ဧရာဝတီ Friday, April 23, 2010
နေပြည်တော် စစ်ဌာနချုပ် နယ်မြေနှင့် ဆက်စပ်နယ်မြေ အတွင်း ပြီးခဲ့သည့် ဧပြီ ၁၇ ရက်နေ့က စတင်၍ လုံခြုံ ရေး တိုးမြှင့်ထားပြီး စစ်တပ် အဆင့်မြင့် အရာရှိကြီးများ၏ နေပြည်တော်သို့ လာရောက်သည့် ခရီးစဉ်များ ကန့်သတ် ထားကြောင်း သိရသည်။
ကန့်သတ်မှုမှာ တိုင်း စစ်ဌာနချုပ်များ၏ တိုင်းမှူးအဆင့် ဗိုလ်ချုပ်များနှင့် တပ်မမှူး အဆင့်ရှိ ဗိုလ်မှူးချုပ်များ၏ ခရီးစဉ်များ ဖြစ်ကြောင်း နေပြည်တော် စစ်ဌာနချုပ်မှ လာသော သတင်းများက ဆိုသည်။
ယင်းတိုင်းမှူးနှင့် တပ်မမှူးအဆင့်ရှိ အရာရှိကြီးများနေဖြင့် နေပြည်တော်သို့ လာရောက်မည့် အကြောင်းကို ကြိုတင် သတင်း ပေးပို့ရမည်ဖြစ်ပြီး သွားရောက် တွေ့ဆုံမည့် အရာရှိကြီးများ၏ ခွင့်ပြုချက်လည်း လိုအပ်သည်ဟု တပ်မတော် စစ်ရုံးချုပ် ရုံးစိုက်ရာ နေပြည်တော်တိုင်း စစ်ဌာနချုပ်မှ အရှာရှိတဦးက ပြောဆိုသည်။
“ဧပြီ ၁၇ ရက်နေ့က ကက(ကြည်း)ကနေ တိုင်းစစ်ဌာနချုပ်နဲ့ တပ်မဌာနချုပ်တွေကို ညွှန်ကြားချက် ပို့ထားပါ တယ်၊ ဘယ်တိုင်းမှူး ဘယ်တပ်မမှူးမှ ခွင့်ပြုချက်မပါဘဲ စစ်ရုံးချုပ်ရှိတဲ့ နေပြည်တော်တိုင်း စစ်ဌာနချုပ်ကို လာစရာ မလိုဘူးလို့ ညွှန်ကြားထားတယ်” ဟု ၎င်းက ဧရာဝတီ သို့ ပြောသည်။
နေပြည်တော်သို့ လာရောက်သည့် တိုင်းမှူး ဗိုလ်ချုပ်များနှင့် တပ်မမှူး ဗိုလ်မှူးချုပ်များ၏ တည်းခိုရာ နေရာကိုလည်း ကြိုတင် သတင်း ပေးပို့ရမည်ဖြစ်ပြီး ကာကွယ်ရေး ၀န်ကြီးဌာန စစ်ရုံးချုပ်ရှိ ကက(ကြည်း)၏ ညွှန်ကြား ချက် ရရှိမှ တည်းခို နေထိုင်ရမည် ဖြစ်သည်ဟုလည်း ယင်းစစ်ဌာနချုပ် အရာရှိက ပြောဆိုသည်။
တိုင်းမှူးနှင့် တပ်မမှူးများ၏ နေပြည်တော် ခရီးစဉ်အတွင်း လုံခြုံရေးအရ လိုက်ပါမည့်သူများနှင့် ရုံးအဖွဲ့ကို လည်း ခရီးစဉ်မတိုင်ခင် ၄ ရက်ခန့် ကြိုတင် သတင်းပို့ပေးရန်နှင့် ခွင့်ပြုချက်ရပြီးမှ ဆက်လက်ဆောင်ရွက်ရ မည်ဖြစ်ကြောင်း သိရသည်။
“အဓိက ကတော့ လက်နက်ခဲယမ်း ယူဆောင်လာတာကို ကန့်သတ်ဖို့ပဲ ဖြစ်ပါတယ်၊ ကက(ကြည်း) က အကြောင်း အမျိုးမျိုးကြောင့် နေပြည်တော်ကို လာရောက်မယ့် အရာရှိတွေရဲ့ လက်နက်ခဲယမ်းများ ယူဆောင်တာကို နဂိုကထက် တင်းကျပ် လိုက်တာဖြစ်တယ်” ဟု အထက်ပါ အရာရှိက ဆက်ပြောသည်။
အဆိုပါ ကက(ကြည်း)၏ တိုင်းမှူး၊ တပ်မမှူးများကို နေပြည်တော်သို့ ခရီးသွားလာခွင့် ကန့်သတ်ခြင်းနှင့် လုံခြုံရေး အတွက် အတူပါလာသည့် အရာရှိများ၏ လက်နက်ခဲယမ်းများ ကန့်သတ်ခြင်းသည် စစ်ရုံးအတွင်း ပစ်ခတ်မှုများ ဖြစ်လာမည်ကို စိုးရိမ်မှုကြောင့် ဖြစ်ကြောင်း စစ်ဘက် လေ့လာသူများက သုံးသပ်သည်။
ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်နေ့(သင်္ကြန် အကြတ်နေ့)က ရန်ကုန်မြို့ မင်္ဂလာ တောင်ညွန့်မြို့နယ် ကန်တော် ကြီး အနီးရှိ X2O ရေကစား မဏ္ဍပ်ရှေ့တွင် ဗုံးသုံးလုံး ပေါက်ကွဲမှုကြောင့် ရန်ကုန်တိုင်း အမှတ်(၄) စစ်ဒေသ မှူး ဗိုလ်မှူးကြီး အုံးချိုနှင့် မြို့နယ်အဆင့် အရာရှိများ အပါအ၀င် လူ ၁၇၀ ဒဏ်ရာရရှိပြီး အငြိမ်းစား ဗိုလ်ကြီး တဦးဖြစ်သည့် မင်္ဂလာတောင်ညွှန့်မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးသန့်စင်သိမ်း အပါအ၀င် ယနေ့ အထိ ၁၀ ဦး သေဆုံးခဲ့ကြောင်း ရန်ကုန်မြို့က အပတ်စဉ်ထုတ် ဂျာနယ်များတွင် ဖေါ်ပြသည်။
ယင်းဧပြီ ၁၅ ရက်နေ့ တရက်တည်းတွင်ပင် နေပြည်တော်ရှိ Asia World ကုမ္ပဏီပိုင် မြတ်တော်ဝင် ဟိုတယ် တွင်လည်း ဗုံးတွေ့ရှိကြောင်း ဟိုတယ် တာဝန်ရှိသူတဦးက ပြောသည်။
Ref: ဧရာဝတီ်
Saturday, April 24, 2010
အဆင့်မြင့် စစ်အရာရှိများ နေပြည်တော်၌ သွားလာခွင့် ကန့်သတ်
နေ့စဉ်သတင်းများ ( ၂၃ - ၄ - ၁၀ )
■ အာဏာရှင်အောက်က ရုန်းထွက်ဖို့ အလားအလာ အကောင်းဆုံးအချိန် သတင်း
■ ဒီမိုကရေစီရေး စစ်တပ်ထဲက ပူးပေါင်းဖို့ အမေရိကန်အမတ် တိုက်တွန်း သတင်း
■ စစ်တွေမြို့ လျှပ်စစ်မီးရရှိရေး အမျိုးသမီး (၅၀၀) ကျော် ဆန္ဒပြ သတင်း
■ မီတာထိန်းသိမ်းစောင့်ရှောက်ခ မပေးနိုင်ဟု သုံးခွနှင့် ခရမ်းမြို့နယ် ဒေသခံတချို့က ဆို သတင်း
■ ဖားကန့်ဒေသ ကေအိုင်အိုရုံးအချို့ကို ရဲနှင့် စစ်တပ် ၀င်ရောက်စစ်ဆေး သတင်း
■ အပစ်ရပ်အဖွဲ့တွေ နယ်ခြားစောင့်တပ်ဖွဲ့ရေး သဘောမတူ သတင်း
■ ပြည်သူ့စစ်ပြောင်းရန် မွန်ပြည်သစ် ငြင်းဆို သတင်း
■ မကျန်းမာသည့် နိုင်ငံရေးအကျဉ်းသားများ ဆေးဝါးကုသမှုမရ သတင်း
■ ဂျပန်လွှတ်တော်အမတ်များအဖွဲ့ ဗိုလ်ချုပ်မှူးကြီးထံ စာရေးတိုက်တွန်းမည် သတင်း
■ ဗုံးဖောက်ခွဲသူကို ဖမ်းမိထားကြောင်း ပြည်တွင်းထုတ်ဂျာနယ်တွင် ဖော်ပြ သတင်း
■ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းက နိုင်ငံရေးပါတီအသွင်ပြောင်းဖွယ်ရှိ သတင်း
■ နိုင်ငံရေးပါတီနှစ်ခု ပါတီထောင်ခွင့် စတင်ရရှိ သတင်း
■ မူပိုင်ခွင့်နေ့နှင့် မြန်မာနိုင်ငံက မူပိုင်ခွင့် သတင်း
■ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့သူ Dorothy Height အကြောင်း တစေ့တစောင်း သတင်း
■ အဆင့်မြင့် စစ်အရာရှိများ နေပြည်တော်၌ သွားလာခွင့် ကန့်သတ် သတင်း
■ နယ်ခြားစောင့်တပ်ကိစ္စကြောင့် ဒီကေဘီအေအတွင်း ပေါက်ကွဲမှု ဖြစ်ပေါ်နိုင် သတင်း
■ အပစ်ရပ် ၀တပ်ဖွဲ့တွေနဲ့ စစ်ရေးတင်းမာမှုတွေကြောင့် ဒေသခံတွေ တိမ်းရှောင် သတင်း
■ နအဖနှင့် ၀ တင်းမာမှုကြောင့် လားဟူ BGF တပ်ရင်းသစ်မှ တပ်သားများ ထွက်ပြေး သတင်း
■ တောင်ပိုင်း ၀ နယ်မြေသို့ လောင်စာဆီတင်ပို့မှု ပိတ်ပင် သတင်း
■ အပစ်ရပ်အဖွဲ့များ ထိန်းချုပ်ရာဒေသမှ ရွာသားများ ထိုင်းနယ်စပ်သို့ ထွက်လာနေ သတင်း
■ ကေအိုင်အိုတပ်ဖွဲ့၏ တိုက်နယ်ရုံး စစ်ဆေးခံရ၊ နှစ်ဖက်စစ်ရေး တင်းမာ သတင်း
■ ကရင်နီတပ်ဖွဲ့ ဓာတ်တိုင်အား ဖျက်ဆီးပြီးနောက်ပိုင်း စစ်တပ်က ပြည်သူများအား ပိုမိုကင်းစောင့်ခိုင်း သတင်း
■ မြစ်ဆုံဗုံးပေါက်ကွဲမှု သံသရှိသူ အဖမ်းခံရ သတင်း
■ အဖွဲ့ချုပ်က စစ်အစိုးရကို တရားစွဲရန် ပြင်ဆင် သတင်း
