Friday, June 15, 2012

ဆန္ဒပြရွှေလုပ်သားများကို လုံခြုံရေးများက ကြမ်းတမ်းစွာဆက်ဆံခဲ့

မန်းသားလေး
June 14, 2012

မိုးထိမိုးမိ ဆန္ဒပြ ရွှေလုပ်သားများမှာ ရမည်းသင်းမြို့နှင့် ၇ မိုင်ခန့်အကွာရှိ ရွှေမြင်တင် ဘုရားဝန်းအတွင်း ၄ ရက်ကြာ ပိတ်ဆို့ခံခဲ့ရပြီး ယနေ့တွင် တောင်းဆိုမှုများ ပြေလည်သွားခဲ့ပြီ ဖြစ်သော်လည်း ပိတ်ဆို့ခံရစဉ် လုံခြုံရေးများက အကြမ်းနည်းဖြင့် ကိုင်တွယ်ဖြေရှင်း ခဲ့ကြောင်း သတင်းရရှိသည်။

‘‘အလုပ်သမားတွေက ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေတာကို လုံခြုံရေးရဲတပ်ဖွဲ့တွေ ဖြေရှင်းတာ ကြမ်းတမ်းတယ်။ ခဏ နားနေတဲ့ ဘုရား ၀န်း အပြင်ဘက်ကို ရဲ ၃၀၀ ကျော်လောက်နဲ့ ၀ိုင်းထားပြီး ရိက္ခာနဲ့ ရေဖြတ်တယ်။ အတွင်းနဲ့ အပြင်က လူတွေကို ၀င်ခွင့် ထွက်ခွင့် မပေးဘူး။ ရိက္ခာလာပို့တဲ့ တချို့လူတွေကို ရဲတွေက တုတ်နဲ့ ရိုက်တာမျိုးတွေတောင် ရှိခဲ့ပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများ သမဂ္ဂ အဖွဲ့ဝင် ကိုဟန်ဝင်းအောင်က ပြောသည်။

Read More...

ဒုက္ခသည်များ ပြန်မပို့ရန် ဘင်္ဂလားဒေ့ရှ်ကို အမေရိကန် တိုက်တွန်း

လာလစ် ကေဂျာ့
June 14, 2012

ဘင်္ဂလားဒေ့ရှ် အစိုးရအနေဖြင့် ဒုက္ခသည်အရေးနှင့် ပတ်သက်၍ မဖြစ်မနေ လိုက်ပါဆောင်ရွက်ပါမည်ဟု နိုင်ငံတကာတွင် ကတိ
ကဝတ် ပြုထားသည်များကို လေးစားလိုက်နာရန် အမေရိကန် အစိုးရက ဗုဒ္ဓဟူးနေ့တွင် တိုက်တွန်းလိုက်သည်။

ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာနိုင်ငံဘက်မှ ဒုက္ခသည် များ အား ဘင်္ဂလားဒေ့ရှ်အစိုးရက ပြန်လည်နှင်ထုတ်သည့်အပေါ် အမေရိကန်အစိုးရအနေနှင့် စိုးရိမ်မိကြောင်း ယမန်နေ့ကကျင်း ပသည့် အမေရိကန် နိုင်ငံခြားရေးဌာန နေ့စဉ် သတင်းစာ ရှင်းလင်းပွဲတွင် ထိုသို့ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

Read More...

ရခိုင်၌ တည်ငြိမ်မှု စတင် ရရှိနေ

ခင်ဦးသာ
June 14, 2012

ရခိုင်ပြည်နယ်၏ မြို့နယ်၊ ကျေးရွာအများစု၌ အဓိကရုဏ်းများဖြစ်ပွားပြီး သီတင်းတပတ်ခန့် အကြာတွင် တည်ငြိမ်မှု တချို့ စတင် ရရှိနေပြီ ဖြစ်ကြောင်း သိရသည်။

စစ်တွေမြို့၏ ရပ်ကွက်၊ ကျေးရွာများ၏ ယနေ့ အခြေအနေသည် တည်ငြိမ်အေးချမ်းနေပြီး ပြည်သူတချို့ ပုံမှန်သွားလာနေ သည်ကို တွေ့ရ ကြောင်း၊ မြို့ပေါ်ရှိ ဈေးဆိုင်များ၊ ဆိုင်ခန်းများနှင့် ဘဏ်တချို့ကို ဖွင့်ထားပြီ ဖြစ်ကြောင်း ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခ များ နှင့်ပတ်သက်ပြီး ဖွဲ့စည်းထားသော ပြန်ကြားရေးအဖွဲ့ တာဝန်ခံ ဦးဝင်းမြိုင်က ပြောပြသည်။

“မနေ့က ညနေက စပြီး စစ်တွေ တမြို့လုံး တည်ငြိမ်အေးချမ်းနေပါပြီ၊ ဘာမှ စိုးရိမ်စရာကောင်းတဲ့ အခြေအနေမရှိတော့ပါဘူး” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

Read More...

ဒီမိုကရေစီအရေး ရှေးရှု ရင်းနှီးမြှုပ်နှံရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

သန်းထိုက်ဦး
June 14, 2012

မြန်မာအစိုးရကို အားပေးသည့်အနေဖြင့် ဒီမိုကရေစီနှင့် သဟဇာတဖြစ်မည့် ဖွံ့ဖြိုးရေးအတွက် ရင်းနှီးမြှုပ်နှံကြရန် နိုင်ငံခြား ကုမ္ပဏီ များကို ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ရောက် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောဆိုလိုက်သည်။

ဥရောပ ခရီးစဉ်အတွင်း ဂျနီဗာမြို့ရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) တွင် ယနေ့ ပြောကြားသော ဥရောပရောက် ပထမ ဆုံး မိန့်ခွန်း၌ ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ တိုက်တွန်းခြင်း ဖြစ်သည်။

သို့သော် ရင်းနှီးမြှုပ်နှံရာ၌ သတိထားရမည့် ကိစ္စနှင့် ပတ်သက်၍ မြန်မာအစိုးရပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) သည် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု မရှိသည့်အတွက် ထိုအခြေအနေမှ မတိုးတက်လာသရွေ့ နိုင်ငံခြား ကုမ္ပဏီများအနေဖြင့် MOGE နှင့် ပူးတွဲ အလုပ်လုပ်ခြင်း မပြုကြရန် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

Read More...

