Friday, June 19, 2009

Still no justice for Aung San Suu Kyi

By: GORDON BROWN
Published: 19/06/2009 at 12:00 AM

Today, Friday June 19, is the 64th birthday of Aung San Suu Kyi. The fact that she remains under arrest is tragic for Burma and for all those throughout the world who believe in democracy and the rule of law.

The trial of Aung San Suu Kyi is an absurd mockery of justice. The real injustice was not that someone broke into her compound, but that she was imprisoned in the first place.

Aung San Suu Kyi has now been imprisoned for 13 of the last 19 years since the party she led won the last elections in her country. More than 2,000 others are imprisoned across Burma for sharing her commitment to a better and brighter future for the long-suffering population.

Even in the face of such injustice, Aung San Suu Kyi has always supported the path of peace and reconciliation. But the regime has consistently spurned her offer of dialogue and reconciliation. They want to isolate her from the people of Burma, for whom she has long been a symbol of hope and defiance.

Her refusal to buckle in the face of tyranny is an inspiration. But words of support are not enough. The region, the EU and the UN are all urging the junta to release Aung San Suu Kyi. So far all requests for moderation have been spurned. In the face of such obstinacy the world must now act. I believe there are three things we must do.

Firstly, we need support the countries of the region as they step up efforts to secure democracy and reconciliation. I have been struck by how Burma's neighbours have led the world community in calling for Aung San Suu Kyi's release. We need to translate this outrage into ongoing political pressure for change.

Read More...

နေ့စဉ်သတင်းများ (၁၈- ၆- ၀၉)

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အခမ်းအနားများ ပြည်တွင်းပြည်ပမှာ ကျင်းပ သတင်း
ကရင်တပ်များ ဆုတ်ခွာနေရ သတင်း
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ဂျပန်ဝန်ကြီးချုပ်ဟောင်း တောင်းဆို သတင်း
ဥရောပပါလီမန်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အမှုကို ဝေဖန်ရှုတ်ချ သတင်း
မြန်မာ့ဒီမိုကရေစီအင်အားစုတွေ ဘန်ကီမွန်းနဲ့ တွေ့ခွင့်ရဖို့ မျှော်လင့် သတင်း
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး တီရှပ်လှုပ်ရှားမှု ဆင်နွှဲ သတင်း
ဗိုလ်မှူးချုပ်အုန်းမြင့်မှ ၂၀၁၀ ရွေးကောက်ပွဲအတွက် ရွာသားများကို စည်းရုံးရာ ဒေါ်အောင်ဆန်းစုကြည်အ ကြောင်း ထည့်သွင်းပြောကြား သတင်း
ကေအန်ယူတပ်ဖွဲ့တွေ စခန်းတချို့က ဆုတ်ခွာ သတင်း
နေရာအချို့မှ တပ်များဆုတ်ပေးလိုက်ကြောင်း ကေအန်ယူ အတည်ပြု သတင်း
ကေအိုင်အေ ကချင်တပ်ဖွဲ့နဲ့ ၀တပ်ဖွဲ့တွေ စစ်ရေးလေ့ကျင့်ပြင်ဆင် သတင်း
ဒဏ်ရာရ စစ်အစိုးရတပ်သားများအတွက် ကေအန်ယူ စိုးရိမ် သတင်း
ပေါက်ကွဲစေနိုင်သော ပစ္စည်းတွေ့မှုဖြင့် NLD လူငယ် (၃) ဦးကို စွဲဆို သတင်း
ပါတီလူငယ် (၃) ဦးကို ဖောက်ခွဲမှုဖြင့် အမှုဖွင့် သတင်း
ထောင်ဒဏ် (၆၅) နှစ်ကျ မသက်သက်အောင် ကျန်းမာရေးဆိုးရွားနေ သတင်း
ကျောင်းသားခေါင်းဆောင် ကိုလှမျိုးနောင် မျက်စိအန္တရာယ် ကြုံတွေ့နေရ သတင်း
မွန်ပြည်နယ်အတွင်း တုပ်ကွေးရောဂါဖြစ်ပွားသူ များပြားလာ သတင်း
ထိုင်းငံသားများက မြန်မာအလုပ်သမားကို လိုက်လံသတ်ဖြတ်ပြီး မိသားစုများအား ဖမ်းဆီး သတင်း
အမျိုးသားရင်ကြားစေ့ဖို့လိုကြောင်း တရုတ်ဝန်ကြီးချုပ် ပြောကြား သတင်း
မြန်မာနိုင်ငံအခြေအနေ ထိုင်းပညာရှင်များ အထူးစိုးရိမ် သတင်း
မုန်တိုင်းသင့်ပြည်သူများကို ကူညီနေသည့် NGO တချို့ ဗီဇာသက်တမ်း တိုးမရ သတင်း
နော်ဝေ ၀န်ကြီးချုပ်ဟောင်းနှင့် မြန်မာ့နိုင်ငံရေး ဆက်သွယ်မေးမြန်းချက် သတင်း