■ NLD လူငယ်ခေါင်းဆောင်များ စည်းရုံးရေးကွင်းဆင်း သတင်း
■ ပလောင်ပါတီ မှတ်ပုံတင် သတင်း
■ ငြမ်းပြိုသည်ကို ပေါက်ကွဲမှုဖြစ်သည်ထင်၍ ထိတ်လန့်နေကြ သတင်း
■ တာချီလိတ်မြို့ တည်းခိုခန်းတခုတွင် လူသတ်မှုဖြစ်ပွား သတင်း
■ နအဖလက်ချက်မှတပါး အခြားမရှိ (ဆောင်းပါး)
■ မိုးကို ဒူးနှင့် တိုက်ရဲလျှင် (ဆောင်းပါး)
Friday, April 23, 2010
ရွေးကောက်ပွဲ မ၀င်ပေမဲ့ NLD ရုံးချုပ် ပိတ်ဖို့မရှိ
22 April 2010
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေအရ နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံမတင်ဘူး ဆိုပေမဲ့ ပါတီရုံးကို ပိတ်မှာ မဟုတ်သလို ပါတီအလံ၊ ပါတီ ဆိုင်းဘုတ်ကိုလည်း မိမိဘာသာ ဖျက်သိမ်းပေးမှာ မဟုတ်ဘူးလို့ ပါတီခေါင်းဆောင် တချို့က ပြောလိုက်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းပြီး ကိုသားညွန့်ဦးက တင်ပြ ပေးထားပါတယ်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ဥပဒေအရ ပါတီတည်ရှိမှု ပျက်ပြယ်သွားမယ်ဆိုရင် အခြေအနေတွေကို ကိုင်တွယ်နိုင်အောင် စီမံခန့်ခွဲမှုဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့တရပ် ဖွဲ့ထားပါတယ်။ ဒါပေမဲ့လည်း NLD အနေနဲ့ သူ့ရဲ့ အဖွဲ့ တည်ရှိမှုကိုတော့ မိမိဘာသာ ဖျက်သိမ်းပေးမှာ မဟုတ်ဘူးလို့ အဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်က ပြောပါတယ်။
“ကျနော်တို့က နိုင်ငံရေးပါတီ၊ ဖျက်သိမ်းမယ်၊ မဖျက်သိမ်းဘူးဆိုတာ သူတို့အပေါ်မှာသာ တည်တယ်၊ ကျနော်တို့နဲ့ ဘာမှမဆိုင်ဘူး။ ကျနော်တို့ ကိုယ့်ဘာသာလည်း ဘာမှ ဖျက်သိမ်းမပေးဘူး။ အလံချခြင်းတို့၊ ဆိုင်းဘုတ်ဖြုတ်ခြင်းတို့ ဘာမှမလုပ်ဘူး။ ကျနော်တို့လုပ်ငန်း ကျနော်တို့ လုပ်မယ်။ ဒါက ဒေါ်စုရဲ့ အမြင် သဘောထားတွေနဲ့လည်း ထင်ဟပ်ပြီးတော့ ဖြစ်တာလို့ ပြောချင်ပါတယ်။”
ဥပဒေ ကျွမ်းကျင်သူတဦးဖြစ်တဲ့ NLD ပြောခွင့်ရသူ ဦးဉာဏ်ဝင်းကလည်း လက်ရှိ ဥပဒေအတိုင်းဆိုရင် ပါတီ မှတ်ပုံမတင်ရင် အလိုအလျောက် ပျက်ပြယ်တဲ့ သဘောပဲရှိပြီး အစုအဖွဲ့ ဆက်တည်ရှိနေမှု အပေါ် အရေးယူရမယ် ဆိုတဲ့ ဥပဒေ ဖော်ပြချက်မျိုး ဘာမှ မတွေ့ရဘူးလို့ ပြောပါတယ်။
“ကျနော်တို့ ပြင်ဆင်မှု မလုပ်ဘူးဗျ၊ လုပ်စရာ မလိုဘူးလို့ ကျနော်တို့က သတ်မှတ်ထားတာ။ ဥပဒေအရ အလိုအလျောက် Cancel ဖြစ်တော့လည်း အလိုအလျောက် ဖြစ်ပေါ့။ ကျနော်တို့က ဒီအတွက် လိုက်လုပ်ပေးစရာ မရှိဘူး။”
အကယ်၍များ မေလ ၇ ရက်နေ့မှာ သူတို့က သူ့ဥပဒေအရ အလိုအလျောက် Cancel ဖြစ်တယ်၊ ပါတီဆိုင်းဘုတ်တွေ တင်ခွင့်မပေးဘူး၊ အလံတွေ တင်ခွင့်မပေးဘူး၊ ရုံးတွေ ဖွင့်ခွင့်မပေးတော့ဘူး ဆိုရင်ရော အန်ကယ်တို့ ဘာများ စဉ်းစားမှုရှိပါလဲ။
“အဲဒီလို ခွင့်မပေးဖို့ကိစ္စ ဘယ်ဥပဒေမှာမှ ကျနော်တော့ မတွေ့ဘူးဗျ။”
ဥပဒေမှာက ဘယ်လိုဆိုထားလဲခင်ဗျ၊ အကယ်၍ မေလ ၇ ရက်နေ့ကျရင် နိုင်ငံရေးပါတီ တရပ်အနေနဲ့ မရှိတော့ဘူးလို့ သဘော မသက်ရောက် နေဘူးလား။
“သက်ရောက်ပါတယ်။”
သက်ရောက်နေတော့ အဲဒါ သူတို့အနေနဲ့ တခြား Action တွေဘာတွေ လုပ်ရမယ်ဆိုတဲ့ ရည်ညွှန်းချက်တွေရော မရှိဘူးလားခင်ဗျ။
“အဲဒီရည်ညွှန်းချက်တွေလည်း ဥပဒေမှာ မရှိဘူး။”
ဦးဝင်းတင်ကတော့ အခုလက်ရှိ ရွေးကောက်ပွဲ ဥပဒေရော၊ ၂၀၀၈ ဖွဲ့စည်းပုံပါ ဥပဒေတွေဟာ မတရားတဲ့ ဥပဒေတွေ ဖြစ်တဲ့အတွက် သူတို့ရပ်တည်ချက် လုပ်ရပ်တွေကို ဒီဥပဒေတွေနဲ့ စံနှုန်းထား သတ်မှတ်တာမျိုး လက်မခံနိုင်ဘူးလို့ ဆိုပါတယ်။
“ကျနော်တို့ကတော့ ဥပဒေဘောင်အတွင်းမှာ ဆိုတာ ဘာလဲဆိုတော့ ကျနော်တို့က တရားဥပဒေ ဘောင်အတွင်းမှာ ရှိတယ်၊ ရပ်တည်တယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ ၀င်မယ်တို့၊ ပါတီ မှတ်ပုံတင်မယ်ဆိုတဲ့ လူတွေရဲ့ ဥပဒေဘောင်အတွင်း ဆိုတာက ၂၀၀၈ ဥပဒေဘောင်အတွင်း၊ ၂၀၀၈ အခြေခံ ဥပဒေကနေ ချတဲ့ ဘောင်အတွင်း ဖြစ်မယ်။ ကျနော်တို့ကတော့ တရားဥပဒေ ဘောင်အတွင်းမှာ ရှိတယ်။ တရားမျှတခြင်း၊ လွတ်လပ်ခြင်းဆိုတဲ့ ဘောင်အတွင်းမှာ ရှိတယ်လို့ ကျနော်က ယူဆတယ်။”
အန်ကယ်တို့အနေနဲ့ အလံမချဘူး၊ ဆိုင်းဘုတ်ကိုလည်း မဖြုတ်ဘူး၊ ဒီအတိုင်းထားမယ်ဆိုရင် ၁၉၈၉ ခုနှစ်တုန်းက အန်ကယ်တို့ တကယ်တမ်း ကြွေးကြော်ပြီး လှုပ်ရှားခဲ့ကြတဲ့ မတရားတဲ့ ဥပဒေတွေကို ဆန့်ကျင်ရေးဆိုတဲ့ လမ်းကြောင်းပေါ်ကို ရောက်မသွားနိုင်ဘူးလား ခင်ဗျ။
“မတရားတဲ့ ဥပဒေတွေကတော့ ရှိနေပြီ။ ဒေါ်စုကနေပြီးတော့ ဒီဥပဒေတွေ ထွက်ကတည်းက ပြောခဲ့တဲ့စကား ၂ ခွန်း ရှိပါတယ်။ ဒီဥပဒေတွေက မတရားဘူး၊ မတရားဘူးဆိုရင် ကျနော်တို့က မတရားတဲ့ အမိန့်အာဏာ ဟူသမျှ ဖီဆန်ကြဆိုတဲ့ သဘောထား၊ လမ်းကြောင်း လုပ်ငန်းစဉ်ဟာ ကျနော်တို့ ရှိနေတဲ့ သို့မဟုတ် ဒီလမ်းစဉ်အတိုင်းပဲ ဆက်ပြီးတော့ ကိုင်စွဲဦးမယ်လို့ ဆုံးဖြတ်ရင် အထွေအထူး စဉ်းစားစရာ မလိုတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီဥပဒေတွေက မတရားတဲ့ ဥပဒေတွေ ဖြစ်နေတာကိုး။
“သို့သော် ကျနော်တို့က အဲဒီဟာကို လုပ်ငန်းစဉ်အနေနဲ့ ကိုင်စွဲသေးသလား၊ ကိုင်စွဲလို့ ရသေးသလား၊ ကိုင်စွဲဦးမလား ဆိုတာကတော့လည်း အဓိက ဖြစ်နေပြန်တယ်ပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ၀ိညာဉ်အားဖြင့်တော့ ကျနော်တို့ထဲမှာ ဒီအနှစ် ၂၀ ကာလပတ်လုံး ရှိခဲ့တယ်။ သို့သော် အဲဒါကို ကျနော်တို့ လှုပ်ရှားမှု အနေနဲ့ ကိုင်စွဲမလား၊ မကိုင်စွဲဘူးလား ဆိုတာကတော့ အဆင့်တဆင့်ဖြစ်မယ်၊ သို့မဟုတ်လည်း ကဏ္ဍသစ်တခု ဖြစ်ကောင်း ဖြစ်လိမ့်မယ်လို့ ကျနော် အဲဒီလိုပဲ ပြောချင်ပါတယ်။”
NLD အနေနဲ့ မေလ ၇ ရက်ကျော်လို့ ဥပဒေအရ အလိုအလျောက် ပါတီပျက်ပြယ်ချိန်မှာ ရှိထားတဲ့ အစုအဖွဲ့တွေနဲ့ လူထုအကျိုးပြုလုပ်ငန်း၊ လူမှုကယ်ဆယ်ရေး လုပ်ငန်းတွေကို လုပ်သွားမယ်လို့ ဆိုသလို တဘက်မှာလည်း နိုင်ငံရေးအရ ဆက်ရှိနေဦးမယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ဒီအစုအဖွဲ့တွေနဲ့ နိုင်ငံရေးအရ ဘယ်လို ရပ်တည်လှုပ်ရှားမလဲ ဆိုတဲ့ အစီအစဉ် အသေးစိတ် အတိအကျကိုတော့ ပါတီခေါင်းဆောင်ပိုင်း ကြားမှာ သဘောထား ကျထားပုံ မရသေးပါဘူး။
