Thursday, March 29, 2012

နှစ်ဖက် ယုံကြည်နိုင်ရင် ငြိမ်း​ချမ်း​ရေး​ တည်​ဆောက်နိုင် (ပဒိုမန်း​ငြိမ်း​မောင်)

March 28, 2012
နော်နိုရင်း

အနှစ် ၆၀ ကြာ ပဋိပက္ခ​တွေ ဖြစ်​နေတဲ့​ ကရင်ပြည်နယ်က ပြည်တွင်း​စစ်​တွေဟာ နှစ်ဖက်ယုံကြည်နိုင်ရင် ငြိမ်း​ချမ်း​ရေး​ရနိုင်မယ်လို့​ မကြာ ခင်ကမှ ပြည်​ထောင်စုအစိုး​ရ သမ္မတဦး​သိန်း​စိန်ရဲ့​ လွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့​ အင်း​စိန်​ထောင်က​နေ ပြန်လည် လွတ်​မြောက်လာတဲ့​ ​ကေအန်ယူ ဗဟို​ကော်မတီဝင် ပဒိုမန်း​ငြိမ်း​မောင်က ​ပြောပါတယ်။

၂၀၁၁ ခုနှစ် ဇူလိုင်လက တရုတ်ပြည်က​နေ မြန်မာနိုင်ငံကို ပြန်အပို့​ခံရပြီး​ လဝက အက်ဥပ​ဒေ၊​ နိုင်ငံ​တော်ပုန်ကန်မှု​တွေနဲ့​ ​ထောင်ဒဏ်ချ မှတ်ခံခဲ့​ရတဲ့​ ပဒိုမန်း​ငြိမ်း​မောင်ကို ​ထောင်တွင်း​ဖြတ်သန်း​ရတာ​တွေနဲ့​ ​ကေအန်ယူနဲ့​ မြန်မာ အစိုး​ရတို့​ ငြိမ်း​ချမ်း​ရေး​လုပ်ငန်း​တွေကို ဆက် သွယ် ​မေး​မြန်း​ထား​ပါတယ်။

ဇူလိုင်လတုန်း​က ဘယ်လိုမျိုး​ ပြန်ပို့​ခံရတာလဲ၊​ ဘယ်လို ပြဿနာဖြစ်လို့​ ပြန်ပို့​ခံရတာလဲ။


“​ လေယာဉ်ပျံနဲ့​ ပို့​တယ်​လေ။ အဲဒါ ဇူလိုင်လ ၂၄ ရက်​နေ့​ကပါ။ တရုတ်က ထိုင်း​ကိုပို့​တော့​ ထိုင်း​ကလက်မခံ၊​ တရုတ်ကို ပြန်ပို့​၊​ တရုတ်က လက်မခံ​တော့​ ထိုင်း​ကို ပြန်ပို့​၊​ ၃ ​ခေါက်​လောက် ပို့​ပြီး​တော့​မှ အန်ကယ်က ​ပြောတယ် တရုတ်အာဏာပိုင်နဲ့​။ ကျ​နော်က တခြား​လူမဟုတ်ဘူး​။ ကျ​နော်က အစိုး​ရနဲ့​ သ​ဘောထား​ ကွဲလွဲတဲ့​လူ၊​ ဒါ​ကြောင့်​ ကျ​နော်က ဒီမိုက​ရေစီလှုပ်ရှား​နေတဲ့​ တိုင်း​ရင်း​သား​ တ​ယောက်ဖြစ်တယ်။ ကျ​နော့်​ကို ပို့​ရင် အန္တရာယ်ရှိပါတယ် မပို့​ပါနဲ့​လို့​ အများ​ကြီး​ ​မေတ္တာရပ်ခံထား​ပါတယ်။ ဒါကို တရုတ်က မရဘူး​။ ပို့​ပေး​လိုက်တယ်။ ဒါက နိုင်ငံ​ရေး​ကြောင်း​နဲ့​ ပတ်သက်သလား​၊​ လဝက ဥပ​ဒေ​ကြောင့်​လား​ မ​ပြောတတ်ဘူး​။ လာအိုကို ပြန်ထွက်ပါရ​စေလို့​ ပြန်​ပြောတယ်။ ​ပြောလို့​လည်း​ မရဘူး​။”

ဇူလိုင်လ ၂၄ ရက်​နေ့​မှာ မြန်မာနိုင်ငံကို ပြန်ပို့​ခံရ​တော့​ ရန်ကုန်​လေဆိပ်ကို ​ရောက်​ရောက်ချင်း​ စပြီး​တော့​ ဘယ်လိုမျိုး​ ရင်ဆိုင်ခဲ့​ရလဲ။

“ဒါက ပတ်စ်ပို့​နဲ့​ ပတ်သက်တာဆို​တော့​ ပထမဦး​ဆုံး​ လဝက က စစ်တယ်။ လဝက က စစ်ပြီး​တော့​ အထူး​သတင်း​တပ်ဖွဲ့​ (SB) က စစ်တယ်။ SB ကစစ်ပြီး​တော့​ သူတို့​ ချုပ်ပြီး​တော့​ တရား​ရုံး​တင်၊​ တရား​စွဲ၊​ နယ်စပ်ဖြတ်​ကျော်မှုရယ်၊​ လဝက ဥပ​ဒေ၊​ ပတ်စ်ပို့​ရယ် ဒီ ၂ မှုနဲ့​ ရုံး​တင်တာ။ မြို့​နယ် ရုံး​တင်ပြီး​တော့​ ၂ လ​ကျော်​လောက် ကြာတဲ့​အခါကျ​တော့​ အဲဒီ ၂ မှု​ပေါင်း​ ၁ မှုကို ၆ လ၊​ ၁ နှစ်ကျတယ် ဒါ​ပေမယ့်​ ၂ မှု ​ပေါင်း​လိုက်​တော့​ ၆ လနဲ့​ ကျတယ်။”

