March 28, 2012
မင်းလွင်
မြန်မာနိုင်ငံသူနိုင်ငံသား တွေရဲ့ လူ့အခွင့်အရေးမြှင့်တင်ရေးနဲ့ ကာကွယ်ရေးအတွက် ရေရှည် ဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ပြောကြားလိုက်ပါတယ်။
ဒီနေ့ ရန်ကုန်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြ၊ ဒု-ဥက္ကဋ္ဌ ဦးကျော်တင့်ဆွေနဲ့ အတွင်းရေးမှူး ဦးစစ်မြိုင်တို့ တက်ရောက်ပြီး ရှင်းလင်း ပြောကြားတာပါ။
လူ့အခွင့်အ ရေး ချိုးဖောက်ခံထားရတာတွေကို ကော်မရှင်ထံ လာရောက် တိုင်တန်းမှသာ ဆောင်ရွက်နိုင်မှာဖြစ်ပြီး ကော်မရှင်ဟာ ပြဿနာတွေကို ဖြေရှင်ဆုံးဖြတ်တဲ့ အဖွဲ့အစည်းမဟုတ်ဘဲ ညှိနှိုင်းဆောင်ရွက်တဲ့အဖွဲ့ ဖြစ်တယ်လို့လည်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
အဲဒီသတင်း စာရှင်းလင်းပွဲမှာ သွားရောက် သတင်းယူတဲ့ ရန်ကုန်အခြေစိုက် YPI သတင်းဌာနမှ သတင်းထောက် ကိုကျော်စိုးလင်းက “ခုလတ်တလော စသုံးလုံးနဲ့ ဖြစ်နေတဲ့အမှု ကိစ္စလိုမျိုးဆိုရင် သူတို့ကိုလာတိုင်မှရမယ်။ မတိုင်တဲ့ကိစ္စ လုပ်မပေးနိုင်ဘူးပေါ့။ အဲသလိုမျိုးတော့ ပြောတယ်။ တိုင်တာတောင်မှ သူတို့မှာ အရေးယူပိုင်ခွင့် မရှိဘူးပေါ့။ ညှိနှိုင်းဆောင် ရွက်ပေးရတဲ့အဖွဲ့၊ အကြံပေးတဲ့အဖွဲ့ပေါ့။ အဲဒါကို သမ္မတဆီတင်တယ်၊ သမ္မတကနေပြီးတော့ ဝန်ကြီးဌာပေါ့။ ဝန်ကြီးကနေ ပြန်ဖြေရှင်းပေါ့။ ဖြေရှင်းပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ အကြောင်းပြန်လာမယ်၊ ကျန်တဲ့ အကျိုးဆက်တွေ သူတို့နဲ့ မဆိုင်တဲ့ပုံစံမျိုး ပြောသွားတယ်။”
၂၀၁၂ ခုနှစ် မတ်လ ၁၆ ရက်နေ့မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းဝေးကနေ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်ရေးကော်မရှင် ဖွဲ့စည်းတာဟာ အခြေခံဥပဒေ၊ တည်ဆဲဥပဒေများနဲ့ ညီညွှတ်ခြင်း မရှိကြောင်း သဘောထား မှတ်ချက် တင်ပြလာတဲ့အတွက် ပြည်ထောင်စု လွှတ်တော်နယက အနေနဲ့ မြန်မာနိုင်ငံ အမျိုးသားလူအခွင့်အရေး ကော်မရှင်ကို ဗဟိုအဖွဲ့ အစည်းတွင် ထည့်ထားခြင်းနဲ့ ရသုံးမှန်းခြေ ငွေစာရင်းတွင် အသုံးစရိတ်ထည့်ထားတာကို ပယ်ဖျက်တယ်လို့ ဆုံးဖြတ်ထားပါတယ်။
မြန်မာနိုင်ငံအမျိုး သား လူ့အခွင့်အရေးကော်မရှင်ကို ၂၀၁၁ ခုနှစ်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး နိုင်ငံတော် သမ္မတရုံးစရိတ်နဲ့ သုံးစွဲနေတယ်လို့ သိရပြီး ဘယ်လောက် သုံးစွဲတယ်ဆိုတာတော့ ပြောဆိုခဲ့ခြင်းမရှိပါ။ ၂၀၁၁ ခုနှစ်မှာ ကော်မရှင်ကို တိုင်တန်တဲ့အမှုပေါင်း ၁၀၃၇ မှုနဲ့ ၂၀၁၂ ခုနှစ်မှာ ၉၈၃ မှု ရှိနေတယ်လို့ သိရပါတယ်။
အမျိုးသား လူအခွင့်အရေး ကော်မရှင်အနေနဲ့ ဥပဒေမူကြမ်း ရေးဆွဲနေပြီးတော့ မကြာခင်မှာ ပြည်ထောင်စုလွှတ်တောကို တင်သွင်းမယ်လို့ ဆိုပါတယ်။
Ref: ဒီဗွီဘီ
Thursday, March 29, 2012
အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဆက်ရှိမည်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment