Saturday, October 9, 2010

အတ္တဟိ အတ္တနော နာထော

Friday, October 8, 2010

ဗီယက်နမ် ကွန်မြူနစ်ပါတီအတွက် အကယ်ဒမစ် ပညာရေး

ရဲမြင့်ကျော်

TUESDAY, 05 OCTOBER 2010 03:36

ပြီးခဲ့တဲ့ လပိုင်းလောက်က ငိုဘိုချောက် တစ်ယောက် Fields Medal ဆု ရရှိ သွားသည်။ Fields Medal ဆိုတာက နိုင်ငံတကာ သင်္ချာပညာရှင်များ အဖွဲ့က လေးနှစ်တစ်ကြိမ် ချီးမြှင့်တဲ့ အသက် ၄၀ အောက် သင်္ချာပညာရှင် ဆုဖြစ်သည်။ ဒီဆုကို သင်္ချာဆိုင်ရာ နိုဘယ်ဆု လို့လည်း တင်စား ပြောဆိုကြသည်။

သူ့ဇာတိ ဗီယက်နမ် သတင်းစာ မျက်နှာဖုံးများတွင်တော့ ဆုရတဲ့အကြောင်း စာလုံးအမဲကြီး တွေနဲ့ ဖော်ပြကြသည်။ သမ္မတ ကိုယ်တိုင်က ၀မ်းမြောက်ကြောင်း သ၀ဏ်လွှာ ပေးပို့ခဲ့သည်။ ငိုဘိုချောက်မှာ နိုင်ငံတကာ အမြင့်မားဆုံးဆု ရရှိတဲ့ ပထမဆုံး ဗီယက်နမ် ဖြစ်လာသည်။ ဒါပေမဲ့ သူကျွမ်းကျင်တဲ့ ပညာရပ် အလုပ်ကို ဗီယက်နမ်တွင် လုပ်ခဲ့တာ မဟုတ်။ လက်ရှိ အမေရိကန် ချီကာဂို တက္ကသိုလ်တွင် ပါမောက္ခ တာဝန် ယူထားသူ ဖြစ်သည်။ ပြင်သစ်မှ Ph.D ဘွဲ့ ရရှိခဲ့ပြီး၊ ပြည်သစ်နိုင်ငံသား အဖြစ်လည်း ခံယူထားသူ ဖြစ်သည်။



Read More...

မဝေနှင်းပွင့်သုန် ရဲ့ အမှတ်တရစကား

ဒိန်းမတ်အစိုးရမှ ဧရာဝတီ မဂ္ဂဇင်းအတွက် ထောက်ပံ့မှုကို ရပ်ဆိုင်းလိုက်ခြင်း

Thursday, October 7, 2010

ဘန်ကောက်မှာ ရှိတဲ့ ထိုင်းနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံ သံရုံးကနေပြီး ဒိန်းမတ်နိုင်ငံက ချင်းမိုင်း အခြေစိုက် ဧရာဝတီ မဂ္ဂဇင်းကို ထောက်ပံ့ ကူညီနေမှုများကို ၂၀၁၁ ခုနှစ်မှာ ရပ်ဆိုင်း တော့မယ်လို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ထုတ်ပြန်ချက်ထဲမှာ ဒိန်းမတ်နိုင်ငံ အနေနဲ့ ဧရာဝတီ မဂ္ဂဇင်းကို အလှူရှင်တွေရဲ့ လှူဒါန်းမှု အပေါ်မှာ သက်သက် မှီခိုနေတဲ့ ပုံစံကနေ မိမိဘာသာ ရေရှည် ရပ်တည်နိုင်ပြီး ပြင်ပ အကူအညီ နည်းနည်းသာ ရယူတဲ့ပုံစံ အဖြစ် ပြောင်းပြီး ရပ်တည်နိုင်ဖို့ အတွက် မျှော်မှန်းခဲ့တယ်။ ဒါပေမယ့် ဧရာဝတီ မဂ္ဂဇင်းရဲ့ တာဝန်ရှိသူတွေဟာ အဲဒီလို အသွင်ပြောင်းဖို့ စိတ်မ၀င်စားဘူး။ အကူအညီ ပေးရေး စီမံကိန်းမှာ ပါတဲ့ သဘော တူညီချက်တွေကို ဖြည့်ဆည်းဖို့ ပျက်ကွက်ခဲ့တယ်။ ဧရာဝတီ မဂ္ဂဇင်းဟာ တစ်နှစ်ကို ဒေါ်လာ တစ်သန်း ကျော် ရှိတဲ့ အကူအညီတွေကို သုံးပြီး ၀န်ထမ်း ၆၂ ယောက် ခန့်ထားတယ်။ မဂ္ဂဇင်းရဲ့ အကြီးတန်း တာဝန် ရှိသူတွေရဲ့ ခရီး စရိတ်အပြင် အသုံးစရိတ်တွေ အတွက် ငွေတွေ ဖောဖော သီသီ သုံးပြီး ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှု၊ ချွေတာ သုံးစွဲမှုတွေ မလုပ်ဖူးလို့ ထောက်ပြ ထားပြီး အလှူငွေတွေ အများကြီး သုံးပေမယ့် မဂ္ဂဇင်း စောင်ရေ ကျတော့ စောင်ရေ ၂၀၀ ပဲ ထုတ်တယ်လို့ ဖော်ပြ ထားပါတယ်။

Read More...

ကော်မရှင် (ဥပဒေ) အထက်မှာ ဘယ်သူတွေရှိသလဲ

နှောင်းလူ

အောက်တိုဘာ ၈ ရက် ၂၀၁၀

ရွေးကောက်ပွဲကျင်းပဖို့ တဖြည်းဖြည်း နီးလာပါပြီ။ ဥပဒေ ချိုးဖောက်မှုတွေ၊ မတရားမှု တွေကလည်း ပိုပြီး ရုပ်လုံး ပေါ်လာ နေတယ်။ လွတ်လပ်မှုနဲ့ တရားမျှတမှု မရှိတာတွေကလည်း ပိုပိုပြီး၊ ထင်ရှား လာနေပါတယ်။ ဘယ့်ကလောက် မလွတ်လပ် ပါသလဲ ဆိုရင် ပါဝင် ယှဉ်ပြိုင်မယ့် နိုင်ငံရေး ပါတီနဲ့ မဲဆန္ဒရှင် ပြည်သူတွေ တင်မက၊ လွတ်လပ်ပြီး တရားမျှတဲ့ ရွေး ကောက်ပွဲကို တရားသူကြီး တယောက်လို၊ ဒိုင်လူကြီး တယောက်လို ဦးစီးကွပ်ကဲ ကျင်းပပေးရမယ့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ကိုယ်တိုင်က မလွတ်လပ်ပါ။

