Saturday, August 27, 2011

မြန်မာ-ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် အငြင်းပွားမှု စစ်ဆေးတော့မည်

2011-08-27

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် အငြင်းပွားမှု ပြဿနာနဲ့ ပတ်သက်ပြီး ITLOS ကုလသမဂ္ဂ ပင်လယ်သမုဒ္ဒရာ ဥပဒေဆိုင်ရာ အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ အဆုံးအဖြတ် ခံယူဖို့ တင်သွင်းခဲ့ရာမှာ လာမယ့် စက်တင်ဘာလ ၅ ရက်နေ့မှာ အမှုကို စတင် စစ်ဆေးတော့မယ်လို့ သိရပါတယ်။

ရုံးတော်တည်ရှိရာ ဂျာမဏီနိုင်ငံ ဟမ်းဘတ်မြို့မှာ ကျင်းပမှာဖြစ်ပြီး မြန်မာနိုင်ငံ ကိုယ်စားလှယ် ယာယီ တရားသူကြီးအဖြစ် ဆောင်ရွက်မယ့် ပါမောက္ခ Bernard Oxman နဲ့ ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ် ယာယီ တရားသူကြီးအဖြစ် ဆောင်ရွက်မယ့် Dr. Thomas Mensah တို့ ကျမ်းသစ္စာ ကျိန်ဆိုကြမယ်လို့ သိရပါတယ်။

Read More...

မြောက်ဦးကို အာဏာပိုင်များက လက်စားချေပြီ

8/27/2011

ရှေးဟောင်း ဘုရားကို နေပြည်တော်သို့ မယူဆောင်ရန် တားမြစ်ခဲ့သည့် ရခိုင်ရှေးဟောင်းမြို့တော် မြောက်ဦးကို ယခုအခါ သက်ဆိုင်ရာ အာဏာပိုင်များက မီးပေးချိန်ကို လျှော့ချပြီး လက်စားချေနေပြီ ဖြစ်ကြောင်း မြို့ခံများက ပြောသည်။

လွန်ခဲ့သော ရက်အနည်းက စပြီး လျှပ်စစ် မီးပေးချိန်ကို နာရီပေါင်းများစွာ လျှော့ချခဲ့ပြီး ၎င်းပြင် သုံးရက် တကြိမ်ကျစီ ပေးဝေသွားတော့ မည် ဖြစ်ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

Read More...

ဇရပ်လှရွာမှ လာတဲ့စာ

8/27/2011


(အယ်ဒီတာထံ ပေးစာ)

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဇရပ်လှကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးသာထွန်းအောင်သည် အာဏာ ပါဝါ ကို အသုံးချပြီး ကျေးရွာသားများနှင့် ဘုန်းကြီးအကြား

သို့

အယ်ဒီတာ

ကျေးရွာနဲ့ သာသာနာကို ဖျက်ဆီးနေသော အတွင်းရေးမှူးတဦးအား ပြည်နယ်အစိုးရမှ ထိရောက်စွာ အရေးယူပေးပါရန် အယ်ဒီတာမှ တဆင့်တင်ပြခြင်း။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဇရပ်လှကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးသာထွန်းအောင်သည် အာဏာ ပါဝါ ကို အသုံးချပြီး ကျေးရွာ သား များနှင့် ဘုန်းကြီးအကြား အထင်အမြင်လွဲအောင် လုပ်ဆောင်ကာ ဘုန်းကြီးများကို သီတင်းမသုံးနိုင်အောင် နည်းမျိုးစုံသုံးကာ သာသာနာကို ဖျက်ဆီး နေပါသည်။

Read More...

နိုင်ငံတော် စီမံကိန်းအကြောင်းပြ လယ်မြေသိမ်းကာ ပြန်လည်ရောင်းချမှုများရှိ

ဟိန်းဇော်
27 August 2011

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ် သကံ္ကချိုင်းအုပ်စု ညောင်ကုန်းကျေးရွာရှိ စိုက်ပျိုးမြေများ၊ စားကျက်မြေများ၊ ထင်းစိုက်ခင်း မြေဧက ၅၀၀ ကို ကော်ဖီစီမံကိန်းဟု ဆိုကာ အတင်းအဓမ္မ သိမ်းယူ ထားပြီးနောက် ယခုအခါ ကော်ဖီစီမံကိန်းကို တိတိကျကျ အကောင် အထည် မဖော်ဘဲ သိမ်းယူမြေတချို့အား တရုတ်လူမျိုးများကို ရောင်းချလျက် ရှိနေကြောင်း ညောင်ကုန်း ကျေးရွာ ဒေသခံများက ဆိုသည်။

သကံ္ကချိုင်းအုပ်စု ညောင်ကုန်းကျေးရွာရှိ ကွင်းအမှတ် ၆၈၈ နှင့် ၇၄၇ မှ ကျေးရွာစိုက်ပျိုးမြေ ဧက ၅၀၀ ကို နိုင်ငံတော် ကော်ဖီ စီမံကိန်း အဖြစ် ၂၀၀၈ ခုနှစ်က လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ သိမ်းယူခဲ့ခြင်း ဖြစ်သည်။

Read More...

