Saturday, June 19, 2010

သမ္မတအိုဘားမား၊ ဘန်ကီမွန်းနဲ့ အထင်ကရပုဂ္ဂိုလ်များ ဒေါ်စု ချက်ချင်း လွှတ်ပေးရေး တောင်းဆို

ဒေါ်ခင်စိုးဝင်း
သောကြာ, 18 ဇွန် 2010

ဒီကနေ့ ဇွန်လ ၁၉ ရက်နေ့မှာကျရောက်တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၅ နှစ်မြောက်မွေးနေ့မှာ အမေရိကန် သမ္မတ အိုဘားမား၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ အမေရိကန် အမျိုးသမီး အထက်လွှတ်တော် အမတ်များ အဖွဲ့နဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနတို့က ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသား အားလုံးကို ချွင်းချက်မရှိ ချက်ချင်း လွှတ်ပေးဖို့ ထပ်လောင်း တောင်းဆို လိုက်ပါတယ်။ အပြည့်စုံကို ဒေါ်ခင်စိုးဝင်းက တင်ပြထားပါတယ်။

နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံနေရတဲ့ တဦးတည်းသော ငြိမ်းချမ်းရေး နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၆၅ နှစ်မြောက် မွေးနေ့မှာ အမေရိကန် သမ္မတ ဘားရက် အိုဘားမား က ဆုမွန်ကောင်းတောင်း မေတ္တာ ပို့သ လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲမှုတွေ အတွက် ဒေါ်အောင်ဆန်းစုကြည်တွေရဲ့ စိတ်ဓါတ်ခိုင်မာ ပြတ်သားမှုတွေနဲ့ သတ္တိရှိမှု၊ ကိုယ်ကျိုးစွန့် အနစ်နာခံမှုတွေကို လွတ်မြောက်မှုနဲ့ တရား မျှတရေးအတွက် ရပ်တည်နေကြသူတွေ အားလုံးကနေ အတုယူ အားကျဖွယ်ရာ ဖြစ်ပါတယ်လို့ သမ္မတ အိုဘားမားရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာစစ်အစိုးရ အနေနဲ့ မြန်မာပြည်သူလူထုအားလုံးရဲ့ အခွင့်အရေးတွေကို လေးစားပြီးတော့ သာယာ ၀ပြောတဲ့ ပိုပြီးတည်ငြိမ်မှု ရှိတဲ့ နိုင်ငံအဖြစ် အားလုံး ၀ိုင်းဝန်း ထူထောင်နိုင်ကြဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ချက်ချင်းနဲ့ ချွင်းချက်မရှိ လွှတ်ပေးဖို့အတွက် ထပ်လောင်းတောင်းဆို လိုက်ပါတယ်။

Read More...

နေ့စဉ်သတင်းများ ( ၁၈ - ၀၆ - ၁၀ )

အရေးကြီးချိန်ရောက်နေပြီလို့ ဒေါ်အောင်ဆန်းစုကြည် ပြော သတင်း
သမ္မတ အိုဘားမား၊ ဘန်ကီမွန်းနဲ့ အထင်ကရပုဂ္ဂိုလ်များ ဒေါ်အောင်ဆန်းစုကြည် ချက်ချင်းလွှတ်ပေးရေး တောင်းဆို သတင်း
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် နိုင်ငံတကာက တောင်းဆို သတင်း
အိုင်းရစ်အဆိုတော်ရဲ့ နှလုံးသားထဲက စု သတင်း
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြို အနယ်နယ်မှာ သွေးလှူ၊ သစ်ပင်စိုက် သတင်း
ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်ပီသပုံ အနီးကပ်နေခဲ့ရသူများ ပြောကြား သတင်း
ကနေဒါသံတမန်နှင့် အဖွဲ့ချုပ် တွေ့ဆုံ သတင်း
ရွေးကောက်ပွဲကို အားလုံးဝင်နိုင်ရေး ကနေဒါ တောင်းဆို သတင်း
တွေ့ဆုံဆွေးနွေးရေးအတွက် EU ကို NLD တိုက်တွန်း သတင်း
အန်အယ်လ်ဒီ ဗဟိုကော်မတီဝင် ဦးအုန်းကြိုင်နှင့် မန္တလေးတိုင်းပါတီဝင်များ တွေ့ဆုံဆွေးနွေး သတင်း
လူမှုရေးလုပ်ဆောင်သူနှစ်ဦးကို ဆန်ဖရန်စစ္စကိုဒေသက ဆုများချီးမြှင့် သတင်း
တရုတ်မှ လက်နက်ဝယ်ယူရေး ဦးတေဇ ပွဲစားလုပ် သတင်း
ဓာတ်ငွေ့ပိုက်လိုင်းကိစ္စသည် သူမသာကိုယ်မနာဟု ဘန်ကီမွန်းက ပြောဆို သတင်း
ဒုက္ခသည် လျှောက်ထားမှု မြန်မာ ဒုတိယ အများဆုံး သတင်း
ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများ၌ ကမ္ဘာ့ဒုက္ခသည်များနေ့ တပြိုင်နက် ကျင်းပပြုလုပ် သတင်း
ကုလအေဂျင်စီ ရခိုင်ရေဘေးဒုက္ခသည်တွေ ကူညီ သတင်း
မလေးရှားဥပဒေ ကုလ ဝေဖန် သတင်း
ရွှေ့ပြောင်းအလုပ်သမားများကို ဥပဒေအရ အကာအကွယ်ပေးရန် ထိုင်းအစိုးရအား တောင်းဆို သတင်း
(၁၄) နှစ်အရွယ်ကလေးကို စစ်တပ်ထဲ သွတ်သွင်း သတင်း
တရားမဝင် အလုပ်သမားများ နှိမ်နင်းရေး ထိုင်းအစိုးရ စီစဉ် သတင်း
နိုင်ငံရေးပါတီများ မဟာမိတ် ပြုလုပ်ဖွယ်ရှိ သတင်း
ရွက်လှပန်း ကိုစည်သူနှင့် ယုံကြည်ချက်မော်ကွန်း (ဆောင်းပါး)
အရိုင်းကဗျာ (၆၅ နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့သို့ ...) (ဆောင်းပါး)

တကယ်လို့

ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်မြောက်မွေးနေ့ အတွက် အကယ်၍ ဆိုသောကဗျာအား တေးသီချင်းအဖြစ် ပြန်လည် သီဆိုထားသော ဂျိုးဇက် နှင့် ဂျွန်စီစီ တို့၏ တကယ်လို့ ဆိုသော သီချင်းအား တင်ဆက်လိုက်ပါသည်။


တကယ်လို့


အကယ်၍

အကယ်၍
မင်းအသိုင်းအ၀ိုင်း တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာ မင်းကြောင့်လို့ ၀ိုင်းဝန်းအပြစ်တင်ကြတဲ့အခါ
မင်းဟာ တည်ငြိမ်စွာနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင် . . .

