Saturday, September 24, 2011

ရွှေပြည်သစ် ရဲဘက်စခန်းကို KIO စီးနင်းဖြစ်ခဲ့ပုံက

ဖနိဒါ
စက်တင်ဘာလ ၂၄ ရက် ၂၀၁၁ ခုနှစ်

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၏ တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၉ တပ်ဖွဲ့အင်းအား ၂ဝ ဦးခန့်က မြန်မာနိုင်ငံ ရှမ်းပြည်နယ် မူဆယ်မြို့နယ်အတွင်းရှိ ရွှေပြည်သစ် ရဲဘက် အကျဉ်းစခန်းကို စီးနင်းကာ အကျဉ်းသား ၅၅ ဦးကို လွှတ်ပေးခဲ့သည်ဟု KIO ၏ ပြောရေး ဆိုခွင့်ရသူ ဦးလနန်က ပြောသည်။

“အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့” ဖြစ်သော စက်တင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ နယ် အတွင်းရှိ ထိုအကျဉ်းစခန်း အနီး KIO တပ်ဖွဲ့များ သွားလာ လှုပ်ရှားနေသဖြင့် အကျဉ်းစခန်း လုံခြုံရေးများ ပစ်ခတ်ရာက စီးနင်းမှုအထိ ဖြစ်ပွားခဲ့ရခြင်းဟု ဆိုသည်။

Read More...

Friday, September 23, 2011

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းနှင့် စပ်လျဉ်း၍ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ၀န်ကြီး ဌာန၏ အခန်းကဏ္ဍ

ဒေါက်တာထွန်းဝင်း
Saturday, 17 September 2011

ဤဆောင်းပါးကို ရေးသားရသော အကြောင်းရင်းကတော့ Weekly Eleven ဂျာနယ် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့ထုတ်၌ မြစ်ဆုံစီမံကိန်းနှင့် စပ်လျဉ်း၍ သဘောထား ကွဲလွဲမှုများကို ဖတ်ရှုရပါသည်။ အမှတ် (၁) လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးက ဧရာဝတီ မြစ်ဆုံစီမံကိန်းကို ဆက်လုပ်မည် ဖြစ်ကြောင်း ရှင်းပြခဲ့သည်ဟု ဆိုပါသည်။ ရှင်းပြခဲ့သော နေရာကတော့ ပြည်ထောင်စု ၀န်ကြီးများနှင့် မီဒီယာများ တွေ့ဆုံပွဲ တစ်ခုဖြစ်သော စက်တင်ဘာ ၁၁ ရက်နေ့ တွေ့ဆုံပွဲ၌ ပြောကြားခဲ့ခြင်း ဖြစ်ပါ၏။ ဤကိစ္စနှင့် စပ်လျဉ်း၍ နာမည်ကျော် စာရေးဆရာကြီးများ၊ အငြိမ်းစား ပါမောက္ခ၊ အယ်ဒီတာချုပ်များက ဤစီမံကိန်းကြောင့် ဧရာဝတီမြစ်ကြီး တိမ်ကောသွားမှာကို စိုးရွံ့ကြပါသည်။ တိုင်တိုက်ဆိုင်ဆိုင် SAVE THE IRRAWADDY ဟူသော ဟောပြောပွဲကို ရန်ကုန်မြို့၌ ကျင်းပခဲ့ပြီး စာရေးဆရာများနှင့် မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင်တို့က ဧရာဝတီမြစ် ထိခိုက်မှာကို စိုးရိမ်ကြကြောင်း သိရပါ၏။

Read More...

မလေးရှားနဲ့ ဒုက္ခသည် ဖလှယ်ရေး အစီအစဉ် သြစတြေးလျ မဲခွဲဆုံးဖြတ်မည်

22 စက်တင်ဘာ 2011

သြစတြေးလျနိုင်ငံမှာ အငြင်းပွားစရာ ဖြစ်နေတဲ့ လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ ဥပဒေတရပ်နဲ့ ပတ်သက်ပြီး လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ဖို့ ရှိနေပါတယ်။ ဒီအစီအစဉ်ကို လွှတ်တော်က နောက်လအထိ ရွှေ့ဆိုင်းလိုက်ပါတယ်။

ဒီအစီအစဉ်ကို ခွင့်ပြုလိုက်မယ်ဆိုရင် မလေးရှားနိုင်ငံနဲ့ ဒုက္ခသည် အလဲအလှယ်လုပ်ခွင့် ရသွားမှာပါ။ ဒီကိစ္စကို ဥပဒေအဖြစ် ပြဋ္ဌာန်းရေး အချေအတင် ဆွေးနွေးမှုတွေကို မနေ့ကစပြီး သြစတြေးလျ လွှတ်တော်မှာ လုပ်နေကြပါပြီ။ အောက်တိုဘာလ ၁၁ ရက်နေ့ မတိုင်ခင်အထိ ဆွေးနွေးမှုတွေ လုပ်သွားမှာပါ။

Read More...