KNU နှင့် ဆွေးနွေးရန် အစိုးရကိုယ်စားလှယ်စေလွှတ်

26 August 2011

အစိုးရက ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ဘာသာရေး ခေါင်းဆောင်များကို မကြာသေးမီက တာဝန်ပေး လိုက်သည်ဟု ကရင်တိုင်းရင်းသား နိုင်ငံရေးသမားတဦးက ဧရာဝတီကို ပြောသည်။

ကရင်ပြည်နယ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်မှူးချုပ်ဇော်မင်းက စီစဉ်ခြင်းဖြစ်သည်ဟု ဆိုသည်။

Read More...

Friday, August 26, 2011

အမေရိကန် အထူးကိုယ်စားလှယ် မြန်မာနိုင်ငံ သွားရောက်ဖို့ ပြင်

25 သြဂုတ် 2011
မနန္ဒာချမ်း

သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) အစိုးရက ခန့်အပ်လိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံရဲ့ ပထမဆုံး မူဝါဒ ညှိနှိုင်းရေးမှူး ဒဲရက်ခ် မစ်ချဲလ် (Derek Mitchell) ဟာ မြန်မာနိုင်ငံကို မကြာခင် သွားရောက်ဖို့ ပြင်ဆင်နေပါတယ်။ မစ္စတာ မစ်ချဲလ် သွားရောက်တဲ့အခါ အမေရိကန်က မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှု ရုပ်သိမ်းရေး၊ မရုပ်သိမ်းရေးကိစ္စ အပါအ၀င် လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ဆွေးနွေးပြောဆိုဖို့ နိုင်ငံရေးပါတီ တချို့က မျှော်လင့်နေပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ရဲ့ ပထမဆုံး မူဝါဒရေးရာ ညှိနှိုင်းရေးမှူး ဒဲရက်ခ် မစ်ချဲလ်ဟာ မြန်မာနိုင်ငံကို မကြာခင်မှာ သွား ရောက်နိုင်ဖို့အတွက် မြန်မာအစိုးရ တာဝန်ရှိသူတွေကို ပြောဆိုဖို့ ပြင်ဆင်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြော ရေးဆိုခွင့်ရှိသူ ဗစ်တိုးရီးယား နူလန်း (Victoria Nuland) က အင်္ဂါနေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ အတွင်းမှာ ပြောဆို ခဲ့တာပါ။

Read More...

ထိန်းချုပ် လစ်ဗျားငွေစာရင်း အရေးပေါ် လိုအပ်ချက်အတွက် ခွင့်ပြု

25 သြဂုတ် 2011

လစ်ဗျားနိုင်ငံမှာ လိုအပ်နေတဲ့ လောင်စာဆီ ၀ယ်ဖို့နဲ့ လူမှုဝန်ဆောင်ရေး အပါအ၀င် အရေးပေါ် လူသားချင်း စာနာထောက် ထားမှုဆိုင်ရာ အကူအညီတွေအတွက် ထိန်းချုပ်ထားတဲ့ငွေ ဒေါ်လာသန်းပေါင်း ၁,၅၀၀ ကို ပေးဖို့ အမေရိကန်နဲ့ တောင်အာဖရိ ကနိုင်ငံတို့အကြား သဘောတူညီချက်တရပ် ရသွားပြီလို့ ကုလသမဂ္ဂ သံတမန်တွေက ပြောပါတယ်။

ကုလသမဂ္ဂက ချမှတ်ထားတဲ့ ဒဏ်ခတ် အရေးယူမှုအရ ထိန်းချုပ်ထားတဲ့ ငွေတွေကို လစ်ဗျားခေါင်းဆောင် မွမ်မာ ဂဒါဖီ (Moammar Gadhafi) ရဲ့ အတိုက်အခံတွေ ဦးဆောင်တဲ့ ကြားဖြတ် အမျိုးသားကောင်စီ (NTC) ကို လွှဲပြောင်းပေးဖွယ် ရှိပါတယ်။

Read More...