အကယ်၍
အားလုံးက မင်းကို မယုံသင်္ကာဖြစ်လာတဲ့အခါ
သူတို့ကို နားလည်စွာ ခွင့်လွှတ်ရင်းနဲ့
မင်းကိုယ်မင်း ယုံကြည်မှု အပြည့်ရှိမယ်ဆိုရင် . . .

အကယ်၍
စောင့်သင့်တဲ့အချိန်ကို စောင့်နိုင်ပြီး
အဲဒီအတွက်လည်း မမောမပန်း နေနိုင်မယ်ဆိုရင် . . .

ဒါမှမဟုတ်
မင်းရဲ့အကြောင်း မဟုတ်မတရား မုသားစကားကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့ မတုန့်ပြန်ဘူးဆိုရင် . . .

Read More...

Friday, June 18, 2010

အရေးတော်ပုံမီးလျှံကြားက သူရဲကောင်း

မောင်သြ
၁၆ ဇွန် ၂၀၁၀

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ (၆၅) နှစ်ပြည့် မွေးနေ့ ဂုဏ်ပြုဆောင်းပါး။

ဒီကနေ့ ကမ္ဘာပေါ်က ထင်ရှားကျော်ဇောတဲ့ အမျိုးသမီးခေါင်းဆောင်တွေ ထဲမှာ မြန်မာနိုင်ငံက လူထု ခေါင်းဆောင်လည်းဖြစ်၊ ဒီမိုကရေစီ တိုက်ပွဲခေါင်းဆောင်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချန်လှပ် ထားလို့ မရနိုင်သလို ကမ္ဘာ့ နိုင်ငံအသီးသီးက ခေါင်းဆောင်တွေကလည်း သူမကို လေးစားယုံကြည် ထောက်ခံလျက်ရှိတာ တွေ့နေရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်နေ၀င်းရဲ့ (၂၆) နှစ်ကျော်ကြာ စစ်အာဏာရှင် အုပ်ချုပ်မှု အောက်ကနေ မြန်မာနိုင်ငံ လွတ်မြောက်စေဖို့ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ လူထုတိုက်ပွဲ အရေးတော်ပုံကြီး အတွင်းမှာ မမျှော်လင့်ဘဲ ပါဝင် ပတ်သက်လာခဲ့သူ တဦး ဖြစ်ပါတယ်။ အရေးတော်ပုံကြီးနဲ့ အတူ မွေးဖွားလာခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူလူထုနဲ့ တိုင်းရင်းသား အားလုံး စစ်ကျွန်ဘ၀က လွတ်မြောက်ပြီး အခြေခံ လူ့အခွင့်အရေးများ အပြည့်အ၀ ခံစားနိုင်ဖို့နဲ့ ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတော်သစ်ကို ထူထောင်ဖို့ ကြိုးစား ခဲ့ပါတယ်။

အဲဒီလိုကြိုးစားခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ကျိုးစွန့်အနစ်နာခံမှု၊ သတ္တိရှိမှု၊ ဉာဏ်ရည် ဉာဏ်သွေး ကောင်းမွန်မှု၊ မေတ္တာတရား ကြီးမားမှု၊ အကြမ်းမဖက်ဘဲ နိုင်ငံရေးကို နိုင်ငံရေး နည်းဖြင့် ငြိမ်းချမ်းစွာ တွေ့ဆုံ ဆွေးနွေး အဖြေရှာလိုမှု … စတဲ့ အမြော်အမြင် ကြီးမားမှုတွေကြောင့် ၁၉၉၁ ခုနှစ်မှာ ကမ္ဘာပေါ်မှာ အမြင့်မားဆုံးဆု ဖြစ်တဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကြီးကို ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။ ဒီနောက်မှာလည်း ဆက်တိုက် ဆက်တိုက်ဆိုသလို ကမ္ဘာ့နိုင်ငံအသီးသီးမှ ဆုတံဆိပ်/ဒေါက်တာဘွဲ့များ အပါအ၀င် ဆုပေါင်း (၉၀) ကျော် ချီးမြှင့်ဂုဏ်ပြုခြင်းခံခဲ့ရပါတယ်။

ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံရဲ့ ထူးချွန်ထက်မြက်တဲ့ အမျိုးသမီး သူရဲကောင်း အဖြစ် ကမ္ဘာ့ အလယ်မှာ ဂုဏ်ပြု မှတ်တမ်းတင် သမိုင်းမော်ကွန်း ကမ္ပည်းရေးထိုး ပေးလိုက်တာပဲဖြစ်ပါတယ်။ အဲဒီလို တိုင်းရင်းသား လူမျိုးပေါင်းစုံ အပါအ၀င် မြန်မာပြည်သူ တရပ်လုံး၊ ကမ္ဘာ့ ပြည်သူအားလုံးနဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေကပါ ဒေါ်အောင်ဆန်းစုကြည်ကို လေးလေးစားစား ထောက်ခံ အားပေး လာတဲ့အခါ စစ်အာဏာရှင် ကြီးများဟာ အလိုလို ကမ္ဘာ့အလယ်မှာကော မြန်မာ့ အလယ်မှာပါ မျက်နှာငယ်သေးသိမ်၊ ဂုဏ်ရောင်မှိန်ပြီး နာမည်ဆိုးနဲ့ ကျော်ကြား လာခဲ့ပါတော့တယ်။ စစ်ခေါင်းဆောင်တွေဟာ ဆင်ဖြူ့မျက်နှာ ဆင်မဲ မကြည့်သာ ဆိုသလို ဒေါ်အောင်ဆန်းစုကြည်ကို ရှိန်လာတယ်၊ ရွံ့လာတယ်၊ မနာလို ၀န်တို ဣဿာမစ္ဆရိယစိတ် ကြီးလာတယ်၊ နောက်ဆုံး အာဃာတပါ ကြီးလာတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်က မေတ္တာ သမားဆိုတော့ အာဃာတ ကြီးသူတွေရဲ့ အကျဉ်းစံဘ၀မှာ နေရတာတောင်မှ သူ့ဂုဏ်ရောင်ဟာ ကမ္ဘာအနှံ့ လင်းပ တောက်ပြောင် နေပါတယ်။

Read More...