အီရန်သမ္မတ ကုလမိန့်ခွန်း အနောက်နိုင်ငံတွေအပေါ် ပြင်းထန်စွာဝေဖန်

22 စက်တင်ဘာ 2011

နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးမှာ ကြာသပတေးနေ့က မိန့်ခွန်း ပြောကြားခဲ့တဲ့ အီရန် သမ္မတ မာမွတ်ဒ် အမာဒနီဂျက်ဒ် (Mahmoud Ahmadinejad) က အမေရိကန် ပြည်ထောင်စု၊ အစ္စရေးနဲ့ အနောက်နိုင်ငံတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

ဒီနိုင်ငံတွေဟာ စစ်ပွဲတွေနဲ့ ရန်စနေသလို ကမ္ဘာတ၀န်း စိတ်ဝမ်းကွဲပြားရေး ဖြစ်အောင် လုပ်ဆောင်ပြီး အကြွင်းမဲ့ အာဏာရှင် စနစ်ကို ကျင့်သုံးနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။

ဒါ့အပြင် အနောက်နိုင်ငံတွေရဲ့ အထက်စီးဆန်တဲ့ အာဏာတွေကြောင့် ကမ္ဘာတလွှား စီးပွားရေးကပ် ဆိုက်ခဲ့ရသလို လူမှုရေး မညီမျှမှုတွေပါ ပေါ်ပေါက်လာခဲ့တယ်လို့လည်း အပြစ်တင်ခဲ့ပါတယ်။

Read More...

နိုင်ငံပိုင်အဖြစ် သိမ်းထားပြီး လယ်တွေ ပြန်ပေးဖို့ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ငြင်းဆို

22 စက်တင်ဘာ 2011
မအေးအေးမာ

ရန်ကုန်တိုင်း ဒဂုံမြို့သစ် မြို့နယ်ထဲက မြို့နယ် ၄ ခုနဲ့ ရွာသာကြီးရွာ၊ သုံးခွကျေးရွာ၊ လေးဒေါင့်ကန်ရွာ စတဲ့ရွာတွေက လယ်သိမ်း ခံရတဲ့ ရွာသား ၅၀၀ ကျော်ကို စက်တင်ဘာလ ၂၁ ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ခေါ်ယူတွေ့ဆုံ ပြီး လယ်တွေကို နိုင်ငံပိုင်အဖြစ် သိမ်းထားပြီး ဖြစ်တာကြောင့် ပြန်မပေးနိုင်ကြောင်း ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို မအေးအေးမာက တင်ပြပေးထားပါတယ်။

၂၀၀၈ ခုနှစ်၊ ၂၀၀၉ ခုနှစ်အတွင်းမှာ ကုမ္ပဏီ ၁၁ ခုက လယ်ဧက ထောင်နဲ့ချီပြီး သိမ်းယူလိုက်တာကြောင့် အလုပ်လက်မဲ့ ဖြစ်နေရတဲ့ လယ်သမားတွေက သူတို့လယ်ယာမြေတွေကို ပြန်ရရှိရေးအတွက် လက်ရှိ ကျင်းပပြုလုပ်နေတဲ့ လွှတ်တော်ကို စာရေးသား တင်ပြခဲ့တာပါ။ ရန်ကုန်တိုင်းဒေသကြီးရဲ့ ၀န်ကြီးချုပ်ဖြစ်တဲ့ ဦးမြင့်ဆွေက မနေ့ကပဲ ပင်လယ်ကိုးသွယ် ကုမ္ပဏီမှာ လယ်သမား ၅၀၀ ကျော်ကို ခေါ်ယူတွေ့ဆုံခဲ့ပြီး ဒီလယ်တွေကို နိုင်ငံပိုင်အဖြစ် သိမ်းထားတာ ဖြစ်တဲ့အတွက် ပြန်မပေးနိုင် ကြောင်း ပြောခဲ့တယ်လို့ အစည်းအဝေး တက်ခဲ့တဲ့ လယ်သမားတဦးက ဆိုပါတယ်။

Read More...

စစ်မှန်သည့် အပြောင်းအလဲများ ရှိလာမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ရန်ပိုင်
22 September 2011

မြန်မာနိုင်ငံ၌ မကြာမီ ကာလအတွင်း စစ်မှန်သည့် အပြောင်းအလဲများဖြစ်မည့် လက္ခဏာများ တွေ့မြင်နေရသည်ဟု ဒေါ်အောင် ဆန်းစုကြည်က ပြောဆိုလိုက်သည်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပနေသည့် Clinton Global Initiative (CGI) ၏ ၇ ကြိမ်မြောက် ညီလာခံသို့ ဗီဒီယို ကွန်ဖရင့်မှတဆင့် ယမန်နေ့က တိုက်ရိုက် ပြောဆိုခြင်းဖြစ်သည်။

Read More...

