2012-03-26
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ပါတီစည်းရုံးရေး ခရီးစဉ်အဖြစ် ရုပ်ရှင်နဲ့ ဂီတအနုပညာရှင်တွေဟာ ဒီကနေ့ နယ်ခရီးစဉ် စတင်ကြပြီဖြစ်ပါတယ်။
ဒါရိုက်တာဝိုင်း၊ သရုပ်ဆောင်လူမင်း၊ ဝေဋ္ဌုကျော်၊ ထွန်းအိန္ဒြာဗိုလ်၊ ချစ်သုဝေ၊ အဆိုတော် အာဇာနည်နဲ့ လင်းလင်းတို့ ပါဝင်တဲ့ အနုပညာ ရှင်အဖွဲ့ဟာ ဒီကနေ့ ညပိုင်းမှာ ရန်ကုန်မြို့ကနေ စတင်ထွက်ခွာကြပါတယ်။
ဒါရိုက်တာဝိုင်း ရိုက်ကူးတဲ့ "ဒီလိုလေးခြစ်တတ်ရင် ရပြီ" ဆိုတဲ့ တစ်ခန်းရပ် ပြဇာတ်ကို နယ်တွေမှာ သရုပ်ဆောင်တွေက ကပြကြမှာ ဖြစ်ပြီး၊ လိုက်ပါသွားတဲ့ တေးသံရှင်တွေကလည်း ဒေသခံပြည်သူတွေကို တေးသီချင်းတွေနဲ့ ဖျော်ဖြေကြမှာ ဖြစ်ကြောင်း သရုပ်ဆောင် ထွန်းအိန္ဒြာဘိုက RFA ကို ပြောပါတယ်။
Ref: အာရ်အဖ်အေ
Tuesday, March 27, 2012
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် စည်းရုံးရေး ခရီးစဉ် ရုပ်ရှင်နဲ့ ဂီတအနုပညာရှင်တွေပါဝင်
Subscribe to:
Post Comments (Atom)
















































0 comments:
Post a Comment