Tuesday, June 16, 2009

“အရူးကို မီးဝိုင်းနေပါပြီ”

အဝေးရောက် သံတမန်တဦး

မြန်မာလူမျိုးများအနေဖြင့် အရူးကိုမီးဝိုင်းနေပါပြီ ဆိုသောစကားကို အများတကာ သဘောပေါက် နေကြပြီး ဖြစ်ပါသည်။ မီးများပတ်ပတ်လည် ဝိုင်းရံခံနေရသော အရူးသည် ပြေးပေါက်လည်း မရှိ။ ထွက်ပေါက်လည်း မရှိတော့ပါ။ ကယ်သူမရှိ။ ကူသူ မရှိလျှင်တော့ သေပွဲဝင်ရန်သာ ရှိပါတော့သည်။ အရူး ဆိုသည်ကိုလည်း အကျယ်တဝင့် ရှင်းပြရန်ပင် မလိုပါ။ ၁၉၆၂ခုနှစ်ကပင် အမိမြန်မာ နိုင်ငံတော်တွင် ပြည်သူ အပေါင်း၏ ချွေးနည်းစာ အခွန်အတုတ်များဖြင့် တိုင်းပြည်နှင့် လူမျိုးကို ကာကွယ်ရန် အတွက် တည်ထောင်ဖွဲ့စည်း ထားသော စစ်တပ်ကြီးမှ အာဏာရူးကြီးများ ပေါ်ပေါက် လာခဲ့သည်ကို အားလုံး အသိပင်ဖြစ်ပါသည်။

အာဏာရူးကြီးများတွင် ဗိုလ်နေဝင်းက ပထမဖြစ်ပြီး ဗိုလ်နေဝင်းနှင့် အတူ ရူးဖော်ရူးဘက် ဗိုလ်စန်းယု ဗိုလ်စိန်လွင် ဗိုလ်စောမောင် ဗိုလ်ခင်ညွန့်နှင့် ယခုလက်ရှိ ဗိုလ်သန်းရွှေတို့ပင် ဖြစ်ပါသည်။ အာဏာရူး စစ်ဗိုလ်များထဲတွင် သွက်ချာပါဒ အရူးဆုံးကတော့ ယခုလက်ရှိ ဗိုလ်သန်းရွှေပင် ဖြစ်ပါသည်။ တရားတော်အရ ဆိုရပါလျှင် လောဘ ဒေါသ မောဟနှင့် မာန်မာနများသည် လူ့စိတ် လူ့ခန္ဓွာကို လောင်မြိုက် စေတတ်သော အကုသိုလ် မီးပွါးများပင် ဖြစ်ပါသည်။

အဆုံးသို့

0 comments:

အပေါ်သို့