မြန်မာပြည်ပြောင်းလဲနေပြီဟု အမေရိကန်ဝန်ကြီးပြော

22 September 2011

မြန်မာပြည်တွင် အပြောင်းအလဲများ သိသိသာသာ မြင်လာရပြီဖြစ်ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ၀ါရှင်တန်တွင် မကြာမီတွေ့ဆုံရန် စီစဉ်ထားသည့် အမေရိကန် အဆင့်မြင့် အရာရှိကြီးတဦးက ယနေ့ ပြောကြားလိုက်သည်။

“မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေကို ထင်ထင်ရှားရှား မြင်နေရပြီလို့ ကျနော်ထင်ပါတယ်။ အခြေအနေကတော့ သဲကွဲမှု မရှိ သေး ဘူးပေါ့လေ။ ဒါပေမယ့် မြန်မာနိုင်ငံကို ရောက်ခဲ့တဲ့သူတွေကတော့ ပြောင်းလဲမှုတွေ ရှိနေပြီ ဆိုတာကို သတိထား မိကြ ပါတယ်” ဟု အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး ကာ့တ်ကမ်းဘဲလ်က ပြောလိုက်သည်။

Read More...

ရွှေတြိဂံမှသင်္ဘောတစီး ပစ်ခတ်ခံရ

သန်းထိုက်ဦး
22 September 2011

လက်နက်ကိုင်တစုက ရွှေတြိဂံ ဒေသ မဲခေါင်မြစ်အတွင်း ခုတ်မောင်းနေသည့် ကုန်တင်သင်္ဘော တစီးကို ယမန်နေ့ညက တိုက်ခိုက် သဖြင့် သင်္ဘောပေါ်ရှိ မြန်မာပြည်သား ၄ ဦး ဒဏ်ရာ ရရှိသွားသည်။

ဒဏ်ရာရရှိသူများသည် အသက် ၃၀ ခန့် အရွယ်ရှိပြီး ရှမ်းတိုင်းရင်းသားများ ဖြစ်ပြီး ယခုအခါ ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် ဆေးရုံ တခုတွင် ရောက်ရှိနေသည်။

“၃ ယောက်ကတော့ ချင်းစန် ဆေးရုံမှာ ကုသနေပါတယ်၊ ကျန်တဲ့ တယောက်ကတော့ သူရဲ့ တင်ပါးက ကျည်ဆံကို ခွဲစိတ်ဖို့ အတွက် ချင်းရိုင်မြို့နယ်က ဆေးရုံမှာ ပို့ထားပါတယ်” ဟု ချင်းစန်မြို့နယ် ရဲစခန်းမှ တာဝန်ကျရဲသားတဦးက ဧရာဝတီသို့ ပြော သည်။

Read More...

နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာ ရှိကြောင်း အစိုးရပြော

လင်းသန့်
22 September 2011

မြန်မာအစိုးရက နိုင်ငံရေး အကျဉ်းသားမရှိဟု အစဉ်တစိုက် ပြောဆိုနေခဲ့သော်လည်း နိုင်ငံခြားသံတမန်များနှင့် တွေ့ဆုံစဉ်တွင် နိုင်ငံရေးအကျဉ်းသား အနည်းငယ်ရှိသည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

အများ လက်ခံထားသည့် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ခန့်ရှိသည် ဆိုခြင်းကိုမူ အစိုးရက မဟုတ်မှန်ကြောင်း ငြင်းဆိုသည်။

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က အစိုးရသည် နိုင်ငံရေး အကျဉ်းသား အများစုကို ရာဇ၀တ်ပုဒ်မများတပ်၍ ဖမ်းဆီး ထားခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးအကျဉ်းသား အရေအတွက် နည်းနေရန် ရည်ရွယ်ချက်ရှိရှိ ထိုသို့ ဖမ်းဆီးခြင်းဖြစ်ကြောင်း ပြောသည်။

“ကျနော်တို့မှာ အခုရှိတဲ့စာရင်းက ၁၉၉၈ ဦးရှိတယ်။ ဒီစာရင်းက လက်လှမ်းမီသလောက် ကြိုးစား ပြုစုထားတဲ့ စာရင်းပါ။ လက်လှမ်း မမီတဲ့သူတွေလည်း ရှိနေမှာပါ။ နောက်ထပ် အသေးစိပ် ကျနော်တို့ ထပ်ထုတ်ပြန်ဖို့ ရှိတယ်” ဟု ၎င်းကဆိုသည်။

Read More...