နေ့စဉ်သတင်းများ (၁၇ - ၀၆ - ၁၀)

ဒေါ်အောင်ဆန်းစုကြည်သာ အမျိုးသားပြဿနာကို ဖြေရှင်းနိုင်သူဖြစ် သတင်း
စစ်ရဟတ်ယာဉ် ပျက်ကျ၊ (၄) ဦး သေ သတင်း
အီရန် ဒု-နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ အလည်ရောက်ရှိ သတင်း
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ ဘန်ကောက်တွင် ကျင်းပ သတင်း
ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့တွင် သောက်ရေလှူဒါန်းရန် ပြည်သူလူထံ ပြည်ပရောက် အမျိုးသမီးများ ပန်ကြား သတင်း
နအဖဝန်ကြီး (၂) ဦး ကေအိုင်အိုနှင့် တွေ့ဆုံ သတင်း
အစိုးရနှင့် ကြံ့ဖွံ့ပါတီ ကင်းရှင်းရန် တရားဝင် တောင်းဆို သတင်း
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ မဲဆွယ်စည်းရုံးရေးခရီး ဆင်းပြီ သတင်း
နိုင်ငံရေးဆိုင်ရာ ထုတ်ဝေခွင့်ကို အာမခံကြေးဖြင့် ထိန်းချုပ်မည် သတင်း
ရွေးကောက်ပွဲ အောင်နိုင်ရေးဘက် နအဖ ဦးတည်လာ သတင်း
စစ်တွေတွင်လည်း မိုးအဆက်မပြတ်ရွာသွန်းပြီး လမ်းများကို ရေဖုံးလွှမ်း သတင်း
ဆိပ်ကမ်းပတ်လမ်း တည်ဆောက်ခွင့် အေးရှားဝေါလ် ရရှိ သတင်း
(၅) သိန်းတန် ကတ်ဖုန်း အလုံးရေ (၁) သိန်း နေ့ချင်းပြီး လျှောက်ထားရယူနိုင် သတင်း
ထက်ထက်မိုးဦး ဘာကြောင့် ရုံးချိန်းမလာတာလဲ သတင်း
၂၀၀၉-၂၀၁၀ ပညာသင်နှစ်တွင် ရခိုင်မှ (၆) ဘာသာဂုဏ်ထူးရှင် (၁၈) ဦး ထွက်ပေါ် သတင်း
မြန်မာ့ရုပ်သံမှ ကမ္ဘာ့ဖလားဘော့လုံးပွဲ ပြသမှု ခေတ္တရပ်ဆိုင်း သတင်း
မြန်မာပြည်ရောက် ကမ္ဘာ့ဖလားဗိုင်းရပ်စ် သတင်း
ကမ္ဘာ့ဖလားရောဂါ (ဆောင်းပါး)

Thursday, June 17, 2010

NDF စည်းရုံးတာ NLD နှောင့်ယှက်သလား

ဦးကျော်အောင်လွင်
ဗုဒ္ဓဟူး, 16 ဇွန် 2010

အရင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ခေါင်းဆောင်ဟောင်းတချို့ ထူထောင်ထားတဲ့ NDF ခေါ် အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီဟာ ဇွန်လ ၁၅ ရက်နေ့ကပဲ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ရသွားခဲ့ပါပြီ။ ဒါပေမဲ့လည်း တဘက်မှာတော့ သူတို့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ တော်တော်များများ ရှိနေတယ်လို့ ဆိုပါတယ်။ ဒီအထဲမှာ အရင် NLD အဖွဲ့ဝင်ဟောင်း တွေနဲ့ နိုင်ငံရေး အယူအဆ မတူညီတဲ့ ပြဿနာတွေလည်း ပါဝင်ပါတယ်။ အကြောင်းစုံကို သိနိုင်အောင် NDF ပါတီ ခေါင်းဆောင်တဦး ဖြစ်တဲ့ ဦးခင်မောင်ဆွေနဲ့ အရင် NLD ပါတီက ခေါင်းဆောင်တဦး ဖြစ်တဲ့ ဦးအုန်းကြိုင်တို့ကို ကိုကျော်အောင်လွင်က ဆက်သွယ် မေးမြန်းပြီး တင်ပြ ပေးထားပါတယ်။

ဦးခင်မောင်ဆွေတို့ရဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ရသွားပြီလို့ ကြားရပါတယ်။

“မှတ်ပုံတင်ခွင့်ပေးဖို့ ကျနော်တို့ တင်တာကတော့ မေလ ၂၇ ရက်နေ့က စတင်ထားတာပါ။ ကျတာက ဇွန်လ ၁၅ ရက်နေ့မှ ကျတယ်ဆိုတော့ နှစ်ပတ်ကျော်သွားပြီဗျ။ အဲဒီတော့ ကျနော်လည်း အစကတော့ သံသယတော့ ရှိတာပေါ့ဗျာ။ မှတ်ပုံတင်ခွင့် မပေးဘူးတောင် ထင်နေတာ။”

NLD ပါတီဝင်ဟောင်းတွေနဲ့ ဆရာတို့ကြားမှာ ပြဿနာတွေ ရှိနေတယ်ဆိုတဲ့ ကိစ္စကရော ဟုတ်ပါသလားခင်ဗျ။

Read More...

လေဆင်နှာမောင်း တိုက်ခတ်မူကြောင့် ရွာလုံးကျွတ် ပြိုပျက်

6/17/2010

စစ်တွေမြို့နယ်မှ ကျေးရွာ တရွာကို လေဆင်နှာမောင်း တိုက်ခတ်သွားသဖြင့် အိမ်ခြေ အများအပြား ပျက်စီးသွားပြီး ကျေးရွာသား တဦး ပျောက်ဆုံးနေကာ နောက်တဦးမှာ ဒဏ်ရာ ရရှိသွားကြောင်း သတင်း ရရှိသည်။

ဇွန်လ ၁၄ ရက်နေ့ ညဥ့် ၁၁ နာရီခန့်တွင် စစ်တွေနှင့် မန်စီ ကားလမ်း အကြားတွင် တည်ရှိသော သဲချောင်းကျေးရွာကို လျှပ်တပြက် လေဆင်နှာမောင်း ၀င်ရောက် မွှေနှောက် သွားခဲ့သည်။

ကျေးရွာသား တဦးက " လေဆင်နှာမောင်းတိုက်တာက ၃ မိနစ်ဘဲ ကြာပါတယ်။ လေလာတာက တော်တော်ပြင်းပါတယ်။ တခါမှ မတွေ့ မမြင်ဖူးပါဘူး။ အိမ်ခြေ ၃၆ လုံး ပျက်စီးသွားပြီး မူလတန်း ကျောင်းနဲ့ ဘုန်းကြီးကျောင်းလည်း ပျက်စီးတဲ့ အထဲမှာ ပါဝင်သွားပါတယ်။ ခုချိန်ထိတော့ ကိုကျော်နိုင်က ပျောက်ဆုံးနေပါတယ်။" ဟု ပြောသည်။