ထုတ်ပြန်ထားတဲ့ ဥပဒေလို့ ခေါ်ရမှာတောင် ခက်တဲ့ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းချက် တွေကို စစ်ကောင်စီ က ကျောထောက် နောက်ခံ ပြုထားတဲ့ နိုင်ငံတော် ဝန်ကြီးချုပ် ဦးသိန်းစိန် ဦးဆောင်တဲ့ ကြံ့ဖွံ့ပါတီ ကိုတောင် လိုက်နာအောင် မလုပ်နိုင်ဘဲ လက်ပိုက် ကြည့်နေရပါတယ်။ ဒီလို တဖက်စောင်နင်း ဥပဒေမျိုးကို နိုင်ငံတော် လူကြီးတွေ ပါတဲ့ ကြံ့ဖွံ့ပါတီ ကိုယ်တိုင်က မလိုက်နာခြင်းဟာ မင်းမဲ့ စရိုက် အလေ့အထကို ထူထောင်နေတာပဲ ဖြစ်ပါတယ်။ သူတို့ ပြောနေတဲ့ စည်းကမ်းရှိတဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ် ဆိုတာက ဘယ်ရောက် သွားပြီလဲ။ ပြည်သူတွေနဲ့ အောက်ခြေ တပ်မတော် သားတွေကို ငြိမ်ဝပ် ပိပြားနေအောင် စည်းကမ်းနဲ့ နေခိုင်းပြီး နိုင်ငံတော် ခေါင်းဆောင် ဆိုသူတွေကတော့ ဥပဒေ စည်း ကမ်းတွေ အထက်မှာ ငါတို့ လုပ်ချင်ရာ လုပ်မယ် ဆိုတဲ့ သဘောလား။

Read More...

နေ့စဉ်သတင်းများ ( ၀၇ - ၁၀ - ၂၀၁၀ )

လမ်းပြကြယ် ဦးအေးမြင့်က ဗိုလ်ချုပ်သန်းရွှေထံ အိတ်ဖွင့်ပေးစာ ပေးပို့ သတင်း
တပ်တွင်းလစာ တိုးမြှင့်ပေးမည့် သတင်းထွက်ပေါ် သတင်း
နယ်ခြားစောင့်တပ်ဖွဲ့ဝင်အချို့ တပ်မှ ထွက်ပြေး သတင်း
တလကျော်အတွင်း အပစ်ရပ် ကရင်အဖွဲ့ (၂) ဖွဲ့မှ အင်အား (၅၉) ဦး KNU နှင့် ပူးပေါင်းခဲ့ သတင်း
ဟူးကောင်းချိုင့်ဝှမ်း ယုဇနကုမ္ပဏီ အလုပ်သမားများအား စစ်အစိုးရမှ လက်နက်ထုတ်ပေး သတင်း
ရခိုင်သို့ မုန်တိုင်းဝင်ဖွယ်ရှိ သတင်း
ကုလသမဂ္ဂမှာ ဦးဉာဏ်ဝင်း မှားယွင်းပြောဆို သတင်း
အလုပ်သမား (၅၀၀) ကျော်၏ လစာကို စက်ရုံတာဝန်ခံက ယူထား သတင်း
အလုပ်ရှင်က အလုပ်သမားများလခကို တောမောင်းရုံးတွင် ထုတ်ခိုင်းပြီး သေနတ်ပစ်ခတ် ခြိမ်းခြောက်မှုများ ပြုလုပ်နေ သတင်း
ထွေ/အုပ်ဦးစီးဌာန ၀န်ထမ်းများအား ၀န်ထမ်းအိမ်ရာမှ ဖယ်ခိုင်း သတင်း
လပွတ္တာစက်လှေ မှောက် (၁၉) ဦး သေ၊ (၃) ဦး ပျောက် သတင်း
ယာယီပတ်စပို့လုပ်ပြီး ပြန်လာသူများ ကားမှောက် ဒဏ်ရာရ သတင်း
၂၀၁၀ ရွေးကောက်ပွဲ နွှဲလိုက်ကြစို့ ဝုန်းဒိုင်းကြဲ သတင်း
ဦးအောင်သင်း နိုင်ငံကူးလက်မှတ် မရသေး သတင်း
တံတားပြင်နေသဖြင့် လားရှိုး - မိုင်းရှူးလမ်းတွင် ညအိပ်ရ သတင်း
ဖမ်းမိကားများကို ငွေယူ ပြန်လွတ် သတင်း
တိုင်းရင်းသားများအရေး မိတ်ဖက် (၆) ပါတီ ပူးတွဲလုပ်ဆောင်မည် သတင်း
ကျောက်ပန်းတောင်းက ကူးစက်ရောဂါဖြစ်ပွားမှု ထိန်းချုပ်နိုင်ပြီ သတင်း
လခစား ဘုရင်စနစ် တင်ပြသူ (ဆောင်းပါး)
၈၈ အရေးအခင်းကာလ လူထုဘက်ကူးပြောင်းခဲ့သူ ဗိုလ်ကြီးစိုင်းဝင်းကျော် (၂) (အင်တာဗျူး)
၈၈ အရေးအခင်းကာလ လူထုဘက်ကူးပြောင်းခဲ့သူ ဗိုလ်ကြီးစိုင်းဝင်းကျော် (၁) (အင်တာဗျူး)
စစ်မှန်သော ပြည်ထောင်စု ပေါ်ထွန်းရေး - ဗမာလူမျိုးစု ဘာတွေလုပ်သင့် (သတင်းသုံးသပ်ချက်)

၈၈ အရေးအခင်းကာလ လူထုဘက်ကူးပြောင်းခဲ့သူ ဗိုလ်ကြီးစိုင်းဝင်းကျော် (၂ )

ရော်နီညိမ်း
တနင်္ဂနွေ, 03 အောက်တိုဘာ 2010


တပ်မှူး တပ်သား ပြောစကား (၀၂၈)