ဧရာဝတီမြစ်ကို အခြေခံ၍ ပြည်ထောင်စု ညီညွတ်ရေးဆောင်ရွက်ရန် ဒေါ်အောင်ဆန်းစုကြည်ပြော

ရန်ပိုင်
22 September 2011

“ဧရာဝတီကို ကယ်တင်ပါ” အမည်ရှိ အနုပညာရှင်များ၏ ပြပွဲ ဖွင့်ပွဲသို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ကြည့်ရှုခဲ့စဉ် ဧရာဝတီမြစ်ကို အခြေခံ၍ ပြည်ထောင်စု ညီညွတ်ရေးဆောင်ရွက်နိုင်ရန် ဆုတောင်းပေးခဲ့ကြောင်း သိရ သည်။

ရန်ကုန်တိုင်း ဒဂုံမြို့နယ် ယောမင်းကြီးလမ်း ရှိ Gallery 65 တွင် ယနေ့နံနက်က ဖွင့်လှစ်ခဲ့သည့် အဆိုပါပြပွဲ၌ ဒေါ်အောင်ဆန်း စုကြည်က “ဧရာဝတီ မြစ်ကြီး တည်တံ့ရေးကို အားလုံးက စုစုစည်းစည်း လုပ်မယ်ဆိုရင် ညီညွတ်ရေး အတွက်လည်း ဖြစ်တယ်။ အားလုံး ယုံကြည်တဲ့ ကိစ္စတခုကို အခြေခံပြီး ညီညွတ်မှုယူနိုင်ရင် တဖြည်းဖြည်းနဲ့ ညီညွတ်ရေး ပိုဖြစ်လာနိုင်တယ်” ဟု ဒေါ်အောင် ဆန်းစုကြည်က ပြောဆိုကြောင်း အဆိုပါ ပြပွဲသို့ သွားရောက်ခဲ့သည့် စာနယ်ဇင်း သမားတဦးက ဆိုသည်။

Read More...

မြန်မာအစိုးရကိုထောက်ခံရန် ICG တိုက်တွန်း

ခင်ဦးသာ
22 September 2011

အပြောင်းအလဲများ စတင် လုပ်ဆောင်ပြနေသော မြန်မာအစိုးရအား ကူညီထောက်ပံ့ပေးကြရန် နိုင်ငံတကာ ပဋိပက္ခ လေ့လာ ရေး အဖွဲ့ (ICG) က ကမ္ဘာ့နိုင်ငံများကို ယနေ့ တိုက်တွန်း လိုက်သည်။

သမ္မတဦးသိန်းစိန်သည် အပြောင်းအလဲတချို့ကို လက်တွေ့ လုပ်ဆောင်နေပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွက် မကြုံစဖူး အပြောင်း အလဲဖြစ်နေသောကြောင့် ကူညီသင့်ကြောင်း ICG ၏ စာမျက်နှာ ၂၁ မျက်နှာပါ ထုတ်ပြန်ချက်၌ ရေးသားထားသည်။

ဦးသိန်းစိန်သည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ စစ်အုပ်ချုပ်ရေးပုံစံမှ ခွဲထွက်၍ အရပ်သားအစိုးရအုပ်ချုပ်မှု ပုံစံသစ်ကို ကျင့်သုံးကာ အပြောင်းအလဲ အမှန်တကယ် ပြုလုပ်လိုသူ တဦးဖြစ်ပြီး ထောက်ခံအားပေးမှု မရှိလျှင် လုပ်ဆောင်ချက်များ တုံ့နှေးသွားလိမ့် မည်ဟု အစီရင်ခံစာက ဆိုသည်။

Read More...

Thursday, September 22, 2011

“မရ,ရတဲ့ နည်းနဲ့ ကန့်ကွက်သွားမှာပါ”

ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၂၁ ရက် ၂၀၁၁

KDNG ၏ တာဝန်ခံ ကိုအောင်ဝါနှင့် ဆက်သွယ်မေးမြန်းချက်

ချင်းမိုင်(မဇ္စျိမ) ။ ။ ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယွက်အဖွဲ့ KDNG ၏ တာဝန်ခံ ကိုအောင်ဝါက မြစ်ဆုံဆည်နှင့် ပတ်သက်၍ မြန်မာ နိုင်ငံသားအားလုံး ပူးပေါင်းကာ ကန့်ကွက်သွားရန် တိုက်တွန်းလိုက်ပြီး KDNG အနေဖြင့်လည်း မဖြစ်ဖြစ်သည့် နည်းဖြင့် ကန့်ကွက် သွားရန်ရှိကြောင်း မဇ္ဈိမကိုပြောသည်။

ကိုအောင်ဝါက မြန်မာနိုင်ငံရှိ လူတန်းစားမျိုးစုံ အတတ်ပညာရှင်များ၊ အနုပညာရှင်များ၊ စာပေ ပညာရှင်များ အသီးသီးက ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်းကြီးကို ကျယ်ကျယ်ပြန့်ပြန့် ကန့်ကွက် လာသည့် အပေါ်များစွာ အားရ ကျေနပ် မိကြောင်းလည်း ပြောခဲ့သေးသည်။

Read More...