Ref: VOA News
အတိုက်အခံခေါင်းဆောင်ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ
ဧပြီ ၂၂၊ ၂၀၁၀
ယခုလက်ရှိအခြေအနေ မြန်မာတို့ရဲ့ နှစ်သစ်ကူးအတာသင်္ကြန် အပြီးမှာ စစ်အစိုးရရဲ့ ၀ါဒဖြန့်ချိရေး မဏ္ဍိုင်ကြီးတွေ ဖြစ်တဲ့ ပြည်တွင်း သတင်းစာတွေက နေပြီးတော့ - ပြည်ပရှိ အတိုက်အခံ နိုင်ငံရေး အဖွဲ့အစည်းများကို တိုက်ခိုက်ခြင်း၊ ပြည်တွင်းရှိ အတိုက်အခံ ပါတီကြီးနဲ့ ခေါင်းဆောင်များကို ပုတ်ခတ်ခြင်းနဲ့ ပြည်တွင်း ပြည်ပရှိ ဒီမိုကရေစီရေး ထောက်ခံ အားပေးသူများ အားလုံးကို စစ်အစိုးရရဲ့ ရန်သူများ အဖြစ် သမုတ်ခြင်းတို့ကို အရှိန်အဟုန်မြှင့် ပြုလုပ်လာတာကို တွေ့နေရပါတယ်။
စစ်အစိုးရကိုယ်တိုင်က “အများပြည်သူလူထုလိုလားတဲ့” ဒီမိုကရေစီ နိုင်ငံတော်ကို တည်ဆောက်မယ်လို့ အတိအလင်း ကြေညာထုတ်ပြန်ထား၊ ၀န်ခံစကား ပြောကြားထားသော်လည်း ယခုလိုမျိုး တိုက်ခိုက် နေတာတွေတာဟာ ဟိုးယခင်ကာလများက (၁၉၉၀ ရွေးကောက်ပွဲ ၀န်းကျင် နဲ့ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်မှ ခေတ္တ လွတ်မြောက်လာစဉ် အချိန်ကာလတိုအတွင်း) စစ်အစိုးရရဲ့ အတိုက်အခံများ အပေါ်မှာ အဆိုးမြင် တိုက်ခိုက်မှုတွေ ပြန်လည် တကျော့ပြန်လာတာလားလို့ မေးခွန်းထုတ်ဖြစ်တာ ဖြစ်ပါတယ်။
ဆရာက …
“ကျနော်ကတော့ တကျော့ပြန်လာတာလို့ မမြင်ဘူး။ မြန်မာပြည်မှာ စစ်အာဏာရှင် ယန္တရား၊ စစ်အာဏာရှင် စနစ်က အမြဲရှိနေတယ်။ သူ့ရဲ့ အထောက်အကူပြု ယန္တရားတွေ၊ ဒေါက်တိုင်တွေက အမြဲ လည်ပတ်နေတယ်။ ခုချိန်မှာ စစ်အာဏာရှင် စနစ်ကြီးက စစ်အာဏာ ယန္တရားကြီးက ခလုပ်နှိပ်လိုက်တဲ့ အတွက် အခုလိုမျိုး စစ်အာဏာရှင် စနစ်အတွက် ၀ါဒဖြန့်ချိရေး၊ စိတ်ဓာတ်စစ်ဆင်ရေး ယန္တရား အစိတ်အပိုင်းက လည်ပတ် ခုတ်မောင်းလာတာ ဖြစ်တယ်လို့ မြင်ပါတယ်။ အဲသည်တော့ သူတို့မှာ ရှိနေတဲ့ စစ်ဗိုလ်တွေ၊ သူတို့ စုဆောင်းထားတဲ့ မှတ်စုတွေ မှတ်တမ်းတွေကို သုံးစွဲပြီး အတိုက်အခံတွေ၊ ပြည်တွင်း ပြည်ပက ဒီမိုကရေစီရေး လိုလားသူတွေကို ခြိန်းခြောက်တာတွေ၊ တိုက်ခိုက်တာတွေ၊ ပုတ်ခတ်စွတ်စွဲ ပြစ်တင် ရှုတ်ချတာတွေ လုပ်လာတာ ဖြစ်တယ်လို့ မြင်ပါတယ်။ ဖွင့်နေကျ ဓာတ်ပြားကြီးတွေ အပ်ကြောင်းထပ်အောင် ဖွင့်နေတယ်ပေါ့ဗျာ”
အဲသည်မှာ မေးဖြစ်တဲ့ မေးခွန်းက အဲသည်လိုမျိုး စစ်အာဏာရှင်စနစ်ကြီးရဲ့ ၀ါဒဖြန့်ချိရေး အပ်ကြောင်းထပ် ဓာတ်ပြားကြီး ဖွင့်နေတဲ့အခါမှာ “အများပြည်သူလိုလားတဲ့ ဒီမိုကရေစီနိုင်ငံတော်” လို့ သူတို့ကိုယ်တိုင် ထုတ်ဖော် ၀န်ခံထားတဲ့ လမ်းကြောင်းကို သွားဖို့ သူတို့ကိုယ်တိုင်က ဘယ်လိုမျိုး အဆင်သင့် ဖြစ်နိုင်ပါ့မလဲ ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။
“ကျနော်ထောင်က ထွက်လာတော့ သက်ဆိုင်ရာကို ကျနော် ပြောတာရှိတယ်။ ဗိုလ်သန်းရွှေက ၂၀၀၄ မှာ ဗိုလ်နေ၀င်း မွေးထားတဲ့ စစ်အာဏာရှင် စနစ်ကြီးရဲ့ စစ်ထောက်လှမ်းရေး ယန္တရားကြီးကို ဖျက်ချ ပစ်နိုင်ခဲ့တယ်။ ဗိုလ်ခင်ညွန့်တို့ အင်အားစု တခုကို ရှင်းပစ်လိုက်တယ်။ ဘာကြောင့်ပဲ ဖျက်ချ ဖျက်ချ၊ ပြည်သူတွေမှာ နည်းနည်းတော့ သက်သာရာ ရကြတယ်။ အထူးသဖြင့် နိုင်ငံရေး အတိုက်အခံတွေ၊ နိုင်ငံရေး အကျဉ်းသားတွေကို စစ်ထောက်လှမ်းရေးက နေ့နေ့ ညည ရည်ရွယ်ချက်ရှိရှိ ဖိနှိပ် ဖျက်ဆီး နင်းခြေ နှိပ်စက် နေတာတွေ လျော့ကျသွားတော့ လူတွေမှာ နည်းနည်းတော့ အသက်ရှူ ချောင်သွားရတယ်။ ဒါပေမယ့် စစ်အာဏာရှင် ယန္တရားကြီက အမြဲရှိနေတော့ လူတွေ ဖယ်ရှားလိုက်တာက ယာယီပဲဖြစ်တယ်။ မူတွေ စနစ်တွေကို ပြင်မှ ပြောင်းမှ ဖြစ်မယ်လို့ ပြောခဲ့ဖူးတယ်။ စစ်အာဏာရှင် ယန္တရားကြီးက မပြောင်းလဲရင်တော့ ဒီမိုကရေစီကျတဲ့ ရွေးကောက်ပွဲတို့ တရားသဖြင့် အာဏာ လွှဲပေးတာတို့ စတဲ့ အလုပ်တွေ တကယ် လုပ်ချင်တဲ့အခါ အခက်အခဲတွေ ရင်ဆိုင်ရလိမ့်မယ်။ ဒါမျိုး ပြောခဲ့ဖူးတယ်” လို့ ဆရာဦးဝင်းတင်က ပြောကြား လိုက်ပါတယ်။
ဒါပေမယ့် ၂၀၀၄ မှာ သူတို့အကြောင်းနဲ့သူတို့ ဗိုလ်ခင်ညွန့်ရဲ့ စစ်ထောက်လှမ်းရေး ယန္တရားကို ဖျက်သိမ်း ခဲ့သော်လည်း ယခုအချိန်မှာ စစ်အာဏာရှင် စနစ်ရဲ့ ဒေါက်တိုင် စစ်ဖက် ထောက်လှမ်းရေး ယန္တရားကြီးဟာ ပြန်လည် သက်ဝင်လို့ သတင်းပေးတွေ၊ စစ်ထောက်လှမ်းရေးတွေက အတိုက်အခံတွေ၊ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လည် ဖိနှိပ်မှုတွေ၊ နှိပ်စက် ညှင်းပန်းမှုတွေ ဆောင်ရွက်မြဲ ဆောင်ရွက် လာနေတာဖြစ်တဲ့ အကြောင်းကို ပြန်လည် ဆွေးနွေးဖြစ်ပါတယ်။
“ဟုတ်တယ်။ အခုဆိုရင် ကျနော့်နောက်ကို ရဲသတင်း တပ်ဖွဲ့က တကောက်ကောက် လိုက်နေတယ်။ အင်းစိန်က ရဲနဲ့ ကျောက်ကုန်း၊ တာမွေ၊ ကျောက်မြောင်းက ရဲတွေက ကျနော်သွားတဲ့နောက် မြို့နယ်အလိုက် နောက်က လိုက်ရတယ်။ တွဲပြီး လုပ်ကြရတယ်။ ပြီးတော့ သူတို့နောက်မှာ စအဖ ပေါ့ဗျာ။ စစ်ဖက် ထောက်လှမ်းရေး တွေကလည်း ပါလာတယ်။ အခုအချိန်မှာ စစ်အာဏာရှင်ရဲ့ ယန္တရားတွေက အခုလို ထောက်လှမ်းရေး ယန္တရားတွေ အစိတ်အပိုင်းတွေက တိုးလို့သာ လာနေတယ်။ အဲသည်လိုမျိုးပဲ ပြည်သူလူထုကို နှိပ်စက်မယ့်၊ ဆင်းရဲ ဒုက္ခရောက်အောင် တိုက်ခိုက်မယ့် စိတ်ဓာတ် စစ်ဆင်ရေးနဲ့ ၀ါဒဖြန့်ချိရေး ယန္တရားကလည်း အခု တိုးလို့ လာနေတာ မြင်တွေ့နေရတဲ့ အတိုင်းပဲ” လို့ ဆရာဦးဝင်းတင်က ဖြေကြားပါတယ်။
အဲသည်မှာ ပြောဖြစ်တဲ့ အကြောင်းအရာကတော့ - သတင်းစာတွေထဲက ၀ါဒဖြန့်ချိရေး ဆောင်းပါးတွေ၊ စာတွေနဲ့ ကလောင်ရှင်တွေဟာ ၀ါဒဖြန့် ယန္တရားစက်ကြီးထဲက အာဏာရှင်များ အလိုကျ ထုတ်လုပ်ရတာ ဖြစ်တဲ့အတွက် ပုံစံခွက်ထဲကနေ စက်နဲ့ ရိုက်ထုတ်လိုက်ရသလို ဟိုးအရင်တုံးကလည်း ဒီအတိုင်း၊ အခုကျတော့လည်း ဒီအတိုင်းပဲ မပြောင်းလဲဘူး ဆိုတဲ့ အချက် ဖြစ်ပါတယ်။
ဆရာက သူ့သဘောထားကို ပြောကြားရာမှာ -