ဒေါ်စုကျန်းမာရေးကြောင့် Berne မြို့ သတင်းစာရှင်းလင်းပွဲရပ်နား

14 ဇွန် 2012

ဆွစ်ဇာလန်နိုင်ငံကို ရောက်နေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ညပိုင်းက ဆွစ်ဇာလန် သမ္မတ အယ် ဗလင်း ၀စ်ဒ်မာ ရှူသ်စ် (Eveline Widmier-Schumpf) နဲ့ Berne မြို့မှာ တွေ့ဆုံ ခဲ့ပါတယ်။

မနေ့က ဆွစ်ဇာလန် နိုင်ငံခြားရေးဝန်ကြီး ဒီဒီအေ ဘုဂ်ဟယ်လ် တာ (Didier Burkhalter) နဲ့ တွေ့ဆုံခဲ့ပြီး တဲ့နောက် ပြုလုပ်ခဲ့တဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲအတွင်း ရုတ်တရက် နာမကျန်းဖြစ်လို့ သတင်းစာ ရှင်းလင်းပွဲ ကို ရပ်ဆိုင်းလိုက်ရပါတယ်။ တနေကုန် ပင်ပန်းမှုနဲ့ လေယာဉ်ခရီးတွေကြောင့် သတင်းစာရှင်းလင်းပွဲအစ မိနစ်ပိုင်းအတွင်းမှာပဲ မူးဝေပြီး နေထိုင်မကောင်း ဖြစ်ခဲ့တာပါ။

Read More...

ILO ညီလာခံ ဒေါ်စု မိန့်ခွန်း

14 ဇွန် 2012
ဒေါ်ခင်စိုးဝင်း

အခုညနေပိုင်း အသံမလွှင့်ခင် အချိန်ကလေးကပဲ ၁၀၁ ကြိမ်မြောက် ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ညီလာခံမှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောခဲ့ပါတယ်။ ဒီအကြောင်း အပြည့်အစုံ သိနိုင်အောင် ဂျနီဗာမြို့မှာ ကိုယ်တိုင် သတင်း သွားယူနေတဲ့ ဗွီအိုအေ မြန်မာပိုင်းက အယ်ဒီတာ ဒေါ်ခင်စိုးဝင်းကို ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

မေး။ ဒီကနေ့ ကျင်းပတဲ့ ILO အစည်းအဝေးကို ပြောပြပေးပါဦးရှင့်။

ဖြေ။ ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ ပြောသွားတဲ့ မိန့်ခွန်းထဲမှာ ILO နဲ့ မြန်မာနိုင်ငံရဲ့ ဆက်ဆံရေး အခြေအနေ၊ လူငယ်တွေနဲ့ အလုပ် လက်မဲ့ ပြဿနာ၊ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အရေး၊ တရားဥပဒေ စိုးမိုးရေး စတဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးတွေကို အားလုံး ခြုံငုံပြီးတော့ ပြောသွားတာ ကြားရပါတယ်။ အဲဒီအထဲက စိတ်ဝင်စားစရာ အကောင်းဆုံး အချက်တွေကို အတတ်နိုင်ဆုံး ကောက်နုတ် ပြီးတော့ အတိုချုံးပြီး ပြောပြပေးချင်ပါတယ်။

Read More...

လာဘ်စားမှုကင်းတဲ့ နယ်စပ် လုံခြုံရေး လိုအပ်

14 ဇွန် 2012
စုမြတ်မွန်

မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု မရှိသရွှေ့ အုပ်စုလိုက်ဖြစ်တဲ့ အထိကရုန်းတွေ ဆက်ဖြစ်နေမှာ ဖြစ်တယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ရခိုင်ပြည်နယ်ဖက်မှာ လာဘ်စားမှုကင်းတဲ့ နယ်စပ်လုံခြုံရေးရှိဖို့ အရေးကြီး တယ် ဆိုတာကိုလဲ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာတွေ မြန်မာနိုင်ငံသား ဖြစ်သင့် မသင့်၊ အရင် စစ်ခေါင်းဆောင်ဟောင်းတွေ အပေါ် အရေးယူ သင့် မသင့် စတဲ့ သတင်းထောက် တွေရဲ့ အမေးကို ဒေါ်အောင်ဆန်းစုကြည် ပြန်လည် ဖြေကြားတာကို မစုမြတ်မွန်က စုစည်း တင်ပြပေးထားပါတယ်။

ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်ရဲ့ အလုပ်သမားညီလာခံမှာ မိန့်ခွန်း ပြောကြားပြီးတဲ့နောက် ပြုလုပ်တဲ့ သတင်းစာ ရှင်း လင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေတွေကြောင့် တရားဥပဒေ စိုးမိုးမှု ရှိဖို့ ဘယ်လောက် အရေး ကြီးသလဲဆိုတာ ပြသနေတယ် ဆိုတာကို အလေးထားပြီး ဖြေဆိုသွားတာကို တွေ့ရပါတယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ အခြေအနေ တွေနဲ့ ပါတ်သက်လို့ စိုးရိမ်သလားဆိုတဲ့ သတင်းထောက် တယောက်က မေးပါတယ်၊ ဒေါ်အောင်ဆန်းစုကြည် ပြန်ဖြေတာက -

Read More...