အပြောင်းအလဲဖြစ်ဖို့အတွက် အပြင်အဆင်တွေ ရှိပြီလား


ဦးဝင်းတင်နဲ့ မေးခွန်းများ


စက်တင်ဘာ ၂၁၊ ၂၀၁၁

လွန်ခဲ့တဲ့ စက်တင်ဘာ ၁၅ မှာ ကမ္ဘာဒီမိုကရေစီနေ့မှာ ဒေါ်အောင်ဆန်းစုကြည်က အပြောင်းအလဲတွေ ဖြစ်နိုင်တဲ့ အခြေအနေတွေ ရှိတယ်လို့ ပြောလိုက်တယ်။ နိုင်ငံတကာက ကိုယ်စားလှယ်တွေ ပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ဆုံမှုတွေလည်း လက်ခံ ပြုလုပ်နေဆဲဖြစ်တယ်။ ထူးခြားတဲ့ တွေ့ဆုံမှု ဖြစ်စဉ်ဖြစ်တဲ့ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်နဲ့ သြဂုတ်လ ၁၉ ရက်နေ့မှာ သွားရောက် တွေ့ဆုံခဲ့တာလည်း ၁ လ ကျော်ခဲ့ပြီ ဖြစ်တယ်။ အဲသည်အတော အတွင်းမှာ လူထု ပရိသတ်အတွင်းမှာ မြန်မာပြည် နိုင်ငံရေးနဲ့ အထွေထွေ အပြောင်းအလဲတွေနဲ့ ပတ်သက်ပြီး ဂယက်တွေ၊ လှုပ်ရှားမှုတွေ မျိုးစုံလည်း မြင်ရ ကြားနေရပြီ ဖြစ်တယ်။ အတွေးအမြင် အမျိုးမျိုး ဝေဖန်မှု အမျိုးမျိုး တုန့်ပြန်မှု အမျိုးမျိုးတွေ ဖြစ်ပေါ်နေချိန်မှာ ဆရာ ဦးဝင်းတင်ကို မေးဖြစ်တဲ့ မေးခွန်းက အပြောင်းအလဲတွေ ဖြစ်ဖို့အတွက် အခြေအနေတွေ ရှိနေပြီလား၊ အပြင်အဆင်တွေ မြင်နေရပြီလား ဆိုတာဖြစ်ပါတယ်။

- ဒေါ်စုမိန့်ခွန်းမှာက အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်လို့ ပြောတာလား၊ ဘာပြောလိုက်တာလဲ ဆရာ။ လွန်ခဲ့တဲ့ တလကျော်က တွေ့ဆုံ ဆွေးနွေးပွဲက နေပြီး အပြောင်းအလဲတွေ စတင် ပေါ်ထွန်းလာနေပြီလို့ ကောက်ချက် ဆွဲလိုက် ရတော့မှာလား။ ဒီကြားထဲမှာလည်း ထပ်ပြီး တွေ့တယ် ဆွေးနွေးတယ်လဲ မကြားရဘူးလေ။

Read More...

ဒီမိုကရေစီမိတ်ဆွေပါတီများမှ ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းနှင့် ပတ်သက်၍ သဘောထားကြေညာချက် ထုတ်ပြန်

Political Parties Statement for Irrawaddy River

လူတိုင်းနှင့်ဆိုင်သက်ဆိုင်ပါသည်

ကလေးစစ်သားမရှိဟု ကာကွယ်ရေးဝန်ကြီး ပြော

လင်းသန့်
21 September 2011
တပ်မတော်တွင် ကလေးစစ်သားများ ရှိနေသည်ဟူသော ရေးသားပြောဆိုချက်များမှာ လုပ်ကြံစွပ်စွဲမှုများသာ ဖြစ်သည်ဟု ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းက ပြောဆိုကြောင်း ယနေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။

“တပ်မတော်သည် မည်သည့်အခါကမျှ အရွယ်မရောက်သူများကို စစ်သားအဖြစ် အသုံးမပြုခဲ့ကြောင်း၊ မှားယွင်း စုဆောင်းမှု များ ရှိပါကလည်း သက်ဆိုင်သူများကို အရေးယူ သကဲ့သို့ တပ်သားသစ်များကိုလည်း အုပ်ထိန်းသူများထံသို့ စနစ်တကျလွှဲပြောင်း ပေးလျက်ရှိကြောင်း” ဟူသော ဒု ဗိုလ်ချုပ်ကြီး လှမင်း၏ ပြောဆိုချက်ကို သတင်းစာတွင် တွေ့ရသည်။

ဒု ဗိုလ်ချုပ်ကြီးလှမင်းက ရခိုင်ပြည်နယ်ရှိ တပ်များနှင့် စက်တင်ဘာ ၁၅ မှ ၁၉ ရက်နေ့အထိ တွေ့ဆုံစဉ် ထိုသို့ ပြောခဲ့ခြင်းဖြစ် သည် ဟု ဆိုသည်။

Read More...