“ကွန်ပျူတာတွေမှာတော့ဗျာ ကျနော်ကြားဖူးတာက အချက်အလက်တွေက ဟောင်းနေရင်၊ အသုံး မ၀င်တော့ရင် ဖျက်ရတယ်။ ထပ်ပြီး ဖြည့်စွက်ရတယ် ဟုတ်လား။ အခုဟာကတော့ ကျနော်ဆိုရင် ကွန်မြူနစ်နဲ့ ပေးစားမယ်။ ပုဆိန်ရိုးတွေ။ စစ်အစိုးရ အကျိုးကို မလိုလားဘူး။ အာဃာတကြီးတယ်။ ဒါမျိုးတွေ ပြောမယ်။ ဒါက အသစ်အဆန်း မဟုတ်တော့ဘူး။ ဒါတွေပဲ ထပ်ကာ ထပ်ကာ ပြောပြီး တိုက်ခိုက်မယ်။ ပုတ်ခတ်မယ်။ စွတ်စွဲမယ်။ အဲသည်လို ဖြစ်နေတယ်။ အဲသည်လိုမျိး စစ်အာဏာရှင် စနစ်၊ အဲသည် ယန္တရားရဲ့ ၀ါဒဖြန့် ယန္တရား အစိတ်အပိုင်းက လည်ပတ်နေတယ်။ ဒါတွေကို မလျော့ချနိုင်ဘူး၊ မဆင်ခြင်နိုင်ဘူး ဆိုရင် ဘယ်လိုလုပ် အပေါ်က စစ်အာဏာရှင် ယန္တရားကြီးက ပြောင်းလဲချင်တယ် ဆိုတာကို မြင်လို့ ရကြမှာလဲ။ ၂၀၀၈ အခြေခံ ဥပဒေ ကိုယ်တိုင်က စစ်အာဏာ ယန္တရားကြီးအတွက် ဖြစ်နေတော့ ပိုပြီးတော့ အခုအချိန်မှာ စိုးရိမ်စရာ ဖြစ်လာနေတယ်လို့ ပြောချင်ပါတယ်” လို့ ဆိုလိုက်ပါတယ်။
အဲသည်မှာ ဆရာ့စကားထဲက ဆရာဦးဝင်းတင်က စစ်အစိုးရအပေါ်မှာ “အာဃာတကြီးတယ်” ဆိုတဲ့ အချက်ကို ထပ်မေးဖြစ်ပါတယ်။ ဆရာရဲ့ စာအုပ် “ဘာလဲဟဲ့ လူ့ငရဲ” စာအုပ်မှာ ခေါင်းစဉ်တခု အဖြစ် “အစာမကြေဘူး၊ ကမ္ဘာမကြေဘူး” လို့ ဆရာက ရေးထားပါတယ်။ အဲသည်သဘောက ဆရာအနေနဲ့ လက်စားချေမယ့် သဘော၊ သင်ပုန်း မချေနိုင်တဲ့ သဘောတွေ ပါနေသလား။ အဲသည်အတွက် တဖက်က ထောက်ပြနေတာ၊ စိုးရိမ်နေတာ ဖြစ်နေသလား ဆိုတဲ့ အချက်ကို မေးဖြစ်ပါတယ်။
“၁၉၈၈ အရေးအခင်းနှောင်းပိုင်းမှာ ၀န်ကြီးချုပ်ဦးနုက ချေ ၂ ချေ ကို ထုတ်ပြောတယ်။ လက်စားချေတာနဲ့ သင်ပုန်းချေတာ။ လက်စားချေတာကို လက်မခံဘူးဆိုတာ မှန်ပါတယ်။ သို့သော် သင်ပုန်းချေမယ်လို့ အပေါ်က ခေါင်းဆောင်တွေက လွယ်လွယ်ပြောလို့ မရဘူး။ စနစ်တကျ စဉ်းစား ပြင်ဆင်ထားပြီးမှ ပြောကြရမယ်လို့ အဲသည်တုံးက ကျနော် ပြန်ဆွေးနွေးခဲ့တယ်။ ပြည်သူတွေက ကာယကံရှင်တွေ ဖြစ်တယ်။ သူတို့တွေ ကိုယ်တိုင် မတရား အလုပ်ခံခဲ့ရတယ်။ အဓမ္မ အကျင့်ခံခဲ့ရတယ် ဆိုရင် သူတို့တွေက ဘယ်လိုလုပ်ပြီး ချက်ခြင်းကြီး သင်ပုန်းချေလို့ ရမှာလဲ။ သူတို့မှာ ခံစားချက်တွေရှိမယ်။ သားသမီးတွေ၊ မိဘတွေ ဆုံးရှုံးထားတယ်။ ကိုယ်ကိုယ်တိုင်မှာလည်း မတရား ပြုကျင့် ခံထားရတာတွေ ရှိနေမယ်။ အဲသည်အတွက် နစ်နာသူ ပြည်သူ တဦးချင်းစီကို လေးစား လိုက်နာပေးရမယ်။ သူတို့တွေအတွက် တခုခု ပြန်လည် ပေးဆပ်မှုတွေ လုပ်ပေးနိုင်ရမယ်။ ဒါကို ဆိုလိုတယ်။
ဒါကြောင့် တချိန်ချိန်မှာ ပြည်သူလူထုက လက်စားချေတာတွေ၊ သင်ပုန်းမချေနိုင်တာတွေ ဖြစ်မလာအောင် ခုချိန်ကတည်း ပြင်ဆင်ရမယ်၊ ပြုပြင်ကြရမယ်။ ဒါကို သိရှိနားလည်ကြရမယ်။ ဥပမာ - တောင်အာဖရိကမှာ ဆိုရင် Truth Commission လိုမျိုးတွေ လုပ်ကြရတယ်။ ကြားနာ စစ်ဆေးရတယ်။ တရားမျှတအောင် စီရင်ပေးရတယ်။ ကြေအေးသင့်တာ ကို ကြေအေးတယ်။ အပြစ်တစုံတရာ ရှိရင်လည်း သက်ညှာစွာ စဉ်းစားတိုင်ပင် ညှိနှိုင်းကြရတယ်။
အဲသည်လိုမျိုး လက်စားမချေကြဘူး။ ဘယ်လိုမျိုးတော့ ဖြေရှင်းကြမယ် ဆိုတာ ကိုယ့်ပါတီ တွင်းမှာလည်း စည်းရုံးရမယ်။ ပြည်သူလူထုကိုလည်း ရှင်းလင်းပြရမယ်။ သင်ပုန်းချေဖို့ ဘယ်လို ပြင်ဆင်မလဲ။ အခု လက်ရှိ အာဏာ ရထားသူတွေ ကိုယ်တိုင်ကလည်း အခုလို အချိန်မျိုးမှာ ပြင်ဆင်ထားရမယ်။ သူတို့ဖက်က တချို့ ကိစ္စတွေကို တရားဥပဒေတွေ စည်းမျဉ်းတွေ အရေးယူထားတာတွေကို ပြင်သင့်တာပြင်၊ ဖျက်သင့်တာ ဖျက်၊ ကြိုတင် ပြင်ဆင် ဆောင်ရွက် ထားကြရမယ့် အချိန် ဖြစ်တယ်လို့ ပြောပြချင်ပါတယ်။
အဲလို မဟုတ်ဘဲနဲ့ တောက်လျောက် စစ်အာဏာရှင်ယန္တရားကြီး လည်ပတ်နေတဲ့ အတိုင်း စစ် ထောက်လှမ်းရေး ယန္တရား အစိတ်အပိုင်းနဲ့ စိတ်ဓာတ် စစ်ဆင်ရေး ၀ါဒဖြန့်ချိရေး ယန္တရား အစိတ်အပိုင်းတွေက ပုံမှန်အတိုင်း ပြည်သူတွေကို တိုက်ခိုက် ဖိနှိပ် ဆောင်ရွက်နေမြဲ နေရင်တော့ နောက်ပိုင်းမှာ စိုးရိမ်စရာ အများကြီး ရှိပါတယ်” လို့ ဆရာဦးဝင်းတင်က ဖြေကြားလိုက်ပါတယ်။
အချိန်တိုတိုအတွင်း တွေ့ဆုံခိုက် မေးမြန်းရတာ ဖြစ်လို့ ဆရာ့ပြောကြားချက်များကို အတတ်နိုင်ဆုံး ကောက်နုတ် ဖော်ပြလိုက်တာ ဖြစ်ပါတယ်။
Ref: မိုးမခ
ဟန်တလုံးပန်တလုံးနဲ့ ခေတ်မီသယောင် ဟန်ဆောင်နေကြတဲ့ နအဖ လူကြီးမင်းများ၏ ဟာသ
၂၀၁၀ ဧပြီ ၂၃ သောကြာနေ့
နေ့စဉ်သတင်းများ ( ၂၂ - ၄ - ၁၀ )
■ ရန်ကုန်သင်္ကြန်ဗုံးကွဲမှု သေဆုံးသူ (၄၀) ကျော်ပြီ၊ ရွှေတိဂုံ လုံခြုံရေး အထူးတင်းကျပ်လျက်ရှိ သတင်း
■ တရုတ်နယ်စပ် အပစ်ရပ်အဖွဲ့များ စစ်ရေးပူးပေါင်းမှု ဆွေးနွေး သတင်း
■ နယ်ခြားစောင့် လက်မခံဟု နောက်ဆုံးရက်မှာ KIO တုံ့ပြန် သတင်း
■ သတ်မှတ်ရက် ကျော်လွန်သော်လည်း မိုင်းလားတပ်ဖွဲ့ ရပ်တည်ချက် မပြောင်း သတင်း
■ နအဖ ဖိအားကြောင့် တောင်ပိုင်း ၀ လူထုနေရပ်မှ ရှောင်တိမ်း သတင်း
■ နောက်ဆုံးနေ့အထိ ဒေါ်အောင်ဆန်းစုကြည်အပေါ် သစ္စာရှိမည်ဟု ဦးခင်မောင်ဆွေ ပြော သတင်း
■ ရွေးကောက်ပွဲပြီးလျှင် ဒုက္ခသည်များ ပြန်ပို့မည်ဟု တာ့ခ်ခရိုင်မှူး ပြော သတင်း
■ ဖိုးလပြည့်က စိုင်းစိုင်း၏ မိုဘိုင်းဖုန်းကို ပိတ်ဖို့ ကြိုးစား သတင်း
■ ပုဂ္ဂလိက မီဒီယာများကို ဗုံးသတင်း အကျယ်တဝင့် ဖော်ပြခိုင်း သတင်း
■ ဗုံးကွဲမှု ဓာတ်ပုံရိုက်သူများ လွှတ်ပေးရန် မီဒီယာအဖွဲ့များ တောင်းဆို သတင်း
■ သင်္ကြန်ဗုံး၊ စစ်အစိုးရနှင့် မီဒီယာ သတင်း
■ ကချင်ဒေသ ပေါက်ကွဲမှုအပြီး အဖမ်းအဆီးရှိ သတင်း
■ ဗုံးပေါက်ကွဲမှု အဓိက တာဝန်ရှိသူ နအဖဟု ဆိုနေကြ သတင်း
■ အတိုက်အခံခေါင်းဆောင် ဦးဝင်းတင်နဲ့ မေးခွန်းများ သတင်း
■ စစ်အစိုးရအပေါ် အမေရိကန်မူဝါဒ မပြောင်း သတင်း
■ မြန်မာနှင့် မြောက်ကိုရီးယား ဆက်ဆံရာမှာ တာဝန်သိဖို့ အမေရိကန် သတိပေး သတင်း
■ လွတ်လပ်ပြီး ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲ ကျင်းပရေး စင်ကာပူနဲ့ ဂျပန် တိုက်တွန်း သတင်း
■ ရွေးကောက်ပွဲအတွက် လူဦးရေစာရင်း ကောက်ယူ သတင်း
■ ရွေးကောက်ပွဲအတွက် လူငယ်များ၏ နာမည်စာရင်း အာဏာပိုင်များ လိုက်လံကောက်ခံ သတင်း
■ ဘာသာရေးပွဲတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးတံဆိပ်ပါ တီရှပ်များ ဝေငှ သတင်း