ကျောက်ဖြူတွင် လူခွန်ကောက်သည်ကို ရပ်တန့်ရန် အုပ်ချုပ်ရေးမှူးရုံးတွင် ပြည်သူများ တောင်းဆို

25/8/2011

ရခိုင်ပြည်နယ် ကျောက်ဖြူတွင် လေလံရထားသူများက စက်လှေခွန်များကိုသာမက လူခွန်များကိုပါ ကောက်ယူနေသဖြင့် လူအများ အပြားက မကျေမနပ် ဖြစ်ကာ လူခွန်ကောက်မူကို ရပ်တန့်ရန် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးနှင့် စည်ပင်ရုံးသို့ သွားရောက်ပြီး တောင်းဆိုခဲ့ကြသည်ဟု သတင်း ရရှိသည်။

ကျောက်ဖြူရှိ အများပြည်သူများ အသုံးပြုနေသော ဂျပန်မ ဆိပ်ကမ်းအား စည်ပင်မှ ပုဂ္ဂလိက လက်သို့ လေလံပေးထားပြီး လေလံရသူများက အဆိုပါ ဆိပ်ကမ်းတွင် ကူးတို့လှေများ၊ စက်လှေများကို သာမက ခရီးသွားပြည်သူများကို လူတစ်ဦးလျှင် အတက် ၄၀၀ ကျပ်၊ အဆင်း ၄၀၀ ကျပ် ကောက်ခံနေကြောင်း သိရသည်။

Read More...

ရသေ့တောင် အမတ်ကို အနိုင်ပေး ပေါက်တော အမတ် ၃ ဦးကို ရက်ရွေ့ထား

25/8/2011
မောင်အေး

ပြိုင်ဘက် ကြံ့ခိုင်ရေး ပါတီကိုယ်စားလှယ်များမှ တရားစွဲဆိုခံထားရသည့် ရတပ ပါတီအမတ်များ လျှောက်လဲချက်ကို ယမန်နေ့ က စစ်ဆေးရာတွင် ရသေ့တောင်မြို့နယ် အမှတ် (၁) ပြည်နယ်လွှတ်တော် အမတ် ဦးလှမောင်သိန်းကို အနိုင်ပေး လိုက်ပြီး ပေါက်တော အမတ် ၃ ဦးကို ဆက်လက် ရက်ရွေ့ဆိုင်းထားကြောင်း သိရှိရသည်။

ကြားနာစစ်ဆေးပွဲသို့ ကိုယ်တိုင်တက်ရောက်နားထောင်ခဲ့သူ ရတပ ပါတီမှ ရန်ကုန်တိုင်း ဒေသကြီး ရခိုင် လူမျိုးစု ကိုယ်စားလှယ် ဦးဇော်အေးမောင်က ယခုကဲ့သို့ပြောသည်။

Read More...

အိန္ဒိယ ရေတပ်ဦးစီးချုပ်ကို ဓည၀တီ ရေတပ် ဌာနချုပ်မှူးက ရန်ကုန်လေဆိပ်မှာ သွားကြိုတာ ဘာကြောင့်လဲ

25/8/2011

မြန်မာနိုင်ငံသို့ လည်ပတ်ရန် သြဂတ်စ်လ ၂၃ ရက်နေ့က ရောက်ရှိလာသော အိန္ဒိယ ရေတပ် ဦးစီးချုပ်အား ရန်ကုန် လေဆိပ် တွင် ရခိုင် အခြေစိုက် ဓည၀တီ ရေတပ် ဌာနချုပ်မှူးက သွားရောက် ကြိုဆိုခဲ့ရာ အဆိုပါ ကြိုဆိုမူနှင့် ပတ်သက်ပြီး ရခိုင်အမျိုး သားများ အကြားတွင် အမျိုးမျိုး ဝေဖန် ပြောဆိုမူများ ထွက်ပေါ်နေသည်ဟု သိရသည်။

အမည်မဖေါ်လိုသူ ဗဟန်းမြို့နယ် ရွှေဂုံတိုင် အ၀ိုင်းနေ ရခိုင်လူကြီး တစ်ဦးက သူ့ အမြင်ကို ယခုလို နိရဉ္စရာသို့ ပြောသည်။

Read More...

နယ်စပ် ခြံစည်းရိုး ဖျက်ဆီးထားမူ လာရောက် စစ်ဆေးမည်

25/8/2011

မြန်မာနိုင်ငံ အနောက်ဘက် မောင်တောမြို့နယ် အတွင်း ကာရံထားသော ခြံစည်းရိုးများကို တဘက်နိုင်ငံက ဘင်္ဂလာဒေခ်ျ့ ဘက်မှ လူတချို့ ၀င်ရောက် ဖျက်ဆီးထားခြင်းကို သက်ဆိုင်ရာမှ လာရောက် စစ်ဆေးမည်ဟု သတင်း ရရှိသည်။

အမည်မဖေါ်လိုသူ တောင်ပြိုမြို့မှ အစိုးရ ၀န်ထမ်း တစ်ဦးက ယခုလို ပြောသည်။

Read More...