၁၉၈၈ ရှစ်လေးလုံးလူထုအုံကြွမှု အရေးတော်ပုံကာလမှာ ပြည်သူ့ရင်ခွင် ခိုလှုံခဲ့သူ၊ စစ်တက္ကသိုလ် ကျောင်းဆင်း ဗိုလ်ကြီးဟောင်း စိုင်းဝင်းကျော်က သူ့ရဲ့ ရှစ်လေးလုံးကာလ ဖြတ်သန်း မှုနဲ့ နိုင်ငံရေး အကျဉ်းသားဘ၀ အတွေ့ အကြုံတွေ၊ နိုင်ငံရေး အမြင်တွေကို ဗီအိုအေကို ပြောပြခဲ့ပါတယ်။ ဒီသီတင်းပတ် “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ် ကဏ္ဍမှာ၊ ဗိုလ်ကြီး ဟောင်းစိုင်းဝင်းကျော်ရဲ့ ပြောစကားတွေကို ဦးရော်နီညိမ်းက စီစဉ်တင် ဆက်ထားပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဗိုလ်ကြီး ခင်ဗျ၊ ဗိုလ်ကြီးအနေနဲ့ အဲဒီလိုမျိုး ပြည်သူ့ရင်ခွင်ကို ကူးပြောင်းခဲ့ပြီး မကြာခင်မှာ စစ်အာဏာသိမ်းမှု ဖြစ်တယ်။ ဖြစ်ပြီးတဲ့အခါမှာ ဗိုလ်ကြီး ရွှေ့ ပြောင်းပုန်းအောင်း နေထိုင် နေရတယ်ပေါ့။ ဗိုလ်ကြီး အဖမ်း ခံခဲ့ရပြီးတော့ ဗိုလ်ကြီးကို သေဒဏ် ချမှတ်ခံရတယ်။ နောက်ပိုင်းမှာ ဗိုလ်ကြီးက ထောင်ဒဏ်နှစ်ရှည် ကျခံခဲ့ရတယ် ဆိုတာ တော့ ကျနော်တို့ သိထားပါတယ်။ အဲဒါလေးကို အကျဉ်းချုံးပြီးတော့ ပြောပြပေးပါလား ခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ ကျနော့်အနေနဲ့ ရွှေ့ပြောင်းပြီး ပုန်းအောင်းနေထိုင် ရတဲ့ ကာလ တွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော် အဆက်အသွယ် ရှိပါတယ်။ နိုင်ငံရေး အခင်း အကျင်းက ဘယ်လို ဖြစ်သွားသလဲ ဆိုတော့ ဗိုလ်ချုပ်ကြီး စောမောင်က ပါတီတွေ မှတ်ပုံတင်ခွင့် ပြုပါတယ်။ ၁၉၈၉ ခုနှစ်မှာ ရွေးကောက်ပွဲကို ၁၉၉၀ ခုနှစ်မှာ ကျင်းပမယ် ဆိုတာကို သူက တစ်နှစ် ကျော်ကျော်လောက် စောပြီးတော့မှ ကြေညာ ခဲ့ပါတယ်။ အဲဒီတော့ ဒေါ်စု အပါအ၀င် လူကြီးတွေကို ကျနော်တင်ပြပါတယ်။ ကျနော်တို့က အခုချိန်မှာ နိုင်ငံရေးကို တရားဝင် လုပ်လို့လည်း မရဘူး၊ မည်သည့်ပါတီ အဖွဲ့အစည်းကိုမှ ကျနော်တို့ ၀င်လို့မရဘူး၊ ကျနော်တို့က တပ်ပြေးတွေ ဖြစ်နေတယ်၊ ကျနော်တို့အတွက် ဘယ်လို စဉ်းစားပါသလဲလို့ မေးတဲ့အချိန် မှာ ဒေါ်အောင်ဆန်းစုကြည်က အစ ခေါင်းဆောင်တွေ အားလုံးကလည်း “အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်” ကို ဖွဲ့စည်းပြီးတော့မှ နိုင်ငံရေး လှုပ်ရှားမှုတွေကို သူတို့ စတင်နေပါပြီ။ သူတို့က ကျနော်တို့ အနေအထားနဲ့ ပတ်သက်ပြီး စဉ်းစားတာကတော့ ဒီကိစ္စတွေဟာ ဒီအချိန်မှာ ကိုင်တွယ် ဖြေရှင်းလို့ မရသေးဘူးပေါ့။ ဒီအချိန်ဟာ စစ်တပ်က အာဏာ သိမ်းထားတဲ့ အချိန် ဖြစ်နေတဲ့ အတွက်ကြောင့် ဘယ်လိုမှ ဖြေရှင်းလို့ မရသေးဘူး။ အဲဒီတော့ အကျပ်အတည်း ကာလလေးကို ကြိုးစားပြီးတော့မှ ကိုယ့်အစီစဉ်နဲ့ ကိုယ်ပဲ ရုန်းကန်ပြီးတော့မှ ဖြေရှင်းပါ။ လှည့်လည်ရွှေ့ပြောင်း ပုန်းအောင် သွားလာပြီး နေထိုင်ပါ။ သူတို့နဲ့လည်း ကျနော်က တရားဝင် အဆက်အသွယ် လုပ်လို့လည်း မရပါဘူး။ ကြားလူတွေက တဆင့် ကျနော် မေးရတာပဲ ဖြစ်ပါတယ်။ အဲဒီလိုမျိုး သူတို့ဆီက သဘောထားတွေကို တိတိလင်းလင်း မဟုတ်ပေမယ့် အရိပ်အမြွက်တချို့ ကျနော် သိလိုက်ရပြီးတဲ့ နောက်ပိုင်းမှာ ကျနော် အခုလိုမျိုး လှည့်လည်ရွှေ့ ပြောင်း ပုန်းအောင်း နေထိုင်တာ ဖြစ်ပါတယ်။ အဲဒီတုန်းက ကျနော် ဘာကြောင့် လက်နက်ကိုင် တော်လှန်ရေးကို မရောက်ဖြစ်ခဲ့ သလဲ ဆိုတော့၊ အဲဒီလိုမျိုး နိုင်ငံရေး အခြေအနေ အခင်း အကျင်းတွေနဲ့ ဆက်စပ်ပြီးတော့မှ သူတို့ရဲ့ မှာကြားချက်အရ ဒီကိစ္စတွေဟာ ရွေးကောက်ပွဲ ပြီးသွားရင် အားလုံး ပြေလည်သွားမှာပါ ဆိုတော့၊ ကျနော့်အနေနဲ့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ အပေါ်မှာ မျှော်လင့် ပြီးတော့မှ ဒီကြားထဲမှာပဲ တစ်နှစ်လောက် ကာလလေးကို ရွေ့ပြောင်း ပုန်းအောင်း နေထိုင်ပြီး တကယ်လို့ နိုင်ငံရေး အပြောင်းအလဲ ဖြစ်လာမယ့် ၉၀ ခုနှစ်နောက် ပိုင်းမှာ အခြေနေတွေ ပြောင်းလဲ သွားမယ် ဆိုရင် ကျနော်တို့ ကိုယ်တိုင်လည်း မြန်မာပြည် နိုင်ငံရေးမှာ တတပ်တအား၊ တင်းပြည့် ကျပ်ပြည့် အချိန်ပြည့် ပါဝင် ထမ်းဆောင်မယ်။ မြန်မာ ပြည်ရဲ့ ဒီမိုကရေစီရေး လူ့အခွင့်အရေး ကြိုးပမ်းမှုတွေနဲ့ နိုင်ငံသစ် တည်ထောင်ရေး လုပ်ငန်းတွေမှာ ကျနော်တို့ ကိုယ်တိုင် တတ်အားသရွေ့ကိုယ်စွမ်း ညာဏ်စွမ်း ရှိသရွေ့ ကြိုးပမ်းဆောင် ရွက်မယ်ဆိုတဲ့ စိတ်ဓါတ်ကလေးနဲ့ ကျနော် ပုန်းအောင်း နေထိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ပုန်းအောင်း နေထိုင်စဉ် ကာလမှာလည်း အဓိက ကူညီ ပေးခဲ့တာကတော့ ကျောင်းသားနဲ့ ပြည်သူ တွေ ပါပဲ။ ပြည်သူတွေရဲ့ ထမင်းကို ကျနော် စားရပါတယ်။ ကျောင်းသားတွေလည်း သူတို့ အသက်နဲ့ ရင်းပြီး ကာကွယ် ခဲ့တာတွေ ရှိပါတယ်။ အဲဒီ ကျေးဇူးတွေလည်း ကျနော် မမေ့ပါ ဘူး ခင်ဗျ။

