ မနက်ဖြန် မတ်လ ၃၁ ရက် နေ့ထိ ၂ ရက်ကြာ ကြိုတင်မဲတွေကို သက်ဆိုင်ရာ မဲဆန္ဒနယ်မြေတွေအတွင်း စပေးနေပြီလည်း ဖြစ်ပါတယ်။ ဒီ ကြိုတင်မဲပေးကြတဲ့ အခြေအနေတွေကိုတော့ စုံစမ်းမေးမြန်းထားတဲ့ မသင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်။

လစ်လပ်မဲဆန္ဒနယ်တွေမှာရှိတဲ့ ရပ်/ကျေးမဲရုံတွေမှာ ဒီကနေ့ မနက် ၆ နာရီကစလို့ ကြိုတင်မဲတွေ စပေး နေကြပါပြီ။ ဒီကနေ့ မတ်လ ၃၀ ရက် ကနေ မနက်ဖြန် မတ်လ ၃၁ ရက်အထိ ၂ ရက်ကြာ မနက် ၆ နာရီ ကနေ ညနေ ၆နာရီထိ ကြိုတင်မဲတွေ ပေးနိုင်ကြပြီး မတ်လ ၃၁ ရက်နေ့ ညနေ ၆ နာရီမှာ ကြိုတင်မဲစာရင်းတွေ ပိတ်မှာ ဖြစ်ပါတယ်။

Read More...

NLD မဲဆန္ဒပညာပေးပွဲသွားစဉ် ဝင်းကုန်းရွာလုံးကျွတ်နီးပါး မီးလောင်

30 မတ် 2012
ကိုမိုးဇော်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဝင်းကုန်းရွာမှာ မတ်လ ၂၉ ရက်နေ့ ညနေပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ရာမှာ အိမ်ခြေ ၁၃၀ ကျော် တရွာလုံးနီးပါး လောင်ကျွမ်းပြီး လူ ၁,၀၀၀ ကျော်လောက် အိုးအိမ်မဲ့ဖြစ်ရပါတယ်။ ၀င်းကုန်းရွာမီးဟာ ရွာသူရွာသားတွေ အားလုံးနီးပါး လောက် ပုလဲမြို့ကိုသွားရောက်ပြီး အနုပညာရှင်တွေပါဝင်တဲ့ ရွေးကောက်ပွဲအကြို ဆန္ဒမဲပေးရေး-ပညာပေးနဲ့ ဖြေဖျော်ရေးပွဲကို သွား ရောက်နေချိန်မှာ လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။ ဒီသတင်းကိုတော့ ထိုင်းအခြေစိုက် သတင်းထောက်ကိုမိုးဇော်က တင်ပြထားပါတယ်။

မီးလောင်ကျွမ်းခဲ့တဲ့ ၀င်းကုန်းကျေးရွာဟာ ချင်းတွင်းမြစ် အနောက်ဘက်ကမ်းက အလောင်းတော် ကဿပ တောင်ခြေ၊ ပုလဲမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်အကြား ဒေသလောက်မှာ တည်ရှိတာဖြစ်ပြီး လမ်းပန်း ဆက်သွယ်ရေး ခက်ခဲတဲ့အပြင် ရေရှားပါးတဲ့ဒေသမှာ တည် ရှိတာဖြစ်ပါတယ်။

Read More...

ကိုယ်စားလှယ် ကန့်ကွက်လွှာ တင်သွင်းရက် ပြောင်းလဲ

2012-03-30

ရွေးကောက်ပွဲ နည်းဥပဒေမှာ မဲဆန္ဒနယ်တစ်ခုက ရွေးကောက် တင်မြောက်ခံရတဲ့ ကိုယ်စားလှယ်တွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ် ကော်မရှင်က အတည်ပြု ကြေညာပြီးတဲ့ နေ့ကစလို့ ရက်ပေါင်း ၆၀ အတွင်း ကန့်ကွက်နိုင်ကြောင်း ဖော်ပြထားပါတယ်။

ဒါပေမဲ့ အခုကြားဖြတ် ရွေးကောက်ပွဲမှာတော့ ၂၁ ရက်အတွင်း ကန့်ကွက်လွှာ တင်သွင်းရမှာ ဖြစ်တယ်လို့ ပြည်တောင်စု ရွေးကောက်ပွဲ ကော်မရှင် ဦးသာဦး ခေါင်းဆောင်တဲ့အဖွဲ့က မနေ့က ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးခရိုင်မှာ ပြောဆိုခဲ့ကြောင်း သိရပါတယ်။

Read More...

အောက်ခြေ ကော်မရှင်များ ဆောင်ရွက်ချက် အားနည်း

2012-03-30

မနက်ဖြန် ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမဲ့ ရွေးကောက်ပွဲအတွက် ပြည်သူအများ မဲပေးနိုင်ရေး အောက်ခြေ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲတွေရဲ့ ဆောင်ရွက်ချက်တွေမှာ အားနည်းချွတ်ယွင်းချက်တွေ ရှိနေတယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့်ရေး လွတ်လပ်သော စေတနာ့ဝန်ထမ်းများအဖွဲ့က မနေ့က ပြောဆိုပါတယ်။

ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကိုယ်တိုင် တရားမျှတတဲ့ ရွေး ကောက်ပွဲကျင်းပဖို့အဆင့်သင့်ဖြစ်နေပြီလို့ ပြောဆိုထားပေမဲ့ အောက်ခြေ ကော်မရှင်တွေမှာ သက်ရောက်မှုမရှိဘူးလို့ အဖွဲ့ရဲ့ ပြော ခွင့် ရပုဂ္ဂိုလ် ဦးမင်းခင်က ပြောပါတယ်။

Read More...