ILO အရေးယူမှု ရပ်ဆိုင်းခြင်း ဒေါ်စု ကြိုဆို

14 ဇွန် 2012

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲမှုတွေ ပိုမို ဖြစ်ထွန်းလာစေဖို့အတွက် နိုင်ငံတကာက ကူညီ ထောက်ပံ့ကြဖို့နဲ့ ရင်းနှီး မြှပ်နှံ မှုတွေ လုပ်ကြဖို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ၁၀၁ ကြိမ်မြောက် ILO နိုင်ငံတကာ အလုပ်သမား ညီလာ ခံမှာ ပြောကြားလိုက်ပါတယ်။

မနေ့က အစည်းအဝေးမှာ မြန်မာနိုင်ငံအပေါ် နည်းပညာပိုင်းနဲ့ တခြားအကူအညီပေးမှု ကန့်သတ် ထားချက် တွေကို ILO က ပြန်လည် ရုပ်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာနဲ့ ပါတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုလိုက်တဲ့ အပြင် ဒါဟာ မြန်မာနိုင်ငံအတွက် မကြုံစဖူး အခွင့် အရေး တရပ်ဖြစ်ကြောင်း ဒီကနေ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

Read More...

အီဂျစ်ဖွဲ့စည်းပုံ ခုံရုံးဆုံးဖြတ်ချက် လူထုကန့်ကွက်

14 ဇွန် 2012

တကျော့ပြန်သမ္မတ ရွေးကောက်ပွဲတွေမတိုင်ခင် ရက်ပိုင်းအလို ရှုပ်ထွေးမှုတွေဖြစ်စေတဲ့ ဆုံးဖြတ်ချက်နှစ်ရပ်ကို အီဂျစ်နိုင်ငံ ဖွဲ့စည်း အုပ် ချုပ်ပုံဆိုင်ရာခုံရုံးက ချမှတ်လိုက်ပြီးတဲ့နောက် လူထုအကြား ဒေါသထွက်ခဲ့ကြပြီး လမ်းပေါ်ထွက် ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

မကြာခင်ကျင်းပမယ့် တကျော့ပြန် သမ္မတရွေးကောက်ပွဲတွေမှာ ၀န်ကြီးချုပ်ဟောင်း Ahmed Shafiq ၀င်ရောက်ယှဉ်ပြိုင်ရာမှာ အနိုင်ရ အောင်လို့ ကြိုတင်လမ်းရှင်းတဲ့အနေနဲ့ သမ္မတဟောင်း ဟို့စနီမူဘာရက် အစိုးရထဲကအရာရှိတွေ အစိုးရနေရာတွေမှာ ပြန် တာဝန် မယူ နိုင်အောင်တားမြစ်တဲ့ လွှတ်တော် ကပြဌာန်းထားတဲ့ ဥပဒေကို ဖွဲ့စည်းအုပ်ချုပ်ပုံဆိုင်ရာ ခုံရုံးက ပယ်ချလိုက်တာဖြစ်ပါတယ်။

Read More...

အလုပ်သမားအရေး လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေ ( ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နဲ့ သီးခြားမေးမြန်းခန်း)

14 ဇွန် 2012
ဒေါ်ခင်စိုးဝင်း

အလုပ်သမားအခွင့်အရေး တောင်းဆိုဆန္ဒပြကြတာတွေနဲ့ပတ်သက်ပြီး နိုင်ငံရေးပါတီတွေ၊ အလုပ်သမားရေး ဆောင်ရွက်သူတွေနဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ ပါဝင်ဆွေးနွေးအကြံပြုခဲ့တာကို ပြည်ထောင်စုအလုပ်သမားဝန်ကြီး ဦးအောင်ကြည်က အသိ အမှတ် ပြုလိုက်ပြီး အဲဒီဆွေးနွေးမှုနောက်ပိုင်း အလုပ်သမားအရေး ကိုင်တွယ်တဲ့နေရာမှာ ပိုပြီးတော့ အဆင်ပြေလာတာ တွေ့ရတယ် လို့ လည်း ပြောလိုက်ပါတယ်။ (၁၀၁) ကြိမ်မြောက် ILO ကမ္ဘာ့အလုပ်သမားညီလာခံတက်ရောက်နေတဲ့ အလုပ်သမားဝန်ကြီး ဦးအောင် ကြည်ကို ဂျနီဗာမြို့မှာရောက်နေတဲ့ ဗွီအိုအေ ဝိုင်းတော်သူ ဒေါ်ခင်စိုးဝင်းက ဂျနီဗာမြို့မှာရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ် စားလှယ် အဖွဲ့ရုံးမှာ သီးခြားတွေ့ဆုံမေးမြန်းထားပါတယ်။