Read More...

လပွတ္တာစက်လှေမှောက် ၁၉ ဦးသေ၊ ၃ ဦးပျောက်

ဖနိဒါ
ကြာသပတေးနေ့၊ အောက်တိုဘာလ ၀၇ ရက် ၂၀၁၀

ချင်းမိုင်(မဇ္စျိမ)။ ။ လပွတ္တာစက်လှေမှောက်မှုကြောင့် စက်လှေရှင်သမီး ကျောင်းဆရာမ အပါအ၀င် လူ ၁၉ ဦး သေဆုံးပြီး ၃ ယောက် ပျောက်နေသည်ဟု မြို့နယ် အာဏာပိုင် တဦးက ပြောသည်။

ဧရာဝတီတိုင်း လပွတ္တာမြို့နယ် ရွေးမြစ်ဝအနီးတွင် ယမန်နေ့ နံနက် ၇ နာရီကျော်က လူ ၇၉ ဦးပါ စက်လှေ တိမ်းမှောက်ခဲ့သည်။ မိချောင်းအိုင်ရွာ ကျောင်းပေါင်းစုံ ဘောလုံးပွဲသို့ အသွား ပဒဲကောရွာမှ အထွက်တွင် တိမ်းမှောက်ကာ ကျောင်းသား ကျောင်းသူ ဆရာ ဆရာမများနှင့် မိဘများ စက်လှေပေါ် ပါသွားသည်။

လပွတ္တာမှ ကျောင်းသား ကျောင်းသူလေးများ (ဓါတ်ပုံ FNG)

Read More...

Thursday, October 7, 2010

နေ့စဉ်သတင်းများ ( ၀၆ - ၁၀ - ၂၀၁၀ )

မြန်မာစစ်ရာဇဝတ်မှုများကို စုံစမ်းရန် ပီညဲရိုးနှင့် ယိုကိုတာ တောင်းဆို သတင်း
စစ်တပ်ရာထူးအပြောင်းအလဲများ ထပ်မံပြုလုပ် သတင်း
နိုင်ငံတစ်ဝှန်း စစ်တပ်ရာထူး အပြောင်းအလဲတွင် ရမခ ဒု-တိုင်းမှူး ပါဝင် သတင်း
လပွတ္တာမြို့နယ်အတွင်းမှာ လှေမှောက်၊ လူ (၃၀) ထက်မနည်း သေဆုံး သတင်း
မောင်တောကူတို့လှေနစ်၍ မွတ်ဆလင် (၁၉) ဦး သေဆုံးမူ နစကမှ သတင်းအမှောင်ချထား သတင်း
သိန်းရာကျော် ဆုံးရှုံးသည့် နယ်စပ်ဖြတ်ကျော် ဓားပြတိုက်မှု ရသေ့တောင်မြို့နယ်တွင် ဖြစ်ပွား သတင်း
မြ၀တီတွင် ပေါက်ကွဲမှု ထပ်မံဖြစ်ပွား သတင်း
ထိခိုက်မှုမရှိသည့် မြ၀တီဗုံးပေါက်ကွဲမှု လုပ်ကြံမှုသာဖြစ်နိုင် သတင်း
SSA တပ်မဟာ (၁) ကို တိုက်ခိုက်ဖို့ စစ်ရေးပြင်ဆင်နေ သတင်း
တိုယိုတာကုမ္ပဏီ မြန်မာပြည် ရင်းနှီးမြှုပ်နှံမှု ရပ်ဆိုင်း သတင်း
ရဲစခန်းမှူး၏ ပစ်ခတ်မှုကြောင့် ရွာသားတဦး အပြင်းအထန် ဒဏ်ရာရ သတင်း
အရင်းနှီးဆုံး မြန်မာ့မိတ်ဆွေတဦး လူထုရှေ့မှ အနားယူ သတင်း
အခြေခံဥပဒေ ပြင်ဆင်ရန် လမ်းပြကြယ်အဖွဲ့ စာတင် သတင်း
ကုလသမဂ္ဂမှာ ဦးဉာဏ်ဝင်း မှားယွင်းပြောဆို သတင်း
NLD တရားစွဲမှု တရားရုံးချုပ် လက်ခံ သတင်း
အန်အယ်လ်ဒီ ရပ်တည်ခွင့် လျှောက်ထားချက် တရားရုံးက မှတ်ပုံတင်ခွင့်ပြု သတင်း
ဒု-ဥက္ကဌ ဦးတင်ဦး ကျန်းမာစွာဖြင့် တိုင်းပြည်တာဝန်များကို ထမ်းဆောင်နေ သတင်း
စစ်တပ်က ယုဇနကို လက်နက်ဆင် သတင်း
ယုဇနကုမ္ပဏီ ၀န်ထမ်းများကို စစ်သင်တန်းပေးနေ သတင်း
ငြိမ်းချမ်းရေးနိုဘဲလ်ဆု ဆန်ခါတင်အဆင့်တွင် DVB ပါဝင် သတင်း
ရွေးကောက်ပွဲ ဆန့်ကျင်စာများ တောင်ကုတ်မှာ ကပ် သတင်း
ရွေးကောက်ပွဲကို စီးပွားရေးသမားများလည်း စိုးရိမ် သတင်း
MAU ၏ ထုတ်ပြန်ချက်သည် တိုင်းရင်းသားပါတီများကို အဟန့်အတားဖြစ်စေဟု နိုင်ငွေသိန်းမှ ပြော သတင်း
သျှမ်းအရှေ့လူထု ကျားဖြူပါတီ မဲဆွယ်စည်းရုံးရေး ထိရောက်ဟုဆို သတင်း
ကျားဖြူ စည်းရုံးရေးကြောင့် ပင်လုံဒေသခံအချို့ စစ်ဆေးခံရ သတင်း
ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ လူထုထောက်ခံမူများ ရရှိနေ သတင်း
ပါတီရုံးနေရာ မငှားရန် ကြံ့ဖွံ့က ခြိမ်းခြောက် သတင်း
အခမဲ့ ဆေးပေးခန်း ဖွင့်ပေးမည်ဟု စစ်တွေကြံ့ဖွံ့ စည်းရုံး သတင်း
ကြံ့ဖွံ့ပါတီဝင်အိမ်ဟု ပိုစတာများ ကြံ့ဖွံ့ လိုက်ကပ်နေ သတင်း
ဦးဝင်းတင် - အားမပေးထိုက်တဲ့ ရွေးကောက်ပွဲ (ဘာသာပြန်ဆောင်းပါး)