အဲဒီအချိန်တုန်း​က အဆိုး​ဆုံး​ စစ်​ကြော​ရေး​စခန်း​ကို ​ရောက်ခဲ့​လဲ။ ဘယ်​နေရာမှာလဲ။ ​ပြောပြနိုင်မလား​။

”​အောင်သ​ပြေ SB ဌာနကို ပို့​တယ်။”

အန်ကယ့်​ကို ​အောင်သ​ပြေ စစ်​ကြော​ရေး​ စခန်း​ကို ပို့​သေး​တာ​ပေါ့​။ အဲဒီမှာ နှိပ်စက်ခံရတာမျိုး​တွေ ရှိလား​။

“မရှိဘူး​။ သူတို့​ အန်ကယ့်​ကို ​ကောင်း​ကောင်း​မွန်မွန်ပဲ ​မေး​တယ်။ လူ့​အခွင့်​အ​ရေး​ကိစ္စနဲ့​ ပတ်သက်ပြီး​တော့​ စိတ်ဓာတ်​ရေး​ရာအရ၊​ ရုပ်ပိုင်း​ရော ညှဉ်း​ပမ်း​နှိပ်စက်တာ ဘာမှ မလုပ်ဘူး​။ ​ကောင်း​ကောင်း​မွန်မွန် သူတို့​ ဆက်ဆံတယ်။”

ကေအန်ယူ ​ခေါင်း​ဆောင်မှန်း​ ဘယ်လို သိသွား​တာလဲ။

“အဲဒါကို လဝက ဥပ​ဒေနဲ့​ ချပြီး​တဲ့​ ​နောက်ပိုင်း​မှ တလ​ကျော် ကြာတဲ့​အခါကျတာ့​ သတင်း​ဌာန​တွေက ​ဗြောင်း​ဆန်​အောင် ​အော်​ရော။ ​ဗြောင်း​ဆန်​အောင် ​အော်တဲ့​အခါကျ​တော့​ မန်း​ငြိမ်း​မောင်ဆိုတဲ့​ ပုဂ္ဂိုလ်က တရုတ်ပြည် ကူမင်း​ က​နေပြီး​တော့​ ရန်ကုန်ပြန်ပို့​ခံရတယ်။ ပတ်စ်ပို့​ထဲမှာ ပါတဲ့​ သိုက်ထွန်း​ဆိုတဲ့​ လူကလည်း​ ကူမင်း​ က​နေပြီး​တော့​ ရန်ကုန်ကို ပြန်ပို့​တယ် ဆို​တော့​ ဖြစ်စဉ်ချင်း​က တူတယ်။ နာမည်က ကွာတယ်။ ဓာတ်ပုံပါ ထည့်​လိုက်တဲ့​ အခါကျ​တော့​ မန်း​ငြိမ်း​မောင်နဲ့​ သိုက်ထွန်း​က လူတ​ယောက်တည်း​ဆိုတာ သူတို့​ သိသွား​တာ။”

ကေအန်ယူ ဗဟို​ကော်မတီဝင် ​ခေါင်း​ဆောင်မှန်း​ သိသွား​တဲ့​ အချိန်ကျ​တော့​ ဘာအမှု​တွေနဲ့​ ထပ်ပြီး​တော့​ တရား​စွဲလဲ။

“အန်ကယ့်​ကို သိတဲ့​အချိန်မှာ ​နေပြည်​တော် စစ်ဖက်​ရေး​ရာ လုံခြုံ​ရေး​ဌာန (စရဖ) က​နေ အန်ကယ့်​ကို လာ​ခေါ်ပြီး​တော့​ သူတို့​ဆီက လုံခြုံ​ရေး​ တပ်ရင်း​တခုမှာ ထိန်း​သိမ်း​ထား​တယ်။ ထိန်း​သိမ်း​ပြီး​တော့​ ဘာမှကို မလုပ်ဘူး​။ ​နေပြည်​တော်က ညွှန်ကြား​တယ်။ ဖထီး​ကို စိတ်ချမ်း​သာ​အောင်ထား​၊​ လိုတာအကုန်လုံး​လုပ်​ပေး​၊​ ​ဆေး​ဝါး​တွေ ဘာ​တွေ ကုသ​ပေး​ဆိုပြီး​တော့​ ညွှန်ကြား​တယ်။ ဒါကိုရ​တော့​ သူတို့​ ​ကောင်း​ကောင်း​မွန်မွန်ပဲ အန်ကယ့်​ကို ထား​တယ်။ ထား​ပြီး​တော့​ ​ကေအန်ယူနဲ့​ ငြိမ်း​ချမ်း​ရေး​အရ ​တွေ့​ဆုံ​ဆွေး​နွေး​ရေး​မှာ အကြံဉာဏ်လိုချင်တဲ့​အခါကျ​တော့​ အကြံဉာဏ်​တွေ ​တောင်း​တယ်။ အန်ကယ်ကလည်း​ ဓမ္မဓိဋ္ဌာန် ကျကျပဲ အကြံဉာဏ်​တွေ ​ပေး​ခဲ့​တယ်။”

အဓိက အကြံဉာဏ်​တောင်း​တဲ့​အခါကျ​တော့​ ဘယ်လိုမျိုး​ ဥပမာ- ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ပွဲအတွက် အ​ထောက်ကူပြုမယ့်​ စကား​တွေအ​နေနဲ့​ရော။