ကမ္ဘာ့သြဇာအရှိဆုံး ပုဂ္ဂိုလ်စာရင်း သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို အဆိုပြု

2012-03-30

ကမ္ဘာကျော် Time သတင်းမဂ္ဂဇင်းရဲ့ ၂၀၁၂ သြဇာတိက္ကမ ကြီးမားတဲ့ ပုဂ္ဂိုလ်စာရင်းများအတွက် လျာထားတဲ့ပုဂ္ဂိုလ် ၁၀၀ ထဲမှာ မြန်မာ နိုင်ငံက သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို အဆိုပြုထားတယ်လို့ သိရှိရပါတယ်။

မြန်မာ့ ဒီမိုကရေစီအရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကို ချီးကျူးဂုဏ်ပြုလိုက်တာ ဖြစ်သလို သမ္မတ ဦးသိန်းစိန်ကို တော့ ရုရှားနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးသမား Govachev နဲ့ နှိုင်းယှဉ်တင်စား ထားပါတယ်။

Read More...

ကွန်ယက်အဖွဲ့အစည်းတွေ တိုးချဲ့ဖွဲ့စည်းဖို့ တိုက်တွန်း

2012-03-30

ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးမှာ အရပ်ဘက်လူ့အဖွဲ့အစည်း အင်အား တောင့်တင်းခိုင်မာရေးက အဓိကကျတဲ့အတွက် မျိုးဆက်သစ် လူငယ်တွေအနေနဲ့ ကွန်ယက်အဖွဲ့အစည်းတွေ တိုးချဲ့ဖွဲ့စည်း လုပ်ဆောင်ဖို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေက တိုက်တွန်း လိုက်ပါတယ်။

မြန်မာနိုင်ငံတ၀န်း လူငယ်ကွန်ယက်အဖွဲ့တွေ ပေါ်ပေါက်ရေးကို ရည်ရွယ်ပြီး ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ ကြည့်မြင် တိုင် မြို့နယ်က မျိုးဆက်သစ်လူငယ်တွေ ဒီကနေ့ တွေ့ဆုံဆွေးနွေးပွဲမှာ ကိုမင်းကိုနိုင်က-

Read More...

အာဆီယံ လူထုအခြေပြု အဖွဲ့အစည်းများ ဆွေးနွေးပွဲ ကမ္ဘောဒီးယား အစိုးရက ကန့်သတ်

2012-03-30

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့မှာ ကျင်းပနေတဲ့ မြန်မာအပါအ၀င် အာဆီယံလူထုအခြေပြု အဖွဲ့အစည်းများ ဆွေးနွေးပွဲကို ကမ္ဘောဒီး ယား အစိုးရက ပင်မညီလာခံ ကျင်းပနေတဲ့ နေရာကနေ ဝေးလံတဲ့ နေရာတွေကို မနေ့ညက ဖိအားပေးပြီး ပြောင်းရွှေ့ခိုင်းလိုက်ပါတယ်။

လူထုအခြေပြု အဖွဲ့အစည်းတွေ ဆွေးနွေးနေတဲ့ အကြောင်းအရာတွေထဲမှာ မြန်မာအစိုးရရဲ့ အာဆီယံဥက္ကဋ္ဌ အလှည့်ကျကိစ္စ၊ ဒေသ တွင်း က နိုင်ငံတွေက မြေသိမ်း ယာသိမ်းကိစ္စတွေအပြင် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုကိစ္စတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

Read More...

မတရားလည်း ဒေါ်အောင်ဆန်းစုကြည် ရှေ့ဆက်မည်

လင်းဘိုဘို
မတ်လ ၃၀ ရက် ၂၀၁၂ ခုနှစ်

တနင်္ဂနွေနေ့တွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲသည် လုံးဝ လွတ်လပ်ပြီး တရားမျှတမည့် ရွေးကောက်ပွဲ ဖြစ်မည်ဟု မထင်သော် လည်း လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကြိုးပမ်းမှုကို လက်လျှော့မည်မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောဆိုလိုက်သည်။

သောကြာနေ့ နံနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD သတင်းစာရှင်းလင်းပွဲ၌ ရွေးကောက်ပွဲကြို ကာလအတွင်း ပါတီ၏ လှုပ်ရှားမှုများအပေါ် နှောင့်ယှက်မှုများ ရှိနေကြောင်း မည်သို့ပင် ရှိစေကာမူ လူထုလိုလားသည့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် ရွေးကောက်ပွဲကို ဆက်လက်ယှဉ်ပြိုင်သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။

Read More...

ကျောက်ပန်းတောင်းတွင် ကြံ့ခိုင်ရေးပါတီက NLD အား ပုတ်ခတ် မဲဆွယ်ဟုဆို

ဖနိဒါ
မတ်လ ၃၀ ရက် ၂၀၁၂ ခုနှစ်

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ် မဲဆန္ဒနယ်မြေအတွက် ပြုလုပ်သည့် မဲဆွယ်ပွဲတွင် ကြံ့ခိုင်ရေးပါတီမှ တောင်သာမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်း က ပြိုင်ဘက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အား ပုတ်ခတ်ပြောဆိုခဲ့သည်ဟု NLD ပါတီက စွပ်စွဲ ပြောဆိုလိုက်သည်။

ကျောက်ပန်းတောင်းမြို့နယ် လက်ပန်ပြား၊ ကျုံရွာ၊ စက်ထိန်း၊ ဆုံကုန်း စသည့် ကျေးရွာများ၌ ဦးအောင်သောင်း စည်းရုံးဟောပြော စဉ် အတွင်း NLD ပါတီမှ အမတ်လောင်းများ ပုတ်ခတ် ပြောဆိုခဲ့ကြောင်း ကျောက်ပန်းတောင်း မြို့နယ် NLD အောင်နိုင်ရေးအဖွဲ့တာဝန်ခံ ဦးအေးခိုင် က ပြောသည်။

Read More...