Thursday, June 18, 2009

စစ်အစိုးရက နယ်စပ်ထိုးစစ်ဖြင့် ထိုင်းကို စိန်ခေါ်

ရဲနည်
Wednesday, 17 June 2009

ကရင်ဒုက္ခသည် ၄,၀၀၀ ခန့် မြန်မာနိုင်ငံ အရှေ့ပိုင်းရှိ သူတို့၏ နေရပ်ရင်းကို စွန့်ခွာ၍ ထိုင်းနိုင်ငံတွင်းသို့ ထွက်ပြေး ခိုလှုံလာ ကြသည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် နိုင်ငံတကာမှ ဖိအားများ တိုးတက် များပြားလာနေသည့် အချိန်တွင် ဤသတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

လွန်ခဲ့သည့် အပတ်မှစ၍ မြန်မာစစ်တပ်နှင့် ၎င်းတို့၏ မဟာမိတ် လက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်ကြသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA)များက ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ၏ တပ်မဟာ (၇) ဌာနချုပ်နှင့် ၂ မိုင်ခန့် အကွာအဝေးတွင် ရှိနေသည့် ပြည်တွင်းရွှေ့ပြောင်း ထွက်ပြေး နေကြရသော ဒုက္ခသည်များ ခိုလှုံနေရာ လာပါဟား စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြသည်။

စခန်းကိုစွန့်ခွာ၍ ဒုက္ခသည်များက သောင်ရင်းမြစ်ကို ဖြတ်ကျော်ကာ ပြီးခဲ့သည့် သောကြာနေ့တွင် ထိုင်းနိုင်ငံတွင်းသို့ ခိုလှုံ လာခဲ့ကြသည်။ ကရင်သတင်း ဌာနများ၏ အဆိုအရ ထိုင်းအစိုးရက ယခုအသစ် ခိုလှုံလာကြသူများကို အတည်တကျ ဖြစ်နေပြီး ဖြစ်သည့် ဒုက္ခသည် စခန်းများတွင်း လက်ခံရန် တွန့်ဆုတ်နေကြဆဲဟု သိရသည်။ ထိုင်း-မြန်မာနယ်စပ်ရှိ မဲဆောက်မြို့ နှင့် ၆၂ မိုင် (ကီလို ၁၀၀) အကွာ အဝေးရှိ ထဆောင်ယန်း ခရိုင်ရှိ ဘုန်းတော်ကြီး ကျောင်းများအတွင်း၌သာ ယာယီလက်ခံ ထားခဲ့သည်။

ပုံမှန်အားဖြင့် ခြောက်သွေ့ရာသီတွင်သာ ထိုးစစ်ဆင်လေ့ရှိသော မြန်မာစစ်တပ်၏ ယခု မိုးရာသီ ထိုးစစ်မှာ ပုံမှန် မဟုတ်ပါ။ ထိုင်းအစိုးရက ပစ်တင် ဝေဖန်မှုများကို တုံ့ပြန်မှု အဖြစ် ပြုခဲ့ပုံရသည်။

Read More...

နေ့စဉ်သတင်းများ (၁၇- ၆- ၀၉)