ဦးအောင်ကြည်။ ။ ဒီနေရာမှာ ကျနော် အသိအမှတ်ပြု ပြောချင်တာက ဘာလဲဆိုတော့ ဒီကိုလာခါနီး ၃ ရက်နေ့မှာ ရန်ကုန်မှာ Multi Literal Talk သဘောမျိုး Tallks လေးတခု လုပ်လိုက်ပါတယ်။ အဲဒီမှာ အဖွဲ့အစည်းတွေ အကုန်လုံးပါကြတယ်။ အလုပ်သမား ရေး လှုပ်ရှားတဲ့ ပုဂ္ဂိုလ်တွေရော၊ အလုပ်သမားကိုယ်စားလှယ်တွေရော၊ အလုပ်ရှင်ကိုယ်စားလှယ်တွေရော၊ နိုင်ငံရေးပါတီတွေရော၊ လွှတ်တော် ကိုယ်စားလှယ် တွေရော၊ အစိုးရဝန်ကြီးတွေရော- ဒီပြဿနာကို စဉ်းစားတဲ့အထဲမှာ အချက်တချက်ပါတာပေါ့။ တကယ့် တကယ် သူ့ရဲ့ ခေါင်းစဉ်ကတော့ CMP လုပ်ငန်းနဲ့ ပတ်သက်တာပေါ့။ မြန်မာနိုင်ငံမှာတော့ စက်ရုံအလုပ်ရုံတွေအများစုက CMP ပဲ ဖြစ်နေသေးတာကို။ အဲဒီတော့ CMP လုပ်ငန်းနဲ့ပတ်သက်ပြီး ကျနော်တို့ စဉ်းစားရင်းနဲ့ ဒီ အလုပ်ရှင်၊ အလုပ်သမားပြဿနာတွေကို ဘယ်လို ဖြေရှင်းကြမလဲ ဆိုတာ စဉ်းစားရင်းနဲ့ ကျနော်တို့ အဲဒီမှာ connection လေးတစ်ခု ရခဲ့တယ်။

Read More...

ကုလအထူးအကြံပေး ပြန်လည်ထွက်ခွာ

2012-06-14

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေး မစ္စတာ Vijay Nambia ဟာ မနေ့က မြန်မာနိုင်ငံကနေ ပြန်လည် ထွက်ခွာ သွားပြီ ဖြစ်ပါတယ်။

မစ္စတာ နမ်ဘီယာ ခရီးစဉ်နဲ့ပတ်သက်ပြီး နယူးယောက်မြို့ ကုလ သမဂ္ဂဌာနချုပ်မှာ မနေ့ကကျင်းပတဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ အတွင်းရေးမှူးချုပ်ရုံးရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် မာတီနာဆာကီ က ပြောဆိုရာမှာ -

Read More...

မြန်မာအပေါ် ပိတ်ဆို့မှု ဆွစ်ဇာလန် ရုပ်သိမ်း

2012-06-14

မြန်မာနိင်ငံအပေါ် ပိတ်ဆို့အရေးယူမှု အများစုကို ဆွစ်ဇာလန်နိင်ငံက ရုပ်သိမ်းလိုက်ကြောင်း မနေ့က Swiss နိုင်ငံခြားရေးဌာနက ပြော ကြား လိုက်ပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ပူးတွဲကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာလည်း Swiss နိုင်ငံခြားရေးဝန်ကြီး Didier Burkhalter က မြန်မာအပေါ် ပိတ်ဆို့မှုတွေ ရုပ်သိမ်းကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

Read More...

ဘင်္ဂလီရိုဟင်ဂျာ ဒုက္ခသည် ဘင်္ဂလားဒေ့ရှ် လက်မခံ

2012-06-14

မြန်မာဘက်က ခိုလှုံလာသူ ဘင်္ဂလီ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် နယ်စပ်ကို ဖွင့်ပေးဖို့ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ဖိအားပေးတောင်းဆိုနေပေမဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရကတော့ မနေ့က လက်မခံဘဲ ငြင်းဆိုလိုက်ပါတယ်။

မနေ့က ဘင်္ဂလီဒုက္ခသည် (၇၀၀) လောက်ပါတဲ့ လှေ (၁၇) စင်းလောက်ကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က အ၀င်မခံဘဲ ပြန် မောင်း ထုတ်ခဲ့ပါတယ်။

Read More...

ဆန္ဒပြရွှေတွင်း လုပ်သားများ တောင်းဆိုချက်ရရှိ

2012-06-14

နေပြည်တော်ကို ချီတက်ဆန္ဒပြနေတဲ့ ရမည်းသင်းခရိုင်က ရွှေတွင်းလုပ်သားတွေ လမ်းခုလတ်မှာပဲ သူတို့ တောင်းဆိုတာတွေကို ကုမ္ပဏီ ဘက်က ဒီနေ့ လိုက်လျောလိုက်တယ်လို့ သိရပါတယ်။

နေပြည်တော် သမ္မတအိမ်တော်အထိ ချီတက်လမ်းလျှောက် ဆန္ဒပြနေကြတဲ့ ရမည်းသင်းခရိုင် မိုးထိ မိုးမိ ရွှေတွင်းက ရွှေလုပ်သား တွေဟာ လမ်းခုလတ်ရှိ ရွှေမြင်တင် ဘုရားတောင်ခြေ အရောက်မှာ လုံခြုံရေးတွေရဲ့ ပိတ်ဆို့တားဆီးတာ ခံနေရသလို တဘက် က လည်း အာဏာ ပိုင် တွေနဲ့ ပူးပေါင်း ညှိနှိုင်းမှုတွေ လုပ်နေရင်း သူတို့ တောင်းဆိုထားတဲ့ အခွင့်အရေးတွေရရှိပြီး ပြေလည်သွား တာဖြစ် တယ်လို့ ဆန္ဒပြ ခေါင်းဆောင် ကိုသက်လွင်က ပြောပါတယ်။

Read More...

မြန်မာနိုင်ငံမှာ တရားဥပဒေနဲ့ နိုင်ငံရေးအရ ညှိနှိုင်းမှု လိုအပ်

2012-06-14

မြန်မာနိုင်ငံ ငြိမ်းချမ်းနိုင်ရေးအတွက် တရားဥပဒေစိုးမိုးမှုရှိဖို့ အရေး ကြီးကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည် က ပြောဆိုပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ ILO နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် ညီလာခံမှာ မိန့်ခွန်းပြောကြားအပြီး၊ သတင်းစာ ရှင်း လင်း ပွဲမှာ နိုင်ငံတကာ သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။

Read More...