လေဆင်နှာမောင်း တိုက်ခတ်မူကြောင့် မိသားစု ၁၇ စု အိုးမဲ့ အိမ်မဲ့ ဖြစ်သွားပြီး ယခုအခါ မောင်လူပျိုကြီး ဆိုသူကို အတွင်းလူနာ အဖြစ် ဆေးရုံ တင်ထားရသည်။

" သက်ဆိုင်ရာ လာကြည့်ရုံကလွဲပီး အကူအညီတွေတော့ မပေးသေးပါဘူး။ ရွာသားတွေက ကိုယ့်အား ကိုယ်ကိုးပီး အိမ်တွေ၊ ကျောင်းတွေကို ပြန်ပြင်နေရပါတယ်။ မိသားစု အတော်များများကတော့ ဆင်းရဲတဲ့အတွက် အိမ်တွေကို ပြန်မပြင်နိုင်သေးပါဘူး။" ဟု သူက ပြောသည်။

သိ့သော်လည်း ယခုအချိန်ထိ သက်ဆိုင်ရာမှ အကူအညီပေးခြင်း မရှိသေးသဖြင့် ကျေးရွာသားများက အကူအညီ ရရေးကို မျှော်လင့် နေကြသည်ဟု သိရသည်။

Ref: နိရဉ္စရာ

နေ့စဉ်သတင်းများ (၁၆ - ၀၆ - ၁၀)

တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများအား ဖမ်းဆီးရန် ထိုင်းအစိုးရ အမိန့်ထုတ်ပြန် သတင်း
မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွှေ့ရသူများ ဒုက္ခမျိုးစုံ ကြုံတွေ့နေရ သတင်း
တပ်မဟာ (၆) ဒေသဘက်တွင် တိုက်ပွဲထပ်မံဖြစ်ပွား သတင်း
စစ်တပ်မှ အခွန်ငွေများ အဓမ္မကောက်ခံသဖြင့် ဗိုလ်ချုပ်မှူးကြီးထံ တိုင်စာပို့ သတင်း
လှည်းကူးမြို့နယ် ကျေးရွာအာဏာပိုင်ရဲ့ အလွဲသုံးစားမှု သတင်း
အခွန်မှူးများ လာဘ်စားမှု ပိုမိုဆိုးဝါး သတင်း
တရားမ၀င် ပို့ကုန်များ မြ၀တီတွင် ရှောင်တခင်စစ်ဆေး သတင်း
အပြောင်းအလဲလိုလား၍ ကရင်နီလူငယ်များ နိုင်ငံရေးစိတ်ဝင်စားမှု အားကောင်းလာ သတင်း
ပြည်သူ့အလိုကျ ကိုယ်စားလှယ်မရှိဟု ကွမ်းခြံကုန်းမြို့ခံတို့ ပြောကြား သတင်း
စစ်တွေဆိပ်ကမ်းစီမံကိန်းကြောင့် မြို့သူမြို့သားများ ပြောင်းရွေ့ရမည်ကို စိုးရိမ် သတင်း
မျက်နှာဖုံးနှင့် အမျိုးသမီးများအား ကိုယ်ထိလက်ရောက် စော်ကားသူ ဖမ်းမိ သတင်း
အနာဂတ်ဘ၀ အထောက်အကူများ မြန်မာဒုက္ခသည်များ လိုအပ် သတင်း
မိုးတွင်းပိုင်း ရောက်သော်လည်း ရွာသားများ သောက်သုံးရေ ပို့ပေးနေရဆဲ သတင်း
သက်တမ်းတိုစပါး စိုက်ပျိုးရန် စိုက်ပျိုးရေးနည်းပညာရှင်များ တိုက်တွန်း သတင်း
အရေးတော်ပုံမီးလျှံကြားက သူရဲကောင်း (ဆောင်းပါး)
ရာဇဝင်တွင်သော စကားများ (ဆောင်းပါး)

Wednesday, June 16, 2010

နျူကလီးယားလက်နက်ပိုင်ရှင်များနဲ့ ယှဉ်ပြိုင်အရွေးခံဝံ့ကြသလား

ရဲဘော်ဖိုးသံချောင်း
၁၅ ဇွန် ၂၀၁၀

နအဖစစ်အစိုးရဟာ ရွေးကောက်ပွဲကို အီးလေးဆွဲနေပါတယ်။ ကြိုက်တဲ့အချိန်မှာ သူတို့ထင်သလို လုပ်နိုင်တယ် ဆိုတဲ့ အချိုးမျိုးနဲ့ ထီမထင်ဂိုက် ဖမ်းနေတာဖြစ်ပါတယ်။ ဒီလိုနဲ့ သူတို့ ဒီလိုကြိတ်ကြံ၊ လိပ်ဉာဏ်တွေ ထုတ်နေ ကြတုန်းမှာပဲ နျူကလီးယားဗုံးက သူတို့အနားမှာ ထပေါက်ပါတယ်။ နိုင်ငံတကာ အဝန်းအဝိုင်းမှာ နအဖ ဗိုလ်ချုပ်တွေ ခံစစ် အနေအထားကနေ မပြောင်းနိုင်တဲ့ အပြင် ပိုလို့တောင် နစ်လာနေတဲ့ သဘောပါ။ မြွေပူရာ ကင်းမှောင့် တာလေလား။ ကောက်ကောက် ကျစ်ကျစ် လုပ်တယ် ဆိုတာမှာ အမြဲ အဆင် မချောတာဟာ ဆန်းတော့ မဆန်းဘူးလို့သာ ဆိုရတော့မှာပါ။

နိုင်ငံတကာအလယ်မှာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်မဖြစ်နိုင်လို့ ငပွကြီး လုပ်မယ် စဉ်းစားတဲ့ ဗိုလ်ချုပ်တွေဟာ မာဖီးယား သာသာ အတွေးအခေါ်နဲ့ နျူကလီးယားဗုံးကို ပိုင်ဖို့ လုပ်တယ် ဆိုရင်တော့ နွေလယ်မှာ အရူးအိပ်မက် မက်သလို ဖြစ်ရုံမက တန်ပြန် ဆိုးကျိုးတွေ ထွေးရော ဥပဒ်ပါ ဖြစ်ပေါ် လာပါလိမ့်မယ်။ ယိုးဒယားကို ရန်လို၊ တရုတ်နဲ့ ကုလားကို ပုဆိုးခြုံထဲက လက်သီးပြ၊ အမေရိကန်နဲ့ ဥရောပကို မေးငေါ့ လုပ်နေတဲ့ နိုင်ငံခြားရေး ဝါဒ အောက်က ပေါ်ထွက်လာတဲ့ လုပ်ရပ်တွေကြောင့် မြန်မာပြည် ပြည်သူတွေပါ နျူကလီးယား လက်နက်ရဲ့ ခြိမ်းခြောက်မှု ရောက်မှန်းမသိ ရောက်လာ ရပါတော့မယ်။

Read More...