■ ခေတ်သစ်ပြည်သူ့ပါတီကို နောက်ကွယ်မှ ကြံ့ဖွံ့ အကူအညီပေး သတင်း
■ ပြည်သူပိုင်တိုက်ခန်းများကို အထပ်ပိုဆောက်ရန် လုပ်ဆောင်နေ သတင်း
■ ဒေသခံ အာဏာပိုင်များက ငွေယူပြီး ရွှေရှာခွင့်ပေး သတင်း
■ တွံတေးတွင် အပူချိန်လွန် အဖျားရောဂါဖြစ် သတင်း
■ စစ်သားတွေ လှုပ်ရှားမှုကို ဆန္ဒပြသူတွေ ပိတ်ဆို့ သတင်း
■ SNDP ဥက္ကဌသစ်၏ နိုင်ငံရေးမျှော်မှန်းချက်များ (အင်တာဗျူး)
■ လက်တွေ့ကျသော ပြောင်းလဲရေးဖြစ်စဉ်ကို ရှာဖွေကြရာဝယ် (ဆောင်းပါး)
■ နိုင်ငံရေးပါတီ ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လျှောက်ထားကြခြင်း (ဆောင်းပါး)
■ ဖူးကစ်ဆရာမီ ပန်းကန်လုံးစက်ရုံ အလုပ်သမားအခွင့်အရေးတိုက်ပွဲ (ဆောင်းပါး)
Thursday, April 22, 2010
နေ့စဉ်သတင်းများ (၂၁ - ၄ - ၂၀၁၀)
■ အမျိုးသားစာဆိုကြီး သခင်ကိုယ်တော်မှိုင်း ခေါင်းချရာ နေအိမ် ကန်ထရိုက်တိုက် ဆောက်မည် သတင်း
■ ရန်ကုန်သင်္ကြန်ဗုံးအကြောင်း NLD ကြေညာချက်မထုတ်သဖြင့် ကြေးမုံသတင်းစာက ရှုတ်ချရေးသား သတင်း
■ ပြည်သူတွေ စိတ်ဝင်စားနေကြတဲ့ ကန်တော်ကြီး ဗုံးပေါက်ကွဲမှု သတင်း
■ နအဖက စစ်ရေးအရ တိုက်ခိုက်မည်ဆိုပါက ကေအိုင်အို တွန်းလှန်ရန် အသင့်ပြင်ထား (အင်တာဗျူး)
■ မွန်ပြည်သစ်ပါတီ တောပြန်ခိုမလား သတင်း
■ မွန်ပြည်သစ်ပါတီ အရေးပေါ် ဗဟိုကော်မတီအစည်းအဝေး ကျင်းပမည် သတင်း
■ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး အကြောင်းပြန်ရန် ရက်နီးကပ်သဖြင့် ရွာသားများ စိုးရိမ်နေ သတင်း
■ ဗုံးပေါက်ကွဲမှုအကြောင်း Documentary ထုတ်လွှင့် သတင်း
■ မြစ်ဆုံရေကာတာစီမံကိန်း လုံခြုံရေးတင်းကျပ် သတင်း
■ ရတနာပုံနှင့် ရန်ကုန်ယူနိုက်တက်ပွဲစဉ် လုံခြုံရေးစိုးရိမ် သတင်း
■ ပဲခူးမြို့နယ် အဖွဲ့ချုပ် အဖွဲ့ဝင်များ၏ လုပ်ဆောင်ချက်များ သတင်း
■ ရွေးကောက်ပွဲကို သြစတြေးလျ ပြည်နယ်တခု ဆန့်ကျင် သတင်း
■ ရွေးကောက်ပွဲအတွက် လူဦးရေစာရင်း စတင်ကောက်ယူ သတင်း
■ နမ့်ခမ်းရောက် နေပြည်တော် ဆရာဝန်မကြီး ခွဲစိတ်သည့် မွေးလူနာ မိခင်နှင့်ကလေးပါ သေဆုံး သတင်း
■ ချင်းတွင်းမြစ်ပေါ်တွင် ရေအားလျှပ်စစ် စီမံကိန်း (၂) ခု တည်ဆောက်ရန် အိန္ဒိယ စီစဉ် သတင်း
■ နာဂစ်သင့်ဒေသ ပြန်လည်ထူထောင်ရေး လိုအပ်ချက် မြင့်မားဆဲ သတင်း
■ ဂျိုင်းတံတားသစ်တွင် တံတားကြေးပိုကောက် ကုန်သည်များ ဒုက္ခရောက် သတင်း
■ ကရင်နီပြည်မှ လမ်းဖြတ်ခွန် အပြောင်းအလဲ သတင်း
■ ကောက်ရိုးနဲ့ လဲရင်တော့ အိုးကွဲပဲရလိမ့်မယ် (ဆောင်းပါး)
■ ခွပ်ဒေါင်းကြီးကို ခွပ်လို့ကြိုက်တယ် (ဆောင်းပါး)
■ ဒုက္ခမြို့တော် (ဆောင်းပါး)
■ ကျနော်မသိတဲ့ အရင်းနှီးဆုံးများ (ဆောင်းပါး)
Wednesday, April 21, 2010
အင်န်အယ်ဒီတွင် အကြမ်းဖက် မူဝါဒ မရှိ၊ စာပေအနုပညာသမားများ ဖမ်းဆီးခြင်း စိတ်မကောင်းစရာဖြစ်
ဧပြီ ၂၀၊ ၂၀၁၀
အန်အယ်ဒီပါတီ၏ ပါတီခေါင်းဆောင်နှင့် ၀ါရင့် စာနယ်ဇင်းဆရာကြီး တဦးဖြစ်သူ ဆရာ ဦးဝင်းတင်က ဧပြီ ၁၅ ဗုံးပေါက်ကွဲမှုနှင့် ထိုနေ့က စာပေ အနုပညာသမားများကို ဖမ်းဆီး ထိန်းသိမ်းခြင်းတို့ အပေါ် ၎င်းသဘောထားကို ထုတ်ဖော် ပြောဆို လိုက်ပါတယ်။
ဧပြီလ ၁၅ - သင်္ကြန်အကြပ်နေ့က ရန်ကုန်မြို့၊ ကန်တော်ကြီးပတ်လမ်း ရေပက်မဏ္ဍပ်တွင် ဗုံးသုံးလုံး ပေါက်ကွဲပြီး လူအများ သေကြေ ဒဏ်ရာရသည့် အရေးအခင်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ပြည်တွင်း ပြည်ပတွင် ရှုပ်ထွေးသော တုန့်ပြန်မှုများ၊ ပြောဆိုဝေဖန်မှုများ ဖြစ်ပေါ် နေခဲ့ပါတယ်။ စစ်အစိုးရ သတင်းစာများ၏ ဆောင်းပါးများက တဆင့် တရားခံများအဖြစ် စွတ်စွဲချက်များကို ကြည့်ပါက - ပြည်တွင်းမှ ရွေးကောက်ပွဲ မ၀င်ရသူများ၊ ပြည်ပ အဖွဲ့အစည်းများက လုပ်ကြံ တိုက်ခိုက်ကြတာလို့ စွတ်စွဲချက်များ ဖြစ်နေပါတယ်။ ဒါ့အပြင် လက်ရှိ စစ်အစိုးရကို အမြင် မကြည်လင်သူ မွေးနေ့စာအုပ် ထုတ်ဝေသူ “လူကြီး” တဦးကလည်း စစ်အစိုးရကို အမိုက်ရိုင်းဆုံး ပြောနေတယ်လို့ ရေးသားထားတာတွေကို တွေ့နေရပါတယ်။
အဲသည်အချက်တွေကြောင့် ဆရာဦးဝင်းတင်ကို အဆိုပါ အရေးအခင်းနဲ့ ပတ်သက်ပြီး ၎င်းရဲ့ သဘောထားကို မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
ဆရာဦးဝင်းတင်က ပြန်လည်ဖြေကြားရာမှာ -
“အင်န်အယ်ဒီပါတီမှာ အကြမ်းဖက်လုပ်ငန်း လုပ်ရပ်တွေ အတွက် အစဉ်အလာ မရှိဘူး။ အခုတလောက မီဒီယာတွေက မေးလာတဲ့ အခါမှာ ပြောခဲ့တဲ့ အချက်တွေပဲ ပြန်ပြီး ပြောပြပါ့မယ်။ အင်န်အယ်ဒီမှာ အခုလိုမျိုး အကြမ်းဖက်သမားတွေ မရှိဘူး။ ပါတီရဲ့ မူဝါဒမှာလည်းလဲ အကြမ်းဖက်ရေး မပါဝင်ဘူး။ ပါတီအဖြစ် ရပ်တည် နေစဉ်မှာကော၊ ပါတီတရပ် မဟုတ်တော့သည့် နောက်ပိုင်းမှာကော - “အင်န်အယ်ဒီ” ဆိုတာ အကြမ်းဖက် လမ်းစဉ်ကို မကိုင်စွဲဘူးလို့ ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီး ဖြစ်ပါတယ်။ အပြစ်မဲ့တဲ့ ပြည်သူတွေ ထိခိုက် သေဆုံးရတာ အတွက်လည်း ၀မ်နည်းရပါတယ်။ အများပြည်သူတွေနဲ့ အတူ စိတ်မကောင်း ဖြစ်ကြရပါတယ်။
နောက်အရေးကြီးတဲ့ အချက်ကတော့ - လက်ရှိစစ်အစိုးရမှာ အများပြည်သူရဲ့ လုံခြုံရေးကို စောင့်ရှောက်ဖို့၊ ကာကွယ်ဖို့ တာဝန်ရှိပါတယ်။ အမှုမှန် ပေါ်ပေါက်ဖို့ တရားမျှတတဲ့ ဥပဒေနဲအညီ ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ အဲသည်လို အချိန်မှာ ပြည်တွင်း ပြည်ပကို အရမ်းကာရော စွတ်စွဲတာတွေ၊ လက်ညှိုး ထိုးနေတာတွေ လုပ်နေဖို့ မလိုဘူးလို့ ထင်ပါတယ်။
ပြီးတော့ အင်န်အယ်ဒီကို တရားဝင် စွတ်စွဲလာရင်တော့ အင်န်အယ်ဒီကလည်း တရားဝင် ပြန်လည် ဖြေရှင်းချက် ထုတ်ပြန်ပေးမှာ ဖြစ်ပါတယ်၊ ခုချိန်မှာတော့ ကျနော့် သဘောထားကတော့ သည်လောက်ပဲ ဖြစ်ပါတယ်” လို့ ဖြေကြားပါတယ်။
၎င်းနောက် ကွယ်လွန်သူ စာရေးဆရာကြီး လင်းယုန်မောင်မောင်ရဲ့ သားဖြစ်သူ သားကြီး မောင်ဇေယျနဲ့ မြေးဖြစ်သူ စည်သူဇေယျတို့ သားအဖနှစ်ဦးကို စစ်အစိုးရ က အကြောင်းတစုံတရာ ထုတ်ပြန်ခြင်း၊ မိသားစုများထံ ပြန်ကြားခြင်း မရှိဘဲ ဖမ်းဆီး ထိန်းသိမ်းထားသည့် အပေါ်မှာ ၎င်းသဘောထားကို ပြောကြားရာမှာ -