ရခိုင်ပြည်နယ် အဓိကရုဏ်း သွေးရိုးသားရိုး မဟုတ်ဟု ALP ပြော

14 June 2012
စောခါးစူးညား

ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော ရခိုင်နှင့် ဘင်္ဂလီ(ရိုဟင်ဂျာ)တို့၏ အဓိကရုဏ်းကိစ္စသည် သွေးရိုးသားရိုး မဟုတ်ကြောင်း ရခိုင် လွတ် မြောက်ရေးပါတီ(ALP)က ယနေ့ပြောကြားလိုက်သည်။

လက်ရှိဖြစ်ပေါ်နေသည့် အဓိကရုဏ်းသည် မသမာသူတို့၏ အစီအစဉ်ရှိရှိ ရက်စက်မှုကြောင့် ရခိုင်ပြည်နယ် အတွင်း ပြာပုံအတိဖြင့် ရောက် ရှိနေပြီးဖြစ်ကြောင်း ယနေ့ညနေ ၄နာရီကျော်တွင် ထိုင်း-မြန်မာနယ်စပ် တနေရာ၌ ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင် ALP က ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

Read More...

လယ့်ဟော်ရွာ ကျောင်းဖွင့်ပွဲ အစိုးရတာဝန်ရှိသူ နှင့် ကရင်ခေါင်းဆောင်များ တက်ရောက်

14 June 2012
နန်းမနိုက်အွာ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လယ့်ဟော်ကျေးရွာတွင် ယနေ့ မနက်၌ စာသင်ကျောင်းဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ရာ ဒေသ ဆိုင်ရာ မြန်မာအစိုးရ တာဝန်ရှိသူအချို့နှင့် ဒေသခံ ကရင်အမျိုးသား ခေါင်းဆောင်အချို့ တက်ရောက်အားပေးခဲ့သည်ဟု သိရသည်။

ယနေ့မနက် ၉နာရီမှ ၁၀နာရီအထိ ကျင်းပခဲ့သည့် ထိုကျောင်းဖွင့်ပွဲအခမ်းအနားတွင် ဝေါ်လေမြို့နယ်ခွဲရှိ ဝေါ်လေ ကျောင်းအုပ်ကြီး၊ အစိုးရ အုပ်ချုပ်ရေးတာဝန်ရှိသူအချို့၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA (၂၀၁)တပ်ရင်းမှ ဒု-ရင်းမှူး ဗိုလ်မှူး စောကြည် အောင် အပါအဝင် ခေါင်းဆောင်နှစ်ဦးနှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA)မှ ခေါင်းဆောင် အချို့တက်ရောက်ခဲ့ သည်ဟု လယ့်ဟော်ရွာသူကြီး စောဖာ့တပေါ့က ပြောသည်။

Read More...

7 July ရွှေရတု နာယက သံဃာ ၂၀၊ လူ ၂၀ လျာထားပြီး

နေမျိုး
ဇွန်လ ၁၄ ရက် ၂၀၁၂ ခုနှစ်

ဇူလိုင် ၇ ရက် အရေးတော်ပုံ ရွှေရတု အခမ်းအနား ကျင်းပရေးအတွက် ဦးစီးနာယကများ လျာထားပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

၁၉၆၂ ခုနှစ်က ကျောင်းသားသမဂ္ဂ အဆောက်အဦး ဖြိုချ ဖျက်ဆီးခံရခြင်း နှစ် ၅၀ ပြည့် အခမ်းအနား ဖြစ်မြောက်ရေး အတွက် ဆပ် ကော်မတီများ ညှိနှိုင်းအစည်းအဝေးကို မန္တလေးမြို့၊ ဘုရားကြီး အလယ်တိုက်တွင် ကြာသပတေးနေ့ မနက်က ပြုလုပ်ခဲ့သည်။

ထိုအစည်းအဝေးမှ ပဏာမရွေးချယ်မှုအဖြစ် သံဃာတော် အပါး ၂၀ ကျော်၊ လူပုဂ္ဂိုလ် ၂၀ ကျော် ရွေးချယ်ထားခြင်း ဖြစ်ကြောင်း ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (အထက်ဗမာပြည်) သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ကိုရဲရင့်ကျော် က ပြောသည်။

Read More...

အခြေခံလစာအပေါ် အလုပ်သမားဌာနနှင့် အလုပ်ရှင်သဘောထား

ဝေစန္ဒာ
ဇွန်လ ၁၄ ရက် ၂၀၁၂ ခုနှစ်

အလုပ်သမားများ၏ အခြေခံ လုပ်ခလစာ တပြေးညီ သတ်မှတ်ပေးရန် အလုပ်သမား ဦးစီးဌာနမှ အလုပ်ရှင်များကို ခေါ်ယူညှိနှိုင်းထား ကြောင်း ညွှန်ကြားရေးမှူး ဦးကျော်ကျော်လွင် က ပြောသည်။

“တပြေးညီ မသတ်မှတ်ရသေးပါဘူး။ အဲလိုသတ်မှတ်ပေးဖို့ ဆွေးနွေးခိုင်းထားတာပါ။ နိုင်ငံတော်က အစိုးရဝန်ထမ်းတွေ ပေးထားတဲ့ နေ့ ကြေးက ၁,၁ဝဝ၊ ထောက်ပံ့ကြေးက ၁,ဝဝဝ ပေးတယ်။ အဲဒီလိုမျိုး တနေ့ ၂,၁ဝဝ ပေးတာမျိုး ပေးဖို့ ဆွေးနွေးခိုင်းတာပါ။ ဌာနက သတ် မှတ်ပေးလို့ မရပါဘူး။ ဆွေးနွေးခိုင်းထားတဲ့ အဆင့်ပဲ ရှိပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

ထိုသို့ သတ်မှတ်ပေးရန် အထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း၊ ရေထွက် လုပ်ငန်းရှင်များ
အသင်း စသည့် လုပ်ငန်းပေါင်း ၅၉ ခုကို ဆွေးနွေးကြရန် ညွှန်ကြားထားကြောင်း သိရသည်။

Read More...