မြန်မာကလေးများ အခွင့်အရေး ချိုးဖောက်ခံနေရ

ဒေါ်လှလှသန်း အင်္ဂါ, 15 ဇွန် 2010

အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ တနင်္လာနေ့က ထုတ်ပြန်ခဲ့တဲ့ လူကုန်ကူးမှု အစီရင်ခံစာမှာ မြန်မာနိုင်ငံကို အဆိုးဆုံး အဆင့် ၃ အဖြစ် လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ အရေးယူ ဆောင်ရွက်မှု နည်းပါးတဲ့ နိုင်ငံစာရင်းထဲမှာ ထည့်သွင်းထားပါတယ်။ လူကုန်ကူးမှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံမှာ ကလေးလုပ်အား အသုံးပြုမှုနဲ့ ကလေးစစ်သား အသုံးပြုမှုတွေဟာလည်း စိုးရိမ်စရာ ဖြစ်တယ်လို့ အဲဒီ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ ကလေးစစ်သား အသုံးပြုမှုနဲ့ ပတ်သက်လို့ ဒေါ်လှလှသန်းက တင်ပြ ပေးထားပါတယ်။

ဒီနှစ်ဟာ ကုလသမဂ္ဂရဲ့ ကလေးများ အခွင့်အရေး CRC စာချုပ်ရဲ့ နှစ် ၂၀ ပြည့် ဖြစ်တဲ့အတိုင်း ကလေးလုပ်အား အသုံးပြုမှုကို သက်ဆိုင်ရာ နိုင်ငံ အစိုးရတွေ အနေနဲ့ ထိထိရောက်ရောက် အရေးယူ ဟန့်တားကြဖို့ ကုလသမဂ္ဂက အထူး နှိုးဆော်ထားတာလည်း ဖြစ်ပါတယ်။ ကလေးများ အခွင့်အရေး စာချုပ်ကို လက်မှတ်ရေးထိုးခဲ့တဲ့ နိုင်ငံတွေအနက် မြန်မာနိုင်ငံလည်း ပါဝင်ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်လို့ ၉၉ ကြိမ်မြောက် ILO ညီလာခံကြီးမှာ ပြီးခဲ့တဲ့ သီတင်းပတ်က မြန်မာစစ်အစိုးရရဲ့ အလုပ်သမား ၀န်ကြီးဌာန ကိုယ်စားလှယ်က တင်ပြသွားခဲ့တာကတော့…

“မြန်မာနိုင်ငံ အနေနဲ့ ကလေးများ အခွင့်အရေးဆိုင်ရာ စာချုပ်ကို ၁၉၉၁ ခုနှစ်မှာ သဘောတူ လက်မှတ် ရေးထိုးခဲ့ပါတယ်။ အဲဒီနောက် ကလေးများဆိုင်ရာ ဥပဒေတွေကို ၁၉၉၃ ခုနှစ်မှာ အတည်ပြုခဲ့ပါတယ်။ ဒါ့အပြင် ဥပဒေနဲ့ ပတ်သက်တဲ့ စည်းမျဉ်းတွေကို ၂၀၀၁ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့ပါတယ်။ ကလေးများ အခွင့်အရေးဆိုင်ရာ အမျိုးသား ကော်မတီနဲ့ လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ဥပဒေတွေကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဖို့ ဖြစ်ပါတယ်။”

Read More...

နေ့စဉ်သတင်းများ (၁၅ - ၀၆ - ၁၀)

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့တွင် ဗြိတိန်မှ ကလေးများ အကျယ်ချုပ် ကျခံမည် သတင်း
မိုးကြီးပြီး မြေပြိုမူကြောင့် မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ်တွင် လူဒါဇင်နှင့်ချီပြီး သေဆုံး သတင်း
မြန်မာအင်ဖိုတက် မီးလောင် သတင်း
ထိုးစစ်မလာစေရန် စစ်ဦးချိုးခြင်းဖြစ်ဟု KNLA ပြော သတင်း
အလုပ်သမားအခွင့်အရေး ချိုးဖောက်မှု အရေးယူပေးရန် (၆၅) ဖွဲ့က တောင်းဆို သတင်း
အသင်းအဖွဲ့ ဖွဲ့ခွင့်မပေးသည့် နအဖကို မြန်မာအလုပ်သမားအဖွဲ့များ ဝေဖန် သတင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များရဲ့ လှုပ်ရှားမှုသတင်းများ သတင်း
နိုင်ငံရေးထက် ကမ္ဘာ့ဖလားဘောလုံးပွဲကို ရန်ကုန်လူထု စိတ်ဝင်စား သတင်း
သျှမ်းပါတီ မြို့နယ်ရုံးများ ဆက်တိုက်ဖွင့်လှစ် သတင်း
အန်ဒီအက်ဖ်ပါတီ မှတ်ပုံတင်ကျပြီ သတင်း
- ကြံ့ဖွံ့ကို မထောက်ခံလျှင် ဖမ်းဆီးမည်ဟု ဒေသအာဏာပိုင်များ ပြော သတင်း
ပြည်ထောင်စုဒီမိုကရေစီပါတီ ဥက္ကဌ ဦးဖြိုးမင်းသိန်းနဲ့ စကားပြောခြင်း သတင်း
ပြည်သူ့ခေတ်ဂျာနယ် ထုတ်ဝေမည် သတင်း
မဏီပူရ်ပြည်နယ် လမ်းမကြီးများကို ခေတ္တဖွင့်ပေးမည်ဟု နာဂခေါင်းဆောင်များ ပြော သတင်း
မလေးရှားတွင် ယာဉ်တိုက်မှု မြန်မာ (၂) ဦး သေဆုံး သတင်း
ရှေ့လဆန်းတွင် တရားမဝင်ဆိုင်ကယ်များကို သိမ်းတော့မည် သတင်း
ဗန်းမော်မြို့မှာ ကမ္ဘာ့ဖလားဘောလုံးလောင်းကစားပွဲ သောင်းကျန်း သတင်း
လျှပ်စစ်မီး မကြာခဏ ပျက်ခြင်းကြောင့် စီးပွားရေးကုန်သည်များ အခက်တွေ့ သတင်း
ရခိုင်လယ်သမားများ မြေဆီအိတ်များကို ဈေးကြီးပေး၍ ၀ယ်နေရ သတင်း
ရွေးကောက်ပွဲ နှိုင်းယှဉ်လေ့လာချက်များ (၁၉၉၀ – ၂၀၁၀) သတင်း
ထိုင်းကွန်းအတွက် အစိုးရ တိုက်ပွဲဆင်နေ သတင်း
နျူကလီးယားလက်နက်ပိုင်ရှင်များနဲ့ ယှဉ်ပြိုင်အရွေးခံဝံ့ကြသလား (ဆောင်းပါး)
ဖားကပ်တိုက်ပွဲ (ဆောင်းပါး)
ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ ဘာကြောင့်လိုအပ်သလဲ - အပိုင်း (၂) (ဆောင်းပါး)
ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ ဘာကြောင့်လိုအပ်သလဲ - အပိုင်း (၁) (ဆောင်းပါး)
ကော်လာပေါ်က အနီစက် … တရားခံ ဘယ်သူလဲဟေ့ (ဆောင်းပါး)