ဟပွေးသန်းလွင် ကို မွန်ပြည်သစ် အသေဖမ်းမိ

ကွန်းချမ်း
မတ်လ ၃၀ ရက် ၂၀၁၂ ခုနှစ်

မွန်အမျိုးသား ကာကွယ်ရေးတပ် အမည်ဖြင့် လှုပ်ရှားနေသည့် မွန်လက်နက်ကိုင်အဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ ဟပွေးသန်းလွင် (ခေါ်) ကိုရင်လေးမှာ သောကြာနေ့ နံနက်ပိုင်းတွင် မွန်ပြည်သစ်ပါတီ၏ လက်နက်ကိုင် တပ်မတော်နှင့် ဖြစ်ပွားသည့် ရင်ဆိုင်တိုက်ပွဲကြောင့် ကျဆုံးသွားပြီး ဖြစ်ကြောင်း မွန်ပြည်သစ်က ပြောသည်။

နံနက် ၇ နာရီခွဲတွင် မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင် ကြားအင်းဆိပ်ကြီးမြို့နယ် နောင်ဘုရင့်ရွာနှင့် တောင်ပေါက်ရွာ ကြားတွင် ဖြစ်ပွားသည့် ရင်ဆိုင်တိုက်ပွဲကြောင့် ဟပွေးသန်းလွင်နှင့် သူ့တပ်ဖွဲ့ဝင်တဦးတို့အား အသေဖမ်းဆီးရမိသည် ဟု မွန်ပြည်သစ်ဘက်က ပြောသည်။

Read More...

'အနစ်နာခံခဲ့သူတွေကို ကြားဖြတ်ရွေးကောက်ပွဲမှာ ကျေးဇူးဆပ်မယ်'

မျိုးသန့်
မတ်လ ၃၀ ရက် ၂၀၁၂ ခုနှစ်

(တေးရေး၊ တေးဆို ဆောင်းဦးလှိုင် နှင့် အင်တာဗျူး)

ချင်းမိုင် (မဇ္ဈိမ) ။ ။ အဆိုတော် ဆောင်းဦးလှိုင်သည် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲပညာပေး အစီအစဉ် အဖြစ် ရုပ်ရှင် ဂီတ အနုပညာရှင်များနှင့်အတူ ပြင်ဦးလွင်မြို့သို့ မတ်လ ၂၇ ရက်နေ့က သွားရောက်ပညာပေးခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်၍ သူ၏ မျှော်လင့်ချက်များ၊ ပြည်သူလူထု၏ စိတ်ဝင်စားမှုအခြေအနေ၊ အနုပညာသမားများနှင့် နိုင်ငံရေး စသည်တို့ကို မဇ္ဈိမ သတင်းထောက် မျိုးသန့် က ဆက်သွယ် မေးမြန်းထားသည်။

Read More...

ရွှေငါး၊ ဖားပြုပ်၊ စက်ရုပ်နှင့် ပရာဒို တို့ ကားဈေးကွက်အတွင်း နေရာယူ

အောင်ကြည်
မတ်လ ၃၀ ရက် ၂၀၁၂ ခုနှစ်

ကားဟောင်း အစားထိုး လဲလှယ်ရေး အစီအစဉ်အရ ကားသစ်များကို ၂ဝဝ၆ ခုနှစ် မော်ဒယ် အထိ တင်သွင်းခွင့် ပြုနေသော်လည်း လက်ရှိ ကားဈေးကွက်အတွင်း ၂ဝဝဝ ခုနှစ် ဝန်းကျင် မော်ဒယ် ကားများသာ နေရာယူဆဲ ဖြစ်သည်ဟု ကားဝယ်ရောင်းများနှင့် ဈေးကွက်လေ့လာ သူများက ဆိုသည်။

၂ဝ၁၂ ခုနှစ်အတွင်း တင်သွင်းလာသည့် ကားအမျိုးမျိုးရှိသော်လည်း ရန်ကုန် ဈေးကွက်တွင်မူ တိုယိုတာ မတ်တူး ရွှေငါး၊ တိုယိုတာ ကာဒီးနား စက်ရုပ်၊ မစ်ဆူဘီရှီ ပဂျဲရိုး ဖားပြုပ် နှင့် တိုယိုတာ ပရာဒိုကားများသာ အရောင်းအဝယ် လိုက်ကြောင်း မြန်မာကား ဒီဘီ (myanmarcarsdb) ဝက်ဆိုဒ်မှ ဒါရိုက်တာ တဦးဖြစ်သူ ဦးဝေဖြိုးလင်း က ပြော သည်။

Read More...

Friday, March 30, 2012

မရမ်းကုန်းမြို့နယ်တွင် မတ်လ ၃၀၊နှင့် ၃၁ ရက်တို့တွင် ကြိုတင်မဲပေးနိုင်ပြီ

မရမ်းကုန်းမြို့နယ်တွင် မတ်လ ၃၀ ရက်နေ့နှင့် ၃၁ ရက်နေ့တွင် ကြိုတင်မဲပေးနိုင်မည်ဖြစ်ကြောင်းမရမ်းကုန်းမြို့နယ် ကော်မရှင် အတွင်း ရေးမှူး ဦးအောင်ဇင်ဦးက ပြောသည်။ ဥပဒေနှင့် ကိုက်ညီသော ကြိုတင်မဲပေးခွင့်ရှိသူတိုင်း ကြိုတင်မဲ ပေးနိုင်မည်ဖြစ်ပြီး၊ မနက် ၆ နာရီမှ ညနေ ၆ နာရီ အထိမိမိတို့နှင့် သက်ဆိုင်သော ရပ်ကွက်ကော်မရှင်ရုံးတို့တွင် လာရောက်မဲပေးနိုင်ကြောင်း ကော်မရှင်အတွင်းရေးမှူး ဦးအောင်ဇင်ဦးက ပြောသည်။