တိုင်းဝန်ကြီးချုပ် ထိန်းချုပ်၍ တနင်္သာရီတွင် ဆန်ဈေး တက်

ရန်ပိုင်
21 September 2011

တနင်္သာရီတိုင်းသို့ ဆန်တင်ပို့မှုကို တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးခင်ဇော်က မန္တလေးမြို့အခြေစိုက် ဦးလှမျိုး၏ အောင်မြင်သူ ကုမ္ပဏီ အား တဦးတည်း တင်သွင်းခွင့် ပေးလိုက်ပြီးနောက် ဒေသတွင်း ဆန်ဈေးများ အဆမတန် မြင့်တက်နေသည်ဟု သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လမှစ၍ တနင်္သာရီတိုင်း ၀န်ကြီးချုပ် ဦးခင်ဇော်က ဆန်တင်ပို့ခွင်ကို ဒေသခံကုန်သည်များ တင်သွင်းသည့်စနစ်မှ ဆန်ဈေးတည်ငြိမ်ရေး အကြောင်းပြချက်ဖြင့် အောင်မြင်သူကုမ္ပဏီကိုသာ တင်သွင်းခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

ကော့သောင်းမြို့တွင် ယခင်က ဆန်ဈေးနှုန်းမှာ တည်ငြိမ်ပြီး တတင်းခွဲ တအိတ်လျှင် ကျပ် ၃ သောင်းခန့်သာ ရှိသော်လည်း အောင်မြင်သူ ကုမ္ပဏီမှ ဖြန်ဖြူးခွင့်ရရှိပြီးနောက် ပေါ်ဆန်းမွှေ တတင်းခွဲ တအိတ်လျှင် ၃၅၀၀၀ ကျပ်ဈေးမှ ၄၁၇၀၀ ကျပ်ဈေးသို့ လည်းကောင်း၊ ပေါ်ကျွဲတအိတ်လျှင် ၃၀၀၀၀ ကျပ်ဈေးမှ ၃၅၁၅၀ ကျပ်အထိမြင့်တက်သွားကြောင်း သိရသည်။

Read More...

အရေးကြီးသည့် လယ်ယာမြေဥပဒေများ အတည်ပြုနိုင်ခြင်း မရှိ

ခင်ဦးသာ
21 September 2011

၂၀၁၁ ခုနှစ် လယ်ယာမြေ ဥပဒေကြမ်းကို လွှတ်တော်၌ အတည်ပြုခဲ့သော်လည်း စိတ်ကြိုက် သီးနှံစိုက်ပျိုးခွင့် အပါအဝင် အရေးကြီး သည့် အချက်များအား အတည်ပြုနိုင်ခြင်း မရှိကြောင်း သိရသည်။

လယ်သမားများသည် မိမိတို့လယ်မြေအား လွတ်လပ်စွာ ပေါင်နှံခွင့်၊ ရောင်းချခွင့်၊ အငှားချထားခွင့် ပြုနိုင်ရေးအတွက် “၂၀၁၁ ခုနှစ် လယ်ယာမြေ ဥပဒေကြမ်း” အား ယမန်နေ့က ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့သည်။

၎င်း အဆိုကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ ဟင်္သာတ မဲဆန္ဒနယ်မှ ဦးဌေးဦးက တင်သွင်းခဲ့ပြီး ၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေးအက်ဥပဒေအား ရုပ်သိမ်းကာ ၂၀၁၁ ခုနှစ်ဥပဒေကြမ်းနှင့် အစားထိုးရန် အတည်ပြုခဲ့သည်။

Read More...

အာဆီယံနိုင်ငံတချို့တွင် မြန်မာ အစိုးရဘဏ်ခွဲများ ဖွင့်မည်

21 September 2011

အစိုးရပိုင်ဘဏ်များ ဖြစ်ကြသော မြန်မာ့ နိုင်ငံခြား ကုန်သွယ်မှုဘဏ် (Myanma Foreign Trade Bank)၊ မြန်မာ့ စီးပွားရေးဘဏ် (Myanma Economic Bank) နှင့် မြန်မာ့ ရင်းနှီး မြုပ်နှံမှုနှင့် ကုန်သွယ်ရေးဘဏ် (Myanma Investment Commerce Bank) စသည့် ဘဏ်သုံးခုတို့သည် အာဆီယံ နိုင်ငံတချို့တွင် ဘဏ်ခွဲများ ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

အစိုးရက နိုင်ငံခြား ကုန်သွယ်မှု လုပ်ငန်းများ တိုးချဲ့ရန်နှင့် ပြည်ပရင်းနှီးမြုပ်နှံမှုများ တိုးတက်လာရေးအတွက် အာဆီယံနိုင်ငံ တချို့တွင် ဘဏ်ခွဲ ဖွင့်လှစ်ရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ဗဟိုဘဏ်အသိုင်းအ၀န်းနှင့် နီးစပ်သူများက ပြောသည်။

Read More...