အခြေခံဥပဒေ ပြင်ဆင်ရန် လမ်းပြကြယ်အဖွဲ့ စာတင်

မြတ်ခိုင်ဦး
၀၆ အောက်တိုဘာ ၂၀၁၀

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါရှိသော ပုဒ်မ ၁၂၄ (က) ပါ စကားရပ် ဖြစ်သည့် (ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အာဏာ တည်ပြီးနောက်) ဆိုသော စာသားတွင် ဥပဒေ ဆိုသော စကားလုံးအား ပယ်ဖျက်ပြီးမှသာ (ပထမအကြိမ် ပြည်သူ့လွှတ်တော်) ကျင်းပနိုင်မည် ဖြစ်သဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံကို ပြန်လည် ပြင်ဆင် သင့်ကြောင်း ပဲခူးမြို့ အခြေစိုက် လမ်းပြကြယ် အဖွဲ့က နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ယနေ့ အိတ်ဖွင့်ပေးစာ ပေးပို့လိုက်ကြောင်း သိရှိရသည်။

အဆိုပါစာအား ယနေ့နံနက်တွင် စာတိုက်မှတဆင့် နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီရုံး၊ နေပြည်တော်ဟု လိပ်မူ၍ ပေးပို့ လိုက်ခြင်းဖြစ်သည်ဟု လမ်းပြကြယ် အဖွဲ့မှ ရှေ့နေကြီး ဦးအေးမြင့်က ခေတ်ပြိုင်သို့ ပြောကြားသည်။

Read More...

Wednesday, October 6, 2010

အားမပေးထိုက်တဲ့ ရွေးကောက်ပွဲ

ဝင်းတင်

၀၅ အောက်တိုဘာ ၂၀၁၀

ကုလသမဂ္ဂအခွင့်အရေးဆိုင်ရာ မဟာမင်းကြီး နာဗီပီလေးက မြန်မာနိုင်ငံမှာ မကြာမီ ကျင်းပ ပြုလုပ်တော့မယ့် ရွေးကောက်ပွဲကြီးကို လွတ်လပ်ပြီး တရားမျှတမှု ရှိမရှိ ကမ္ဘာကြီးက “အစွမ်းကုန် သတိထား စောင့်ကြည့်” ဖို့ လိုတယ်ဆိုပြီး မကြာသေးမီက ပြောကြား သွားခဲ့ပါတယ်။

ဒီရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွက် အဖြေမဟုတ်ပါဘဲလျက် မြန်မာနိုင်ငံ အတွက် အရေးကြီး သယောင် လေ့လာ စောင့်ကြည့်ဖို့ လိုအပ်သယောင် အဲဒီ ရွေးကောက်ပွဲ အပေါ် အာရုံစိုက် ပြောကြား တာမျိုးကို ကျနော်တို့ ဘ၀င် မကျလှပါဘူး။

နိုဝင်ဘာ (၇) ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အဲဒီရွေးကောက်ပွဲဟာ ကျနော်တို့ တိုင်းပြည်မှာ စစ်အာဏာရှင် စနစ် ထာဝရ တည်တံ့ ခိုင်မြဲရေး အတွက် ဖန်တီးရေး ဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေအရ မြန်မာနိုင်ငံမှာ စစ်တပ် အုပ်စိုးရေးကို တရားဝင်ဖြစ်အောင် ရည်ရွယ် ကျင်းပ ပြုလုပ်တာသာ ဖြစ်တယ်။

Read More...

၃ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ ဂုဏ်ပြုလွှာ (၂၆ - ၉ - ၂၀၁၀)

October 6, 2010




ဦးဒိုထောင်း ဂုဏ်ပြုသီချင်း

Wednesday, October 6, 2010

ကလေးမြို့ တာဟန်းကနေ ၁၉၉၀ မှာ အရွေးခံရတဲ့ NLD အမတ်၊ NLD ဗဟိုကော်မတီဝင်၊ မကြာသေးမီက ကွယ်လွန်သွားတဲ့ ဦးဒိုထောင်းကို ဂုဏ်ပြုတဲ့အနေနဲ့ ဂန္ထဝင်အဆိုတော်ကြီး လားရှိုးသိန်းအောင်က စပ်ဆိုထားတဲ့ သီချင်းပါ။

NLD က ၂၀၁၀ ရွေးကောက်ပွဲကို မဝင်ဖို့ ဆုံးဖြတ်တဲ့ မတ်လ ၂၉ ရက်နေ့မှာ ဦးဒိုထောင်းဟာ ကွယ်လွန်သွားပါ။ သူဟာ မကွယ်လွန်မီ အိပ်ယာပေါ် လဲနေရာကနေ ရွေးကောက်ပွဲကို မဝင်ကြဖို့ NLD ထံ သူ့အမြင်ကို စာရေးပြီး ပို့သွားခဲ့ပါသေးတယ်။

Lashio Thein Aung (The Legend) composes a new original song in honor to Mr. Do Thawnga (The Late, NLD-Member of Parliament 1990 from Kalemyo-Tahan, and NLD Central Committee Member). Mr. Do Thawnga passed away in March 29, 2010 the day NLD party decided not to enter Burma's sham 2010 election. He wrote an opinion sending to NLD central, not to enter election when on his death bed.