“ကြိုတင်မဲပေးခွင့်ရှိသူ ဥပဒေနဲ့ ကိုက်ညီတဲ့သူတိုင်းကြိုတင်မဲပေးလို့ရပါတယ် သက်ဆိုင်ရာပါတီက ကိုယ်စားလှယ်တွေ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ ကိုယ်တိုင်လာကြည့်လို့ရတယ် ပြီးတော့ သူတို့ကိုယ်တိုင်ချိတ်ပိတ်လို့ရတယ် ပြီးရင် လူတွေမြင်သာ ထင် သာရှိတဲ့နေရာမှာထားမှာပါ”ဟု မရမ်းကုန်းမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အတွင်းရေးမှူး ဦးအောင်ဇင်ဦးကပြောသည်။ အဆိုပါ ကြိုတင် မဲပေးရမည့်နေ့တွင်ဆေးရုံတက်နေသောလူများနှင့် သက်ကြီးရွယ်အို လမ်းမလျှောက်နိုင်သောသူများက ရပ်ကွက်ရုံးသို့ လာ ရောက်အကြောင်းကြားပါက ရပ်ကွက်ကော်မရှင်က ကိုယ်စားလှယ်နှစ်ယောက်ကို သွားရောက်ကြိုတင်မဲ ယူနိုင်ရန်စီစဉ်ထားကြောင်း သိရှိရသည်။

Read More...

လေးခွဖြင့် ချောင်းမြောင်းပစ်ခံရသူ မပွင့်ဖြူပြုံး

"လေးခွဖြင့် ချောင်းမြောင်းပစ်ခံရသူ မပွင့်ဖြူပြုံး နေအိမ် သို့ ပြန်လည်ရောက်ရှိသော်လည်း ကျန်းမာရေး ကို စောင့်ကြည့် ကာလ အဖြစ် သတ်မှတ်ခြင်း ခံထားရဟုဆို"

ဥတ္တရသီရိမြို့နယ် အောင်ချမ်းသာကျေးရွာ NLD ၏မဲဆွယ် စည်းရုံးပွဲ အပြန် ချောင်းမြောင်း ပစ်ခတ်ခြင်း ခံခဲ့ရသူ မပွင်ဖြူပြုံးသည် ယခုလ ၂၁ ရက်နေ့ကဆေးရုံမှ ဆင်း၍နေအိမ် သို့ ပြန်လည်ရောက်ရှိခဲ့သည်ဟု သတင်းရရှိသည်။ သူမ၏ ကျန်းမာရေး အခြေအနေမှာ အလုံးစုံကောင်းမွန်မှု မရှိသေးသည်ကြောင့် လာမည့် ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့ များတွင် ဆေးရုံသို့ တစ်ကြိမ် ပြန်လည်သွားရောက် စစ်ဆေးမှု့ ခံယူရဦးမည် ဟုသတင်းရရှိသည်။လတ်တလော အခြေအနေကိုဆရာဝန်တို့က စောင့်ကြည့် အခြေအနေဟု သတ်မှတ်ကာ ဆိုင်ကယ် စီးခြင်းနှင့် လူရောစိတ်ပါ လှုပ်ရှားနေထိုင်မှုများ မပြုလုပ်ရန် မှာကြားထားသည် ဟုသူမကဆိုသည်။

Read More...

ကချင်ပြည်နယ် ရွေးကောက်ပွဲများ ကျင်းပနိုင်ရေး ကူညီမည်ဟု KIO ပြော

သန့်စင်ငြိမ်းချမ်း
March 29, 2012

ကချင်ပြည်နယ်တွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပနိုင်ရေး ကူညီဆောင်ရွက်သွားမည်ဟု ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) က ယမန်နေ့က ထုတ်ပြန်ကြေညာလိုက်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လုံခြုံရေး အကြောင်းပြချက်ဖြင့် ကချင်ပြည်နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ရန် ရွှေ့ ဆိုင်း ခဲ့သည့် မဲဆန္ဒနယ် သုံးခုနှင့်ပတ်သက်၍ KIO နှင့် ဆွေးနွေးရန် ဆန္ဒရှိကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ယခုလ ၂၆ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည့်အပေါ် တုန့်ပြန် ပြောဆိုခြင်း ဖြစ်သည်။

Read More...

ပြည်ပစောင့်ကြည့်သူနှင့် မီဒီယာတွေ မဲရုံနားကပ်ခွင့်မရ

29 မတ် 2012
ကျော်ကျော်သိန်း - နန္ဒာချမ်း

ဧပြီလ ၁ ရက်နေ့ လာမယ့် တနင်္ဂနွေနေ့မှာ ကျင်းပဖို့ရှိနေတဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေဟာ လွတ်လပ်မျှတပြီး ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲတွေ ဖြစ်ရမယ်ဆိုတာကို မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဒီကနေ့ ထပ်မံ အာမခံလိုက်ပါတယ်။ ဒါပေ မဲ့လည်း နိုင်ငံတကာ လေ့လာအကဲခတ်ရေးအဖွဲ့တွေကတော့ - ဒီကြားဖြတ် ရွေးကောက်ပွဲကို လေ့လာရမယ့်နေရာမှာ အကန့်အသတ် တွေ ရှိနေတဲ့အတွက် တကယ်တမ်း လွတ်လပ် ပွင့်လင်းပြီး တရားမျှတပါ့မလားဆိုတာ စိုးရိမ်စိတ် ရှိနေကြပုံ ပေါ်ပါတယ်။

ဒီကနေ့ မြန်မာအစိုးရ နိုင်ငံခြားရေးရုံးမှာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က နိုင်ငံတကာလေ့လာရေး အကဲခတ်အဖွဲ့တွေကို ရှင်း လင်းပြောကြားတဲ့ပွဲမှာ ဒီကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ အဓိက ဘာတွေ ရှင်းလင်းခဲ့သလဲဆိုတာကို ရန်ကုန်မှာ ရောက် နေပြီး ဒီရှင်းလင်းပွဲကို ကိုယ်တိုင် တက်ရောက်သတင်းယူခဲ့တဲ့ ကိုကျော်ကျော်သိန်းက အပြည့်အစုံပြောပြထားပါတယ်။

Read More...