“ဟုတ်တယ်။ ကျနော်ကြားတယ်။ စာရေးဆရာ လင်းယုန်မောင်မောင်ရဲ့ သားနဲ့ မြေးကို ဖမ်းသွား ကြတယ်တဲ့။ ကျနော့် အမြင်ကတော့ သူတို့တွေက စာပေသမားတွေ၊ မီဒီယာတို့ ဓာတ်ပုံတို့ လုပ်ကြတယ်။ သင်္ကြန် တွင်းမှာလည်း အများနဲ့အတူ သူတို့လုပ်စရာ သူတို့ ပုံမှန်လုပ်နေကြတာ ဖြစ်တယ်။ အဲသည်မှာ ဗုံးပေါက်တဲ့ဆီမှာ သားကို ဓာတ်ပုံရိုက်လို့ ဆိုပြီး ဖမ်းတယ်။ ပြီးတော့ အဖေကို နောက်တရက် အိမ်မှာသွားပြီး ဖမ်းတယ် ဆိုတာကတော့ အလွန် စိတ်မကောင်းစရာ ကောင်းတဲ့ အဖြစ်ပါပဲ။ စာပေနဲ့ စာနယ်ဇင်း လုပ်ငန်း လုပ်ကိုင် နေကြတဲ့ စာပေအသိုင်းအ၀ိုင်း တခုလုံးအတွက် စိုးရိမ်စရာ ဖြစ်ပါတယ်။ အဲသည်လိုပဲ ပြောချင်ပါတယ်” လို့ ဖြေကြားပါတယ်။
ဆရာက လက်ရှိ အခြေအနေနဲ့ ပတ်သက်ပြိး လောလောဆယ် လုပ်ကိုင်နေသည်များ အပေါ် အနည်းငယ် ရှင်းပြပေးဖို့ ပြောတဲ့ဆီမှာ ဆရာက အောက်ပါအတိုင်း ပြောကြားပါတယ်။
“အခုချိန်မှာ အစုအဖွဲ့တွေကော၊ မိတ်ဆွေတွေ၊ ဘက်ဂရောင်း မျိုးစုံက သူတွေနဲ့ တွေ့ဆုံ စကားပြော နေရတာတွေကတော့ အများကြီးပါပဲ။ အခုအချိန်မှာ ပြောနေရတဲ့ ကိစ္စတခုက လက်ရှိ အခြေအနေမှာ ကျနော်တို့က လမ်းမမှားဘူး။ လမ်းမှားကို လိုက်နေတာ မဟုတ်ဘူး ဆိုတာကို ပြောပြရတယ်။ လမ်းမှန်လား မမှန်လားတော့ ကျနော် တဦးတည်း အနေနဲ့တော့ မပြောတတ်ပေမယ့် လူထုကို မျက်နှာမူတဲ့ နိုင်ငံရေး နောက်ကိုသာ လိုက်လို့ကတော့ ကျနော်တို့ လမ်းမပျောက်ဘူး ဆိုတာ သေချာတယ် ဆိုတာကို ပြောနေရတယ်။ နောက်ပြီးတော့လည်း လက်ရှိ အခြေအနေမှာ တောလမ်းပဲဖြစ်ဖြစ်၊ ခြုံနွယ် ပိတ်ပေါင်းတွေပဲ ဖြစ်ဖြစ် လမ်းဆက်လျောက်နေဖို့ အရေးကြီးပါတယ်။ သံသယ သားကောင် အဖြစ်ခံပြီးတော့ သစ်ပင်ကြီးအောက်မှာ ထိုင်နားနေတာမျိုး ကျနော့်အနေနဲ့ မဖြစ်ချင်ဘူး။ လမ်းမှန်ဆိုတာကတော့ အားလုံး ညှိနှိုင်း ဆွေးနွေးပြီးတော့ ၀ိုင်းပြီးတော့ ဦးတည်သွားကြရမှာ ဖြစ်မယ်လို့ ပြောချင်ပါတယ်” လို့ ပြောလိုက်ပါတယ်။
Ref: မိုးမခ
နေ့စဉ်သတင်းများ ( ၂၀ - ၄ - ၁၀ )
■ ၀ တပ်ဖွဲ့ စစ်ရေးပြင်ဆင်နေ သတင်း
■ ကေအိုင်အိုက အရေးပေါ် စစ်သင်တန်းပေး သတင်း
■ အန်အယ်လ်ဒီတွင် အကြမ်းဖက်မူဝါဒ မရှိ၊ စာပေအနုပညာသမားများကို ဖမ်းဆီးခြင်း စိတ်မကောင်းစရာဖြစ် ဟု ဟံသာဝတီ ဦးဝင်းတင် ထုတ်ဖော်ပြောဆို သတင်း
■ ဗုံးပေါက်ကွဲသတင်း ကျယ်ပြန့်ရန် နအဖ လုပ်ဆောင်နေ သတင်း
■ ရန်ကုန်တိုင်း အမှတ် (၄) စစ်ဒေသမှူး အသည်းတွင် ဗုံးဒဏ်ရာ ပြင်းထန် သတင်း
■ သင်္ကြန်ဗုံးခွဲသူ ဖမ်းမိရေး ဆုငွေထုတ်ပြီ သတင်း
■ စစ်အစိုးရ စွပ်စွဲမှုကို ကန့်ကွက်ကြောင်း သတင်းထုတ်ပြန် သတင်း
■ ရွေးကောက်ပွဲတွင် အားလုံးပါဝင်ခွင့်ရရေး ဂျပန်နှင့် မလေးရှားအစိုးရက တိုက်တွန်း သတင်း
■ ရွေးကောက်ပွဲ မှတ်ပုံမတင်သေးသည့် ကြံ့ဖွံ့ အကြီးအကျယ် စည်းရုံးရေးလုပ် သတင်း
■ ပြည်သူ့ဂုဏ်ရည်ဆုအတွက် ဆန်ကာတင်ပုဂ္ဂိုလ်များ ဝမ်းမြောက် သတင်း
■ ဘုန်းကြီးကျောင်း ဂရမ်များ လိုက်လံစစ်ဆေး သတင်း
■ ဖလမ်းတိုင်းရင်းသားပိုင် လယ်မြေကို အာဏာပိုင်က သိမ်းယူရန် ကြိုးစား သတင်း
■ ဖုန်းတပ်ဆင်ခွင့် နေ့ချင်းပြီးချထားရန် ဆက်သွယ်ရေးက စီစဉ် သတင်း
■ ဥရုချောင်းတွင် ရွှေရှာသည့် လုပ်ပိုင်ခွင့် ထူးကုမ္ပဏီက ရရှိ သတင်း
■ ပုဏ္ဍားကျွန်း မင်းချောင်းကို ရထားလမ်းအတွက် ပိတ်ဆည်မှုကြောင့် ခရီးသွားပြည်သူများ ဒုက္ခရောက် သတင်း
■ ထိုင်း-မြန်မာနယ်စပ်က မြန်မာ့အရေးဆိုင်ရာ သတင်းများ သတင်း
■ မြန်မာဒုက္ခသည် မလေးရှားနိုင်ငံ၌ ရုန်းကန်လုပ်ကိုင်နေရသော အခြေအနေ သတင်း
■ တအောင်းအဖွဲ့ ပညာရေးအကြောင်း အလင်းမဲ့ဘ၀ အစီရင်ခံစာထုတ် သတင်း
■ အလင်းမဲ့ဘဝ အမည်ရှိ ပညာရေးစစ်တမ်း အစီရင်ခံစာ ထုတ်ဝေ သတင်း
■ ပလောင်ပြည်သူ ပညာရေးအခြေအနေ အလင်းမဲ့ဘ၀ ကျရောက်နေ သတင်း
■ လုံခြုံရေးတင်းကျပ်သည့်ကြားမှ နေပြည်တော်သင်္ကြန် အထူးစည်ကား သတင်း
■ မောင်တောသင်္ကြန်တွင် ဘူးသီးတောင်မှ လူငယ်များ အရိုက်ခံရပြီး ဆေးရုံရောက် သတင်း
■ နှစ်သစ်ခေါင်းဆေးမင်္ဂလာ (ဆောင်းပါး)
■ အနီရောင် ဘန်ကောက် (ဆောင်းပါး)
Tuesday, April 20, 2010
နေ့စဉ်သတင်းများ ( ၁၉ - ၄ - ၁၀ )
■ ဗုံးခွဲတရားခံများအား သတင်းပေးနိုင်က ဆုငွေချီးမြှင့်မည်ဟု တယက ကြေညာ သတင်း
■ ဖိုးလပြည့်ကို ရည်ရွယ်ဗုံးခွဲခဲ့ဟုဆို သတင်း
■ ပြည်ပအဖွဲ့များ ဗုံးဖောက်ခွဲဟု ကြေးမုံ စွပ်စွဲ သတင်း
■ မြစ်ဆုံ ဗုံးပေါက်ကွဲမှု ဗိုလ်ချုပ်စိုးဝင်းနှင့် KIO ဆွေးနွေး သတင်း
■ ဗုံးပေါက်ကွဲခြင်းသတင်းနဲ့ အခြားဆက်စပ်သတင်းများ သတင်း
■ ဗုံးကွဲ၍ ဒဏ်ရာရသူများထဲတွင် ရခိုင် (၁၈) ဦးပါဝင် သတင်း
■ သွေးလှူရှင်များကို ဝါဒဖြန့်ရန် ဖိအားပေး သတင်း
■ ၉၀ အနိုင်ရ ပါတီအများစု ရွေးကောက်ပွဲ မဝင် သတင်း
■ ကရင်အမျိုးသားအလံ အသုံးပြု ရွေးကောက်ပွဲဝင်မှု ကေအန်ယူ ကန့်ကွက် သတင်း
■ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ မှတ်ပုံတင်တော့မည် သတင်း
■ ကချင်ပြည်နယ် တိုးတက်ရေးပါတီ စည်းရုံးရေး အရှိန်တိုးမြှင့် သတင်း
■ နယ်ခြားစောင့်တပ် လက်မခံရသည့်အကြောင်း လူထုအား ကေအိုင်အို အသိပေးပြောကြား သတင်း
■ လက်နက်ကြီး တင်ဆောင်ထားသည့် စစ်ကားအစီး (၄၀) တနိုင်းမြို့ဘက် ဦးတည် သတင်း
■ ပျဉ်းမနားမီး နေအိမ် (၃) လုံး လောင်ကျွမ်း သတင်း
■ နေပြည်တော်၌ ဆိုင်ကယ်တိုက်မှုကြောင့် သေဆုံးသူများ သတင်း
■ နာဂစ်သင့်ဒေသ သောက်သုံးရေ အမြန်လို သတင်း
■ နာရေးကူညီမှုအသင်းတွင် စာနယ်ဇင်းသမားများ ပါဝင်ကုသိုလ်ပြု သတင်း
■ ဦးပိုင်ကုမ္ပဏီ ကားပြင်စက်ရုံ ရင်းနှီးမြှုပ်နှံ သတင်း
■ လောင်းကစားလုပ်ငန်းကို ပြန်လုပ်ရန် ရဲအာဏာပိုင်များ တိုက်တွန်း သတင်း
■ တရားမ၀င် ထုတ်ရောင်းသည့် ကရင်နီပြည်မှ ခဲများ ဖမ်းဆီးခံရ သတင်း
■ ကန့်သတ်ဆေးသယ်သည့် မြန်မာတစ်ဦး ထိုင်းနယ်စပ်တွင် အဖမ်းခံရ သတင်း
■ ချင်းမိုင်ခရိုင်အတွင်း တရားဝင် နေထိုင်ခွင့်ရသူများ ယာဉ်မောင်းလိုင်စင် လုပ်ခွင့်ရ သတင်း