“သူတို့​က အဲဒီတုန်း​က စတင်တာဘဲ ရှိ​သေး​တဲ့​အခါကျ​တော့​ ​ကေအန်ယူနဲ့​ ဆက်သွယ်စီး​ဆင်း​မှု မရှိ​သေး​ဘူး​။ ​တွေ့​ဆုံ​ဆွေး​နွေး​ရေး​နဲ့​ ပတ်သက်လို့​ မရှိတဲ့​အခါကျ​တော့​ သူတို့​က ဘယ်လိုနည်း​လမ်း​နဲ့​ ဆက်သွယ်ရမလဲ။ ဘယ်လို ပုဂ္ဂိုလ်မျိုး​ကို အကျိုး​ဆောင်ခိုင်း​ပြီး​ ဆက်သွယ်ခိုင်း​ရမလဲ။ ဒါ​တွေကို သူတို့​က မသိဘူး​။ မသိတဲ့​အခါကျ​တော့​ အန်ကယ့်​ဆီကို အကြံဉာဏ်​တောင်း​တယ်။ အန်ကယ့်​ဆီကို အကြံဉာဏ်​တောင်း​တော့​ အန်ကယ်က အကြံဉာဏ်​ပေး​တယ်။

တွေ့​ဆုံ​ ဆွေး​နွေး​တာ လွန်ခဲ့​တဲ့​ စစ်အစိုး​ရလက်ထက်တုန်း​က ​တွေ့​ဆုံ​ဆွေး​နွေး​ရေး​ ငြိမ်း​ချမ်း​ရေး​ အကျိုး​ဆောင် ကြား​ပုဂ္ဂိုလ်​တွေက အစိုး​ရဖက်က လွှတ်လိုက်တဲ့​ ပုဂ္ဂိုလ်​တွေ​လေ၊​ အစိုး​ရက ဖြစ်​စေချင်တဲ့​ အာ​ဘော်​တွေကိုပဲ လာလာ​ပြောတဲ့​အခါကျ​တော့​ အစိုး​ရ ကိုယ်စား​လှယ်လို ဖြစ်​နေတယ်။ ငြိမ်း​ချမ်း​ရေး​ ကိုယ်စား​လှယ် အသွင်မ​ဆောင်ဘူး​။ အဲဒါ အန်ကယ်က ​ပြောပြတယ်။ အခု လာမယ့်​ ​တွေ့​ဆုံ​ဆွေး​နွေး​ပွဲမှာ အစိုး​ရဖက်က ယုံကြည်တဲ့​ ပုဂ္ဂိုလ်မျိုး​လည် ဖြစ်ရမယ်။ ​ကေအန်ယူဖက်က ယုံကြည်တဲ့​ ပုဂ္ဂိုလ်မျိုး​လည် ဖြစ်ရမယ်။ ဂုဏ်သိက္ခာလည်း​ ရှိရမယ်။ အဲဒီလိုဟာမျိုး​တွေ အန်ကယ် အကြံဉာဏ်​ပေး​ခဲ့​တာ​ပေါ့​။ ဒါဆိုရင် ဘယ်သူက သင့်​တော်သလဲ ဖထီး​ အကြံဉာဏ်​ပေး​ပါဆို​တော့​ အန်ကယ်က ​ပြောတယ်။ ​တောင်က​လေး​ဆရာ​တော်ကို ခင်ဗျား​တို့​ ချဉ်း​ကပ်ပါ။ ​လျှောက်ထား​ပါ။ ​တောင်က​လေး​ဆရာ​တော်က ဗိုလ်ချုပ်မှူး​ကြီး​ သန်း​ရွှေနဲ့​ဇနီး​ ​ဒေါ်ကြိုင်ကြိုင်တို့​ ကိုး​ကွယ်တယ်။ ကျ​နော်တို့​ဖက်နဲ့​လည်း​ အဆက်အဆံရှိ​တော့​ နှစ်ဖက် ယုံကြည်မှု ရှိတဲ့​ ဆရာ​တော် တပါး​လည်း​ ဖြစ်တယ်။ သံဃာ​တော် တပါး​လည်း​ ဖြစ်တဲ့​အတွက် ဒီအ​ပေါ်မှာ အမြတ်ထုတ်မှာလည်း​ မဟုတ်ဘူး​။ အဲဒါ သူတို့​ လက်ခံတယ်။ အများ​ကြီး​ သ​ဘောကျတယ်။ အဲဒီအတိုင်း​ သူတို့​ လုပ်လိုက်တယ်​ပေါ့​။”

သူတို့ ​ အကြံဉာဏ်​တောင်း​တဲ့​ အချိန်တုန်း​က အန်ကယ်က ​ကေအန်ယူ​ခေါင်း​ဆောင် ဖြစ်တဲ့​အခါကျ​တော့​ သူတို့​က အလဲအလှယ် ရှိခဲ့​လား​။ ဥပမာ- အန်ကယ်က ဒီလိုမျိုး​ အကြံ​ပေး​လို့​ရှိရင် လွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့​ ပြန်လွှတ်မယ် ဆိုတဲ့​ စကား​မျိုး​တွေ​လေ။