ဒီမိုကရေစီနဲ့ အမျိုးသားရင်ကြားစေ့ရေး ဖော်ဆောင်ဖို့ စစ်အစိုးရကို တရုတ်ဝန်ကြီးချုပ် တိုက်တွန်း သတင်း
မြန်မာပြည် ပြုပြင်ပြောင်းလဲရေး တရုတ်ပြောဆို သတင်း
ကျောင်းသားခေါင်းဆောင် ကိုလှမျိုးနောင် မျက်စိနှစ်ဖက်စလုံး ကွယ်နိုင်ဖွယ်ရှိ သတင်း
BGF ပြောင်းလဲရန် လက်မခံသောအဖွဲ့များကို နအဖမှ နည်းပြောင်းစည်းရုံးမည်ဟု ပစ်ခတ်အဖွဲ့များဆို သတင်း
၂၀၂ စခန်းကို နအဖနှင့် ဒီကေဘီအေ ပူးပေါင်းတပ် စတင်တိုက်ခိုက် သတင်း
နအဖ၊ ဒီကေဘီအေ ပူးပေါင်းတပ်များနှင့် ကေအန်ယူတိုက်ပွဲ ယနေ့ငြိမ်သက် သတင်း
ကချင်အဖွဲ့ စစ်အင်အား တိုးချဲ့ သတင်း
လက်နက်ကိုင်ပဋိပက္ခဒေသမှ ကလေးများအားကူညီရေး ကုလသမဂ္ဂအစီရင်ခံစာ သတင်း
သံလွင် အရှေ့ခြမ်း စစ်အင်အား ဖြည့်တင်းမည်ဟု တြိဂံ တိုင်းမှူးပြော သတင်း
အီရန်အာဏာရှင်ရွေးကောက်ပွဲမှ မြန်မာတွေ ဘာအတုယူသင့်သလဲ သတင်း
ဒေါ်အောင်ဆန်းစုကြည်အမှု နောက်ထပ် သက်သေလက်ခံဖို့ လျှောက်ထားချက် ကြားနာမည် သတင်း
သက်သေထွက်ဆိုခွင့် အယူခံလွှာကို ဗဟိုတရားရုံးက လက်ခံ သတင်း
ဒေါ်အောင်ဆန်းစုကြည်အား ဥပဒေခံစားခွင့်ပေးဖို့ ကုလကိုယ်စားလှယ်များ တောင်းဆို သတင်း
သက်သေ (၂) ဦးကိစ္စ တရားရုံးချုပ် ကြားနာဖို့ လက်ခံ သတင်း
ဦးဝင်းတင်၊ ဦးတင်ဦး ဒေါ်အောင်ဆန်းစုကြည်အတွက် သက်သေလိုက်ရန် မျှော်လင့်ချက်မကုန်သေး သတင်း
ဗဟိုတရားရုံးမှ တရားခံပြသက်သေများကို လက်ခံရန် ပြင်ဆင်မှုကို လက်ခံ သတင်း
ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံ ဖြန့်သူများ ဗုံးဖောက်ခွဲမှုဖြင့် တရားစွဲခံရနိုင် သတင်း
သက်သေ (၂) ဦး အတွက် လျှောက်လဲချက် ဗဟိုတရားရုံး ကြားနာမည် သတင်း
ဥပဒေပညာရှင်များက လွတ်လပ်သည့် တရားစီရင်ရေး တောင်းဆို သတင်း
ဂျပန်လွှတ်တော်အမတ်များသမဂ္ဂ ဒေါ်အောင်ဆန်းစုကြည်ကို ဆုချီးမြှင့်မည် သတင်း
ပြည်တော်ပြန်အဖြစ်နဲ့ ကြုံရတဲ့ မလေးရှားရောက် မြန်မာအလုပ်သမားတွေ သတင်း
၂၀၁၀ လွန် စစ်ခေါင်းဆောင်များ အခန်းကဏ္ဍ သတင်း

ကျွဲပါးစောင်းတီးလို့ မရတော့ပါ

မောင်သြ
၁၂ ဇွန် ၂၀၀၉

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မလား၊ မလွှတ်ဘူးလား…?

ဤမေးခွန်းကို နအဖစစ်အစိုးရဟာ ယနေ့အချိန်တွင် အကြီးအကျယ် စဉ်းစားရတော့မယ်။ ဖြေဆို ရတော့မယ်။

အဖြေကောင်းရင် အောင်မှတ်ရမယ်။

အဖြေမကောင်းရင် အရှက်တကွဲ အကျိုးနည်းနဲ့ ရင်ဆိုင်ရမယ်။

ဒီမေးခွန်းအတွက် နအဖစစ်အစိုးရ ငယ်ထိပ်မြွေပေါက် ခေါင်းမီးတောက်.. ဖင်ကြား ခဲညှပ်နေပြီ။

မကောင်းကြံ ယုတ်မာပက်စက်တဲ့ အကုသိုလ် ဒေါသမီးဟာ ကိုယ်ရင်ထဲ ပြန်လောင်နေပြီ။

မရဲဘဲ ကျွဲပြဲစီးမိနေပြီ။

တရွာနဲ့ တယောက်၊ တကမ္ဘာလုံးနဲ့ တနိုင်ငံ အထီးကျန် ငပွကြီး ဖြစ်နေပြီ။ ဟီရိသြတ္တပ္ပ အရှက် အကြောက် တရား ရှိတတ်ရင် ကိုယ့်လည်ပင်း ကြိုးကွင်းစွပ် မြစ်ထဲခုန်ဆင်း သတ်သေသင့်ပြီ။

ဗုဒ္ဓဘာသာ အရေခြုံပြီး မြန်မာပြည်တနံတလျား ဘုရားတည်၊ ကျောင်းဆောက် ထီးတော်တင် လုပ်ခဲ့ကြတာ သူတို့ပဲ။

ဘုန်းကြီးကျောင်း၊ သီလရှင်တိုက်တွေကို ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ ပစ္စည်းငါးပါး ဒါယကာ လုပ်တာလည်း သူတို့ပဲ။