Wednesday, September 21, 2011

ထားဝယ်၊ ကန်ချနဘူရီ လမ်းစီမံကိန်း KNU တားမြစ်

ကွန်းချမ်း
စက်တင်ဘာလ ၂၀ ရက် ၂၀၁၁ ခုနှစ်

အီတာလျံ- ထိုင်း ကုမ္ပဏီက အကောင်အထည် ဖော်မည့် ရေနက်ဆိပ်ကမ်း အပါအဝင် ထားဝယ် ဖွံ့ဖြိုးမှု စီမံကိန်းအတွက် အစိတ်အပိုင်းတခုဖြစ်သည့် ထားဝယ်၊ ကန်ချနဘူရီ အဝေးပြေးကားလမ်း ဖောက်လုပ်မှုကို စက်တင်ဘာလ ၁၅ ရက်နေ့မှစတင် တားမြစ်ထားသည်ဟု ကရင်အမျိုးသား အစည်းအရုံး KNU က ပြောသည်။

“အခုချိန်မှာ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ (သဘာဝ) ပတ်ဝန်းကျင်နဲ့ ထိခိုက်မယ်ဆိုရင်၊ ပြီးတော့ လူထု ဖွံ့ဖြိုးတိုး တက်မှုနဲ့ ထိခိုက်မယ်ဆိုရင် အဲဒါ ကျမတို့က ပေးလုပ်လို့ မရဘူးပေါ့နော်။” ဟု KNU အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်က ပြောသည်။

Read More...

ဘတ်ဂျတ် လိုငွေပြမှုအပေါ် ဆွေးနွေးမည့်သူ မရှိ

မျိုးသန့်
စက်တင်ဘာလ ၂၀ ရက် ၂၀၁၁ ခုနှစ်

အထက်လွှတ်တော် ပြည်သူ့ ငွေစာရင်း ကော်မတီမှ တင်ပြခဲ့သည့် ၂ဝ၁၁- ၂ဝ၁၂ ဘဏ္ဍာရေးနှစ်အတွက် ကျပ်ငွေ ဘီလီယံပေါင်း ၂,၃ဝဝ ကျော်လိုနေသည့် "ရသုံးမှန်းခြေ ငွေစာရင်း" အစီရင်ခံစာနှင့် ပတ်သက်၍ ဆွေးနွေးမည့်သူ မရှိဘဲဖြစ်နေသည်ဟု လွှတ် တော်အမတ်များက ပြောကြသည်။

လွှတ်တော် ငွေစာရင်း ကော်မတီမှ တနင်္လာနေ့တွင် လွှတ်တော်သို့ တင်ပြသည့် အစီရင်ခံစာတွင် ဗဟိုအစိုးရနှင့် တိုင်းနှင့် ပြည်နယ် အစိုးရများ၏ ၂ဝ၁၁- ၂ဝ၁၂ အတွက် ဘဏ္ဍာရေးလိုငွေ စုစုပေါင်းမှာ ကျပ်ငွေ ဘီလီယံ ၂၃၇၁.၉၄၅ ရှိသည်ဟု သိရ သည်။

ယင်းအစီရင်ခံစာနှင့် ပတ်သက်၍ အင်္ဂါနေ့တွင် အထက်လွှတ်တော်၌ ဆွေးနွေးရန် အမတ်များအနေဖြင့် စာရင်းပေးသွင်းနိုင် ကြောင်း လွှတ်တော် ဒုဥက္ကဋ္ဌ ဦးမြငြိမ်းမှ ပြောဆိုခဲ့သော်လည်း စာရင်းပေး ဆွေးနွေးမည့်သူ မရှိဘဲ ဖြစ်နေကာ အစီရင်ခံစာကို အထက်လွှတ်တော်မှ မှတ်တမ်းတင်ရုံသာ ရှိခဲ့သည်။

Read More...

အာဆီယံဥက္ကဋ္ဌရာထူး ဒေါ်အောင်ဆန်းစုကြည်အသံ အရေးပါ

ခင်ဦးသာ
20 September 2011

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသံကို အလေးထားပြီး မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ် အရှေ့တောင် အာရှနိုင်ငံများအသင်း အာဆီယံ၏ အလှည့်ကျ ဥက္ကဋ္ဌ နေရာ ပေးရေး မပေးရေး ဆုံးဖြတ်မည်ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး
က ပြောလိုက်ကြောင်း AP သတင်းတပုဒ်တွင် ယနေ့ ရေးသားထားသည်။

ထို့အပြင် လူထုအခြေပြု လူမှုအဖွဲ့အစည်းတို့၏ အသံကိုလည်း နားထောင်မည်ဟု ၀န်ကြီး မစ္စတာ မာတီ နာတာလီဂါဝါက ပြော လိုက်သည်။

Read More...