Ref: ဧရာဝတ်ီဘလော့မှ

အိုပါးသီလ

ကြံ့ဖွံ့ကို ယုံမိ၍ စုံလုံးကန်း

ရန်ပိုင်
Tuesday, October 05, 2010

မကွေးတိုင်း ရေစကြိုမြို့နယ်တွင် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က မဲဆွယ် စည်းရုံးသည့် အနေဖြင့် မျက်စိ ခွဲစိတ်ကုသမှု အခမဲ့ ပြုလုပ်ပေးရာ မျက်စိဝေဒနာရှင် ၂၀ ခန့် မျက်စိ လုံးဝကွယ် သွားကြောင်း သတင်းရရှိသည်။

ကြံ့ဖွံ့ပါတီက မဲဆွယ်စည်းရုံးသည့် အနေဖြင့် ရေစကြိုမြို့နယ်တွင် နှစ်ကြိမ်တိုင်တိုင် မျက်စိ ခွဲစိတ်ကုသမှု ပြုလုပ်ပေးခဲ့ရာ ပထမ တကြိမ်တွင် အောင်မြင်စွာ ကုသပေးနိုင် သော်လည်း ဒုတိယအကြိမ် ခွဲစိတ်အပြီးတွင် ထိုကဲ့သို့ မျက်စိကွယ်သည့် အဖြစ်အပျက်များ ပေါ်ပေါက်လာခြင်း ဖြစ်သည်ဟု မြို့ခံ ဆရာဝန်တဦးက ဧရာဝတီသို့ ပြောသည်။

“ဆေးပညာ အရတော့ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ပေါ့ဆမှုကြောင့် ဗိုင်းရပ်စ် ၀င်တယ်လို့ ထင်တယ်။ မျက်လုံးတွေ ရောင်ပြီးတော့ မမြင်ရတော့တာ” ဟု အဆိုပါ ဆရာဝန်က ဆိုသည်။

ပထမတကြိမ် လာရောက်ကုသစဉ် မကွေးတိုင်း မင်းဘူးမြို့နယ် ပြည်သူ့ဆေးရုံကြီးမှ မျက်စိပါရဂူ ဒေါက်တာ အောင်ဆန်းဝင်း ဦးဆောင်၍ ခွဲစိတ်ပေးခြင်းဖြစ်ကြောင်း၊ ဒုတိယအကြိမ်တွင် ထိုင်ဝမ် နိုင်ငံသားဟု ဆိုသည့် တရုတ်လူမျိုး ဆရာဝန်တဦးနှင့် ပခုက္ကူမြို့မှ မျက်စိအထူးကု ဆရာဝန်ကြီးများက ခွဲစိတ်ခြင်းဖြစ်ကြောင်း သိရသည်။

Read More...

နေ့စဉ်သတင်းများ ( ၀၅ - ၁၀ - ၂၀၁၀ )

ဒေါ်အောင်ဆန်းစုကြည်က ပါတီရပ်တည်ခွင့်အတွက် လျှောက်ထား သတင်း
မျှော်လင့်ခြင်းအတွက်အသံ - ဒေါ်အောင်ဆန်းစုကြည် စာအုပ်ကို စကားပြောဖြင့် ထုတ်ဝေနေ သတင်း
ဦးတင်ဦး မျက်စိခွဲစိတ်ကုသမှု အောင်မြင်၊ မကြာမီ မြန်မာပြည်သို့ ပြန်လာမည် သတင်း
မြန်မာနိုင်ငံ ဒီမိုကရေစီ မထွန်းကားနိုင်ဟု ချူလာလောင်ကွန်းတွင် ဆွေးနွေး သတင်း
ပေါ်တာအဖမ်းဆီးခံ ရွာသား (၅) ဦး ယခုအထိ ပြန်မလွတ်သေး သတင်း
ပါတီဖျက်သိမ်းမှု စစ်အစိုးရကို ဒေါ်အောင်ဆန်းစုကြည် တရားစွဲ သတင်း
အလုပ်သမားများအဖွဲ့ချုပ်က မြန်မာ့အရေး ထောက်ခံ သတင်း
မြန်မာ့အရေး စိုးရိမ်မှု ASEM မူကြမ်းထဲမှာ ထည့်သွင်း သတင်း
တွေ့ဆုံဆွေးနွေးရန် ကမ္ဘာ့ဆရာများနေ့၌ ဆန္ဒဖော်ထုတ် သတင်း
ယုဇနကုမ္ပဏီ အလုပ်သမားများအား လက်နက်ထုတ်ပေး သတင်း
ရွေးကောက်ပွဲ ဆန့်ကျင်စာများ ထပ်ဖြန့် သတင်း
ရှမ်းပြည်မြောက်ပိုင်းတွင် ကြံ့ဖွံ့နှင့် ကျားဖြူ ပြိုင်ဆိုင်မှု ပြင်းထန် သတင်း
SSA-S တပ်မဟာ (၁) အခြေချ လှုပ်ရှားတပ်ဖွဲ့များအား မိုင်းရယ်-သီပေါ ကားလမ်းမြောက်ဘက်မှ တပ်ရုပ် ပြန်ခိုင်း သတင်း
မဲမပေးပိုင်ခွင့်မရှိကြောင်း ပုသိမ်၌ အသိပညာပေးစာများ ကပ် သတင်း
ရွေးကောက်ပွဲအတွက် ကျောင်းများပိတ်မယ် အပါအ၀င် ရွေးကောက်ပွဲဆိုင်ရာ သတင်းများ သတင်း
မဲဆန္ဒရှင်များ စာရင်းတွင် မဲပေးခွင့်ရှိသူ အားလုံးမပါ သတင်း
မဲပေးခွင့်ရှိသူစာရင်းတွင် မွန်လူမျိုးကို ဖျောက်ထား သတင်း
ရန်ကုန် မြို့နယ်အချို့တွင် စားသောက်ဆိုင်များ ညဥ့်နက်မဖွင့်ရန် တားမြစ် သတင်း
မန္တလေး မဲဆွယ်မှုတွင် အန်ဒီအက်ဖ်ပါတီ ဦးဆောင် သတင်း
ဒီမိုကရေစီမိတ်ဆွေပါတီများ ရွေးကောက်ပွဲအတွက် ပူးပေါင်းမည် သတင်း
ပါတီဝင် အရေအတွက်အတိုင်း မဲရရှိစေရန် ကြံ့ဖွံ့က စည်းရုံးလှုပ်ရှားနေ သတင်း
ကြံ့ဖွံ့ကို ယုံမိ၍ စုံလုံးကန်း သတင်း
ကြံ့ဖွံ့ကို လှောင်သောကြောင့် ဂျာနယ် (၂) ပတ် အပိတ်ခံရ သတင်း
ကျောက်ပန်းတောင်း ကူးစက်ရောဂါကြောင့် လူသေဆုံးပြီး ဘော်ဒါဆောင်ကျောင်းများ ပိတ် သတင်း
မယ်လအူးနှင့် မယ်ရာမို ဒုက္ခသည်စခန်း၌ ကမ္ဘာ့လူတုပ်ကွေးရောဂါ ကူးစက် သတင်း
“တပ်နဲ့ နိုင်ငံရေးရောရင် ငါးပါးတင်မကဘူး ဆယ်ပါးအထိ မှောက်တတ်တယ်” (အင်တာဗျူး)
စိန်သီး ပြောပြတဲ့ သီးလေးသီးအကြောင်း (အင်တာဗျူး)
ဒီမိုကရေစီကို တိုက်ပွဲမပါဘဲ ရယူနိုင်တယ်ဆိုတဲ့ အယူအဆ (ဆောင်းပါး)
မိတ်ဆွေကြီး ကိုဘကွန်း (ဆောင်းပါး)
ကြံ့ဖွံ့အနိုင်ရရေး မဲဆွယ်နည်း သိကောင်းစရာ (ဆောင်းပါး)
အတွင်းအနှစ်သာရ ပြောင်းလဲမသွား (ဆောင်းပါး)
ပွိုင့်ကမ်းခြေကို ၀ိုင်းဝန်းထိန်းသိမ်းကြပါ (ဆောင်းပါး)