Thursday, August 25, 2011

ဒီပဲယင်းအရေး ကုလသို့ တင်မည်

လင်းသန့်
25 August 2011

ဒီပဲယင်းဒေသတွင် ဒေါ်အောင်ဆန်းစုကြည် အကြမ်းဖက်တိုက်ခိုက်ခံရမှု၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တရားဝင် ဆက်လက် ရပ်တည်ရေး စသည့် အကြောင်းအရာများ ပါဝင်သော ကုလသမဂ္ဂသို့ ပေးပို့မည့် အစီရင်ခံစာကို အင်္ဂါနေ့က ကုလသမဂ္ဂ လူ့အခွင့်အရေး အရာရှိ မစ္စတာ သောမတ် အိုဟေး ကင်တားနားကို တင်ပြလိုက်သည်ဟု သိရသည်။

“အစီရင်ခံစာကို မစ္စတာကင်တားနားကို ပြတယ်။ ပါတီရပ်တည်ရေး အပါအ၀င် ကိစ္စတွေကိုပါ။ သူက ဥပဒေပညာရှင် မဟုတ်တော့ ကျွမ်း ကျင် တဲ့ ဥပဒေပညာရှင်တယောက်နဲ့ ကျနော်တို့နဲ့ ညှိနှိုင်း လုပ်ဆောင်နိုင်ဘို့ အမြန်ဆုံး မြန်မာနိုင်ငံကို စေလွှတ်ဖို့ စီစဉ်မယ်လို့ ပြောပါ တယ်” ဟု NLD ခေါင်းဆောင်တဦးဖြစ်သူ ဦးဉာဏ်ဝင်းက ပြောသည်။

Read More...

ဒေါ်လာဈေး ပြန်တက်သဖြင့် ဆန်တင်ပို့မှုပြန်စ

ရန်ပိုင်
25 August 2011

အမေရိကန်ဒေါ်လာ၊ ပို့ကုန်ဝင်ငွေ (Export Earning) စသည့် ငွေကြေးလဲလှယ်မှုနှုန်းများ ကျဆင်းနေရာမှ ပြန်လည်မြင့်တက်လာ သည့် အတွက် ဧည့်မထဆန်ဈေးလည်း မြင့်တက်ကာ ပြည်ပသို့ ဆန်တင်ပို့မှု ပြန်လည် စတင်ပြီဖြစ်ကြောင်း သိရသည်။

တနင်္လာနေ့က အမေရိကန် တဒေါ်လာဈေး ၆၄၈ ကျပ်အထိ ကျဆင်းနေရာမှ ယနေ့ ၇၅၅ ကျပ်အထိ မြင့်တက်သွားပြီး ပို့ကုန်ဝင်ငွေ (Export Earning) မှာလည်း ၇၁၇ ကျပ်မှ ၇၇၀ ကျပ်ဈေး အထိမြင့်တက်လာခဲ့သည်။

Read More...

ထိုင်းရောက်မြန်မာတို့ နေ့တွက်ခ တိုးရမည်လော

သန်းထိုက်ဦး
25 August 2011

ထိုင်းနိုင်ငံ အလုပ်သမားတဦး၏ အနည်းဆုံး နေ့တွက်ခ အဖြစ် ဘတ် ၃၀၀ (၁၀ ဒေါ်လာ) ပေးရန် သတ်မှတ်မည့် အစီအစဉ်ကို ထိုင်း ၀န်ကြီးချုပ်က အတည်ပြုခဲ့သည့်တိုင် မြန်မာပြည်သား အလုပ်သမားတို့ အကျိုးခံစားခွင့် ရဦးမည်မဟုတ်ဟု အလုပ်သမား အခွင့်အရေး ဆောင်ရွက်နေသူများက ခန့်မှန်းနေကြသည်။

သို့သော်လည်း ထိုင်းအခြေခံဥပဒေ၊ နိုင်ငံတကာ အလုပ်သမား ဥပဒေတို့တွင် ပြဋ္ဌာန်းထားချက်အရ အလုပ်သမားဆိုင်ရာ ရပိုင်ခွင့်များ သည် ထိုင်းနိုင်ငံသားများသာမက ထိုင်းတွင်ရောက်ရှိနေသော မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား နိုင်ငံတို့မှ အလုပ်သမားများနှင့်လည်း အကျုံးဝင်ကြောင်း သိရသည်။

Read More...

ကမ္ဘာ့သြဇာအရှိဆုံး အမျိုးသမီးစာရင်း ဒေါ်စု ပါဝင်

24 သြဂုတ် 2011

ကမ္ဘာပေါ်မှာ သြဇာအကြီးမားဆုံး အမျိုးသမီး ၁၀၀ စာရင်းထဲမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ထည့်သွင်း သတ်မှတ်လိုက်ပါတယ်။ အမေရိကန်နိုင်ငံမှာ ထုတ်ဝေတဲ့ နာမည်ကျော် Forbes မဂ္ဂဇင်းကြီးက နှစ်စဉ် ထုတ်ပြန်တဲ့ စာရင်းထဲမှာ အခုလို ဖော်ပြထားတာပါ။

လွန်ခဲ့တဲ့ ၂၁ နှစ်အတွင်း ၁၅ နှစ်က နေအိမ်အကျယ်ချုပ် ချခံထားခဲ့ရပြီးတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကမှ ပြန်လည် လွတ် မြောက် လာတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် ၂၀၁၁ ခုနှစ်ဟာ အရေးပါတဲ့ နှစ်တနှစ် ဖြစ်တယ်လို့ Forbes မဂ္ဂဇင်းရဲ့ အင်တာနက် စာမျက်နှာမှာ ရေးထားပါတယ်။

Read More...