သံဃာတော် ဆရာတော်ကြီးတွေကို ဘွဲ့တံဆိပ်တော်တွေ လှူဒါန်းဆက်ကပ် တာလည်း သူတို့ပဲ။

မြန်မာပြည်သူလူထုကို ဘာသာရေး မှိုင်းတိုက်ပြီး၊ သူတို့ကိုယ် သူတို့ ဗုဒ္ဓဘာသာဝင် စစ်စစ်ကြီးတွေ အဖြစ်၊ သူတို့ရဲ့ သတင်းစာတွေ ထဲမှာ ဓာတ်ပုံကြီးတွေနဲ့ ဟန်ဆောင် သရုပ်ပြ ပြုလုပ် ကြတာလည်း သူတို့ပါပဲ။

နောက်ဆုံးတော့ ဒီဟန်ပြသရုပ်ဆောင်မှုတွေဟာ ၂၀၀၇ ခုနှစ် စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးမှာ ဘွင်းဘွင်းကြီး ဗူးပေါ်သလို.. မှောက်ထားသော ခွက်ကို လှန်တိုက်သကဲ့သို့ ထင်ထင်ရှားရှား ပေါ်ခဲ့တာပဲ မဟုတ်လား။

အေးချမ်းစွာ မေတ္တာပို့ ဆုတောင်းလမ်းလျှောက်ကြတဲ့ သံဃာတော်များနဲ့ ကျောင်းသား ပြည်သူတွေကို အကြမ်းဖက် တိုက်ခိုက်၊ ရိုက်နှက်၊ သတ်ဖြတ်၊ ဖမ်းဆီး ထောင်ချ၊ သွေးမြေကျခဲ့ကြရတာဟာ ဗုဒ္ဓဘာသာဝင်တွေမှ ဟုတ်ကြရဲ့လား။

တနိုင်ငံလုံး တကမ္ဘာလုံးက ဒီလို ရက်စက်ကြမ်းကြုတ်တဲ့ ရွှေဝါရောင်တော်လှန်ရေး ဇာတ်လမ်းကြီးကို ဒီဗွီဘီကရော၊ ဗီဒီယို မှတ်တမ်း ခွေတွေကပါ ကြည့်ခဲ့ရလို့၊ နအဖ စစ်အစိုးရရဲ့ ရက်စက်ယုတ်မာမှုကို သိနေကြပြီ။ ဒါတွေက ဘယ်တော့မှ မပျောက်။ နအဖရဲ့ အမဲစက် သမိုင်းမှတ်တမ်း အဖြစ် တင်ကျန်နေဦးမှာ။

ယခုလည်း နအဖစစ်အစိုးရရဲ့ အချိန်ပြည့် အမှားထွင်… ကလိမ်စေ့ ငြမ်းဆင်နေတာကြီးက ကိုယ့်အသည်းကို ငရဲမီး ပက်ခံရသလို ပူလောင်နေပြီ။

ဒေါ်အောင်ဆန်းစုကြည်…

Read More...

Wednesday, June 17, 2009

နေ့စဉ်သတင်းများ (၁၆- ၆- ၀၉)

ဒေါ်အောင်ဆန်းစုကြည် ဥပမာထား ၀ ခေါင်းဆောင်များ အသွင်ပြောင်းရေး ငြင်းဆန် သတင်း
ဒေါ်အောင်ဆန်းစုကြည်အမှု တရားမျှတဖို့ ကုလ လူ့အခွင့်အရေးကိုယ်စားလှယ် တောင်းဆို သတင်း
ကုလကိုယ်စားလှယ် (၅) ဦး ဒေါ်အောင်ဆန်းစုကြည်အမှု မျှတလွတ်လပ်ရေး တောင်းဆို သတင်း
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဆုတောင်းပွဲ သံဃာနှင့် ကျောင်းသားအဖွဲ့များ တိုက်တွန်း သတင်း
မြန်မာနှင့် အာဆီယံအရေး (ထိုင်းဝန်ကြီးချုပ်နှင့် အမေးအဖြေ)
အီရန်သမ္မတရွေးကောက်ပွဲ မဲတချို့ ပြန်ရေတွက်ဖို့ စီစဉ် သတင်း
လူကုန်ကူးမူတိုက်ဖျက်ရေး မြန်မာနိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့ ပျက်ကွက်ဆဲ သတင်း
အကျဉ်းသားလွတ်မြောက်ရေး လက်မှတ် (၆) သိန်းကျော် ကုလအတွင်းရေးမှူးချုပ်ထံပို့ သတင်း
တရုတ်ပြည်သို့ ဓာတ်ငွေ့ပိုက်လိုက် စက်တင်ဘာလမှာ စတင်တည်ဆောက်မည် သတင်း
မုံရွာ ကြေးနီတောင် သတ္ထုတွင်းလုပ်ငန်း အိုင်ဗင်ဟို ပြန်လည်စတင် သတင်း
မြန်မာ (၈၈) ဦး မဲဆောက်တွင် အလုပ်ထုတ်ခံရ သတင်း
မြန်မာအလုပ်သမားများ ပြည်ပတွင် ဥပဒေအရ ကာကွယ်ခံရမှု နည်းပါး သတင်း
ANC အတွင်းရေးမှူးနှင့် NUPA ဒု-ဥက္ကဋ္ဌ ပါတီတာဝန်များမှ ရပ်ဆိုင်းခံရ သတင်း
ထိုင်းနိုင်ငံမှ ကူးခွေရောင်းသူများကို အရေးယူရန် မွန်အဆိုတော် စီစဉ် သတင်း
အပျက်အစီးပုံကြားထဲက ဓနုတ်စေတီ - ယခင်နှင့် ယခုမြင်ကွင်း (ဓာတ်ပုံသတင်း)