Tuesday, October 5, 2010

ဗိုလ်ချုပ်အမှတ်တရ ဓါတ်ပုံအချို့


Read More...

“တပ်နဲ့ နိုင်ငံရေးရောရင် ငါးပါးတင်မကဘူး ဆယ်ပါးအထိ မှောက်တတ်တယ်”

ဝင်းထိန်

Tuesday, October 05, 2010

ကျနော့်ကို ၁၉၄၁ ခုနှစ်မှာ မွေးတယ်။ တော်လှန်ရေး အကြောင်းတွေကို ကျနော့်အနေနဲ့ မသိခဲ့ရဘူး။ နောက် မျိုးချစ်စိတ်နဲ့ လှုပ်ရှားတဲ့ ကျောင်းသားတွေ၊ လူငယ် တွေကိုလည်း မမီခဲ့ဘူး။ ဒါပေမယ့် ဘာကို မီသလဲဆိုတော့ တရုတ်ဖြူ အရေးအခင်းကို ကျနော်တို့က မီတယ်။ တရုတ်ဖြူ အရေးအခင်း ဖြစ်တဲ့ချိန်မှာ ကျနော်က ၅ တန်း၊ ၆ တန်းဆိုတော့ အဲဒီမှာ စိတ်ကနိုးကြား နေပြီ။

အဲဒီလို အချိန်မှာ တရုတ်ဖြူက ဗမာပြည်ကို ဒီလို ကျူးကျော်လာတဲ့ အခါကျတော့ အဲဒီအရေး အခင်းဟာ တမျိုးသားလုံးရဲ့ အရေးအခင်း ဆိုပြီးမှ တပ်မတော်က တိုက်ရတယ်။ တပ်မတော်က အင်မတန် လူကြိုက် များနေတဲ့ အချိန်လည်း ဖြစ်နေတယ်။

ကျနော် ကြီးပြင်းလာတဲ့ အခါကျတော့ ကံအားလျော်စွာ စစ်တက္ကသိုလ် ဆိုတာ ပေါ်လာပြီး လူငယ်တွေကို စုဆောင်းတဲ့ အခါမှာ ကျနော် စစ်တက္ကသိုလ်ကို ၁၉၅၉ ခုနှစ်မှာ ရောက်သွားခဲ့တာပေါ့။ ဝင်ခွင့် ဖြေရတယ်၊ အောင်တဲ့လူ ရွေးပြီးမှ OTT (ဗိုလ်ရွေး) ကိုခေါ်၊ အဲဒီအခါကျမှ ကျနော်တို့က စစ်တက္ကသိုလ် အရွေးခံရတာပေါ့။ အပတ်စဉ် ၅ ပေါ့လေ။

Read More...

Monday, October 4, 2010

နိုင်ငံကျော် အနုပညာရှင်များကို ဗန်းပြ၍ ကြံ့ဖွံ့မဲဆွယ်

Monday, October 04, 2010

ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ ပါဝင် ယှဉ်ပြိုင်ရန် ပြင်ဆင်နေသော ဇေကမ္ဘာ ဦးခင်ရွှေသည် ၎င်း၏ စည်းရုံးရေး ခရီးစဉ်များတွင် နိုင်ငံကျော် အနုပညာရှင်များကို ခေါ်သွားကြောင်း သိရသည်။

“ကျနော်က အတင်းခေါ်တာ မဟုတ်ပါဘူး။ ကိုလွင်မိုးက လေ့လာရေးအနေနဲ့ လိုက်ချင်တယ်ပြောလို့ ခေါ်သွားဖြစ်တာပါ။ ဒီနေ့ ခရီးစဉ်မှာ ဦးမိုးဒီလည်း ပါလာတယ်” ဟု ဦးခင်ရွှေက ဧရာဝတီသို့ ပြောသည်။

၎င်း၏ ခရီးစဉ်တွင် နာမည်ကြီး အနုပညာရှင်များ ပါဝင်ခြင်းကြောင့် ဒေသခံများ၏ အာရုံစိုက်မှု၊ အားပေးမှုများကို အထူးရရှိ ကြောင်းလည်း ဦးခင်ရွှေက ဆက်ပြောသည်။

Read More...

နေ့စဉ်သတင်းများ ( ၀၄ - ၁၀ - ၂၀၁၀ )