ဂဒါဖီ ဖမ်းနိုင်သူ ဆုငွေရမည်

24 သြဂုတ် 2011

လစ်ဗျားခေါင်းဆောင် မိုမာ ဂဒါဖီ (Moammar Gadhafi) ကို ဖမ်းဆီးနိုင်ရင် အမေရိကန်ဒေါ်လာ ၁,၆၇၀,၀၀၀ ပေးမယ်လို့ အတိုက် အခံ လက်နက်ကိုင် အဖွဲ့တွေက ဆုငွေထုတ်လိုက်ပါတယ်။

လစ်ဗျားခေါင်းဆောင်ကို ဖမ်းဆီးဖို့ ကြိုးပမ်းမှုတွေကို အရှိန်မြှင့် ဆောင်ရွက်တဲ့ အနေနဲ့ ဒေသခံ စီးပွားရေးသမားတွေက ဆုငွေ ပေးမယ့် ဆုံးဖြတ်ချက်ကို ထောက်ခံတဲ့အကြောင်း အသွင်ကူးပြောင်းရေး အမျိုးသားကောင်စီ အဖွဲ့ရဲ့ ခေါင်းဆောင် မူစတာဖာ အက်ဘ်ဒဲလ် ဂျာလေလ် (Mustafa Abdel Jalil) က ဗုဒ္ဓဟူးနေ့မှာ ပြောဆိုလိုက်တာပါ။

Read More...

နျူကလီးယား ဆွေးနွေးပွဲ ပြန်စဖို့ မြောက်ကိုရီးယား အသင့်

24 သြဂုတ် 2011

နျူကလီးယားလက်နက် အစီအစဉ်နဲ့ ပတ်သက်လို့ နိုင်ငံတကာ ဆွေးနွေးညှိနှိုင်းမှုတွေ ပြန်စမယ်ဆိုရင် လုပ်ငန်းတွေကို ယာယီ ရပ်ဆိုင်းထားဖို့ အဆင်သင့် ရှိနေတယ်လို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအီလ် (Kim Jong Il) က ပြောဆိုတဲ့ အကြောင်း ရုရှားနိုင်ငံက ပြောလိုက်ပါတယ်။

ဆိုက်ဘေးရီးယား ဒေသက စစ်စခန်းတခုမှာ မြောက်ကိုရီးယား ခေါင်းဆောင်နဲ့ ရုရှားသမ္မတ ဒီမီထရီ မက်ဒ်ဗီဒက်ဗ် (Dmitry Medvedev) တို့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံရာမှာ အခုလို ကမ်းလှမ်းလိုက်တာလို့ ရုရှားသမ္မတရဲ့ ပြောခွင့်ရသူ နာတာလီယာ တီမာ ကိုဗာ (Natalya Timakova) က ပြောခဲ့တာပါ။

Read More...

မစ္စတာ ကင်တားနား မြန်မာနိုင်ငံ လူ့အခွင့်အရေး နောက်ဆုံးအခြေအနေ ဒေါ်စုနဲ့ ဆွေးနွေး

24 သြဂုတ် 2011
မသင်းသီရိ

မြန်မာနိုင်ငံကို ၅ ရက်ကြာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တားနား (Mr Tomas Ojea Quintana) ဟာ ဒီနေ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင် ဆန်း စုကြည်နဲ့ သီးသန့်တွေ့ဆုံပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနဲ့အတူ တရားဥပဒေ စိုးမိုးရေး ကိစ္စတွေကို ဆွေးနွေး ခဲ့ ကြပါတယ်။ ဒါ့အပြင် မစ္စတာ ကင်တားနားဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရဲ့ ဗဟိုအလုပ် အမှု ဆောင်တွေ အပြင် NLD ပါတီရဲ့ ရှေ့နေအဖွဲ့နဲ့ပါ တွေ့ဆုံခဲ့ပြီး မနက်ပိုင်းမှာတော့ အင်းစိန် အကျဉ်းထောင်တွင်း သွားရောက် လေ့လာခဲ့ပါတယ်။ မစ္စတာ ကင်တားနားရဲ့ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးမှုတွေအကြောင်း အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

Read More...