မသီတာထွေးအမှု စွပ်စွဲခံရသူများ တမှု ဝန်ခံ၊ နှစ်မှု ငြင်းဆို

နေမျိုး
ဇွန်လ ၁၄ ရက် ၂၀၁၂ ခုနှစ်

မေလ ၂၈ ရက်နေ့က ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် သပြေချောင်းကျေးရွာသူ မသီတာထွေး အား အဓမ္မပြု သတ်ဖြတ်ကာ ပစ္စည်း လုယက် မှုတို့ဖြင့် စွပ်စွဲခံရသူ ရော့ပီးနှင့် ခိုချီး တို့ နှစ်ဦးက အဓမ္မပြုကျင့်မှု ကျူးလွန်ခဲ့ကြောင်း ဝန်ခံဖြောင့်ချက် ပေးသော်လည်း လူသတ်မှုနှင့် လု ယက် မှုကိုမူ မကျူးလွန်ခဲ့ ကြောင်း ကြာသပတေးနေ့ ရုံးတော်တွင် ငြင်းလိုက်ကြသည်။

မနက်ပိုင်းက ကျောက်ဖြူ ခရိုင်တရားရုံးတွင် တရားသူကြီး ဒေါ်ဌေးဌေးကြည်က ကြားနာခဲ့ရာတွင် စွပ်စွဲခံရသူ နှစ်ဦး ဘက်မှ တရားခံပြ သက်သေ တင်ပြခြင်း မရှိ၍ ခရိုင်ဥပဒေအရာရှိ ဦးစောမြ က ရုံးတော်သို့ စွဲချက် တင်သွင်းခဲ့ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ပြောသည်။

“တရားခံဘက်က ပြစ်မှုဥပဒေပုဒ်မ ၃၇၆ မုဒိန်းမှုကို သူတို့ကဝန်ခံပြီးတော့ ကျန်နှစ်မှုကို ငြင်းတယ်။ ဒါပေမယ့် ပစ္စည်းလုတဲ့ စွဲချက်ရယ်၊ လူသတ်တဲ့ စွဲချက်ရယ် ဒီနှစ်ခုကို ငြင်းတယ်လို့ သိရပါတယ်။ ငြင်းတဲ့အတွက်ကြောင့် မနက်ဖြန်ခါ ရုံးချိန်မှာ တရားခံ နှစ်ယောက်ကို စစ်မယ်” ဟု မဇ္ဈိမကို ပြောသည်။

Read More...

ဒေါက်တာလေးတွေရဲ့ အခက်အခဲက

ဇွန်လ ၁၄ ရက် ၂၀၁၂ ခုနှစ်

သို့ 
အယ်ဒီတာရှင့်

ကျမ ကတော့ ရန်ကုန်ဆေးတက္ကသိုလ် (၁) က ၂၀၁၁ ခုနှစ်မှာ ဆေးပညာဘွဲ့ ရရှိထားတဲ့ ဆရာဝန်တဦး ဖြစ်ပါတယ်။ အခု ပြောပြ ချင်တာက ဆရာဝန်တွေကို သတ်မှတ်ထားတဲ့ Education Clearance (EC) အကြောင်းပါ။

ဆရာဝန်တယောက် ဘယ်လို အကြောင်းကြောင့်ပဲ နိုင်ငံခြားထွက်ထွက် ၁၀ သိန်း ပေးလျော်ပြီးမှ သွားရမယ်လို့  သတ်မှတ်ထား ပါတယ်။ ၁၀ သိန်းဆိုတဲ့ ငွေက အထူးကု ဆရာဝန်ကြီးတွေ၊ ဆေးခန်းကြီးတွေမှာ လူနာ လက်မလည်အောင် ကြည့်နေရတဲ့ ဆရာ ၀န်ကြီးတွေ အတွက် မပြောပလောက်တဲ့ငွေ ဆိုပေမယ့် ကျမတို့လို ကျောင်းပြီးခါစ ဆရာဝန်ပေါက်စတွေ အတွက်ကျတော့ မတတ် နိုင်လောက်တဲ့ ငွေကြေးပါ။

Read More...

ဒေါ်စု ILO မိန့်ခွန်းပြောပြီး ရခိုင်ပြည်နယ်နှင့် ရိုဟင်ဂျာအရေး ဖြေကြား

ဇွန်လ ၁၄ ရက် ၂၀၁၂ ခုနှစ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ် ILO ညီလာခံတွင် ဇွန်လ ၁၄ ရက်နေ့က နာရီဝက်ခန့်ကြာ မိန့်ခွန်းပြောဆိုပြီး သတင်းစာ ရှင်းလင်းပွဲတခု လည်း ပြုလုပ်ခဲ့သည်။

မိန့်ခွန်းတွင် မြန်မာနိုင်ငံမှာ အာဏာရှင်စနစ်မှ အသွင်ပြောင်း အရေခွံလဲလာသည့် နိုင်ငံများနှင့် ဆင်တူကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်သည်။

၁၉၈၈ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်အခြေချခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး ဥရောပခရီးစဉ်ကို ဇွန်လ ၁၃ ရက်နေ့က စတင်ခဲ့ပြီး ဆွတ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ပြုလုပ်သည့် ILO ညီလာခံတွင် တက်ရောက် မိန့်ခွန်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

Read More...