“အဲဒါကို​တော့ ​ သူတို့​ ဘာမှ မ​ပြောဘူး​။ ဒါ​ပေမဲ့​ အန်ကယ့်​ရဲ့​ အကြံ​ပေး​ချက်​တွေကို သူတို့​ လက်ခံတယ်၊​ ကြိုက်တယ်။ ကြိုက်တဲ့​အခါကျ​တော့​ သူတို့​ပြောတဲ့​ စကား​တခွန်း​ ရှိတယ်​လေ။ ​နေပြည်​တော်က အရာရှိကြီး​တွေ​ပြောတာက ဖထီး​ ကျ​နော်တို့​ဆီ ​ရောက်လာတာ ကံ​ကောင်း​တယ်တဲ့​။ ဖထီး​ဘာမှ မပူပါနဲ့​တဲ့​။ အမှု​တွေ ဘာ​တွေကို ​ခေါင်း​ထဲ မထည့်​နဲ့​တဲ့​ စိတ်ချမ်း​သာ​အောင်ပဲ ​နေတဲ့​။ ဒါ​တွေက ဒီလိုပဲ ပြီး​သွား​မှာပဲဆိုပြီး​ အဲဒီလို ​ပြောတာ​ပေါ့​။ သူတို့​ ဒီလို ​ပြောတဲ့​အခါကျ​တွော့​ လူကြီး​တွေ ​ပြောတဲ့​စကား​ဆို​တော့​ အန်ကယ်လည်း​ ယုံတာ​ပေါ့​။ အန်ကယ်လည်း​ ယုံပြီး​တော့​ ပြီး​တဲ့​အခါကျ​တော့​မှ အမှုကပ်တာ​ပေါ့​။ အမှုကပ်တာကလည်း​ အဲဒီ လွတ်ငြိမ်း​ချမ်း​သာခွင့်​က ဇန်နဝါရီလ ည​နေ ၄ နာရီမှာ လာတယ်။ ၄ နာရီမှာ လာပြီး​ အန်ကယ့်​ကို ၃ နာရီခွဲ ရုံး​ထုတ်ပြီး​တော့​ တရား​စွဲလိုက်တယ်။ အန်ကယ် လွတ်ငြိမ်း​ချမ်း​သာခွင့်​ ရမှန်း​တောင် မသိဘူး​။ ​ထောင်ထဲပြန်ဝင်​တော့​မှ၊​ အန်ကယ့်​ ပထမ အမှုက​တော့​ ပြီး​သွား​ပြီတဲ့​။ လွတ်သွား​ပြီး​တော့​ အခုဟာက ​နောက်အမှု ဆိုပြီး​တော့​။ အဲဒီလို လွတ်ငြိမ်း​ချမ်း​သာခွင့်​လာမှ ကပ်ပြီး​တော့​ လုပ်တဲ့​အခါကျ​တော့​ ဒါက​တော့​ သိပ်ပြီး​တော့​ ရိုး​သား​မှု နည်း​တယ်လို့​ အန်ကယ်ထင်တယ်​လေ။ လွန်ခဲ့​တဲ့​ တပတ်​လောက်က ကြိုပြီး​တော့​ တရား​စွဲထား​ရင် တမျိုး​ပေါ့​။ နည်း​နည်း​ ခံစား​ရတာ တမျိုး​ပေါ့​။ အခုက သတင်း​က​တော့​ ထွက်​နေတယ်။ အန်ကယ့်​ကို တရား​စွဲထား​တယ်တို့​ ဘာတို့​ ဂျာနယ်မှာ အဲဒါ​ပြောထား​တယ်။ အမှုဖွင့်​ထား​တယ်လို့​ ​ပြောတယ်။ ဒါ​ပေမဲ့​ အန်ကယ့်​ဆီကို ဘာမှ မ​ရောက်ဘူး​။ အဲဒီ လွတ်ငြိမ်း​ချမ်း​သာခွင့်​လာတဲ့​ ဇန်နဝါရီလ ၂ ရက် ​နေ့​ ည​နေကျမှ လွတ်ငြိမ်း​သာခွင့်​လည်း​လာ​ရော အန်ကယ့်​ကို ​နောက်အမှုနဲ့​ ကပ်​ရော။

နောက်အမှုနဲ့​ ကပ်တာက ၁၇(၁) မတရား​အသင်း​နဲ့​ ဆက်သွယ်မှု၊​ ၁၂၂(၁) နိုင်ငံ​တော်ကို လက်နက်ကိုင်ပုန်ကန် ဆန့်​ကျင်မှု။ အဲဒီလို တရား​စွဲတယ်။ တရား​စွဲတာက ၂၁၁(၁) ဆိုတာက ​သေဒဏ်နဲ့​ တကျွန်း​ပဲ ရှိတယ်​လေ။ အဲဒီ အမှု ၂ မှုနဲ့​ သူတို့​ ရုံး​တင်တာ။”

ရုံး​တင်ပြီး​တော့​ ဘယ်လိုမျိုး​ ထိန်း​သိမ်း​ခံထား​ရလဲ၊​ ဘယ်လို အမှု​တွေ ရင်ဆိုင်ရတာလဲ။

“ရုံး​တင်တဲ့​ အခါကျ​တော့​ အန်ကယ့်​ကို စက်တင်ဘာ ၅ ရက်​နေ့​မှ စအဖ (စစ်ဖက်​ရေး​ရာအထူး​လုံခြုံ​ရေး​အဖွဲ့​) က ​ခေါ်​တွေ့​ပြီး​တော့​ ​အောက်တိုဘာ ၂၀ ရက်​နေ့​မှာ အင်း​စိန်​ထောင်ကို ပြန်ပို့​တယ်။ အင်း​စိန်​ထောင်ကို ပြန်ပို့​တော့​ တိုက်ထဲမှာ အန်ကယ်က ​နေရတယ်။ တ​ယောက်တည်း​ပဲ အခန်း​တခန်း​မှာ တ​ယောက်​ပေါ့​။”

အင်း ​စိန်​ထောင်တွင်း​မှာ ​နေရ​တော့​ ​စောင့်​ရှောက်မှု​တွေ၊​ ကျန်း​မာ​ရေး​ ​စောင့်​ရှောက်မှုတို့​ ဘာတို့​ရော အဆင်​ပြေရဲ့​လား​။ စား​ရ ​သောက်ရ တာ ဘယ်လိုမျိုး​ အ​နေအထား​ ရှိလဲ။