Tuesday, June 16, 2009

“အရူးကို မီးဝိုင်းနေပါပြီ”

အဝေးရောက် သံတမန်တဦး

မြန်မာလူမျိုးများအနေဖြင့် အရူးကိုမီးဝိုင်းနေပါပြီ ဆိုသောစကားကို အများတကာ သဘောပေါက် နေကြပြီး ဖြစ်ပါသည်။ မီးများပတ်ပတ်လည် ဝိုင်းရံခံနေရသော အရူးသည် ပြေးပေါက်လည်း မရှိ။ ထွက်ပေါက်လည်း မရှိတော့ပါ။ ကယ်သူမရှိ။ ကူသူ မရှိလျှင်တော့ သေပွဲဝင်ရန်သာ ရှိပါတော့သည်။ အရူး ဆိုသည်ကိုလည်း အကျယ်တဝင့် ရှင်းပြရန်ပင် မလိုပါ။ ၁၉၆၂ခုနှစ်ကပင် အမိမြန်မာ နိုင်ငံတော်တွင် ပြည်သူ အပေါင်း၏ ချွေးနည်းစာ အခွန်အတုတ်များဖြင့် တိုင်းပြည်နှင့် လူမျိုးကို ကာကွယ်ရန် အတွက် တည်ထောင်ဖွဲ့စည်း ထားသော စစ်တပ်ကြီးမှ အာဏာရူးကြီးများ ပေါ်ပေါက် လာခဲ့သည်ကို အားလုံး အသိပင်ဖြစ်ပါသည်။

အာဏာရူးကြီးများတွင် ဗိုလ်နေဝင်းက ပထမဖြစ်ပြီး ဗိုလ်နေဝင်းနှင့် အတူ ရူးဖော်ရူးဘက် ဗိုလ်စန်းယု ဗိုလ်စိန်လွင် ဗိုလ်စောမောင် ဗိုလ်ခင်ညွန့်နှင့် ယခုလက်ရှိ ဗိုလ်သန်းရွှေတို့ပင် ဖြစ်ပါသည်။ အာဏာရူး စစ်ဗိုလ်များထဲတွင် သွက်ချာပါဒ အရူးဆုံးကတော့ ယခုလက်ရှိ ဗိုလ်သန်းရွှေပင် ဖြစ်ပါသည်။ တရားတော်အရ ဆိုရပါလျှင် လောဘ ဒေါသ မောဟနှင့် မာန်မာနများသည် လူ့စိတ် လူ့ခန္ဓွာကို လောင်မြိုက် စေတတ်သော အကုသိုလ် မီးပွါးများပင် ဖြစ်ပါသည်။

အဆုံးသို့

မြန်မာ့လေကြောင်းနဲ့ လေယာဉ်စီးသူများ ဒုက္ခ

16၊ 6၊ 09

ပြည်တွင်း ခရီးတခုကို အစိုးရပိုင် မြန်မာ့လေကြောင်းနဲ့ သွားဖို့ရာမှာ လက်မှတ်ဝယ်ယူ ရရှိဖို့အတွက် ဒေသ အာဏာပိုင်တွေနဲ့ ရင်းနှီးမှ မဲနှိုက်လို့ ပေါက်မှ၊ အဲလိုမှ မဟုတ်ခဲ့ရင်တော့ မှောင်ခိုဈေးပေးပြီး ၀ယ်မှပဲ လေယာဉ်လက်မှတ် ရတာပါ။ အဲဒီလို လက်မှတ်တစောင်ကို ရဖို့ခက်ခက်ခဲခဲ ကြိုးစားရပြီးနောက်မှာ မိမိရဲ့ အသက်ကို သက်တမ်းရှည်ကြာလှပြီ ဖြစ်တဲ့ လေယာဉ်အိုများနဲ့ စံချိန်စံညွှန်း မမှီတဲ့ လေယာဉ်ကွင်းများရဲ့ လက်ထဲ အပ်ထားရပါတယ်။