ကျောက်ဖြူအနီး ရေယာဉ် နစ်မြုပ်မှု အာမခံငွေ ကျပ် ၇၅ သန်းအတွက် စစ်ဆေးနေ

အောင်ဝင်း
ဇွန်လ ၁၄ ရက် ၂၀၁၂ ခုနှစ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့အနီး ပင်လယ်ပြင်တွင် ဇွန်လ ၁၀ ရက်နေ့က နစ်မြုပ်သွား ခဲ့သော ‘ရွှေဇေယျာအောင်’ကုန်တင် ရေယာဉ် ပေါ်တွင် ပါရှိသွားသော ကုန်ပစ္စည်းများအတွက် အာမခံ ထားရှိငွေ ကျပ် ၇၅ သန်းကျော်အတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး အတည်ပြုပြီးပါက လျော်ကြေးငွေများကို ပေးအပ်သွား မည် ဖြစ်ကြောင်း မြန်မာ့ အာမခံလုပ်ငန်းမှ အဆင့်မြင့် အရာရှိတဦးက ပြော သည်။

ကမ်းရိုးတန်းသွား ကုန်တင် ရေယာဉ်များ အသင်းဝင် ရွှေဇေယျာအောင်၊ ဂရံ အမှတ် (၄၈၆၇) သည် ရန်ကုန် ဆိပ်ကမ်းမှ စစ်တွေမြို့သို့ ကုန်စုံ ၆၅၀ တန် ဖြင့် ဇွန်လ ၈ ရက်နေ့မှ ထွက်ခွါလာခဲ့ပြီး ၁၀ ရက်နေ့ ည ၁၀ နာရီ ၄၅ မိနစ်အချိန်တွင် ရာသီဥတု ဆိုးဝါးသည့် ဒဏ် ကြောင့် ကျောက်ဖြူ မြို့နယ်အနီး ပင်လယ်ပြင်တွင် နစ်မြုပ်သွားခဲ့ခြင်း ဖြစ်ကြောင်း မြန်မာ့ကမ်းရိုးတန်းသွား ကုန်တင်ရေယာဉ်များ အသင်းမှ တာဝန်ရှိသူ တဦးက အတည်ပြု ပြောကြား သည်။

Read More...

ရခိုင်ပြည်နယ် ပဋိပက္ခ ဒီမိုကရေစီအရေး အတားအဆီးဟု ကွင်တားနား ပြော

မျိုးသန့်
ဇွန်လ ၁၄ ရက် ၂၀၁၂ ခုနှစ်

ရခိုင်ပြည်နယ်အတွင်း ဗုဒ္ဓဘာသာဝင် ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီ ရိုဟင်ဂျာများ အကြား ဖြစ်ပွားနေသည့် ပဋိပက္ခများသည် နိုင်ငံ့အနာဂတ် ဒီမိုကရေစီရေးအတွက် ကြီးမားသည့် အတားအဆီးတခု ဖြစ်လာနိုင်သည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူး သံတမန် သောမတ်စ် အိုဟေး ကွင်တားနား သတိပေး ပြောကြားလိုက်သည်။

“တင်းမာမှုများဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီကူပြောင်းရေးနဲ့ တည်ငြိမ်ရေးတို့အတွက် အတားအဆီး ဖြစ်ပေါ်နေပြီး တရားဥပဒေကို လေးစားဖို့နဲ့ အကြမ်းဖက်မှုတွေ မလုပ်ကြဖို့ နှစ်ဘက်လုံးကို ကျနော် တိုက်တွန်းပါတယ်” ဟု ကွင်တားနား၏ ပြောကြားချက်ကို ကုလ သမဂ္ဂ ပြန်ကြားရေးဌာန (ရန်ကုန်) ၏ အင်တာနက် စာမျက်နှာတွင် ဇွန်လ ၁၃ ရက်နေ့ နေ့စွဲဖြင့် ဖေါ်ပြထားသည်။

Read More...

Thursday, June 14, 2012

ရခိုင်ပြည်နယ် ဒုက္ခသည်များအရေး ကုလသမဂ္ဂ ကူညီမည်

ကျော်ခ
June 13, 2012

ရခိုင်ပြည်နယ် အတွင်း အဓိကရုဏ်းများ ဖြစ်ပွားမှုကြောင့် အိုးအိမ်မဲ့ဖြစ်ခဲ့ရသော ဒုက္ခသည်များ အရေးကို မြန်မာအစိုးရနှင့် ပူးပေါင်း ကူညီသွားမည် ဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အကြံပေးပုဂ္ဂိုလ် မစ္စတာ ဘီဂျေ နမ်ဘီ ယာက ယနေ့ ပြောဆိုလိုက်ကြောင်း သိရသည်။

အဓိကရုဏ်းဖြစ်ပွားမှုကြောင့် မြန်မာအစိုးရက အရေးပေါ်ကြေညာချက်ထုတ်ပြန်ထားသော နယ်မြေများအနက် စစ်တွေနှင့် မောင် တော မြို့များသို့ မစ္စတာ နမ်ဘီယာ ရောက်ရှိလာပြီး ယနေ့ မွန်းလွဲပိုင်းတွင် မောင်တောမြို့ပေါ်ရှိ အလိုတော်ပြည့် ကျောင်းတိုက် က ဒုက္ခသည် များကို လာရောက် တွေ့ဆုံစဉ် ယင်းသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

Read More...