အဖွဲ့ချုပ်ရပ်တည်​ရေး​ကိစ္စ ကုလသမဂ္ဂ ဥပ​ဒေပညာရှင် ​ဆောင်ရွက်ရန် စီစဉ်မည်

24, 2011
အံ့ဘုန်းမြတ်

ပါတီရပ်တည်မှုပျက်ပြီလို့ ​ အစိုး​ရက ​ကြေညာထား​တဲ့​ အမျိုး​သား​ဒီမိုက​ရေအဖွဲ့ချုပ် ပါတီ တရား​ဝင်ရပ်တည်​ရေး​ကိစ္စနဲ့​ ပတ် သက်ပြီး​ ကုလသမဂ္ဂမှ ဥပ​ဒေကျွမ်း​ကျင်သူ ပညာ ရှင်တဦး​ လာ​ရောက်ကူညီနိုင်ဖို့​ ​ဆောင်ရွက်​ပေး​မယ်လို့​ ကုလသမဂ္ဂ လူ့​အခွင့်​အ​ရေး​ အထူး​စုံစမ်း​ စစ်​ဆေး​သူက ​ပြောကြား​သွား​ပါတယ်။

အဖွဲ့​ချုပ် ဥပ​ဒေအ​ထောက်အကူပြုအဖွဲ့ဝင်​တွေက ကုလသမဂ္ဂ လူ့အခွင့်​အ​ရေး​ အထူး​စုံစမ်း​ စစ်​ဆေး​သူ မစ္စတာကင်တား​နား​ကို ဒီ​နေ့​တွေ့ဆုံရာမှာ ပါတီတရား​ဝင်ရပ် တည်မှုနဲ့​ပတ်သက်ပြီး​ တင်ပြပါတယ်။

Read More...

ချောင်းရေကြီးမှုကြောင့် ကရင်နီ ဒုက္ခသည်တဦး ရေနစ်သေဆုံးခဲ့

24 August 2011
နန်းသူးလေ

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်၊ မဲ့စရင်းမြို့နယ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ်(၂)တွင် မဲ့စရင်းချောင်း ရေကြီးမှုကြောင့် စခန်းတွင်းရှိ ရိက္ခာဂိုဒေါင်မှူးတစ်ဦး ရေနစ်သေဆုံးသွားခဲ့သည်ဟု စခန်းတွင်းနေထိုင်သူများ၏ ပြောပြချက်အရ သိရသည်။

သြဂုတ်လဆန်းပိုင်းမှ စတင်ပြီး မိုးများဆက်တိုက် ရွာသွန်းနေမှုကြောင့် စခန်းအတွင်းရှိ မဲ့စရင်းချောင်း ရေစီးနှုန်း ပိုသန်လာကာ သြဂုတ်လ ၁၀ရက်နေ့တွင် ရိက္ခာဂိုဒေါင်သို့ ကြည့်ရှုရန် သွားရောက်ခဲ့သည့် စခန်း၏ ရိက္ခာဂိုဒေါင်မှူး ဒုတာဝန်ခံ စောခင်မောင် ခူး ၅၂နှစ်သည် ရေနစ်မြုပ်ကာ သေဆုံးသွားခဲ့ကြောင်း စခန်းသူ နော်ခရစ်မယ်ရီထူးက ယခုလို ပြောပြသည်။

Read More...

ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတဦးသိန်းစိန် ဆွေးနွေးမှု ဂျာမဏီ ကြိုဆို

2011-08-24

မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်တို့ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးမှုတွေကို ဂျာမနီနိုင်ငံက အားပေး တိုက်တွန်းကြောင်း ဂျာမန် နိုင်ငံခြား ရေးဝန်ကြီး Werner Hoyer က ပြောဆိုလိုက်ပါတယ်။

Read More...

အမေရိကန် ကိုယ်စားလှယ် Mr. Derek Mitchell မြန်မာနိုင်ငံကို အမြန်ဆုံး သွားလို

2011-08-24

မကြာခင်က အတည်ပြု ခန့်အပ်ခဲ့တဲ့ မြန်မာနိုင်ငံ ဆိုင်ရာ မူဝါဒ ရေးရာ အမေရိကန် အထူး ကိုယ်စားလှယ် Mr. Derek Mitchell ဟာ မြန်မာနိုင်ငံကို အမြန်ဆုံးသွားလိုတဲ့ ဆန္ဒရှိနေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ဖော် ပြောကြားလိုက် ပါတယ်။

Read More...

ဒုတိယရေနက် ဆိပ်ကမ်း ပုသိမ်မြို့ ဖြစ်တော့မည်

2011-08-24

ဧရာဝတီတိုင်း ပုသိမ်မြို့ ဆိပ်ကမ်းကို ရေနက်ဆိပ်ကမ်း အဖြစ် မကြာခင် ဆောက်လုပ်ဖို့ အတွက် ထိုင်းကုမ္ပဏီ တခုနဲ့ မြန်မာ အစိုးရတို့ ဆွေးနွေးပြီးပြီလို့ သိရပါတယ်။

အဲဒီထိုင်း ကုမ္ပဏီက တည်ဆောက်ရေး လုပ်ငန်း အတွက် ဒီတပတ် အတွင်း ပုသိမ်ကို လာရောက်မယ်လို့ ဧရာဝတီတိုင်း အစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးအေးကျော်က ပြောပါတယ်။

Read More...