ပြည်တွင်း ပြေးဆွဲနေတဲ့ တနာရီသာသာ ခရီးစဉ်တွေမှာ မတော်တဆ ဖြစ်မှုတွေကို မကြာခဏ ကြားသိရပါတယ်။ တော်ရုံတန်ရုံ အန္တရာယ်လိုမျိုးကို တွေး မကြောက်တတ်တဲ့ မြန်မာလူမျိုးတွေတောင်မှ မြန်မာ့လေကြောင်း စီးရမယ်ဆို စိုးရိမ်မှုပေါ်လာလေ့ ရှိတယ်လို့ ကြားသိ နေရပါတယ်။



မြစ်ကြီးနား၊ ကော့သောင်း၊ မြိတ်၊ တာချီလိတ်၊ စစ်တွေတို့လို မြို့တွေမှာ နေထိုင်သူတွေဟာ မြန်မြန်ဆန်ဆန်နဲ့ ခရီးရောက်နိုင်တဲ့ လေယာဉ်ခရီးကို မလွှဲမရှောင်သာပဲ သုံးနေရပေမယ့် မြန်မာ့ လေကြောင်းရဲ့ အန္တရာယ်ကင်းရှင်းမှု ကိုတော့ စိတ်ချယုံကြည်ခြင်း မရှိကြပါဘူး။



Read More...

နေ့စဉ်သတင်းများ (၁၅- ၆- ၀၉)

အတိုက်အခံသမ္မလောင်း မူဆာဘီကိုယ်တိုင် ဆန္ဒပြပွဲမှာ ပါဝင် သတင်း
အီရန်အတိုက်အခံတွေ တားမြစ်မိန့်ကြားက ဆန္ဒပြ သတင်း
ဒေ၀ူးကုမ္ပဏီအပေါ် ကန့်ကွက်မှုအား ကိုရီးယားအစိုးရ ပယ်ချ သတင်း
ဘူးသီးတောင် ထောင်မှ ထောင်ပိုင်၊ ထောင်မှူးများ အလုပ်ဖြုတ်ခံရ သတင်း
ခွဲထွက်အဖွဲ့ ပြန်ပူးပေါင်းရန် SSA (တောင်ပိုင်း) က ပြော သတင်း
လက်ညှိုးထောင် ခေါင်းညိတ်များထက် ခေါင်းခါအပစ်ရပ်အဖွဲ့ ပိုများနိုင် သတင်း
အီးယူကြေညာချက် အခြေအမြစ်မရှိဟု စစ်အစိုးရက ပြောဆို သတင်း
သံဃာတော်များ ပြည်ပထွက်ခွင့် ခက်ခဲ သတင်း
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ကြိုးပမ်းမှုတွေ အရှိန်မြင့်လာ သတင်း
ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ရန် နိုင်ငံရေးအကျဉ်းသားဟောင်း (၁၀၀) ကျော် တောင်းဆို သတင်း
ဒေါ်အောင်ဆန်းစုကြည် ရုံးတင်တရားစွဲဆိုအမှု ရုံးချိန်း ထပ်မံရွှေ့ဆိုင်း (ဗွီဒီယိုသတင်း)
မြောက်ကိုရီးယားနှင့် မြန်မာ လျှို့ဝှက်ဆက်ဆံရေး ဖော်ထုတ်ရေးသားး သတင်း
ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး တရုတ်နိုင်ငံ (၆) ရက်ကြာခရီး စတင် သတင်း
သီရိလင်္ကာသမ္မတနှင့်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိ သတင်း
မြွေအစစ်နဲ့ သရုပ်ဆောင်တယ်ဆိုတဲ့ လူမင်း၊ ဂျောက်ဂျက် ယဉ်ကျေးတော့မည်ဟုဆို (ဓာတ်ပုံသတင်း)

ကုလ ဆုံးဖြတ်ချက် မြောက်ကိုရီးယား ဂရုမစိုက်

14 June 2009

မြောက်ကိုရီးယား နိုင်ငံအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရေးယူမှု အသစ်တွေ ပြုလုပ်တာကို တုံ့ပြန်တဲ့အနေနဲ့ သူကလည်း နျူကလီးယား လက်နက် ထုတ်လုပ်မှုကို အရှိန်မြှင့် လုပ်ဆောင်မယ်လို့ မြောက်ကိုရီးယား က ခြိမ်းခြောက်သွား ပါတယ်။

မြောက်ကိုရီးယားရဲ့ သင်္ဘောတွေကို တားဆီးဖို့ ဘယ်လိုပဲ ကြိုးစားလာရင်ဖြစ်ဖြစ် မြောက်ကိုရီးယား အစိုးရက စစ်ရေးအရ တုံ့ပြန်မယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပြီး အစိုးရ သတင်းဌာနက ကြေညာသွားပါတယ်။
အခု တိုးမြှင့်လုပ်ဆောင်တဲ့ အရေးယူပိတ်ဆို့မှုအရ မြောက်ကိုရီးယား က အ၀င်အထွက် သွားလာနေတဲ့ သင်္ဘောတွေမှာ နျူကလီးယား နဲ့ ဒုံးပျံအစီအစဉ်နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ ပါမပါ ဆိုတာကို ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက စစ်ဆေးပိုင်ခွင့် ရှိပါတယ်။