စာနယ်ဇင်းစောင့်ကြည့်သူများ အစိုးရကို ဝေဖန်

ဇာနည်ဝင်း
20 September 2011

ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရန် ကတိပေးထားသည့် ဦးသိန်းစိန်အစိုးရက စာပေစိစစ်ရေး လုပ်ငန်းကို ဆက်လက် လုပ်ကိုင် နေပြီး သတင်းသမားတို့ကို ဆက်လက် အကျဉ်းချ ထားဆဲဖြစ်သည်ဟု စာနယ်ဇင်း အခွင့်အရေး ကာကွယ်စောင့် ရှောက်သည့် အဖွဲ့တခုက ယနေ့ ဝေဖန် ထောက်ပြလိုက်သည်။

အာဏာပိုင်တို့က စာနယ်ဇင်းသမားများ အထူးသဖြင့် ပြည်ပရောက် သတင်းအဖွဲ့တို့အတွက် လျှို့ဝှက် လုပ်ကိုင်သူများကို စနစ် တကျ ပိတ်ဆို့၊ နှောင့်ယှက်၊ အကျဉ်းချနေဆဲဖြစ်ကြောင်း နယူးယောက်အခြေစိုက် Committee to Protect Journalists (CPJ) အဖွဲ့က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ရေးထားသည်။

Read More...

ကားဟောင်းနှင့်ကားသစ် လဲလှယ်ရေး အစီအစဉ် ရှင်းလင်းမှုမရှိ

20 September 2011

နှစ် ၄၀ ကျော် သက်တမ်းရှိ ကားဟောင်းများကို ကားသစ်များနှင့် အစားထိုးမည့် အစီအစဉ်အား စက်တင်ဘာ ၁၉ ရက်နေ့က စတင်လိုက်ပြီ ဖြစ်သော်လည်း လုပ်ထုံးလုပ်နည်း အဆင့်များ သေချာတိကျစွာ ထုတ်ပြန်ထားခြင်း မရှိသောကြောင့် ကားဟောင်း နှင့် ကားသစ် လဲလိုသူများ အခက်အခဲဖြစ်နေရကြောင်း သိရသည်။

ရန်ကုန်တိုင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) ရုံးတွင် ကားဟောင်းများ စတင် အပ်နှံနိုင်ပြီဆိုသည်နှင့် ကည နတွင် ကားကိုစစ်ဆေးကာ မင်္ဂလာဒုံရှိ အမှတ် ၁ ယာဉ်သိုလှောင်ရေးတပ်တွင် သွားရောက် အပ်နှံရမည်ဖြစ်ကြောင်း၊ ထိုသို့ စာရင်းအရ အပ်နှံပြီးပြီဆိုပါက အဆိုပါကားကို ၃ လ စီးခွင့်ရှိမည်ဖြစ်ကြောင်း၊ ၃ လပြည့်၍ ကားသစ်ရရှိမှ ကားဟောင်းကို ပြန် အပ် ၍ ဖျက်ဆီးမည်ဖြစ်ကြောင်း ဝန်ကြီးများ၏ သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သော်လည်း ယခု အမှန်တကယ် ထိုသို့ မဟုတ် ကြောင်း ယမန်နေ့က ဘီ ၆၀၀ ကားဟောင်းသွားရောက် အပ်နှံသူ တဦးက ပြောသည်။

Read More...

တရုတ် ဆောက်လုပ်ရေးပစ္စည်းများ KIA ပိတ်ဆို့မှု အစိုးရ ဖယ်ရှားခိုင်း

သန်းထိုက်ဦး
20 September 2011

ဧရာဝတီ မြစ်ဆုံ ရေကာတာ စီမံကိန်းအတွက် တရုတ်နိုင်ငံမှ ဆောက်လုပ်ရေး ပစ္စည်းများ တင်သွင်းမှုကို ပိတ်ဆို့ခြင်း မပြုရန်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်များကို ဖယ်ရှားပေးရန် မြန်မာအစိုးရက ပြီးခဲ့သည့်တပတ်တွင် သတိပေး ပြော ကြားခဲ့သည်။

တရုတ်-မြန်မာ နယ်စပ်ရှိ လဖိုင် ခေါ် ကန်ပိုင်တီ စစ်ဆေးရေးဂိတ်အား KIA တပ်များ ထိန်းချုပ်ခြင်းကို ဖယ်ရှားပေးရန် အစိုးရ အာဏာပိုင်များက မြစ်ကြီးနားမြို့ရှိ ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ ဥက္ကဋ္ဌ ဦးဆင်ဝါးနော် မှတဆင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ကော်မတီဝင် ဒု ဗိုလ်မှူးကြီး ဦးဂျီးနောင်ထံ ဖုန်းဆက် အသိပေးခဲ့သည်ဟု KIO တွဲဖက် အတွင်းရေးမှူး ဦးလနန်က ဧရာဝတီ သို့ ပြောသည်။

Read More...

အပေါ်သို့