သြစတြေးလျလွှတ်တော်အမတ်တွေ မြန်မာပြည် ဝင်ခွင့်မရ

29 မတ် 2012

သြစတြေးလျနိုင်ငံက ပါလီမန်အမတ်နှစ်ဦးရဲ့ မြန်မာနိုင်ငံ ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာဖို့ လျှောက်ထားချက်ကို မြန်မာ အစိုးရက ငြင်းဆန်လိုက်ပါတယ်။ သြစတြေးလျနိုင်ငံ၊ ပြည်ထောင်စုလွှတ်တော်က လေဘာပါတီအမတ် Janelle Saffin နဲ့ အနောက် သြစတြေးလျ ပြည်နယ်ရဲ့ အထက်လွှတ်တော်အမတ် Mathias Cormann တို့ဟာ မြန်မာနိုင်ငံကို လေ့လာရေး ကိုယ်စားလှယ်အဖြစ် သွားရောက်ဖို့ လျှောက်ထားကြတာကို ကမ်ဘာရာမြို့၊ မြန်မာသံအမတ်ကြီးက ဗီဇာပေးဖို့ ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။

Read More...

ဖွံ့ဖြိုးဆဲနိုင်ငံကြီးငါးခု ဖွံ့ဖြိုးရေးဘဏ်ထောင်မည်

29 မတ် 2012

ကမ္ဘာ့အကြီးဆုံး စီးပွားရေးဖွံ့ဖြိုးဆဲနိုင်ငံကြီးငါးနိုင်ငံက သူတို့ရဲ့ဖွံ့ဖြိုးရေးဘဏ်တွေ ရရှိတဲ့အချက်အလက်တွေကို မျှဝေကြဖို့အိန္ဒိယ နိုင်ငံ၊ နယူးဒေလီမြို့မှာကျင်းပတဲ့BRICSထိပ်သီးညီလာခံအပြီးမှာ ပြောဆိုလိုက်ကြပါတယ်။

ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိက ငါးနိုင်ငံပါဝင်တဲ့ BRICS လို့သိထားကြတဲ့ အဖွဲ့ရဲ့ခေါင်းဆောင်တွေက သူတို့အဖွဲ့ မှာ နိုင်ငံတကာ ငွေကြေးအဆောက်အအုံအတွက် ကိုယ်စားပြုသူတွေ ပိုလိုအပ်နေတယ်လို့ ဆိုပါတယ်။

Read More...

တိဘက်သတင်းလွှင့်သူတွေကို တရုတ်ခြိမ်းခြောက်

29 မတ် 2012

တရုတ်အာဏာပိုင်တွေဟာ တိဘက် အခြေအနေဖော်ပြတဲ့ သတင်းအချက်အလက် ဖြန့်ဝေသူတွေကို ညှင်းပမ်းနှိပ်စက်မယ်လို့ ဗြောင်ခြိမ်း ခြောက်နေကြောင်း နယ်စည်းမခြား သတင်းသမားများ အဖွဲ့က ပြောကြားလိုက်ပါတယ်။

အနောက်မြောက်ပိုင်း ဂျဲန်စု Gansu ခရိုင်၊ Gan Lho တိဘက် ကိုယ်ပိုင် အုပ်ချုပ်ရေးနယ်မြေက တရုတ်အာဏာပိုင်တွေဟာ ဒီအကြမ်း ဘက်ရေး မူဝါဒကို ပွင့်ပွင့်လင်းလင်း ပြောကြားနေတယ်လို့ ပြင်သစ်အခြေစိုက် သတင်းလွတ်လပ်ခွင့် ဆောင်ရွက်နေတဲ့အဖွဲ့ကြီးက ကြာသပတေးနေ့က ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

Read More...

လွှတ်တော်သုံးရပ် ကော်မတီ၊ ကော်မရှင်တွေ ပြည်ထောင်စုအဆင့် မရှိ

29 မတ် 2012
သင်းသီရိ

မြန်မာနိုင်ငံထဲက လွှတ်တော်သုံးရပ်စလုံးမှာ ဖွဲ့စည်းထားတဲ့ ရေးရာကော်မတီတွေနဲ့ ကော်မရှင်တွေဟာ ပြည်ထောင်စုအဆင့်မရှိဘူးလို့ ဖွဲ့စည်းပုံအခြေခံဆိုင်ရာဥပဒေခုံရုံ က မတ်လ (၂၈) ရက်နေ့မှာ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဖွဲ့စည်း ထားတဲ့ ဒီ ကော်မတီတွေနဲ့ ကော်မရှင်တွေကို အခုလို ပြည်ထောင်စုအဆင့်မရှိဘူးဆိုတဲ့ သတ်မှတ်ချက်တွေကြောင့် လွှတ်တော်ရေးရာ လုပ်ငန်းတွေမှာ အခက်အခဲ တချို့ရှိလာနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေပါတယ်။