■ ဆူနာမီ သတိပေးချက်ကြောင့် ရွာသားများ ထိတ်လန့်မှုဖြစ် သတင်း
■ သံတွဲ-ငပလီသင်္ကြန် အထူးစည်ကား၊ တချို့တည်းခိုစရာ နေရာမရှိ ဖြစ်ခဲ့ရ သတင်း
■ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သက်ကြီးပူဇော်ပွဲနဲ့ ငါးလွှတ်ပွဲ (ဓာတ်ပုံမှတ်တမ်း)
■ ကချင်ဒေသ တရုတ်ကုမ္ပဏီ အဆောက်အအုံ ဗုံးခွဲခံရ (ဓာတ်ပုံသတင်း)
■ ကချင်-တရုတ်နယ်စပ်က KIA ထိန်းချုပ်နယ်မြေ လိုင်ဇာ (ခရီးသွားဆောင်းပါး)
■ ခွက်စောင်းခုတ်နိုင်ငံရေးနဲ့ ဂိုဏ်းဂဏဓလေ့ (သုံးသပ်ချက်ဆောင်းပါး)
■ မျက်ရည်များနှင့် စိုရွှဲခဲ့ရသည့် ရန်ကုန်အတာသင်္ကြန် (ဆောင်းပါး)
■ သွေးစွန်းတဲ့ သင်္ကြန် (ဆောင်းပါး)
Monday, April 19, 2010
အာဏာလမ်းဝပေါ်က ပထမဆုံးနေ့များ
19 April 2010
ရှုခင်း
အတိုက်အခံပါတီကြီးဟာ ရွေးကောက်ပွဲမှာ ရှင်းရှင်းလင်းလင်း အနိုင်ရခဲ့ပေမယ့် အာဏာရှင်တွေဟာ တော်တော်နဲ့ ရွေးကောက်ပွဲ ရလဒ်ကို မထုတ်ပြန်ပေးဘဲ နောက်ဆုံးမှာ မလွှဲသာလို့ ထုတ်ပြန် လိုက်ရပြီးနောက် ဒီရွေးကောက်ပွဲဟာ အာဏာ လွှဲမပေးလောက်သေးဘူး၊ နောက်ထပ် ရွေးကောက်ပွဲသစ် လုပ်ဖို့ လိုတယ်ဆိုပြီး ရွေးကောက်ပွဲ ထပ်လုပ်ခဲ့ ပါတယ်။ အာဏာရှင်ကြီးဟာ ရွေးကောက်ပွဲ အသစ်မှာတော့ သေချာပေါက် အနိုင်ရအောင် အဘက်ဘက်က ပြင်ဆင်ခဲ့ပါ တယ်။ ရွေးကောက်ပွဲသစ် အကြိုကာလမှာ အတိုက်အခံ ပါတီကြီးကိုလည်း အမျိုးမျိုး နှိပ်ကွပ် ညစ်ပတ် အကြမ်းဖက်ခဲ့ ပါတယ်။ ဒါကြောင့် အတိုက်အခံ ပါတီကြီးဟာ နောက်ဆုံးမှာ ရွေးကောက်ပွဲ သစ်ကို မဝင်ဖို့ ဆုံးဖြတ် လိုက်ရပါတော့တယ်။ အတိုက်အခံ မရှိတဲ့ ရွေးကောက်ပွဲမှာ အာဏာရှင်ကြီးဟာ မဲ (၈၅) ရာခိုင်နှုန်းကျော်နဲ့ အနိုင် ရသွားပါတော့တယ်။
အတိုက်အခံပါတီကြီးဟာ ရွေးကောက်ပွဲ မဝင်လိုက်တဲ့ အတွက် နောက်ဆုံးနေ့များ ရောက်သွားပြီ၊ နိဂုံး ချုပ်သွားပြီလို့ အာဏာရှင် အောက်ဆွဲတွေက ဝမ်းသာအားရ လက်ခမောင်း ခတ်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီပါတီကြီးဟာ မိမိ မူလရပ်တည်ချက် ပေါ်မှာပဲ ခိုင်ခိုင်မာမာ ဆက်လက် တိုက်ပွဲ ဝင်ခဲ့တဲ့အတွက် ရွေးကောက်ပွဲသစ် ပြီးလို့ (၃) လအကြာမှာ အာဏာ ခွဲဝေရေး စာချုပ် ချုပ်နိုင်ခဲ့ပြီး နောက်ထပ် (၆) လ အကြာမှာတော့ အာဏာရ ပါတီနဲ့ အ တိုက်အခံ ပါတီတို့ရဲ့ အမျိုးသား ညီညွတ်ရေး(ညွန့်ပေါင်း)အစိုးရကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့တဲ့ အတွက် ဒီမိုက ရေစီလမ်းကြောင်းပေါ် စတင် ခြေချ နိုင်ခဲ့ပါတော့တယ်။
ဖြစ်စဉ်
အခုဖော်ပြခဲ့တဲ့ မြင်ကွင်းဟာ အာဖရိကတိုက်က ဇင်ဘာဘွေနိုင်ငံမှာ ၂၀၀၈ ခုနှစ်က တကယ် ဖြစ်ခဲ့ပါတယ်။ အတိုက်အခံ MDC ပါတီခေါင်းဆောင် စဗန်ဂီရိုင်က အာဏာရှင် မူဂါဘီကို ၂၀၀၈ ခုနှစ် မတ် (၂၉) ရက် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပေမယ့် မူဂါဘီက မဲလိမ်ပြီး MDC ပါတီဟာ မဲ (၅၀) ရာခိုင်နှုန်းကျော် မရလို့ ဆိုကာ ဒုတိယအချီ ရွေးကောက်ပွဲကို ၂၀၀၈ ခု ဇွန် (၂၇) ရက်မှာ ပြန်လုပ်ခိုင်းခဲ့ ပါတယ် (တကယ်တော့ စဗန်ဂီရိုင်ဟာ မဲ ၅၁ သို့မဟုတ် ၆၇ ရာခိုင်နှုန်း ရခဲ့ပေမယ့် မူဂါဘီက ကလိမ်ကညစ် လုပ်ပြီး အတိုက်အခံက ၄၇.၉ ရာခိုင်နှုန်း၊ မူဂါ ဘီက ၄၃.၂ ရာခိုင်နှုန်း ရတယ်လို့ ရွေးကောက်ပွဲပြီး တလအကြာ မေလ ၂ ရက်နေ့ကျမှ တရားဝင်ကြေညာ ခဲ့တာ ဖြစ်ပါတယ်)။
အဲဒီ ပထမရွေးကောက်ပွဲ ပြီးတော့ အတိုက်အခံ ပါတီဌာနချုပ်ကို ဝင်စီးနင်းပြီး ရုံးချုပ်မှာ ရှိနေသူ အားလုံးကို ဖမ်းသွားတာ၊ လွှတ်တော် အမတ်တွေ အပါအဝင် ပါတီဝင်တွေကို ဖမ်းတာ၊ ရိုက်နှက်တာ၊ သတ်ဖြတ်တာ (ပထမရွေး ကောက်ပွဲနဲ့ ဒုတိယရွေးကောက်ပွဲ ကြားမှာ အတိုက်အခံ ပါတီဝင် အနည်းဆုံး ၄၃ ယောက် အသတ် ခံခဲ့ရပါတယ်)။ ရပ်ထဲရွာထဲ လျှို့ဝှက်ဗုံးခွဲတာတွေ၊ အတိုက်အခံကို မဲပေးခဲ့တဲ့ မဲဆန္ဒရှင် ပြည်သူလူထုတွေ တိုင်းရင်းသား လူမျိုးစုငယ်တွေကို နှိပ်စက်ညှဉ်းပန်းတာ၊ ခြိမ်းခြောက် အကျပ်ကိုင်တာတွေ အကြီးအကျယ် လုပ်ခဲ့တာကြောင့် ဇွန် (၂၂) ရက်မှာ စဗန်ဂီရိုင်ရဲ့ MDC ပါတီက ရွေးကောက်ပွဲ မဝင်ဖို့ သမိုင်းဝင် ဆုံးဖြတ်ချက်ကို ချလိုက်ပါတယ်။ ဒီလိုနဲ့ ဒုတိယအကြိမ် ရွေးကောက်ပွဲမှာ အာဏာရှင် မူဂါဘီဟာ ပြိုင်ဘက် မရှိဘဲ မဲဆန္ဒ ၈၅.၅ ရာခိုင် နှုန်းရပြီး နိုင်သွားပါတော့တယ်။
နိုင်ငံတကာပိုင်းမှာတော့ ကုလသမဂ္ဂမှာ တရုတ်နဲ့ ရုရှားတို့က ဗီတိုအာဏာသုံး ကာကွယ် ပေးပေမယ့် ကမ္ဘာ့ နိုင်ငံတွေက ပြင်းထန် ထိရောက်တဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ ချမှတ်နိုင်ခဲ့ပြီး အဓိက ထောက်ခံ ပေးနေတဲ့ တောင်အာဖရိက နိုင်ငံကိုယ်၌က အင်တင်တင်ဖြစ်လာ၊ (အာဖရိကတိုက်ရဲ့ အာဆီယံဖြစ်တဲ့) အာဖရိက သမဂ္ဂကလည်း ဖိအားပေး၊ အဓိက နိုင်ငံခြားငွေ ရှာပေးနေတဲ့ စိန်တွေလည်း ရောင်းမရအောင် ပိတ်ဆို့ခံရ၊ တနိုင်ငံလုံး ကာလ ဝမ်းရောဂါ ဖြစ်တာကလည်း အာဏာရှင်အစိုးရ ဘယ်လိုမှ ထိန်းမရသလို တရုတ်၊ ရုရှားလည်း မကယ်နိုင်ဖြစ်ခဲ့ ရပါတယ်။
ဒီလိုနဲ့ ဇွန်လ (၂၇) ရက်ရွေးကောက်ပွဲမှာ မူဂါဘီ မဲ “အပြတ်အသတ်” နဲ့ အနိုင်ရပြီး သမ္မတ ဖြစ်ခဲ့ပေမယ့် MDC ပါတီက ပြင်းထန်လှတဲ့ အကြမ်းဖက်မှုကို ရင်ဆိုင်ပြီး ကြံ့ခိုင်တဲ့ ရပ်တည်ချက်နဲ့ တိုက်ပွဲဝင်မှုကြောင့် မူဂါဘီ နိုင်ပြီး တလမပြည့်ခင် ဇူလိုင် (၂၅) ရက်မှာ အိမ်နီးချင်း တောင်အာဖရိက နိုင်ငံ ပရီတိုးရီးယား မြို့တော်မှာ အာဏာရ အစိုးရနဲ့ အတိုက်အခံတွေ အကြား ဒိုင်ယာလော့ စလုပ်ခဲ့ရပါတယ်။ တချိန်က မူဂါဘီကို ထောက်ခံခဲ့တဲ့ တောင်အာဖရိက သမ္မတ အမ်ဘီကီက ကြားဝင် စေ့စပ်ပေးခဲ့တာ ဖြစ်ပါတယ်။ စက်တင်ဘာ (၁၁) ရက်မှာတော့ မူဂါဘီဟာ ဆဗန်ဂီရိုင်နဲ့ အာဏာ ခွဲဝေရေးစာချုပ်ကို လက်မှတ် ထိုးလိုက်ရပါ တော့တယ်။ ဒီစာချုပ်အရ မူဂါဘီဟာသမ္မတရာထူးကို ဆက်ယူထားပေမယ့် ဆဗန်ဂီရိုင်နဲ့ MDC ပါတီကို ဝန်ကြီးချုပ် ရာထူးနဲ့ အစိုးရ ဝန်ကြီး ရာထူးအားလုံး ပေးလိုက်ရပါတော့တယ်။ ဒါပေမဲ့ မူဂါဘီက အမျိုးသား လုံခြုံရေးကောင်စီကို ဆက်ကိုင်ထားပြီး စစ်တပ်ကို ဆက်လက် ချုပ်ကိုင်ထားပါတယ်။ ၂၀၀၉ ဖေဖော်ဝါရီ (၁၃) ရက်မှာတော့ ဆဗန်ဂီရိုင်ဟာ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီး တရားဝင် ရာထူး လက်ခံခဲ့ပါတယ်။