လိုင်စင်သိမ်းခံ ရှေ့နေများ လိုင်စင် ပြန်ရရေး လျှောက်ထားကြမည်

2011-08-24

မြန်မာနိုင်ငံမှာ နိုင်ငံရေးထဲ ပါဝင်လို့ ထောင်ဒဏ် ချမှတ်ခံရတဲ့အပြင် လိုင်စင်တွေပါ ရုပ်သိမ်းခံရတဲ့ တရားရုံးချုပ်ရှေ့နေ (၂၁) ဦးက နှစ်ပေါင်းများစွာ အပိတ်ခံထားရတဲ့ ရှေ့နေအဖြစ် အသက် မွေးဝမ်းကျောင်းခွင့်ကို ပြန်ပြီး ခွင့်ပြုပေးဖို့ ပြည်ထောင်စု တရားလွှတ်တော်ကို တင်ပြလျှောက်ထားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

Read More...

ပြည်တွင်း ငြိမ်းချမ်းရေး ကော်မတီများတွင် တိုင်းရင်းသားများ ပါဝင်စေလို

August 24th, 2011
ရိုင်မရော့

တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများ ကိုင်တွယ်ဖြေရှင်းမည်ဟု ယူဆရသည့် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ကော်မတီများတွင် တိုင်းရင်းသားကိုယ်စားလှယ်များ ပါဝင်စေချင်သည်ဟု တိုင်းရင်းသားနိုင်ငံရေးပါတီများက ပြောသည်။

Read More...

မောင်တောတွင် မွတ်ဆလင် သုံးဦးကို ငွေညစ်ရန် နစကမှ ဖမ်းဆီးထား

8/24/2011

ဘင်္ဂလာဒေခ်ျ့ လက်ကိုင်မိုဘိုင်းဖုံးများကိုင်ဆောင်သည်ဟု စွပ်စွဲပြီး ဖမ်းဆီးခံထားရသောာ မွတ်ဆလင် (၃) ဦးထံမှ တစ်ဦးလျှင် ကျပ် (၂) သိန်းကျစီ နစက တာဝန်ရှိသူများက တောင်းခံထားသည်ဟု သတင်း ရရှိသည်။

" သူတို့ မိသားစုတွေက ဆင်းရဲတယ်။ မပေးနိုင်ဘူး။ ခုလို မပေးနိုင်တဲ့ အတွက် ဒီကနေ့ပါဆိုရင် သူတို့ကို ဖမ်းဆီးပြီး အချုပ် ထဲကို ထည့်ထားတာ သုံးရက်ရှိပြီ" ဟု တောင်ပြိုမှ သူတို့၏ ဆွေမျိုး တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

Read More...

လိုငွေပြမှု သတင်းအမှောင်ချ

လင်းသန့်
24 August 2011

ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ယမန်နေ့က ပြည်သူ့လွှတ်တော် ပြည်သူ့ ငွေစာရင်း ကော်မတီ၏ ၂၀၁၁- ၂၀၁၂ ဘဏ္ဍာ နှစ်အတွက် ကျပ် ဘီလျံ ၂၀၀၀ ကျော် ဘတ်ဂျက်လိုငွေပြမှု နှင့်ပတ်သက်သည့် အစီရင်ခံစာ၊ ဆွေးနွေးချက်တို့ကို ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြခြင်းမရှိပေ။

Read More...

လယ်သမားတို့၏ရှေ့နေ လိုင်စင်သိမ်းခံရ

ဇာနည်မာန်
24 August 2011

မကွေးတိုင်းအတွင်း လယ်မြေအသိမ်းခံရသော လယ်သမားများကို ကူညီသည့် ရှေ့နေ ဦးတင်အောင်ထွန်းသည် မကြာသေးခင်က ရှေ့နေလိုင်စင် ရုပ်သိမ်းခံလိုက်ရကြောင်း သိရသည်။

သူ့အား အထက်တန်းရှေ့နေအဖြစ်မှ ထုတ်ပယ်ကြောင်း ကြော်ငြာစာကို တနင်္လာနေ့က မင်းဘူးမြို့နယ်တရားရုံးတွင် ကပ်ထားသည်ဟု ဦးတင်အောင်ထွန်းက ဆိုသည်။

Read More...

မလေးမှ ဒုက္ခသည်များ ပြန်ပို့ခံရမည်ကို စိုးရိမ်

သန်းထိုက်ဦး
24 August 2011

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်၊ အာဏာပိုင်တို့ထံတွင် ယမန်နေ့က လက်ဗွေနှိပ်၊ ဓာတ်ပုံအရိုက်ခံခဲ့သော မြန်မာပြည် သား ဒုက္ခသည်များသည် နေရပ်ရင်းသို့ ပြန်ပို့ခံရမည်ကို စိုးရိမ်နေကြသည်။

ကွာလာလမ်ပူရှိ ပူထရာဂျာရာ လ၀ကရုံးတွင် ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်တချို့ကြောင့် စိုးရိမ်နေကြခြင်းဖြစ်သည်ဟု ဆိုသည်။

Read More...