လွှတ်တော်သုံးရပ်စလုံးမှာ ဖွဲ့စည်းထားတဲ့ ကော်မတီနဲ့ကော်မရှင်တွေဟာ လွှတ်တော်ရဲ့ ကော်မတီ၊ ကော်မရှင်အဖွဲ့တွေသာဖြစ်ပြီး ဖွဲစည်း ပုံအခြေခံဥပဒေ ပြဌာန်းချက်နဲ့ ညီညွတ်ခြင်းမရှိလို့ ပြည်ထောင်စုအဆင့်ရှိတဲ့ အဖွဲ့တွေမဟုတ်ဘူးလို့ မတ်လ (၂၈) ရက်နေ့ မနက်မှာ ဖွဲ့စည်းပုံဆိုင်ရာ အခြေခံဥပဒေခုံရုံးက ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ နိုင်ငံတော်သမ္မတရုံး ကိုယ်စား ပြည်ထောင်စုရှေ့နေချုပ်ရုံးက ဖွဲ့ စည်း ပုံခုံရုံးကို စစ်ဆေးပေးဖို့ တင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီရေးရာကော်မတီတွေ၊ ကော်မရှင်တွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပါ ပြဌာန်းချက်နဲ့အညီ ဖွဲ့ထားတာ ဖြစ်တယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောပါတယ်။

Read More...

မြန်မာ့မြစ်ကြီး (၄) စင်းအနီး ကုန်ကြမ်းမရှာဖွေရအမိန့် ပတ်ဝန်းကျင်ထိန်းသူတွေကြို

29 မတ် 2012
မိုးဇော်

မြန်မာပြည်ရဲ့ အဓိက မြစ်ကြီး လေးစင်းရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် မြစ်ကြောင်းအတွင်းနဲ့ မြစ်ကမ်းစပ်ကနေ ပေ (၃၀၀) အကွာ အတွင်းမှာ ကျောက်မျက်ရတနာ၊ ဓါတ်သတ္ထုနဲ့ စက်မှုတွင်းထွက် ကုန်ကြမ်းပစ္စည်းတွေကို စမ်းသပ် ရှာဖွေ ထုတ်လုပ်ခြင်း မလုပ်ဖို့ သတ္ထုတွင်းဝန်ကြီးက ဒီနေ့ အမိန့်ကြော်ငြာ စာထုတ်ပြန်လိုက်တဲ့အပေါ် သဘာဝပတ်ဝန်းကျင် အရေးဆောင်ရွက် နေသူတွေက သတိနဲ့ကြိုဆို လိုက်ပါ တယ်။

တဆက်တည်းမှာပဲ ဒီမြစ်ကြီးတွေ စဉ်ဆက်မပြတ်ဖွံဖြိုးဖို့ဆိုရင် တည်ဆောက်နေတဲ့ ရေကာတာတွေကို ပြန်လည်ဆန်းစစ်ဖို့နဲ့ တည် ဆောက် တာတွေ ရပ်တန့်ဖို့ လိုအပ်ကြောင်းလည်း ထောက်ပြကြပါတယ်။ ဒီသတင်းအပြည့်အစုံကို ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြမှာ ဖြစ်ပါတယ်။

Read More...

မြောက်ကိုရီးယား Cyber Warfare နဲ့ ဓါတုလက်နက်အန္တရာယ် အမေရိကန်စိုးရိမ်

29 မတ် 2012

မြောက်ကိုရီးယားနိုင်ငံက သမာရိုးကျနည်းလမ်းတွေနဲ့ မဟုတ်ဘဲ Cyber Warfare လို့ခေါ်တဲ့ ကွန်ပျူတာ ကနေ တိုက်ခိုက်တာတွေ၊ ဓါတု ဗေဒ လက်နက်နဲ့ တိုက်ခိုက်တာမျိုးတွေ လုပ်လာနိုင်ချေ ပိုပြီးများလာနေ တဲ့အပေါ်မှာ သူ့အနေနဲ့ စိုးရိမ်မိတယ်လို့ တောင်ကိုရီးယား မှာရှိတဲ့ အမေရိကန်စစ်တပ်ရဲ့ ထိပ်တန်းတပ်မှူးကြီး က ပြောလိုက်ပါတယ်။

မြောက်ကိုရီးယားဘက်က ကွန်ပြူတာတွေကို Hack လုပ်ပြီး ထိုးဖောက်ခိုးယူတာတွေ၊ ဇီဝလက်နက်တွေ အဆင့်မြင့်တိုးတက်လာတာ တွေကို မြောက်ကိုရီးယားရဲ့ ကြီးမားတဲ့ တပ်အင်အားနဲ့ ပေါင်းလိုက်ရင်၊ တောင် ကိုရီးယားနိုင်ငံအတွက် တကယ့်ကိုခြိမ်းခြောက်မှု အန္တရာယ်ကြီး ဖြစ်နေတယ်လို့ ဗိုလ်ချုပ်ကြီး James Thurman က လွတ်တော်လက်နက်ကိုင် တပ်ဖွဲ့ရေးရာ ကော်မတီကို ပြောလိုက် ပါတယ်။

Read More...