“မဆိုး​ပါဘူး​ အန်ကယ်က ​ထောင်ထဲကို ခဏခဏ ​ရောက်တယ်​လေ။ ၄ ​ခေါက်ရှိပြီ ​ထောင်ထဲ​ရောက်တာ။ ​ရောက်ရင်လည်း​ အသည်း​အသန် ကိစ္စ​တွေနဲ့​ပဲ ​ရောက်တာ။ လွန်ခဲ့​တဲ့​ ၄၅ နှစ်တုန်း​က ဒီအင်း​စိန်​ထောင်ကို ​ရောက်ဖူး​တယ်။ ​ထောင်ထဲက​တော့​ အများ​ကြီး​ ​ပြောင်း​လဲသွား​ပြီ။ အရင်တုန်း​က အန်ကယ်တို့​ အသက် ၂၀ ​ကျော်တုန်း​က အခန်း​ထဲမှာ ဘုရား​ရှိခိုး​လည်း​ ဝင်ရိုက်တာပဲ။ တခန်း​နဲ့​ တခန်း​ ဆက်သွယ်လည်း​ ဝင်ရိုက်တာပဲ။ သီချင်း​ဆိုလည်း​ ရိုက်တာပဲ။ နံရံမှာ စာ​ရေး​လည်း​ ရိုက်တာပဲ။ အခု အဲဒါ​တွေ ဘာမှ မရှိ​တော့​ဘူး​။ အပြင်ကို မနက် ၆ နာရှိဆိုရင် ဖွင့်​ပေး​တယ်၊​ ၁၂ နာရီဆိုရင် ခဏ ပြန်ဝင်​နေရတယ်။ ၂ နာရီထိုး​ ပြန်ဖွင့်​ပေး​တယ်၊​ ည​နေ ၅ နာရီထိုး​ဆိုရင် ပြန်ပိတ်တယ်။ အများ​ကြီး​ လွတ်လပ်တယ်။ တတိုက်နဲ့​ တတိုက်၊​ တခန်း​နဲ့​ တခန်း​ကို ဆက်သွယ်လို့​ ရတယ်။ အခု​ခေတ်ကျ​တော့​ အပြင်က ဂျာနယ်​တွေ၊​ မဂ္ဂဇင်း​တွေ အဲဒါ​တွေ အကုန်လုံး​ သွင်း​လို့​ ရတယ်။ ​နောက်ပြီး​တော့​ သတင်း​စာလည်း​ သူတို့​ ​ပေး​ဖတ်တယ်။ အများ​ကြီး​ ​ကောင်း​ပါတယ်။ အစား​အ​သောက်က​တော့​ တပတ်ကို အသား​တခါ စား​ရတယ်။ ကျန်း​မာ​ရေး​စောင်​ရှောက်မှုက​တော့​ အများ​ကြီး​ ​ကောင်း​ပါတယ်။ ​စောင့်​ရှောက်မှုအပိုင်း​မှာ ကျန်း​မာ​ရေး​ကိစ္စ တခုခုဖြစ်ရင် ​ဆေး​ခန်း​ ရှိတယ်။ သက်ဆိုင်ရာ အ​ဆောင်​ပေါ့​။ တိုက်ဆို လည်း​ တိုက် အဲဒီမှာ ​ဆေး​မှူး​တွေ ရှိတယ်။ ​ဆေး​မှူး​က သတင်း​ပို့​တာပြီး​ရင် ​ထောင်တွင်း​ဆေး​ရုံကြီး​ကို သွား​ရတယ်။”

အန်ကယ်ကို အမှု​တွေများ​စွာနဲ့​ ​ထောင်ဒဏ်ချမှတ်လိုက်တဲ့​ ​နေ့​မှာ​ရော ဘယ်လို ခံစား​ရလဲ။

“အန်ကယ်က ​ထောင်ကျတာ ၄ ခါရှိပြီ။ ​ထောင်ကျတာ ၄ ခါ ရှိပြီဆို​တော့​ ​ထောင်ကလွတ်​တော့​လည်း​ တခါမှ မ​ပျော်ခဲ့​ဘူး​။ အခု အ​ခေါက်လည်း​ မ​ပျော်ဘူး​။ ဒီလို အမိန့်​ချတာလည်း​ အန်ကယ် ဘာမှ မခံစား​ရဘူး​။ ဒါက အန်ကယ့်​ကို နိုင်ငံ​ရေး​ဓား​စာခံအဖြစ်နဲ့​ လုပ်ထား​တာ။ အဲဒီလို နား​လည်ထား​တယ်။ ဘာဖြစ်လို့​လဲဆို​တော့​ အခုလို ​ကေအန်ယူနဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​ပွဲက ​အောင်မြင်လို့​ရှိရင် အန်ကယ့်​ကို ပြန်လွှတ်​ပေး​မယ်။ ​ကေအန်ယူနဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​ပွဲက မ​အောင်မြင်ဘူး​ ဆိုလို့​ရှိရင် အန်ကယ့်​ကို ​သေဒဏ် တကယ်ချမှာ။ အန်ကယ့်​ကို နိုင်ငံ​ရေး​ ဓား​စာခံအဖြစ်နဲ့​ ထား​တာ။ အဲဒါကို အန်ကယ်က သိထား​တယ်။ အန်ကယ်က လွတ်မယ်ဆိုတာလည်း​ သိထား​တယ်။ ဘာလို့​လဲဆို​တော့​ ဝန်ကြီး​ ဦး​အောင်မင်း​က ကတိ​ပေး​ထား​တယ်။ ဦး​အောင်မင်း​ကိုလည်း​ ​ကေအန်ယူက ​တောင်း​ထား​တယ်​လေ။ ပြန်​တောင်း​ထား​တဲ့​အခါကျ​တော့​ လွတ်မယ်ဆိုတာကိုလည်း​ ​ပြောတယ်။ အဲဒါ ဂျာနယ်​တွေထဲမှာ ဖတ်ရတယ်။ ဂျာနယ်​တွေထဲမှာ ဖတ်ရတဲ့​အခါကျ​တော့​ နိုင်ငံ့​ခေါင်း​ဆောင်တ​ယောက် ​ပေး​ထား​တဲ့​ ကတိကို​တော့​ ယုံတယ်​လေ။ ယုံတယ်ဆိုတာ အပြည့်​တော့​ မယုံဘူး​။ ဘာဖြစ်လို့​လဲဆိုရင် အန်ကယ် ​ထောင်ထဲမှာ ခဏခဏ အလိမ်ခံရတာကိုး​။ ၇၀ ရာခိုင်နှုန်း​လောက် ယုံတာ​ပေါ့​။