Wednesday, August 24, 2011

ဂုဏ်သိက္ခာရှိသည့် ငြိမ်းချမ်းရေး လမ်းစဉ်ဖြစ်ရန် DKBA လိုလား

24 August 2011

ဦးသိန်းစိန် အစိုးရ အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို တနိုင်ငံလုံးအတိုင်းအတာ ဆောင်သည့် ဆွေးနွေးမှုများကို ဂုဏ် သိက္ခာရှိစွာ လုပ်ဆောင်သွားရန်လိုလားကြောင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(DKBA) ကလို့ ထူးဘော စစ်ဌာနချုပ်က သြဂုတ်လ ၂၂ရက်၊ နေ့စွဲဖြင့် သဘောထား ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ပြည်တွင်းစစ်ကာလရှည်အတွင်း တိုင်းရင်းသားပြည်သူများ၏ နစ်နာဆုံးရှုံးမှုများကို နေ့စဉ် တွေ့မြင် နေရ သည့်အပေါ် မိမိတို့အနေဖြင့်လည်း စစ်မှန်သည့် ပြည်တွင်းငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားကြောင်း ပြောဆိုထား သည်။

Read More...

လွှတ်တော်တွင် ငြိမ်းချမ်းရေးကော်မတီ အပါအဝင် ကော်မတီများ ဖွဲ့စည်း

24 August 2011

သြဂုတ်လ ၂၂ရက်နေ့တွင် စတင် ကျင်းပခဲ့သည့် ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးတွင် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ကော်မတီ အပါအဝင် ကော်မတီများကို ဖွဲ့စည်းခဲ့သည်။

အမျိုးသားလွှတ်တော်တွင် တိုင်းရင်းသားရေးရာနှင့် ငြိမ်းချမ်းရေးကော်မတီ အပါအဝင် ကော်မတီ (၈)ရပ်နှင့် ပြည်သူ့လွှတ် တော်တွင် ကော်မတီ ၁၈ရပ်ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

Read More...

စစ်တပ် ကချင်မှာ အနိုင်ကျင့်မှုစပြီ

23 August 2011

စည်းလုံးခြင်းရဲ့အင်အားဝက်ဘ်ဆိုဒ်သို့ စစ်တပ်မှ ဒေသခံ ကျေးရွာလူထုကို စစ်ဆင်ရေး အကြောင်းပြုပြီး အဓ္ဓမ အနိုင်ကျင့် နေ တဲ့ သတင်းများကို ဝိုင်းမော်မြို့နယ် ကဇူးကျေးရွာမှ လူထုနှင့် နီးစပ်သူများနဲ့ စစ်ဘက်နီးစပ်သူများက သတင်းများစုစည်း ပေးပို့ လာပါတယ်။သတင်းအပြည့်အစုံမှာ စစ်တပ်က ၀ိုင်းမော်မြို့နယ်၊ ကဇူးကျေးရွာ၊ ဒဘတ်ယာန်ကျေးရွာနှင့် ဂါးရာယာန်ကျေးရွာ များအား စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ပြီး ဇူလိုင်လ (၂၅)ရက် နောက်ဆုံးထားပြီး ရွာမှ ရွာသားများ ထွက်ခွာတိမ်းရှောင် ကြရန် အမိန့်ညွန်ကြားချက်ပေးခဲ့တယ်လို့ ရွာသားများက သတင်း ပေးလာပါတယ်။ တဖန် စစ်ဘက်နီးစပ်သူများက အဲဒီညွန်ကြား ချက် ထုတ်ရတာဟာ အကြောင်းရင်းရှိပြီး သူတို့ရဲ့ စွပ်စွဲချက်က အဲဒီကျေးရွာတွေဟာ လုံခြုံရေး ဧရိယာအဖြစ် အကြောင်းပြပြီး သောင်းကျန်းသူများနှင့် ဆက်ဆံမှုရှိနိုင်တယ်လို့ ဆိုပါတယ်။ တကယ်တော့ တပ်ရင်းတွေဟာ လှုပ်ရှား စည်းရုံးဆောင်ရွက်ရ မှာ ဖြစ်ပြီး ကျေးရွာလူထုကို လုံခြုံမှု အကာအကွယ်ပေးရမည့်အစား မြေပုံပေါ်တွင် တပ်အလှုပ်ပြကာ လိမ်ညာနေတာ ပေါ်လွင်နေ တယ်လို့ စစ်ဘက်နီးစပ်သူများက ဝေဖန်ကြပါတယ်။

Read More...

အပေါ်သို့