အန်ဒီအက်ဖ်ပါတီ မှတ်ပုံတင်ကျပြီ

စိုးမိုး / ၁၅ ဇွန် ၂၀၁၀

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (အန်ဒီအက်ဖ်) ကို ယမန်နေ့ညက မှတ်ပုံတင်ခွင့် ပြုလိုက်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်ဟောင်းများ ခေါင်းဆောင်ဖွဲ့စည်းလိုက်သည့် အန်ဒီအက်ဖ် ပါတီက တနိုင်ငံလုံး အတိုင်းအတာဖြင့် ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။

“ပါတီလိုင်းနဲ့ နိုင်ငံရေးလိုင်းလို့ ခွဲထားပါတယ်။ နိုင်ငံရေး ဦးဆောင်ကော်မတီမှာ အန်ကယ်က ခေါင်းဆောင် ယူထားပါတယ်။ ပါတီလိုင်းမှာ ဒေါက်တာသန်းငြိမ်းက ဥက္ကဋ္ဌ တာဝန်ယူသွားမှာ ဖြစ်ပါတယ်” ဟု ပါတီခေါင်းဆောင် တဦးဖြစ်သူ ဦးခင်မောင်ဆွေက ပြောကြားသည်။

လူမှုအခြေပြု လွတ်လပ်ခွင့်ဝါဒကို ပါတီ၏ နိုင်ငံရေးမူဝါဒအဖြစ် ထားရှိပြီး စီးပွားရေးမူဝါဒအဖြစ် အစိုးရပါဝင်သည့် ဈေးကွက် စီးပွားရေးစနစ်ကို အကောင်အထည်ဖော်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

Read More...

Tuesday, June 15, 2010

နိုင်ငံရေးနဲ့ ပတ်သက်ဖို့ လူထု စိုးရိမ်

တနင်္လာ, 14 ဇွန် 2010

မြန်မာစစ်အစိုးရက ကျင်းပပေးဖို့ ရှိနေတဲ့ ဒီနှစ် ရွေးကောက်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ဖို့ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေ စည်းရုံးရေး လုပ်ငန်းတွေကို စတင်နေပြီ ဖြစ်ပေမဲ့ ထင်သလောက်တော့ ခရီးမပေါက်တဲ့ အခြေအနေတွေနဲ့ ကြုံနေရပါတယ်။

ဒီလဆန်းပိုင်းကစလို့ နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေ စတင်နေပြီ ဖြစ်ပေမဲ့ ဆယ်စုနှစ် ၂ ခုကြာ နိုင်ငံရေး လှုပ်ရှားမှုတွေနဲ့ ကင်းကွာနေတဲ့ လူထုအနေနဲ့ ပါဝင်ပတ်သက်ဖို့ စိုးရိမ်မှုတွေ ရှိနေတယ်လို့ နိုင်ငံရေးပါတီတွေက ပြောကြတာပါ။

အထူးသဖြင့်ကတော့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပြီး နိုင်ငံရေး လှုပ်ရှားမှုတွေ တရားဝင် လုပ်ဆောင်ခွင့် ရလာကြပေမဲ့ အာဏာပိုင်တွေက စောင့်ကြည့်မှုတွေ ရှိနေဆဲ ဖြစ်တာမို့ အနှောင့်အယှက် ပေးတာတွေ ခံရလေမလား အရပ်သားတွေက စိုးရိမ် နေကြတာလို့ ဆိုပါတယ်။

Read More...

နေ့စဉ်သတင်းများ (၁၄ - ၀၆ - ၁၀)

နျူကလီယားသတင်းကိစ္စ နအဖစွပ်စွဲချက် မမှန်ဟု ဗိုလ်မှူးစိုင်းသိန်းဝင်းနှင့် ဗိုလ်မှူးအောင်လင်းထွဋ်တို့က ပြန်လည်ငြင်းဆို သတင်း
အခြေခံဥပဒေကို အလွယ်တကူ ပြင်၍မရဟု ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး ပြော သတင်း
ကရင်သူပုန်နဲ့ မြန်မာစစ်တပ် တိုက်ပွဲဖြစ် သတင်း
လူမှုကူညီရေးလုပ်ငန်းများ တိုးချဲ့လုပ်ဆောင်ဖို့ NLD ဆုံးဖြတ် သတင်း
ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ဂုဏ်ပြု၊ အန်အယ်လ်ဒီပါတီဝင်များ သစ်ပင်စိုက် သတင်း
အဖွဲ့ချုပ်လူငယ်များ၏ သစ်ပင်နှစ်သောင်း စိုက်ပျိုးရေးစီမံကိန်း သတင်း
နိုင်ငံရေးနဲ့ ပတ်သက်ဖို့ လူထုအကြား စိုးရိမ်မှုရှိဆဲ သတင်း
ဝါရင့်နိုင်ငံရေးသမားကြီး ဦးအောင်မြင့် ကွယ်လွန် သတင်း
နအဖ ပစ်ခတ်မှုကြောင့် အမျိုးသမီးတဦး ဒဏ်ရာပြင်းထန်စွာရရှိ သတင်း
ကလေးစစ်သား မောင်ဝေယံကျော် မိဘထံပြန်ရောက် သတင်း
ကြံ့ဖွံ့အမတ်လောင်းများ ၀တ်ရန် သျှမ်းဝတ်စုံချုပ်တတ်သူများ နေပြည်တော် ဆင့်ခေါ် သတင်း
မလေးရှားရောက် မြန်မာများ အစာငတ်ခံဆန္ဒပြ သတင်း
တာချီလိတ်မြို့ လိုင်စင်မဲ့ကားများ ထပ်မံဖမ်းဆီးခံရ သတင်း
(၁၀) တန်း အောင်စာရင်းများ ထုတ်ပြန်ကြေညာ သတင်း
ဈေးသက်သာ Air Asia လေကြောင်း မလေးရှား-ရန်ကုန် ပျံမည် သတင်း
မြန်မာ့စီးပွားရေးနဲ့ ပုဂ္ဂလိကဘဏ်လုပ်ငန်း သတင်း
ဗိုလ်ချုပ်မှူးကြီး သန်းရွှေသား စက်သုံးဆီအရောင်းဆိုင် ဖွင့် သတင်း
ပုဂ္ဂလိကဘဏ်များ စက်တင်ဘာ နောက်ဆုံးဖွင့်မည် သတင်း
မယ်လ နယ်စပ်ဒုက္ခသည်စခန်းမှာ ကာလ၀မ်းရောဂါ ဖြစ်ပွား သတင်း
မူဆယ်-မန္တလေးလမ်း ရဲဂိတ်များ သိန်းချီပြီး ငွေတောင်းခံ သတင်း
ပန်းတနော်မှာ လယ်ယာမြေတွေ အဓမ္မအသိမ်းခံနေရ သတင်း
ပြည်သူကို ယူနီဆက်ဖ်က ပေးမယ့် ဒေါ်လာသန်း (၂၀၀) ခန့် စစ်အစိုးရရဲ့ ဒုံးကျည်စီမံကိန်းကြောင့် ရပ်ဆိုင်း ထား သတင်း
နယ်ခြားစောင့်တပ်ပြောင်းရေး ဖိအားလျော့သွား သတင်း
ရဲဘက်စခန်းမှ အကျဉ်းသားထွက်ပြေးမှု များပြား သတင်း
ဆယ်ကျော်သက် ကျောင်းသားများ မူးယစ်ဆေးသုံး သတင်း
နိုင်ငံရေးပါတီရုံးများ ဆိုင်းဘုတ်တင်ခြင်းနှင့် စည်းရုံးခြင်းလုပ်ငန်းများ စတင် သတင်း
ကာဂစ္စတန် လူမျိုးရေးအဓိကရုဏ်း လူ (၁၀၀,၀၀၀) ကျော် ထွက်ပြေးရ သတင်း
စိတ်ဝင်စားဖွယ် ထိုင်းနိုင်ငံရေး သတင်း
ကြိုးဝိုင်းပေါ်ကဆန္ဒ (သို့မဟုတ်) အသားလေးတတုံးကို တပ်မက်မိသူ (ဆောင်းပါး)