အာရပ်ထိပ်သီးတွေ ဆီးရီးယားအရေးဆွေးနွေး

29 မတ် 2012

အီရတ်နိုင်ငံဘက်ဂ်ဒက်ဂ်မြို့မှာ ကျင်းပနေတဲ့ထိပ်သီးညီလာခံကနေ ဆီးရီးယားအရေးအထူးကိုယ်စားလှယ် ကိုဖီအာနန် ရဲ့ ငြိမ်းချမ်းရေး ဦးဆောင်လုပ်ငန်းတွေကို အထောက်အကူပေးဖို့ ဆုံးဖြတ်ချက်မူကြမ်းတရပ်ကို အာရပ်ခေါင်းဆောင်တွေ စဉ်းစားဆွေးနွေးခဲ့ကြပါတယ်။

ဒီထိပ်သီးညီလာခံမှာ အတည်ပြုချက်ရဖို့ အာရပ်နိုင်ငံများအဖွဲ့ချုပ် နိုင်ငံခြားရေးဝန်ကြီးတွေရေးဆွဲတဲ့ မူကြမ်းမှာ အတိုက်အခံ ဆန္ဒပြ သူတွေ ကို ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ပေးပြီး ပြည်သူတွေကို အကြမ်းဖက်နှိပ်ကွပ် နေတာတွေ ရပ်တန်းကရပ်ဖို့ ဆီးရီးယားသမ္မတ Bashar al-Assad အစိုးရကို တောင်းဆိုလိုက်ပါတယ်။ ဆီးရီးယားနိုင်ငံက သူ့ရဲ့ အဆိုပြုချက်ကို လက်ခံခဲ့ပေမဲ့ အကြမ်းဖက်မှုတွေ ဆက်ဖြစ် နေဆဲဘဲလို့ ကိုဖီအာနန်ကပြောပါတယ်။

Read More...

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ဘတ်ဂျက်ငွေမရှိသေး

2012-03-29

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် အနေနဲ့ လိုအပ်တဲ့ ဘတ်ဂျက်ငွေ မရှိတာကြောင့် လတ်တလောမှာ သမ္မတရုံးရဲ့ အထောက်အပံ့နဲ့ ဆက်လက်ရပ်တည်သွားမှာ ဖြစ်တယ်လို့ ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့က လူ့အခွင့်အရေးကော်မရှင်က လွှတ်တော်ကို တင်ပြတဲ့ ဘတ်ဂျက်တင်ပြချက်ကို လူ့အခွင့်အရေးကော်မရှင် ဟာ ပြည်ထောင်စုအစိုးရ ဗဟိုအဖွဲ့အစည်း မဟုတ်တာကြောင့် တင်ပြငွေကို ပြည်ထောင်စုလွှတ်တော်က ပယ်ချခဲ့တာ ဖြစ်ပါတယ်။

Read More...

မြန်မာအလုပ်သမားတွေခေါ်ယူဖို့ မလေးရှားကစဉ်းစား

2012-03-29

အိမ်ဖော်တွေအပါအ၀င် မြန်မာနိုင်ငံက အလုပ်သမားတွေခေါ်ယူဖို့ စဉ်းစားနေကြောင်း မလေးရှား ၀န်ကြီးချုပ်က ပြောပါတယ်။

နှစ်ရက်ကြာ မြန်မာပြည်ခရီးစဉ်အတွင်း မြန်မာဘက်က တောင်းဆိုချက်အပေါ် စဉ်းစားဖို့ သဘောတူခဲ့ကြောင်း၊ မြန်မာနိုင်ငံသားတွေကို အိမ်ဖော်လုပ်ငန်းအတွက် ခေါ်ယူနိုင်ဖွယ်ရှိကြောင်း၊ ဒါပေမဲ့ ဆက်လက်ဆွေးနွေးစရာတွေ ရှိနေသေးကြောင်း၊ မြန်မာတွေဟာ ယဉ်ကျေး သိမ်မွေ့တဲ့လူမျိုးဖြစ်ကြောင်း၊ မလေးရှားယဉ်ကျေးမှုနဲ့ အံဝင်အောင်နေတတ်မယ်ဆိုရင် မြန်မာရဲ့အဆိုပြုချက်ကို လက်ခံဖို့ မခက်ခဲ ကြောင်း မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇက်က မလေးရှား သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

Read More...

ပိတ်ဆို့မှု ရုပ်သိမ်းပေးဖို့ မလေးရှား တိုက်တွန်းမည်

2012-03-29

မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေနဲ့ ပတ်သက်ပြီး ပြန်လည်စဉ်းစားကြဖို့ နိုင်ငံကြီးတွေကို ကြိုးစားတိုက်တွန်း မယ်လို့ မလေးရှားဝန်ကြီးချုပ်က ပြောလိုက်ပါတယ်။

ပိတ်ဆို့မှုတွေအားလုံး ရုပ်သိမ်းဖို့ မဖြစ်နိုင်သေးရင်လည်း အခြေအနေတွေကို လေ့လာသုံးသပ်ပြီး တဖြည်းဖြည်းချင်း လျော့ချသွားသင့်
တယ် လို့ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် အလည်အပတ်ရောက်ရှိခဲ့တဲ့ မလေးရှားဝန်ကြီးချုပ် မစ္စတာ နာဂျစ် ရာဇက်က နေပြည်တော် မှာ သတင်းထောက်တွေကို မနေ့က ပြောလိုက်တာပါ။

Read More...

ဒီကေဘီအေ ခွဲထွက်အဖွဲ့ KNU ရဲ့ ဦးဆောင်ဆွေးနွေးမှုအတိုင်း လိုက်ပါဆောင်ရွက်မည်

2012-03-29

ဒီကေဘီအေ ခွဲထွက်အဖွဲ့ဖြစ်တဲ့ ကလိုထူးဘော ဒီကေဘီအေ အဖွဲ့အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအရ ဆွေးနွေးမှုကို မိခင်အဖွဲ့အစည်းအဖြစ်တဲ့ KNU ကရင်အမျိုးသား အစည်းအရုံးရဲ့ဦးဆောင်မှုအတိုင်း လိုက်ပါမှာဖြစ်ကြောင်း ကလိုထူးဘော ဒီကေဘီ အေ အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူက ဒီကနေ့ အာအက်ဖ်အေကို ပြောပါတယ်။

လောလောဆယ် မြန်မာအစိုးရနဲ့ အပစ်အခတ် ရပ်စဲထားပြီး၊ နောက်တစ်ဆင့်အနေနဲ့ နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းရမယ်လို့ ယုံကြည် ကြောင်း၊ အဲဒီလိုဖြေရှင်းတဲ့အခါ KNU ရဲ့ ဦးဆောင်ဆွေးနွေးမှုအတိုင်း လိုက်ပါဆောင်ရွက်မှာဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ စောဂုန် အောင်က ပြောပါတယ်။

ဒါ့အပြင် ကလိုထူးဘော ဒီကေဘီအေ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ထောက်ခံဝန်းရံ သွားမယ်လို့လည်း သူက ဆက်ပြောပါတယ်။

Read More...