ဝန်ကြီး​ ဦး​အောင်မင်း​ကလည်း​ လွှတ်မယ်ဆိုတာကို ခဏ ခဏ ​ပြောတဲ့​အခါကျ​တော့​ အန်ကယ် မ​တွေ့​ဖူး​ပေမဲ့​ ယုံတယ်။ သမ္မတကြီး​က လွတ်ငြိမ်း​ချမ်း​သာခွင့်​ပေး​မှာပဲလို့​ သူက ဒါကို ထပ်ထပ်​ပြောတဲ့​အခါကျ​တော့​ အများ​ကြီး​ ယုံပါတယ်။ အဲဒါ​ကြောင့်​မို့​ စိတ်ဓာတ်မကျ တာ လည်း​ ပါတာ​ပေါ့​။ တ​နေ့​ကျရင် လွတ်မယ် ​ပေါ့​။ အမိန့်​မချခင် ကြား​ထဲမှာ ဝန်ကြီး​ဦး​အောင်မင်း​ရဲ့​ အထူး​ကိုယ်စား​လှယ်​ပေါ့​။ သမ္မတကြီး​ရဲ့​ အထူး​ကိုယ်စား​လှယ်လို့​လည်း​ ​ပြောလို့​ ရတယ်။ အဲဒီ အရာရှိကြီး​ က အန်ကယ့်​ကို လာ​တွေ့​တယ်။ လာ​တွေ့​တော့​ စိတ်ဓာတ် မကျပါနဲ့​။ အမှုပြီး​အောင်သာ၊​ အမှုပြီး​လို့​ရှိရင် ကျန်တဲ့​အပိုင်း​က သမ္မတကြီး​ အပိုင်း​ပဲဆို​တော့​ လာပြီး​တော့​ အား​ပေး​တာ​တွေလည်း​ ရှိ​တော့​ အန် ကယ် အများ​ကြီး​ စိတ်​အေး​အေး​ ချမ်း​ချမ်း​ ရှိပါတယ်။”

အန်ကယ် ​ပြောသလို နိုင်ငံ​ရေး​ဓား​စာခံအဖြစ် အသုံး​ချခံရတယ်ဆိုတဲ့​ အ​ပေါ်မှာ အခု လက်ရှိ ​ကေအန်ယူနဲ့​ အစိုး​ရ လုပ်​နေတဲ့​ ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​မှု အ​ပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

“အန်ကယ် ယုံကြည်ပါတယ်။ ယုံကြည်တယ် ဆိုတာက အကြံဉာဏ်​ပေး​ခဲ့​တာက အန်ကယ်​လေ။ အခု ကျ​နော်တို့​က နှစ်​ပေါင်း​ ၆၀ ​ကျော် ပဋိပက္ခဖြစ်လာတယ်။ ပဋိပက္ခ ဖြစ်လာတဲ့​အခါကျ​တော့​ တ​နေ့​တချိန်တည်း​နဲ့​ ဒီ ပဋိပက္ခကို ရှင်း​လို့​ ရမှာ မဟုတ်ဘူး​။ နှစ်ဖက်စလုံး​က သံသယ​တွေ၊​ ခံစား​ချက်​တွေ၊​ ရန်ငြိုး​ရန်စ​တွေက တ​ထွေး​တပိုက်ကြီး​ရှိတယ်။ ဒါ​တွေကို ​လျှော့​ချနိုင်မှ နှစ်ဦး​နှစ်ဖက် ယုံယုံကြည်ကြည်နဲ့​ ယုံကြည်မှုကို တည်​ဆောက်နိုင်မှ ​ရှေ့​ဆက်ခရီး​မှာ ငြိမ်း​ချမ်း​ရေး​ဖော်​ဆောင်နိုင်မယ်လို့​ အန်ကယ် နှစ်ဖက်စလုံး​ကို ​ပြောတယ်​လေ။ ​ကေအန်ယူဖက်ကိုလည်း​ ​ပြောတယ်။ နိုင်ငံ​တော် အစိုး​ရဖက်ကိုလည်း​ ​ပြောတယ်။ ​ပြောတဲ့​အခါကျ​တော့​ အန်ကယ့်​ အကြံ​ပေး​ချက်အတိုင်း​ကို သူတို့​ လက်ခံမယ် ဆိုရင်​တော့​ အန်ကယ်တို့​ ငြိမ်း​ချမ်း​ရေး​ တည်​ဆောက်မှုက ရမယ်လို့​ အန်ကယ်​တော့​ ယုံကြည်ပါတယ်။”

မကြာခင်မှာ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ပွဲ ဆက်ပြီး​တော့​ ပြည်​ထောင်စုအဆင့်​ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ပွဲမှာလည်း​ ​ကေအန်ယူနဲ့​ ​ဆွေး​နွေး​ဖို့​ ရှိတယ်ဆို​တော့​ အန်ကယ့်​အ​နေနဲ့​ ဒီ​ဆွေး​နွေး​ပွဲမှာ ပါဝင်ဖို့​ ရှိလား​။

“​ ထောင်ကလွတ်လာ​တော့​ ၂၄ ရက်​နေ့​မှ ဒီကို ​ရောက်တယ်​လေ။ ၃ ရက်ပဲ ရှိ​သေး​တယ်။ သူတို့​က နဂိုကတည်း​က ကိုယ်စား​လှယ်​တွေ ​ရွေး​ချယ်ပြီး​ပြီ။ ​ရွေး​ချယ်ပြီး​တော့​ အခု အန်ကယ့်​ကို အနား​ပေး​ထား​တော့​ မပါ ပါဘူး​။”