Monday, June 14, 2010

အရှင်ဂမ္ဘီရကို ရွေးကောက်ပွဲ သဘောထား မေးမြန်း

ဇာနည်မာန်
Saturday, June 12, 2010

စစ်ကိုင်းတိုင်း ကလေးမြို့ ထောင်တွင် အကျဉ်းကျနေသော အရှင် ဂမ္ဘီရကို ရဲ အထူးသတင်း တပ်ဖွဲ့က ရွေးကောက်ပွဲ အပေါ်ထားရှိသည့် သဘောထားများ မေးမြန်း ခဲ့သည်ဟု သိရသည်။

“ပြီးခဲ့တဲ့လ ၆ ရက်နေ့တုန်းက တခါ၊ ၂၆ ရက်တုန်းက တခါ လာမေးတယ်တဲ့။ ဦးဇင်းကတော့ ရွေးကောက်ပွဲလုပ်တာ လုပ်သင့်တယ်။ ကောင်းတယ်။ ဒါပေမယ့် ပါဝင်သင့် ပါဝင်ထိုက်တဲ့သူတွေ ပါဖို့ လိုတယ်လို့ ပြန်ပြော လိုက်တယ်လို့ ပြောတယ်” ဟု ယနေ့ ထောင်ဝင်စာ သွားတွေ့သည့် မိခင်ဖြစ်သူ ဒေါ်ရေးက ပြောသည်။

ထို့အပြင် ထောင်မှထွက်သည့် အချိန်တွင် ဘာအလုပ်ပြန်လုပ်မည်နည်းဟုလည်း မေးမြန်းသည်ဟု ဆိုသည်။

“ထောင်ကထွက်ရင်တော့ ဦးပဉ္ဇင်းက ဘုန်းကြီးပြန်ဝတ်ရုံပေါ့လို့ ပြောလိုက်တယ်တဲ့။ သူတို့က အဲ့ဒီလိုမေးတော့ လွှတ်ပေးဖို့များ စိတ်ကူးရှိလား မသိဘူး။ ဦးပဉ္ဇင်းကတော့ မသိဘူးလို့ ပြောတယ်”ဟု သူက ပြောသည်။

Read More...

သင်တန်းတွေ

နေ့စဉ်သတင်းများ ( ၁၃ - ၀၆ - ၁၀ )

အထောက်အထားများနှင့် နျူကလီယားအကြောင်း နအဖက ငြင်းဆို သတင်း
နျူကလီယားကိစ္စ နိုင်ငံတကာ၏ စုံစမ်းစစ်ဆေးမှုများ နအဖ ခံရဖွယ်ရှိ သတင်း
အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာ့ဒီမိုကရေစီအင်အားစု တွေ့ဆုံ သတင်း
AIDS ဝေဒနာရှင်များ NLD ခေါင်းဆောင်နှစ်ဦးကို ဂါရ၀ပြု သတင်း
အသက်မပြည့်သူ ကလေးငယ်နှစ်ဦး စစ်တပ်ထဲ ဆွဲသွင်းခံရ သတင်း
လက်ရှိ မြန်မာ-အမေရိကန် ဆက်ဆံရေးအပေါ် Mr. Lorne Craner သုံးသပ်ဝေဖန် သတင်း
ဂျပန်နိုင်ငံရောက် မြန်မာများ ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်မဲပေး သတင်း
သဘာဝဓာတ်ငွေ့ပိုက်လိုင်း အသစ်စက်စက် ဖျာပုံမြို့အနီး ပေါက်ကွဲ သတင်း
ဆန်ဖရန်ဘေးဧရိယာ အမျိုးသမီးအဖွဲ့ (BAWA)က ဒေါ်အောင်ဆန်းစုကြည် (၆၅) မွေးနေ့ - အန်အယ်လ်ဒီလူ ငယ်ခေါင်းဆောင် ဖြူဖြူသင်းကို ဂုဏ်ပြုမည် သတင်း
မြန်မာနိုင်ငံ ရှေ့နေများကောင်စီက တောင်ကိုရီးယားမှာ ဥပဒေဆွေးနွေးပွဲ ပြုလုပ် သတင်း
ပဲခူးတိုင်း ဘုရားကြီးရဲစခန်းရဲ့ အမှုဆင် ပြဿနာရှာမှုတခု သတင်း
ရွေးကောက်ပွဲအပေါ် မီဒီယာများ၏ အရေးပါမှု သတင်း
ပါတီအာဘော်စာစောင်များ ထုတ်ခွင့်ရသော်လည်း အင်တာဗျူး ဆင်ဆာရှိနေဆဲ သတင်း
စင်ကာပူနိုင်ငံ Lotus Foundation အဖွဲ့ရဲ့ (၁၄) တွင်းမြောက် စက်ရေတွင်းအလှူ (ပဲခူးမြို့နယ် အိုးဖိုကျေး ရွာတောင်ဘက်ပိုင်း - ကုလားရွာ) သတင်း
ဗုဒ္ဓ နားထင်တော်ရိုး တရုတ်နိုင်ငံမှာ တွေ့ရှိ သတင်း
လွမ်းတော်မူလို့ စာကိုစီတယ် (ဆောင်းပါး)