မဲကြိုလက်မှတ် အင်န်အယ်လ်ဒီ ပါတီက အမြန်ဆုံးရိုက်နှိပ်ဖြန့်ဝေမယ်

2012-03-29

မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် မဟာမြိုင်ရပ်ကွက်မှာ ရွေးကောက်ပွဲ ဆန္ဒမဲထည့်တဲ့အခါ နံမည်ရှာရတာ လွယ်ကူအောင် လွန်ခဲ့တဲ့ တစ်ပတ်ကျော်ကတည်းက ထုတ်ပေးထားတဲ့ ကတ်ပြားလေးတွေကို ရွေးကောက်ပွဲကော်မရှင်က အခုရက်ပိုင်း ပြန်လည်သိမ်းယူနေတဲ့ အတွက် အင်န်အယ်လ်ဒီ ပါတီကပဲ အမြန်ဆုံးရိုက်နှိပ်ပြီး ဖြန့်ဝေသွားမယ်လို့ မန္တလေး အင်န်အယ်လ်ဒီ ရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီအဖွဲ့ဝင် ဦးမျိုးနိုင်က ပြောပါတယ်။

"လူနံမည်ပါမယ်။ မဲရုံနံပါတ်၊ မဲစာရင်းနံပါတ်၊ မှတ်ပုံတင်ပါမယ်။ မဲကြိုလက်မှတ် ပေးထားတယ်ဆိုတာက မဲရုံရောက်တဲ့အခါ မဲစာရင်း နံပါတ် အလွယ်တကူရှာလို့ရအောင်ဗျာ။ အဲဒါပေးထားတဲ့ ရပ်ကျေးကော်မရှင်က အခုပြန်သိမ်းတယ်။ အဲဒီကတ်ပြားလေးနဲ့အတူ နိုင်ငံ သားစိစစ်ရေး ကတ်ပြားလေးနဲ့ တပါတည်း ယူလာပါဆိုပြီး ကတ်ပြားမှာရေးထားတာ၊ မဲရုံလာမယ်ဆိုရင် မှတ်ပုံတင်ပြပြီးတော့ ဒီကတ် ပြားလေးမှာရှိတဲ့ နံပတ်လေးကို မဲရုံမှာ မဲစာရင်းကိုင်တဲ့လူက ရှာပြီး ချက်ခြင်း လက်မှတ်ထိုးခိုင်းလိုက်ရုံပဲ။ ပြီးရင် မဲကတ်ပြား ထုတ်ပေး တာနဲ့ သွားပြီးထည့်လိုက်မယ်။ အချိန်အရမ်းသက်သာတာပေါ့ဗျာ"

Read More...

ပြောင်းရွေ့နေထိုင်သူများ မဲစာရင်းပေးသွင်းနိုင်သေး

29 March 2012
နန်းသူးလေ

ဧရာဝတီတိုင်းတွင် မဲဆန္ဒရှင်စာရင်းကို ယခုလ ၂၄ရက်နေ့က နောက်ဆုံးအကြိမ် ထုတ်ပြန်လိုက်သော်လည်း အိမ်ထောင်စုစာရင်းဖြင့် ပြောင်းရွှေ့လာသူများအတွက်မူ မတ်လ ၃၁ရက်နေ့အထိ မဲစာရင်းသွင်းနိုင်ကြောင်း တိုင်း ရွေးကောက်ပွဲကော်မရှင်က ပြောသည်။

“သာမန်အားဖြင့် ဘယ်သူမှ နောက်ထပ်တိုးလို့ မရတော့ဘူး။ အိမ်ထောင်စုစာအုပ်နဲ့ ပြောင်းလာရင်တော့ လက်ခံနိုင်ပါတယ်”ဟု ဧရာဝတီ တိုင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးမျိုးထွန်းက ကေအိုင်စီ သတင်းဌာနကို ပြောသည်။

Read More...

ဒုက္ခသည်အရေးပကတိအခြေအနေ UNHCR ဆွေးနွေး

29 March 2012
စောသိန်းမြင့်

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ဒုက္ခသည်များ၏ ပကတိအခြေအနေကို သိရှိရန်အတွက် ထိုင်း-မြန်မာ နယ်စပ် ကရင်ဒုက္ခသည်စခန်းများသို့ ယခုရက်ပိုင်းတွင် သွားရောက်ကာ စခန်းတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံဆိုင်ရာ UNHCR ကိုယ်စားလှယ် Mr. Hans နှင့် မဲဆောက် UN ရုံးမှ တာဝန်ရှိသူ Mrs. YOKO တို့သည် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲကျော်မှ ညနေ ၄နာရီခွဲအထိ တွေ့ဆုံခဲ့ရာတွင် လက်ရှိ မြန်မာနိုင်ငံ၏ ပြောင်းလဲမှုနှင့် ဒုက္ခသည်များ၏ အခြေအနေများကို ဆွေး နွေးခဲ့ခြင်းဖြစ်သည်ဟု မယ်လစခန်းဥက္ကဌ စောထွန်းထွန်းက ပြောသည်။

Read More...

အပေါ်သို့