သောကြာနေ့မှာ သဘောတူညီခဲ့ကြတဲ့ ကုလသမဂ္ဂ ရဲ့ ဆုံးဖြတ်ချက်ထဲမှာတော့ မြောက်ကိုရီးယား လက်နက်တင်ပို့မှုကို တားမြစ်ပြီးတော့ ဘဏ္ဍာရေးကိုလည်း တင်းတင်းကျပ်ကျပ် ထိန်းချုပ်လိုက်တာ ဖြစ်ပါတယ်။ ဒီအရေးယူမှုဟာ မြောက် ကိုရီးယား နိုင်ငံအပေါ် သင့်လျော်တဲ့ အရေးယူမှု လုပ်ဆောင်ဖို့ လိုအပ်တဲ့အရာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် က စနေနေ့က ပြောကြားလိုက်ပါတယ်။

Ref: VOA News

ဗိုလ်ချုပ်ကြီးတွေက ကလေးတွေကိုတောင် ကြောက်သတဲ့လား။

16၊ 06၊ 09



ဧပြီလ ၁၈ရက်နေ့က မော်လမြိုင်မြို့မှာ မူလတန်းနဲ့ အလယ်တန်း စာမေးပွဲ အောင်စာရင်းတွေ ထွက်ပါတယ်။ အောင်ချက်ကတော့ ကျောက်သင်ပုန်းကြီးမှာ ရေးထာတဲ့ အတိုင်းပါပဲဗျား “သူငယ်တန်းမှ သတ္တမတန်းအထိ ဖြေဆိုသူတိုင်း အားလုံးအောင်သည်” တဲ့။

ဥမင်လှိုဏ်ခေါင်း၊ လက်နက်နှင့် ကင်မ်ချီ - မြောက်ကိုရီးယား၏ ဒေါ်လာရှာ လုပ်ငန်းများ (အပိုင်း ၁)

ဘာတီလင်တနာ (Bertil Lintner)
စနေနေ့၊ ဇွန်လ 13 2009

ရက်စက်၍ လျှို့ဝှက်သိပ်သည်းသော မြန်မာစစ်အစိုးရ အတွက် မြောက် ကိုရီးယားက လှိုဏ်ခေါင်းများ တူးဖော် ပေးနေခြင်း
ဘန်ကောက် (ယေးလ်ဂလိုဘယ် ) ။ ။ ဒုံးကျည်နှင့် နျူးကလီးယား နည်းပညာ၊ ငွေတု ပြုလုပ်ခြင်းနှင့် စီးကရက် မှောင်ခိုလုပ်ငန်း၊ နိုင်ငံရပ်ခြား တိုင်းပြည်များတွင် ဟန်ပြ ကုမ္ပဏီများ ပျော်ပွဲစား ရုံများ ဖွင့်လှစ် လုပ်ကိုင်ခြင်း၊ အရှေ့အလယ်ပိုင်း ဒေသသို့ အလုပ်သမားများ တင်ပို့ခြင်း၊ ဤလုပ်ငန်းတို့မှာ ပြုံယမ်းရှိ စစ်အစိုးရ အတွက် အရေးတကြီး လိုအပ်နေသော နိုင်ငံခြား ငွေကြေးများ ရှာဖွေရာတွင် မြောက်ကိုရီးယားတို့ အလွန် ကျွမ်းကျင်၍ တီထွင် ဖန်တီးမှုရှိစွာ လုပ်ကိုင်နိုင်သော အလုပ်များ ဖြစ်သည်။ သို့သော် ဤလှိုဏ်ခေါင်းဖောက် လုပ်ငန်း ကျွမ်းကျင်မှုကို နိုင်ငံခြားအလုပ် အပ်နှံသူများ အတွက် လုပ်ကိုင်ပေးသည် ဆိုသည်မှာ လူသိနည်းသော စီးပွါးရေး လုပ်ငန်းတခု ဖြစ်သည်။ စိတ်ဝင်စားဖွယ် ဤစီးပွါးရေး လုပ်ငန်းအကြောင်း တစေ့တစောင်း သိရှိနိုင်သည့် မြန်မာနိုင်ငံမှ လျှို့ဝှက်ရိုက်ကူး ပေးပို့လိုက်သော ဓါတ်ပုံများကို ဤသတင်းထောက်က ရရှိထားပါသည်။