အခုအချိန်မှာ ဇင်ဘာဘွေနိုင်ငံဟာ တင်းပြည့်ကျပ်ပြည့် ဒီမိုကရေစီနိုင်ငံ မဖြစ်သေးပါဘူး။ မူဂါဘီနဲ့ လက်ကိုင်တုတ် ကြံ့ဖွတ်တွေ၊ စစ်တပ်၊ ရဲ၊ လုံထိန်းတို့ဟာ လစ်ရင်လစ်သလို MDC ပါတီနဲ့ ပြည်သူပြည်သားတွေ အပေါ် နှိပ်စက်တာ မတရား လုပ်တာတွေ ရှိနေပါသေးတယ်။ ဒါပေမယ့် ရွေးကောက်ပွဲ မတိုင်မီ ကာလကနဲ့ စာရင်တော့ MDC ပါတီအတွက် အခွင့်အလမ်း အများကြီး ရသွားပါပြီ။ နိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုတွေ ရုပ်သိမ်းပြီး ဝန်ကြီးချုပ် ဆဗန်ဂီရိုင် အစိုးရ အဖွဲ့ အနေနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို အတိုင်းအတာ တခုအထိ အတော်အတန် လုပ်နိုင်လာပါတယ်။ မူဂါဘီအနေနဲ့ အာဏာရှင် စနစ်ကို ဆက်လက် ထိန်းသိမ်းဖို့ ကြိုးစား နေသော်လည်း ရာနှုန်းပြည့် လုပ်ချင်သလို လုပ်လို့ မရတော့ပါဘူး။ ဒီလိုနဲ့ အတိုက်အခံ MDC ပါတီရဲ့ နိဂုံးလို့ မဟာပညာကျော်များ တွက်ဆခဲ့တာဟာ အာဏာလမ်းမ နိဒါန်းအစ ဖြစ်နေတာ တွေ့ရပါတော့တယ်။
နောက်ခံ
ဇင်ဘာဘွေနိုင်ငံဟာ ၁၉၈၀ ခုနှစ်မှာ လက်ရှိသမ္မတ မူဂါဘီ ခေါင်းဆောင်တဲ့ လက်နက်ကိုင် တော်လှန်ရေးနည်း အခြေခံနဲ့ အာဏာရလာပြီး လွတ်လပ်ရေး ရလာခဲ့ပါတယ်။ တချိန်က မာ့က်စ်ဝါဒ မော်စီတုံးဝါဒတွေ ကြွေးကြော်တဲ့ တော်လှန်ရေးသမား ဖြစ်ခဲ့ပေမယ့် အာဏာရလာတဲ့ အခါ ဇိမ်တွေ့သွားလို့ ကုလားထိုင်ပေါ်က မဆင်းတော့ဘဲ အတိုက်အခံတွေ တိုင်းရင်းသား လူမျိုးငယ်တွေ အားလုံးကို ရက်ရက်စက်စက် နှိမ်နင်းခဲ့ပါတယ်။ (၁၉၈၂ နဲ့ ၁၉၈၅ ကြားမှာတင် လူ ၂၀,၀၀၀ ကျော် အသတ်ခံခဲ့ရတယ်။) တိုင်းပြည်ရဲ့ စည်းစိမ်ဥစ္စာ အားလုံးကိုလည်း ကိုယ်ပိုင်လို သဘောထား သုံးဖြုန်းပစ်ခဲ့တဲ့ အတွက် တချိန်က အာဖရိက တိုက်မှာ အချမ်းသာဆုံး စာရင်းဝင်ခဲ့တဲ့ ဇင်ဘာဘွေဟာ စီးပွားရေး ဒလဟောကျဆင်းပြီး ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ နိုင်ငံရေး ဒုက္ခပေါင်းစုံဖိစီးလို့ အာဖရိကတိုက်ရဲ့လူမမာကြီး ဖြစ်လာခဲ့ပါတယ် (တနိုင်ငံလုံး ထမင်းတွေငတ်၊ ကာလဝမ်းရောဂါတွေ ဖြစ်နေချိန်မှာ အာဏာရှင် သမ္မတ မူဂါဘီကတော့ အာဖရိကတိုက်မှာ အခမ်းနားဆုံး နန်းတော်ကြီး ဆောက်ပြီး နေခဲ့ပါတယ်)။
တော်လှန်ရေးအောင်မြင်ပြီး နိုင်ငံလွတ်လပ်ရေး သက်တမ်း အနှစ် (၂၀) သို့မဟုတ် မူဂါဘီ အာဏာရှင်လုပ်နေ ခဲ့တဲ့အနှစ် (၂၀) လုံးလုံး ဘာမြေယာ တော်လှန်ရေးမှ မလုပ်ခဲ့ဘဲ စီးပွားရေးတွေ ချွတ်ခြုံကျလာလို့ ကျောင်းသားတွေ၊ အလုပ်သမားတွေ၊ အစိုးရ ဝန်ထမ်းတွေ၊ တိုင်းရင်းသား လူနည်းစုတွေရဲ့ နိုင်ငံရေး မကျေနပ်မှုတွေ များသထက် များလာတဲ့ ၂၀၀၀ ပြည့်နှစ် ဝန်းကျင်ကျမှ လူထုကို အာရုံလွှဲဖို့ လူဖြူ မြေရှင်ကြီးတွေ ပိုင်တဲ့ မြေယာတွေကို သိမ်းယူ၊ မြေယာ ဝေခြမ်းရေးတွေ လုပ်ပြီး တော်လှန်ရေး ရဲဘော်ဟောင်းတွေ၊ ကျေးလက် လူထုတွေကို စည်းရုံးချွေးသိပ်ဖို့ လုပ်လာတာ ဖြစ်ပါတယ်။
ဒါပေမယ့် ငွေကြေးဖောင်းပွမှုက (ဒေါ်လာ သန်း ၁၀၀,၀၀၀ - 100 billion dollar တန် သို့မဟုတ် ၁၀၀,၀၀၀, ၀၀၀,၀၀၀ တန် ငွေစက္ကူတွေ ထုတ်ရလောက်အောင်) ရာခိုင်နှုန်း (၂၃၁) သန်း အထိ တက်လာပြီး အလုပ် လက်မဲ့နှုန်းက (၉၀) ရာခိုင်နှုန်းကို ရောက်လာတော့ ဘယ်လိုဘဲ အလိမ်အညာ မှိုင်းတွေ တိုက်ပေမယ့် ဒီမိုကရေစီ လိုလားတဲ့ ပြည်သူ့ ဘက်တော်သားတွေဟာ အကြမ်းဖက် ဖိနှိပ်မှုတွေ အပြင်းအထန် နှိပ်ကွပ်မှုတွေ ကြားကနေ ကြံ့ကြံ့ခံ တိုက်ပွဲဝင်ခဲ့ကြရာက အခု နောက်ဆုံးမှာ ပြည်သူ့ အစိုးရရှေ့ပြေး အာဏာခွဲဝေ ကြားဖြတ် အစိုးရအဆင့်ကို ရောက်လာပြီဖြစ်ပါတယ်။
လက်တွေ့
အခုလည်း ဗမာပြည်မှာ NLD က ၂၀၁၀ ရွေးကောက်ပွဲအတွက် မှတ်ပုံ မတင်ဖို့ ဆုံးဖြတ်လိုက်တဲ့ အတွက် ဆုံးဖြတ်ချက် မှားသွားပြီ၊ ရက် (၆၀) ပြည့်ရင် နိုင်ငံရေး ပါတီအဖြစ်က ပျက်ပြယ် သွားတော့မယ်၊ ပါတီတခု အဖြစ် ရပ်တည်နိုင်မယ့် နောက်ဆုံးနေ့တွေကို ရောက်နေပြီလို့ စစ်ကျွန် အလံရှူးတွေ၊ အာဏာရှင် ပွဲစားတွေက ဟောင်သံ ပေးနေကြပါတယ်။ ဒါပေမယ့် အာဖရိကတိုက်က ဇင်ဘာဘွေနိုင်ငံမှာ အခုလို ရွေးကောက်ပွဲ မဝင်တာ လုံးဝ မှန်သွားပြီး နောက်ဆုံးမှာ အာဏာရှင်က လျှော့ခဲ့ရတာ သာဓက အထင်အရှား ရှိနေပါတယ်။ ဒါကြောင့် NLD ပါတီဝင်တွေ၊ ၉၀ ခုမှာ နိုင်ပြီးသား လွှတ်တော် ကိုယ်စားလှယ်တွေကသာ တကယ်လုပ်မယ် ဆိုရင် လက်ရှိကာ လဟာ NLD ရဲ့ အာဏာလမ်းဝက ပထမဆုံးနေ့များ ဖြစ်သွားပါလိမ့်မယ်။
နေ့စဉ်သတင်းများ ( ၁၈ - ၄ - ၁၀ )
■ သင်္ကြန်ဗုံးကွဲမှုတွင် ပြည်ပရောက် အတိုက်အခံအင်အားစုများကို စွပ်စွဲထား သတင်း
■ မြစ်ဆုံရေကာတာ ဆက်ဆောက်မယ် သတင်း
■ ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြုပွဲ ဖိတ်စာတွေ ပို့ပြီ သတင်း
■ နယ်ခြားစောင့်တပ် ပြောင်းလဲမှု နောက်ဆက်တွဲအခြေအနေ သတင်း
■ ၂၀၁၀ ရွေးကောက်ပွဲ၊ သဘောတရား၊ အကြောက်တရားနှင့် အကျိုးစီးပွားတိုက်ပွဲ သတင်း
■ မြန်မာနှစ်သစ်ကူးနေ့ အဖွဲ့ချုပ်တွင် သက်ကြီးပူဇော်ပွဲ ပြုလုပ်ခဲ့ သတင်း
■ ပြည်ပရောက် မြန်မာတွေ သင်္ကြန်ပွဲ ဆင်နွှဲ သတင်း
■ NLD ကြေညာချက်နဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ သဘောထား (တနင်္ဂနွေ ဆွေးနွေးပွဲ)
■ နယူးယောက်မှာ ဖျော်ဖြေကြတဲ့ နအဖဗုံးအကြောင်း သင်္ကြန်သံချပ် (၁၇-၄-၂၀၁၀) (ဗွီဒီယို)
■ ရန်ကုန်သင်္ကြန် ဗုံးပေါက်ကွဲမှုတွင် သားကောင်ဖြစ်ခဲ့ရသူများအတွက် အမေရိကန် ကရုဏာသက် သတင်း
■ အဖျက်သမား ဘယ်သူလဲ (ဆောင်းပါး)
■ ကွယ်လွန်သူ ပိုလန်သမ္မတနဲ့ ဇနီး နိုင်ငံတော်ဈာပနနဲ့ သဂြုင်္ိဟ် သတင်း
■ အိုက်စ်လန်မီးတောင် မြူမှိုင်းကြောင့် ဥရောပလေကြောင်းခရီးစဉ်တွေ ဖျက်ကြရ သတင်း
BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88