သမ္မတ ဦးသိန်းစိန်နှင့် ကုလ ကိုယ်စားလှယ် ရခိုင်ပြည်နယ်အရေး ဆွေးနွေး

လင်းသန့်
June 13, 2012

ရခိုင်ပြည်နယ်တွင် လတ်တလော ဖြစ်ပွားနေသော အကြမ်းဖက်မှုများ၊ မတည်ငြိမ်မှုများကြောင့် အရေးပေါ် အခြေအနေ ကြေညာထား သည့် ကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် ရောက်ရှိနေသော မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေ နမ်ဘီ ယားနှင့် သမ္မတ ဦးသိန်းစိန်တို့ ယမန်နေ့က နေပြည်တော်တွင် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

“သူနဲ့ သမ္မတနဲ့ ဆွေးနွေးခဲ့ကြတာက ကျယ်ပြန့်တဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ အကြမ်းဖက်မှုသံသရာ မလည်စေဖို့ သမ္မတ ဦးသိန်းစိန် ထုတ်ပြန် လိုက်တဲ့ အရေးပေါ် အခြေအနေ ကြေညာတာနဲ့ ပတ်သက်ပြီး မြန်မာအစိုးရအနေနဲ့ တရားဥပဒေ စိုးမိုးရေး၊ လူ့အခွင့်အရေး တို့ကို လေးစား ပြီး အခြေအနေတွေကိုလည်း ပွင့်လင်းမြင်သာအောင် ကိုင်တွယ်လုပ်ဆောင်ဖို့ လိုတာတွေ ဆွေးနွေးခဲ့တာပါ” ဟု ကုလသမဂ္ဂ ပြောရေး ဆိုခွင့် ရှိသူ Martin Nesirky က နယူးယောက်မြို့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

Read More...

စစ်တွေမြင်ကွင်း

ခင်သြ
June 13, 2012

စစ်တွေ လေယာဉ်ကွင်းကို လေယာဉ် မဆင်းခင်ကတည်းက အလိပ်လိုက် အလိပ်လိုက် တက်နေတဲ့ မီးခိုးလုံးကြီးတွေကို အပေါ်စီးက မြင်နေရတယ်။ လေယာဉ်ကွင်းမှာတော့ စစ်သားတချို့ ယူနီဖောင်းအပြည့်အစုံ လက်နက်အပြည့်အစုံနဲ့ လုံခြုံရေးယူထားတာကို တွေ့ရ တယ်။ မြို့ထဲမှာ မီးခိုးတွေ လိပ်လိပ်တက်လာအောင် မီးလောင်နေပေမယ့် လေယာဉ်ကွင်းက လူတွေကတော့ သူတို့နဲ့ မဆိုင်သလိုပဲ။ လုပ်စရာရှိတာ အေးအေးဆေးဆေး လုပ်နေကြတယ်။

စစ်တွေ တစ်မြို့လုံး လမ်းတွေပေါ်မှာ လူမရှိသလောက်ပဲ။ ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်နဲ့ ကားတွေ ဖြတ်သွားရင် အိမ်ခြံဝင်းတွေထဲက အမျိုးသမီးနဲ့ ကလေးတွေ ထွက်ကြည့်ကြတယ်။ သူတို့ အားလုံးရဲ့ လက်ထဲမှာ ၀ါးချွန်တွေ၊ သံလုံးတွေ၊ တချို့ ဂေါ့က်ရိုက်တံတွေ ကအစ ကိုင်ထားတယ်။

Read More...

ဒေါ်စု ဂျနီဗာရောက်ပြီ

13 ဇွန် 2012
ဒေါ်ခင်စိုးဝင်း/မအေးသန္တာကျော်

မြန်မာနိုင်ငံကနေ ဂျွန်လ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့မှာ ဥရောပခရီးစဉ် စတင်ထွက်ခွာလာခဲ့တဲ့ ဒေါ်အောင် ဆန်းစုကြည်ဟာ ပထမဆုံး ခရီးစဉ် တထောက်ဖြစ်တဲ့ မကြာသေးခင် နာရီပိုင်းအတွင်း ကပဲ ဒေသ စံတော်ချိန် ၁၃ ရက်နေ့ည ၁၁ နာရီမှာ ဂျနီဗာမြို့ရဲ့ နိုင်ငံတကာ လေဆိပ် ကို ရောက်ရှိခဲ့ပါ တယ်။ ဒေါ်အောင်ဆန်းစုကြည် အခုလို ရောက်လာတာနဲ့ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ် တလျှောက် သတင်းယူဖို့ ရောက်နေတဲ့ ဝိုင်းတော်သူ ဒေါ်ခင်စိုးဝင်းကို မအေးသန္တာကျော်က ဆက်သွယ်မေးမြန်း တဲ့ အခါမှာ အခုလို စပြီး ပြောပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။ “ဒေါ်အောင်ဆန်းစုကြည်နဲ့တော့ မတွေ့လိုက် ရဘူး။ ဘာဖြစ်လို့လဲဆိုတော့ လုံခြုံရေး အစောင့်အကြပ်တွေက တခါ တည်း ကားပေါ်တက်ပြီးတော့ ဟိုတယ်လ်ကို သွားတယ် ဆိုတာနဲ့ အန်တီတို့လည်း ဟိုတယ်ကို ပြေးပြီးလိုက်လာကြတာပေါ့နော်။ ဟိုတယ်လ် လည်းရောက်ရော ဒေါ်အောင် ဆန်းစုကြည်ကိုတော့ မမြင်လိုက်ရဘူး။ ဒါပေမဲ့ သူ့ကို စောင့်ပြီး ကြိုဆိုနေတဲ့ အဖွဲ့တွေ ကိုတော့ တွေ့ရ တာ ပေါ့လေ။ အဲဒီအထဲက ဆွစ်ဇာလန် အခြေစိုက်၊ မြန်မာ့အရေး လှုပ်ရှားနေတဲ့ အမျိုးသမီးတယောက်ကတော့ သူ တွေ့လိုက်ရတဲ့ အကြောင်း ပြောပြတယ်လေ။”

Read More...

အပေါ်သို့