Sunday, June 13, 2010

မြန်မာ နျူကလီးယား ဖြေရှင်းချက် ခိုင်လုံမှုမရှိ

မအေးသန္တာကျော်
စနေ, 12 ဇွန် 2010

မြန်မာစစ်အစိုးရဟာ သူတို့မှာ နျူကလီးယား အရေး ကြိုးပမ်းချက်တွေ မရှိကြောင်း ငြင်းဆိုတာဟာ သူတို့ရဲ့ လုပ်ရပ်ကို ဖုံးကွယ်မှု သက်သက်ပဲ ဖြစ်တယ်လို့ နိုင်ငံရေး အကဲခတ်တွေက ဝေဖန်သုံးသပ်ပါတယ်။ မြန်မာစစ်အစိုးရရဲ့ နျူကလီးယား ဆိုင်ရာ လျှို့ဝှက် ကြိုးပမ်းမှုတွေ အကြောင်း စုံကိုတော့ နိုင်ငံတကာ ရုပ်မြင်သံကြား တခုကနေ ထုတ်လွှင့် ပြသချက်တွေ၊ မြန်မာစစ်တပ် အရာရှိဟောင်းတွေနဲ့ တွေ့ဆုံ မေးမြန်းချက်တွေဟာ သက်သက် ၀ါဒဖြန့် လုပ်ကြံ စွပ်စွဲမှုတွေသာ ဖြစ်တယ်လို့ မြန်မာ စစ်အစိုးရဘက်က ကြေညာထုတ်ပြန် ခဲ့ပါတယ်။ အပြည့်စုံကို မအေးသန္တာကျော်က တင်ပြထားပါတယ်။

စနေနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ - မြန်မာနိုင်ငံသည် နျူကလီးယား လက်နက်ပိုင်ဆိုင်၍ စစ်အင်အားနိုင်ငံ ဖြစ်လာရန် ရည်ရွယ်ချက် မရှိ - ဆိုတဲ့ မြန်မာအစိုးရရဲ့ ကြေညာချက်ဟာ သူ့ဘက်ကနေ ခိုင်မာတဲ့ သက်သေ အထောက်အထားနဲ့ ငြင်းဆိုခြင်း မဟုတ်ဘဲနဲ့ လူထုကို အာရုံပြောင်းဖို့ ရည်ရွယ်ပြီး ပြောဆိုမှု သက်သက်သာ ဖြစ်တယ်လို့ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်မှု ကွန်ယက်အဖွဲ့ရဲ့ သုတေသနမှူး ဦးဌေးအောင် က သုံးသပ်ပါတယ်။

Read More...

နေ့စဉ်သတင်းများ ( ၁၂ - ၀၆ - ၁၀ )

ကေအဲန်ယူ ခြုံခိုတိုက်ခိုက်မှုကြောင့် နအဖဘက်မှ (၁၂) ဦး ကျဆုံး သတင်း
စစ်တွေတက္ကသိုလ် ကျောင်းသားတဦးအား စစ်သားများ သတ်ဖြတ်မှု သတင်း
နျူးကလီးယားလက်နက် ပိုင်ဆိုင်ရေး စွပ်စွဲချက် စစ်အစိုးရ ငြင်းဆို သတင်း
မြန်မာ နျူကလီးယားဖြေရှင်းချက် ခိုင်လုံမှုမရှိ သတင်း
အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မြန်မာ့အရေး မေးမြန်းဆွေးနွေး သတင်း
သံဃာလှုပ်ရှားမှုဆရာတော် ဦးဂမ္ဘီရကို မယ်တော်ဖြစ်သူ တွေ့ခွင့်ရရှိ သတင်း
အရှင်ဂမ္ဘီရကို ရွေးကောက်ပွဲသဘောထား မေးမြန်း သတင်း
ပါတီအာဘော်စာစောင်များ ထုတ်ဝေခွင့်ရရှိ သတင်း
ပညာသင်ကြားစရိတ် မြင့်မားမှု ရန်ကုန်မှာ စာရွက်ဖြန့်ဝေ သတင်း
လူသေသည်အထိ ဓားထိုးမှု ကျူးလွန်သူကို ဖမ်းဆီးရမိ သတင်း
တရားမ၀င် ဆိုင်ကယ်များကို လိုင်စင်ထပ်မံ လုပ်ပေးနေ သတင်း
ရခိုင်ပြည်နယ်၏ သစ်မှောင်ခိုလုပ်ငန်း (ဆောင်းပါး)
မိုးခပန်းချီပြပွဲ၊ အနုပညာရှင်များ ၀ိုင်းဝန်းကြ၊ ကျော်သူပန်းချီကားများ တင်ဆက် သတင်း
ကာဂစ်စတန်မှာ ပစ်မိန့်ပေးလိုက်ပြီ သတင်း
နီကိုဘာကျွန်းငလျင်ကြောင့် အိန္ဒိယနိုင်ငံမှာ ဆူနာမီသတိပေးချက် ထုတ် သတင်း
စစ်တပ်သာမက ရေတပ်ကလည်း ပိုစတာကပ် ဆိုင်းဘုတ်ထောင်ပြီး ရခိုင်တွင် လူသစ်များ စုဆောင်း သတင်း
မြန်မာနျူကလီးယားနဲ့ အိုဘားမားအတွက် အခွင့်အလမ်း (ဆောင်းပါး)
ထိုင်းရှပ်နီဆန္ဒပြပွဲ၌ အဖမ်းခံရသူစာရင်း မြန်မာ (၁၃) ဦး ပါဝင် သတင်း
ရဲစခန်းတွင် တပ်ဆင်မည့် (၅) သိန်းတန် ဖုန်းအတွက် ရွာသားများထံမှ ငွေကောက် သတင်း
ဧရာဝတီ လင်းပိုင် (၅) ကောင် တလအတွင်း သေဆုံး သတင်း
ရန်ကုန် ကမ်းနားလမ်း (၆) လမ်းသွားစီမံကိန်း စတင် သတင်း
မန္တလေးတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားမှုများ လစဉ်ပြုလုပ် သတင်း

အပေါ်သို့