ကော်မတီဝင်ထဲမှာ အန်ကယ် မပါ​ပေမဲ့​ ​ကေအန်ယူနဲ့​ အစိုး​ရဖက်ကို ဘယ်လိုမျိုး​ တိုက်တွန်း​မှု​တွေနဲ့​ ​ပြောချင်တာမျိုး​တွေ ရှိလဲ။

“ဒီလိုရှိတယ် အခုလည်း​ အန်ကယ်​ပြောချင်တဲ့​စကား​က ပြည်​ထောင်စု အစိုး​ရဘက်က ဝန်ကြီး​ဦး​အောင်မင်း​တို့​၊​ ဝန်ကြီး​ ဦး​ခင်ရီတို့​ ကိုယ်တိုင် ဦး​စီး​ပြီး​တော့​ အန်ကယ့်​ကို လာပြီး​တော့​ ပြန်အပ်​ပေး​တယ်။ ​ကေအန်ယူကို လာပြန်အပ်တယ်။ ​ကေအန်ယူကို ပြန်အပ်တဲ့​အချိန်မှာ ​ကေအန်ယူ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ချုပ် ရှိတယ်။ ​ကေအန်အယ်လ်​အေ စစ်ဦး​စီး​ချုပ် အပါအဝင် ဗဟို​ကော်မတီဝင်​တွေ ရှိတယ်။ နှစ်ဖက် ​ခေါင်း​ဆောင်​တွေ ​ရှေ့​မှာ အန်ကယ်က ​ပြောတယ်။ ကျ​နော်တို့​ နှစ်​ပေါင်း​ ၆၀ ​ကျော် ပဋိပက္ခက ရန်ငြိုး​ရန်စ​တွေ၊​ အာဃာတ​တွေ၊​ သံသယ​တွေက အများ​ကြီး​ ရှိကြမှာပဲ အဲဒါ​တွေ ကျ​နော်တို့​ ​လျှော့​ချပြီး​တော့​ တဦး​နဲ့​တဦး​ ယုံယုံကြည်ကြည်နဲ့​ တကယ့်​ ငြိမ်း​ချမ်း​ရေး​ကို တိုင်း​ပြည်မျက်နှာ ပြည်သူ​တွေမျက်နှာကို ​ရှေ့​ထား​ပြီး​တော့​ ကျ​နော်တို့​ လုပ်မယ်ဆိုရင် ငြိမ်း​ချမ်း​ရေး​က ရကိုရမယ်။ ရဖို့​လည်း​ တာဝန်​တွေ အများ​ကြီး​ ရှိတယ်။ ကျ​နော်တို့​မှာ တာဝန်ရှိတယ်လို့​ အန်ကယ် နှစ်ဖက်စလုံး​ကို အကြံ​ပေး​တယ်။”

သမ္မတလွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့​ပေါ့​။ ပြန်လည် လွတ်​မြောက်လာ​တော့​ သမ္မတကို ​ပြောချင်တဲ့​ စကား​များ​ ရှိဦး​မလား​။

“ရှိတာ​ပေါ့​ အန်ကယ်က သမ္မတကြီး​ကို ​တွေ့​တောင် ​တွေ့​ချင်တယ်။ တ​နေ့​တချိန်မှာ ​တွေ့​အောင် လုပ်​ပေး​ပါလို့​လည်း​ ဝန်ကြီး​ဦး​အောင်မင်း​ကို ​ပြောတယ်။ အန်ကယ်က သမ္မတကြီး​ကို သိပ်​လေး​စား​တယ်။ ​လေး​စား​တယ်ဆိုတာ အန်ကယ် အခု​လေ့​လာ စုံစမ်း​ကြည့်​သ​လောက် သူတို့​နဲ့​ ထိ​တွေ့​ဆက်ဆံရ​တော့​ သိလာတယ်။ သမ္မတကြီး​က ​လေး​စား​တယ်။ တိုင်း​ပြည်ကို တကယ် ငြိမ်း​ချမ်း​စေချင်တယ်။ တိုး​တက်​စေချင်တယ်။ ဒီမိုက​ရေစီနိုင်ငံ ဖြစ်​အောင် ​ဖော်​ဆောင်မယ်ဆိုတာ အန်ကယ်က ယုံကြည်တယ်။ ဒါ​ကြောင့်​မို့​ သမ္မတကြီး​ရဲ့​ ဒီ ဂုဏ် သိက္ခာကို ​လေး​စား​သောအား​ဖြင့်​ အန်ကယ် အများ​ကြီး​ ယုံကြည်တယ်။ အန်ကယ့်​ကို လွှတ်​ပေး​လို့​ ​လေး​စား​ယုံကြည်တာ မဟုတ်ဘူး​။ သမ္မတကြီး​ရဲ့​ သီလဂုဏ်၊​ သမာဓိဂုဏ်၊​ နိုင်ငံ့​ခေါင်း​ဆောင်ဂုဏ်ကို အန်ကယ်က ​လေး​စား​ယုံကြည်တယ်။