မြန်မာဒုက္ခသည်များကို ပြန်ပို့မည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြော သတင်း
ဌာနေပြန်ပို့မည်ဟု ပြောဆိုမှုကြောင့် ဒုက္ခသည်များ စိုးရိမ်ထိတ်လန့် သတင်း
တောင်တရုတ်ပင်လယ် မုန်တိုင်းငယ် မြန်မာပြည်ကို သက်ရောက်နိုင် သတင်း
NLD ပါတီ ရပ်တည်ရေးအတွက် နအဖကို တရားဆက်စွဲမည် သတင်း
သံဃာတော်များအား အကျဉ်းချခြင်းနဲ့ ပတ်သက်တဲ့ သာသနာ့ဥသျှောင်အဖွဲ့ခွဲများရဲ့ တုန့်ပြန်ချက် သတင်း
တရားရုံးမှ ချမှတ်သော ပြစ်ဒဏ် ဒေသခံများ မကျေနပ် သတင်း
အရပ်သားကို ရိုက်နှက်ညှင်းပန်းသည့် ရဲများကို စစ်ဆေးနေပြီ သတင်း
ပဲခူးလူသတ်မှု တရားခံများ ရုံးတင်စစ်ဆေးမှု မရှိသေး သတင်း
ဗျူဟာမှူး ရှေ့တန်းအပြန်စစ်ကြောင်း အရပ်သားများကို ပေါ်တာဆွဲ သတင်း
ကျေးရွာပြည်သူ့စစ်အတွက် ဗမာတပ်ထွက်များကို တလ ငါးသောင်း ပေးငှားရ သတင်း
အာဏာပိုင်အသိုင်းအ၀ိုင်းပိုင် လိုင်စင်မဲ့ကားများ အဖမ်းမခံရ သတင်း
ရွေးကောက်ပွဲကို မသိသူနှင့် ကြောက်ရွံ့သူ အများအပြားရှိ သတင်း
နိုင်ငံရေးပါတီ (၆) ခု ပူးပေါင်း သတင်း
နိုင်ငံတော်ဘဏ္ဍာသုံး၍ ကြံ့ဖွံ့ မဲဆွယ် သတင်း
နိုင်ငံကျော် အနုပညာရှင်များကို ဗန်းပြ၍ ကြံ့ဖွံ့မဲဆွယ် သတင်း
လာဘ်ထိုးခြိမ်းခြောက်တဲ့ မဲဆွယ်အစဉ်အလာ မလုပ်ကောင်းဘူးဆိုတဲ့ ဒေါက်တာသန်းငြိမ်းနှင့် ဗျူး သတင်း
မလေးရှားရှိ မြန်မာအကူအညီပေးရေးအဖွဲ့များ ဒုက္ခသည်မှတ်ပုံတင်ခွင့် ရောင်းစား သတင်း
တားမြစ် မြန်မာစားသုံးကုန်များ တံဆိပ်ခွာပို့ သတင်း
မြန်မာကလေးငယ်များ ပါဝင်သည့် ညစ်ညမ်းခွေ ဘန်ကောက်တွင် ရောင်း သတင်း
သာကေတ သဇင်ဆေးခန်း၌ အေအိုင်ဒီအက်စ် လူနာသစ်များ လက်ခံမည် သတင်း

Sunday, October 3, 2010

မထောက်ခံထိုက်သော ရွေးကောက်ပွဲအဖြစ် ဦးဝင်းတင်ရေးသား

2010-10-01

စက်တင်ဘာလ ၃၀ ရက်၊ ကြာသပတေးနေ့ထုတ် နယူးယောက်တိုင်း သတင်းစာမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် သတင်းစာ ဆရာကြီး ဦးဝင်းတင်က ဆောင်းပါး တပုဒ် ရေးသားခဲ့ပါတယ်။

`မထောက်ခံထိုက်တဲ့ ရွေးကောက်ပွဲ` ဆိုတဲ့ အဲဒီဆောင်းပါးမှာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာ မင်းကြီး မစ္စ ပီလေး ရဲ့ မြန်မာပြည် ရွေးကောက်ပွဲ အပေါ် လွတ်လပ်မျှတမှု ရှိမရှိ ကမ္ဘာက စောင့်ကြည့် ရမယ်လို့ မကြာခင်က ပြောဆို ခဲ့တာဟာဖြင့် မြန်မာပြည် ပြဿနာရဲ့အဖြေမဟုတ်တဲ့ အဲဒီရွေးကောက်ပွဲဟာ အရေးကြီးသယောင်၊ တစုံတရာ စောင့်ကြည့်ထိုက် သယောင် သဘောဆိုက် နေတဲ့အတွက် မိမိတို့ စိတ်မကောင်းကြောင်း ရေးသားပါတယ်။ ရွေးကောက်ပွဲ ကော်မရှင် က ဒီမိုကရေစီ ပါတီတွေအပေါ် တဖက်သတ် ဖိနှိပ်နေတဲ့ လက်ရှိ အခြေအနေတွေကို ဖော်ပြထားပါတယ်။

Read More...

နေ့စဉ်သတင်းများ ( ၀၃ - ၁၀ - ၂၀၁၀ )

ထိုင်းရောက် မြန်မာဒုက္ခသည်တွေ ဒေသပြန်ပို့မည် သတင်း
ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့နေများ တွေ့ခွင့်မရ သတင်း
ပါတီရပ်တည်ခွင့်အတွက် စစ်အစိုးရကို ဒေါ်အောင်ဆန်းစုကြည် တရားစွဲမည် သတင်း
ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့ သတင်း
မြန်မာ့အရေး ASEM အစည်းအဝေးပွဲမှာ ဆွေးနွေးဖွယ်ရှိ သတင်း
နအဖ ဗိုလ်ချုပ်မှူးကြီး လာအိုနိုင်ငံ သုံးရက်ကြာခရီးစဉ် ပြီးဆုံး သတင်း
မြန်မာ-လာအို နယ်ခြားလုံခြုံရေး ဆွေးနွေး သတင်း
ကချင် ဟူးကောင်းချိုင့်ဝှမ်းမှာ စစ်အစိုးရတပ်က ပြည်သူ့စစ်သင်တန်း ပေးနေ သတင်း
ကျောက်ပန်းတောင်းမှာ သွေးလွန်တုပ်ကွေး အဖြစ်များ၊ သေဆုံးသူများရှိ သတင်း
ဆန်ဖရန်ဘေးဧရိယာ (၁၁) ကြိမ်မြောက် စာပေဟောပြောပွဲ အောင်မြင်စွာ ကျင်းပ သတင်း
ကုလစုံစမ်းရေးကော်မရှင် ဖွဲ့ရန် အိုင်ယာလန် ထောက်ခံ၊ ဘီအေအိုင်အဖွဲ့ ကြိုဆို သတင်း
အဖွဲ့ချုပ်လူငယ်များက ချင်းခေါင်းဆောင်တွေကို သွားရောက်ဂါရ၀ပြု သတင်း
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လာအိုသို့ ရောက်ရှိ သတင်း
ပဲခူးက စစ်သား (၇) ဦးနှင့် ရဲ (၄) ဦးကို စစ်ဆေး သတင်း
မြင်းခြံမှာ ငွေကြေးမတတ်နိုင်သူများ ထောင်ချခံနေရ သတင်း
ကမ္ဘာ့အကြမ်းမဖက်နေ့မှာ ရန်ကုန်က အကြမ်းမဖက်အဖွဲ့က ဗိုလ်ချုပ်မှူးကြီးထံ စာပို့ သတင်း
ရှမ်းပြည်နယ်မှာ ဆိုင်ကယ်မှောက်မှုကို ရဲက မတရား အမှုစွဲတင် သတင်း

အပေါ်သို့