၂၀၀၃ ခုနှစ်မှ ၂၀၀၆ ခှုနှစ်အတွင်း ရိုက်ကူးထားသည့် ဤဓါတ်ပုံများတွင် တကမ္ဘာလုံးက မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲကို အမျှော်ကြီး မျှော်နေချိန်တွင် စစ်အစိုးရက လှိုဏ်ခေါင်းများ တမျှော်တခေါ် တူးဖော်ခြင်းဖြင့် အလုပ် ရှုပ်နေသည်ကို တွေ့ရနိုင်သည်။ ပြင်ပကမ္ဘာက ဖြစ်စေ၊ သူ့ပြည်သူများက ဖြစ်စေ ပေးလာမည့် မည်သည့် ခြိမ်းခြောက်မှု မျိုးကို မဆို ကြံ့ကြံ့ခံနိုင်မည့် ဤမြေ အောက် အဆောက် အအုံများကို မြောက်ကိုရီးယား ပညာရှင်များက ကူညီ ဆောက်လုပ် ပေးနေသည်။ ဤလှိုဏ်ခေါင်းများသည် မြောက်ကိုရီးယား နိုင်ငံက တက်တက်ကြွကြွ လုပ်ကိုင်ပေးနေ သည်ဟု ဆိုသည့် နျူးကလီးယား နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းနှင့် ပတ်သက်မှု ရှိသည် မရှိသည်ကိုမူ မသိရပါ။ (မြန်မာ့ နျူးကလီးယား မက်မောမှုတွင် ရှု)

Read More...

ဥမင်လှိုဏ်ခေါင်း၊ လက်နက်နှင့် ကင်မ်ချီ - မြောက်ကိုရီးယား၏ ဒေါ်လာရှာ လုပ်ငန်းများ (အပိုင်း ၂)

ဘာတီလင်တနာ (Bertil Lintner)
စနေနေ့၊ ဇွန်လ 13 2009

ဘန်ကောက်။ ။ ကမ္ဘာ့ စီးပွါးပျက်ကပ်ကြောင့် မမျှော်လင့်သော သားကောင် တကောင် ပေါ်လာသည်။ ယင်းမှာ မြောက်ကိုရီးယား နိုင်ငံက အရှေ့တောင်အာရှ တလွှား ဖွင့်ထားသော စားသောက်ဆိုင်များပင် ဖြစ်သည်။ လွန်ခဲ့သော လအနည်းငယ် အတွင်းက အဆိုပါ ဆိုင်များမှာ `လတ်တလော စီးပွါးရေး အခြေအနေကြောင့်´ ပိတ်လိုက်ရသည် ဟု ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်ရှိ အာရှ သံတမန်တဦးက ပြောသည်။ ဤအချက်က ဒေသတွင်း စားသောက်ဆိုင်များ၊ အခြားရှေ့တန်း ဟန်ပြ လျှို့ဝှက် ကုမ္ပဏီများ ဖွင့်လှစ် လုပ်ကိုင်နေသည့် မြောက်ကိုရီးယား အလုပ်သမား ပါတီ၏ နိုင်ငံတကာ ငွေကြေးရှာဖွေရေး ဌာနခွဲဖြစ်သော အမှတ် ၃၉ ဗျူရိုသည် ငွေကြေးများ ပြတ်လပ်နေပြီ ဟူသည့် အဓိပ္ပါယ် ဆောင်ပါသည်။ အကယ်၍ ဤစီးပွါးရေး လုပ်ငန်းများသည် ငွေကြေး ခဝါချရန် သက်သက်သာ တည်ထောင်ထားသည် ဆိုလျှင်ပင် ဤလုပ်ငန်းများ၏ လည်ပတ်စရိတ် နှင့် ငွေကြေးစီးဆင်းမှုမှာ သူတို့ ရပ်တည် ရှင်သန်နိုင်ရေး အတွက် အရေးကြီးမြဲ ကြီးပါသည်။ သူတို့ စားသောက်ဆိုင်များ၏ အဓိက ဖောက်သည်များမှာ အထီးကျန် မြောက်ကိုရီးယား နိုင်ငံ၏ ရှားရှားပါးပါး နှစ်သိမ့်စရာ အစားအသောက်များကို လာရောက်ရှာဖွေ စားသောက်ကြသည့် တောင်ကိုရီးယား ကမ္ဘာလှည့် ခရီးသည်များ ဖြစ်သည်။ စားပွဲထိုး မိန်းကလေးများမှာ သေချာဂရုတစိုက် ရွေးချယ်ထားသည့် ငယ်ရွယ် နုပျို၍ ရိုးရာကိုရီးယား အဝတ်အစားများ ဝတ်ဆင်ထားကြသည့် မိန်းမပျို ကလေးများ ဖြစ်သည်။ သူတို့သည် လာရောက်သော ဧည့်သည်များကို သီချင်းများ အကများဖြင့်လည်း ဖျော်ဖြေကြသည်။

Read More...

အပေါ်သို့