ဝန်ကြီး​ ဦး​အောင်မင်း​ကိုလည်း​ အများ​ကြီး​ ​လေး​စား​တယ်၊​ ကြည်ညိုတယ်။ ဝန်ကြီး​ဦး​အောင်မင်း​က တွဲလုပ်လို့​ ရတဲ့​ နိုင်ငံ့​ခေါင်း​ဆောင် တ​ယောက်ဖြစ်တယ်၊​ ရိုး​သား​တယ်၊​ ဖြူစင်တယ်၊​ ​စေတနာမှန်တယ်။ အန်ကယ်က ဘာလဲဆို​တော့​ အန်ကယ်လွတ်ပြီး​တာနဲ့​ ​ထောင်ဗူး​ဝက​နေ သူ့​ကိုယ်စား​လှယ်က လာကြိုပြီး​တာ့​ ​နေပြည်​တော်ကို ​ခေါ်သွား​ပြီး​တော့​ သူ့​ဧည့်​သည် အဖြစ်နဲ့​ တပတ်နီး​ပါး​ သူ့​ဆီမှာ ​နေရတယ်။ သူ့​အိမ်မှာကို ထား​တယ်။ သူ့​အိမ်မှာ ထား​ပြီး​တော့​ တခါတည်း​ကို ပြုစုတယ်။ အန်ကယ့်​ကို ​ဆေး​တွေ အကုန်လုံး​ စစ်​ပေး​တယ်။ ​နောက်ပြီး​တော့​ အန်ကယ့်​ကို ဖထီး​တဲ့​ သွား​ချင်တဲ့​ ​နေရာသွား​၊​ ဓာတ်ပုံရိုက်ချင်တဲ့​ ​နေရာရိုက် အန်ကယ့်​ကို လွတ်လွတ်လပ်လပ် ​ပေး​သွား​တယ်။

နောက်ပြီး​ တော့​ ကင်မရာလည်း​ တလုံး​ပေး​တယ်။ အဲဒါ ရိုက်ချင်တာ ရိုက်ပါ လိုတာ ကျ​နော် ဘာမှ မချုပ်ချယ်ဘူး​တဲ့​။ ​လော​လောဆယ်​တော့​ မီဒီယာနဲ့​ မ​တွေ့​ပါနဲ့​ဦး​တဲ့​။ ဘာဖြစ်လို့​လဲ ဆို​တော့​ ဖထီး​ကို ​ကေအန်ယူ လက်ထဲကို ပြန်မအပ်မချင်း​ ကျ​နော့်​မှာ တာဝန်ကြီး​လို့​တဲ့​ ဒီကြား​ထဲမှာ တခုခုဖြစ်ရင်။ အဲဒါ​လေး​ တခု​တော့​ ​မေတ္တာရပ်ခံတယ်။ ကျန်တဲ့​ဟာ ဘာမှ ကန့်​သတ်ချုပ်ချယ်တာ မရှိဘူး​။”

နေပြည် ​တော် ​ရောက်သွား​တော့​ အန်ကယ် ​နေပြည်​တော်ရဲ့​ အ​ခြေအ​နေ အ​နေအထား​ကို ကြည့်​ပြီး​တော့​ ဘယ်လိုမျိုး​ ​ပြောချင်တာမျိုး​တွေ ရှိဦး​မလဲ။

“​နေပြည်​ တော်ကြီး​က​တော့​ အင်မတန် ခမ်း​နား​၊​ ခန့်​ညား​ထည်ဝါ မြို့​တော်ကြီး​တရပ်ရဲ့​ ဂုဏ်အင်္ဂါနဲ့​ ညီပါတယ်။ အ​ဆောက်အဦ​တွေက​တော့​ အများ​ကြီး​ပဲ လူ​တွေက နည်း​နည်း​လေး​ရယ်။ ကား​တွေကလည်း​ နည်း​နည်း​လေး​။ မြို့​တော် အင်္ဂါရပ်နဲ့​တော့​ ပြည်စုံတယ် ဒါ​ပေမဲ့​ လူဦး​ရေ အင်္ဂါရပ်က​တော့​ မပြည့်​စုံဘူး​။”

တခြား​ ဘာများ​ ​ပြောချင်တာ ရှိဦး​မလဲ။

“အန်ကယ်​ ပြောချင်တာက​တော့​ အန်ကယ့်​ လွတ်​မြောက်​ရေး​အတွက် ကြိုး​ပမ်း​ပေး​ခဲ့​တဲ့​ မိခင်​ကေအန်ယူ အစည်း​အရုံး​နဲ့​ ကရင်က ​ခေါင်း​ဆောင်​တွေကို ​ကျေး​ဇူး​တင်တယ်၊​ ကရင်အမျိုး​သား​တွေကို ​ကျေး​ဇူး​တင်တယ်၊​ အန်ကယ့်​အ​ပေါ်မှာ စာနာ​ထောက်ထား​ပြီး​တော့​ အန် ကယ် လွတ်​မြောက်​ရေး​အတွက် ကြိုး​ပမ်း​ပြီး​တော့​ ဝိုင်း​ဝန်း​တောင်း​ဆိုကြတဲ့​ လှုပ်ရှား​ပေး​ခဲ့​ကြတဲ့​ ပြည်တွင်း​ပြည်ပ၊​ အဖွဲ့​အစည်း​များ​၊​ လူပုဂ္ဂိုလ်များ​၊​ အင်အား​စုများ​ကို အများ​ကြီး​ ​ကျေး​ဇူး​တင်တယ်။

ဒါ​ကြောင့်​ မို့​လို့​ အန်ကယ်​ပြောချင်တာက​တော့​ ငယ်ငယ်ကတည်း​က ​လေ့​လာခဲ့​တဲ့​ တရား​တခု ရှိတယ် အဲဒါက ဘာလဲဆိုလို့​ရှိရင် တရား​ရှိရင် ကူသူများ​တယ်၊​ တရား​မဲ့​ရင် ကူသူရှား​တယ် ဆိုတာ။ အန်ကယ့်​ရဲ့​ ဘဝ လက်​တွေ့​ က​နေပြီး​တော့​ ဒါ လက်​တွေ့​ဖော်ပြလိုက်တာပဲ။ ဒီတရား​က မှန်တယ်ဆိုပြီး​တော့​ အန်ကယ် ပိုပြီး​တော့​ ​လေး​နက် ယုံကြည်တယ်။”

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့